uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 435 підписників, посідаючи 15 924 місце в категорії Новини і ЗМІ та 10 098 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 435 підписників.

За останніми даними від 05 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -222, а за останні 24 години на -12, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.30%. Протягом перших 24 годин після публікації контент зазвичай збирає 5.44% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 908 переглядів. Протягом першої доби публікація в середньому набирає 677 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 06 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 435
Підписники
-1224 години
-607 днів
-22230 день
Архів дописів
NUG ကနေ KNPP ခေါင်းဆောင်နှုတ်ထွက် NOM
+1
NUG ကနေ KNPP ခေါင်းဆောင်နှုတ်ထွက် NOM

တရုတ်သတင်းထောက်ကိုသူလျိုမှုဖြင့်ချက်ကဖမ်း NOM တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ဂွမ်မင်းနေ့စဥ်သတင်းစာမှချက်နိုင်ငံသတင်းထောက်ယန်ယ
တရုတ်သတင်းထောက်ကိုသူလျိုမှုဖြင့်ချက်ကဖမ်း NOM တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ဂွမ်မင်းနေ့စဥ်သတင်းစာမှချက်နိုင်ငံသတင်းထောက်ယန်ယီမင်းကိုချက်ထောက်လှမ်းရေးအဖွဲ့ကချက်နိုင်ငံရေးသမားများအပေါ်သူလျိုလုပ်သည်ဆိုကာဖမ်းဆီးလိုက်သည်။

ဝက်သယ်လာသည့်ဒရုန်းဓါတ်ကြိုးနှင့်တိုက်မိ NOM တရုတ်နိုင်ငံစီချွမ်ပြည်နယ်တွင်ဝက်တစ်ကောင်ကိုသယ်လာသောဒရုန်းသည်လျှပ်စစ်ဓါတ်ကြိုးကိုတိုက်မိသဖြင့်အနီးရှိကျေးရွာများတွင်လျှပ်စစ်ပြတ်တောက်ခဲ့သည်။

+1
တိုင်ပေရှိ၁၀၁ထပ်မျှော်စင်ကိုလက်ဗလာဖြင့်တက်ရောက် NOM ပရော်ဖက်ရှင်နယ်တောင်တက်သမားအဲလက်စ်ဟန်နိုးသည်တိုင်ပေရှိအထပ်၁၀၁ထပ်ရှိသော 101 Tower ကိုမည်သည့်ပစ္စည်းမှမပါပဲလက်ဗလာဖြင့်တက်ရောက်နိုင်ခဲ့သည်။

ဇန်နဝါရီလ၂၅ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဒိန်းမတ်နိုင်ငံသားများသည်အမေရိကန်ပစ္စည်း၊အမေရိကန်အမှတ်တံဆိပ်၊အမေရိကန်ပိုင်ဆိုရှယ်မ
+2
ဇန်နဝါရီလ၂၅ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဒိန်းမတ်နိုင်ငံသားများသည်အမေရိကန်ပစ္စည်း၊အမေရိကန်အမှတ်တံဆိပ်၊အမေရိကန်ပိုင်ဆိုရှယ်မီဒီယာများကိုမသုံးစွဲရန်ဆောင်ရွက်နေစဥ်အမေရိကန်သမ္မထရမ့်အမည်ပါသင်္ချိုင်းအုတ်ဂူတွင်ဆီးပေါက်ခွက်တပ်ထားပြီးဘေးတွင်မြက်ခင်းပေါ်ဆီးမသွားရဟုရေးထားသည့်ပုံသည်မီဒီယာများထက်တွင်လူကြိုက်များနေသည်။(ဓါတ်ပုံ) ၂။ဆွစ်ဇာလန်နိုင်ငံဒါဗို့စ်တွင်ကျင်းပနေသောကမ္ဘာ့စီးပွားရေးဖိုရမ်၌ယူကရိန်းသမ္မတဇလင်စကီးက ကမ္ဘာ့နိုင်ငံများသည်အီရန်အစိုးရကိုဆန္ဒပြသူများအားလုံလောက်သည့်ထောက်ပံ့မှုပေးရန်ပျက်ကွက်ခဲ့သည်ဟုပြစ်တင်လိုက်သည်။ ၃။၂၀၂၅ခုနှစ်အတွက်ကမ္ဘာ့နိုင်ငံအလိုက်အကြွေးနှင့်စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုGDPအချိုးထွက်ပေါ်လာရာဂျပန်သည်၂၃၀%ဖြင့်အများဆုံးဖြစ်ပြီးဆူဒန်သည်၂၂၂%၊အမေရိကန်သည်၁၆၅%ရှိပြီးမြန်မာသည်၆၄%သာရှိသည်ကိုတွေ့ရသည်။ထိုအချိုးရာခိုင်နှုန်နည်းလေတိုင်းပြည်၏ဘဏ္ဏာရေးကျန်းမာရေးအခြေအနေကောင်းလေဖြစ်သည်။(ဓါတ်ပုံ) ၄။အီရတ်ဝန်ကြီးချုပ်ဟောင်းနူရီအယ်လ်မယ်လီကီသည်အီရတ်ဝန်ကြီးချုပ်အဖြစ်ပြန်လည်ခန့်အပ်ခံရသည်။(ဓါတ်ပုံ) ၅။အိန္ဒိယတွင်လင်းနို့မှလူသို့ကူးစက်သည်နီပါးဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူငါးဦးတွေရှိထားပြီးကုသရန်ဆေးမရှိသေးဟုဆိုသည်။

photo content

EAOs များကို ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီးလုပ်ခဲ့ သော်လည်း လက်ရှိအချိန်ထိ အပြည့်အဝအောင်မြင်မှုမရခြင်းမှာမူးယစ်ဆေးဝါးနဲ့တရားမဝင်လုပ်ငန်းများ ကြောင့်ဟုဆို NOM၊ဇန်နဝါရီ၂၅၊၂၀၂၆ EAOs များကို ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီးလုပ်ခဲ့ သော်လည်းလက်ရှိအချိန်ထိ အပြည့်အဝအောင်မြင်မှုမရခြင်းမှာမူးယစ်ဆေးဝါးနှင့်တရားမဝင်လုပ်ငန်းများ ကြောင့်ဟုအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာနဒုဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်)နံနက်ပိုင်းက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်၌ကျင်းပသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်း ရမိမှုနှင့်ပတ်သက်၍နိုင်ငံ‌တော် အစိုးရ၏ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အနီး ဖော်ထုတ်ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးချက်လုပ်သောနေရာများ၏ ပတ်ဝန်းကျင်နေရာများမှ ထပ်မံဖော်ထုတ်ရရှိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သော နေရာများမှ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများဖော်ထုတ်သိမ်းဆည်းရမိမှု၊ ပတ်ဝန်းကျင်နေရာများအား ဆက်လက်ရှင်းလင်းဖော်ထုတ်လျက်ရှိမှုတို့ကို ရှင်းလင်းပြော ကြားခဲ့သည်။ "ကျွန်တော့်အနေနဲ့ ပထမဦးဆုံးပြောလိုတာကတော့ ကျွန်တော်တို့နိုင်ငံမှာ EAOs တွေနဲ့ပတ်သက်ပြီးပြောလိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာမြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေစတင်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၇၀ ကျော်ပါပြီ ဒီ EAOs တွေကို ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးလုပ်ခဲ့ပေမယ့် အခုအချိန်ထိ အပြည့်အဝအောင်မြင်မှုမရသေးပါဘူး။ ဒီအောင်မြင်မှုမရရှိတဲ့အကြောင်း အရင်းကလည်း သူတို့အဓိကလုပ်နေတဲ့ မူးယစ်ဆေးဝါးနဲ့တရားမဝင်လုပ်ငန်းတွေပဲ သူတို့ကတော့ လူမျိုးရေး၊ အမျိုးသားရေး၊ နိုင်ငံရေးစသဖြင့် သူတို့မျိုးစုံအကြောင်းပြတာပဲ။ ဒါပေမယ့်တကယ့်မြေပြင်မှာ လက်တွေ့လုပ်နေတာကတော့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေဖြစ်ပြီး အဲဒီလုပ်ငန်းတွေကရရှိတဲ့ ဝင်ငွေတွေနဲ့လက်နက် ဝယ်တယ် ပြီးတော့ အာဏာထူထောင်တယ်။ သူတို့အနေနဲ့ ပြယုဂ် ကောင်းအောင် လူမျိုးရေး၊ လွတ်မြောက်ရေးစသဖြင့် အကြောင်းပြတာပါ တကယ့်လက်တွေ့ လုပ်ငန်းတွေမှာတော့ ဒါတွေပဲလုပ်နေတာပါ ဒါကြောင့် EAOs အမည်ခံ လက်နက်ကိုင်တချို့အတွက် အဓိကဝင်ငွေရတဲ့လုပ်ငန်းသည် မူးယစ်ဆေးဝါးလုပ်ငန်းဖြစ်ပြီး သူတို့တွေက ဒါကိုလုံးဝ လက်မလွှတ်နိုင်တဲ့ အဓိကစီးပွားရေးလုပ်ငန်းဖြစ်ကြောင်း" ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပူးပေါင်း တိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟုလည်း ရှင်းလင်းပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲပေးနေမှုများအား မြန်မာနိုင်ငံဆိုင်ရာ ထိ
+2
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲပေးနေမှုများအား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E.Mr. Mongkol Visitstump ဦးဆောင်သည့်အဖွဲ့မှ လိုက်လံကြည့်ရှု။ News Of Myanmar NOM

"ရွေးကောက်ပွဲအား ပြည်ပမှအသိအမှတ်ပြုခြင်း မပြုခြင်းထက် ပြည်သူများမဲပေးခြင်းကို အသိအမှတ်ပြုကြောင်း" နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြား (၂၅.၁.၂၀၂၆)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲတွင် တပ်မတော်​၏ ချေမှုန်းမှုကြောင့် KIA အကြမ်းဖက်အဖွဲ့ဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးနေသည့် "B
+1
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲတွင် တပ်မတော်​၏ ချေမှုန်းမှုကြောင့် KIA အကြမ်းဖက်အဖွဲ့ဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးနေသည့် "Bamar Army " အမည်ရှိ PDF အကြမ်းဖက်အဖွဲ့မှ PDF နှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် PDF တစ်ဦးနှင့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် PDF တစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်သည်။ News Of Myanmar NOM

🪦🔫အလောင်း/လက်နက်များ ရရှိ (စက်စက်ယို) ဇန် ၂၄ ရက် ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ စက်စက်ယိုဒေသ၏ မြောက်ဘက
+2
🪦🔫အလောင်း/လက်နက်များ ရရှိ (စက်စက်ယို) ဇန် ၂၄ ရက် ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ စက်စက်ယိုဒေသ၏ မြောက်ဘက် မီတာ ၇၀၀၀ ခန့်အကွာအား နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် AA ၁၅ ဦးခန့်ဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ ထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး အကြမ်းဖက် AA အဖွဲ့ထံမှ - (၁) အကြမ်းဖက် AA ၂ လောင်း (၂) လက်နက်မျိုးစုံ ၉ လက် - RPG ၂ လက် - Type81 သေနတ် ၆ လက် - MA-1 သေနတ် ၁ လက် (၃) RPG ဒုံးသီး ၁၂ လုံး (၄) ကျည်အိမ် ၅၀ ခု (၅) ကြိုးဆွဲလက်ပစ်ဗုံး ၁၇ လုံး (၆) Type81 ကျည် ၂၃၄၀ တောင့် (၇) 7.62 စက်လတ်ကျည် ၄၀၀ တောင့် (၈) ကျည်ကာဦးထုပ် ၉ လုံး တို့အား သိမ်းပိုက်ရရှိခဲ့သည်။ - တိုက်ပွဲသတင်းစုံ

"ရခိုင်ပြည်သူများထွက်မပြေးနိုင်အောင် မိုင်းများထောင်နေသည့် အကြမ်းဖက် AA အဖွဲ့" အကြမ်းဖက် AA အဖွဲ့၏ အနိုင်ကျင့်နှိပ်စက်မှုများ
+1
"ရခိုင်ပြည်သူများထွက်မပြေးနိုင်အောင် မိုင်းများထောင်နေသည့် အကြမ်းဖက် AA အဖွဲ့" အကြမ်းဖက် AA အဖွဲ့၏ အနိုင်ကျင့်နှိပ်စက်မှုများကြောင့် ရခိုင်ဒေသခံများ ပြည်မဘက် ထွက်ပြေးနေကြသည်မှာ နေ့စဉ်ရက်ဆက်များပြားလှပါသည်။ ဒေသခံတွေမရှိရင် လူသားတံတိုင်းလုပ်လို့ မရတော့တဲ့အတွက် ရွာသားများထွက်မပြေးနိုင်အောင် ရွာများ၏ပတ်လည်တွင် မြေမြုပ်မိုင်း အများအပြား လိုက်လံထောင်ထားကြောင်း သိရှိရသည်။ အကြမ်းဖက် AA ဆေးကြောင်အဖွဲ့ရဲ့ ယုတ်မာရက်စက်မှုတွေထဲက ၁ ခုပေါ့။ ဒီထက် ယုတ်မာရက်စက်တာတွေ အများကြီးရှိပါသေးသည်။ တိုက်ပွဲသတင်းစုံ

Repost from NOM
အနောက်အုပ်စုရဲ့ "စံနှုန်းနှစ်ခွ" နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတဲ့ အီရန်သံရုံးရဲ့ ထုတ်ပြန်ချက် "အမေရိကန်ရဲတပ်ဖွဲ့က ပြောတုန်းက ဒီလိုဗျ၊ ငါတို့ကို အုတ်ခဲတွေနဲ့ ပစ်ပေါက်ရင်၊ မီးလောင်ဗုံးနဲ့ပစ်ရင်၊ သေနတ်နဲ့ ချိန်ရင် မင်းတို့ကို ငါတို့က ပစ်သတ်ပစ်မယ်တဲ့၊ အဲဒါကို သူတို့က တရားဥပဒေစိုးမိုးရေးလို့ ခေါ်သဗျ" "ဒါပေမယ့် ကျနော်တို့ အီရန်မှာ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထောင်ချီတဲ့ အပြစ်မဲ့အရပ်သားတွေဟာ ဆူပူလက်နက်ကိုင်အကြမ်းဖက်ဆန္ဒပြသမားတွေရဲ့ သတ်ဖြတ်ခံရတဲ့အချိန်ကျတော့ အနောက်မီဒီယာတွေက ပြစ်မှုကျူးလွန်သူတွေကို ငြိမ်းချမ်းစွာဆန္ဒပြသူတွေလို့ ခေါ်ဆိုသုံးနှုန်းကြပါတယ်၊ ဒါက ဘယ်လိုမျိုး စံသတ်မှတ်ချက်တွေလဲဆိုတာ နားမလည်နိုင်ပါဘူး" NOM

Repost from NOM
ဘယ်လို နယ်မြေတိုင်းမှာမဆို မူးယစ်ဂိုဏ်းတွေကို အမေရိကန်က တိုက်ခိုက်မှုလုပ်သွားနိုင်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ “သ
ဘယ်လို နယ်မြေတိုင်းမှာမဆို မူးယစ်ဂိုဏ်းတွေကို အမေရိကန်က တိုက်ခိုက်မှုလုပ်သွားနိုင်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ “သူတို့ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ လမ်းကြောင်းတွေကို ကျနော်သိတယ်၊ သူတို့အကြောင်း အားလုံးသိတယ်၊ သူတို့ဂိုဏ်းတွေကို ဝင်တိုက်မယ်” လို့ New York Post နဲ့ အင်တာဗျူးမှာ သူက ပြောဆိုခဲ့တာပါ။ မက္ကဆီကို၊ ဗင်နီဇွဲလားနဲ့ ကိုလံဘီယာနယ်မြေတွေမှာလည်း တိုက်ခိုက်မှုတွေ ဖြစ်ပွားနိုင်သလားလို့ မေးမြန်းခဲ့မှုကိုလည်း ထရမ့်က “ဘယ်နေရာမှာမဆို ဖြစ်နိုင်တယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။ NOM

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ဝ ကိ
+9
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်ရှိ မဲရုံအသီးသီးတွင် မဲဆန္ဒပေးနေသည့် ပြည်သူများ။ News Of Myanmar NOM

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးန
+5
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးနဲမြို့နယ်ရှိ မဲရုံအသီးသီးတွင် ပြည်သူများ ဆန္ဒမဲပေးနေကြသည့် မြင်ကွင်းပုံရိပ်များ။ News Of Myanmar NOM

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပ
+3
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါဝင်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ မဲရုံအသီးသီးတွင် ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများ။ News Of Myanmar NOM

"ဒီမိုကရေစီသွားချင်ရင် ပြည်သူတွေပါမှရမယ်။ အားလုံး ပါဝင်ပေးကြဖို့" ယာယီသမ္မတကြီးကတိုက်တွန်း (၂၅.၁.၂၀၂၆)

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မန္တလေးမ
+8
နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မန္တလေးမြို့ ရွေးကောက်ပွဲအပိုင်း (၃) တွင် ဆန္ဒမဲပေးနေသည့် မဲဆန္ဒရှင်ပြည်သူများကို ကြည့်ရှုအားပေး NOM ဇန်နဝါရီ ၂၅၊ ၂၀၂၆ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၂၅ ရက်နေ့၌ ကျင်းပပြုလုပ်လျက်ရှိသည့် ရွေးကောက်ပွဲအပိုင်း (၃) တွင်ပါဝင် ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအားမဲရုံများအလိုက်ကြည့်ရှုအားပေးခဲ့ပါတယ်။ ချမ်းမြသာစည်မြိုနယ်ရှိ သက်ဆိုင်ရာ မဲရုံများအလိုက် မဲရုံမှတာဝန်ရှိသူများက ကွန်ပျူတာစနစ်ဖြင့် မဲစာရင်းများတိုက်ဆိုင်စစ်ဆေးပေးလျက်ရှိမှု၊ မဲဆန္ဒရှင်ပြည်သူများ တက်ကြွစွာပါဝင် ဆန္ဒမဲပေးနေမှုများကိုကြည့်ရှုပြီး မဲဆန္ဒရှင်များအား ဆန္ဒမဲပေးမှုနှင့်ပတ်သက်၍ ကြုံတွေ့ရမှုများ၊ MEVM စက်ဖြင့် ဆန္ဒမဲပေးရာမှာ တွေ့ ကြုံရမှုများ၊ မဲရုံဝန်ထမ်းများ​၏ တာဝန်ထမ်းဆောင်နေမှုအခြေအနေများကို မေးမြန်းဆွေးနွေးပြီး မဲဆန္ဒရှင်များကိုနှုတ်ဆက်ခဲ့သည်။ ထိုအတူ မဲဆန္ဒရှင်များမှလည်း နိုင်ငံတော်ယာယီသမ္မတအား ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရမှုခံစားချက် အတွေ့အကြုံများကို တင်ပြခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) တွင်ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့
+1
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) တွင်ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ မဲရုံများတွင် ပြည်သူများ ဆန္ဒမဲပေးနေသည့် မြင်ကွင်းများ။ News Of Myanmar NOM