အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ
الذهاب إلى القناة على Telegram
إظهار المزيد
1 032
المشتركون
+124 ساعات
-17 أيام
-1230 أيام
أرشيف المشاركات
ဖူးငုံပွင့်ကိုတွေဝေစေခဲ့ပြန်တယ်။
"ဘုက် "
ဗီရိုထဲကအဝတ်ဟောင်းတွေကို ရှင်းလင်းရင်းအထဲက တစ်စုံတစ်ခု ပြုတ်ကျလာတာကို တွေ့လိုက်ရတယ်။ပြုတ်ကျလာတဲ့အရာကို ကောက်ယူကြည့်လိုက်တော့ ဆေးလိပ်ပြာခွက်တစ်ခုကို တွေ့လိုက်ရတယ်။ဆေးလိပ်ပြာခွက်က ဖန်နဲ့လုပ်ထားတာမို့ တန်ဖိုးသိပ်ရှိပုံတော့မပေါ်။အဝတ်ဗီရိုထဲမှာသိမ်းထားတာဆိုတော့ ရှေ့ဟောင်းလက်ရာဖြစ်ပုံပင်။ကံကောင်းလို့ စောင်ပုံပေါ် ပြုတ်ကျလို့သာပေါ့ အောက်ပြုတ်ကျပြီး ကွဲသွားရင်ဖြင့် ကိုယ်ကြောင့် ဖြစ်နေအုံးမယ်။ပြာခွက်ကို ကောက်ယူလိုက်ပြီး အဝတ်စတစ် ခုနဲ့သုတ်ကာ အပေါ် ဆင့်ကိုပြန်တင်ဖို့ မတ်တတ်ထရပ်လိုက်တယ်။ပြာဖန်ခွက်ကလေးက အလင်းရောင်ကြောင့် ဝင်းခနဲပင်တောက်ပသွားတယ်။ဖူးငုံပွင့်ပြာခွက်လေးကို အမှတ်တမဲ့စိုက်ကြည့်လိုက်မိတယ်။ကြည်လင်တောက်ပနေတဲ့ ဖန်ခွက်လေးကို ကြည့်ပြီး ဖူးငုံပွင့်စိတ်ထဲတစ်နေရာရာမှာ မြင်ဖူးသလိုခံစားနေရတယ်။ဘယ်နေမှာ တွေ့ဖူးတာလဲ စဉ်းစားကြည့်တော့လဲ အဖြေက ထွက်မလာပြန်။
"ဟင်း ..ဟွန်း ..ပေး .. ပေး ....ဒီဂိုပေး ..."
"ဒုန်း ... ခွမ်း "
"အမေ့ "
ရုတ်တရက် ဦးအောင်ဒင်ရဲ့ဝူးဝူးဝါးဝါးအော်သံကြီးနဲ့အတူ သူ့ဘေးမှာရှိတဲ့ သောက်ရေခွက်နဲ့ ပစ်ပေါက်လိုက်တာမို့ ဖူးငုံပွင့်လန့်ပြီး အော်ပင်အော်လိုက်မိတယ်။အဲ့ဒီအချိန်မှာပဲ အခန်းထဲကိုခက်လတ် ရောက်လာခဲ့ပြီး ဘိုအေးဖြစ်သူကို စိုးရိမ်တကြီးနဲ့ လှမ်းမေးလိုက်တယ်။
"အဘိုး ...ဘာဖြစ်တာလဲ ..ဘာဖြစ်လို့လဲ "
"ဟွန်း .. ဟို .. ....ဟွန်း .. ပေး..ပေး "
ခက်ဝေလတ်ကမေးလိုက်တော့ ဦးအောင်ဒင်ကဝမ်းခေါင်းသံကြီးနဲ့ ဝူးဝူးဝါးဝါးအော်ရင်း ဖူးငုံဖွင့်ဆီကို လက်ညှိုးထိုးပြလိုက်တယ်။
ဖူးငုံပွင့်မှာ ဦးအောင်ဒင်ရဲ့ ကြောက်စရာအမူအရာကိုကြည့်ပြီး ဆေးလိပ်ပြာဖန်ခွက်ကို ကိုင်ကာ ကြောင်ငေးကြည့်နေမိတယ်။ခက်ဝေလတ်က ဘိုးအေဖြစ်သူ လက်ညှိုးညွှန်ရာ ဖူးငုံပွင့်ဆီကို လှမ်းကြည့်လိုက်ပြီး
"ဪ ...ဆေးလိပ်ပြာခွက်ကို ပြောတာလားအဘိုး ... ဘာမှမဖြစ်ပါဘူး အဘိုးရဲ့ ....သူ့ကို ကျွန်တော်ရှင်ခိုင်းထားတာပါ .....ကျွန်တော်နဲ့အဘိုး အောက်ထပ်မှာ ပြောင်းနေကြမယ်လေ .."
ခက်ဝေလတ်က ဘိုးအေဖြစ်သူကို ရှင်းပြလိုက်ရင်း ဖူးငုံပွင့်လက်ထဲက ဆေးလိပ်ပြာခွက်ကို ယူလိုက်တယ်။ဖူးငုံပွင့်မှာ ဆေးလိပ်ပြာခွက်ကိုတစ်လှည့် ဦးအောင်ဒင်ကိုတစ်လှည့်ကြည့်ရင်း စိတ်ထဲမှာ ရှုပ်ထွေးသွားမိတယ်။
"အဝတ်အစားတွေက လေးငါးစုံပဲ အရင်သွားထားလိုက်....အခုခင်းထားတဲ့ အိပ်ရာခင်းတွေအားလုံးကို လွှင့်ပစ်လိုက်တော့ ....ဒါနဲ့ဝှီးချဲလ်ကို ဘယ်မှသိမ်းထားတာလဲ .. "
"ရှင် ..ဟို....ကျွန်မ မသိဘူး .. ကျွန်မရောက်ကတည်းက ဒီအခန်းထဲမှာ ဝှီးချဲလ်မရှိပါဘူး "
"ဘယ်လို ...အဘိုးအတွက်ဝှီးချဲလ်ဝယ်ဖို့သေချာပြောထားတာကို ... မင်းဒီကိုရောက်တာ ဘယ်လောက်ကြာပြီလဲ ..ဘာမေးမေးဘာမှမသိပါလား "
ခက်ဝေလတ်ဆီက စိတ်မရှည်တဲ့အသံနဲ့ ပြောလိုက်တယ်။
"ဟို ... ကျွန်မဒီကိုရောက်တာ တစ်ပတ်ပဲရှိပါသေးတယ် "
"ကျွစ် ...ဘာတွေမှန်းလဲမသိဘူး ကွာ "
ခက်ဝေလတ်က မကျေမနပ်ရေရွတ်ရင်း အခန်းပြင်ကို ပြန်ထွက်သွားခဲ့တယ်။ဖူးငုံပွင့်ကတော့ ဦးအောင်ဒင် ဘေးနားမှာ ရှိနေတဲ့ ဆေးလိပ်ပြာခွက်ကိုပဲ ငေးကြည့်နေမိတယ်။
~~~~~
" ပြန်လာတာကိုလဲ အမေတို့ကို ဖုန်းမဆက်ဘူး .. အမေတို့မှာတော့ တမျှော်မျှော်နဲ့ "
ဒေါ်ဝေဝေမာက သားဖြစ်သူကိုကြည့်ပြီးမကျေမနပ်ပြောလိုက်တယ်။
" တမင်မဆက်တာပါအမေရာ ..ခုလဲ အိမ်ရောက်နေပြီပဲဟာ ... ကျွန်တော်ကြောင့် အမေတို့ အလုပ်ရှုပ်မှာစိုးလို့ပါ "
"ကဲပါ ထားလိုက်ပါတော့ ...ဒါနဲ့ ဘာလို့ အောက်ထပ်မှာဆင်းနေရတာလဲ ....အပေါ်မှာ သားအတွက် အခန်းပြင်ပေးထားပြီးသားလေ...ပြီးတော့ အဘိုးကိုပါ ဘာလို့ အောက်ထပ်ကိုပြောင်းရတာလဲ "
"ရတယ်အမေ ... ကျွန်တော် အပေါ်မှာမနေချင်ဘူး...အောက်ထပ်မှာပဲ အေးအေးဆေးဆေးနေချင်တယ်...အဘိုးကို ကျွန်တော်ကြည့်ပေးမှာမို့ ...အဘိုးကိုပါ အောက်ထပ်ရွေ့လိုက်တာပါ ...အဘိုးကို အပြင်လေးဘာလေးလဲ ထွက်စေချင်လို့ပါ ..အပေါ်ထပ်ကျတော့ တက်ရဆင်းရတာမလွယ်ဘူးလေ "
ခက်ဝေလတ်က ရှင်းပြလိုက်တော့ မိဘနှစ်ပါးကလက်ခံပေမဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်မိုးက မျက်နှာထားတင်းတင်းနဲ့ ကြည့်လိုက်ပြီး
"ငါ့တူက ရောက်ရောက်ချင်း ဒီလို မပြောမဆိုနဲ့လုပ်လိုက်တာတော့ ဘယ်ကောင်းမလဲကွယ် ..ဒေါ်လေးကညတိုင်း အဖေ့အခန်းထဲ မကြာခဏ ၀င်ကြည့်နေတဲ့သူပါ ... မင်းလုပ်ပုံက မသိရင် ငါတို့ကပဲ အဖေ့ကိုပစ်ထားသလိုဖြစ်နေတယ် "
ဒေါ်ခင်မိုးရဲ့ စကားကြောင့် ခက်ဝေလတ်က ပြုံးရုံသာပြုံးနေလိုက်ပြီး လက်ထဲက ဖုန်းကိုဖွင့်လိုက်တယ်။ဒေါ် ဝေဝေမာကတော့ ယောင်းမဖြစ်သူ ဒေါ်ခင်မိုးကို ခပ်စူးစူးကြည့်လိုက်တယ်။
" ကျွန်တော်က ဘယ်သူ့ကိုမှ အပြစ်ပြောတာမဟုတ်ပါဘူး ဒေါ်လေး ... ဒီမှာ အဘိုးရဲ့အခန်းပုံကိုကြည့်ပါအုံး....အိမ်ရဲ့မီးဖိုချောင်လောက်တောင် သန့်ရှင်းသပ်ရပ်မှုမရှိဘူး ..အဲ့ဒါကြောင့် အဘိုးကိုကျွန်တော်ကြည့် ပေးမှာမို့ ...အဘိုးအတွက်လဲ အဆင်ပြေအောင်အောက်ထပ်ကို ပြောင်းပေးလိုက်တာပါ ..အဘိုး လဲ အလွယ်တကူနဲ့ ခြံထဲဘာညာ ဆင်းလို့ရတာပေါ့ ..ပြီးတော့ အဘိုးအတွက်ဝယ်ခိုင်းထားတဲ့
#တိမ်ခိုးဝေတဲ့နွေ
အပိုင်း (၈)
******
"သား ကိုခက်....ဖုန်းလဲကြိုမဆက်ပါလားကွယ် ... သားပြန်လာတာကိုသူဋ္ဌေးမင်းတို့ရော သိပြီးပြီလား... မိနွေ တံခါးဖွင့်လိုက်အုံး ...ကိုခက်က သူဌေးမင်းတို့ရဲ့သားအငယ်ခက်ဝေလတ်တဲ့ မှတ်ထားအုံး "
ဒေါ်ခိုင်က လူကြည့်ပေါက်ကနေကြည့်လိုက်ပြီး တရစပ်ပြောလိုက်တယ်။ဒေါ်ခိုင့်စကားကို ကြားတာနဲ့ ဖူးငုံပွင့်ခြံတံခါးကို အမြန်ဖွင့်လိုက်ရတယ်။အိမ်မှာ လူတစ်ယောက်တိုးလာပြီဆိုတော့ ဖူးငုံပွင့်လဲ အလုပ်တိုးလာပြန်ပြီပေါ့လေ။
ဖူးငုံပွင့်ခြံတံခါးဖွင့်ပေးလိုက်တော့ ခက်ဝေလတ်က ခရီးဆောင်အိတ်ကိုဆွဲယူလိုက်ပြီး ခြံထဲကို ဝင်ဖို့ပြင်လိုက်တယ်။
"အိတ်ထားခဲ့လေ ကိုခက် ... အိတ်ကို မိနွေသယ်လာပေးလိမ့်မယ် ..."
ဒေါ်ခိုင့်စကားကို ကြားတော့ ခက်ဝေလတ်က ဖူးငုံပွင့်ကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး
"ရပါတယ် ဒေါ်ကြီးရယ် .. ကျွန်တော့်ဘာသာ သယ်သွားပါ့မယ် ... သူက အလုပ်သမားအသစ်လား "
"ဟုတ်တယ် ..သူကအလုပ်သမားအသစ်ပါကိုခက်....နာမည်ကမိနွေတဲ့ ...ကိုခက်ခိုင်းစရာရှိရင် ခေါ်ခိုင်းပါ "
"ဟုတ်ကဲ့ ..ခိုင်းစရာရှိရင် ခေါ်လိုက်ပါ့မယ် "
စကားတစ်ခွန်းသာပြောပြီး လှည့်ထွက်သွာတဲ့ ခက်ဝေလတ်ဆိုသူကိုကြည့်ပြီး ဖူးပုံပွင့်ခေါင်းကို မသိမသာ ခါယမ်းလိုက်မိတယ်။ညီကိုတွေ မျိုးရိုးလိုက်ပုံက ညီဖြစ်သူကလဲအစ်ကိုဖြစ်သူလိုပဲ မျက်နှာကြောကတင်းနေရောပဲလေ။
~~~~
ဦးအောင်ဒင်ရဲ့ အခန်းတံခါးကိုဖွင့်လိုက်ချိန်မှာ အခန်းထဲမှာခက်ဝေလတ်ကိုတွေ့လိုက်ရတာမို့ ဖူးငုံပွင့်အခန်းပြင်ကို ပြန်ထွက်ဖို့ပြင် လိုက်တယ်။
"ဟိတ် ..ဒီမှာ... ဘယ်ကိုသွားမှာလဲ ...ဝင်လာခဲ့အုံး "
နောက်ဘက်က လှမ်းပြောလိုက်တဲ့အသံကြောင့် ဖူးငုံပွင့်အခန်းထဲကို ပြန်ဝင်လိုက်ရတယ်။
"အဘိုးကိုတာဝန်ယူရတာ မင်းလား "
ခက်ဝေလတ်ရဲ့မေးသံက တင်းမာခက်ထန်လွန်းနေတာမို့ ဖူးငုံပွင့်စိတ်ထဲတင်းခနဲဖြစ်သွားရပြီး ခက်ဝေလတ်ကို မော့ကြည့် ပစ်လိုက်တယ်။ပြီးတော့ မမာလွန်းမပျော့လွန်းတဲ့အသံနဲ့ သူ့အမေးကို ပြန်ဖြေလိုက်တယ်။
"ကျွန်မတစ်ယောက်တည်းရဲ့ တာဝန်တော့မဟုတ်ပါဘူး ..အလုပ်သမားတွေအားလုံး အလှည့်ကျတာဝန်ယူလုပ်ပေးရတာပါ "
" ဪ ... အလုပ်သမားတွေအကုန်ပေါ့လေဟုတ်လား ....ဒီမှာကြည့်စမ်းပါအုံး ...အဘိုးအိပ်ရာခင်းတွေကဒီလောက်ညစ်ပတ်နေတာကို မင်းတို့ဒီတိုင်းပဲ ကြည့်နေကြတာလား ...အခန်းကလဲ မှုန်မှုန်မှိုင်းမှိုင်းနဲ့ မှိုနံ့တွေတောင်ရနေသလိုပဲ .. ဒါကို ဒီအတိုင်းပဲ ကြည့်နေကြတာလား "
လေသံမာမာနဲ့ ပြောနေတဲ့ ခက်ဝေလတ်ကိုကြည့်ပြီး ဖူးငုံပွင့်စိတ်ထဲကနေ မဲ့ပြုံးလေးပြုံးလိုက်မိတယ်။လူမမာအဘိုးအိုကြီးကို သူ့မိသားတစ်စုလုံးက ပစ်ထားတာကိုမသိဘဲ အပြစ်လာပြောနေတာလေ။ ဒီလောက်ရှင်းလင်းနေတာတောင်ဖူးငုံပွင့် ရှင်းလင်းပေးထားလို့ဆိုတာကို မသိဘဲသူကလာပြောနေတာမဟုတ်လား။ သူ့မိသားစုတွေပစ်ထားတဲ့အတိုင်း အခန်းကိုပြလိုက်ချင်တာ။
"ဒီမှာ .. အခန်းထဲက အဘိုးပစွည်းတွေကိုအကုန်းသိမ်းထားလိုက်ကြားလား "
ပြောပြီတာနဲ့ အခန်းပြင်ကို ထွက်သွားတဲ့ ခက်ဝေလတ်ကို ဖူးငုံပွင့်မျက်စောင်းလှမ်းထိုးလိုက်မိတယ်။ ခရီးရောက်မဆိုက် အဆူ အငေါက်ကျွမ်းပုံကတော့ အဒေါ်ဖြစ်သူနဲ့တထေရာတည်းပင် ။ အဘိုးအိုကြီးဦးအောင်ဒင်ကတော့ မြေးဖြစ်သူကိုတွေ့ရ၍ ကျေနပ်ပျော်ရွှင်နေပုံပင်။မျက်နှာက အရင်နေများကနဲ့မတူဘဲ ကြည်လင်ရွှင်ပျနေတယ်။
~~~~
"ဒေါ်ကြီး ... ဒေါ်ခိုင် "
ခက်ဝေလတ်က လှေကားအဆင်းကနေ ဒေါ်ခိုင့်ကိုအော်ခေါ်လိုက်တယ်။
" သား ကိုခက် ..ဘာလိုချင်လို့လဲ "
" ကျွန်တော်နဲ့အဘိုး... အောက်ထပ်ကလသာဆောင်ဘက်အခြမ်းမှာနေမယ်ဒေါ်ကြီး ....အခန်းကိုအခုချက်ချင်းပြင်ဆင်ပေးပါ "
" ဟင် ... အပေါ်ထပ်အခန်းကို စိတ်တိုင်းမကျလို့လားကိုခက် ... မမဝေတို့က ...ကိုခက်ကို အပေါ် မှာပဲနေစေချင်တာလေ ...မမဝေတို့ကို ဒေါ်ကြီးဖုန်းဆက်ပြီး မေးပေးရမလား "
ဒေါ်ခိုင်က ခက်ဝေလတ်ကိုမဝံ့မရဲနဲ့ပြန်ပြောလိုက်တယ်။
"ဒါလေးနဲ့ဖုန်းဆက်စရာမလိုပါဘူး ဒေါ်ကြီးရယ် ..... ကျွန်တော့်အသက် (၂၆) နှစ်ထဲရောက်နေပါပြီ .. ကျွန်တော်နေမဲ့အခန်းကို ကျွန်တော့်စိတ်ကြိုက်ပဲရွေးမယ်..လသာဆောင်ဘက်က နှစ်ခန်းလုံးကို အခုချက်ချင်ပြင်ပေးပါ ..အဘိုးတစ်ခန်းကျွန်တော်တစ်ခန်းနေမယ် "
ပြောပြီးတာနဲ့ အပေါ်ထပ်ကို ပြန်တက်သွားတဲ့ ခက်ဝေလတ်ကို ကြည့်ပြီးဒေါ်ခိုင်စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကိုခါယမ်းလိုက်တယ်။
~~~~~
ဗီရိုထဲက ပစ္စည်းတွေကို စုသိမ်းလိုက်ပြီး ဗီရိုကိုပါ ဖူးငုံပွင့်သန့်ရှင်းရေးလုပ်လိုက်တယ်။ သူဋ္ဌေးကြီးတစ်ယောက်ရဲ့ ဗီရိုထဲမှာ အဖိုးတန်းပစ္စည်းဆိုလို့ ဘာမှမတွေ့ရဘဲ အိပ်ရာခင်းအသုံးဆောင်အဟောင်းတွေနဲ့ အဝတ်ဟောင်းတွေကိုသာတွေ့ရတယ်။သိမ်းဆိုလို့သာ သိမ်းနေရပေမဲ့ ဘာအတွက် သိမ်းခိုင်းမှန်းလဲမသိရ။ဖူးငုံပွင့်ဘ၀ကလဲ တကယ့်ကိုမျှော်လင့်မထားပါဘဲ သူများခိုင်းဖက်လုံးလုံးဖြစ်နေခဲ့ရလေပြီ။ ဒါကိုမှ မကျေနပ်ရင်လဲ တပ်ခေါက်ပြီးပြန်ရုံသာရှိတယ်။ပြန်မယ်ဆိုကာမှ မပြန်ဖြစ်ဖို့အကြောင်းတွေက ဖန်လာခဲ့တယ်။ဒီအကြောင်းတွေထဲမှာ ငုဝါရဲ့စာတိုလေးကလဲ
"ဦးမြင့်ဦးပေါ့လေ ဟုတ်လား ....တီညို ပြောပြမဲ့နေ့ကိုပဲ စောင့်ရမှာပေါ့ဗျာ"
ဒေါ်ညိုညိုမာရဲ့ နှုတ်ကနေ ဖခင်ဖြစ်သူရဲ့နာမည်ကို ပြောလိုက်တာမို့ ဖူးငုံပွင့်ကိုယ်ထဲကသွေးတွေပင် အေးခဲသွားသလိုခံစားလိုက်ရတယ်။ ဒေါ်ညိုညိုမာရဲ့ ပြောပုံအရဆိုရင်ဖခင်ဖြစ်သူနဲ့ အကြောင်းကလျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး ဖူးငုံပွင့်မေးရင်လဲဖြေမှာ မဟုတ်လောက်ပေ။ဖခင်ဖြစ်သူနဲ့ ဒေါ်ညိုညိုမာ့ကြားက လျှို့ဝှက်ချက်ကဘာများလဲ။ ဖူးငုံပွင့်ခေါင်းထဲမှာ မေးခွန်းတွေများစွာနဲ့အခန်းထဲက အသံတွေကိုနားစွင့်နေမိပေမဲ့ အခန်းထဲကစကားသံတွေတိတ်ဆိတ်သွားပြီး လမ်းလျှောက်သံလိုလိုကြားလိုက်ရတာမို့ ဖူးငုံပွင့်အခန်းရှေ့က အမြန်ထွက်ခဲ့လိုက်ရတယ်။
~~~~~
အပူပင်ကင်းကင်းနဲ့အိပ်ပျော်နေတဲ့ပိန်သေးကို ဖူးငုံပွင့်ခပ်တွေတွေ ငေးကြည့်နေမိတယ်။တစ်ရက်နှစ်ရက်အတွင်း ပြန်ဖို့စီစဉ်ထားတဲ့ကိစ္စက မမညိုရဲ့စကားတွေကြောင့်တွေဝေနေမိတယ်။ သေချာတာက မိဘတွေနဲ့အစ်ကိုဖြစ်သူရဲ့သေဆုံးမှုရယ်ဘွာကြည်ရဲ့သေဆုံးမှုတွေဟာ မတော်တဆမှုမဟုတ်ဘဲ တစ်ဦးတစ်ယောက်ကလုပ်ကြံတာမျိုးဖြစ်နိုင်တာ ပိုပြီးသေချာလာခဲ့တယ်။ထိုတစ်စုံတစ်ယောက်ဟာ မမညိုခေါ်ဒေါ်ညိုညိုမာများလား။ အတွေးပေါင်းများစွာနဲ့ပဲ ဖူးငုံပွင့်မှာမိုးစင်စင်လင်းခဲ့ရပါလေပြီ။
~~~~~
သက်ဝေလတ်တို့ဇနီးမောင်နှံရဲ့ကားလေးခြံ၀ကို ရောက်လာချိန်မှာ ကားထဲကို ဖူးငံပွင့် မသိမသာလှမ်းပြီး အကဲခတ်ကြည့်လိုက်တယ်။သက်ဝေလတ်ရဲ့မျက်နှာကတင်းမာနေပြီး မငုဝါကတော့ခေါင်းလေးကိုငုံ့ထားပြီး တဟွပ်ဟွပ်နဲ့ချောင်းတွေဆိုးနေခဲ့တယ်။ဖူးငုံပွင့်ခြံတံခါးတွေကို ဖွင့်ပေးလိုက်ပြီး ခေါင်းကိုငုံ့ကာ ခပ်ယို့ယို့လေးရပ်နေလိုက်တယ်။ထိုအချိန်မှာပဲ ဖူးငုံပွင့်ရဲ့မျက်စိထဲမှာ ကားပြတင်းပေါက်ကနေ ခပ်သေးသေးအရာတစ်ခုပြုတ်ကျလာတာကို တွေ့လိုက်ရတယ်။ဖူးငုံပွင့် ဟန်မပျက် ဆက်ရပ်နေလိုက်ပြီး ခြံပြင်ကိုကားရောက်သွားမှ တံခါးကိုပြန်ပိတ်လိုက်ပြီး ဘေးဘီကိုဝေ့ဝဲကြည့်လိုက်တယ်။ပတ်ဝန်းကျင်မှာ ဘာအရိပ်အယောင်မှ မရှိတာ သေချာမှ ခပ်စောစောက ကားပေါ်ကနေပြုတ်ကျခဲ့တဲ့အရာကို ကောက်ယူကြည့်လိုက်တယ်။လက်ထဲရောက်လာတာက ခေါက်လျက်သားတစ်ရှူးတစ်ရွက်ဖြစ်နေခဲ့တယ်။အရေးကြီးတဲ့ အရာ၀တ္ထုတစ်ခုလေးများလားလို့ ထင်ပြီး ကောက်လိုက်မိတာ တစ်ရှူးတစ်ရွက်ဖြစ်နေတာမို့ ဖူးငုံပွင့်စိတ်ပျက်ပျက်နဲ့အမှိုက်ပုံးထဲကိုထည့်ဖို့ ပြင်လိုက်တယ်။
အမှိုက်ပုံးဆီကို လှမ်းနေတဲ့ ဖူးငုံပွင့်ရဲ့ခြေထောက်တွေက တစ်ရှူးရွက်ကို ကြည့်ပြီးရပ်တန့်သွားရတယ်။
~~~~~~
အိမ်သာထဲဝင်ပြီး ခေါက်ထားတဲ့တစ်ရှူးရွက်ကို ဖူးငုံပွင့်ခပ်မြန်မြန်ဖြန့်ကြည့်လိုက်တယ်။အဲ့ဒီအခါတစ်ရှူးပေါ်မှာ နှုတ်ခမ်းနီတောင့်နဲ့ ရေးထားတဲ့စာတွေကို တွေ့လိုက်ရတယ်။
" နှိပ်စက်ခံနေရလို့ ကူညီပေးပါ ... မိသားစုတွေ မသိပါစေနဲ့ .."
စာက ဒီလောက်သာဖြစ်တယ်။စာထဲမှာနာမည်လဲမပါ ဘာလဲမပါ ။ ဒါပေမဲ့ စာကိုဖတ်လိုက်တာနဲ့ဒီစာဟာ မငုဝါရဲ့စာဆိုတာကို ဖူးငုံပွင့်သိလိုက်တယ်။ တစ်ရှူးစကိုခပ်ကြာကြာကိုင်ထားရင် တွေဝေနေမိတယ်။ခဏကြာမှ တစ်ရှူးစကိုလုံးခြေပြီး အိမ်သားထဲကို ထည့်ပစ်လိုက်တယ်။ဖူးငုံပွင့်ရင်ထဲမှာတော့ လေးလံထိုင်းမှိုင်းနေခဲ့တယ်။
~~~~
"တီ ..တီ ..တီ "
နေလယ်ခင်းကြီးမှာ ခြံရှေ့က ဟွန်းတီးသံကြားလိုက်ရတာမို့ ဖူးငုံပွင့်ရင်ထဲထိတ်ခနဲ ခုန်လှုပ်သွားရပြီးခြံဝဆီကို ထွက်ခဲ့လိုက်တယ်။ခြံဝရောက်တော့ လူကြည့်ပေါက်ကအပိတ်ကိုမပြီး အပြင်ကိုချောင်းကြည့်လိုက်တယ်။အိမ်ကြီးရှင်တွေက မိသားစုကလွဲရင် တံခါးမဖွင့်ပေးနဲ့လို့ မှာကြားထားပြီးသားလေ။ဖူးငုံပွင့် ခြံရှေ့ ကို ချောင်းကြည့်လိုက်ချိန်မှာ ခြံရှေ့ကနေ ဆိုင်ကယ်တစ်စီးမောင်းထွက်သွားတာကို တွေ့လိုက်ရပြီး ခြံတံခါးဝရှေ့မှာ ယောကျာ်းတစ်ယောက်ရပ်နေတာကို တွေ့လိုက်ရတယ်။အရပ်ရှည်ရှည်နဲ့ ကြည့်ကောင်းတဲ့ရုပ်ရည်သွင်ပြင်ရှိတဲ့သူ့ကို ဖူးငုံပွင့်ခဏတာငေးမောကြည့်လိုက်မိပြီးမှ သတိဝင်လာပြီးလှမ်းမေးလိုက်တယ်။
"ဘာကိစ္စရှိလို့လဲရှင့် .. ဘယ်သူနဲ့တွေ့ချင်လို့လဲ "
ဖူးငုံပွင့်မေးလိုက်တော့ သူက ဖူးငုံပွင့်ကြည့်နေတဲ့ ချောင်းကြည့်ပေါက်ကို ငုံ့ကြည့်လိုက်ပြီး
"မင်းကဘယ်သူလဲ ... ဒေါ်ခိုင်တို့ မရှိကြဘူးလား ..တံခါးဖွင့်လေ "
"ဟင့်အင်း ..ရှင်ဘယ်သူလဲမသိဘဲမဖွင့်ပေးနိုင်ပါဘူး ...ဒီမှာခဏစောင့်ပါ .. ဒေါ်ခိုင့်ကိုသွားခေါ်ပေးပါ့မယ် "
@@@@@@@@@@@@@@
အပိုင်း (၈) ဆက်ရန်
#ဧကြည်ဖြူ
ဖူးငုံပွင့်မှာရှိတာကနာမည်ရှိတံဆိပ်အဝတ်အစားတွေလောက်ပဲ သင့်တင့်ရုံရှိတာမို့ ဒေါ်လေး အင်္ကျီဟောင်းတွေ ယူလာခဲ့ရတာ။ ဒေါ်လေးငယ်ငယ်တုန်းကဝတ်ခဲ့တဲ့အင်္ကျီတွေဆိုတော့လဲ နှစ်ပေါင်း (၃၀) လောက်ရှိပြီးမို့ ပိန်သေးမေးတာလဲမလွန်လှပေ ။
"အမေ့အင်္ကျီတွေတော့ မဟုတ်ပါဘူး ပိန်သေးရယ် ...အဒေါ့်အင်္ကျီတွေပါ ...ကြည့်ရတာအရမ်းရုပ် ဆိုးနေလို့လားဟင် "
ဖူးငုံပွင့်မေးလိုက်တော့ ပိန်သေးက ရိုးသားသူလေးပီပီ ဖူးငုံ ပွင့်ကိုသေချာကြည့်လိုက်ပြီး
"အင်း ..ရုပ်ဆိုးတာတော့မဟုတ်ပါဘူး.... ဒါပေမဲ့ ဒီလိုအင်္ကျီတွေက မမနီလာတို့လို့ခန္ဓာကိုယ်မျိုးနဲ့ဆို လှမယ်ထင်တယ် ..မနွေကပိန်တော့ အဘွားကြီးအိုလေးနဲ့ တူနေရော "
ဟန်ဆောင်မပြောတတ်တဲ့ပိန်သေးရဲ့စကားကြောင့် ဖူးငုံပွင့်တင်းမထားနိုင်တော့ဘဲ ရယ်လိုက်မိတယ်။ဒေါ်လေးအင်္ကျီတွေက ခါးနဲ့ရင်နဲ့ ကျကျနနချုပ်ထားတဲ့ အင်္ကျီတွေလေ။ဖူးငုံပွင့်လို့ ပိန်ပိန်သွယ်သွယ်ကဝတ်လိုက်တော ပိန်သေးပြောသလို အဘွားအိုလေးဆိုတာနဲ့သွားတူနေတာပေါ့။
~~~~~
ဦးအောင်ဒင်ကိုညစာကျွေး ကာဆေးတိုက်ပြီးသွားတာနဲ့ မမညိုတစ်ယောက်တည်းရှိမဲ့အချိန်ကို ဖူးငုံပွင့်အလစ်ချောင်းနေမိတယ်။မိသားစုတွေက ကိုယ့်အခန်းနဲ့ကိုယ် သီးသန့်နေကြတာဆိုပေမဲ့ ညအိပ်ချိန်မရောက်ခင်အထိတော့ ဒေါ်ညိုညိုမာကအစ်မဖြစ်သူ၊ခဲအိုဖြစ်သူတို့နဲ့ စကားပြောနေတတ်တာမို့ ဖူးငုံပွင့်မှာ အိမ်အလုပ်တွေတစ်ဖက်နဲ့ မမညိုရဲ့ အားလပ်ချိန်ကို ချောင်းနေရတယ်။
ညကိုးနာရီလောက်မှာတော့အားလုံး အခန်းထဲအသီးသီးဝင်သွားကြတာမို့ မမညိုအခန်းရှိရာကို ဖူးငုံပွင့်အသာတက်ခဲ့လိုက် တယ်။အပေါ်ထပ်တစ်ထပ်လုံး စင်္ကြန်မီးတွေထိန်ထိန်းလင်းနေတုန်းဖြစ်ပြီး ပတ္တမြားနဲ့ကျောက်စိမ်းရဲ့ အခန်းကလွဲလို့ ကျန်အခန်းတွေက တိတ်ဆိတ်နေခဲ့တယ်။ငုဝါတို့အခန်းရှေ့က ဖြတ်အလျှောက်မှာ အခန်းဘက်ကို ဖူးငုံပွင့်အမှတ်မထင်နားစွင့်လိုက်မိတယ်။အလုပ်ကပြန်လာပြီးကတည်းက ငုဝါတစ်ယောက် ထမင်းလဲဆင်းစားတာမတွေ့ရ။ သက်ဝေလတ်တော့ သူ့မိဘတွေနဲ့အတူ ထမင်းဆင်းစားတာကိုတွေ့လိုက်ရတယ်။ညစာထမင်းဝိုင်းမှာ သူဌေးဦးမင်းလတ်တို့စုံတွဲရယ်မမညိုနဲ့ သက်ဝေလတ်ပဲစားတာကိုတွေ့ရတယ်။နောက်တစ်ဝိုင်းဖြစ်တဲ့ ဒေါ်ခင်မိုးတို့မိသားစုထမင်းစားဝိုင်းမှာလဲ ဒေါ်ခင်မိုးနဲ့ သမီးဖြစ်သူ မနီလာတို့မိသားစုတွေပဲ စားခဲ့ကြတာ။ ဖူးငုံပွင့်မှာ ငုဝါရဲ့မနေ့ညကအဖြစ်အပျက်ကို တွေးလိုက်မိတိုင်း မိန်းမချင်းကိုယ်ချင်းစာမိပြီး စိတ်ထဲဘ၀င်မကျဖြစ်နေမိတယ်။ငုဝါတို့အခန်းရှေ့မှာ ဖူးငုံပွင့်ခြေစုံရပ်မိချိန်မှာပဲ အခန်းထဲကရှိုက်သံလိုအသံသဲ့သဲ့ကို ကြားလိုက်ရတာမို့ ရပ်ပြီးနားစွင့်မိပြန်တယ်။ အသံက တစ်ချက်တစ်ချက်မှကြားရတယ်ဆိုရုံ ကြားနေရခြင်းဖြစ်ပြီး ငိုသံရယ်လို့လဲမသဲကွဲပဲရှိတယ်။သူများလင်မယားအခန်းရှေ့မှာ ဆက်ပြီးရပ်မနေချင်တာမို့ ဖူးငုံပွင်ရပ်နေရာကထွက်ခဲ့လိုက်တယ်။အောက်ထပ် လှေကားကနေ အပေါ်ထပ်ကိုတက်လိုက်ရင် ဧည့်ခန်းကျယ်ကို စရောက်ပြီး အရှေ့ဘက်ကိုဆက်သွားရင် ဘုရားခန်းနဲ့စာကြည့်ခန်းရှိတယ်။ပြီးရင် အိမ်ရှေ့ဝရံဆီကိုသွားတဲ့စင်္ကြန်လမ်းလေးရှိတယ်။ဧည့်ခန်းရဲ့တောင်ဘက် စင်္ကြန်ဘေးကအခန်းသုံးခန်းကတော့ အဘိုးဦးအောင်ဒင်ရဲ့အခန်းရယ် ၊ဦးမင်းလတ်တို့ လင်မယားအခန်းနဲ့ ဒေါ်ခင်မိုးရဲ့အခန်းရှိတယ်။မမညိုရဲ့အခန်းကတော့ သက်ဝေလတ်တို့အခန်းနဲ့ဘေးချင်းကပ်အခန်းဖြစ်တယ်။အခန်းတွေက စင်္ကြန်လမ်းတွေခြားထားပြီး ဝင်္ကပါပုံစံမျိုးတွေ တည်ဆောက်ထားကြတယ်။ အဓိကကတော့ အခန်းတိုင်းမှာ ပြတင်းပေါက်ပါအောင် အခန်းဖွဲ့ထားတာဖြစ်တယ်။ဖူးငုံပွင့်ခြေကိုခပ်ဖွဖွနင်းရင်း မမညိုအခန်းရှေ့ဆီကိုလျှောက်သွားလိုက်တယ်။
~~~~~
မမညိုရဲ့ အခန်းရှေ့အရောက်မှာ.တံခါးခေါက်ရန် ဖူးငုံပွင့်လက်ရွယ်လိုက်ချိန်မှာပဲ အခန်းထဲက စကားသံခပ်တိုးတိုးကို ကြားလိုက်ရတာမို့ လက်ကိုအမြန်ပြန်ရုပ်လိုက်ရတယ်။
"ကျွန်တော်ကတော့ စိတ်မရှည်တော့ဘူး တီညိုရယ် .. ဘယ်အချိန်ထိ သည်းခံနေရမှာလဲ ..."
"ကိုသက်ရယ် မင်းကလဲစိတ်ရှည်ရှည်ထားမှပေါ့...သူကလူကြည့်တော့ ပျော့တိပျော့နွဲ့နဲ့ ခေါင်းကတော့မာသားပဲ...သူ့ကိုမြင်တော့ တစ်ခါတုန်းကလူတစ်ယောက်ကိုတောင်.သတိရသွားမိတယ်"
"ဘယ်သူလဲတီညိုရဲ့ "
" ပီတောက်စုရွာက အညာသားတစ်ယောက်ပါကွယ် .... တီညို တွေ့ခဲ့သမျှယောကျာ်းတွေထဲမှာတော့ အထူးဆန်းဆုံးယောက်ျားပဲ သိလား "
ကြားလိုက်ရတဲ့ စကားသံကြောင့် ဖူးငုံပွင့်ခန္ဓာကိုယ်လေးမှာ မတ်ခနဲဖြစ်သွားရပြီး ခန္ဓာကိုယ်ထဲက သွေးတွေပါတထိတ်ထိတ်တိုးလာသလို ခံစားလိုက်ရတယ်။
"ဘယ်လိုထူးဆန်းတာလဲ တီညိုရဲ့ ပြောပါအုံး ....ထူးထူးဆန်းဆန်းတွေဆို စိတ်ဝင်စားလို့ "
ကြားနေရတဲ့ သက်ဝေလတ်ရဲ့အသံက မြင်ဖူးနေကြ တင်းမာခက်ထန်တဲ့ မျက်နှာထားနဲ့ ဆန့်ကျင်လှစွာ ရွှင်မြူးနေခဲ့တယ်။ဖူးငုံပွင့်မှာလဲ မမညိုပြန်ဖြေမဲ့ စကားသံကို အသက်တောင်မရှူဝံ့ဘဲ နားစွင့်နေမိတယ်။
''ဘာထူဆန်းတာလဲဆိုတာကတော့ ပြောပြလို့မရဘူးတူလေး ရဲ့ ... ဒါကထိပ်တန်းလျှို့ဝှက်ချက်လေ ...ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ ပြောပြလို့မရသေးဘူး ...တူလေးသိပ်သိချင်နေရင်တော့ နာမည်လေးဖြစ်ဖြစ်ပြောပြရမလား ...နေပါအုံး နာမည်က ဘာပါလိမ့် ...မြင့်ဦးဆိုလားပဲ "
#တိမ်ခိုးဝေတဲ့နွေ
အပိုင်း(၇)
******
ဖူးငုံပွင့်ဓါတ်ပုံအယ်လ်ဘမ်ကိုဖွင့်လိုက်ပြီး တစ်ရွက်ချင်းလှန်ကြည့်လိုက်တယ်။ဓါတ်ပုံတွေ အများစုက မမညိုရဲ့အလှဓါတ်ပုံတွေဖြစ်ပြီး မြန်မာပြည်အနှံ့က နာမည်ကြီးနေရာတွေမှာရိုက်ထားတဲ့ပုံတွေဖြစ်တယ်။မမညိုက ဓါတ်ပုံတွေထဲမှာ အိုက်တင်အမျိုးမျိုးနဲ့ ရိုက်ထားပြီး သူမရဲ့အလှက လုံးကြီးပေါက်လှနဲ့ ညှို့ငင်နိုင်စွမ်းရှိတဲ့ အလှမျိုးဖြစ်တာကိုတွေ့ရတယ်။ မမညိုရဲ့အလှကယောက်ျားသားတွေကိုဆွဲဆောင်ညှို့ယူနိုင်တဲ့ အလှမျိုးဆိုတာကို ဖူးငုံပွင့်ကိုယ်တိုင် လက်ခံနိုင်ပေမဲ့ ဖခင်ဖြစ်သူနဲ့ပတ်သက်ခဲ့တာကိုတော့ လက်မခံနိုင်ဖြစ်နေမိတယ်။ပုံတွေတစ်ပုံချင်းကြည့်နေပေမဲ့လဲ ပိတောက်စုရွာပတ်ဝန်းကျင်နဲ့ ခပ်ဆင်ဆင်တူတဲ့ပုံမျိုးကိုပင် မတွေ့ရပေ။ဖူးငုံပွင့်စိတ်ဓါတ်ပင်ကျချင်လာမိတယ်။အယ်လ်ဘမ်သုံးလေးခုလုံးလဲ ကုန်လုနီးပါးဖြစ်နေခဲ့ပြီ။
"ဟင် "
ပုံကိုကြည့်ပြီး ဖူးငုံပွင့်လက်တွေတဆတ်ဆတ်တုန်လာမိတယ်။ဓါတ်ပုံက မမညိုတစ်ယောက်တည်းရိုက်ထားတဲ့ပုံမို့သိပ်မထူးဆန်းပေမဲ့ နောက်ခံရှုခင်းနဲ့ ဝတ်ထားတဲ့အဝတ်အစားကို ဖူးငုံပွင့်ချက်ချင်းမှတ်မိလိုက်တယ်။နောက်ခံရှုခင်းက ညောင်ပင်သာမြို့လေးရဲ့ မြို့ဝင်တံတားထိပ်မှာရိုက်ထားတာဖြစ်ပြီး အဝတ်အစားတွေက ဖခင်ကြီးနဲ့တွဲရိုက်ထားတဲ့ပုံထဲက အဝတ်အစားတွေဖြစ်တယ်။ နှစ်တွေအကြာကြီးကြည့်လာခဲ့တဲ့ပုံမို့ ပုံကိုမြင်လိုက်ရတာနဲ့ ဖူးငုံပွင့်ချက်ချင်းမှတ်မိလိုက်တယ်။ ဖူးငုံပွင့်ဓါတ်ပုံကိုကြည့်ရင်း အံကိုတင်းတင်းကြိတ်လိုက်မိတယ်။တကယ်ပဲဖခင်ဖြစ်သူဟာ မမညိုနဲ့ပတ်သက်ခဲ့လေသလားဆိုတာကို တွေးတောလို့မရနိုင်အောင်ဖြစ်နေမိတယ်။ ဒီအချိန်မှာဒီမေးခွန်းရဲ့အဖြေမှန်ကို မမညိုတစ်ယောက်တည်းပဲ ဖြေနိုင်ပေလိမ့်မယ် ။ ဒီအတွက်မမညိုခေါ် ဒေါ်ညိုညိုမာကို ပွင့်ပွင့်လင်းလင်းမေးလိုက်ဖို့ကို ဖူးငုံးပွင့်ဆုံးဖြတ်လိုက်ပြီး ပိန်သေးမမြင်အောင် မမညိုပုံကိုအယ်လ်ဘမ်ထဲကဆွဲထုတ်ယူလိုက်တယ်။
"ဒီအခန်းပြီးရင် ဘယ်အခန်းသွားရှင်းမှာလဲ ပိန်သေး ... တို့တွေမငုဝါတို့လင်မယားအခန်းကို တစ်ခါမှမရှင်းပေးရသေးဘူးနော် "
ဖူးငုံပွင့် ပိန်သေးကိုပြောလိုက်ရင်း ငုဝါအဖြစ်ကိုသတိရသွားတာမို့ မေးကြည့်လိုက်မိတယ်။
" မရှင်းရဘူးလေ မနွေရဲ့ ..ဒီအိမ်မှာ မမငုဝါတို့အခန်းကို ပိန်သေးတို့ ရှင်းစရာမလိုဘူးလေ ..မမငုဝါကိုယ်တိုင်ရှင်းတာ "
" ဟင် ...ဟုတ်လား ...မငုဝါပုံစံက သူဋ္ဌေးသမီးပုံစံလေးနော် ..သန့်ရှင်းရေးကိုယ်တိုင်လုပ်တာလား... တော်လိုက်တာ "
ဖူးငုံပွင့် စကားရောဖောရောနဲ့ထပ်မေးလိုက်တယ်။
'အင်း ဟုတ်တယ်လေ ..မမငုဝါက သူဌေးသမီးပါ ....သဘောလဲ ကောင်းတယ် ...အဲ့ဒါကြောင့် အစ်ကိုလေးက သိပ်ချစ်တာပေါ့ ...မမငုဝါကိုမျက်စိအောက်ကတောင် အပျောက်ခံတာမဟုတ်ဘူး .. ဘယ်သွားသွား မမငုဝါကိုခေါ်သွားတတ်တယ်... အောက်ထပ်မှာထမင်းဆင်းစားတာပဲဖြစ်ဖြစ် ...ခြံထဲဆင်းတာကအစ မမငုဝါနောက်ကလျှောက်လိုက်နေတတ်တာ မနွေရဲ့ ..ပိန်သေးတော့ အစ်ကိုလေးနဲ့မမငုဝါလက်ထပ်ပြီးသုံးလအတွင်းမှာ မမငုဝါတစ်ယောက်တည်း အခန်းပြင်ထွက်တာကိုတောင် မမြင်ဖူးဘူး ... အစ်ကိုလေးသဝန်တိုချက်များ မမငုဝါက ပိန်သေးတို့ကိုပြုံးပြနှုတ်ဆက်ရင်တောင် မကြိုက်ဘူး မျက်နှာကြီးကချက်ချင်းစူပုတ်သွားတတ်တယ်သိလား "
"ဟင် ...တကယ် အဲ့လိုကြီးလား ပိန်သေးရဲ့ ...လွန်လိုက်တာ "
ပိန်သေးစကားကို ဖူးငုံပွင့် ပြန်ပြောလိုက်ရင်း စိတ်ထဲမှာ အလိုမကျသလိုဖြစ်သွားမိတယ်။
" ဒါဆို ... မငုဝါကို ပိန်သေးတို့ စကားမပြောဖူးဘူးပေါ့ "
" အင်း ..တစ်ခါပြောဖူးတယ် ... အဲ့ဒီနေ့က အစ်ကိုလေးအပြင် သွားနေတုန်း မမလေးငုဝါကို ထမင်းစားဖို့ သွားခေါ် မိတာလေ ..မမလေးငုဝါကလဲ လိုက်လာပြီး ပိန်သေးကိုအသက်ဘယ် လောက်ရှိပြီလဲ ဘာညာမေးနေတုန်းမှာ... အစ်ကိုလေးပြန်ရောက်လာလို့ ...ဆူတာခံလိုက်ရတယ်လေ "
"ဟုတ်လား ...ဒါနဲ့ မငုဝါရဲ့မိဘတွေရော ...လာမလည်ကြဘူးလား "
ဖူးငုံပွင့်ရဲ့အမေးကြောင့် ပိန်သေးက အခန်းပြင်ကိုလှမ်းကြည့်လိုက်ပြီးမှ တိုးတိုးကြိတ်ကြိတ်ပြန်ဖြေတယ်။
" မမငုဝါက မိဘတွေမရှိကြတော့ဘူးလေ မနွေရဲ့ ....ဦးလေးနဲ့ နေတာလေ ..မမငုဝါရဲ့ဦးလေးကတော့ မကြာခဏလာတယ် ... ကြည့်ရတာ မမညိုနဲ့ ကြိုက်နေတာထင်ထယ် "
"ဟုတ်လား "
ပိန်သေးရဲ့စကားကြောင့် ဖူးငုံပွင့်မှာ ငုဝါနဲ့ပတ်သက်ပြီး အတွေးလွန်နေမိတာကို ခေါင်းထဲက ထုတ်ပစ်လိုက်ရတယ်။ဘာပဲဖြစ်ဖြစ် ညကျရင်မမညိုကိုဖွင့်မေးလိုက်ပြီး နောက်ရက်မှာပြန်ဖို့ကိုပဲဆုံးဖြတ်လိုက်တော့တယ်။
" ဒါနဲ့ ... မနွေတို့လဲ ပိန်သေးတို့လို အရမ်းဆင်းရဲတာလားဟင် .. မနွေဝတ်တဲ့အင်္ကျီတွေက မနွေရဲ့အမေအင်္ကျီတွေလား ..မနွေလဲ မမလေးငုဝါနဲ့ မနီလာတို့လိုမျိုးအဝတ်အစားကောင်းကောင်းဝတ်ရရင် သူတို့လိုချောမယ်ထင်တယ်နော် "
ပိန်သေးပြောမှ ဖူးငုံပွင့်လဲ ကိုယ့်ကိုယ်ကိုယ်ကြည့်မိတော့တယ်။ဖူးငုံပွင့်ပုံစံက ပိန်သေးမေးမယ်ဆိုလဲ မေးချင်စရာလေ။ ဒေါ်ညိုညိုမာခေါ်ရာနောက်ကို အားချင်းထလိုက်လာရတော့ ယူစာရာအဝတ်အစားမရှိတာနဲ့ပဲ ဒေါ်လေးငယ်ငယ်ကဝတ်ခဲ့တဲ့ အဝတ်ဟောင်းလေးငါးစုံကို မသိအောင်ထည့်ယူလာခဲ့ရတာလေ။ဖူးငုံပွင့်က အဝတ်အစားကိုတစ်ထည်ကောင်းဝတ်တတ်သူဆိုတော့
ထုရိုက်သံလိုမျိုးအသံခပ်သဲ့သဲ့ကိုထပ်ကြားလိုက်ရပြီး ရှိုက်သံသဲ့သဲ့ကိုပါ ကြားလိုက်ရတယ်။ အသံတွေကိုနားထောင်နေမိပြီး ဖူးငုံပွင့် ရှေ့ကိုခြေလှမ်းမဆက်နိုင်ဘဲ သတိလက်လွတ်နဲ့ ရပ်တန့်နားစွင့်နေမိတယ်။အဲ့ဒီအချိန်မှာပဲအခန်းတံခါးက ဝုန်းခနဲမြည်ကာပွင့်လာခဲ့ပြီး အခန်းထဲကနေ သက်ဝေလတ်ထွက်လာတာကိုတွေ့လိုက်ရတယ်။
သက်ဝေလတ်က အခန်းရှေ့ကစင်္ကြန်လမ်းမှာရပ်နေတဲ့ ဖူးငုံပွင့်ကို ဖြုန်းခနဲတွေ့လိုက်ရတော့ ပထမတော့ထိတ်လန့်ကြောင်အသွားသလိုရပ်ကြည့်နေပြီးမှ သတိပြင်ဝင်လာပြီး ဒေါသတကြီးနဲ့ အော်လိုက်တယ်။
"ဟဲ့ ...နင်က ဒီမှာဘာရပ်လုပ်နေတာလဲ ..."
သက်ဝေလတ်ရဲ့ အမေးကြောင့် ဖူးငုံပွင့်လဲရုတ်တရက် ဘာဖြေရမှန်းမသိဖြစ်သွားပြီးမှ ကမန်းကတန်းပြန်ဖြေလိုက်ရတယ်။
"ဟုတ် ...ဟုတ်ကဲ့ ..အဘိုးကိုဆေးတိုက်ဖို့သွားမလို့ပါ ..."
"အေး ..သွားစရာရှိတာသွားလေ ...ဘာရပ်လုပ်နေတာလဲ ... အလုပ်သမားက အလုပ်သမားလို နေ .. မစပ်စုနဲ့ ကြားလား .. သွား "
"ဟုတ်..ဟုတ်ကဲ့ပါ အစ်ကိုလေး "
ဖူးပုံပွင့် အသံတုန်တုန်နဲ့ ပြန်ဖြေလိုက်ရင်း ခပ်ဟဟပွင့်နေတဲ့ သက်ဝေလတ်တို့အခန်းထဲကို မျက်လုံးထောင့်ကပ်ပြီးကြည့်လိုက်မိတယ်။ အဲ့ဒီအခါအခန်းထဲမှာလဲကျနေတဲ့ငုဝါကို တစ်စွန်းတစ်စလှမ်းတွေ့လိုက်ရတာမို့ ရှေ့ဆက်လှမ်းဖို့ ပြင်နေတဲ့ ခြေလှမ်းတွေပင် တုံ့ခနဲပြန်ဖြစ်သွားရတယ်။
"သားကြီးကိုသက် ဘာဖြစ်နေကြတာတုန်း ... သားအော်လိုက်တာ တီညို့အခန်းထဲကတောင် ကြားရတယ် "
ဖူးငုံယောင်ယမ်းပြီး ခြေလှမ်းတွေကို ရပ်တန့်မိလိုက်ချိန်မှာပဲ ဒေါ်ညိုညိုမာတစ်ယောက်အသံစာစာနဲ့ပြောရင်း ဖူးငုံတို့အနားကို ရောက်လာခဲ့တယ်။
"ဒီမှာလေ ...တီညိုခေါ်လာတဲ့ အလုပ်သမားပေါ့... အခန်းရှေ့မှာရပ်နေလို့ မေးနေတာ "
"ဟင် ..ဟုတ်လား မိနွေ...နင်က သူများလင်မယားအခန်းရှေ့မှာ ဘာရပ်လုပ်နေတာလဲ ...ကောင်မ နော် ပြောထားတဲ့ကြားကမထနဲ့ ....ညိုညိုမာကိုဘာမှတ်နေလဲ ..ညိုမာတို့က သဘောကောင်းရင်သူများထက်ကောင်းပြီး ဆိုးရင်လဲသူများထက်ဆိုးတယ်နော်...အိမ်ဖော်ကအိမ်ဖော်လိုနေ.. ရှုပ်ရှုပ်ယှက်ယှက်လာမလုပ်နဲ့ ... သွားစမ်း ..အခုချက်ချင်း ဒီနေရာက ထွက်သွားစမ်း "
" ဟုတ် .. ဟုတ်ကဲ့ပါ မမညို"
ဒေါ်ညိုညိုမာရဲ့ စကားတွေကြောင့် ဖူးငုံပွင့်အသားတွေ ဆိုးဆိုးဆတ်ဆတ်တုန်အောင် ဒေါသထွက်သွားမိပေမဲ့ စိတ်ကို ပြန်ထိန်းလိုက်ပြီး ကျောခိုင်းကာ ထွက်ခဲ့လိုက်တယ်။
" ကိုသက် တူလေးလာခဲ့...စိတ်ကိုထိန်းမှပေါ့ကွယ် ..သူဘာမှမပြောဘူးမဟုတ်လား ..တော်တော် အကြောတင်းတဲ့ဟာမလေး....."
"အေးဆေးပါတီညိုရယ်.. ဒီဟာမ ဘယ်လောက်အကြောတင်းနိုင်မလဲ ..မကြာတော့ပါဘူး "
ဖူးငုံပွင့်ကျောခိုင်းထွက်လာခဲ့ချိန်မှာ နောက်မှာကျန်ခဲ့တဲ့ ဒေါ်ညိုညိုမာတို့တူအရီးဆီကနေ စကားသံအချို့ ကိုကြားလိုက်ရတယ်။
~~~~~~
"အဘိုး ဆေးသောက်မယ်နော် .."
"အင်း ...အင်း "
ဦးအောင်ဒင်ကို အသာထိန်းပေးရင်း ဆေးကိုတိုက်လိုက်တယ်။ဦးအောင်ဒင်က စကားသံပီပီသသမပြောနိုင်၊လမ်းမလျှောက်နိုင်ပေမဲ့ လက်တွေကိုတော့လှုပ်ရှားနိုင်တယ်။လူမမာ တစ်ယောက်အနေနဲ့ ညရေးညတာမှာ ဘေးနားမှာအဖော်မရှိတဲအဖြစ်က သနားစရာတော့ကောင်းလှတယ်။ဘေးချင်းကပ်အခန်းနှစ်ခန်းမှာ သားကြီးဖြစ်တဲ့ဦးမင်းလတ်တို့ဇနီးမောင်နှံနဲ့သမီးဖြစ်သူ ဒေါ်ခင်မိုးရဲ့အခန်းတော့ရှိတယ်။ ဒါပေမဲ့ဘာသံကြားကြား ဂရုမစိုက်ဘဲနဲ့နေကြတာမို့ နေလဲနေနေပဲလေ။ဖခင်ကြီးအတွက် အားမှမကိုးရတာ။ ဒီလောက် ငွေတွေ ချမ်းသာနေပါရဲ့နဲ့ကိုယ်တိုင်မပြုစုချင်လဲ လူနာစောင့်ရှောက်နိုင်တဲ့ တစ်ယောက်လောက်ခေါ်ထားပေါ့။အခုတော့ဖူးငုံပွင့်တို့လို့ ဘုမသိဘမသိသူတွေပဲ ကြုံရာလူက ကြုံသလိုထမင်းကျွေးဆေး တိုက်လုပ်ပေးနေကြရတာ။ခန္ဓာကိုယ်သန့်ရှင်းရေးကိုတော့ ဒေါ်ခိုင်နဲ့ညှပ်စိနဲ့က လုပ်ပေးကြတာ။ သားသမီးတွေနဲ့ မြေးတွေက အခန်းထဲကို တစ်နေ့တစ်ခေါက်တောင်ဝင်ကြည့်ဖော်ရကြတာမဟုတ်ဘူး။ မြင်ရတွေ့ရတာ စိတ်မချမ်းသာစရာကောင်းတာတော့ အမှန်ပါပင်။
"ဟွန်း ....ဟွန်း ...ပိ..ပိ ဒေါင်း ..."
"ရှင် .. အဘိုး .ဘာပြောတာလဲဟင် "
ဦးအောင်ဒင်ဆီမှ မပီမသ စကားပြောသံထွက်လာတာမို့ ဖူးငုံပွင့် ဂရိုစိုက်နားစွင့်ပြီးပြန်မေးလိုက်မိတယ်။
"ဘာလုပ်ချင်လို့လဲ အဘိုး ...ဗိုက်ဆာလို့လား ... "
" ဘိ ...ဘိဒေါင်း ... ဘီဒေါက်စု ''
'' ရှင် .. ပိတောက်စုဟုတ်လား "
ဦးအောင်ဒင်ရဲ့ နှုတ်ဖျားက ထွက်လာတဲ့ မပီမသစကားသံကိုနားထောင်ပြီး ဖူးငုံပွင့်ရင်ထဲဒိန်းခနဲခုန်လှုပ်သွားမိတယ်။ဦးအောင်ဒင်က ဘာပြောချင်တာလဲဆိုတာကို ဖူးငုံပွင့်သေချာနားမလည်ပေမဲ့ ဖူးငုံပွင့်ရဲ့ နားထဲမှာတော့ "ပိတောက်စု" လို့ ကြားလိုက်မိတာမို့ ရင်တွေ ဒိန်းခနဲဆောင့်ခုန်သွားရခြင်းဖြစ်တယ်။ဖူးငုံပွင့် ရင်တုန်တုန်နဲ့ နောက်ထပ် ထပ်မေးလိုက်ပေမဲ့ ဦးအောင်ဒင်ဆီက စကားသံထပ်မထွက်လာတော့ဘဲတိတ်ဆိတ်သွားခဲ့တယ်။
.~~~~~~
"ပိန်သေးနဲ့အတူ ကျွန်မဝိုင်းလုပ်ပေးလိုက်ပါ့မယ် ..ဒေါ်ခိုင် "
" အင်း ...အင်း .....မောင်ခက် အတွက်ပြင်ထားတဲ့ အခန်းကိုလဲ သေချာလေးပြင်ပေးထားလိုက်အုံး...ရက်သေချာမသိပေမဲ့ ဒီရက်အတောအတွင်း ပြန်လာမှာတဲ့ "
"ဟုတ်ကဲ့ ဒေါ်ခိုင် "
~~~~~~
"ဒီမှာ အပင်ပန်းဆုံးအခန်းကတော့ ပတ္တမြားနဲ့ကျောက်စိမ်းရဲ့အခန်းပဲ မနွေရဲ့ ... သူတို့နှစ်ယောက်ကသိပ်ဖွကြတာ...မုန့်တွေ နေကြာစေ့ခွံတွေဆိုတာ အမြဲပွနေတာလေ "
ပိန်သေးပြောနေတာတွေကို ဖူးငုံပွင့်ဂရုမစိုက်နိုင်အားဘဲ ဟိုဒီ ဝေ့ဝဲကြည့်လိုက်ရင်း
" သူဋ္ဌေးတွေက ဘယ်အချိန်ပြန်လာကြမှာလဲ ပိန်သေး ..အခန်းရှင်းချိန်ရောရရဲ့လား...မမညိုအခန်းကစပြီး ရှင်းကြမလား "
" ညနေမှပြန်လာကြမှာလေ မနွေရဲ့ ..တစ်ခါတစ်လေတော့ နေလယ်လောက်တစ်ခေါက်ပြန်လာတတ်တယ် ..ဒါပေမဲ့ ...နေ့လယ်ခင်းထမင်းချိုင့်ကို ကားဆရာကြီးက လာပြန်ယူတာမို့ ပြန်လာတာရှားပါတယ်လေ "
ပိန်သေးရဲ့စကားကြောင့် ဖူးငုံပွင့်စိတ်ထဲလှိုက်ခနဲပျော်သွားတာကို ဟန်မပျက်အောင် ထိန်းလိုက်ပြီးပြန်မေးလိုက်တယ်။
"ဪ ... ဟုတ်လား ....ဘယ်တွေသွားကြတာလဲ "
" အလုပ်လေ မနွေရဲ့ ....ဘဘကြီးနဲ့ အစ်ကိုလေးတို့လင်မယားက ကုမ္ပဏီဆိုလားဘာလား မခေါ်တတ်ပါဘူး မနွေရယ်..ကြီးကြီး ဝေနဲ့မမညိုကအထည်ဆိုင်ဖွင့်ထားတာလေ ..ကြီးကြီးခင်က စတိုးဆိုင်ဖွင့်ထားတာ ...မမနီလာတို့က စားသောက်ဆိုင်ဖွင့်ထားတာ "
" ဪ "
ပိန်းသေးပြောတာကို ကြားလိုက်ရတော့မှ သုမမြိုင်စံအိမ်က မိသားစုဝင်တွေအားလုံး ဒေါ်ညိုညိုမာပြောသလို အလုပ်ကိုယ်စီနဲ့ပါလားလို့ တွေးလိုက်မိပြန်တယ်။
ဒေါ်ညိုညိုမာရဲ့ အခန်းထဲကို သန့်ရှင်းရေးလုပ်နေရချိန်မှာ ဖူးငုံပွင့်စိတ်တွလှုပ်ရှားနေမိတယ်။အခန်းတွင်း အပြင်အဆင်က ခေတ်မီလှပပေမဲ့ သပ်ရပ်မှုတော့ မရှိလှ။ချိတ်တန်းမှာ ချိတ်ထားတဲ့ အဝတ်အစားတွေကဖရိုဖရဲ။ ခုတင်ပေါ်မှာ ပုံချထားတဲ့ ဝတ်စုံအချို့ကိုလဲတွေ့ရပြန်တယ်။
"မမညိုက ဒီလိုပဲမနွေရဲ့...အဝတ်အစားဝတ်ခါနီးရင် အကုန်ဖွပစ်တတ်တာ ..အပျိုကြီး ပီပီလှချင်တာတအားပဲ..."
"ဟုတ်လား...ဒါနဲ့ ပိန်သေး ဒီမှာ အလုပ်လုပ်တာ ဘယ်လောက်ကြာပြီလဲဟင် "
" ကြာပြီလေမနွေ ...ပိန်သေး အသက်(၁၅)နှစ်တုန်း ဒီကို စရောက်လာတာလေ "
" ဪ ..ဟုတ်လား..အဲ့ဒီအချိန်ကလဲ မမညိုမှာရည်းစားမရှိတာလား "
"သိပ်တော့ မမှတ်မိပါဘူး ...ဒါပေမဲ့ မမညိုဆီကို ယောကျာ်းဧည့်သည်တွေ ခဏခဏလာကြတယ် ... လာသမျှလူတိုင်ကလဲ ကားအကောင်းစားကြီးတွေနဲ့ လာကြတာမနွေရဲ့သိလား ...ဘိုးဘိုးကြီးလေမဖြတ်ခင်ကဆိုရင် မမညိုရဲ့ ဧည့်သည်တွေလာတိုင်း ဘိုးဘိုးကြီးကတအားဆူတာ ..ဒါပေမဲ့ မမညိုက ဘိုးဘိုးကြီးကိုပြန်အော်ပစ်တာသိလား "
"ဟုတ်လား "
ပိန်သေးရဲ့စကားကြောင့် ဖူးငုံပွင့် အံ့သြသွားရတယ်။ တကယ်ဆိုရင် ဒေါ်ညိုညိုမာက အစ်မဖြစ်သူရဲ့ အရှိန်အဝါနဲ့ ခဲအိုအိမ်မှာလိုက်ကပ်နေရသူမဟုတ်လား။ဒါပေမဲ့ တွေ့မြင်ရသလောက်တော့ ဒေါ်ညိုညိုမာက သုခမြိုင်မှာ သြဇာအာဏာတော့ ရှိပုံရတယ်။
"မမညိုက အသက်ကြီးပေမဲ့သိပ်ချောနေတုန်းပဲနော် ပိန်သေး ... ဟိုအရင်ကဆို ဒီထက်ပိုချောမယ်ထင်တယ်... မမညိုငယ်ငယ်ကပုံတွေဘာတွေ ပိန်သေးမြင်ဘူးလား "
" ဟုတ်တယ် ..ချောတယ်မနွေရဲ့ ... မမညိုအရင်ကပုံတွေ ဓါတ်ပုံအယ်လ်ဘမ်ထဲမှာရှိတယ်လေ ... ဟိုမှာလေ မမညိုရဲ့ ဓါတ်ပုံအယ်လ်ဘမ်ကြီး .. မနွေ မယုံရင်ကြည့်ကြည့်ပါလား "
" ဘယ် ..ဘယ်လို ..ဓါတ်ပုံအယ်လ်ဘမ်ဟုတ်လား... "
ဖူးပုံပွင့်အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်ပြောလိုက်ရင်း ဓါတ်ပုံအယ်လ်ဘမ်ရှိရာဆီကို လျှောက်သွားလိုက်မိတယ်။အဲ့ဒီအချိန်မှာပဲ အခန်းပြင်က ခြေသံပြင်းပြင်း ကြားလိုက်ရပြီး
"ပိန်သေးတို့ ဒီအခန်းကို ဘယ်လောက်ကြာအောင် ရှင်းနေကြမှာလဲပြော ....ဟိုမှာ အဘိုးကြီးအော်နေပြီသွားလိုက်ကြအုံး....တကယ်ပဲ လေးပင်နေကြတာပဲ... အလုပ်တွေကတစ်ပြုံတစ်ခေါင်းကြီးကျန်သေးတယ် ကြားကြရဲ့လား "
" ဟုတ် .. ဟုတ်ကဲ့ပါ ဒေါ်ခိုင် ... နွေသွားလိုက်ပါ့မယ်ရှင် "
လက်ထဲရောက်နေပြီဖြစ်တဲ့ ဓါတ်ပုံအယ်လ်ဘမ်ကို မချင့်မရဲနဲ့ ပြန်ချခဲ့လိုက်ပြီး ဖူးငုံပွင့် အပေါ်ထပ်ကိုတက်ခဲ့ရတော့တယ်။
~~~~~
သက်ကြီးရွယ်အိုတစ်ယောက်ကို ပြုစုပေးရတာကိုဖူးငုံပွင့်မငြိုငြင်ချင်ပေမဲ့ လာရင်းရည်ရွယ်ချက်တွေပျောက်ဆုံးပြီး လူမမာအိုကြီးနားမှာနေရတာကိုတော့ စိတ်ညစ်စိတ်ရှုပ်မိတာ အမှန်ပင်။ အားလပ်ချိန်လေးများ ဒေါ်ညိုညိုမာ့အကြောင်း စုံစမ်းရမလားမှတ်တယ်။လူမမာအိုကြီးကိုပဲပြုစုနေရတော့ အရာရာကို လက်လျှော့ပြီး ပြန်ပြေးချင်စိတ်ပါဖြစ်လာမိတယ်။ဒီလိုပုံစံနဲ့ တစ်လပြည့်သွားရင် အဒေါ်ဖြစ်သူကို ဆက်လိမ်ဖို့က အဆင်မပြေနိုင် လောက်တော့။ အခုတောင် သုံးရက်အတွင်းမှာ လူလစ်ရင်လစ်သလိုဖုန်းဆက်ပြီး မနည်းရှင်းပြနေရတာ။
"ဖြန်း "
ဖြန်းခနဲ ကြားလိုက်ရတဲ့ ခပ်ပြင်းပြင်းရိုက်သံကြောင့် စင်္ကြန်လမ်းမှာလျှောက်နေတဲ့ ဖူးငုံပွင့်ရဲ့ခြေလှမ်းတွေရပ်တန့်သွားရတယ်။အသံလာရာအခန်းကို စောင်းငဲ့ကြည့်လိုက်တော့ သက်ဝေလတ်တို့ဇနီးမောင်နှံရဲ့ အခန်းထဲကဖြစ်နေတယ်။အခန်းနဲ့မလှမ်းမကမ်းမှာ ဖူးငုံပွင့်ရပ်ပြီး နားစွင့်မိလိုက်ချိန်မှာပဲ
#တိမ်ခိုးဝေတဲ့နွေ
အပိုင်း (၆)
******
အခန်းထဲမှာ ချဉ်စုတ်စုတ် အောက်သိုးသိုးအနံ့တွေရနေပြီး ခေါင်းတွေပါထိုးကိုက်ချင်သလို ဖြစ်လာတယ်။သားသမီးနဲ့ မြေးမြစ်တွေအထိရှိပါရဲ့နဲ့ လူအိုကြီးတစ်ယောက်ရဲ့ ဘ၀နေ၀င်ချိန်ကမြင်ရတာ စိတ်မချမ်းသာစရာပါပင်။ကြည့်ရတာ အဘိုးကြီးရဲ့ အခန်းထဲမှာ ငါးမိနစ်ပြည့်အောင်ပင် နေဖူးကြပုံမရပေ။ဖူးငုံပွင့် မနေနိုင်တော့တာမို့ အခန်းထဲလှည့်ပတ်ကြည့်ရင်း တစ်ခန်းလုံးအနှံ့လှည်း.ကျင်းသန့်ရှင်းလိုက်တယ်။ဖူးငုံပွင့်က မိဘအပေါ် ပြုစုလုပ်ကျွေးရမဲ့ကံနည်းပါးခဲ့လို့ မိဘတွေနဲ့ စောစီးစွာခွဲခွါခဲ့ရပေမဲ့ သွေးမတော်သားမစပ်သူဘွားကြည်ကို ပြုစုစောင့်ရှောက်ပေးခဲ့ဖူးတာမို့ လူအိုတစ်ယောက်ကို ပြုစုစောင့်ရှောက်ရမဲ့နည်းတွေကို အနည်းငယ်နားလည်နေခဲ့တယ်။
"အဘိုး နေရတာသက်သာရဲ့လားဟင် ... အဘိုးလိုချင်တာရှိရင် သမီးကိုပြောနော် "
" အင်း .. အင်း "
ဖူးငုံပွင့်ကပြောလိုက်တော့ မပီမသအသံနဲ့ ပြန်ပြောနေတာမို့ ဦးအောင်ဒင်ရဲ့ အနားကိုကပ်ပြီးဖူးငုံပွင့်နားထောင်လိုက်ရတယ်။
"ဟုတ်ကဲ့ ..ဘာပြောတာလဲဟင် အဘိုး ...ဗိုက်ဆာလို့လား ..ဘာစားချင်လဲ "
ဖူးငုံပွင့်က ဒုတိယအကြိမ်မြောက်ထပ်မေးလိုက်ချိန်မှာ ဦးအောင်ဒင်က နှုတ်ခမ်းလှုပ်ရုံနဲ့ မပီမသထပ်ပြောပြန်တယ်။
"အင်း ...ရေ...ရေ .. "
အဘိုးအိုကြီးပြောတာကို ဖူးငုံပွင့် သေချာနားထောင်လိုက်ပြီး
"ရေလား အဘိုး ...မဟုတ်ဘူးလား ....ရေ..ရေနွေးကြမ်းလား "
ဖူးငုံပွင့်ရဲ့ မေးသံအဆုံးမှာ ဦးအောင်ဒင်က ခေါင်းငြိမ့်ပြတာမို့ ဖူးငုံပွင့်မှာဝမ်းသာသွားမိတယ်။
"ခဏစောင့်နော် အဘိုး ... သမီး သွားယူပေးပါမယ် "
ဦးအောင်ဒင်ရဲ့ အခန်းထဲက ဖူးငုံပွင့်ထွက်လာခဲ့ရင်း စိတ်ထဲမှာ တစ်စုံတစ်ခုကို တွေဝေစဉ်းစားနေမိတယ်။ ဒီအတွေးက မရေရာလှဘူးဆိုပေမဲ့ အဘိုးကြီးဦးအောင်ဒင်ကို ဖူးငုံပွင့်စိတ်ထဲမှာတွေ့မြင်ဖူးသလိုလိုခံစားနေရခြင်းဖြစ်တယ်။ဘယ်နေရာမှာ တွေ့ကြံဖူးလဲဆိုတာကို သေချာစဉ်းစားကြည့်ပြန်တော့လဲ အဖြေကမရေမရာ ဖြစ်သွားရပြန်တယ်။
"ဟဲ့ ..မိနွေ ....ညည်းက ဘယ်သွားနေတာလဲ ...ဟိုမှာ သားကြီးတို့ အလုပ်သွားတော့မှာလေ ...ခြံတံခါးဖွင့်ရမှာနင့်အလုပ်လေ မသိဘူးလား "
ဖူးငုံပွင့် အောက်ထပ်ကိုပြန်ဆင်းလာချိန်မှာပဲ အောက်ထပ် ဧည့်ခန်းကနေလှမ်းအော်လိုက်တဲ့ ဒေါ်ဝေဝေမာရဲ့ အသံကိုကြားလိုက်ရတယ်။ဒေါ်ဝေဝေမာရဲ့အသံကြောင့် ဖူးငုံပွင့်ခြံတံခါးပေါက်ဆီကို ပြေးရပြန်တယ်။
~~~~~
တံခါးပေါက်ဆီကိုရောက်တော့ခြံတံခါးဖွင့်နေချိန်မှာပဲ ကားကတံခါးဝနားရောက်လာတာမို့ ဖူးငုံ ပွင့်ခေါင်းကိုညွှတ်ကာနှုတ်ဆက်လိုက်ရင်း ကားဆီကိုအမှတ်တမဲ့ကြည့်လိုက်မိတယ်။
"ဟင် " ဖူးငုံပွင့်လှမ်းကြည့်လိုက်ချိန်မှာ အမှတ်တမဲ့မြင်လိုက်ရတဲ့ငုဝါဆိုတဲ့သူဋ္ဌေးချွေးမရဲ့ နီရဲမို့အစ်နေတဲ့မျက်နှာကိုကြည့်ပြီး လန့်သွားမိတယ်။မနေ့ကမှ ချောမွေ့လှပနေခဲ့တဲ့ မျက်နှာလေးက ဒီနေ့တော့ ယောင်အမ်းမို့အစ်နေခဲ့တာဖြစ်တယ်။ ပြီးတော့ ဖူးငုံပွင့်ကို အမှတ်တမဲ့လှမ်းကြည့်လိုက်တဲ့သူမရဲ့မျက်ဝန်းတွေထဲမှာ စိုးထိတ်အားငယ်နေတဲ့ ပုံရိပ်တွေကို တွေ့မြင်လိုက်ရတယ်။ဝေါခနဲ မောင်းထွက်သွားတဲ့ ကားကို ကြည့်ပြီးဖူးငုံပွင့်ဘာရယ်မဟုတ် ခေါင်းကိုခါယမ်းလိုက်မိတယ်။
~~~~
"ဟဲ့ မိနွေ ...ညည်းအေတံခါးဖွင့်နေတာကြာလိုက်တာဟယ် ....အမြန်ဖွင့်စမ်းပါဟဲ့ ... ဒီမှာအချိန်နောက်ကျနေပြီ "
ထုံးစံအတိုင်း အပြစ်မပြောရရင် မကျေနပ်တဲ့ဒေါ်ညိုညိုမာက အော်ကြီးဟစ်ကျယ်နဲ့ လှမ်း အော်တာမို့ ဖူးငုံပွင့်အသက်ရှုချိန်တောင်မရဘဲ တံခါးကို အသည်းအသန် ဖွင့်ရပြန်တယ်။ ဒီနေ့တော့ ကားကိုဒေါ်ညိုညိုမာကိုယ်တိုင်မောင်းတာဖြစ်ပြီး ကြီးကြီးဝေခေါ် ဒေါ်ဝေဝေမာကိုပါ ကားပေါ်မှာတွေ့လိုက်ရတယ်။
"ညည်းအေ အလုပ်လုပ်တာသိပ်နှေးတာပဲ ...ဒီပုံစံအတိုင်းဆိုရင် တစ်လမပြည့်ခင် အလုပ်ပြုတ်လိမ့်မယ် ... ညည်းကို ငါတာဝန်ယူပြီးခေါ်လာခဲ့ရတာ .. အလုပ်ကို သေချာလုပ်စမ်းပါအေ ''
တဖျစ်တောက်တောက် ပြောဆိုပြီးထွက်သွားတဲ့ ဒေါ်ညိုညိုမာတို့ကားထွက်သွားပြီးတော့ ဖူးငုံပွင့်ခြံတံခါးပိတ်ဖို့ပြင်နေချိန်မှာပဲ ကားဟွန်းတီးသံတွေကြားလိုက်ရပြီး ဆင်၀င်လမ်းအတိုင်းမောင်းထွက်လာတဲ့ ကားနှစ်စီးကိုတွေ့လိုက်ရတာမို့ ဖူးငုံပွင့်မှာ ပိတ်လက်စတံခါးကို အမြန်ပြန်ဖွင့်ရပြန်တယ်။
"ဟဲ့ ... ငါ့ကလေးတွေ အခန်းထဲမှာရှင်းပေးထားအုံး ကြားလား ."
"ဟုတ်..ဟုတ်ကဲ့ ...."
ရှေ့ကကားပေါ်ကနေ လှမ်းအော်ပြောလာတဲ့မနီလာကို ဖူးငုံပွင့်ခပ်မြန်မြန်ပဲ ခေါင်းငြိမ့်ပြလိုက်ရတယ်။နောက်က ကားထဲမှာတော့ကြီးကြီးခင်ခေါ် ဒေါ်ခင်မိုးကိုယ်တိုင် ကားမောင်းလာတာကို တွေ့လိုက်ရတယ်။ဒေါ်ခင်မိုးက ဖူးငုံပွင့်ကို စူးစူးရဲရဲတစ်ချက်ကြည့်သွားပြီး မျက်နှာလွှဲသွားခဲ့တယ်။
ဒေါ်ခင်မိုးရဲ့ ကားထွက်သွားပြီးတော့မှ ဖူးငုံပွင့်ခြံတံခါးကို စိတ်ချလက်ချပိတ်လိုက်ရတော့တယ်။သူဌေးဦးမင်းလတ်က မနက်စောစောကတည်းက ကား ဆရာနဲ့အတူထွက်သွားပြီဖြစ်လို့ သုခမြိုင်စံအိမ်ကြီးမှာ အဘိုးအိုကြီးဦးအောင်ဒင်နဲ့ ဖူးငုံပွင့်တို့ပဲ ကျန်ခဲ့တော့တာဖြစ်တယ်။
"ညည်း ဒီအိမ်မှာအလုပ်မြဲချင်ရင် အရိပ်အကဲကိုသိပါ...ဒီလူမမာကြီးက ငါ့အဖေပဲ .. တစ်ခုခုဆိုရင် ငါ့ကိုပြောပြဖို့လဲမမေ့နဲ့ ကြားလား ..ညိုညိုမာဆိုတာ ..ဒီအိမ်မှာလာကပ်နေတဲ့သူပဲ ... ငါ့အဖေ ကိစ္စက သူနဲ့ဘာမှမဆိုင်ဘူးကြားရဲ့လား "
" ဟုတ် ..ဟုတ်ကဲ့ပါ ကြီးကြီးခင် "
အသားလွတ်ကြီး ဆူပူပြောဆိုသွားတဲ့ ဒေါ်ခင်မိုးကို ကြည့်ပြီး ဖူးငုံပွင့်သက်ပြင်းမောကိုချလိုက်မိတယ်။ဘယ်သူတွေဘာပြောပြော ဖူးငုံပွင့်ရဲ့လာရင်းကိစ္စက ဒေါ်ညိုညိုမာရဲ့ အကြောင်းကိုပဲ သိချင်တာမို့ တခြားအကြောင်းအရာတွေကို ခေါင်းထဲမထည့်ဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။ဖူးငုံပွင့်သာ ဒီလိုမျိုး အိမ်ဖော်အဖြစ်အလုပ်လုပ်နေရတာကို ဒေါ်လေးတစ်ယောက်သိသွားခဲ့ရင် ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို တွေးတောင်မတွေးရဲဘူး။
ဒေါ်ညိုညိုမာရော ဒေါ်ခင်မိုးပါ အခန်းထဲက ထွက်သွားကြချိန်မှာ ဖူးငုံပွင့်လူနာခုတင်ရှိရာကို ပြန်လျှောက်သွားလိုက်တယ်။ ဒေါ်ခင်မိုးက နှုတ်ကသာသူ့ဖခင်အရင်းလို့ ပြောသွားပေမဲ့ လက်တွေ့မှာတော့ ဖခင်ဖြစ်သူကိုဂရုတစိုက်မေးမြန်းပြောဆိုခြင်းပင်မရှိပေ။
@@@@@@@@@@@@@@@@@@
အပိုင်း (၆ ) ဆက်ရန်
#ဧကြည်ဖြူ
"ဘဘကြီးဦးအောင်ဒင်က သူဋ္ဌေးဦးမင်းလတ်နဲ့ ကြီးကြီးခင်တို့ရဲ့အဖေလေ .. သူခမြိုင်စံအိမ်ရဲ့သူဋ္ဌေးကြီးပေါ့ ...ကြီးကြီးဝေကတော့သူဌေးဦးမင်းလတ်ရဲ့မိန်းမလေ .. သူဋ္ဌေးနဲ့ ကြီးကြီးဝေမှာ သားနှစ်ယောက်ရှိတယ်... အစ်ကိုလေးသက်ဝေလတ်နဲ့ အစ်ကိုလေးခက်ဝေလတ်ပေါ့ ..အခုအိမ်မှာရှိတာကိုအစ်ကိုလေးသက်ဝေလတ်ပါ....အငယ်ကနိုင်ငံခြားမှာအလုပ်လုပ်နေတာ ဒီတစ်ပတ်အတွင်း ပြန်လာတော့မှာတဲ့ ...အစ်ကိုလေးသက်ဝေလတ်က လက်ထပ်ထားတာမကြာသေးဘူး မနွေရဲ့..... မမငုဝါကိုတွေ့တယ်မဟုတ်လား သိပ်ကိုချောတာလေ.......သူကအစ်ကိုလေးသက်ဝေလတ်ရဲ့ မိန်းမပေါ့ .....မမညိုကတော့ ကြီးကြီးဝေရဲ့ညီမအရင်း အစ်ကိုလေးတို့ရဲ့အဒေါ်အရင်းပေါ့ ..."
"ဪ .. ဟုတ်လား ..ဒါဆိုရင် ကလေးနှစ်ယောက်ရယ် ခေတ်ဆန်ဆန်စုံတွဲကရော ဘယ်သူတွေလဲဟင် "
ပိန်သေးဆိုတဲ့ ကောင်မလေးရှင်းပြနေတာကိုနားထောင်းရင်း မရှင်းလင်းတာကို ဖူးငုံပွင့်ကထပ်မေးလိုက်တယ်၊
" ဪ ..မမနီလာတို့မိသားစုကို မေးတာလား ..မမနီလာကကြီးကြီးခင်ရဲ့သမီးလေ ...ကိုကျော်လွင်ကမမနီလာရဲ့ယောကျာ်းပါ .... သူတို့မှာ ပတ္တမြားနဲ့ ကျောက်စိမ်းဆိုတဲ့ သမီးလေးနှစ်ယောက်ရှိတယ် ... မမနီလာအဖေကတော့ဆုံးသွားတာတစ်နှစ်ကျော်ပဲရှိအုံးမယ် "
"ဪ ..ဟုတ်လား ...ဒါနဲ့ မမညို ကအပျိုကြီးလားဟင် ...အိမ်ထောင်မရှိဘူးလား "
ပိန်သေးရဲ့မျက်နှာကို အကဲခတ်ကြည့်လိုက်ပြီး ဖူးငုံပွင့် ခပ်တိုးတိုးမေးလိုက်တယ်။ပိန်သေးကလဲ ဟိုဒီဝေ့ဝဲကြည့်လိုက်ပြီးမှ ခေါင်းကိုခါယမ်းလိုက်ပြီး ခပ်တိုးတိုး ပြန်ဖြေတယ်။
"အင်း ..မမညိုက အပျိုကြီးလေ .. ဒါပေမဲ့ မမလေးငုဝါရဲ့ ဦးလေးနဲ့တော့ တွဲနေတယ်ထင်တယ် "
" ဟုတ်လား "
" ဟဲ့ ပိန်သေး ...မအိပ်သေးဘူးလား ..မနက်မထနိုင်ရင်.... ပါးစပ်နဲ့မနှိုးဘူးနော်...ငါပြောပြီးပြီ ."
ပိန်သေးကို ဖူးငုံပွင့်ထပ်မေးဖို့ ပြင်လိုက်ပေမဲ့ အခန်းပြင်ကနေ အသံမာမာနဲ့ အော်လိုက်တဲ့ ဒေါ်ခိုင့်အသံကြောင့် ဖူးငုံပွင့်ပါးစပ်ကို ပိတ်လိုက်ရတော့တယ်။ရောက်ရောက်ခြင်းနေ့မှာပဲ ဖူးငုံပွင့်ရဲ့တာဝန်က ခြံတံခါးကိုနှစ်ခါသာဖွင့်ပေးရုံဆိုပေမဲ့ မီးဖိုထဲမှာထမင်းချက်ဒေါ်ခိုင့်ကို ဝိုင်းကူပေးရပြန်တယ်။ညနေ (၇)နာရီထိုးလို့ အိမ်ကြီးရှင် မိသားစုတွေအသီးသီး ညစာစားလို့ပြီးတော့မှ ဒေါ်ခိုင်ရယ်ပိန်သေးနဲ့ညှပ်စိဆိုတဲ့ကလေးမနဲ့အတူ ဖူးငုံပွင့်တို့ညစာစားရတယ်။ ညစာစားပြီးလို့ အလုပ်တွေအားလုံးပြီးတော့ည(၁၀)နာရီပင်ထိုးနေပြီ။ကလောရဲ့ရာသီဥတုကအေးစိမ့်နေပေမဲ့ ဖူးငုံပွင့်တို့လေးယောက်မှာ လက်ရှည်အင်္ကျီခပ်ပါးပါးလေးတွေနဲ့ပဲ အပေါ်ထပ်တက်လိုက်အောက်ဆင်းလိုက်နဲ့ အေးဖို့ တောင်အချိန်မရကြဘူး။ အိမ်သားတွေအားလုံး သူတို့ အခန်းတွေထဲ အသီးသီးဝင်သွားကြချိန်မှာ ည(၁၀)နာရီဖြစ်နေခဲ့ပြီ။ဖူးငုံပွင့်တို့ အလုပ်သမားလေးယောက်က အိမ်နောက်ဘက်မီးဖိုခန်းနားက အခန်းကျဉ်းလေးတွေမှာနှစ်ယောက်တစ်ခန်း အိပ်ကြရတယ် ။ဒေါ်ခိုင်နဲ့ ညှပ်စိကတစ်ခန်း။ ဖူးငုံပွင့်နဲ့ ပိန်သေးဆိုတဲ့ကောင်မလေးက တစ်ခန်းအိပ်ရတယ်။ပိန်သေးနဲ့ ညှပ်စိက အသက် (၁၈) (၁၉)အရွယ်လေးတွေဖြစ်ပြီး ရိုးသားဖြူစင်ပုံလေးတွေမို့ ဖူးငုံပွင့်မှာ တစ်ဖက်တစ်လမ်းကစိတ်အေးသွားရတယ်။မဟုတ်ရင် အိမ်ကြီးရှင်တွေကလဲ မောက်မာသေး၊ အလုပ်သမားတွေကလဲ အတွင်းစိတ်ပုတ်ပြီး အချင်းချင်းတိုက်ခိုက်နေကြရင် ဖူးငုံပွင့်အနေနဲ့ ဒေါ်ညိုညိုမာနဲ့ ပတ်သက်ပြီး ဘာမှမသိရသေးခင်မှာ ပြန်ပြေးမိမှာကိုပဲကြောက်မိတာ။
ဖူးငုံပွင့်စိတ်မောမောနဲ့ အိပ်ရာပေါ်လှဲချလိုက်တယ်။အိပ်ရာပေါ်ရောက်မှပဲ လူက ချမ်းစိမ့်စိမ့်ဖြစ်လာတာမို့ စောင်ကိုဆွဲယူခြုံလိုက်ရတယ်။ပိန်သေးကတော့ အေးလို့ထင်ပါရဲ့သူမဘက်ကို အတင်းတိုးကပ်လာတယ်။ပင်ပန်းလွန်းတာမို့ ဒီညအဖို့မှာတော့ဖူးငုံပွင့် ဘာမှမစဉ်းစားနိုင်တော့ဘဲ အိပ်ပစ်လိုက်ဖို့ပဲ တွေးလိုက်တယ်၊
~~~~~
"မင်းရဲ့အဓိကတာဝန်တစ်ခုက ... ဘဘကြီးကိုပြုစုစောင့်ရှောက်ဖို့ပဲမိနွေ ... ငါတို့အိမ်မှာ
အားနေတဲ့သူ ဘယ်သူမှမရှိဘူး ...အားလုံးအလုပ်ကိုယ်စီရှိကြတယ် .... မင်းရဲ့တာ၀န်က ... ခြံတံခါးအဖွင့်အပိတ်လုပ်ပေးတာရယ် .. ဘဘကြီးကို ထမင်းကျွေးဆေးတိုက်တာမျိုးလုပ်ပေးရမယ် ကြားလား "
ဒေါ်ညိုညိုမာက အခန်းထဲကိုမဝင်ဘဲ အခန်းဝမှာရပ်ပြီး ဖူးငုံပွင့်လုပ်ရမှာတွေကို ပြောပြနေတယ်။ဖူးငုံပွင့်က အခန်းထဲကို၀င်လိုက်ပြီး ခုတင်ပေါ်ကလူနာကို ကြည့်လိုက်မိတယ်။လူနာဖြစ်သူက အသက် (၇၀) လောက်ရှိမဲ့အဘိုးကြီးတစ်ယောက်။ခန္ဓာကိုယ်ကဝဖိုင့်ပြီး သိပ်လှုပ်ရှားနိုင်ပုံမရဘူး။ ဖူးငုံပွင့်က လူနာအဘိုးကြီး ကို သေချာကြည့်နေမိတယ်။ အဲ့ဒီအချိန်မှာပဲ အခန်းထဲကိုဝင်လာတဲ့ ခြေသံပြင်းပြင်းကို ကြားလိုက်ရပြီး
"အဖေ ..သူက အလုပ်သမားအသစ်ပဲ .... မိညိုခေါ်လာခဲ့တာလေ ..သမီးတို့က အလုပ်တွေများနေလို့အဖေ့အတွက် သက်သက် အလုပ်သမားခေါ်ပေးတာနော် "
အသံနဲ့အတူဝင်လာသူက ကြီးကြီးခင်ဆိုတဲ့ အမျိုးသမီးကြီးဖြစ်တယ်။ကြီးကြီးခင်အခန်းထဲကိုဝင်လာတော့ ဒေါ်ညိုညိုမာတစ်ယောက်အခန်းဝကနေ ထွက်သွားတာကို တွေ့လိုက်ရတယ်။ ကြီးကြီးခင်က ဖခင်ဖြစ်သူကိုပြောလိုက်ရင်း ဖူးငုံပွင့်ရဲ့လက်ကိုဆောင့်ဆွဲကာအခန်းဝဆီကို ဆွဲခေါ်သွားခဲ့တယ်။ဖူးငုံပွင့်မှာ ကြီးကြီးခင်ဆွဲခေါ်ရာနောက်ကို ယက်ကန်ယက်ကန်နဲ့ ပါသွားရတော့တယ်။
မီးဖိုခန်းထဲတန်းသွားရမှာကို စိတ်ပျက်သွားရပေမဲ့ အမျိုးသမီးကြီးသုံးယောက်ရဲ့အကြည့်တွေ အောက်က ရှောင်ထွက်လာခဲ့ရတာမို့ ဖူးငုံပွင့်အသက်ရှုချောင်သလို တော့ဖြစ်သွားရတယ်။ဖြစ်ချင်ရာဖြစ်ဆိုပြီး ဆုံးဖြတ်လာခဲ့မိသမျှ မှားယွင်းနေပြီလားလို့ တွေးလိုက်မိပေမဲ့ နှစ်တွေအကြာကြီး ရှာဖွေခဲ့ရတဲ့သူကို တွေ့နေရပြီမှ နောက်ဆုတ်လိုက်ဖို့က မဖြန်နိုင်ပြန်။ဖြစ်နိုင်ရင် ဓါတ်ပုံကိုထုတ်ပြပြီးပေါ်တင်မေးလိုက်ချင်ပေမဲ့ ဒီဇာတ်လမ်းက ရွာကလူတွေသိနေသလိုမရိုးရှင်းလှဘူးဆိုတာကို ဖူးငုံပွင့်တဖြည်းဖြည်းပိုသိလာခဲ့ရတယ်။ဖခင်နဲ့ ဖောက်ပြားခဲ့တယ် ဆိုတဲ့အမျိုးသမီးကို စစ်ကိုင်းကနေမန္တလေးမုံရွာတစ်ခွင်အထိ ရှာလို့မတွေ့ခဲ့ကတည်းက ဖူးငုံပွင့်ရဲ့ သံသယတွေက ပိုပြီးကြီးထွားလာခဲ့ရတာဖြစ်တယ်။အခုချိန်မှတော့ ဖူးငုံပွင့်အနေနဲ့နောက်ဆုတ်ဖို့စိတ်ကူးလဲမရှိတော့ပါ။
~~~~~~~
"ပွမ်...ပွမ် ... ပွမ် "
" ခြံရှေ့ကကားဟွန်းသံကြားလား မိနွေ ..တံခါးသွားဖွင့်ပေးပါအုံး .. သူဋ္ဌေးမင်းတို့ပြန်လာပြီထင်တယ် ... နောက်ဖေးပေါက်ကသွားနော် "
ဒေါ်ခိုင့်စကားကြောင့်ဖူးငုံပွင့်အိမ်နောက်ဖေးပေါက်ကနေ ခြံရှေ့ဘက်ကိုအပြေးထွက်ခဲ့ရတယ်။ခြံတံခါးဝကိုရောက်တော့ တံခါးကို ခပ်မြန်မြန်ဖွင့်ပေးလိုက်တယ်။ခြံထဲကို ကားမောင်းဝင်သွားတော့မှ ခြံတံခါးကို ပြန်ပိတ်လိုက်ရတယ်။ခြံကြီးလဲကျယ်ပါရဲ၊တိုက်ကြီးလဲ ကြီးပါရဲ့နဲ့ ယောကျာ်းလေး ခြံစောင့်မထားတာက သိပ်တော့ အဆင်မပြေလှ။တိုက်ကြီးက ရှေးဟောင်းပုံစံတိုက်ကြီးမျိုးဖြစ်ပြီး ဘေးမှာအဆောင်သစ်တွေ ထပ်ထုတ်ထားတယ်။မိသားစုဝင် (၁၂) ဦးအတွက်ဆိုတော့လဲ တိုက်ကြီးက အတော်အသင့်ကျယ်ဝန်းလှပေတယ်။ဒီတိုက်ကြီးမှာတစ်ယောက်တည်း သန့်ရှင်းရေးလုပ်ရရင်တော့မသက်သာလှပေ။
~~~~~
" ညိုညို ပြန်ရောက်နေပြီလား ... အလုပ်သမားပါလာတာလား "
ခြံတံခါးပိတ်ပြီးတာနဲ့ အိမ်နောက်ပေါက်ကို သွားဖို့ဟန်ပြင်ရင်း ကားပေါ်ကဆင်းလာတဲ့ သူဋ္ဌေးမင်းဆိုသူကို ဖူးငုံပွင့် မသိမသာလှမ်းကြည့်လိုက်မိတယ်။အသက် (၅၀)ကျော်လူကြီးက ကားနောက်ခန်းကနေဆင်းလာခဲ့ပြီး ဖူးငုံပွင့်ကိုတစ်ချက်လှမ်းကြည့်ရင်း အိမ်ထဲကိုလှမ်းမေးလိုက်သံကိုကြားလိုက်ရတယ်။
"ဟုတ်တယ် အစ်ကိုကြီး ....သူက အလုပ်သမားအသစ်ပါ ..ညို ခေါ်လာခဲ့တာလေ...ဟဲ့ မိနွေ ..ဒီကိုလာအုံး "
ဒေါ်ညိုညိုမာရဲ့ ခေါ်သံကြောင့် ကားရပ်ထားရာတိုက်ရှေ့နားကို ဖူးငုံပွင့်ခပ်သွက်သွက် လျှောက်သွားလိုက်တယ်။
"သူ့နာမည်က မိနွေတဲ့.....တစ်လလောက် စမ်းခိုင်းကြည့်ပေါ့ အစ်ကိုကြီးရယ် ...ဟဲ့ ..မိနွေနင်လဲမှတ်ထားအုံး ... အစ်ကိုကြီးက ဒီအိမ်ကြီးရဲ့သူဋ္ဌေးမင်းဦးမင်းလတ်တဲ့...သူတို့ကအစ်ကိုကြီးရဲ့သားနဲ့ ချွေးမပဲ .... သူတို့ခိုင်းသမျှတွေကိုလဲ လုပ်ပေးရမှာနော် ကြားလား .. "
" ဟုတ် ... ဟုတ်ကဲ့ပါ မမညို "
ဒေါ်ညိုညိုမာပြောတာကို ဟုတ်ကဲ့လို့ ပြန်ဖြေလိုက်ရင်း ဖူးငုံပွင့်ခေါင်းကို ငြိမ့်ပြလိုက်ရတယ်။သူဌေးဦးမင်းလတ်က ဖူးငုံပွင့်ကိုတစ်ချက်လှမ်းကြည့်တယ်။ သူဋ္ဌေးကြီးရဲသားဆိုသူကလဲ မျက်နှာထားတင်းတင်းနဲ့တစ်ချက်လှမ်းကြည့်တယ်။ ပြီးတော့ သူဋ္ဌေးချွေးမဆိုသူက ဖူးငုံပွင့်ကို လှမ်းကြည့်ပြီး ပြုံးပြလာတယ်။သူဌေးချွေးမရဲ့ ဖော်ရွေတဲ့အပြုံးကြောင့် ဖူးငုံပွင့်လဲကမန်းကတန်း ပြန်ပြုံးပြလိုက်ရတယ်။တွေ့မြင်ရသလောက်တော့ သူဋ္ဌေးရဲ့ချွေးမက ဖူးငုံပွင့်နဲ့အသက်ရွယ်တူလောက်ရှိပုံရတယ်။ အသားဖြူဖြူခပ်သွယ်သွယ်လေးနဲ့ ချောမောလှပသူလေးလဲဖြစ်တယ်။
"သွားတော့လေ မိနွေ "
"ဟုတ်..ဟုတ်ကဲ့ပါ မမညို "
သူဋ္ဌေးချွေးမအချောအလှလေးကို ဖူးငုံပွင့်သတိလက်လွတ် ငေးကြည့်နေမိခိုက်မှာ ဒေါ်ညိုညိုမာရဲ့ ခပ်စူးစူးအော်သံကြောင့် ဖူးငုံပွင့် အိမ်နောက်ကိုအပြေးဝင်ခဲ့ရ တော့တယ်။
~~~~~
"ပွမ် .. ပွမ် ပွမ် "
အိမ်နောက်ဖေးကို ပြန်ရောက်လို့မှမကြားသေးဘူး ခြံရှေ့က ကားဟွန်းတီးသံကြောင့် ဖူးငုံပွင့်အပြေးထွက်ခဲ့ရပြန်တယ်။
~~~~~
"မင်းက ဘယ်သူလဲ ..အလုပ်သမားအသစ်လား "
"ဟုတ်ပါတယ်ရှင် "
" အလုပ်သမားဆိုလဲ မြန်မြန်ဆန်ဆန်လုပ်လေ..ဟွန်းတီးတာ ဘယ်လောက်ကြာနေပြီလဲ..မကြားဘူးလား "
ဖူးငုံပွင့်ခြံတံခါးကို ဖွင့်ပေးလိုက်ချိန်မှာ ကားထဲက အမျိုးသမီးတစ်ယောက်က မကျေမနပ်အသံနဲ့ မေးလိုက်တာမို့ ဖူးငုံပွင့် ခေါင်းငြိမ့်ပြပြီးပြန်ဖြေလိုက်ရတယ်။ ကားထဲက အမျိုးသမီးက ဖူးငုံးပွင့်ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာမျက်နှာမဲ့လိုက်တာကို ဖူးငုံပွင့်တွေ့မြင်လိုက်ရတယ်။ ကားထဲမှာတော့ အမျိုးသမီးအပြင် ကားမောင်းလာတဲ့ အမျိုးသားရယ် လေးငါးဆယ်နှစ်အရွယ်ကလေးနှစ်ယောက်ကိုလဲ တွေ့လိုက်ရတယ်။ဖူးငုံပွင့်က ဒေါ်ညိုညိုမာမှာထားတဲ့အတိုင်း ခေါင်းကိုငုံ့ချလိုက်ပြီး ခြံတံခါးကိုပြန်ပိတ်လိုက်တယ်။
~~~~~~
#တိမ်ခိုးဝေတဲ့နွေ
အပိုင်း (၅)
********
"ကဲ ...မယ်မင်းကြီးမ ဘာကြည့်နေတာလဲ အောက်ဆင်းလေ ..တံခါးသွားကူဖွင့်ပေးလိုက် "
ဒေါ်ညိုညိုမာရဲ့ငေါက်ဆက်ဆက်အသံထွက်လာတာမို့ ဖူးငုံပွင့် ကားပေါ်ကနေအမြန်ဆင်းလိုက်ရတယ်။ကိုယ့်အကြံအစည်နဲ့ကိုယ်မို့ သည်းခံနေရပေမဲ့ စရိုက်ဆန်ပြီးအပြောကြမ်းလှတဲ့ ဒေါ်ညိုညိုမာကိုဖူးငုံပွင့်အတော်လေး အမြင်ကပ်နေမိပြီဖြစ်တယ်။ ဒေါ်ညိုညိုမာနဲ့တစ်ညအိပ်ခရီးပဲသွားရရုံနဲ့ ဖူးငုံပွင့်အတွက်ပိုပြီးသေချာသိလာရတာက ဖခင်ဖြစ်သူဟာ ဒေါ်ညိုညိုမာလိုအမျိုးသမီးနဲ့ ဖြစ်နိုင်စရာအကြောင်းမရှိတာကို ပိုပြီးယုံကြည်လာမိတယ်။
"ဟဲ့ မိနွေ .. အဲ့ဒီမှာ ခြံတံခါးကူပိတ်ပြီးရင် ... အထုပ်တွေလာကူချပေးအုံး ... ဒေါ်ခိုင်ရေ သူကမိနွေတဲ့ ...အလုပ်သမားအသစ်ပဲ ....နောက်ဆိုရင် ခြံတံခါးအဖွင့်အပိတ်ကို..... သူပဲလုပ်ရမှာ .. သူ့ကိုသေချာပြလိုက်အုံး ကြားလား "
"ဟုတ်ကဲ့ပါ မညို "
ဒေါ်ညိုညိုမာတို့ကားလေးက တိုက်ခြံတံခါး၀ကိုကျော်လွန်သွားတော့ဒေါ်ခိုင်က သံတံခါးကြီးကိုဆွဲပိတ်လိုက်တယ်။ဖူးငုံပွင့်လဲ တံခါးတစ်ချပ်ကိုတွန်းပိတ်လိုက်ရင်း ဒေါ်ခိုင့်ဆိုတဲ့ အမျိုးသမီးကြီးကိုမသိမသာ အကဲခတ်လိုက်မိတယ်။ဒီမှာက ဘယ်လောက်ကြာမယ်မှန်းမသိသေးတော့ ဘ၀တူတစ်ယောက်လောက်ကိုတော့ ဖူးငုံပွင့်အပိုင်ပေါင်းထားမှဖြစ်မယ်လေ။
"ဒီမှာက ယောကျာ်းအလုပ်သမား ဆိုလို့ကားသမားတစ်ယောက်ပဲရှိတာ ကလေးမရဲ့...မိသားစုတွေကများတော့ ...ကားအ၀င်အထွက် လူအ၀င်အထွက်ကလဲနည်းနည်းများတယ် ...အရင်လုပ်နေကြမိစန်းက အလုပ်ထွက်သွားလို့လေ ..အိမ်မှာပိန်သေးနဲ့ ညှပ်စိဆိုတဲ့ကောင်မလေးနှစ်ယောက်တော့ ရှိသေးတယ်..ဒါပေမဲ့သူတို့က နာမည်နဲ့လိုက်အောင်ပိန်တာရိုးတွေဆိုတော့ နှစ်ယောက်ပေါင်းရင်တောင်... တံခါးတစ်ချပ်ကိုမတွန်းနိုင်ကြပါဘူးအေ ... ညည်းကတော့ နည်းနည်းပင်ပန်းမှာပဲ "
ဒေါ်ခိုင့်စကားကြောင့် ဖူးငုံ ပွင့်မှာ ရင်ထဲတော့တုန်သွားမိတယ်။အလုပ်နဲ့ပတ်သက်လာရင် ဖူးငုံပွင့်လုပ်နိုင်ပေမဲ့ မတရားခိုင်းနေရင်တော့ဒုက္ခလို့တွေးလိုက်မိတယ်။ အခုတောင် ဒေါ်ညိုညိုမာရဲ့ အအော်အငေါက်ကို ခံနေရတာမဟုတ်ပါလား။
~~~~~
" သူ့နာမည်က မိနွေတဲ့ ..ညိုလဲ အချိန်သိပ်မရတာနဲ့ ...အဆင်ပြေမယ်ထင်တဲ့လူကို ခေါ်လာခဲ့လိုက် တာပဲ ... ခိုင်းကြည့်ကြပေါ့ ..အဆင်မပြေတော့လဲ ပြန်ခိုင်းလိုက်ရုံပေါ့ "
ဒေါ်ညိုညိုမာက ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်လိုက်ပြီးပြောလိုက်တယ်။
"ဟဲ့ ...မိနွေ လာအုံး ..... ငါတို့ သုခမြိုင်စံအိမ်မှာမိသားစု (၁၁) ယောက်ရှိတယ်.....တက်ရက်နှစ်ရက်နေရင် ...နိုင်းငံခြားကနေငါ့တူလေးပြန်လာလိမ့်မယ် .. ဒါဆိုရင် (၁၂) ယောက်ဖြစ်သွားလိမ့်မယ် ....(၁၂)ယောက်လုံးရဲ့ အ၀င်အထွက်အတွက်ခြံံတံခါးအဖွင့်အပိတ်ကို ညည်းတာဝန်ယူရမယ် ..ပြီရင် လေဖြတ်နေတဲ့ဘဘကြီးကိုပြုစုပေးရမယ် ... ကျန်တဲ့ အားလပ်ချိန်တွေမှာ .... ဒေါ်ခိုင်နဲ့ပိန်သေးတို့ကို ဝိုင်းကူပေးပေါ့ .....ငါခေါ်လာတာဆိုတော့ ....ညည်းကို ငါကပဲအစစအရာရာတာဝန်ယူရမှာပဲ ..အဲ့ဒီတော့ ဒီအိမ်ကစည်းကမ်းချက်တွေကိုပြောပြမယ် ညည်းသေချာလိုက်နာပါ "
"ဟုတ် ....ဟုတ်ကဲ့ မမညို "
ခရီးရောက်မဆိုက် သူ့မို့မမောနိုင်မပန်းနိုင်ပြောနိုင်လွန်းတယ်။ ဖူးငုံမှာတော့ ကားပေါ်ကဆင်းလာခဲ့ကတည်းကမထိုင်ရသေးဘူး ။ လူကနှုံးချိနေပြီမို့ရေ လဲချိုးချင်နေပြီဖြစ်ပေမဲ့ ဒေါ်ညိုညိုမာတို့ကိုကြည့်ရတာတော့ သူမကိုပေးမနားဘဲအလုပ်တန်းပြီးခိုင်းမဲ့ အနေအထားကိုမြင်နေရတယ်။
"အဓိကမှာချင်တာက ..တို့အိမ်မှာ ... ဘဘကြီးအပါအဝင် ယောကျာ်းသား (၅)ယောက်ရှိတယ် ...(၄)ယောက်က အိမ်ထောင်သည်တွေပဲ ... တစ်ယောက်ကတော့လူလွတ် ..ဒါပေမဲ့ သူ့မှာလဲ လူကြီးတွေသဘောတူထားတဲ့သူရှိပြီးသားပဲ ....အဲ့ဒီတော့ ညည်းမှတ်ထားရမှာက ..ဟော့ဒီအိမ်က ယောကျာ်းတွေနဲ့ ညည်းပတ်သက်ခွင့်မရှိဘူး .. ကိုယ့်အခြေအနေကိုယ်သိရမယ် ..ညည်းဘာသာအပျိုမကလို့ ဘာဖြစ်ဖြစ် ....ငါ့တူနှစ်ယောက်ကို စိတ်နဲ့တောင်မပြစ်မှားနဲ့ ... အလုပ်ခိုင်းရင် လုပ်ပေး ..မျက်နှာကိုမော့မကြည့်နဲ့ ... ပြီးတော့ ငါ့ကိုမမညိုလို့ခေါ်ရမယ် ကြားလား"
"ဟုတ်... ဟုတ်ကဲ့ပါ မမညို "
ဖူးငုံပွင့်ပါးစပ်ကဟုတ်ကဲ့လို့ ပြောလိုက်ရပေပဲ့ စိတ်ထဲကတော့နှုတ်ခမ်းကိုမဲ့လိုက်မိတယ်။မိသားစုက (၁၂) ယောက်လို့ ပြောပေမဲ့ လောလောဆယ်ဖူးငုံပွင့်တွေ့နေရတာကတော့ အသက် ( ၅၀ ) ကျော်အရွယ်အသားဖြူဖြူခပ်၀၀ အမျိုးသမီးကြီးတစ်ယောက်နဲ့ မျက်နှာထားတင်းတင်းနဲ့ ရှိနေတဲ့ အသက် ( ၅၀)ဝန်းကျင်အမျိုးသမီးကြီးတစ်ယောက်သာ ဖြစ်တယ်။
"ဘဘကြီးက အပေါ်ထပ်အခန်းမှာနေတာ...လေဖြတ်ထားလို့လမ်းမလျှောက်နိုင်ဘူး.. အသက်က (၇၀ ) ရှိပြီ .. ဒါက ငါ့အစ်မကြီးဒေါ်ဝေဝေမာတဲ့ ...ဒီကအစ်မကြီးကဒေါ်ခင်မိုးတဲ့... အစ်မကြီးတို့ကို ပိန်သေးတို့ညှပ်စိတို့ခေါ်သလို ကြီးကြီးဝေနဲ့ ကြီးကြီးခင်လို့ခေါ်ရမယ် ... ကျန်တဲ့သူတွေကိုတော့...ညမှပဲထပ်ပြီးမိတ်ဆက်ပေးမယ် ... အခုမီးဖိုထဲသွားတော့.. ဘာတွေလုပ်ရမလဲဆိုတာကို... ဒေါ်ခိုင်တို့ ပြောပြလိမ့်မယ် "
"ဒီအဒေါ်ကတားလဲ ရအောင်သွားမှာပဲမဟုတ်လား ... တားမရတော့လဲ သွားပေါ့ ..ဒါပေမဲ့ တစ်ခါတည်းမှာလိုက်ပါ့မယ်အေ..ပိတောက်စုကို မသွားရဘူးနော် ..."
"ဟုတ်ကဲ့ပါ ဒေါ်လေးရယ် ..သမီးလဲ ...ပိတောက်စုရွာကို မသွားချင် တော့ပါဘူး "
~~~~~
"ဟဲ့...မိနွေ ဘာတွေငေးနေတာလဲ ..အထုပ်တွေ ကားပေါ်တင်လေ .. ငါ့နဲ့ ညည်းကို အိမ်ဖော်အဖြစ်ခေါ်သွားမှာနော် ... အလည်ခေါ်သွားတယ်လို့ ထင်မနေနဲ့အုံး ..ဒါနဲ့ ညည်းရဲ့ အထုပ်ကအဲ့ဒါပဲလား "
"ဟုတ်...ဟုတ်ကဲ့ ... ကျွန်မမှာ သုံးလေးစုံပဲရှိလို့ပါရှင်
ဒေါ်ညိုညိုမာက ဖူးငုံပွင့်လက်ထဲက ကျောပိုးအိတ်အဟောင်းလေးကို ကြည့်ပြီးရှုံ့ရှုံ့မဲ့မဲ့နဲ့ မေးလိုက်တာမို့ ဖူးငုံပွင့်ပြန်ဖြေလိုက်ရင်း ကိုယ့်ကိုယ်ကို နွေပိတောက်အဖြစ်သတိထားနေဖို့ ဆုံးဖြတ်လိုက်ရတယ်။
~~~~~~
"ဟဲ့ ..မိနွေ .. မိနွေထစမ်း...ရောက်ပြီဟဲ့ ..တကယ်တည်းမှပဲ ..အလုပ်သမားငှားလာတာလား ..မင်းသမီးခေါ်လာမိတာလား မသိတော့ပါဘူး ....."
ရန်ကုန်ကနေ ကားစထွက်လာကတည်းက ဖူးငုံကိုအော်ငေါက်လိုက် ကားဆရာကြီးကို အော်ငေါက်လိုက်နဲ့ စိတ်တိုင်းမကျခဲ့တဲ့ ဒေါ်ညိုညိုမာ။ဒေါ်ညိုညိုမာအိပ်ပျော်သွားမှပဲ ကားဆရာရော ဖူးငုံပါ နားအေးပါးအေးနေခွင့်ရခဲ့တာ။ ဖူးငုံလဲတစ်လမ်းလုံး သတိနဲ့ လိုက်ပါလာခဲ့ပေမဲ့ တောင်ပေါ် လမ်းအကွေ့အကောက်တွေ ကြောင့် သတိထားနေတဲ့ကြားက မဟန်နိုင်တော့ဘဲ အိပ်ပျော်သွားခဲ့မိတာ။
ဒေါ်ညိုညိုမာရဲ့ဆူဆူငေါက်ငေါ် နှိုးသံကြောင့် ဖူးငုံ ဖွင့်မျက်လုံးကို ပြူးပြဲဖွင့်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်မိတယ်။အဲ့ဒီအခါဖူးငုံ မြင်လိုက်ရတာက ကားဟာခြံကြီးတစ်ခြံရှေ့မှာရပ်နေခဲ့ပြီး ခြံရှေ့တံခါးဘေးကအုတ်နံရံပေါ်မှာတော့ "သုခမြိုင်စံအိမ်"ဆိုတဲ့ဆိုင်းဘုတ်ကိုတွေ့လိုက်ရတယ်။
@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း ( ၄ ) ဆက်ရန်
#ဧကြည်ဖြူ
ဖူးငုံပွင့်တစ်ယောက် "သုခမြိုင်စံအိမ်" မှာ ဘာတွေဆက်ဖြစ်အုံးမလဲ ?
ထင်ထင်ရှားရှားနဲ့ သက်သေခံနေပြန်တယ်။
"ဟုတ် ..ဟုတ်ပါတယ် ... ဒီအမျိုးသမီးအမှန်ပါပဲ...သူ ဘယ်မှာနေတာလဲရှင် ..နာမည်ကရော .."
ဖူးငုံပွင့်က ကျန်ငွေကိုရှင်းပေးလိုက်ရင်း အလောတကြီးနဲ့ မေးလိုက်မိတယ်။
"ဒီမှာ... အမျိုးသမီးရဲ့လိပ်စာပါ ...နာမည်ကဒေါ်ညိုညိုမာတဲ့ ....ဇာတိကတော့ရန်ကုန်ပဲ...ဒါပေမဲ့ အခုလက်ရှိနေတာက ကလောဘက်မှာ ...ရန်ကုန်ကို အလုပ်ကိစ္စနဲ့ရောက်နေတာ ...မကြာခင်မှာ ကလောကိုပြန်လိမ့်မယ် "
"ဟုတ်.... ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ်ရှင် "
အေဂျင်စီရုံးက ပြန်ထွက်လာခဲ့ပြီးတာနဲ့ လိပ်စာရှိရာဆီကို ဖူးငုံပွင့်ချက်ချင်းထွက်လာခဲ့လိုက်တယ်။
~~~~~~
ဖူးငုံပွင့်ခြံရှေ့မှာရပ်ပြီး အိမ်ထဲကိုလှမ်းကြည့်လိုက်တယ်။အိမ်က တစ်ထပ်တိုက်ပုလေးဖြစ်ပြီး လူရိပ်လူယောင်မမြင်ရဘဲ တိတ်ဆိတ်နေတယ်။ခြံတံခါးဝမှာ လူခေါ်ဘဲလ်ကိုတွေ့တာမို့ ဘဲလ်ကို နှိပ်လိုက်တယ်။ ဘဲလ်တီးလိုက်ပြီး မကြာခင်မှာအိမ်ထဲက ကောင်မလေးတစ်ယောက်ထွက်လာတာကိုတွေ့လိုက်ရတယ်။
"ဘယ်သူနဲ့ တွေ့ချင်လို့လဲ ရှင် "
" ဒေါ်ညိုညိုမာနဲ့တွေ့ချင်လို့ပါ "
ကောင်မလေးရဲ့ အမေးကို ဖူးငုံပွင့်ဟန်မပျက်ပြန်ဖြေလိုက်တယ်။
~~~~~~
'' ထိုင်ပါအုံး .... တို့က ဒေါ်ညိုညိုမာတဲ့ ..ဒါနဲ့ မင်းက အလေးအပင်တွေရော မနိုင်ရဲ့လား "
"ရှင် "
ဖူးငုံပွင့် အိမ်ထဲဝင်လိုက်တာနဲ့ လှမ်းမေးလိုက်တဲ့မေးခွန်းကြောင့် ဖူးငုံပွင့်နားမလည်နိုင်အောင်ဖြစ်သွားရတယ်။ဖူးငုံပွင့်အနေနဲ့ ဒေါ်ညိုညိုမာဆိုတဲ့ အမျိုးသမီးဟာ ဖခင်ဖြစ်သူနဲ့ ဓါတ်ပုံတွဲရိုက်ထားတဲ့ အမျိုးသမီးလားဆိုတာကို အတည်မပြုရသေးခင်မှာပဲ ဒေါ်ညိုညိုမာထံမှ စကားသံထွက်လာခဲ့ခြင်းဖြစ်တယ်။
" ဒါလေးမေးတာကို နားမလည်တာလား .. မင်းကို အချက်အပြုတ်နဲ့ သန့်ရှင်းရေးတင်မဟုတ်ဘဲ.... အလေးအပင်တွေပါ မနိုင်လားမေးတာ ...အလေးအပင်ဆိုပေမဲ့ သိပ်လေးတဲ့ ပစ္စည်းတွေကိုမရမှာတော့ မဟုတ်ဘူး ... တို့အိမ်မှာ လူမမာတစ်ယောက်ရှိလို့..အရေးကြုံရင် လူနာကိုထူမဖို့ လိုလိုမယ်မယ် မေးထားတာ ..."
"ဟုတ်... ဟုတ်ကဲ့ ...မနိုင်ပါတယ် ရှင်"
ဒေါ်ညိုညိုမာဘာတွေပြောနေလဲဆိုတာကို ဖူးငုံပွင့်နားလည်သလိုလိုရှိတာမို့ အလိုက်သင့်ပြန်ဖြေလိုက်ရင်း ဒေါ်ညိုညိုမာကို သေချာအကဲခတ်ကြည့်ရှုလိုက်မိတယ်။ အနီးကပ်မြင်နေရတဲ့ ပါးပြင်ပေါ်ကမှဲ့နဲ့ ခပ်ထူထူနှုတ်ခမ်းတွေက ဖူးငုံပွင့်နှစ်တွေအကြာကြီးကြည့်လာခဲ့တဲ့ ဓါတ်ပုံထဲက အမျိုးသမီးနဲ့တထေရာတည်းတူနေတယ်ဆိုတာကို ပိုပြီးသေချာစေခဲ့တယ်။
"ကဲ ..ဒီတော့ အချိန်လဲမရလို့ ...ဘာမှလဲမမေးတော့ဘူး ....တို့လဲ သဘက်ခါပြန်ရတော့မှာဆိုတော့ အလုပ်လုပ်မှာသေချာတယ်ဆိုရင် .. ပြန်မဲ့နေ့လိုက်ခဲ့တော့...ဒါမှမဟုတ်ဘဲ... မလုပ်ဖြစ်ဘူးဆိုရင်လဲ ခုချက်ချင်းပြော ..."
ဒေါ်ညိုညိုမာရဲ့ စကားတွေကို ဖူးငုံပွင့်သေချာနားမလည်နိုင်ဖြစ်နေမိပေမဲ့ သဘက်ခါပြန်မယ်ဆိုတဲ့ စကားကြောင့် ဘာမှမစဉ်းစားနိုင်တော့ဘဲ ခေါင်းကိုငြိမ့်ပြလိုက်ပြီး
"ဟုတ်ကဲ့ ...ကျွန်မလုပ်ပါ့မယ် ..သဘက်ခါလိုက်ခဲ့ပါ့မယ် ..ဘယ်ကိုလိုက်ခဲ့ရမှာလဲရှင် '
"ဟဲ့ ..ဘယ်ကိုလိုက်ရမှာလဲ ...ကလောကိုလိုက်ရမှာပေါ့ .. အလုပ်ပြောပေးတဲ့သူက.... ပြောပြမထားဘူးလား .. ဒါနဲ့ ညည်းနာမည်က ဘယ်သူတုန်း ... အသက်ကရော "
"ရှင် ..ဟို ..ဟို "
ဖြုန်းခနဲမေးလိုက်တော့ ဖူးငုံ ပွင့်မှာ ဘယ်လိုဖြေရမှန်းမသိဖြစ်သွားမိတယ်။
"ဪ ..ဟဲ့ .. ဒုက္ခပါပဲ .... နုံအတာလေးရှာပေးလို့ ပြောလိုက်မိတာနဲ့ပဲ ...တကယ့်ကို အနုံအအကိုမှလွှတ်လိုက်တာပဲ... ဒီမယ် ... ညည်းရဲ့ အသက်နဲ့ နာမည်ကို မေးတာလေ "
"ဟုတ် ... ဟုတ်ကဲ .. အသက်က (၂၅) နှစ်ပါ ..နာ..နာမည်က နွေ ..နွေပိတောက်ပါရှင် "
"အမယ် ..လူကသာပုံမလာပန်းမလာနဲ့ နုံနုံအအဖြစ်နေတာ...နာမည်ကတော့ အပျံစားပါလားဟဲ့ ..ညည်းဘာသာ ဘာနွေပဲဖြစ်ဖြစ်... ငါကတော့ ညည်းကိုမိနွေလို့ပဲခေါ်မယ် ကြားလား ... "
"ဟုတ်... ဟုတ်ကဲ့ "
ဒေါ်ညိုညိုမာရဲ့ စကားကိုဖူးငုံပွင့် ယောင်ယမ်းကာခေါင်းငြိမ့်လိုက်မိပြီး သူမကိုယ်သူမပြန်ကြည့်လိုက်မိတယ်။ဖူးငုံပွင့်ပုံစံကအလုပ်ကနေ ကမန်းကတန်းထလာခဲ့ရတာမို့ မျက်နှာကအဆီတဝင်းဝင်းဖြစ်နေတဲ့အပြင် ဝတ်ထားတဲ့ ရှပ်အင်္ကျီကလဲဘောင်းဘီထဲထည့်မ၀တ်ထားလို့ ဖိုးရိုးဖားရား ဖြစ်နေခဲ့တယ်။
"ကဲ ..ကဲ ပြန်တော့..ညည်းဖုန်းနံပတ်ပေးခဲ့အုံး ... ပြန်မဲ့နေ့ ဖုန်းကြိုဆက်ပေးမယ် .. အဲ့ဒီကျရင် ဒီကိုပဲလာခဲ့ ကြားလား ..."
"ဟုတ်ကဲ့ပါရှင် "
~~~~~
ဖူးငုံပွင့်အလုပ်မှာခွင့်ရက်ရှည်တောင်းလိုက်တော့ အလုပ်ပါးနေချိန်မို အလုပ်ကကျေကျေနပ်နပ်ခွင့်ပြုပေးလိုက်ပေမဲ့ တကယ်တမ်းခွင့်တောင်းရခက်နေသူက အဒေါ်ဖြစ်သူဒေါ်သင်းမြ ဖြစ်နေခဲ့တယ်။
"တီလေးကိုလဲ ....ဘာမှလဲ ကြိုမပြောထားဘဲ ဘယ်လိုဖြစ်ရတာလဲ "
" ခရီးက မစီစဉ်ထားဘဲ ရုတ်တရက်ထသွားရတာမို့ပါ တီလေးရယ် ... မန္တလေးဆိုင်ခွဲမှာ အလုပ်သင်တွေကို သင်ပြပေးရုံပါ ... ကြာလှမှတစ်လပါပဲ "
ဖူးငုံပွင့်ဘယ်လိုပင် ပိပိရိရိ လိမ်ညာပေမဲ့ ဒေါ်သင်းမြကသိပ်ပြီး သဘောမတွေ့လှ။
