ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 511 مشتركاً، محتلاً المرتبة 16 060 في فئة الأخبار والوسائط والمرتبة 10 067 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 511 مشتركاً.

بحسب آخر البيانات بتاريخ 20 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -281، وفي آخر 24 ساعة بمقدار -11، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 9.99‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.36‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 250 مشاهدة. وخلال اليوم الأول يجمع عادةً 670 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 21 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 511
المشتركون
-1124 ساعات
-757 أيام
-28130 أيام
أرشيف المشاركات
Repost from NOM.World News
တနင်္ဂနွေနေ့က မလေးရှား ကမ်းရိုးတန်းမြို့ Sandakan က ရေပေါ်ရွာလေးတခုဖြစ်တဲ့ Kampung Bahagia မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ
တနင်္ဂနွေနေ့က မလေးရှား ကမ်းရိုးတန်းမြို့ Sandakan က ရေပေါ်ရွာလေးတခုဖြစ်တဲ့ Kampung Bahagia မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၂၀၀ ရှိတဲ့အနက် ၁၀၀၀ ခန့်အထိ ပျက်စီးသွားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန Bernama က ဖော်ပြခဲ့ပါတယ်။ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လူပေါင်း ၉၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ အာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်နေပြီလို့ ကြေညာခဲ့ပါတယ်။ ရေနည်းပါးတဲ့အချိန်ဖြစ်တာကြောင့် မီးသတ်လုပ်ငန်းအတွက် ရေအလုံအလောက်ရရှိဖို့ ခက်ခဲခဲ့တယ်လို့ ဒေသ မီးသတ်ကယ်ဆယ်ရေးအကြီးအကဲက ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

မြန်မာသံရုံး၏ လုပ်ငန်းဆောင်တာများကို မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ ကြားခံဆောင်ရွက်ရန် တာဝန်ပေးထားခြင်းမရှိဟု ဆိုးလ်မြို
မြန်မာသံရုံး၏ လုပ်ငန်းဆောင်တာများကို မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ ကြားခံဆောင်ရွက်ရန် တာဝန်ပေးထားခြင်းမရှိဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံးထုတ်ပြန် ဧပြီ၂၀၊၂၀၂၆

ဧရာဝတီတိုင်းဒေသကြီးသို့ ယခုနှစ် သုံးလတာကာလအတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ခုနစ်သိန်းခန့် ဝင်ရောက် NOM၊ဧပြီ ၂၀၊ ၂၀၂၆ ဧရာဝတီတိုင်းဒေသကြီးသို့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မှ မတ်လ ၃၁ ရက်အထိ သုံးလတာကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ခုနစ်သိန်းခန့် ဝင်ရောက်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ငွေဆောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် ၂၂၀၀၀၀ ကျော်နှင့် ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေသို့ ခရီးသွားဧည့်သည် ၁၆၀၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးသို့ ၂၀၂၄ ခုနှစ် တစ်နှစ် တာကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် ၁၉ သိန်းကျော်၊ ၂၀၂၅ ခုနှစ် တစ်နှစ်တာ ကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ၁၅ သိန်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၌ ဟိုတယ်၊ ခရီးသွား လာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ လိုင်စင်ထုတ် ပေးထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၁၂၆ လုံး အခန်းပေါင်း ၅၄၇၅ ခန်း၊ စည်ပင်သာယာမှ လိုင်စင် ထုတ်ပေးထားသည့် တည်းခိုရိပ်သာ ၄၄၃ လုံး အခန်း‌ ပေါင်း ၆၈၁၃ ခန်းရှိပြီး ဧရာဝတီတိုင်းဒေသကြီး၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ စုစုပေါင်း ၅၀၆၉ လုံး အခန်း‌ပေါင်း ၁၂၀၈၈ ခန်းရှိကြောင်း သိရသည်။

ဂျပန်တွင်အလွန်အင်အားပြင်းသောငလျင်လှုတ် NOM တိုကျိုစံတော်ချိန် ယနေ့ညနေ ၄:၅၂ နာရီခန့်ကဆန်ရီကူကမ်းလွန်တွင် ရစ်ချ်တာစကေး ၇.၄ ရှိသ
ဂျပန်တွင်အလွန်အင်အားပြင်းသောငလျင်လှုတ် NOM တိုကျိုစံတော်ချိန် ယနေ့ညနေ ၄:၅၂ နာရီခန့်ကဆန်ရီကူကမ်းလွန်တွင် ရစ်ချ်တာစကေး ၇.၄ ရှိသော ငလျင်တစ်ခု မြေအောက်အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့သည့်အတွက်ဆူနာမီသတိပေးချက်များ/အကြံပြုချက်များ ထုတ်ပြန်ထားသည်။

အီရန်နိုင်ငံသည် ၎င်း၏ ခုခံကာကွယ်ရေးစွမ်းရည်နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမည်မဟုတ် ပါကစ္စတန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲများ၌ အီရန်နိုင်ငံအနေဖြင့် ဒုံးပျံအစီအစဉ် အပါအဝင် အလျှော့ပေးမှုများ ပြုလုပ်နိုင်ပါသလားဟူသော မေးခွန်းအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယင်းအဆိုပြုချက်သည် ထူးဆန်းသည်ဟု ဖော်ပြခဲ့ပြီး၊ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ ခုခံကာကွယ်ရေးစွမ်းရည်နှင့် ပတ်သက်၍ မည်သည့်အခါမျှ ဆွေးနွေးညှိနှိုင်းမည်မဟုတ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ NOM

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှ ဦးဆောင်၍ ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲကျင်းပ ဧပြီ ၂၀၊ ၂၀၂၆ ပဲခူးတ
+4
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှ ဦးဆောင်၍ ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲကျင်းပ ဧပြီ ၂၀၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (တတိယ) ညကို ယမန်နေ့ ညပိုင်းအချိန်က ပဲခူးမြို့ ရုံးကြီးရပ်ကွက်၊ ဆေးရုံလမ်းနှင့် ပြည်တော်သာလမ်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်မဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ တရားနာပရိတ်သတ်များက ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) က "ဩဝါဒကထာ" တရားခေါင်းစဉ်ဖြင့် ဟော‌ကြားတော်မူပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဓမ္မပူဇာအလှူငွေကျပ်သိန်း (၇၅) နှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ထံ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှအတမ်းပေးဝေခဲ့ကြောင်း သတင်းရရှိသည်။

🇮🇷⚡️🇺🇸 လက်ရှိတွင် ပါကစ္စတန်နိုင်ငံသည် အီရန်နှင့် အမေရိကန် ကြားတစ်ဦးတည်းသော ကြားခံညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်နေသည်။ 🔹 စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုများနှင့် ပတ်သက်သည့် မေးခွန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖြေကြားရာတွင် အခြားနိုင်ငံများကလည်း ကူညီရန် ကမ်းလှမ်းမှုများ ရှိသော်လည်း လက်ရှိတွင် ပါကစ္စတန်သည် ဤလုပ်ငန်းစဉ်ကို ဦးဆောင်နေသည့် တစ်ဦးတည်းသော နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။ 🔹 လွန်ခဲ့သည့် လပိုင်းများနှင့် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း အမေရိကန်ပြည်ထောင်စုသည် သံတမန်ရေးရာ လုပ်ငန်းစဉ်အပေါ် သစ္စာဖောက်ဖျက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ထိုကဲ့သို့သော လုပ်ရပ်များသည် ကြားခံညှိနှိုင်းပေးသည့် နိုင်ငံ၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေသည်ဟု ၎င်းက ယူဆသည်။ 🔹 ထို့အပြင် ဤလုပ်ရပ်များသည် စေ့စပ်ညှိနှိုင်းပေးနေသည့် နိုင်ငံကိုသာမက ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ရည်ရွယ်ထားသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့် အဖွဲ့အစည်းများကိုပါ ထိခိုက်နစ်နာစေကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ NOM

ပုလဲဓာတ်မြေဩဇာတစ်အိတ်လျှင် ငွေကျပ်တစ်သိန်းငါးရာနှုန်းဖြင့် တောင်သူများထံရောင်းချပေး NOM၊ဧပြီ၂၀၊၂၀၂၆ နေပြည်တော်ကောင်စီနယ်မြေရှ
ပုလဲဓာတ်မြေဩဇာတစ်အိတ်လျှင် ငွေကျပ်တစ်သိန်းငါးရာနှုန်းဖြင့် တောင်သူများထံရောင်းချပေး NOM၊ဧပြီ၂၀၊၂၀၂၆ နေပြည်တော်ကောင်စီနယ်မြေရှိ ကျေးရွာများသို့ G-46 ပုလဲ ဓာတ်မြေဩဇာတစ်အိတ်လျှင် ငွေကျပ်တစ်သိန်းငါးရာနှုန်း လက်ငင်းငွေချေစနစ်ဖြင့်ယနေ့ ဧပြီ၂၀ရက်နံနက် ပိုင်းတွင်လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်းသိရသည်။ နွေစပါးစိုက်ပျိုးသည့်တောင်သူများအတွက်နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ပေါင်းစပ်၍ တောင်သူများ သွင်းအားစုဓာတ်မြေဩဇာများ အရည်အသွေးမှန်ကန်စွာအသုံးပြုနိုင်စေရန်နှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့လျှပ်စစ်မီးပြန်လည်ရရှိ NOM၊ဧပြီ၂၀၊၂၀၂၆ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် နိုင်ငံရေးအခြေ
ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့လျှပ်စစ်မီးပြန်လည်ရရှိ NOM၊ဧပြီ၂၀၊၂၀၂၆ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် နိုင်ငံရေးအခြေ အနေများကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ရာမှ ယခုဧပြီလတတိယပတ်အတွင်းလျှပ်စစ်မီး အချို့ကျေးရွာများ၌ပြန်လည်ရရှိနေကြောင်း ကော့ကရိတ်မြို့နယ်မှဒေသခံတစ်ဦးကပြောသည်။ ကော့ကရိတ်မြို့နယ်အတွင်း၂ ၀၂၃ခုနှစ်ဒီဇင်ဘာ၂ရက်က စစ်ရေးပဋိပက္ခများကြောင့် နေအိမ်များမီးလောင်ပျက်စီးခြင်း၊ လျှပ်စစ်မီးတိုင်နှင့် မီးကြိုးများပျက်စီးခြင်း၊ သစ်ပင်၊ သစ်ကိုင်းများပြိုလဲခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ "ဒီမှာက အစိုးရကပေးတဲ့လျှပ်စစ်မီးကအရင်ကရှိတယ်၂၀၂၃နောက်မှာတိုက်ပွဲတွေဖြစ်ပြီးမီးလိုင်းတွေပျက်သွားတာပါအဲဒီနောက်မှာ ပုဂ္ဂလိက တွေကပေးတဲ့မီးကို အခကြေးငွေပေးပြီး အသုံးပြု နေရတာပါ အခုလိုလျှပ်စစ်မီးပြန်ရမယ်ဆိုတော့ အဆင်ပိုပြေတာပေါ့ ဒါပေမဲ့အခုချိန်ထိတော့ကျေးရွာ အကုန်လျှပ်စစ်မီး မရေသးပါဘူး ရတဲ့ရွာ တွေတော့ရနေပါပြီးကျန်တဲ့ရွာတွေလည်း ရှိနေပါတယ် လျှပ်စစ်ဝန်ထမ်းတွေကလည်းဆက်တိုက်လုပ်နေပါတယ် မကြာခင်မှာ ကျန်တဲ့ကျေးရွာလည်းမီးရတော့မှာပါ"ဟု ကော့ကရိတ်မြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

အင်းလေးဒေသ ရေခန်းခြောက်မှု ဆိုးရွားလာဖြင့် ဒေသခံများကုန်းလမ်းကိုသာအသုံးပြုနေရ ဧပြီ ၂၀၊ ၂၀၂၆ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြ
အင်းလေးဒေသ ရေခန်းခြောက်မှု ဆိုးရွားလာဖြင့် ဒေသခံများကုန်းလမ်းကိုသာအသုံးပြုနေရ ဧပြီ ၂၀၊ ၂၀၂၆ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ရေခန်းခြောက်မှု ပိုမိုဆိုးရွားလာသဖြင့် ဒေသခံများမှာ လက်ရှိကုန်းလမ်းကိုသာ အဓိကထားအသုံးပြုနေရသည် ဟု အင်းလေးဒေသမှ ဆရာတော်ဦးသုမနကမိန့်ကြားခဲ့သည်။ အင်းလေးဒေသတွင် ယခုနှစ် ဖေဖော်ဝါရီလလယ်မှစတင်ပြီး ရေခန်းခြောက်မှုများဖြစ်ပေါ်ခဲ့ပြီး ယခု ဧပြီလပိုင်းတွင် ပိုမိုဆိုးရွားလာနေခြင်းကြောင့် ၅ ရက် တစ်ဈေး ရောင်းချသည့် ရေပေါ်စက်လှေများနှင့် ရောင်းချသည့် စျေးမှာလည်းရေမရှိတော့သဖြင့် ကုန်းပေါ်၌သာ ရောင်းချနေသည့်အပြင် ကျေးရွာအများစုမှာ ရေလမ်းအစား ကုန်းလမ်းများကို ပိုမိုအသုံးပြုလာရကြောင်းသိရသည်။ "ပြောရရင်တော့ နှစ်စဉ်ဒီလိုအချိန်ဆိုတာ အင်းလေးကန်ထဲမှာ ရေကျနေကြပါ။ ဒီလောက်တော့မဆိုပါဘူး။ အခုနှစ်ကျမှ ဘာလို့ဆိုရွားတာလဲဆိုရင် မနှစ်ကရေကြီးတဲ့အချိန်တုန်းကဆို တောင်ပေါ်ကကျလာတဲ့ရေတွေက နုန်းတွေအများကြီးပါလာတယ်။ အဲဒီနုန်းတွေက အခုလိုရာသီမှာ ရေခမ်းခြောက်တဲ့အချိန်ကြတော့ နုန်းတွေကပေါ်လာတာပါ" ဟုအင်းလေးဒေသမှဆရာတော်ဦးသုမနကမိန့်ကြားခဲ့သည်။ လက်ရှိ အင်းလေးကန်ဒေသအတွင်းရှိ အင်းလေးကန်အလယ်မှလွဲ၍ ကျန်သည့်ကျေးရွာများမှာ ကုန်းလမ်းသာ အသုံးပြုကြပြီး အလယ်ရွာတွင် ကုန်းလမ်း မပေါက်သည့်အပြင် ရေအနည်းငယ်ရှိနေသည့်အတွက်သွားလာမှုများ ခက်ခဲနေကြောင်းသိရသည်။ NOM

ဧပြီ ၂၀၊ ၂၀၂၆ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အ
+7
ဧပြီ ၂၀၊ ၂၀၂၆ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာမှုအား လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေထောက်ပံ့ခြင်း အခမ်းအနားကို ၂၀၂၆ ဧပြီ ၂၀ ရက် ယနေ့နံနက်ပိုင်းက တောင်ပိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမတွင် ကျင်းပပြုလုပ်  တောင်ပိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား (၁၁) ဦး၊ လက်နက် (၄) လက်၊ လက်လုပ် (၁) လက်၊ ဗုံးသီး (၁) လုံး၊ ကျည် (၂၅၂) တောင့်၊ ကျည်ဘောက် (၈) ခုတို့အတွက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

"လက်ရှိအချိန်အထိ ကျွန်ုပ်တို့အနေဖြင့် နောက်တစ်ကျော့ ဆွေးနွေးပွဲများတွင် ပါဝင်ရန် အစီအစဉ်မရှိသေးပါ။ အမေရိကန်၏ အပြုအမူများသည် သံတမန်ရေးရာလုပ်ငန်းစဉ်ကို အလေးအနက်ထား လုပ်ဆောင်လိုသည့် အရိပ်အယောင် မပြသနေပါ။" နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက "ဒုတိယအကျော့ ဆွေးနွေးပွဲများအတွက် အတည်ပြုပြီးပြီလား၊ အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် အင်္ဂါနေ့တွင် ကျင်းပမည့် အစည်းအဝေးအတွက် အစ္စလာမ္မာဘတ်မြို့သို့ သွားရောက်မည်ဆိုသော မီဒီယာသတင်းများကို အတည်ပြုနိုင်ပါသလား" ဟူသော သတင်းထောက်​၏ မေးခွန်းကို အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည် - "ကျွန်တော် အခုပြောနေတဲ့ အချိန်အထိတော့ နောက်တစ်ကျော့ ဆွေးနွေးပွဲအတွက် အစီအစဉ်မရှိသေးသလို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာဆုံးဖြတ်ချက်မှလည်း မချရသေးပါဘူး။" "အမေရိကန်ပြည်ထောင်စုဟာ သံတမန်ရေးရာနဲ့ ဆွေးနွေးပွဲတွေအတွက် အဆင်သင့်ရှိတယ်လို့ အခိုင်အမာ ပြောဆိုနေပေမဲ့ တစ်ဖက်မှာလည်း သံတမန်ရေးရာလုပ်ငန်းစဉ်ကို အလေးအနက်ထား လုပ်ဆောင်လိုစိတ် မရှိကြောင်း ထင်ရှားစေတဲ့ လုပ်ရပ်တွေကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နေပါတယ်။" NOM

တောင်သာမြို့နယ်တွင် ပြည်သူလူထု၏လျှို့ဝှက်သတင်းပေးမှုကြောင့် PDF အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်ပစ္စည်းများအား သိမ်းဆည်းရမိ ဧ
+9
တောင်သာမြို့နယ်တွင် ပြည်သူလူထု၏လျှို့ဝှက်သတင်းပေးမှုကြောင့် PDF အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်ပစ္စည်းများအား သိမ်းဆည်းရမိ ဧပြီ ၁၉၊ ၂၀၂၆ အေးချမ်းစွာနေထိုင်လိုသော ဒေသခံပြည်သူလူထု၏ လျှို့ဝှက်သတင်းပေးပို့မှုကြောင့် ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်၌ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဆီဆုံကုန်းကျေးရွာ ပတ်ဝန်းကျင် အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ PDF အကြမ်းဖက်သမားများ ဝှက်ထားသော အဖျက်အမှောင့်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ သိမ်းဆည်းရမိခဲ့သောပစ္စည်းများမှာ (၁) လက်လုပ်ဗုံးသီး - ၄၅ လုံး (၂) လက်လုပ်ဗုံးသီး - ၁၅ လုံး (၃) ကျည်ကာဦးထုပ် - ၅ လုံး (၄) MA-2 ဘောက်ဝိုင်း - ၁ ခု (၅) လက်လုပ်ရှေ့ထွက်မိုင်း - ၁ လုံး (၆) M-22 ကျည် - ၃၂ တောင့် (၇) မိုင်းဖြူး(စ်) - ၁၄၅ ချောင်း (၈) PDF ဘက်တံဆိပ်ပါ တီရှပ် - ၁၈ ထည် (၉) ဖြူး(စ်)ကြိုး (အနီ/အပြာ) - ပေ ၂၀၀ (၁၀) ပစ္စတိုကျည်အိမ် - ၁ ခု (၁၁) M-22 ကျည်ခါးပတ်တွဲ - ၁ ခု (၁၂) ကျောပိုးအိတ် - ၄ လုံး (၁၃) ပြောက်ကျားယူနီဖောင်း - ၁၁ စုံ (၁၄) လျှာထိုးဦးထုပ် - ၂ လုံး (၁၅) လည်ရှည်ဖိနပ် - ၁ ရံ (၁၆) TTA ဘက်တံဆိပ် - ၃၀ ခု (၁၇) တိုက်မိုင်းကြိုး - ၁ ခွေ (၁၈) MA-10 ပို့ကျည် - ၁ ခု (၁၉) ကျည်ကာ - ၁ ထည် နှင့် (၂၀) ဆေးပစ္စည်းများ ဖြစ်သည်။

ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

အဆိုပါရေနုတ်မြောင်းများပြီးစီးပါက ပင်လောင်းလမ်းဆုံအပါအဝင် ပတ်ဝန်းကျင်တွင် ရေကြီးရေလျှံမှုများ ကာကွယ်နိုင်မည်ဖြစ်၍ အချိန်မီပြီးစီးရေးကိုလည်းကောင်း၊ ပတ်ဝန်းကျင်လူနေအိမ်များ၏ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ မပြုလုပ်ရေးကိုလည်းကောင်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသောဈေးနှုန်းဖြင့် ဓာတ်မြေဩဇာများ တိုက်ရိုက်ဖြန့်ဖြူးရောင်းချ
+1
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသောဈေးနှုန်းဖြင့် ဓာတ်မြေဩဇာများ တိုက်ရိုက်ဖြန့်ဖြူးရောင်းချ ဧပြီ ၁၉၊ ၂၀၂၆ နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ပေါင်းစပ်၍ နွေစပါးစိုက်ပျိုးသည့် တောင်သူများ သွင်းအားစုဓာတ်မြေဩဇာများ အရည်အသွေးမှန်ကန်စွာအသုံးပြုနိုင်စေရန်နှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါး ထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော နေပြည်တော်ကောင်စီနယ်မြေရှိ ကျေးရွာများသို့ ပုလဲဓာတ်မြေဩဇာတစ်အိတ်လျှင် ငွေကျပ်တစ်သိန်းငါးရာနှုန်း လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လယ်ဝေးမြို့နယ် ခရမ်းကိုင်းကျေးရွာ စိုက်ပျိုးရေးနည်းပညာပေးစင်တာ၌ ကျင်းပရာ ဓာတ်မြေဩဇာဝယ်ယူနေကြသည့် နွေစပါးစိုက်တောင်သူများကို ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်တို့က တွေ့ဆုံအားပေးစကား ပြောကြားကြသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က တောင်သူများအနေဖြင့် သွင်းအားစုဓာတ်မြေဩဇာများသုံးစွဲရာတွင် အလေအလွင့်မဖြစ်ပေါ်စေရေးနှင့် သီးနှံသက်တမ်းအလိုက် ထည့်သွင်းရမည့် ပမာဏ၊ ထည့်သွင်းနည်းစနစ်များအတိုင်း သွင်းအားစုများအား မှန်မှန်ကန်ကန်အသုံးပြုပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံရေးသာမက ပြည်ပသို့ ဆန်တင်ပို့မှုမြှင့်တင်နိုင်ရေး ကြိုးပမ်းကြရန်နှင့် ကမ္ဘာတစ်ဝန်း လက်ရှိဖြစ်ပေါ်နေသော သွင်းအားစု လိုအပ်ချက် အခက်အခဲများကြားမှ နိုင်ငံတော်ကနွေစပါးစိုက်တောင်သူများအတွက် အထူးကြိုးပမ်းပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်၍ အလွဲသုံးစားမဖြစ်စေဘဲ အကျိုးရှိထိရောက်စွာ အသုံးပြုကြရန် တိုက်တွန်းအားပေးပြောကြားသည်။ ယင်းနောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက တောင်သူများအတွက် လိုအပ်သည့်သွင်းအားစုဓာတ်မြေဩဇာများကို တောင်သူများလက်ဝယ် အချိန်မီရောက်ရှိရေး ဆက်လက်စီမံဆောင်ရွက်ပေးမည့်အခြေအနေနှင့် တောင်သူများဝင်ငွေတိုးပွားရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားသည်။ ထို့နောက် တောင်သူများ၏ နွေစပါးစိုက်ခင်းများအတွက် စိုက်ပျိုးရေ အချိန်ကိုက်ရရှိရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဝင်တို့သည် မြန်မာ့ဩဘာ ကောမက် G-46 ပုလဲဓာတ်မြေဩဇာ တစ်အိတ်လျှင် ငွေကျပ်တစ်သိန်းငါးရာကျပ်နှုန်းဖြင့် စိုက်ဧကအလိုက် လိုအပ်ချက်အပေါ်မူတည်၍ ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးကြသည်။ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ ကျေးရွာခြောက်ရွာ၌ ဓာတ်မြေဩဇာများ ရောင်းချပေးလျက်ရှိပြီး တိုင်းဒေသကြီး ပြည်နယ်များအတွင်း လက်ရှိစိုက်ပျိုးလျက်ရှိသော နွေစပါးစိုက်ဧကများမှ ထွန်ယက်စိုက်ပျိုးရန် ကျန်ရှိသည့်ဧရိယာ၏ ဓာတ်မြေဩဇာလိုအပ်ချက် ၃၀ ရာခိုင်နှုန်းကို ပထမအသုတ်အဖြစ် သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ မြေပြင်ကွင်းဆင်းစိစစ်ထားသော ထောက်ခံချက်ဖြင့် ရောင်းချပေးလျက်ရှိကြောင်းနှင့် ကျန်ဧရိယာများအတွက်ကိုလည်း အသုံးပြုရမည့် ကာလအမီ နှစ်ကြိမ်ခွဲရောင်းချပေးခြင်းဖြင့် ရာနှုန်းပြည့် ဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ ဇေယျာသီရိမြို့နယ်အတွင်း မိုးရာသီရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေး ဆောင်ရွက်လျက်ရှိသည့် မပိုက်ကယ်ရိုးတစ်လျှောက်နှင့် ကျွန်းရောင်း၊ အိုင်စောက်၊ ပေါင်းလောင်းရေနုတ်မြောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သက်နှင်းအင်းအုပ်စု သစ်တပ်ကလေးကျေးရွာနှင့် သက်နှင်းအင်းကျေးရွာအနီးတွင် နရဘန်ချောင်း ချဲ့ထွင်တူးဖော်ဆောင်ရွက်နိုင်ရေးအတွက် မူလချောင်းနယ်နိမိတ်တည်ရှိမှု၊ ချဲ့ထွင်တူးဖော်မည့် ချောင်းဧရိယာအကျယ်တို့နှင့်ပတ်သက်၍ ဒေသနေတောင်သူများ၊ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆွေးနွေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် စည်ပင်ကြီးအုပ်စု ချောင်းကမ်းကြီးကျေးရွာအနီးရှိ ကျွန်းရောင်း - အိုင်စောက် - ပေါင်းလောင်း ရေနုတ်မြောင်းအား ချောင်းကမ်းကြီး ကျေးရွာအနီးမှ ပေါင်းလောင်းမြစ်အထိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တူးဖော်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို မိုးရာသီမတိုင်မီ အချိန်မီပြီးစီးနိုင်ရေးအတွက် စက်ယန္တရားများဖြင့် အရှိန်အဟုန်မပြတ်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

အီရန်စစ်ပွဲကြောင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အကျပ်အတည်းဖြစ်လာပါက ငွေပေးချေမှုတွင် တရုတ်ယွမ်ငွေသို့ ပြောင်းလဲအသုံးပြု
အီရန်စစ်ပွဲကြောင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အကျပ်အတည်းဖြစ်လာပါက ငွေပေးချေမှုတွင် တရုတ်ယွမ်ငွေသို့ ပြောင်းလဲအသုံးပြုမည်ဟု ခြိမ်းခြောက် — အမေရိကန်အရာရှိများက WSJ သို့ ပြောကြား အကယ်၍ အီရန်စစ်ပွဲကြောင့် ယူအေအီးနိုင်ငံအတွင်း ပိုမိုနက်ရှိုင်းသည့် အကျပ်အတည်းများ ကြုံတွေ့လာရပါက အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဘဲဆင့်တ် Bessent နှင့် အပြန်အလှန် ငွေကြေးဖလှယ်မှု အစီအစဉ်ပြုလုပ်ရန် ယူအေအီး ဗဟိုဘဏ်ဥက္ကဋ္ဌက အကြံပြု တင်ပြခဲ့သည်။ ယူအေအီး အရာရှိများက အမေရိကန်သို့ ပြောကြားရာတွင်— အကယ်၍ ၎င်းတို့နိုင်ငံ၌ အမေရိကန်ဒေါ်လာ ပြတ်လပ်မှု ဖြစ်ပေါ်လာပါက တရုတ်ယွမ်ငွေ ကို အသုံးပြုရန် ဖိအားပေးခံရနိုင်ကြောင်း (သို့မဟုတ် အသုံးပြုရန် အကြောင်းဖန်လာနိုင်ကြောင်း) သတိပေးခဲ့သည်။ NOM

ဦးဝင်းမြင့် ဘယ်လိုဆိုခဲ့သလဲ? ဧပြီ ၁၉၊ ၂၀၂၆ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးတဲ့အတွက် ကျွန်တော် ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်ဟာ
ဦးဝင်းမြင့် ဘယ်လိုဆိုခဲ့သလဲ? ဧပြီ ၁၉၊ ၂၀၂၆ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးတဲ့အတွက် ကျွန်တော် ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်ဟာ ဥပဒေသမား တစ်ယောက်ဖြစ်တဲ့အတွက် ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရဆိုတဲ့အကြောင်းကို ကောင်းကောင်းကြီး သိရှိပါတယ်။ ကျွန်တော့်အပေါ် စေတနာ၊ မေတ္တာထားပြီး လုပ်ပေးတာကို ကျွန်တော် အသိအမှတ်ပြုပါတယ်။ ကျွန်တော်ကလည်း သူတို့အပေါ်မှာ စေတနာ၊ မေတ္တာ နည်းနည်းလေးမှ မလျော့ပါဘူး။ - ကျွန်တော်ဟာ ဥပဒေနဲ့အညီ ဆက်လက်နေထိုင်ခဲ့သလို နောင်တွင်လည်း ဥပဒေနဲ့အညီပဲ နေထိုင်စားသောက်လုပ်ကိုင်မှာပါ။ ဒါကြောင့် အခုလည်း ဥပဒေနဲ့အညီပဲ နေထိုင်မှာဖြစ်ပါတယ်။ တကယ်လို့သာ ကျွန်တော် ဥပဒေနဲ့မညီဘူးဆိုရင် လိုအပ်တဲ့အရေးယူမှု၊ အပြစ်ပေးမှုတွေ လုပ်လို့ရပါတယ်ဆိုတာကိုလည်း ကျွန်တော် ကောင်းကောင်းနားလည်ပါတယ်။ - ကျွန်တော် ပွင့်ပွင့်လင်းလင်း ထပ်လောင်းပြောချင်တာက "ဒီစည်းကမ်းကို ကျွန်တော်သိတယ်။ ခင်ဗျားတို့ကလည်း စည်းကမ်းအတိုင်း ဖတ်တယ်။ ဒါကို ကျွန်တော်သိပြီးပြီ။ ကျွန်တော် ဘယ်လိုပြောရမလဲဆိုတော့ လိုက်နာရုံပဲရှိတယ်။ မလိုက်နာလည်း လိုအပ်တဲ့အရေးယူမှု၊ အပြစ်ပေးမှုတွေ လုပ်လို့ရတယ်။ ဒါက ပွင့်ပွင့်လင်းလင်း ပြောတာပါ။" လို့ ပြောကြားချင်ပါတယ်။ - ဒါကြောင့် လက်မှတ်ထိုးဖို့မလိုဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ဖတ်ပြီးရုံပဲ။ မလိုက်နာရင်လည်း ဥပဒေနဲ့အညီ အရေးယူတာကို ပေါင်းလို့ရော၊ နုတ်လို့ပါရတယ်ဆိုတာက ကိစ္စမရှိပါဘူး။ အခုလို လာရောက်ဖတ်ပြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်၊ ဝမ်းလည်းသာပါတယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော့်ကို အစကတည်းက စောင့်ရှောက်ခဲ့တဲ့ ထိပ်ပိုင်းအဆင့်ရှိသူတွေ၊ ကျောင်းအုပ်ကြီး၊ ကျွေးမွေးစောင့်ရှောက်သူတွေ၊ ထမင်းယူပေးသူတွေ အပါအဝင် အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားလိုက်ရပါတယ်။ - ဦးဝင်းမြင့်ကို ထောင်ထဲပြန်ထည့်ချင်သူ မျိုးရန်နောင်သိန်း ဆိုသူ သိဖို့ပါ.. .. ဒီထက် ဇောင်းကြွလာရင် အစိုးရက အသံဖိုင် Record တွေနဲ့ ချပြလာပါလိမ့်မယ်။

အီရန်နိုင်ငံ၏ ပထမဒုတိယသမ္မတက အီရန်၏ ရေနံတင်ပို့မှုကို ကန့်သတ်ပိတ်ပင်ထားပြီး တစ်ဖက်တွင်မူ ရေကြောင်းလမ်းများကို ပုံမှန်အတိုင်း
အီရန်နိုင်ငံ၏ ပထမဒုတိယသမ္မတက အီရန်၏ ရေနံတင်ပို့မှုကို ကန့်သတ်ပိတ်ပင်ထားပြီး တစ်ဖက်တွင်မူ ရေကြောင်းလမ်းများကို ပုံမှန်အတိုင်း ဖွင့်လှစ်ပေးထားရန် မျှော်လင့်နေခြင်းမှာ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ အကယ်၍ ဖိအားပေးမှုများ ဆက်လက်ရှိနေပါက ကုန်ကျစရိတ်များ မြင့်တက်လာလိမ့်မည်ဟုလည်း သတိပေးထားသည်။ တစ်ချိန်တည်းမှာပင် ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ် ရေလက်ကြားတို့တွင် ရေကြောင်းသွားလာမှုများ ပြင်းထန်စွာ အနှောင့်အယှက်ဖြစ်ပေါ်နေပြီး ရေနံတင်သင်္ဘောများ သွားလာမှု သိသိသာသာ လျော့နည်းသွားကာ ရပ်တန့်လုနီးပါး ဖြစ်နေသည်။ NOM