uk
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Відкрити в Telegram

Показати більше
803
Підписники
+424 години
+167 днів
+4630 день
Архів дописів
ကားကကျွီခနဲထိုးရပ်သွားတာနဲ့တစ်ပြိုင်နက် ဟန်နေထူးရဲ့မျက်နှာက မြယွန်းမီဘက်ကို ချက်ချင်းလှည့်ပစ်လိုက်ပြီး စိုးရိမ်စိတ်နဲ့မေးလိုက်မိတယ်။ "ကိုယ့်ကို စိတ်ဆိုးနေတာလား ယွန်း .. မနေ့ညက ကြော်ငြာသတင်းကြောင့်လား ... ကိုယ်တောင်းပန်ပါတယ်ယွန်းရယ် ... အဲ့ဒါကလေ အမေဆိုင်အတွက်မဖြစ်မနေရိုက်လိုက်ရတာမို့ပါ...ကိုယ်တောင်းပန်ပါတယ်နော် " " ကျွန်မတို့ လမ်းခွဲကြစို့ကိုဟန် နေထူး ... အိမ်ကသဘောတူတဲ့သူကိုလက်ခံဖို့ဆုံးဖြတ်လိုက်ပါပြီ " "ဘာ...ဘာပြောလိုက်တယ်ယွန်း... " ဟန်နေထူး အထိတ်တလန့်နဲ့ပြန်မေးလိုက်မိတယ်။ "ကျွန်မပြောတာကို မကြားလိုက်တာလား ကိုဟန်နေထူး...ရှင်နဲ့ ကျွန်မရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး ... ကျွန်မရှင်နဲ့မပတ်သက်ချင်တော့ဘူး " " ယွန်း...ယွန်းရယ်ပြောရက်လိုက်တာကွာ ... ကိုယ်ဘယ်လိုရှင်းပြရမှာလဲကွာ ... မနေ့ကကိစ္စကို ယွန်းစိတ်ဆိုးနေတာလား...အဲ့ဒါက ...." "တော်လိုက်တော့ ဘာမှမကြားချင်ဘူး ... ရှင့်ပါးစပ်က ထွက်လာသမျှ ဘာစကားကိုမှမကြားချင်တော့ဘူး သိရဲ့လား ...ရှင့်ကို ဒီထက်ပိုပြီးမမုန်းစေချင်ရင် ကျွန်မနဲ့ လာမပတ်သက်နဲ့တော့ .." ဒေါသတကြီးပြောဆိုပြီး ကားပေါ်က ဖျတ်ခနဲဆင်းချသွားတဲ့ မြယွန်းမီကြောင့် ဟန်နေထူးအံ့အားသင့်နေမိစဉ်မှာပဲ မြယွန်းမီက အငှားကားတစ်စီးကိုတားပြီး တက်စီးသွားလိုက်တယ်။ဟန်နေထူးလဲ အငှါးကားနောက်ကနေ သူကားကိုအမြန်မောင်းလိုက်ခဲ့တယ်။ ~~~~~ "ခဏလေးပါ မိုးစက်ရယ်...ယွန်းကို ခဏလေးခေါ်ပေးလို့မရဘူးလား '' " ကိုထူး ဘာအပြစ်လုပ်မိလဲသိလား ...ကိုထူးက သူတို့မိသားစုရဲ့ ရန်သူတော်နဲ့မှချစ်ကြည်နူးနေတဲ့ ပုံတွေတင်ခဲ့တာလေ...မသိရင်နှစ်ယောက်သား တကယ့်သမီးရည်းစားတွေလိုပဲ..." "ဗျာ... မိုး ..မိုးစက်ပြောတာ ကျွန်တော်နားမလည်ဘူး ...မနေ့ကပုံတွေကလဲ အမေ့ရဲ့အထည်ဆိုင်အတွက်ရိုက်ခဲ့တာပါ .." " ကိုထူးဘယ်လိုပြောပြော ယွန်း ကမာနကြီးတာ သိတယ်မဟုတ်လား ...ကိုထူးမနေ့ကတွဲရိုက်ခဲ့တဲ့ သူက ဘယ်သူလဲဆိုတာမိုးစက် ပြောပြမယ် " မေမိုးစက်ရဲ့စကားတွေကို ဟန်နေထူးနားမလည်နိုင်ဘဲ နားထောင်နေမိတယ်။ ~~~~ ဆိုင်ထဲကိုဝင်လာတဲ့ ဧည့်သည်ကိုကြည့်ပြီးလင်းမြတ်ဇင် ထိတ်လန့်စွာကြည့်နေမိသလို့ ဆိုင်ထဲဝင်လာတဲ့ပန်းသွေးချယ်ကလဲ လင်းမြတ်ဇင်ကို အံ့ဩတကြီးနဲ့ ကြည့်နေမိတယ်။ @@@@@@@@@@@@@@@@@@@@@@@ အပိုင်း (၁၇) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

"သူ ....သူကပန်းသွေးချယ်ဆိုတဲ့ မိန်းမပဲ မိုးစက် ... အခုဟန်နေထူးနဲ့ သတင်းထွက်တဲ့မိန်းမက ... တို့အစ်ကိုနဲ့ ပြဿနာဖြစ်ခဲ့တဲ့ မိန်းမပဲ " "ဘာ .. ဘာပြောတယ်ယွန်း ..." မြယွန်းမီရဲ့ စကားအဆုံးမှာ မေမိုးစက်ထိတ်လန့်တုန်လှုပ်သွားမိပြီး ဖုန်းကိုပြန်ကြည့်လိုက်မိတယ်။ဖုန်းထဲမှာမြင်လိုက်ရတာက ရှိုက်ဖို့ကြီးငယ်အသွယ်သွယ်နဲ့ လှပတဲ့အမျိုးသမီးတစ်ယောက် ။သတင်းရဲ့ခေါင်းစဉ်မှာရေးထားတဲ့ "အချစ်နဲ့တစ်နေ့တာ " ဆိုတဲ့ ခေါင်းစဉ်နဲ့လိုက်ဖက်အောင် သူမ ရဲ့ မျက်လုံးတွေက ညှို့ဓါတ်အပြည့်နဲ့ ရီဝေချို မြနေခဲ့တယ်။ဒီလိုသိပ်လှတဲ့ အမျိုးသမီးကို သရဲတစ္ဆေတစ်ကောင်ကိုတွေ့လိုက်ရသလို မေမိုးစက်အထိတ်တလန့်နဲ့ ကြည့်နေမိတယ်။ " ယွန်း ...ယွန်း ... ကိုဟန်နေထူးကို ဖုန်းဆက်လိုက်ရမလား " မေမိုးစက်တုန်တုန်ယင်ယင်နဲ့ ထပ်မေးလိုက်တော့ မြယွန်းမီ ခေါင်းကို ဆတ်ခနဲခါယမ်းလိုက်တယ်။ "မလိုတော့ဘူးမိုးစက် ... ဒီကိစ္စမှာ ဖြေရှင်းချက်မလိုဘူး....သူနဲ့တို့ကြားမှာ ပြီးသွားပြီ ... ဆောရီးနော်မိုးစက် ...တို့ဒီည မင်းဆီမှာ အိပ်လို့မရတော့ဘူး....အမေလာခေါ်နေပြီတဲ့ ...မင်းနဲ့တို့ အစ်ကိုကိစ္စကို အေးဆေးသွားရင်တို့ကူညီပါ့မယ် " "အင်း ..အင်းပါယွန်းရယ် ရ ..ရပါတယ် " ~~~~~ အငှါးကားရဲ့ခေါင်းခန်းထဲမှာ အစ်ကိုဖြစ်သူလင်းမြတ်ဇင်လိုက်ပါလာခဲ့ပြီး နောက်ခန်းထဲမှာ တော့ မျက်နှာထားတင်းတင်းနဲ့ ထိုင်နေတဲ့မိခင်ဖြစ်သူကို တွေ့လိုက်ရတယ်။မြယွန်းမီ ကားတံခါးကို ဆွဲဖွင့်ပြီးဝင်ထိုင်လိုက်တယ်။ ~~~~~~ "ကဲ ..ဘယ်လိုလဲမြယွန်းမီ ... ညည်းဘာပြောချင်လဲပြော ... ညည်းကို ငါဘာပြောခဲ့လဲ...ညည်း အခု ဘာပြောမလဲပြော " ဒေါ်မြစန္ဒာရဲ့အသံဟိန်းခနဲ ထွက်လာချိန်မှာ လင်းမြတ်ဇင်ကဧည့်ခန်းထိုင်ခုံမှာ အပြစ်ရှိသူတစ်ယောက်လို ငြိမ်သက်စွာထိုင်နေခဲ့တယ်။ မြယွန်းမီကမိခင်နဲ့ မျက်နှာချင်း ဆိုင်မှာထိုင်နေရင်းက အစ်ကိုဖြစ်သူကိုလဲ တစ်ချက်လှမ်းကြည့်လိုက်မိတယ်။ပြီးမှ မိခင်ဖြစ်သူကို ကြည့်လိုက်ပြီး တစ်လုံးချင်းပြောလိုက်တယ်။ "ဘာမှလုပ်စရာမလိုပါဘူး အမေ ...သူနဲ့ သမီးလဲဘာမှလွန်လွန်ကျူးကျူးမဖြစ်ထားပါဘူး...ပြီးတော့အဲ့ဒီမိန်းမကိုအမေကမုန်းတာ ... သမီးကရွံတာပါ ...အဲ့ဒီမိန်းမနဲ့ပတ်သက်နေတဲ့သူဆိုရင်..အမေကတွဲခိုင်းရင်တောင် သမီးမတွဲပါဘူး ...အခုချိန်ကစပြီးသမီးကို ဒီအကြောင်းမပြောပါနဲ့တော့ အမေ ...သမီးဗိုက်ဆာတယ် ထမင်းစားချင်တယ် " မြယွန်းမီပြောပြီးတာနဲ့ ထမင်းစားခန်းဆီကို ဝင်ခဲ့လိုက်တယ်။ မြယွန်းမီရဲ့နောက်ကနေ လင်းမြတ်ဇင်တစ်ယောက် အမြန်ထလိုက်လာခဲ့လိုက်တယ်။ .~~~~ တစ်ညလုံးဖုန်းပိတ်အိပ်ခဲ့ပြီး မနက် (၅)နာရီထိုးခါနီးမှ မြယွန်းမီနိုးလာခဲ့တယ်။အိပ်ရာကနိုးတာနဲ့ မြယွန်းမီရေမိုးချိုးပြီး အလုပ်သွားဖို့ပြင်ဆင်လိုက်တယ်။မီးဖိုခန်းထဲ ရောက်တော့အစ်ကိုဖြစ်သူချက်ပြုတ်နေတာကို တွေ့လိုက်ရတယ်။သူမ၀င်သွားတော့ အစ်ကိုဖြစ်သူကမော့ကြည့်လာပြီး ခပ်တိုးတိုးလှမ်းပြောတယ်။ "မိုးစက် အဆင်ပြေရဲ့လားယွန်း ... ညကလဲ ဖုန်းပိတ်ထားတယ် " ခပ်တိုးတိုးမေးသံကြောင့် မြယွန်းမီခေါင်းကို ငြိမ့်ပြလိုက်ပြီး "ပြေပါတယ် ... ဒီရက်ထဲတော့ ဆိုင်ကိုလာရဲမှာမဟုတ်ဘူး .. ဖုန်း ဖွင့်ထားဖို့အလုပ်ရောက်ရင် ပြောလိုက်ပါ့မယ် " ~~~~~~~ မြယွန်းမီအလုပ်သွားဖို့ထွက်လာချိန်မှာ ဧည့်ခန်းမှာပြင်ဆင်ပြီး ထိုင်နေတဲ့ မိခင်ကိုတွေ့လိုက်ရတာမို့ လန့်သွားမိတယ်။ ''ညည်းအလုပ်ကို ငါလိုက်ပို့မယ် " "ရှင် " မိခင်ရဲ့ စကားကို မြယွန်းမီ ပါးစပ်အဟောင်းသားနဲ့ နားထောင်လိုက်မိတယ်။ " ဘာဖြစ်တာလဲ ..ငါကအလုပ်လိုက်ပို့မယ်လို့ပြောတာ မကြားဘူးလား " , " ကြား...ကြားပါတယ် အမေ ...ဒါပေမဲ့ ဘာလို့လိုက်ပို့မှာလဲအမေ...သမီးက အသိဉာဏ်မရှိတဲ့သူမဟုတ်ပါဘူး...အမေအဲ့ဒီလိုလုပ်နေရင် သမီးစိတ်ဖိစီးတယ်...သမီးအေးအေးဆေးဆေး အလုပ်သွားပါရစေ အမေ ... သမီးအတွက် စိတ်ချပါ " ပြောပြီးတာနဲ့ မြယွန်းမီ ကားဂိတ်ကိုထွက်ခဲ့လိုက်တယ်။ ~~~~~~ အလုပ်ကိုအရင်နေ့တွေကထက်စောထွတ်ခဲ့ပေမဲ့ လမ်းထိပ်မှာဟန်နေထူးရဲ့ ကားရပ်ထားတာကိုတွေ့လိုက်ရတာမို့ မြယွန်းမီစီတ်ထဲရှုပ်ထွေးသွားရတယ်။ပြဿနာဆိုတာက မရှင်းရင်လဲမပြီးတဲ့အရာမို့ ရှင်းရှင်းလင်းလင်းဖြစ်အောင်ဖြေရှင်းရမယ်ဆိုတာကို သိလိုက်တယ်။မြယွန်းမီ အိမ်လမ်းတစ်လျှောက်ကိုမျှော်ကြည့်လိုက်ပြီး ဟန်နေထူးရဲ့ကားနားကိုလျှောက်သွားလိုက်တယ်။ " ယွန်း ... တစ်ညလုံး ဖုန်းတွေလဲပိတ်ထားတယ် ...ကိုယ့်ကိုစိတ်ဆိုးနေတာလားဟင် ...ညကလဲဖုန်းတစ်ညလုံးဆက်ပြီး ယွန်းတို့အိမ်ရှေ့မှာလာစောင့်နေခဲ့သေးတယ် " ကားပေါ်ကဆင်းလာပြီး တတွတ်တွတ်ပြောနေတဲ့ ဟန်နေထူးကိုဘာမှပြန်မပြောဘဲ မြယွန်းမီကားပေါ်ကိုတက်လိုက်တယ်။ဟန်နေထူးကလဲ ကားပေါ်ကိုပြန်တက်လိုက်ပြီး မြယွန်းမီမျက်နှာကို ကြည့်လိုက်ပြီး လက်ကလေးကို လှမ်းကိုင်လိုက်တယ်။မြယွန်းမီက ဟန်နေထူးလက်ကိုရှောင်လိုပြီး "အေးဆေးစကားပြောလို့ရမဲ့နေရာကို မောင်းပါ " ~~~~~~

ပြီးတော့ သမီးတွေ့ဖူးတဲ့မိန်းမတွေထဲမှာ မိုးစက်ကရိုးသားပြီးစိတ်သဘောထားကောင်းတဲ့သူပါ...ပြောရရင်အမေ့သားလိုလူမျိုးနဲ့ မတန်တဲ့ ဖြူစင်ရိုးသားတဲ့မိန်းခလေးပါ ...အမေလုပ်လိုက်တာ သူ ဘယ်လောက်ရှက်သွားမလဲ ...အမေ့သားရော မိုးစက်ကိုပြန်လိုက်မပို့လိုက်ဘူးမဟုတ်လား .. သူ့ဆီကိုသမီးလိုက်သွားမယ် " မြယွန်းမီ မိခင်ကိုပြောပြီးတာနဲ့ကျောပိုးအိတ်ကိုယူကာ အလျင်အမြန်ထွက်ခဲ့လိုက်တယ်။ ~~~~~ "ဒေါက် ..ဒေါက် " "မိုးစက် ..မိုးစက် .. တို့ပါ ...ခဏလေးတံခါးဖွင့်ပါအုံး " မြယွန်းမီတံခါးကိုခေါက်လိုက်ပြီး မိုးစက်ကိုခေါ်လိုက်တယ်။ခဏအကြာမှာ အခန်းတံခါးပွင့်လာခဲ့ပြီး မျက်နှာတစ်ခုလုံးမို့အစ်နီရဲနေတဲ့ မေမိုးစက်ကိုတွေ့လိုက်ရတယ်။ မေမိုးစက်ကိုကြည့်ကာ မြယွန်းမီရင်ထဲဆို့နင့်သွားရတယ်။ "မိုးစက်ရယ် တို့တောင်းပန်ပါတယ်နော် ... အမေကကိုလင်းနဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာလိုဖြစ်နေလို့ပါ...အဲ့ဒီအချိန်တုန်းက တို့အမေသိပ်ကိုစိတ်သောကရောက်ခဲ့လို့ပါ " " မိုးစက်နားလည်ပါတယ် ယွန်းရယ် ... အန်တီကိုလဲ နားလည်ပါတယ်...မိုးစက်စိတ်မကောင်းဖြစ်မိရုံပါ ....အန်တီလက်ခံအောင် မိုးစက်ဘယ်လိုနေရမလဲဟင် " "မိုးစက်ရယ်...အမေကကိုလင်းနဲ့ ပတ်သက်ရင် စိတ်ခံစားချက်နည်းနည်းပြင်းနေတာပါ...နောက်တော့ တဖြည်းဖြည်းပြောင်းလဲလာမယ် ထင်ပါတယ် " မေမိုးစက်ကိုအားပေးစကားပြောလိုက်ရင်း မြယွန်းမီကိုယ်တိုင်လဲစိတ်မောစွာပင့်သက်တွေချလိုက်မိတယ်။ပြီးနောက်နှစ်ယောက်သားအခန်းထဲမှာငြိမ်သက်စွာ ထိုင်နေမိကြတယ်။ ~~~~ နှစ်ယောက်သား ကိုယ်စီငြိမ်သက်နေမိကြတာအချိန်ဘယ်လောက်ကြာသွားတယ်မသိ ။သတိပြုမိကြချိန်မှာ အပြင်မှာ အတော်လေးကို မှောင်နေပေပြီ။မြယွန်းမီမိုးစက်ကိုလှည့်ကြည့်လိုက်မိပြီး " တို့ ဒီနေ့ ....မိုးစက်အခန်းမှာအိပ်သွားမယ်နော် ရတယ်မဟုတ်လား " "ကျေး....ကျေးဇူးတင်ပါတယ် ယွန်းရယ် " "အဲ့ဒါဆို ...တို့အိမ်ကိုဖုန်းဆက်ပြောလိုက်အုံးမယ်နော် " မြယွန်းမီပြောရင်း အိတ်ထဲမှာ ဖုန်းကိုရှာကြည့်လိုက်တော့မတွေ့ ။လောလောလောလောနဲ့ ထွက်လာခဲ့တာမို့ ဖုန်းကကျန်ခဲ့ပုံပင်။ "တို့ရဲ့ဖုန်းကျန်ခဲ့လို့ ဖုန်းခဏငှားပါအုံးနော်မိုးစက် " " ဖုန်းဟုတ်လား...ခဏနော်ယွန်း...ဖုန်းကအားကုန်နေလို့ ပိတ်နေတာ ခဏလေးအားသွင်းလိုက်အုံးမယ် " ဖုန်းကို မိနစ်အနည်းငယ်အကြာ အားသွင်းပြီးချိန်မှာတော့ မိုးစက်က ဖုန်းပါဝါကိုပြန်ဖွင့်လိုက်တယ်။ "ဟင် ..ကို..ကိုလင်းဖုန်းတွေခေါ်ထားတယ် ..ကိုဟန်နေထူးရောပဲ... ယွန်းဖုန်းကိုဆက်လို့မရလို့ ထင်တယ် " မေမိုးစက်က အသံတုန်တုန်နဲ့ ပြောရင်း ဖုန်းကိုမြယွန်းမီဆီကမ်းပေးလိုက်တယ်။ မြယွန်းမီဖုန်းကို လှမ်းယူလိုက်ပြီးအိမ်ကိုအရင် ဆက်လိုက်တယ်။ "ဟယ်လို ... ယွန်းပါ " "အင်း ညီမလေး ...အမေနဲ့ ပြောလိုက်အုံးနော် " ကြားလိုက်ရတဲ့အစ်ကိုဖြစ်သူရဲ့တိုးလျတဲ့အသံကြောင့် မြယွန်းမီရင်တထိတ်ထိတ်နဲ့ ဖုန်းကို နားထောင်နေလိုက်ရတယ် ။ "ဟယ်လို အမေ " " မိယွန်း .. ညည်းအခုဘယ်မှာလဲ ...ညည်းနဲ့ ဟန်နေထူးဆိုတဲ့ကောင် ပြတ်သွားပြီးလား " "ရှင် ...အမေ ဘာပြောတာလဲ " မိခင်ဆီကကြားလိုက်ရတဲ့ စကားတွေကြောင့် မြယွန်းမီ အံ့ဩနားမလည်နိုင်ဘဲ ပြန်မေးလိုက်မိတယ်။ "ညည်းဘာအူတူတူလုပ်နေတာလဲ မြယွန်းမီ ... လိုင်းပေါ်မှာ ဟန်နေထူးဆိုတဲ့လူယုတ်မာကောင်ရဲ့ သတင်းကို ညည်းရှာကြည့်လိုက်အုံး ညည်းအခုအဆောင်မှာမဟုတ်လား ... ငါလာကြိုမယ် " "ရှင် ... " မြယွန်းမီဖုန်းကိုင်ထားရင်း နားမလည်နိုင်ဘဲကြောင်အနေမိတယ်။ မေမိုးစက်ကအနားရောက်လာပြီး အသံပေးလိုက်မှ မြယွန်းမီသတိဝင်လာမိတယ် ။ ''ယွန်း ... ယွန်း ..ဘာဖြစ်လို့လဲဟင် .. အန်တီဘာပြောလို့လဲ " " မသိဘူးမိုးစက် .... ဟန်နေထူးသတင်းတဲ့ ... ဘာသတင်းလဲ တို့လဲမသိဘူး...ဒီနေ့တို့နဲ့ ချိန်းထားတာလဲ သူရောက်မလာဘူး " "ဟင် ဟုတ်လား ...ဖုန်းပေး မိုးစက်ရှာပေးမယ် " မေမိုးစက်က သူမခံစားနေရတဲ့ ဝေဒနာကိုဂရုမစိုက်အားဘဲဖုန်းကိုယူကြည့်လိုက်တယ်။ ခဏအကြာမှာ မေမိုးစက်ရဲ့မျက်လုံးတွေ ပြူးကျယ်သွားရပြီး " ကို ...ကိုထူးနဲ့အမျိုးသမီးတစ်ယောက်ရဲ့ သတင်းပဲယွန်းရဲ့...ကြောငြာရိုက်တာလား...ဘာလားမသိဘူး .. အမျိုးသမီးက အနုပညာရှင်ထဲကတော့ မဟုတ်ဘူး....အသစ်ထင်တယ် " မေမိုးစက်ရဲ့ စကားကြောင့် မြယွန်းမီစိတ်ထဲတင်းခနဲဖြစ်သွားရပြီး ဖုန်းကိုယူကြည့်လိုက်တယ်။ " ဟင် " ဖုန်းကိုကြည့်လိုက်မိတဲ့ မြယွန်းမီရဲ့ မျက်လုံးအစုံမှာ ပြူးကျယ်သွားရပြီး လက်တွေပါတဆတ်ဆတ်တုန်ကာဖုန်းမှာ လက်ထဲကပြုတ်ကျသွားရတော့တယ်။ မေမိုးစက်က ဖုန်းကိုအချိန်မီလှမ်းဖမ်းလိုက်တာကြောင့်သာ ဖုန်းမှာ ကျမကွဲသွားရခြင်းဖြစ်တယ်။ "ယွန်း...ယွန်း....သတိထားအုံးလေ .. မင်းသမီးအသစ်နဲ့ ကြော်ငြာရိုက်တာနေမှာပါ ....မီဒီယာတွေကဒီလိုပဲလူစိတ်ဝင်စားအောင်လျှောက်ရေးထားတာနေမှာပါ...ကိုထူးဆီ ဖုန်းဆက်ကြည့်လိုက်လေယွန်း " ကြက်သေသေနေတဲ့ မြယွန်းမီကို မိုးစက်လှုပ်ခေါ်ပြီး ပြောလိုက်တယ်။

#ရူးနေတဲ့ကြယ် (အခန်းဆက်ဝတ္ထု ) အပိုင်း(၁၆) ****== " နင် ... နင်ကမိယွန်းတို့ရုံးက မဟုတ်လား ... နင်ဘယ်လိုမိန်းခလေးလဲ သိက္ခာမဲ့လှချည်းလားဟင် ..ငါ့သားကိုဘာဒုက္ခပေးမလို့လဲ...ငါ့သားဆီကဘာတွေချူစားမလို့လဲ မိန်းမလည်မရဲ့ " ဒေါ်မြစန္ဒာဒေါသတကြီးနဲ့ ပြောလိုယ်ပြီး မေမိုးစက်ကိုနောက်တစ်ချက်ရိုက်ရန်ရွယ်လိုက်ချိန်မှာပဲ လင်းမြတ်ဇင်သတိဝင်လာခဲ့ပြီး မိခင်ရဲ့ရှေ့မှာပိတ်ရပ်လိုက်တယ်။ "တော်...တော်ပါတော့အမေ...သူ့ကို ကျွန်တော်ခေါ်လာခဲ့တာပါ...ကျွန်တော်ကိုသူ့ဝိုင်းကူနေတာပါ " "မင်းပါးစပ်ကို ပိတ်ထားစမ်းလင်းမြတ်ဇင် ... မင်းမှာအမှတ်မရှိဘူးလား.... မိန်းမတွေကိုဘာထင်နေလဲ ....သူ့တို့ကြည်ဖြူရင်အခန်းထဲခေါ်သွင်းပြီး သူတို့မကျေနပ်ရင် နင့်ကိုထောင်ထဲထည့်မှာသိရဲ့လား ...'' "တော်..တော်ပါတော့အမေရယ် ... ကျွန်တော်သူနဲ့ မပတ်သက်တော့ပါဘူး...သူ့ကိုဘာမှမပြောပါနဲ့တော့... ပြန်လွှတ်လိုက်ပါတော့ ... အမေပြောချင်ရိုက်ချင်ရင်ကျွန်တော့်ကိုပြောပါရိုက်ပါ " လင်းမြတ်ဇင် မိခင်ရဲ့ခြေအစုံကို ဖက်ပြီးတောင်းပန်လိုက်တယ်။ မေမိုးစက်လဲ လင်းမြတ်ဇင်ရဲ့နောက်နားမှာထိုင်ချလိုက်ပြီး ''မိုး..မိုးစက်က မိကောင်းဖခင်သားသမီးပါအန်တီ....မိုးစက်မိန်းမလည်လဲမဟုတ်ပါဘူး....ကိုလင်းမြတ်ဇင်ကိုလဲ ဒုက္ခမပေးပါဘူး....ကိုလင်းမြတ်ဇင်ကို တကယ်ချစ်တာပါရှင် ....မိုးစက် အကြောင်းတွေကိုလဲအန်တီစုံစမ်းလို့ရပါတယ် ... မိုးစက်ရဲ့ မိသားစုက တောင်ငူမှာနေတာပါရှင် '' ငိုရှိုက်ရင်းတောင်းပန်နေတဲ့ မေမိုးစက်ကိုကြည့်ပြီး လင်းမြတ်ဇင်ရင်ထဲမှာ မချိအောင်သနားနေမိတယ်။မေမိုးစက်ကိုရိုက်လိုက်တဲ့ မိခင်ဖြစ်သူရဲ့မဆင်မခြင်အပြုအမူကမှားနေတယ်ဆိုတာ သိပေမဲ့ သူနဲ့ပတ်သက်ပြီးစိတ်သောကတွေခံစားခဲ့ရတဲ့မိခင်ကို အပြစ်မတင်ရက်ဖြစ်နေမိတယ်။ ချစ်ရသူနဲ့ မိခင်ကြားမှာလင်းမြတ်ဇင်ရင်တွေကွဲမတတ်ပင်ခံစားနေရတယ်။ "ဒီမှာမိန်းခလေး ... သားသမီးချင်းစာနာလို့ မင်းကိုသတိပေးလိုက်မယ်...နောက်ဘယ်တော့မှဆိုင်ကိုမလာပါနဲ့ ငါ့သားနားကိုလဲထပ်မလာနဲ့ ကြားလား ...မင်းတို့လိုမိန်းမလည်တွေကြောင့် ငါ့သားကိုဘဝပျက်မခံနိုင်ဘူး ...သွားတော့ ...ခုချက်ချင်းသွားတော့ " ဒေါ်မြစန္ဒာရဲ့ရင့်သီးလှတဲ့ စကားတွေကြောင့်လင်းမြတ်ဇင်ကို မေမိုးစက်ကြည့်လိုက်မိတဲ့အခါ လင်းမြတ်ဇင်ရဲ့မျက်ရည်တွေ ပြည့်နေတဲ့မျက်ဝန်းတွေကို တွေ့လိုက်ရတာမို့ မေမိုးရင်ထဲပို၍နာကျင်သွားရကာ စလင်းဘက်အိတ်လေးကို ယူလိုက်ပြီး ဆိုင်ပြင်ကိုထွက်လာခဲ့လိုက်တယ်။ ~~~~~~~ မေမိုးစက်ဆိုင်ပြင်ကိုရောက်သွားတဲ့အခါမှ လင်းမြတ်ဇင်က မိခင်ကိုကြည့်လိုက်ပြီး "အမေရယ် ....သူကပန်းသွေး ချယ်လိုမိန်းမမျိုးမဟုတ်ပါဘူး ...တကယ်လို့ ကျွန်တော့်ကို ဘယ်မိန်းခလေးနဲ့မှ မတွဲစေချင်ဘူးဆိုရင်လဲ ...တစ်သက်လုံး ကျွန်တော်တစ်ယောက်တည်းပဲနေသွားပါ့မယ်... တစ်ဖက်သား မိန်းခလေးကိုတော့ ဒီလိုမျိုးမလုပ်ပါနဲ့နော် အမေ ....တခြားလူတွေက အမေ့ကို မိန်းမဆိုးကြီးအဖြစ်မြင်သွားတာကို ကျွန်တော်မလိုချင်ဘူး...ကျွန်တော့်ဘဝကို အမေကယ်ခဲ့တာပါ...အမေ့ကျေးဇူးတွေကို ကျွန်တော်တစ်သက်လုံးမမေ့ပါဘူး ...အမေ့စကားကို ကျွန်တော်နားထောင်မှာပါ " လင်းမြတ်ဇင် မိခင်ရဲ့ခြေအစုံကိုဖက်ပြီး တောင်းပန်လိုက်တယ်။ ဒေါ်မြစန္ဒာမှာသားဖြစ်သူရဲ့ အပြုအမူကြောင့် မတ်မတ်ရပ်လျက်မှငြိမ်သက်နေခဲ့တယ်။ ~~~~ "ဒုန်း ..ဒုန်း..." " မိယွန်း.....မိယွန်း...ထစမ်း... " မှေးခနဲအိပ်ပျော်မလိုဖြစ်နေချိန်မှာအခန်းတံခါးကိုထုသံနဲ့အတူဆူဆူညံညံအသံတွေကြောင့် မြ ယွန်းမီ အလန့်တကြားနဲ့ ထထိုင်လိုက်မိပြီး အခန်းတံခါးကို ထဖွင့်ပေးလိုက်တယ် ။မြယွန်းမီအခန်းတံခါးကိုဖွင့်လိုက်ချိန်မှာတော့ အခန်းဝမှာ မိခင်ဖြစ်သူကိုတွေ့လိုက်ရတာမို့ စိုးရိမ်စိတ်နဲ့ မေးလိုက်မိတယ်။ " အမေ .. ဘာ ...ဘာဖြစ်လို့လဲ " " ဘာဖြစ်လို့လဲဟုတ်လား ...ညည်းတို့ရုံးက မေမိုးစက်ဆိုတဲ့ဟာမလေ .. နင့်အစ်ကိုနဲ့ဆိုင်မှာ နှစ်ယောက်တည်းသိရဲ့လား ...သူက ဘာလဲ မိန်းမလည်လား ... နင့်အစ်ကိုဆီကဘာတွေချူစားအုံးမလို့လဲ မသိဘူး " "ရှင် ..မိုး... မိုးစက်ဟုတ်လား အမေ...သူနဲ့အစ်ကိုဆိုင်မှာလား ...အမေ့သူ့ကိုဘာလုပ်လိုက်သေးတာလဲ " မြယွန်းမီ မိခင်ကိုအထိတ်တလန့်နဲ့မေးလိုက်မိတယ်။ "အေး...ဘာလုပ်လိုက်လဲဆိုတော့ ပါးရိုက်ပစ်လိုက်တယ်... မိန်းခလေးဖြစ်ပြီး သိက္ခာမရှိလို့ ရိုက်ပစ်လိုက်တာ " "အမေရယ် ဒုက္ခပါဘဲ ..အမေဘာလို့ အဲ့ဒီလောက်ထိဖြစ်နေရတာလဲ ... ဒီကိစ္စက အမေ့သားပါလို့ ဖြစ်တာလေ..ပြီးတော့ သူကမိန်းမကောင်းလေးပါ အမေရယ် ..အမေ့မျက်လုံးထဲမှာ မိန်းခလေးတိုင်းကို ဟိုပန်းသွေးချယ်ဆိုတဲ့မိန်းမနဲ့ ဘာလို့လိုက်နှိုင်းနေရတာလဲ ...လောကမှာပန်းသွေးချယ်လိုမိန်းမတွေရှိသလို... မိန်းမကောင်းလေးတွေလဲအများကြီးပါ ..အမေဘာလို့ ခွဲခြားမမြင်နိုင်ရတာလဲ ...

လင်းမြတ်ဇင်က မေမိုးစက်ရဲ့ ပခုံးလေးကိုခပ်ဖွဖွလေးဖက်ခေါ်ပြီးပြောလိုက်တယ်။ မေးမိုးစက်ကလဲ လင်းမြတ်ဇင်ရဲ့ မျက်နှာကို မော့ကြည့်လိုက်မိတယ်။နှစ်ဦးသား အကြည့်ချင်းဆုံမိကြခိုက်မှာ ရင်ခုန်သံတွေဒိန်းခနဲဆောင့်ခုန်သွားကြပြီး မေမိုးစက်ရဲ့နဖူးပြင်လေးကို လင်းမြတ်ဇင် ခပ်ဖွဖွလေးငုံ့နမ်းလိုက်မိတယ်။ မေမိုးစက်ကလဲ လင်းမြတ်ဇင်ရဲ့ ခန္ဓာကိုယ်ကိုခပ်ဖွဖွပြန်ဖက်လိုက်မိတယ်။ ဒီအချိန်မှာပဲ ဆိုင်ရှေ့တံခါးမကြီးက ရုတ်တရက်ပွင့်လာခဲ့ပြီး ဆိုင်ထဲကို ဒေါ် မြစန္ဒာဝင်ရောက်လာခဲ့တယ်။ "သားကြီး တစ်ယောက်တည်းလား ..ဟင် " မေးရင်းဝင်လာခဲ့တဲ့ ဒေါ်မြစန္ဒာမှာ လင်းမြတ်ဇင်နဲ့အတူမေမိုးစက်ကိုမြင်လိုက်ရတာမို့ အံ့ဩသွားရသလို လင်းမြတ်ဇင်တို့နှစ်ယောက်လဲ မိခင်ကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်သွားမိကြတယ်။ ဒေါ်မြစန္ဒာမှာ တစ်ခဏတော့ ကြောင်အနေပြီမှ သတိပြန်ဝင်လာခဲ့ပြီး လင်းမြတ်ဇင်တို့နားကို လျှောက်သွားလိုက်ပြီး လင်းမြတ်ဇင်ကို ဆောင့်တွန်းပစ်လိုက်တယ်။ပြီးတော့ မေမိုးစက်ရဲ့လက်ကိုဆောင့်ဆွဲပစ်လိုက်ပြီး ပါးပြင်ကို ဖြန်းခနဲရိုက်ချပစ်လိုက်ကာ နှုတ်မှလဲ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောဆိုလိုက်တယ်။ "ဖြန်း " "ညည်း ...ညည်းဘယ်လိုမိန်းမလဲ ....အရှက်နည်းလှချည်းလား ... ယောကျာ်းလေးတစ်ယောက်တည်းရှိတဲ့နေရာကို လာရလားဟဲ့ ... " @@@@@@@@@@@@@@@@@@@@@ အပိုင်း (၁၆) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

" ခဏလေးပါသားရယ် ... ဓါတ်ပုံရိုက်တာဘာကြာမှာလဲ ...ပြီးတော့သွားပါ့ ..ကဲ သွားပါ အဝတ်အစား သွားလဲလိုက်ပါအုံး ...အမေက အမေ့ဆိုင်ကို သမီးပန်းသွေးချယ်လို့ မြန်မာဆန်ဆန်လေးနဲ့ သဘာ၀ကျကျလှတဲ့သူနဲ့ပဲရိုက်ချင်လို့ပါ " ရိုက်ကူးရေးတွေလဲရောက်လာတာမို့ ဟန်နေထူးမိခင်ကိုဘာမှပြန်မပြောတော့ဘဲ ရေငုံနှုတ်ပိတ်နေလိုက်ရတယ်။ ~~~~~ "ဘာလဲ ချစ်သူနဲ့ချိန်းထားလို့ စိတ်ညစ်နေတာလား မောင်လေး ဓါတ်ပုံရိုက်နေရင်းက ခပ်တိုးတိုးမေးလာတဲ့ ပန်းသွေးချယ်ရဲ့မေးခွန်းတွေကိုမဖြေဘဲ ဟန်နေထူးနှုတ်ဆိတ်နေလိုက်တယ်။ပန်းသွေးချယ်အဝတ်အစားလဲနေချိန်မှာ ချစ်သူဆီကိုဖုန်းဆက်ပြီးအကျိုးအကြောင်းကိုရှင်းပြလိုက်ရသေးတယ်။ဆိုင်ထဲမှာဓါတ်ပုံတွေရိုက်နေချိန်မှာ ဟန်နေထူး စိတ်ညစ်နေသလောက် ပန်းသွေးချယ်က ဝတ်စုံတွေအမျိုးမျိုးလဲပြီး သူမရဲ့ ဖွံ့ထားတဲ့အလှတွေကို ပြသနေခဲ့တယ်။ဓါတ်ပုံရိုက်နေချိန်မှာပဲ လိုတာထက်ပိုပြီး အသားချင်းပူးကပ်ထိကပ်နေခဲ့တာကို ဟန်နေထူးသတိထားမိတယ်။တစ်ချက်တစ်ချက် မျက်နှာချင်းဆိုင်ပြီး ရိုက်ကြချိန်မှာမလိုအပ်ပါဘဲ သူမရဲ့ရင်အစုံကို ဟန်နေထူးရှေ့ကိုကော့ထားတာကိုလဲ ဟန်နေထူးသိရှိနေခဲ့တယ်။မိန်းမတစ်ယောက်နဲ့ ကြာမျက်လုံး၊အထိအတွေ့တွေနဲ့ အတင်းလိုက်ကပ်နေတဲ့ ပန်းသွေးချယ်ကို ဟန်နေထူးသတိထားရှောင်တိမ်းနေရတယ်။ "ဆောရီးနော် မောင်လေး ...မချယ်က သရုပ်မဆောင်တတ်သေးတော့ မောင်လေးကိုအနှောက်ယှက်ဖြစ်စေရင်တောင်းပန်ပါတယ်နော် " ပန်းသွေးချယ်ကညုတုတုလေသံလေးတောင်းပန်လိုက်ပြီး မျက်လုံးရွဲကြီးတွေနဲ့ ဟန်နေထူး ကိုကြည့်လိုက်တယ်။ ~~~~~ "ဘုရားမရောက်ဖြစ်တာကြာပြီး ... ဘုရားသွားမလားဟင် " " ဟုတ် ....သွားမယ်လေ ရွှေတိဂုံသွားမလား .." တိုင်ပင်သလိုလေသံနဲ့ ပြောလာတဲ့ လင်းမြတ်ဇင်ကို မေမိုးစက်ခေါင်းငြိမ့်ပြလိုက်တယ်။ " ဒါဆို ကားငှားသွားမယ်လေ " ~~~~~ ဘုရားပေါ် ရောက်တော့ ရင်ပြင်တော်ပေါ်မှာ လူတွေများနေတာမို့ မေမိုးစက်ကပဲလင်းမြတ်ဇင်လက်ကို အရင်ဆွဲကိုင်ပစ်လိုက်တယ်။ သူ့ဘာသာ ရှက်နေတာနဲ့ လူချင်းကွဲမလိုပင်ဖြစ်နေရပြီလေ။ဘုရားရှိခိုးတော့လဲ ၀ယ်လာတဲ့ ဘုရားပန်းစည်းတွေကို အတူပူးချည်ပြီးလှူခဲ့လိုက်ကြတယ်။လူအုပ်စုကြားထဲမှာတစ်ယောက် လက်ကိုတစ်ယောက်ဆွဲပြီး လျှောက်သွားနေရင်း ကိုယ်စီရင်ခုန်သံတွေမြန်နေမိခဲ့ကြတယ်။ ဘုရားပေါ်ကပြန်ဆင်းလာခဲ့ကြတော့လဲ လက်တွဲမဖြုတ်မိကြပါ။နှစ်ဦးသားကြားမှာ လင်းမြတ် ဇင်ဘက်ကလဲ ချစ်စကားမဆိုခဲ့မိသလို ၊ မေမိုးစက်ဘက်ကလဲ ချစ်စကားမဆိုမိပါဘဲ နှစ်ယောက်သားနှုတ်ဆိတ်လျက်လက်ချင်းတွဲကာကန်တော်ကြီးထဲကသစ်သားတံတားပေါ် လမ်းလျှောက်ဖြစ်ခဲ့ကြတယ်။လက်ချင်းခပ်တင်းတင်းဆုပ်ကိုင်ထားမိတဲ့သူတို့နှစ်ယောက်ရဲ့ကြားမှာ နှလုံးသားကလဲနွေးထွေးနေခဲ့တယ်။ "ဒီကနေပြန်ကြရအောင်နော် .. ဒီနေ့ဆိုင်ကို သန့်ရှင်းရေးလုပ်မယ်လို့ အမေ့ကိုပြောထားခဲ့လို့ " လင်းမြတ်ဇင်က မေမိုးစက်ရဲ့ လက်ကလေးတွေကို သူ့လက်နှစ်ဖက်နဲ့ အုပ်ကိုင်ရင်းပြောလိုက်တယ်။ "ဆိုင်သန့်ရှင်းရေးလား ...ကိုလင်းတစ်ယောက်တည်းလားဟင် .. အန်တီရောလာမှာလား " " ဒီနေ့ဆိုင်ပိတ်တော့ ကိုယ်တစ်ယောက်တည်းပေါ့ မိုးစက်ရဲ့ ... အမေကတော့ ဥပုသ်စောင့်မယ်ထင်တယ်မလာလောက်ပါဘူး " "ဟယ် .. ဟုတ်လား ...အဲ့ဒါဆိုမိုးစက်ဝိုင်းကူလုပ်ပေးမယ်လေ ကိုလင်း " မေမိုးစက်ရွှင်ရွှင်မြူးမြူးအသံလေးနဲ့ ပြောလိုက်မိတယ်။ "ဟာ ..မဟုတ်တာကွာ ..ပင်ပန်းပါတယ်..မလုပ်ရပါဘူး " လင်းမြတ်ဇင်ဆီက စိုးရိမ်တကြီး တားမြစ်သံလေးပေါ်ထွက်လာတော့ မေမိုးစက်ကြည်နူးသွားရပြီး "လုပ်နိုင်ပါတယ် ကိုလင်းရဲ့ ... မိုးစက်လုပ်နေကြပါနော် ...ကိုလင်းကို ဝိုင်းကူးမယ်နော် ..နော် " မေမိုးစက်အတင်းဇွတ်ပြောလိုက်တော့ လင်းမြတ်ဇင်က မေမိုးစက်ရဲ့ ခေါင်းလေးကို ဖွဖွပုတ်လိုက်ပြီး "သဘော ...သဘောဟုတ်ပြီလား ... တားလဲမရဘူးမဟုတ်လား " လင်းမြတ်ဇင်ရဲ့ စကားကြောင့် နှစ်ယောက်သားကြည်နူးစွာရယ်လိုက်မိကြတယ်။ ~~~~~ မြယွန်းမီလက်ထဲက နာရီကိုကြည့်ပြီး စိတ်တိုလာမိတယ်။ချိန်းထားတာက မနက် (၉)နာရီ။ အခု အချိန်က နေ့လယ် (၁)နာရီကျော်နေပြီ။ချစ်သူသက်တမ်းသုံးလေးလအတွင်းမှာ ဒီနေ့လိုအဖြစ်က ဒါပထမဆုံးပဲ။ထွက်လာဖို့ အဆင်မပြေသေးတဲ့ အကြောင်းကို ဖုန်းဆက်ပေမဲ့ ဘာကြောင့်လဲဆိုတာကိုလဲသေချာမရှင်းပြဘူး။စိတ်မပူဖို့ အကြောင်းကိုပဲပြောနေတော့ လူကစိတ်မပူတော့ဘဲ စိတ်တိုလာမိတယ်။ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်တိုကာဖုန်းကိုပါ အသံပိတ်ပြီး မြယွန်းမီအိပ်ပစ်လိုက်တယ်၊၊ ~~~~ "မိုးစက်ရယ် ခုံတွေမ မပါနဲ့ကွာ ပင်ပန်းနေပါ့မယ် .." "ရပါတယ်ကိုလင်းရဲ့ ... မိုးစက် လုပ်နေကြတွေပါ " လင်းမြတ်ဇင်ရဲ့စိတ်ပူတဲ့ စကားကို မေမိုးစက်ကငြင်းဆန်လိုက်ပြီး ခုံတွေကိုမလိုက်တယ်။ "ဟာကွာ ပြောလို့လဲမရပါလား ...ခဏနေအုံး ဘာစားချင်လဲ ဖျော်ရည်အရင်သောက်မလား ....ကိုယ်ပြင်လိုက်အုံးမယ် "

မေမိုးစက်တစ်ကိုယ်လုံးတုန်ယင်လာတယ်။ "ဟို .... ဟို ... ဆောရီးနော် ကိုတေဇ...မိုးစက်ကချစ်သူကိုစောင့်နေတာပါ...သူလာရင် အထင်လွဲသွားမှာစိုးလို့ ..." မေမိုးစက်ရဲ့ စကားကြောင့် တေဇမျက်နှာကွက်ခနဲ ပျက်သွားရပြီး "ဪ ..ဆောရီးနော်မိုးစက် ... ကျွန်တော်တောင်းပန်ပါတယ် " တေဇဒီလိုပြောတော့လဲ မေမိုးစက်မှာ အားနာနာမျက်နှာပူပူနဲ့ပဲ ပြုံးပြလိုက်ရတယ်။တေဇ ကတော့ မျက်နှာသိပ်မကောင်းဘဲ သူငယ်ချင်းတွေဝိုင်းဆီကို ရွှေ့ပြောင်းသွားခဲ့တယ်။ ~~~~~ "တေဇဆိုတဲ့ အဆိုတော်ကောင်လေးက မင်းကိုသဘောကျနေပုံပဲတဲ့ " ဆိုင်ထဲလူပါးချိန်မှာ အနားလာထိုင်ပြီးပြောလိုက်တဲ့ လင်းမြတ်ဇင်ကို မေမိုးစက်ခေါင်းငြိမ့်ပြပစ်လိုက်တယ် ။ "ဟုတ်တယ်လေ .. သူပြောထားတာ ကြာလှနေပြီ ...သူ့ကိုစိတ်မဝင်စားလို့ မိုးစက်ဒီဆိုင်ကိုလာနေတာပေါ့ " မေမိုးစက်ခပ်တည်တည်နဲ့ ပြောပစ်လိုက်တော့ လင်းမြတ်ဇင် ရှက်ပြီး ခြေလှမ်းကျဲကြီးတွေနဲ့ ကောင်တာနောက်ပြန်ဝင်သွားခဲ့တယ်။ မေမိုးစက်လဲ ပြောလိုက်ပြီးမှ ကိုယ့်ဘာသာရှက်ပြီး ခေါင်းမဖော်ရဲဖြစ်ကာ ကောင်တာရှေ့ပိုက်ဆံသွားထားလိုက်ပြီး ဆိုင်ထဲက မပြေးရုံတမယ် ထွက်လာခဲ့ လိုက်တယ်။ ~~~~~ "ဟိတ် ..နေအုံး ...ဒီလိုပြေးလို့ရမလား ...ပြန်အမ်းငွေယူသွားအုံးလေ " အနောက်ကပြေးလိုက်လာသံနဲ့အတူ လက်ကိုလှမ်းဆွဲခံလိုက်ရတာကြောင့် မေမိုးစက်ရင်တွေ တဒိန်းဒိန်းခုန်ကာ ခြေလှမ်းတွေတုံ့ခနဲ ရပ်တန့်သွားရတယ်။ "ဒီနေ့က မိုးမချုပ်သေးလို့လိုက်မပို့တော့ဘူးနော် .... ဒီလပြည့်နေ့ ဆိုင်ပိတ်မယ်သိလား ..ဖုန်းဆက်လိုက်မယ်နော် ..အပြင်သွားရအောင် " " ရှင် " မေမိုးစက်မှာ အံ့ဩဝမ်းသာ ဟန်ပင်မပြလိုက်ရပါ ။လင်းမြတ်ဇင်တစ်ယောက် ဆိုင်ဘက်ကိုချက်ချင်းပြန်ထွက်သွားခဲ့ပါလေပြီ။ ~~~~~ "နောက်လဲ အန်တီတို့အိမ်ကိုဝင်ထွက်နိုင်ပါတယ်နော်..မောင်ချစ်ဦး " "ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အန်တီ " နှစ်ယောက်သားအတိုင်အဖောက်ညီနေကြတဲ့ မိခင်နဲ့တောသူဌေးသားကိုကြည့်ပြီး မြယွန်းမီနှာခေါင်းလေးရှုံ့လိုက်မိတယ်။ တောသူဋ္ဌေးသားဆိုသူကလဲ ရုပ်ကတော့ကြည့်ပျော်ရှုပျော်ရှိပါရဲ့။ ခက်တာက ပြည်တည်တည်မျက်နှာနဲ့ မသိရင်မြယွန်းမီဘ၀က သူ့မှမယူရင်ယူမဲ့သူမရှိတဲ့ပုံမျိုးနဲ့ ။ ဒီလိုလူမျိုးကို ရှာလဲရှာတွေ့တတ်တဲ့မိခင်ကိုပဲ မြယွန်းမီအံ့သြနေမိတယ်။ "စားနော်မောင်ချစ်ဦး ...ဒီဟင်းတွေအကုန် မင်းညီမချက်ထားတာကွဲ့ " မိခင်ရဲ့စကားအဆုံးမှာ မြယွန်းမီ သည်းမခံနိုင်တော့ဘဲ စကားတပြောလိုက်မိတယ် "မဟုတ်ဘူး အမေ ..သမီးက ထမင်းပဲချက်ထားတာ...ဟင်းတွေကိုကိုချက်သွားတာပါ ..." မိခင်ရဲ့မျက်နှာကွက်ခနဲပျက်သွားပြီးမျက်လုံးပြူးကြီးနဲ့ ကြည့်လိုက်တာကို မသိချင်ယောင်ဆောင်ပြီး မြယွန်းမီကိုယ့်ဘာသာ ထမင်းငုံ့စားနေလိုက်တယ်။ဧည့်သည်ပြန်သွားရင်တော့ မြယွန်းမီရဲ့ အဖြစ်ကတွေ့ရဲစရာပင် မရှိ။ ~~~~~~ "ညည်းဧည့်သည်ရှေ့မှာ ဘာအချိုးချိုးလိုက်တာလဲ မိယွန်း... သူက ပညာတတ်ဘွဲ့ရသူဋ္ဌေးဟဲ့ ....ဟိုကောင်လို ရုပ်ကလေးဗန်းပြပြီး မိဘလုပ်စာထိုင်ဖြုန်းနေတဲ့ ကောင်မဟုတ်ဘူး ...မောင်ချစ်ဦးက ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ ချမ်းသာနေတဲ့သူ ...ဟိုကောင်လို မိန်းမတွေနဲ့ရှုပ်ပွေနေတဲ့သူ မဟုတ်ဘူး " သူစိတ်ထင်ရာကိုပြောနေတဲ့ မိခင်ကိုကြည့်ပြီး မြယွန်းမီ အံလေးကို ကြိတ်ထားလိုက်မိတယ်။ "သမီး အိမ်ထောင်မပြုချင်သေးဘူးလို့ ပြောထားတာပဲ ... သမီးအေးအေးဆေးဆေးပဲနေချင်တယ် " "ရတယ်လေ ... လက်မထပ်ချင်သေးလဲ ဒီတိုင်းလေ့လာကြည့်ပေါ့ ...မောင်ချစ်ဦးက လူငယ်လုပ်ငန်းရှင်များသင်တန်းဆိုလား .. အစည်းအဝေးဆိုလားလာတက်တာတဲ့ ... ရန်ကုန်မှာတစ်လခွဲလောက်နေမှာ ...အဲ့ဒီအတောအတွင်း ကောင်းကောင်းမွန်မွန်ဆက်ဆံကြားလား ... မိဘကို စိတ်ဆင်းရဲအောင် ကလန်ကဆန်လုပ်ဖို့ပဲ တွေးမနေနဲ့ " " ဟုတ်ကဲ့ပါ " ~~~~~ အိမ်ကိုဧည့်သည်လာမယ်ဆိုလို့ ဘယ်သူတွေများလဲလို့ဟန်နေထူးတွေးနေမိတာ ပန်းသွေးချယ်ကိုတွေ့လိုက်ရတာမို့ အံ့ဩသွားရတယ်။အထက်အောင်တူညီဝတ်စုံ၀မ်းဆက်ကို မြန်မာဆန်ဆန်ဝတ်ဆင်ထားပြီး မျက်နှာမှာသနပ်ခါးနဲ့။ ဆံပင် ရှည်တွေကို ရိုးရိုးယဉ်ယဉ်လေးထုံးဖွဲ့ထားတယ်။ ထဘီကိုခြေမျက်စိဖုံးနဲ့ ပြတိုက်ထဲက မြန်မာမလေးလိုလိုဘာလိုလို။ "သားရေထိုင်အုံးလေ ... အမေတော့အမေရဲ့ပိုးထည်ဆိုင် အတွက် သမီးပန်းသွေးချယ်ကိုပဲ မော်ဒယ်အဖြစ်ငှါးလိုက်ပြီ ..အဲ့ဒါသားလဲတွဲရိုက်ရမှာနော် " မိခင်ရဲ့စကားကြောင့် ဟန်နေထူးလန့်ဖျပ်သွားမိပြီး "ဟာ မဖြစ်ဘူးအမေ .. ကျွန်တော် မအားလို့ပါ တခြားမော်ဒယ်ပဲငှားလိုက်ပါနော် .... တေဇနဲ့ရိုက်မလားအမေ ..." "မဟုတ်တာသားရယ် ..အမေ့သားတစ်ယောက်လုံးရှိတာ တခြားမော်ဒယ်ငှားစရာလား ....ခဏနေ ရိုက်ကူးရေးတွေလာတော့မှာ .. ဒီနေ့ အစမ်းရိုက်ကြည့်ရအောင်" "ဗျာ ..ဟို .. ကျွန်တော်ချိန်းထားတာရှိတယ် အမေ "

ဟန်နေထူးရဲ့အမေးကြောင့် မြယွန်းမီမှာ အဖြေရခက်သွားရတယ်။ဟန်နေထူးက သူ့ဘ၀ကို ချက်ချင်းကြီး ပြောင်းလဲလို့မရပေမဲ့ သူမအကြိုက်လိုက်ပြီး ပြောင်းလဲလာတာကို သိနေတာမို့ ဒီထက်ပိုပြီးလဲ မြယွန်းမီအနေနဲ့မပြောချင်ပါ။ အချိန်ကာလတစ်ခုရောက်သွားရင်တော့ မိခင်ဖြစ်သူစိတ်တိုင်းကျဖြစ်လာနိုင်တာမို့ အချိန်တစ်ခုအထိစောင့်ဖို့ကိုပဲ မြယွန်းမီမျှော်လင့်ထားမိတာ။ " အမေက အဆောင်မှာမနေခိုင်းတော့ဘူး ...အိမ်ကိုပြန်လာခိုင်းနေ တယ် .." "ဟုတ်လား ...အဲ့ဒါလဲကောင်းပါတယ် .. ကိုယ်လဲပြောမလို့ပဲ .. ယွန်း အိမ်မှာပြန်နေရင် ...အလုပ်ကို ကိုယ်အကြိုအပို့လုပ်ပေးမယ်လေ..." အဖြစ်မှန်ကိုမသိဘဲ ၀င်ပြောလိုက်တဲ့ ချစ်သူကိုကြည့်ပြီး မြယွန်းမီစိတ်မကောင်းဖြစ်သွားမိတယ်။''ကျွန်မအမေက ရှင့်ကိုမယုံလို့ ..ရှင်နဲ့ဝေးအောင်ကြံစည်နေတာ "သိရဲ့လားလို့ ပြောလိုက်ရင် သူဘယ်လိုဖြစ်သွားမလဲ မသိနိုင်ပါ။ "ချက်ချင်းတော့ပြောင်းလို့မရသေးပါဘူး.... သူဌေးကို ပြောရအုံးမှာပေါ့ ... ပြီးတော့အမေက ပြောသေးတယ် ... ယွန်းကို အိမ်ထောင်ချပေးမလို့တဲ့ နယ်ဘက်ကလူတစ်ယောက်နဲ့ '' "ဘာ...ဘာပြောလိုက်တယ်ယွန်း...တကယ်ပြောနေတာလား " ဟန်နေထူးကားကို လမ်းဘေးဘက်ကို ဆွဲချရပ်လိုက်ပြီး အထိတ်တလန့်နဲ့ မြယွန်းမီကိုမေးလိုက်တယ်။ မြယွန်းမီမှာ ဟန်နေထူးရဲ့ အပြုအမူကြောင့် ရင်ဘတ်ကို လက်နဲ့ဖိလိုက်မိပြီး "လန့်သွားတာပဲကိုနေရယ် ....အေးအေးဆေးဆေးပြောလဲ ရရဲ့သားနဲ့ " '' ဟာ ယွန်းရယ် ..ဒီကိစ္စက အေးဆေးလို့မရဘူးလေ ..ကိုယ့်ရင်တွေအရမ်းပူနေပြီသိရဲ့လား ... ကိုယ်ဘာလုပ်ရမှာလဲပြော ... လူကြီးတွေကို ဖွင့်ပြောပြီးချက်ချင်းလာတောင်းရမှာလား " "ကိုနေရယ် ... ယွန်းကိုမယုံဘူးလား....အမေဘယ်သူနဲ့ သဘောတူတူ ယွန်းလက်ခံမှဖြစ်မှာပါ ....." "ဖြစ်..ဖြစ်ပါ့မလားယွန်းရယ်... ကိုယ်စိတ်ပူနေပြီ .... ကိုယ့်ကိုတော့ မထားခဲ့ပါနဲ့နော် .." ချစ်သူရဲ့လက်ကိုဆွဲယူပြီး ဟန်နေထူး မျက်နှာငယ်လေးနဲ့ ပြောလိုက်မိတယ်။သူ့ဘ၀မှာ မြယွန်းမီမရှိရင်ဘ၀ကြီးတစ်ခုလုံး အဓိပ္ပါယ်မဲ့သလိုဖြစ်သွားမှာကို သူသာအသိဆုံးပါပင်။ "စိတ်မပူပါနဲ့ ကိုနေရယ် ...အိမ်နဲ့ အဆင်ပြေအောင် ယွန်းကြိုးစားမှာပါ ...ကိုနေ့ဘက်ကသာ အွန်လိုင်းပေါ်မှာလဲ မဟုတ်မမှန်တဲ့သတင်းပဲဖြစ်ဖြစ်မထွက်အောင် ဂရုစိုက်ပါနော် ... အထူးသဖြင့် မိန်းမကိစ္စသတင်းမျိုးမထွက်စေနဲ့နော် ...အမေက ကိုနေနဲ့ယွန်းအကြောင်းကိုရိပ်မိနေပြီဆိုတော့ ...ကိုနေ့သတင်းတွေကို လိုက်ကြည့်နေမှာသေချာတယ် ..." "အဲ့ဒီအတွက်တော့ စိတ်မပူပါနဲ့ကွာ ... လက်ခံထားတဲ့ အလုပ်တွေပြတ်ရင် ....အွန်းလိုင်းလဲသိပ်မသုံးတော့ပါဘူး ... အရင်ကဆို ကိုယ်ဘာလုပ်လုပ်လိုင်းပေါ်တင်တာ ..အခုမတင်ဖြစ်တော့ပါဘူး ...အင်တာဗျူးတွေလာရင်တောင် ကိုယ်ရှောင်နေခဲ့တာပါ " "ယုံပါတယ်ကိုနေရယ် ...ကိုနေ့ အချစ်ကို လက်ခံလိုက်ကတည်းကယုံကြည်လို့လက်ခံလိုက်တာပါ ... ကိုနေလဲသတိနဲ့နေ ယွန်းလဲအမေနဲ့ အဆင်ပြေအောင် ကြိုးစားမယ်သိလား ...." "အင်းပါ ချစ်ရယ် ... ကိုယ်တော့ ရင်တွေပူနေတာပဲသိတယ် " ဟန်နေထူးစိုးရိမ်ပူပန်စိတ်နဲ့ ပြောလိုက်မိပြီး ချစ်သူရဲ့လက်ကလေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိတယ်။အနီးကပ်ရှိနေပေမဲ့လဲ ဝေးရမှာကိုစိုးထိတ်နေမိတဲ့ စိတ်က နှလုံးသားကိုတမြေ့မြေ့ လောင်မြှိုက်နေသလို ခံစားနေရတယ်။ သူမလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ ငြိမ်သက်နေတဲ့ဟန်နေထူးကို မြယွန်းမီကြည့်လိုက်မိပြီး "ကဲပါ ...ဘာမှ တွေးပူမနေနဲ့ ....မိန်းမပြဿနာကလွဲလို့ ဘာပြဿနာရှိရှိ ...ကိုနေ့ဘက်ကပဲအမြဲနေမှာပါနော်" " အင်းပါကွာ ... ကိုယ့်အတွက် စိတ်ချပါ " မြယွန်းမီ ချော့ပြောလိုက်မှပဲ ဟန်နေထူးမျက်နှာလဲ ပြုံးလာနိုင်တော့တယ်။ ~~~~~ '' မိုးစက် .. မိုးစက်ပါလား ..မိုးစက်က ဒီမှာနေ့လယ်စာလာစားတာလား ...ကိုယ်လဲငထူးကညွှန်းတာနဲ့ ဘော်ဒါတွေခေါ်ပြီးလာစားကြည့်တာ " ရင်းနှီးနေတဲ့ အသံကြောင့် မေမိုးစက်အထိတ်တလန့်နဲ့မော့ကြည့်လိုက်မိတော့ မျက်မှန်နဲ့ ဦးထုပ်နဲ့ ရုပ်ဖျက်လာပုံရတဲ့ တေဇကိုတွေ့လိုက်ရတယ်။ "ကို...ကိုတေဇ " "ဟုတ်ပါတယ်ဗျာ ... ကျွန်တော် တေဇပါ ...ဘာလဲ မမှတ်မိဘူးလား ...မိုးစက်တစ်ယောက်တည်းမဟုတ်လား .. ကျွန်တော်ထိုင်လို့ရမလား " မေမိုးစက်နှုတ်ကနေ မထိုင်နဲ့လို့ ပြောမလို့ ဟန်ပြင်လိုက်ပေမဲ့ နှုတ်က အားနာပြီးထွက်မလာခဲ့ပါ။တေဇကလဲပြောပြောဆိုဆိုနဲ့ ၀င်ထိုင်လိုက်တော့ စိုးရိမ်စိတ်နဲ့ ကောင်တာနောက်ကိုလှမ်းကြည့်လိုက်မိတယ်။ သူမတို့ရှိရာကို တစ်ချက်သာလှမ်းကြည့်ပြီး ကျောခိုင်းသွားတဲ့ လင်းမြတ်ဇင်ကိုကြည့်ပြီး ရင်ထဲပူပန်သွားမိတယ်။ "မိုးစက် ..ဘာဖြစ်နေတာလဲဟင် .. နဖူးမှာလဲချွေးတွေနဲ့ နေမကောင်းလို့လား" တေဇရဲ့ စိုးရိမ်တဲ့အမေးကို မေမိုးစက်ဖြုန်းခနဲ မဖြေနိုင်ဘဲ ကြောင်အနေမိတယ်။ဘေးဝိုင်းက တေဇသူငယ်ချင်းတွေရဲ့ဝိုင်းဆီကို စားပွဲထိုးကောင်လေးရောက်လာပြီး မီနူးကတ်တလောက်ကိုပြရင်း မေမိုးစက်တို့ဝိုင်းကိုလှည့်ကြည့်လာတော့ စိတ်က ပိုပြီးထူပူသွားမိပြန်တယ်။နဂိုကမှ မာနကြီးလှတဲ့လူက အထင်လွဲသွားရင်ဖြင့် ဘယ်လိုဖြေရှင်းရမလဲလို့တွေ့ရင်း

#ရူးနေတဲ့ကြယ် (အခန်းဆက်ဝတ္ထု) အပိုင်း( ၁၅ ) ******* "ဒီညနေ ချက်ချင်းပြောင်းလို့တော့ မဖြစ်ဘူးအမေ...အဆောင် ဆိုပေမဲ့... သူဋ္ဌေးကစည်းကမ်းတကျထားပေးထားတာပါ ....နေချင်နေပြောင်းချင်ပြောင်းလုပ်လို့မရပါဘူး ... သူဋ္ဌေးကိုကြိုပြောရမှာပါ " မြယွန်းမီရဲ့ စကားကြောင့် ဒေါ်မြစန္ဒာမှာ စိတ်အလိုမကျဖြစ်သွားရပြီး "ဒါဆိုလဲ မနက်ဖြန်ရုံးဖွင့်တာနဲ့ ပြောလိုက်တော့ ...ညည်းကို လောကကြီးအကြောင်းကိုသိရအောင်ပေးနေလိုက်တာ ... ရည်းစားထားဖို့ မဟုတ်ဘူး ... ရုပ်ချောတာကိုမက်ရင် ဘာဖြစ်မလဲ သိတယ်မဟုတ်လား ...အဲ့ဒီကောင်ပုံစံက ဟိုဟာမတွေထက်ဆိုးမယ် " "အမေရယ် " လို့သာမြယွန်းမီစိတ်ထဲကပြောလိုက်မိတော့တယ်။ "သမီးကလေးမဟုတ်တော့ပါဘူး အမေရယ် ..အိမ်မှာပြန်နေစေချင်ရင် သမီးပြန်နေပါ့မယ် .. အိမ်ထောင်ပြုဖို့ကိစ္စကိုတော့ သမီးဘာသာဆုံးဖြတ်ခွင့်ပြုပါနော် ...ပြီးတော့ အခုချိန်လဲ အိမ်ထောင်မပြုသေးပါဘူး...အသက် (၂၇) လောက်မှ အိမ်ထောင်ပြုမယ် ...ဖြစ်နိုင်ရင် အဖေ့ခြံကို သမီးပြန်ဝယ်နိုင်အောင်ကြိုးစားချင်သေးတယ် " သမီးဖြစ်သူရဲ့ စကားကြောင့် ဒေါ်မြစန္ဒာမျက်နှာပျက်သွားရပြီး "ညည်းအခုထိအဲ့ဒီခြံကို စွဲလမ်းနေတာလား မိယွန်း ... ဒီနေ့ခေတ်စျေးနဲ့ အနားတောင်ကပ်နိုင်မှာမဟုတ်ဘူးသိရဲ့လား " မီခင်ဖြစ်သူရဲ့အသံမှာ ငုံသံပါလာတော့မြယွန်းမီ ရှေ့ဆက်စကားမဆက်မိတော့ပါ။ငယ်စဉ်ကတည်းက နေလာခဲ့တဲ့ခြံလေးမို့ သတိရစိတ်ကို မေ့ဖျောက်လို့မရတာကတော့ အမှန်ပါ။ ~~~~~ မိခင်နဲ့ ညီမဖြစ်သူရဲ့ စကားသံတွေကို အိမ်တံခါး၀ကနေလင်းမြတ်ဇင်နားထောင်နေမိပြီး အပြင်ကို ပြန်ထွက်လာခဲ့မိတယ်။သူ့မိုက်ပြစ်တွေအတွက် ဆုံးရှုံးသွားခဲ့ရတဲ့အိမ်နဲ့ခြံကို သူ့ရင်ထဲမှာလဲနှမြောတမ်းတနေမိပါတယ်။ ကုန်ဆုံးသွားခဲ့တဲ့ အချိန်တွေကို ပြန်ယူလို့မရပေမဲ့ ရှေ့ဆက်ပြီးဒီအပြစ်တွေကိုပေးဆပ်ဖို့အတွက် လင်းမြတ်ဇင်ကြိုးစားဖို့ဆုံးဖြတ်ထားပြီးသားပါ။ အဓိပ္ပါယ်မဲ့လျှောက်လာခဲ့တဲ့ ခြေထောက်တွေက ဆိုင်ရှေ့ကိုပြန်ရောက်လာခဲ့ပြီး ဆိုင်ထဲကို၀င်လိုက်တယ်။ည (၉)နာရီဆိုပိတ်တဲ့ ဆိုင်က တိတ်ဆိတ်နေခဲ့တယ်။သန့်ရှင်းသပ်ရပ်နေတဲ့မီးဖိုချောင်ကိုရှင်းလင်းနေချိန်မှာပဲဖုန်းသံက မြည်လာခဲ့တယ်။ "ဟယ်လို အမေ " "သားကြီး မင်းပြန်မလာသေးဘူးလား .. ဘယ်အချိန်ရှိနေပြီလဲ ...အခုဘယ်မှာလဲ ဆိုင်မှာပဲလား .. ဘယ်ရောက်နေတာလဲ " မိခင်ရဲ့မေးသံကစိုးရိမ်ပူပန်သံများပြည့်နေတာကို လင်းမြတ်ဇင်သတိထားလိုက်မိတယ်။ "ဆိုင်မှာ သန့်ရှင်းရေးလုပ်နေလို့ အမေ ....ကျွန်တော့်အခုပြန်လာပြီနော် " " နောက်ကျနေပြီပဲ ...ပြန်လာခဲ့တော့..မနက်မှဆက်ရှင်းပါကွယ်...မင်းညီမလဲ ပြန်ရောက်နေတာသိတယ်မဟုတ်လား " " ဟုတ်ကဲ့ အမေ ..အခုပြန်လာခဲ့ပါ့မယ် " ~~~~~~~ " ကိုကိုထမင်းကြော်ပေးထားတယ်နော် ယွန်း...စားသွားအုံး...ထမင်းချိုင့်လဲပြင်ပေးထားတယ် ယူသွားလိုက်နော် " မောင်နှမနှစ်ယောက်မျက်နှာချင်းဆိုင်ဆုံမိကြစဉ်မှာ လင်းမြတ်ဇင်က ခပ်တိုးတိုးပြောလိုက်တယ်။လင်းမြတ်ဇင်က မနက်ပိုင်းစောစောထပြီး မိခင်အတွက်ချက်ပြုတ်ပေးခဲ့ပြီး ဆိုင်ကိုမနက် (၆) နာရီကျော်တာနဲ့ သွားရမှာ။ သူ့ဆိုင်နဲ့ ပတ်သက်ပြီး မိခင်ကြီးက ဝင်ရောက်စွက်ဖက်ခြင်းတော့မရှိပေ။မိခင်ဖြစ်သူ ဒေါ်မြစန္ဒာက ခင်ပွန်းဖြစ်သူဆုံးသွားကတည်းက အပြင်စီးပွားရေးကိုပဲ လုပ်ခဲ့သူပီပီ အချက်အပြုတ်ကိုလဲဝါသနာမပါတော့ သူမရဲ့အိမ်ခြံမြေပွဲစားအလုပ်မှာပဲအချိန်ကုန်နေတတ်တာ။ မြယွန်းမီ အစ်ကိုဖြစ်သူကို တစ်ချက်မော့ကြည့်လိုက်မိပြီး ငါးနှစ်အတွင်းမှာ ပထမဆုံးစကားတစ်ခွန်းကို ပြောလိုက်မိတယ်။ "ဆိုင်အဆင်ပြေလား " ညီမဖြစ်သူဆီက အမေးစကားကိုကြားလိုက်ရတာမို့ လင်းမြတ်ဇင် ဝမ်းသာပျော်ရွှင်သွားမိပြီး စကားသံများပင်အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားရတယ်။ "ပြေ....ပြေပါတယ် ...ညီမလေး သူငယ်ချင်းရဲ့အကူအညီကြောင့် လဲ ....ဆိုင်ကလူသိလဲများသွားတယ်...အွန်လိုင်းက မှာစားတာတွေလဲရှိလို့ ဝန်ထမ်းတွေလဲထက်ခေါ်ထားတယ် " " ဟုတ်..ဟုတ်ကဲ့ ..၀မ်းသာပါတယ် .. ဒါ ..ဒါနဲ့..မိုးစက်က ရိုးသားပြီး စိတ်ထားဖြူစင်တဲ့သူပါ " မြယွန်းမီပြောပြီးတာနဲ့ အခန်းထဲကို အပြေးတပိုင်းနဲ့ ပြန်ဝင်ခဲ့လိုက်တယ်။လူ့သဘောက အဆုံးပြောလို့မရပေမဲ့ မေမိုးစက်ရဲ့ အကျင့်စာရိတ္တကတော့ ပန်သွေးချယ်လိုမိန်းမမျိုးနဲ့ တခြားစီမဟုတ်လား။ သမီးအရင်းကိုတောင် မယုံကြည်နိုင်တဲ့မိခင်အတွက်ကတော့ သူစိမ်းတစ်ယောက်ကို ယုံကြည်ဖို့ဆိုတာခက်ခဲပေမဲ့ မေမိုးစက်လိုတော်ရုံ စိတ်မဆိုးတတ်တဲ့သူမျိုးကို တွေ့ရဖို့ဆိုတာ မလွယ်ကူတဲ့ရေစက်မျိုးမဟုတ်လား။ ~~~~~ " ယွန်း ...ဘာဖြစ်နေတာလဲဟင် ..မျက်နှာလဲမကောင်းဘူး .. အိမ်နဲ့ အဆင်မပြေလို့လား " ချစ်သူမြယွန်းမီကိုကြည့်ပြီး ဟန်နေထူးစိုးရိမ်စွာမေးလိုက်မိတယ်။

" ကိုလင်းက မိုးစက်ကိုညီမလေးတစ်ယောက်လိုပဲ သဘောထားပါရစေတဲ့လေ... ဒီတစ်သက်အိမ်ထောင်မပြုတော့ဘူးတဲ့ " " သူက အဲ့ဒီလိုပြောတာလား ....ဒါဆိုလဲ မိုးစက်သူ့ကိုမေ့လိုက်ပြီး တေဇနဲ့ပဲတွဲပစ်လိုက်ကွာ " မြယွန်းမီရဲ့ စကားကြောင့် မေမိုးစက်မှာ မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်သွားရပြီး "ဟယ် ..မဟုတ်တာယွန်းရယ် ..မိုးစက်က ကိုလင်းကိုပဲချစ်တာ..သူပြန်ချစ်တဲ့အချိန်ထိစောင့်နေပါ့မယ် " " အင်းပါ ..ဟုတ်ပါပြီ...ဒီလိုလုပ်လေ....ဒီတစ်ပတ်တော့ တို့တစ်ယောက်တည်း အိမ်ပြန်လိုက်အုံးမယ် ..နောက်တစ်ပတ်မှာ တို့အိမ်လိုက်လည်မလား ...အမေနဲ့လဲ တွေ့ရတာပေါ့ " " တ..တကယ်လားဟင်ယွန်း...မိုးစက်ကို တကယ်ခေါ်တာလား " "တကယ်ပေါ့ ...ဒီလောက်ကောင်း တဲ့ယောင်းမလောင်းကို ဘယ် အလွတ်ခံလို့ ဖြစ်မလဲ " ရယ်ပြီးပြောနေတဲ့ မြယွန်းမီ ကို ကြည့်ပြီး မေမိုးစက်နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိတယ်။အချစ်နဲ့တွေ့ပြီးတဲ့နောက်မှာ နုညံ့သိမ်မွေ့လာတဲ့ မြယွန်းမီပုံစံကို ကြည့်ပြီး မေမိုးစက်ပါ ပျော်ရွှင်မိတာအမှန်ပါ။ ~~~~~~ " ဒီနေ့ပုဆိုးတွေဘာတွေနဲ့ပါလား ... ဘယ်ပွဲသွားမလို့လဲ " ပုဆိုးနဲ့ ရှပ်အင်္ကျီအဖြူကို ဝတ်ထားတဲ့ ဟန်နေထူးကိုကြည့်ပြီး မြ ယွန်းမီမေးလိုက်မိတယ်။ "ကိုယ့်ချစ်သူက အမြင်စူးရှသားပဲ ...ပွဲမဟုတ်ပါယွန်းလေးရယ်...အမေကအလှူသွားမလို့ လိုက်ပို့ခိုင်းထားလို့လေ....ယွန်းကို လိုက်ပို့ပြီးရင် ...အမေ့ကို၀င်ခေါ်ပြီး လိုက်ပို့ပေးမလို့လေ " " ဒါများကိုနေရယ် ...ယွန်းကို ဘာလို့လိုက်ပို့နေရတာလဲ ...တော်ကြာကိုနေ့အမေက ယွန်းကိုမုန်းသွားအုံးမယ် " " မပို့လို့ရမလား ယွန်းရယ်... ကိုယ့်အတွက်တော့ အမေကလဲ အရေးကြီးသလို... ချစ်သူကလဲ အရေးကြီးတာပဲလေ .. ဒါနဲ့ ယွန်း ဒီည အိမ်မှာအိပ်မှာလား...အဆောင်ပြန်မှာလား ကိုယ်ဘယ်အချိန်လာကြိုရမှာလဲ " "အင်းဒီညတော့ အိမ်မှာပဲအိပ်လိုက်မယ် ... မနက်ဖြန်မနက်မှ လာကြိုလေ ...." "ဒီနေ့ထက်မတွေ့ ရတော့ဘူးလား...လွမ်းနေရတော့မှာပဲ ... မဖြစ်တော့ပါဘူးကွာ...လူကြီးတွေကိုဖွင့်ပြောပြီး မြန်မြန်လက်ထပ်တော့မှ ဖြစ်မှာပါ '' မြယွန်းမီရဲ့ လက်ကလေးကိုဆွဲယူလိုက်ပြီး ဟန်နေထူးတိုးဖွဖွ ပြောလိုက်မိတယ်။တကယ်ပဲ သူ့ရင်ထဲမှာ ချစ်ရသူနဲ့ ခွဲမနေချင်တော့ပါ။ ချစ်မိပြီဆိုတော့လဲ ကိုယ်မမြင်ကွယ်ရာမှာ သူမအန္တရာယ်ဖြစ်မှာကို တွေးပြီးစိုးရိမ်ပူပန်နေမိတာက နေ့စဉ်ရက်ဆက် မဟုတ်လား။ ~~~~~ အလှူအိမ်ထဲကို ဝင်ဝင်ချင်းမှာပဲ မြင်လိုက်ရတဲ့မျက်နှာတွေကြောင့် ဟန်နေထူးမိခင်ကို ဖျတ်ခနဲမော့ကြည့်လိုက်မိတယ်။ "ဟော အန်တီမော်လာပြီးလား.....ကိုထူးလဲပါတာလား...လာပါ ..၀င်ကြပါ ... ချယ် တို့က ရင်းနှီတဲ့သူတွေပဲရွေးဖိတ်လို့ ဧည့်သည်တွေသိပ်မများပါဘူး ...လာလေကိုထူး " ပန်းသွေးချယ်ရဲ့ဖိတ်ခေါ်သံလေးက ကြည်လင်ချို့မြစွာထွက်ပေါ်လာခဲ့တယ်။ မျက်နှာမှာ သနပ်ခါးလေးကိုလိမ်းထားပြီး မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ လှပနေတဲ့ ပန်းသွေးချယ်ကိုကြည့်ပြီး ဒေါ်ထူးထူးမော်က ပြုံးလိုက်တယ်။ "သမီးချယ်ကတော့ လှနေတာပဲနော် .. အန်တီ့မှာသမီးလေးတစ်ယောက်သာရှိရင် ဒီလိုပုံစံလေးပဲ ဆင်မှာ .. မြန်မာဆန်ဆန်လေးဆို အန်တီက သိပ်သဘောကျတာ " ခပ်တိုးတိုးပြောလိုက်တဲ့ မိခင်ရဲ့ စကားသံကြောင့် ဟန်နေထူး ပန်းသွေးချယ်ကိုမော့ကြည့်လိုက်မိတယ်။ပန်းသွေးချယ်က ဟန်နေထူးကို ပြုံးမြမြလေးကြည့်လိုက်တယ်။ဟန်နေထူးအကြည့်တွေကို ပြန်လွှဲလိုက်ပြီးစားပွဲဝိုင်းတစ်ခုမှာ ဝင်ထိုင်လိုက်တယ်။ ~~~~~ "မင်းခေါင်းသိပ်မာပါလား မေမိုးစက် ... ကိုယ့်ကို မင်းမရွံ့ဘူးလား... " လင်းမြတ်ဇင်က မေမိုးစက်ကိုကြည့်ပြီး အသံမာမာနဲ့ပြောလိုက်တယ်။ ''အဲ့ဒါက အတိတ်တွေပဲကိုလင်းရယ်...မိုးစက်နားလည်ပေးနိုင်ပါတယ် ....လူဆိုတာတစ်ကြိမ်တစ်ခါတော့ မှားဖူးတာပဲ ..မိုးစက်ကတော့ အတိတ်ထက် အနာဂတ်ကိုပဲ စိတ်ဝင်စားတယ်" ခေါင်းမာလှတဲ့မေမိုးစက်ကို လင်းမြတ်ဇင် ငေးကြည့်နေမိတယ်။အချစ်ဆိုတာကို ကြောက်နေမိတဲ့သူ့အတွက် ဇွဲကောင်းလှတဲ့ ဒီကောင်မလေးကသူ့ရင်ထဲကို မသိမသာနဲ့တိုးဝင်လာတာကို သူမတားဆီးနိုင်ဖြစ်နေမိတယ်။ ~~~~~~~ " ညည်းရဲ့ကြီးတော်တွေက ညည်းကို အညာဘက်ကသူဋ္ဌေးသားတစ်ယောက်နဲ့ ပေးစားမလို့တဲ့ ..ကောင်လေးက ရိုးသားတယ် ... ပွဲရုံလုပ်ငန်းတွေပိုင်တယ်တဲ့ ...အမေ တော့ ခေါင်းငြိမ့်လိုက်တယ် ...ရှေ့အပတ်ထဲကောင်လေးလာလည်လိမ့်မယ် " "ရှင် " ရုတ်တရက်ပြောချလိုက်တဲ့ မိခင်ရဲ့စကားကြောင့် မြယွန်းမီအံ့ဩတုန်လှုပ်သွားရတယ်။ "မ .. မဖြစ်နိုင်တာအမေ ... သမီးအိမ်ထောင်မပြုချင်သေးဘူး " " တော်စမ်း မိယွန်း ...ညည်း အဆောင်မှာနေတယ်ဆိုပြီး ဒီမအေဘာမှမသိဘူး ထင်နေလား ...ဟန်နေထူးဆိုတဲ့ကောင်က ရုပ်လေးကချောချော ...မိန်းမတွေကဝိုင်းဝိုင်းလည်နေတာ သိရဲ့လား ..အဲ့ဒီလိုလူရှုပ်နဲ့ သဘောမတူနိုင်ဘူး ... မနက်ဖြန်ကစပြီး ညည်းကိုအဆောင်မှာလဲမထားတော့ဘူး ... အိမ်မှာပဲနေရတော့မယ် ..ဒီညနေအဆောင်မှာပစ္စည်းတွေသွားသိမ်းမယ် " " ရှင် " @@@@@@@@@@@@@@@@@@@@@@@@ အပိုင်း (၁၅) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

"ဒုက္ခပါပဲ ကိုထူးရယ် ..မချယ်ကလဲ ဒီနေ့မှပူလွန်းလို့ ဒီလိုဝတ်လာမိတာ ....ဒီပုံစံနဲ့တော့ အငှားကားမစီးရဲဘူးကွယ် .. ခုနကတည်းက ကုန်တိုက်ပေါ်မှာ အပေါ်အင်္ကျီတစ်ထည်လောက် ဝယ်လိုက်ရမှာကို " ပန်းသွေးချယ်က သူမကိုယ်ပေါ်က ရင်ဟိုက်အင်္ကျီကိုကြည့်ရင်း ရှက်သလိုဟန်နဲ့ပြောလိုက်တယ်။ ဟန်နေထူးသက်ပြင်းကို မသိမသာရှိုက်လိုက်ပြီး " ဒါဆိုလဲ ..ကျွန်တော်လိုက်ပို့ပေးပါ့မယ် အစ်မ ... ကျွန်တော်ကားသွားယူလိုက်အုံးမယ် ဒီကပဲခဏစောင့်နေပါနော် " ~~~~~ ကားနောက်တံခါးဖွင့်ပေးပါရဲ့နဲ့ ကားရှေ့ခန်းမှာသာဝင်ထိုင်လိုက်တဲ့ပန်းသွေးချယ်ကြောင့်ဟန်နေထူးစိတ်တော့ရှုပ်သွားမိတယ်။ရင်ဟိုက်အင်္ကျီလက်ပြတ်နဲ့ မို့မောက် တဲ့ရင်အစုံက မြင့်လို့မသင့်တော် တာတော့အမှန်။ဒီခေတ်ကြီးထဲ ဒီလို ဝတ်စားတာမျိုးကရိုးနေပြီဆိုပေမဲ့ တော်ရုံယောက်ျားကတော့ မြင်ရုံနဲ့ စိတ်ဖောက်ပြားမိလေမလားပဲ။ "ပိုးအိနဲ့ရော အဆင်ပြေလား မောင်လေး ... သူကနည်းနည်းတော့ ဆိုးချင်တယ်" ပန်းသွေးချယ်ရဲ့စကားကြောင့် ဟန်နေထူး ဖျတ်ခနဲတစ်ချက်ငဲ့ကြည့်လိုက်ပြီး " သူနဲ့ကျွန်တော် ဘာမှမဆိုင်ပါဘူး အစ်မ .." "ဟင် ..ဟုတ်လား ..သူကတော့ ချစ်သူတွေလိုလိုပြောထားလို့ပါ ဆောရီးနော် မောင်လေး " ပန်းသွေးချယ် အံ့ဩဟန်လေးနဲ့ ပြန်ပြောလိုက်ရင်း ရင်ထဲမှာ ကြိတ်ပြီးဝမ်းသာသွားမိတယ်။ "အဲ့ဒီကိစ္စကို ကျွန်တော်သူနဲ့ ရှင်းအုံးမှာပါ ..အမေ့သူငယ်ချင်းရဲ့ သမီးမို့ ခေါ်ခေါ် ပြောပြောရှိခဲ့ပါတယ်... ပြီးတော့ ကျွန်တော့်မှာ ချစ်သူရှိတယ် " ဟန်နေထူးရဲ့စကားကြောင့် ပန်းသွေးချယ်လက်သီးကို မသိမသာဆုပ်လိုက်မိပြီး " ဟုတ်လား ...ကြည့်ရတာ ညီမလေးပိုးအိက တစ်ဖက်သတ်ဖြစ်နေမိတာထင်တယ် " ဟန်နေထူးစကားတွေ ဆက်မပြောတော့ဘဲ နှုတ်ဆိတ်ကာ ကားကိုပဲ အာရုံစိုက်မောင်းနေလိုက်တယ်။ ~~~~~ " ဒီဆိုင်ဖွင့်ရင် ကိုယ်သိပ်အားမှာမဟုတ်တော့ဘူး ..ဘယ်အချိန် လာတွေ့လို့ရမလဲဟင် " "ဘယ်လိုဖြစ်နေတာလဲ ..ဟိုမှာ လှမ်းကြည့်နေတာ မတွေ့ဘူးလား " အလုပ်လုပ်နေတဲ့နောက်ကို တကောက်ကောက်လိုက်ပြီး စကားတွေပြောနေတဲ့ ဟန်နေထူးကို မြယွန်းမီခပ်တိုးတိုးလေး ငေါက်လိုက်တယ်။နောက်နှစ်ရက် နေရင်အလုပ်ကအချောထည်အပ်ရတော့မှာမို့ ပြင်ဆင်တဲ့အပိုင်းတွေကအားလုံးပြီးနေပြီ။လိုအပ်တာလေးနည်းနည်းပါးပါးပြင်ဆင်ရုံမို့ အကူဝန်ထမ်းတောင်နှစ်ယောက်ပဲ ပါလာတော့တာ။ "ဒါပြီးရင်ဘယ်မှာဆင်းရမှာလဲ ..နယ်တော့မသွားရဘူး မဟုတ်လားဟင် ..ဖြေအုံးကွာ " မျက်နှာငယ်လေးနဲ့ လိုက်မေးနေတဲ့ ဟန်နေထူးကိုကြည့်ပြီး မြ ယွန်းမီတင်းမထားနိုင်တော့ဘဲ "နယ်မသွားရပါဘူး ....မြို့ထဲမှာပဲ လုပ်ရမှာ..." "ဟူး .. တော်ပါသေးရဲ့ကွာ ... ဟိုချာတိတ်က နယ်တွေလဲသွားရတယ်ပြောလို့ ကိုယ့်မှာလန့်နေမိတာ ... အလုပ်နဲ့ အဆောင်ကို ကိုယ်အကြိုအပို့လုပ်ပေးလို့ရလားဟင် " မြယွန်းမီးခေါင်းလေးကို ခါယမ်းလိုက်ပြီး "မရဘူးလေ ... အလုပ်ကကြိုပို့နေတယ်လေ... တော်ကြာသူများအမြင်ကပ်လိမ့်မယ် " "ဟာကွာ ...ဒါဆိုဘယ်အချိန်တွေ့ရမှာလဲ ပြောအုံး...မင်းမကြိုက်တာတွေလဲ ကိုယ်အကုန်လိုက်နာတယ်နော် ယွန်းလေး ... မတွေ့ရလို့တော့မဖြစ်ဘူး " ကလေးဆိုးကြီးလို့ ဘေးနားက တဂျီဂျီလုပ်နေတဲ့သူ့ကို မြယွန်းမီမျက်စောင်းခဲလိုက်ပြီး "ပိတ်ရက်တွေ တွေ့မယ်ဟုတ်ပြီလား .... တစ်နေကုန်တော့တွေ့လို့မရဘူးနော် ... အိမ်ပြန်ပြီးအမေ့ကိုလဲ သွားတွေ့ရသေးလို့ '' " ဟုတ်ကဲ့ပါဗျာ ... သခင်မလေး အမိန့်အတိုင်းပါပဲ " ပြုံးစစမျက်နှာနဲ့ ပြောလာတဲ့ ဟန်နေထူးကိုကြည့်ပြီး မြယွန်းမီပြုံးလိုက်မိတယ်။သူမရဲ့အေးစက်စက်နှလုံးသားကို အရည်ပျော်အောင်လုပ်နိုင်တဲ့ ဒီလူသားက သူမဆီကချစ်အဖြေကိုလဲရအောင်တောင်းနိုင်ပြီး သူမကိုလဲ ပြုံးရယ်လာအောင်လုပ်နိုင်စွမ်းရှိသော ယောကျာ်းတစ်ယောက်ပါ ပင် ။ဒါတင်မကသေးဘဲ အစ်ကို ဖြစ်သူနဲ့ပါ စစ်ပြေငြိမ်းရေးအတွက်ဆောင်ရွက်နေသူလဲဖြစ်တယ်။ "ယွန်း ဒီတစ်ခေါက်အိမ်ပြန်ရင် ကိုလင်းနဲ့လဲစကားပြောလိုက်ပါလားကွာ ..ကိုလင်းကိုကြည့်ရတာ ယွန်းကိုချစ်ပုံပါပဲ ... ကြည့်ရတာရည်းစားထားမယ်ဆိုရင်တောင် ယွန်းနဲ့ ပြန်ပြေလည်ပြီးမှထားမဲ့ပုံပဲ...မိုးစက်တစ်ယောက်တော့ ဆွေးပြီပဲ " " ဟင် ဟုတ်လို့လား " မြယွန်းမီအံ့ဩပြီးဟန်နေထူးဘက်ကိုလှည့်မေးလိုက်မိတယ် ။ ဟန်နေထူးက မြယွန်းမီရဲ့ မျက်နှာလေးကိုစိုက်ကြည့်နေရင်း " တကယ်ပြောတာပေါ့ ယွန်းရဲ့... ဘာပဲဖြစ်ဖြစ်ကွာ ယွန်းဘက်က နည်းနည်းလျှော့လိုက်ပါလားကွာ " မြယွန်းမီသက်ပြင်းချလိုက်မိပြီး မိုးစက်မျက်နှာကို မြင်ယောင်လိုက်မိတယ်။မိုးစက်နဲ့ သူမကြားမှာ အလုပ်ကိစ္စအပြင်ကိစ္စတွေကိုပြောလေ့ရှိပေမဲ့ အစ်ကိုဖြစ်သူနဲ့ ပတ်သက်ပြီး မပြောကြေးလို့ သူမဘက်ကပဲ အရင်ပြောထားခဲ့တာ။ ဒါကြောင့်လဲ မိုးစက်ကသူ့အချစ်ရေးကိစ္စကို ဘယ်တော့မှ ထက်မပြောတော့တာကြာခဲ့ပါပြီ။ ~~~~ "မိုးစက် မင်းနဲ့ တို့အစ်ကိုရဲ့အခြေအနေက ဘယ်လိုလဲဟင် " မမေးစဖူးမေးလိုက်တဲ့ မြယွန်းမီကြောင့် မေမိုးစက်အံ့သြသွားမိသလို ခေါင်းလေးကိုခပ်ဖြည်းဖြည်းခါယမ်းပြလိုက်တယ်။

ပြောရင်းကနေ ခုံပေါ်ကနေ ယိုင်လဲမလိုဖြစ်သွားရတဲ့ မေမိုးစက်ကို လင်းမြတ်ဇင်မှာအမြန်ဖမ်းထိန်လိုက်ရတယ်။ " ခေါင်းအရမ်းမူးနေလား ...ကောင်တာနောက်မှာ ခဏလာထိုင်လိုက် ... မင်းရဲ့ဖုန်းပေး ညီမလေးယွန်းကိုလှမ်းခေါ်လိုက်မယ် " မေမိုးစက်ခေါင်းတွေ မူးနောက်လာတာကြောင့် စကားပင် ကောင်းကောင်းပြန်မဖြေနိုင်တော့ ။ လင်းမြတ်ဇင်မှာ သူ့မကိုလက်တစ်ဖက်က ပွေ့ခေါ်လာခဲ့ရင်း ကောင်တာနောက်က နောက်မှီခုံမှာထိုင်ခိုင်းလိုက်ရတယ်။ "သံပုရာသီးလေးရှူထားလိုက်အုံး ..ညီမလေးလာမှဆေးခန်းသွားလိုက်နော် " "ဟုတ်..ဟုတ်ကဲ့ " လင်းမြတ်ဇင်ချက်ပြုတ် နေရင်းမှ မေမိုးစက်ကို လှမ်းကြည့်ပြီး သက်ပြင်းမောတွေသာ ချနေမိတယ်။ ~~~~~ မျက်လုံးအစုံကိုမှိတ်ကာ ခုံပေါ်မှာမှီထိုင်နေတဲ့ မေမိုးစက်ကို ကြည့်ပြီး မြယွန်းမီစိတ်မကောင်းဖြစ်သွားမိတယ်။သူ့ခမျာ မိန်းမ တန်မဲ့ ဆိုက်ဆိုက်လာနေရတဲ့ အဖြစ်။ မြယွန်းမီကိုတွေ့တော့ အစ်ကိုဖြစ်သူက အနားကို လျှောက်လာခဲ့ပြီး " ညီမလေးအတွက် ဟင်းတွေ ထည့်ပေးထားတယ် ယူသွားလိုက်နော် ... သူ့အတွက်လဲ ထည့်ပေးထားတယ် ... နောက်ရက်တွေ သူ့ကိုမလာခိုင်းနဲ့တော့ ..." စကားသံခပ်တိုးတိုးနဲ့ ပြောလာတဲ့ အစ်ကိုဖြစ်သူကို မြယွန်းမီ အကဲခတ်ကြည့်လိုက်မိတယ်။ပုံစံက အေးဆေးတည်ငြိမ်နေပြီး မေမိုးစက်ကို ကြည့်တဲ့အကြည့်တွေက မရိုးသားခြင်းတွေမပါ။ သူတို့ကြားထဲမှာ မြယွန်းမီဝင်မရှုပ်လိုပါ။မေမိုးစက်ကိုခေါ်ပြီး ဆိုင်ထဲကထွက်ခဲ့လိုက်တယ်။လင်းမြတ်ဇင်ကလဲ မေမိုးစက်ကိုကူတွဲကာ ဆိုင်ရှေ့မှာရပ်ထားတဲ့ အငှါးကားပေါ် ထိလိုက်တင်ပေးခဲ့တယ်။ ~~~~ "ကျွန်တော်ရှင်းရှင်းပဲပြောမယ် အမေ ...ပိုးအိကို သူငယ်ချင်းအဖြစ်နဲ့တောင် မပတ်သက်ချင်ဘူး ... သူ့အကျင့်ကို ကျွန်တော် မကြိုက်ဘူး .. သူ့က မသိရင်သူနဲ့ကျွန်တော်ကပဲချစ်သူတွေဖြစ်နေတဲ့ပုံစံမျိုးသတင်းတွေ လွှင့်နေတာ...ရှေ့လျှောက် အမေ့မျက်နှာကိုထောက်ပြီး ခေါ်ပြောတာမျိုးတွေလဲ မလုပ်တော့ဘူး " "သားရယ် ..အဲ့ဒါက ပိုးအိလေးက သားကိုချစ်လို့ပါကွယ် " ဒေါ်ထူးထူးမော်က ပြေရာပြေကြောင်းပြောလိုက်တယ်။ "ဘာချစ်တာလဲ အမေရာ ..အချစ်ဆိုတာတစ်ဖက်သတ်ချစ်လို့မရဘူး...သူ့ဟာက သူနဲ့ကျွန်တော် ဘာမှမပတ်သက်သေးဘူး ...ဆိုင်လာပြီး ကျွန်တော့်ဝန်ထမ်းတွေကို အထက်စီးကဆက်ဆံတာ ... သူ့ပုံစံက ကျွန်တော့်ရဲ့ချစ်သူလိုလို ဘာလိုလိုပေါ့ ... အဲ့ဒီလိုပုံစံတွေကိုလဲ ကျွန်တော်အရမ်းမုန်းတာအမေသိရဲ့သားနဲ့ ...အမေ့ဘာသာ သူ့ကိုချစ်ချစ်မချစ်ချစ်ကျွန်တော်ဘာမှမပြောပါဘူး .... ဒါပေမဲ့ ကျွန်တော်နဲ့တော့ လာမနွယ်စေနဲ့နော် " " " အင်းပါ ...အမေလဲ သူ့ကို သတိပေးလိုက်ပါ့မယ် " သာဖြစ်သူ ဘက်ကမှန်နေတာမို့ ဒေါ်ထူးထူးမော်ဘက်က စိတ်ကို တထစ်လျှော့ချလိုက်ရတယ်။ ~~~~~ "ဘုက်" "ဟာ " " အို ...အမယ်လေး " ထောင့်ချိုးအကွေ့မှာ ဟန်နေထူးတစ်စုံတစ်ယောက်နဲ့ဝင်တိုက်လိုက်မိပြီး တစ်ဖက်လူမှာပစ္စည်းတွေတခြားလူတတခြားနဲ့ လဲကျသွားရတာမို့ ဟန်နေထူးအမြန်အဆန်တောင်းပန်လိုက်ရတယ်။ "ဟာ .. ဆောရီးပါဗျာ ...ဘာများဖြစ်သွားသေးလဲ ...ဟင် မပန်း သွေးချယ်လား" တစ်ဖက်မှလဲကျသွားသူမှာ ပိုးအိရဲ့အစ်မဝမ်းကွဲတော်စပ်သူ့ ပန်းသွေးချယ်ဆိုတဲ့အမျိုးသမီးဖြစ်နေတာမို့ ဟန်နေထူးအံ့ဩသွားရတယ်။ "ဪ ..ဘယ်သူများလဲလို့ ကိုထူးပါလား ..ရတယ်...ရတယ် မချယ်ဘာမှမဖြစ်ပါဘူး ...ဒါ ..ဒါပေမေ့ ဟို..ဟိုလေဖိနပ်တော့ပြတ်သွားတယ်ကွယ် " " ဟာ ..ဟုတ်လား ..အားနာလိုက်တာ အစ်မရယ် ...ဟိုနားမှာဆိုင်ရှိပါတယ် ....ကျွန်တော်ဝယ်ပေးပါ့မယ် " ဟန်နေထူးက ပြုတ်ကျသွားတဲ့ ပစ္စည်းတွေကိုလိုက်ကောက် ပေးပြီး ပြောလိုက်တယ်။ပန်းသွေးချယ်ကလဲနေရာမှပြန်ထလိုက် တယ်။ "အ ..အမေ့ " ပန်းသွေးချယ်တစ်ယောက်လဲနေရာကအထမှာ ခြေထောက်မထောက်နိုင်တာမို့ ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး ဟန်နေထူးကို ဖမ်းဆွဲလိုက်တယ်။ ဟန်နေထူးလဲ အယောင်ယောင်အမှားမှားနဲ့ ပြန်ဖမ်းဆွဲလိုက်တာမို့ နှစ်ယောက်သားမှာ ပူးပူးကပ်ကပ်ဖြစ်သွားရတယ်။ ကံကောင်းတာက ဟန်နေထူးက ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားတာမို့ ပတ်ဝန်းကျင်းကလူတွေက ဟန်နေထူးမှန်းမသိတာ ကံကောင်းသွားတယ်။ "ဆော...ဆောရီးနော်မောင်လေး... မချယ်ခြေထောက်အရမ်းနာသွားလို့ပါ ..." ပန်းသွေးချယ်က ဟန်နေထူးရဲ့လက်မောင်းတစ်ဖက်ကို မလွှတ်ပေးသေးဘဲ ခပ်တင်းတင်းဆုပ်ကိုင်ထားရင်းက ပြောလိုက်တယ်။ "ရပါတယ် အစ်မ...ဖိနပ်ဆိုင်ကိုအရင်လိုက်ပို့ပေးပါ့မယ် ..ဒါနဲ့ အစ်မ မှာကားမပါရင်...ကျွန်တော်ကားငှါးပေးလိုက်ပါ့မယ် " ဟန်နေထူးက ဟန်မပျက်ပြန်ပြောလိုက်ပြီး သူ့လက်ကို ဆုပ်ကိုင်ကာ သူ့ကိုမှီတွဲထားတဲ့ ပန်းသွေးချယ်ကို ထိန်းတွဲရင်း ဖိနပ်ဆိုင်ဆီကိုလျှောက်သွားလိုက်တယ်။ ပန်းသွေးချယ်တစ်ယောက် ဟန်နေထူးရဲ့လက်မောင်းကို မှီတွယ်လျှောက်နေရင်းမှတစ်ချက်တစ်ချက်မှာ ဟန်နေထူးဘက်ကို သူမရဲ့ကိုယ်လုံးအိအိလေးနဲ့ မသိမသာတွန်းတိုက်လိုက်တယ်။ဖိနပ်ဆိုင်ထဲရောက်တော့လဲ ဘေးနားမှာထိုင်နေတဲ့ဟန်နေထူးကို ကြည့်ပြီး ပန်းသွေးချယ်ရင်ထဲကျေနပ်နေမိတယ်။ ~~~~~~~

မြယွန်းမီတံခါးကိုခေါက်ကြည့်လိုက်တယ်။ " ဒေါက် .. ဒေါက် " "မိုးစက် ...မိုးစက်အိပ်နေတာလား ..နေမကောင်းဘူးလား " မြယွန်းမီရဲ့ခေါ်သံမဆုံးခင်မှာ အခန်းထဲကခြေသံနဲ့အတူ အခန်းတံခါးပွင့်လာခဲ့တယ်။အခန်းဝမှာ ဆံပင်ဖိုးရိုးဖားရား၊မို့အစ်နေတဲ့မျက်နှာနဲ့ မေမိုးစက်ကို တွေ့လိုက်ရတာမို့ မြယွန်းမီအထိတ်တလန့်နဲ့ မေးလိုက်မိတယ်။ "မိုးစက် ဘာဖြစ်တာလဲ..ဘာပြသနာဖြစ်လို့လဲ ... ဆိုင်ကိုညနေတိုင်းသွားတယ်မဟုတ်လား ..... ဆိုင်မှာ ဘာဖြစ်လာတာလဲ ...တို့အမေ က ဘာပြောလိုက်လို့လဲ " "ယွန်း ..ယွန်းရယ်...အဟင့်..ဟင့် " မေးလိုက်ကာမှ ရှိုက်ကြီးတငင်ငိုချလိုက်တဲ့ မေမိုးစက်ကြောင့် မြယွန်းမီရင်ထဲပူပန်သွားရတော့တယ်။ ~~~~~~ သူကြုံခဲ့ရတဲ့ အဖြစ်ကို မျက်ရည်တွေနဲ့ပြောပြနေတဲ့ မေမိုးစက်ရဲ့စကားအဆုံးမှာ မြယွန်းမီ သက်ပြင်းတွေချလိုက်မိတယ်။ "မိုးစက်သိချင်တယ်ဆိုရင် ဒီအဖြစ်အပျက်တွေကို တို့အကုန်ပြောပြပါ့မယ် ... တို့အစ်ကိုပြောတာအမှန်တွေပါပဲ ...ဒါပေမဲ့ အပြည့်အစုံတော့မဟုတ်ဘူးပေါ့ ....သူကရည်စားမရခင်အချိန်ထိ သိပ်ဆိုးတဲ့လူတစ်ယောက်တော့မဟုတ်ခဲ့ပါဘူး ...အမေကအလိုလိုက်ထားလို့ အိမ်မှာဗိုလ်ကျချင်တာမျိုးတော့ ရှိခဲ့တယ် ... ဒါပေမဲ့ ပန်းသွေးချယ်ဆိုတဲ့ မိန်းမ နဲ့ တွေ့ပြီးတဲ့နောက်မှာ... အဲ့ဒီမိန်းမကိုပံ့ပုံးဖို့အတွက်... တို့ရဲ့ကျောင်းစရိတ်တောင်ချမ်းသာမပေးခဲ့ဘူး ...အဲ့ဒီမိန်းမကရှုပ်မှန်းသိလို့ တို့ကတားခဲ့တော့ တို့ကိုရန်လုပ်ခဲ့တယ်...အမေနဲ့လဲ ပြဿနာတွေ ဖြစ်တာပေါ့ ...ဒီလိုကနေ အဲ့ဒီမိန်းမသိပ်ရှုပ်မှန်းကို သူကိုယ်တိုင်သိသွားပြီး အဆက်အသွယ်ဖြတ်လိုက်တယ်...အဲ့ဒီမှာ ဟိုဘက်ကတရားစွဲတာပဲ ... နှစ်ဘက်အပြန်အလှန်တရားစွဲကြရင်း တို့ဘက်ကနိုင်သွားပါတယ်... ပန်းသွေးချယ်နဲ့ ရှုပ်ခဲ့တဲ့ကောင်တွေက ... သူတို့ကိုယ်တိုင်ရိုက်ထားတဲ့ အိပ်ရာပေါ်က ဗီဒီယိုဖိုင်တွေကို တို့ အမေကိုငွေနဲ့ရောင်းစားခဲ့ကြတယ်လေ ...အဲ့ဒီဗီဒီယိုဖိုင်တွေကြောင့် သူတို့လဲအရှက်ကွဲခဲ့ရတာပေါ့ " မြယွန်းမီ ပြောနေတာကို နားထောင်နေရင်းမှ မေမိုးစက်မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး "တို့လေ မရှက်တော့ပါဘူးယွန်းရယ် ..သူကိုမြင်လိုက်လိုက်တာနဲ့ ချစ်သွားခဲ့မိတာ ... စတွေ့တွေ့ချင်းတုန်းက ယွန်းရဲ့ချစ်သူထင်ပြီး ကြိတ်ငိုခဲ့ရသေးတယ် .. ယွန်းရဲ့ အစ်ကိုဆိုတာကို သိလိုက်ရတော့ သိပ်ပျော်သွားခဲ့တယ်...ဘာပဲဖြစ်ဖြစ် မိုးစက်ကြိုးစားကြည့်ချင်တယ် " မေမိုးစက်ရဲ့ ဝင်းပသွားတဲ့ မျက်နှာလေးကို မြယွန်းမီကြည့်လိုက်ပြီး "တို့အမေကိုတော့ သတိထားပါ ...သူ့သားနဲ့ ပတ်သက်ရင် စိတ်ဒဏ်ရာတွေရှိနေလို့.... မိန်းခလေးတိုင်းကို ပန်းသွေးချယ်လို့ထင်နေလို့ပါ ... ရှင်းရှင်းပြောရရင် သမီးအရင်းဖြစ်တဲ့တို့ကိုတောင် ပန်းသွေးချယ်လိုမိန်းမမျိုးလို့ထင်နေတာလေ ... တို့အမေနဲ့ မတွေ့အောင်တော့ ရှောင်နိုင်သမျှရှောင်ပါ " "အင်းပါ .... စိတ်ချပါယွန်းရဲ့ ..မိုးစက်အခုဗိုက်ဆာနေလို့ တစ်ခုခုသွားစားလိုက်အုံးမယ် " "တို့ဝယ်လာပါတယ် ..အတူစားမယ်လေ " "ဟင့်အင်း ယွန်းပဲစားပါ ...မိုးစက်က ဆိုင်မှာသွားစားမလို့ " ပြောရင်းရေချိုးဖို့ပြင်နေတဲ့ မေမိုးစက်ကိုကြည့်ပြီး မြယွန်းမီ ခေါင်းကို ဖြည်းဖြည်းလေးလေးခါယမ်းလိုက်မိတယ်။ ~~~~~ စားပွဲထိုးကောင်လေး လက်ညှိုးထိုးပြတာကိုကြည့်ပြီးလင်းမြတ်ဇင် ဟူးခနဲသက်ပြင်းချလိုက်မိတယ်။မနေ့ညကပြောလိုက်လို့ မလာတော့ဘူးထင်ထားတာ။ နေ့ခင်းကြီးမှာ ထီးမပါဘာမပါနဲ့ရောက်ချလာပြန်ပြီ။ "ဘာစားမှာတဲ့လဲ .." "ထမင်းတဲ့အစ်ကို .." လင်းမြတ်ဇင်စိတ်ရှုပ်ရှုပ်နဲ့လှမ်းကြည့်လိုက်မိချိန်မှာပဲ သွားတွေပေါ်အောင်ပြုံးပြလာတာမို့ လင်းမြတ်ဇင်အကြည့်ကို ချက်ချင်းလွှဲပစ်လိုက်ရတယ်။ မေမိုးစက်စားပွဲခုံမှာထိုင်နေရင်း လင်းမြတ်ဇင်ရဲ့လှုပ်ရှားမှုတွေကို ငေးမောကြည့်နေမိတယ်။မီးဖိုခန်းနဲ့ကောင်တာကြားမှာ အကာအရံကတစ်ဝက်ပဲရှိလို့ မေမိုးစက်မှာ ကံကောင်းနေရတာ။ မာနကြီးလှတဲ့ ကိုရွှေမင်းသားကတော့ သူမရှိရာဆီကိုတစ်ချက်သာလှမ်းကြည့်ပြီး လှည့်ကိုမကြည့်တော့တာ။ မေမိုးစက်မှာ သူ့ကိုသာလိုက်ကြည့်နေရတယ်။ ညကမအိပ်ထားတဲ့အရှိန်ကြောင့် ခေါင်းတစ်ခုလုံးအုံခဲပြီး မူးနောက်နေတယ်။ ~~~~~~~ " ဟိုတစ်ယောက်ပြန်သွားပြီလား " လင်းမြတ်ဇင် အပြင်ကို လှမ်းမကြည့်ဘဲ အကူကောင်လေးကို မေးလိုက်မိတယ် ။ "မပြန်ဘူးအစ်ကို ရှိတယ် ...သိပ်နေမကောင်းဘူးထင်တယ် ... ခေါင်းကိုလက်နဲ့ နှိပ်နေတာတွေ့တယ်..." ကောင်လေးပြောမှ လင်းမြတ်ဇင် သတိထားပြီးလှမ်းကြည့်လိုက်မိတော့ မျက်နှာလေးရှုံ့မဲ့နေတဲ့သူမကို သတိထားလိုက်မိတယ်။ ~~~~ '' မင်းနေမကောင်းဘူးလား ..နေမကောင်းရင်ပြန်တော့လေ ..ကားငှားပေးလိုက်မယ် " မေမိုးစက်ခေါင်းတွေမူးနောက်နေတဲ့ကြားက လင်းမြတ်ဇင်ရဲ့အသံကိုကြားလိုက်ရတော့ ခေါင်းကိုခါယမ်းပစ်လိုက်ပြီး " ဟင့်အင်း ..ကောင်း ..ကောင်းပါတယ် ကိုလင်း ..ညကအိပ်မပျော်လို့ နည်းနည်းလေး ခေါင်းမူးနေတာ ." "ဟာ...ဟေ့ ..ဟေ့ သတိထားအုံးလေ ..ဒုက္ခပါပဲကွာ "

#ရူးနေတဲ့ကြယ် (အခန်းဆက်ဝတ္ထု ) အပိုင်း (၁၄ ) ****** "ဒီမှာမပိုးအိ... ရှင့်မှာအချိန်တွေ အရမ်းပေါနေပေမဲ့..ကျွန်မမှာ အချိန် အဲ့လောက်မပေါဘူး...ကျွန်မမိဘကိုစောင့်ရှောက်နိုင်ဖို့ အလုပ်လုပ်ရအုံးမယ်... အချစ်က လူတစ်ယောက်အတွက် အရေးပါတယ်ဆိုပေမဲ့ .. ကိုယ့်ချစ်သူရဲ့စာရိတ္တဖောက်ပြားမှုအတွက် တစ်ခြားတစ်ယောက်နဲ့ ရန်ဖြစ်ပြီး လုယူနေရမဲ့အလုပ်မျိုးကိုသိက္ခာကျခံပြီး ကျွန်မ မလုပ်ဘူး... ကိုယ့်အဆင့်အနေအထားနဲ့ လွတ်လွတ်လပ်လပ်ယောကျာ်းကို ရှာလို့ရတယ်... ကိုယ်ကဆိုရှယ်မီဒီယာပေါ်မှာ လူသိများတယ်ဆိုတိုင်း တစ်ခြားသူအကြောင်းကို ဖွဖို့မစဉ်းစားနဲ့ ..လိုတာထက်ပိုနေရင်း ဥပဒေကမနေဘူးဆိုတာသိထားပါ ... ပြီးတော့လေ ချစ်သူဆိုတာသူချစ်ကိုယ်ချစ်နှစ်ယောက်လုံးချစ်နေကြတာကိုမှ ချစ်သူလို့ခေါ်တာပါ .... နောက်နောင် ကျွန်မကိုဘာကိစ္စနဲ့မှ လာမပတ်သက်ပါနဲ့ ..ပြန်ခွင့်ပြုပါအုံး " ပြောပြီးတာနဲ့ မြယွန်းမီ ထပြန်လာခဲ့လိုက်တယ်။ပိတ်ရက်လေးမှာတောင် အေးအေးဆေးဆေး အပြင်ထွက်ခွင့်မရတဲ့အဖြစ်ကို စိတ်ပျက်မိသလို ဟန်နေထူးကိုလဲ စိတ်တိုသလိုဖြစ်သွားမိတာမို့ ဖုန်းခေါ်ပစ်လိုက်တယ်။ ~~~~~ ဦးထုပ်ကြီးကိုဆောင်းပြီး နေကာမျက်မှန်အမည်းကြီးတပ်ပြီး ရောက်လာတဲ့ဟန်နေထူးကို ကြည့်ပြီး မြယွန်မီ ပိုပြီးစိတ်ရှုပ်သွားရတယ်။ သူဒီလိုလုပ်လာကာမှ လူပိုကြည့်ပြီးမှတ်မိလွယ်တာကိုလဲသိပုံမရ။ဆိုင်ထဲကို ဝင်ဖို့ ဟန်ပြင်နေတဲ့ သူ့ကို မြယွန်းမီဆောင့်ဆွဲပစ်လိုက်ပြီး " ရှင်ဒီလိုလုပ်လာမှ ပိုသိသာတာသိရဲ့လား ..တော်ပြီ ကားပေါ်မှာပဲပြောတော့မယ်... လမ်းရှင်းတဲ့နေရာမှာပဲကားလျှောက်မောင်းတော့ " မျက်နှာကိုကြည့်ကာ မျက်စောင်းထိုးပြီး ပြောသွားတဲ့ မြယွန်းမီရဲ့နောက်ကို ခပ်လှမ်းလှမ်းကနေ ဟန်နေထူးလိုက်လာခဲ့ရင်း ပြုံးလိုက်မိတယ်။အရင်ကဆို အပြင်ထွက်တဲ့အခါတိုင်း လာနှုတ်ဆက်တဲ့သူ.မရှိရင် စိတ်ညစ်တတ်တဲ့ကောင်က အခုတော့ တစ်ယောက်ယောက်လာနှုတ်ဆက်မှာကို စိုးရိမ်ပူပန်နေရတဲ့အဖြစ်။အလုပ်ကို ချက်ချင်းစွန့်လွှတ်ဖို့ မဖြစ်နိုင်သေးပေမဲ့ လက်ခံထားတဲ့ ကြော်ငြာတွေရိုက်ကူးပြီးရင်တော့ ဆယ်လီဆိုတဲ့ ဘ၀ကနေရုန်းထွက်ဖို့ ဆုံးဖြတ်လိုက်ရခြင်းက သူမလေးကိုချစ်တဲ့စိတ်တစ်ခုတည်းကြောင့်သာဖြစ်တယ်။ သူမနှုတ်ကနေဖွင့်ပြောခြင်းမရှိပေမဲ့ ကိုယ့်နားကိုလူတွေဝိုင်းအုံလာရင် မျက်လုံးစိမ်းကြီးတွေနဲ့ လှမ်းကြည့်တတ်တာကို သတိထားမိချိန်ကစလို့ ကိုယ့်ဘက်က အလိုလိုကိုဆင်ခြင်လာမိတာလဲ အံ့ဩစရာတော့ကောင်းလှတယ်။ ~~~~ " ခုနပဲ ပိုးအိဆိုတဲ့တစ်ယောက်နဲ့တွေ့ခဲ့သေးတယ်... ဈေးလေးထွက်ဝယ်တာကို ဘယ်လိုသိပြီး လိုက်လာလဲမသိဘူး ... ကျွန်မအဲ့ဒါမျိုးတွေမဖြေရှင်းချင်ဘူး...ပြီးတော့လိုင်းပေါ်မှာ သတင်းထက် ပျံ့ကြည့်ပါလား ...အမေကအရင်လို ငြိမ်နေမှာမဟုတ်ဘူး ..." "ပိုးအိက ယွန်းကိုလာတွေ့တယ်ဟုတ်လား ..သူဘာတွေပြောသွားသေးလဲ ...ကိုယ်တောင်းပန်ပါတယ်ကွာ .. ကိုယ်နဲ့ သူကခင်ခင်မင်မင်မင်နေကြသူတွေတောင် မဟုတ်ပါဘူး ...ဒီကိစ္စက ကိုယ့်သိက္ခာကိုလဲထိခိုက်လို့ အမြန်ဆုံးဖြေရှင်းမှဖြစ်မယ် " ဟန်နေထူးတောင်းပန်နေတာကိုကြည့်ပြီး မြယွန်းမီလေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်မိတယ်။ "ရှင့်ကို အဖြေတောင်မပေးရသေးဘူး ...ဒီလိုတွေကြုံနေရတော့ စိတ်ညစ်တယ် ....ကျွန်မလေဘ၀ကို အေးအေးချမ်းချမ်းပဲနေချင်တာ .. ဒီလိုကိစ္စတွေကို မဖြေရှင်းချင်ဘူး " " ကိုယ်တောင်းပန်ပါတယ်ကွာ....နောက်မဖြစ်စေရပါဘူး ...." မျက်နှာငယ်လေးနဲ့ တောင်းပန်နေတဲ့ ဟန်နေထူးကိုကြည့်ပြီး မြယွန်းမီကားကူရှင်ကို မှီချလိုက်မိပြီး စကားလမ်းကြောင်းကိုလွှဲပစ်လိုက်တယ်။ " ဆိုင်မှာကြော်ငြာရိုက်တာရော အဆင်ပြေလား ...အမေကရှင့်ကို ဘာပြောသေးလဲ " "ပြေပါတယ် ....အန်တီနဲ့က ခဏပဲ ဆုံလိုက်ရတာပါ ... ဘာမှတော့ မပြောဘူး..." "ဘာမှမပြောတော့ တော်သေးတာပေါ့ ... ရှင်ဘယ်သွားစရာရှိသေးလဲ .. ကျွန်မပြန်တော့မယ် ကားမှတ်တိုင်မှာပဲချပေးခဲ့ပါ " " ဟာ..မဟုတ်တာ ..အဆောင်နားထိလိုက်ပို့ပေးမယ် ... အထုပ်တွေ နဲ့ လိုင်းကားစီးလို့ အဆင်မပြေပါဘူး " ဟန်နေးထူးပြောလိုက်တော့ မြယွန်းမီက မငြင်းဘဲခေါင်းငြိမ့်ပြလိုက်တယ်။ဟန်နေထူးမှာ ရှေ့ဆက်ရမဲ့စကားတစ်ခွန်းအတွက် မဝံ့မရဲဖြစ်နေပြီးမှ အရဲစွန့်ကာ ပြောလိုက်မိတယ်။ "ယွန်း ကိုယ့်ကိုအဖြေမပေးသေးဘူးလားဟင် " ဟန်နေထူးရဲ့ခပ်တိုးတိုးအသံကြောင့် မြယွန်းမီဖျတ်ခနဲမော့ကြည့်လိုက်ပြီး "ရှင့်ကိုစောင့်ကြည့်အုံးမယ်လို့ ပြောထားတယ်လေ .....ပြီးတော့ ပိုးအိလိုဇာတ်လမ်းမျိုးတွေလဲ နောက်ထပ်မကြားချင်ဘူး .." ပြင်းထန်လှတဲ့ ရာဇသံကြောင့် ဟန်နေထူးခေါင်းငြိမ့်ပြပြီး နှုတ်ပိတ်ကာ ကားကိုမောင်းခဲ့ရတယ်။ ~~~~~~ တနင်္ဂနွေပိတ်ရက်ဆိုပေမဲ့ အဆောင်တစ်ခုလုံးမှာ လူမရှိဘဲတိတ်ဆိတ်နေတယ်။ကိုယ့်သော့နဲ့ ကိုယ်မို့ တိုက်တံခါးကိုဖွင့်ပြီးဝင်ခဲ့လိုက်တယ်။ဈေးဝယ်လာတဲ့ အထုပ်ကို မီးဖိုခန်းထဲမှာသွားထားလိုက်ပြီး မေမိုးစက်ရဲ့အခန်းကို ကြည့်လိုက်မိတယ်။အခန်းက အပြင်ကသော့ခတ်မထားတာမို့ မေမိုးစက်တစ်ယောက် အခန်းထဲမှာရှိပုံရတယ်။သို့ပေမဲ့ အခန်းက လူမရှိသလို တိတ်ဆိတ်နေတာမို့

လင်းမြတ်ဇင်ရင်မောလာမိတယ်။မိခင်ဖြစ်သူက ဆိုင်ဖွင့်ပွဲပြီးကတည်းက ဆိုင်ကိုသိပ်လာလေ့ မရှိတော့တာမို့ မဆုံဖြစ်ကြသေးပေမဲ့ တစ်နေ့နေ့ဆုံသွားခဲ့မှာကို စိတ်ထဲပူနေမိတယ်။ မေမိုးစက်ခေါက်ဆွဲကြော်တစ်ပွဲကို အချိန်ဆွဲစားရင်း မျက်ရည်တွေပါကျလာမိတယ်။မိန်းမတန်မဲ့ မိန်းမနောက်ပိုးဖြစ်ရတဲ့ ဘ၀ကတွေးကြည့်ရင်ရှက်ဖို့ကောင်းလှပါတယ်။လင်းမြတ်ဇင်ဆိုတဲ့လူက မေမိုးစက်တစ်ယောက်တည်း ပထမဆုံးရောက်လာတဲ့နေ့ကပဲ နှုတ်ဆက်စကားပြောခဲ့ပြီး နောက်ရက်တွေမှာ အဖက်ပင်မလုပ်တော့ ။မောင်နှမနှစ်ယောက်လုံးအေးစက်စိမ်းကားကြတဲ့နေရာမှာတော့ တစ်ပုံစံတည်းပင်။ တကယ်ဆိုရင်မေမိုးစက်ကို မိန်းခလေးတစ်ယောက်အဖြစ် အသိအမှတ်မပြုရင်တောင်ဖောက်သည်တစ်ယောက်အဖြစ်တော့ ပျူပျူငှာငှာ ဆက်ဆံသင့်တယ်မဟုတ်လား။ဆိုရှယ်မီဒီယာခေတ်ကြီးမှာ အွန်လိုင်းကိုလုံးဝမသုံးကြတဲ့ ဒီမောင်နှမကို ဘယ်လိုနားလည်ပေးပြီး ဘယ်လိုချဉ်းကပ်ရမလဲမသိတော့ ။ဖုန်းနံပတ်လေးရထားလို့ ဆက်ပြန်တော့လဲ စကားသုံးခွန်းမပြည့်ခင် ဖုန်းချပစ်တတ်သူ။ဆိုင်အထိရောက်လာပြန်တော့လဲ အသိအမှတ်ပင်ပြုဖော်မရ။နောက်ဆုံးတော့ ချစ်မိတဲ့မေမိုးစက်မှာသာ အရှက်လဲရ၊ အသည်းလဲကွဲရမလိုပင်။ မေမိုးစက်ပိုက်ဆံအိတ်လေးကိုဖွင့်ပြီး ငွေရှင်းဖို့လှမ်းခေါ်လိုက်တယ်။ ဒီအခါ ငွေရှင်းဖို့အတွက် စားပွဲထိုးလေးမလာဘဲ လင်းမြတ်ဇင်ကိုယ်တိုင်ထလာတာကို မြင်လိုက်ရတော့ မေမိုးစက်ရင်တွေ ဝုန်းဒိုင်းကြဲခုန်လှုပ်သွားရတယ်။သူ့လက်ထဲမှာ ဖျော်ရည်တစ်ခွက် ကိုကိုင်လာပြီး လျှောက်လာပုံက အိမ်မက်ထဲက နတ်သားလေးတစ်ပါးလမ်းလျှောက်လာသလိုပါပင်။အနားကိုရောက်တဲ့အခါ လင်းမြတ်ဇင်က သူ့လက်ထဲက ဖျော် ရည်ခွက်ကို မေမိုးစက်ရှေ့ကိုချပေးလိုက်ပြီး ခပ်တိုးတိုးစကားပြောလိုက်တယ်။ "မပြန်နဲ့အုံး ..ခဏလေးစောင့်ပေးပါလား .... အစ်ကိုလိုက်ပြန်ပို့ပေးမယ် " "ရှင် .. ဟုတ်.... ဟုတ်ကဲ့ " မယုံနိုင်စရာ စကားကို ကြားလို့ရတာမို့ မေမိုးစက်အပျော်လွန်ကာ အသက်ရှပင်ရပ်မလိုဖြစ်သွားရတယ်။လင်းမြတ်ဇင်ကတော့ ပြောပြီးတာနဲ့ ကောင်တာနောက်ထဲပြန်ဝင်သွားခဲ့တယ်။ ~~~~ "ဆိုင်ကပြန်ရင် ..လိုင်းကားစီးပြီး ပြန်တာလား " နှစ်ယောက်သားယှဉ်လျှောက်လာရင်းမှ လင်းမြတ်ဇင် ခပ်တိုးတိုးမေးလိုက်တယ်။ " လိုင်းကားစီးတဲ့အခါလဲစီးတယ် .. ကားငှားစီးတဲ့ အခါလဲစီးတယ် ..(7 ) နာရီကျော်ဆိုတော့ လိုင်းကားတွေ ရှိပါသေးတယ် " မေမိုးစက် မရဲတရဲဖြေလိုက်ရင်း လင်းမြတ်ဇင်ရဲ့မျက်နှာကို ခိုးကြည့်လိုက်မိတယ်။ "မင်းအသက်ဘယ်လောက်ရှိပြီလဲ .. ယွန်းနဲ့တူတူပဲလား " " ဟုတ် ..ယွန်းထက် (၆)လကြီးပါတယ် " "ဟုတ်လား ... အစ်ကို့အသက်က (၂၇) ပြည့်ပြီးပါပြီ ... အစ်ကို့အကြောင်းကို ညီမလေးကပြောဖူးလားတော့ မသိဘူး ... အစ်ကိုအသက်(၂၁)နှစ်အရွယ်မှာ ကာမလိမ်လည်မှုနဲ့တရားစွဲခံခဲ့ရဖူးတယ် ... ရည်းစားဟောင်းကတရားစွဲခဲ့တာပေါ့ " "ရှင် " မေမိုးစက်မျက်လုံးအပြူးသားနဲ့ လင်းမြတ်ဇင်ကိုမော့ကြည့်လိုက်မိတယ်။ "အဲ့ဒီအမှုကြောင့် အဖေထားခဲ့တဲ့ အိမ်နဲ့ ခြံလဲကုန်ခဲ့တယ်လေ... အစ်ကိုငယ်ငယ်တုန်းကအရမ်းဆိုးခဲ့တာ...ညီမလေးယွန်းကိုလဲ အမြဲအနိုင်ကျင့်ပြီး ထိုးကြိတ်ရိုက်နှက်ခဲ့တယ် .. အဲ့ဒါကြောင့်လဲညီမလေးက အစ်ကို့ကိုစိတ်နာနေတာပေါ့ ..." မေမိုးစက် ဘာတစ်ခွန်းမှပြန်မပြောမိဘဲ လင်းမြတ်ဇင်ပြောသမျှကို နားထောင်နေမိတယ်။ "အစ်ကို့အကြောင်းတွေ အကုန်သိချင်ရင် ညီမလေးကိုမေးကြည့်ပါ ...ကိုယ်လိုကောင်နဲ့ ပတ်သက်ရင် ရှက်ဖို့ကောင်းပါတယ် ..နောက်ရက်တွေဆိုင်ကို မလာနဲ့တော့နော်...အခုကားငှါးပေးလိုက်ပါ့မယ် " မေမိုးစက် ဘာပြန်ပြောရမှန်းမသိအောင်ဆွံအသွားမိတယ်။တည်ကြည်တဲ့ပုံစံသွင်ပြင်နဲ့ သူ့အမူအရာက သူမကိုအထင်သေးခြင်းမရှိဘဲသူ့ကိုယ်သူသာ လူယုတ်မာတစ်ယောက်အဖြစ် ပုံဖော်ပြီးဇာတ်လမ်းကိုရပ်တန့်ပစ်လိုက်ဖို့ကြိုးစားပုံက တကယ်သေသပ်လှပပါပေတယ်။ " ဟို ... ဟို ..တစ်ခုလောက်မေးလို့ရမလား..." မေမိုးစက် မဝံ့မရဲနဲ့မေးလိုက်တာမို့ လင်းမြတ်ဇင်လှမ်းလက်စခြေလှမ်းကိုရပ်ပြီး မေမိုးစက်ကိုကြည့်လိုက်တယ်။ " ရည်းစားဟောင်းကို သတိရနေသေးလားဟင် " မေမိုးစက်ရဲ့ အမေးအဆုံးမှာ လင်းမြတ်ဇင်အကြည့်စူးစူး တစ်ချက်နဲ့ မေမိုးစက်ကို စိုက်ကြည့်လိုက်ပြီး '' ရန်ကုန်မြို့ကိုခြေချလိုက်တာက အမေနဲ့ ညီမလေးပေါ်မှာတင်နေတဲ့ မိုက်ပြစ်အကြွေးတွေကိုဆပ်ဖို့ပါ ... ကျန်တာတွေ ဦးနှောက်ထဲမှာ မရှိပါဘူး ..." ကားငှါးပေးခဲ့ပြီး လှည့်ထွက်သွားခဲ့တဲ့ လင်းမြတ်ဇင်ကို မေမိုးစက်ကားနောက်ခန်းကနေ လည်ပြန်ငေးကြည့်နေမိတယ်။မေမိုးစက်ရဲ့ရင်ထဲမှာဟာပြီးနာကျင်နေမိကာ ပါးပြင်ပေါ်ကိုမျက်ရည်တွေစီးကျလာမိတယ်။ ~~~~~~ "မင်းကိုလူလို ပြောနေတာနော် မြယွန်းမီ ... ကိုထူးနဲ့ အနေအထိုင် ဆင်ခြင်ပါ ... မင်းလုပ်ငန်းထဲမှာပါ လုပ်စားလို့မရအောင်အရှက်ခွဲမခံချင်ရင် ကိုထူးနဲ့မပတ်သက်နဲ့ပါနဲ့ " လူနောက်ကိုအတင်းလိုက်လာပြီး သိက္ခာချတဲ့စကားတွေ လာပြောနေတဲ့ ပိုးအိဆိုတဲ့ အမျိုးသမီးကို မြယွန်းမီစိတ်ပျက်စွာ ကြည့်လိုက်မိတယ်။ @@@@@@@@@@@@@@@@@@@@@@@@@@ အပိုင်း (၁၄ ) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

~~~~~~~ ကားပေါ်ကဆင်းလိုက်တာနဲ့ ဟန်နေထူးနားကို မိန်းမချောလေးတွေဝိုင်းအုံလာတာကိုကြည့်ပြီး မြ ယွန်းမီစိတ်ညစ်သွားမိတယ်။အရေးတကြီးကိစ္စကြောင့်သာ မြယွန်းမီနဲ့ဝန်ထမ်းကောင်လေးတစ်ယောက် ဟန်နေထူးနဲ့ လိုက်ခဲ့ရပေမဲ့ ဒီလိုတွေကြုံမှာကို စိပ်ပူခဲ့မိတာ ။စိတ်ပူတဲ့အတိုင်းတကယ်ဖြစ်လာတော့လဲ ဘာတတ်နိုင်မှာတဲ့လဲ။ သူမပါဘဲ့လုပ်လို့ရတဲ့ကိစ္စမဟုတ်လေတော့ ၀န်ထမ်းကောင်လေးနဲ့ ကော်ဖီဆိုင်ထဲဝင်ထိုင်ဖို့ပြင်လိုက်ရတယ်။အရေးထဲ ကိုယ်တော်ချောလေးကလဲ အကြောင်းကိစ္စက ပေါ်လာရသေးတယ်။ "ဟို...အစ်မတစ်ယောက်တည်း ထိုင်လို့ အဆင်ပြေမလား ... ကျွန်တော်သန့်စင်ခန်းခဏသွားချင်လို့ '' "ဪ ..အေး ... သွားလေ ..ပြီးရင်ဒီကိုပဲလာခဲ့ပေါ့..." မြယွန်မီ ကော်ဖီဆိုင်ထဲမှာထိုင်ရင်း မှန်တစ်ချပ်သာခြားထားတဲ့ ဟန်နေထူးကိုလှမ်းကြည့်နေမိတယ်။မိန်းမချောလေးတွေကြားက သူ့အပြုံးတွေကို အဓိပ္ပါယ်မဲ့ငေးကြည့်နေမိတာ။ ဝိုင်းအုံလာတဲ့ ပရိသတ်တွေ ထောင်းပန်ရှောင်ရှားရင်း ဟန်နေထူးနေရာအနှံ့ကို လိုက်ကြည့်လိုက်မိတယ်။ဒီအခါ ကော်ဖီဆိုင်ထဲကနေ သူ့ကိုခပ်ငေးငေးကြည့်နေတဲ့ မြယွန်းမီကို တွေ့လိုက်ရတာမို့ ဦးထုပ်ကိုဆောင်းလိုက်ပြီး လူအုပ်ကြားထဲက အတင်းတိုးထွက်ခဲ့လိုက်တယ်။ ~~~~ " တစ်ယောက်တည်းလား ...ကောင်လေးရော '' ဟန်နေထူးမေးလိုက်ရင်းက မြယွန်းမီဘေးမှာဝင်ထိုင်လိုက်တယ်။ "လာတော့မှာပါ ခဏစောင့်လိုက်ပါအုံး '' သူ့ကိုမော့မကြည့်ဘဲ ဖြေလိုက်တဲ့ မြယွန်းမီကိုကြည့်ပြီး ဟန်နေထူးအသည်းယားသွားမိတာမို့ မြယွန်းမီမျက်နှာကို အနီးကပ်ငုံ့ကြည့်ပစ်လိုက်ပြီး "မင်း ကိုယ့်ကိုရှောင်ဖယ်နေသလိုပဲနော် မြယွန်းမီ ..ဘာဖြစ်လို့လဲ ...ကိုယ်ကဘာတွေများလုပ်မိလို့လဲ " ဟန်နေထူးရဲ့ စကားကြောင့် မြယွန်းမီ ခေါင်းမော့ကြည့်လိုက်ပြီး "ရှင်နဲ့ ကျွန်မကြားမှာ ရှောင်နေစရာကိစ္စလဲမရှိပါဘူး ... ပြီးတော့ ကျွန်မတို့နှစ်ယောက် ရင်းရင်းနှီးနှီးနေစရာအကြောင်းလဲ ရှိမှမရှိတာ...အချိန်တန်လို့အလုပ်တွေ ပြီးသွားရင်ပတ်သက်စရာအကြောင်းမှ မရှိတာ " " ပတ်သက်စရာအကြောင်းမရှိဘူးလို့ ဘယ်သူပြောလဲ....မင်းမပတ်သက်ချင်လဲ ကိုယ်ကလိုက်ပတ်သက်နေအုံးမှာပဲ ...မင်းကို ကိုယ်ချစ်တယ် မြယွန်းမီ " ဟန်နေထူးရဲ့ စကားကြောင့် မြယွန်းမီနှုတ်ခမ်းလေးမဲ့ ကာ ပြုံးလိုက်ပြီး "ကြိုက်တဲ့မိန်းခလေးကို ခေါင်းခေါက်ရွေးလို့ရတဲ့ရှင်တို့လိုလူမျိုးတွေဆီမှာ အချစ်စစ်ရောရှိလို့လား ကိုဟန်နေထူး....ဒါနဲ့ ပိုးအိဆိုတဲ့တစ်ယောက်ကရော ဘယ်ရောက်သွားလို့လဲ " " ပိုးအိဟုတ်လား ...ပိုးအိကဘာဆိုင်လို့လဲ ..သူက ကိုယ့်အမေသူငယ်ချင်းရဲ့သမီးပါ...ကိုယ်နဲ့ ဘာမှမဆိုင်ဘူး.... ကိုယ့်ဘ၀မှာ မင်းတစ်ယောက်တည်းကိုပဲချစ်ဖူးတာ ... ကိုယ်မင်းယုံအောင် မပြောပြတတ်ဘူး .. ကိုယ့်ဘဝမှာ ဒီလိုချစ်စကားပြောဖူးတာ မင်းတစ်ယောက်တည်းပဲရှိတာ " မြယွန်းမီခေါင်းလေးကို ငုံ့ထားရင်းမှ ဟန်နေထူးကို မော့မကြည့်ဘဲ ခပ်တိုးတိုးပြန်ပြောလိုက်တယ်။ "ကျွန်မချစ်သူက ရှင့်လိုနာမည်ကြီးမျိုးမဖြစ်စေရဘူး ... ဒီတိုင်း ဘဝကိုရိုးရိုးကုပ်ကုပ်နဲ့ ဖြတ်သန်းနေတဲ့သူပဲဖြစ်စေရမယ် ... သူနဲ့ကျွန်မဘယ်သွားသွား ဘယ်သူမှလိုက်မကြည့်တဲ့သူမျိုးပေါ့ " မြယွန်းမီရဲ့ စကားအဆုံးမှာ ဟန်နေထူးနှုတ်ခမ်းလေးတစ်ချက်တွန့်ကာပြုံးလိုက်ပြီး " ကိုယ်အဲ့ဒီလိုမျိုးလူဖြစ်ရင် ယွန်း လက်ခံမယ်ဆိုတဲ့သဘောလားဟင် ....ကိုယ် အဲ့ဒါတွေကို စွန့်လွတ်နိုင်ပါတယ် ...အောင်မြင်ကျော်ကြားမှုတွေကိုကိုယ်မမက်မောပါဘူး .... မင်းနဲ့ဆုံပြီး ကတည်းက မင်းကကိုယ့်အတွက် အရေးကြီးဆုံးပါပဲ ... ကိုယ်ပြုပြင်ပါ့မယ် ... မင်းစောင့်နေပေးမလား " အနားနားကပ်ပြီး ခပ်တိုးတိုး ပြောလာတဲ့ဟန်နေထူးကို မြယွန်းမီမော့မကြည့်ရဲဘဲ ခေါင်းမငြိမ့် ခေါင်းမခါဘဲ ငြိမ်သက်နေမိတယ်။ ရှက်ပြီးခေါင်းကြီးငုံ့နေတဲ့ အေးစက်စက်ကောင်မလေးကို ဟန်နေထူး ချစ်စိတ်နဲ့ငေးကြည့်နေမိတယ်။ရိုးရှင်းလှပတဲ့မျက်နှာလေးက အေးတိအေးစက်ကြီးလုပ်မနေဘဲ မပွင့်တပွင့်ပြုံးလိုက်ရင် သိပ်ပြီးချစ်ဖို့ကောင်းလှတယ်။စတွေ့ကတည်းက ကိုယ့်ရင်ဘတ်ပေါ်ချော်လဲခဲ့တဲ့သူမလေးက တဖြည်းဖြည်းနဲ့ နှလုံးသားထဲ အထိရောက်လာတာတော့ အံ့ဩစရာကောင်းလှတယ်။ဘော်ဒါတွေ တရုံးရုံးနဲ့ပျော်နေပြီး ကျော်ကြားမှုတွေနောက်ကိုလိုက်နေခဲ့မိတဲ့ ကိုယ်လိုကောင်ကိုစိုးမိုးထိန်းချုပ်နိုင်တဲ့ ဒီရေခဲတုံးမလေးရဲ့ အစွမ်းက ကြောက်စရာတော့ကောင်းလှတယ်။ "ဘာကြည့်နေတာလဲ ..." ရုတ်တရက်ကြီးမော့ကြည့်လာပြီး မေးလိုက်တဲ့ အေးစက်စက်အသံလေးကြောင့် ဟန်နေထူးလန့်ဖျပ်သွားရပြီး ဘာဖြေလို့ဖြေရမှန်းမသိဖြစ်သွားမိတယ်။ ~~~~ လင်းမြတ်ဇင် မီးဖိုခန်းထဲကနေ အပြင်စားပွဲဝိုင်းကိုမသိမသာ လှမ်းကြည့်လိုက်ရင်း သက်ပြင်းကို ချလိုက်မိတယ်။ကောင်မလေးကတစ်ယောက်တည်းထိုင်ပြီး ခေါက်ဆွဲကြော်ကို အေးအေးဆေးဆေးစားနေတယ် ။စစချင်းရက်တွေတုန်းကတော့ ကိုယ့်ညီမရဲ့ သူငယ်ချင်းမလေးဆိုပြီး လင်းမြတ်ဇင်ရှည်ရှည်ဝေဝေ မတွေးခဲ့မိဘူး။ဒါပေမဲ့ အလုပ်သိမ်းချိန်မှာသူ့ဆိုင်ကို တစ်ယောက်တည်း တကူးတက ရောက်ရောက်လာတာကိုကြည့်ပြီး

" ကျေးဇူးတင်ပါတယ် ငါ့ညီ...ဒါပေမဲ့ အစ်ကိုတို့မျက်နှာတွေတော့မပါစေချင်ဘူး...ဆိုင်ကိုပဲ သီးသန့်ကြော်ငြာပေးမယ်ဆိုရင် လက်ခံပါတယ်...ကြော်ငြာအတွက် ဝန်ဆောင်ခကိုလဲပြောပါ " "မဟုတ်တာ မလိုပါဘူးအစ်ကိုရာ ... ကျွန်တော်တို့ကို ဧည့်ခံကျွေးမွေးတဲ့အတွက် မေတ္တာလက်ဆောင်ပါ ...ရိုက်ကူးရေးကိုတော့နောက်ရက်မှာလာရိုက်ချင်ပါတယ် ..အစ်ကိုတို့ အဆင်ပြေတဲ့အချိန်လာခဲ့ပါ့မယ် " " ကျေးဇူးတင်ပါတယ် ငါ့ညီ ...အစ်ကို့ကိုဖုန်းနံပတ်ပေးခဲ့လေ " ဟန်နေထူးနဲ့လင်းမြတ်ဇင်တို့ စကားပြောနေကြချိန်မှာ ဆိုင်ထဲကတခြားဧည့်သည်တွေက သူတို့နှစ်ယောက်ကို အကဲခတ်ကြည့်နေကြသလို ဒေါ်မြစန္ဒာလဲဟန်နေထူးကို မသိမသာအကဲခတ်နေခဲ့တယ်။ မြယွန်းမီထမင်းကိုသာ ငုံ့စားနေပေမဲ့ မိခင်ဖြစ်သူကို မသိမသာ ကြည့်နေမိတယ်။မိခင်ရဲ့ အကြည့်တွေက မြယွန်းမီတို့ဆိုင်ထဲစ၀င်လာကတည်းက ဟန်နေထူးကိုအကဲခတ်ကြည့်နေတာကို သတိထားမိလိုက်တယ်။မှတ်မိလို့ ကြည့်တာလားဘာလားသေချာမသိပေမဲ့ မှတ်မိသွားရင်ဖြင့် တစ်ခုခုထပြောလိုက်မှာကိုရင်ထဲစိုးထိတ်နေမိတယ်။သူမအနေနဲ့ အစတုန်းကလိုက်လာခဲ့ဖို့ရည်ရွယ်ချက်မရှိပေမဲ့ မေမိုးစက်အတွက်လိုက်လာပေးခဲ့ခြင်းဖြစ်တယ်။မေမိုးစက်တို့ပဲ လွှတ်လိုက်ရင်ဖြင့် သားဖြစ်သူနဲ့ ပတ်သက်ရင် အစိုးရိမ်လွန်နေတဲ့မိခင်က ထင်ရာတွေးနေမှာစိုးလို့ လိုက်လာခဲ့ရခြင်းသာဖြစ်တယ်။ အခုတော့ မိခင်ဖြစ်သူရဲ့စိတ်ဝင်စားက ဟန်နေထူးဆီကိုရောက်နေတော့ ရင်ထဲစိုးထိတ်နေရပြန်တယ်။ မေမိုးစက်ထမင်းစားနေရင်းကနေ လင်းမြတ်ဇင်ကိုမသိမသာ ခိုးကြည့်နေမိတယ်။ စားဖိုမှုဝတ်စုံလေးနဲ့ရှင်းသန့်ကြည့်ကောင်းနေတဲ့သူက အနောက်ဖက်ချက်ပြုတ်တဲ့ အခန်းထဲဝင်သွားလိုက်ပြန်ထွက်လာလိုက်နဲ့ အလုပ်များနေပြီးမေမိုးစက်တို့ကို တစ်ချက်တစ်ချက်တော့ လှမ်းကြည့်ပြီးပြုံးပြရှာတယ်။သူပြုံးပြတဲ့အချိန်ကို မေမိုး စက်ကလဲ အမိအရပြန်ပြုံးပြလိုက်ရင် မသိမသာခေါင်းလေးငုံ့သွား တာကို သတိထားလိုက်မိတယ်။မောင်နှမနှစ်ယောက်လုံးက တူတော့လဲတူကြသား တစ်ယောက်ကအေးတိအေးစက်ဖြစ်ပြီး၊ တစ်ယောက်ကလဲထူးမခြားနားပုံစံမျိုးနဲ့လေ။မိခင်ဖြစ်သူ ဒေါ်မြစန္ဒာကိုကြည့်ရတာတော့ အကြည့်တွေက စူးရှပြီး ထက်မြက်မဲ့ပုံစံမှန်း မေမိုးစက်အကဲခတ်လိုက်မိတယ်။ မေမိုးစက်သက်ပြင်းမောကို မသိမသာချလိုက်မိတယ်။ စားပြီးသောက်ပြီးလို့ အားလုံးပြန်ကြတော့မဲ့ အချိန်မှာ ဒေါ်မြစန္ဒာက သမီးဖြစ်သူကို လက်ဆွဲပြီး လူရှင်းတဲ့နေရာကို ခေါ်သွားလိုက်တယ်။ ~~~~~ "မိယွန်း ...ဟိုဟန်နေထူးဆိုတဲ့ကောင်လေးက နင်နဲ့ သတင်းထွက်တဲ့ ကောင်လေးမဟုတ်လား...ဘယ်လိုဖြစ်ပြီး အတူတူရှိနေရတာလဲ " မိခင်ရဲ့အမေးကြောင့် မြယွန်းမီခေါင်းကို ငြိမ့်ပြလိုက်ပြီး " ဟုတ်ပါတယ် ... အခုသူ့ဆိုင်ကို သမီးတို့ပြင်ဆင်ပေးနေရတာပါ " " ဒါဆို ... ဒီကိစ္စပဲဆိုတာသေချာတယ်နော် ..ညည်း သူ့ကိုတစ်ဖက်သတ်ကြိုက်နေတာဘာညာတော့ မဟုတ်ပါဘူးနော် " " မဟုတ်ပါဘူး ..မကြိုက်ပါဘူး ..ဒါပဲမေးမှာမဟုတ်လား ..သမီးတို့အလုပ်ပြန်ဝင်ရအုံးမယ် ..သွားတော့မယ် " " အင်း ..အင်း ...အမေနဲ့ အစ်ကိုကို အရှက်ရအောင်တော့မလုပ်နဲ့နော်မိယွန်း...ညည်းသာတစ်ခုခုဆိုရင် ငါသေလိမ့်မယ် ... ဘာသတင်းမှလဲ မကြားချင်ဘူးနော် " မိခင်ရဲ့ အမှာစကားတွေကို နားထောင်ပြီး မြယွန်းမီလေးပင်တဲ့ ခြေလှမ်တွေနဲ့ ထွက်လာခဲ့မိတယ်။ ~~~~ အပြန်လမ်းမှာ အသွားတုန်းကထက် ပိုပြီးတိတ်ဆိတ်အေးစက်နေတဲ့မြယွန်းမီးရဲ့မျက်နှာကို ဟန်နေထူး မသိမသာခိုးကြည့်နေမိတယ်။သူ့မှာတော့ မျက်နှာလုပ်ချင်လွန်းလို့ ကြော်ငြာရိုက်ဖို့တွေဘာတွေပြောခဲ့ပြီးပြီ။ ရှေ့ဆက်ဘာတွေဖြစ်မယ်မသိပေမဲ့ သူမရဲ့ မိသားစုနဲ့ အဆင်ပြေအောင်နေဖို့ ကို ဆုံးဖြတ်ထားမိတယ်။ ~~~~~~ "သတင်းထဲက အတိုင်းဆိုရင် မတော်တဆ ဖြစ်ကြတာပဲအမေ ... အကြောင်းမသိဘဲ လူတွေ ပေါက်ကရတွေရေးလို့ သတင်းပျံ့ကုန်တာပါ ..ဒါနဲ့ အမေက ဘာကို စိုးရိမ်လို့လဲ ....ကြော်ငြာရိုက်ဖို့ကိစ္စကို ငြင်းလိုက်ရမှာလား အမေ " လင်းမြတ်ဇင် မိခင်ကိုပြန်မေးလိုက်တယ်။ "ဟင့်အင်း မငြင်းနဲ့ ...သားအဲ့ဒီကောင်လေးနဲ့ ခင်မင်အောင် ပေါင်းပြီး... အခြေအနေကို အကဲခတ်ရမယ်...ကောင်လေးကြည့်ရတာ ချောလဲချော ..နာမည်လဲကြီးတော့ ရှုပ်မှာသေချာတယ် ... မင်းညီမကိုအမေတို့ စောင့်ကြည့်မှရတော့မယ်...အမေ တော့ မင်းညီမကို အိမ်ထောင်ချပေးမလားလို့ ... မင်းတို့ကြီးတော်တွေကိုပဲ နယ်ဘက်ကနေရိုးရိုးအေးအေးတစ်ယောက်လောက် ရှာခိုင်းရမယ် ..." မိခင်ရဲ့စကားကြောင့် လင်းမြတ်ဇင်မျက်လုံးပြူးသွားရပြီး " ဖြစ်ပါ့မလားအမေရယ်.....ညီမလေးကို သူချစ်တဲ့သူနဲ့ပဲ စီစဉ်ပေးလိုက်ပါလား ...ညီမလေးကို လဲအရင် မေးပါအုံး " "အင်း ..မေးတော့မေးမှာပါ...ဒါပေမဲ့ ငါ့သားလဲသိတဲ့အတိုင်းပဲ.. လောကကြီးမှာ လူလည်တွေချည်းပဲလေ ... သားလဲချစ်သူရရင်... အမေ့ကိုအရင်တိုင်ပင်ပါနော် ...သားကိုအမေယုံကြည်ပါရစေ '' "ဟုတ် ..ဟုတ်ကဲ့ပါအမေ '' လင်းမြတ်ဇင် မိခင်ကျေနပ်အောင် ခေါင်းငြိမ့်ပြလိုက်မိတယ်။ သူနဲ့ပတ်သက်ပြီး မိခင်ရဲ့ရင်ထဲမှာ ပူပန်သောကတွေ ရှိနေဆဲပဲဆိုတာကို သိလိုက်ရတာမို့ စိတ်မကောင်းလဲဖြစ်သွားမိတယ်။