ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

الذهاب إلى القناة على Telegram
1 033
المشتركون
-124 ساعات
+17 أيام
-1030 أيام
أرشيف المشاركات
ဖျတ်ခနဲပျောကွယ်သွားတာကိုတွေ့လိုက်ရတယ်။ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားတဲ့ ပုံရိပ်ကြောင့် ဘုန်းသိင်္ခအံ့ဩတုန်လှုပ်သွားပြီး ပြတင်းပေါက်ဆီကို မမှိတ်မသုန်စိုက်ကြည့်နေလိုက်တယ်။ ~~~~~~~~ " ဂျစ်...ဂျစ် " " ဂျစ်...ဂျစ် " နားထဲမှာတဂျစ်ဂျစ်မြည်သံလိုလိုကြားလိုက်ရတာကြောင့် ပန်းရိပ်ဖြူမျက်လုံးကိုအားယူပြိးဖွင့်ကြည့်လိုက်မိတယ်။အခန်းတစ်ခုလုံးကညအိပ်မီးပြာလဲ့လဲရောင်အောက်မှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ခပ်စောစောက အိပ်ချင်းမူးတူးနဲ့ကြားနေခဲ့ရတဲ့အသံကိုလဲမကြားရတော့ဘဲ ချောက်ချားစရာကောင်းလောက်အောင် တိတ်ဆိတ်လွန်းနေခဲ့ပြန်တယ်။ပန်းရိပ်ဖြူ မျက်လုံးအစုံကို ပွတ်သပ်ပြီး အခန်းနေရာအနှံ့ကို လိုက်ကြည့်လိုက်မိတယ်။ " အင်း..အင်း...ဟင်း...ဟင်း အသံက ကြားလိုက်ရတယ်ဆိုရုံညည်းတွားသံတိုးသဲ့သဲ့သာ။သို့ပေမဲ့ ပန်းရိပ်ဖြူနားထဲမှာတော့ ဗုံးတစ်လုံးပေါက်ကွဲသွားတဲ့အသံလေလား မြည်ဟီးသွားခဲ့တယ်။ "ဘယ်...ဘယ်သူလဲ...ဘယ်သူလဲလို့မေးနေတာကြားလား ...ဖြေလေ " ပန်းရိပ်ဖြူကြောက်လန့်တကြားမေးလိုက်ရင်းနဲ့ မီးခလုတ်ဆီကို ထသွားဖို့ရန်ပြင်လိုက်တယ်။ "ဘုတ် " " အမယ်လေး " ပန်းရိပ်ဖြူရဲ့လက်တွေ မီးခလုတ်ဆိကိုလက်လှမ်းလိုက်ချိန်မှာပဲ ရုတ်တရက်ဆိုသလို သူမနောက်ကျောကနေ တစ်စုံတစ်ယောက်ဖြတ်ပြေးသွားခဲ့ပြီး သူမကိုဝင်တိုက်သွားတာမို့ အလန့်တကြားအော်ဟစ်လိုက်မိသလို လူကလဲကြမ်းပြင်ပေါ်ကို ဘုတ်ခနဲမြည်အောင်လဲကျသွားရတော့တယ်။လူကအရမ်းကိုထိတ်လန့်တုန်လှုပ်သွားတာကြောင့် အော်ဟစ်ခေါ်လိုက်ပေမဲ့ အသံကလည်ချောင်းထဲမှာပဲ တစ်ဆို့ထစ်အနေခဲ့တယ်။ဘယ်လိုအော်အော်အသံကထွက်မလာတော့ကြောက်စိတ်ကနေဒေါသစိတ်အဖြစ်ပြောင်းလဲသွားရတော့တယ်။ဒီအချိန်မှာပဲ အခန်းတံခါးကိုကုတ်ခြစ်နေတဲ့အသံနဲ့အတူ အေးစက်စက်ညည်းတွားသံကြီးကိုကြားလိုက်ရပြန်တယ်။ " အင်း...ဟင်း..ဟင်း " " ဘယ်..ဘယ်သူလဲ...ဘယ်သူလဲလို့ " ပန်းရိပ်ဖြူအသံမာမာနဲ့မေးလိုက်ပေမဲ့ ဖြေသံထွက်မလာခဲ့ဘဲ အခန်းတံခါးဝဆီကညည်းတွားသံကြီးသာပေါ်ထွက်နေလေတယ်။သူမအတင်းကုန်းရုန်းထလိုက်ပြီး တံခါးကိုဖွင့်လိုက်တယ်။ " ဟင် " တံခါးဖွင့်လိုက်ချိန်မှာ ပန်းရိပ်ဖြူမြင်တွေ့လိုက်ရတာက တံခါးဝကိုကျောခိုင်းပြီး ရပ်နေတဲ့မိန်းမတစ်ယောက် " ဘယ်.... ဘယ်သူလဲ...နင်ဘယ်သူလဲ ...ပြောလေ " ပန်းရိပ်ဖြူမေးနေပေမဲ့ အမျိုးသမီးကတုတ်တုတ်တောင်မလှုပ်ဘဲ မလှုပ်မယှက်ကြီး ရပ်နေခဲ့ပြီးမှ တဖြည်းဖြည်းချင်း သူမဘက်ကိုလှည့်လာတာကိုတွေ့လိုက်ရတယ်။ဒီအခါ မီးသွေားတုံးလိုမည်းနက်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတာမို့ ပန်းရိပ်ဖြူအသက်ရှူရပ်သွားသလိုကြောင်အကာကြည့်နေမိတယ်။ ~~~~~~ " ပန်းရိပ်...ပန်းရိပ်....သမီးဘာလုပ်နေတာလဲ...ညသန်းခေါင်ကြီး အခန်းဝမှာဘာရပ်လုပ်နေတာလဲ " ဒေါ်ပန်းမြိင်မှာ အခန်းပြင်ကအသံသဲ့သဲ့ကြားလိုက်မိတာမို့ အပြင်ကိုထွက်ကြည့်လိုက်တဲ့အခါမှာ သမီးဖြစ်သူက အခန်းပြင်စင်္ကြန်လမ်းမှာ တောင့်တောင့်ကြီးရပ်နေတာကို တွေ့မြင်လိုက်ရတာကြောင့် အထိတ်တလန့်ပြေးသွားလိုက်မိတယ်။ " သမီး...သမီး...ပန်းရိပ် သတိထားလေ...သတိထားစမ်း ...." မတ်မတ်တောင့်တောင့်ကြီးဖြစ််နေတဲ့ သမီးဖြစ်သူကို ဒေါ်ပန်းမြိုင်အတင်းလှုပ်ခါပြီး ခေါ်လိုက်တယ်။ " ဟင်း .... " သမီးဖြစ်သူဆီက အေးစက်စက်သက်ပြင်းရှည်ချသံကြီးကိုကြားလိုက်ရတာမို့ ဒေါ်ပန်းမြိင်ပါလန့်သွားရတယ်။ "ပန်းရိပ်...ပန်းရိပ် " " အ...အမေ.." ပန်းရိပ်ဖြူသတိဝင်လာမိချိန်မှာ မိခင်ဖြစ်သူကိုတွေ့လိုက်ရတာမို့ တုန်တုန်ယင်ယင်ထစ်ထစ်ငေါ့ငေါ့နဲ့ခေါ်လိုက်မိပြီး မတ်မတ်ရပ်နေရာကခွေခနဲလဲကျသွားခဲ့ရတော့တယ်။ ~~~~~~~~~~~~~~~ " ပန်းမ်ြိုင် ...ဒါဘယ်လိုဖြစ်ရတာလဲ ..,.ငါ့မြေးဘယ်လိုဖြစ်ရတာလဲ ....မနေ့ကအကောင်းကို ဒီနေ့မှချက်ချင်းကြီးနေမကောင်းထဖြစ်ရလား ..နင်တ်ို့တွေ ကိုယ့်သာသမီးကျန်းမာရေးကိုလဲသိရဲ့သားနဲ့ဂရုရောစိုက်ကြရဲ့လား ..." ဘွားကြေးဥရဲ့အသံက ကသစ်မြိင်စံအိမ်ကြီးထဲမှာဟိန်းထွက်နေခဲ့တယ်။ဦးဘိုထွန်းက မိခင်ဖြစ်သူကိုကြည့်လိုက်ပြီး " တော်ပါတော့ အမေရယ်...ကြီးကြီးကျယ်ကျယ်ဖြစ်တာလဲမဟုတ်ပါဘူး....ဖျားရုံပါ ...ပြီးတော့ အမေ့မြေးကဆယ့်ခြောက်နှစ်အရွယ်လေးမဟုတ်တော့ဘူး...နှစ်ဆယ့်ခြောက်နှစ်ပါ...အိမ်ထောင်ပြုရမဲ့အရွယ်ကိုတောင်ရောက်နေပါပြီ...ကျွန်တော်တို့တွေ သူ့ကိုလိုတာထက်ပိုပြီး ဂရုစိုက်ပေးခဲ့ကြလို့ သူအခုလိုပုံစံမျိုးဖြစ်နေခဲ့တာ....." " တော်စမ်းဘိုတွန်း...မင်းကဖအေဖြစ်ပြီး... ဒီလိုပြောရလား..ငါ့မြေးကနှစ်ဆယ့်ခြောက်နှစ်ဆိုပေမဲ့ ...ကျန်းမာရေးကောင်းတာမဟုတ်ဘူးလေ...မင်းဒါကိုသိသိနဲ့ဒီလိုပြောရလား " " တော်ပါတော့အမေရယ်....ဒီစကားတွေကို မပြောပါနဲ့တော့ ....ကျန်းမာရေးမကောင်းဘူးဆိုပြီး လိုတာထက်ပိုပြီးအလိုတွေလိုက်ခဲ့လို့...သူဒီလိုတွေဖြစ်နေရတာလေ...." " တော်ပြီဟေ့ ဘိုထွန်း...မင်းတို့တာဝန်မယူနိုင်ဘူးဆိုရင်ပြော ...ငါ့မြေးကိုငါခေါ်သွားမယ် .....စောရီ...ငါ့မြေးအခန်းထဲကိုသွားမယ် ...ငါ့မြေးကိုငါ့တိုက်ကိုခေါ်သွားမယ် "

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၉) akyiphyu ********* " မနေ့ကမှရောက်လာတဲ့ ဧည့်သည်နဲ့ ပြဿနာဖြစ်ရလားပန်းရိပ်ရယ် .... " နှစ်ယောက်တည်းကျန်ခဲ့တော့မှ စိုင်းမြတ်ကခပ်တိုးတိုးမေးလိုက်တယ်။ " သူက မနေ့ကမှကသစ်မြိုင်ကိုရောက်လာပြီး ...ဒီနေ့မနက်မှာပဲ ...ကျွန်မရဲ့ဆိုင်ကယ်တွေကားတွေနားမှာမယောင်မလည်နဲ့ရှိနေခဲ့တာပါ ကိုစိုင်းမြတ် ...ဒါက ဘာသဘောဖြစ်နိုင်မလဲ ....ကျွန်မရဲ့ကားတွေဆိုင်ကယ်တွေကို တစ်ခုခုလုပ်ဖို့ကြံစည်နေတာမဟုတ်ဘူးလား " " ပန်းရိပ်ရယ်...အဲ့ဒါနဲ့ပဲ ...သူ့ကိုပေါ်တင်မေးလိုက်တယ်ပေါ့ဟုတ်လား...ပြီးတော့ ဒီအကြောင်းကိုအန်တီမြိုင်ပါသိသွားတယ်ပေါ့ဟုတ်လား " " အမေကသိသွားတာမဟုတ်ဘူး...ကျွန်မကိုယ်တိုင်ပြောပြီး ...သူ့ကိုအလုပ်ထုတ်ပစ်ဖို့ပြောလိုက်တာ " ပန်းရိပ်ဖြူရဲ့စကားကြောင့် စိုင်းမြတ်သက်ပြင်းမောကိုချလိုက်မိပြီး " ပန်းရိပ်ရယ်....ပန်းရိပ်ကိုကျွန်တော်ပြောထားတယ်လေ....လူတစ်ယောက်ကိုမယုံသင်္ကာဖြစ်နေမိပြီဆိုရင် အဲ့ဒီလူကိုပေါ်တင်မမေးရဘူး...မပြောရဘူးလေ....သူမသိအောင်ပညာသားပါပါနဲ့လေ့လာအကဲခတ်ရမှာလေ....ဒီလိုပေါ်တင်ကြီးသွားမေးရင်ဘယ်သူက ဝန်ခံမှာလဲ..." " အို ...မသိဘူးလေ....ကျွန်မကတော့ ကိစ္စတစ်ခုကိုပွင့်ပွင့်လင်းလင်းပြောပြီးဖြေရှင်းလိုက်ချင်တာပဲသိတယ်...ကျွန်မကကိုစိုင်းမြတ်တို့လိုပညာမသင်ခဲ့ရလို့... ပညာသားပါပါပြောတာဆိုတာတွေလဲမလုပ်တတ်ဘူး ....လူတစ်ယောက်ကိုမုန်းရင်မုန်းတယ်ဆိုပြီး ဒဲ့ရှင်းလိုက်တာပဲသဘောကျတယ် " ပန်းရိပ်ဖြူရဲ့စကားကြောင့် စိုင်းမြတ်စိတ်မကောင်းဖြစ်သွားရတယ်။ " ပန်းရိပ်ရယ်...ဒါတွေကပညာတတ်ဖို့မလိုပါဘူး...ပညာတတ်မှကိုယ့်အန္တရာယ်ကိုရှောင်ရှာတတ်တာမဟုတ်ဘူး...ကျွန်တော်ပြောပြီးသားလေ...ဘာမဆိုအလောတကြီးမဆုံးဖြတ်နဲ့ အချိန်လေးခဏပေးပြိးစဉ်းစားရမယ်...ပြောချင်တာကိုပြောချလိုက်တာလွယ်ပေမဲ့ အဲ့ဒီအတွက်အကျိုးသက်ရောက်မှုတွေကို ကိုယ်ပဲခံစားရမှာလေ....ကျွန်တော်ရှင်းရှင်းပဲပြောမယ်...မပြောကောင်းမဆိုးကောင်းကွာ..တကယ်လို့်ပန်းရိပ်သာမတော်တဆဖြစ်သွားခဲ့ရင် .....အကျိုးအမြတ်ခံစားရမဲ့သူကဘယ်သူလဲဆိုပြီး အရင်တွေးရမယ်...ပြီးရင်အဲ့ဒီလိုလူတွေကိုပန်းရိပ်သတိထားရမှာ ....သူခိုင်းထားတဲ့အစွယ်အပွားတွေကိုလိုက်ရှင်းနေရုံနဲ့မပြီးဘူး,,,အဲ့ဒါကပန်းရိပ်အတွက်ပိုပြီးအန္တရာများလာရုံပဲရှိမှာ...အဲ့ဒီတော့ ပန်းရိပ်စိတ်ထဲမှာ ပန်းရိပ်ကိုလုပ်ကြံနေချင်တဲ့သူတကယ်ရှိနေတာလို့်ယုံကြည်နေရင် ...အဓိကတရားခံကိုမိအောင်ဖမ်းပြီးအပြစ်ပေးနိုင်ဖို့ကြိုးစားပါ...သူခိုင်းစေထားတဲ့လူတွေကိုလိုက်ရှင်းနေရင်တော့ ဘယ်တော့မှရှင်းလို့ကုန်မှာမဟုတ်ဘူး...ပန်းရိပ်အတွက်ရန်သူတွေပိုများလာတာပဲရှိမှာ " စိုင်းမြတ်ရဲ့စကားကြောင့် ပန်းရိပ်ဖြူတွေဝေသွားမိတယ်။ " ကျွန်တော်ပြောတာကို လက်ခံလားပန်းရိပ် " စိုင်းမြတ်ကခပ်တိုးတိုးထပ်မေးလိုက်တယ်။စိုင်းမြတ်ရဲ့အမေးကို ပန်းရိပ်ဖြူခပ်လေးလေးခေါင်းငြိမ့်ပြလိုက်ပြီး "ပန်းရိပ်လက်ခံပါတယ်...သဘောလဲပေါက်တယ်...ဒါပေမဲ့ တစ်ခုခုဆိုရင်ပန်းရိပ်ဒေါသအရမ်းထွက်တယ်...စိတ်မထိန်းနိုင်ဘူး ...ချက်ချင်းသောင်းကျန်းပစ်လိုက်ချင်စိတ်ကိုထိန်းလို့်မရဘူး " " ဪ ...ဒါကမခက်ပါဘူး ပန်းရိပ်ရယ်...တကယ်လို့်ပန်းရိပ်ဒေါသအရမ်းထွက်နေပြီးဆိုရင်.....အသက်ကို မှန်မှန်ရှူပြီးတစ်ကနေတစ်ဆယ်အထိရေကြည့်ပါ...စိတ်နည်းနည်းငြိမ်သွားလိမ့်မယ်....ပြီးတော့ပန်းရိပ်ဒီလိုဖြစ်နေတာတွေက..... ပန်းရိပ်မှာချစ်ရမဲ့သူမရှိသေးလို့ဒေါသတွေအရမ်းကြီးနေတာပါ...ချစ်ရမဲ့သူတွေ့လာတဲ့နေ့ကျရင် ပန်းရိပ်ရဲ့စိတ်တွေနုညံ့လာပါလိမ့်မယ် " " ရှင် " စိုင်းမြတ်ရဲ့စကားကြောင့် ပန်းရိပ်ဖြူအလန့်တကြားနဲ့စိုင်းမြတ်ကိုမော့ကြည့်လိုက်မိတယ်။ဒီအခါသူမကို ငေးကြည့်နေတဲ့စိုင်းမြတ်နဲ့အကြည့်ချင်းဆုံသွားမိပြီး ဆွံ့အသွားသလိုပြန်ငေးကြည့်နေခဲ့မိတယ်။အချစ်တဲ့လေ။ဒီစကားက ပန်းရိပ်ဖြူအတွက်စိမ်းသက်လွန်းလှတဲ့စကားလေ။ " ပန်းရိပ် ....ဒီကရှေ့လျှောက် ပန်းရိပ်သိပ်ပြီးမစိုးရိမ်နဲ့တော့နော်....ကျွန်တော်ပန်းရိပ်ကိုကူညီမှာပါ....ပန်းရိပ်မထိခိုက်ရအောင်ကျွန်တော်ကာကွယ်ပေးပါ့မယ် " " ရှင် " စိုင်းမြတ်ရဲ့စကားတွေကြောင့် ပန်းရိပ်ဖြူရင်တွေတလှပ်လှပ်တုန်ခါသွားရကာ အလန့်တကြားနဲ့ စိုင်းမြတ်ကို မော့ကြည့်လိုက်မိပြန်တယ်။ ဒီအခါစိုင်းမြတ်ကလဲ သူမကိုငေးကြည့်နေတာမို့ ပန်းရိပ်ဖြူကမန်းကတန်း ခေါင်းကိုငုံ့ချလိုက်မိတယ်။ကသစ်မြိုင်ခြံဝန်းကြီးက ညအမှောင်အောက်မှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ ~~~~~ ဘုန်းသိင်္ခက ပြတင်းပေါက်မှန်နောက်ကွယ်ကနေ ခြံထဲကိုခပ်စူးစူးလှမ်းကြည့်နေမိရင်း မသိမသာပြုံးလိုက်မိတယ်။ပြီးတော့ပြတင်းပေါက်က ပြန်ခွါဖို့ပြင်လိုက်ချိန်မှာပဲ ကသစ်မြိုင်စံအိမ်ကြီးဆီကို အကြည့်ရောက်သွားမိခိုက်မှာ ပြတင်းပေါက်တစ်ခုမှာ ရပ်နေတဲ့ခပ်ဝါးဝါးပုံရိပ်သဏ္ဌာန်တစ်ခုကိုတွေ့လိုက်ရတယ်။ဘုန်းသိင်္ခခန္ဓာကိုယ်ကို ဆတ်ခနဲ နောက်ကိုအမြန်ဆုတ်လိုက်ပြီး ကသစ်မြိုင်တိုက်ကြီးပေါ်က ခပ်ဝါးဝါးပုံရိပ်ကိုလှမ်းကြည့်လိုက်တယ်။ ပုံရိပ်က ပြတင်းပေါက်မှာ အတန်ကြာ ရပ်နေပြီးတော့မှာ

" ဗျာ...သခင်မလေးဘာတွေပြောနေတာလဲ ...သခင်မလေးပြောနေတာတွေကိုကျွန်တော်နားမလည်နိုင်ဘူး ....သခင်မလေးကိုကျွန်တော်ကဘာလို့လုပ်ကြံရမှာလဲ....ဘာလဲ သခင်မလေးက ...ရုပ်ရှင်တွေထဲကလို လူဆိုးဂိုဏ်ကြီးတစ်ဂိုဏ်မှာ... အရင်ကအလုပ်လုပ်ခဲ့ပြီး သစ္စာဖောက်ပြီးထွက်ပြေးခဲ့လို့်လား " " ဘာ...ဘာတွေလာပြောနေတာလဲ ...ရှင်ရူးနေတာလား ....ဘာသခင်မလေးလဲ " ဘုန်းသိင်္ခရဲ့ ခပ်ကြောင်ကြောင်စကားကြောင့် ပန်းရိပ်ဖြူဒေါသထွက်ပြီး လေသံကျယ်ကျယ်နဲ့အော်ပစ်လိုက်တယ်။ဒီအချိန်မှာပဲ သူတို့နားကိုလူတစ်ယောက်ရောက်လာခဲ့တယ်။ " ပန်းရိပ်....မှောင်နေပြီကို ဘာလုပ်နေတာလဲ .." " ကို..ကိုစိုင်းမြတ် " စိုင်းမြတ်ရဲ့အသံကြောင့် ပန်းရိပ်ဖြူကစိုင်းမြတ်ကိုမော့ကြည့်လိုက်ပြီး ပြန်နှုတ်ဆက်လိုက်တယ်။ " ဪ...ဘယ်သူများလဲလို့်....ကိုဘုန်းသိင်္ခပါလား.....စကားပြောနေကြတာလား ...ကျွန်တော်အနှောက်အယှက်များပေးမိသွားတာလား " " အို....မဟုတ်ပါဘူးကိုစိုင်းမြတ်...သူနဲ့ပန်းရိပ်ကြားမှာစကားပြောစရာကိစ္စလဲမရှိပါဘူး ....သတိပေးစရာလေးရှိလို့ ပြောနေတာပါ...ပြောလို့လဲပြီးပါပြီ " စိုင်းမြတ်ရဲ့စကားကို ပန်းရိပ်ဖြူက ကမန်းကတန်းရှင်းပြလိုက်ချိန်မှာပဲ ဘုန်းသိင်္ခက နှစ်ယောက်လုံးကိုနှုတ်မဆက်တော့ဘဲ အနားကထွက်လာခဲ့လိုက်တယ်။ ================================== အပိုင်း(၉ )ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

" ဒီမှာ သခင်မလေးရဲ့ ... ဘာတွေပြောနေတာလဲ ...ကျွန်တော်ကယဉ်ကျေးမှုအရပြုံးပြတာလေ....သခင်မလေးကိုဘာများအန္တရာယ်ပြစော်ကားမိလို့လဲ....ကျွန်တော်တို့တွေအလုပ်လုပ်ဖို့အတွက် ရပ်ဝေးမြေခြားကနေမိသားစုတွေနဲ့ခွဲပြီး တကူးတကလာခဲ့ကြရတာ...သခင်မလေးနှင်ချင်တိုင်းနှင်လို့မရဘူး..ကျွန်တော်တို့မှာအချိန်တွေအများကြီးရင်းထားရတာ...အချိန်ဆိုတာ ငွေနဲ့ပြန်ဝယ်လို့ရတဲ့အရာလဲမဟုတ်ဘူး ...သခင်မလေးစိတ်ထင်တိုင်း လာပါ.....သွားပါလုပ်လို့မရဘူးဗျ....ပြီးတော့ ကျွန်တော့်အတွက် ဒီနေ့တစ်ရက်ပဲလည်ပတ်ခွင့်ရတော့မှာ ...နောက်ရက်တွေအလုပ်ဝင်ရတော့မှာ...အဲ့ဒီတော့ ကျွန်တော့်အချိန်တွေကိုမဖြုန်းပါနဲ့တော့ဗျာ...မကျေနပ်သေးရင်ညကျမှလူကြီးစုံရာရှေ့မှာဆက်ရှင်းကြတာပေါ့ ....ကျွန်တော့်ကိုခွင့်ပြုပါအုံး " " ဘာ ....ရှင်မသွားနဲ့အုံး...မသွားနဲ့လို့ပြောနေတာမကြားဘူးလား " ပန်းရိပ်ဖြူအော်ဟစ်တားမြစ်လိုက်ပေမဲ့ ဘုန်းသိင်္ခကဆိုင်ကယ်ပေါ်တက်ကာ မောင်းထွက်သွားခဲ့တယ်။ပန်းရိပ်ဖြူမှာ နေရာမှာဒေါသဖြစ်ပြီးကျန်ခဲ့ရတော့တယ်။ ~~~~~~~~~~~~~~~~~ " သမီးပန်းရိပ်...မောင်ဘုန်းသိင်္ခနဲ့ပြဿနာဖြစ်တယ်ပေါ့ဟုတ်လား....အဲ့ဒီတော့ မောင်ဘုန်းသိင်္ခကိုကသစ်မြိုင်ကနေထွက်သွားစမ်းလို့ပြောလိုက်ပြန်ပြီမဟုတ်လား " မိခင်ကြီးရဲ့စကားကြောင့် ပန်းရိပ်ဖြူမိခင်ဖြစ်သူကို မျက်လုံးအပြူးသားနဲ့မော့ကြည့်လိုက်မိပြီး တစ်ဆက်တည်းမှာပဲ သူမနဲ့မျက်နှာချင်းဆိုင်အနေအထားနဲ့ထိုင်နေတဲ့ ဘုန်းသိင်္ခကို မု**န်းတီးစွာမော့ကြည့်လိုက်မိတယ်။ " သမီး ...မောင်ဘုန်းသိင်္ခကိုသွားမကြည့်နဲ့....အမေပြောတာကိုနားထောင်....မောင်ဘုန်းသိင်္ခတို့ကို အပန်းဖြေစခန်းလှပရေးးအတွက် အတူလက်တွဲလုပ်ဖို့ စာချုပ်ချုပ်ပြီးခေါ်ထားရတာ....သူ့ဘက်ကိုယ့်ဘက်စာချုပ်ဖောက်ဖျက်မိရင် ...လျော်ရမဲ့လျော်ကြေးငွေကို အမေ့တို့်ဘက်ကလဲလျော်ပေးနိုင်ပါတယ်...ဒါပေမဲ့ ဘာဖြစ်မလဲဆိုတော့ အမေ့တို့တွေလုပ်ငန်းနဲ့ပတ်သက်ပြီးနာမည်ဆိုးကျန်ခဲ့နိုင်တယ်ဆိုတာသိလား ....ပြီးတော့မောင်ဘုန်းသိင်္ခက...အမေတို့ရဲ့အလုပ်သမားမဟုတ်ဘူး...အပန်းဖြေစခန်းအတွက်အကူအညီတောင်းဖို့ ခေါ်ယူထားရတဲ့ပညာရှင်တစ်ယောက်ပဲ....ဒါကြောင့်သမီးမောင်ဘုန်းသိင်္ခကိုမနှောက်ယှက်ပါနဲ့ကွယ်...အမေတောင်းပန်ပါတယ်...သူကအမေတို့ဘက်ကကမ်းလှမ်းခေါ်လို့ ရန်ကုန်ကနေတကူးတကရောက်လာခဲ့တဲ့သူပါ...သမီးကိုလဲသူမသိသလို... စခန်းသာကိုလဲခုမှပထမဆုံးအကြိမ်ရောက်ဖူးတဲ့သူပါ......အလုပ်အတွက် နောက်ခြောက်ထအထိမောင်ဘုန်းသိင်္ခတို့က ကသစ်မြိုင်မှာနေရမှာမို့ ....သမီးလဲကိုယ့်ဘာသာနေပါ ...မောင်ဘုန်းသိင်္ခကိုလဲ အန်တီမြိုင်ကပဲ တောင်းပန်ပါတယ်ကွယ်....အန်တီမြိုင်သမီးကစကားအပြောအဆိုမတတ်လို့ပါ ...နောက်ကိုဒီလိုမျိုးမဖြစ်စေရပါဘူးကွယ် " ဒေါ်ပန်းမြိုင်ရဲ့တောင်းပန်စကားကြောင့် ဘုန်းသိင်္ခက ဒေါ်ပန်းမြိုင်ကိုခေါင်းငြိမ့်ပြလိုက်ပြီး " ဟုတ်ကဲ့ ရပါတယ်အန်တီမြိုင်...ကျွန်တော်စိတ်ထဲမှာမထားပါဘူး...ဘာပဲဖြစ်ဖြစ်ကျွန်တော့်ဘက်ကလဲဆင်ခြင်ပါ့မယ် ....မပန်းရိပ်ဖြူကိုလဲကျွန်တော်ကပဲတောင်းပန်ပါတယ်....." ဘုန်းသိင်္ခခပ်ပြုံးပြုံးအမူအရာနဲ့ပြောလိုက်တော့ ပန်းရိပ်ဖြူ နှုတ်ခမ်းကိုကိုက်ကာ ဘုန်းသိင်္ခကိုမော့ကြည့်လိုက်တယ်။ဒီအခါမှာ သူမကိုခပ်ပြုံးပြုံးကြည့်နေတဲ့ဘုန်းသိင်္ခရဲ့မျက်နှာကိုမြင်ပြီး ဒေါသတွေထွက်လာရပြန်တယ်။ " အဆင်ပြေသွားပြီဆိုရင်တော့ ...ကျွန်တော့်ကိုပြန်ခွင့်ပြုပါအုံး အန်တီမြိုင်...ကျွန်တော့် ဒီနေ့ စခန်းသာမြို့ရဲ့အလှအပတွေကိုလိုက်လေ့လာထားတာမို့ အရမ်းပင်ပန်းနေလို့ပါ " " ဟုတ်လား...အားနာလိုက်တာမောင်ဘုန်းသိင်္ခရယ်....နားပါ...နားပါ ...အေးအေးဆေးဆေးသွားနားလိုက်ပါ...မနက်ကျရင်လဲ ကိုးနားရီလောက်မှအလုပ်ထဲသွားကြမှာမို့.. အေးအေးဆေးဆေးမှထလို့်ရပါတယ်ကွယ် " " ဟုတ်ကဲ့ ...ကျေးဇူးပါအန်တီမြိုင် ...ကျွန်တော့်ကိုသွားခွင့်ပြုပါအုံးနော် ...သွားပါအုံးမယ်နော် မပန်းရိပ်ဖြူ " ဘုန်းသိင်္ခနှုတ်ဆက်ပြီးတော့နေရာကထလာလိုက်တယ်။ ~~~~~~~~~~~~~~~~ " ဒီမှာ ဘုန်းသိင်္ခ....ရှင်ခဏနေအုံး " ဘုန်းသိင်္ခခြံထဲက ပန်းခြံလေးထဲမှာ ခဏထိုင်နားပြိးတော့ တိုက်ပေါ်ကိုတက်ဖို့ပြင်လိုက်စဉ်မှာပဲ အသံနဲ့အတူအနားကိုလျှောက်လာတဲ့ပန်းရိပ်ဖြူကိုတွေ့လိုက်ရတာမို့ ခြေစုံကိုရပ်လိုက်ပြီး ပန်းရိပ်ဖြူကို ကြည့်လိုက်တယ်။ " ဟုတ်ကဲ့ ...ဘာများပြောချင်လို့်လဲ သခင်မလေး " " ဘာ...တောက်....ရှင်လာမရွှဲ့နဲ့...ရှင့်ကိုသတိပေးထားမလို့်လာခဲ့တာ...ကျွန်မကိုတွေ့ရင်ရှင်မပြုံးနဲ့...ကျွန်မ ရှင်ပြုံးတာကိုမုန်းတယ်...ပြီးတော့‌ ပြောထားအုံးမယ်....ရှင့်ကိုတစ်ယောက်ယောက်ကခိုင်းထားတာဆိုရင်လဲ ....ကျွန်မကဂရုမစိုက်ဘူးဆိုတာသိထားလိုက်....ပန်းရိပ်ဖြူကဘာကိုမကြောက်တတ်ဘူးသိလား ...ငါ့ကိုလုပ်ကြံဖို့ရောက်လာတာဆိုရင် ခိုးကြောင်ခိုးဝှက်နဲ့တော့ မလုပ်ကြံနဲ့တည့်တည့်ရင်ဆိုင်လို့ရတယ်နော် "

ကားဂိုထောင်ပေါက်ဆီက ဒုန်းခနဲမြည်သံကြောင့် ဘုန်းသိင်္ခဆိုင်ကယ်တွေကြားမှာရပ်နေရာက နောက်ကိုလှည့်ကြည့်လိုက်မိတယ်။ဒီအခါ တံခါးဝကနေ သူ့ကိုမျက်နှာထားတင်းတင်းနဲ့လှမ်းကြည့်နေတဲ့ မိုက်တိမိုက်ကန်းပုံစံနဲ့အမျိုးသမီးတစ်ယောက်ကိုလှမ်းတွေ့လိုက်ရတယ်။သူကြည့်နေချိန်မှာပဲ အမျိုးသမီးက သူမလက်ထဲမှာကိုင်လာတဲ့တု/*တ်နဲ့ သူ့ကိုလှမ်းချိန်ရွယ်လိုက်ပြီး အော်ဟစ်လိုက်တာကိုတွေ့လိုက်ရတယ်။ " ရှင်ဘယ်သူလဲ...သူခိုးလား....လူသ//တ်သမားလား....အောင်မောင်း....အောင်မောင်းဘယ်မှာလဲ ....ဒီမှာ ..ကားဂိုထောင်ထဲမှာသူခိုးရောက်နေတယ်....လုံခြုံရေးတွေဘာလုပ်နေကြတာလဲ " ပန်းရိပ်ဖြူအော်ဟစ်ခေါ်လိုက်တဲ့အသံကြောင့် ခြံထဲကအလုပ်သမားတွေအားလုံး ကားဂိုထောင်ဆီကိုအပြေးအလွှားရောက်ရှိလာခဲ့ကြတယ်။ " မမလေး...မမလေးဘာဖြစ်လို့လဲ " " ဘာဖြစ်လို့လဲ ဟုတ်လား...ရှင်တို့တွေ လုံခြုံရေးကိုဘယ်လိုတာဝန်ယူထားကြတာလဲ...ဟိုမှာမြင်လားရှင့်တို့ပထွေးကို ...သူခိုးက ကားဂိုထောင်ထဲရောက်နေတာတောင်ရှင်တို့မသိကြဘူးဟုတ်လား....ကျွန်မအရင်မြင်လို့ပေါ့ ...မဟုတ်ရင် ..အခုလောက်ဆိုကျွန်မ‌ေ**သနေလောက်ပြီ " ပန်းရိပ်ဖြူရဲ့စကားကြောင့် အားလုံးကဘုန်းသိင်္ခရှိရာကိုလှမ်းကြည့်လိုက်ကြပြီး မျက်လုံးတွေပြူးသွားကြတော့တယ်။ " ဟို....ဟို...မမလေး...သူ..သူက " " ဟာ.....ဖမ်းစရာရှိတာဖမ်းကြလေ...ဘာလုပ်နေကြတာလဲ ...ရှင်တို့တွေကပါ ကြံရာပါတွေလား " ပန်းရိပ်ဖြူအော်ဟစ်ပြောဆိုလိုက်ပြီးတော့ အလုပ်သမားတွေကိုပါ ထိတ်လန့်တုန့်လှုပ်စွာနဲ့ကြည့်လိုက်တယ်။ပန်းရိပ်ဖြူရဲ့သွေးမရှိတော့သလို ဖြူဖျော့သွားတဲ့မျက်နှာက်ိုမြင်လိုက်ရတော့မှ အောင်းမောင်းတစ်ယောက်ပန်းရိပ်ဖြူကိုအမြန်ဖြေရှင်းပြောပြလိုက်ရတော့တယ်။ " မဟုတ်ဘူးမမလေး...မဟုတ်ပါဘူး...သူကသူဌေးကတော်တို့ရဲ့ဧည့်သည်ပါ.....အပန်းဖြေစခန်းပြင်ဆင်ဖို့အတွက်ရောက်လာတဲ့ ဒီဇိုင်းနာတဲ့...နာမည်ကဘုန်းသိင်္ခတဲ့မမလေး ....မနေ့ကရောက်လာတာပါ....ဘွားကြေးဥလဲသိပါတယ်...." အောင်းမောင်းရဲ့စကားကိုကြားလိုက်ရတော့ ပန်းရိပ်ဖြူမယုံကြည်နိုင်သေးဘဲ ဘုန်းသိင်္ခကိုလှမ်းကြည့်လိုက်တယ်။ပြီးတော့ မသင်္ကာတဲ့စိတ်နဲ့လှမ်းမေးလိုက်တယ်။ " ရှင်ကဧည့်သည်ဆိုရင် ဧည့်သည်လိုနေပါလား...ကားဂိုထောင်ထဲမှာဘာလာလုပ်နေတာလဲ...ကျွန်မဆိုင်ကယ်တွေနားမှာ ဘာကိစ္စရပ်နေတာလဲ ...." ပန်းရိပ်ဖြူရဲ့ခပ်ကြောင်ကြောင်မေးခွန်းကြောင့် ဘုန်းသိင်္ခသူ့ပခုံးကိုတစ်ချက်တွန့်လိုက်ပြီး " ကျွန်တော် စခန်းသာမြို့ထဲလိုက်ကြည့်ချင်လို့် ...ဒီမှာရှိတဲ့ဆိုင်ကယ်တွေယူစီးလို့ရတယ်ဆိုလို့ ဆိုင်ကယ်ရွေးနေတာပါဗျာ ...ဘာမဟုတ်တာမှမကြံရပါဘူး " " တော်စမ်း....ဆိုင်ကယ်ရွေးးတာကရွေးလို့ရတယ်...ဒါပေမဲ့ ...ဒီဘက်ထဲကဆိုင်ကယ်တွေကိုထိခွင့်မရှိဘူးလို့် ...ရှင့်ကိုမမှာထားကြဘူးလား...အပန်းဖြေစခန်အတွက်လာတယ်ဆိုရင် အလွမ်းဆွတ်နဲ့တော့ဆုံပြီးလောက်ပြီပေါ့ ...သူကမမှာထားဘူးလား....." " ဪ...ပြောထားပါတယ်ဗျ....ပြောထားလို့လဲ အဲ့ဒီဘက်ကဆိုင်ကယ်တွေကိုကြည့်တောင်မကြည့်ပါဘူးအမိရယ်...ဒေါသကလဲကြီးလိုက်တာဗျာ....ဟော့ဒီမှာသေချာကြည့်ပါဗျာ... စည်းဒီဘက်ကဆိုင်ကယ်လေးကိုသဘောကျလို့ကြည့်မိတာပါ...ဒီဆိုင်ကယ်ကိုတော့စီးလိုရတယ် မဟုတ်လား " ဘုန်းသိင်္ခက ဆိုင်ကယ်တွန်းထုတ်လိုက်ရင်း ခပ်ပြုံးပြုံးမေးလိုက်တယ်။ ပြုံးစိစိမျက်နှာထားနဲ့ သူမကိုကြည့်ပြီးပြောလာတဲ့ ဘုန်းသိင်္ခကိုကြည့်ပြီး ပန်းရိပ်ဖြူ မျက်နှာတင်းခနဲဖြစ်သွားရတယ်။ '' ဘာလဲ ...ရှင်က ဘာပြုံးတာလဲ ... ဘာသဘောနဲ့ပြုံးတာလဲ ....ကျွန်မဘယ်သူလဲ ရှင်သိရဲ့လား .....ကျွန်မနာမည်ပန်းရိပ်ဖြူ ...ကသစ်မြိုင်စံအိမ်ပိုင်ရှင်သူဌေးဦးဘိုထွန်းနဲ့ဒေါ်ပန်းမြိုင်ရဲ့သမီးပဲ......ကသစ်မြိုင်ခြံထဲမှာနေမယ်ဆိုရင် ဒီလောက်တော့မှတ်ထားရမယ် ....နောက်တစ်ခါကျွန်မကို မလေးမစား ပုံစံလာမလုပ်နဲ့ " ပန်းရိပ်ဖြူက ဒေါသတကြီးနဲ့ ပြောလိုက်ပြီး ဘုန်းသိင်္ခကို ခါးထောက်ပြီးကြည့်လိုက်တယ်။ ဘုန်းသိင်္ခက မရယ်မိအောင်သတိထားလိုက်ပြီး ခေါင်းလေးကို ဆတ်ခနဲညွှတ်ပြလိုက်ပြီး "ဪ ..ဟုတ်ကဲ့ပါသခင်မလေး ... ကျွန်တော်မှတ်ထားလိုက်ပါ့မယ်ဗျာ ....နောက်ကို ဒီလို ထပ်မဖြစ်စေရပါဘူးခင်ဗျာ " ဘုန်းသိင်္ခခပ်ရွှဲ့ရွှဲ့ပြောလိုက်ရင်းနဲ့ သတိထားနေတဲ့ကြားက ပြုံးလိုက်မိတယ်။ ဘုန်းသိင်္ခရဲ့ပြုံးစစမျက်နှာထားကို ကြည့်ပြီး ဒေါသအကြီးအကျယ်ထွက်သွားသူက ပန်းရိပ်ဖြူဖြစ်တယ်။ '' ရှင် ..ရှင်ဘာသဘောနဲ့ပြုံးတာလဲ ...ကျွန်မကိုလှောင်တဲ့သဘောလား ...ဟုတ်လား .. မသွားနဲ့ ....ရှင်မသွားနဲ့အုံး ... ရှင့်ကိုအလုပ်ထုတ်ပစ်မယ် ... ရှင် ခုချက်ချင်း ကသစ်မြိုင်က ထွက်သွားစမ်း " ဘလိုင်းကြီးထသောင်းကျန်းတဲ့ ပန်းရိပ်ဖြူကို ကြည့်ပြီး ဘုန်းသိင်္ခစိတ်ညစ်သွားမိတယ်။ကားဂိုထောင်အပြင်ဘက်ကို လှမ်းကြည့်တော့လဲ အလုပ်သမားတွေအုပ်စုမရှိတော့တာမို့ စိတ်ရှုပ် ပြီးရင်း ရှုပ်သွားရတော့တယ်။

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၈) akyiphyu ********* " ထမင်းစားလို့အဆင်ပြေကြရဲ့လားကွယ်.....ဒီကဆန်ကရန်ကုန်ဆန်နဲ့သိပ်မတူလို့... ရန်ကုန်ဆန်ကိုသက်သက်ချက်ခိုင်းထားတာပါ..." ဒေါ်ပန်းမြိုင်က သန္တာအောင် နဲ့ဘုန်းသိင်္ခကိုကြည့်ပြီးမေးလိုက်တယ်။ " ဟုတ်ကဲ့ အဆင်ပြေပါတယ်အန်တီမြိုင်....သန္တာတို့စားတတ်ပါတယ်ရှင်...နောက်ရက်တွေတကူးတကကြီး ဒုကွမရှာပါနဲ့ရှင်....အားလုံးစားသလိုပဲစားပါမယ် " " ရပါတယ်ကွယ်...တကူးတကလုပ်ရတာမဟုတ်ပါဘူး ...မောင်ဘုန်းသိင်္ခလဲအေးအေးဆေးဆေးထိုင်ပါအုံး ...အိမ်သားတွေနဲ့မိတ်ဆက်ပေးချင်လို့ပါ " ဒေါ်ပန်းမြိုင်ရဲ့စကားကြောင့် ဘူန်းသိင်္ခကအခန်းထဲမှာရှိနေကြသူတွေကို တစ်ချက်ဝေ့ဝဲကြည့်လိုက်တယ်။ " အမေနဲ့အိမ်သားအားလုံးကို ဒီကဧည့်သည်နှစ်ယောက်နဲ့မိတ်ဆက်ပေးပါမယ်...သူတို့နှစ်ယောက်က ရန်ကုန်ကနေလာခဲ့ကြတဲ့... အိမ်တွင်းအလှဆင်ဒီဇိုင်းနာနှစ်ယောက်ပါ...ဒီကမိန်းကလေးနာမည်ကသန္တာအောင်ပါ...ဒီတစ်ယောက်ကတော့ မသန္တာရဲ့လက်ထောက်ဖြစ်တဲ့မောင်ဘုန်းသိင်္ခပါ....ရေတံခွန်တောင်ကြားအပန်းဖြေစခန်းကအတွက် လက်တွဲပြီး အလုပ်လုပ်ကြဖို့ခြောက်လစာချုပ်ချုပ်ထားတာပါအမေ...ပြီးတော့ တစ်လက်စတည်း ကသစ်မြိုင်မှာပါပြုပြင်မှုလေးတွေလုပ်ချင်လို့ပါ...အမေ့တိုက်ဘက်မှာရောပြုပြင်ချင်သေးလားလို့်ပါ " ချွေးမဖြစ်သူဒေါ်ပန်းမြိုင်ရဲ့စကားကြောင့် ဘွားကြေးဥကဘုန်းသိင်္ခတို့ကို ခပ်စူးစူးစိုက်ကြည့်လိုက်ပြီး " အဘွားကြီးတွေပဲနေတဲ့အိမ်ကတော့ ဘာပြုပြင်စရာရှိမှာလဲအေ...ညည်းတို့သဘောပါ ....ဒါနဲ့ငါ့မြေးကြီးရောသဘောတူရဲ့လား...သူ့အခန်းထဲကိုသူသဘောတူမှဝင်ကြနော် ...ဇွတ်မလုပ်ကြနဲ့ ...နေပါအုံးအေ...ငါ့အိမ်ကိုလဲ ငါ့မြေးကြီးကလုပ်ဆိုရင်လုပ်တာပေါ့ ....ဒါနဲ့ငါ့မြေးဘယ်မှာလဲ...အိမ်မှာမရှိဘူးလား..." ဘွားကြေးဥကမေးရင်းနဲ့သူ့မြေးကိုလှည့်ပတ်ရှာလိုက်တယ်။ " သမီးကအိပ်နေတယ်အမေ " " ဟဲ့ ...ဘာလို့ဒီအချိန်ကြီးအိပ်နေရတာလဲ ...နေမကောင်းဘူးလား...စောရီသွားမယ်...ငါ့မြေးကိုသွားကြည့်ရအောင် " ဘွားကြေးဥရဲ့အမိန့်ပေးစကားသံအဆုံးမှာ ဒေါ်စောရီက ဝှီးချဲကိုဓါတ်လှေကားရှိရာဘက်ကိုတရွေ့ရွေ့တွန်းသွားခဲ့တယ်။ဒီမြင်ကွင်းကိုကြည့်ပြီး ဦးဘိုထွန်းနဲ့ဒေါ်ပန်းမြိုင်ကပြိုင်တူလိုလိုသက်ပြင်းချလိုက်မိကြတယ်။အဖြစ်သည်းလွန်းတဲ့ မိခင်ဖြစ်သူကို သားဖြစ်တဲ့ဦးဘိုထွန်းလဲဘယ်လိုမှမတာနိုင်ဘူး။ " ဆောရီးပါ...သန္တာနဲ့ မောင်ဘုန်းသိင်္ခရေ...အန်တီမြိုင်တို့အမေကဒီလိုပဲ ...သူ့မြေးနဲ့ပတ်သက်ရင်နည်းနည်းသည်းတယ်....ခုထွက်သွားတာက ..အန်တီမြိုင့်ယောက္ခမကြီးပေါ့ ...ဒီကသမီးတို့အန်ကယ်ထွန်းရဲ့အမေပေါ့ကွယ်...အမေ့ကိုဒီကလူတွေအားလုံးကတော့ ဘွားကြေးဥလို့်ခေါ်ကြတယ်....ခေါင်းရင်းကတိုက်ပုလေးမှာနေတာ...အမေနဲ့အတူပါသွားတာကဒေါ်စောရီတဲ့ .....အမေတို့တိုက်မှာလဲထမင်းချက်နဲ့အလုပ်သမားတွေရှိသေးတယ်...သူတို့နဲ့တော့မိတ်ဆက်မပေးတော့ဘူး...ဒီကအလုပ်သမားတွေကတော့ အန်တီမြိုင်တိူ့တိုက်ကပေါ့ ...သူကတော့ မဇာယုတဲ့ ...အိမ်ကအလုပ်သမားခေါင်းဆောင်ပါ...အလုပ်သမားတွေခိုင်းလို့အဆင်မပြေတာပဲဖြစ်ဖြစ်....တစ်ခုခုစိတ်တိုင်းမကျရင် မဇာယုကိုပြောလို့ရပါတယ်....ပြီးတော့ ခြံရှေ့ဂိတ်တဲမှာ ခြံစောင့်သုံးယောက်ရှိတယ်အောင်းမောင်းဆိုတဲ့လူငယ်တစ်ယောက်လဲရှိတယ်...မောင်ဘုန်းသိင်္ခဟိုနားဒီနားလည်ပတ်ချင်ရင် အောင်မောင်းတို့ကိုမေးလို့ရတယ်...အောင်မောင်းကတော့ စခန်းသာတစ်မြို့လုံး သူမသိတဲ့နေရာမရှိဘူး...ဪ ..ပြီးတော့ မောင်ဘုန်းသိင်္ခကိုမိတ်ဆက်ပေးဖို့တစ်ယောက်ကျန်သေးတယ်...သူကမောင်ဘုန်းသိင်္ခနေတဲ့တိုက်မှာနေတဲ့သူပါ...ဟော...ပြောရင်းဆိုရင်း မောင်စိုင်းမြတ်လာပြီပဲ...မောင်စိုင်းမြတ်ရေလာပါကွယ်...မောင်စိုင်းမြတ်ကိုဧည့်သည်တွေနဲ့မိတ်ဆက်ပေးချင်လို့ခေါ်လိုက်တာပါ ....အန်တီမြိုင်တို့ကြောင့်အလုပ်ရှုပ်သွားရင်တောင်းပန်ပါတယ်ကွယ် " ဒေါ်ပန်းမြိုင်ရဲ့စကားကြောင့် ဘုန်းသိင်္ခကစိုင်းမြတ်ကိုလှမ်းကြည့်လိုက်တယ်။စိုင်းမြတ်ကလဲ ဘုန်းသိင်္ခကိုလှမ်းကြည့်လိုက်တာမို့ နှစ်ယောက်သားအကြည့်ချင်းဆုံသွားကြတယ်။ဒီအခါသွက်သွက်လက်လက်ရှိတဲ့ ဘုန်းသိင်္ခကသူ့ပင်ကိုယ်အမူအရာတိုင်း စိုင်းမြတ်ကိုပြုံးပြလိုက်တယ်။စိုင်းမြတ်ကလဲ ခပ်အေးအေးပြန်ပြုံးပြလိုက်တယ်။ " မောင်ဘုန်းသိင်္ခရေ...ဒီကမောင်ရင်က မောင်ဘုန်းသိင်္ခနေတဲ့တိုက်မှာနေတဲ့ ရှေ့နေလေးမောင်စိုင်းမြတ်ပါကွယ် ...မောင်စိုင်းမြတ်ကိုလဲမိတ်ဆက်ပေးရအုံးမယ်....ဒီကမောင်ရင်ကမောင်ဘုန်းသိင်္ခတဲ့...မောင်စိုင်းမြတ်နေတဲ့တိုက်မှာပဲ အခန်းစီစဉ်ပေးထားပါတယ်....မောင်စိုင်းမြတ်အတွက်အဆင်ပြေရဲ့လားကွယ်...ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ် " " ဟုတ်ကဲ့ ရပါတယ်အန်တီမြိုင်....အဆင်ပြေပါတယ်...တိုက်ခန်းကအကျယ်ကြီးပဲဟာ " " ကျေးဇူးပါ မောင်စိုင်းမြတ်ရေ ...." အိမ်သားတွေနဲ့မိတ်ဆက်ပေးပြီးသွားတော့ ဘုန်းသိင်္ခနဲ့စိုင်းမြတ်တို့လဲ ကသစ်မြိုင်စံအိမ်ကြီးထဲကနေထွက်လာခဲ့ကြပြီး ခြံထဲကတိုက်ပုလေးဆီကို ပြန်ခဲ့ကြတယ်။ ~~~~~~~~~~~~~~~~ " ဒုန်း "

ဘုန်းသိင်္ခရဲ့အပြုံးကြောင့် အလွမ်းဆွတ်မျက်မှောင်လေးမသိမသာကြုတ်လိုက်မိပြီး လှည့်ထွက်လာခဲ့လိုက်တယ်။ဘုန်းသိင်္ခပုံစံက ကိုစိုင်းမြတ်နဲ့လုံးဝကိုမတူဘဲ လူတစ်ယောက်ကိုစူးစူးရဲရဲစိုက်ကြည့်နေတတ်ပြီး ပြုံးနေတတ်တယ်။သေချာစဉ်းစားကြည့်ရင်သူ့ပုံစံက ဘာမှရည်ရွယ်ထားပုံမဟုတ်ပေမဲ့ အကြည့်ခံရသူဖို့က အနေရခက်လှတယ်။ပြီးတော့ ပြုံးနေတဲ့သူ့မျက်နှာကလဲ အနောက်တိုင်းရုပ်ရှင်ကားတွေထဲကပလေးဘွိုင်းတွေလိုအပြုံးမျိုးနဲ့ ပြုံးနေတာလေ။တော်ရုံမိန်ကလေးဆိုရင် ညှို့ငင်သလိုဖြစ်နေတဲ့သူ့အကြည့်တွေနဲ့ပလေးဘွိုင်းလိုအပြုံးကြောင့်အလွယ်တကူကြွေဆင်းသွားမှာသေချာတယ်။အလွမ်းဆွတ်ကတော့ နှလုံးသားထဲမှာပိုင်ရှင်ရှိပြီးသားမို့ ရင်တုန်မိရုံကလွဲလို့ဘာခံစားချက်မှကိုမရှိပါဘူး။ပြုံစစ သူ့မျက်နှာကို အလွမ်းဆွတ်တစ်ချက်ငဲ့ကြည့်လိုက်ပြီး တိုက်ထဲကပြန်ထွက်လာခဲ့လိုက်တယ်။ " မိလုံးရေ သွားရအောင် " "ဟုတ်ကဲ့ မမ " ================================== အပိုင်း(၈ )ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

" အို...ဆောရီးပါနော်သမီးရေ...သမီးတို့နေထိုင်တာအဆင်ပြေအောင်မေးရတာပါ...စိတ်မရှိပါနဲ့နော်မောင်ဘုန်းသိင်္ခ " " ဟုတ်ကဲ့...ရပါတယ်အန်တီမြိုင် " "ကဲပါ....ဒါဆိုလဲထမင်းစားပြီးနားလိုက်ကြပါအုံး ...ညနေကျမှအိမ်သားတွေနဲ့မိတ်ဆက်ပေးမယ်...အလုပ်ထဲကိုတော့သဘက်ခါမှစဝင်ကြပါကွယ် ....ဒါဆို အန်တီမြိုင်အပန်းဖြေစခန်းဘက်ကိုသွားလိုက်အုံးမယ်...ဒီနေ့တော့ လိုအပ်တာမှန်သမျှကို သမီးလွမ်းကိုပြောလိုက်ပါ...သမီးလွမ်းအားလုံးစီစဉ်ပေးပါလိမ့်မယ် " " ဟုတ်ကဲ့ပါ အန်တီမြိုင် ...ကျေးဇူးတင်ပါတယ် " ဒေါ်ပန်းမြိင်ကပြောပြီးတာနဲ့ နေရာကထသွားခဲ့တယ်။ ~~~~~~~~~~~~ " ဒါကကိုဘုန်းသိင်္ခအတွက် အခန်းပါ....ပြင်ဆင်ပေးထားတာအဆင်ပြေရဲ့လားရှင်...အဆင်မပြေတာရှိရင်ပြောပါ....ဒီအောက်ထပ်မှာ ကားဂိုထောင်ရှိပါတယ်...ကိုဘုန်းသိင်္ခကဆိုင်ကယ်စီးတတ်လား...ကားစီးစီးဆိုင်ကယ်စီးစီး ...အပြာရောင်မျဉ်းတားထားတဲ့ဘက်က ကားနဲ့ဆိုင်ကယ်တွေကလွဲလို့... ကိုဘုန်းသိင်္ခနှစ်သက်ရာကိုယူစီးလို့ရပါတယ်..." အလွမ်းဆွတ်ရှင်းပြနေရင်းက ဘုန်းသိင်္ခကိုကြည့်လိုက်မိတယ်။ဒီအခါသူမကိုစိုက်ကြည့်နေတဲ့ ဘုန်းသိင်္ခနဲ့အကြည့်ချင်းဆုံသွားတာမို့ စိတ်ထဲတုန်လှုပ်သလိုခံစားလိုက်ရတယ်။ " ဟို...ဟို...ဘာများအဆင်မပြေလို့လဲကိုဘုန်းသိင်္ခ " အလွမ်းဆွတ်တုန်တုန်ယင်ယင်နဲ့မေးလိုက်မိတယ်။ " ဪ...ရပါတယ်..အဆင်ပြေပါတယ်...ဒါနဲ့ တစ်ခုလောက်မေးချင်လို့ပါ...တကယ်လို့်များ ..ဟိုလေဗျာ အပြာရောင်မျဉ်းထဲကဆိုင်ကယ်တစ်စီးပဲဖြစ်ဖြစ်ယူစီးမိရင်ပြဿနာတက်နိုင်တာလား...ကျွန်တော်ကလဲဆိုင်ကယ်မြင်ရင်မနေနိုင်တဲ့သူဆိုတော့ ...ကိုယ်သဘောကျတဲ့ဆိုင်ကယ်မြင်ရင်ယူစီးမိမှာစိုးလို့မေးထားတာပါ ...ဒါနဲ့မ အလွမ်းဆွတ်နာမည်ကခေါ်ရတာနည်းနည်းထောက်နေလို့ခေါ်စေချင်တဲ့အသုံးအနှုန်းရှိရင်ပြောပါဗျာ ...ကျွန်တော့်ကိုလဲ မသန္တာတို့ခေါ်သလိုပဲ သိင်္ခလို့ခေါ်တာပဲဖြစ်ဖြစ်,..ကိုဘုန်းလို့ခေါ်တာပဲဖြစ်ဖြစ်အဆင်ပြေသလိုခေါ်လို့ရပါတယ် ....အားလုံးအလုပ်အတူတွဲလုပ်ရမှာဆိုတော့ ..တစ်ယောက်နဲ့တစ်ယောက်စိမ်းမနေအောင်ပါ ... " ဘုန်းသိင်္ခရဲ့ စကားကြောင့်အလွမ်းဆွတ်သက်ပြင်းလေးကိုချလိုက်မိပြီး " ဟုတ်ကဲ့ ..ကျွန်မကိုအလွမ်းလို့်ခေါ်လို့ရပါတယ် ကိုဘုန်း ...ပြီးတော့ အပြာရောင်မျဉ်းထဲကဆိုင်ကယ်တွေကို လုံးဝယူစီးလို့မရပါဘူးရှင်...အဲ့ဒီဆိုင်ကယ်တွေက ....သူဌေးရဲ့သမီးဆိုင်ကယ်တွေပါ...သူ့ဆိုင်ကယ်တွေကိုထိရင် မိုးမီးလောင်အောင်သောင်းကျန်းပါလိမ့်မယ် " " ဪ ...သူဌေးသမီးရဲ့ဆိုင်ကယ်တွေလား....သူဌေးသမီးဆိုတော့လဲ ...ဒီလောက်တော့ရှိမှာပေါ့နော်...စိတ်ချပါဗျာ...မထိနဲ့ဆိုမထိပါဘူး...ကြည့်ရုံတော့ကြည့်လို့ရတယ်မဟုတ်လား ...ရှင်းရှင်းလင်းလင်းသိရအောင်မေးထားတာပါ " ကပ်သီးကပ်သပ်မေးနေတဲ့ ဘုန်းသိင်္ခဆိုသူကို အလွမ်းဆွတ်စိတ်မရှည်နိုင်စွာကြည့်လိုက်မိတယ်။ " ဟာ...ဆောရီးပါဗျာ...ကျွန်တော်ကအလှအပဒီဇိုင်းဆင်သူဆိုတော့ ....ဘယ်နေရာမဆိုလှလှပပလေးနေရာချထားရတာကို အကျင့်ပါနေတော့,,,ဆိုင်ကယ်တွေမသေမသပ်စီထားတာမြင်ရင်...လှပသေသပ်အောင်နေရာပြန်ချမိမှာစိုးလို့်ပါ " အလွမ်းဆွတ်ဘုန်းသိင်္ခကို မျက်လုံးချင်းဆုံကာပြန်စိုက်ကြည့်လိုက်ပြီး " ဟုတ်ကဲ့ပါ ကိုဘုန်း...ဒါဆိုရင်ဖြင့် ကျွန်မကလဲသေချာလေးသတိပေးပါရစေ ...အပြာရောက်မျဉ်းထဲကဆိုင်ကယ်တွေကားတွေကိုလုံးဝလုံးဝမထိပါနဲ့....ပြီးတော့ သူဌေးရဲ့သမီးနဲ့မျက်နှာချင်းဆိုင်ဆုံတဲ့အခါမှာ ခေါင်းကိုငုံ့ထားပါ..သူ့ကိုမျက်လုံးချင်းဆုံအောင်သွားမကြည့်ပါနဲ့ ....တကယ်လို့်များသူအပြင်သွားချိန်နဲရှင်တို့အပြင်သွားချိန်တိုက်ဆိုင်နေရင် ...သူ့ကိုဦးစားပေးလိုက်ပါ ....သူထွက်သွားပြီးတာနဲ့နောက်ကလိုက်ထွက်တာမျိုးမလုပ်ပါနဲ့....အဲ့ဒါကလဲအရေးကြီးတဲ့အချက်ပါပဲ .....ပြီးတော့ ...ဒီမှာလူခေါ်ဘဲလ်ပါ....တစ်ခုခုလိုချင်တာဖြစ်ဖြစ်သိချင်တာဖြစ်ဖြစ်ရှိရင် ဘဲလ်တီးလိုက်ပါ....ဒီအပေါ်ထပ်မှာအခန်းငါးခန်းရှိပြီး ... ထောင့်ကနအစွန်းခန်းမှာနေသူတစ်ယောက်ရှိပါတယ်...ညကျရင်သူနဲ့မိတ်ဆက်ပေးပါမယ်....အိမ်သာရေချိုးခန်းကတော့ စင်္ကြန်လမ်းအတိုင်းလျှောက်သွားရင်တွေ့ပါလိမ့်မယ်...အနောက်ဘက်မှာမီးဖိုခန်းတစ်ခန်းရှိပြီး ...ရေခဲသေတ္တာထဲမှာအစားအသီးအနှံအစားသောက်တွေလဲထည့်ပေးထားပါတယ်...ကော်ဖီလက်ဖက်ရည်ကြိုက်တတ်ရင် ဖျော်သောက်ရအော့င်လဲ အားလုံးအဆင်သင့်ထားပေးထားပါတယ်...ပြီးတော့ အရက်ဘီယာသောက်တတ်ရင်လဲ အနည်းအကျဉ်းထားပေးထားပါတယ်...တစ်ခုရှိတာက ..အရက်ဘီယာသောက်ပြီးရင် ကိုယ့်အခန်းထဲမှာပဲကိုယ်ဘာသာနေပါ...တခြားသူစိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်ရပါဘူး...ဒါတွေကလောလောဆယ်လိုက်နာရမဲ့စည်းကမ်းတွေပါ ... ညနေ (၆)နာရီမှာ ညစာစားပါမယ် ... ထမင်းကို စံအိမ်ကြီးထဲမှာလာမစားချင်ရင်လဲ ဒီကိုပို့ပေးပါမယ် ..ဒါပေမဲ့ ဒီညတော ကသစ်မြိုင်မှာပဲ လာစားလိုက်ပါအုံး တခြားသူတွေနဲ့မိတ်ဆက်ပေးရမှာမို့ပါ ...ကျွန်မကိုသွားခွင့်ပြုအုံး...အေးအေးဆေးဆေးနားပါကိုဘုန်းသိင်္ခ " " ဟုတ်ကဲ့ ကောင်းပါပြီဗျာ...ခုလိုစိတ်ရှည်လက်ရှည်နဲ့ရှင်းပြပေးလို့ကျေးဇူးတင်ပါတယ်နော် အလွမ်း " အလွမ်းဆွတ်ကိုကြည့်ပြီး ဘုန်းသိင်္ခခပ်ပြုံးပြုံးအမူအရာနဲ့ပြောလိုက်တယ်။

သူ့မှာလဲတစ်ဦးတည်းသောသားလေးတစ်ယောက်ရှိနေခဲ့တာကြောင့်ဖြစ်တယ်။ဦးလှထွန်းတို့မှာ ဘွားကြေးဥရဲ့တူနဲ့တူမဆိုပေမဲ့ သူတို့နဲ့အသက်အရွယ်မတိမ်းမယိမ်းဖြစ်တဲ့ ဘွား ကြေးဥရဲ့သား ဘိုဘိုထွန်းနဲ့တော့ယှဉ်လို့မရခဲ့ဘူးပေါ့။ဦးလှထွန်းတို့မောင်နှမမှာ ဘိုဘိုထွန်းအနိုင်ကျင့်ခဲ့သမျှကိုခံခဲ့ရတာပေါ့ ။ငယ်ဘဝတွေကို ပြန်တွေးရင် ဦးလှထွန်းတို့မောင်နှမရင်နာရတာကတော့အမှန်ပါ။ဘွားကြေးဥရဲ့အောက်ခြေသိမ်းအလုပ်မှန်သမျှကို လုပ်ခဲ့ရတာကဦးလှထွန်းတို့မောင်နှမဖြစ်ပြီး အကျိုးခံစားခွင့်မှန်သမျှကိုတော့ သားဖြစ်တဲ့ ဦးဘိုထွန်းကပဲ ခံစားခွင့်ရခဲ့တာလေ။ဘွား ကြေးဥက ဦးလှထွန်းတို့မောင်နှမကို အမွေစားအမွေခံဖြစ်စာချုပ်စာတမ်းနဲ့ မွေးစားဖို့ တွန့်နေခဲ့ပေမဲ့ သားဖြစ်သူနဲ့ သဘောမတူကြည့်မရခဲ့တဲ့ချွေးမကိုတော့ ကသစ်မြိုင်စံအိမ်ကြီးနဲ့ လုပ်ငန်းတော်တော်များများကိုပါ ခွဲဝေပေခဲ့တာ။ဦးလှထွန်းအတွက်တော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကမှ ပွဲရုံအသေးလေးတစ်ခုကို အပြီးအပိုင်ပေးခဲ့တာလေ။ ပွဲရုံကလဲ သေးသေးဆိုမှ ခပ်သေးသေးပါပဲ။လက်ထဲ အရင်းအနှီးများများမရှိလို့ ကုန်ပစ္စည်းများများမလှောင်နိုင်ခဲ့ဘူး။ပြောရရင် သားဖြစ်သူထွန်းညိုမောင်ဘွဲ့ရပြီး အလုပ်ထဲဝင်လာတော့မှ ဦးလှထွန်းတို့ရဲ့ပွဲရုံလဲ လူလူသူသူဖြစ်လာခဲ့တာပေါ့။ညီမဖြစ်သူ ဒေါ်ကြာဖြူနဲ့သူ့သားကြီးကတော့ ဘွား ကြေးဥရဲ့လုပ်ငန်တွေမှာ အခုချိန်ထိလုပ်ကိုင်နေကြတုန်းပါပဲ။ ဘာပဲဖြစ်ဖြစ်သူတို့အတွက်လဲ တည်းခိုခန်းလေးတစ်ခန်းလောက်တော့ဖြစ်ဖြစ် စာချုပ်စာတမ်းနဲ့ ရသင့်နေပြီလို့ ဦးလှထွန်းတွေးနေမိတာ။မတော် ကြီးတော်ကြီးဘွားကြေးဥ ကတိမ်းကပါးဖြစ်သွားရင် ညီမဖြစ်သူမိသားစု ဒုက္ခရောက်မှာကို ဦးလှထွန်းတွေးပူနေမိတယ်။ဘ၀ဆိုတာ ပြောလို့မရဘူး မဟုတ်လား။ အခုဆိုရင် ဦးလှထွန်းတို့တွေလဲ အသက်ငါးဆယ်ကျော်လာကြပြီဖြစ်သလို ဘွားကြေးဥလဲ အသက်(၇၀)ကျော်လာခဲ့ပြီ မဟုတ်လားလေ။ ~~~~~~~~~~ ခြံရှေ့ကိုထိုးဆိုက်လာတဲ့ ကားဆီကို အလွမ်းဆွတ်လျှောက်သွားလိုက်တယ်။အလွမ်းဆွတ်ကားနားကိုရောက်ချိန်မှာ ကားတံခါးတွေပွင့်လာခဲ့ပြီး ကားထဲကနေရုပ်ရည်ချောမောတဲ့ခပ်ဟော့ဟော့ အမျိုးသားတစ်ယောက်နဲ့အလွမ်းဆွတ်တို့နဲ့သက်တူရွယ်တူလောက်ရှိမဲ့ခပ်ရိုးရိုးပုံနဲ့အမျိုးသမီးတစ်ယောက်ဆင်းလာကိုတွေ့လိုက်ရတယ်။ " မင်္ဂလာပါရှင်...ကျွန်မနာမည်အလွမ်းဆွတ်ပါရှင်...ရေတံခွန်တောင်ကြားအပန်းဖြေစခန်းကတာဝန်ရှိသူတစ်ယောက်ပါ " ဧည့်သည်တွေကို အလွမ်းဆွတ်နှုတ်ဆက်လိုက်တယ်။ " ဟုတ်ကဲ့မင်္ဂလာပါရှင်....ကျွန်မက သန္တာအောင်ပါ...." "ဟုတ်ကဲ့ ..ကျွန်တော်ကဘုန်းသိင်္ခပါ...တွေ့ရတာဝမ်းသာပါတယ် " " ဟုတ်ကဲ့အိမ်ထဲဝင်ကြပါရှင်...အိမ်ထဲမှာသူဌေးကတော်စောင့်နေပါတယ်ရှင် " ဧည့်သည်နှစ်ယောက်ကို ကသစ်မြိုင်စံအိမ်ထဲကို အလွမ်းဆွတ်ခေါ်ခဲ့လိုက်ပြီးဧည့်သည်တွေကို ဖျတ်ခနဲလှည့်အကြည့်မှာ သူမကိုစူးရှတဲ့အကြည့်တွေနဲ့ကြည့်နေတဲ့ ဘုန်းသိင်္ခဆိုသူရဲ့အကြည့်နဲ့ဆုံလိုက်ရတယ်။သူ့အကြည့်စူးစူးကြောင့် အလွမ်းဆွတ်ရင်ထဲစိမ့်ခနဲဖြစ်သွားတာမို့ မျက်လွှာကိုအမြန်ချလိုက်မိတယ်။ဒါကအလွမ်းဆွတ်ရင်ခုန်ခြင်းတော့မဟုတ်နိုင်၊အလွမ်းဆွတ်မှာ ရင်ခုန်စရာပိုင်ရှင်ရှိပြီးသားပဲမဟုတ်ပါလား ။ ~~~~~~~~~~~~ ဧည့်သည်တွေဝင်လာတာနဲ့ ဒေါ်ပန်းမြိုင်ကထိုင်နေရာကထလိုက်ပြီး ကြိုဆိုလိုက်တယ်။ " ထိုင်ကြပါကွယ်...ခရီးပန်းလာရောပေါ့ ....တစ်ခုခုအရင်စားပြီးအနားယူကြပါအုံး ....တည်းခိုဖို့အတွက်ကိုတော့ ကသစ်မြိုင်မှာပဲ တည်းဖို့စီစဉ်ပေးထားပါတယ်...ကသစ်မြိုင်ကနေအပန်းဖြေစခန်းကို ဆိုင်ကယ်နဲ့သွားရင်မကြာပါဘူး...ဆိုင်ကယ်မစီးတတ်ရင်လဲကားစီစဉ်ပေးထားပါတယ် " " ဟုတ်ကဲ့ပါ သူဌေး.....ကျေးဇူးတင်ပါတယ်ရှင်...ကျွန်မကသန္တာအောင်ပါ..." " တွေ့ရတာဝမ်းသာပါတယ်သန္တာ...အန့်တီကိုသူဌေးလို့်မခေါ်ပါနဲ့ကွယ်...ဒီကအလုပ်သမားတွေခေါ်သလိုအန်တီမြိုင်လို့ပဲခေါ်ပါကွယ် ...ဒီကမောင်ရင်လေးနာမည်ကိုလဲပြောပါအုံး " ဒေါ်ပန်းမြိုင်ကအပြုံးချိုချိုနဲ့နှုတ်ဆက်လိုက်ပြီးဘုန်းသိင်္ခကိုခပ်စူးစူးစိုက်ကြည့်လိုက်တယ်။ " ဟုတ်ကဲ့ ကျွန်တော်ကဘုန်းသိင်္ခပါ...မသန္တာရဲ့ လက်ထောက်ပါ အန်တီမြိုင်" ခပ်သွက်သွက်ပုံဟန်ရှိတဲ့ ဘုန်းသိင်္ခကို ဒေါ်ပန်းမြိုင်စူးခနဲတစ်ချက်ကြည့်လိုက်မိပြီး " တွေ့ရတာဝမ်းသာပါတယ် မောင်ဘုန်းသိင်္ခ....ဒါနဲ့အန်တီကပွင့်ပွင့်လင်းလင်းပဲပြောတတ်တော့ ...ပွင့်ပွင့်လင်းလင်းပဲမေးပါရစေ...ဟိုလေ...သန္တာနဲ့မောင်ဘုန်းသိင်္ခကချစ်သူတွေများလား...ဒီလိုမေးလိုက်လို့စိတ်မရှိကြပါနဲ့နော်...နှစ်ယောက်အတွက်အခန်းစီစဉ်ပေးထားတာအဆင်မပြေမှာစိုးလို့မေးတာပါ....မိန်းကလေးအတွက်ကို ကသစ်မြိုင်စံအိမ်ထဲမှာအခန်းစီစဉ်ပေးထားပြီး ...ယောကျ်ားလေးအတွက်ကတော့ လွတ်လွတ်လပ်လပ်နေလို့ရအောင် ....ခြံထဲကတိုက်မှာစီစဉ်ပေးထားလို့ပါ....တကယ်လို့်အဆင်မပြေရင် ပြန်ပြီးစီစဉ်ပေးပါ့မယ် " ဒေါ်ပန်းမြိုင်ရဲ့စကားကြောင့်သန္တာအောင်က ရှက်ဝဲဝဲပြုံးလိုက်ပြီး " စီစဉ်ထားတဲ့အတိုင်းပဲရပါတယ်အန်တီမြိုင်....သန္တာနဲ့သိင်္ခကမောင်နှမဝမ်းကွဲတွေပါရှင် "

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၇) akyiphyu ********* "သမီး ...သမီးပန်းရိပ်...နေ့ခင်းကြောင်တောင်ကြီးဘာတွေယောင်အော်နေတာလဲ " " အမယ်လေး " ရုတ်တရက်လက်ကိုဆွဲကိုင်လှုပ်ယမ်းခံလိုက်ရတာကြောင့် ပန်းရိပ်ဖြူအလန့်တကြားအော်ဟစ်လိုက်မိပြီး ထထိုင်လိုက်မိတယ်။ဒီအခါမှ သူမကိုလှုပ်နှိုးနေသူက မိခင်ဖြစ်သူမှန်းသိလိုက်ရတာမို့ ထိတ်လန့်တုန်လှုပ်နေတဲ့စိတ်တွေပြေလျော့သွားရတယ်။ " ဘယ်လိုလဲသမီး...နေ့ခင်းကြီးအိပ်ပျော်နေပြီး ...အိပ်မက်ဆိုးတွေမက်နေပြန်ပြီလား " " ဟုတ်..ဟုတ်..မဟုတ်ပါဘူးအမေ...အမေကရုတ်တရက်လာနှိုးလိုက်တော့ ပန်းရိပ်လန့်သွားလို့ပါ..." " အမေ့ကြောင့် လန့်သွားတယ်ဆိုရင် အမေတောင်ပန်းပါတယ်နော်...သမီးအခန်းကိုအမေသော့လာဖွင့်ပေးတာပါ....အခုချိန်ကစပြီးသမီးရဲ့အခန်းကို အမေတို့သော့လုံးဝမခတ်တော့ပါဘူး ...ဒါပေမဲ့တစ်ခုတော့ရှိတယ်နော်သမီး ...အပြင်ကိုသွားမယ်ဆိုရင်တော့ အဖော်ခေါ်သွားရမယ်...ရေတံခွန်တောင်ကြားကိုသွားချင်တယ်ဆိုရင်လဲ အမေတို့ကိုယ်တိုင်လိုက်ပို့ပေးမယ်....ဒါတွေအားလုံးက သမီးရဲ့ကျန်းမားရေနဲ့သမီးဘေးကင်းဖို့အတွက်လုပ်နေတယ်ဆိုတာကို သမီးသိတယ်မဟုတ်လား ..." " ဟုတ်...ဟုတ်ကဲ့ပါအမေ " အနည်းငယ်ပြောင်းလဲချင်နေတဲ့ သမီးဖြစ်သူရဲ့ပုံစံကို ဒေါ်ပန်းမြိုင်သတိထားလိုက်မိတာမို့ သမီးဖြစ်သူကိုသေချစူးစိုက်ကြည့်လိုက်မိတယ်။ " အမေ...ဘာ..ဘာဖြစ်လို့လဲဟင်..." ပန်းရိပ်ဖြူက မိခင်ကြီးရဲ့အကြည့်တွေကြောင့်မလုံမလဲနဲ့ပြန်မေးလိုက်မိတယ်။ "အင်း..ဘာမှမဟုတ်ပါဘူးကွယ်...အမေ့သမီးက ဒီလိုအေးအေးဆေးဆေးဖြစ်နေတော့ အံ့ဩမိတာကြောင့်ရယ်....ပျော်တာကြောင့်ရယ်ကြည့်မိတာပါကွယ် " မိခင်ကြီးရဲ့စကားကြောင့် ပန်းရိပ်ဖြူသက်ပြင်းခိုးရှိုက်လိုက်မိပြီး အံလေးကို မသိမသာကြိတ်ထားလိုက်မိတယ်။ ~~~~~~~~ " ပန်းရိပ်ဖြူတော့... ပြဿနာအကြီးအကျယ်ဖြစ်တယ်တဲ့ ..အဲ့ဒီသတင်းကိုမင်းကြားသေးလားထွန်းညို" ဖခင်ဖြစ်သူရဲ့အမေးကြောင့် ထွန်းညိုမောင်ခေါင်းကိုငြိမ့်ပြလိုက်ပြီး " ကြားတယ်အဖေ...ဆေးသမားနှစ်ကောင်က သူ့ဆီကငွေလုတာကိုမကျေနပ်လို့ ...နောက်ရက်ဆိုင်ကယ်နဲ့သွားတိုက်တယ်ဆိုလား ...ဒါပေမဲ့ ဆိုင်ကယ်ချင်းတိုက်မိတယ်ဆိုပြီး အမှုကိုသိမ်းလိုက်တယ်တဲ့...ဟိုဘက်ကောင် အတော်လေးခံလိုက်ရပေမဲ့ ငွေတွေဘယ်လောက်ရလိုက်လို့်လဲ မသိဘူး ....သက်ဆိုင်ရာကစစ်တော့ ဆိုင်ကယ်ချင်းတိုက်တာဆိုပြီးထွက်ဆိုတယ်လေ... ပြီးတော့လဲ ဘာဖြစ်တယ်တော့မသိဘူး ..အဲ့ဒီကောင်ပဲ ပြန်စစ်ဆေးခံနေရတယ်တဲ့. " " အင်း...အဲ့ဒီကောင်မလေးကြောင့် ...မင်းတို့်အဘွားလဲရှိသမျှစည်းစိမ်ပြုတ်မဲ့ကိန်းပဲ ...စိတ်ကျန်းမာရေးမကောင်းဘူးဆိုရင်လဲ .... အခန်းထဲပိတ်ထားတာဖြစ်ဖြစ်...ဆေးရုံမှာထားတာပဲဖြစ်ဖြစ်လုပ်ရမှာပေါ့ ...ဒီတိုင်းထားနေရင် ကြာရင်ပြဿနာအကြီးကြိးတက်လိမ့်မယ် " " အဖေရာ ...ဦးလေးထွန်းတို့က ဘယ်လိုအဲ့ဒီလိုအဖြစ်ခံမလဲ....ပန်းရိပ်ဖြူ(၂၆ )နှစ်ပြည့်မှ ရေတံခွန်တောင်ဘက်ကမြေတွေကို အမွေဆက်ခံခွင့်လွှဲပြောင်းစာချုပ်ကိုရမှာလေ...အခုအပန်းဖြေစခန်းဆောက်နေတဲ့နေရာက ...ဦးလေးထွန်းတို့အပိုင်ဆိုလို့ အမှုဖြစ်ထားတဲ့နေရာတစ်ဝိုက်ပဲရှိတာမဟုတ်လား " ထွန်းညိုမောင်က သူသိသမျှကို ဖခင်ဖြစ်သူကိုပြောပြလိုက်တယ်။ " အင်း....ဒေါ်နှင်းမြိုင်လဲ အံ့ဩစရာပဲ ...အမွေကိုသမီးဖြစ်သူကို မပေးဘဲ ...မြေးကိုပေးသွားရတယ်လို့်.... " " ဒါကတော့ အကြောင်းရှိမှာပေါ့ ကိုလှထွန်းရယ်...ကြည့်ရတာ သမက်ကိုမယုံတာလား...သမီးကိုမယုံတာလားပဲ..ပြီးတော့ဒေါ်နှင်းမြိုင်ရဲ့ညီမကလဲ မြေတွေကိုလိုချင်နေပုံရတယ် ....အသက်ကြီးမှ စခန်းသာကိုပြောင်းလာတာကြည့်ပါလား " အနားကိုရောက်လာပြီး ဝင်ပြောလိုက်တဲ့ ဇနီးဖြစ်သူကြောင့် ဦးလှထွန်းကခေါင်းကိုခါယမ်းလိုက်ပြိး " အင်း....ငါလဲမမှန်းတတ်ပါဘူးကွာ ....ငါတို့ကြီးတော်လဲ ဘယ်လိုစီမံထားလဲမသိဘူး ...ငါကတော့ရသင့်ရထိုက်သလောက်ရထားပြီးပြီမို့ ကျေနပ်ပါပြီ...ငါတို့သားမှာလဲ ကိုယ်ပိုင်လုပ်ငန်းရှိနေပြီဆိုတော့ ဘာမှမလိုချင်တော့ပါဘူး...အသက်တွေလဲကြီးနေပြီမို့ အေးအေးဆေးဆေးပဲနေချင်တော့တယ်...ဒါပေမဲ့ကြာဖြူကကျေနပ်ပါ့မလားမသိဘူး....ဘာပဲဖြစ်ဖြစ်ကြီးကြီး ကားမတော်မဆဖြစ်တုန်းကလဲ ကြာဖြူကပဲအနီးကပ်ပြုစုပေးခဲ့ရတာလေ ...ကြာဖြူတို့ကိုလဲ နည်းနည်းပါးပါးပေးသင့်သေးတယ်ထင်တယ်....အခုကခြံနဲ့တိုက်ပဲရတာလေ ...လုပ်ငန်းရယ်လို့လဲ ခွဲမပေးထားထားဘူး ....ပြီးတော့ကြာဖြူမှာက သားသမီးနှစ်ယောက်တောင်ရှိတာ ...ဒီအိမ်နဲ့ခြံကို ဘယ်လိုအမွေခွဲကြမလဲ " ဦးလှထွန်းက သူ့အတွက်မပူဘဲ တစ်ဖက်ခြံမှာနေတဲ့ ညီမဖြစ်သူအတွက် တွေးပြီးပြောလိုက်တယ်။ဦးလှထွန်းတို့မောင်နှမနှစ်ယောက်လုံး ငယ်စဉ်ကတည်းက မိဘတွေဆုံးသွားကြတာကြောင့် ဦးလှထွန်းတို့ကို ကြီးတော်ဖြစ်တဲ့ဘွားကြေးဥကပဲ မွေးစားခဲ့တာ။ဒါပေမဲ့အမွေစားအမွေခံအနေနဲ့တော့မွေးစားခဲ့တာမဟုတ်ဘူးပေါ့။ဘွားကြေးဥရဲ့ ယောက်ျားကမျိုးရိုးစဉ်ဆက်ချမ်းသာလာခဲ့တော့ ဘွားကြေးဥကသိပ်ပြီးချမ်းသာလာခဲ့တာ။ငွေကြေးချမ်းသာသလာက် မောက်မာလှတဲ့ ဘွားကြေးဥက တူနဲ့တူမဖြစ်တဲ့ ဦးလှထွန်းတို့မောင်နှမကိုကြည့်ရှုစောင့်ရှောက်ပေးခဲ့တယ်။အမွေးစားအမွေခံအဖြစ်မမွေးခဲ့ဘူးဆိုတာကတော့

စိုင်းမြတ်ရဲ့အမေးကြောင့် ပန်းရိပ်ဖြူတွေဝေသွားရပြန်တယ်။ဆွေးမျိုးသားချင်းတွေကိုတောင် ယုံကြည်လို့မရတဲ့အနေအထားမှာ စိုင်းမြတ်လိုအပြောကောာင်းလှတဲ့ ရှေ့နေတစ်ယောက်ကိုယုံကြည်ဖို့ဆိုတာ ပန်းရိပ်ဖြူအတွက်တော့ အတော်ကြီးကိုခက်ခဲတဲ့ကိစ္စပဲမဟုတ်လား။ " ဟုတ်ပြီလေ...ဒီနေ့အဖို့တော့ ကျွန်တော်မှာပြောစရာမရှိတော့ပါဘူး...ပန်းရိပ်လဲအေးအေးဆေးဆေးစဉ်းစားပါ...ဖြစ်နိုင်ရင်တော့ ....ပန်းရိပ် ဒီလိုမျိုးအခန်းပိတ်ခံရတာမျိုးကို ကျွန်တော်မမြင်ချင်တော့ဘူး ...နောက်ထပ်ဒီလိုထပ်မဖြစ်အောင် ကျွန်တော်ကြိုးစားပေးချင်တယ်.." သူမမျက်လုံးတွေကိုတည့်တည့်စိုက်ကြည့်ပြိးပြောလာတဲ့ စိုင်းမြတ်ရဲ့အကြည့်တွေကြောင့် ပန်းရိပ်ဖြူရင်တွေဆတ်ခနဲတုန်သွားရတယ်။ဆယ်ကျော်သက်အရွယ်အထိ အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့သူမအတွက် ဆယ်ကျော်သက်အရွယ်ရင်ခုန်သံဆိုတာ ဘာမှန်းကိုမသိခဲ့တာအမှန်။စာသင်တော့လဲ အိမ်မှာဆရာမခေါ်သင်ခဲ့ရတာ။အဲ့ဒီတုန်းကလဲ စာလာသင်တဲ့ဆရာမက သူမကိုဉာဏ်ရည်မမှီတဲ့သူလို့ ပဲထင်ခဲ့တာလေ။အမေတို့ရဲ့စိုးရိမ်ပူပန်မှုတွေအောက်မှာ ပန်းရိပ်ဖြူဘဝက လှောင်ချိုင့်ထဲကငှက်ကလေးလိုနေခဲ့ရတာလေ။သူမကိုစူးစိုက်ပြီးကြည့်နေတဲ့ စိုင်းမြတ်ရဲ့အကြည့်တွေကို ပန်းရိပ်ဖြူရင်မဆိုင်ရဲတော့တာမို့ အကြည့်တွေကိုဆတ်ခနဲလွှဲလိုက်မိတယ်။ " ကျွန်တော်သွားတော့မယ်နော် ပန်းရိပ် " " ဟုတ်...ဟုတ်ကဲ့ " ကျားရိုင်းမလေးအသွင်ကနေ ငြိမ်ကျသွားတဲ့ပန်းရိပ်ဖြူကို စိုင်းမြတ်ခပ်ငေးငေးကြည့်လိုက်မိတယ်။ပိန်ပိန်သွယ်သွယ်ဆံပင်ရှည်ရှည်နဲ့သူမပုံစံက မြင်လိုက်တာနဲ့ထင်းခနဲပေါ်လွင်နေတဲ့ပုံစံမျိုးလို့ပဲပြောရမလား။မိတ်ကပ်ဘာညာပြင်ဆင်ချယ်သလေ့မရှိတဲ့ ပင်ကိုယ်မျက်နှာဖြူဖြူဝင်းဝင်းလေးက ညှို့ယူနိုင်စွမ်းရှိတဲ့အလှမျိုးမဟုတ်ပေမဲ့ မြင်လိုက်ရတဲ့သူရဲ့ ရင်ကိုအေးချမ်းသွးစေမဲ့အလှမျိုး။ဒါပေမဲ့ ခက်တာကအဲ့ဒီအေးချမ်းတဲ့မျက်နှာက အချိန်ပြည့်ဒေါသတွေထွက်နေခဲ့တာလေ။ပန်းရိပ်ဖြူကို စိုင်းမြတ်သတိလက်လွတ်နဲ့ငေးစိုက်ကြည့်နေမိတုန်ူးမှာပဲ ပန်းရိပ်ဖြူကလဲ စိုင်းမြတ်ကိုဖျတ်ခနဲမော့ကြည့်လာခဲ့တယ်။ ပန်းရိပ်ဖြူခေါင်းမော့ကြည့်လိုက်ချိန်မှာ စိုင်းမြတ်နဲ့အကြည့်ချင်းဆုံသွားမိတာမို့ ရှက်သွားမိပြီး မျက်နှာကိုကမန်းကတန်းလွှဲဖယ်လိုက်မိတယ်။ဒိအခါခပ်စောစောကနှစ်ယောက်သား ဖက်ရက်သားနဲ့လုံးထွေးလဲကျခဲ့တာကိုပါပြန်တွေးလိုက်မိပြီး အတော်လေးရှက်သွားမိတယ်။ " ကျွန်တော်သွားတော့မယ်နော် ပန်းရိပ် " " ဟုတ်ကဲ့ " စိုင်းမြတ်ရဲ့နှုတ်ဆက်သံကို ပန်းရိပ်ဖြူအလိုက်သင့်ပြန်ဖြေလိုက်ရင်း ခေါင်းကိုမသိမသာငုံ့ထားလိုက်မိတယ်။ ~~~~~~~~~~~~~ ပြေး....ပြေးတော့...အမြန်ပြေးတော့လေ...အမြန်ထပြေး..မီးတွေလောင်နေပြီ " " အား...ပူတယ်,,ပူတယ် ...ကြောက်တယ် " ပူပြင်းလွန်းတဲ့မီးရှိန်တွေကြောင့် သူမပြေးမိပြေးရာဇွတ်ထွက်ပြေးလာခဲ့တယ်။လူတွေ။လူဆိုးကြီးတွေ သူမနောက်ကနေ အတင်းပြေးလိုက်လာကြတယ်။ ================================== အပိုင်း(၇)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ အမာခံစာဖတ်သူတွေကလွဲလို့ အားပေးသူတွေ နည်းသွားတယ် မန့်တွေလဲနည်းသွားတယ် ဇာတ်လမ်းမကြိုက်ကြလို့လားရှင် ဒါမှမဟုတ် လိုင်းမရကြတာလားရှင် A Kyi လဲ Wifi အသစ်ချိန်းထားတာလိုင်းကမရလို့ စိတ်ညစ်နေရတယ်

ဆိုဖာခုံမှာခြေချိတ်ထိုင်လိုက်ပြီး လေသံမာမာနဲ့ပြောလိုက်တဲ့ ပန်းရိပ်ဖြူကို စိုင်းမြတ်တစ်ချက်စိုက်ကြည့်လိုက်တယ်။ပန်းရိပ်ဖြူပုံစက မြင်မြင်သမျှလူတိုင်းကို သံသယမျက်လုံးတွေနဲ့ပဲကြည့်တတ်တာ။ဒီထဲကမှ စိုင်းမြတ်ကသူ့အဘွားရဲ့လူယုံဖြစ်နေလို့် စကားပြောဆိုခြင်းရှိနေတယ်လို့်ပဲပြောရမလား။ဒါတောင် ယုံကြည်လို့ပြောနေတာမဟုတ်ဘဲ သူမရှုပ်သမျှကိစ္စတိုင်းကို လ်ိုက်ရှင်းပေးနေလို့ ခေါ်ပြောဆက်ဆံနေတာလဲဖြစ်တယ်။ " ပန်းရိပ် ....ကျွန်တော့်ကို ယုံတာမယုံတာကိုလဲ ကျွန်တော်ဂရုမစိုက်ဘူး...ကျွန်တော်ကကျွန်တော့်အလုပ်...ကျွန်တော့်တာဝန်ကျေအောင်လုပ်တယ်...အဲ့ဒီအတွက်ထိုက်တန်တဲ့လခငွေကြေးလဲရတယ်လေ....ကဲပါ ...ထားလိုက်ပါ...ကျွန်တော်လဲစကားအပိုတွေမပြောချင်တော့ဘူး ...အရေးကြီးတာကိုပဲပြောမယ် " စိုင်းမြတ်ကပြောရင်းနဲ့ လက်ဆွဲအိတ်ထဲကဖိုင်တစ်ချိုု့ကိုဆွဲထုတ်လိုက်တယ်။ " ဒီမှာ...ပန်းရိပ်ကိုနှောက်ယှက်ခဲ့တဲ့နှစ်ယောက်...တစ်ယောက်ကတော့ဆေးရုံမှာပေါ့....တစ်ယောက်ကစခန်းသာကမဟုတ်ဘူး...ဘယ်သူမှန်းမသိလို့စုံစမ်းခိုင်းထားတယ်...ဆေးရုံကကောင်ကိုမေးတော့လဲ ရေရေရာရာမပြောနိုင်ဘူး...အဝေးပြေးကားဂိတ်နားကတည်းခိုခန်းမှာတည်းတာတဲ့...သွားကြည့်တော့မရှိတော့ဘူး ...လစ်သွားပြီ....ပန်းရိပ်လိုသွာတာက ဖြစ်ဖြစ်ချင်းညနေကတည်းက တိုင်လိုက်ရမှာ...ဒါဆိုရင်ဖမ်းလို့်ရနိုင်သေးတယ်...ဆေးရုံကကောင်က ဆေးသုံးထားလို့ဘာမှမသိဘူး...ငွေပေးမယ်ဆိုလို့်ခိုင်းတဲ့အတိုင်း လိုက်လုပ်တာလို့ပြောတယ်....ရှင်းရှင်းပြောရရင်ပန်းရိပ်မှန်းမသိလို့်လုပ်ခဲ့တာ ....အဓိကလူက ပြေးသွားတဲ့လူပဲ ...သူဘယ်လိုပုံစံလဲဆိုတာကို သေချာပြောပြပါ..." " ဒါဆိုရင် ...သူတို့ ကျွန်မကိုလုပ်ကြံတယ်ဆိုတာတော့သေချာတာပေါ့ ဟုတ်လား " " လုပ်ကြံတာလား...သူဌေးသမီးမှန်းသိလို့် ငွေညှစ်ချင်လို့လားဆိုတာကတော့... ပြေးသွားတဲ့သူကပဲပိုသိလိမ့်မယ်..." " တောက်...အဲ့ဒီလိုမှန်းသိရင်....အဲ့ဒီနေ့က ....အဲ့ဒီကေင်ကိုပဲ ဆိုင်ကယ်နဲ့ရအောင်လိုက်တို**က်ပစ်လိုက်ပါတယ် " " ပန်းရိပ်ဖြူ ...စကားတွေကိုအဲ့ဒီလိုလက်လွတ်စပယ်မပြောနဲ့ကွ...မင်းဒီလိုတွေဇွတ်တရွတ်လိုက်လုပ်နေမယ်ဆိုရင် ...မင်းအတွက်မကောင်းဘူးနော်...ဘာမဆိုစဉ်းစားပြီးမှလုပ်ပါ...မင်းဒီလိုတွေဆက်လုပ်နေမယ်ဆိုရင် ..ကြာရင်မင်းရဲ့မိသားစုကပါ မင်းကိုကြောက်လာလိမ့်မယ်...အဲ့ဒီလိုဆိုရင်မင်းအတွက်မကောင်းဘူး...တော်ကြာနေ သူတို့်တွေ မင်းကိုဆေးရုံမှာပို့ထားလိမ့်မယ် " စိုင်းမြတ်ရဲ့စကားကြောင့် ပန်းရိပ်ဖြူဆိုဖာပေါ်ကနေဝုန်းခနဲထရပ်လိုက်မိတယ်။ " ဘာပြောလိုက်တယ်...ရှင်ဘာပြောလိုက်တာလဲ..ရှင်ပြောတာက ....အဘွားတို့က ...ကျွန်မကိုစိတ်လွတ်နေတယ်လို့ထင်နေတာလား ဟုတ်လား.." " ဟေ့ အဲ့ဒီလောက်အထိ အဓိပ္ပါယ်မသက််ရောက်ဘူးလေ...နောက်ဆက်တွဲဖြစ်လာနိုင်တာကိုပြောတာ...ကျွန်တာ်ပြောမယ်...ပန်းရိပ်ဖြစ်ချင်တာတွေကို အလောတကြီးမလုပ်နဲ့ပြောတာ...လူတစ်ယောက်ကိုမယုံကြည်ဘူးဆိုရင်... မယုံဘူးလို့.ပေါ်တင်သွားပြောလို့မရဘူး....ကိုယ်စိတ်ထဲကယုံကြည်နေတာတွေ ...ထင်မြင်နေတာတွေကို စိတ်ထဲမှာမျိုသိပ်ထားပြီး သတိနဲ့နေရမှာ....ဒေါသကိုရှေ့တန်းတင်ပြီး ဆုံးဖြတ်လိုက်ရင် အမှန်ကနေအမှားဖြစ်သွားမယ်..လူတစ်ယောက်ကိုမယုံကြည်ဘူးဆိုရင် ...အဲ့ဒီလူကိုကိုယ့်ဘက်ကနေ တိတ်တဆိတ်စောင့်ကြည့်နေရမှာ..သူ့ကိုပေါ်တင်သွားတိုက်ခိုက်ရမှာမဟုတ်ဘူး ..." စိုင်းမြတ်ရဲ့စကားတွေကြောင့် ပန်းရိပ်ဖြူတွေဝေသွားမိတယ်။ "ကဲပါလေ...နောက်ထပ်မေးခွန်းတစ်ခုထပ်မေးမယ်...အခုပန်းရိပ်ဖြစ်နေတဲ့ပြဿနာက...ပန်းရိပ်ကို လုပ်ကြံနေတဲ့သူတွေရှိတယ်လို့်...ပန်းရိပ်ကယုံကြည်နေတယ်...ဒါပေမဲ့ ဒါကိုအဘွားကလဲမယုံနိုင်ဖြစ်နေသလ်ု...အန်ကယ်ထွန်းနဲ့အန်တီမြိုင်ကလဲ ကသစ်မြိုင်မှာရော...စခန်းသာမှာပါ ပန်းရိပ်အတွက်အန္တရာယ်တစ်စုံတစ်ရာမရှိဘူးလို့ယုံကြည်ထားကြတယ် ..ဟုတ်တယ်မဟုတ်လား " စိုင်းမြတ်ရဲ့စကားကို ပန်းရိပ်ဖြူအလောတကြီးနဲ့ခေါင်းငြိမ့်ပြလိုက်မိတယ်။ " ဟုတ်တယ်...ကျွန်မပြောတာကိုဘယ်သူမှလက်မခံကြဘူး....မယုံကြဘူး ....ကျွန်မကတော့ ...ကျွန်မကို‌ေ**သစေချင်တဲ့သူတစ်ယောက်သို့မဟုတ်တစ်ယောက်ထက်လဲပိုနိုင်တယ်...အဲ့ဒီလူကကသစ်မြိုင်စံအိမ်ကြီးပတ်ဝန်းကျင်မှာပဲ ရှိနေတယ်လို့ယုံကြည်တယ်...." " ဟုတ်ပြီလေ...အဲ့ဒါဆိုရင် ....ပန်းရိပ်ယုံကြည်ထင်မြင်နေတာ....မှန်မမှန်ကိုတိတ်တဆိတ်စုံစမ်းပြီး မိသားစုတွေကိုသက်သေပြရမှာပေါ့...ပြီးတော့ လုပ်ကြံတဲ့သူလက်ကနေလွတ်မြောက်အောင်လဲ...ပန်းရိပ်ကြိုးစားရမှာပေါ့ ..ဒါပေမဲ့ အခုလိုမျိုးစိတ်လိုက်မာန်ပါတွေလုပ်ပြီး တဇွတ်ထိုးလိုက်လုပ်နေလို့တော့မရဘူး..." " ဒါ...ဒါဆိုရင် ...ကျွန်မဘယ်လိုလုပ်ရမှာလဲ..ကျွန်မပြောတာတွေကို...အဘွားပဲဖြစ်ဖြစ်ယုံအောင် ...ကျွန်မဘယ်လိုလုပ်ရမလဲ " ပန်းရိပ်ဖြူအလောတကြီးနဲ့မေးလိုက်မိတယ်။ " ဟုတ်ပြီလေ..အားလုံးယုံကြည်လက်ခံလာမဲ့နည်းကို ကျွန်တော်ပြောပြရင်ရော ပန်းရိပ်ကလက်ခံမှာလား...လိုက်နာနိုင်မှာလား...ကျွန်တော့်ကိုရောယုံကြည်မှုရှိရဲ့လား "

" လွှတ်စမ်း...ကျွန်မကိုလွှတ်...ရှင်လဲသူတို့နဲ့ကြံရာပါပဲမဟုတ်လား " " မင်းတော်တော့ပန်းရိပ်ဖြူ...မင်းထင်ရာကိုဇွတ်ပြောမနေနဲ့...အခုချိန်မှာ မင်းအတွက်ဒီလိုနေတာကအသင့်တော်ဆုံးပဲမို့ ဒီတိုင်းနေခိုင်းထားတာပေါ့...မင်းကျူးလွန်ထားတာ လူတစ်ယောက်‌ေ*/သသွားနိုင်တဲ့ပြစ်မှုကွ.....သူ့ခန္ဓာကိုယ်ကအကောင်းပကတိအတိုင်းမဟုတ်တော့ဘူးမင်းသိရဲ့လား ...အဲ့ဒီအတွက် သူဌေးလဲငွေတွေအများကြီးလျော်လိုက်ရတယ် ...အားလုံးကမင်းထောင်မကျဖို့ ...မင်းကောင်းဖို့အတွက်ပဲလုပ်ပေးနေကြတာ ...မင်းကအပြစ်လုပ်ထားပြီးတော့ ....လိုတိုင်းတရနေတဲ့ အခန်းထဲမှာနေရတာကိုနာတယ်ထင်နေတာလား " ပန်းရိပ်ဖြူကသူမကိုအတင်းချုပ်နှောင်ထိန်းဖက်ထားတဲ့ စိုင်းမြတ်ကိုတွန်းထုတ်ပစ်လိုက်ပြီး " ရှင့်ကို ...ကျွန်မပြောပြီးပြီနော်...ကျွန်မအပြစ်ခံရမှာကိုမကြောက်ဘူး...ကျွန်မကိုသက်ဆိုင်ရာကိုအပ်လိုက်စမ်းပါ....ကျွန်မရူးနေတာမဟုတ်ဘူး...အဲ့ဒီကောင်တွေကအရင် ...ကျွန်မကိုလုပ်ကြံခဲ့တာလို့် ရှင့်ကိုဘယ်နှစ်ခါပြောရမလဲ.." " သူတို့ မင်းကိုလုပ်ကြံတယ်ဆိုရင်လဲ...မင်းဘက်ကသက်ဆိုင်ရာကိုတိုင်ဖို့လုပ်ခဲ့လားပြော..သက်ဆိုင်ရာကိုမတိုင်တာထားပါအုံး...တစ်ယောက်ကိုရောပြောပြခဲ့လား...မင်းစိတ်ကြိုက်ဆုံးဖြတ်ပြီး ..သူတို့်ကိုလက်စားချေ အပြစ်ပေးဖို့ကြိုးစားခဲ့တာမဟုတ်လား..မင်းမှတ်ထား...မင်းရဲ့မဆင်မခြင်လုပ်ရပ်တွေကြောင့်ပဲ.... မင်းကတရားလိုကနေတရားခံဖြစ်သွားခဲ့ရတာ..ဘယ်အရာမဆိုစဉ်းစားတွေးတောပါလို့ ...မင်းကိုပြောနေတာဘယ်နှစ်ခါရှိနေပြီလဲ ..အခုတော့မင်းအပြစ်နဲ့ မင်း ...ဒီအခန်းထဲမှာနေလိုက်ပါအုံး ..သိပ်မကြာခင်မှာ ဒီအခန်းထဲကထွက်ခွင့်ရမှာပါ " စိုင်းမြတ်ရဲ့စကားအဆုံးမှာ ပန်းရိပ်ဖြူက စိုင်းမြတ်ဖမ်းချုပ်ထားတဲ့လက်ကနေအတင်းရုန်းထွက်လိုက်ပြီး အခန်းပေါက်ဆီကိုပြေးထွက်သွားလိုက်တယ်။ " ဟာ...ဟေ့...ဟေ့ ...ပန်းရိပ်မပြေးနဲ့..." စိုင်းမြတ်မှာအလန့်တကြားအော်လိုက်ပြီး ပန်းရိပ်ဖြူကို အတင်းပြေးဆွဲလိုက်တယ်။ " အမေ့ " " ဝုန်း " စိုင်းမြတ်ကအားနဲ့လှမ်းဆွဲလိုက်တာကြောင့် ပန်းရိပ်ဖြူရောစိုင်းမြတ်ပါ တံခါးပေါက်ဝနားမှာ နှစ်ယောက်သားထွေးလုံးပြီးလဲကျသွားတော့တယ်။ " ရှင်...ရှင်...ဘာလုပ်တာလဲ ...ဖယ်နော်..ဖယ်စမ်း" သူမကိုယ်ကိုနောက်ကျောကနေသိုင်းဖက်သလိုဖြစ်နေတဲ့ စိုင်းမြတ်ကိုအတင်းဆောင့်တွန်းပြီး ပန်းရိပ်ဖြူကုန်းထဖို့လုပ်လိုက်တယ်။ဒီအချိန်မှာပဲ တံခါးဝကိုလူတစ်ယောက်ရောက်ရှိလာခဲ့တယ်။တံခါးဝမှာလာရပ်သူကို ပန်းရိပ်ဖြူနဲ့စိုင်းမြတ်အလန့်တကြားနဲ့မော့ကြည့်လိုက်မိကြတယ်။ မျက်စိရှေ့ကမြင်ကွင်ကိုကြည့်ပြီး အလွမ်းဆွတ်ကြောင်အကာရပ်နေမိတယ်။သူမကိုမြင်မှအတင်းလူချင်းခွါဖို့ ကြိုးစားနေကြတဲ့ နှစ်ယောက်ကိုကြည့်ပြီး အလွမ်းဆွတ်ရင်ထဲမှာ လှိုက်ခနဲဝမ်းနည်းသွားမိတယ်။ " ဟို...ဟို ...ဆော...ဆောရီး ...အမေပန်းမြိုင်ကမုန့်ပို့ခိုင်းလိုက်လို့ပါ " ပြောပြီးတာနဲ့ အလွမ်းဆွတ်လက်ထဲကမုန့်ဗန်းကို စားပွဲခုံပေါ်အမြန်သွားတင်လိုက်ပြီး အခန်းထဲကထွက်သွားဖို့ပြင်လိုက်တယ်။ဒီအချိန်အထိ တင်းတင်းဖက်ထားကြတဲ့နှစ်ယောက်သားကြောင့် အလွမ်းဆွတ်မျက်ရည်ပါကျချင်လာမိတယ်။ " အလွမ်းဆွတ်. ..အမေတို့က ....ငါ့ကိုအပြင်မထွက်ခိုင်းသေးဘူးတဲ့လား...ဘာလို့် နင်ပဲငါ့အခန်းထဲကိုလာနေရတာလဲ..." ပန်းရိပ်ဖြူရဲ့စကားသံကြောင့် အလွမ်းဆွတ်ကိုယ်လေးတွန့်ခနဲဖြစ်သွားရပြီး " အမေပန်းမြိုင်က.... နင့်ကိုမြင်ရင်စိတ်မကောင်းဖြစ်လို့မလာတာတဲ့...ပြီး....ပြီးတော့ နင်တို့စားဖို့အတွက်မုန့်လာပို့ခိုင်းလို့ငါလာပို့ပေးတာပါ " " အေး...ငါလိုချင်တာမုန့်မဟုတ်ဘူး ....ငါဘယ်တော့အပြင်ထွက်ရမလဲဆိုတာကိုပဲ သိချင်တယ် ....ငါ့အမေကိုသွားမေးပေး " ပန်းရိပ်ဖြူရဲ့စကားကြောင့် အလွမ်ဆွက်ခေါင်းကိုဆတ်ခနဲငြိမ့်ပြလိုက်ပြီး အခန်းထဲကထွက်သွားဖို့ခြေလှမ်းပြင်လိုက်တယ်။ " ဪ...ဒါနဲ့...ငါဘယ်တော့အပြင်ထွက်လို့ရမလဲ မေးခိုင်းတာနော်...ငါ့ကိုအမြဲအခန်းပိတ်ထားဖို့ပြောခိုင်းတာမဟုတ်ဘူးကြားရဲ့လား ....နင်ဖြစ်စေချင်တာတွေသွားပြောမနေနဲ့ ...ကိုယ့်နေရာကိုယ်သိပါ....ငါတို့သားအမိကြားမှာ ဝင်မမွှေနဲ့ကြားလား " ပန်းရိပ်ဖြူရဲ့စကားတွေကြောင့် အလွမ်းဆွတ်တစ်ကိုယ်လုံးအသားတွေတဆတ်ဆတ်တုန်လာတဲ့အထိရှက်ရွံ့သွားမိတယ်။ကိုယ်စိတ်ဝင်စားနေမိတဲ့သူရှေ့မှာ ခပ်နှိမ်နှိမ်အပြောခံလိုက်ရတာဆိုတော့ရင်ထဲပိုနာကျင်သွားမိတယ်။အလွမ်းဆွတ်နေရာကနေ ခပ်မြန်မြန်လှည့်ထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~ အလွမ်းဆွတ်တံခါးပြန်ပိတ်သွားတာကိုကြည့်ပြီး ပန်းရိပ်ဖြူတောက်တစ်ခေါက်လိုက်မိကာ " ကဲ ...ကျွန်မကိုလွှတ်ပါတော့ ...ရှင်သွားဆိုလဲသွားချင်စိတ်မရှိတော့ဘူး " ပန်းရိပ်ဖြူရဲ့ စကားကြောင့် စိုင်းမြတ်ကပန်းရိပ်ဖြူကိုချုပ်ဖမ်းထားတဲ့လက်တွေကိုလွှတ်ပေးလိုက်ပြီး "ပန်းရိပ်နဲ့စကားပြောချင်လို့. ကျွန်တော်လာခဲ့တာပါပန်းရိပ် " " ဘာပြောမှာလဲ...အလိမ်အညာစကားတွေ...နှစ်သိမ့်စကားတွေတော့ လာမပြောနဲ့ ...ရှင့်ဘာသာဘာကောင်ကြီးဖြစ်နေနေကျွန်မဂရုမစိုက်ဘူးနော်....ရှင့်ကိုတော့ယုံကြည်နေတယ်လို့ မထင်လိုက်နဲ့..."

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၆) akyiphyu ********* " ပြေး ...ပြေးတော့ ..နင်ဘာလုပ်နေတာလဲအလွမ်းဆွတ်..." မပီမပြင်သံနဲ့လှမ်းအော်လိုက်တဲ့အသံကြောင့် အလွမ်းဆွတ်နောက်ကိုလှည့်မကြည့်တောဘဲ အားကုန်ပြေးထွက်ခဲ့တယ်။သူမကိုအော်ဟစ်ပြောလိုက်သူက ပန်းရိပ်ဖြူလား၊သစ်ခက်လားဆိုတာကို အလွမ်းဆွတ်မကွဲပြားနိုင်တော့။ကြောက်စရာလူဆိုးကြီးတွေရဲ့လက်ကလွတ်မြောက်အောင်ပြေးဖို့ပဲတွေးပြီးအားကုန်ပြေးထွက်လာခဲ့မိတယ်။ " အမေပန်းမြိုင်...အမေပန်းမြိုင်...သမီးကြောက်တယ်...သမီးကြောက်တယ်..." လရောင်ဝိုးတဝါးအောက်မှာပြေးမိပြေးရာဇွတ်ပြေးလာခဲ့ရင်း လဲကျသွားတာလဲအခါခါ။လဲကျရင် အတင်းကုန်းကုန်းထပြီး လရောင်မှုန်မှုန်အောက်မှာ မရပ်မနားဆက်ပြေးနေခဲ့တယ်။ " အား " ပြေးနေရင်းက ကုန်းလျောတစ်ခုကနေ တလိမ့်ခေါက်ကွေးပြုတ်ကျသွားတာမို့ အလွမ်းဆွတ်ကြောက်လန့်တကြားနဲ့အော်ဟစ်လိုက်မိတယ်။ "အား " နာကျင်မောပန်းလွန်းတာကြောင့် အလွမ်းဆွတ်ဖျတ်ခနဲ သတိဝင်လာခဲ့မိတယ်။ဒီအခါမှပဲ အလွမ်းဆွတ်အိပ်မက်မက်နေမှန်းသတိရလိုက်မိတယ်။အိပ်မက်ဆိုပေမဲ့ အလွမ်းဆွတ်တစ်ကိုယ်လုံးဇောချွေးတွေပြန်က လူကအတော်လေးမောပန်းနေခဲ့တယ်။အလွမ်းးဆွတ်အသက်ကိုခပ်ပြင်းပြင်းရှူသွင်းရှူထုတ်လိုက်ပြီး အိပ်ရာပေါ်ကလူးလဲထထိုင်လိုက်တယ်။အခုလပိုင်းထဲမှာ ငယ်ငယ်ကအကြောင်းတွေကို အလွမ်းဆွတ်မကြာခဏအိပ်မက်လိုပြန်မက်နေခဲ့မိတာ။စိတ်ထဲမေ့ဖျောက်ထားချင်ခဲ့တဲ့ အကြောင်းတွေကိုအိပ်မက်အဖြစ်ပြန်မက်နေရတာမို့ အလွမ်းဆွတ်အရမ်းကိုပင်ပန်းမိတယ်။ဖြစ်ပွားခဲ့တဲ့အမှုဖြစ်စဉ်မှာ အလွမ်းဆွတ်တစ်ယောက်တည်း ဒဏ်ရာကြီးကြီးမားမားမရခဲ့ဘဲ ကသစ်မြိုင်စံအိမ်ကို အန္တရာယ်ကင်းကင်းနဲ့ပြန်ရောက်လာခဲ့တာလေ။ကျန်ခဲ့တဲ့သူတွေက ‌ေသသူတွေ ‌‌ေသသွားကြပြီ အသက်ရှင်ရက်လွတ်မြောက်ခဲ့ကြတဲ့ ဒေါ်ပန်းမြိုင်နဲ့ပန်းရိပ်ဖြူလဲ ပြည်ပထိသွားပြီးဆေးကုသမှုခံယူခဲ့ရတယ်။အားလုံးထဲမှာ အလွမ်းဆွတ်တစ်ယောက်ပဲ ကံကောင်းခဲ့ရတာလေ။ " ရှပ်...ရှပ် ...ရှပ် " အလွမ်းဆွတ်အတိတ်ဆီကို အတွေးရောက်သွားမိနေစဉ်မှာပဲ အခန်းပြင်က ခြေသံတိုးဖွဖွကိုကြားလိုက်ရတာမို့ မျက်လုံးတွေပြူကျယ်သွားရတယ်။ညနက်သန်းခေါင်ကြီးဘယ်သူများလဲလို့တွေးရင်း တံခါးနားကိုလျှောက်သွားလိုက်တယ်။ တံခါးကိုခပ်ဖြည်းဖြည်းတွန်းဖွင့်ကြိည့်လိုက်တော့လဲ ခြေသံလဲမကြားရတော့သလို စင်္ကြလမ်းတစ်လျှောက်လုံးကလဲ ရှင်လင်းတိတ်ထိတ်နေခဲ့တယ်။အလွမ်းဆွတ်အံ့ဩသွားမိပြီး ခပ်ကြောင်ကြောင်ရပ်နေမိတယ်။ " ထောက်...ပတောက်...ပတောက် " " အမေ့ " ရုတ်တရက်ဆိုသလို သူမနောက်ကျောဆီကထွက်ပေါ်လာတဲ့တတောက်တောက်မြည်သံကြောင့် အလွမ်းဆွတ်တစ်ကိုယ်လုံးကြက်သီးဖြန်းဖြန်းထကာ အခန်းထဲကိုအထိတ်တလန့်နဲ့လှည့်ကြည့်လိုက်မိတယ်။ " အမယ်လေး " ဒီအခါ ညအိပ်မီးရောင်နဲ့ မြင်လိုက်ရတာက အခန်းထောင့်တစ်နေရာမှာမလှုပ်မယှက်ရှိနေတဲ့ အရိပ်မည်းကြီးတစ်ခု။မြင်ကွင်းကိုကြည့်ပြီး အလွမ်းဆွတ်တစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားရတယ်။ကြောက်လန့်တကြားနဲ့အော်ဟစ်လိုက်ပေမဲ့ အသံကထွက်မလာခဲ့။လူကနတ်ပူးနေသလို တစ်ကိုယ်လုံးတုန်တုန်ယင်ယင်ဖြစ်ကာ မီးခလုတ်ကို အမြန်ပြေးဖွင့်လိုက်မိတယ်။ "ချောက် " မီးရောင်လင်းထိန်သွားတဲ့အခန်းထဲမှာ သူမကလွဲလို့ ဘာဆိုဘာမှရှိမနေခဲ့ပါ။စောစောက အရိပ်မည်းကြီးရှိနေတဲ့နေရာမှာ တဖျပ်ဖျပ်လှုပ်ရှားနေတဲ့ ပြတင်းလိုက်ကာစကိုသာတွေ့လိုက်ရတယ်။အလွမ်းဆွတ်တစ်ကိုယ်လုံး ကြက်သီးတွေထကာ ပြတင်းပေါက်နားကို မရဲတရဲ လျှောက်သွားလိုက်မိတယ်။ဒီအခါပြတင်းတစ်ချပ်က ပွင့်နေခဲ့ပြီး လိုက်ကာစကလေ့အဝှေ့မှ တဖျပ်ဖျပ်လှုပ်ရှားယိမ်းနွဲ့နေခဲ့တာလေ။ညတုန်းက ပြတင်းပေါက်မှန်ချပ်တွေအကုန်လုံးကို ပိတ်ခဲ့တယ်လို့ပဲ အလွမ်းဆွတ်ထင်နေမိတယ်။ပြတင်းမှန်ချပ်ကို ပြန်ပိတ်လိုက်ပြီး ခုတင်ဆီကိုပြန်လျှောက်လာခဲ့မိတယ်။သူမတစ်သက်လုံးနေလာခဲ့တဲ့အိမ်မှာ အခုလိုမျိုးတစ်ခါမှမကြုံခဲ့ဖူး။ ကသစ်မြိုင်စံအိမ်မှာ ပန်းရိပ်ဖြူတစ်ယောက်ကလွဲလို့ အားလုံးက အေးအေးဆေးဆေးဖြတ်သန်းခဲ့ကြတာပဲလေ။အလွမ်းဆွတ်ခုတင်ပေါ်ပြန်ထိုင်ချလိုက်ပြီး ရေတစ်ခွက်ကိုငှဲ့သောက်လိုက်တယ်။ရေငှဲ့နေချိန်မှာ လက်တွေက တဆတ်ဆတ်တုန်နေခဲ့တယ်။ရေသောက်ပြီးတာနဲ့ အလွမ်းဆွတ် စိတ်ထဲကနေ မြတ်စွာဘုရားကို အာရုံပြုကန်တော့လိုက်ပြီး ဘုရားဂုဏ်တော်တွေကို ရွတ်ဖတ်ပူဇော်လိုက်ရတယ်။ ~~~~~~ " ဒုန်း " "ခွမ်း " စိုင်းမြတ်အခန်းထဲကိုဝင်ဝင်ချင်းမှာပဲ သူရှိရာတည့်တည့်ကို ဝဲပျံလာတဲ့ အလှပန်းအိုးကို မနည်းရှောင်တိမ်းလိုက်ရတယ်။ " မင်း...မင်း...ဘယ်လိုလုပ်လိုက်တာလဲပန်းရိပ်ဖြူ " " ရှင့်ပါးစပ်ကိုပိတ်ထားလိုက်စမ်းပါကိုစိုင်းမြတ်...ရှင်ကလူလိမ်ပဲ....ရှင်ဘာတွေပြောခဲ့လို့ ...ဒီအခန်းထဲမှာ ကျွန်မအပိတ်ခံထားရတာလဲ ပြောစမ်းပါအုံး...ဘာလဲဟိုကောင်က‌ေ**သသွားလို့လား " ပန်းရိပ်ဖြူကစိုင်းမြတ်ကိုအော်ဟစ်မေးလိုက်ရင်း သူမနဲ့မလှမ်းမကမ်းမှာရှိနေတဲ့ သစ်သားပန်းပုရုပ်ကိုလှမ်းယူလိုက်တာမို့ စိုင်းမြတ်ကပန်းရိပ်ဖြူရဲ့လက်ကိုဖမ်းဆွဲလိုက်ပြီး ပန်းရိပ်ဖြူကိုအတင်းချုပ်ဖက်ထားလိုက်တယ်။

စာဖတ်ခ 1000Ks ပေးသွင်းဖို့ရန်အခြေအနေအခက်အခဲရှိပါကလဲ Free ဖတ်ရှုလို့ရပါတယ်ရှင် စ/ဆုံး ဖတ်ရှုပြီးမှလဲ စာဖတ်ခကိုပေးသွင်းလို့လဲရပါတယ်ရှင် .... စာဖတ်သူများကို မေတ္တာရပ်ခံချင်တာက စာဖတ်ခ 1000 Ks ပေးသွင်းနိုင်သူများအနေဖြင့်စာဖတ်ခပေးသွင်းပေးပါရန်နှင့် အခန်းဆက်ဝတ္ထုမှာလဲရေးသားထားပြီးသော ဝတ္ထုမဟုတ်ပါဘူးရှင် .. နေ့စဉ်ရေးသားပြီးတစ်ပိုင်းစီတင်ပေးသွားမှာဖြစ်ပါတယ်... စာဖတ်ခကို KPay (or) Wave နဲ့ ပေးသွင်းလို့ရပါတယ် A Kyi phyu မှာ Paid group မရှိပါဘူးနော် ငွေအများကြီးပေးလဲ စ/ဆုံး ပေးဖတ်စရာမရှိပါဘူးရှင် တစ်နေ့တစ်ပိုင်းပဲ ရေးပြီး ရေးပြီးတာနဲ့တင်တာပါ စာဖတ်ခ 1000 ကျပ်ကိုလဲ စ/ဆုံး ဖတ်ပြီးမှ ဇာတ်လမ်းကြိုက်မှလဲ ချီးမြှင့်လို့ရပါတယ် ငွေပို့ထားတဲ့ ss ပြပြီး စ/ဆုံး Link လာတောင်းရင် A Kyi မျက်နှာပူလို့ပါရှင် ပေးသွင်းရမည့် အကောင့်များမှာ KPay 09773745413 Lai Lai Win Wave 09773745413 Lae Lae Win ဖြစ်ပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင် #AKyiPhyu #ဧကြည်ဖြူ

)နှစ်ပြည့်မှာအမေ ...ကျွန်တော်တို့ဂရုစိုက်ရလိမ့်မယ် " သားဖြစ်သူရဲ့စကားတွေကိုနားထောင်ပြီး ဘွားကြေးဥသက်ပြင်းကိုအခါခါချကာ မှိုင်တွေနေမိတယ်။ဒီမြေးတစ်ယောက်ကိုကာကွယ်ဖို့အတွက် ဘွားကြေးဥဘာကိုမဆိုလုပ်ဖို့ဝန်မလေးခဲ့ဘူး။သို့ပေမဲ့ မြေးမလေးခံစားနေရတဲ့စိတ်ဝေဒနာကိုတော့ပျောက်ကင်းအောင်ဘွားကြေးဥမစွမ်းဆောင်ပေးနိုင်ခဲ့ဘူး။ရေတံခွန်တောင်ကြားမှာအမှုဖြစ်ပြီး ရှစ်နှစ်ကျော်ကျော်လုံးစိတ်ကျန်းမာရေးကုသမှုခံယူခဲ့ရတဲ့မြေးလေး။သူမကိုးနှစ်အရွယ်ကနေ စခန်းသာမြို့ကထွက်သွားခဲ့ရပြီး ဆယ့်ရှစ်နှစ်ပြည့်ပြီးတော့မှ စခန်းသာမြို့လေးကိုပြန်လာခဲ့ရရှာတာ။စခန်းသာကိုပြန်ရောက်လာခဲ့ပေမဲ့ မြေးဖြစ်သူရဲ့စိတ်အခြေအနေကမတည်ငြိမ်သေးတာမို့ ကသစ်မြိုင်စံအိမ်ကြီးမှာပဲ အစောင့်အရှောက်နဲ့ထားခဲ့ရတာ။ပြောရမယ်ဆိုရင် အသက်နှစ်ဆယ်ကျော်ပြီးတော့မှ စိတ်အခြေအနေပုံမှန်လိုဖြစ်လာခဲ့တဲ့မြေးဖြစ်သူကို ဘွားကြေးဥမှာအသနားပိုပြီး ချစ်ခဲ့ရတာ။ငယ်ဘဝတစ်လျှောက်လုံးဆေးရုံပေါ်မှာပဲ ရှိနေခဲ့ရတဲ့မြေးမလေးကို အစွမ်းကုန်အလိုလိုက်ထားခဲ့မိတာအမှားတဲ့လား။ဘွားကြေးဥမှာ ရစ်ဝဲလာတဲ့မျက်ရည်တွေကို မျက်တောင်နဲ့ပုတ်ခတ်ထုတ်လိုက်ပြီး အံကိုတင်းတင်းကြိတ်ထားလိုက်တယ်။ ~~~~~~~~~~~~~~ " တံခါးဖွင့်နော်...ခုချက်ချင်းဖွင့်ပေး ..အမေတံခါးဖွင့်ပေးနော်...အဘွားရေ...အဘွား " တံခါးကိုအပြင်ကနေသော့ပိတ်သွားတာကြောင့် ပန်းရိပ်ဖြူ အော်ဟစ်လိုက်တယ်။ပန်းရိပ်ဖြူဘယ်လောက်အော်အော် အခန်းတံခါးကတော့တုတ်တုတ်မှမလှုပ်ဘဲရှိတယ်။ဘေးနားကရှိသမျှပစ္စည်းတွေက်ို ပန်းရိပ်ဖြူစိတ်ရှိလက်ဲရှိပေါက်ခွဲပစ်လိုက်တယ်။ ~~~~~~~~~~~~~ " ပန်းရိပ်...နင်အဆင်ပြေလား...နင်လိုချင်တာရှိရင် ငါ့ကိုပြောလေ..." အလွမ်းဆွတ်ကချောင်းကြည့်ပေါက်ကနေ ပန်းရိပ်ဖြူကိုချောင်းကြည့်လိုက်ပြီး လှမ်းမေးလိုက်တယ်။ "အဘွားကိုခေါ်ပေး...အဘွားဘာလို့မလာတာလဲ " ပန်းရိပ်ဖြူမျက်နှာထားတင်းတင်းနဲ့ အလွမ်းဆွတ်ကိုလှမ်းမေးလိုက်တယ်။ " အဘွားနေမကောင်းလို့မလာတာ ပန်းရိပ်.....နင်လိုချင်တာမှန်သမျှကို လုပ်ပေးဖို့အဘွားကမှာထားပါတယ်...ဒါပေမဲ့ အခန်းထဲကတော့ထွက်လို့မရဘူး ...အဘွားကို နင်ဘာပြောချင်လို့်လဲ ငါသွားပြောပေးမယ် " " ဘာ...နင်ကငါ့အဘွားကိုပါ အပိုင်သိမ်းလိုက်ပြီလားအလွမ်းဆွတ် ....နင့်ကို ...ငါ့အဘွားနားကိုမကပ်ဖို့ဘယ်နှစ်ခါပြောထားရမလဲ...နင့်ကိုလဲငါမယုံဘူး ..နင်လဲငါ့အမွေတွေကိုလိုချင်လို့ ငါ့ကိုလုပ်ကြံချင်နေတာမဟုတ်လား...နင့်အကြံကိုငါသိတယ်နော်...နင်ကငါ့ကိုမနာလိုဖြစ်ပြီး ....ငါ့ဘဝကိုအားကျနေတာမဟုတ်လား....နင်မြဲမြဲမှတ်ထားအလွမ်းဆွတ်...ရေတံခွန်တောင်ကြားအပန်းဖြေစခန်းရဲ့ အရှင်သခင်မကပန်းရိပ်ဖြူဆိုတဲ့ ငါပဲ...အလွမ်းဆွတ်ဆိုတဲ့နင်က ရေတံခွန်တောင်ကြားရဲ့အလုပ်သမားဆိုတာကိုမမေ့နဲ့....ပြီးတော့ ငါ့အဘွားနားကိုနင်မကပ်နဲ့ကြားလား " ပန်းရိပ်ဖြူရဲ့ခက်ထန်ကြမ်းတမ်းလှတဲ့စကားတွေကြောင့် အလွမ်းဆွတ်အံလေးကိုတင်းတင်းကြိတ်လိုက်ပြီး " နင်...ငါ့ကိုအဲ့ဒီလောက်ထိပြောစရာမလိုဘူးပန်းရိပ်...နင်နဲ့ငါကညီမဝမ်းကွဲတွေပါ....နင့်ကိုမနာလိုစရာအကြောင်းလဲမရှိဘူး ....ငါ့အတွက်တော့နင်တို့ကငါ့ကျေးဇူးရှင်တွေပါ...ငါ့အတွက်စိတ်ချမ်းသာမှုပဲလိုအပ်တာ....နင့်ရဲ့စည်းစိမ်ချမ်းသာတွေကိုလဲ ငါမမက်ဘူး...နင်အရမ်းပြောင်းလဲသွားတယ်ပန်းရိပ်...နင်ကငယ်ငယ်ကနဲ့လုံးဝကိုမတူတော့ဘူး ...နင့်ကငါ့ကိုမယုံသင်္ကာဖြစ်နေသလိုပဲ...ငါလဲနင့်ကိုမယုံသင်္ကာဖြစ်ချင်လာပြီ " " ဘာ...နင်ဘာပြောလိုက်တယ်အလွမ်းဆွတ်....နင်ဘာပြောလိုက်တာလဲ " အလွမ်းဆွတ်ကပြောပြီးတာနဲ့ ပြန်လှည့်ထွက်သွားတာကြောင့် ပန်းရိပ်ဖြူအော်ဟစ်မေးလိုက်တယ်။သို့ပေမဲ့ အလွမ်းဆွတ်ကတော့ ပန်းရိပ်ဖြူကိုလုံးဝကိုလှည့်မကြည့်တော့ဘဲ ထွက်သွားခဲ့တယ်။ပန်းရိပ်ဖြူစိတ်တိုဒေါသထွက်ပြီး အခန်းထဲမှာကျန်ခဲ့ရတယ်။ ~~~~~~~~~~ "ပန်းရိပ်သနားပါတယ် အမေပန်းမြိင်ရယ် ....အခန်းတံခါးပဲဖြစ်ဖြစ် ဖွင့်ပေးထားလိုက်ပြီး ...ခြံထဲကမထွက်ဖို့ပဲ လုပ်ထားရင် မရဘူးလား " အလွမ်းဆွတ်ရဲ့ စကားကြောင့် ဒေါ်ပန်းမြိုင်က ခေါင်းကိုခါယမ်းလိုက်ပြီး ''သူ့ကိုသနားလို့မရဘူး သမီး...ဒီတိုင်း သူ့စိတ်ကြိုက်လိုက်နေရင် ပိုပြီးဆိုးသွားလိမ့်မယ် ....သူ့ကိုအခန်းထဲမှ ပိတ်ထားတယ်ဆိုပေမဲ့ ....နန်းဆောင်တစ်ခုလို ကျယ်ဝန်းတဲ့အခန်းထဲမှာလိုအပ်တာမှန်သမျှတောင်းဆိုလို့ရနေတာပါ သမီးရယ် ... သူ့ကို ဒီအတိုင်းလွှတ်ထားပေးလိုက်ရင် ... သူ့ဘဝပျက်စီးသွားလိမ့်မယ် ... သမီးက အပန်းဖြေစခန်းအတွက်ပဲ စဉ်းစားပါ ....." " ဟုတ်ကဲ့ပါ အမေပန်းမြိုင် " ကြီးတော်ဖြစ်သူဒေါ်ပန်းမြိုင်ရဲ့စကားကြောင့် အလွမ်းဆွတ်ခေါင်းငြိမ့်ပြကာ နှုတ်ဆိတ်နေလိုက်တယ်။ ================================== အပိုင်း(၆)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ " မင်္ဂလာပါ " စာချစ်သူများရှင် #စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု) ကိုစာဖတ်ခ 1000 Ksပေးသွင်းပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။