ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 442 مشتركاً، محتلاً المرتبة 15 917 في فئة الأخبار والوسائط والمرتبة 10 085 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 442 مشتركاً.

بحسب آخر البيانات بتاريخ 04 يوليو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -222، وفي آخر 24 ساعة بمقدار -10، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.33‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 6.47‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 912 مشاهدة. وخلال اليوم الأول يجمع عادةً 805 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 05 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 442
المشتركون
-1024 ساعات
-347 أيام
-22230 أيام
أرشيف المشاركات
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့
+4
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများမဲပေးနေမှု။ News Of Myanmar NOM

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ သီပေ
+4
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ သီပေါမြို့နယ်ရှိ မဲရုံအသီးသီးတွင် ပြည်သူများ ဆန္ဒမဲပေးနေကြသည့် မြင်ကွင်း။ News Of Myanmar NOM

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမ
+3
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြိုနယ်ရှိ မဲရုံအသီးသီးတွင် ပြည်သူများ ဆန္ဒမဲပေးနေသည့်မြင်ကွင်း။ News Of Myanmar NOM

ချမ်းမြသာစည်မြို့နယ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် မန္တလေးချမ်းမြသာစည်မြို့နယ်၌ ပြည်
+4
ချမ်းမြသာစည်မြို့နယ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် မန္တလေးချမ်းမြသာစည်မြို့နယ်၌ ပြည်သူများဆန္ဒမဲပေးနေကြသည်မြင်ကွင်း။ News Of Myanmar NOM

ရွေးကောက်ပွဲအပိုင်း (၃) တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ပြည်သူများ ဆန္ဒမဲပေးနေပုံ News Of Myanmar NOM
+3
ရွေးကောက်ပွဲအပိုင်း (၃) တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ပြည်သူများ ဆန္ဒမဲပေးနေပုံ News Of Myanmar NOM

လှိုင်သာယာ ဇန်နဝါရီလ ၂၅ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်
+5
လှိုင်သာယာ ဇန်နဝါရီလ ၂၅ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ပြည်သူများဆန္ဒမဲပေးနေကြ။ NOM

ယူကရိန်းဦးစီးချုပ်ကဒွန်းဘတ်စ်ကိုရုရှားသို့မပေးနိုင်ဟုကြေညာ NOM "ယူကရိန်းသည် ဒွန်းဘတ်စ်ဒေသကို ပူတင်ထံလက်လွှတ် ပေးအပ်မည်မဟုတ်ပ
ယူကရိန်းဦးစီးချုပ်ကဒွန်းဘတ်စ်ကိုရုရှားသို့မပေးနိုင်ဟုကြေညာ NOM "ယူကရိန်းသည် ဒွန်းဘတ်စ်ဒေသကို ပူတင်ထံလက်လွှတ် ပေးအပ်မည်မဟုတ်ပါ။ ၎င်းမြေသည် ကျွန်ုပ်တို့၏ စစ်သားများနှင့် နိုင်ငံသားများ၏ သွေးချောင်းစီးထားသော မြေဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုးစစ် လှုပ်ရှားမှုများ ဆောင်ရွက်မည် ၊ခုခံကာကွယ်ရေးအနေအထားတွင် ဆက်လက်ရပ်တည်နေခြင်းဖြင့် အနိုင်ရရှိနိုင်မည် မဟုတ်" ဟု စီးရ်စ်ကီးက ကြေညာခဲ့သည်။

ဘယ်လ်ဂျီယမ်ဝန်ကြီးချုပ်ကသူတို့သည် အမေရိကန်၏ကျွန်များမဟုတ်ဟုပြော NOM ဘယ်လျီယမ်ဝန်ကြီးချုပ် ဘတ်တ် ဒါ ဗီဗာက ယခုအချိန်တွင် နေတိုးအဖွဲ့ထဲမှာ အမေရိကန်ပြည်ထောင်စုဟာ အအင်အားအကြီးမားဆုံး နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ရဲ့ ဂုဏ်သိက္ခာကို ရောင်းစားလို့မရပါ။ကျွနုပ်တို့သည် ကျွန်တွေ မဟုတ်ပါဟုပြောလိုက်သည်။

ဂျော့ဆိုရော့(စ်)​၏ သားဖြစ်သူ အဲလက်(စ်) ဆိုရော့(စ်)က ဒေါ်နယ်ထရမ့်အား နောက်ဆုံးသတိပေးချက်ထုတ်ပြန်ခဲ့သည်- "ဒီကနေ ထွက်သွားပါ!" အဲ
ဂျော့ဆိုရော့(စ်)​၏ သားဖြစ်သူ အဲလက်(စ်) ဆိုရော့(စ်)က ဒေါ်နယ်ထရမ့်အား နောက်ဆုံးသတိပေးချက်ထုတ်ပြန်ခဲ့သည်- "ဒီကနေ ထွက်သွားပါ!" အဲလက်(စ်) ဆိုရော့(စ်)က ဒေါ်နယ်ထရမ့်သည် ဒီမိုကရေစီနှင့် အမေရိကန်စီးပွားရေးအပေါ် ဖျက်ဆီးမှုသက်ရောက်စေကြောင်းထောက်ပြပြောဆိုခဲ့သည်။ သူ၏ မိန့်ခွန်းမှ အဓိကအချက်များ- ထရမ့်အား လွတ်လပ်သောဈေးကွက်နှင့် ဒီမိုကရေစီ၏ အဓိကရန်သူအဖြစ် ကြေငြာထားသည်။ ထရမ့်၏ လုပ်ရပ်များကြောင့် ဒီမိုကရေစီသည် ခြိမ်းခြောက်ခံနေရသည်။ အမေရိကန်ဘဏ္ဍာရေးစနစ်သည် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကြောင့် ပြိုလဲသွားနိုင်ခြေရှိသည်။ ထရမ့် အာဏာဆက်ရှိနေပါက အမေရိကန်၏ နိုင်ငံတကာဂုဏ်သတင်း ထိခိုက်ပျက်စီးမှုသည် မလွဲမသွေဖြစ်လာနိုင်သည်။ ဆိုရော့(စ်)က မဲဆန္ဒရှင်များအား နိုင်ငံသည် ကပ်ဘေး၏ အစွန်းတွင် ရှိနေကြောင်း ပြောကြားကာ ချက်ချင်းလှုပ်ရှားရန် တိုက်တွန်းသည်။ News Of Myanmar NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ ( အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ် ၁ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်)

အစ္စရေးသို့ပျံသန်းနေသည့်လေကြောင်းအားလုံးရပ်ဆိုင်း NOM အီရန်နှင့်အမေရိကန်စစ်ဖြစ်တော့မည့်အခြေအနေများပြားလာသည့်အတွက်ယနေ့မှစပြီးက
အစ္စရေးသို့ပျံသန်းနေသည့်လေကြောင်းအားလုံးရပ်ဆိုင်း NOM အီရန်နှင့်အမေရိကန်စစ်ဖြစ်တော့မည့်အခြေအနေများပြားလာသည့်အတွက်ယနေ့မှစပြီးကမ္ဘာ့လေကြောင်းလိုင်းအားလုံးသည်အစ္စရေးသို့ပျံသန်းပြေးဆွဲမှုများရပ်တန့်လိုက်သည်။အစ္စရေးလေပိုင်နက်အတွင်းလေယာဥ်တစ်စီးမှမရှိသည်ကိုလေကြောင်းထိန်းရေဒါတွင်တွေ့မြင်နေရသည်။

ဗြိတိန်ဝန်ကြီးချုပ်ကအမေရိကန်သမ္မတကိုပြင်းထန်စွာဝေဖန် NOM ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ သည် အာဖဂန်နစ္စတန်တွင် NATO တပ်ဖွဲ့များသည် ရှေ့တန်းတိုက်ပွဲများကိုရှောင် ရှားခဲ့သည်ဟူသော သမ္မတ ထရမ့်၏ အဆိုကို ပြင်းပြင်း ထန်ထန် ပြန်လည်တုံ့ပြန်ခဲ့သည်။ ထိုသို့တုံ့ပြန်ရာတွင် သူသည် ယင်းပဋိပက္ခအတွင်း ကျဆုံးခဲ့ရသော ဗြိတိသျှ စစ်သား ၄၅၇ ဦးကို ဦးစွာ ဂုဏ်ပြု ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပြီး ၎င်းတို့၏ သတ္တိနှင့် စွန့်လွှတ်အနစ်နာခံမှုကို အသိအ မှတ်ပြု ချီးကျူးခဲ့သည်။

မသန်စွမ်းအားကစားအဖွဲ့ဆုတံဆိပ်၄၈ခုရထား NOM၊ဇန်နဝါရီ၂၄၊၂၀၂၆ ၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများက ရေကူးနှင့် ပြေးခုန်ပစ်အပါအဝင် အားကစားနည်းများမှ ဇန်နဝါရီလ(၂၄)ရက် ယနေ့အထိ ရွှေတံဆိပ်(၁၆)ခု၊ ငွေတံဆိပ်(၁၆)ခုနှင့် ကြေးတံဆိပ်(၁၆)ခု ဆွတ်ခူးရရှိထားကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရာဖူး (ရွာသစ်) ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ ရမ်းသန်
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရာဖူး (ရွာသစ်) ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည်ထိမှန်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၂၄၊ ၂၀၂၆ မွန်ပြည်နယ်၊ ရေးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၇ နာရီအချိန်၌ ကျည်ထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၆ နာရီအချိန်၌ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရာဖူး (ရွာသစ်) ကျေးရွာနေ ဦးခင်ဦး (၄၁) နှစ်သည် အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းအနီးတွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည်လာရောက်ထိမှန်ခဲ့မှုကြောင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ကျောက်ဖြူကနေ စစ်ရှုံးပြီး ထွက်ပြေးနေတဲ့ အကြမ်းဖက် AA သူပုန်များအား လိုက်လံချေမှုန်းခြင်း (24-1-2026)။ - တိုက်ပွဲသတင်းစုံ

ဇန်နဝါရီလ ၂၄ ရက်နေ့၌ ငါးဇွန်မြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအုပ်စုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ​၏ ချေမှုန်းသုတ်သင်ခြင်းခံလိုက်ရသည
+4
ဇန်နဝါရီလ ၂၄ ရက်နေ့၌ ငါးဇွန်မြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအုပ်စုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ​၏ ချေမှုန်းသုတ်သင်ခြင်းခံလိုက်ရသည့် PDF အကြမ်းဖက်သမားများ News Of Myanmar NOM

ဗိုလ်ချုပ်ပြောတာ ရှင်းရှင်းလေး။ တစ်အချက် - ကျန်းမာရေးကောင်းတယ်။ နှစ်အချက် - ကျန်းမာရေးဝန်ကြီးဌာနနဲ့ စစ်ဘက်ဆိုင်ရာ ပါရဂူတွေ အနီးကပ်ကြည့်ရှုမှု ရှိတယ်။ သုံးအချက် - ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရတာက နိုင်ငံရေးအမှု မဟုတ်ဘူး။ လာဘ်ပေး လာဘ်ယူမှုတွေ ပါတဲ့ ရာဇဝတ်မှု ဖြစ်တယ်။ ဆိုတော့ ....ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဘာညာဆိုတာတွေ နားထားလိုက်တော့။ မီဒီယာတွေဖြစ်ဖြစ်၊ ပြင်ပ နိုင်ငံက ဖြစ်ဖြစ် ဒေါ်စု လွတ်မြောက်ရေး တောင်းဆိုလာလို့ အခန့်မသင့်ရင် ခင်ဗျားတို့နိုင်ငံရဲ့ တရားစီရင်ရေးစနစ်မှာ လာဘ်ပေး လာဘ်ယူလုပ်တဲ့ အမှုကို ကွင်းလုံးကျွတ် ပြန်လွှတ်ပေးတာ ရှိလားဆိုပြီး ပြန်ပြောခံရလိမ့်မယ်။ နိုင်းကျဉ်းအမှုနဲ့ ရာဇဝတ်အမှုက တူမှ မတူပဲကိုး။ မဟုတ်ဘူးလို့ ငြင်းရအောင်ကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းကလည်း သက်ရှိ ထင်ရှားပဲလေ။ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍက ပြီးသွားပြီလို့ ပြောလို့ရနိုင်လောက်ပါပြီ။ (နရီမိုး)

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား "ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ပါရဂူတွေရော တပ်မတော်(ဆေး)က ပါရဂူတွေရော ဝိုင်းဝန်းပြီး ကူညီစောင့် ရှောက်မှုပေးနေပါတယ်။ ဆေးစစ်မှုတွေလည်း အမြဲပြုလုပ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကတော့ နိုင်ငံရေးအမှုဆိုတာထက် လာဘ်ပေးလာဘ်ယူနဲ့ စွဲဆိုခံထားရတာမို ဒါတွေဟာ ရာဇဝတ်မှုနဲ့ပတ်သက်နေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် တရားဥပဒေအတိုင်းဆက်ဖြစ်ပါလိမ့်မယ်"  ဗိုလ်ချုပ်ဇော်မင်းထွန်း (သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင်- အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ)

မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စုတွင် လင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှ ယောင်္ကျားက မိန်းမအား ဓါးမဖြင့်ခေါင်းဖြတ်သတ် N
မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စုတွင် လင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှ ယောင်္ကျားက မိန်းမအား ဓါးမဖြင့်ခေါင်းဖြတ်သတ် NOM ဇန်နဝါရီ ၂၄၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၊ ပေတရာမြောက်ပိုင်း၊ တော်ဝင်လမ်းရှိ အိမ်အမှတ်မရှိ နေအိမ်တစ်ခုတွင် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်၌ လင်မယားနှစ်ဦးစကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသတင်းအရ ရဲတပ်ဖွဲ့က အခင်းဖြစ်ရာသို့ သွားရောက်စစ်ဆေးခဲ့ရာ မဟေမာန်သူ (၃၄) နှစ်အား နေအိမ်ဘုရားစင်ရှေ့ကြမ်းပြင်ပေါ်တွင် မှောက်လျက်အနေအထားဖြင့် ဦးခေါင်းပြတ်ထွက်ဒဏ်ရာ၊ ဝဲဘက်လက်ချောင်းများပြတ်၊ ယာဘက်လက်ကောက်ဝတ်ပြတ်၊ ယာပုခုံးပြတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ပြီး မဟေမာန်သူအား ဓါးမဖြင့်ခုတ်သတ်ခဲ့သည့် ခင်ပွန်းဖြစ်သူ သူရဇော်ဇော် (၃၂) နှစ်၊ ကျပန်းလုပ်ကိုင်သူသည် ရန်ကုန်-ပြည်လမ်းပေါ်သို့ ထွက်ပြေးသွားကြောင်းသိရှိရသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်အရေးယူထားကြောင်းသိရသည်။ News Of Myanmar NOM

ရွာငံမြို့နယ်၊ လယ်ကိုင်းကျေးရွာနေ ရပ်ကွက်/ ကျေးရွာ စာရေးတစ်ဦး၊ ၎င်း​၏ခင်ပွန်း၊ ရပ်မိရပ်ဖတစ်ဦးနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင် တစ်ဦးတို့ကို PDF အကြမ်းဖက်အဖွဲ့က အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဇန်နဝါရီ ၂၄၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ လယ်ကိုင်းကျေးရွာသို့ ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၁၁ နာရီအချိန်၌ PDF အကြမ်းဖက်သမား ၁၀ ဦးခန့်ရောက်လာပြီး အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ရပ်ကွက်/ ကျေးရွာစာရေးဖြစ်သူ ဒေါ်စုဝေလှိုင် (၃၉) နှစ်နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးမိုးကျော်သူ (၃၉) နှစ်၊ ရပ်မိရပ်ဖဖြစ်သူ ဦးစံရွှေမြင့် (၅၄) နှစ်၊ ရွာငံမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်ဖြစ်သူ ဦးဘခင်သန်း (၆၁) နှစ် တို့အားအကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM