ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

الذهاب إلى القناة على Telegram
1 030
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
-1130 أيام
أرشيف المشاركات
#နွေလယ်အိပ်မက် (အခန်းဆက်ဝတ္ထု ) အပိုင်း ( ၁ ) ******* ကြည့်မှန်၏ရှေ့တွင် မပိုးဖြူငူငူငေါင်ငေါင်နှင့်ထိုင်နေသည်။မှန်ထဲတွင်ပေါ်နေသော သုံးဆယ့်ခြောက်နှစ်အရွယ် မိန်းမတစ်ယောက်၏ရုပ်ရည်ရူပကာသည် ရှိရင်းစွဲအသက်ထက်ပို၍ရင့်ရော်နေသည်။နဂိုကောက်လှိုင်းတွန့် ဆံပင်များသည် မညှာမတာ စည်းနှောင်ထားသော ခေါင်းစည်း ကြိုးကွင်း၏အောက်မှ ပို၍ကောက်ကွေးလျက်ရှိကြလေသည်။မျက်ခုံးထူထူ၊ မျက်ဝန်းဝန်းနက်နက်နှင့်နှုတ်ခမ်းပါးပါးလေးများသည် ဆယ်ကျော်သက်အရွယ်တုန်းကလိုတော့ဖြင့် မလှပတော့သည်မှာ မှန်ပါသည်။သို့သော်လည်း အသက်သုံးဆယ် ကျော်စအရွယ်မိန်းမတစ်ယောက်နှင့် ယှဉ်လျှင်တော့ ယှဉ်၍ရအုံးမည်ထင်ပါသည်။ ''တီ..တီ.. တီ .." မှန်တင်ခုံပေါ်တွင် တင်ထားသော ဖုန်းက အသံမြည်လာသည် ။မပိုးဖြူ ဖုန်းကိုကောက်ကိုင်လိုက်သည်။ "ဟယ်လို " " ဖြူဖြူ ... ငါဝေဝေပါ ... တို့ မိသားစုချောင်းသာရောက်နေတာ မင်းသိတယ်မဟုတ်လား ...မင်းကို ပြောစရာရှိလို့ .. ဒီမှာကိုဇင်မောင်ကိုတွေ့တယ်...သူနဲ့အတူ အမျိုးသမီးတစ်ယောက်လဲပါတယ်သိလား ... တို့ပုံပို့ပေးလိုက်မယ်နော် " "မ ..မပို့ပါနဲ့ ဝေဝေ " မပိုးဖြူ၏ စကားမဆုံးလိုက်ရပါ။တစ်ဖက်မှ ဝေဝေကဖုန်းချသွားပြီဖြစ်လေသည်။မပိုးဖြူလက်ထဲမှဖုန်းကို ချလိုက်သည်။ မျက်ရည်စများသည် ပါးပြင်ပေါ်သို့ တလိမ့်လိမ့်စီးကျလာခဲ့လေသည်။မောင်ရက်စက်သည်။သိပ်ကိုရက်စက်သည်။မပိုးဖြူ တောင်းပန်နေသည့်ကြားမှ လုပ်ရက်လေသည်။တကယ်ဆို မောင်သည်မျှလောက်အထိ မရက်စက်သင့်ဘူးမဟုတ်လား။မပိုးဖြူတို့က မိဘတွေပေးစားလို့ ယူခဲ့ရသူတွေလည်းမဟုတ်ကြပေ။ မပိုးဖြူအသက်ဆယ့်ခုနစ်နှစ်အရွယ်တွင် မောင်နှင့်တွေ့ဆုံချစ်ကြိုက်ခဲ့ကြပြီး မောင့်မိဘဆွေမျိုးများသဘောမတူသည့် ကြားမှ လက်ထပ်ခဲ့ကြသည်။မပိုးဖြူဘက်ကတော့ မိဘများမရှိတော့ပြီဖြစ်၍ ဦးလေးအိမ်မှာကပ်နေရသူပီပီ ကန့်ကွက်မဲ့သူ၊ တားဆီးမဲ့သူလည်းမရှိခဲ့ပါ။မပိုးဖြူ မောင့်ကိုသိပ်ချစ်သည်။ချစ်လွန်း၍ မိမိထက်အသက်တစ်နှစ်ကျော်ကြီးသော ခင်ပွန်းကိုမောင်ဟုမြတ်မြတ်နိုးနိုးခေါ်ခဲ့သည်။ယုံကြည်အားကိုးခဲ့သည်။မောင်နှင့်ဆုံခဲ့ရပြီးမှ မပိုးဖြူ၏ ဘ၀ကပျော်ရွှင်စရာများနှင့်ပြည့်နှက်လာခဲ့ရသည်လေ။ယခုသောအခါ၌မူ မင်္ဂလာဦး၏အချစ်များသည် ပျောက်ဆုံးနေခဲ့သည်မှာ ကြာခဲ့ပါချေပြီ။မပိုးဖြူသည်လည်း ချစ်ရပါသောချစ်ခင်ပွန်း၏ သစ္စာဖောက်ဖျက်ခြင်းကို ခံစားနေရသည်မှာ ကြာခဲ့ပါလေပြီ။ ~~~~~ လွန်ခဲ့သာ (၆)လကျော် .... ပွဲရှင်နှင့်အတူခပ်နွဲ့နွဲ့လေး လျှောက်လာသော အမျိုးသမီး အပေါ်သို့ ပုရိသယောကျာ်းများ၏ အကြည့်များစုပြုံရောက်ရှိသွားကြလေသည်။ "ဘယ်သူလဲကွ ချောတယ်ကွာ " " ကြည့်လေ လှလေပဲကွာ " ပွင့်လင်းရဲတင်းလှသော အမျိုးသားများထံမှ စကားသံများ ထွက်လာသည်။ အသံရှင်အမျိုးသားများကြည့်ရာဆီသို့ ကိုဇင်မောင်လှမ်း၍ကြည့်လိုက်သည်။ မှန်ပါသည် လှပချောမောလွန်းလှသည့် အမျိုးသမီးတစ်ယောက်။သူမ၏ အလှကနန်းဆန်သည်။ပါတီပွဲသို့တက်ရောက်လာသော်လည်း အများသူငှာမိန်းမများကဲ့သို့ ဟိုပေါ်သည်ပေါ်ဝတ်ဆင်၍မလာဘဲ ပိုးပျော့ဂါဝန်းရှည်ကြီးကို ဝတ်ဆင်ထားသည်။ဆံပင်ကို ခပ်မြင့်မြင့်ထုံးဖွဲ့ထားပြီး မဟူရာရောင်နားကပ်လေးနှင့် သူမ၏မျက်နှာက သိပ်ကိုလိုက်ဖက်နေသည်။အမှတ်တမဲ့ ကိုဇင်မောင်ကြည့်နေမိရာမှ အကြည့်ကို လွှဲရန်ပြင်လိုက်စဉ်မှာပင် သူမကလည်း ဖျတ်ခနဲလှမ်းကြည့်လာသည်။နှစ်ဦးသားအကြည့်ချင်းဆုံမိသွားကြလေသည်။ " ကိုရန်ပိုင်တို့ကို... ရတနာ့သူငယ်ချင်းနဲ့မိတ်ဆက်ပေးမယ်နော် ..." အသံနှင့်အတူ ကိုဇင်မောင်တို့ ဝိုင်းနာသို့ရောက်လာသူမှာ ပါဇီပွဲကျင်းပသူပွဲရှင် ရတနာစိုးဖြစ်သည်။ရတနာစိုးက နာမည်နှင့်လိုက်အောင်ကျောက်မြတ်ရတနာဆိုင်များပိုင်ဆိုင်သူဖြစ်သည်။ကိုဇင်မောင်တို့နှင့် အသက်အနည်းငယ်မျှငယ်သည်။ "သူက ရတနာ့သူငယ်ချင်းမျိုးမမနိုင်တဲ့..စင်္ကာပူကပြန်လာတာမကြာသေးဘူး ... မျိုးကဒီမှာ စီးပွားရေးလုပ်ငန်းအခြေချမယ်ဆိုလို့ ...ဒီကလုပ်ငန်းရှင်တွေဖြစ်တဲ့ ကိုရန်ပိုင်တို့ ...ကိုဇင်မောင်တို့နဲ့ မိတ်ဆက်ပေးတာပါ ...အားလုံးပဲ ရတနာ့သူငယ်ချင်းကို ကူညီပေးကြပါနော် ... မျိုးလဲမှတ်ထားအုံးနော် ..ဒီကသူဌေးလေးကကိုဇင်မောင်တဲ့ ...ကိုဇင်မောင်က ကွန်ပျူတာ ..ဖုန်းနဲ့ဆက်စပ်ပစ္စည်းမျိုးစုံရောင်းဝယ်ရေးဆိုင် သုံးလေးဆိုင်ပိုင်တယ် ..မျိုးလိုအပ်တဲ့စက်ပစွည်းတွေ... ကိုဇင်မောင့်ဆီမှာဝယ်လို့ရတယ်..သူကတော့ သူဌေးလေးကိုရန်ပိုင်တဲ့ ...ကိုရန်ပိုင်ကတော့ ရန်ကုန်မြို့ရဲ့ လုပ်ငန်းတော်တော်များများမှာ ရှယ်ယာထည့်ဝင်ထားတဲ့ သူဋ္ဌေးကြီးပေါ့ ...ဒီကသူဋ္ဌေးကတော့ ကိုမိုးထက်တဲ့ ...ကိုမိုးထက်ကတော့ ကားအရောင်းစင်တာပိုင်ရှင်ကြီးလေ ..." ရတနာစိုးက စသလိုနောက်သလို အပြောမျိုးဖြင့် အားလုံးကို မိတ်ဆက်ပေးလိုက်သည်။ "တွေ့ရတာဝမ်းသာပါတယ် မမျိုးမမနိုင် " " မျိုးကလဲ တွေရတာ၀မ်းသာပါတယ်ရှင် "

အက်ကွဲခြောက်သွေ့နေသောကြောက် မက်ဖွယ်အသံကြီးနှင့်အတူခြေသံ များကမြယွန်းမှီနှင့်ပို၍ပို၍နီးကပ်လာ လေ၏။မြယွန်းမှီတုတ်တုတ်ပင်မလှုပ် ရဲ။ပုတ်အဲ့အဲ့အနံ့များနှင့်အတူမြယွန်းမှီ အခန်းထဲ၌ခြေသံများကလှုပ်ရှားသွား လာနေလေသည်။မြယွန်းမှီကတော့ ဒူးနှစ်ဘက်ပေါ်မျက်နှာအပ်ပြီး ဂုဏ်တော်ကိုပါးကိုအပြန်ပြန်အလှန် လှန်ရွတ်ဖတ်နေမိသည်။ မည်မျှကြာအောင်ရွတ်ဖတ်နေမိသည် မသိ။အေးစက်နေသောလက်တစ်ဘက် ကသူမလက်ကိုလာရောက်ဆုပ်ကိုင် လိုက်မှပြန်လည်အသိဝင်လာပြီး ကြောက်လန့်တကြားအော်လိုက်မိလေ သည်။ " အမလေး " " မအော်ပါနဲ့နှမလေး အမောင်ပါ။ ဒီနေရာကအမောင်တို့မြန်မြန်သွား ရမယ်ခုချိန်ကစပြီးနောက်ကိုလုံးဝလှည့် မကြည့်ပါနဲ့နှမလေး ။လာ လာ အမောင်တို့ပြေးကြမယ် အချိန်ကသိပ် မရှိဘူး " သူဆွဲခေါ်ရာနောက်သို့မြယွန်းမှီပြေး လိုက်ခဲ့သည်။အချိန်ကအာရုဏ်ဦး ကြက်တွန်သံများကြားရသော်လည်း အလင်းရောင်တစ်စွန်းတစ်စကိုတောင်မ ​မြင်ရသေးပေ။သူကမြယွန်းမှီလက်ကို ဆွဲ၍ရှေ့မှဦးဆောင်ပြေးနေ၏။ တဖြည်းဖြည်းမြယွန်းမှီတို့နှစ်ယောက် ရွာစပ်ကိုနီးလားသည်နှင့်မြယွန်းမှီတို့ နောက်မှတဘုတ်ဘုတ်နှင့်ပြေးလိုက် လာသောခြေသံများ။အော်ဟစ်တား မြစ်သံများကိုပါကြားလိုက်ရလေသည်။ " မြယွန်းမှီ နင်မပြန်ရဘူး။နင်လည်း ဒီမှာငါတို့နဲ့တသက်လုံးအတူနေရမယ်" " မြ ယွန်း မှီ နင်ပြန်လို့မရဘူး ။ ပြန်လာခဲ့ပါ " " မြယွန်းမှီ ---- " " ပြန်လာခဲ့ ဟေ့ " ထိတ်လန့်ခြောက်ခြားဖွယ်ရာအသံများ ကမြယွန်းမှီတို့ နောက်မှထပ်ကြပ်မကွာ လိုက်ပါလာလေသည်။အရှေ့ဆီမှရောင် နီမှိန်ပျပျကိုမြင်နေရပေပြီ။သူသည် ကြီးမားလှသောသစ်ပင်ကြီးနားအ ရောက်တွင်ပြေးနေရာမှရပ်တန်ဲ့လိုက်လေသည်။ " ဟောဟိုလမ်းလေးအတိုင်းသာဆက် ပြေးပါတော့နှမလေး အဲဒီလမ်းဆုံးတာ နဲ့ရွာတစ်ရွာကိုတွေ့ရလိမ့်မယ်" "ကျွန်မတစ်ယောက်တည်းမသွားချင် ဘူး။ရှင်ပါအတူလိုက်ခဲ့ပါ။ ရှင်မလိုက်ရင်ကျွန်မလည်းမသွားဘူး" "ခေါင်းမမာပါနဲ့နှမ ဟောဒီ့သစ်ပင်ကို ကျော်ပြီးအမောင်လိုက်လို့မရဘူး။ ဒီမှာနှင်းဆီပန်းလေး အမောင့် ကိုယ်စားယူသွားပါ။မြို့ရောက်တဲ့ အခါကုသိုလ်ကောင်းမှုလုပ်ပြီး နှင်းဆီ ပန်းလေးကတဆင့်အမောင့်အတွက် ရည်စူးပြီးအမျှပေးဝေပေးပါနော်" " စိတ်ချပါရှင် အိမ်ပြန်ရောက်တာ နဲ့အမောင့်အတွက်ကုသိုလ်ကောင်းမှု အမြန်လုပ်ပေးပါ့မယ် နော် " ပြောရင်းမှမြယွန်းမှီမျက်ဝန်းမှမျက် ရည်များတပေါက်ပေါက်စီးကျလာလေ ၏။အနှစ်နှစ်အလလမျှော်လင့်စောင့် စားခဲ့ရသောသူတစ်ယောက်ကိုတကယ့် လက်တွေ့ဘဝမှာတွေ့ဆုံနေပါလျက် ခွဲခွါနှုတ်ဆတ်ရမည်ဆိုသောအသိက မြယွန်းမှီနှလုံးသားကိုဆုပ်ညှစ်ခံထား ရသလိုနာကျင်လွန်းလှပါသည်။ " မြယွန်းမှီ နင်သွားလို့မရဘူး ။နင်ငါ တို့နဲ့အတူနေရမှာ " အသံများကမြယွန်းမှီတို့နှင့်ပို၍နီးကပ် လာလေပြီ။ " အမြန်ပြေးပါတော့နှမလေးမဟုတ်ရင် အမောင်ရောနှမလေးပါဒီဘဝကဘယ် တော့မှလွတ်မြောက်မှာမဟုတ်တော့ဘူး " အတင်းနှင်လွှတ်နေသောသူ့မျက်ဝန်းထဲတွင်လည်းမျက်ရည်များဖြင့်ပြည့်လျှံ၍နေလေသည်။သူသည်မြယွန်းမှီလက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်းနဖူးကိုခပ်ဖွဖွနမ်းလိုက်ပြီး "အမောင်က နှစ်ပေါင်းများစွာ နှမလေးကိုသစ္စာရှိရှိချစ်ခဲ့တာပါ။တစ်နေ့ပြန်ဆုံရလိမ့်မာ်လို့လည်းအမြဲမျှော်လင့်ခဲ့တာ။အမောင့်ရဲ့သစ္စာတရားမှန်ကန်ရင်နောင်သံသရာမှာပြန်ဆုံမှာပါ။ပြန်ဆုံမယ်လို့လည်း အမောင်ယုံကြည်တယ်။နှမလေးလည်း ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါနော်" မြယွန်းမှီသည်နောက်ဆုံးအနေနှင့်သူ့နဖူး ကိုခပ်ဖွဖွနမ်းလိုက်ပြီးကျောခိုင်း၍ လမ်းလေးအတိုင်း မောပန်းနွမ်းလျစွာလျှောက်လှမ်းလာခဲ့လေသည်။အတန်ကြာလျှောက်လှမ်းပြီး သူညွှန်ပြသောနေရာသို့ ရောက်သောအခါနောက်ပြန်၍လှညွကြည့်လိုက်မိလေသည်။လက်လေးလှမ်းပြနေသောသူ့ပုံရိပ်ကို မျက်ရည်များကြားမှမြင်နေရလေသည်။မြယွန်းမှီလည်းဆောက်တည်ကာမဲ့စွာ ငိုကြွေးနေမိလေသည်။ " ဝုန်း " "ဝေါ ဝေါ ဝေါ " မြယွန်းမှီ ငိုနေရင်းမှ လောင်လှသောအသံများကြောင့် သူရှိရာသို့ လှမ်းကြည့်လိုက် တော့။သူမမြင်ကွင်းရှေ့မှာသစ်ပင်အ ချို့မှလွဲ၍တိတ်ဆိတ်ငြိမ်သက်နေသည်။ မြယွန်းမှီ၏ချစ်လှစွာသောအမောင် ရော။ထိတ်လန့်ကြောက်မက်ဖွယ်ရာ ရွာလေးသည်လည်းအရိပ်အရောင်ပင် မမြင်ရတော့ပါ။အရာအားလုံးသည် ပျောက်ချင်းမလှပျောက်ဆုံးသွားချေ ပြီ။ ########### ဧကြည်ဖြူ

သူ့စကားကြောင့်မြယွန်းမှီရင်ထဲတသိမ့် သိမ့်ခုန်လျက်ကြည်းနူးပျော်ရွှင်နေမိသည်။ ( ၇ ) နေ့အလင်းရောင် အောက်တွင်သူ့အပြုံးတွေကပို၍ တောက်ပနေသည်ဟုမြယွန်းမှီထင်မိ သည်။သူ့လက်ဖဝါးကိုလိုတာထက်ပို ၍မြယွန်းမှီဆုပ်ကိုင်ထားမိလေသည်။ " နှမလေးအမောင်ပြောတာကိုသေချာ နားထောင်ပါနော် ဟော့ဒီအရပ်ဒေသ ဟာကြာကြာနေလို့ကောင်းတဲ့အရပ် မဟုတ်သလို ဒီအရပ်ကလူတွေဟာ အမောင့်မိသားစုအပါအဝင်တစ်ရွာလုံး ကနှမလေးကိုဒုက္ခပေးမယ့်သူတွေကြီးပဲ ဒါကြောင့်နှမလေးဒီအရပ်ဒေသကနေ အမြန်ဆုံးပြန်ရမယ်" " ရှင် ဘာလို့များလဲကျွန်မရှင့်ကိုတွေ့ချင်လွန်းလို့ ဒီနေရာအ ထိရောက်အောင်လာခဲ့ရသူပါ။ရှင်နဲ့သာဆိုဒီရပ်ရွာမှာတစ်သက် လုံးနေနိုင်ပါတယ် ။ဒါမှမဟုတ်ရင် ရှင် ကျွန်မနဲ့အတူမြို့ကိုလိုက် ခဲ့လို့ရပါတယ် ။အခုတော့ ရှင်က ခရီးဝေးကလာခဲ့ရတဲ့သူကိုနှင်နေပြီ လား" "ဘယ်လိုပြောလိုက်တာလဲနှမလေးရယ် အမောင်လည်းနှမလေးနဲ့အတူနေချင် တာပေါ့အမောင့်ကြောင့်နှမလေးဘယ် တော့မှဒုက္ခမရောက်စေရဘူးပြီးတော့ အမောင့်ကိုကယ်နိုင်တာလဲနှမလေးတစ်ယောက်ပဲရှိတယ်" သူကပြောရင်းမှမြယွန်းမှီလက်ကိုခပ် တင်းတင်းဆုပ်ကိုင်လိုက်ပြီး "ခုချိန်ကစအမောင်ပြောတာကို သေချာနားထောင်ပါ။ဟော့ဒီရပ်ရွာကို မျက်စိလည်းလမ်းမှားပြီးရောက်လာ တဲ့သူမှန်သမျှဒီရပ်ဒီရွာမှာငါးရက်ထက် ပိုနေမိရင်ဒီရွာကဘယ်တော့မှထွက် သွားလို့ မရတော့ဘူး။ဒါကြောင့် မနက်ဖြန်မနက်မိုးသောက်ခါနီးအချိန် မရောက်ခင်ဒီရွာကနှမထွက်သွားရမယ်" " ရှင်​​ရော၊ ရှင်က​​ရောကျွန်မနဲ့မ လိုက်ခဲ့ဘူးလား" " ရွာထိပ်ထိအမောင်လိုက်ပို့မယ် ။နှမ လေးသိထားရမှာကဒီရွာကိုနှမလေး ရောက်စဉ်ကမကြိုဆိုခဲ့သူတွေဟာ နှမလေးပြန်တာကိုသိတာနဲ့ရန်ရှာကြမယ်။တားဆီးကြလိမ့်မယ်။အဲဒီအခါနှမလေးကအနောက်ကိုလှည့်မကြည့်ပဲအမောင်ညွှန်ပြရာလမ်းအတိုင်းသာပြေးပါ။" "ဘယ်လိုကြောင့်များလဲရှင်။ ကျွန်မဘာမှနားမလည်နိုင်တော့ ဘူး။သေချာရှင်းပြပါဦး" " အမောင်ရှင်းပြစရာမလိုပါဘူးကွယ်။ တစ်နေ့ကျရင်နှမလေးသိလာမှာပါ။ အရေးကြီးဆုံးအချက်ကဒီညသန်းခေါင် အချိန်ရောက်တာနဲ့နှမအိပ်ခန်းနားကို ရောအခန်းထဲကိုပါအန္တာရာယ်တွေကျ ရောက်လာလိမ့်မယ်။အဲဒါကိုနှမလေးမ ကြောက်ပါနဲ့အဲဒီအခန်းထဲကနှမလေး မထွက်ရင်ဘယ်သူမှရန်ပြုလို့မရဘူး။ ဘယ်လောက်ကြောက်စရာကောင်းတာ ကိုတွေ့တွေ့ဘုရားကိုပဲအာရုံပြုနေပါ။ မိုးမလင်းခင်နှမလေးကိုအမောင်လာ ခေါ်မယ်" " ရှင်ပါ ကျွန်မ နဲ့အတူလိုက်ခဲ့ပါလား" " လိုက်လို့မရလို့ပေါ့နှမလေးရယ်။နှမ လေးသာပြန်ပြီး အမောင်ပြောတဲ့အ လိုက်နာဆောင်ရွက်ပါ။သံသရာတကွေ့ ကွေ့မှာအမောင်တို့ပြန်ဆုံမှာပါ " **** ( ၈ ) မြယွန်းမှီကျောပိုးအိတ်ကိုသေချာ စစ်ဆေးလိုက်ပြီးအဆင်သင့်ပြင်ဆင် ထားလိုက်သည်။မကြာမီညသန်းခေါင် အချိန်ကိုရောက်ရှိတော့မည့်မို့ကြောက် စိတ်များလည်းဖြစ်ပေါ်နေမိလေသည်။ "ဝူး အူး အူး အူး " " ရှပ် ရှပ် ရှပ် " ခွေးအူးသံများထွက်ပေါ်လာပြီးတပြိုင် နက်ခြေသံတရှပ်ရှပ်ကိုပါကြားလိုက် ရလေသည်။ကြောက်လွန်း၍မြယွန်းမှီ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေပြီ။ ငယ်စဉ်ကတည်းကအမြဲမပြတ်ရွတ် ဖတ်ခဲ့သောဂုဏ်တော်ကိုးပါးကိုပင် မှန်ကန်အောင်မရွတ်နိုင်တော့။ " ဘုတ် ဘုတ် ဘုတ် " " ဖြန်း ဖြန်း" ပြတင်းတံခါးကိုပုတ် ရိုတ်သံများလည်းအဆက်မပြတ်ထွက် ပေါ်လာ၏။မြယွန်းမှီစောင်ကိုခေါင်းမြီး ခြုံ၍အသံမထွက်ရဲဘဲတအီအီငိုမိလေ သည်။ " ရှပ် ရှပ် ရှပ် " ခြေသံကအခန်းထဲသို့တဖြည်းဖြည်း ဝင်ရောက်လာပြီးမြယွန်းမှီအနီးအနား လှည့်ပတ်သွားလာနေလေသည်။ အတော်ကြာသောအခါခြေသံကရပ် သွားပြီးမြယွန်းမှီစိတ်ထဲတစ်ယောက် ယောက်ကကြည့်နေသလို ခံစားလိုက်ရတာကြောင့်မျက်လုံးကို မသိမသာလေးဖွင့်ကြည့်လိုက်တော့" " အား " ကြောက်လန့်တကြားအော် ဟစ်လိုက်မိသောမြယွန်းမှီ၏အသံသည် ပြင်ပသို့ထွက်မလာဘဲလည်းချောင်းဝ တွင်တစ်ဆို့ပျောက်ကွယ်သွားလေသည်။ဖယောင်းတိုင်မီးအလင်းရောင် အောက်တွင်တွေ့လိုက်ရသောအရာက ဒဂေါက်ကွေးကျော်လောက်ရှိသော ဆံပင်ရှည်ကြီးကိုဖားလျားချလျက် သူမကိုစိုက်ကြည့်နေသောမျက်ဝန်းတစ် စုံ။မျက်လုံးများသည်ရဲရဲနီလျက်ရှိပြီး မျက်နှာကသွေးမရှိသလိုဖြူဆုပ်နေ၏။ မြယွန်းမှီကြည့်နေစဉ်မှာပင်ဖျတ်ခနဲ ပျောက်ကွယ်သွားပြန်သည်။အခန်းထဲ တွင်အတန်ကြာတိတ်ဆိတ်သွားပြီး နောက် " ဝုန်း " " ဒိုင်း " ပြတင်းပေါက်ဆီမှဝုန်းခနဲမြည်သံနှင့်အ ပြတင်းတံခါးကပွင့်သွားပြီးဖယောင်းတိုင်မီးကလည်းဟုတ်ခနဲငြိမ်းသွားလေ သည်။ " ဘုတ် " မှောင်မိုက်သွားသောအခန်းထဲကိုတစ် စုံတစ်ခုပြုတ်ကျလာသံကိုကြားလိုက်ရသည်။မြယွန်းမှီမျက်လုံးကိုစုံမှိတ်ပစ် လိုက်ပြီးဂုဏ်တော်ကိုးပါးကိုအခေါက်ခေါက်အခါခါ ရွတ်နေမိ၏။အခန်းထဲတွင်ပြန်လည် တိတ်ဆိတ်သွားပြန်သည်။မြယွန်းမှီ ခန္ဓာကိုယ်ပေါ်မှစောင်ကိုဖယ်ရန်ပြင် လိုက်စဉ်မှာပင်အခန်းဝမှခြေသံများ ကိုကြားလိုက်ရပြီးစကားသံများပါ ကြားလိုက်ရလေသည်ာ " ဒီနားကလူနံ့ရတယ်ဟေ့ သေသေ ချာချာရှာစမ်း "

ညတုန်းကခြောက်ခြားစရာကောင်းခဲ့ သလောက်နေ့ဘက်တွင်တော့ရွာလေး ကအေးချမ်းတိတ်ဆိတ်၍သာယာလှပေ သည်။ရွာလယ်လမ်းတစ်လျှောက်၌ ကလေးငယ်အချို့ဆော့ကစားနေကြပြီး သက်ကြီးရွယ်အိုများကတော့သစ်ပင် စိုက် ခြံရှင်းအမှိုက်သိမ်းအလုပ်များကို လုပ်လျက်ရှိကြလေသည်။သူတို့သည် အလုပ်လုပ်နေရင်းမှမြယွန်းမှီကိုမြင် သောအခါစူးစူးစိုက်စိုက်ကြည့်နေကြ၏။ သူတို့၏အကြည့်များကအေးစက်ပြီး တုန်လှုပ်စရာကောင်းသည်ဟုမြယွန်းမှီ ထင်မြင်မိ၏။ဘယ်လိုပဲပြောပြောသည် ရွာလေးက ရွာလူကြီးအပါအဝင်ရွာသူ ရွာသားများအကုန်လုံးထူးဆန်းနေ သည်ကတော့အမှန်ပင်။ မြယွန်းမှီရွာလမ်းအတိုင်းလျှောက်လာ ရင်းရွာစွန်သို့ရောက်မှန်းမသိရောက် လာခဲ့လေသည်။ရွာလေးသည် ကုန်း တက်ကုန်းဆင်းလမ်းလေးများနှင့် အိပ်မက်ထဲကရွာလေးနှင့်အတော် လေးပင်ဆင်တူလေသည်။မြယွန်းမှီလမ်းလျှောက် လာရင်းမှရှေ့ကမြင်ကွင်းကြောင့်ဝမ်း သာပျော်ရွှင်စိတ်ဖြင့်အံသြမင်သက်စွာ ကြည့်နေမိလေသည်။မြယွန်းမှီ၏ရှေ့ တည့်တည့်တွင်ရေကန်ကြီးတစ်ကန်။ ကန်အစပ်တွငအင်္ဂလိပ်အက္ခရာတီ အကြီးပုံစံတံတားတစ်ခုရှိနေသည်။ မြယွန်းမှီကန်နားသို့လျှောက်လာခဲ့ပြီး တံတားပေါ်တက်ခဲ့လိုက်သည်။ အရာရာသည်အိပ်မက်လိုပင်။ကန်ရေ ပြင်ကိုကျော်လွှားတိုတ်ခတ်လာသော လေပြည်ညှင်းများကမြယွန်းမှီခန္ဓာကိုယ် လေးကိုဖြတ်သန်းတိုတ်ခတ်သွားသည်။တံတား ပေါ်ရပ်နေရင်းမှမြယွန်းမှီစိတ်ထဲဝမ်း နည်းသလိုလိုခံစားလာရလေသည်။ တစ်စုံတစ်ယောက်ကိုလည်းနာနာကျင် ကျင်သတိရမိလေသည်။ငယ်စဉ် ထဲကအိပ်မက်ထဲတွင်ရင်းနှီးလာခဲ့ သော ထိုသူသည်ဘယ်အရပ်ဌာနီများ ရောက်နေပါသနည်း။မိမိမှာတော့ သူကြောင့်သည်လိုတောကြီးမျက်မည်း ထဲရောက်ရှိနေခဲ့ရလေပြီ။ မြယွန်းမှီတံတာအဆုံးထိလျှောက်သွား ပြီးတံတားအစပ်တွင်ရေထဲသို့ခြေ ထောက်ချပြီးထိုင်လိုက်လေသည်။ အေးမြသောရေ၏အထိအတွေ့ကခြေ ထောက်မှတဆင့်မြယွန်းမှီတကိုယ်လုံး အေးစိမ်းသွားသလိုခံစားလိုက်မိသည်။ မြယွန်းမှီကန်ရေပြင်ကိုငေးကြည့်နေ စဉ်ရေထဲကလှုပ်ရှားသွားသောအရိပ် လိုလိုအရာကိုတွေ့လိုက်ရတာမို့ခြေ ထောက်ကိုတံတားပေါ်အမြန်တင်လိုက် သော်လည်းအချိန်မမှီတော့ပေ။ အေးစက်သန်မာသောလက်အစုံက မြယွန်းမှီခြေနှစ်ဘက်ကိုဆောင့်ဆွဲချ လိုက်လေသည်။ " အား " " ဝုန်း " မြယွန်းမှီ၏ကြောက်လန့်တကြား အော်ဟစ်လိုက်သံကြောင့်သစ်ပင်ပေါ် ကငှက်ကလေးများဝေါခနဲထပျံပြေး သွားကြလေသည်။ မြယွန်းမှီရေထဲမှာယက်ကန်ယက်ကန် နှင့်မြှုပ်လိုက်ပေါ်လိုက်ဖြစ်နေသည်။ မြယွန်းမှီကရေးသိပ်ကူးတတ်တာမ ဟုတ်။အရိပ်မည်းလက်ထဲမှကြိုးစား ရုန်းကန်နေသော်လည်းမြယွန်းမှီ တဖြည်းဖြည်းအားအင်ဆုတ်ယုတ်လာ သည်။အသက်ရှူ၍မဝတော့။ကြောက် စိတ်ကြောင့်လူကသွေးရူးသွေးတန်းနှင့် ရေအောက်တွင်လူရိုးများနှင့်ပြည့်နေ သည်ဟုပင်မြင်နေမိသည်။ နောက်ဆုံးရှူသွင်းလိုက်သောအသက် ရှူမှုမှာနှာခေါင်းထဲရေးများဝင် ရောက်လာသည်ကိုသိရှိလိုက်သည်။ ပြီးတော့မိမိ၏ခန္ဓာကိုယ်ကိုတစ် ယောက်ယောက်ကဆွဲငင်ယူလိုက်တာ ကိုသိရှိလိုက်ပြီးအရာအားလုံးမှောင်အ တိကျသွားလေသည်။ ( ၆ ) ခေါင်းထဲကတဆစ်ဆစ်ကိုတ်ခဲနာကျင် မှုနှင့်အတူမြယွန်းမှီသတိရလာလေ သည်။မြယွန်းမှီသတိရရခြင်းကြောက် လန့်တကြားထထိုင်လိုက်သည်။ " မမလေး မမလေးသတိရလာပြီးလား " " ကျွန်မ ကျွန်မဘယ်ကိုရောက်နေတာ လဲ " " မမလေးအခန်းထဲကိုပြန်ရောက်နေ တာပါ ။ရွာစွန်ကရေကန်ကြီးမှာမမလေး ရေနစ်နေတာတွေ့လို့သခင်လေးက ကယ်တင်ခဲ့တာပါ " " ရှင် သခင်လေးကဘယ်သူလဲဟင် ကျေးဇူးတင်လိုက်တာအရမ်းပါပဲ" "သခင်လေးက ဒီအိမ်ကသခင်ကြီးတို့ ရဲ့သားပါ " " သူ့ကိုတွေ့လို့မရဘူးလားရှင် ကျွန်မ ကျေးဇူးတင်စကားပြောချင်လို့ပါ " '******** အချိန်ကနေဝင်ရီတရော။နွားရိုင်း သွင်းချိန်လို့ဆိုရမည်လားမသိ။ မြယွန်းမှီခြံထဲတစ်နေရာမှနေဝင်ဆည်း ဆာအလှကိုငေးမော ကြည့်နေမိသည်။အနောက်ဘက်မိုး ကုပ်စက်ဝိုင်းဆီမှာတိမ်ရောင်စုံများ သည်နီးဆွေးသောအဆင်းမှမည်းမှောင် လာပြီးနေဝင်သွားသည်ကိုကြည့်ရသည် မှာသံဝေဂရစရာပင်ကောင်းပါသည်။ " ဝုတ် ဝုတ် " "အမလေး " ကျယ်လောင်သောခွေးဟောင်သံနှင့် အတူမြယွန်းမှီကိုခုန်ဟပ်လိုက်သော ခွေးကြီးကြောင့်မြယွန်းမှီကြောက်လန့် တကြားအော်ဟစ်လိုက်ပြီးမြေပြင် ပေါ်ပုံခနဲလဲကျသွားရလေသည်။ ထိုစဉ်မှာပင် "နက်ကျုပ် ရပ်စမ်း " ကြည်လင်ပြတ်သားသောအမိနိ့ပေးသံ နှင့်အတူနက်ကျုပ်ဆိုသောခွေးကြီး သည်ငြိမ်ကုပ်သွား လေသည်။မြယွန်းမှီကျေးဇူးတင်စိတ် နှင့်အသံရှင်ကိုမော့ကြည့်လိုက်မိ သောအခါ။သူသည်လည်းမြယွန်းမှီကို ကြည့်နေပါလေသည်။ပြုံးယောင်သမ်း နေသောနှုတ်ခမ်း။စကားပြောနေသကဲ့ သို့စူးရှတောက်ပသောမျက်ဝန်းများ။ မြယွန်းမှီအသက်မဲ့သူလိုဖြစ်သွားသည်။ နှစ်ပေါင်းများစွာမျှော်လင့်တော့တနေခဲ့ မိသောအိပ်မက်ထဲမှချစ်သူ။ယခုအပြင် လောကတွင်တကယ်မျက်ဝါးထင်ထင် မြင်နေရပေပြီ။မြယွန်းမှီဝမ်းနည်းစိတ် ကိုထိန်း၍မရတော့ပေ။ပါးပြင်ပေါ်သို့ မျက်ရည်းများစီးကျလာသည်။ သူသည်လည်းမြယွန်းမှီကိုရီဝေသော အကြည့်များဖြင့်ကြည့်နေပြီး မြယွန်မှီ လက်ကိုဆွဲယူဆုပ်ကိုင်လိုက်လေသည်။ " မငိုပါနဲ့တော့နှမလေးရယ် တစ်နေ့ကျရင် အမောင့်ဆီကို နှမလေးရောက်လာ မယ်ဆိုတာအမောင်သိပြီးသားပါ။ အမောင်လည်းနှမလေးကိုတွေ့ချင် လွန်းလို့စောင့်မျှော်နေခဲ့တာနှစ်ပေါင်း များစွာကြာလှပါပြီ "

တန့်လိုက်လေသည်။မြယွန်းမှီအိမ် ကြီးကိုကြည့်၍အံ့သြမင်သက်နေမိ၏။ သည်လိုတောတောင်ကြီးထဲတွင်ကြီး မားခန့်ထည်လှသောအိမ်ကြီးရှိနေသည် မှာထူးဆန်းအံ့သြဖွယ်ရာပင်။မြယွန်းမှီ တွေ့ခဲ့သမျှရွာထဲအိမ်တွေကသစ်lဝါး များနှင့်ဆောက်ထားသောရိုးရိုးအိမ် များသာဖြစ်လေသည်။သည်အိမ်ကြီးက တော့ခမ်းနားလွန်းလှပေသည်။သုံးထပ် အမြင့်ဆောက်ထားပြီးရှေးခေတ်နံရံ ပန်းချီပန်းပုလက်ရာများနှင့်မြင်သူမင် သက်ငေးမောမိရလောက်အောင်ခမ်း နားဆန်းကြယ်လွန်းလှပေသည်။ "ကျွန်တော်မျိုးတို့ရောက်ပါပြီသခင် ကြီး " မြယွန်းမှီကိုခေါ်ဆောင်လာသောလူကြီး ကအိမ်ကြီးထဲသို့မျက်နှာမူရပ်လိုက်ပြီး ခြေစုံရပ်ဦးညွှတ်ကာတရိုတသေလှမ်း ပြောလိုက်လေသည်။ " အေးအေး ကလေးမအထဲကိုဝင်ခဲ့ပါ " အိမ်ကြီးထဲမှသြဇာအာဏာပြည့်ဝသော အသံနှင့်အတူမြယွန်းမှီကိုခေါ်ဆောငလာသောလူကြီးကအိမ်ထဲကိုဝင်သွား ရန်အမူအရာပြတာမို့ မြယွန်းမှီလည်း အိမ်ကြီးထဲသို့ဝင်ခဲ့လိုက်လေသည်။ အိမ်ကြီးထဲသို့ရောက်သောအခါကျယ် ဝန်းလှသောအခန်းကျယ်ကြီးထဲတွင် ရှေးခေတ်ကနုတ်ပန်းများနှင်စီခြယ် ထားသောထိုင်ခုံးကြီးများကိုတွေ့လိုက် ရသည်။ထိုင်ခုံများ၏ထိပ်ဆုံးကျသော ခုံတွင်ရွှေဖလားရောင်တိုတ်ပုံအက်ျီနှင့် ရွှေရောင်ပြောင်နေသောဝတ်စုံကိုဝတ် ဆင်ထားသောခန့်ညားလှသည်လူကြီ တစ်ဦးနှင့်အတူရှေးရိုးဆန်ဆန်အဝတ် အစားများနှင့်မိန်းမကြီးတစ်ယောက် ကိုတွေ့လိုက်ရလေသည်။ကျန်လူလေး ငါးခြောက်ယောက်လောက်ကတော့ထို လူနှစ်ယောက်ဘေးတွင်ခေါင်းငုံ့လျက် တရိုတသေရပ်နေကြတာမို့ကြည့်ရတာ ထိုလူကြီးသည်ရွာလူကြီးဖြစ်မည်ထင် သည်။ထိုလူကြီးဘေးမှမိန်းမကြီးမှာ လည်းထိုလူကြီး၏ဇနီးပင်ဖြစ်ပေလိမ့် မည်ထင်သည်။မြယွန်းမှီကိုယ့်အထင် နှင့်ကိုတွေးတောနေစဉ်မှာပင်ထိုလူ ကြီးထံမှစကားသံထွက်လာလေသည်။ "ကလေးမထိုင်ပါ ကျုပ်ကတော့ ဟောဒီရွာကရွာလူကြီးပဲဒါကကျုပ်ဇနီး သူတို့ကတော့ကျုပ်ရဲ့အခိုင်းအစေတွေ ပဲ မင်းနေဖို့အခန်းကိုသူတို့လိုက်ပို့ လိုက်မယ်။မင်းကအထူးတလည် ရောက်လာတဲ့ဧည့်သည်မို့ကျုပ်တို့ဘက် ကဧည့်ဝတ်ကျေရပါစေမယ်။ ကလေးမဘက်ကလည်းအိမ်ရှင်တွေရဲ့ စည်းကမ်းကိုလိုက်နာပေးပါ။ " " ဟုတ်ကဲ့ပါရှင်ကျွန်မကိုလက်ခံပေး လို့ကျေးဇူးတင်ပါတယ်ရှင် ။လိုက်နာ ရမယ့်စည်းကမ်းချက်တွေကိုသာ ပြောပါ ဦးကြီး " "ကျုပ်တို့အရပ်မှာလွတ်လပ်စွာနေထိုင် လို့ရပါတယ်ကလေးမဒါပေမဲ့ညသန်း ခေါင်ကနေမနက်မိုးသောက်အထိအ ပြင်ကိုမထွက်ပါနဲ့ ဘာသံတွေကြား ကြားအပြင်မှာဘာတွေဖြစ်နေပါစေ အသံလည်းမထွက်ပါနဲ့ ထွက်လည်းမကြည့်ပါနဲ့ အပြင်ကိုလုံးဝမထွက်ပါနဲ့လို့အတန် တန်သတိပေးပါတယ်ဒါကိုမလိုက်နာ နိုင်ရင်တော့ ကလေးမ ကိုကျုပ်က လက်ခံထားတော့မှာမဟုတ်ပါဘူး " " ဟုတ် ကဲ့ပါရှင်ဦးကြီးပြောတာကို ကျွန်မလက်ခံသဘောတူပါတယ် " "အေး အေးကောင်းပါလေ့ သူတို့နဲ့ လိုက်သွားညစာစားပြီးအခန်းထဲအနား ယူပေတော့ " မြယွန်းမှီညစာစားပြီးတော့အချိန်က မနည်းတော့တာမို့သူ့အတွက် ပေးထားသောအခန်းထဲကိုဝင်လာ ခဲ့လိုက်သည်။အခန်းကကျယ်ဝန်းလှ သည်။အခန်းထဲတွင်ရှေးခေတ်လက် ရာကုတင်တစ်လုံး။စားပွဲတစ်လုံးနှင့် ထိုင်စရာခုံပါပါရှိတာမို့မြယွန်းမှီသ ဘောကျနှစ်ခြိုက်သွားမိလေသည်။ အခန်းလယ်တွင်ထွန်းထားသောကြီး မားတုတ်ခိုင်သောဖယောင်းတိုင်မီးအ လင်းရောင်ကြောင့်အခန်းထဲတွင်လင်း လင်းချင်းချင်းရှိလှပေသည်။အခန်းထဲ တွင်ပြတင်းပေါက်တစ်ခုလည်းရှိတာမို့ မြယွန်းမှီကျေနပ်သွားရလေသည်။ တစ်နေကုန်ပြေးလွှားခဲ့ရတာကြောင့် မြယွန်းမှီခေါင်းအုံးပေါ်ခေါင်းချလိုက် သည်နှင့်အိပ်ပျော်သွားရလေသည်။ မြယွန်းမှီအိပ်ပျော်နေစဉ်အိပ်မက်ဆိုး တစ်ခုမက်ပြီးဖျတ်ခနဲလန်နိုးလာသည်။ မြယွန်းမှီလန့်နိုးလာတော့ညကထိန် ထိန်တောက်လင်းနေသောအခန်းက မှောင်အတိကျနေ၏။ဖယောင်းတိုင် မီးကိုဘယ်သူများလာငြိမ်းသွားသည် မသိ။ဖယောင်းတိုင်ကကြီးမားလှတာ မို့ကုန်သွားတာတော့မဖြစ်နိုင်ပေ။အခန်းထဲတွင် မှောင်ပိတ်ပြီးတိတ်ဆိတ်နေပုံကမ ကြောက်တတ်သောမြယွန်းမှီရင်ထဲ နှလုံးခုန်သံပင်မြန်လာသလိုဖြစ်မိလေ သည်။မြယွန်းမှီဘယ်လိုမှပြန်အိပ်မ ပျော်နိုင်တော့။ ထိုစဉ်မှာပင် "ဒီကိစ္စကိုဘယ်လိုစီစဉ်မလဲသခင်ကြီး သူဟာ ကျုပ်တို့သားလေးနဲ့ကျုပ် တို့ကိုခွဲပစ်မယ့်သူပဲ " " အချိန်တန်ရင်သူ့ဘာသာဖြစ်လာ မှာပါ စိတ်ပူစရာမလိုဘူး" " ရှပ် ရှပ် ရှပ် " စကားသံများနှင့်အတူတရှပ်ရှပ်လာနေသော ခြေသံကိုကြားလိုက်ရလေသည်။ ခြေသံကမြယွန်းမှီအခန်းရှေ့အရောက် ရှေ့ဆက်မသွားဘဲရပ်တန့်သွားတာမို့ မြယွန်းမှီအသက်တောင်ပြင်း ပြင်းမရှုဝံ့တော့။ခြေသံကအတန်ကြာ ပျောက်ကွယ်တိတ်ဆိတ်သွားပြန်သည်။ " ဘုတ် ဘုတ်ဘုတ် " " ဖြန်း " တိတ်ဆိတ်သွားသောညအမှောင် အောက်တွင် ပြတင်းပေါက်ကိုတဘုတ်ဘုတ်ထုသံ နှင့်အတူဖြန်းခနဲရိုတ်သံထွက်ပေါ်လာ လေသည်။မြယွနိးမှီတကိုယ်လုံး ကြက်သီးများတဖြန်းဖြန်းထလာပြီး ဇောချွေးများပါပျံလာလေသည်။ " ဝူး အူး အူး အူး အူး --------- " သည်ကြားထဲခွေးအူသံများပါအဆက် မပြတ်ထွက်ပေါ်လာပြီးအိမ်ကြီးအပြင် ဘက်မှခြေသံများကိုပါကြားနေရလေ သည်။မြယွန်းမှီစောင်ကိုခေါင်းအထိလုံ အောင်ခြုံထားလိုက်ပြီးဂုဏ်တော်ကိုး ပါးကိုတတွတ်တွတ်ရွတ်ဖတ်နေလိုက် သည်။ ( ၅ )

ကားကမနက်ခြောက်နာရီခန့်မှပခုက္ကူ မြို့ပေါ်သို့ရောက်ရှိလေသည်။အဲသည့် ကတဆင့်အထက်ပိုင်းချင်းပြည်နယ် ဘက်သွားသောကားကိုတစ်ခါထပ် စီးရသည်။လမ်းခရီးကတောင်တက် တောင်ဆင်းလမ်းတွေနှင့်သာယာလှပ သလိုစိတ်လှုပ်ရှားအသည်းယားစရာလည်းကောင်း သည်။တစ်​​နေကုန်နီးပါးစီးလာပြီး တော့မှမြယွန်းမှီဆင်းရမည့်နေရာကို ရောက်ရှိပြီမို့ ကားပေါ်ကဆင်း လိုက်လေသည်။ကားပေါ်ကဆင်းသူ မှာမြယွန်းမှီတစ်ယောက်တည်းသာရှိပြီး ကားရပ်လိုက်သောပတ်ဝန်းကျင်က လည်းနေပြောက်မထိုးနိုင်အောင်ပင် သစ်ပင်ကြီးများဖြင့်အုံးဆိုင်းနေ၏။ လူသူအရိပ်အရောင်လည်းမတွေ့။ ကားပြန်ထွက်သွားသည်နှင့်တိတ် ဆိတ်ကျန်ခဲ့သောပတ်ဝန်းကျင်ကို ကြည့်ပြီးမကြောက်တတ်သော မြယွန်းမှီရင်ထဲ၌မသိမသာထိတ်လန့် စိတ်များဝင်ရောက်လာသည်။အွန်လိုင်း ပေါ်ကအသိမိတ်ဆွေကိုယုံကြည်ပြီး လာခဲ့မိတာမှားများမှားသွားပြီးလား ဟုသောအတွေးနှင့်အတူထိတ်လန့် အားငယ်စိတ်တွေပါဖြစ်ပေါ်လာမိလေ သည်။တကယ်လို့များမည်သူ မျှလာမကြိုလျှင်ရှေ့ဆက်ဘာလုပ် ရမည်နည်း။သည်လမ်းကတစ်နေ့လုံးနေမှကားနှစ်စီးသုံးစီးထက်ပိုမသွားဟု ကားဆရာကြီးပြောတာကိုအမှတ်ရ လိုက်သည်။လက်ထဲကနာရီကိုကြည့် လိုက်တော့အချိန်ကမနည်းတော့။ ညနေငါးနာရီထိုးပေတော့မည်။သစ် ကြီးဝါးကြီးများအုံ့ဆိုင်းနေသောအရပ်ဒေသမို့အခြားနေရာများထက်စောစီးစွာနေဝင်လိမ့်မည်ထင်သည်။ တွေရင်းမှမြယွန်းမှီတကိုယ်လုံးဇောချွေးများပင်ပျံလာသည်။ ကားလမ်းမကြီးမှဟိုအဝေးကိုလှမ်းကြည့်လိုက်တော့မှိုင်းပျပျမြင်နေရသော ရွာလေးကိုမြင်လိုက်ရတာမို့ကျောပိုး အိတ်ကိုသေချာလွယ်ပိုးပြီးရွာလေး ဆီကိုဦးတည်လျှောက်ခဲ့လေသည်။ ထိုစဉ်မှာပင်မျက်နှာချင်းဆိုင်ဆီမှလူသုံးယောက်လျှောက်လာသည်ကိုတွေ့လိုက်ရတာမို့ ဝမ်းသာသွားမိလေ၏။ "ဒီမှာ... ဒီမှာရှင့် ဟိုရှေ့ကရွာကမိုးနှဲရွာ လား" မြယွန်းမှီမေးသံကြောင့်ယိုင်တိယိုင်တိုင် လျှောက်လာကြသော လူသုံးယောက်က မြယွန်းမှီကိုခြေဆုံးခေါင်းဆုံးသေချာကြည့် ရှုလာလေသည်။ " ဟေ့ကောင်တွေ မိုးနှဲရွာလားတဲ့မေးနေ တယ်ကွ ၊သူကဘယ်သူလဲနတ်သမီး လား၊ဥစ္စာစောင့်လား၊သရဲလား ဟ " "ဟေး ဟဲ ဟဲ ဘာဖြစ်ဖြစ်စားရကံကြုံ လို့မုတ်ဆွဲပျားဆွဲတာအလွတ်ခံလို့ ဘယ်ဖြစ်မလဲကွ " " ဟား ဟားဟား ဟုတ်တယ်ဟေ မင်းပြောတာအမှန်ဆုံးပဲဟေ့ " ထိုလူများ၏ပြောစကားများနှင့်ပုံစံများ ကိုကြည့်ပြီးမြယွန်းမှီအခြေအနေကို နားလည်သဘောပေါက်လိုက်တာမို့ ခြေဦးတည်ရာအရပ်သို့လျှင်မြန်စွာပြေး ထွက်ခဲ့သည်။ ( ၄ ) မြယွန်းမှီကြောက်ကြောက်နှင့်ပြေးလာ ခဲ့မိရာသတိဝင်လာလို့ပတ်ဝန်းကျင် ကိုကြည့်လိုက်မိတော့ရွာတစ်ရွာကို မြင်တွေ့လိုက်ရလေသည်။အချိန်က မှောင်ရီပျိုးပျဖြစ်နေပြီ။ရွာထဲကို ခပ်သွက်သွက်လှမ်းဝင်ခဲ့လေသည်။ ရွာလမ်းတစ်လျှောက်ပြေးလွှားဆော့ ကစားနေသောကလေးငယ်များ။ ဆန်ဖွပ်ဆန်ထောင်နေသောသူများနှင့် စည်းကားနေလေသည်။မြယွန်းမှီကိုတွေ့ သောအခါအံ့သြနေကြသော မျက်လုံးဖြင့်ကြည့်ကြလေ၏။သူတို့၏ ပုံစံများကအနည်းငယ်ထူးခြားနေသ လိုလိုခံစားမိသော်လည်းအဖြေကို သေချာရေရာမသိနိုင်ဖြစ်ရသည်။ မြယွန်းမှီအနီးဆုံးသူတစ်ယောက်အား ရွာလူကြီး၏အိမ်ကိုလှမ်းမေး လိုက်လေသည်။ " အဒေါ်ရွာလူကြိီးအိမ်ကဘယ်နားမှာများလဲရှင် " အနှီးမိန်းမကြီးကမြယွန်းမှီ၏အမေး ကိုမဖြေဘဲခပ်စိမ်းစိမ်းကြီးစိုက်ကြည့် နေလေ၏။ထိုအကြည့်ကြောင့်မြယွန်းမှီ တကိုယ်လုံးကြက်သီးတွေတဖြန်းဖြန်း ထမိသည့်အထိထိတ်လန့်သွားမိလေ သည်။ဘယ်လောက်မေးမေးလည်း ဖြေမည့်ပုံမပေါ်တာမို့မြယွန်းမှီရှေ့ဆက် ၍လျှောက်လာခဲ့သည်။တစ်လမ်းလုံး မြင်မြင်သမျှသောရွာသူရွာသားအ ပေါင်းတို့၏အကြည့်တွေကတမူထူး ခြားနေသည်မှာတော့အမှန်ပင်။ "ဟေ့ မိန်းခလေးခဏရပ် " အသံနှင့်အတူမြယွန်းမှီရှေ့မှပိတ်ရပ် လိုက်သောလူတစ်ယောက်ကြောင့်မြယွန်းမှီလှမ်းလက်စခြေလှမ်းတွေကိုရပ်တန့်လိုက်ပြီး " ဘာ ဘာကိစ္စများလဲရှင် ကျွန်မမျက်စိ လည်လမ်းမှားလာလို့ပါ တဆိတ် လောက် ရွာက ရွာလူကြီးအိမ်ဘယ် နားမှာများလဲရှင် " " ငါ့ကို ရွာလူကြီးလွှတ်လိုက်တာပဲ ငါ့နောက်ကလိုက်ခဲ့ " ထိုလူကြီး၏စကားကြောင့်မြယွန်းမှီ အံ့သြသွားရလေသည်။မြယွန်းမှီရောက်နေ တာကိုမည်သို့များသိသွားပါလိမ်ံ့။ ကြည့်ရတာရွာလူကြီးကအတော် လေးကိုထူးချွန်ထက်မြက်သောသူ တစ်ယောက်ဖြစ်လိမ့်မည်ထင်သည်။ မြယွန်းမှီရှေ့ကလူကြီးကတော့အမြင် နှင့်တင်အနည်းငယ်ကျောချမ်းစရာ တော့ကောင်းနေသည်။ ထိုလူကြီး၏ပုံစံမှာထွားထွား ကျိုင်းကျိုင်းနှင့်ဆံပင်ရှည်ကြီးကို သျှောင်ထုံးထုံးထားပြီး အသားအရည်က မည်းမည်းပြောင် ပြောင်။မျက်နှာကခက်ထန်မာ ကျောပုံပေါ်နေ၏။မြယွန်းမှီအတွေး ပေါင်းများစွာနှင့်ထိုလူကြီးခေါ် ဆောင်ရာနောက်သို့တရွေ့ရွေ့လိုက်ပါ သွားမိလေ၏။ ထိုလူကြီးသည်ကြီးမားခန့် ထည်၍ တစ်ခြံလုံးမီးရောင်ထိန်ထိန် လင်းလင်းနှင့်နန်းတော်ကြီးတမျှ လှသောတိုတ်အိမ်ကြီးတစ်အိမ် ရှေ့အရောက်တွင်ခြေလှမ်းများကိုရပ်

ပထမဆုံးရေးခဲ့ဖူးတဲ့လျှိုဝှက်ဆန်းကြယ်ဝတ္တုတို (စာဖတ်သူတို့ရော ထူးထူးခြားခြားအိပ်မက်တွေမက်လေ့ရှိပါသလား ) အကျဉ်းစံချစ်သူနှင့်ပျောက်ဆုံးနေသောရွာ =========== ( ၁ ) တကယ်တော့ သည်ထိတ်လန့်တုန်လှုပ်စရာအဖြစ်ပျက်များ ဖြစ်ပေါ်လာ ရခြင်းမှာမကြာခဏမက်လေ့ရှိသော အိပ်မက်များကိုစွဲလမ်းတသစိတ်ဖြင့် ရှာဖွေမိရာမှ ပေါ်ပေါက်လာရခြင်းဖြစ်ပေသည်။ အိပ်မက် ၁။ ကောင်းကင်ထက်တွင်လမင်းကြီး ကဝင်းဝင်းပပနှင့်တစ်လောကလုံးသာ ယာလှပနေလေသည်။အေးမြသောလေပြည် ညှင်းလေးများသည်လည်းညင်ညင်သာသာတိုတ် ခတ်နေလေသည်။ ညီညာ ဖြောင့်ဖြူးသောမြေသားလမ်း လေးထက်တွင်သူတို့လမ်းလျှောက်နေ ခဲ့ကြသည်။လမ်းရဲ့ဘေးနှစ်ဘက်တွင် တစ်တောင်သာသာမြက်ပင်ရိုင်းလေး များသာပေါက်ရောက်နေတာမို့လမင်း ၏အလင်းရောင်ကအတားအဆီးမရှိ ဖြန့်ကျက်ကျရောက်လျက် ညကာလက အလှကြီးလှနေတော့လေသည်။ ​သူမ၏ကိုယ်ပေါ်တွင်အဖြူရောင်ဝမ်း ဆက်ကိုဝတ်ဆင်ထားပြီးဆံပင်ရှည် ရှည်များက လေပြေညှင်းလေးများနှင့်အပြိုင်ယိမ်းနွဲ့လှုပ်ရှားနေလေသည်။ သူမအရမ်းကိုပျော်နေခဲ့သည်။ သူ၏လက်မောင်းကိုဖတ်တွယ်ပြီးပခုံး ထက်တွင်ခေါင်းကိုမေးတင်ရင်းကြည်နှူး မှုတွေကအတိုင်းအဆမဲ့စွာပေါ့။ သူလည်းအဖြူရောက်ဝတ်စုံနှင့်နတ်သား လေးတစ်ပါးလိုသိပ်ကိုကြည့်လို့ကောင်းနေလေသည်။သူ့မျက်နှာကိုတစိမ့် စိမ့်ငေးကြည့်ရင်းရင်တွေတသိမ့်သိမ့် ခုန်နေခဲ့မိလေသည်။ အိပ်မက် ၂ ။ ထိန်ထိန်သာနေသောလမင်းကြီး၏အလင်းရောင်အောက်တွင်ကန်ရေပြင်က တိတ်ဆိတ်ငြိမ်သက်ပြီးပတ်ဝန်းကျင်မှ ပန်းရနံ့လေးများတသင်းသင်းနှင့်ညကအရမ်းကိုလှပနေလေသည်။ ကန်တွင်ထိုးထားသောအင်္ဂလိပ်အက္ခရာတီ အကြီးပုံစံတံတားထိပ်မှာသူမရောက်ရှိ နေခဲ့သည်။ပိုပြီးတိတိကျကျပြောရမည် ဆိုလျှင်ခြေဆင်းထိုင်နေသောလူတစ် ယောက်၏ပေါင်ပေါ်တွင်ခေါင်းအုံးပြီး သူမအိပ်နေခဲ့တာ။ကောင်းကင်ထက်က လမင်းကြီးကသူမနှင့်မျက်နှာချင်းဆိုင် ကြည့်နေရသလိုအရမ်းကိုနီးနီးကပ်ကပ်နှင့်သာယာလှပနေခဲ့တာ။ လမင်းကြီးနဲ့အပြိုင်သူကလည်းသူမကို ခပ်ပြုံးပြုံးစိုက်ကြည့်နေခဲ့လေသည်။ ကြည်လင်တောက်ပနေသောသူ့မျက်ဝန်း များကစကားတွေအများကြီးပြောနေသ လိုလို။ပြုံးယောင်သမ်းနေသောနှုတ်ခမ်း ပါးပါးနှင့်သူ့မျက်နှာကလမင်းနှင့် အပြိုင်အေးချမ်းသာယာလွန်းလှသည်။ သူမရင်တွေတဒိတ်ဒိတ်ခုန်နေသည်။ ကြည်နှုးမှုလေးများကိုဝအောင်မခံစား ရသေးခင်သူမအိပ်မက်ကဖျတ်ခနဲလန့် နိုးခဲ့ရသည်။ရင်ခုန်သံတွေကတော့မြန်နေဆဲ။ မှတ်မှတ်ရရဒုတိယကြိမ်မြောက် အိပ်မက်ကိုမက်တော့သူမအသက် တစ်ဆယ့်ခြောက်နှစ်အရွယ်သာရှိသေးသည်။ ယခုအချိန်တွင်တော့သူမအသက်နှစ်ဆယ့်ကိုးနှစ်ပင်ကျော်လာခဲ့လေပြီ။ အိပ်မက်ထဲကအကြောင်းအရာများ နှင့်ပတ်သက်၍အစ အနပင်မကြုံဆုံ မတွေ့ရှိရသေးပါ။ ( ၂ ) "ရွာလးကသစ်ပင်ကြီးတွေအုံ့အုံ့ ဆိုင်းဆိုင်းရှိပြီးအေးချမ်းသာယာလှပသ လိုတောင်ကုန်းတောင်ဆင်းမညီမညာ အနိမ်အမြင့်လမ်းတွေလည်းရှိပါတယ်။ ထူးခြားတာဘေးပတ်ပတ်လည်မှာ ပန်းပေါင်းစုံအမြဲပွင့်နေတဲ့ရေကန်ကြီး တစ်ကန်ရှိပါတယ်။ရေကန်မှာအင်္ဂလိပ် အက္ခရာတီအကြီးပုံတံတားလေးရှိတယ်။ပြီးတော့ထူးထူးခြားခြား ပွင့်တူရွက်တူပင်ကြီးတွေအရောင်စုံရှိပါ တယ် ။ဒီလိုရွာလေးကိုမိတ်ဆွေတို့ သိရှိတယ်ဆိုရင်ဆက်သွယ်အကြောင်း ကြားပေးဖို့မေတ္တာရပ်ခံပါတယ်ရှင် ။ " စာလုံးလေးများကိုတဖျတ်ဖျတ် ရိုတ်နှိပ်လိုက်ပြီးပို့စ်နေရာကိုလက်မ လေးနှင့်ဖိလိုက်သည်။ပြီးတော့လက်​​တော့လ်ကိုပိတ်လိုက်ပြီးအညောင်း အညာပြေခြေလက်များကိုဆန့်ထုတ် လျက်ဇက်ကိုဘယ်ပြန်ညာပြန်လှည့် ပြီးအညောင်းဖြေလိုက်၏။သည်နေ့ အဖို့စာရေးခြင်းအလုပ်ကို ရပ်တန့်ပြီးအနားယူအိပ်စက်ရပေဦး မည်။မနက်ဖြန်အတွက်မျှော်လင့် ချက်များတပွေ့တပိုက်နှင့်ပေါ့။သူမက တော့စာရေးဆရာမပေါက်စလေး "မြယွန်းမှီ "ပင်ဖြစ်ပါလေသည်။ ( ၃ ) မြယွန်းမှီကျောပိုးအိတ်ကို ကားခေါင်မိုး ပစ္စည်းများထည့်သောဘောက်စ်ထဲကို ထည့်လိုက်ပြီး ထိုင်ခုံမှာသက်တောင့်သက် သာဝင်ထိုင်လိုက်သည်။မြယွန်းမှီ ဘဝတွင်အကြိမ်ပေါင်းများစွာခရီး သွားခဲ့ဖူးသော်လည်းသည်အခေါက် ခရီးက ယခင်အခေါက်များနှင့်မတူ တမူ ထူးခြားပေသည်။မြယွန်းမှီရင်ထဲ၌ ယခုမှခရီးစသွားဖူးသူလိုရင်ခုန်စိတ် လှုပ်ရှားနေလေသည်။ယခုအခါ မြယွန်းမှီ သွားမည့်ခရီးကနှစ်ရှည်လများ ရှာဖွေနေသော ရွာလေးအကြောင်းအွန်းလိုင်းမှသတင်း ရရှိသောကြောင့်ဖြစ်လေသည်။သတင်း ပေးသူကမြယွန်းမှီ၏စာဖတ်ပရိတ်သတ် ညီမလေးတစ်ယောက်ဖြစ်သည်။ထို ညီမလေးပေးပို့လာသောပုံတွေက ​မြယွန်းမှီအိပ်မက်ထဲကမြင်ကွင်းများနှင့် အတော်လေးကိုတူနေသော ကြောင့်မျှော်လင့်တကြီးခရီးထွက် လာခဲ့ခြင်းပင်ဖြစ်လေသည်။မြယွန်းမှီ ဦး တည်ရာအရပ်ကမြန်မာပြည်အလယ် ပိုင်းအဆုံးမြန်မာပြည်အထက်ပိုင်း အစအစွန်းအဖျားကလူသူအရောက်အပေါက်မရှိသောရွာလေးတစ်ရွာကိုဖြစ်ပါ လေသည်။ ညနေခြောက်နာရီကထွက်လာသော

ကျွန်မက သီဟထွန်းရှိန်၏ အမေးကိုမဖြေဘဲ ညီညာစီရီစွာခင်းထားသောလျှာထိုးကြမ်းပြင်ကိုစူးစူးစိုက်စိုက်ကြည့်လိုက်သည်။ " သီဟ...ဒီနားကပျဥ်ပြားတွေကိုခွါကြည့်ရအောင် တစ်ခုခုသွားယူပါလား..." သီဟထွန်းရှိန်သည် နားမလည်နိုင်သောအမူအရာဖြင့် ကျွန်မခိုင်းသည့်အတိုင်း လျှာထိုးပျဥ်ပြားများကိုခွါနေလေသည်။ " ဒီနေရာ...ဒီပျဥ်ပြားကိုခွါ" ကျွန်မပြသောနေရာကို သီဟထွန်းရှိန်သည် ယောင်ယောင်ကန်းကန်းနှင့်ခွါကြည့်လိုက်ရာ သံသေတ္တာခပ်သေးသေးတစ်လုံးကိုတွေ့လိုက်ရသည်မို့ သီဟထွန်းရှိန်သည် အံ့သြတကြီးနှင့်ကျွန်မကို မော့​ကြည့်လာပြီး " ဟာ...ဒါ...ဒါ...မမရတီချိုရဲ့ရတနာသေတ္တာပဲ...ဒီ..ဒီနေရာမှာရှိမှန်းဆရာမဘယ်လိုသိတာလဲဟင်..." " ဟို...ဟို...အိပ်မက်မက်လို့ပါသီဟရယ်..." " ဘာပဲဖြစ်ဖြစ် အဖေ့သာသိရင်ဝမ်းသာမှာပဲ အဖေ့ကိုသွားပြော​ကြရအောင်နော်..." **** အထုတ်အပိုးများ၊ ပစ္စည်းများကို ကားတစ်စီးနှင့်သက်သက်တင်လိုက်ပြီး နောက်ကားတစ်စီးပေါ်တွင် သူဌေးကြီးဦးထွန်းရှိန်၊သီဟထွန်းရှိန်နှင့်ကျွန်မတို့ လိုက်ပါသွားရန်စီစဥ်ထားသည်မို့ ကျွန်မဝှီးချဲကိုကားနားသို့ခပ်ဖြည်းဖြည်းတွန်းလာခဲ့ပြီးကားနားရောက်သည်နှင့်ဝှီးချဲကိုနောက်ပြလှည့်လိုက်ပြီး စိန်ပန်းမြိုင်အိမ်ကြီးကိုနောက်ဆုံးအနေနှင့်ကြည့်လိုက်သည်။ ကောင်းကင်​ပြာ​ပြာ​​အောက်တွင် အထိီးကျန်တိတ်ဆိတ်စွာ ကျန်ခဲ့သောစိန်ပန်းမြိုင်အိမ်ကြီးကိုကြည့်၍ ကျွန်မရင်ထဲမှာလှိုက်ခနဲ​ဖြစ်သွား​ပြီး မျက်ရည်စများက ပါပြင်​​ပေါ်သို့အလိုလိုစီးကျလာ​လေသည်။ထို့အတူ သူဌေးကြီးဦးထွန်းရှိန်ကိုကြည့်လိုက်​သောအခါတွင်လည်း သူဌေးကြီးသည်လည်း ရီဝေဖျော့တော့သောအကြည့်များဖြင့် စိန်ပန်းမြိုင်အိမ်ကြီးကိုငေးငေးရီရီကြည့်နေသည်ကိုတွေ့လိုက်ရလေ၏။ " သွားကြမယ်လေ... သွားကြစို့နော်...အဖေ.." အသံနှင့််အတူပခုံးကိုခပ်ဖွဖွဆုပ်ကိုင်လိုက်သော သီဟထွန်းရှိန်အား ခေါင်းကိုငြိမ့်ပြလိုက်​ပြီး ကျွန်မတို့ စိန်ပန်းမြိုင်အိမ်ကြီးကိုကျောခိုင်းလိုက်​ကြလေသည်။ ပြီးပါပြီ **** ဧကြည်ဖြူ "စိန်ပန်းမြိုင်အိမ်ကြီးကိုအစမှအဆုံးဖတ်ရှုပေးကြသူအပေါင်းအားကျေးဇူးအထူးတင်ရှိပါသည်။ ကိုယ်တိုင်ရေးသားထားသောစာမူဖြစ်၍ အခြားသူ၏ကလောင်အမည်ဖြင့် ကူးယူခွင့်မပြုပါ ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက် ပေးသွင်းရမည့် အကောင့်များမှာ KPay 09773745413 Lai Lai Win Wave 09773745413 Lae Lae Win ဖြစ်ပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင် ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ စာဖတ်သူများအားလုံးကို ကျေးဇူးတင်ချစ်ခင်လျက်ပါ A Kyi Phyu #ဧကြည်ဖြူ

" တကယ်တော့...မမရတီချိုက အရမ်းကိုစိတ်သဘောထားကောင်းတာ...ကျွန်တော့်အမေ့က ကျွန်တော့်ကို အကြောင်းပြပြီးအ​ဖေ့ကို လိမ်ညာလက်ထပ်ခဲ့တာလေ...ဒီအကြောင်း​တွေကို ကျွန်တော်တက္ကသိုလ်တက်တော့မှမတော်တဆသိသွားခဲ့တာ...သိသိချင်း. ကျွန်တော့်ကမ္ဘာကြီးတစ်ခုလုံးပျက်သွားသလိုပဲ...ကျွန်တော်အရမ်းချစ်တဲ့အစ်မက ကျွန်တော်နဲ့သွေးမတော်သားမစပ်ဖြစ်နေပြီး ကျွန်တော်မုန်းတဲ့မကေသီကပဲကျွန်တော့အစ်မဆိုတော့ ကျွန်တော်ရူးချင်သလိုလိုဖြစ်ခဲ့တာ...နောက်တော့အဖေပါသိသွားတယ်လေ...ဒါပေမဲ့ထူးဆန်းတာကဘာလဲသိလား...ကျွန်တော်ကသူ့အဖေရဲ့​သွေးသားမဟုတ်ဘူးဆိုတာ မမရတီချိုကသိတာကြာပြီတဲ့လေ...ကျွန်တော်ခံစားရမှာစိုးလို့ ဘယ်သူ့ကိုမှထုတ်မပြောခဲ့တာတဲ့...အဲ့ဒီအကြောင်းကိုသိသွားတဲ့နေ့ကစပြီး ကျွန်တော်ဒီအိမ်ကြီးမှာမနေတော့ဘူး...ကျွန်တော့်အမေအရင်းနဲ့အစ်မကိုထွက်သွားဖို့ခေါ်တာလည်းမရ​တော့ ကျွန်တော်တစ်ယောက်တည်းမြို့ထဲမှာသွားနေခဲ့တာ...ကျွန်တော်အဲ့ဒီလိုနေတော့မမရတီချိုကမြို့ထဲမှာအိမ်ဝယ်ပေးတယ်လေ...နောက်ဆုံးတော့မမရတီချိုစိတ်ဆင်းရဲနေတာကို မကြည့်ရက်လို့အဲ့ဒီအိမ်မှာနေလိုက်တယ်...ဒီလောကကြီးမှာ ကျွန်တော့်အပေါ် နားလည်ပေးနိုင်ဆုံး သည်းခံနိုင်ဆုံးသူပါ... " ပြောပြီးသည်နှင့် ပြတင်းဝဘက်သို့ငေးငေးငိုင်ငိုင်နှင့်ကြည့်နေသော သီဟထွန်းရှိန်ကိုကြည့်ပြီး ရတီချိုကိုသနားလွန်းသဖြင့် ကျွန်မ သီဟထွန်းရှိန်ကိုနှစ်သိမ့်ရန်စကားလုံးများပင်ပျောက်ဆုံးနေမိလေသည်။ *** အိမ်​ရှေ့ဆင်ဝင်အောက်မှာ ချထားသော အထုတ်များအားလုံးကို ကားပေါ်သို့တင်လိုက်ပြီးနောက် သီဟထွန်းရှိန်သည် နောက်သို့လုံးဝလှည့်မကြည့်တော့ဘဲ အိမ်ထဲသို့ဝင်သွားလေတော့သည်။ကျွန်မမှာတော့​ ကားဘေးတွင်ရပ်နေသော ဒေါ်မာလာတင်ကိုတစ်လှည့် အထုတ်အပိုးများတင်ထားသောကားကိုတစ်လှည့်ကြည့်ပြီး စိတ်ထဲမှာဝမ်းနည်းသလိုလို၊ ငိုချင်သလိုလို ခံစားနေရလေသည်။ *** အခန်းတံခါးကိုခပ်ဖြည်းဖြည်းခေါက်လိုက်သောအခါ အထဲမှတုန့်ပြန်သံမကြားရတာမို့ ကျွန်မတံခါးကိုတွန်းကြည့်လိုက်တော့ တံခါးကအလွယ်တကူပွင့်သွားလေသည်။ကျွန်မအခန်းထဲကိုဝေ့ဝဲကြည့်လိုက်သောအခါ ပြတင်းပေါက်နား​တွင်ငူငူချည်းရပ်နေသော သီဟထွန်းရှိန်ကိုတွေ့လိုက်ရသည်မို့ အနားသို့ခပ်ဖြည်းဖြည်းလျှောက်သွားလိုက်လေသည်။အနားသို့ရောက်သည်နှင့်တစ်ပြိုင်နက် သီဟထွန်းရှိန်သည် ကျွန်မပခုံးပေါ်ခေါင်းကိုမှိီတင်လိုက်ပြီး ရှိုက်ကြီးတငင်ငိုလေတော့သည်။ " အမေ့ကိုနှုတ်ဆက်စကားလေးတော့ ပြောလိုက်ရောပေါ့..." ကျွန်မခပ်တိုးတိုးပြောလိုက်ပြီး သီဟထွန်းရှိန်၏ကျောပြင်ကိုလက်နှင့်အသာသိုင်းဖက်လိုက်သည်။ *** သူဌေးကြီးဦးထွန်းရှိန်၏ အမွေလွှဲပြောင်းမှုအပြီးမှာတော့ စိန်ပန်းမြိုင် အိမ်ကြီးမှာတိတ်ဆိတ်ခြောက်ကပ်၍ ကျန်ခဲ့လေသည်။သူဌေးကြီး၏ ပိုင်ဆိုင်သမျှအားလုံးကိုရောင်းချပြီးနောက် ရသမျှထဲကတစ်ဝက်ကို လူယုံတော်ဦးသက်အောင်အပါအဝင် မိသားစုတွေကို့ခွဲဝေပေးလိုက်ကာ ကျန်တစ်ဝက်ကို လှူဒါန်းလိုက်ပြီး သူဌေးကြီးကနာတာရှည်ဆေးရုံတွင်သာနေတော့မည်ဟု ရှေ့နေ့ကြီးကပြောကြားပြီးသည့်နောက်မှာတော့ ဒေါ်မာလာတင်နှင်အခြားသူများမှာ စိန်ပန်းမြိုင်အိမ်ကြီးမှ ထွက်ခွါသွားကြပြီဖြစ်လေသည်။ကျွန်မသည်လည်း နောက်ရက်တွင် စိန်ပန်းမြိုင်အိမ်ကြီးမှ ပြန်ရတော့မည်မို့ အဝတ်အစားများကို ခေါက်သိမ်းနေပြီဖြစ်လေသည်။ကျွန်မ အဝတ်အစားများကိုခေါက်နေရင်းမှ အမှတ်တမဲ့အခန်းထောင့်သို့လှမ်းကြည့်မိလိုက်ပြီး ဘာရယ်မဟုတ် ခန္ဓာကိုယ်တစ်ခုလုံးကြက်သီးမွေးညင်းများထလာမိလေသည်။ "ဒေါက်...ဒေါက်...ဆရာမလေး..." ကျွန်မအတွေးလွန်နေစဥ်မှာပင် တံခါးခေါက်သံနှင့်အတူ သီဟထွန်းရှိန်၏အသံကို ကြားလိုက်ရလေသည်။ " ဝင်ခဲ့လေ...တံခါးမပိတ်ထားပါဘူး..." " အဝတ်အစားတွေသိမ်းနေပြီလား... ဒါနဲ့ ဟိုလေ...ကျွန်တော်နဲ့အတူမြို့ထဲကအိမ်ကိုလိုက်မှာမဟုတ်လားဟင်..." " ရှင်...ဘယ်..ဘယ်လို...ဘာပြောလိုက်တာလဲ..." " ကျွန်တော်...အဖေကို ဆေးရုံကိုမပို့ပါဘူး...မြို့ထဲကအိမ်ကိုခေါ်သွားပြီး ကျွန်တော်စောင့်ရှောက်မှာပါ...ကျွန်တော်ကိုကူညီမယ်မဟုတ်လား...ဆရာမလေး" ကျွန်မဆွံ့အနေသူတစ်ယောက်လို ဘာမျှပြန်မပြောနိုင်ဘဲ သီဟထွန်းရှိန်၏မျက်နှာကိုခပ်​​ငေးငေး ​ကြည့်နေမိလေ၏။သီဟထွန်းရှိန်သည် ကျွန်မရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ကာ ကျွန်မလက်ကိုဆွဲယူလိုက်ပြီးလက်စွပ်ကလေးကိုစွပ်ပေးရင်းမှ " ဆရာမလေးကို ကျွန်တော်လက်ထပ်ပါရစေ...ခွင့်ပြုပေးပါနော်.." သီဟထွန်းရှိန်၏ အပြုအမူကြောင့် ကျွန်မရင်ထဲမှာ တသိမ့်သိမ့်လှိုက်ခုန်နေပြီး ရှက်ရွံ့စွာခေါင်းကိုငြိမ့်ပြလိုက်လေသည်။ " ဒါဆို ကျွန်တော်တို့ အဖေ့ကိုသွားပြောကြမယ်လေ...အဖေ့ဆီကခွင့်ပြုချက်သွားယူရအောင်..." ကျွန်မလက်ကိုဆွဲပြီး အခန်းအပြင်သို့ထွက်ရန်ပြင်နေသော သီဟထွန်းရှိန်၏လက်ကို ကျွန်မပြန်ဆွဲယူလိုက်ပြီး " ခဏ...ခဏလေး​နေဦး သီဟ...ပြစရာရှိလို့..." ကျွန်မ သီဟထွန်းရှိန်ကိုပြောပြီးသည်နှင့် အခန်းထောင့်သို့သွားကာ ကြမ်းပြင်ကိုစူးစိုက်ကြည့်နေမိ၏။သီဟထွန်းရှိန်သည် ကျွန်မ၏အပြုအမူကိုနားမလည်နိုင်ဘဲ ကြောင်တက်တက်နှင့်ကျွန်မဘေးတွင် ဆောင့်​ကြောင့်ထိုင်ချလိုက်လေသည်။ " ဘာ...ဘာဖြစ်လို့လဲ ဆရာမလေး "

" ဦးလေး သူ့ကိုဘာမှမ​ပြောနဲ့တော့... သတ်လိုက်တော့...သူလည်းဟိုကောင်လူယုတ်မာကျော်စွာဦးကိုကြိုက်နေတာပဲ...သူကြောင့်မမလေးစိတ်ဆင်းရဲရလိမ့်မယ်...သူ့ကိုအမြန်သတ်ပြီး ဟိုမိန်းမယုတ်ရွှေမိရှိတဲ့ချောက်ထဲမှာပဲ မြှုပ်လိုက်ကြရအောင်..." မိလုံးသည် အသံနက်ကြီးနှင့်အော်ဟစ်ပြောဆိုရင်း လက်ထဲမှတုတ်ကိုမြှောက်ကိုင်ကာ ကျွန်မဆီသို့ပြေးဝင်လာလေ၏။ကျွန်မလည်း မိလုံးကိုကြည့်ပြီးကြောက်လန့်တကြားနှင့်အသံကုန်အော်ဟစ်လိုက်မိလေသည်။ " အမလေး ...ကယ်ကြပါဦးရှင်..." " ဆရာမလေး.. ပြေးလေး...ပြေးတော့..." ကျွန်မ၏အော်သံအဆုံး၌ ခေါ်သံနှင့်အတူပြေးဝင်လာသော သီဟထွန်းရှိန်သည် ကျွန်မ၏ခန္ဓာကိုယ်အား အရှိန်နှင့်တွန်းဖယ်ပစ်လိုက်လေသည်။ " သီ...သီဟထွန်းရှိန် ရှင့်ကိုထိသွားလားဟင်..." " ကျွန်မကိုတွန်းထုတ်ပစ်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် မိလုံး၏အရိုက်ခံလိုက်ရသော သီဟထွန်းရှိန်သည် မြေပြင်ပေါ်ပစ်လဲကျသွားသည်မို့ ကျွန်မအပြေးအလွှားထူးရင်းစိုးရိမ်တကြီးမေးလိုက်မိသည်။ " ကျွန်တော်...ကျွန်တော်ဘာမှမဖြစ်ဘူး ဆရာမ...ဆရာမလေးပြေးတော့...အမြန်ပြေးတော့..." " မပြေးဘူး...ဘာလို့ပြေးရမှာလဲ..." ကျွန်မသည် မြေပြင်ပေါ်တွင်လဲကျနေသော သီဟထွန်းရှိန်၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး သီဟထွန်းရှိန်၏ခန္ဓာကိုယ်ကို ကျွန်မကိုယ်နှင့်ကာလိုက်ပြီး ဦးဖိုးထော်ကို အကူအညီလှမ်းတောင်းလိုက်ရင်းမှ အိမ်​ကြီးဆီမှ​ကြားလို​ကြား​ငြားအသံကုန်အော်ဟစ်ပစ်လိုက်သည့်အခါ မိလုံးသည် မျက်ထောင့်နီကြီးနှင့်ကြည့်​ပြီးကျွန်မတို့ဆီသို့တစ်လှမ်းချင်းလှမ်းလာလေသည်။ "တောင်း...တောင်းပန်ပါတယ် ဦး...ဦးဖိုးထော်ရယ်... မိလုံးကိုတားပါဦး...ကယ်...ကယ်ကြပါဦးရှင်...ဒီမှာ ကျွန်မတို့ကိုသတ်ဖို့လုပ်နေလို့ပါ...." " တိတ်စမ်း...နား​ငြီးတယ်...သီဟထွန်းရှိန်အဲ့ဒီကောင်ကိုပါ သတ်ချင်နေတာအတော်ပဲဖြစ်သွားတာပေါ့...ဦးလေးဘာလုပ်နေတာလဲ...လာလေသူတို့နှစ်ယောက်လုံးကိုသတ်ပစ်ကြမယ်..." ဦးဖိုးထော်သည် သူ့တူမမိလုံးနှင့်ကျွန်မတို့ကိုကြည့်ကာ လက်ထဲမှမြက်ခုတ်ဓါးကြီးကိုမြေပြင်ပေါ်ထောက်လျက် တွေတွေချည်းရပ်နေလေသည်။ " ဦးဖိုးထော်... လက်ထဲကဓါးကိုချလိုက်ပါ...ထွက်ပြေးဖို့မစဥ်းစားပါနဲ့ ကိုမင်းပိုင်ဦးလည်းသတိရလာပြီမို့ ခင်ဗျားတို့ဘယ်လိုမှပြေးမလွတ်တော့ဘူး..." ရုတ်တရက်ကြားလိုက်ရသောအသံများနှင့်ဝတ်စုံပြည့်ဝတ်ထားသောတာဝန်ရှိသူများကိုမြင်လိုက်ရသောအခါ ကျွန််မ ဝမ်းသာလွန်းသဖြင့် မျက်လုံးအိမ်မှမျက်ရည်များပါစီးကျလာလေသည်။ **** ကျွန်မသည် သီဟထွန်းရှိန်၏ လက်မှဒဏ်ရာကိုဆေးထည်းပေးနေရင်းမှ သီဟထွန်းရှိန်၏မျက်နှာကို ခပ်စူးစူး​ငေးကြည့်​နေမိသည်။ " ဘာလို့ အတင်းဇွတ်ဝင်လာရတာလဲ... မတော်လို့ခေါင်းကိုရိုက်မိရင်ဘယ်လိုလုပ်မလဲ...တော်သေးတာပေါ့.. လက်နဲ့ကျောကုန်းပဲထိသွားလို့ပေါ့...." ကျွန်မစကားကြောင့် သီဟထွန်းရှိန်က ကျွန်မလက်ဖျားလေးကို ဖျတ်ခနဲဆွဲယူကာသူ့ရင်ဘတ်ပေါ်မှာတင်လိုက်ပြီး " စိုးရိမ်လို့ပေါ့...ဆရာမလေးရယ်...ဆရာမလေးကလည်း ကျွန်တော်ဒီလောက်အရိပ်တကြည့်ကြည့်စောင့်ကြည့်နေတဲ့ကြားကဘယ်လိုများလှစ်ခနဲပျောက်သွားရတာလဲ...တော်သေးတာပေါ့...တာဝန်ရှိတဲ့သူတွေရောက်လာလို့ပေါ့ မဟုတ်ရင်တွေးတောင်မတွေးရဲဘူး..." သီဟထွန်းရှိန်၏ စကားကြောင့် ကျွန်မမျက်လုံးထဲတွင် မိလုံး၏ပုံစံကို​ပြန်မြင်ယောင်မိပြီး သီဟထွန်းရှိန်၏ လက်ကိုခပ်တင်းတင်းပြန်ဆုပ်ကိုင်လိုက်မိလေသည်။ " ဟုတ်တယ်နော်...မိလုံးကြည့်ရတာကြောက်စရာကြီး...သူ့ခမျာမရတီချိုကိုချစ်ခင်စွဲလမ်းတဲ့စိတ်ကြောင့် စိတ်ထိခိုက်သွားတာဖြစ်မယ်...ဒါနဲ့မကေသီတင်လည်းပြစ်ဒဏ်ခံရမှာပေါ့နော်..." ကျွန်မစကားကြောင့် သီဟထွန်းရှိန်သည် အံကိုတစ်ချက်ကြိတ်လိုက်ပြီး " သူ့အပြစ်ရှိသလောက်တော့ ခံရမှာပေါ့ ...ဒီလိုတွေဖြစ်မှာကိုကျွန်တော်ကြောက်နေခဲ့တာ နောက်ဆုံးတော့ကျွန်တော်ကြောက်တဲ့အတိုင်းဖြစ်လာခဲ့တာပဲ..." " ဒါနဲ့ စာအုပ်ထဲမှာ... မရတီချိုနဲ့ရှင်နဲ့စကားများနေကြတာလို့ရေးထားတယ်...အဲ့ဒီညက အကြောင်းတွေမှတ်မိလား..." သီဟထွန်းရှိန်သည် ကျွန်မ၏အ​မေးကြောင့် ရုတ်ချည်မျက်နှာမှာညှိုးငယ်သွားပြီး ခေါင်းကိုခပ်ဖြည်းဖြည်းငြိမ့်ပြရင်းဖြေလေသည်။ " အင်း...နည်းနည်းပါးပါးတော့မှတ်မိတယ်...အဲ့ဒီတုန်းက ကျွန်တော် မကေသီနဲ့ကျော်စွာဦးအကြောင်းကိုသိလိုက်ရတာမို့ အရက်တွေသောက်ပြီး သူတို့နှစ်ယောက်လုံးကိုသတ်ပစ်မယ်လို့လုပ်ထားတာလေ..မမရတီချိုသိတာစောသွားလို့ သူတို့နှစ်ယောက်က ကံကောင်းသွားပြီး စိတ်ထားကောင်းလှတဲ့ မမရတီချိုကတော့... " ပြောရင်းမှ သီဟထွန်းရှိန်သည် ကျွန်မ၏လက်ပေါ်တွင်မျက်နှာအပ်ပြီးအံကိုကြိတ်၍အသံတိတ်ငိုနေလေသည်။ကျွန်မ သီဟထွန်းရှိန်၏ ခေါင်းကိုလက်တစ်ဖက်နှက့်ခပ်ဖွဖွပု​တ်ရင်းနှစ်သိမ့်လိုက်မိသော်လည်း ကျွန်မကိုယ်၌ကပင် ရတီချိုအကြောင်းတွေးကာစိတ်ထိခိုက်ဝမ်းနည်းမိလေသည်။

အပိုင်း ( ၁၁ ) ဇာတ်သိမ်းပိုင်း စိန်ပန်းမြိုင်မှအိမ်နီကြီး **** " မိ...မိလုံး...ဒါ....ဒါဘာလုပ်တာလဲ..." " ဆရာမက...ရှာတဲ့နေရာမှာ သိပ်တော်တာပဲ...ဒီစာအုပ်ကို မိလုံးရှာနေတာဘယ်လောက်ကြာနေပြီလဲ အရိပ်အယောင်တောင်မတွေ့ဘူး...ခုမှဆရာမလေးကြောင့် စာအုပ်ကိုအလွယ်တကူတွေ့တာပဲ...." မိလုံးသည် ပြောပြောဆိုဆိုနှင့် လက်ထဲမှ တုတ်ကိုကိုင်မြှောက်ပြီး ကျွန်မဆီသို့ တစ်လှမ်းချင်းတိုးလာ​သော မိလုံးကိုကြည့်​ပြီး ကျွန်မကြောက်လန့်တကြားအော်ဟစ်လိုက်သည်။ " မိ...မိလုံး ရှေ့ကို တိုးမလာနဲ့နော်...ကျွန်မအော်လိုက်မှာ... " " အော်လေ...ကြိုက်သလောက်အော်...ရှင့်ကိုဘယ်သူမှလာကယ်မှာမဟုတ်ဘူးဆရာမလေးရဲ့...မိလုံးဒီလောက်တားနေတဲ့ကြားက ဘာလို့ဒီတောထဲကိုလာရတာလဲ ပြောပါဦး...ဘာလဲဆရာမလေးကရော ဟိုလူယုတ်မာကျော်စွာဦးကိုကြိုက်နေတာလား ပြောလေ... ပြောစမ်း....ဟား ဟား ဟား...အဲ့ဒါဆိုဆရာမလေးကိုလည်း...ရွှေမိနားမှာနေခိုင်းရမှာပေါ့..." ကျွန်မသည် မိလုံး၏သွေးပျက်ဖွယ်ရယ်သံကြီးကြောင့် မိလုံးကိုအထိတ်တလန့်ကြည့်နေမိသည်။မျက်လုံးကြီးများပြူးလျက် ဒေါသတကြီးဖြစ်နေသော မိလုံး၏ပုံစံမှာ စိတ်ဖောက်ပြန်နေသောသူနှင့်ပင်တူနေလေသည်။ " မိလုံး မင်း...မင်းဘာတွေပြောနေတာလဲ....မရွှေမိကိုမင်းသတ်လိုက်တာလား..." ကျွန်မအထိတ်တလန့်နှင့်မေးလိုက်မိသောအခါ မိလုံးသည် တဟားဟားအော်ရယ်ပြီး ခါးကိုထောက်၍ တောက်တစ်ချက်ခပ်ပြင်းပြင်းခေါက်လိုက်ပြီး " ဟုတ်တယ်...ရွှေမိဆိုတဲ့ကောင်မကို ငါသတ်လိုက်တာ...ရာရာစစသူလိုဟာမကများ ငါ့သခင်မကိုထိစရားလား...အဲ့ဒီကောင်မနဲ့ဟိုလူယုတ်မာတွေ မမလေးကိုသတ်လိုက်တာကို ဒီစာအုပ်ထဲမှာ ငါဖတ်လိုက်ရတယ်လေ...ဒါကြောင့်လူသတ်သမား​တွေကို ငါပြန်သတ်လိုက်တာပဲ...ဘာဖြစ်လဲ...ဟိုလူယုတ်မာကျော်စွာဦးကိုလည်းလှေကားကနေငါတွန်းချလိုက်တာပေါ့... ပြီးတော့ နေရာတကာပါတတ်တဲ့ဧည့်သည်ကောင်ကိုလည်းငါတို့ပဲတွန်းချပစ်လိုက်တာ...စိတ်ချအဲ့ဒီကောင်လည်းမကြာခင်သေတော့မှာ....ဟား..ဟား..ခုတော့ ဆရာမလေးအလှည့်ပေါ့...ပြီးရင် ကေသီတင်ဆိုတဲ့မိန်းမယုတ်မကိုသတ်မှာ...သူ့ကိုသတ်ပြီးရင် မမလေးကိုစိတ်ဆင်းရဲအောင်အမြဲလုပ်တဲ့သီဟထွန်းရှိန်နဲ့ဒေါ်မာလာတင်ဆိုတဲ့မိန်းမကြီးကိုပါသတ်မယ်....မမလေးရေ...မမလေးအတွက်မိလုံးလက်စားချေပေးမယ်နော်...နောက်ဆိုမမလေးစိတ်မဆင်းရဲရအောင် ဒီအိမ်ကလူတွေအားလုံးကို မိလုံးသတ်ပေးမယ်သိလာ မမလေး... အီး...ဟီး ဟီး..." မိလုံး၏ကျောချမ်းဖွယ်ငိုသံကြောင့် ကျွန်မတစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်လာ​လေသည်။ " စိတ်...စိတ်ထိန်းပါဦး... မိလုံးရယ်...ကျွန်မတောင်းပန်ပါတယ်...မိလုံးဒီလိုလိုက်သတ်နေတော့လည်း မရတီချိုကပြန်ရှင်လာမှာမှမဟုတ်တာ...မိလုံးဒီလိုလူတွေသတ်နေတာကို မရတီချိုသာသိရင်ဘယ်လောက်စိတ်မကောင်းဖြစ်လိုက်မလဲ...သေချာစဥ်းစားပါဦးမိလုံးရယ်...မရတီချိုကို မိလုံးချစ်တယ်မဟုတ်လား မရတီချိုမကြိုက်တာဆိုမိလုံးမလုပ်ဘူးမဟုတ်လားဟင်... ကျွန်မစကားကြောင့် မိလုံးသည် ခေတ္တမျှငြိမ်သက်သွားပြီးနောက် ဒေါသတကြီးပုံစံနှင့်လက်ထဲမှတုတ်ကိုကိုင်​ မြှောက်လိုက်ပြီး နောက် " မဟုတ်ဘူး...မဟုတ်ဘူး မိလုံးက မမလေးစကားဆိုအကုန်နားထောင်တယ်...ဒါပေမဲ့မမလေးကိုစိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေကိုအကုန်သတ်ရမယ်...သတ်မယ်...သတ်ပစ်မယ်..." မိလုံး၏သွေးရူးသွေးတန်း ပုံစံကိုကြည့်၍ ကျွန်မကြောက်လန့်တကြားနှင့်ပြေးမိပြေးရာထ၍ ပြေးခဲ့သည်။ "ဘုတ် " " အား..." ကျွန်မကြောက်ကြောက်လန့်လန့်နှင့်ပြေးမိပြေးရာပြေးလာခဲ့မိရာလူတစ်ယောက်နှင့်ဝင်တိုတ်လိုက်မိလေသည်။ " ဟင်...ဦး...ဦးဖိုးထော်..." " တောင်းပန်ပါတယ် ဆရာမလေး...ကျုပ်တူမလေးက... မမ​လေးရတီချိုကိုသူ့မိခင်တစ်ယောက်လိုသိပ်ချစ်ရှာတာ...သူ့မိဘတွေဆုံးသွားတော့ အသက်ဆယ့်ငါးနှစ်အရွယ်ပဲရှိသေးတဲ့ ကျုပ်တူမလေးကို စိန်ပန်းမြိုင်အိမ်ကြီးကို ကျုပ် ခေါ်ခဲ့တာလေ ကျုပ်တူမလေးကိုခေါ်လာလို့ စိန်ပန်းမြိုင်အိမ်ကလူတွေသဘောမကျပေမဲ့ မမလေးရတီချိုကတော့ ကြင်ကြင်နာနာဆက်ဆံပေးခဲ့တာလေ ခုလို သူအားကိုးချစ်ခင်ရတဲ့လူက ရုတ်တရက်သေဆုံးသွားခဲ့တော့ သူအရမ်းစိတ်ထိခိုက်နာကျင်သွားပုံရတယ်...တစ်ညမှာ ရွှေမိကိုသူသတ်လိုက်ပြီဆိုပြီး ကျုပ်ကိုလာပြောတယ်...ဒီလိုသူလုပ်မယ်ဆိုတာကိုကျုပ်မသိခဲ့လို့ပါ သူသတ်မယ်ဆိုတာကြိုသိရင်ကျုပ်တားခဲ့မှာပါ...မောင်ကျော်စွာဦးကိုသူသတ်ဖို့လုပ်ထားမှန်းလည်း ကျုပ်တကယ်မသိခဲ့တာပါ...ဒီကိစ္စတွေကြောင့် ကျုပ်တူမလေးကိုခေါ်ပြီးထွက်သွားဖို့ပြင်ဆင်နေတုန်းမှာ ဧည့်သည်လေးကသိသွားလို့ ကျုပ်ကိုယ်တိုင်နှုတ်ပိတ်ဖို့လုပ်ခဲ့ရတာပဲ...အဲ့ဒါကိုဆရာမလေးကအေးအေးဆေးဆေးမနေဘဲ ဒီကိစ္စတွေထဲဝင်ပါရသလား ဗျာ...အခုတော့ ဆရာမလေးကိုပါ မသတ်ချင်ဘဲသတ်ရတော့မယ်.... ခြံစောင့်ကြီး ဦးဖိုထော်၏ စကား​ကြောင့် ကျွန်မအထိတ်တလန့်နှင့်နောက်သို့ခြေလှမ်းများကိုပြန်ဆုတ်လိုက်မိသည်။ " ကျွန်မ... ကျွန်မတောင်းပန်ပါတယ် ဦးဖိုးထော်...အဖြစ်မှန်တွေကိုဝန်ခံလိုက်ပါနော်...ကျွန်မကိုလည်းမသတ်ပါနဲ့နော် တောင်း... တောင်းပန်ပါတယ်ရှင်...." " မရတော့ဘူး...ဆရာမလေး...ခုချိန်မှဝန်ခံလည်းလက်လွန်နေပြီ...ဆရာမလေးကိုလည်းမသတ်ရင်မဖြစ်လို့သာ သတ်ရမှာ ကျုပ်တကယ်မသတ်ချင်ပါဘူး...."

ကျွန်မစိတ်ထဲ ထိထိခိုက်ခိုက်နာနာကျင်ကျင်နှင့်ပင် စာအုပ်ကိုဆက်၍ဖတ်လိုက်သည်။ကျွန်မအ​နေနှင့် ယခုအချိန်မှတော့ သည်စာအုပ်ကိုမဖြစ်မနေအဆုံးထိဖတ်ရတော့မည်ဖြစ်သည်။ ...ဒီအိမ်ကြီးကနေထွက်သွားကြရအောင်လို့ကိုကို့ကိုပြောလိုက်တယ်... ကိုကိုကသူရသင့်တာတွေရပြီးရင်သွားကြမယ်လို့ပြောတယ်...ရသင့်တာရဖို့ကဘယ်လောက်ကြာဦးမှာလည်းတော့မသိဘူး...တစ်နေ့တစ်နေ့ငါ့မှာကြောက်လို့သေတော့မယ်... ...အိမ်ကိုရောက်လာတဲ့ သူနာပြုဆရာမလေးကတစ်မျိုးပဲ... ညဘက်တွေမှာဆံပင်အရှည်ကြီးနဲ့မိန်းမတစ်ယောက်ကိုတွေ့တွေ့နေတယ်လို့ပြောတယ်...သေချာတယ် ဆံပင်အရှည်ကြီးနဲ့ဆိုတော့ မရတီချိုနေမှာပေါ့...ငါကြောက်တယ် ဒီလိုနဲ့အဖြစ်မှန်တွေပေါ်သွားရင်ကိုကိုရောငါပါအဖမ်းခံရမှာလား... ...ကိုကို့ကိုပြောတော့ ကိုကိုကမကြောက်နဲ့တဲ့ ဒေါ်မာလာတင်ကမရတီချိုသေတာသူ့သမီးကေတင်ကြောင့်ပဲလို့သိထားတာမို့ဒီအမှုကိုဖော်မှာမဟုတ်ဘူးတဲ့...ဒါပေမဲ့ ငါအရမ်းကြောက်နေမိတုန်းပဲ... ...ဒုက္ခတော့ရောက်ပြီး ကိုကိုနဲ့ငါ ခိုး ခိုးတွေ့နေတာကို ကေသီတင်သီသွားပြီး ငါ့ကိုပါးတွေလည်းရိုက်တယ်...အိမ်ပေါ်ကနေလည်းမောင်းချနေတယ် အိမ်ကမထွက်သွားရင်သတ်ပစ်မယ်လို့ခြိမ်းခြောက်နေတယ်... ...ကိုကိုကပိုက်ဆံထုတ်ပေးတယ်...အဆင်ပြေတဲ့နေရာမှာအရင်သွားနေနှင့်တဲ့ကိစ္စတွေပြီးတာနဲ့သူလိုက်လာမယ်တဲ့...သေချာလို့လား...ကိုကိုတကယ်လိုက်လာပါ့မလား...လိုက်မလာခဲ့ရင်ဘယ်လိုလုပ်မလဲ... ...မနက်ကအိမ်ကို ခဏပြန်ပါရစေလို့ သူဌေးကတော်ကိုပြောလိုက်တော့ ကြည်ကြည်ဖြူဖြူပဲ ခွင့်ပေးတယ်...ပြန်လာချင်လည်းလာမလာချင်လည်းနေ စိန်ပန်းမြိုင်ကအကြောင်းတွေဘယ်သူ့ကိုမှလျှောက်မပြောရဘူးလို့ပြောပြီး လမ်းစရိတ်ပါထုတ်ပေးလိုက်တယ်...တကယ်ထွက်သွားရတော့မယ်ဆိုတော့ ပျော်လည်းပျော်တယ် ကိုကိုလိုက်မလာမှာစိုးလို့ ထွက်လည်းမသွားချင်ဘူး... ...ဒီည ဒီစိန်ပန်းမြိုင်အိမ်ကြီးမှာနေရမယ့်နောက်ဆုံးညပဲ...ဒီညအပေါ်ထပ်မှာကိုကိုနဲ့ချိန်းထားတယ်...ညဥ့်နက်ရင်ကိုကိုနဲ့ခဏသွားတွေ့ပြီး မနက်အစောကြီးထပြန်ရမယ်... ကျွန်မ စာကြောင်းများကို စိတ်မောပန်းစွာထက်၍ဖတ်လိုက်မိသည်။ ...ကိုကိုကလိုက်လာခဲ့မယ်လို့ကတိပေးလိုက်တယ်...ကိုကို့ကိုယုံကြည်ပေမဲ့ ကံကြမ္မာကိုမယုံရတော့ကြောက်တော့ကြောက်နေမိတယ်...တံခါးခေါက်သံကြားတယ် ကိုကိုလာတာထင်တယ် ပျော်လိုက်တာ...ကိုကိုလည်းမဟုတ်ဘူး ....သူ " ဒုတ် " " အမလေး " စာအုပ်ကိုစိတ်ဝင်တစားနှင့်ဖတ်နေစဥ်မှာပင် ကျွန်မရှေ့သို့ လူတစ်ယောက်ရောက်လာပြီး လက်ထဲမှ စာအုပ်ကိုတုတ်နှင့်ရိုက်ချလိုက်သည်မို့ အလန့်တကြားမော့ကြည့်လိုက်မိသောအခါ... ----------- ဇာတ်သိမ်းပိုင်းဆက်ရန် *** ဧ​ကြည်ဖြူ

...ဒီနေ့စိန်ပန်းမြိုင်အိမ်ကြီးကိုရောက်တာ သုံးလပြည့်ပြီ... ကျွန်မ မရွှေမိ၏ ခံစားချက်များကို ခပ်မြန်မြန်လေး လှန်လော ဖတ်နေရင်း တစ်နေရာအရောက်တွင် တွေ့လိုက်ရသော စာသားများကြောင့် အံ့သြမင်သက်သွားမိလေသည်။ ...ကိုကိုအကျင့်မကောင်းဘူး...မရတီချိုကဒီလောက်ချော ဒီလောက်သဘောကောင်းတာကို ကေသီတင်ဆိုတဲ့မိန်းမနဲ့ဖောက်ပြန်ရသလား... ...စိတ်ရှိတိုင်းသာဆို ကိုကို့တို့ကိုမရတီချိုနဲ့တိုင်ပစ်ချင်တာ ကေသီတင်လိုအကျင့်မကောင်းတဲ့မိန်းမထက်စာရင် မရတီချိုနဲ့ကမှတော်ပါသေးတယ်ကိုကိုရယ်... ...ဒီနေ့ကိုကိုနဲ့မရတီချိုရန်ဖြစ်နေသံကိုကြားတယ်...ဒီအိမ်ရောက်ကတည်းက မရတီချိုဒေါသထွက်တာကို ဒီတစ်ခါပဲမြင်ဖူးသေးတယ်... ကိုကိုနဲ့ ကွာရှင်းမယ်လို့ပြောတဲ့မရတီချိုရဲ့အသံကိုကြားတော့စိတ်ထဲဝမ်းသာသလိုလိုဝမ်းနည်းသလိုလိုချည်းပဲ...ကိုကိုသာမရတီချိုနဲ့ကွာရှင်းရင် အကျင့်မကောင်းတဲ့ကေသီတင်ကိုမယူပါနဲ့ကိုကိုရယ်...ရွှေမိနဲကိုကိုဒီအိမ်ကြီးကနေအတူထွက်သွားရအောင်လေ... ကျွန်မ ဒိုင်ယာရီစာအုပ်လေးကို ကိုင်ပြီးအံ့သြခြင်းမယုံကြည်နိုင်ခြင်းများဖြင့်ဆက်၍ဖတ်လိုက်သည်။ " ဒီနေ့လကွယ်နေ့...ညသန်းခေါင်ကျော်ရင် ကိုကိုနဲ့ငါချိန်းထားတယ်... ကျွန််မဒိုင်ယာရီစာအုပ်လေးကို စိတ်ပျက်လက်ပျက်နှင့်ပင်ဆက်၍ဖတ်လိုက်သည်။ ....ငါကြောက်တယ်...ငါအရမ်းကြောက်တယ်...မရတီချိုကိုငါသတ်မိတာလား...ကိုကိုသတ်တာလား...မဟုတ်ဘူး မရတီချိုကိုသတ်တာ ကေသီတင်ပဲ...ဟုတ်တယ် မရတီချိုသေတာငါနဲ့ကိုကိုကြောင့်မဟုတ်ဘူး ကေသီတင့်ကြောင့်ပဲ... တွေ့မြင်လိုက်ရသောစာသားများကြောင့် ကျွန်မထိတ်လန့်အံ့သြလွန်းသဖြင့် လက်ထဲမှဒိုင်ယာရီစာအုပ်လေးမှာ မြေပြင်ပေါ်သို့ဘုတ်ခနဲပြုတ်ကျသွားရလေသည်။ ...ကြောက်တယ်. ညတိုင်းအိပ်မက်ဆိုးတွေမက်ပြီးမရတီချိုကိုပဲမြင်နေမိတယ်...ရဲတွေက မရတီချိုသူ့ဘာသာလှေကားကပြုတ်ကျပြီးသေတယ်လို့ပြောပေမဲ့ နေရတာစိတ်မလုံဘူး ...အချိန်ရှိသ၍ အဲ့ဒီအကြောင်းကိုပဲပြန်မြင်ယောင်နေမိတယ်...ဘယ်လိုပဲကိုယ့်ကြောင့်မဟုတ်ဘူးလို့ တွေးလည်းမရဘူး...အဲ့ဒီညကအဖြစ်ကိုပဲအိပ်မက်တွေလည်းမက်တယ်... ...အဲ့ဒီနေ့က ကိုကိုနဲ့ချိန်းထားလို့သာ အရဲစွန့်ပြီးအပေါ်ထကပ်ကိုတက်ခဲ့ရတာ...အဲ့ဒီတုန်းကကြောက်ပြီးဆက်မတက်ခဲ့မိရင်အကောင်းသားလို့အခုတွေးမိတယ်...အပေါ်ထပ်ရောက်တော့ မရတီချိုနဲ့သူ့မောင်သီဟထွန်းရှိန်တို့စကားများနေတဲ့အသံကိုကြားပြီး နီးစပ်ရာအခန်းထဲကိုဝင်ပုန်းလိုက်မိတာပိုမှားသွားသလိုပဲ...တကယ်ဆိုအောက်ထပ်ကိုပြန်ဆင်းသွားခဲ့မိရင်အကောင်းသား...သီဟထွန်းရှိန်ကအတော်လေးမူးနေပုံရတယ် မရတီချိုကိုမအော်စဖူးပြန်အော်နေတယ်...သူအိမ်ကိုပြန်လာတာတစ်ပတ်မကြာသေးဘူး သူကလည်းအတော်မွှေတယ်...ဒီကိစ္စဖြစ်သွားတာသူ့ကြောင့်လည်းပါတယ်...မကြာဘူး သီဟထွန်းရှိန်အသံတိတ်သွားပြီး မရတီချိုလှေကားဘက်ကိုပြန်လာတဲ့အသံကိုကြားရလို့ ကြောက်ပြီး အခန်းထဲမှာငြိမ်နေမိတာ ပိုမှားသွားမှန်းခုမှနောင်တရမိတယ်...အဲ့ဒီအချိန်ကသာ ဆူညံသံတွေကြားလို့အပေါ်ထပ််ကိုတက်ကြည့်မိတာလို့ပြောရင် မမလေးရတီချိုလည်းသေမှာမဟုတ်သလို ငါလည်းကြောက်နေရမှာမဟုတ်ဘူး...ခုတော့အခန်းထဲမှာ ပုန်းနေခဲ့မိလို့ မမလေးရတီချိုလှေကားနားရောက်လာပြီး ဟိုမိန်းမကေသီတင်နဲ့တွေ့တာပေါ့...မမလေးရတီချိုနဲ့ကေသီတင်တို့ရန်ဖြစ်စကားများနေသံကိုးကြားပေမဲ့ အခန်းတံခါးပေါက်ကနေ ချောင်းကြည့်ပြီး ထွက်မဆွဲမိတာ တစ်ကယ်ကိုမှားတယ်...မကြာပါဘူး ကေသီတင်ဆောင့်တွန်းလိုက်လို့မမလေးရတီချို လှေကားပေါ်ကနေပြုတ်ကျသွားတယ်...ဟိုမိန်းမယုတ်မကေသီတင် မရတီချိုကိုထားခဲ့ပြီးသူ့အခန်းဘက်ကိုပြန်ပြေးသွားတာတွေ့လိုက်တယ်...အဲ့ဒီအချိန်အထိ မရတီချိုကိုသေစေလိုတဲ့ဆန္ဒလုံးဝမရှိခဲ့ပါဘူး...ကြောက်ပြီးအခန်းထဲမှာခဏငြိမ်နေမိပြီး သတိဝင်လာတာနဲ့မရတီချိုရှိတဲ့အောက်ထပ်ကိုပြေးသွားခဲ့တာငါ့ကိုယ်ငါသိတယ်...အောက်ထပ်ရောက်တော့ သွေးအိုင်ထဲမှာလဲနေတဲ့ မရတီချိုကို မတ်တတ်ရပ်ကြည့်နေတဲ့ ကိုကို့ကိုမြင်တော့ ငါအရမ်းအံ့သြသွားတယ်...ကိုကိုဘာလုပ်နေတာလဲ အိမ်သားတွေကိုနှိုးလေ မရတီချိုကိုကယ်ဖို့လုပ်လေလို့ ပြောခဲ့မိတာအမှန်ပါ...ကိုကိုကခေါင်းယမ်းတယ် မရတီချိုကိုကယ်လိုက်ရင် သူအိမ်ပေါ်ကနှင်ချခံရမယ်တဲ့ ပြီးတော့ငွေအလွဲသုံးစားလုပ်မှုနဲ့လည်းထောင်ကျမှာတဲ့နောက်ဆုံးသူ့ဘဝကဟိုအရင်ကလိုဆင်းရဲစုတ်ပြတ်တဲ့ဘဝကိုပြန်ရောက်သွားမှာတဲ့လေ...ငါမှားတာငါးပဲမှားတာ...ကိုကို့ကိုသနားပြီး ကိုကိုခိုင်းတဲ့အတိုင်း ကိုကိုပေးတဲ့လက်ကိုင်ပဝါနဲ့မရတီချိုရဲ့နှာခေါင်းကိုဖိအုပ်လိုက်မိတယ်...အဲ့ဒီတုန်းက မရတီချိုသွေအိုင်ထဲမှာလှုပ်ရှားလူးလွန်ရင် ငါ့ကိုကြည့်တဲ့အကြည့်တွေကို ခုထိမျက်စိထဲမှာမြင်ယောင်နေတုန်းပဲ...ငါအရမ်းကြောက်တယ်... ဒီစိန်ပန်းမြိုင်အိမ်ကြီးကနေအဝေးဆုံးကိုထွက်ပြေးသွားချင်တယ်... ကျွန်မဖတ်နေရင်းမှ ရင်ထဲမှာစူးအောင့်နာကျင်လာမိသည်။ သနားစရာကောင်းလှသော ရတီချို၏ပုံစံကိုလည်း မျက်လုံးထဲမြင်ယောင်နေမိပြီး သေခါနီးမှာ ဘယ်လောက်တောင်များ နာနာကျင်ကျင်ဖြင့် လောကကြီးထဲမှထွက်ခွါသွားရသည်ကိုတွေးမိပြီး ကျွန်မပါးပြင်ပေါ်သို့ မျက်ရည်စက်များစီးကျလာလေသည်။

အပိုင်း ( ၁၀ ) " စိန်ပန်းမြိုင်မှအိမ်နီကြီး " **** လက်နှင့်ဖိထားမိသော အရာဝတ္ထုကို ကျွန်မအံ့သြတကြီးကောက်ယူကြည့်လိုက်သောအခါ ဒိုင်ယာရီစာအုပ်တစ်အုပ်ဖြစ်နေသည်ကိုတွေ့လိုက်ရလေ၏။စာအုပ်၏မျက်နှာဖုံးတွင် "ရွှေမိ၏နေ့စဥ်မှတ်တမ်း "ဆိုသောနာမည်ကြောင့် ကျွန်မစိတ်ထဲ၌ လှိုက်ခနဲနေအောင်လှုပ်ရှားသွားပြီး စာအုပ်၏အတွင်းစာမျက်နှာများကို အလောတကြီးလှန်လောဖတ်ကြည့်လိုက်မိလေသည်။ .. ဒီနေ့ကဘဝအသစ်စတဲ့နေ့ ... ဆိုသော စာကြောင်းလေးကို စာအုပ်၏ပထမဆုံးစာမျက်နှာ၌ရေးသားထားလေသည်။ ..အိမ်ကြီးကအရမ်းကိုခမ်းနားတယ်...တစ်သက်လုံးဒီလိုခမ်းနားတဲ့အိမ်ကိုပထမဆုံးတွေ့ဖူးတာပဲ... ...အိမ်ကြီးကအရမ်းခမ်းနားသလို အိမ်ရှင်တွေကလည်းအရမ်းချောလှကြတာပဲ...အထူးသဖြင့် မရတီချိုက ဆံပင်အရှည်ကြီးတွေနဲ့တအားလှတယ်...မရတီချိုကလှပြီးသဘောကောင်းသလောက် ကေသီတင်ဆိုတဲ့မိန်းမကသိပ်မောက်မာတာပဲ လူကိုများမတူသလိုမတန်သလိုဆက်ဆံတယ်...ဘာပဲဖြစ်ဖြစ် အရင်ကလုပ်ခဲ့တဲ့အိမ်ထက်စာရင် စိန်ပန်းမြိုင်အိမ်ကြီးက နတ်ဘုံနတ်နန်းပါပဲ...ဒီစိန်ပန်းမြိုင်အိမ်ကြီးမှာသူဌေးသမီးဖြစ်ချင်လိုက်တာနော်... ... လောကကြီးကအရမ်းကိုအံ့သြစရာကောင်းတယ်...ဒီနေ့ကိုကိုနဲ့မမျှော်လင့်ဘဲပြန်တွေ့ခဲ့ရတယ်...ဘဝတစ်လျှောက်လုံးကိုကိုကိုပဲချစ်ခဲ့တာ...ကိုကိုကိုပဲရှာခဲ့တာလေ...ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာက ကိုကိုကမရတီချိုရဲ့ယောကျ်ားတဲ့လေ...ဒီနေ့တော့ကိုကိုနဲ့ပြန်တွေ့ရလို့ဝမ်းသာမိသလို ဝမ်းလည်းနည်းမိလို့ငိုမိတယ်... ...ကိုကိုနဲ့ပြန်တွေ့ရတော့ ငယ်ငယ်ကအကြောင်းတွေကိုတောင်ပြန်သတိရမိတယ်...ဟိုငယ်ငယ်တုန်းက ကိုကို့အဖေနဲ့အမေရန်ဖြစ်တဲ့အချိန်တိုင်းကိုကိုက ရွှေမိတို့အိမ်ဘက်ကိုလာနေတာမဟုတ်လား...အဲ့ဒီတုန်းက ကိုကိုလာတဲ့အချိန်တိုင်း အရမ်းပျော်လို့ စိတ်ထဲကနေကိုကို့အဖေနဲ့အမေအမြဲရန်ဖြစ်ပါစေလို့ဆုတောင်းခဲ့မိသေးတယ်...ကိုကိုကရွှေမိထက်သုံးနှစ်ပဲကြီးပေမဲ့အရမ်းလူကြီးဆန်တယ် စာလည်းတော်တယ်...ရွှေမိတောင် ကိုကိုကျေးဇူးကြောင့်စာလည်းနည်းနည်းတော်လာပြီး ဒီလိုနေ့စဥ်ကြုံရတာတွေကိုရေးမှတ်တတ်တဲ့အကျင့်ရခဲ့တာမဟုတ်လား...ဒါပေမဲ့ကိုကိုရယ် ရွှေမိရဲ့မကောင်းတဲ့ဆုတောင်းတွေကြောင့်ထင်ပါရဲ့ ကိုကိုတက္ကသိုလ်တက်နေတုန်းမှာကိုကို့အဖေနဲ့အမေကွဲသွားပြီးကိုကိုတို့အိမ်ပြောင်းသွားခဲ့တာလေ...ကိုကိုအိမ်ပြောင်းသွားပြီးကတည်းက ရွှေမိရဲ့ဘဝကအဓိပ္ပါယ်မဲ့သွားသလိုခံစားခဲ့ရတာ...ရွှေမိဆယ်တန်းလည်းမအောင်ခဲ့တော့ ကိုကိုပြောသလိုပညာတတ်လည်းမဖြစ်ခဲ့ပါဘူး...စာနဲ့ပတ်သက်တာဆိုလို့ ဒီနေ့စဥ်မှတ်တမ်းရေးတာပဲရှိတယ်...ရွေမိဘဝလည်းကံမကောင်းပါဘူးကိုကိုရယ်... ကိုကိုတို့ပြောင်းသွားပြီးသုံးနှစ်ကျော်မှာ အဘွားဆုံးသွားလို့အရမ်းကိုဒုက္ခရောက်ခဲ့တာလေ...ရွေမိကငယ်ငယ်ကတည်းကမိဘတွေမရှိတော့လို့အဘွားနဲ့မြေးအဘွားနှစ်ယောက်တည်းနေခဲ့ရတော့ အဘွားမရှိတာနဲ့ဒုက္ခရောက်တော့တာပဲ ပညာကလည်းမတတ်အလုပ်ကလည်းမယ်မယ်ရရမလုပ်တတ်တော့ နောက်ဆုံးဒီလိုနေစရာစားစရာမပူရတဲ့ အိမ်ဖော်အလုပ်တွေကိုလိုက်လုပ်ခဲ့ရတာပေါ့...ခုဆိုကိုကိုနဲ့ရွှေမိကွဲသွားတာ ရှစ်နှစ်ကျော်ထင်တယ်...ဒါပေမဲ့ကိုကို့ကိုမြင်တာနဲ့ရွှေမိချက်ချင်းမှတ်မိတယ်သိလား...ကိုကိုလည်းချက်ချင်းမှတ်မိတယ်မဟုတ်လား...နောက်နေ့လူရှင်းတဲ့အချိန်မှာ ကိုကိုကရွှေမိကိုလာနှုတ်ဆက်ပြီး ကိုကို့ကိုမသိချင်ယောင်ဆောင်နေဖို့ပြောတော့ ရွှေမိအရမ်းဝမ်းနည်းခဲ့တာ...ဒါပေမဲ့ ဘယ်သူမှမသိအောင် ကိုကိုတို့စကားပြောကြမယ်လို့ကိုကိုပြောတော့ ရွှေမိအရမ်းကိုပျော်မိခဲ့တာ... ...ကိုကိုကသူပြောတဲ့ကတိကိုတော့တည်သားပဲ...ကိုကိုပေးတဲ့ပိုက်ဆံတွေကိုရွှေမိမသုံးရက်လို့ စုထားတယ်သိလား...ပြီးရင်လူတွေလစ်တဲ့အချိန်တိုင်းကိုကိုနဲ့စကားပြောခွင့်ရတာကိုလည်းအရမ်းပျော်တယ်... ကျွန်မ ဒိုင်ယာရီစာအုပ်ကလေးကို ဖတ်နေရင်းမှ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ...စိန်ပန်းမြိုင်အိမ်ကြီးကလူတွေကချမ်းသာသလောက် ချစ်ချစ်ခင်ခင်လည်းမရှိကြဘူး...တစ်ယောက်နဲ့တစ်ယောက်ရန်ပဲဖြစ်နေကြတာပဲ...သူဌေးကတော်နဲ့ကေသီတင်ကအဆိုးဆုံးပဲ...တစ်အိမ်လုံးသူတို့အာဏာတွေပဲပြနေတာစိတ်ပျက်စရာပဲ...သူဌေးကတော်နဲ့ကေသီတင်က မရတီချိုနဲ့အမျိုးမတော်ဘူးလို့မိလုံးပြောတုန်းကသိပ်တောင်မအံ့သြမိဘူး...အကျင့်စရိုက်တွေကအရမ်းကွဲပြားတော့သိသာနေတာကို...ပြီးတော့မိလုံးကလည်းလိုရင်တစ်မျိုးမလိုရင်တစ်မျိုးနဲ့ပေါင်းရသင်းရခက်လိုက်တာနော်...ငါ့ဘာသာဒိုင်ယာရီရေးတာကိုသူကဘာလို့လှောင်ပြောင်နေရတာလဲ... အထူးသဖြင့်မရတီချိုကငါ့ကိုမျက်နှာသာပေးတာကို နင်မကြိုက်မှန်းငါသိတယ်မိလုံး...နင့်ပါးစပ်ကနေ... နောက်ပေါက်တဲ့ရွှေကြာပင်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့စောင်းလားမြောင်းလားပြောနေတာကို ငါကြားတယ်နော်... ကျွန်မစာအုပ်ကလေးကိုဖတ်နေရင်းမှသက်ပြင်းတွေအခါခါချမိသလိုစိတ်တွေလည်း မွန်းကြပ်လာမိသည်။ "သီဟထွန်းရှိန်တဲ့...သူဌေးကြီးရဲ့အငယ်ဆုံးသားလို့ပြောတယ်...မြို့ထဲမှာနေတာတဲ့လေ...တစ်ခါတလေမှအိမ်ကိုပြန်လာတတ်တယ်...သူပြန်လာရင်မရတီချိုနဲ့သူဌေးကြီးကိုပဲစကားပြောတာ ကျန်တဲ့သူတွေကိုအဖက်တောင်မလုပ်ဘူး...အထူးသဖြင့် ကိုကို့ကိုတွေ့ရင်ရန်သူနဲ့တွေ့သလိုမျက်နှာထားတင်းနေတာကိုသတိထားမိတယ်...

" အား....မလာနဲ့...ကျွန်မဆီကိုမလာခဲ့နဲ့..." " ဝုန်း" " အား " ကျွန်မအသံကုန်အော်ဟစ်ပြီး ရုန်းကန်လိုက်မိရာ ဝုန်းခနဲလဲပြိုသံနှင့်အတူ ကျွန်မတစ်ကိုယ်လုံးကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားလေတော့သည်။ "အား...ကျွတ်...ကျွတ်..."ကျွန်မသတိဝင်လာပြီး ကြမ်းပြင်ပေါ်မှအမြန်လူးလဲထလိုက်သည်။ကျွန်မ စာကြည့်စားပွဲမှာစာအုပ်ဖတ်နေရာမှအိပ်ပျော်သွားပြီး အိပ်မက်မက်နေခြင်းပင်ဖြစ်လေသည်။အိပ်မက်ဟုဆိုသော်လည်း သွေးသံရဲရဲနှင့်မရွှေမိ၏ပုံစံကိုမြင်ယောင်မိပြီး တစ်ကိုယ်လုံးခြေဖျားလက်ဖျားတွေပါ အေးစက်လာလေသည်။ " ဆရာမလေး... ဆရာမလေး...ဘာဖြစ်တာလဲ..တံခါးအမြန်ဖွင့်ပါဦး..." ကျွန်မတစ်ယောက်တည်း တုန်လှုပ်ချောက်ချားနေစဥ်မှာပင် အခန်းအပြင်မှ သီဟထွန်းရှိန်၏ အသံကိုကြားလိုက်ရသည်မို့ စိတ်ထဲမှ ထိတ်ခနဲနေအောင်ဝမ်းသာသွားမိလေသည်။ ကျွန်မ အခန်းတံခါးကိုဖွင့်ပေးလိုက်သောအခါ သီဟထွန်းရှိန်သည် စိုးရိမ်တကြီးပုံစံနှင့် အခန်းထဲသို့ ဝင်လာပြီး ကျွန်မလက်ကိုဆွဲကိုင်လိုက်ပြီး အလောတကြီးဖြင့်မေးလေသည်။ " ဘာဖြစ်တာလဲဆရာမလေး...ဆရာမလေးအခန်းထဲကအော်သံကြားလို့.... ဆရာမလေးဘာဖြစ်သွားသေးလဲဟင်..." စိုးရိမ်တကြီးဖြင့် ကျွန်မလက်မောင်းနှစ်ဘက်ကို သူ့လက်နှင်ခပ်တင်းတင်းဆုပ်ကိုင်ပြီးမေးနေသော သီဟထွန်းရှိန်၏လက်အစုံကို ကျွန်မလက်နှင့်အသာအယာဖယ်ရှားလိုက်ပြီး ကျွန်မ ခုတင်ပေါ်သို့ အင်အားချည်နဲ့စွာထိုင်ချလိုက်မိသည်။ " ဘာ...ဘာမှ မဖြစ်ပါဘူး....ကျွန်မ...ကျွန်မအိပ်မက်ဆိုးတွေမက်နေတာ...အရမ်း​ကြောက်ဖို့ကောင်းတဲ့အိပ်မက်လေ....ရှင်....ရှင်က ကျွန်မအသံကိုဘယ်လိုကြားပြီး ရောက်လာတာလဲ...ရှင့်အခန်းနဲ့ကျွန်မအခန်းဒီလောက်အဝေးကြီးကို..." " ဟို....ဟို....ကျွန်တော်...ဆရာမလေးကိုစိတ်ပူလို့မနေ့ညကတည်းက... ဒီဘေးကအခန်းကို​ပြောင်းလာခဲ့တာ...." သီဟထွန်းရှိန်သည် ကျွန်မအမေးကိုဖြေပြီးသည်နှင့် ခေါင်းကိုအောက်ငုံကာ ကျောက်ဆစ်ရုပ်ပမာရပ်နေလေသည်။ကျွန်မလည်းသီဟထွန်းရှိန်ကို မယုံမရဲနှင့် အတန်ကြာငေးမောကြည့်နေမိလေသည်။ထိုနောက် ကျွန်မတို့နှစ်ယောက်သား အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေမိကြသည်။အပြင်လောက၌ စိန်ပန်းမြိုင်အိမ်ကြီးသည်လည်း ချောက်ချားဖွယ်ရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်လေသည်။ ** ** အချိန်ကနေ့ လယ်တစ်နာရီကျော်ကျော်။သူဌေးကြီးလည်း နေ့လယ်နေ့ခင်းတရေးတမောအိပ်သွားပေပြီ။ လပြည့်နေ့ဖြစ်၍ အိမ်တွင်လူစုံတက်စုံရှိသော်လည်း အိမ်အလုပ်သမားများကလည်း သူတို့အလုပ်နှင့်သူတို့ရှုပ်နေကြသလို ၊ အိမ်ကြီးရှင်များသည်လည်း အခန်းအောင်နေကြပုံရသည်။စိန်ပန်းမြိုင်အိမ်ကြီးမှာ နေ့လယ်နေ့ခင်း၌ပင် လူရိပ်လူခြည်ကင်းမဲ့လျက် တိတ်ဆိတ်ငြိမ်သက်နေလေသည်။မငြိမ်သက်နိုင်သူမှာ ကျွန်မသာဖြစ်ပါလေသည်။ကျွန်မသည် သူဌေးကြီး၏ အခန်းပြတင်းပေါက်တွင်ရပ်ပြီး ခြံထဲသို့ ငေးကြည့်နေရင်းမှ ညကအိပ်မက်ထဲမှ မရွှေမိကိုမြင်ယောင်လာမိပြီး ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်မိလေသည်။ **** ခြေလှမ်းတွေကို ခပ်မြန်မြန်ခပ်သွက်သွက်လှမ်းပြီး တောအုပ်ထဲသို့ ကျွန်မဝင်ရောက်လာခဲ့သည်။နေ့အချိန်ဖြစ်၍ တောအုပ်ထဲတွင် အလင်းရောင်ရှိသော်လည်း အနည်းငယ်ချောက်ချားစရာတော့ကောင်းနေသည်။ကျွန်မတောအုပ်ထဲကိုလျှောက်ဝင်လာခဲ့ရင်းမှ စိန်ပန်းမြိုင်အိမ်ကြီးကိုလှမ်း၍ကြည့်လိုက်မိသည်။ခပ်ဝေးဝေးသစ်ပင်ကြိုသစ်ပင်များကြားမှစိန်ပန်း​မြိုင်အိမ်​ကြီး၏တစ်ချို့တစ်ဝက်ကိုသာမြင်ရသော်လည်း စိန်ပန်းမြိုင်အိမ်ကြီး၏ ခမ်းနားထည်ဝါမှုကတော့ ယုတ်လျော့မသွားသည်မှာ သေချာလေသည်။ယခုသည်လိုနေရာမျိုးတွင် ကျွန်မသာအန္တရာယ်ကြုံလာလျှင် ဘယ်လောက်အော်အော် မည်သူမျှကြားနိုင်လိမ့်မည်မထင်ပါ။တွေးရင်းမှ ကျွန်မတစ်ကိုယ်လုံးကြက်သီးမွှေးညှင်းများထလာ​လေသည်။ပြီး​နောက် ထိတ်ထိတ်လန့်လန့်နှင့် ​ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်ပြီး ညကအိပ်မက်ထဲမှာ မြင်ရသော ကုန်းကမူလေးကိုရှာဖွေရင်း​တောအုပ်ထဲသို့​လျှောက်ဝင်လာခဲ့လိုက်သည်။အတန်ကြာလျှောက်နေပြီးနောက် ရှေ့ဆီမှကုန်းကမူလေးကိုတွေ့လိုက်ရသည်မို့ ကျွန်မဝမ်းသာအားရအပြေးအလွှားတက်သွားမိလေသည်။. " အမေ့ " ကုန်းကမူပေါ်သို့ အလောတကြီးလှမ်းတက်လိုက်မိသော ခြေထောက်များမှာ အရှိန်မထိန်းနိူင်တော့ဘဲ တလိမ့်ကောက်ကွေ့ပြုတ်ကျသွားလေ​တော့သည်။ "အ...ကျွတ်...ကျွတ် ..."ကျွန်မ မြေပြင်ပေါ်မှလူးလဲထလိုက်ပြီး ဆူးများခြစ်မိသောကြောင့် နာကျင်သွားသောလက်နှစ်ဘက်ကိုမြောက်ကြည့်လိုက်စဥ်မှာပင် လက်အောက်မှာ ဖိထားမိသော အရာဝတ္ထုတစ်ကိုတွေ့လိုက်ရသည်မို့ အံ့သြတကြီးကောက်ယူလိုက်မိလေသည်။ ------------- အပိုင်း ( ၁၀ )ဆက်ရန် ****** ဧကြည်ဖြူ

" သီဟထွန်းရှိန်...ရှင်ဘာအဓိပ္ပါယ်နဲ့ပြောနေတာလဲ...ကျွန်မနဲ့ကိုမင်းပိုင်ဦးကမိတ်ဆွေတွေပါ...ရှင်ထင်ချင်ရာထင်ပြီးတွေးချင်ရာတွေးမနေနဲ့...ပြီးတော့ ဘယ်သူ့ကိုမှစွပ်စွဲနေတာမဟုတ်ဘူး...ကျွန်မတို့အချင်းချင်းစည်းလုံးဖို့ကိုပဲပြောချင်တာ " "ဆောရီး.... ကျွန်တော်တောင်းပန်ပါတယ်...ကျွန်တော့်စိတ်တွေ တအားရှုပ်ထွေးနေလို့ပါ...အဖြစ်မှန်တွေပေါ်အောင် ကျွန်တော်ကြိုးစားမှာပါ...ပြီးတော့ ဆရာမလေးလည်း ညဘက်တွေ အပြင်ကိုမထွက်ပါနဲ့နော်...ကျွန်တော့်ကိုယုံတယ်ဆိုရင်ဒီစကားလေးပဲနားထောင်ပေးပါ..." **** ညကတစ်စထက်တစ်စပိုနက်လာသလို စိန်ပန်းမြိုင်အိမ်ကြီးကလည်း ယခင်နေ့များကထက်ပိုပြီး တိတ်ဆိတ်နေပုံမှာ ချောက်ချားဖွယ်ရာကောင်းလှ​​ပေသည်။ ကျွန်မ အိပ်မပျော်နိုင်သည်မို့ စာကြည့်စားပွဲတွင်ထိုင်ပြီး စာအုပ်ဖတ်နေမိလေသည်။ " ဂျိိီ... ဂျီ..."အသံကြားကြားချင်းပင် ကျွန်မ ဆတ်ခနဲတုန်သွားမိပြီး တစ်ကိုယ်လုံးဖိန်းခနဲရှိန်းခနဲနေအောင် ကြက်သီးမွှေးညှင်းများထလာလေသည်။ကျွန်မလက်ထဲမှ စာအုပ်ကိုချလိုက်ပြီး နောက်သို့ ခပ်ဖြည်းဖြည်းလှည့်ကြည့်လိုက်မိသည်။ "အီ "အံကိုကြိတ်၍ စိတ်ကိုတင်းထားသည့်ကြားမှ ဘယ်လိုမှအသားမကျနိုင်သောမြင်ကွင်းကြောင့် နှလုံးခုန်သံများက တဒိန်းဒိန်း​မြည်​အောင်ဆောင့်ခုန်လာလေသည်။ မျက်လုံးပြူးကြီးများနှင့်ကျွန်မကို လှမ်းကြည့်နေသော အမျိုးသမီးသည်လက်နှစ်ဖက်ကကြမ်းပြင်ကိုတဂျီဂျီမြည်အောင်ကုတ်ခြစ်နေ​လေသည်။ကျွန်မသည် လည်ပြန်ချည်းနှင့်ပင် ထိုမြင်ကွင်းကိုမရဲတရဲကြည့်နေမိသည်။ထိုစဥ်မှာပင် အမျိုးသမီးသည် ဒေါသတကြီးပုံနှင်မတ်တတ်ထရပ်လိုက်လေသည်။ဝဲခနဲလွင့်ကျလာသောဆံပင်ရှည်ကြီးများ၊ညအိပ်ဝတ်စုံးဖားဖားကြီးနှင့်​ကြမ်း​​​ပြင်ကို ဖနောင့်နှင့်ဒေါသတကြီးပေါက်နေသော ထိုအမျိုးသမီး၏ကြောက်မက်ဖွယ် သွင်ပြင်သဏ္ဍန်ကိုကြည့်ပြီး ကျွန်မထိတ်လန့်တကြားအော်ဟစ်လိုက်မိကာ မျက်လုံးအစုံကိုမှိတ်ချလိုက်မိလေသည်။ "ဒေါက်...ဒေါက်..." "အမလေး" ရင်အစုံသည် တလှပ်လှပ်အခုန်မြန်နေဆဲမှာပင် အခန်းတံခါးခေါက်သံကိုကြားလိုက်ရသည့်မို့ အယောင်ယောင်အမှားမှားနှင့် လန့်ဖျပ်အော်လိုက်မိပြီး မျက်လုံးကိုမဝံ့မရဲဖွင့်ကြည့်လိုက်သောအခါ တစ်ခန်းလုံးရှင်းလင်းတိတ်ဆိတ်နေလေသည်။ ကျွန်မ တဆတ်ဆတ်တုန်ယင်နေဆဲဖြစ်သော ခြေလှမ်းများကိုထိန်းပြီး အခန်းတံခါးဝဆီသို့ ခပ်ဖြည်းဖြည်းလျှောက်သွားလိုက်ကာ တံခါးကိုဖွင့်လိုက်သည်။ " ဟင် " တံခါးကို ဖွင့်ဖွင့်ချင်းမှာပင် မမျှော်လင့်ထားသူကိုတွေ့လိုက်ရသောကြောင့် ကျွန်မအထိတ်တလန့်နှင့်ခြေလှမ်းများကိုနောက်သို့ အလန့်တကြားပြန်ဆုတ်လိုက်မိသည်။သို့သော်လည်း ကျွန်မ၏ခြေလှမ်းများမှာ နောက်ကျသွားချေပြီ။မရွှေမိသည် သူ၏ရှည်လျားသောလက်နှင့် ကျွန်မလက်ကိုဆောင့်ဆွဲ့လိုက်လေသည်။မရွှေမိ၏ ရေခဲတမျှအေးစက်နေသောလက်နှင့်ထိတွေ့လိုက်ရသည့် တစ်ခဏ၌ ကျွန်မတစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားသလို ခံစားလိုက်ရပြီး မရွှေမိဆွဲခေါ်ရာနောက်သို့ တရွတ်ဆွဲ၍လိုက်ပါသွားရလေသည်။ကျွန်မ အားရှိသမျှရုန်းကန်ကာ မရွှေမိ၏လက်မှလွတ်အောင်ကြိုးစားသော်လည်း လူသေကဲ့သို့​အေးစက်တောင့်တင်းနေသော မရွှေမိ၏လက်မှာ သံကဲ့သို့ခိုင်မာလှ၍ ရုန်းမထွက်နိုင်ဘဲရှိလေသည်။လေအဟုန်ကဲ့သို့လျှင်မြန်စွာရွေ့လျားသွားနေသောမရွှေမိနောက်မှ ကျွန်မလည်း တရွတ်တိုတ်လိုက်ပါလာခဲ့ပြီး စိန်ပန်းမြိုင်အိမ်ကြီး၏ အခန်းပေါင်းများစွာကိုကျော်ဖြတ်ပြီး ခြံကြီး၏ အနောက်ဘက်တောအုပ်အစပ်သို့ရောက်ရှိလာခဲ့လေသည်။ညအမှောင်အောက်၌ တောအုပ်ကိုကြည့်ရသည်မှာ တစ္ဆေကြီးတစ်ကောင်ငုတ်တုတ်ထိုင်နေသည့်ပမာ ချောက်ချားတုန်လှုပ်ဖွယ်ကောင်းလှပေသည်။မရွှေမိသည် ကျွန်မလက်ကိုမလွှတ်ဘဲ တောအုပ်ထဲသို့တရကြမ်းပြေးဝင်သွားလေသည်။ " လွှတ်.. လွှတ်...ကျွန်မလက်ကိုလွှတ်ပေးပါမရွှေမိ...ကျွန်မကြောက်တယ်...ကျွန်မ မလိုက်ချင်ဘူး " ကျွန်မကြောက်လန့်တကြားနှင့်အော်ဟစ်နေသော်လည်း မရွှေမိသည် ကျွန်မ၏အသံကိုမကြားသည့်အလား ရှေ့ကိုဆက်၍သွားနေပြီး ကုန်းကမူလေးနားသို့ရောက်သောအခါ ​ခြေအစုံကိုရပ်တန့်လိုက်လေသည်။ " အူး..အူး...ဝူး...ဝူးဝူး....." ချောက်ချားဖွယ်ရာ ပေါ်ထွက်လာသော ခွေးအူးသံများကြောင့် ကျွန်မရင်ဘတ်ထဲမှအသည်းနှလုံးများ ဆွဲနုတ်ခံလိုက်ရသလို ရင်ထဲ၌ လှစ်ဟာအေးစက်သွားလေသည်။မရွှေမိသည် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော ကျွန်မလက်ကိုလွှတ်လိုက်ပြီး ကုန်းကမူလေးဘေးရှိခြုံတောထဲမှ တစ်စုံတစ်ခုကိုကောက်ယူလိုက်ပြီး ကျွန်မကိုလှမ်း၍ပေးနေလေသည်။ "ယူ...လေ....လာယူ...." " ဟင့်အင်း...မယူဘူး...မယူဘူး.." အေးစက်ချောက်ချားဖွယ်ကောင်းသော အသံသြသြကြီးနှင့်ပြောလာသော မရွှေမိကိုကြည့်ပြီး ကျွန်မထိတ်လန့်တုန်လှုပ်စွာ ခေါင်းကိုခါယမ်းပြီး​အော်ဟစ်ငြင်းဆန်လိုက်မိသည်။မရွှေမိသည် ကျွန်မကိုကြည့်ပြီး ဒေါသတကြီးနှင့်ကျွန်မရှိရာဆီသို့ တစ်လှမ်းချင်းလှမ်းလာလေသည်။ခြေကာရားလက်ကားရားနှင့်ကျွန်မဆီသို့လှမ်းလာနေသော မရွေမိ၏ပုံစံမှာ တွေ့စကထက်ပို၍ကြောက်မက်ဖွယ်ကောင်းလာပြီး ခေါင်းပေါ်မှ သွေးများသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ တစက်စက်စီးကျ၍နေလေသည်။ထိတ်လန့်ချောက်ချားဖွယ်ကောင်းလှသော မရွှေမိ၏ပုံပန်းသဏ္ဍန်ကိုကြည့်ပြီး ကျွန်မအားကုန်အော်ဟစ်လိုက်မိလေသည်။