ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 514 مشتركاً، محتلاً المرتبة 16 060 في فئة الأخبار والوسائط والمرتبة 10 078 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 514 مشتركاً.

بحسب آخر البيانات بتاريخ 19 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -278، وفي آخر 24 ساعة بمقدار -10، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 10.38‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 9.08‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 300 مشاهدة. وخلال اليوم الأول يجمع عادةً 1 137 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 16.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 20 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 514
المشتركون
-1024 ساعات
-777 أيام
-27830 أيام
أرشيف المشاركات
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတ မစ္စတာ တေရီ အက်စကီဆီလက်စ်စီထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ ဧပြီ ၂၈၊ ၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတ မစ္စတာ တေရီ အက်စကီဆီလက်စ်စီထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့သည်။

🇧🇩☢️ ရုရှားနိုင်ငံနှင့် ပူးပေါင်းတည်ဆောက်ထားသော ရုပ္ပူ (Rooppur) နျူကလီးယားဓာတ်အားပေးစက်ရုံ၏ ပထမဆုံး စွမ်းအင်ယူနစ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက စတင်ဖွင့်လှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံကို စတင်နိုင်ခြင်းသည် နိုင်ငံအတွက် သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် ရိုဆက်တမ် (Rosatom) ကုမ္ပဏီအကြီးအကဲက ပြောကြားခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက် (မနေ့က) တွင် ရုပ္ပူ နျူကလီးယားဓာတ်အားပေးစက်ရုံ၏ ပထမယူနစ်အတွင်းသို့ နျူကလီးယားလောင်စာ (Uranium) စတင်ထည့်သွင်းခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဤအဆင့်ကို "Physical Start-up" ဟု ခေါ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာပေါ်တွင် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်သည့် ၃၃ ခုမြောက် နိုင်ငံ ဖြစ်လာခဲ့သည်။ အဆိုပါ စက်ရုံမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လခန့်တွင် အမျိုးသားဓာတ်အားလိုင်းသို့ စတင်ဖြန့်ဖြူးပေးနိုင်ရန် မျှော်မှန်းထားသည်။ ဤစီမံကိန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမိုင်းတွင် အကြီးမားဆုံးသော အခြေခံအဆောက်အအုံ စီမံကိန်းတစ်ခု ဖြစ်သည်။ NOM

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် ဆောင်ရွက်ရမည့်အချက်များ ထုတ်ပြန်ခြင်း ဧပြီလ ၂၈၊ ၂၀၂၆ ၁။ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ဖြင့် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ပြီး သက်ဆိုင်ရာနိုင်ငံများရှိ လုပ်ငန်းခွင်များသို့ ပြန်လည်ထွက်ခွာခွင့်ပြုပါရန် တရားဝင်ရုံးပိတ်ရက်မပါ ၅ ရက်ကြိုတင်၍ သတ်မှတ်ပုံစံ၊ စာရွက်စာတမ်းအထောက်အထားများနှင့်တကွ လျှောက်ထားလာမှုများအားစိစစ်ပြီး ပြည်ပထွက်ခွာခွင့်များအား Safe Migration Telegram Channel တွင် နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။ ၂။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် အချို့အလုပ်သမားအသစ်များသည် ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စနစ်တကျစုဆောင်းခြင်း၊ ပြည်ပသို့မထွက်ခွာမီ သင်တန်းတက်ရောက်ခြင်းနှင့် ဆေးစစ်ခံခြင်းလုပ်ငန်းစဉ်များကို ကျော်လွှားနိုင်ရန်အတွက် “ခွင့်ပြန်အလုပ်သမား” အဖြစ် အသွင်ဆောင်ကာ ခွင့်စာအတုများပြုလုပ်၍ ခွင့်ပြန်အလုပ်သမားများအတွက် သတ်မှတ်ထားသောလမ်းကြောင်းကို အလွဲသုံးစားပြု၍ တရားမဝင်ထွက်ခွာရန်ကြိုးစားခြင်းများ တွေ့ရှိရသဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနအနေဖြင့် လုံခြုံစိတ်ချရသောရွှေ့ပြောင်းသွားလာမှု ဖြစ်ပေါ်စေရေးနှင့် လူကုန်ကူးခံရမှုအပါအဝင် မလိုလားအပ်သည့် အန္တရာယ်များမဖြစ်ပွားစေရေး စနစ်တကျ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၃။ ထိုသို့စိစစ်ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများမရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှစတင်၍ ပြည်ပနိုင်ငံများမှ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံသို့မလာရောက်မီ အလုပ်ရှင်၏ခွင့်စာ (Letter of Permission for Leave) ရယူ၍ အောက်ပါအတိုင်း ဆောင်ရွက်သွားရန် အသိပေးကြေညာအပ်ပါသည်- (က) သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်၍ ခွင့်စာပြသပြီး ထောက်ခံစာယူဆောင်ရန်၊ (ခ) မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ထားခြင်းမရှိသည့် နိုင်ငံများအနေဖြင့် အနီးဆုံးနိုင်ငံ သို့မဟုတ် အနီးဆုံးမြို့ရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့သွားရောက်၍ ခွင့်စာပြသပြီး ထောက်ခံစာယူဆောင်ရန်။ ၄။ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ထွက်ခွာမည့် အလုပ်သမားများအနေဖြင့် Work Permit ၊ ဗီဇာနှင့် ခွင့်စာပါလုပ်ငန်းခွင်နှင့် OWIC ကတ်တွင်ပါရှိသည့် လုပ်ငန်းခွင်မတူညီပါက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် OWIC ကတ်အား အသစ်ပြန်လည်လျှောက်ထားရမည် ဖြစ်ပါသည်။ ၅။ သို့ဖြစ်ပါ၍ ပြည်ပနိုင်ငံများမှ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ထွက်ခွာမည့် အလုပ်သမားများအနေဖြင့် သက်ဆိုင်ရာအလုပ်ရှင်များထံမှ ခွင့်စာရယူပြီး အပိုဒ် ၃ ပါအတိုင်းဆောင်ရွက်၍ သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၏ ထောက်ခံစာနှင့်အတူ ပြည်ပထွက်ခွာခွင့်တင်ပြနိုင်ရေးနှင့် ခွင့်စာအားလိမ်လည်တင်ပြလာပါက ကာလသတ်မှတ်ချက်တစ်ခုဖြင့် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်းနှင့် အမည်မည်းစာရင်း ရေးသွင်းသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

အမေရိကန် နိုင်ငံကူးလက်မှတ် (PASSPORT) အသစ်တွေမှာ သမ္မတ ထရမ့်ရဲ့ မျက်နှာနဲ့ လက်မှတ်ကို တရားဝင် ထည့်သွင်းတော့မည် အမေရိကန် လွတ်လ
အမေရိကန် နိုင်ငံကူးလက်မှတ် (PASSPORT) အသစ်တွေမှာ သမ္မတ ထရမ့်ရဲ့ မျက်နှာနဲ့ လက်မှတ်ကို တရားဝင် ထည့်သွင်းတော့မည် အမေရိကန် လွတ်လပ်ရေးနေ့ အနှစ် (၂၅၀) ပြည့် အထိမ်းအမှတ်အဖြစ် အကြီးအကျယ် ထုတ်ဝေမှုတစ်ခု ပြုလုပ်ခြင်း ဖြစ်သည်။ NOM

သမ္မတ ထရမ့်က ‘ဂျာမနီနိုင်ငံရဲ့ အဓိပတိ ဖရိုင်းဒရစ် မာ့ဇ် (Friedrich Merz) က အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်တာဟာ ပြဿနာမရှိဘူးလို့ ထင်နေတာပဲ။ သူ ဘာတွေပြောနေလဲဆိုတာတောင် သူကိုယ်တိုင် သိရဲ့လား မသိဘူး။ အကယ်၍ အီရန်သာ နျူကလီးယားလက်နက် ပိုင်ဆိုင်သွားခဲ့ရင် တစ်ကမ္ဘာလုံးဟာ ဓားစာခံ ဖြစ်သွားလိမ့်မယ်။ အခြားနိုင်ငံတွေ ဒါမှမဟုတ် အခြားသမ္မတတွေ ဟိုးအရင်ကတည်းက လုပ်ဆောင်သင့်ခဲ့တဲ့ အရာတစ်ခုကို အီရန်နဲ့ပတ်သက်ပြီး ကျွန်တော် အခုပဲ လုပ်ဆောင်နေပြီ။ ဂျာမနီနိုင်ငံရဲ့ စီးပွားရေးနဲ့ အခြားကဏ္ဍတွေမှာ အဆိုးဝါးဆုံး ဖြစ်နေတာဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ သမ္မတ ဒေါ်နယ် ဂျေ ထရမ့်။ NOM

အီရန်နိုင်ငံရဲ့ အဓိပတိခေါင်းဆောင်သစ် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ဟာ အာဏာကို အခိုင်အမာချုပ်ကိုင်ထားပြီး မကြာသေးမီရက်ပိုင်းအတွင်းမှာ သမ္မတ ပီဇက်ရှ်ကီယန် (Pezeshkian) အပါအဝင် အဆင့်မြင့်အရာရှိကြီးတွေနဲ့ လူကိုယ်တိုင် တွေ့ဆုံခဲ့ပါတယ်။ သူဟာ ကိုယ်တိုင်လှုပ်ရှားသွားလာနိုင်ပြီး စိတ်ပိုင်းဆိုင်ရာလည်း ထက်မြက်သူဖြစ်ပေမဲ့ လုပ်ကြံသတ်ဖြတ်မှု သုံးကြိမ်မြောက်ကနေ အသက်ရှင်လွတ်မြောက်လာပြီးနောက်မှာတော့ သူ့ရဲ့မျက်နှာပေါ်မှာ သိသာထင်ရှားတဲ့ အမာရွတ်တစ်ခု ကျန်ရှိနေပါတယ်။ - အီရန်နိုင်ငံခြားရေးဝန်ကြီး NOM

အာဖဂန်တွင်ရေနံတွေ့ရှိ NOM ယူအေအီးနိုင်ငံသည်အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းအမူဒါယာချိုင့်ဝှမ်းတွင်ရေနံတွင်းငါးတွင်းမှရေနံများစတင်ထုတ်ယူနေပြီးတစ်နေ့လျင်စည်ပေါင်းငါးသိန်းအထိထုတ်ယူရန်မျှော်မှန်းထားသည်။

ရုပ်သံတွင်စီးပွါးရေးအောင်မြင်မှုမိန့်ခွန်းပြောသည့်ယူကရိန်းသမ္မတအားလူလိမ်ဟုပြော NOM ယူကရိန်းရုပ်သံတွင်သမ္မတဇလင်စကီးကစီးပွါးရေးအောင်မြင်မှုများအကြောင်းမိန့်ခွန်းပြောနေစဉ်နားမကြားသူများအတွက်လက်ဖြင့်သတင်းပြောပြသူ အမျိုးသမီးကသမ္မတကိုလူလိမ်ဟုလက်ဟန်ဖြင့်ပြောပြခဲ့သည့်အပြင်သင်အလိမ်ခံနေရသည်ဟူသောစာတန်းပါကိုင်ဆောင်ပြသခဲ့သည်။သူမကိုရိုက်ကွင်းမှဖြတ်တောက်ပြသခဲ့ရသည်။

UAE (အာရပ်စော်ဘွားများပြည်ထောင်စု) က OPEC+ အဖွဲ့ကနေ ဘာကြောင့် နှုတ်ထွက်ခဲ့တာလဲ? ရိုးရိုးရှင်းရှင်း သိချင်သူတွေအတွက် အနှစ်ချုပ်ကတော့ - > လက်ရှိမှာ ရေနံဈေးတွေက အရမ်းတက်နေပြီး အမေရိကန်သမ္မတ ထရန့်က ဒါကို လုံးဝသဘောမကျပါဘူး။ သူက ဒီပြဿနာအတွက် ဖြေရှင်းချက်တစ်ခု လိုအပ်နေပါတယ်။ > UAE အနေနဲ့ OPEC အဖွဲ့ကနေ နှုတ်ထွက်လိုက်ခြင်းအားဖြင့် ထုတ်လုပ်မှုကန့်သတ်ချက် (Quotas) တွေအောက်မှာ ရှိမနေတော့ဘဲ ရေနံကို ပိုမိုထုတ်လုပ်ပြီး တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ > ဒါက ကမ္ဘာ့ဈေးကွက်အတွင်း ရေနံစီးဆင်းမှုကို တိုးတက်စေပါတယ်။ > ရေနံအထွက်တိုးလာတဲ့အတွက် ကမ္ဘာ့ရေနံဈေးနှုန်းတွေက အနည်းဆုံးတော့ ယာယီအားဖြင့် ပြန်ကျသွားမှာ ဖြစ်ပါတယ်။ > ရေနံဈေးကျတာဟာ ထုတ်လုပ်မှုကို တိုးမြှင့်ပြီး အရှုံးမကာမိနိုင်တဲ့ ဆော်ဒီအာရေဗျလို နိုင်ငံမျိုးတွေအတွက်တော့ ထိခိုက်နစ်နာမှုရှိစေတာမို့ သူတို့ကတော့ စိတ်အနှောင့်အယှက် ဖြစ်ကြပါတယ်။ > အတိုချုပ်ပြောရရင် ဒါဟာ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ပိတ်သွားခဲ့တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ရေနံဈေးနှုန်း အကျပ်အတည်းကို ထရန့်က သူ့ရဲ့နည်းလမ်းနဲ့ စီမံခန့်ခွဲလိုက်တဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ သတင်းထုတ်ပြန်ချက်များအရ UAE (အာရပ်စော်ဘွားများပြည်ထောင်စု) သည် လာမည့် မေလ ၁ ရက်နေ့မှစ၍ OPEC နှင့် OPEC+ မဟာမိတ်အဖွဲ့များမှ နှုတ်ထွက်မည်ဖြစ်ကြောင်း အတည်ပြုထားသည်။ NOM

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင
+1
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် ဆောင်ရွက်ရမည့်အချက်များ ထုတ်ပြန်ခြင်း။

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ဟာ ရေနံတင်ပို့တဲ့ နိုင်ငံများအဖွဲ့ (OPEC) နဲ့ OPEC+ (မူလ OPEC အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ အဖွဲ့ဝင်မဟုတ်ပေမဲ့ ရေနံအများကြီး ထွက်တဲ့ တခြားနိုင်ငံတွေပူးပေါင်းထားတဲ့ မဟာမိတ်အဖွဲ့ကြီး) အဖွဲ့တွေကနေ လာမယ့် မေလ ၁ ရက်နေ့ကစပြီး နုတ်ထွက်တော့မယ်လို့ သိရပါတယ်။ NOM

ယခုလအတွင်းအစ္စရေးစစ်သား၆ဦးကိုယ့်ကိုကိုယ်သတ်သေ NOM အစ္စရေးသတင်းဌာနHaaretz၏ထုတ်ပြန်ချက်အရယခုလတစ်လအတွင်းကိုယ့်ကိုကိုယ်သတ်သေသွား
ယခုလအတွင်းအစ္စရေးစစ်သား၆ဦးကိုယ့်ကိုကိုယ်သတ်သေ NOM အစ္စရေးသတင်းဌာနHaaretz၏ထုတ်ပြန်ချက်အရယခုလတစ်လအတွင်းကိုယ့်ကိုကိုယ်သတ်သေသွား သောအစ္စရေးစစ်သား၆ဦးအထိရှိလာပြီးစစ်ပွဲစတင်ချိန်မှရေတွက်ပါက၁၀ဦးရှိပြီဖြစ်သည်။ကိုယ့်ကိုကိုယ်သတ်သေမည့်စစ်သားအရေအတွက်တိုးလာနိုင်ကြောင်းသတင်းဌာနကသတိပေးထားသည်။

🛳️🇹🇭🇨🇳🇮🇷 ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဟော်မုဇ်ရေလက်ကြားတွင် ပိတ်မိနေသော ၎င်းတို့​၏ သင်္ဘောများအတွက် တရုတ်အားအကူအညီတောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ကေကီယို (Sihasak Phuangketkeow) က အခုလို ပြောကြားခဲ့ပါတယ် "ဟော်မုဇ် ရေလက်ကြား (Hormuz Strait) ကို ဖြတ်သန်းဖို့ ကျန်နေတဲ့ ကျွန်တော်တို့ရဲ့ သင်္ဘော ၈ စီးအတွက် တရုတ်နိုင်ငံကို အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်လည်း ပိတ်မိနေတဲ့ သူတို့ရဲ့ သင်္ဘော အစီး ၇၀ ကို လွတ်မြောက်ဖို့ ရုန်းကန်နေရတယ်လို့ ကျွန်တော်တို့ကို ပြန်ပြောခဲ့ပါတယ်" NOM

ရွှေလိပ်ပြာဟိုတယ်နှင့်ပတ်သက်၍ စွပ်စွဲသူများကို အရေးယူရန် စီစဉ်နေ ဧပြီ၂၈၊၂၀၂၆
+1
ရွှေလိပ်ပြာဟိုတယ်နှင့်ပတ်သက်၍ စွပ်စွဲသူများကို အရေးယူရန် စီစဉ်နေ ဧပြီ၂၈၊၂၀၂၆

အီရန်နိုင်ငံရဲ့ နောက်ဆုံးကမ်းလှမ်းချက်အပေါ် သမ္မတ ထရမ့်က စိတ်ကျေနပ်မှုမရှိဘဲ အဆိုပါကမ်းလှမ်းချက်ဟာ ‘လက်တွေ့ကို ငြင်းပယ်နေတာ’ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အီရန်ရဲ့ အဓိပတိခေါင်းဆောင် မော့ဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) ဟာ အီရန်ကိုယ်စားလှယ်အဖွဲ့ကို နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး အလျှော့ပေး ဆွေးနွေးခွင့် မပြုထားတဲ့အပေါ် စိတ်ပျက်နေကြောင်း NYT (New York Times) က ဖော်ပြထားပါတယ်။ NOM

အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်ပွား။
အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်ပွား။

အရပ်သားပြည်သူ့ အသက်အန္တရာယ်ကို ပစ်မှတ်ထားသည့် PDF အကြမ်းဖက်လုပ်ရပ်။
အရပ်သားပြည်သူ့ အသက်အန္တရာယ်ကို ပစ်မှတ်ထားသည့် PDF အကြမ်းဖက်လုပ်ရပ်။

မိုင်းဆတ်မြို့နယ်တွင်မိုးရွာသွန်ပြီးလေပြင်းတိုက်ခတ်သစ်ပင်များလဲကျပြီး ကားလမ်းပိတ် နေအိမ်အချို့ပျက်ဆီး NOM၊ဧပြီ၂၈၊၂၀၂၆ ရှမ်းပြ
မိုင်းဆတ်မြို့နယ်တွင်မိုးရွာသွန်ပြီးလေပြင်းတိုက်ခတ်သစ်ပင်များလဲကျပြီး ကားလမ်းပိတ် နေအိမ်အချို့ပျက်ဆီး NOM၊ဧပြီ၂၈၊၂၀၂၆ ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ယမန်နေ့(ဧပြီ၂၇ရက်)ညနေ၆နာရီ၃၅မိနစ်တွင် မိုးရွာသွန်ပြီးလေပြင်းတိုက်ခတ်သစ်ပင်များလဲကျပြီး ကားလမ်းပိတ်ဆို့မှုဖြစ်ပွားကာနေအိမ်အချို့လည်းပျက်ဆီးခဲ့သည့်ဟု မိုင်းဆက်မြို့အရန်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ မိုင်းဆတ်မြို့နယ်တွင် မိုးရွာသွန်ပြီးလေပြင်းတိုက်ခတ်မှုကြောင့် မိုင်းဆတ်-မိုင်းတုံကားလမ်း ဘေးရှိသစ်ပင်များလဲကျသည့်အတွက် လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ပြီးမယ်နင်ကျေးရွာအုပ်စု၊ ကာနကျေးရွာမှ နေအိမ် များလည်းပျက်ဆီးသွားကြောင်းသိရသည်။ မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် မိုင်းဆတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ရာည၈နာရီတွင်ကါးလမ်းပြန်ပွင့်ကြောင်းသိရသည်။

AI ဖြင့်လည်းကောင်း၊ DJ Remix များဖြင့်လည်းကောင်း၊ ဇာတ်သဘင် စတိတ်ရှိုးဆိုရာတွင်လည်းကောင်း တေးသီချင်းမူပိုင်ရှင်များထံမှ ခွင့်ပ
AI ဖြင့်လည်းကောင်း၊ DJ Remix များဖြင့်လည်းကောင်း၊ ဇာတ်သဘင် စတိတ်ရှိုးဆိုရာတွင်လည်းကောင်း တေးသီချင်းမူပိုင်ရှင်များထံမှ ခွင့်ပြုချက်တောင်းခံရမည်ဟု ဂီတအစည်းအရုံးထုတ်ပြန်

ပို့ကုန်ကြွေးကျန်ငွေများအပြည့်အဝပေးသွင်းသဖြင့်ဦးတေဇ၏ Htoo ကုမ္ပဏီအုပ်စု အပါအဝင် ကုမ္ပဏီ ၁၇ ခုအား အမည်မည်းစာရင်း(BlackLists) ထ
+1
ပို့ကုန်ကြွေးကျန်ငွေများအပြည့်အဝပေးသွင်းသဖြင့်ဦးတေဇ၏ Htoo ကုမ္ပဏီအုပ်စု အပါအဝင် ကုမ္ပဏီ ၁၇ ခုအား အမည်မည်းစာရင်း(BlackLists) ထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့်တားဆီးထားခြင်းတို့မှ ပယ်ဖျက်ပြီးစီးကြောင်း ဗဟိုဘဏ် ကြေညာ

News Of Myanmar - إحصائيات وتحليلات قناة تيليجرام @newsofmyanmar