ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 442 مشتركاً، محتلاً المرتبة 15 917 في فئة الأخبار والوسائط والمرتبة 10 085 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 442 مشتركاً.

بحسب آخر البيانات بتاريخ 04 يوليو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -222، وفي آخر 24 ساعة بمقدار -10، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.33‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 6.47‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 912 مشاهدة. وخلال اليوم الأول يجمع عادةً 805 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 05 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 442
المشتركون
-1024 ساعات
-347 أيام
-22230 أيام
أرشيف المشاركات
"ရခိုင်ပြည်သူများထွက်မပြေးနိုင်အောင် မိုင်းများထောင်နေသည့် အကြမ်းဖက် AA အဖွဲ့" အကြမ်းဖက် AA အဖွဲ့၏ အနိုင်ကျင့်နှိပ်စက်မှုများ
+1
"ရခိုင်ပြည်သူများထွက်မပြေးနိုင်အောင် မိုင်းများထောင်နေသည့် အကြမ်းဖက် AA အဖွဲ့" အကြမ်းဖက် AA အဖွဲ့၏ အနိုင်ကျင့်နှိပ်စက်မှုများကြောင့် ရခိုင်ဒေသခံများ ပြည်မဘက် ထွက်ပြေးနေကြသည်မှာ နေ့စဉ်ရက်ဆက်များပြားလှပါသည်။ ဒေသခံတွေမရှိရင် လူသားတံတိုင်းလုပ်လို့ မရတော့တဲ့အတွက် ရွာသားများထွက်မပြေးနိုင်အောင် ရွာများ၏ပတ်လည်တွင် မြေမြုပ်မိုင်း အများအပြား လိုက်လံထောင်ထားကြောင်း သိရှိရသည်။ အကြမ်းဖက် AA ဆေးကြောင်အဖွဲ့ရဲ့ ယုတ်မာရက်စက်မှုတွေထဲက ၁ ခုပေါ့။ ဒီထက် ယုတ်မာရက်စက်တာတွေ အများကြီးရှိပါသေးသည်။ တိုက်ပွဲသတင်းစုံ

Repost from NOM
အနောက်အုပ်စုရဲ့ "စံနှုန်းနှစ်ခွ" နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတဲ့ အီရန်သံရုံးရဲ့ ထုတ်ပြန်ချက် "အမေရိကန်ရဲတပ်ဖွဲ့က ပြောတုန်းက ဒီလိုဗျ၊ ငါတို့ကို အုတ်ခဲတွေနဲ့ ပစ်ပေါက်ရင်၊ မီးလောင်ဗုံးနဲ့ပစ်ရင်၊ သေနတ်နဲ့ ချိန်ရင် မင်းတို့ကို ငါတို့က ပစ်သတ်ပစ်မယ်တဲ့၊ အဲဒါကို သူတို့က တရားဥပဒေစိုးမိုးရေးလို့ ခေါ်သဗျ" "ဒါပေမယ့် ကျနော်တို့ အီရန်မှာ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထောင်ချီတဲ့ အပြစ်မဲ့အရပ်သားတွေဟာ ဆူပူလက်နက်ကိုင်အကြမ်းဖက်ဆန္ဒပြသမားတွေရဲ့ သတ်ဖြတ်ခံရတဲ့အချိန်ကျတော့ အနောက်မီဒီယာတွေက ပြစ်မှုကျူးလွန်သူတွေကို ငြိမ်းချမ်းစွာဆန္ဒပြသူတွေလို့ ခေါ်ဆိုသုံးနှုန်းကြပါတယ်၊ ဒါက ဘယ်လိုမျိုး စံသတ်မှတ်ချက်တွေလဲဆိုတာ နားမလည်နိုင်ပါဘူး" NOM

Repost from NOM
ဘယ်လို နယ်မြေတိုင်းမှာမဆို မူးယစ်ဂိုဏ်းတွေကို အမေရိကန်က တိုက်ခိုက်မှုလုပ်သွားနိုင်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ “သ
ဘယ်လို နယ်မြေတိုင်းမှာမဆို မူးယစ်ဂိုဏ်းတွေကို အမေရိကန်က တိုက်ခိုက်မှုလုပ်သွားနိုင်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ “သူတို့ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ လမ်းကြောင်းတွေကို ကျနော်သိတယ်၊ သူတို့အကြောင်း အားလုံးသိတယ်၊ သူတို့ဂိုဏ်းတွေကို ဝင်တိုက်မယ်” လို့ New York Post နဲ့ အင်တာဗျူးမှာ သူက ပြောဆိုခဲ့တာပါ။ မက္ကဆီကို၊ ဗင်နီဇွဲလားနဲ့ ကိုလံဘီယာနယ်မြေတွေမှာလည်း တိုက်ခိုက်မှုတွေ ဖြစ်ပွားနိုင်သလားလို့ မေးမြန်းခဲ့မှုကိုလည်း ထရမ့်က “ဘယ်နေရာမှာမဆို ဖြစ်နိုင်တယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။ NOM

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ဝ ကိ
+9
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်ရှိ မဲရုံအသီးသီးတွင် မဲဆန္ဒပေးနေသည့် ပြည်သူများ။ News Of Myanmar NOM

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးန
+5
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးနဲမြို့နယ်ရှိ မဲရုံအသီးသီးတွင် ပြည်သူများ ဆန္ဒမဲပေးနေကြသည့် မြင်ကွင်းပုံရိပ်များ။ News Of Myanmar NOM

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပ
+3
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ မဲရုံအသီးသီးတွင် ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများ။ News Of Myanmar NOM

"ဒီမိုကရေစီသွားချင်ရင် ပြည်သူတွေပါမှရမယ်။ အားလုံး ပါဝင်ပေးကြဖို့" ယာယီသမ္မတကြီးကတိုက်တွန်း (၂၅.၁.၂၀၂၆)

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မန္တလေးမ
+8
နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မန္တလေးမြို့ ရွေးကောက်ပွဲအပိုင်း (၃) တွင် ဆန္ဒမဲပေးနေသည့် မဲဆန္ဒရှင်ပြည်သူများကို ကြည့်ရှုအားပေး NOM ဇန်နဝါရီ ၂၅၊ ၂၀၂၆ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၂၅ ရက်နေ့၌ ကျင်းပပြုလုပ်လျက်ရှိသည့် ရွေးကောက်ပွဲအပိုင်း (၃) တွင်ပါဝင် ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအားမဲရုံများအလိုက်ကြည့်ရှုအားပေးခဲ့ပါတယ်။ ချမ်းမြသာစည်မြိုနယ်ရှိ သက်ဆိုင်ရာ မဲရုံများအလိုက် မဲရုံမှတာဝန်ရှိသူများက ကွန်ပျူတာစနစ်ဖြင့် မဲစာရင်းများတိုက်ဆိုင်စစ်ဆေးပေးလျက်ရှိမှု၊ မဲဆန္ဒရှင်ပြည်သူများ တက်ကြွစွာပါဝင် ဆန္ဒမဲပေးနေမှုများကိုကြည့်ရှုပြီး မဲဆန္ဒရှင်များအား ဆန္ဒမဲပေးမှုနှင့်ပတ်သက်၍ ကြုံတွေ့ရမှုများ၊ MEVM စက်ဖြင့် ဆန္ဒမဲပေးရာမှာ တွေ့ ကြုံရမှုများ၊ မဲရုံဝန်ထမ်းများ​၏ တာဝန်ထမ်းဆောင်နေမှုအခြေအနေများကို မေးမြန်းဆွေးနွေးပြီး မဲဆန္ဒရှင်များကိုနှုတ်ဆက်ခဲ့သည်။ ထိုအတူ မဲဆန္ဒရှင်များမှလည်း နိုင်ငံတော်ယာယီသမ္မတအား ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရမှုခံစားချက် အတွေ့အကြုံများကို တင်ပြခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) တွင်ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့
+1
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) တွင်ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ မဲရုံများတွင် ပြည်သူများ ဆန္ဒမဲပေးနေသည့် မြင်ကွင်းများ။ News Of Myanmar NOM

မန္တလေး-ပြင်ဦးလွင်အတက်လမ်းတွင် ခရီးသည်တင် Express ကားတစ်စီးတိမ်မှောက်ခဲ့ရာ ခရီးသည်၁၂ဦး ဒဏ်ရာရ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြ
မန္တလေး-ပြင်ဦးလွင်အတက်လမ်းတွင် ခရီးသည်တင် Express ကားတစ်စီးတိမ်မှောက်ခဲ့ရာ ခရီးသည်၁၂ဦး ဒဏ်ရာရ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်နှင့်ကျောက်ချော ကျေးရွာကြား မန္တလေး-ပြင်ဦးလွင်အတက်လမ်းတွင် ယနေ့(ဇန်နဝါရီ၂၅ရက်)နံနက်၇နာရီခန့်က ခရီးသည်တင် Express ကားတစ်စီးတိမ်မှောက်ခဲ့ရာ ခရီးသည်၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း စေတနာမွန်လူမှုကူညီရေးအသင်း မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ မန္တလေးမှပြင်ဦးလွင်သို့ ခရီးသည်၂၂ဦးဖြင့် ထွက်ခွားလာသော Elite Express ကားသည်ပုသိမ်ကြီး မြို့နယ်နှင့်ကျောက်ချောကျေးရွာကြား မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် အရှိန်လွန်ပြီးတိမ်းမှောက်ခဲ့ကြောင်း သိရသည်။ "ကားပေါ်မှာပါလာတဲ့ခရီးသည်၁၂ဦးဒဏ်ရာရရှိခဲ့ပါတယ်ပြင်းပြင်းထန်ထန်ဒဏ်ရာရသူတော့မရှိပါဘူး၊ ဒဏ်ရာရရှိတဲ့သူတွေကိုတော့ အသင်းကားနဲ့ဘဲ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ််"ဟု စေတနာမွန်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Repost from NOM
ဒေါ်နယ်ထရမ့်နဲ့ နေတိုးအထွေထွေအတွင်းရေးမှူး Mark Rutte တို့ရဲ့ ဂရင်းလန်းသယံဇာတတွေဆီ အမေရိကန်နိုင်ငံသားတွေကို ဝင်ရောက်ခွင့်ပေးမ
ဒေါ်နယ်ထရမ့်နဲ့ နေတိုးအထွေထွေအတွင်းရေးမှူး Mark Rutte တို့ရဲ့ ဂရင်းလန်းသယံဇာတတွေဆီ အမေရိကန်နိုင်ငံသားတွေကို ဝင်ရောက်ခွင့်ပေးမယ်ဆိုတဲ့ အချက်အပါအဝင် သဘောတူညီချက်တွေကို ဂရင်းလန်းက ငြင်းပယ်မယ်လို့ ဂရင်းလန်း သတ္ထုအရင်းအမြစ်ဝန်ကြီး Naaja Nathanielsen ကို ကိုးကားပြီး Politico က ဖော်ပြခဲ့ပါတယ်။ မကြာခင်က အမြင့်ဆုံးခေါင်းဆောင်ကြီး ထရမ့်နဲ့ နေတိုးရဲ့ ရုပ်သေး အထွေထွေအတွင်းရေးမှူး Mark Rutte တို့ ကြေညာခဲ့တဲ့ သဘောတူညီချက်တရပ်အပြီးမှာ ဂရင်းလန်းက သူ့ရဲ့ နယ်မြေနဲ့ပတ်သက်တဲ့ ဘယ်လိုသဘောတူညီချက်ကိုမဆို၊ ဂရင်းလန်းရဲ့ အရင်းအမြစ်တွေကို တတိယနိုင်ငံတခုဆီ လွှဲပြောင်းပေးအပ်ရမယ်ဆိုတာကို ငြင်းပယ်မယ်လို့ ဆိုပါတယ်။ “ဂရင်းလန်းသဘောတူညီချက်မရှိဘဲ ဂရင်းလန်းနဲ့ပတ်သက်တဲ့ အနာဂတ်ဆုံးဖြတ်ချက်တွေကို ကျွန်မတို့ လက်မခံဘူး” လို့ Nathanielsen က ပြောဆိုခဲ့ပါတယ်။ Politico ရဲ့ အဆိုအရ ဂရင်းလန်းမှာ လေအားလျှပ်စစ်ဓါတ်အားပေးစက်တွေ၊ လျှပ်စစ်ယာဉ်တွေနဲ့ အဆင့်မြင့်စစ်ဘက်နည်းပညာတွေမှာ အသုံးပြုတဲ့ စွမ်းဆောင်ရည်မြင့်သံလိုက်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ neodymium နဲ့ praseodymium အပါအဝင် မြေရှားဒြပ်စင်သိုက် အများအပြားရှိတယ်လို့ သိရပါတယ်။ Rutte နဲ့ ထရမ့်တို့ကြားမှာ အမေရိကန်ကို ဒေသတွင်း သတ္ထုသိုက်တွေဆီ အကန့်အသတ်မရှိ ဝင်ရောက်ခွင့်ပေးပြီး စစ်စခန်းတွေ တည်ထောင်ခွင့်ပေးမယ့် သဘောတူညီချက်ရရှိခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီအချိန်ကစလို့ ဂရင်းလန်းဘက်ကလည်း ကျွန်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဘယ်သူမှ ဆွေးနွေးခွင့်မရှိဘဲ ဂရင်းလန်းမပါဝင်ဘဲ ပြုလုပ်ခဲ့တဲ့ သဘောတူညီချက်တွေကို အသိအမှတ်မပြုဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ NOM

EAO နဲ့ NUG လက်အောက်ခံတွေက မြို့သိမ်းတိုက်ပွဲဆိုပြီး တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ကြတယ်။ စစ်ဖြစ်ပြီဆိုလာတော့ မြို့နေလူထုလည်း ဒီချိ
EAO နဲ့ NUG လက်အောက်ခံတွေက မြို့သိမ်းတိုက်ပွဲဆိုပြီး တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ကြတယ်။ စစ်ဖြစ်ပြီဆိုလာတော့ မြို့နေလူထုလည်း ဒီချိန်မှာ ပြေးကြ လွှားကြပေါ့လေ။ စစ်ဖြစ်လာရင် အကျိုးဆက်က ဘာဖြစ်သလဲ ဆိုတော့ ....ရှေ့မှာ ချင်းပြည်နယ်က ထန်တလန် ၊ ကယားဘက်က လွိုင်ကော်တို့၊ ရှမ်းမြောက်ဘက်က ကျောက်မဲနဲ့ နောက်ချိုတို့က အဓိက သာဓက အနေနဲ့ ကြည့်နိုင်တာပဲလေ။ ------ မြို့သိမ်းတိုက်ပွဲ တစ်ခုဆိုတာ အခြေခံအားဖြင့် မြို့တမြို့ကို သိမ်းပိုက်ပြီး အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်တယ်ဆိုရင် အကြမ်းဖျင်းအားဖြင့် ဒီတိုက်ပွဲ လုပ်ငန်းစဉ် အောင်မြင်တယ်လို့ ပြောလို့ရနိုင်တာပေါ့။ အဲ့လို မဟုတ်ဘဲ၊ မြို့ကိုတော့ သိမ်းထားတယ်။ မြို့နေလူထုလည်း ပြန်ဝင်ခွင့်မပေးဘူး။ မိုးကုတ်မြို့နဲ့ နောင်ချို၊ ကျောက်မဲတို့လို မြို့မှာ နဂိုရှိပြီးသား အခြေခံ အဆောက်အဦ ပစ္စည်းတွေ ခိုးဖို့သက်သက်၊ ပြည်သူပိုင်နေအိမ်တွေ ဖျက်ဆီးယုံသက်သက်ဆိုရင်တော့ ....ဒါက မြို့ကို ကာကွယ်ဖို့ သိမ်းပိုက်တာလား၊ ဖျက်ဆီးဖို့ သိမ်းပိုက်တာလား ဆိုတဲ့ မေးခွန်းတော့ ဖြေဖို့ ရှိလာတာပေါ့။ ----- NUG ကို ထောက်ခံကြတဲ့သူတွေ ပိုပြီး အသိအမြင်တွေ ကျယ်ပြန့်ဖို့ လိုတာ ပြောချင်တာပါ။ ၅ နှစ်ဆိုတဲ့ အချိန်အတိုင်းအတာ တစ်ခုမှာ NUG ဟာ EAO တွေနဲ့ ညီညွှတ်ရေး လမ်းစဉ်တည်ဆောက်နိုင်ခဲ့သလား။ မြေပြင်မှာရော အောက်ခြေ လက်နက်ကိုင်အဖွဲ့တွေနဲ့ (ပြည်ပထွက်မပြေးဘဲ) တသားတည်း တော်လှန်နေကြတာလား။ ဒါမှမဟုတ် ၅ နှစ်တာကာလ ခေါင်းစဉ်အမျိုးမျိုးနဲ့ ကောက်ခံခဲ့ကြတဲ့ အလှူငွေတွေကို နေရာမှန်မှန်၊ အကျိုးရှိရှိ မျှဝေသုံးစွဲနေကြပြီလား။ ဒါတွေ စိစစ်ဖို့ မကောင်းဘူးလားပေါ့။ ------ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ ဗန်းမောက်မြို့၊ ဆင်ဖြူကျွန်းနဲ့ ကသာ မြို့တွေ ကို ပျော်ပျော်ကြီး တိုက်ခဲ့ကြတယ်။ ခုလက်ရှိ အခြေအနေမှာ ဒီမြို့တွေ ဘာဆက်ဖြစ်သွားပြီလဲ။ မြို့သိမ်းတိုက်ပွဲ ဆိုပေမယ့် မြို့သာ အထိနာသွားတယ်။ ရလာဒ်အားဖြင့် အကောင်အထည် မပြနိုင်ဘူး ဆိုရင် ....ဒါက တော်လှန်ရေး လို့ ဆိုလို့ရနိုင်ပါ့မလား။ တကယ်တော့ မြို့သိမ်းတိုက်ပွဲဆိုတာ ခက်ခဲကြပ်တည်းနေတဲ့ ခုလိုကာလမှာ ပြည်သူကို နေစရာ မရှိတဲ့ ပြာပုံ ဘဝကို တွန်းပို့လိုက်တာနဲ့ အတူတူပါပဲ။ ------ ဥပမာ -ပြည်သူ့ အကျိုးစီးပွားကို ကာကွယ်မယ့် ပြည်သူ့ တော်လှန်ရေး အဖွဲ့တွေ ရဲ့ စွမ်းစွမ်းတမံ ကြိုးစားမှု‌ေတွ ကြောင့် ခေတ်အဆက်ဆက် အစိုးရတွေတောင် မတို့မထိခဲ့တဲ့ သာယာလှပပါတယ်ဆိုတဲ့ မြို့ဂုဏ်ဆောင် ဂေါက်ကွင်းကြီး‌ တောင် ခုချိန် ဘာဖြစ်သွားခဲ့သလဲဆိုတာ မြင်ကြည့်၊ တွေ့နိုင်တာပဲ မဟုတ်ဘူးလား။ တကယ်တော့ မြို့သိမ်းတိုက်ပွဲ နဲ့ နွေဦးတော်လှန်ရေး ဆိုတာ ပြည်သူ့အကျိုးစီးပွားထက် NUG ရဲ့ အကျိုးစီးပွား၊ မြေပြင် ပပပ၊ ပအဖ၊ ပကဖ တွေရဲ့ အကျိုးစီးပွားနဲ့ လုပ်ပိုက်ခွင့် ကသာ ပိုများခဲ့တာပါလို့ ဆိုလို့ရပါတယ်။ ------ ဒီ တော်လှန်ရေး ၅ နှစ်တာကာလမှာ NUG နဲ့ PDF တွေကြောင့် ပြည်သူ ဘဝတွေ ဖွံ့ဖြိုး၊ တိုးတက်၊ အကျိုးရှိလာပါပြီဆိုတဲ့ အချက်တချက်လောက် ရှိရင် ပြောကြည့်ကြပေါ့။ မရှိနေဘူးဆိုရင် ဒီတော်လှန်ရေးဟာ လက်နက်ကိုင် တော်လှန်ရေး လုပ်ငန်းစဉ်မအောင်မြင်ရင် လူထု အတွက် ဒုတိယ အစီအမံ( Plan)တောင် ရှိမနေတဲ့ လက်တမ်းထိုး အသက်တွေ၊ ဘဝတွေ ချနင်းပြစ်ခဲ့တဲ့ အဖျင်းစား တော်လှန်ရေးတစ်ခုလို့သာ သုံးသပ်ရမှာပါပဲ။ ပညာရေးကို ဆုံးခန်းတိုင်အောင် မလျှောက်ဘဲ ကျောင်းဝန်းထဲကနေ ခုန်ဆင်းလာခဲ့ကြတဲ့ လူငယ်ထုရဲ့ အနာဂတ်တွေ၊ ခြေပြတ်၊ လက်ပြတ်နဲ့ လူတော မတိုးတော့မယ့် မြောက်များစွာသော ဘဝတွေ၊ CDM ကြောင့် အခြေပျက်ခဲ့ရတဲ့ လူနေမှု ဘဝတွေ.....ဒါတွေကို NUG အနေနဲ့ ဘယ်လို တာဝန်ယူပေးကြနိုင်မလဲ။ (နရီမိုး)

ကျန်းမာရေးမကောင်းမွန်သော်လည်း နိုင်ငံသားတစ်ယောက်​၏ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် မန္တလေးမြို့က မဲဆန္ဒရှင်အဘွားအို Admin: 🫡🫡🫡 Video Credit: Original Uploader News Of Myanmar NOM

Repost from NOM
အမေရိကန်ပြည်ထောင်စု၊ မင်နီယာပိုလစ်မြို့မှာ ပစ္စတိုသေနတ်ကိုင်ဆောင်ထားတဲ့ လက်နက်ကိုင် အမျိုးသားတဦးဟာ အနည်းဆုံး ၁၁ ကြိမ်အထိ ပစ်ခ
+3
အမေရိကန်ပြည်ထောင်စု၊ မင်နီယာပိုလစ်မြို့မှာ ပစ္စတိုသေနတ်ကိုင်ဆောင်ထားတဲ့ လက်နက်ကိုင် အမျိုးသားတဦးဟာ အနည်းဆုံး ၁၁ ကြိမ်အထိ ပစ်ခတ်ခံခဲ့ရပြီး နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ ICE အေးဂျင့်တွေက သူ့ကို ဖမ်းဆီးဖို့ ကြိုးစားချိန်မှာ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူဟာ Alex Jeffrey Pretti (သူနာပြုတဦး) ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန် အမိမြေလုံခြုံရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ DHS ဥပဒေစိုးမိုးရေးအရာရှိတွေဟာ မင်နီယာပိုလစ်မှာ အကြမ်းဖက်တိုက်ခိုက်မှုအတွက် အလိုရှိတဲ့ တရားမဝင်နိုင်ငံခြားသားတဦးကို နှိမ်နှင်းဖို့ စစ်ဆင်ရေးတခုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီနေရာမှာ မြင်တွေ့ရတဲ့အတိုင်း လူတဦးက ၉ မီလီမီတာ ဆီမီး-အော်တိုမက်တစ် သေနတ်နဲ့ နယ်ခြားကင်းလှည့်အရာရှိတွေဆီ ချဉ်းကပ်လာခဲ့ပါတယ်။ အရာရှိတွေက သံသယရှိသူကို လက်နက်ချဖို့အကြိုးစားပေမယ့် လက်နက်ကိုင်ထားသူက ပြင်းပြင်းထန်ထန် ခုခံခဲ့ပါတယ်။ လက်နက်နဲ့ ပစ်ခတ်ခဲ့မှုအကြောင်း အသေးစိတ်အချက်အလက်ကို မကြာခင်မှာ ထပ်မံဖော်ပြပေးသွားပါမယ်။ သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အသက်ဘေးအန္တရာယ်ကို စိုးရိမ်ရလို့ အေးဂျင့်တဦးက ခုခံပစ်ခတ်ခဲ့ရပါတယ်။ အခင်းဖြစ်ပွားရာနေရာက ဆေးဝန်ထမ်းတွေက လူနာကို ဆေးဘက်ဆိုင်ရာ အကူအညီတွေ ချက်ချင်းလုပ်ဆောင်ပေးခဲ့ပေမယ့် အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ သံသယရှိသူဆီကနေ ကျည်ကတ် ၂ ခုတွေ့ရှိခဲ့ပြီး သက်သေခံအထောက်အထားတွေလည်း မပါရှိပါဘူး။ ဒါဟာ လူတဦးက ပျက်ဆီးဆုံးရှုံးမှုတွေ ကြီးမားစေလိုပြီး ဥပဒေစိုးမိုးရေးအရာရှိတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုဟန်ရှိတဲ့ အခြေအနေမျိုးနဲ့ တူညီပါတယ်။ NOM

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် PDF အကြမ်းဖက်သမားများက ရွေးကောက်ပွဲပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်၊ နှောင့်ယှက်မ
+5
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် PDF အကြမ်းဖက်သမားများက ရွေးကောက်ပွဲပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်၊ နှောင့်ယှက်မှုများပြုလုပ်နေသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လောင်းလုံမြို့နယ်နှင့် ပုလောမြို့နယ်၊ ကျောက္ကာရွာများရှိ ရွေးကောက်ပွဲကျင်းပရာ မဲရုံများတွင် ပြည်သူများ မဲပေးနေမှုမြင်ကွင်း။ News Of Myanmar NOM

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ကျေးသီးမြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် ရှမ်းပြည်နယ်၊ ကျ
+5
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ကျေးသီးမြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်ရှိ မဲရုံအသီးသီးတွင် ပြည်သူများ လာရောက်ဆန္ဒမဲပေးနေသည့် မြင်ကွင်းပုံရိပ်များ။ News Of Myanmar NOM

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် ခရမ်းမြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) တွင်ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး
+5
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် ခရမ်းမြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) တွင်ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ရှိ မဲရုံများတွင် ဆန္ဒမဲပေးနေကြသည့် ပြည်သူများ။ News Of Myanmar NOM

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် ကနီမြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) တွင်ပါဝင်သည့် စစ်ကိုင်းတိုင်းဒေသကြီး
+7
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် ကနီမြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) တွင်ပါဝင်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် ဆန္ဒမဲပေးနေကြသည့် ပြည်သူများ။ News Of Myanmar NOM

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင့်
+2
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင့်မြို့နယ်၊ အုန်းတခူးကျေးရွာမှ ပြည်သူများ လာရောက်မဲပေးနေသည့် မြင်ကွင်း။ News Of Myanmar NOM

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် သရက်ချောင်းမြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် တနင်္သာရီတို
+6
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် သရက်ချောင်းမြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ မဲရုံများတွင် ပြည်သူများ ဆန္ဒမဲပေးနေကြသည့်မြင်ကွင်းပုံရိပ်များ။ News Of Myanmar NOM