ar
Feedback
💮💯Japanese Language Materials

💮💯Japanese Language Materials

الذهاب إلى القناة على Telegram

JLRS school ရဲ့ဂျပန်စာ Study Club ပါ။ အခမဲ့ဆိုပေမယ့် ကောင်းတာတွေပဲတွေ့ရမှာ အာမခံပါတယ်။ 💮💯 Japanese Language Materials, Textbooks Old Questions PDF Files N5 N4 N3 N2 N1 (Myanmar)

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام 💮💯Japanese Language Materials

تُعد قناة 💮💯Japanese Language Materials (@studymaterialsharing2024) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 37 198 مشتركاً، محتلاً المرتبة 992 في فئة الحياة الوظيفية والمرتبة 3 905 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 37 198 مشتركاً.

بحسب آخر البيانات بتاريخ 15 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -525، وفي آخر 24 ساعة بمقدار -18، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 8.99‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً N/A‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 3 345 مشاهدة. وخلال اليوم الأول يجمع عادةً 0 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 19.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
JLRS school ရဲ့ဂျပန်စာ Study Club ပါ။ အခမဲ့ဆိုပေမယ့် ကောင်းတာတွေပဲတွေ့ရမှာ အာမခံပါတယ်။ 💮💯 Japanese Language Materials, Textbooks Old Questions PDF Files N5 N4 N3 N2 N1 (Myanmar)

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 16 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الحياة الوظيفية.

37 198
المشتركون
-1824 ساعات
-1067 أيام
-52530 أيام
أرشيف المشاركات
အင်တာနက်ပေါ်မှာပဲအာချောင်နေတာမျိုးထက် လက်တွေ့လှုပ်ရှားမှု action ရှိမယ့်သူများသာ လက်တွေ့ ကမ္ဘာကြီးမှာလိုအပ်တယ်။ ကျွန်တော်ကတော့ ၅၀၀၀၀ ယန်း လွှဲထားပေမယ့်၊ တစ်ယောက်ကို အားလုံး ၁၀၀၀ ယန်းပဲ လွှဲပေးကြရင်တောင် သူတို့အဆင်ပြေကြမယ်ထင်ပါတယ်။ မြန်မာလူမျိုးအချင်းချင်း အဓိကကျတယ်ဆိုတဲ့အချိန်အချင်းချင်းထောက်ပံ့တတ်ကြပါတယ်။ Link ↓↓ https://sapporo-general-union.net/myanmar2026_1/ --- ↓↓ Sapporo General Union (SGU) ↓↓ ရဲ့ Message “မြန်မာလူမျိုး အလုပ်သမား ကိုအကြမ်းဖက် ကိုယ်ထိလက်ရောက်လှုပ်မှုကို လုံးဝဆန့်ကျင်သည်။ အလုပ်သမားတွေ စိတ်အေးချမ်းစွာ အလုပ်လုပ်နိုင်မယ့် community သို့ဦးတည်မည်။" မြန်မာအလုပ်သမားများအတွက် ကူညီထောက်ပံ့ရေး အလှူငွေများ လှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ လက်ရှိ အကာအကွယ်ပေးထားသည့် မြန်မာနိုင်ငံသား ၆ ဦးအနက် အများစုမှာ ယခုနှစ်အတွင်းမှ ဂျပန်နိုင်ငံသို့ ရောက်ရှိလာကြသူများ ဖြစ်ပါသည်။ ၎င်းတို့တွင် လုံလောက်သော စုဆောင်းငွေများ မရှိသေးသည့်အပြင် ရုတ်တရက် အလုပ်အကိုင်နှင့် နေထိုင်စရာအိမ်တို့ကိုပါ ဆုံးရှုံးခဲ့ရသည့် အခြေအနေဖြစ်ပါသည်။ ထို့အပြင် ယခုကိစ္စတွင် အလုပ်ခန့်ထားသည့် စိုက်ပျိုးရေးကုမ္ပဏီကိုယ်တိုင်က မှတ်ပုံတင်ထားသော နိုင်ငံခြားသားကူညီထောက်ပံ့ရေးအဖွဲ့အစည်း (登録支援機関) အဖြစ်လည်း တာဝန်ယူထားသည့်အတွက် ၎င်းတို့ကို သီးခြားကူညီပံ့ပိုးပေးမည့် အဖွဲ့အစည်း မရှိသည့် အခြေအနေဖြစ်နေပါသည်။ လက်ရှိ ဂျပန်နိုင်ငံတွင်လည်း ယခုကဲ့သို့ အခက်အခဲကြုံတွေ့နေရသည့် နိုင်ငံခြားသားအလုပ်သမားများ၏ နေထိုင်စားသောက်ရေးအပါအဝင် ဘဝရပ်တည်မှုအားလုံးကို အစိုးရဘက်မှ အပြည့်အဝ ကူညီပံ့ပိုးပေးနိုင်သည့် စနစ်တစ်ခု မပြည့်စုံသေးပါ။ ထို့ကြောင့် လက်ရှိတွင် ဆပ်ပိုရိုဒေသ အလုပ်သမားသမဂ္ဂ (札幌地域労働組合) မှ ပေးအပ်သော ထောက်ပံ့ငွေများ၊ ဘုရားကျောင်းများ၊ Food Bank များ၊ စကားပြန်များနှင့် အခြားလူပုဂ္ဂိုလ်များစွာ၏ စေတနာနှင့် ကူညီပံ့ပိုးမှုများဖြင့် အဆိုပါ ၆ ဦး၏ နေ့စဉ်ဘဝကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ၎င်းတို့အား ရေရှည်တည်တံ့စွာနှင့် စိတ်ချရစွာ ဆက်လက်ကူညီပံ့ပိုးနိုင်ရန် အားလုံး၏ ပူးပေါင်းကူညီမှု လိုအပ်နေပါသည်။ အလှူငွေ ပမာဏအနည်းငယ်ဖြစ်စေကာမူ ၎င်းတို့အတွက် အလွန်အရေးပါသော အထောက်အပံ့တစ်ခု ဖြစ်လာနိုင်ပါသည်။ ဤကူညီထောက်ပံ့ရေး၏ ရည်ရွယ်ချက်ကို နားလည်သဘောတူပေးနိုင်ပါက၊ မြန်မာအလုပ်သမားများအတွက် ကူညီထောက်ပံ့ရေး အလှူငွေထည့်ဝင်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။ “ ဝေးလံသော မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ရောက်ရှိလာကြသည့် လူငယ်များသည် “ဂျပန်နိုင်ငံမှာ အလုပ်လုပ်ပြီး မိသားစုကို ထောက်ပံ့ချင်တယ်”၊ “ကိုယ့်ရဲ့အနာဂတ်ကို ကိုယ်တိုင် တည်ဆောက်ချင်တယ်” ဆိုသည့် မျှော်လင့်ချက်များကို ရင်ဝယ်ပိုက်ပြီး ရောက်ရှိလာခဲ့ကြပါသည်။ အကြမ်းဖက်မှုနှင့် ကြောက်ရွံ့မှုများကြောင့် ၎င်းတို့၏ မျှော်လင့်ချက်များကိုပါ ဆုံးရှုံးစေခြင်းမျိုး လုံးဝ မဖြစ်သင့်ပါ။ စိတ်ချလုံခြုံစွာ အလုပ်လုပ်နိုင်ခြင်းနှင့် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ခြင်းသည် နိုင်ငံသားဖြစ်မှု၊ လူမျိုးမရွေး အလုပ်သမားတိုင်း ရရှိသင့်သည့် အခြေခံအခွင့်အရေး ဖြစ်ပါသည်။ ဆပ်ပိုရိုဒေသ အလုပ်သမားသမဂ္ဂ (札幌地域労働組合) သည် အဆိုပါ မြန်မာနိုင်ငံသား ၆ ဦး ပြန်လည်စိတ်ချလုံခြုံစွာ နေထိုင်နိုင်သည့်နေ့ ရောက်ရှိလာသည်အထိ ကူညီပံ့ပိုးသူများအားလုံးနှင့်အတူ ဆက်လက်ရပ်တည်ကူညီပေးသွားမည် ဖြစ်ပါသည်။ ”

⚠️အခမဲ့ မြန်မာလူမျိုးများအတွက်သာ/မြန်မာဘာသာဖြင့်အခမဲ့ Service⚠️Link အသုံးပြုရန်။ ဂျပန်မှာဆေးရုံ/ဆေးခန်းသွားမယ့်သူတွေ မြန်မာလိ
+5
⚠️အခမဲ့ မြန်မာလူမျိုးများအတွက်သာ/မြန်မာဘာသာဖြင့်အခမဲ့ Service⚠️Link အသုံးပြုရန်။ ဂျပန်မှာဆေးရုံ/ဆေးခန်းသွားမယ့်သူတွေ မြန်မာလိုရောဂါဖြစ်တဲ့လက္ခဏာတွေကိုရွေးပြီး ဆရာဝန်တွေကိုပြဖို့အတွက်စာကို ဂျပန်ဘာသာဖြင့်PDFဖြင့်ထုတ်လို့ရတဲ့ service ပါ။ အောက်က Link ကိုဝင်ပြီး အသုံးချနိုင်ပါတယ်။ ↓↓↓ 体調報告アプリ enchant-jp.com/sick

⚠️မြန်မာလူမျိုးများအတွက်သာ/မြန်မာဘာသာဖြင့်အခမဲ့ Service⚠️Link အသုံးပြုရန်။ ဂျပန်မှာဆေးရုံ/ဆေးခန်းသွားမယ့်သူတွေ မြန်မာလိုရောဂါ
+6
⚠️မြန်မာလူမျိုးများအတွက်သာ/မြန်မာဘာသာဖြင့်အခမဲ့ Service⚠️Link အသုံးပြုရန်။ ဂျပန်မှာဆေးရုံ/ဆေးခန်းသွားမယ့်သူတွေ မြန်မာလိုရောဂါဖြစ်တဲ့လက္ခဏာတွေကိုရွေးပြီး ဆရာဝန်တွေကိုပြဖို့အတွက်စာကို ဂျပန်ဘာသာဖြင့်PDFဖြင့်ထုတ်လို့ရတဲ့ service ပါ။ အောက်က Link ကိုဝင်ပြီး အသုံးချနိုင်ပါတယ်။ ↓↓↓ 体調報告アプリ enchant-jp.com/sick

⚠️၈၀/၂၀ Rule အရမှန်နေတဲ့သဘာဝတစ်ခု (Mental notes ဖြစ်တဲ့အတွက်ဖတ်ရတာ ထောက်ပါမယ်။🙇‍♂️🙇‍♂️) မိမိလက်ရှိပိုင်ထားတဲ့အရာတစ်ခု lover ဖြစ်ဖြစ်/ ကိုယ့်နိုင်ငံ/ လက်ရှိပတ်ဝန်းကျင်ဖြစ်ဖြစ် / နေထိုင်သည့်ဒေသ စသဖြင့်၊ ကိုယ့်လက်ရှိကိုယ့်အတွက်လက်ရှိအရမ်း အဆင်ပြေနေတယ်ဆိုရင်တောင်မှအချိန်တစ်ခုရှိနေသားကျလာတဲ့အခါ... ၈၀% ကောင်းမွန်တဲ့အရာတွေ ၂၀% ကိုယ်မုန်းတဲ့အရာတွေရှိမယ်။ (၁၀၀%ကောင်းတဲ့အရာဆိုတာ လောကဖြစ်တည်မှုအရ မရှိနိုင်) ↓↓↓ သဘာဝအရ ကိုယ်ကအဲဒီထဲက မျက်လုံးထဲ နားထဲ ၂၀% ကိုယ်မုန်းတဲ့အရာတွေကိုသာမြင်လာ ကြားလာပါတော့မယ်။ မကောင်းတဲ့အပိုင်းတွေကိုပဲ အာရုံစိုက်မိမယ်။ ကောင်းတဲ့ ၈၀% ကိုမေ့မယ်။ ↓↓↓ လက်ရှိပိုင်ဆိုင်နေတဲ့ lover (သို့) ပတ်ဝန်းကျင် တစ်ခု ကို (မကြိုက်တဲ့ ၂၀%ကြောင့်) စွန့်ပစ်မယ်။ နေရာအသစ် ရည်းစားအသစ်ဆီကိုသွားပါမယ်။ မကောင်းတဲ့ ၂၀%ကိုပဲစိတ်ထဲမြင်ပြီး ကောင်းခဲ့တဲ့ ၈၀% ကိုမေ့မယ်ဆိုတာ ဦးနှောက် bias ရဲ့သဘာဝတစ်ခုထဲမှာပါတယ် ဆိုတာသတိပြုသင့်တယ်။ (The grass seems to be greener on the other side / ဟိုဘက်ခြံထဲက မြက်ကပိုစိမ်းတယ်လို့ ထင်ရတယ်။) ↓↓↓ ကိုယ်က ဟိုဘက်ခြံကိုရောက်တဲ့အခါ စစခြင်းဟုတ်သလိုရှိမယ်။ ဒါပေမယ့် အရင်ခြံကကောင်းခဲ့တဲ့ ၈၀% ကိုမရှိတော့တာကိုစပြီးသတိပြုမိမယ်။ ပိုကောင်းမယ်ဆိုပြီးထင်တဲ့အပိုင်းကလွဲလို့ ကျန်တဲ့အပိုင်းတွေက မကောင်းတဲ့အပြင် အရင်ခြံထက်တောင်ဆိုးရွားနေတာကိုတွေ့မယ်။ နောက်ဆုံးတော့ .. အရင်အရာကို ပြန်တမ်းတမယ်။ (သဘာဝတစ်ခု) ကိုယ်သည် ၈၀/၂၀ Rule ကိုအရမ်းစိတ်ဝင်စားလို့ လူသတိထားမိရင်ကောင်းမယ့်အပိုင်းတွေကိုရေးကြည့်တာဖြစ်ပါတယ်။ Personally ကတော့ ဒီလူ့သဘောတရားကို အစထဲကသိတဲ့သူမလို့ မိမိကတော့ ကိုယ့်ခြံကအစိမ်းဆုံးလို့သတ်မှတ်တဲ့သူဖြစ်ပါတယ်။ My garden is the greenest 🤣 #mentalnotes #2026

ကိုယ့်ဘဝလဲတစ်ဝက်လောက်ပဲ ကျန်တော့တယ်ဆိုတဲ့အထိမ်းအမှတ်နဲ့ ဂျပန်နိုင်ငံရဲ့ ထိပ်ဆုံးနေရာ Northernmost Point ကိုရောက်နိုင်ခဲ့တယ်။�
+6
ကိုယ့်ဘဝလဲတစ်ဝက်လောက်ပဲ ကျန်တော့တယ်ဆိုတဲ့အထိမ်းအမှတ်နဲ့ ဂျပန်နိုင်ငံရဲ့ ထိပ်ဆုံးနေရာ Northernmost Point ကိုရောက်နိုင်ခဲ့တယ်။🙇‍♂️ တစ်ခြားသူအတွက်တော့ အရေးမကြီးလောက်ပေမယ့် သက်တမ်းခရီးတစ်ဝက်ကို ရောက်လာအောင် ဘယ်လိုတွေတောင်တောင့်ခံခဲ့ရတာလဲ ကိုယ်ဟာကိုပဲသိတယ်။✍🏻 (အသက် ၇၀ က ကိုယ့်သက်တမ်းဆိုလို့ရှိရင် ကိုယ်ကလမ်းတစ်ဝက်ကိုကျော်လာပြီ။) မိမိမှာအားနည်းချက်တွေ အများကြီးရှိသလိုအားသားချက်တွေလည်းရှိခဲ့တယ်။ အားသာချက်တွေကတော့ လုပ်စရာတစ်ခုကို နှစ်ပေါင်းဆယ်ချီကြာရှည်စွာစိတ်နှစ်ပြီး လုပ်နိုင်တာရယ် ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို အမြဲကျေးဇူးတင်စိတ်ရှိတာ။ အခုလဲမိသားစုနဲ့ ကိုယ့်အပေါ်ကောင်းပေးတဲ့မိတ်ဆွေတွေကို အမြဲကျေးဇူးတင်လျက်ပါ။ 😊 #2026 #Hokkaido #Wakkanai

⚠️‼️Enchant School ၏ အခမဲ့တက်ရောက်နိုင်သော ဂျပန်စာအတန်းများ (ဒီည၆:၀၀ ဖောင်တင်တဲ့အခါရွေးရမည်။) လူအများသိအောင် ဝေမျှပေးပါ။ အားလ
+9
⚠️‼️Enchant School ၏ အခမဲ့တက်ရောက်နိုင်သော ဂျပန်စာအတန်းများ (ဒီည၆:၀၀ ဖောင်တင်တဲ့အခါရွေးရမည်။) လူအများသိအောင် ဝေမျှပေးပါ။ အားလုံး ဘယ်အတန်းတက်ပါမလဲ? 😊 (1) N3 Special Class A အပြင်အတန်း - တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး မနက် ၈:၃၀-၁၀:၃၀ (2) N3 Special Class B အပြင်အတန်း - တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး နေ့လည် ၁:၃၀-၃:၃၀ (3) N3 Special Class C အပြင်အတန်း - သောကြာ စနေ တနင်္ဂနွေ မနက် ၈:၃၀-၁၀:၃၀ (4)N3 Weekend Special Class1 အပြင်အတန်း : -စနေ တနင်္ဂနွေ နေ့လည် ၁၁:၀၀–၁:၀၀ (5)N3 Weekend Special Class2 အပြင်အတန်း -စနေ တနင်္ဂနွေ နေ့လည် ၁:၃၀~၃:၃၀ (6) N4 Special Class အပြင်အတန်း -တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး နေ့လည် ၁၁:၀၀-၁:၀၀ အောက်မှာ ဖောင်တင်လိုသူများပြင်ဆင်နိုင်ရန် ဖောင်ကိုပြထားပါသည်။ https://www.facebook.com/share/p/1A7SC7rhWV/?mibextid=wwXIfr

💮💯Enchant အခမဲ့ကျောင်းမှာဖောင်တင်ရန် (၄)ရက်သာလိုသည်။ ဟိုးအရင်ကကျောင်းကိုဝင်ခွင့်လျှောက်တာနှင့်ပတ်သက်သောပြသနာတစ်ခုရှိခဲ့ဖူးသည်။ အရင်နှစ်တစ်နှစ်တွေတုန်းက လာရောက်ဖောင်တင်ကြသူများတွင် တစ်ယောက်မှအရွေးမခံရသော အတူတူလျှောက်သောသူငယ်ချင်းတစ်အုပ်စု တစ်စုရှိခဲ့ဖူးပါသည်။ ဝင်ခွင့်မရခဲ့၍ကျောင်းကို ပြောဆိုပြီး complaint တက်၊ ပြသနာရှာခဲ့ရသောအဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ဖူးပါသည်။ --- သို့သော် သေချာစဉ်းစားကြည့်ပါက Enchant အနေနဲ့ ကိုယ့်ကုမ္ပဏီသို့ဝင်ရောက်မည့်ဝန်ထမ်းကိုသေချာရွေးပိုင်ခွင့်အပြည့်အဝရှိသည်ဟူ၍ ယူဆလျက်ရှိပါသည်။ Enchant မှာနှစ်တိုင်းအမြဲတာဝန်သိတတ်သောသူများ အပြောအဆိုအဆင့်အတန်းမြင့်မားသော လူကောင်းလူတော်များ အမြဲတမ်းလာလျှောက်ပြီးအတန်းကိုတက်ကြပါတယ်။ ဆိုတော့ .. ကျောင်းတက်ရောက်ခွင့်မရရှိခဲ့သောကြောင့် ကျောင်းကို ပြောဆို complaint တက်ခြင်းကို အလားတူ ဥပမာပေးရပါက မိမိJLPT N5 စာမေးပွဲဖြေသော်လည်း အောင်မှတ်မရကျရှုံး၍ ဂျပန်သံရုံးကိုလိုက်လံ ဖုန်းဆက်ပြဿနာရှာခြင်း နှင့်ပုံစံတူပါသည်။ ကွန်ပြူတာ လက်တော့ကိုဘယ်လိုဖွင့်ဖွင့်မရပါဘူးဆိုပြီး IT department ကိုဒေါသတကြီး မိမိ complaint တက်ခဲ့သော်လည်း ပြဿနာမှာ မိမိလက်တော့ပလပ်တပ်ဖို့မေ့နေတာကြောင့် ...နှင့်ပုံစံတူပါသည်။ ထို့ကြောင့် လာလျှောက်သူများဝင်ခွင့်မရခဲ့ပါသော်လည်း နောက် တစ် Batch မှာ အောင်မြင်ဝင်ရောက်နိုင်ခဲ့သူလည်း အများအပြားရှိခဲ့ပါတယ် ။ Batch ကိုဝင်ခွင့်မရသည့်တိုင် ထပ်ပြီးခေါ်ယူသည့် Interview Event တွေကိုလည်းဝင်ရောက် Join ခွင့်တွေလဲအများကြီးရှိလို့ အခွင့်အရေးတွေလည်းအများကြီးရှိတာ မလို့ အခုလက်ရှိကတော့ သောကြာနေ့ ၆ရက်နေ့မှာတင်ပေးမယ့် ဖောင်မှာတော့သေချာပေါက်တင်ပေးပါ။ ### Pageကိုစောင့်ကြည့်ပေးကြပါအုံးခင်ဗျာ။ (အလုပ်လျှောက်လွှာဖောင်ပါ) https://form.run/@enchantkeireki ↑ဒီကနေ ဖောင်ကိုဖြည့်ပေးရပါမယ်။ အလုပ်လျှောက်→အင်တာဗျူး လေ့ကျင့်မှု→လျှောက်မည့်ကုမ္ပဏီ နှင့် အင်တာဗျူး→အလုပ်အောင်→COEလျှောက်ခြင်း→Smart Card ပြုလုပ်ခြင်း →ဂျပန်သို အဝင် စသဖြင့်အဆင့်ဆင့် သွားပါတယ်။ 【Enchant ရဲ့ထူးခြားချက်များ】 ・မိတ်ဆက်ခ ⇒အခမဲ့ ・ဂျပန်သိုလမ်းစရိတ် ⇒အခမဲ့ ・ဂျပန်ရောက်ပြီး မိုဘိုင်းဖုန်းပြုလုပ်ခြင်း စသဖြင့် Enchant မှတာဝန်ယူသည်။ ・နေစရာ ပရိဘောဂ နှင့် လျှပ်စစ်ပစ္စည်းများကိုထောက်ပံ့ပေးသည်။ ・ရောက်ရောက်ချင်းဆန်၊ ဆီ၊ ဆားကိုလက်ဆောင်ပေးခြင်း ・အင်တာဗျူးအတွက် လေ့ကျင့်ပေးမှု ・ဂျပန်ရောက်ပြီး ပထမလစာ မရခင်အတွင်း အတိုးမဲ့ငွေချေးနိုင်ခြင်း ・အလုပ်ပြောင်းသည့်အခါ ကူညီပေးခြင်း ・ ကောင်းမွန်သော ရီဗျူးများရှိခြင်း။ Link https://www.facebook.com/share/18yrT3SzJE/?mibextid=wwXIfr

💯💮Enchant ဆရာမ Su Ei Yati San さんအသက် ၁၉နှစ်ထဲနဲ့ N1 ရသွားခဲ့တယ်။ Congratulations 👏 😊 ကိုယ့် တည်ဆောက်ထားတဲ့ Team မှာမတွေ့မ
+2
💯💮Enchant ဆရာမ Su Ei Yati San さんအသက် ၁၉နှစ်ထဲနဲ့ N1 ရသွားခဲ့တယ်။ Congratulations 👏 😊 ကိုယ့် တည်ဆောက်ထားတဲ့ Team မှာမတွေ့မမြင်ဘူးလောက်အောင်တော်တဲ့သူတွေ အများကြီးရှိတာ မင်္ဂလာပါပဲ။ #ဒီTeam မှာတင်အသက်၁၉နှစ်မှာ N1 ရတာ ၃ယောက်ရှိ #2026 #Proud

‼️အခမဲ့ ဂျပန်စာသင်တန်း Batch အသစ်ခေါ်ယူနေပါပြီ💯 အားလုံးနဲ့မတွေ့ရတာတကယ်ကြာပါပြီ။ ထပ်ပြီးတွေ့ကြဦးပါမယ်။ အောက်ကLink မှာအသေးစိတ်ဝင်ကြည့်ပေးနော် 😊 ↓↓↓ https://www.facebook.com/share/p/1DfLEY7UDJ/?mibextid=wwXIfr

💯ဂျပန်မှာနေထိုင်သူတွေရဲ့ ငလျင်နဲ့ပတ်သက်၍ များသောအားဖြင့်လက်ခံထားတဲ့ knowledge အသိကတော့ → အိမ်ထဲမှာနေတာ အန္တရာယ်အကင်းဆုံးဖြစ်ပါတယ်။ ငလျင်လှုပ်တဲ့အခါ အိမ်အောက်ကိုမဆင်းရပါဘူး။ အိမ်အောက်ဆင်းတဲ့အခါ ကွဲကျလာနိုင်ချေရှိတဲ့ မှန်စတွေစင်နိုင်ပါတယ်။ ဆိုင်းဘုတ်ကိုယ့်ပေါ် ပြုတ်ကျနိုင်ပါတယ်။ ဓာတ်တိုင် ဓာတ်ကြိုးကိုယ့်ပေါ်ပြုတ်ကျနိုင်ပါတယ်။ Risk is maximum. အိမ်ထဲမှာ နေရင်ဘာမှမဖြစ်ပါဘူး။ စားပွဲခုံအောက်ကိုဝင်နေပါ။ (၁၉၈၁ မတိုင်ခင်ဆောက်တဲ့တိုက်ကလွဲလို့) မသိတဲ့သူတွေအများကြီးရှိသေးလို့ တစ်ခြားသူများကိုမျှဝေပြောပြပေးပါ။

💮💯“ဂျပန်လူမျိုးမှာ မျက်နှာနှစ်မျိုးရှိတယ်” ဆိုတဲ့ အတွေးခေါ်အကြောင်းကို စာရေးချင်စိတ်ပေါက်လာလို့ နည်းနည်းရေးချင်လို့ပါ။ ☀️ 本音(Honne) နဲ့ 建前(Tatemae) ဆိုတဲ့ အယူအဆကဘာအတွက်လဲ ↓ဖတ်ကြည့်ပေးပါဦး။ ↓ မြန်မာကနေ ကြည့်လို့ရှိရင် ဂျပန်တွေကမျက်နှာနှစ်မျိုးလို့ တွေးနိုင်တယ်။ နယ်ကသူတွေ ရန်ကုန်ကလူတွေကိုလည်တယ်လို့ထင်သလိုပေါ့။ *** ပထမဦးစွာ လူသားမျိုးနွယ်အနေနဲ့ စဉ်းစားမယ်။ ↓↓↓ လူတွေဆိုတာက မျောက်တွေဖြစ်တဲ့အတွက် စိတ်ထဲမှာ ဖြစ်တဲ့ 本音ဆိုတာတွေက မကောင်းတာရော ကောင်းတာရောဖြစ်နိုင်တယ်။ *သူများကိုထရိုက်ချင်စိတ်လဲရှိရင်ရှိမယ် *မကောင်းတာပြောချင်စိတ်လဲရှိရင်ရှိမယ် (မျိုးစုံပါ။ သဘာဝမို့လို့ဘယ်သူ့အပြစ်မှမဟုတ်ပါဘူး။) *** ဘယ်နိုင်ငံလူ့အဖွဲ့အစည်းမှာမဆို လမ်းဘေးလူမိုက်ကအစ တက္ကသိုလ်ပါမောက္ခအထိ လူမျိုးစုံရှိပါတယ်။ နိုင်ငံတစ်ခု လူမှုဝန်းကျင်တစ်ခုအနေနဲ့ ပိုကောင်းတဲ့ လူအဖွဲ့အစည်း နိုင်ငံတစ်ခု အနေနဲ့သွားဖို့ဆိုရင် ... မျောက်စိတ်နဲ့လူတွေရဲ့ 本音ရဲ့အတိုင်းလူတိုင်းပြောကြဆိုကြ လုပ်ကြကိုင်ကြမယ်ဆိုရင် ဘယ်နေရာကိုမှ တန်းတန်းမတ်မတ် နိုင်ငံဦးတည်ရာကိုမသွားနိင်ပါဘူး။ ဆိုတော့ လမ်းဘေးလူမိုက်ဖြစ်ဖြစ် ပါမောက္ခပဲဖြစ်ဖြစ် အတွင်းစိတ်ထဲမှာ ဘယ်လိုတွေးနေ တွေးနေ အများပြည်သူနဲ့ တူညီတဲ့ အပြောအဆို အတွေးအခေါ်နဲ့ ဘုံတူ ညှိလိုက်မယ်ဆိုရင် နိုင်ငံက ကောင်းတဲ့ ဦးတည်ရာကို တန်းတန်းမတ်မတ် လွယ်ကူစွာသွားနိုင်မယ်၊ အပြင်ပန်းမျက်နှာကို ဖန်တီးရမယ်ဆိုတဲ့အတွေးအခေါ်ကို ဂျပန်တွေကတွေးလာက 本音နဲ့ 建前ရဲ့အစပါ။ ဂျပန်မှာ လူမိုက်ရော လူကောင်းတွေရော လူမြင်ကွင်း public မှာစကားပြောမယ်ဆိုရင် ပုံစံတစ်ပုံစံထဲပဲပြောတယ်။ အဲဒီ အတွက် public မှာပြတဲ့ မျက်နှာဆိုတာက မိမိရဲ့ ကိုယ်တိုင်မျက်နှာ မဟုတ်ဘူး။ "ပြုလုပ်ဖန်တီးထားတဲ့ မျက်မှာ" ဘာလို့ဆို အားလုံးနဲ့ ဘုံညှိပြီးနေထိုင်ကြရမှာမလို့... အားလုံးအတွက်အဆင်ပြေအောင်လို့ 建前မျက်နှာကို အသုံးပြုပြီးညှိတယ်။ ကိုယ်ဟာကို စိတ်ထဲမှာ လူရိုက်ချင်နေနေ ဆဲချင်နေနေ 本音နဲ့ပဲထားရတယ်။ အားလုံးနဲ့ harmony ဖြစ်အောင်လို့။ "ညာတာက အပြစ်မဟုတ်ဘူး လူ့ဝန်းကျင်နဲ့ အဆင်ပြေအောင် မုသားသုံးပြီး အဆင်ပြေအောင်နေပါ" ဆိုတာကို ကောင်းတဲ့ပြုရပ်အနေနဲ့ မွေးလာထဲကသင်ပေးလာကြပါတယ်။ အားလုံး 本音(အတွင်းစိတ်အမှန်)နဲ့သွားလာလှုပ်ရှားနေကြတဲ့ လူတွေက တိရစ္ဆာန်လိုမျိုး ထိန်းချုပ်မှုမရှိဘူး၊ ယဉ်ကျေးမှုမရှိဘူး လို့ယူဆပြီး civilized ဖြစ်တဲ့လူနေမှုဖြစ်ဖို့ 建前ကိုကျင့်သုံးကြပါတယ်။ (To be continued)

ဒီနေ့ တစ်ရက်ထဲ schedule, မနက် ၈:၀၀ ကနေ ည ၁၁:၀၀ နာရီအထိ။ Sapporo → Hakodate (北斗) → Tokyo (Haneda) → Nagoya (869 miles total di
+1
ဒီနေ့ တစ်ရက်ထဲ schedule, မနက် ၈:၀၀ ကနေ ည ၁၁:၀၀ နာရီအထိ။ Sapporo → Hakodate (北斗) → Tokyo (Haneda) → Nagoya (869 miles total displacement ) ကားမောင်းရင်း + ပြေးရင်း + လေယဉ်စီးရင်း + ရှင်းကန်ဆန် စီးရင်းနဲ့ ဖုန်းပေါင်: ၄၅ ခေါက် စကားပြော / ကိုယ့် messenger အစောင် အယောက် ၇၀ကျော်ပြန် + ကိုယ့်ကုမ္ပဏီကလူနဲ့လဲ စကားပြောရ / အပြင်ကုမ္ပဏီကလူနဲ့လဲ စကားပြောရ။ (တစ်ခါတစ်လေတော့ ကို့ယ်အမေနဲ့ကိုယ်လဲ ဖုန်းပြောချင်သေးတယ်။) Message ပို့ရပျင်းသော/ ဖုန်းပြောရ /စကားပြောရ ပျင်းသော ကိုယ်ဟာကိုတောင် တော်တော် impressed ဖြစ်နေပြီ။ 🤣 အရင်ဘဝတုန်းက လူတွေကို အလုပ်ကိစ္စဖုန်းနဲ့ လူတွေကို နားချိန်မှာ စနေ တနင်္ဂနွေနဲ့ ည ၉နာရီ ၁၀နာရီလောက်ကြီးတွေ ဖုန်းတွေ msgတွေပို့ မိလို့ ခုဘဝ ဝဋ်လည်နေတာထင်တယ်😟😟😋 #June2025

‼️Wow တကယ်ကို အရမ်းတော်တဲ့သူတွေလာလျှောက်ကြတာပဲ။ အများကြီးဝမ်းသာပါတယ် ခင်ဗျာ။ ဒီ Channel ထဲကတော်တဲ့သူတွေအများကြီးပါပဲ။ ပြီးတော့ ဒီ Channel ထဲက member တွေကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ အလုပ်အများကြီးလုပ်နေရတာနဲ့ ဘာမှကို post မတင်ဖြစ်သေးနေပါဘူး။ တောင်းပန်ပါတယ် ခင်ဗျာ။ D. M Oo

⚠️ လစာကိုဂျပန် Yen ဖြင့်သတ်မှတ်ပြီးပေးပါသည်။ Enchant New Member 「New Member」လှည်းတန်း Enchant ဂျပန်စာအခမဲ့ကျောင်းတွင်တာဝန်ထမ်းဆောင်ရန် ဆရာ/မ Enchant Member အသစ် အလုပ်လျှောက်ထားနိုင်ပါသည်။ အရည်အချင်းနဲ့အတွေ့အကြုံပေါ်မူတည်၍ တောင်းဆိုသော (Nego) လစာရရှိနိုင်ပါသည်။ 「1」ဂျပန်စာသင်ကြားသူ / Enchant Member ၁ ဦး (ကျား/မ) - စိတ်ထားကောင်းမွန်သူ - ဂျပန်စာသင်ကြားရေးနှင့် ဂျပန်စာcommunication မှာအခက်အခဲနည်းပါးသူ - အသင်းအဖွဲ့နဲ့ လုပ်ကိုင်နိုင်သူ - သင်ယူလိုစိတ်ရှိသူ - N2 passed or N1 studying အဆင့်ရှိသူ or ဂျပန်မှပြန်လာသူ - UFL ကျောင်းဆင်း ဦးစားပေးဖြစ်သော်လည်းဘယ်သူမဆိုလျှောက်ထားနိုင်ပါသည်။အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါသည်။ ●အလုပ်လျှောက်ထားရာတွင်● (1) "မိမိရဲ့ဘဝအကြောင်း" ကိုဂျပန်လိုစာပိုဒ်တစ်ပိုဒ် (သို့) မိမိရဲ့ နှစ်သက်သောအကြောင်းအရာတစ်ခုကို အသံဖိုင်ဖြင့်ပြောပြီးပို့ပေးပါ။ နှစ်ခုလုံးပို့လည်းရသလို တစ်ခုပဲပို့လည်း ရပါသည်။ (2) မိမိ၏ 履歴書CV Form (りれきしょ)ကိုဓာတ်ပုံနဲ့တွဲပြီးမျှော်မှန်းသောလစာနှင့်အတူ ပေးပို့လျှောက်ထားပါ။ Email : enchant.schoolyangon@gmail.com တစ်ပတ်အတွင်းအကြောင်းပြန်ပေးပါမယ်။⚠️

‼️💯Enchant Japan မှ အလုပ်ခေါ်လိုပါသည်။ ( Work Visa အလုပ် * Enchant Member ) [管理社員အလုပ်] * Requirements အလွန်များသောအလုပ်ဖြစ်သော်လည်း မိမိကိုယ်ကိုယုံကြည်မှုရှိပါက လျှောက်ပေးပါ။ ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ရပါတယိ။ မြန်မာကပဲဖြစ်ဖြစ် ဂျပန်ကပဲဖြစ်ဖြစ်ရပါတယ်။ Osaka (သို့) Sapporo မှာတာဝန်ထမ်းဆောင်ရပါမည်။ ခရီးအများကြီး ထွက်ရပါသည်။ ခရီးထွက်ရတာနှစ်သက်သူအတွက် ကောင်းမွန်သောအလုပ်ဖြစ်ပါတယ်။ ကားမောင်းတတ်ရပါမည်။ (မြန်မာလိုင်စင်ရှိရမည်) ဂျပန်လိုင်စင်ရပြီးပါက လစာထပ်တက်ပါမည်။ ဂျပန်လူမျိုးတန်းတူနီးနီးဟူ၍သတ်မှတ်ထားသော ဂျပန်စာ skill လိုအပ်ပါသည်။ (N1, N2 လက်မှတ်မလိုအပ်ပါ။) “မြန်မာတာဝန်ခံ” အလုပ်မဟုတ်ပါ။ ဘာသာပြန်ရုံ report လေးတင်ရုံ အလုပ်မဟုတ်ပါ။ Management အလုပ်ဖြစ်ပါတယ်။ ဂျပန်နိင်ငံ ၏ အကြီးဆုံးကုမ္ပဏီများနှင့် business ပြုလုပ်ခြင်း relationship တည်ဆောက်ခြင်း စသဖြင့်တာဝန်ရှိပါသည်။ [လစာ] ** စစချင်း လစာ 290000円 (basic salary 230000円 + နာရီ၃၀ အချိန်ပိုပါပါသည်) အိမ်လစာ အခမဲ့ အဓိက ကတော့ Win-Win situation နဲ့စဉ်းစားတွေးခေါ်တတ်ပြီး လူတွေကိုအကျိုးပြုလိုသောသူအလိုရှိပါတယ်။ အစွမ်းအစရှိသူ အရည်အချင်းရှိသူများဆိုပါက တက်လမ်းအများကြီးရှိပါသည်။ အောက်ပါ link မှာသေချာလေးဖြည့်ပေးပါခင်ဗျာ။ ↓↓↓ https://form.run/@enchantbosyu ↑↑↑ စိတ်ဝင်စားသူများအတွက် SHARE ပေးကြပါဦး။ Please SHARE ↓ ↓ ဂျပန်မှာအင်ဂျင်နီယာအလုပ်များကတော့ အောက်ကလင့်ခ်ကနေလျှောက်ပါ ↓ ↓ https://form.run/@enchantkeireki ↑ဒီကနေ ဖောင်ကိုဖြည့်ပေးရပါမယ်။

⚠️ကျွန်တော့ကုမ္ပဏီမှာ Work Visa ရုံးအလုပ် OSAKA or SAPPORO ခေါ်ပါမယ်။ မြန်မာကနေဖြစ်ဖြစ် ဂျပန်ကနေဖြစ်ဖြစ်လျှောက်နိုင်ပါတယ်။ ဒီ
⚠️ကျွန်တော့ကုမ္ပဏီမှာ Work Visa ရုံးအလုပ် OSAKA or SAPPORO ခေါ်ပါမယ်။ မြန်မာကနေဖြစ်ဖြစ် ဂျပန်ကနေဖြစ်ဖြစ်လျှောက်နိုင်ပါတယ်။ ဒီတစ်ခေါက်က အမျိုးသမီး ခေါ်တာဖြစ်ပါတယ်။ https://www.facebook.com/share/p/19xvieswni/?mibextid=wwXIfr မနက်ဖြန်စနေနေ့ည ၉:၀၀ မှာတော့ Work Visa အလုပ် (အင်ဂျင်နီယာမဟုတ်) ရုံးအလုပ်အတွက် Osaka • Sapporo အလုပ် အတွက် လျှောက်လွှာတင်ပါမယ်ခင်ဗျာ။ အလုပ်အသေးစိတ်နဲ့ form ကိုမနက်ဖြန်တင်ပေးမှာဖြစ်သောကြောင့် စိတ်ဝင်စားသူများအတွက် အပေါ်က facebook page ကို SHARE ပေးကြပါဦး။

'ဟိုကိုင်းဒိုး'မှာနေရတာ နေ့တိုင်း အရမ်းမိုက်တဲ့ သဘာဝရှုခင်းတွေပဲ ကြည့်နေရတာနဲ့ပဲ တန်နေပြီ။ 🖤 #Hokkaido #Hakodate

Spicy Marlar Ramen (Sapporo) လူအများကြီးတန်းစီဝင်ရတယ်။ အရင်တုန်းကတော့ ဆိုင်တစ်ဆိုင်ဝင်ဖို့ကို တန်းစီကြတဲ့သူတွေကိုသိပ်နားမလည်ဘ
+1
Spicy Marlar Ramen (Sapporo) လူအများကြီးတန်းစီဝင်ရတယ်။ အရင်တုန်းကတော့ ဆိုင်တစ်ဆိုင်ဝင်ဖို့ကို တန်းစီကြတဲ့သူတွေကိုသိပ်နားမလည်ဘူး။ သက်သက်အချိန်ကုန်တာလို့ထင်ခဲ့တယ်။ အမှန်တကယ်တော့ အဖြေကရှိပြီးသားပဲ။ ဘာကိုမှသူများ culture မသိပဲနဲ့လျှောက်မပြောသင့်ဘူး။ ဂျပန်မှာ Ramen ဆိုင်ဘယ်လောက်မှစားလို့မရလောက်အောင် မကောင်းကောင်း (ဒါမှမဟုတ်) နာမည်ကြီးပြီး စားလို့အရမ်းကောင်းကောင်း ဈေးကအားလုံး ဘယ်နေရာဖြစ်ဖြစ်အတူတူ ၁၀၀၀ယန်းဝန်းကျင်ပဲ။ အဲတော့ကောင်းတဲ့ဆိုင်ပဲ တန်းစီပြီးစားတော့မှာပေါ့။

💮💯ဒီနှစ်လဲ ကိုယ့်အပေါ်ကောင်းပေးတဲ့ သူတွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်။ နောက်နှစ်မှာတော့ personally ကတော့ ကောင်းတဲ့အပြောင်းအလဲ
+2
💮💯ဒီနှစ်လဲ ကိုယ့်အပေါ်ကောင်းပေးတဲ့ သူတွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်။ နောက်နှစ်မှာတော့ personally ကတော့ ကောင်းတဲ့အပြောင်းအလဲတစ်ခုလဲရှိပါတယ်။ မိမိသည် မြန်မာလူမျိုးစစ်စစ် ဖြစ်သော်လည်း ဂျပန်ကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင် (Board Member) ဖြစ်လာပါတော့မယ်။ ဒီ channel မှာ အရင်လို post မတင်နိုင်သေးသော်လည်း အများကြီးဝင်ရောက်ကြည့်ပေးကြတာ ကျေးဇူးတင်ပါတယ်🙏