uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 496 підписників, посідаючи 16 048 місце в категорії Новини і ЗМІ та 10 057 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 496 підписників.

За останніми даними від 22 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -276, а за останні 24 години на -10, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 10.30%. Протягом перших 24 годин після публікації контент зазвичай збирає 5.31% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 287 переглядів. Протягом першої доби публікація в середньому набирає 663 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 23 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 496
Підписники
-1024 години
-707 днів
-27630 день
Архів дописів
ဒုတိယသမ္မတ ဦးညိုစော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Sihasak Phuangketkaew ဦးဆောင်သည့် ကိ
+2
ဒုတိယသမ္မတ ဦးညိုစော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Sihasak Phuangketkaew ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ ဧပြီ ၂၃၊ ၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sihasak Phuangketkaew ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံရှိရင်းစွဲ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးတက်ခိုင်မာလာစေရေး၊ စီးပွားရေးကဏ္ဍ၊ နယ်စပ်ဒေသကုန်သွယ်ရေးတိုးမြှင့် နိုင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံဘဏ်များ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး၊  နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင်နယ်စပ်ကုန်သွယ်ရေးနှင့် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့် လင်းစွာဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ  နိုင်ငံခြားရေးဝန်ကြီး၏အကြံပေးပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

မနက်ဖန်မှစ၍မာန်အောင်နှင့်ကျောက်ဖြူသို့လေယာဉ်ပြန်လည်ပြေးဆွဲမည်
မနက်ဖန်မှစ၍မာန်အောင်နှင့်ကျောက်ဖြူသို့လေယာဉ်ပြန်လည်ပြေးဆွဲမည်

မတ္တရာမြို့နယ်၊ လက်ဝဲကြီးကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် မန်ကျည်
မတ္တရာမြို့နယ်၊ လက်ဝဲကြီးကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် မန်ကျည်းရွက်များ ခူးရန်သွားသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ ဧပြီ ၂၂၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ ဆေးရုံသို့ ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်၌ မတ္တရာမြို့နယ်၊ လက်ဝဲကြီးကျေးရွာနေ ဦးအောင်ရှိုင်း (၃၁) နှစ်သည် လက်ဝဲကြီးကျေးရွာအရှေ့ဘက် ငါးဖာလုံခန့်အကွာရှိ မန်ကျည်းပင်တွင် မန်ကျည်းရွက်များခူးရန် သွားရောက်စဉ် PDF အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တပ်များအပေါ်တွင် စေတနာထား၍ လုပ်ဆောင်ရန်လိုအပ်ပြီး သက်သာချောင်ချိရေးဆိုသည်မှာ စားရေး၊ သောက်ရေးသာမက နေရေး၊ ထိုင်ရေး၊ သွားရေး၊ လာရေး စသည်ဖြင့် အားလုံးခြုံငုံ၍ အဆင်ပြေရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ သက်သာချောင်ချိရေးဆိုသည်မှာ ထောက်ပံ့ပေးသည့် ငွေကြေး (သို့မဟုတ်) ပစ္စည်း၊ အစားအသောက် ဆောင်ရွက်ပေးရုံသာမက ၎င်းတို့၏ နေရေးထိုင်ရေး၊ သွားရေးလာရေး၊ ပညာရေး၊ ကျန်းမာရေး စသည်များအဆင်ပြေစေရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သက်သာချောင်ချိရေးကောင်းမွန်မှုသည် အုပ်ချုပ်ရေးနှင့် စိတ်ဓာတ်အပေါ်များစွာ အထောက်အကူပြုပါကြောင်း။ တစ်ပိုင်တစ်နိုင်စိုက်ပျိုး/ မွေးမြူရေးလုပ်စေခြင်းသည် မိသားစု၏ ပြင်ပမှဝယ်ယူ စားသုံးမှုအတွက် ငွေကြေးကုန်ကျမှု လျှော့ချနိုင်ရန်ဖြစ်ကြောင်း၊ တပ်ပိုင်စိုက်ပျိုး/မွေးမြူရေးသည် တပ်ရန်ပုံငွေတိုးပွားအောင် ဆောင်ရွက်ခြင်းမဟုတ်ဘဲ တပ်မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက်ဖြစ်ပြီး ပိုလျှံသောထွက်ကုန်ပစ္စည်းများအား ဒေသတွင်းရှိ ဝန်ထမ်းများအတွက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများကို မည်သည့်အတွက်ကြောင့် လုပ်ဆောင်သည်ကို နားလည်စေရန်အတွက် ရှင်းပြပေးရန်လိုအပ်ပြီး တပ်ပိုင်စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်း များလုပ်ဆောင်ကြရန်လိုကြောင်း။ တပ်မှူးအားလုံးသည် မိမိတို့တပ်ဖွဲ့အတွင်း မှီခိုနေထိုင်ကြသည့် တပ်မတော်သားများ၏ မိသားစုဝင်များ ကျောင်းပညာမြင့်မားရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အားပေးကြရန်ပြောကြားလိုကြောင်း၊ တပ်မတော်သားများ၏ အရည်အသွေးသာမက သားသမီးများ၏ ပညာရေးကိုလည်းမြှင့်တင်ပေးနိုင်ရန် တစ်နှစ် နှစ်ကြိမ်ထောက်ပံ့ရန် ညွှန်ကြားထားကြောင်း၊ ထို့ကြောင့် တပ်မတော်သားများ၏ သား/သမီးအားလုံးကို KG+9 အဆင့်အထိ အနည်းဆုံးတတ်မြောက်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။ စိတ်ဓာတ်ဖြင့်တည်ဆောက်ခြင်းအပိုင်းတွင် ရပိုင်ခွင့်များ အချိန်နှင့်တစ်ပြေးညီ ပြည့်ပြည့်ဝဝရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ပင်ဖြစ်ပြီး လေ့ကျင့်ရေး၊ အုပ်ချုပ်ရေးနှင့် သက်သာချောင်ချိရေးတို့သည်လည်း စိတ်ဓာတ်နှင့် တည်ဆောက်မှုအပိုင်းကို တိုက်ရိုက်သက်ရောက်မှုရှိကြောင်း၊ စစ်သည်များ၏စိတ်ဓာတ်မြင့်မားရေး လုပ်ဆောင်ပေးရမည်ဖြစ်ရာ တပ်မှူးများအနေဖြင့် လက်အောက်နှင့်အနီးကပ်တွေ့ဆုံပြီး လက်ပွန်းတတီးနေထိုင်ရန် လိုအပ်ကြောင်း။ ပြည်သူနှင့်တပ်မတော်ဆိုသည်မှာ ခွဲခြား၍မရဘဲ ပြည်သူနှင့်တပ်မတော်သည် ချစ်ချစ်ခင်ခင်နှင့် စည်းစည်းလုံးလုံးရှိနေစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် (၂၄) နာရီတာဝန်ရှိပြီး ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ပြည်သူများက ပေါက်ဖွားလာခြင်းဖြစ်သည့်အတွက် ပြည်သူ့အကျိုးကိုဖော်ဆောင်ပေးရန် တာဝန်ရှိသည်ကို မိမိတို့အမြဲတမ်းခံယူထားရမည်ဖြစ်ပြီး နဂိုကတည်းကပင် ရှိပြီးသားဖြစ်ရမည့်စိတ်ဓာတ်ဖြစ်ကြောင်း။ မိမိတို့လုပ်ဆောင်ရသောအလုပ်ကို သိရှိအောင်လုပ်ပြီး ၎င်းအလုပ်ကို ကောင်းမွန်အောင် မည်သို့လုပ်ဆောင်မည်၊ တိုးတက်အောင်မည်သို့လုပ်ဆောင်မည်၊ အင်အားတိုးတက်အောင် မည်သို့လုပ်ဆောင်မည်ဟူသော စိတ်ဓာတ်ကိုမွေးမြူပြီး ဂရုတစိုက်လုပ်ဆောင်သွားမည်ဆိုပါက မိမိတို့တပ်မတော်၏ အရည်အသွေးတိုးတက် လာမည်ဖြစ်ကြောင်းဖြင့်ပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကိုမေးမြန်းကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တပ်နယ်မှူးကလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်ရှိ မိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်နယ်မှူး၏ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ထို့ပြင် တပ်မတော်ကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မကွေးမြို့ရှိနယ်မြေခံတပ်ရင်းအတွင်း လက်ရှိအခြေခံပညာမူလတန်းကျောင်းအား အခြေခံပညာအလယ်တန်းကျောင်းအဆင့် တိုးချဲ့ဆောက်လုပ်မည့်နေရာအားလည်းကောင်း၊ နယ်မြေခံလေတပ်စခန်းဌာနချုပ်အတွင်း မီတာ (၄၀၀) ရာဘာပြေးလမ်းပါ ဘောလုံးကွင်းနှင့် (၁၅၅၆) ဦးဆံ့ ပွဲကြည့်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းခွင်သို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား ဧပြ
+5
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား ဧပြီ ၂၂၊ ၂၀၂၆ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယနေ့နံနက်ပိုင်းတွင် မကွေးတပ်နယ်ရှိအရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ် သီဟသူရကျင်စံခန်းမ၌ သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။ ထိုသို့ တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်၏အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ၎င်းတာဝန်များထမ်းဆောင်နိုင်ရန်အတွက် အမှန်တကယ်စွမ်းရည်ရှိသော တပ်မတော်ဖြစ်စေရေးအတွက် တပ်မတော်သားတိုင်း ကိုယ်စီအရည်အချင်းရှိအောင် တည်ဆောက်ရန်လိုကြောင်း၊ နိုင်ငံတော်ကို လုံခြုံစွာကာကွယ်နိုင်ရန်အတွက် စစ်ရေးစွမ်းရည် ထက်မြက်ရမည်ဖြစ်ပြီး ထိုသို့တပ်မတော် စွမ်းရည်မြင့်မားရန် လူသားစွမ်းရည်မြင့်မားရေးသည် အလွန်အရေးကြီးကြောင်း၊ စွမ်းရည်ဆိုသည့်နေရာတွင် စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်များ မြင့်မားနေရန်လိုအပ်ကြောင်း။ တပ်မတော်အနေဖြင့် စွမ်းရည်သုံးရပ်နှင့်ပြည့်စုံသည့် တပ်မတော်ဖြစ်ရန် မလွဲမသွေလိုအပ်ပြီး လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကို မမေ့ရန်လိုကြောင်း၊ စစ်ရေးစွမ်းရည်ဆိုသည်မှာ တိုက်စွမ်းရည်၊ တိုက်စွမ်းအားပင်ဖြစ်ကြောင်း၊ စွမ်းရည်ရှိရန် ကျန်းမာကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုများနှင့် ရဲစွမ်းသတ္တိများရှိအောင် လေ့ကျင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုက်စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်ရေးသည် လူနှင့်သက်ဆိုင်ပြီး စွမ်းရည်မြင့်မားစေရန်အတွက် လေ့ကျင့်ရေးသည် အဓိကပင်ဖြစ်ကြောင်း။ စစ်ပညာ၏ အခြေခံသည်စစ်ရေးပြပင်ဖြစ်ပြီး အမိန့်နာခံတတ်မှုနှင့် စစ်စည်းကမ်းကောင်းမွန်စေမှု အတွက်ရည်ရွယ်လေ့ကျင့်ပေးခြင်းဖြစ်၍ စစ်ကျောင်းကြီးများအနေဖြင့် စနစ်တကျ လေ့ကျင့်ပေးသွားရန်လိုကြောင်း၊ အမိန့်နာခံတတ်မှုတွင် တစ်ဦးချင်းနှင့်အဖွဲ့လိုက်ဟူ၍ရှိပြီး မိမိတို့တပ်မတော်အနေဖြင့် အဖွဲ့စနစ်ဖြင့်ဆောင်ရွက်ခြင်းဖြစ်သောကြောင့် တစ်ဦးချင်းစွမ်းရည်များစုပေါင်းပြီး အဖွဲ့အစည်း၏စွမ်းရည်များရရှိအောင် တည်ဆောက်ခြင်းဖြစ်ကြောင်း။ တပ်မတော်တွင် အုပ်ချုပ်ရေးစွမ်းရည်သည် အလွန်အရေးကြီးသည့်အခန်းကဏ္ဍတွင်ရှိပြီး အုပ်ချုပ်မှုမကောင်းလျှင် စစ်ရေးစွမ်းရည်နှင့်စည်းရုံးရေး စွမ်းရည်ပါမကောင်းနိုင်သဖြင့် စွမ်းရည်သုံးရပ်တွင် အုပ်ချုပ်မှုစွမ်းရည်သည် အလွန်အရေးကြီးကြောင်း၊ အုပ်ချုပ်ရေးစွမ်းရည်တွင် စားရေး၊ နေရေး၊ သွားလာနေထိုင်ရေး၊ စစ်စည်းကမ်း ထိန်းသိမ်းရေးအပါအဝင် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်သွားရန်လိုအပ်ပြီး တာဝန်ရှိသူများအနေဖြင့်လည်း ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် တပ်တွင်းစည်းလုံးညီညွတ်မှု အားနည်းချက်ကို ဖြစ်ပေါ်နိုင်ကြောင်း။ အုပ်ချုပ်ရေးပိုင်းတွင် တပ်မှူးကောင်းစိတ်ဓာတ်၊ ဖခင်သဖွယ်စိတ်ဓာတ်ဖြင့် ကိုယ်ချင်းစာတရားများရှိနေရန်လိုပြီး အုပ်ချုပ်မှုညီညွတ်မျှတမှုရှိရန်လိုကြောင်း၊ အုပ်ချုပ်မှုအားနည်းလျှင် စည်းလုံးညီညွတ်မှုကို အားနည်းစေမည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှုကောင်းရန် စည်းကမ်းကောင်းမွန်မှုသည် အရေးကြီးကြောင်း၊ စည်းကမ်းဆိုသည်မှာ တိုက်တွန်းချက်နှင့် တားမြစ်ချက်ပင်ဖြစ်ကြောင်း၊ ခေါင်းဆောင်ကောင်းသည် တာဝန်ခံမှု၊ တာဝန်ယူမှု စိတ်ဓာတ်ရှိရမည်ဖြစ်ပြီး ခွင့်လွှတ်သင့်သည်ကို ခွင့်လွှတ်ပေးရမည်ဖြစ်ကာ ခွင့်လွှတ်ပေး၍မရသည့်ကိစ္စရပ်များကိုလည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့်ချမှတ်ထားသော စည်းကမ်းဘောင်အတွင်းမှသွေဖည်ပြီး လုပ်ဆောင်၍မရသဖြင့် စည်းကမ်းကိုချိုးဖောက်ခြင်းသည် ပြစ်မှုကျူးလွန်ခြင်းပင်ဖြစ်ကြောင်း၊ စည်းကမ်းရှိသည့်၊ စည်းကမ်းကောင်းသည့် တပ်မတော်ဖြစ်အောင် အမြဲတမ်းစောင့်ထိန်းလိုက်နာနိုင်ရန် လိုအပ်သော်လည်း အစွန်းရောက်သော တင်းကြပ်မှုမဖြစ်ရန် သတိပြုရမည်ဖြစ်ကြောင်း။ စည်းကမ်းသည်စည်းရုံးရေး၏ အခြေခံအချက်ပင်ဖြစ်ပြီး စည်းကမ်းကောင်းမွန်မှုမရှိပါက စည်းရုံးရေးပျက်ပြားနိုင်သဖြင့် စည်းကမ်းကောင်းမှ စည်းရုံးရေးကောင်းမွန်မည်ဖြစ်ကြောင်း၊ စည်းကမ်းများနှင့်အညီ နေထိုင်လုပ်ကိုင်ရန်လိုအပ်ပြီး ဝတ်စားဆင်ယင်မှုစည်းကမ်း၊ သွားလာမှုစည်းကမ်း၊ နေထိုင်မှုစည်းကမ်း၊ လုပ်ကိုင်မှုစည်းကမ်း စသည်တို့ကို ပီပီပြင်ပြင်လုပ်ဆောင်သွားပါက ၎င်းတပ်သည် တပ်ကောင်းတစ်ခုဖြစ်မည်ဖြစ်ကြောင်း။

ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား လွိုင်လင်မြို့၌ ဖမ်
+4
ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား လွိုင်လင်မြို့၌ ဖမ်းဆီးရမိ ဧပြီ ၂၂၊ ၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝ
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ ဧပြီ ၂၂၊ ၂၀၂၆

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အမြန်သွားတိုက်ခိုက် ရေးရေယာဉ်အုပ်စုကြီးဖြင့် ဟော်မုဇ်ရေလက်ကြားတွင် ကင်းလှည့် ဂြိုဟ်တုဓာတ်
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အမြန်သွားတိုက်ခိုက် ရေးရေယာဉ်အုပ်စုကြီးဖြင့် ဟော်မုဇ်ရေလက်ကြားတွင် ကင်းလှည့် ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများအရ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်​၏ အမြန်သွားတိုက်ခိုက်ရေးရေယာဉ် ၃၃ စီးပါဝင်သော အုပ်စုကြီးတစ်ခုသည် ဟော်မုဇ်ရေလက်ကြားတွင် ကင်းလှည့်ပြီးနောက် ကမ်းခြေသို့ ပြန်လည်ဦးတည်နေသည်ကို တွေ့ရှိရသည်။ အီရန်ရေတပ်သည် "လုံးဝဥဿုံ ပျက်စီးသွားပြီ" ဟု ဒေါ်နယ်ထရန့်က ပြောကြားထားသော်လည်း ယခုတွေ့ရှိရသည့် အခြေအနေမှာ ထိုပြောကြားချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ အဆိုပါ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်များသည် ယနေ့တွင် သင်္ဘော ၃ စီးကို တိုက်ခိုက်ရာ၌ ပါဝင်ခဲ့ပြီး ၎င်းတို့အနက် သင်္ဘော ၂ စီးကို သိမ်းဆည်းခဲ့ဖွယ်ရှိကြောင်းသိရသည်။ NOM

လားရှိုးမြို့နယ်၊ ဟက်ကာကျေးရွာအနီးရှိ ခြံဝင်းတစ်ခုအတွင်း MNDAA အကြမ်းဖက်အဖွဲ့ထောင် ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အ
လားရှိုးမြို့နယ်၊ ဟက်ကာကျေးရွာအနီးရှိ ခြံဝင်းတစ်ခုအတွင်း MNDAA အကြမ်းဖက်အဖွဲ့ထောင် ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ ဧပြီ ၂၂၊ ၂၀၂၆ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဧပြီလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ နံနက် ၈ နာရီအချိန်၌ လားရှိုးမြို့နယ်၊ ဟက်ကာကျေးရွာနေ မအေးစော (၁၉) နှစ်သည် ဟက်ကာ ကျေးရွာမြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် MNDAA အကြမ်းဖက် အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား ပေါက်ပြားဖြင့် ပေါက်မိကာပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

အီရတ်နိုင်ငံမြောက်ပိုင်း၊ အာဘေးလ် (Erbil) မြို့ရှိ အမေရိကန်ကျောထောက်နောက်ခံပြု ကာ့ဒ် လက်နက်ကိုင်အဖွဲ့များ စီမံခန့်ခွဲနေပြီး အစ္စရေးနှင့် ဆက်နွှယ်မှုရှိသော ရေနံမြေတစ်ခု ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

အီရန်အမျိုးသားလုံခြုံရေးကောင်စီ (SNSF) ဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးပမ်းခဲ့တဲ့ သင်္ဘော ၂ စီး ကို သိမ်းဆည်းလိုက်ပ
အီရန်အမျိုးသားလုံခြုံရေးကောင်စီ (SNSF) ဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးပမ်းခဲ့တဲ့ သင်္ဘော ၂ စီး ကို သိမ်းဆည်းလိုက်ပြီး အီရန်ကမ်းရိုးတန်းသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။

Repost from NOM.World News
ဂျပန်မှာ တကိုယ်တည်းသမား (single) တွေကို dating apps တွေ အသုံးပြုမယ်ဆိုရင် ငွေကြေးပေးမယ်ဆိုပြီး ဆွဲဆောင်နေပါပြီ။ ကိုချီစီရင်စု
ဂျပန်မှာ တကိုယ်တည်းသမား (single) တွေကို dating apps တွေ အသုံးပြုမယ်ဆိုရင် ငွေကြေးပေးမယ်ဆိုပြီး ဆွဲဆောင်နေပါပြီ။ ကိုချီစီရင်စုမှာ မွေးဖွားနှုန်းကျဆင်းမှုကို တိုက်ဖျက်ဖို့အတွက် ကြိုးပမ်းနေရာမှာ ဒါကို နည်းလမ်းတခုအဖြစ် အသုံးပြုလာတာပါ။ အသက် ၂၀ ကနေ ၃၉ နှစ်ကြား ရှိသူတွေဟာ Tapple လိုမျိုး လူကြိုက်များတဲ့ app အပါအဝင် dating apps တွေ အသုံးပြုလို့ ကုန်ကျမယ့် ငွေကြေးကို ကာမိစေဖို့အတွက် တဦးကို ယန်း ၂ သောင်း (၁၂၅ ဒေါ်လာ) အထိ ရရှိကြမှာပါ။ ဒါကြောင့် dating apps တွေကို အသုံးပြုတဲ့အခါမှာ ငွေကြေးကုန်ကျမှာကို ပူစရာလိုမှာမဟုတ်တော့ပါဘူး။ ဒီအစီအစဉ်က အလုပ်ဖြစ်၊ မဖြစ်ဆိုတာကို စစ်တမ်းကောက်ယူပြီး အကဲဖြတ်သွားမယ်လို့ စီရင်စုအရာရှိတွေက ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

ရှမ်း၊ ပဲခူးနှင့် မွန်တွင် တရားမဝင်လောင်းကစားမှုများအား ဖမ်းဆီးအရေးယူမှုဆောင်ရွက်
ရှမ်း၊ ပဲခူးနှင့် မွန်တွင် တရားမဝင်လောင်းကစားမှုများအား ဖမ်းဆီးအရေးယူမှုဆောင်ရွက်

ကယား၊ ရန်ကုန်၊ မွန်၊ ရှမ်းဒေသဖွံ့ဖြိုးရေးနှင့် ပညာရေးကွင်းဆင်းဆောက်ရွက်မှုများ
ကယား၊ ရန်ကုန်၊ မွန်၊ ရှမ်းဒေသဖွံ့ဖြိုးရေးနှင့် ပညာရေးကွင်းဆင်းဆောက်ရွက်မှုများ

နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ယနေ့ ဧပြီလ ၂၂ ရက်နေ့၌ လက်ခံတွေ့ဆုံခဲ့သည်။
+3
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ယနေ့ ဧပြီလ ၂၂ ရက်နေ့၌ လက်ခံတွေ့ဆုံခဲ့သည်။

နိုင်ငံတော်သမ္မတကထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုလက်ခံတွေ့ဆုံ NOM၊ဧပြီ၂၂၊၂၀၂၆ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိင် သည် ထိုင်း
နိုင်ငံတော်သမ္မတကထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုလက်ခံတွေ့ဆုံ NOM၊ဧပြီ၂၂၊၂၀၂၆ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိင် သည် ထိုင်း ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးကို ယနေ့ နေပြည်တော်ရှိ သမ္မတအိမ်တော်၌ လက်ခံ တွေ့ဆုံခဲ့သည်။

မိုးကောင်း - မိုးညှင်းလမ်းပိုင်း စတင်ပြုပြင်နေ NOM၊ဧပြီ၂၂၊၂၀၂၆ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်တွင် ပါ၀င်သောမြစ်ကြီးနား - မိုးညှင်
မိုးကောင်း - မိုးညှင်းလမ်းပိုင်း စတင်ပြုပြင်နေ NOM၊ဧပြီ၂၂၊၂၀၂၆ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်တွင် ပါ၀င်သောမြစ်ကြီးနား - မိုးညှင်းလမ်းပိုင်းအတွင်း တံတားနှင့်လမ်းများ ပြုပြင်ရေးဆိုသည့်စီမံချက်အတွက်မြန်မာ့မီးရထားမှတာ၀န်ရှိသူများက အမြန်ဆုံးစတင်ဆောင်ရွက်ချက်အဖြစ် မိုးကောင်းမှမိုးညှင်းကြား သံလမ်းများကို စတင်စစ်ဆေးပြီးအစားထိုးလဲလှယ်ရန်လိုအပ်သည်များကိုဆောင်ရွက်နေရာ ဧပြီ၂၂ရက်တွင် မင်းကုန်းဘူတာအထိပြီးစီးပြီဟု သိရသည် ။ ယင်း မိုးကောင်းမှ မိုးညှင်းကြား သံလမ်းနှင့် တံတားများစစ်ဆေးပြပြင်ဆောင်ရွက်ပြီးစီးပါက မြစ်ကြီးနားမှမိုးညှင်းအထိလူစီးရထားများ ပြေးဆွဲနိူင်မည်ဖြစ်ပြီးဒေသတွင်း သယ်ယူပို့ဆောင်ရေးအတွက် များစွာအကျိုးရှိစေမည်ဖြစ်‌ေကြာင်းသိရသည် ။

နိုင်ငံခြားသုံးငွေကြီးကြတ်မှုကေါ်မတီဖွဲ့စည်း
+1
နိုင်ငံခြားသုံးငွေကြီးကြတ်မှုကေါ်မတီဖွဲ့စည်း

လှိုင်သာယာမြို့နယ်ထိန်ပင်အမှိုက်ပုံတွင် ​နေ့စဥ်အမှိုက်တန်ချိန် ၁၂၀၀ ​ကျော် စွန့်ပစ်​နေ NOM၊ဧပြီ၂၂၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊
လှိုင်သာယာမြို့နယ်ထိန်ပင်အမှိုက်ပုံတွင် ​နေ့စဥ်အမှိုက်တန်ချိန် ၁၂၀၀ ​ကျော် စွန့်ပစ်​နေ NOM၊ဧပြီ၂၂၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံတွင် နေ့စဉ် အမှိုက်တန်ချိန် ၁၂၀၀ ကျော် စွန့်ပစ်လျက်ရှိကြောင်း ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီမှ သိရသည်။ အဆိုပါ ထိန်ပင်အမှိုက်ပုံသည် ရန်ကုန်မြို့ရှိ အ​နောက်ပိုင်းခရိုင်နှင့် ​မြောက်ပိုင်းခရိုင် မြို့နယ်များမှ စုဆောင်းလာသော အမှိုက်များကို အဓိက စုပေါင်းစွန့်ပစ်ရာ နေရာတစ်ခုဖြစ်ပြီး နေ့စဉ် အမှိုက်တင်ဆောင်လာသည့် ယာဉ်အစီး​ရေ ၇၈ စီးဖြင့် ​ခေါက်​ရေ ၂၀၀ ​​​ကျော်အမှိုက်များကိုတင်​ဆောင်​နေ​ရ​ကြောင်း သိရသည်။ လက်ရှိတွင် လူဦးရေတိုးပွားလာခြင်းနှင့်အမျှ အမှိုက်ပမာဏလည်း တိုးလာနေပြီး တစ်ရက်လျှင် တန်ချိန် ၁၂၀၀ ကျော်အထိ ရောက်ရှိလာ‌ ကြောင်းသိရသည်။

ညောင်ဦးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာနေအိမ်အချို့ပျက်စီး၊ သစ်ပင်များလဲကြပြီးလမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ NOM၊ဧပြီ၂၂၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယမန်နေ့ဧပြီ၂၁ရက်ညနေ၆နာရီခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ စည်ပင်ရပ်နှင့် သိကြားရပ်တို့တွင် နေအိမ်အချို့ပျက်စီး၊ သစ်ပင်များလဲကြပြီးလမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ကြောင်းညောင်ဦးမြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ညောင်ဦးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ရွှေလိပ်တူးဘုရားအနီး၊ နှင့်အမှတ်(၅)ရပ်ကွက်၊ စည်ပင်ရပ်နှင့် သိကြားရပ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျ၍ ကားလမ်းပိတ် ဆို့မှုဖြစ်ပွားခဲ့သည့် လက်ရှိရှင်းလင်းမှုများပြုလုပ်နေကြောင်း သိရသည်။ "မနေ့ကတော့ အမှတ်(၇)ရပ်ကွက်၊ ရွှေလိပ်တူးဘုရားအနီး၊ ညောင်ဦး-တောင်ဘီသွားလမ်းပေါ် သစ်ပင်တွေလဲတော့ ကား တွေသွားမရတော့ဘူး ဒါနဲ့ကား တွေသွားလာမှုအဆင်ပြေဖို့အတွက် မီးသတ်တပ်ဖွဲ့တွေနဲ့အတူ ကားလမ်းတွေကို အရင်ရှင်းလင်းပေးတယ် ည၈နရီ လောက်မှာကားတွေပုံမှန်အတိုင်း သွားလို့ရအောင်လမ်းဖွင့်ခဲ့တယ် အခုမနက်မှာတော့ ပျက်စီးသွားတဲ့အိမ်တွေကိုသွားပြီးရှင်လင်းမှုတွေလုပ်ပေးနေပါတယ်ပျက်ဆီိစရင်း တော့မရသေးပါဘူး"ဟုညောင်ဦးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ လေပြင်းတိုက်ခတ်မှုဖြစ်ပွား ကြောင်းသတင်းရရှိသဖြင့် ညောင်ဦးမြို့နယ်မီးသတ်စခန်း၊ အမှတ်(၅)အရန်မီးသတ်စခန်း၊ မြင်းကပါအရန်မီးသတ်စခန်း၊ ဝံသာနုရက္ခိတအသင်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ရှင်းလင်းရေးလုပ်ငန်းများထွက်ခွာဆောင်ရွက် နေကြောင်းသိရ သည်။