803
订阅者
+424 小时
+167 天
+4630 天
帖子存档
နှုတ်ကမရဲဖြစ်နေခဲ့မိတယ်။နောက်ဆုံးမှာတော့ လက်ထပ်ကြဖို့ကိုမြရွက်ဝါဘက်ကပဲအရဲစွန့်ပြောဖို့ဆုံးဖြတ်လိုက်မိတယ်။ဒီလိုစဉ်းစားမိလိုက်တော့လဲ ရင်ထဲမှာရှက်သလိုဝမ်းနည်းသလိုအားငယ်သလိုခံစားနေရပြန်တယ်။နောက်ထပ်စိုးရိမ်နေမိတာတစ်ခုက ချစ်သူကသူမကိုတကယ်မချစ်ပါဘဲနဲ့ တာဝန်ကြောင့်ခေါင်းငြိမ့်လက်ခံလိုက်ရတာမျိုးဖြစ်သွားမှာကိုလဲကြောက်နေမိတယ်။ဒီလိုဝေခွဲမရတဲ့စိတ်တွေနဲ့မြရွက်ဝါ လွတ်လွတ်လပ်လပ်မပျော်နိုင်ခဲ့တာကြာပါပြီ။ခေတ်နောက်ပြန်ဆွဲတယ်လို့ပဲပြောပြော ချစ်စိတ်ကြောင့်မှားသွားခဲ့မိတဲ့တစ်ညတာအမှားအတွက် မြရွက်ဝါတစ်ရက်မှစိတ်အေးလက်အေးမရှိခဲ့ရဘူး။ထစ်ခုခုဖြစ်သွားရင်ဆိုတဲ့အတွေးတွေခေါင်းထဲကိုဝင်ရောက်လာခဲ့မိတိုင်း မတော်တဆအမှားအယွင်းတွေများဖြစ်ခဲ့ရင် ဘယ်လိုလုပ်ရမလဲလို့ပဲ နေ့နေ့ညညတွေးနေခဲ့မိတော့တယ်။ဒီကြားထဲ ပန်းနုထွေးတို့မထိတထိပြောနေတဲ့ ဟန်လင်းသန့်ရဲသတင်းတွေကလဲ ဘာတွေမှန်းမသိတော့ဘူး။ကြာတော့ အဘွားကခေါ်ရင်တောင် ကြီးကြီးတို့အခန်းကိုသွားရမှာကို မြရွက်ဝါ ကြောက်နေမိတယ်။မြရွက်ဝါသွားပြီးဆိုရင် သားအမိတွေဘာတွေပြောနေမှန်းကိုမသိတော့တာ။မနာလိုမှုကအဲ့ဒီလောက်ထိကြောက်ဖို့ကောင်းလိမ့်မယ်လို့ မြရွက်ဝါမထင်ခဲ့မိတာ။အခုတော့ သားအမိတွေက မြရွက်ဝါရဲ့စိတ်ဓါတ်ကိုအမျိုးမျိုးကိုတိုက်ခိုက်နေကြတော့တာလေ။
~~~~~~~~~~~
"မြရွက်တို့ ဘယ်တော့ လက်ထပ်ကြမှာလဲ ကိုလင်း "
မြရွက်ဂါရဲ့စကားကြောင့် ဟန်လင်းသန့်ဆတ်ခနဲ တုန်သွားပြီး ခပ်ဖွဖွဆုပ်ကိုင်ထားခဲ့တဲ့ မြရွက်ဝါရဲ့ လက်ဖဝါးလေးကို ခပ်တင်းတင်းဖျစ်ညှစ်လိုက်မိတယ်။ဒီစကားက သူ့ဘ၀မှာ ကြောက်ရွံ့ခဲ့သောစကားမဟုတ်လား။
" လက်...လက်ထပ်ကြဖို့ ဟုတ်လား ..... ဘာ...ဘာလို့လဲ ...ဘာလို့ အဲ့ဒီလောက်မြန်မြန်ကြီးလဲ ..... ကိုယ်တို့တွေ ဒီတိုင်းလွတ်လွတ်လပ်လပ်တွေ့လို့ရနေတာပဲလေ ...ကိုယ်လဲမြရွက်ကိုချစ်တယ် ...မြရွက်လဲ ကိုယ့်ကိုချစ်တယ်လေ ... ချစ်သူတွေအဖြစ် လွတ်လွတ်လပ်လပ်နေလို့ရတာပဲ မဖြစ်မနေလက်ထပ်မှဖြစ်မှာလား "
"ရှင် "
ဒီတစ်ခါ အံသြတုန်လှုပ်သွားရသူက မြရွက်ဝါပဲဖြစ်တယ်။မြရွက်ဝါ ချစ်သူကို မျက်လုံးပြူးကြီးတွေနဲ့ ကြည့်လိုက်မိပြီး
" ချစ်သူတွေဖြစ်ပြီဆိုကတည်းက ...တစ်နေ့လက်ထပ်ဖို့ပဲ မဟုတ်လားကိုလင်း ...မြရွက်မှာလဲ အသိုင်းအဝိုင်းနဲ့ဂုဏ်သိက္ခာရှိတယ်လေ ...မြရွက်တို့ ဒီအတိုင်းချစ်နေလို့မပြီးသေးဘူးလေ ....လူမြင်တင့်အောင် လူသိရှင်ကြား လက်ထပ်ရမှာပေါ့ ...ကိုလင်းရောမြရွက်ပါအသက်တွေလဲ မငယ်ကြတော့ဘူးလေ "
ဟန်လင်းသန့် ချစ်သူရဲ့ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး
" မြရွက်.... ကိုယ်ပြောတာကို နားထောင်ပါအုံး ....တခြားသူတွေရဲ့ အမြင်ကြောင့်တော့ ကိုယ်တို့လက်မထပ်နိုင်ဘူး ...လက်ထပ်ဖို့အတွက် ကိုယ်အဆင်သင့်မဖြစ်သေးဘူး.... ကိုယ့်ဘ၀မှာ လက်ထပ်ဖို့ တစ်ခါမှ မတွေးဖူးဘူး "
" ဘယ် ...ဘယ်လိုကိုလင်း ... ဒါ...ဒါဆိုရင် မြ...မြရွက်နဲ့ လက်ထပ်ဖို့ တစ်ခါမှမတွေးခဲ့ဖူးဘူးလားဟင် ....မြရွက်ကို အပျော်တွဲခဲ့တာလား "
မြရွက်ဝါတုန်တုန်ယင်ယင်ထစ်ထစ်ငေါ့ငေါ့နဲ့ မေးလိုက်မိတယ်။
"ကိုယ် ... မြရွက်ကိုချစ်တယ် ...ချစ်လို့လဲ မြရွက်အတွက် အလုပ်..အိမ်အားလုံးကို စီမံပေးမယ်လေ .... လက်ထပ်ကြဖို့အတွက်တော့ မဖြစ်နိုင်ဘူး "
မြရွက်ဝါ အံ့သြတုန်လှုပ်ကာ သူ့လက်တွင်းက ဆောင့် ရုန်းပစ်လိုက်ပြီး နာကြည်းစွာ အံလေးကို ကြိတ်လိုက်မိတယ်။
" ဒီ..ဒီလိုအိုရင် မြရွက်ကို လက်ထပ်ဖို့စိတ်ကူးမရှိဘဲ တွဲခဲ့တာပေါ့လေ.....မြရွက်သိသွားပါပြီ....ကိုလင်းဆုံးဖြတ်ပါ ...မြရွက်ကို လက်ထပ်ဖို့အထိချစ်တယ်ဆိုရင်ဆက်သွယ်ပါ ...ဒါမှမဟုတ် ...လက်ထပ်စိတ်ကူး လုံးဝမရှိဘူးဆိုရင် မြရွက်ဘက်ကလဲ စဉ်းစားဖို့အချိန်လိုပါတယ် ....မြရွက်တို့ တစ်ယောက်နဲ့တစ်ယောက်နားလည်နိုင်မှ ဆက်သွယ်ကြမယ် .....မြရွက်ကို လက်ထပ်ဖို့ရည်ရွယ်ချက်မရှိဘဲ မဆက်သွယ်ပါနဲ့ မြရွက် ....ရှင့်ကို ဘယ်လောက်ချစ်ချစ် အပျော်မယားလိုဘဝမျိုးနဲ့ မနေနိုင်ဘူး "
ပြောပြီးတာနဲ့ မြရွက်ဝါ ပြေးထွက်လာခဲ့မိတယ်။
" မြရွက် "
ဟန်လင်းသန့်ရဲ့ခေါ် သံကိုကြားပေမဲ့ မြရွက်ဝါလှည့်မကြည့်ဖြစ်တော့ဘူး။ဒီအခါမှာ ဟန်လင်းသန့်ကလဲ အရင်လို နောက်က ထလိုက်မလာခဲ့ဘူး။ မြရွက်ဝါရင်တွေ ကွဲကြေလုမတတ်ဖြစ်ခဲ့ရပါပြီ။
~~~~~~~~
" မြရွက်..ကိုယ်ဒီနေ့ညကြေငြာရိုက်ကူးရေးတစ်ခုရှိလို့ အိမ်ပြန်နောက်ကျလိမ့်မယ် ...အခုက ရန်ကုန်မြို့ပြင်က အပန်းဖြေစခန်းတစ်ခုမှာရောက်နေတာ...မနက်ဖြန်မှတွေ့မယ်နော်..."
ဖုန်းထဲကိုပို့လိုက်တဲ့စာတိုလေးကိုဖတ်လိုက်ပြီး မြရွက်ဝါအံလေးကိုကြိတ်ထားလိုက်မိတယ်။အရင်ရက်တွေကလဲ ဒီလိုတွေဖြစ်တတ်တယ်ဆိုပေမဲ့ ဒီနေ့လိုမျိုး မြရွက်စိတ်ဆိုးနေမှန်းသိသိနဲခရီးထွက်သွားတာကိုတော့ ရင်ထဲနာကျင်သွားမိတယ်။မြရွက်မှားခဲ့လေပြီလား။လက်ထဲကဖုန်းကိုပါဝါပိတ်ပစ်လိုက်ပြီး မြရွက်ဝါအလုပ်ပဲဆက်လုပ်နေလိုက်တယ်။
~~~~~~~~~~~~~
" ဒေါက်....ဒေါက် "
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂၉ )
akyiphyu
********
ဟန်လင်းသန့် သူပြောပြီးတော့ ကျောက်ရုပ်တစ်ရုပ်လိုမလှုပ်မယှက်နဲ့ငြိမ်သက်စွာထိုင်နေခဲ့မိတယ်။
မြရွက်ဝါအံလေးကို ခပ်တင်းတင်းကြိတ်ထားလိုက်မိတယ်။ရင်ထဲမှာတော့နာကျင်ပြိုလဲကာ လူကသတိကင်းလွတ်ချင်သလိုလိုဖြစ်သွားမိတယ်။မြရွက်ဝါငြိမ်သက်နေရာမှ ခြေလှမ်းတွေကို စတင်လှုပ်ရှားလိုက်တယ်။ပြီးတော့ချစ်သူကိုကြည့်လိုက်မိပြီး ခပ်တိုးတိုးနှုတ်ဆက်လိုက်တယ်။
" မြရွက်ပြန်တော့မယ် "
ပြောပြီးတာနဲ့မြရွက်ဝါတိုက်ခန်းအပြင်ကိုထွက်ဖို့ပြင်လိုက်တယ်။
" မြရွက် "
ခေါ်သံကြောင့် မြရွက်ဝါရဲ့ခြေလှမ်းတွေတုံ့ခနဲဖြစ်သွားရတယ်။
" ဆောရီး... ကိုယ်မှားသွားတယ်...ကိုယ်တောင်းပန်ပါတယ်ကွာ "
နောက်ကျောကနေအတင်းသိုင်းဖက်ပြီးတောင်းပန်စကားပြောလိုက်တဲ့ ဟန်လင်းသန့်ကြောင့် မြရွက်ဝါစိတ်မထိန်းနိုင်တော့ဘဲ အင့်ခနဲငိုချလိုက်မိတယ်။
" မ...မငိုပါနဲ့မြရွက်ရယ် ...ကိုယ်တောင်းပန်ပါတယ်...နောက်ကို ဒီလိုမျိုးဘယ်တော့မှမပြောတော့ပါဘူးလို့ ကိုယ်ကတိပေးပါတယ်ကွာနော် "
ဟန်လင်းသန့်ကမြရွက်ဝါရဲ့ကိုယ်လေးကိုတင်းတင်းသိုင်းဖက်ထားရင်းတတွတ်တွတ်တောင်းပန်လိုက်တယ်။မြရွက်ဝါက ဟန်လင်းသန့်ကိုမော့ကြည့်လိုက်ပြီး
" မြ...မြရွက်လဲ နောက်ဆိုရင် ......ကိုလင်းမကြိုက်တာကို မမေးတော့ဘူးလို့ ကတိပေးပါတယ်နော် "
" ကိုယ်လဲနောက်ကို ဒီလိုမပြောတော့ပါဘူးလို့ ကတိပေးပါတယ်ကွာ.....မငိုနဲ့တော့နော် "
သူမတို့နှစ်ယောက်ကြားကမုန်တိုင်းက တစ်ခဏအတွင်းမှာပဲ ပြန်လည်ပြေငြိမ်းသွားခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်တင်းတင်းပွေ့ဖက်ထားမိကြတယ်။
~~~~~~~~~~~~~
" ညည်းတို့လဲ ...ကိုယ့်ဘွားအေကို... တစ်ရက်တစ်ခါလောက်တောင်လာကြည့်ဖော်မရကြဘူးနော်...ဘွားအေကြီးကတော့တစ်နေ့တစ်နေ့မျှော်လို့ ...အိမ်ကဝေးတော့ မလာနိုင်ကြဘူးလား "
ကြီးကြီးရဲ့ပြစ်တင်ပြောဆိုသံကို မြရွက်ဝါဘာမှပြန်မပြောတော့ဘဲ ကုလားထိုင်ပေါ်မှာမှိန်းနေတဲ့ အဘွားဆီကိုပဲလျှောက်သွားလိုက်တယ်။ဒီအချိန်မှာ ဧည့်ခန်းထဲမှာ ပန်းနုထွေးရောသဲနုဖွေးကိုပါတွေ့လိုက်ရတာမို့ ဝတ္တရာအရပြုံးပြပြီးနှုတ်ဆက်လိုက်တယ်။
" အဘွားနေလို့ကောင်းရဲ့လား ...မြရွက်ဘာလုပ်ပေးရမလဲ "
အဘွားတစ်ယောက် ဒီလပိုင်းအတွင်းမှာသိသိသာသာကျသွားတာမို့မြရွက်ဝါတကယ်ပဲစိတ်မကောင်းဖြစ်ရတယ်။
" ကောင်းပါတယ် သမီးရယ်...ခြေလက်တွေမသယ်ချင်တာတစ်ခုပါပဲ...ဒါနဲ့မောင်မောင်လုံးဝပြန်မလာဘူးလား....ဖုန်းရောမဆက်ဘူးလား "
အဘွားကလေသံတိုးသဲ့သဲ့နဲ့မေးတယ်။မြရွက်ဝါ စိတ်မကောင်းစွာနဲ့ပဲ ခေါင်းခါပြလိုက်မိတယ်။မောင်မောင့်ကို အဘွားသိပ်ချစ်တာကို မြရွက်ဝါတို့လဲသိပါတယ်။ဒါပေမဲ့ မောင်မောင်ကသူလိုချင်တာရှိရင်သာတောင်းတတ်ပြီး ဘွားအေကြီးအပေါ်ကိုစိမ်းကားခဲ့တယ်လေ။
" ဒါနဲ့ ပန်းနု....ဟန်လင်းသန့်က ကားအရောင်းဆိုင်တစ်ခုဖွင်ပြန်ပြီဆို ..သူကချမ်းသာလှချည်လားဟဲ့ ...ဘယ်ကပိုက်ဆံတွေရနေလို့ ဒီလောက်ချမ်းသာနေတာလဲ "
မသဲနုဖွေးရဲ့စကားသံက မြရွက်ဝါနားထဲကိုရောက်လာခဲ့တယ်။မြရွက်ဝါရောက်နေမှ ဒီစကားကိုပြောတာဆိုတော့ ဒီစကားတွေကို သူမကိုနားထောင်စေချင်လို့ဆိုတာကို မြရွက်ဝါသဘောပေါက်လိုက်တယ်။
" အင်း...ဟန်လင်းသန့်ကလဲချမ်းတော့ချမ်းသာပါတယ်မသဲရဲ့ ....ဒါပေမဲ့ သူတစ်ယောက်တည်းအပိုင်တော့ဘယ်ဟုတ်မလဲ...နိုင်ငံခြားရောက်နေတဲ့သူဌေးမတစ်ယောက်နဲ့စပ်တူလေ...သူဌေးမကလွန်ခဲ့တဲ့နှစ်ကမှ သူ့အဘိုးကြီးဆုံးသွားတာလေ ....ကလေးနှစ်ယောက်အမေမုဆိုးမပေါ့...မုဆိုးမဆိုပေမဲ့အမိုက်စားနော်...ချောလဲချောတယ်...တအားလဲချမ်းသာတာ....ဟန်လင်းသန့်ပြည်ပသွားရင်လဲသူ့ဆီပဲသွားတာလေ...ကြည့်ရတာစပွန်ဆာထင်တာပဲ...လိုင်းပေါ်မှာတော့ သတင်းထွက်ဖူးတယ်လေ "
" ဟုတ်လား...သူကတကယ့်ငပွေးပဲ....သူတို့ကားအရောင်းဆိုင်ကြော်ငြာရိုက်တဲ့မော်ဒယ်မလေးနဲ့လဲသတင်းထွက်သေးတယ်လေ "
" အမယ်လေး...မသဲရယ်...အဲ့ဒါကဘာအရေးကြီးလို့လဲ...တစ်ယောက်ကိုသုံးလပဲတွဲတာပါဆို ...."
မြရွက်ဝါကြာနေရတဲ့စကားတွေကြောင့် အဘွားရဲ့ခြေဖဝါးတွေကိုခပ်ဖွဖွနှိပ်ပေးနေရင်း ခေါင်းကိုငုံ့ထားလိုက်မိတယ်။မြရွက်ဝါ အဘွားရှေ့မှာမျက်နှာမပျက်အောင်ထိန်းပြီးထိုင်နေရပေမဲ့ ရင်ထဲမှာတော့ မိုးကြိုးတွေအကြိမ်ကြိမ်ပစ်ချခံနေရသလိုခံစားနေရတယ်။
~~~~~~~~~~~~~~~
တူဖြစ်သူရဲမြတ်မောင်အိမ်ကထွက်သွားပြီးကတည်းက မညိုရဲ့အသံတွေပိုပြီးတိတ်ဆိတ်သွားခဲ့သလို မြရွက်ဝါလဲကိုယ့်အတွက်ကိုယ်တွေးပူနေရတာနဲ့ ညီအစ်မနှစ်ယောက် အရင်လို စကားတွေသိပ်မပြောဖြစ်ကြတော့ဘူး။မညိုကလဲသားပူမိနေသလို မြရွက်ကလဲရင်ထဲစိုးထိတ်ပူလောင်နေခဲ့မိတယ်။မြရွက်ဝါစိတ်ပူနေမိတာကတော့ ချစ်သူနဲ့တစ်ညတာကုန်ဆုံးခဲ့မိတဲ့ညအတွက် ရင်ထဲစိုးထိတ်နေမိတာပါပဲ။ချစ်သူကမြရွက်ဝါကိုချစ်ပေမဲ့ လက်ထပ်ကြဖို့စကားမစတာကို မြရွက်ဝါရင်ထဲပူပန်နေခဲ့မိတာ။ဒီထက်ဆိုးတာက မိန်းမသားတစ်ယောက်ရဲ့သဘာဝဖြစ်စဉ်က ဒီလမှာနောက်ကျနေခဲ့ပြီးဆိုတော့မြရွက်ဝါရင်ထဲပူလာမိပြီ။ကိုယ့်ချစ်သူဆိုပေမဲ့ လက်ထပ်ကြဖို့စကားကို မြရွက်ဝါဘက်ကစပြောဖို့ကိုတော့လဲ
မြရွက်ဝါ စိတ်တိုလွန်းတာမို့ အသံခပ်ဆတ်ဆတ်နဲ့ ပြန်အော်လိုက်မိတယ်။
"ဟုတ်တယ်ကွာ ..စိတ်ဆိုးတယ် ..... မမေးနဲ့ .. မင်းဘယ်လောက်မေးမေး ဘယ်တော့မှ ပြောမှာမဟုတ်ဘူး .....အဲ့ဒါကိုမင်းလက်မခံနိုင်ဘူးဆိုရင် ကြိုက်သလို ဆုံးဖြတ်လို့ရတယ် ....ရှင်းရှင်းပဲပြောမယ် ...ကိုယ့်ကိုလွှမ်းမိုးချုပ်ကိုင်ချင်တာမျိုးတွေလာမလုပ်နဲ့ ကိုယ်မကြိုက်ဘူး.....ကိုယ့်ကိုယ်ထက် ဘယ်မိန်းမကိုမှဦးစားပေးမှာမဟုတ်ဘူး "
ချစ်သူဆီက ကြားလိုက်ရတဲ့ မယုံကြည်နိုင်စရာစကားတွေကြောင့် မြရွက်ဝါ ကြက်သေသေသွားမိကာ ကြောင်ငေးကြည့်နေမိတယ်။
====================================
အပိုင်း( ၂၉ ) ဆက်ရန်
A KYI PHYU
#ဧကြည်ဖြူ
အပိုင်း( ၁ ) Link
https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz
အပိုင်း (၂) Link
https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz
အပိုင်း(၃)Link
https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz
အပိုင်း (၄)
https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz
အပိုင်း (၅)
https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz
အပိုင်း (၆)
https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz
အပိုင်း ၇
https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz
အပိုင်း ၈
https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz
အပိုင်း (၉)
https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz
အပိုင်း ၁ဝ
https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz
အပိုင်း ၁၁
https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz
အပိုင်း ၁၂
https://fb.watch/pQw62cSEjV/?mibextid=Nif5oz
အပိုင်း (၁၃)
https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၄)
https://m.facebook.com/story.php?story_fbid=693330792915299&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၅)
https://m.facebook.com/story.php?story_fbid=693878499527195&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၆)
https://m.facebook.com/story.php?story_fbid=694465072801871&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၇)
https://m.facebook.com/story.php?story_fbid=695033399411705&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၈)
https://m.facebook.com/story.php?story_fbid=695585566023155&id=100067151540690&mibextid=Nif5oz
အပိုင်း ( ၁၉ )
https://m.facebook.com/story.php?story_fbid=696094872638891&id=100067151540690&mibextid=Nif5oz
အပိုင်း (၂၀)
https://m.facebook.com/story.php?story_fbid=696684312579947&id=100067151540690&mibextid=Nif5oz
အပိုင်း ၂၁
https://www.facebook.com/share/p/wRcCmH4RZ2ddz2tK/?mibextid=oFDknk
အပိုင်း ၂၂
https://www.facebook.com/share/p/bxYoDSCkyiBX8tT5/?mibextid=oFDknk
အပိုင်း ၂၃
https://www.facebook.com/share/p/UhXBQWJEfsK9iHFW/?mibextid=oFDknk
၂၄
https://www.facebook.com/share/p/imKjmHaB1J3xvrdJ/?mibextid=2JQ9oc
၂၅
https://www.facebook.com/share/p/6C6e36G1acEuacHn/?mibextid=2JQ9oc
၂၆
https://www.facebook.com/share/p/xBxTEsvfxiWurx9W/?mibextid=2JQ9
၂၇
https://www.facebook.com/share/p/fvy9wKWEqi1seq9i/?mibextid=2JQ9oc
"မိုးတို့သွားတော့မယ်...မောင်လိုက်မှာလား...မောင့်အဘွားကြီးတွေက အာရုံနောက်လွန်း...မိုးရဲ့ပါးကိုချခဲ့တာအတွက်ခွင့်မလွှတ်ဘူးနော်.....အလကားအဆင့်မရှိတဲ့ဟာတွေ ...သူတို့ကြည့်တော့ အိမ်ပိုင်တောင်မရှိဘဲ.... ကြီးကြီးကျယ်ကျယ်တွေလာပြောနေတယ် "
မိုးရတနာက ရိုင်းရိုင်းစိုင်းစိုင်းပြောပြီးတော့ချာခနဲလှည့်ထွက်သွားခဲ့တယ်။ဒီအခါသူမနဲ့အတူပါလာကြတဲ့ သူမအမေနဲ့အမျိုးသမီးတစ်ယောက်လဲ နောက်ကအမြန်လိုက်ထွက်သွားကြတယ်။
" တောက်..အလကားမာန်တက်နေတဲ့ဟာတွေ...ကြားထဲက အညှောက်ထောင်နေတဲ့ဟာတွေလဲ သတိထားကြ "
ရဲမြတ်မောင်ကလဲ မိခင်ဖြစ်သူနဲ့အဒေါ်ဖြစ်သူကိုကြည့်ကာ တောက်တစ်ချက်ခေါက်ပြီးထွက်လိုက်သွားခဲ့တယ်။
"အမယ်လေး ....အမယ်လေး....ကြောက်စရာကောင်းလိုက်တာ....ဘယ်လိုဗီဇစရိုက်မျိုးတွေလဲ ...တစ်သက်နဲတစ်ကိုယ်...ဒီလောက်ရိုင်းစိုင်းတဲ့သူတွေကိုအခုမှတွေ့ဖူးတယ် "
ကြီးကြီးရဲ့နှုတ်ကနေအထင်သေးတဲ့စကားသံထွက်ပေါ်လာခဲ့တယ်။အဒေါ်ငယ်ကတော့ ဘာမှမပြောဘဲ မြရွက်ဝါတို့ညီအစ်မကိုကရုဏာသက်စွာကြည့်နေခဲ့ပြီးမှ
" ခွါညို...မြရွက်...သမီးတို့လဲ ဒီလောက်ဆိုရင် ...သူ့အပေါ်မှာလုပ်ပေးသင့်တာတွေလဲလုပ်ပေးခဲ့ပြီးပြီ...သူ့အပေါ်ကိုသမီးတို့က ဘာအပြစ်တွေလုပ်ထားမိလို့... ဒိလောက်ထိပေးဆပ်နေရမှာလဲ....ဒေါ်လေးလဲသားသမီးတွေမွေးထားတဲ့သူပါ...သားသမီးအပေါ်ချစ်တဲ့အချစ်ကို ကိုယ်ချင်းစာပါတယ်...ဒါပေမဲ့ကွယ်...ဒီလိုသာဆိုရင် သမီးတို့ရောသူ့အတွက်ပါ ...နောင်သံရာအဆက်ဆက်ထိဒုက္ခတွေများလိမ့်မယ်....အဲ့ဒါကြောင့် သူ့ကိုလွှတ်ပေးလိုက်ပြီး ...ကိုယ့်အတွက်ကိုယ်စဉ်းစားကြပါတော့ ...မြရွက်လဲအိမ်ထောင်ပြုမယ်ဆိုရင်ပြုလိုက်တော့...ခွါညိုလဲ ကိုယ့်အပေါ်ကောင်းမဲ့သူကိုတွေ့ရင်အိမ်ထောင်သစ်ထူပါ...သားသမီးပေါ်ထားတဲ့ချစ်ခြင်းမေတ္တာကို တတ်နိုင်သလောက်လျှော့ပါ..ကြာရင်ငါ့တူမဘဝ လုံးပါးပါးသွားလိမ့်မယ် ....ကဲ..သွားကြရအောင်လေမမကြီး...ကလေးတွေစိတ်ဆင်းရဲအောင်ဘာမှထပ်မပြောပါနဲ့တော့ "
ဒေါ်လေးကပြောပြောဆိုဆိုနဲ့ကြီးကြီးကိုအတင်းဆွဲခေါ်ပြီးထွက်သွားတာမို့ မြရွက်ဝါစိတ်ထဲကကျေးဇူးတင်လိုက်မိတယ်။ အားလုံးထွက်သွားတဲ့အခါ ညီမနှစ်ယောက် ငြိမ်သက်စွာထိုင်နေခဲ့မိကြတယ်။
~~~~~~~~~~~
" မနေ့ကဘာဖြစ်ကြတာလဲ မြရွက်...ကိုယ်ကိုပြောလို့ရလား "
ဟန်လင်းသန့်ရဲ့အမေးကြောင့် မြရွက်ဝါအားလုံးပြောပြလိုက်တယ်။သူနဲ့မြရွက်ဝါတို့ ကြားမှာ ဖုံးကွယ်စရာလဲမရှိတာမို့ အဖြစ်အပျက်တွေအားလုံးကိုပြောပြလိုက်တယ်။
" မြရွက်စိတ်ညစ်တာထက် ...မညိုကပိုဆိုးတာပေါ့ကိုလင်းရယ်...သူ့မှာသားဖြစ်နေတော့ ရူးမတတ်ခံစားနေရတာပေါ့...အခုဆိုရင်မစားနိုင်မအိပ်နိုင်ဖြစ်နေတာ "
" အင်း...တကယ်တော့ ..အဲ့ဒါတွေက...လူငယ်လေးတွေ အချိန်တွေအားနေလို့ဖြစ်ရတာလို့ ကိုယ်တော့ထင်တယ််...သူတို့တွေက ဘဝမနာဖူးတော့ ...ဘဝကိုအလွယ်လေးလို့ထင်သွားကြတာလေ...သူတို့အတွေက်အမေရှိရင်ထမင်းရှိတယ်...အမေရှိရင်ငွေရှိတယ်ဆိုတဲ့အသိအမှားတွေဝင်သွားကြပြီး...သူတို့ဘယ်လောက်ဆိုးဆိုး...ဘာပဲလုပ်လုပ်...မိဘကတာဝန်ယူရမယ်လို့တွေးကုန်ကြတာလေ...ဒါတွေကိုမိဘအများစုကလဲ လိုက်လျောကြတော့ အားလုံးပိုပြီးလမ်းလွဲကုန်ကြတာပေါ့...ကိုယ်တို့ဆီမှာ ဆိုးတာကကြီးတောင့်ကြီးမားသားသမီးတွေကို အိမ်ဦးခန်းမှာတင်ထားပြီး...မိဘတွေကရှာဖွေကျွေးနေကြတဲ့ ဓလေ့ကြောင့်လဲပါတယ်.....ဒီတော့ သားသမီးအများစုက အရွယ်ရောက်လာပေမဲ့လဲ အားလုံးမိဘတာဝန်လို့ ထင်မှတ်ကုန်ကြတာလေ...ဒီအချိန်မှာ သူတို့နဲ့စသိခဲ့တဲ့သူက သူတို့အတွက်အတုယူစရာလူ...အားကျစရာလူမျိုးလို့အထင်ရောက်သွားတတ်ကြတယ်...မြရွက်ပြောသလိုဆိုရင် မြရွက်ရဲ့တူလေးက...ပထမတာထွက်မှာပဲ ဆရာမကြီးနဲ့သွားတွေခဲ့တာဖြစ်မယ်....သူ့စိတ်ကိုသူကိုယ်တိုင်နားလည်လာမယ်နေ့အထိ ....မြရွက်တို့ကစောင့်နေလိုက်ပါ...သူလဲအရှိန်ကုန်ရင်ရပ်သွားပါလိမ့်မယ်...ဒီခေတ်လူငယ်တွေက သူတို့ကိုဆရာလုပ်တာမကြိုက်ကြဘူး ...အဲ့ဒီတော့လွှတ်ထားပေးလိုက်တာအကောင်းဆုံးပဲ...သူတို့တွေဒုက္ခကိုကိုယ်တိုင်ခံစားပါစေ...ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့အဓိပ္ပါယ်ကိုသူတို့ကောင်းကောင်းခံစားပါစေ ...ကိုယ်ကတော့အရွယ်မရောက်ခင်ကတည်းကကိုယ့်ဘဝကိုယ့်ကျောင်းခဲ့ရတော့ .....အဲ့ဒီလိုလူငယ်တွေကိုတွေ့ရင်သူတို့အစား အချိန်တွေကိုနှမြောပြီး နားရင်းတွေပဲရို/က်ပစ်ချင်တာလေ "
ဟန်လင်းသန့်ကစကားပြောရင်းနဲ့သူ့ဘဝအကြောင်းကိုလှစ်ခနဲပြောလိုက်တာမို့မြရွက်ဝါစိတ်ဝင်းစားသွားမိတယ်။
" ဟို...ကိုလင်းမှာမိဘတွေရှိသေးလားဟင်...ဆွေမျိုးသားချင်းတွေရောရှိသေးလား..... "
မြရွက်ဝါမေးလိုက်တော့ ဟန်လင်းသန့်ရဲ့ မျက်နှာက ချက်ချင်းတည်သွားခဲ့ပြီး
" မြရွက်အတွက် ... ကိုယ်ရှိနေရုံနဲ့ မလုံလောက်ဘူးလား ... ကိုယ့်မိသားစုက အဲ့ဒီလောက် အရေးကြီးနေတာလား "
ရုတ်တရက်ကြီးလေသံတင်းမာသွားတဲ့ ချစ်သူကိုကြည့်ပြီး မြရွက်ဝါအံ့ဩတုန်လှုပ်သွားမိကာ အလန့်တကြား မော့ကြည့်လိုက်မိပြီး
'' ဘယ် ..ဘယ်လိုပြောလိုက်တာလဲ ကိုလင်း ... မြရွက်အတွက် ကိုလင်းက အရေးကြီးလို့သာ ...ကိုလင်းရဲ့ ဆွေမျိုးသားချင်း တွေကိုပါ သိချင်မိတာပေါ့ ..ဒါလေး မေးမိတာစိတ်ဆိုးစရာလား ...."
ကြီးကြီးရဲ့ကြိမ်းမောင်းပြောဆိုတဲ့ စကားတွေကြောင့် ရဲမြတ်မောင်က အော်ဟစ်ပြောဆိုရင်း ထပြီးသောင်းကျန််းလေတော့တယ်။မြခွါညိုမှာ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့အော်ဟစ်သောင်းကျန်းနေတဲ့ သားဖြစ်သူကို ထပြီးထုရို .က်ပစ်လိုက်တယ်။
" လူမိုက်ရဲ့ ...နင်မိုက်ရိုင်းလှချည်းလား....ကဲဟယ်...ရိုင်းချင်အုံး..ရိုင်းချင်အုံးဟယ် '
" ဘုံး....ဘုံး..."
" အမေတော်တော့နော်...ကျွန်တော်ဒေါသထွက်လာပြီ ..."
ရဲမြတ်မောင်ကကြောက်စရာကောင်းတဲ့အသံကြီးနဲ့အော်ဟစ်လိုက်ရင်း မိခင်ဖြစ်သူကိုဆော**င့်တွန်းပစ်လိုက်တယ်။သားဖြစ်သူဆောင့်တွန်းလိုက်တဲ့အရှိန်ကြောင့် မြခွါညိုမှာပုံရက်သားလဲကျသွားခဲ့တယ်။လဲကျသွားတဲ့ မိခင်ကိုကြည့်ပြီး ရဲမြတ်မောင်မှာဒေါသမပြေနိုင်သေးဘဲ တောက်တစ်ချက်ခေါက်လိုက်ပြီး မိုက်မိုက်ရိုင်းရိုင်းအော်ဟစ်ဆဲလိုက်တယ််။သားဖြစ်သူ ရဲမြတ်မောင်ရဲ့အပြုအမူကိုမြခွါညိုမှာ မယုံကြည်နိုင်စွာကြည့်နေမိရင်းကြက်သေသေနေမိတော့တယ်။သားဖြစ်သူမှာ လွန်ခဲ့တဲ့နှစ်တွေက ဒီလိုရိုင်းစိုင်းကြမ်းတမ်းတဲ့ကလေးတစ်ယောက်မဟုတ်ခဲ့ဘူးလေ။
" မညို...တော်တော့....ဘာမှပြောနဲ့တော့ ...မညိုပြောလို့လဲရမှာမဟုတ်တော့ဘူး ...ကြာရင်သူရောမညိုပါ ဒုက္ခရောက်လိမ့်မယ် "
မြရွက်ဝါ အစ်မဖြစ်သူကိုပြေးထူလိုက်ရင်း တူဖြစ်သူကိုမု**န်းတီးစွာကြည့်လိုက်မိတယ်။
ဒီအချိန်မှာပဲ ရဲမြတ်မောင်ရဲ့ချစ်သူဖြစ်တဲ့ မိုးရတနာက ထိုင်နေရာဝုန်းခနဲထရပ်လိုက်ပြီး
" မိုးတို့ပြန်ကြမယ် အမေ...အလကားဟာတွေ...အာရုံနောက်တယ်,,,ဒီမှာမောင်...မောင်တို့အသိုင်းအဝိုင်းနဲ့မိုးမပတ်သက်ချင်တော့ဘူ...ဒီလောက်တိုးတက်ခေတ်မီနေတဲ့ခေတ်ကြီးမှာ အတွေးအခေါ်တွေတောကျလိုက်တာ...လူငယ်တွေရဲ့အခွင့်အရေးတွေကိုလိုက်ပိတ်ပင်နေတယ်,,,မိုးကတော့ရှင်းတယ်နော်မောင်...မိုးအသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးသွားကတည်းက ... မိုးကိုဘယ်သူမှလာပြောလို့မရဘူး...မိဘဆိုပြီး ဆရာကြီးလာလုပ်လို့လဲမရဘူး....အိမ်မှာမိုးဘယ်လိုနေလဲ မောင်သိပါတယ်...ပြီးတော့မောင့်အမေပြောတာကြားတယ်မဟုတ်လား...တည်းခိုခန်းကိုဘယ်သူအရင်ခေါ်တာလဲဟုတ်လား...ဟုတ်တယ်မိုးအရင်ခေါ်တာလေ...ခေါ်တော့ဘာဖြစ်လဲ...မိန်းကလေးမို့ဒီစိတ်မရှိရဘူးလား....ဒါကအရွယ်ရောက်လာတဲ့လူသားတစ်ယောက်ရဲ့ခန္ဓာကိုယ်ကတောင်းဆိုတဲ့ကျန်းမာရေးကြောင့်ဆိုတာနားမလည်ဘူးလား...ဘယ်ခေတ်မှာနေနေကြတာလဲ....ပြောလိုက်ရင် သူတို့ကိုသူတို့ပဲသိက္ခာရှိတဲ့ပုံစံနဲ့...နောက်တော့ အဲ့ဒီလိုမိန်းမမျိုးတွေပဲ သူများတိတ်တိတ်ပုန်းမယားတွေဖြစ်ကုန်ကြတာမသိဘူးထင်နေလား ...မောင့်အမေနဲ့မောင့်အဒေါ်ကိုကြည့်ရတာလဲ ဒီပုတ်ထဲကဒီပဲတွေပဲထင်တယ် "
" ဖြန်း '
ရိုင်းစိုင်းလှတဲ့မိန်းမငယ်ရဲ့စကားမဆုံးခင်မှာပဲ မိန်းကလေးရဲ့ပါးပြင်ကို မြရွက်ဝါဖြန်းခနဲရိုက်ချပစ်လိုက်တယ်။
" ရှင်...ရှင်...ကျွန်မပါးကိုရိုက်တယ်ပေါ့ဟုတ်လား အဘွားကြီး ....မောင်မြင်လား...မောင့်အဒေါ်အဘွားကြီးမိုက်ရိုင်းတာကိုမြင်လား...အိမ်မှာဆိုရင်မိုးကိုဘယ်သူမှလက်ဖျားနဲ့တောင် ထိရဲတာမဟုတ်ဘူး "
မိုးရတနာကသူမရဲ့ပါးပြင်ကိုကိုင်စမ်းရင်းချစ်သူရဲမြတ်မောင်ကို အော်ဟစ်လိုက်တယ်။
" ဒီမှာ...မင်းတို့အခုချက်ချင်းငါတို့အိမ်ထဲကထွက်သွားကြ....ငါ့တူဘာလို့ဒီလောက်ရိုင်းစိုင်းသွားလဲဆိုတာ ခုမှပဲသိတော့တယ်...လူငယ်တစ်ယောက်ရဲ့အခွင့်အရေးဟုတ်လား...ဘာအခွင့်အရေးလဲ..အိပ်ခန်းထဲကမထွက်ဘဲတောင်းဆိုနေတဲ့အခွင့်အရေးလား...ငါတို့လဲနင်တို့လိုပဲ လူငယ်ဘဝကိုဖြတ်သန်းလာခဲ့ရတာပဲ....လူငယ်တိုင်း နင်တို့လိုမရိုင်းစိုင်းဘူး...အကျင့်မပျက်ဘူးသိရဲ့လား...နင်တို့ပြောတဲ့လူငယ်အခွင့်အရေးဆိုတာဘာလဲ...လူကြီးမိဘကိုရိုင်းရိုင်းစိုင်းစိုင်းပြန်ပြောပြီး ....မိုးလင်းမိုးချုပ်တဏှာစိတ်ငယ်ထိပ်ရောက်နေတလား.... လူကြီးမိဘအပေါ်ရိုင်းစိုင်းနေတာကိုပြောတာလား...လူငယ်ဆိုပြီးနင်တ်ို့ဘာတွေစွမ်းဆောင်ဖူးလဲ....မိဘဆီကလက်ဝါးဖြန့်တောင်းပြီး မိဘပြောသမျှကလန်ကဆန်လုပ်နေတာက လူငယ်အခွင့်အရေးလား...နင်တို့ဦးနှောက်ထဲက သုတ်ပိုးတွေကိုဖယ်လိုက်ပြီး ....တခြားလူငယ်တွေကိုလဲလေ့လာကြည့်လိုက်အုံး...နင်တို့်လိုမျိုး အရှက်မရှိအကျင့်သိက္ခာမရှိတဲ့သူမျိုးတွေကိုတော့သွားမကြည့်နဲ့ပေါ့....နင်တို့ကိုထပ်ပြောလိုက်မယ်...အိပ်ရာထဲကမထဘဲ...လူငယ်အခွင့်အရေးလိုလာအော်မနေနဲ...ငါတို့လဲနင်တို့လို ပြန်ပြောရရင်...... နင်တို့ကိုဆယ့်ရှစ်နှစ်ပြည့်တဲ့အထိကျွေးမွေးစောင့်ရှောက်ခဲ့ပြီးပြီမို့ ....နင်တို့ခြေထောက်ပေါ်နင်တို့ရပ်ကြတော့လေ...ဘာလို့မိဘကိုဒုက္ခလာပေးနေရတာလဲ ...မိဘကိုဒုက္ခပေးချင်တော့ မိဘတာဝန်လို့အော်တယ်...မိဘရင်ကိုစုံကန်ချင်တော့ လူငယ်အခွင့်အရေးလို့အော်တယ်...တကယ်တော့ နင်တို့က.,,,မိဘတွေနဲ့လူလောကကြီးကိုဒုက္ခပေးဖို့သက်သက်မွေးဖွားလာကြတဲ့သူတွေ... ဟီရိဩတ္တပ္ပတရားကင်းမဲ့တဲ့အသုံးမကျတဲ့သူတွေပဲ "
မြရွက်ဝါရင်ထဲမှာရှိသမျှတွေကို ပြောပစ်လိုက်တယ်။တူဖြစ်သူကြောင့် ကိုယ့်ရဲ့အစ်မဖြစ်သူစိတ်ဆင်းရဲသောကဖြစ်နေတာကို ဒီအတိုင်းကြည့်နေခဲ့ရသူမို့ မြရွက်ဝါရင်ထဲမှာဒေါသအစိုင်အခဲတွေဖြစ်တည်နေခဲ့တာကြာခဲ့ပါပြီ။
" မြရွက်တော်တော့ ...ငါလဲသူ့ကို သားအဖြစ်ကစွန့်လွတ်ပစ်လိုက်တော့မယ်...ဒီထက်ပိုပြီးလဲမခံစားနိုင်တော့ဘူး "
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂၈ )
akyiphyu
********
" မောင်မောင် ...မင်းလုပ်ထားတဲ့ပြဿနာကို ....အိမ်ထိဘာကိစ္စသယ်လာရတာလဲ ...မင်းကိုငါအပြတ်ပြောထားပြီးသားနော်....မင်းနိုင်ငံခြားသွားမယ်ဆိုလို့ ငါပို့ပေးဖို့အကုန်စီစဉ်ပေးထားတယ်....မင်းအိမ်ထောင်ပြုမယ်ဆိုရင် ...ငါဘာမှမလုပ်ပေးဘူးလို့ပြောပြီးသားနော်....မင်းဘာသာဖြစ်ချင်တဲ့သူနဲ့ဖြစ်ချင်တိုင်းဖြစ်ခဲ့ပြီးမှ.... ငါကချွေးမလို့သက်မှတ်ပေးရမှာလား...ဘာတဲ့ ငါကသူ့အတွက်စရိတ်တောင်ထုတ်ပေးရအုံးမှာဆိုပဲ ...ဘယ်တုန်းကများငါကသူနဲ့သဘောတူတယ်လို့ပြောခဲ့မိလို့လဲ...အကြောကြီးနဲ့လာပြောလို့ကတော့ မြခွါညိုတို့ကသည်းမခံတတ်ဘူးနော်...ခုချိန်ကစပြီး မင်းအတွက်လဲဘာမှမလုပ်ပေးနိုင်တော့ဘူး...မိန်းမပါခေါ်တင်လာမယ်ဆိုရင်တော့ ခုချက်ချင်းအိမ်ပေါ်ကဆင်းသွား...ဘာတာဝန်မှငါမယူနိုင်တော့ဘူး...သူတို့မကျေနပ်လို့တိုင်ရင်လဲ မင်းထောင်ထဲသာသွားလိုက်မောင်မောင်ရေ...အလုပ်မရှိအကိုင်မရှိတဲ့ကလေးသာသာလူကို ကိုယ်တိုင်ကျေကျေနပ်နပ်လက်ခံခဲ့ပြီးမှ ဘာတွေမျှော်လင့်နေကြတာလဲ ...ဘာမှမလုပ်ပေးနိုင်ဘူး "
" ဘာ...ဘာပြောလိုက်တယ်....ညည်းမိုက်ရိုင်းလှချည်လားဟဲ့ ...ညည်းမှာမိန်မချင်းကိုယ်ချင်းစာစိတ်မရှိဘူးလား ....ဟဲ့ မောင်မောင် ...မင်းအမေကအောက်တန်းကျလှချည်းလား "
" အောက်တန်းကျတယ် ဟုတ်လား...ရှင်တို့ပြောတဲ့စကားကိုလဲ စဉ်းစားကြည့်အုံးလေ....ရှင်းရှင်းပဲပြောလိုက်မယ်...အပျော်အပါးပဲမက်နေတဲ့ရှင့်သမိးလိုလူမျိုးကို ချွေးမအဖြစ်လက်မခံနိုင်လို့ ...ကျွန်မတို့ဘက်ကဘာမှမလုပ်ပေးနိုင်ဘူး...သူတို့ဘာသာယူချင်ယူမယူချင်နေ...ကျွန်မတားလဲမတားဘူး...အသိအမှတ်လဲမပြုဘူး...တစ်ခုတော့ရှိတယ်...ဒါကိုမကျေနပ်လို့ ရှင်တို့ဘက်က ရဲမြတ်မောင်ကို တိုင်ချက်ဖွင့်မယ်ဆိုရင်လဲ...တည်းခိုခန်းသွားဖို့ဘယ်သူကစခေါ်ခဲ့တာလဲဆိုတာကို ....သမီးဖြစ်သူကိုသေချာမေးပါအုံး "
" အမေ...အမေတော်လိုက်တော့နော်...အမေပြောနေတာတွေအရမ်းများနေပြီ "
ရဲမြတ်မောင်က မိခင်ဖြစ်သူကို ထအော်လိုက်တယ်။ဒီအခါမြခွါညိုရဲ့ဒေါသတွေက သားဖြစ်သူအပေါ်ကျရောက်သွားတော့တယ်။
" အေး ..မတော်တော့ဘာဖြစ်လဲ လူမိုက်ရဲ့...ငါဒီလောက်အတန်တန်ပြောထားခဲ့ရဲ့နဲ့ ဒီလိုဟာတွေကို အိမ်ပေါ်ထိခေါ်လာရလား "
" ဟာဗျာ...အမေ့ကိုတော်တော့လို့ပြောနေတယ်နော်..."
" ဒုန်...ဂွမ်း "
ရဲမြတ်မောင်က စိတ်တိုတိုနဲ့ မှန်ဗီရိုကိုပိတ်ကန်ပစ်လိုက်တယ်။ကန်လိုက်တဲ့အရှိန်ကြောင့် ဗီရိုကမှန်ကဂွမ်းခနဲကွဲသွားခဲ့တယ်။
" နင်...နင်...အဲ့ဒါဘာလုပ်တာလဲ...လူမိုက်ကောင်ရဲ့...နင်ရှာထားတဲ့ငွေ ဘယ်နှစ်ပြားရှိလို့ ရိုင်းစိုင်းနေရတာလဲဟဲ့"
" မညိုတော်တော့...မပြောပါနဲ့တော့ ..."
ဒေါသတွေထွက်ပြီး အသိစိတ်ပျောက်ချင်သလိုဖြစ်နေတဲ့တူဖြစ်သူကိုကြည့်ပြီး မညိုအတွက်စိုးရိမ်လာတာမို့ မြရွက်ဝါ မညိုကိုဝင်ဆွဲလိုက်တယ်။မောင်မောင့်ပုံစံအချိုးကိုမကြိုက်တာမို့ ဒီပွဲမှာဘာမှဝင်မပြောဘူးလို့ မြရွက်ဝါဆုံဖြတ်ထားခဲ့တာ။အခုတော့ ဒီတိုင်းကြည့်နေလို့မရတော့လို့ ဝင်ပါရတော့တယ်။
"အစ်မတို့လဲ ပြန်ကြပါတော့ ...ကျွန်မအစ်မအရမ်းစိတ်တိုနေလို့ပါ..."
" ဒုန်း..ဒုန်း ..ဒုန်း "
" ခွါညို...ရွက်ဝါ.....တံခါးဖွင့်ကြစမ်း...ညည်းတို့တွေဘာဖြစ်နေကြတာလဲ...အောက်ထပ်မှာ ,,,ဘွားအေနဲ့ကြီးတော်တွေရှိသေးတာကို သိကြရဲ့လား '
တံခါးက်ိုခပ်ပြင်းပြင်းထုပြီးအော်လိုက်တဲ့ ကြီးကြိးနဲ့ဒေါ်လေးတို့ရဲ့အသံကြောင့် မြရွက်ဝါ တံခါးကိုအမြန်သွားဖွင့်ပေးလိုက်ရတယ်။
" ကဲ...ဘာတွေဖြစ်နေကြတာလဲ ပြောကြစမ်းပါအုံး...နောက်ဆုံးတော့ ..သားအလိမ္မာတုံးလေးက ပြဿနာရှာလာခဲ့ပြီမဟုတ်လား...တစ်နေ့ ဒီလိုဖြစ်မယ်ဆိုတာကိုသိသားပဲ...ညည်းတို့တွေအပေါ်မှာနေပြီးဖြစ်ချင်တိုင်းဖြစ်မနေကြနဲ့.....အောက်ကလူကြီးတွေကိုလဲလေးစားကြပါအုံး...အောက်မှာအမေမောနေပြီ...အမေသာတစ်ခုခုဖြစ်ရင် ညည်းတို့တွေ ဒီမှာဆက်နေဖို့မမျှော်လင့်ကြနဲ့တော့ "
ကြီးကြီးကဒေါသတကြီးနဲ့ကြိမ်းမောင်းပြောဆိုလိုက်ပြီး မြရွက်ဝါတို့ကို ခါးထောက်ပြီးကြည့်ကာ
" ကဲ....ဘာတွေဖြစ်နေကြတာလဲပြောကြစမ်း....စကားကိုအေးအေးဆေးဆေးမပြောနိုင်ကြဘူးလား...အော်ကြီးဟစ်ကျယ်နဲ့မရှက်ကြဘူးလား....ဒါနဲ့ဘာလဲ....မောင်မောင်မိန်းမယူဖို့လား....ဒါဆိုလဲ တစ်ခါတည်းတည်းရှင်းရှင်းပဲပြောလိုက်မယ်...ဒီအိမ်မှာလူပိုတွေတော့ လက်မခံနိုင်ဘူး...အခုကတည်းကရှုပ်ရှုပ်ယှက်ယှက်နဲ့ ဘာတွေမှန်းကိုမသိဘူး ...သွားကြ.....ဧည့်သည်တွေလဲပြန်ကြ ...ရှင်းချင်ရင်အပြင်မှာသွားရှင်းကြ....ငါတို့အမေသာတစ်ခုခုဖြစ်ရင် နင်တို့အားလုံးကို အိမ်ပေါ်ကမောင်းချပစ်မယ် ..."
" မောင်းချချင်တိုင်းမောင်းချရအောင် ....ဘွားလေးပိုင်တဲ့အိမ်လား...လူပါးလာမဝနဲ့နော်...လူပဲကိစ္စတော့ရှိမှာပဲ...အသက်ကြီးတယ်ဆိုတိုင်းအာရုံလာမနောက်နဲ့,,,,ကိုယ်နဲ့မဆိုင်ရင် အေးအေးဆေးဆေးနေကြ...ပြီးမှမောင်မောင်ကရိုင်းတယ်လို့လာမပြောကြနဲ့ "
" ဒုန်း..ဝုန်း.."
https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz
အပိုင်း ၇
https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz
အပိုင်း ၈
https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz
အပိုင်း (၉)
https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz
အပိုင်း ၁ဝ
https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz
အပိုင်း ၁၁
https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz
အပိုင်း ၁၂
https://fb.watch/pQw62cSEjV/?mibextid=Nif5oz
အပိုင်း (၁၃)
https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၄)
https://m.facebook.com/story.php?story_fbid=693330792915299&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၅)
https://m.facebook.com/story.php?story_fbid=693878499527195&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၆)
https://m.facebook.com/story.php?story_fbid=694465072801871&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၇)
https://m.facebook.com/story.php?story_fbid=695033399411705&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၈)
https://m.facebook.com/story.php?story_fbid=695585566023155&id=100067151540690&mibextid=Nif5oz
အပိုင်း ( ၁၉ )
https://m.facebook.com/story.php?story_fbid=696094872638891&id=100067151540690&mibextid=Nif5oz
အပိုင်း (၂၀)
https://m.facebook.com/story.php?story_fbid=696684312579947&id=100067151540690&mibextid=Nif5oz
အပိုင်း ၂၁
https://www.facebook.com/share/p/wRcCmH4RZ2ddz2tK/?mibextid=oFDknk
အပိုင်း ၂၂
https://www.facebook.com/share/p/bxYoDSCkyiBX8tT5/?mibextid=oFDknk
အပိုင်း ၂၃
https://www.facebook.com/share/p/UhXBQWJEfsK9iHFW/?mibextid=oFDknk
၂၄
https://www.facebook.com/share/p/imKjmHaB1J3xvrdJ/?mibextid=2JQ9oc
၂၅
https://www.facebook.com/share/p/6C6e36G1acEuacHn/?mibextid=2JQ9oc
၂၆
https://www.facebook.com/share/p/xBxTEsvfxiWurx9W/?mibextid=2JQ9
သူကမြရွက်ဝါရဲ့မျက်နှာကိုဆွဲမော့ပြီးမေးလိုက်တော့ မြရွက်ဝါခေါင်းခါပြလိုက်မိတယ်။အစကတည်းကလဲ အဒီလောက်ကြီးစိတ်ဆိုးနေတာမှမဟုတ်တာ။အထင်လွဲပြီးစိုးရိမ်နေခဲ့မိတာပဲရှိတာလေ။သူဒီလိုရှင်းပြလိုက်တော့လဲ မြရွက်ဝါရင်ထဲကျေနပ်သွားမိပါပြီ။
" စိတ်မဆိုးတော့ဘူးဆိုတာသေချာတယ်နော်...စိတ်မဆိုးတဲ့မျက်နှာကိုကြည့်အုံးမယ်"
" အို...တော်ပြီနော် "
ပြောပြောဆိုဆိုနဲ့ သူမကိုဖက်ပြိးနမ်းလိုက်တဲ့ ဟန်လင်းသန့်ကြောင့် မြရွက်ဝါရှက်ပြီးတားမြစ်လိုက်မိတယ်။
" ဒီနေ့တော့ မြရွက်စောစောပြန်မယ်နော်"
သူ့ရဲ့အနမ်းတွေအောက်ကရုန်းထွက်ပြီး မြရွက်ဝါခပ်တိုးတိုးပြောလိုက်မိတယ်။
မြရွက်ဝါရဲ့ တိုးဖွဖွ စကားသံကြောင့် မြရွက်ဝါကိုယ်လေးကို ဖက်ထားတဲ့လက်တွေကို ဟန်လင်းသန့်ဖြေလျော့ပေးလိုက်တယ်။
" အင်းပါကွာ ...ဒါနဲ့ မြရွက်ကို ကိုယ်ပြောစရာရှိသေးတယ် "
ဟန်လင်းသန့်က မြရွက်ရဲ့ လက်ဖဝါးလေးကို ခပ်ဖွဖွဆုပ်ကိုင်ပြီး ပြောလိုက်တယ်။
" ပြောလေကိုလင်း ... ဘာပြောမလို့လဲ "
" အင်း ... မြရွက်တို့ ဆိုင်မဖွင့်ချင်ဘူးလား .... ကိုယ်အရောင်းအဝယ်လုပ်ထားတဲ့ထိုက်မှာ မြေညီတစ်ခန်းရှိတယ်......နေရာကလဲစည်တယ်....မြရွက်အဲ့ဒီမှာ ဆိုင်ဖွင့်ချင်တယ်ဆိုရင် ကိုယ်စီစဉ်ပေးမယ် .. ဆိုင်ဖွင့်ရင်တော့ ပိုရောင်းရမှာသေချာတယ်....အစ်မကိုပြောကြည့်ပါလား "
ဟန်လင်းသန့်ရဲ့ စကားကြောင့် မြရွက်ဝါခေါင်းငြိမ့်ပြလိုက်မိပြီး
" ဆိုင်ခန်းခတွေဈေးကြီးလို့ ဆိုင်ဖွင့်ဖို့ တစ်ခါမှတော့မတွေးဖူးဘူး ...ဒါနဲ့ ကိုလင်းဆိုင်ခန်းခ က ဘယ်လောက်လဲ ..လချုပ်လား...နှစ်ချုပ်လား ...စဘော်ပါလား ...အရောင်းဆိုင်ထားတာလား "
မြရွက်ဝါရဲ့အမေးကြောင့် ဟန်လင်းသန့်သဘောကျစွာရယ်လိုက်မိသလို မြရွက်ဝါကိုကြည့်ပြီး အူယားလာကာ မချင့်မရဲနဲ့ပါးတွေဖျစ်ညှစ်လိုက်မိတယ်။
" ထောင့်စေ့အောင်မေးတတ်လိုက်တာကွာ .....ဒီလောက် တတ်နေမှတော့ ကိုယ်နဲ့အတူ ပွဲစားလိုက်လုပ်လို့ရနေပြီ ....တကယ်ပဲကွာ မေးတတ်တယ် ..ကိုယ်က မြရွက်ကိုလခတောင်းရမှာလား ...အဲ့ဒီမှာ မြရွက်ကြိုက်သလောက်နေလို့ရတယ်.....တစ်သက်လုံးလခပေးစရာမလိုဘူး ဟုတ်ပြီလား.."
တစ်သက်လုံးဆိုတဲ့ စကားကြောင့် ဟန်လင်းသန့်ရဲ့ မျက်နှာကို မြရွက်ဝါရီဝေစွာ မော့ကြည့်လိုက်မိတယ်။ တကယ်တော့ မြရွက်ဝါ သူ့ဆီကလိုချင်နေတာ ဒါတွေမဟုတ်ဘူးလေ။
" အစ်မနဲ့တိုင်ပင်လိုက်အုံးနော် မြရွက် ....မြရွက်တို့ဆိုင်ဖွင့်မယ်ဆိုရင်ပြောပါ ... ကိုယ်ပြင်ဆင်ပေးထားမယ် "
" အင်း ..အင်းပါ ... မညိုနဲ့ တိုင်ပင်လိုက်အုံးမယ်နော် "
မြရွက်ဝါခပ်တိုးတိုး ပြန်ပြောလိုက်မိပြီး ဟန်လင်းသန့်ရဲ့ရင်ခွင်ထဲမှာ တိတ်ဆိတ်ငြိမ်သက်နေမိတယ်။လူက ငြိမ်သက်နေခဲ့ပေမဲ့ စိတ်ထဲမှာတော့ " မြရွက်တို့လက်ထပ်ကြရအောင် " လို့ အကျယ်ကြီး အော်ဟစ်ပြောနေမိတယ်။
~~~~~~~~~
" အစ်မတို့မှားနေပြီနော်...သူတို့အချင်းချင်းတွဲနေကြတာကို ကျွန်မသိလဲမသိဘူး...အစ်မတို့သမီးနဲ့စကားလဲမပြောဖူးပါဘူး ...သူတို့ချင်းသဘောကျနေကြတယ်ဆိုရင်လဲ...ကျွန်မအနေနဲ့မတားပါဘူး...သူတို့သဘောပါပဲ...ဒါပေမဲ့ သူဒီအသက်အရွယ်နဲ့အိမ်ထောင်ပြုမှာကို ကျွန်မသဘောမတူနိုင်ပါဘူး...အသိအမှတ်လဲမပြုနိုင်ပါဘူး....ဘာမှလဲထောက်ပံ့မပေးနိုင်ပါဘူး "
မြခွါညိုက စကားကိုပြတ်ပြတ်သားသားပြောလိုက်တယ်။တစ်နေ့ဒီလိုဖြစ်လာနိုင်မယ်မှန်းသိလို့ မြခွါညိုအပြတ်ပြေခဲ့ပြီးသားလေ။
" ဒီလိုတော့ မိန်းမချင်းမစာမနာမပြောပါနဲ့....ဒါကရှင့်သားလုပ်ခဲ့တဲ့အပြစ်တွေပါ....မိန်းမတစ်ယောက်ကိုတာဝန်မယူနိုင်ဘဲနဲ့ဘာလို့အတူတူနေခဲ့တာလဲ ....အခုလို ကျွန်မတို့ဘက်မှာ လူသိရှင်ကြားအခြေအနေရောက်မှ သူကနိုင်ငံခြားကိုထွက်သွားလို့ရမလား .....အဲ့ဒီတော့ရွေးချယ်စရာ နည်းလမ်းနှစ်ခုရှိတယ်....တစ်နည်းက ကျွန်မတို့သမီးကိုရှင့်သားနဲ့အတူနိုင်ငံရပ်ခြားကို လွှတ်လိုက်တာ...နောက်တစ်နည်းကတော့...ချွေးမအဖြစ်အသိအမှတ်ပြုပြီး ဒီမှာခေါ်ထားတာပဲ...နှစ်ခုလုံးမလုပ်နိုင်ဘူးဆိုရင်တော့ ....ရှင့်သားကိုလိမ်လည်မှုနဲ့ တရားစွဲပြီးထောင်ချပစ်ရမှာပဲ '
ဇွတ်ကြီးပြောနေတဲ့ အမျိုးသမီးရဲ့စကားကိုကြားလိုက်ရတော့ မြခွါညိုဒေါသထောင်းခနဲထွက်သွားမိတယ်။မြခွါညိုအံကိုကြိတ်လိုက်ပြီး သားဖြစ်သူရဲမြတ်မောင်ကိုကြည့်လိုက်တယ်။
===================================
အပိုင်း( ၂၈ ) ဆက်ရန်
A KYI PHYU
#ဧကြည်ဖြူ
အပိုင်း( ၁ ) Link
https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz
အပိုင်း (၂) Link
https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz
အပိုင်း(၃)Link
https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz
အပိုင်း (၄)
https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz
အပိုင်း (၅)
https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz
အပိုင်း (၆)
....သူ့ကိုငါ့သားအဖြစ်ကစွန့်လွှတ်လိုက်တဲ့နေ့ပဲ...ငါတကယ်လုပ်မှာမြရွက်....နင်လဲ လူတွေကိုဘယ်တော့မှသည်းမခံနဲ့...နင့်ကိုငါပြောပြိးသားပဲ...ငါ့တို့သားအမိနှစ်ယောက်ကိုငဲ့နေရလို့ ....ကြီးကြိးတို့ကိုသည်းခံနေရတယ်ဆိုတာမျိုးမဖြစ်စေနဲ့ ...ရှင်းရှင်းပြောရရင် အခုလပိုင်းထဲမှာ အဘွားကျန်းမာရေးသိပ်မကောင်းဘူး...အဲ့ဒါကြောင့် ငါတို့ကိုအိမ်ပေါ်ကနှင်ချနိုင်ရေးကို ကြီးကြီးလုံးပန်းနေတာလေ....အသက်ကြီးလာလေလေ .....လောဘရမ္မက်ကကြီးလာလေလေပဲ..ငါကြားတာတော့ ကိုကိုကြီးတို့မိသားစုအလုပ်အဆင်မပြေလို့အိမ်ပါရောင်းရမယ်ဆိုလားပဲ...ငါတို့အခန်းမှာသူ့သားကြီးကိုထားဖို့ရည်ရွယ်ထားမှာပေါ့....တစ်နေ့တော့ ငါ့ပါးစပ်ကပြောမိလိမ့်မယ်....အဲ့ဒီလိုပြောမိတဲ့နေ့က ဆွေခန်းမျိုးခန်းပြတ်တဲ့နေ့ပဲသေချာတယ် "
မညိုရဲ့စကားတွေကြောင့် မြရွက်ဝါပိုပြီးစိတ်ညစ်သွားမိတယ်။စကားတွေအရှည်ကြီးမပြောချင်တာရယ် ကိုယ့်ကြီးတော်ဆိုတဲ့အသိကြောင့်သည်းခံနေလာခဲ့တာ။ကြီးကြီးရဲ့အကြံအစည်တွေက ဒီလောက်ထိမတရားလောဘကြီးနေခဲ့မှန်းကို မရိပ်မိခဲ့ရိုးအမှန်ပါပဲ။
~~~~~~~~~~~
" တူ ..တူ..တူ "
အဆက်မပြတ်မြည်နေတဲ့ဖုန်းကို မြရွက်ဝါမကိုင်ဘဲပေတေပြီးထိုင်နေလိုက်တယ်။သူမစိတ်ဆိုးနေမှန်းသိသိနဲ့တစ်နေကုန်ဖုန်းမဆက်ဘဲနေခဲ့ပြီး ညမှောင်တော့မှဖုန်းခေါ်နေတာလေ။အရင်ရက်တွေကဆိုရင် သူ့မှာအားတာနဲ့ဖုန်းခေါ်တာလေ။စိတ်ကဖုန်းကိုကိုင်လိုက်ချင်ပေမဲ့စိတ်ကိုထိန်းပြီး မြရွက်ဝါထိုင်နေလိုက်တယ်။
" တွီ "
ဖုန်းထဲမက်ဆေ့ဝင်လာသံကြောင့် မြရွက်ဝါကမန်းကတန်းဖတ်ကြည့်လိုက်မိတယ်။
" ကိုယ် ...မင်းတို့အခန်းရှေ့ကိုရောက်နေပြီ...ထွက်မလာရင်တံခါးခေါက်လိုက်မှာ ..."
စာဖတ်ပြီး မြရွက်ဝါမျက်လုံးပြူးသွားမိကာ လူကဆတ်ခနဲတုန်သွားမိတယ်။တုန်တုန်ယင်ယင်နဲ့တံခါးရှိရာဆီကိုထသွားလိုက်တယ်။ခြေတုန်လက်တုန်နဲ့ တံခါးကိုဖွင့်လိုက်ချိန်မှာတော့ တံခါးဝမှာရပ်နေတဲ့ဟန်လင်းသန့်ကိုတွေ့လိုက်ရတယ်။သူ့မျက်နှာကတော့ ခပ်တည်တည်ပဲ။သူဘာမှမလုပ်ထားသလိုပုံစံမျိုးနဲ့လေ။
" ကိုယ်တို့ စကားခဏပြောရအောင်...မင်းအစ်မဆီကခွင့်တောင်းပေးရမှာလား "
သူ့စကားကြောင့်မြရွက်ဝါထိတ်လန့်သွားမိတယ်။သူကပြောရင် ပြောတဲ့အတိုင်းတကယ်လုပ်တတ်တဲ့အကျင့်ရှိတယ်လေ။အခုလဲ ပြောတဲ့အတိုင်းအိမ်ထဲဝင်ချလာမှာကြောက်လို့ မြရွက်ဝါမှာ မတင်းထားနိုင်တော့ဘဲ
" လာခဲ့မယ်....သွားနှင့်လိုက်...မညိုကိုပြောလိုက်အုံးမယ်"
မြရွက်ဝါပြောလိုက်တော့ ဟန်လင်းသန့်ကချက်ချင်းလှည့်ထွက်သွားလိုက်တယ်။မြရွက်ဝါမှာ ခြေတုန်လက်တုန်နဲ့အိမ်ထဲကိုပြန်ဝင်ခဲ့လိုက်တယ်။
~~~~~~~~~~~~~
တိုက်ခန်းထဲကို မြရွက်ဝါဝင်လိုက်ချိန်မှာ ဧည့်ခံထဲမှာထိုင်နေတဲ့ ဟန်လင်းသန့်ကိုတွေ့လိုက်ရတယ်။ဟန်လင်းသန့်ပုံစံကစိတ်ပျက်လက်ပုံစံနဲ့ထိုင်နေတာကိုတွေ့လိုက်ရတယ်။သူမကိုမြင်တော့ခပ်တည်တည်နဲ့လှမ်းကြည့်တယ်။မြရွက်ဝါလဲ သူ့ရှေ့တည့်တည့်ကခုံမှာမဟုတ်ဘဲ ခပ်လှမ်းလှမ်းကခုံမှာဝင်ထိုင်ဖို့ပြင်လိုက်တယ်။
" မြရွက် "
" အမေ့ "
ခေါ်သံနဲ့အတူ ဟန်လင်းသန့်က မြရွက်ဝါလက်ကိုလှမ်းဆွဲလိုက်တာမို့ မြရွက်ဝါမှာ ဟန်လင်းသန့်ပေါ်ကိုလဲကျသွားခဲ့ရတယ်။ဟန်လင်းသန့်က လဲကျလာတဲ့မြရွက်ဝါကိုထိန်းဖက်လိုက်ပြီး သူ့ဘေးကခုံမှာထိုင်စေလိုက်တယ်။
" မင်းကိုဘာမှမလုပ်ပါဘူး...ဒီမှာထိုင်.....ဘာလဲစိတ်မကောက်တတ်ဘူးထင်ထားတာ...စိတ်ကောက်တတ်တာလား...စိတ်ကောက်တာဆိုရင်လဲပွင့်ပွင့်လင်းလင်းပြောလေ...ကိုယ်ကဘယ်သူ့ကိုမှမချော့ဖူးတော့ စိတ်ကောက်တာတွေဘာတွေလဲ မသိဘူး...ကိုယ်ပြောတာကြားရဲ့လား "
ဟန်လင်းသန့်ကပြောပြောဆိုဆိုနဲ့ မြရွက်ဝါရဲ့ခေါင်းထက်ကဆံပင်ကောက်ကောက်ကြီးတွေကိုဆွဲဖွပစ်လိုက်တယ်။ပြီးတော့သူ့မျက်နှာကို မြရွက်ဝါမျက်နှာနဲ့ထိကပ်လုမတတ် တိုးကပ်လိုက်ပြီး
" ပထပတစ်ချက်ပြောပြမယ်...မုန့်ဖိုးပေးတယ်ဆိုတာက ..မင်းကိုချစ်လို့ပေးတာ....ကျန်တဲ့ဘာသဘောမှမပါဘူး...ဒုတိယတစ်ချက်က ဒီနေ့ဖုန်းမဆက်တာက ...ကိုယ်အလုပ်တော်တော်များနေလို့ မဆက်တာ ... အလုပ်က ဖုန်းဆက်ချိန်လေးတောင်မရအောင်များနေတာလားဆိုရင် ....ဟုတ်တယ်လို့ပြောရမှာပဲ...တကယ်လို့ မြရွက်ဆီကိုဖုန်းဆက်မိရင် အလုပ်ကမနက်ဖြန်ထိဆက်သွားလိမ့်မယ်...အဲ့ဒါဆိုရင် ကိုယ်တို့မနက်ဖြန်လဲတစ်နေကုန်တွေ့ရမှာမဟုတ်ဘူး ...အဲ့ဒါကြောင့် အလုပ်တွေကိုဒီနေ့ အပြီးလုပ်ခဲ့လို့ ဖုန်းဆက်ဖို့တောင်အချိန်မရတာ...ကျေနပ်ပြီလား ...ဘာမရှင်းတာရှိသေးလဲ...ကိုယ်မရောက်ခင်တုန်းကတော့ ဝရန်တာမှာရပ်နေခဲ့တာ ကိုယ်မသိဘူးထင်နေလား...ကိုယ့်ကားပါကင်ထိုးနေတော့မှ မင်းအိမ်ထဲကိုဝင်သွားတာ ကိုယ်တွေ့သားပဲ ..."
ဟန်လင်းသန့်ရဲ့ဖြေရှင်းချက်စကားတွေကြောင့်မြရွက်ဝါရှက်ပြီးခေါင်းငုံ့ထားလိုက်မိတယ်။
" မနက်ကတည်းက ကိုယ့်ကိုစိတ်ဆိုးသွားမှန်းသိပါတယ်ကွာ...ချိန်းထားတဲ့ဧည့်သည်ကတိုက်ရှေ့ရောက်နေပြီဆိုလို့ လိုက်မချော့တာပါ ...ကျေနပ်ပြီလား...စိတ်ဆိုးနေတုန်းလား "
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂၇ )
akyiphyu
********
မြရွက်ဝါကထိတ်လန့်တုန်လှုပ်သွားတဲ့မျက်နှာနဲ့မေးလိုက်တာမို့ ဟန်လင်းသန့်ကမြရွက်ဝါကိုစူးစိုက်ကာကြည့်လိုက်ပြီး
" မြရွက် ဘာတွေတွေးနေတာလဲ ...ကိုယ့်ချစ်သူကိုမုန့်ဖိုးပေးတာပဲ ဘာထူးဆန်းလို့လဲ..."
ဟန်လင်းသန့်က မထူးဆန်းဘူးဆိုပေမဲ့ မြရွက်ဝါစိတ်ထဲမှာတော့ အတွေးပေါင်းစုံကိုတွေးနေခဲ့မိတာအမှန်ပါပဲ။ချစ်သူဆီကလက်ခွင့်တောင်းမဲ့စကားကိုမျှော်လင့်နေချိန်မှာ ချစ်သူကပိုက်ဆံပေးလာတယ်ဆိုတော့ ဒီပိုက်ဆံကဘာအတွက်ပေးတာလဲဆိုတဲ့အတွေးကိုပဲ အရင်တွေးမိတော့တာ။
" မြရွက်အတွက် ပိုက်ဆံမလိုပါဘူး ကိုလင်း...နောက်ကိုမပေးပါနဲ့ ...ကိုလင်းဧည့်သည်လာတော့မှာမဟုတ်လား...မြရွက်သွားတော့မယ် '
မြရွက်ဝါပြောပြီးတာနဲ့ နေရာကထလိုက်တယ်။ချစ်သူဆီကမုန့်ဖိုးရလိုက်လို့ မပျော်ရွှင်မိဘဲ စိတ်ထဲနောက်ကျိရှုပ်ထွေးသွားမိတာအမှန်ပါပဲ ။
" မြရွက် "
ဟန်လင်းသန့်ကမြရွက်ရဲ့လက်ကိုဖမ်းဆွဲလိုက်တယ်။
" မြရွက်စိတ်တိုသွားတာလား...ဘာဖြစ်လို့လဲ....မြရွက်ကို သုံးစေချင််လို့မုန့်ဖိုးပေးတာက အပြစ်ဖြစ်သွားတာလား...ကိုယ်အပြစ်လုပ်မိတာလား ....ပိုက်ဆံမကြိုက်တဲ့မိန်းမရယ်လို့ လောကမှာမရှိဘူးထင်တယ် "
" ဘာ...ဘာပြောလိုက်တယ်ကိုလင်း..."
မြရွက်ဝါအံ့ဩထိတ်လန့်ကာ ဟန်လင်းသန့်ကိုမော့ကြည့်လိုက်မိတယ်။ပြီးတော့အံကိုကြိတ်လိုက်မိပြီး
" ဟုတ်ပါတယ်...မြရွက်လဲမိန်းမထဲကမိန်းမတစ်ယောက်မို့ ပိုက်ဆံမက်ပါတယ်...ဒါပေမဲ့ကိုယ့်ဘာသာရှာတဲ့ပိုက်ဆံကိုပဲမက်တာ....ချစ်သူကမုန့်ဖိုးပေးလို့လဲတကယ်ပျော်ပါတယ်.....ဒါပေမဲ့အချိန်အခါဆိုတာ ရှိတယ်...ဒါကပိုက်ဆံပေးသင့်တဲ့အချိန်မဟုတ်ဘူး ...ပြီးတော့ ကိုလင်းရဲ့စည်းစိမ်ချမ်းသာတွေကိုလဲ မြရွက်မမက်မောဘူး ....မြရွက်သွားတော့မယ် ..ဒီနေ့တော့ကိုလင်းနဲ့မြရွက်စကားပြောလို့အဆင်ပြေမှာမဟုတ်တော့ဘူး "
ပြောပြီးတာနဲ့မြရွက်ပြေးထွက်လာခဲ့တယ်။ဒီအချိန်မှာပဲ ဟန်လင်းသန့်ရဲ့ဖုန်းကလဲထမြည်လာတာမို့ ဟန်လင်းသန့်မှာဖုန်းကိုကောက်ကိုင်လိုက်ရင်း နေရာမှာမလှုပ်မယှက်နဲ့ရပ်ပြီးကျန်နေခဲ့လေတယ်။
~~~~~~~~~~~~~
မြရွက်ဝါတစ်နေကုန်အလုပ်တွေပဲဖိလုပ်နေမိတယ်။သူဒီနေ့တစ်နေကုန် အလုပ်တွေရှီတယ်လို့လဲ့ပြောသွားခဲ့တာမို့ ပဲ ဖုန်းမဆက်တာလားတော့သေချာမသိပါဘူး။သူလဲမြရွက်ဝါကိုစိတ်ဆိုးသွားပုံပါပဲ။ မြရွက်ဝါအဖို့တော့ ချစ်သူဖြစ်ပြိး သက်တမ်းတစ်လျှောက်မှာ ဒီနေ့ကဝမ်းနည်းနာကျင်ရဆုံးနေ့ပဲ။ချစ်သူနှစ်ယောက်ချစ်သူတွေရဲ့နယ်နိမိတ်စည်းကိုကျော်သွားခဲ့မိလို့ ချစ်သူဆီကလက်ထပ်ခွင့်တောင်းတာကို မျှော်လင့်နေမိခဲ့တာလေ။ ဒီလိုအချိန်မှာမှ ချစ်သူကပိုက်ဆံပေးတယ်ဆိုတာက သူမမျှော်လင့်ချက်တွေကိုဖျက်ဆီးပစ်လိုက်ရုံမကဘဲ အတွေးထဲမှာပါရှုပ်ထွေးသွားစေခဲ့တာအမှန်ပါပဲ။သူ့ဘက်ကဘယ်လောက်ပဲ ရိုးရှင်းပါတယ်ပြောပြော မြရွက်ဝါဘက်ကတော့စိတ်မသန့်တော့ဘူးလေ။
" မြရွက် ..နင်ဒီနေ့အလုပ်တွေလုပ်လှချည်လား....ထမင်းလဲစားအုံး ....နင့်တူကမနက်ကငါ့ကိုဖုန်းဆက်တယ် ...သူ့ဟာမဘက်ကလူကြီးတွေက... ငါတို့နဲ့တွေ့ချင်တယ်လို့ပြောတယ်တဲ့....တစ်ရက်လောက် ....အိမ်ကိုခေါ်လာမှာမို့ လက်ခံပြီးတွေ့ပေးပါတဲ့လေ "
အစ်မဖြစ်သူရဲ့စကားကြောင့် မြရွက်ဝါမျက်လုံးအပြူးသားနဲ့ကြည့်လိုက်မိပြီး
" တွေ့ခွင့်တောင်းတယ်ဟုတ်လားမညို...ဒါကဘာသဘောလဲ...ကြည့်ရတာမင်္ဂလာကိစ္စအတွက်များလား...မညိုလက်ခံတွေ့မှာလား "
" အင်း တွေ့လိုက်မယ်...တွေ့လိုက်ပြိးတော့ ငါ့သဘောကိုပြောလိုက်မယ်...သူတို့ဘာသာမင်္ဂလာပဲဆောင်ဆောင်....ကြိုက်တာလုပ် ....အဲ့ဒီမိန်းမကိုသဘောမကျတဲ့အတွက် ငါ့ဘက်ကဘာမှမလုပ်ပေးနိုင်ဘူး...တကယ်ကလုပ်ပေးစရာလဲမရှိတော့ဘူး ...အခုတောင် သူနိုင်ငံခြားသွားဖို့အတွက် ငွေတွေအတော်ကုန်နေပြီ....သင်တန်းကြေးတွေကပဲ နည်းတာမဟုတ်ဘူး ...ဒီအချိန်မှာလူတိုင်းကပြည်ပထွက်ချင်နေကြတာ...အလုပ်ရဖို့ဆိုတာ ငွေကုန်ခံနိုင်ရင်တောင် ရဖို့ကမသေချာဘူး ...အဲ့ဒါကြောင့်လဲ ငွေတွေအကုန်ခံပြီးလိုက်လုပ်ပေးနေတာ...သူ့ဘဝအတွက်ငါ့မှာရှိသမျှနဲ့လုပ်ပေးပြီးပြီမို့ ဘာမှထပ်လုပ်မပေးနိုင်တော့ဘူး ...အဲ့ဒါတွေကိုပွင့်ပွင့်လင်းလင်းပြောမလို့လက်ခံလိုက်တာပဲ ... သူတို့လာလိမ့်မယ် "
" အင်း ...လာရင်လဲ အေးအေးဆေးဆေးပြောပါမညို...အဓိက,က မောင်မောင်ပဲ...မောင်မောင်က တစ်နေ့ထက်တစ်နေ့မြရွက်တို့ကိုလုံးဝဂရုမစိုက်တော့ဘူး...တစ်ခုခုဆိုရင် သူ့ကောင်မလေးဘက်ကပါလိမ့်မယ်ထင်တယ် "
" ငါသိတာပေါ့မြရွက်ရယ်...သူရိုင်းလာတာကိုငါသိတယ်...သားသမီးကအရမ်းရိုင်းနေတယ်လို့လဲ.... လူတကာသိအောင်ငါမလုပ်ပါဘူးစိတ်ချပါ...ဘာလို့လဲဆိုတော့ သားသမီးတစ်ယောက်ရိုင်းနေပြီဆိုရင်... မိဘကမဆုံးမဘူးလား...မိဘတွေအသုံးမကျဘူးဆိုတဲ့စကားကိုပဲ အရင်ပြောကြတာလေ ....တကယ်တော့သူတို့အရွယ်ရောက်လာချိန်မှာပေါင်းသင်းခဲ့တဲ့အပေါင်းအသင်းတွေကြောင့်အများကြီးပါတယ်...တစ်ဖက်သတ်ဆန်ဆန်ပြောရရင် ငါ့သားလေးဒီလိုအရိုင်းအစိုင်းဖြစ်သွားရတာ မိုးရတနာကျော်ဆိုတဲ့ဟာမကြောင့်ပဲ ...အဒီလိုမိန်းမကို ချွေးမအဖြစ်ငါဘယ်တော့မှ အသိအမှတ်မပြုဘူး...အဲ့ဒီဟာမနဲ့မောင်မောင်ယူလိုက်တဲ့နေ့က
ဖုန်းထဲကတောင်းပန်သံတိုးဖွဖွကိုနားထောင်ရင်း မြရွက်ဝါရင်တွေတလှပ်လှပ်ခုန်နေမိတယ်။ တကယ်ဆို ဟန်လင်းသန့်အမှားမဟုတ်ဘူးလေ။မြရွက်ဝါကိုယ်တိုင်က အငြင်းစကားမဆိုခဲ့ဘဲ ကြည်ဖြူခဲ့တာမဟုတ်ပါလား။
"ကိုယ့်ကို စိတ်ဆိုးနေတာလား မြရွက်ရယ်...ဘာမှလဲပြန်မပြောဘူး "
ချစ်ရသူဆီက ဒုတိယအကြိမ်းမြောက်စကားသံထွက်လာတော့မှ မြရွက်ဝါမနည်းအားယူကာ စကားပြန်ပြောလိုက်မိတယ်။
" ဟို ... ဟို မြရွက်စိတ်မဆိုးပါဘူး ...ရှက်...ရှက်နလို့ပါ "
" ဟော့ဗျာ ...ဖုန်းပြောရတာတောင် ရှက်နေတယ်ဆိုရင် ...အပြင်မှာတွေ့ဖို့ရော အဆင်ပြေရဲ့လားကွာ ... မြရွက်ကို အရမ်းသတိရနေလို့ ခုခဏလောက်ဖြစ်ဖြစ်တွေ့ချင်လို့... "
" ဟင် ...အခုလာရမှာလား ...ရှက်လို့ပါဆို.....မနက်ဖြန်မှ တွေ့ကြမယ်လေနော် "
မြရွက်ဝါမရဲတရဲ ပြောလိုက်မိတယ်။
" မြရွက်ရယ် ကိုယ့်ကိုမချစ်ဘူးလား ... ကိုယ်အရမ်းလွမ်းလို့ပါကွာ ... ကိုယ်တောင်းပန်ပါတယ်နော် "
ဟန်လင်းသန့်ရဲ့ တောင်းပန်တိုးလျှိုးတဲ့အသံကိုကြားလိုက်ရတော့ မြရွက်ဝါမငြင်းနိုင်ရက်တော့ဘဲ ဖြစ်သွားမိတယ်။
" အင်း ..အင်းပါ ...လာခဲ့မယ် နော်..ခဏလေးစောင့်နေအုံးနော်.....ဒါနဲ့ မနက်စာဘာစားမလဲ ...မြရွက်ဘာဝယ်လာခဲ့ပေးရမလဲ...... "
" မဝယ်နဲ့တော့ မြရွက် ....မနက်စာ ကိုယ့်ဘာသာလုပ်စားမလို့လေ ... ကိုယ်ဖုန်းချလိုက်တော့မယ်နော် ... ကိုယ် မျက်နှာတောင်မသစ်ရသေးဘူးကွ ... ဒါပဲနော် ....မင်းကို ကိုယ်အရမ်းချစ်တယ်သိလား မြရွက် "
" ရှင် ..."
ဖုန်းချခါနီး ပြောသွားတဲ့ စကားတွေကြောင့် မြရွက်ဝါအံ့သြသွားမိကာ ရင်ခုန်သံတွေ မြန်ဆန်သွားရတယ်။သူမတို့ချစ်သူဖြစ်ပြီး အတော်ကြာမှဒီစကားကို သူ့ဆီကကြားရတာမို့ ရင်တွေ ဖြောင်းဆန်အောင် လှုပ်ရှားခုန်လှုပ်သွားမိတယ်။နောက်ဆုံးမှာတော့ မြရွက်ဝါ အကြားချင်ဆုံးစကားလေးကို သူ့ဆီကကြားလိုက်ရပြီမို့ - မြရွက်ဝါတစ်ကိုယ်လုံး လေထဲမှာ မျောလွင့်နေသလို ကြည်နူးပျော်ရွှင်သွားမိတယ်။
~~~~~~
အခန်းတံခါးကိုဖွင့်ပြီး မြရွက်ဝါဝင်လိုက်တယ် ။ဟန်လင်းသန့်က သော့ပိုတစ်ချောင်းပေးထားတာမို့ မြရွက်ဝါဝင်ထွက်ချင်တဲ့အခါ အချိန်မရွေး ဝင်ထွက်လို့ရတယ်လေ။
" ကိုလင်း "
အိမ်ရှေဧည့်ခန်းတစ်ခုလုံး ရှင်းလင်းတိတ်ဆိတ်နေတာမို့ မြရွက်ဝါခပ်တိုးတိုးခေါ် ကြည့်လိုက်တယ်။
" ကိုယ်ဒီမှာ မြရွက် ...မီးဖိုခန်းထဲမှာ "
မီးဖိုခန်းထဲက ထွက်လာတဲ့အသံကြောင့် မြရွက်ဝါ မီးဖိုခန်းဆီကိုလျှောက်သွားလိုက်တယ်။
" ကိုလင်း ဘာတွေလုပ်နေတာလဲ ... ကော်ဖီသောက်မလို့လား ... မြရွက်ဖျော်ပေးမယ်လေ "
မြရွက်ဝါလှမ်းပြောလိုက်တော့ ဟန်လင်းသန့်က မြရွက်လက်ကို လှမ်းဆွဲယူလိုက်ပြီး ခုံမှာထိုင်စေလိုက်တယ်။
" အချစ်က ဒီမှာထိုင်နေပါ....အချစ်အတွက်မနက်စာ လုပ်ပေးချင်လို့ ခေါ်လိုက်တာ ... ကိုယ့်လက်ရာကို စားကြည့်ပေါ့ ... ကိုယ့်ဘာသာမချက်စားဖြစ်တာကြာပြီ "
ဟန်လင်းသန့် နှုတ်က အချစ်ဆိုတဲ့ အခေါ်အဝေါ်ကြောင့် မြရွက်ဝါမျက်နှာမထားတတ်အောင်ရှက်သွားမိတယ်။ဟန်လင်းသန့်ကတော့ ရှက်နေတဲ့မြရွက်ဝါရဲ မျက်နှာလေးကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး မြရွက်ဝါရဲ့နဖူလေးကိုတစ်ချက်ငုံ့နမ်းလိုက်တယ်။ပြီးတော့မှချက်ပြုတ်နေတဲ့ဆီကိုပြန်လျှောက်သွားခဲ့တယ်။
" အချစ်ထမင်းကြော်ကြိုက်ရဲ့လား...ကိုယ်က ဟိုအရင်တုန်းက ..ကိုယ့်အဖေကိုအမြဲကြော်ကျွေးခဲ့တာလေ....ဟင်းမချက်နိုင်တဲ့နေ့တွေမှာ ဖြစ်သလိုကြော်ပြီးကျွေးခဲ့ရတာပေါ့...ဒါပေမဲ့ ကိုယ်ကြော်ကျွေးတဲ့ထမင်းကြော်ကို အဖေကကြိုက်တယ်လို့ပြောတယ်...ကိုယ်ဟင်းဝယ်မကျွေးနိုင်လို့ထမင်းကြော်ကျွေးမှန်းသိလို့ပြောတာလား...မသိဘဲပြောတာလားတော့မသိဘူး ...အခုအဲ့ဒီထမင်းကြော်ကိုအသားများများနဲ့ကြော်ထားတာ ..စားကြည့်ပါအုံးကြိုက်ရဲ့လားလို့ "
"ကိုလင်းကအဖေနဲ့နေခဲ့တာလား...ကိုလင်းမိသားစုအကြောင်ကို ....မပြောပြဖူးဘူးနော်.....မိသားစုဝင်ဘယ်နှစ်ယောက်ရှိတာလဲဟင်.... "
မြရွက်ဝါသိချင်စိတ်နဲ့မေးလိုက်မိတယ်။ဒီအခါမှာ ဟန်လင်းသန့်ရဲ့မျက်နှာဖျတ်ခနဲပျက်ယွင်းသွားတာကိုသတိထားလိုက်မိတယ်။
" ကိုယ်ကြော်ပေးထာတာ ကောင်းရဲ့လားစားကြည့်ပါအုံး ...ကိုယ့်ဘာသာလုပ်မစားဖြစ်တာအတော်ကြာပြီလေ ...ဒီနေ့မှမြရွက်ကို ကိုယ်တိုင်ချက်ကျွေးချင်လို့ ...အဆင့်သင့်ရှိနေတာတွေနဲ့အဆင်ပြေရာကိုပြင်ဆင်လိုက်တာ "
ဟန်လင်းသန့်က မေးတာကိုမဖြေဘဲ စကားလမ်းကြောင်းလွှဲလိုက်တာကိုသတိထားလိုက်မိတာမို့မြရွက်ဝါလဲဘာမှထပ်မမေးတော့ဘဲ သူခွံ့ကျွေးတဲ့ ထမင်းကြော်ကိုသာစားလိုက်တယ်။ပြီးတော့စိတ်ထဲမှာလဲ ကိုလင်းရဲ့အမျိုး အဒေါ်ကြီးပြောသွားတဲ့စကားကို သတိရလိုက်မိတာမို့ ရေငုံနှုတ်ပိတ်နေလိုက်တယ်။ဘာကြောင့်ပဲဖြစ်ဖြစ် ချစ်သူစိတ်ဆင်းရဲစေမဲ့ စကားမျိုးတွေ၊အကြောင်းအရာမျိုးတွေကို မပြောမိအောင်နေဖို့ မြရွက်ဝါဆုံးဖြတ်လိုက်တယ်။
ဒီလိုမရိုးရှင်းပါဘဲ သဘာဝကပေးထားတဲ့ကံတရားအရ ကိုယ်လေးလက်ဝန်သာ ရှိသွားခဲ့ရင်တော့ မိန်းမသားတွေရဲ့ဘဝက ဘဝနဲ့ရင်းပြီးကလေးမွေးမလား၊ အသ & က်နဲ့ရင်း စွန့်ပစ်လေမလားဆိုတဲ့ လမ်းနှစ်ခုပဲရွေးစရာရှိပါတယ်။သေချာတာက ဒီရွေးချယ်မှုနှစ်ခုလုံးအတွက်ဘဝရောအသက်ရောရင်းထားရတယ်ဆိုတာပါပဲ။
~~~~~~~~~~~~~~~~
အိမ်တံခါးကိုဖြည်းညင်းစွာဖွင့်ပြီး မြရွက်ဝါဝင်လာခဲ့လိုက်တယ်။အိမ်ထဲမှာ ဘုရားခန်းကမီးရောင်ကြောင့်အလင်းရောင်အနည်းငယ်ကအိမ်ထဲမှာလင်းနေခဲ့တယ်။မြရွက်ဝါခြေကိုဖော့နင်းပြီးလျှောက်လာခဲ့တယ်။ဧည့်ခန်းထဲကိုရောက်ချိန်မှာ ကုလားထိုင်ပေါ်မှာမတ်မတ်တောင့်တောင့်ကြီးထိုင်နေတဲ့ အစ်မဖြစ်သူကိုမြင်လိုက်ရတာမို့ မြရွက်ဝါလန့်ဖျပ်သွားမိတယ်။
" မ..မညို မအိပ်သေးဘူးလား "
မြရွက်ဝါတုန်တုန်လှုပ်လှုပ်နဲ့မေးလိုက်မိတယ်။
" နင့်တူ ...ဒီညလဲပြန်မလာပြန်ဘူး "
" မညိုရယ်...ပြန်မလာတော့လဲဘာစိတ်ပူစရာရှိလဲ...သူ့မှာသွားစရာတစ်နေရာပဲရှိတဲ့ဟာ.....အချိန်တန်ရင်သူပြန်လာမှာပါ "
အစ်မဖြစ်သူကိုသနားတာကြောင့် မြရွက်ဝါနှစ်သိမ့်စကားပြောလိုက်မိတယ်။
" သူပြန်လာတာမလာတာထက် ....ငါမသိအောင်ပိုက်ဆံတွေယူသွားတယ်မြရွက်...တကယ်လို့များအဲ့ဒီအကျင့်ကဖျောက်မရတော့ရင်ဘယ်လိုလုပ်မလဲ...အဲ့ဒီမိန်းမကို မကောင်းတဲ့နည်းလမ်းနဲ့ရှာဖွေကျွေးနေရင်ဘယ်လိုလုပ်မလဲ...ငါ့သားလေးကို သူခိုးဂျပိုးဘဝရောက်သွားမှာစိုးရိမ်တယ် ....ငါ့ဆီမှာလဲသူ့အတွက်ပေးစရာဘာအမွေမှမရှိဘူး..."
" မညိုရယ် ..ဘာတွေ ပြောနေတာလဲ ... မောင်မောင့်ကို နိုင်ငံခြား လွှတ်မှာမဟုတ်လား ... သူအဲ့လောက်လဲမမိုက်လောက်ပါဘူး "
" အင်း ... မိုက်ရင်လဲသူ့ထိုက်နဲ့ သူ့ကံဖြစ်သွားပြီ .....သူနိုင်ငံခြားသွားဖို့အတွက်လုပ်ပေးနေတာက..ငါ့မှာရှိတဲ့အင်အားကုန်သလောက်နီးပါးပဲ.....နိုင်ငံခြားထွက်ဖို့အတွက် ဒီလကုန်ရင်ငွေအကုန်သွင်းရတော့မယ်...ဒီခြားထဲမှာသူတစ်ခုခုဖောက်သွားရင်ငွေတွေအကုန်ဆုံးရှုံးမှာ...ဒါတွေကြောင့်စကားအေးအေးဆေးဆေးပြောမယ်ဆိုတော့လဲ သူကနားမထောင်ဘူး...စကားပြောမယ်ကြံရင် ကောင်မကဖုန်းဆက်ပြီ....ကောင်မဖုန်းဆက်လိုက်တာနဲ့ မအေနဲ့စကားပြောနေတာဘာညာမသိတဲ့တော့တဲ့သူကိုငါကလဲ ရင်ထဲကနာနေပါပြီ...ဒီတစ်ခေါက်ကိစ္စတွေပြီးရင်တော့ သူ့ကိုစွန့်လွှတ်ပစ်နိုင်အောင်ပဲကြီုးစားတော့မယ် "
မညိုရဲ့စကားကြောင့် မြရွက်ရင်ထဲလဲမကောင်းဖြစ်သွားရတယ်။သူမတို့ညီမနှစ်ယောက်မှာသံယောဇဉ်တွယ်စရာဆိုလို့ ဒီကလေးတစ်ယောက်ပဲရှိတာကို ရင်နာနာနဲ့စွန့်လွှတ်ရတော့မဲ့ပုံပါပင်။
" ဒါနဲ့...နင်တို့လက်ထပ်ကြဖို့ကိုဟန်လင်းသန့်ကမပြောသေးဘူးလား...နင်တို့တွေလက်ထပ်သင့်တဲ့အရွယ်တွေရောက်နေကြပြီ "
မညိုရဲ့အမေးကြောင့် မြရွက်ဝါမဖြေနိုင်ဘဲဖြစ်သွးမိတယ်။ဟန်လင်းသန့်က သူမကိုသိပ်ချစ်မှန်းသိသားပေမဲ့ သူမတို့ လက်ထပ်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ အရိပ်အယောင်လေးတောင်မပြောဖူးတာကိုလဲသတိရလိုက်မိတယ်။ဒိညဖြစ်ခဲ့ကြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ သူဘာတွေများပြောမလဲဆိုတာကိုတော့ မြရွက်ဝါလဲမခန့်မှန်းနိုင်သေးဘူး။
" အင်း...နင် သူ့ကိုသိပ်ချစ်နေတယ်မဟုတ်လားမြရွက် ...ချစ်တာတော့ချစ်ပါ...ဒါပေမဲ့ငါပြောထားတာကိုတော့မမေ့ပါနဲ့...နင့်ကိုငါ့လိုမျိုးစိတ်မဆင်းရဲစေချင်ဘူး...ပြီးတော့ နင့်ကိုထပ်ပြောမယ်..ကလေးမမွေးနဲ့...ဒါပဲဟာ.... ငါသွားအိပ်တော့မယ်...နင်လဲသွားအိပ်တော့ "
ပြောပြောဆိုဆိုနဲ့မညိုကနေရာကထသွားပြီး သူ့အိပ်ခန်းဆီကိုဝင်သွားခဲ့တယ်။မြရွက်ဝါလဲ လေးလံတဲ့ခြေလှမ်းတွေနဲ့အခန်းဆီကိုလျှောက်လာခဲ့တယ်။
~~~~~~~~~~
ဟန်လင်းသန်ဖျတ်ခနဲ နိုးလာခဲ့တယ်။နိုးနိုးချင်းမှာ ညတုန်းက အဖြစ်ကိုချက်ချင်းသတိရလိုက်မိပြီး နံဘေးကို လက်နဲ့ အသာစမ်းကြည့်လိုက်မိတယ်။လက်က အိပ်ရာခင်းကိုပဲစမ်းလိုက်မိတဲ့အခါ ရင်ထဲမှာလစ်ဟာသွားသလိုခံစားလိုက်ရတယ်။သူညက သိပ်ပြီးမမူးခဲ့တာမို့ အရာအားလုံးကိုရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့တယ်။အဖြစ်အပျက်တွေကိုမှတ်မိနေတာနဲ့အတူ ဘာမှန်းမသိတဲ့ ခံစားချက်တစ်ခုက သူ့ရင်ထဲမှာ ကိန်းအောင်းလာတယ်။သူ့ဘဝမှာ ဘာအကာအကွယ်မှမသုံးဘဲ မိန်းမတစ်ယောက်နဲ့အတူအိပ်တာက ဒါဟာပထမဆုံးအကြိမ်ပါပဲ။ အဲ့ဒီအတွက်နောက်ဆက်တွဲရလဒ်အနေနဲ့ သူ့လက်ထပ်ရတော့မှာလားလို့တွေးလိုက်မိတော့ ဟန်လင်းသန့်တုန်လှုပ်သွားမိတယ်။မိ<န်းမတွေဘယ်လောက်ထိ မာယာများလဲ၊ မယုံကြည်ရလဲဆိုတာကိုသိသိနဲ့ မိန်းမတစ်ယောက်ကို လက်ထပ်ယူဖို့အတွက် သူ့မှာသတ္တိတွေမရှိသေးဘူး ။အဆင်သင့်လဲ မဖြစ်သေးဘူး။ အဲ့ဒီမိန်းမတစ်ယောက်က မိခင်ဖြစ်သူလိုဖြစ်သွားခဲ့ရင်ဆိုတဲ့ အတွေးတွေကိုပဲ ဟန်လင်းသန့်မကြာခဏ တွေးနေခဲ့မိတယ်။ခေါင်းထဲမှာ အတွေးပေါင်းများစွာနဲ့ ရှုပ်ထွေးနေရင်းက ကိုယ်တိုင်မသိလိုက်ခင်မှာဘဲ ဖုန်းကိုလှမ်းယူလိုက်ပြီး နံပတ်တစ်ခုကို ဟန်လင်းသန့်နှိပ်လိုက်မိတယ်။
~~~~~~~~~
" တူ..တူ "
ဖုန်းမြည်သံကြောင့် မြရွက်ဝါဖုန်းကိုကောက်ယူလိုက်တယ်။ဖုန်းကိုင်ထားပေမဲ့ မြရွက်ဝါရှက်ပြီး ဘာမှမပြောရဲဘဲဖြစ်နေခဲ့မိတယ်။
" မြရွက် နိုးပြီးလား ......ညက ကိစွအတွက် ....ကိုယ့်ကိုစိတ်ဆိုးနေလား ... ကိုယ်တောင်းပန်ပါတယ်နော် "
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂၆ )
akyiphyu
********
မြရွက်ဝါမေးရင်းနဲ့ ဟန်လင်းသန့်ရှေ့မှာ ထိုင်ချလိုက်ပြီး ခေါင်းငိုက်စိုက်ချကာထိုင်နေတဲ ဟန်လင်းသန့်ကို လက်နှစ်ဖက်နဲ့ဆွဲထူလိုက်တယ်။ဒီတော့မှဟန်လင်းသန့်ဆီက အရက်နံ့တွေရလိုက်တာမို့ မြရွက်ဝါ နည်းနည်းစိတ်အေးသွားရတယ်။
" အရက်တွေသောက်ထားတာလား...မူးနေရင်သွားအိပ်လိုက်တော့နော် ကိုလင်း ... ထနိုင်လား.... မြရွက်တွဲပေးမယ် "
" အင်း ....ထ...ထနိုင်ပါတယ် "
ဟန်လင်းသန့်က အသံ ခပ်လေးလေးနဲ့ပြောရင်း ထိုင်နေရာကထလိုက်တယ်။သို့ပေမဲ့ အရှိန်မထိန်းနိုင်ဘဲ ပြန်လဲကျသွားခဲ့တယ်။
" အို ...ကိုလင်းသတိထားလေ .... လမ်းမလျှောက်နိုင်ရင် မြရွက်ကိုတွဲပါ "
မြရွက်ပြောရင်းနဲ့ ဟန်လင်းသန့်ကို ဆွဲထူလိုက်ပြီး သိုင်းဖက်ကာ ခေါ်လိုက်တယ်။သူဘာလို့ အရက်တွေဒီလောက်သောက်ထားရလဲဆိုတာကို မြရွက်ဝါသိချင်ပေမဲ့ သူကိုယ်တိုင် ပြောပြလာတဲ့အချိန်ထိစောင့်ဖို့ဆုံးဖြတ်ထားလိုက်တယ်။သူအရက်သောက်တဲ့ကိစ္စက ဧည့်သည်အမျိုးသမီးကြီးနဲ့ ပက်သက်နေတယ်ဆိုတာကိုတော့ မြရွက်ဝါ ရိပ်စားမိလိုက်တယ်။
ဟန်လင်းသန့်မှာ အသိရှိနေပေမဲ့ လူကခေါင်းမထူနိုင်သလိုဖြစ်နေခဲ့တယ်။
" ဆော ....ဆောရီးပါ မြရွက်ရယ် ... ကိုယ်အရက်တွေ သောက်ထားမိတယ်.....ဒီတစ်ညတော့ခွင့်ပြုပါကွာ....နောက်ရက်တွေလုံးဝမသောက်တော့ ပါဘူး "
" ဟုတ်ကဲ့ပါ.....ကိုလင်းရယ် ရ ပါတယ်.....မြရွက်စိတ်မဆိုးပါဘူး ....ဒီညနေဘာမှမစားရသေးဘူးမဟုတ်လား...တစ်ခုခုတော့စားပြီးမှအိပ်ရမယ် ..အရင်ဆုံး အဝတ်အစားတွေလဲမှရမယ် "
ဟန်လင်းသန့် ခန္ဓာကိုယ်ကြီးကို အခန်းထဲတွဲခေါ်လာခဲ့ပြီး ခုတင်ပေါ် လှဲချပေးလိုက်တယ်။ပြီးတော့ သူ့ကိုယ်ပေါ်က အရက်နံ့ထွက်နေတဲ့ အဝတ်အစားတွေကို အရင်လဲ ပေးလိုက်တယ်။သူက မြရွက်ဝါလုပ်ပေးသမျှကို ကျောက်ရုပ် တစ်ရုပ်လိုငြိမ်ခံနေခဲ့တယ်။
" ကိုလင်း ခဏလှဲနေလိုက်အုံး ...ရေခဲ့သေတ္တာထဲမှာ မြရွက်ဝယ်ထည့်ပေးထားမုန့်တွေ ရှိတယ် ...သွားယူလိုက်အုံးမယ်နော် "
မြရွက်ဝါပြောပြီးတော့ သူ့အနားက ထွက်သွားဖို့ပြင်လိုက်တယ်။
" မြရွက် "
ခေါ် သံနဲ့အတူ ဟန်လင်းသန့်က မြရွက်ဝါရဲ့လက်ကို လှမ်းဆွဲလိုက်တယ်။
" ဘာလိုချင်လို့လဲဟင် ကိုလင်း "
မြရွက်ဝါရဲ့ အမေးစကားမဆုံးခင်မှာဘဲ့ ဟန်လင်းသန့်က မြရွက်ဝါကိုတင်းတင်းဖက်လိုက်ပြီး အံကြိတ်ကာရှိုက်ငိုတော့တယ်။ရုတ်တရက်ကြီး မိမိကိုဖက်ကာ ငိုလိုက်တဲ့ချစ်ရသူကြောင့် မြရွက်ဝါရင်ထဲနင့်ခနဲ့ ဖြစ်သွားမိတယ်။သူ့ငိုသံကိုကြားလိုက်ရတော့ မြရွက်ဝါပါ ငိုချင်လာမိပြီး လည်ချောင်းတစ်လျှောက် စူးရှနာကျင်လာခဲ့တယ်။ချစ်ရသူရဲ့ ငိုသံကြောင့် သူမပါငိုချင်လာမိပေမဲ့ စိတ်ကို တင်းကာ သူ့ကျောပြင်ကိုခပ်ဖွဖွလေးပုတ်ပေးနေမိတယ်။ရှိုက်သံတွေမထွက်အောင် ကြိတ်ကာရှိုက်ငိုနေခဲ့တဲ့ချစ်သူကိုဖက်တွယ်ထားရင် အကြောင်းရင်းမှန်းကိုမသိဘဲ သူမရဲ့နှလုံးသား ပါနာကျင်လာခဲ့ရတယ်။ချစ်ရသူပျော်ရင်ကိုယ်ပါလိုက်ပျော်နေမိပြီး ချစ်ရသူစိတ်မကောင်းဖြစ်နေရင် ကိုယ့်နှလုံးသားကပါ တဆစ်ဆစ်နာကျင်လာရတယ်။ဖြစ်နိုင်ရင် ဒုက္ခမှန်သမျှကို သူကိုယ့်စားမြရွက်ဝါပဲခံယူချင်လိုက်ချင်တာပါ။ ဒါဟာအချစ်ကြောင့်ဆိုရင် မြရွက်ဝါသူ့ကို ရူးလောက်အောင်ချစ်နေခဲ့မိပါပြီ။
~~~~~~~~~
အိပ်ပျော်နေရာက မြရွက်ဝါဆတ်ခနဲလန့်နိုးလာခဲ့မိတယ်။နိုးနိုးချင်းမှာ မြရွက်ဝါသိလိုက်တာက မြရွက်ဝါတို့နှစ်ယောက် ချစ်သူတွေရဲ့ နယ်နိမိတ်စည်းကို ကျော်လိုက်မိကြပြီဆိုတာပါပဲ။သူမကိုယ်လုံးပေါ် လက်တစ်ဖက်တင်ကာဖက်ထားရင်းအိပ်ပျော်နေတဲ့ ဟန်လင်းသန့်ရဲ့မျက်နှာလေးကိုမြရွက်ဝါ ရင်ခုန်ကြည်နူးစွာနဲ့ ကြည့်နေမိတယ်။ညမီးရောင်ခပ်မှိန်မှိန်အောက်မှာ မြင်နေရတဲ့သူ့ပုံစံက အိပ်ပျော်နေတာတောင် သိပ်ကိုကြည့်ကောင်းပြီးချောမောလွန်းနေခဲ့တာလေ။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့သူ့မျက်နှာကို ချစ်မြတ်နိုးစွာ မြရွက်ဝါ အတော်ကြာငေးကြည့်နေခဲ့မိပြီး နဖူးပြင်လေးကိုခပ်ဖွဖွလေးနမ်းရှိုက်လိုက်မိတယ်။ပြီးတော့မှ သူမကိုယ်ပေါ်ကိုတင်ထားတဲ့ သူ့လက်ကို အသာဖယ်မလိုက်ပြီး အိပ်ရာပေါ်ကညင်သာစွာထလိုက်တယ်။သူ့ကိုယ်ပေါ်ကိုစောင်ကိုအသာပြန်ခြုံပေးလိုက်ပြီး အခန်းပြင်ကို ထွက်ခဲ့လိုက်တယ်။ဧည့်ခန်းထဲအရောက်မှာ နံရံပေါ်ကနာရီကိုလှမ်းကြည့်လိုက်မိတယ်။မနက်သုံးနာရီခွဲ။မြရွက်ဝါ ခြေကိုဖော့နင်းပြီး တံခါးကိုအသံမထွက်အောင်ဖွင့်ပိတ်လိုက်ပြီး မိမိတို့အခန်းဆီကို ခြေလှမ်းတွေကို ဦးတည်လိုက်တယ်။လှေကားထစ်တွေကို ကျော်ဖြတ်နင်းလာခဲ့ပေမဲ့ သူမရဲ့စိတ်အစဉ်ကတော့ လေဟာနယ်ထဲမှာ မျောလွင့်နေသလို ခံစားနေရတယ်။ဒီညဖြစ်ပျက်ခဲ့တာတွေအတွက် ရင်ခုန်ကြည်နူးမှုနဲ့အတူ ထိတ်လန့်ကြောက်ရွံ့စိုးရိမ်စိတ်တွေပါခံစားနေခဲ့ရတယ်။လက်မထပ်ရသေးခင် ချစ်သူနဲ့မှားယွင်းသွားခဲ့မိတဲ့အဖြစ်ကဒီခေတ်ကြီးမှာ မဆန်းတော့ဘူးဆို့ပေမဲ့ အခြေအနေတွေက ထင်သလိုဖြစ်မလာခဲ့ရင်တော့ မိန်းမသားတစ်ယောက်ရဲ့ဘဝက အလဲလဲအပြိုပြိုနဲ့ကျရှုံးသွားမှာလေ။ချစ်သူနှစ်ယောက် စိတ်တူကိုယ်တူနဲ့ချစ်ခဲ့ပြီးမှ ချစ်သူယောကျာ်းလေးဘက်ကသာတာဝန်မယူခဲ့ဘူးဆိုရင် ဘာမှဖြစ်မလာလို့ လူမသိသူမသိပြီးဆုံးသွားခဲ့ရင်တော့ ကံကောင်းတာပေါ့။
သူ့အမေေ..သမှာကိုစိုးရိမ်ပြီး...ကျောင်းသွားလဲစိတ်မဖြောင့်...အိပ်နေလဲစိတ်ဖြောင့်ဖြောင့်မအိပ်နိုင်ဘဲစိုးရိမ်သောကများခဲ့ရတယ်...အခုတော့လဲသားသမီအပေါ်သိပ်ချစ်တတ်နေပြီး မိခင်ပီသနေပါလား"
" သား..သားရယ် "
ဒေါ်ခင်မေရီတစ်ယောက် သားဖြစ်သူဟန်လင်းသန့်ရဲ့စကားများကြောင့် ခေါင်းကိုငုံ့ကာမျက်ရည်တွေတွေစီးကျလာခဲ့ရတယ်။
" ရှင်းရှင်းပဲပြောမယ်....အပျော်ကြူးနေတဲ့သူကိုလိုက်မရှာပေးနိုင်ပါဘူး...ဒါကြောင့်ပြန်ပါတော့ ....အခုပြန်ဖို့နောက်ကျနေတာမို့ ဟော်တယ်ကိုလိုက်ပို့ပေးပါမယ်...အဲ့ဒီမှာအေးအေးဆေးဆေးအနားယူပြီးမှပြန်ပါ ...ငွေကြေးလိုအပ်ရင် ဒီဖုန်းနံပတ်ကိုဆက်ပြိး တောင်းလိုက်ပါ ..."
ဟန်လင်းသန့်ပြောပြီးတာနဲ့ တိုက်ရှေ့မှာအသင့်စောင့်နေတဲ့မင်းဆွေဆီကိုဖုန်းဆက်လိုက်တယ်။ပြီးတော့ မိခင်ဖြစ်သူကိုကျောခိုင်းလိုက်ပြီး အိပ်ခန်းရှိရာဆီကိုလျှောက်လာလိုက်တယ်။ကျောခိုင်းပြီးချာခနဲလှည့်အထွက်မှာ ပါးပြင်ပေါ်ကိုမျက်ရည်စီးကြောင်းတစ်ခုလိမ့်စီးကျလာတာမို့ အံကိုကြိတ်ပြီးမျက်တောင်တွေနဲ့ပုတ်ခတ်ပစ်လိုက်တယ်။
~~~~~~~~~~~~~
" ဒေါက်...ဒေါက် "
တံခါးခေါက်သံကြားလိုက်ရတာနဲ့ တံခါးနဲ့မနီးမဝေးမှာရှိနေခဲ့တဲ့ မြရွက်ဝါကမန်းကတန်းထလိုက်ပြီး တံခါးကိုဖွင့်လိုက်တယ်။ဒီအခါ မျက်ရည်တွေပြည့်နေပြီးနွမ်းနယ်နေတဲ့အကြည့်တွေနဲ့ရင်ဆိုင်လိုက်ရတာမို့ မြရွက်ဝါရင်တုန်သွားမိတယ်။
" ငို..ငိုနေတာလား ဒေါ်ဒေါ်...ကိစ္စကအဆင်မပြေဘူးလားဟင်...တစ်ယောက်တည်းပြန်လို့အဆင်ပြေရဲ့လားရှင်..ဆရာလေးကျောင်းက ဘယ်မှာလဲ...မြရွက်လိုက်ပို့ပေးပါမယ် "
" ကျေး..ကျေးဇူးတင်ပါတယ်သမီးရယ်...မောင်ဟန်လင်းသန့်ရဲ့တပည့်တစ်ယောက်လိုက်ပို့ပေးမယ်တဲ့,,,သမီးကိုဒေါ်ဒေါ်နှုတ်ဆက်ရင်း ...မှာချင်တာလေးရှိလို့ပါကွယ်...သမီးနဲ့မောင်ဟန်လင်းသန့်ကြားမှာထူးခြားတဲ့ဆက်ဆံရေးရှိလိမ့်မယ်ဆိုတာ ဒေါ်ဒေါ်ရိပ်မိပါတယ်...သမီးအနေနဲ့သူ့အပေါ်ဂရုစိုက်ပေးပါနော်...သူ့ရင်ထဲမှာနာကျင်စရာဒဏ်ရာတွေများခဲ့တာမို့ ..သူ့ကိုနားလည်သည်းခံပေးပါကွယ်..ဘာလို့ဒီစကားတွေကို သမီးကိုလာပြောနေရတာလဲဆိုတော့ ..သမီးလိုနွေးထွေးကြင်နာတတ်တဲ့သူမျိုးနဲ့သူ့ကိုဆုံစည်းစေချင်လို့ပါ...ဒေါ်ဒေါ်သွားတော့မယ်နော်သမီး "
" ရှင်...ဟုတ်..ဟုတ်ကဲ့ "
အမျိုးသမီးကြီးရဲ့စကားတွေကြောင့် မြရွက်ဝါယောင်နနနဲ့ခေါင်းငြိမ့်ပြလိုက်မိတယ်။မြရွက်ဝါကို နှုတ်ဆက်ပြီးတော့ လှေကားကနေတုန်တုန်ယင်ယင်နဲ့ ဆင်းသွားတဲ့ အမျိုးသမီးကြီးနောက်ကို မြရွက်ဝါအပြေးလိုက်ဆင်းသွားရင်း အောက်ကကားနားအထိ လိုက်ပို့ပေးလိုက်တယ်။
အောက်ကိုရောက်တော့ ကိုမင်းဆွေက ကားနားမှာ အဆင်သင့်စောင့်နေခဲ့တာမို့ မြရွက်ဝါ ကားနားထိလိုက်ပို့ပေးလိုက်တယ်။ကားထွက်သွားတော့မှ အသာပြန်လှည့်ထွက်ခဲ့လိုက်တယ်။မြရွက်ဝါပြန်လှည့် အထွက်မှာ စတိုးဆိုင်ရှေ့မှာ မားမားကြီးရပ်နေတဲ့ ကြီးကြီးကိုတွေ့လိုက်ရတာမို့ တိုက်ထဲကိုအမြန်ပြေးဝင်ဖို့ပြင်လိုက်တယ်။သို့ပေမဲ့ မြရွက်ဝါနောက်ကျသွားခဲ့ပြီ ။
" အဲ့ဒါဘယ်သူလဲ...အချိန်အခါက ကောင်းတာမဟုတ်ဘူးနော် ... တိုက်ထဲကို လူပေါင်းစုံခေါ်သွင်းမနေနဲ့...."
ခက်ထန်တင်းမာလှတဲ့ကြီးကြီးရဲ့အသံကြောင့် မြရွက်ဝါခြေအစုံကိုရပ်တန့်ပစ်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်ကာ ချက်ချင်းပြန်လှည့်ပြေးခဲ့လိုက်တယ်။
~~~~~~~~~
အခန်းက အဝင်အဝက မီးတစ်လုံးသာ ထွန်းထားတာမို့ မှောင်မိုက်နေခဲ့တယ်။မှောင်မိုက်နေတဲ့အခန်းကိုကြည့်ပြီး မြရွက်ဝါစိတ်ထဲပူပန်သွားမိတယ်။
" ကိုလင်း ...ကိုလင်းဘယ်မှာလဲ "
" ချောက် "
မြရွက်ဝါစိုးရိမ်တကြီး ခေါ်လိုက်မိရင်း မီခလုတ်ကို စမ်းပြီးဖွင့်လိုက်တယ်။ ဒီအခါ ဆိုဖာခုံပေါ်မှာ မလှုပ်မယှက်ထိုင်နေတဲ့ ဟန်လင်းသန့်ကို တွေ့လိုက်ရတာမို့ မြရွက်ဝါစိုးရိမ်စိတ်နဲ့ အပြေးသွားလိုက်မိတယ်။
" ကိုလင်း ... ကိုလင်း ....ဘာဖြစ်လို့လဲဟင်...ဘာဖြစ်တာလဲ "
====================================
အပိုင်း( ၂၆ ) ဆက်ရန်
A KYI PHYU
#ဧကြည်ဖြူ
" ဟုတ်ကဲ့ပါ ဒေါ်ဒေါ်...ပဲခူးအကျော်တင်ဆိုတော့သိပ်လဲမဝေးပါဘူး...မြရွက်လာလည်ပါ့မယ် "
ဟန်လင်းသန့်ကိုစောင့်ရင်းနဲ့မြရွက်နဲ့အမျိုးသမီးကြီးစကားတွေထိုင်ပြောနေဖြစ်ကြတယ်။
~~~~~~~~~~~~~~~
" တူ..တူ..တူ "
ဟန်လင်းသန့်ဆီက ဖုန်းဝင်လာတာမို့ မြရွက်ဝါဖုန်းကိုအမြန်ကောက်ကိုင်လိုက်တယ််။
" ဟယ်လို ကိုလင်း "
" မြရွက်... ကိုယ်ပြန်ရောက်ပြီ....ဧည့်သည်ကို ကိုယ့်အခန်းကိုလွှတ်လိုက်ပါ ...ပြီးတော့ ...ဟို ..မြရွက်တော့လိုက်မလာနဲ့အုံးနော် "
" ရှင်..ဟုတ်ကဲ့ "
ချစ်သူဆီကကြားလိုက်ရတဲ့စကားကြောင့် မြရွက်ဝါစိတ်ထဲတစ်မျိုးဖြစ်သွားမိတယ်။မိမိကတော့ ချစ်ရသူရဲ့ဆွေမျိုးသားချင်းဆိုပြီး ရွှန်းရွှန်းဝေအောင်ဧည့်ခံထားလိုက်ရတာ ချစ်ရသူကသူ့အမျိုးနဲ့မြရွက်ဝါကိုမိတ်ဆက်ပေးချင်ပုံမရတာကို သိလိုက်ရတော့ ရင်ထဲမှာဝမ်းနည်းသလိုလိုကြီးဖြစ်သွားမိတယ်။သို့ပေမဲ့လဲချစ်ရသူရဲ့သဘောအတိုင်းဘာမှမပြောဘဲနေလိုက်တော့တယ်။
~~~~~~~~~~~~~~
လှေကားထစ်တွေကိုတထစ်ချင်းနင်းတက်သွားတဲ့အမျိုးသမီးကြီးကို မြရွက်ဝါဘာရယ်မဟုတ်ငေးကြည့်နေမိတယ်။ဒီအမျိုသမီးကြီးကို ပထမတစ်ကြိမ်တွေ့ကတည်းက ဘာမှန်းသေချာမသိဘဲ မြရွက်ဝါရင်ထဲသနားသလိုဖြစ်နေမိတာတော့ထူးဆန်းနေတာလား။ရေစက်ကြောင့်ပဲလားမသိတော့ပါလေ။အမျိုးသမီးကြီးရဲ့ခြေသံတွေ အပေါ်ထပ်အခန်းဆီသို့ရောက်သွာချိန်အထိ မြရွက်ဝါအခန်းရှေ့မှာပဲရပ်နေခဲ့မိတယ်။
~~~~~~~~~
" ဒေါက် ...ဒေါက် "
တံခါးခေါက်သံကြောင့် ဟန်လင်းသန့်တံခါးထဖွင့်ပေးလိုက်တယ်။တံခါးဖွင့်ဖွင့်ချင်းမှာ မြင်လိုက်ရတဲ့ မိခင်ကြီးရဲ့ မျက်နှာကို ဟန်လင်းသန့် အတော်ကြာငေးကြည့်နေမိတယ်။ အတော်လေးအိုစာသွားတဲ့မိခင်ဖြစ်သူကိုကြည့်ပြီး စိတ်ထဲမှာလဲကျင်ခနဲဖြစ်သွားမိတယ်။
" ထိုင်ပါ...ကျွန်တော်ကိုတွေ့ချင်နေတာ ဘာကိစ္စရှိလို့လဲ..ကျွန်တော်တို့ကြားမှာ ပတ်သက်စရာအကြောင်းမရှိတော့ဘူးထင်ပါတယ် "
ဟန်လင်းသန့်လေသံမှန်မှန်နဲ့ပဲပြောလိုက်တယ်။
ဒေါ်ခင်မေရီတစ်ယောက် မျက်နှာထားတည်လှတဲ့သားဖြစ်သူကို ညှိုးငယ်စွာကြည့်လိုက်ပြီး
" အ...အမေတောင်းပန်ပါတယ်သားရယ်....အမေ့အပြစ်တွေကို ခွင့်လွှတ်ပေးပါကွယ်...သားတို့သားအဖအပေါ်မှာအမေကြိမ်ကြိမ်မှားခဲ့ပါတယ်....အဲ့ဒိအတွက် လောကကြီးကလဲအမေတို့ကို အပြစ်တွေပေးနေပါပြီကွယ် ...အမေ့ကိုခွင့်လွတ်ပါကွယ် "
ဒေါ်ခင်မေရီက ဟန်လင်းသန့်ကိုကြေကြေကွဲကွဲနဲ့တောင်းပန်လိုက်တယ်။
မိခင်ဖြစ်သူရဲ့တောင်းပန်စကားတွေကြောင့် ဟန်လင်းသန့် နှုတ်ခမ်းကိုတွန့်ကွေးကာအနည်းငယ်ပြုံးလိုက်မိတယ်။ပြီးတော့မှ မိခင်ဖြစ်သူကိုသေချာကြည့်လိုက်မိပြီး
" ကျွန်တော်ကို တောင်းပန်ဖို့သက်သက်တော့ ဒီကိုလာခဲ့တာမဟုတ်ဘူးထင်တယ်...အဲ့ဒီတော့ လာရင်းကိစ္စကိုပွင့်ပွင့်လင်းလင်းပြောပါ...ကျွန်တော့်ကိုလှည့်စားတာမျိုးတွေထပ်မလုပ်ဖို့တောင်းပန်ပါတယ်ဗျာ "
ဟန်လင်းသန့်ကပြောလိုက်တော့ ဒေါ်ခင်မေရီက သားဖြစ်သူကိုတောင်းပန်တိုးလျှိုးတဲ့အကြည့်တွေနဲ့ကြည့်လိုက်ပြီ
" အမေ ..ပြော..ပြောပါ့မယ်ကွယ်...သားကိုတောင်းပန်ချင်တာလဲအမှန်ပါ...အမေ့ကိုခွင့်လွှတ်ပေးးပါနော်...ပြီး..ပြီးတော့...သားညီမနဲ့ပတ်သက်ပြီး အိပ်မက်တွေမကောင်းလို့ပါ....သူအတော်လေးဒုက္ခရောက်နေတယ်လို့ အိပ်မက်မက်လို့ပါ....သူသတင်းကို အမေစုံစမ်းတာလဲဘယ်လိုမှစုံစမ်းလို့မရဘူးဖြစ်နေတယ်..အဲ့..အဲ့ဒါသားကိုအကူအညီတောင်းချင်လို့ပါ "
မိခင်ရဲ့စကားကြောင့် ဟန်လင်းသန့် အမူအရာမပျက်အောင်ထိန်းလိုက်ရတယ်။အမေဆိုတာဒီလိုမျိုးတဲ့လား။သားသမီး ဒုက္ခရောက်နေရင် စိတ်ကအလိုလိုသိနေတာတဲ့လား။ဒါဆိုရင်သူနဲ့ပတ်သက်ပြီးတော့ ဘာလို့ဘာမှမခံစားခဲ့ရတာလဲ၊။သူဘယ်လောက်ထိစိတ်ဆင်းရဲသောကၕေရာက်ခဲ့ရသလဲဆိုတာကိုတော့ ဘာလို့မသိခဲ့ရတာလဲ။ဟန်လင်းသန့်အံကိုတစ်ချက်ကြီတ်ရင်း မဲ့ပြုံးလေးပြုံးလိုက်မိတယ်။
" သမီးအလိမ္မာလေးဆိုတော့ လိုက်ရှာချင်နေတာလား...မိဘကိုဒီလောက်ဒုက္ခပေးနေတဲ့သူကို ဘာလို့လိုက်ရှာချင်နေတာလဲ...,, တစ်နေရာရာမှာ ငွေတွေသုံးဖြုန်းပြီးပျော်ပါးနေမှာပေါ့ ...ဒီလိုလူကို ကျွန်တော်ကဘာလို့လိုက်ရှာပေးရမှာလဲ "
" သားရယ်.... သူမလိမ္မာဘူး..မိုက်မဲတယ်ဆိုတာမှန်ပါတယ် ...ဒါပေမဲ့ အမေ့အတွက်တော့ ဝမ်းနဲ့လွယ်မွေးခဲ့ရတဲ့သားသမီးပါ. ..သူဘယ်လောက်ဆိုးဆိုးအမေမစွန့်လွှတ်နိုင်ဘူးလေ...သားမှာသားသမီးရှိလာတဲ့တစ်နေ့ကျရင် အမေ့ကိုသားနားလည်လာမှာပါသားရယ်"
မိခင်ဖြစ်သူရဲ့စကားတွေကြောင့် ဟန်လင်းသန့်နာနာကျင်ကျင်နဲ့ပြုံးလိုက်မိပြီး
" သားသမီကိုချစ်တတ်လှချည်လားဗျာ.....အရွယ်ရောက်နေပြီဖြစ်တဲ့ .... ဆိုးသွမ်းလှတဲ့သမီးကိုတောင်မစွန့်ပစ်ရက်တဲ့မိခင်က...ဘာမှသိနားမလည်သေးတဲ့ ကလေးတစ်ယောက်ကိုကျတော့ စိတ်ဒုက္ခတွေအမျိုးမျိုးပေးပြိလိမ်ညာခဲ့တယ်...စွန့်ပစ်သွားတာတောင်ရိုးရိုးတန်းတန်းစွန်ပစ်သွားခဲ့တာမဟုတ်ဘဲ...စိတ်ဆင်းရဲအောင်လုပ်ပြီးမှစွန့်ပစ်သွားခဲ့တာ ...ဘာမှသိနားမလည်တဲ့ ကလေးတစ်ယောက်ကတော့
