ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي البورمية لاعباً نشطاً. يضم المجتمع حالياً 11 422 مشتركاً، محتلاً المرتبة 16 330 في فئة الأخبار والوسائط والمرتبة 9 947 في منطقة ميانمار.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 11 422 مشتركاً.

بحسب آخر البيانات بتاريخ 27 نوفمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -136، وفي آخر 24 ساعة بمقدار -9، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 5.67‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 4.32‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 648 مشاهدة. وخلال اليوم الأول يجمع عادةً 493 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 10.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 28 نوفمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

11 422
المشتركون
-924 ساعات
-317 أيام
-13630 أيام
أرشيف المشاركات
ဒုတိယသမ္မတ ဦးညိုစော ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားသ
+2
ဒုတိယသမ္မတ ဦးညိုစော ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား အောက်တိုဘာ ၁၃၊ ၂၀၂၆ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ကျောက်စိမ်းခန်းမ၌ကျင်းပရာ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့သီချင်းဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ယခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့၏ဆောင်ပုဒ်မှာ “Resilience Starts at Home - ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှစတင်စို့” ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်တုံ့ပြန်နိုင်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့တွင် ဘေးဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံ၊ မိသားစုနှင့် လူမှုအသိုက်အဝန်းများကို ဦးစွာတည်ဆောက်ရန် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ကြောင်း။ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် နိုင်ငံဖြစ်သဖြင့် ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀)၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ (၂၀၁၃) တို့နှင့်အညီ ဘေးအန္တရာယ်မဖြစ်မီ ကြိုတင်ကာကွယ်ရေးနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် မန္တလေးငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း “ပိုမိုကောင်းမွန်စွာ ပြန်လည်တည်ဆောက်ခြင်း (Build Back Better)” ကို အလေးထားပြီး ငလျင်ဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ တည်ဆောက်နိုင်ရန် Myanmar National Building Code 2025 ကို ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။ သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးကို ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်ပြည့်ဝခြင်းနှင့် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းသည် အရေးပါသည့်အချက်ဖြစ်ကြောင်း၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို တစ်အိမ်ချင်းစီကအစပြု၍ နိုင်ငံတော်အဆင့်ထိ အဆင့်ဆင့်ကြိုးပမ်းတည်ဆောက်သွားရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မှတ်ယူဆောင်ရွက်ကြရန်တိုက်တွန်းကြောင်းပြောကြားသည်။ ထို့နောက် ဒုတိယသမ္မတက အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများ၊ အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများ၊ သဘာဝဘေးအသိပညာပေး Animation ဗီဒီယိုပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းပြိုင်ပွဲ၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းပြိုင်ပွဲ (မြန်မာ့ရိုးရာပန်းချီ)၊ အခြေခံအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး ကုလသမဂ္ဂသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးရုံးမှပေးပို့သည့် သတင်းစကားရုပ်သံဗီဒီယိုနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုတို့ကို ပြသသည်။ ဆက်လက်၍ ဒုတိယသမ္မတသည် တက်ရောက်လာသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အသိပညာပေးပြဇာတ်တင်ဆက်မှုကို ကြည့်ရှုအားပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
13 أكتوبر, 13:00

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူအသစ် ကေတီ ဇာကရီအာ Katie Zakaria သည် ၎င်း၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မတနှင့် ခင်ပွန်းဖြစ်သူကို မှားယွင်းပြောဆိုမိခဲ့သည်။ "... ကလေးတွေနဲ့ အတူရှိရတာကို ကြိုက်ပါတယ်။ ညနေခင်းတွေမှာ ကလေးတွေနဲ့ အတူမနေရဘူးဆိုတဲ့ အယူအဆက လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။ ဒါကြောင့် ကျွန်မရဲ့ သမ္မတ... အဲ... တောင်းပန်ပါတယ်၊ ကျွန်မရဲ့ ခင်ပွန်း... အဟမ်း... အဲဒါက တော်တော်ကောင်းတဲ့ ဟာသတစ်ခုပါပဲ။ ကျွန်မရဲ့ ခင်ပွန်းက ဒီမှာ..."
13 أكتوبر, 12:58

အင်းလေးဖောင်တော်ဦးဘုရားဆွဲသည့် စက်လှေတိမ်းမှောက်မှုဖြစ်ပွား NOM၊အောက်တိုဘာ၁၃၊၂၀၂၆ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှ
အင်းလေးဖောင်တော်ဦးဘုရားဆွဲသည့် စက်လှေတိမ်းမှောက်မှုဖြစ်ပွား NOM၊အောက်တိုဘာ၁၃၊၂၀၂၆ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိတွင်ယမန်နေ့(အောက်တိုဘာ၁၂ရက်)မွန်လွဲ၂နာရီခွဲခန့်ကအင်းလေးဖောင်တော်ဦးဘုရားဆွဲသည့်စက်လှေ အပြန်လမ်းတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးလူထိခိုက်မှုမရှိကြောင်းအင်းလေးဒေသမှဆရာတော်တစ်ပါးကမိန့်ကြားခဲ့သည်။ ဖြစ်စဉ်မှာ အောက်တိုဘာ၁၂ရက်နံနက်ပိုင်းမှတွင်ဖောင်တော်ဦးဘုရားအားစက်လှေများဖြင့်ဆွဲ၍ ကျေးရွာ များသို့လှည်လည်းအပူဇော်ခံပြီး မွန်လွဲ၂နာရီခန့်တွင်ဖောင်တော်အား အင်းတိန်စံ ကျောင်းတော်သို့ပို့ပြီးအပြန်သာလေစာသင်းကျောင်းရှေ့၌တိမ်မှောက်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။ "ဥဦးဇင်းတို့ဆီမှာကဒါမျိုးတွေကမကြာခဏဖြစ်တက်ပါတယ် ချောင်းကကျဉ်းတော့တစ်ဖက်ကစက်လှေဖြက်မောင်းရင်တစ်ဖက် ကစက်လှေဖက်ကို ရေဝင်တက်ပါတယ် အခုလည်းအဲဒီလိုဖြစ်တာပါ လူထိခိုက်တာတွေတော့မရှိပါဘူး"ဟု အင်းလေးဒေသမှဆရာတော်တစ်ပါးကမိန့်ကြားခဲ့သည်။
13 أكتوبر, 08:23

ဘုရင့်နောင် ကားပစ္စည်းဈေးဝင်းအတွင်း အမျိုးသားတစ်ဦး အပူရှပ်ပြီး နေရာတွင်လေဖြတ် NOM၊အောက်တိုဘာ ၁၃၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး ဘုရ
ဘုရင့်နောင် ကားပစ္စည်းဈေးဝင်းအတွင်း အမျိုးသားတစ်ဦး အပူရှပ်ပြီး နေရာတွင်လေဖြတ် NOM၊အောက်တိုဘာ ၁၃၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကားပစ္စည်းဈေးဝင်းအတွင်း အမျိုးသားတစ်ဦး အပူ ရှပ်ကာ နေရာတွင်လေဖြန်းသွားခဲ့ကြောင်း လူမှုကူညီရေးအသင်းမှသိရသည်။ ဖြစ်စဉ်မှာအောက်တိုဘာ ၁၃ ရက်၊ တည့် ၁၂ နာရီခန့်က ဘုရင့်နောင် ကားပစ္စည်းဈေးဝင်းအတွင်းအသက် ၆၀ အရွယ်ရှိ အမျိုးသားတစ်ဦး ကားပစ္စည်းများဝယ်ရာက နေရာတွင်အပူရှပ်ကာ လေဖြန်းသွားခဲ့သည်။ “ဘုရင့်နောင်ကားဝင်းအတွင်းမှာ လင်မယားနှစ်ယောက် ကားပစ္စည်းတွေလာဝယ်ကြတာ။ အိမ်ကားပါတယ်။ အမျိုးသားက အပူရှပ်ပြီးတော့ လေဖြတ်သလိုဖြစ်သွားတာ။ ကားပေါ်ကပစ္စည်းတွေတော့ ကျွန်တော် တို့ ဘုရင့်နောင်စျေးတာဝန်ခံရုံးကိုတော့ အပ်ထားပေးခဲ့တယ်။”ဟု‌ ဒေသခံလူမှုကယ်ဆယ်ရေးအသင်းမှ တစ်ဦးကပြောသည်။ ယင်းလေဖြန်းခဲ့သည့်အမျိုးသားကို ခေမာအောင်လူမှုကယ်ဆယ်ရေးအသင်းမှ အင်းစိန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
13 أكتوبر, 08:07

(၅)ကြိမ်မြောက်အာရှမသန်စွမ်းအားကစားပြိုင်ပွဲသို့ မြန်မာမသန်စွမ်းအားကစားအဖွဲ့ဝင်ရောက်ယှဉ်ပြိုင်မည် NOM၊အောက်တိုဘာ၁၃၊၂၀၂၆ ဂျပန်န
(၅)ကြိမ်မြောက်အာရှမသန်စွမ်းအားကစားပြိုင်ပွဲသို့ မြန်မာမသန်စွမ်းအားကစားအဖွဲ့ဝင်ရောက်ယှဉ်ပြိုင်မည် NOM၊အောက်တိုဘာ၁၃၊၂၀၂၆ ဂျပန်နိုင်ငံ၊ အိုင်ချိ-နာဂိုယာမြို့တွင် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်ထိကျင်းပမည့် (၅)ကြိမ်မြောက်အာရှမသန်စွမ်းအားကစားပြိုင်ပွဲ (5th Asian Para Games)သို့ မြန်မာမသန်စွမ်းအားက စားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါ (၅)ကြိမ်မြောက်အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစားနည်း ၁၈ နည်းထည့် သွင်းကျင်းပရာ မြန်မာမသန်စွမ်းအားကစားအဖွဲ့က မသန်စွမ်းပြေးခုန်ပစ်၊မသန်စွမ်းရေ ကူးနှင့် မသန်စွမ်းတိုက်ကွမ်ဒိုအားကစားနည်းများတွင် ဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့သည်ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှလေကြောင်းခရီးဖြင့် ထွက်ခွါသွားကြောင်းသိရသည်။
13 أكتوبر, 07:51

သေချင်ယောင်ဆောင်နေတဲ့ အကြမ်းဖက် PDF တွေကို ၎င်းတို့ဆန္ဒပြည့်ဝစေရန်အတွက် တပ်မတော်ဒရုန်းတပ်ဖွဲ့က တကယ်သေအောင် ၁၂၀ ဖြင့်ပါရမီဖြည့်ပေးခဲ့ရ...😂😂 မှိုင်းဝေ
13 أكتوبر, 07:41

ပုသိမ်မြို့တွင်လူသတ်၍ ဆိုင်ကယ်လုယက်ယူဆောင်သူအား ဖမ်းမိ အောက်တိုဘာ ၁၃၊ ၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁၃) ရပ်ကွ
ပုသိမ်မြို့တွင်လူသတ်၍ ဆိုင်ကယ်လုယက်ယူဆောင်သူအား ဖမ်းမိ အောက်တိုဘာ ၁၃၊ ၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁၃) ရပ်ကွက်၊ ရွှေမြင့်မိုရ် အိမ်ရာဝန်း အနောက်ဘက် လယ်ကွင်းစပ်အနီး လူသတ်၍ ဆိုင်ကယ်လုယက် ယူဆောင်သူအား ဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်မှာ တရားလိုအမှတ် (၁၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်မှ အောက်တိုဘာလ ၆ ရက် နေ့ ညနေ ၄ နာရီခွဲတွင် ပုသိမ်မြို့၊ အမှတ် (၁၃) ရပ်ကွက်၊ ရွှေမြင့်မိုရ်အိမ်ရာဝန်း အနောက်ဘက် လယ်ကွင်းစပ်အနီး ကိုင်းပင်ကြားတွင် အမည်မသိသူ အမျိုးသားရုပ်အလောင်း တစ်လောင်းအား တွေ့ရှိရကြောင်း ပုသိမ်မြို့မရဲစခန်းသို့ အကြောင်းကြားသဖြင့် ပုသိမ်မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇေလတ်နှင့်အဖွဲ့မှ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ အသက် (၃၅) နှစ်ခန့်၊ အရပ် (၅) ပေ (၂) လက်မခန့်၊ ခန္ဓာကိုယ်၌ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ သေဆုံးမှုနှင့် ပတ်သက်၍ တရားခံအား သိရှိနိုင်ရေးအတွက် အခင်းဖြစ်ရပ် အနီးပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများအား စစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ADV အမျိုးအစား ဆိုင်ကယ်အား အဝါရောင် အင်္ကျီဝတ် ဆင်ထားသည့် အမည်မသိ သေဆုံးသူအမျိုးသားမှ မောင်းနှင်၍ နောက်တွင် အမည်မသိ အမျိုးသားတစ်ဦးမှ လိုက်ပါစီးနင်းလာသည့် CCTV မှတ်တမ်းအား တွေ့ရှိ သိမ်းဆည်းခြင်း၊ သေဆုံးသူမှာ မည်သူဖြစ်ကြောင်း စုံစမ်းခဲ့ရာ ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက်၊ မြကျွန်းသာအိမ်ရာ၊ ရွှေမင်္ဂလာလမ်းတွင် နေထိုင်သူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သေဆုံးသွားသူတွင် ဆိုင်ကယ်ယာဉ်အမှတ် AYY 53062 ADV အမျိုးအစားခဲ/ဖြူရောင် ဆိုင်ကယ်တစ်စီး ပါသွားကြောင်း စုံစမ်းသိရှိရသဖြင့် နီးစပ်ရာ ရဲစခန်းများနှင့် စစ်ဆေးရေးဂိတ်များသို့ ပိတ်ဆို့ရှာဖွေနိုင်ရေး အချက်အလက်များ ပေးပို့ခဲ့ရာတွင် ကျောင်းကုန်းမြို့၌ ဆိုင်ကယ်တစ်စီးအား လိုက်လံရောင်းချနေသည့် အမှတ် (၁၅) ရပ်ကွက်၊ ပုသိမ်မြို့နေသူအား ကျောင်းကုန်းရဲစခန်းမှူး ဒုရဲမှူး ဇော်ဝေလင်းနှင့်အဖွဲ့မှ မသင်္ကာ၍ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသဖြင့် ပုသိမ်မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇေလတ်နှင့်အဖွဲ့မှ အောက်တိုဘာလ ၆ ရက်နေ့ ည ၉ နာရီခွဲတွင် ကျောင်းကုန်းမြို့မရဲစခန်းသို့ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူ၏ ဆိုင်ကယ်အမှတ် AYY 53062 ADV အမျိုးအစား ခဲ/ဖြူရောင် ဆိုင်ကယ်အား ယူဆောင်လာခဲ့ကြောင်း၊ ၎င်းမှ အနက်ရောင်ကြိုးဖြင့် သေဆုံးသူအား လည်ပင်းအား ညှစ်၍သတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ကျောင်းကုန်းမြို့မရဲစခန်းမှ တရားခံနှင့် သက်သေခံပစ္စည်း ဆိုင်ကယ်တို့အား လွှဲပြောင်း/ လက်ခံ၍ ပုသိမ်မြို့မရဲစခန်းသို့ ခေါ်ဆောင်လာခဲ့ကြောင်းသိရသည်။ အမှုမှ တရားခံဖြစ်သူ ဒိုက်ထူလမ်း၊ အမှတ် (၁၅) ရပ်ကွက်၊ ပုသိမ်မြို့နေသူအား ပုသိမ်မြို့မရဲစခန်း အချုပ်၌ ချုပ်နှောင်ထားရှိခဲ့ပြီး တရားခံအား အသေးစိတ်စစ်ဆေးခြင်း၊ ချုပ်မိန့်ရီမာန်တောင်းခံပြီး ဖြောင့်ချက်ရယူသွားရန်နှင့် ကျန်ရှိရဲလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
13 أكتوبر, 06:51

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရ
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး မှာကြား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် များအား ထားဝယ်မြို့ရှိ ပုလဲဧကရီခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးမှာကြားသည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဟူသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ် အကောင်အထည်ဖော်လျက်ရှိကြောင်း ထည့်သွင်းပြောကြားသည်။
13 أكتوبر, 06:43

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာများ
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား တစ်ဦးချင်း လိုက်လံကြည့်ရှု အားပေးစကားပြောကြား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာများရရှိခဲ့သော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား တစ်ဦးချင်း လိုက်လံကြည့်ရှုအားပေးစကားပြောကြားပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် ဆေးရုံအတွက်လိုအပ်ချက်များကို မေးမြန်း ဖြည့်ဆည်းပေးခဲ့ပြီး ဆေးရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
13 أكتوبر, 06:42

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာများ
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား တစ်ဦးချင်း လိုက်လံကြည့်ရှု အားပေးစကားပြောကြား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာများရရှိခဲ့သော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား တစ်ဦးချင်း လိုက်လံကြည့်ရှုအားပေးစကားပြောကြားပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် ဆေးရုံအတွက်လိုအပ်ချက်များကို မေးမြန်း ဖြည့်ဆည်းပေးခဲ့ပြီး ဆေးရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
13 أكتوبر, 06:41
13 أكتوبر, ~06:41

ညောင်ဦးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က နိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွား NOM အောက်တိုဘာ ၁၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဘူတာရပ်ကွက်နေ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ မြေတိုင်း-၅ ဖြစ်သူ ဦးစိုးလွင် (၅၄) နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ပိုပိုခိုင် (၅၂) နှစ်နှင့်အတူ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်၌ ညောင်ဦးမြို့မှ ကျောက်ပန်းတောင်းမြို့သို့ ညောင်ဦး-ချောက်-ကျောက်ပန်းတောင်း ကားလမ်းအတိုင်း မော်တော်ယာဉ်တစ်စီးဖြင့် မောင်းနှင်ထွက်ခွာလာစဉ် ညောင်ဦးမြို့နယ်၊ မြေသန့်တောင်ကျေးရွာအနီး ဇကကျေးရွာလမ်းခွဲအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က မော်တော်ယာဉ်အား တားဆီးကာ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ NOM
13 أكتوبر, 06:40

ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦး
+1
ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ NOM အောက်တိုဘာ ၁၃၊ ၂၀၂၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းတိုက်နယ်ဆေးရုံသို့ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာရရှိထားသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါနေရာအနီး ရောက်ရှိနေသူများဖြစ်သည့် ကျိုက်ထိုမြို့နယ်၊ တောင်သူစု ရပ်ကွက်နေ ဦးမင်းဇော် (၄၂) နှစ်နှင့် ငှက်ပျောတောကျေးရွာနေ ဦးချစ်သဲအောင် (၃၃) နှစ်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM
13 أكتوبر, 06:35

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း သထုံမြို့နယ် ဝါးပါးရေလှောင်တမံ ရေသိုလှောင်ပေးဝေနိုင်ရေး၊ သုဝဏ္ဏမွေးမြူရေးဇုန် ဆောင်ရွ
+2
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း သထုံမြို့နယ် ဝါးပါးရေလှောင်တမံ ရေသိုလှောင်ပေးဝေနိုင်ရေး၊ သုဝဏ္ဏမွေးမြူရေးဇုန် ဆောင်ရွက်နေမှု၊ အမှတ် (၈) စက်မှုသင်တန်းကျောင်း (သထုံ) ၌ သင်တန်းများပို့ချနိုင်ရေးနှင့် သထုံမြို့နယ်အပူရှောင်စခန်း အမှတ် (၁) ဖွင့်လှစ်ထားရှိမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေး   ‌အောက်တိုဘာ ၁၃၊ ၂၀၂၆   ‌‎မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာ ပေးဝေနိုင်ရန်နှင့် မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံများ ရေသွင်းစိုက်ပျိုးနိုင်စေရန်အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သထုံမြို့နယ် ဝါးပါးရေလှောင်တမံသို့ ရောက်ရှိခဲ့ပြီး ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အယ်လ်နီညို ရာသီဥတုဖြစ်စဉ်အပေါ် သောက်သုံးရေနှင့် စိုက်ပျိုးရေရှားပါးမှုမရှိစေရေးအတွက် ရေလှောင်တမံ ရေပိုလွှဲအမြင့် (၃) ပေ မြှင့်တင်၍ ရေသိုလှောင်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။   ‌‎ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရေလှောင်တမံကြံ့ခိုင်မှုရှိစေရေးနှင့် ရေပေးဝေနိုင်ရေး စနစ်တကျ အလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားကာ ဝါးပါးရေလှောင်တမံနှင့် ရေပိုလွှဲတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။   ‌‎ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သထုံမြို့နယ်၊ ထောင်မှူးကျေးရွာ၊ ကွင်းအမှတ်-၅၁၄၊ ကျီတီကွင်း၊ မြေဧရိယာ (၄၅) ဧကပေါ်တွင် သုဝဏ္ဏမွေးမြူရေးဇုန် ဆောင်ရွက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက မွေးမြူရေးဇုန်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က အမှန်တကယ် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူများကိုသာ ဦးစားပေးဆောင်ရွက်စေရန်နှင့် မွေးမြူရေးအမျိုးအစားပေါ်မူတည်၍ ဇုန်အလိုက် စနစ်တကျသတ်မှတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။   ‌‎ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် သထုံမြို့နယ်၊ ကြာပန်းကျေးရွာရှိ အမှတ် (၈) စက်မှုသင်တန်းကျောင်း (သထုံ) သို့ သွားရောက်၍ သင်တန်းကျောင်းအုပ်ကြီး၏ သင်တန်းကျောင်း အချက်အလက်များနှင့် သင်တန်းအမျိုးအစားအလိုက် ပို့ချနေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က စက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားပြီး အဆိုပါသင်တန်းကျောင်း Rubber Technology Shop ရှိ စာတွေ့၊ လက်တွေ့ခန်းများအား ကြည့်ရှုစစ်ဆေး၍ သင်တန်းကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။   ‌‎ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် သထုံမြို့၊ ရွှေစာရံစေတီတော်မြတ်ကြိး၊ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်အပေါ် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအနေဖြင့် အပူရှောင်စခန်း အမှတ် (၁) ဖွင့်လှစ်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
13 أكتوبر, 04:27

ဖက်ပင်အိုင်စာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌ သက်တော် ၈၉ နှစ်၊ သိက္ခာ ၆၉ ဝါရှ
ဖက်ပင်အိုင်စာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌ သက်တော် ၈၉ နှစ်၊ သိက္ခာ ၆၉ ဝါရှိ မဟာထေရ်မြတ်ကြီး ဘဝနတ်ထံပျံလွန်တော်မူ အောက်တိုဘာ ၁၂၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဇ/မြောက်ရပ်ကွက် ဖက်ပင်အိုင်စာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌ သက်တော် ၈၉ နှစ်၊ သိက္ခာ ၆၉ ဝါရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် (၁၂-၁၀-၂၀၂၆)၊ တနင်္လာနေ့၊ နံနက် ၂ နာရီ ၂၅ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
13 أكتوبر, 04:25

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများလာရောက်လေ့လာ အောက်တိုဘာ ၁၂၊ ၂၀၂၆ သမိုင်း
တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများလာရောက်လေ့လာ အောက်တိုဘာ ၁၂၊ ၂၀၂၆ သမိုင်းစဉ်ကာလတစ်လျှောက်တွင် နိုင်ငံ့ဂုဏ်တင့်စေရန်အားထုတ်ကြိုးပမ်းမြှင့်တင်ပေးခဲ့ကြသည့် ရှေးမြန်မာမင်းများ၊ ခေတ်အဆက်ဆက်ပေါ်ထွက်ခဲ့ကြသည့် သူရဲကောင်းများ၊ သူ့ကျွန်မခံတွန်းလှန်ခဲ့ကြသည့် မျိုးချစ်ခေါင်းဆောင်ကြီးများ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့်လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် နိုင်ငံ့အရေးအတွက်စွန့်လွှတ်ပေးဆပ်မှုများဖြင့် အားထုတ်ကြိုးပမ်းခဲ့ကြသည့် တပ်မတော်သားများ၏ ဂုဏ်ယူဖွယ်ရာစွမ်းဆောင်ချက်များအား မြင်တွေ့လေ့လာမှုများမှတစ်ဆင့် လူငယ်လူရွယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာပြီး နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ တိုးတက်ဖြစ်ထွန်းလာစေရန်ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်ပေးမှုတို့ဖြင့် ကျောင်းသားကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်) ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်း(ရွာသစ်ကလေး)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မင်္ဂလာဒီပနှင့် အခြေခံပညာအလယ်တန်းကျောင်း(ပုဇွန်ဆိပ်)တို့မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။ ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ရောက်ရှိကြပြီး တပ်မတော်(လေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက်အသုံးပြုခဲ့သော တပ်မတော်လေယာဉ်များ၊ တပ်မတော်(ရေ) ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော စစ်ရေယာဉ်ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။ ဆက်လက်၍ တပ်မတော်(ကြည်း)ပြခန်းဆောင်တွင် ခေတ်အဆက်ဆက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့်မှတ်တမ်းဓာတ်ပုံများကိုကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်းရုပ်ရှင် ကြည့်ရှုကြသည်။ ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအတွက် မုန့်များကို ပေးဝေခဲ့ကြသည်။ ထို့နောက် ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက်ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျောင်းသားကျောင်းသူ များနှင့် ဆရာဆရာမများသည် ပြတိုက်အတွင်းခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိလိုသည်များကိုမေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။ ဆက်လက်၍ ယနေ့လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏ မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြသည်။
13 أكتوبر, 04:23

ပုသိမ်မြို့တွင်လူသတ်၍ ဆိုင်ကယ်လုယက်ယူဆောင်သူအား ဖမ်းမိ NOM၊အောက်တိုဘာ၁၃၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁၃) ရပ်ကွက်၊ ရွှေမြင့်မိုရ်အိမ်ရာဝန်း အနောက်ဘက် လယ်ကွင်းစပ်အနီး လူသတ်၍ ဆိုင်ကယ်လုယက်ယူဆောင်သူအားဖမ်းဆီးရမိခဲ့ သည့်ဟုဧရာဝတီတိုင်းအစိုးရအဖွဲ့မှယမန်နေ့အောက်တိုဘာ၁၂ရက်ညပိုင်းတွင်သတင်းထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ တရားလိုအမှတ်(၁၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်မှ အောက်တိုဘာလ ၆ ရက် နေ့ ညနေ၄နာရီခွဲ တွင် ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်၊ ရွှေမြင့်မိုရ်အိမ်ရာဝန်း အနောက်ဘက် လယ်ကွင်းစပ်အနီး ကိုင်းပင်ကြားတွင် အမည်မသိသူ အမျိုးသားရုပ်အလောင်း တစ်လောင်းအား တွေ့ရှိရကြောင်း ပုသိမ်မြို့မရဲစခန်းသို့ အကြောင်းကြားသဖြင့် ပုသိမ်မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇေလတ်နှင့်အဖွဲ့မှ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ အသက် (၃၅)နှစ်ခန့်၊ အရပ်(၅)ပေ(၂)လက်မခန့်၊ ခန္ဓာကိုယ်၌ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ သေဆုံးမှုနှင့်ပတ်သက်၍ တရားခံအား သိရှိနိုင်ရေးအတွက် အခင်းဖြစ်ရပ် အနီးပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများအား စစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ADV အမျိုးအစား ဆိုင်ကယ်အား အဝါရောင် အင်္ကျီဝတ် ဆင်ထားသည့် အမည်မသိ သေဆုံးသူအမျိုးသားမှ မောင်းနှင်၍ နောက် တွင် အမည်မသိ အမျိုးသားတစ်ဦးမှ လိုက်ပါစီးနင်းလာသည့် CCTV မှတ်တမ်းအား တွေ့ရှိသိမ်းဆည်းခြင်း၊ သေဆုံးသူမှာ မည်သူဖြစ်ကြောင်း စုံစမ်းခဲ့ရာ ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက်၊ မြကျွန်းသာအိမ်ရာ၊ ရွှေမင်္ဂလာလမ်းတွင် နေထိုင်သူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သေဆုံးသွားသူတွင် ဆိုင်ကယ်ယာဉ်အမှတ် AYY 53062 ADV အမျိုးအစားခဲ/ဖြူရောင် ဆိုင်ကယ်တစ်စီး ပါသွားကြောင်း စုံစမ်းသိရှိရသဖြင့် နီးစပ်ရာ ရဲစခန်းများနှင့် စစ်ဆေးရေးဂိတ်များသို့ ပိတ်ဆို့ရှာဖွေနိုင်ရေး အချက်အလက်များ ပေးပို့ခဲ့ရာတွင် ကျောင်းကုန်းမြို့၌ ဆိုင်ကယ်တစ်စီးအား လိုက်လံရောင်းချနေသည့် အမှတ်(၁၅)ရပ်ကွက်၊ ပုသိမ်မြို့ နေသူအား ကျောင်းကုန်းရဲစခန်းမှူး ဒုရဲမှူး ဇော်ဝေလင်းနှင့်အဖွဲ့မှ မသင်္ကာ၍ ခေါ်ယူစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသဖြင့် ပုသိမ်မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇေလတ်နှင့်အဖွဲ့မှ အောက်တို ဘာလ၆ ရက်နေ့ ည၉နာရီခွဲတွင်ကျောင်းကုန်းမြို့မရဲစခန်းသို့ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူ၏ ဆိုင်ကယ်အမှတ် AYY 53062 ADV အမျိုးအစား ခဲ/ဖြူရောင် ဆိုင်ကယ်အား ယူဆောင်လာခဲ့ကြောင်း၊ ၎င်းမှ အနက်ရောင်ကြိုးဖြင့် သေဆုံးသူအား လည်ပင်းအား ညှစ်၍သတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ကျောင်းကုန်းမြို့မရဲစခန်းမှ တရားခံနှင့် သက်သေခံပစ္စည်း ဆိုင်ကယ်တို့အား လွှဲပြောင်း/ လက်ခံ၍ ပုသိမ်မြို့မရဲစခန်းသို့ ခေါ်ဆောင်လာခဲ့ကြောင်းသိရသည်။ သို့ဖြစ်၍ အမှုမှ တရားခံဖြစ်သူ ဒိုက်ထူလမ်း၊ အမှတ် (၁၅)ရပ်ကွက်၊ ပုသိမ်မြို့နေသူအား ပုသိမ်မြို့မရဲစခန်း အချုပ်၌ ချုပ်နှောင်ထားရှိခဲ့ပြီး တရားခံ အသေးစိတ်စစ်ဆေးခြင်း၊ ချုပ်မိန့်ရီမာန်တောင်းခံပြီး ဖြောင့်ချက်ရယူသွားရန်နှင့် ကျန်ရှိရဲလုပ်ငန်းများ ပြည့်စုံစွာ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းသိရသည်။
13 أكتوبر, 01:40
13 أكتوبر, ~01:41

ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဒီဂျစ်တယ်ဖိုရမ် တက
ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဒီဂျစ်တယ်ဖိုရမ် တက်ရောက် အောက်တိုဘာ ၁၂၊ ၂၀၂၆ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဒီဂျစ်တယ်ဖိုရမ်ကို အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပရာ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်နှင့်အဖွဲ့ တက်ရောက်သည်။ ထို့ပြင် ကမ္ဘာ့ဒီဂျစ်တယ်ဖိုရမ်တွင် ပူးတွဲကျင်းပသည့် (၆)ကြိမ်မြောက် ရုရှား-အာဆီယံ Dialogue on ICT Security Related Issues ဆွေးနွေးပွဲသို့ အာဆီယံကိုယ်စားပြု၍ မြန်မာနိုင်ငံမှပူးတွဲဥက္ကဋ္ဌအဖြစ် တက်ရောက်ဆွေးနွေးခဲ့ပြီး e-Governance Knowledge Sharing စားပွဲဝိုင်းဆွေးနွေးပွဲအစီအစဉ်တွင် ဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးသည်။  အလားတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေးနှင့်မီဒီယာဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Alexander Shoitov နှင့်တွေ့ဆုံ၍ Digital Government စနစ်များ၊ Cyber Security ဆိုင်ရာကိစ္စရပ်များ၊ လိုအပ်သော Human Resource Development ဆိုင်ရာ Technology Training ကိစ္စရပ်များစသည့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့သည်။  အဆိုပါ ကမ္ဘာ့ဒီဂျစ်တယ်ဖိုရမ်သို့ နိုင်ငံပေါင်း ၁၀၀ ကျော်၊ သတင်းအချက်အလက်နည်းပညာရှင် ၁၀၀၀ ကျော်နှင့် ထိပ်တန်းနည်းပညာကုမ္ပဏီ ၅၀ ကျော်တို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
13 أكتوبر, 00:24

လွန်ခဲ့တဲ့ နှစ်ရက်က ဆော်ဒီနိုင်ငံ၊ ရီယာ့ဒ်မြို့ရှိ ကင်းခါလစ် (King Khalid) လေဆိပ်မှ မှတ်တမ်းဗီဒီယို။ ယီမင်မှ ဟူသီတို့ပစ်လွှတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည်များ ပစ်မှတ်များထိမှန်ပေါက်ကွဲမီးလောင်နေပုံ။ ဆော်ဒီအစိုးရက အဆိုပါဓါတ်ပုံ/ ဗီဒီယိုများထွက်မပေါ်လာအောင် ကြိုးစားခဲ့သော်လည်း ယခုအခါထွက်ပေါ်လာပြီဖြစ်သည်။
12 أكتوبر, 23:38

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ သက်တော်ရှည်ဆရာတော်ကြီးအား ကျန်းမာရေးစောင့်ရှောက်မှုပေးထားသည့် အခြေအနေများက
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ သက်တော်ရှည်ဆရာတော်ကြီးအား ကျန်းမာရေးစောင့်ရှောက်မှုပေးထားသည့် အခြေအနေများကို သွားရောက်ကြည့်ရှု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် အောက်တိုဘာ ၁၂ ရက်နေ့တွင် ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် သက်တော် (၁၀၄)နှစ်၊ ဝါတော် (၈၄) ဝါတော်ရှိ သက်တော်ရှည်ဆရာတော်ကြီးဖြစ်သော  ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက် ပဓာန နာယက ဂဏဝိမုတ်ကူးတို့ဂိုဏ်းချုပ်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ အရိန္ဒမ အား ကျန်းမာရေးစောင့်ရှောက်မှု ပေးထားမှုအခြေအနေများကို သွားရောက်ကြည့်ရှုသည်။
12 أكتوبر, 23:30

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးသို့ သွား
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့တွင် ထားဝယ်မြို့ ကျက်သရေဆောင် လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုရာ ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်  နိုင်ငံတော်သမ္မတသည် လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးပူဇော်ပြီး  ဘက်စုံအလှူငွေများပေးအပ်ရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဓမ္မလက်ဆောင် ပြန်လည်ပေးအပ်ကြသည်။
12 أكتوبر, 13:17