803
Подписчики
+424 часа
+167 дней
+4630 день
Архив постов
အသံနဲ့အတူ ပြေးလာတဲ့ ချစ်သူ လင်းရိပဲရဲ့ ခြေသံကို ကြားလိုက်ရတော့ နင်းသီရ လက်တဖက်ကို မြေပြင်ပေါ်က ခဲ့သေးလေးတွေနဲ့ ဖိပြီး ပွတ်တိုက်ပစ်လိုက်တယ်။ဆစ်ခနဲ နာကျင်သွားတာ့ နှင်းသီရိ ပြုံးလိုက်မိတယ်။ပြီးတော့ အားယူပြီး ထတဲ့ဟန် ပြင်နေလိုက်တယ်။
"နှင်း ...မင်းဘာဖြစ်တာလဲ ...နေမကောင်းသေးဘူးလားဟင် ...ဆေးရုံကို ထယ်သွားမပြဘူးလား ...လက်မှာ သွေးထွက်သွားပြီပဲ လာ...လာ"
အနားကို ရောက်လာပြီး ပွေ့ထူလိုက်တဲ့ လင်းရိပ်ကို နှင်းသီရိက ခေါင်းကို အသာခါပြလိုက်ပြီး လေသံမျှနဲ့ ပြန်ဖြေလိုက်တယ်။
"ဆေးခန်းတော့ သွားပြဖြစ်ပါတယ် မောင်ရယ် ... လူက အားမရှိတာရော သွေးအားနည်းနေတာကြောင့်ပါ ဖြစ်နေတာပါ "
"အိမ်ကို မပြန်ဘူးလား ... မိဘတွေနဲ့နေရင် ပိုအဆင်ပြေမယ် မဟုတ်လား "
လင်းရိပ်က နှင်းသီရိရဲ့ ခန္ဓာကိုယ်လေးကို အိမ်ထဲကို တွဲခေါ်လာရင်းနဲ့ ပြောလိုက်တယ်။
"အဖေ့ကို ကြောက်တယ် ....တော်ကြာ နှင်း အိပ်ဆေးတွေ သောက်တဲ့အကြောင်းကို အဖေတို့သာ သိသွားရင် ဘယ်လိုလုပ်မလဲ ...အဲ့ဒါကြောင့် အိမ်မပြန်ရဲသေးဘူး "
"ဒီမှာ ခဏထိုင်အုံး ... လက်ကို ဆေးထည့်ရမယ် ...ပြီးရင် ကိုယ် စားစရာတွေ ပြင်ပေးခဲ့မယ် ...ဒါနဲ့ မင်းသူငယ်ချင်းက ဘယ်အချိန်ပြန်လာမှာလဲ ..."
လင်းရိပ်က နှင်းသီရိကို ဧည့်ခန်းက ထိုင်ခုံပေါ်မှာ အသာထိုင်ခိုင်းလိုလ်ပြီး သူဝယ်လာတဲ့ စားစရာ အထုတ်တွေကို ယူပြီး မီးဖိုခန်းဘက်ကို လျှောက်လာခဲ့တယ်။
******
ပန်းကန်ထဲက ထမင်းပေါင်းတွေကို ဇွန်းနဲ့ ခပ်ဖြည်းဖြည်း ခပ်စားနေတဲ့နှင်းသီရိကို ကြည့်ပြီး လင်းရိပ် စိတ်ထဲမကောင်းဖြစ်နေမိတယ်။ဘာပဲဖြစ်ဖြစ် ကိုယ်ချစ်ခဲ့ရသူမို့ အဆင်ပြေပြေ ပဲရှိစေချင်မိတာက လင်းရိပ်ရဲ့စိတ်ရင်းအမှန်ပါ။
"အဟွတ် ....အဟွတ် "
" ဖြည်းဖြည်း စားလေး ... ဒီမှာ ရေသောက်လိုက်အုံး "
ထမင်းစားနေရင်း နှင်းသီရိ ချောင်းဆိုးပြလိုက်တော့ ပျာပျာသလဲ ရေထယူပေးတဲ့ လင်းရိပ်ကိုကြည့်ပြီး နှင်းသီရိစိတ်ထဲမှာ ကြည်နူးသွားမိတယ်။
နှင်းသီရိ စားလို့ ပြီးသွားတော့ လင်းရိပ်က ပန်းကန်တွေကို ပြန်သိမ်းလိုက်ပြီး နှင်းသီရိ နားကို ပြန်လျှောက်လာတယ်။
"ဆေးရော ရှိလား ...ဆေးသောက်ပြီး အိပ်တော့လေ ...ကိုယ်လဲပြန်တော့မယ် "
လင်းရိပ်ပြန်တော့မယ်ဆိုတော့ နှင်းသီရိစိတ်ထဲမကျေနပ်။ လင်းရိပ်ကို မပြန်စေချင်မိ။ဒါကြောင့်ပင် ခေါင်းထဲက ထိုးသလိုလို ဟန်လုပ်လိုက်တယ်။
"အား ...ကျွတ် ...ကျွတ် .."
" ဘာ ...ဘာဖြစ်လို့လဲ "
နှင်းသီရိကိုကြည့်ပြီး လင်းရိပ်က အလန့်ကြားနဲ့မေးလိုက်မိတယ်။
"ဟို ... ဟို ....ဘာမှ မဖြစ်ပါဘူး မောင် ...ခေါင်းထဲက ထိုးလာလို့ပါ...မောင်ပြန်ချင်ရင် ပြန်တော့လေ "
နှင်းသီရိက ဘာမှမဖြစ်တဲ့ပုံစံနဲ့ လင်းရိပ်ကို ပြန်ဖို့ လှည့်ပြောသလိုလိုနဲ့ လင်းရိပ်ဘက်ကို လှည့်ကြည့်ပြီး နှုတ်ကလည်း ညည်းညည်းညူညူလုပ်ရင်း ခပ်နွဲ့နွဲ့မှီချလိုက်တယ်။
" ကျွတ် ...ကျွတ် ...ခေါင်းထဲက ထိုးလိုက်တာမောင်ရယ်...."
နှင်းသီရိရဲ့ ပုံစံကြောင့် လင်းရိပ်လည်း ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး သူ့ကိုမှီတွယ်လာတဲ့ နှင်းသီရိကိုယ်လုံးလေးကို လက်နဲ့ အသာထိန်း ဖက်လိုက်ရတယ်။ ဒီလိုပုံစံနဲ့အတော်ကြာ ငြိမ်သက်နေကြပြီးတဲ့နောက်မှာ လင်းရိပက ခပ်တိုးတိုးပြောလိုက်တယ်။
"ဆေးသောက်ပြီး အခန်းထဲမှာ သွားနားလိုက်ပါလား ...ကိုယ်ပြန်တော့မယ် အတော်လေး နောက်ကျနေပြီ "
ပြောပြီး လင်းရိပ်က နှင်းသီရိကို တွဲထူပြီး အခန်းထဲကို လိုက်ပို့လိုက်တယ်။
အခန်းထဲရောက်တော့ နှင်းသီရိကို ခုတင်ပေါ် တွဲတင်ပေးလိုက်ပြီး လင်းရိပ်ပြန်ဖို့ ပြင်လိုက်တယ်။
နှင်းသီရိက ပြန်ဖို့ပြင်နေတဲ့ လင်းရိပ်လက်ကို လှမ်းဆွဲလိုက်ပြီး
"ကျေး ....ကျေးဇူးပါ မောင် ...နှင်းဆီကို လာပေးလို့ ကျေးဇူးပါနော် ... ရှေ့လျှောက် မောင့်ကို သူငယ်ချင်းတစ်ယောက်လို သဘောထားနိုင်အောင် နှင်းကြိုးစားမှာပါ ...မောင်လဲ နှင်းကို သူငယ်ချင်းတစ်ယောက်အနေနဲ့ ခင်မင်ပေးပါနော် "
******
အနီရင့် နံရံပေါ်က နာရီကို လှမ်းကြည်လိုက်တော့ ည ( ၉ ) နာရီပင် ထိုးတော့မယ်။ လင်းရိပ် ပြန်မရောက်လာသေးဘူး။။အနီရင့် တိုင်ကပ်နာရီကို လှမ်းကြည့်လိုက် ဖုန်းထဲက ပုံတွေကို ကြည့်လိုက်နဲ့ စိတ်တွေရှုပ်ထွေးနေမိတယ်။ ပို့လိုက်တဲ့ ပုံတွေကလည်း မနည်းမနော ။လင်းရိပ် နှင်းသီရိရဲ့အိမ်ခြံဝကို ရောက်တဲ့ ပုံကနေ ထမင်းပြင်ဆင်ကျွေးတဲ့ပုံနဲ့ နှင်းသီရိနဲ့ အတူတွဲပြီး အိပ်ခန်းထဲဝင်သွားတဲ့ ပုံတွေအထိပင်။အနီရင့် ပုံတွေကို အထပ်ထပ်အခါခါ ကြည့်နေမိတယ်။ ပုံတွေကို ကြည့်ရင်း ရင်ထဲမှာ တဆစ်ဆစ်နာကျင်လာမိတယ်။ဒီလိုခံစားချက် ။ ဒီလိုခံစားရတာတွေကို အနီရင့်မုန်းလှပြီ။ ဒီအချိန်မှာ အနီရင့် တစ်ယောက်ယောက်ကို အော်ကြီးဟစ်ကျယ်နဲ့ရန်တွေ့လိုက်တာပဲဖြစ်ဖြစ် ။တစ်စုံတစ်ခုကို အားပါးတရ ပေါက်ခွဲဖျက်ဆီးလိုက်တာပဲဖြစ်ဖြစ် လုပ်ချင်နေမိတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အနီရင့် ဆိုဖာခုံထက်မှာ ငြိမ်ငြိမ်းလေးပဲ ထိုင်နေမိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အနီရင့်မှာ ဒေါသ ထွက်ခွင့်ရှိလား ၊ မရှိဘူးလားဆိုတာကိုလည်း အနီရင့်သေချာမသိဘူး။ ဘာလုပ်ရမလဲ ။ရှေ့ဆက်ဘာလုပ်သင့်လဲ ဆိုတာကိုလဲ အနီရင့်သေချာမဝေခွဲနိုင်သေးဘူး။
အနီရင့်ရဲ့ အသံကိုကြားလိုက်ရမှ လင်းရိပ် အသိစိတ် ပြန်ဝင်လာမိတယ်။အနီရင့်က မီးခလုတ်ကို သွားပြန်ဖွင့်တယ် ။ပြီးတော့ လင်းရိပ်ရှိရာကို ပြန်လျှောက်လာတယ်။
" ကိတ်မုန့်ခွဲတော့လေ လင်းရိပ်ရဲ့ .....ဗိုက်ဆာလှပြီ ...မခွဲဘူးပေါ့လေ ဟုတ်လား ... ကဲ...ကဲ မခွဲချင်အုံး "
ပြောပြောဆိုဆိုနဲ့ အနီရင့်က ကိတ်မုန့်ထဲကို လက်ညှိုးနဲ့ အသာထိုးလိုက်ပြီး ကိတ်မုန့်စတွေနဲ့ လင်းရိပ်မျက်နှာကို လှမ်းတို့လိုက်တယ်။ လင်းရိပ် ရှောင်ချိန်ပင် မရလိုက်။ပြီးတော့ ကိတ်မုန့်စတွေ ပေသွားတဲ့ လင်းရိပ်မျက်နှာကိုကြည့်ပြီး အနီရင့်က အားပါတရ ရယ်မောနေတယ်။ရယ်မောနေတဲ့ အနီရင့်မျက်နှာလေးကို ကြည့်ပြီး သူမ အမြဲ ဒီလို အပူအပင်ကင်းကင်းနဲ့ရယ်မောပျော်ရွှင်နေတာကို လင်းရိပ်မြင်ချင်နေမိတယ်။
" မွေးနေ့ကိတ်ပြင်ပေးတာရော ...မွေးနေ့လက်ဆောင်ပေးတာအတွက်ပါ ကျေးဇူးတင်ပါတယ်ကွာ .... "
" ရပါတယ် လင်းရိပ်ရယ် .. အနီရင့် လုပ်ပေးနိုင်တာတွေက လင်းရိပ်နဲ့ယှဉ်ရင် ဘာမှ ပြောပလောက်စရာမရှိပါဘူး ... ပြီးတော့ တကယ့်မွေးနေ့လက်ဆောင်က မပေးရသေးဘူး လင်းရိပ်ရဲ့ ...."
" ဟင် ... ဘာကျန်သေးလို့လဲ "
လင်းရိပ်မေးလိုက်တော့ အနီရင့်က မဖြေဘဲခပ်ပြုံးပြုံးလုပ်နေတယ်။
"ဘာကျန်သေးတာလဲဆိုတော့ နောက်တစ်ရက် နှစ်ရက်နေရင် သိရမယ် ...ခုတော့ မသီချင်နဲ့အုံးနော် "
ပြုံးစစနဲ့ ပြောနေတဲ့ အနီရင့် ပုံစံလေးကို ကြည့်ပြီး လင်းရိပ်မချင့်မရဲဖြစ်သွားမိတယ်။
"ကဲ ...ထမင်းစားကြစို့ လင်းရိပ် ... အနီရင့်ကိုယ်တိုင် သေချာချက်ထားတယ်..."
အမှန်တကယ်ဆိုရင် နှစ် လင်းရိပ် ဗိုက်မဆာတော့ပါဘူး။အနီရင့် မျက်နာကို တွေ့လိုက်ရပြီးကတည်းက လင်းရိပ် ဗိုက်ထဲ အလိုလိုပြည့်သွားခဲ့တယ်လေ။ဒီကြားထဲ ကိတ်မုန့် နည်းနည်း စားလိုက်တာမို့ ဘာမှကို စားချင်စိတ်မရှိတော့။ဒါပေမဲ့လည်း အနီရင့်က သေချာချက်ပြုတ်ထားတာဆိုတော့ အနီရင့် ကျေနပ်အောင် လင်းရိပ် ထမင်းစားခန့်ဘက်ကို လျှောက်လာခဲ့လိုက်တယ်။
"လင်းရိပ် ခုံမှာပဲထိုင်နေနော် ... ဒီနေ့တော့ အနီရင့်ပဲ ထမင်းပွဲပြင်ပေးပါရစေနော် "
လင်းရိပ် အနီရင့်သဘောကျ ထမင်းစားပွဲခုံမှာ ထိုင်နေလိုက်တယ်။ အနီရင့်ကို ကြည့်ရတာ မှိုင်တွေ ငေးမောနေတဲ့ပုံ၊ စိတ်ပျက်အားငယ်နေတဲ့ပုံ မတွေ့ရတာမို့ လင်းရိပ်စိတ်ထဲက ဝမ်းသာနေမိသလို ဖုန်းထဲကပုံကို မြင်ယောင်ပြီးစိုးရိမ်ပူပန်နေမိပြန်တယ်။
"စားရအောင် လင်းရိပ် ... ဟင်းတွေအကုန်ထည့်စားနော် ...."
******
နှင်းသီရိ ဖုန်းကို လက်ထဲကိုင်ထားရင်းလက်သီကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိတယ်။ ဒါပေမဲ့လည်း ဒေါသစိတ်ကို မျိုသိပ်ပြီး ဖုန်းကို ထပ်ခေါ်လိုက်တယ်။ဒီတစ်ခါ တစ်ဖက်က ဖုန်းကိုင်လိုက်တာမို့နှင်းသိရိ ကျေနပ်သွားမိတယ်။
"ဟယ်လို ....နှင်း...ကိုယ်မအားဘူး ...မင်း ဘာကိစ္စရှိလို့လဲ "
" မောင်ရယ် ...ကိစ္စရှိမှ ဆက်ရမှာလား ...နှင်းကို သူငယ်ချင်းအဖြစ် တောင် သဘောမထားနိုင်တော့ဘူးလားဟင် ... နှင်း အကူအညီလေးတစ်ခုလောက်တောင်းမို့ပါ ...အခု နှင်းဗိုက် အရမ်းဆာနေလို့ပါ မောင်ရယ်.... စားစရာလဲဘာမှ မရှိဘူး ... သူငယ်ချင်းကလဲ ဒီည အိုဒီဆင်းရမယ်တဲ့လေ ...အဲ့ ..အဲ့ဒါ မောင် အလုပ်ပြန်ရင် နှင်းအတွက် စားစရာတစ်ခုခုဝယ်လာခဲ့ပေးလို့ရမလားဟင် ...တောင်းပန်ပါတယ်နော် "
ဖုန်းချပြီးတာနဲ့ နှင်းသီရီမီးဖိုခန်းထဲကို ပြေးဝင်ခဲ့လိုက်တယ်။ ဝင်သာဝင်လာရတယ် တကယ်လည်း ဘာစားစရာမှမရှိတာမို့ အထူးအထွေ ဖွက်သိမ်းစရာလည်းမရှိပါ။ အခန်းထဲမှာ ရှုပ်ပွနေတာကို ရှင်းသင့်သလောက်ရှင်းပြီး ခပ်နွမ်းနွမ်း ဝတ်စုံတစ်စုံကို ထုတ်ထားလိုက်တယ်။
"မိုးမိုး ... နင်လဲ လုပ်စရာရှိတာလုပ်ပြီး အခန်းထဲဝင်နေနော်...မောင်ရောက်လာတာနဲ့ တစ်ပုံမှ အလွတ် မပေးဘဲ ဓါတ်ပုံရိုက်နော် "
" အင်း ...အင်းပါ နှင်းရယ် ...စိတ်ချပါ ...ငါသေချာ ရိုက်ပေးပါ့မယ် "
*****
"တီ ....တီ ...တီ "
ခြံ၀ဆီမှ ကားဟွန်းသံကြောင့် နှင်းသီရိအိမ်ထဲက လှမ်းကြည့်လိုက်တော့ တက္ကစီကားပေါ်က ဆင်းလာတဲ့ ချစ်သူ လင်းရိပ်ကို တွေ့လိုက်ရတာမို့ အားမရှိတဲ့ပုံနဲ့ လမ်းကို ခပ်ဖြည်းဖြည်းလျှောက်ပြီး ခြံရှေ့ကို ထွက်လာခဲ့လိုက်တယ်။ ဝတ်ထားတဲ့အဝတ်အစားက ခပ်နွမ်းနွမ်းနဲ့မလန်းမဆန်းပုံ ပေါက်အောင် ပြင်ထားတဲ့နှင်းသီရိရဲ့ပုံကို ကြည့်ပြီး လင်းရိပ်ရဲ့မျက်နှာကွက်ခနဲ ပျက်သွားတာကို နှင်းသီရိမြင်လိုက်ရတော့ မသိမသာလေးကြိတ်ပြုံးလိုက်မိတယ်။
"ကျေး ..ကျေးဇူးပါနော် ... အိမ်မှာ တစ်ယောက်တည်း ရှိနေတာမို့ မှာလဲမစားရဲလို့သာ မောင့်ကို အကူအညီလှမ်းတောင်းလိုက်ရတာ ...တကယ် အားနားပါတယ် ..."
နှင်းသီရိက ပါးစပ်က ပြောရင်း လက်က လင်းရိပ်လက်ထဲက အထုတ်တွေကို လှမ်းယူလိုက်တယ်။ပြီးတော့ ခြံတံခါးကို ပြန်ပိတ်မယ့် ဟန်ပြင်လိုက်တယ်။နှင်းသီရိ ပါးစပ်ကနေ လင်းရိပ်ကိုအိမ်ထဲဝင်ဖို့ တစ်ခွန်းမှ မခေါ်ဘဲ ပြန်လှည့်ထွက်လာခဲ့လိုက်တယ်။ တစ်လှမ်း ။နှစ်လှမ်း။သုံးလေးလှမ်း လှမ်းပြီးချိန်မှာ နှင်းသီရိ မြေပြင်ပေါ်ကို ခွေခနဲ လှဲချပစ်လိုက်တယ်။
"နှင်း ...နှင်းသီရိ "
ဧကြည်ဖြူ
" ရင်ဘတ်ပေါ်က နှင်းဆီ "
အပိုင်း (၂၄ )
*******
ကြောက်စရာကောင်းလောက်အောင် မှောင်မိုက်တိတ်ဆိတ်နေတဲ့ အခန်းကို ကြည့်ပြီး နှလုံးခုန်သံတွေ ရပ်တန့်သွားမတတ် လင်းရိပ်ဆွံ့အ ထိတ်လန့်နေမိတယ်။အရင်နေ့တွေက လင်းရိပ် ပြန်လာချိန်တိုင်း ဆိုဖာခုံမှာဖြစ်စေ၊ စာရေးစာပွဲခုံမှာ ဖြစ်စေ ရှိနေတတ်တဲ့ အနီရင့်။လင်းရိပ် နေရာမှာပဲရပ်တန့်နေမိတယ်။မီးခလုတ် ရှိရာကို သွားဖို့ရာ ခြေထောက်တွေကခဲဆွဲထားသလို လေးလံနေမိတယ်။မီးဖွင့်လိုက်တဲ့အခါ ပစ္စည်းတွေ မရှိတော့ဘဲဟာလာ ဟင်းလင်း ဖြစ်နေတဲ့ အခန်းကို မြင်ရလေမလား ။ ဒါမှမဟုတ် လင်းရိပ်ပစ္စည်းတွေကို အသင့် ထုတ်ပိုးထားတာမြင်ရလေမလားလို့ စိုးတထိတ်ထိတ်နဲ့ တွေးပြီး ပူပန်နေမိတယ်။ ဒါပေမဲ့လည်း ဒီလိုချည်းပဲ ရပ်နေဖို့ရာမဖြစ်နိုင်တာမို့ မီးခလုတ် ရှိရာကို မှန်းဆပြီး ခပ်ဖြည်းဖြည်းချင်းသွားလိုက်တယ်။
လင်းရိပ် မီးခလုတ်ရှိရာကို ရောက်လာတဲ့အခါ မီးခလုတ်ကို စမ်းပြီး လက်နဲ့ အသာဖွင့်လိုက်တယ်။
" မွေးနေ့ကို ဂုဏ်ပြုပါတယ် လင်းရိပ် "
" ဟာ "
မီးလင်းလာတာနဲ့ တစ်ပြိုင်နက် မြင်လိုက်ရတဲ့ မြင်ကွင်းနဲ့ကြားလိုက်ရတဲ့အသံကြောင့် လင်းရိပ် အသက်ရှူမှားမတတ်အံ့ဩသွားရပြီး အေးစက် ငြိမ်သက်နေတဲ့ နှလုံးသားက ဝုန်းဒိုင်းကြဲအောင်းဆူညံလှုပ်ရှားသွားမိတယ်။ပြီးတော့ သူတစ်ခါမှ မမြင်ဖူးတဲ့ပုံစံနဲ့ ရှိနေတဲ့ အနီရင့်ကို ငေးကြည့်နေမိတယ်။မြန်မာဆန်ဆန်ပန်းခရမ်းရောင်ဝမ်းဆက်လေးကို လှပချပ်ရပ်စွာဝတ်ထားတဲ့သူမ။ အမြဲလိုလို ဖြစ်သလို စည်းထားတတ်တဲ့ဆံပင်ရှည်ရှည်ကောက်ကောက်တွေကို လှပသေသပ်စွာ ထုံးဖွဲ့ထားပြီး နဖူးပြင်ထက်မှာ ဆံနွယ်ပါးပါးလေး ချထားပုံက သူမရဲ့ မျက်နှာလေးနဲ့လိုက်ဖက်လှတယ်။ကိတ်မုန့်ဗန်းကိုကိုင်ထားတဲ့လက်နှစ်ဖက်ကကန်းစွန်းပွင့်လက်အင်္ကျီစလေးတွေ တဖျပ်ဖျပ် လှုပ်ရှားနေပုံက လင်းရိပ်ကို မင်သက်နေစေမိတယ်။
"ဘာကြည့်နေတာလဲ လင်းရိပ် ... လာလေ ကိတ်မုန့်ပေါ်မှာ ဖယောင်းတိုင်ထွန်းရအောင် "
အနီရင့်ရဲ့ လှမ်းခေါ်သံကို ကြားလိုက်ရမှ လင်းရိပ်သတိဝင်လာမိပြီး အနီရင့်ဆီကို လျှောက်သွားလိုက်မိတယ်။ဒီလို လမ်းလျှောက်နေတဲ့အချိန်မှာ လင်းရိပ်ရဲ့ ခြေထောက်တွေဟာ ကြမ်းပြင်နဲ့ မထိသလိုခံစားနေရတယ်။အရာရာကို လင်းရိပ်နားမလည်နိုင်သေးပါ။သို့ပေမဲ့ သေချာတာက အနီရင့်ကို တွေ့လိုက်ရတဲ့ အချိန်မှာ လင်းရိပ် ရင်ထဲမှာ အတိုင်း မသိ ဝမ်းသာပျော်ရွှင်သွားမိတယ်ဆိုတာပါပဲ။
"ဒီနေ့ လင်းရိပ်ရဲ့ မွေးနေ့လေ ... လင်းရိပ်ကို ကျေးဇူးတင်တဲ့အနေနဲ့ အမှတ်တရ လုပ်ပေးတာ ...မွေးနေ့ရှင်က ကိုယ့်မွေးနေ့ကိုတောင် မမှတ်မိတော့ ရှက်လိုက်တာ "
ရှက်ဝဲဝဲ မျက်နှာလေးနဲ့ ပြောလာတဲ့ အနီရင့်ကို ကြည့်ပြီး လင်းရိပ်ကြည်ကြည်နူးနူးပြုံးလိုက်မိတယ်။အမှန်တကယ် ပြောရရင် လင်းရိပ် အတွက် မွေးနေ့ဆိုတာဘာမှန်းပင်မသိ။အမြဲမိသားစုအတွက် ရုန်းကန် နေခဲ့ရတာမို့ မွေးနေ့ကို တစ်ခါမှ အမှတ်ပင်မရခဲ့။ချစ်သူရည်းစားရပြန်တော့လည်း ချစ်သူနှင်းသီရိရဲ့ မွေးနေ့ကို အမှတ်ရရရှိခဲ့ပြီး လက်ဆောင်ပစ္စည်းလေးတွေပေးခဲ့ပေမဲ့ ကိုယ့်မွေးနေ့ကို အမှတ်မထားမိခဲ့ဘူး။ ဒါက လင်းရိပ် အတွက် ပထမဆုံး မွေးနေ့အမှတ်တရပါ ပင်။အသက် နှစ်ဆယ့်ခွန်ပြည့်မှ ပထမဆုံးမွေးနေ့ကိတ်ခွဲရမှာ ရှက်တော့ရှက်မိသလိုပင်။
"လာပါဆို ... ဘာတွေတွေးနေတာလဲ .. ဒီမှာ ဖယောင်းတိုင်တွေ ထွန်းလိုက်နော် "
အနီရင့် ကမ်းပေးတဲ့ မီးခြစ်ကို ယူပြီး လင်းရိပ် ဖယောင်းတိုင်တွေကို မီးထွန်းညှိနေချိန်မှာ အနီရင့်က လင်းရိပ်နားက ထသွားပြီး မိခလုတ်တွေကို သွားပိတ်လိုက်တယ်။ပြီးတော့ လင်းရိပ် အနားကို ပြန်လျောက်လာပြီး လင်းရိပ်ဘေးနားမှာထိုင်လိုက်တယ်။ အခန်းထဲမှာ တော့ ကိတ်မုန့်ပေါ်ထွန်းထားတဲ့ ဖယောင်းတိုင်တွေရဲ့ မီးအလင်းရောင်လေးက ခပ်မှိန်မှန်လင်းနေတယ်။
"happy birthday to You ..... မွေးနေ့မှစပြီး ထာဝရပျော်ရွှင်ပါစေနော် လင်းရိပ် ..."
ဖယောင်းတိုင်မီးရောင်လဲ့လဲ့အောက်မှာ ဆုတောင်းစကား ပြောပေးနေတဲ့ အနီရင့်ရဲ့မျက်နှာလေးကို လင်းရိပ် အမှတ်တမဲ့ငေးကြည့်လိုက်မိတယ်။ မီးရောင်လဲ့လဲ့နဲ့အပြိုင် စူးစူးတောက်တောက် မျက်ဝန်းလေးတွေ။ပန်းရောင်ဖျော့ဖျော့ဆိုးထားတဲ့ နှုတ်ခမ်းဖူးဖူးလေးကို လင်းရိပ် သတိလက်လွတ် ငေးကြည့်နေမိတုန်းမှာ
"ဆုတောင်းပြီးရင် မီးတွေ မှုတ်လိုက်လေ လင်းရိပ်ရဲ့ "
အနီရင့်ရဲ့ အသံချိုချိုလေးကို ကြားမှ လင်းရိပ် လည်းရှက်ကိုးရှက်ကန်းနဲ့ ဖယောင်းတိုင်မီးတွေကို မှုတ်လိုက်တယ်။မီးမှောင်သွားတာနဲ့တပြိုင်နက် စာကြည့် မီးအိမ်လေးက ဖျတ်ခနဲ လင်းလာပြီးတဲ့နောက်မှာ အနီရင့်ရဲ့လက်ကလေးတွေက လင်းရိပ်ရဲ့လက်တစ်ဖက်ကို ဆွဲကိုင်ယူလိုက်ပြီး တစ်စုံတစ်ခုကို လင်းရိပ် လက်မှာ ဝတ်ပေးလာတယ်။ အနီရင့်ရဲ့ အပြုအမူကြောင့် လင်းရိပ် ရင်ခုန်သံတွေ မြန်လာတယ်။အနီရင့်က ခေါင်းလေးငုံ့ပြီး လင်းရိပ်ကိုနာရီ ဝတ်ပေးနေတယ်။နှစ်ယောက်သားနီးနီးကပ်ကပ်အနေ အထားကြောင့် လင်းရိပ်မနေတတ် မထိုင်တတ်သလို ဖြစ်လာမိတယ်။ခေါင်းငုံ့နေတဲ့ အနီရင့်ရဲ့နဖူးပြင်လေးကို ခပ်ဖွဖွနမ်းရှိုက်ပစ်ချင်စိတ်တွေ ဖြစ်ပေါ်လာမိတယ်။
"လင်းရိပ်နဲ့ အရမ်းလိုက်တာပဲ "
အနီရင့် ထပ်မေးလိုက်တော့ နှင်းသီရိဘက်က တိတ်ဆိတ်သွားတယ်။ နှင်းသီရိရဲ့စိတ်ထဲမှာ လင်းရိပ်ရဲ့ မိသားစုနဲ့ ခြိမ်းခြောက်လိုက်ရင် အနီရင့်အလွယ်တကူလက်ခံလိုက်မယ်လို့ထင်နေခဲ့တယ် ။
"ကဲပါ ... ဒီမှာ မနှင်းသီရိ ...ကျွန်မ ရှင်းရှင်းပဲပြောမယ် ...ရှင်နဲ့ လင်းရိပ် အကြောင်းကို ကျွန်မ စိတ်မ၀င်စားဘူး ...လင်းရိပ်က မနှင်းသီရိကို အိမ်ပဲ ငှားပေးပေး ... မနှင်းသီရိ တို့နှစ်ယောက် အတူတူပဲနေနေ ကျွန်မ ဂရုမစိုက်ဘူး ... ပြီးတော့ ကျွန်မ ဆေးရုံက ဆင်းလာတာ သုံးရက်တောင်မပြည့်သေးဘူး ချက်ချင်းကြီး အိမ်ထောင်ကွဲတာဖြစ်ဖြစ် ... ကျွန်မယောက်ျားကို အိမ်ပေါ်က ဆင်းခိုင်းတာရော မလုပ်နိုင်သေးဘူးရှင့်...ကျွန်မရဲ့ သိက္ခာနဲ့ ကျန်းမာရေးထက် ဘယ်သူ့ကိုမှ ပိုပြီး ဂရုမစိုက်နိုင်ပါဘူး ... မနှင်းသီရိ အနေနဲ့ အခုလက်ရှိ ကျွန်မရဲ့ တရားဝင်လင်ယောကျာ်းဖြစ်တဲ့ လင်းရိပ်ကို လိုချင်သပဆိုရင် စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါရှင် ...ဒါမှ စိတ်မရှည်လို့ ကျွန်မအကြောင်းတွေကို ပတ်ဝန်းကျင်မှာ အရှက်ခွဲ ချင်သပဆိုရင်လဲခွဲပါ ... အခြားလူတစ်ယောက်ရဲ့ စိတ်ဓါတ်ရေးရာကို တားဆီးနိုင်စွမ်း ကျွန်မမှာ မရှိပါဘူး ... ဒီထက်ပိုပြီးလဲ ကျွန်မမှာပြောစရာမရှိတော့ပါဘူး ...မနှင်းသီရိ ပြောချင်တာရှိရင် ပြောပြီး ပြန်ပါတော့နော် ... ကျွန်မနားချင်နေပြီ ...မနှင်းသီရိလဲ နားသင့်တယ် ....မနှင်းသီရိကို ကြည့်ရတာ စိတ်တွေ အရမ်းပူလောင်နေပုံရလို့ပါ "
အနီရင့်ရဲ့ စကားအဆုံးမှာ နှင်းသီရိ အံကိုတင်းတင်းကြိတ်လိုက်မိတယ်။အနီရင့် ဆက်ဆံပုံက သူမထင်ထားသလို ဖြစ်မလာတာမို့ ရင်ထဲ အောင့်သီးအောင့်သက်ဖြစ်နေမိတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အနီရင့်ပြောပုံအရ လင်းရိပ်နဲ့ လမ်းခွဲမယ့် သဘောရှိတာမို့ နှင်းသီရိ ကျေနပ်မိတယ်။
******
"တွီ.... တွီ....တွီ "
ဖုန်းဘိုက်ဘာကနေ စာရောက်သံကြောင့် လင်းရိပ်ဖုန်းကို ကောက်ကြည့်လိုက်တယ် ။ဆိုင်က အမှာစာတွေ အမြဲရောက်တတ်တာမို့ လင်းရိပ်မှာ ဖုန်းထဲ မက်ဆေ့ ၀င်သံကြားတာနဲ့ ဖုန်းကို ချက်ချင်းယူကြည့်ရတယ်။အမှာစာကို စာရင်းသွင်းပြီး ပစ္စည်းတွေ တစ်ရက် နှစ်ရက်အတွင်း အမြန်ဆုံးပို့ဖို့ ပြင်ဆင်ရတယ်။
လင်းရိပ် ဖုန်းကို ဖွင့့်ကြည့်လိုက်တဲ့အခါ မြင့် လိုက်ရတဲ့ ပုံတွေကြောင့် လူက ဒေါသထွက်သလိုလို ဝမ်းနည်းသလိုလို ခံစားလိုက်ရတယ်။ပုံတွေက မြတ်ဘုန်းနဲ့ အနီရင့်ရဲ့ပုံတွေ။ မြတ်ဘုန်း လှေကားကနေ တက်သွားတဲ့ပုံ၊ တိုက်ခန်းထဲဝင်သွားတဲ့ပုံတွေ။ ပို့လာတဲ့ ဖုန်းနံပတ်ကို လင်းရိပ် မသိပါ။ မြတ်ဘုန်း ကိုယ်တိုင်ပဲ ပို့လေသလား မတွေးတတ်။ဆွေးမျိုးသားချင်းတွေကိုပင် တွေ့ဖို့ ငြင်းဆန်ခဲ့တဲ့ အနီရင့်က မြတ်ဘုန်းကို ဘာလို့ တွေ့တာလဲ ။တွေးရင်းမှ လင်းရိပ်ရဲ့ ရင်ထဲ ပူလောင်လာမိသလို စိုးရိမ်စိတ်တွေနဲ့ အလုပ်လုပ်ရတာ စိတ်မဖြောင့်နိုင်တော့ဘူး။ဖြစ်နိုင်ရင် အိမ်ကို ချက်ချင်းပြန်ပြေးသွားပြီး အနီရင့်ကို မေးလိုက်ချင်မိတယ်။
"အစ်ကို .. စာရင်းတွေမှားနေတယ်..."
အလုပ်သမားကောင်လေးက အနားကပ်ပြီး ခပ်တိုးတိုးပြောလိုက်မှ လင်းရိပ် ပစ္စုပ္ပန်ကို ပြန်သတိရမိသွားတယ်။လက်ထဲကိုင်ထားတဲ့ ဘောင်ချာကို ပြန်ကြည့်လိုက်မိတော့ စာရင်းတွေက အလွဲလွဲအချော်ချော်ဖြစ်လို့။ လင်းရိပ် စိတ်ကို တည်ငြိမ်အောင် ကြိုးစားထိန်းလိုက်တယ်။ သို့ပေမဲ့လည်း စိတ်က ဖုန်းထဲက ပုံတွေကိုပဲ မြင်ယောင်နေမိတယ်။
*****
လင်းရိပ် နှေးကွေးလေးလံတဲ့ ခြေလှမ်းတွေနဲ့ လှေကားထစ်တွေကို နင်းတက်လာခဲ့မိတယ်။ဒီနေ့အဖို့မှာ လင်းရိပ်အနေနဲ့ အခန်းကို အမြန်ပြန်ရောက်ချင်နေသလို ပြန်လည်းမပြန်ဝံ့ဖြစ်နေမိတယ်။အိမ်ကို ရောက်တဲ့အခါ အနီးရင့်ကလမ်းခွဲစကားများ ပြောလေမလားလို့ တွေးနေမိတယ်။တကယ်ဆို လင်းရိပ်တို့ နှစ်ဦးသဘောတူထားချက်က ကလေးမရှိတော့ရင် ပျက်ပျယ်ခဲ့ပြီလေ။ကိုယ့်လမ်းကိုယ်လျှောက်ကြရုံပင်။ဒီအခြေအနေကို လင်းရိပ် ဘာကြောင့် ကြောက်ရွံ့နေမိတာလဲ ကိုယ်တိုင် မဆန်းဆစ်ချင် မဆန်းဆစ်ရဲပါ။တကယ်တော့ လင်းရိပ်က မကောင်းတဲ့ ကောင်/ မဟုတ်လား။အနီရင့်လို မိန်းခလေးနဲ့ မထိုက်တန်တဲ့သူလေ။
*****
လင်းရိပ် တိုက်ခန်းရှေ့ကို ရောက်တဲ့အခါ တိုက်ခန်း၀ဟာ အရင်နေ့တွေလို မီးမဖွင့်ထားဘဲ မှောင်မိုက်နေတယ်။ လင်းရိပ် သံပန်းတံခါးသော့ကို ဖွင့်လိုက်တယ်။ပြီးတော့ အတွင်း သစ်သားတံခါးကို လက်နဲ့ အသာတွန်းကြည့်လိုက်တော့ တံခါးက ခပ်ဟဟ ပွင့်သွားတယ်။ လင်းရိပ် သစ်သားတံခါးကို ဖွင့်လိုက်တဲ့အခါ တိုက်ခန်းထဲမှာ ချောက်ချားစရာကောင်းလောက်အောင် မှောင်မည်း တိတ်ဆိတ်နေတယ်။
====================
အပိုင်း (၂၄ ) ဆက်ရန်
ဧကြည်ဖြူ
အနီရင့် မြတ်ဘုန်းကို ငေးကြည့်နေမိတယ်။လွန်ခဲ့တဲ့ ဆယ်နှစ်မတိုင်ခင်က ခင်မင် နှစ်လိုဖွယ်ကောင်းလှတဲ့ လူသားတစ်ယောက်ဟာ ခုချိန်မှာ အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပြီဆိုတာကို အနီရင့် သိခဲ့တာကြာခဲ့ပြီလေ။
"သိပါတယ် ...ကိုဘုန်း မကေဇင်ကို မချစ်ဘူးဆိုတာကို သိပါတယ် ...ပြီးတော့ ကျွန်မကိုရော ဘယ်မိန်းခလေးကိုမှလဲ ကိုဘုန်း တကယ်မချစ်ဘူးဆိုတာကိုလဲ သိတယ်...တကယ်တော့ ကိုဘုန်းက ကိုယ့်ကိုယ်ကိုပဲချစ်တဲ့လူမျိုးလေ ...တစ်ယောက်ယောက်ကို ကိုယ့်ဘက်ကပေးဆပ်ရတော့မယ်ဆိုရင် ကိုဘုန်း အမြဲထွက်ပြေးခဲ့တာပဲလေ... ရှေ့လျှောက်လဲ ကိုဘုန်း ဒီလိုပဲ လုပ်နေအုံးမှာပါပဲ ... သေချာတာကတော့ ကိုဘုန်းကြောင့် မိန်းခလေးတွေ ဘ၀တွေပျက်စိတ်ဆင်းရဲ သောကဖြစ်ရသလိုပဲ ကိုဘုန်း ဘ၀လဲ ဘယ်တော့မှ ပျော်ရွှင်ရမှာ မဟုတ်ဘူး သိရဲ့လား ...အခုချိန်က အချိန်မီသေးတာမို့ ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ကြိုးစားပါ ...ကဲ ...ကိုဘုန်းပြန်ပါတော့...နောက်နောင် ဘယ်တော့မှ လာမပတ်သက်ပါနဲ့တော့ရှင် ...."
အနီရင့်ရဲ့ စကားအဆုံးမှာ မြတ်ဘုန်း ခေါင်းကြီး ငိုက်စိုက်ချလို့။ပြီးတော့ အနီရင့်ကို ပြန်မော့ကြည့်လိုက်ပြီး နှုတ်ဆက်စကားဆိုလိုက်တယ်။
"မင်းပြောတာမှန်ပါတယ် ... ဒါပေမဲ့ ကိုယ်သူ့ဆီကိုတော့ ပြန်မသွားနိုင်တော့ဘူး ..ဒီနိုင်ငံရဲ့ အဝေးဆုံးကို ထွက်သွားတော့မယ် အဲ့ဒါ နီ့ကို လာနှုတ်ဆက်တာပါ ...ကိုယ်သွားတော့မယ်နော် "
******
မြတ်ဘုန်းပြန်ထွက်သွားလို့ အနီရင့် တံခါးပိတ်နေတုန်းမှာပဲ အခန်းရှေ့ကို ရုတ်တရက်ရောက်လာတဲ့ နှင်းသီရိကို ကြည့်ပြီး အနီရင့်ရတွေ ဒိန်းခနဲ ဆောင့်ခုန်သွားမိတယ်။သော့ခတ်လုဆဲဆဲလက်တွေက ရပ်တန့်သွားရတယ်။ အနီရင့် မျက်နှာမပျက်အောင် ထိန်းလိုက်ပြီး တံခါးကို ဖွင့်ပေးလိုက်တယ်။ အနီရင့် ကြုံဖူးခဲ့သူတွေထဲမှာ ဒီမိန်းခလေးက ကြောက်ဖို့အကောင်းဆုံးလို့ ထင်လိုက်မိတယ်။ဘာလို့လဲဆိုတော့ သူမဆီမှာ အစစ်အမှန်ဆိုလို့ဘာကို မှ မတွေ့ရဘူးလေ။အပြုံးတွေရော၊ စကားလုံးတွေရော ၊ သူမရဲ့ အပြုအမူမှန်သမျှက ဘယ်အရာမှ အစစ်အမှန်မဟုတ်ဘူးဆိုတာကို အနီရင့်သိနေတယ်။ ဒီလို မိန်းခလေးရဲ့လက်ထဲကို လင်းရိပ်ကို ပြန်ထည့်ပေးလိုက်ဖို့ ဆိုတာ စဉ်းထောင် မစဉ်းစားချင်တဲ့ကိစ္စမျိုးလို့ပဲပြောရမလား။
" ထိုင်ပါ ...မနှင်းသီရိ ...ရေအေးအေးလေးပဲ သောက်မလား ... နှစ်ယောက်လုံး နေပြန်ကောင်းစဆိုတော့ ရေပဲသင့်တော်မယ် ထင်တယ် ..."
ပြောပြီးတာနဲ့ ရေခဲသေတ္တာထဲက ဖန်ရေတကောင်းနဲ့ ဖန်ရေခွက်ကို စားပွဲခုံပေါ်ကို အနီရင့်တင်လိုက်တယ်။ပြီးတော့ နှင်းသီရိရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်။
" သက်သာသွားပြီလာ မနှင်းသီရိ "
အနီရင့် လေသံခပ်အေးအေးနဲ့ ပဲ မေးလိုက်တယ်။ တုန်လှုပ်နေစရာ အကြောင်းတွေလဲ မရှိတော့ဘူး မဟုတ်လား ။
" သက်သာပါတယ် ...ဒါနဲ့ ... အစ်မရော အဆင်ပြေလား ... ကလေးမရှိတော့ဘူးလို့ ကြားတယ် နှင်း တကယ်စိတ်မကောင်းပါဘူး "
နှင်းသီရိက ဝမ်းနည်းသံလေးနဲ့ ပြောလိုက်တယ်။
" အဆင်ပြေပါတယ်ရှင် ... တစ်ချို့အရာတွေက ကိုယ်နဲ့မဆုံထိုက်ရင် ဒီလိုပဲ ဝေးကွာသွားရတာပဲလေ ...ဒီပေါ်မှာလိုက်ပြီး ခံစားနေရလောက်အောင် ကျွန်မ အတ္တမကြီးပါဘူးရှင် ...ဒါနဲ့ ...မနှင်းသီရိ လာတဲ့ ကိစ္စလေးကို ပြောပါအုံး "
အနီရင့်ရဲ့ တုံ့ပြန် စကားကြောင့် နှင်းသီရိက ပျက်သွားတဲ့မျက်နာကို ထိန်းပြီး ပြန်ဖြေလိုက်တယ် ။
"ဟုတ်ကဲ့ ...နှင်း လိုရင်းပဲပြောပါမယ်ရှင် ..နှင်းဘက်က ပြောမှားဆိုမှားရှိခဲ့ရင် ကြိုပြီး တောင်းပန်ပါတယ်နော် "
" ဟုတ်ကဲ့ ...ရပါတယ် ပြောပါ "
အနီရင့်က ခပ်အေးအေးပြန်ပြောလိုက်တယ်။
"ဒီလိုပါ နှင်းနဲ့ မောင့် အကြောင်းကို အစ်မလဲ သိပြီးသားပဲလေ ... မောင်က သနားတတ်တဲ့အကျင့်ရှိတော့ အစ်မကို သနားခဲ့ တာပါ ...အခု အစ်မမှာ ကိုယ်ဝန်လဲ မရှိတော့ဘူးဆိုတော့ မောင့်ကို လက်လွှတ်ပေးပါတော့နော် ... အစ်မရဲ့ ဆိုင်ကိုလဲ စာရင်းအတိအကျနဲ့ပြန်အပ်ခိုင်းပါ့မယ် .. ပြီးတော့ မောင့် ရဲ့မိသားစုကိုလဲ အခု နှင်းအတွက် ငှါးပေးထားတဲ့ အိမ်ကို ပြောင်းဖို့စီစဉ်ထားကြပါတယ် ...အဲ့ဒါ မောင်က ပြောမထွက်ဘူးဖြစ်နေလို့ နှင်းလာပြောရတာပါ "
နှင်းသီရိက စကားကို တစ်လုံးချင်းပြောပြီး အနီရင့်မျက်နှာကို ကြည့်လိုက်တယ်။
အနိုင့်က ခပ်ယဲ့ယဲ့ပြုံးလိုက်မိတယ်။ပြီးတော့ နှင်းသီရိရဲ့မျက်နှာကိုစိုက်ကြည့်ပြီး ပြောလိုက်တယ်။
"တကယ်လို့ ...ကျွန်မဘက်က လက်မလွှတ်ဘူးဆိုရင်ရော "
အနီရင့်ရဲ့ မေးခွန်းကြောင့် နှင်းသီရိ သိသိသာသာ မျက်နှာပျက်သွားတယ်။ပြီးတော့ နှုတ်ခမ်းကိုကိုက်တယ်" မျက်လုံးစူးစူးတွေနဲ့ အနီရင့်ကို ကြည့်တယ်။လက်သီးကို မသိမသာ ဆုပ်လိုက်တယ်။
" တောင်းပန်လို့ မရရင်တော့ ဒီကိစ္စတွေကို မောင့် မိသားစုကို ပြောပြမှာပါ ... အနီရင့်က အခြားသူနဲ့ ရတဲ့ ကိုယ်ဝန်ကို မောင့်ကို တာဝန်ယူခိုင်းခဲ့တာတွေ.... ပြီးတော့ မောင့်က မိသားစုအတွက် ငွေရဖို့ ဟန်ဆောင် လက်ထပ်ခဲ့တာတွေကို ပြောပြလိုက်မှာပါ "
နှင်းသီရိက ခပ်တင်းတင်းပြန်ပြောတယ်။
"အဲ့ဒီလို ပြောတာကို လင်းရိပ်က လက်ခံမှာတဲ့လား "
အလတ်မရဲ့ စကားကြောင့် လင်းရိပ်အားရှိသွားမိတာတော့အမှန်ပါ။
" ကျေးဇူးတင်ပါတယ်ကွာ .. အစ်ကို့ ညီနဲ့ညီမကို ပဲအားကိုးရမှာပါပဲ...အစ်ကို ဆေးရုံမှာ ရှိနေတဲ့ အတောအတွင်း ဆိုင်ကို ကြည့်ပေးထားတာ ကျေးဇူးပါ ညီလေးရာ "
" အစ်ကိုကလဲဗျာ ... ညီကိုမောင်နှမတွေကြား ကျေးဇူးတင်စကား ပြောဖို့ မလိုပါဘူး...အစ်ကို့ဆိုင်ကို ကူရတာ ဘာပင်ပန်းလို့လဲ ...ဒီနေ့တော့ ကျွန်တော့်အလုပ်ကိုသွားပြန်ဆင်းတော့မယ်နော် အစ်ကို "
လင်းရိပ် ညီမဖြစ်သူနဲ့ညီငယ်လေးကို ကြည်နူး ကျေးဇူးတင်စွာ ကြည့်လိုက်မိတယ်။
*****
"ကေသီ ...မင်းလုပ်ပုံတွေ ...မဟုတ်သေးဘူးနော်...ငါနေရတာ မျက်နာပူလှပြီး ..အမေရီကလဲ မင်းသားကြီးကို ပြန်ခေါ်ပေးဖို့ ငါ့ကို လာတောင်းပန်နေတယ်...ကိုမျိုးအောင်ကတော့ ငါ့မျက်နှာကိုတောင် မကြည့်ပါဘူး ...အေးဒါပေမဲ့ မဌေးမူကတော့ တရားစွဲဖို့ လုပ်မယ်တဲ့ "
ဒေါ်ကေသီက စိတ်ညစ်စိတ်ရှုပ်ထွေးတဲ့ ပုံစံနဲ့ ပြောနေတဲ့ ခင်ပွန်းဖြစ်သူကို တစ်ချက်မော့ကြည့်လိုက်ပြီး လေသံအေးအေးနဲ့ပြန်ပြောလိုက်တယ်။
"ကျွန်မကရော ဒီလိုတွေ ဖြစ်စေချင်မလားရှင် ...ရှင့်သားက မပေါင်းချင်တော့ပါဘူးဆို ကျွန်မက ဘာတတ်နိုင်မှာလဲ ...သူတို့လဲ ကလေးမဟုတ်ကြတော့ဘူးလေ .... သူတို့စိတ်နဲ့သူတို့ကိုယ်လေတော် ...."
" အေး ...အေးပါကွာ ...ငါပြောတာက ..သားကြီးနေတဲ့ နေရာကို မင်းသိရင် ငါ့ကို ပြောပြဖို့ပါ ...ငါ သားနဲ့ စကားကြည့်ချင်တယ် ....သူ့ ဘာဖြစ်ချင်တာလဲ သိချင်တယ်...ပြီးရင် နှစ်ဦးနှစ်ဘက် ရန်မီးမပွားဘဲ ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းချင်တာ ..."
"အင်းပါရှင် ... ဒီတစ်ခါ သားဖုန်းဆက်ရင် ကျွန်မ ချော့ပြော ကြည့်ပါ့မယ် "
******
"ဖြစ်ပါ့မလား နှင်းရယ် ကောင်းကောင်းကျန်းမာသေးတာလဲ မဟုတ်ဘဲနဲ့ သွားလို့ ဖြစ်ပါ့မလား ....."
နှင်းသီရိရဲ့ သူချင်းဖြစ်သူ မိုးမိုးသန်းက ဝတ်စား ပြင်ဆင်နေတဲ့ နှင်းသိရိကို မဝံ့မရဲနဲ့ ပြောလိုက်တယ်။မိုးမိုးသန်းမှာ နှင်းသီရိလုပ်နေတာတွေကို မသင့်တော်မှန်း သိနေပေမဲ့ အခုချိန်မှာအလုပ်မရှိသေးတဲ့သူမကို နေစရာရော စားစရာ ပါပေးထားတဲ့ နှင်းသီရိကို မပြောရဲ။ မပြောဝံ့။ မတားဆီး ရဲဖြစ်နေခြင်းပင် ။တကယ်ဆို ခုလိုချိန်မှာ နှင်းသီရိ ရော တစ်ဖက်က အနီရင့်ပါ ကောင်းကောင်း အနားယူရမယ့်အချိန် ဖြစ်တာကို မိုးမိုးသန်း သိတယ် ။ဒါပေမဲ့လည်း မိုးမိုးသန်း ဘ၀က သူ့ဆန်စားနေမှတော့ ရဲရမယ့် ဘ၀အခြေအနေပင်မဟုတ်ပါလား။
*******
မိုးမိုးသန်းက နှင်းသီရိရဲ့နောက်ကနေ တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ပါခဲ့တယ်။မိုးမိုးသန်းတို့ အငှားကား တက္ကစီပေါ်က ဆင်းလာကြပြီတဲ့နောက် နှင်းသီရိက အနီရင့်ရဲ့ တိုက်ခန်းရှိရာဘက်ကို လျှောက်သွားတယ်။ ဒီအခြေအနေမှာ မိုးမိုးသန်းက တိုက်အောက်ကနေပြီးတော့ လူဝင်လူထွက်နဲ့ အနီရင့်ဆီကို လာမဲ့ လူတွေကို စောင့်ကြည့်ပေးရမှာ။ဒါက မပင်ပန်းပါ။ သို့ပေမဲ့ တိုက်ပေါ်မှာ နှင်းသီရိနဲ့ အနီရင့်တို့ မတော်တဆ တစ်စုံတစ်ခုများဖြစ်ခဲ့ရင်ရော ။မိုးမိုးသန်းဆက်မတွေးရဲပါတော့ ။နှစ်ယောက်လုံး ဘေးကင်းကြစေရန်သာ စိတ်ထဲကနေ တဖွဖွဆု တောင်းနေမိတယ်။
*****
နှင်းသီရိ လှေကားထစ်တွေကို နင်းတက်လာရင်းကနေ မိမိရှေ့ကအရင် လှေကားအတိုင်း ဖြည်း ရေးစွာတက်သွားတဲ့သူရဲ့ ကျောပြင်ကို မသိမသာ ဓါတ်ပုံတွေရိုက်ထားလိုက်တယ်။
*******
"ဒေါက် ...ဒေါက် ...ဒေါက် "
"ဒေါက် ...ဒေါက် ...နီ တံခါး ခဏဖွင့်ပါအုံး...ကိုယ်ခဏလေးစကားပြောချင်လို့ပါ "
အပြင်က တံခါးသံနဲ့ ခေါ်သံကြောင့် အနီရင့် ခုတင်ထက်ကနေ အသာထလိုက်တယ်။ ဒီပြဿနာတွေဟာ ပြတ်ပြတ်သားသားမရှင်းသ၍ မပြီးနိုင်တာမို့ အနီရင့် အိပ်ရာထက်က အသာထလိုက်တယ်။
တံခါးဖွင့်ပေးလိုက်တော့ ပိန်လှီဖျော့တော့ပြီးညောင်နာနာပုံစံနဲ့ မြတ်ဘုန်းကိုတွေ့လိုက်ရတယ်။
"လာလေ ...ထိုင် "
အနီရင့်ပြောလိုက်တော့ မြတ်ဘုန်းက ခုံမှာ ခပ်ကုပ်ကုပ် ဝင်ထိုင်လိုက်တယ်။
"နေသာရဲ့လား ...ကိုယ်ကို အရမ်းမုန်းနေလားဟင် "
မြတ်ဘုန်းက ခုံမှာဝင်ထိုင်ပြီးတာနဲ့ အလာတကြီးမေးလိုက်တယ်။
" သက်သာပါတယ်ကိုဘုန်း...လင်းရိပ်က ဂရုစိုက်တယ်လေ ...ကိုဘုန်းကိုလဲ မမုန်းပါဘူး ...ကိုဘုန်းနဲ့ ပတ်သက်ပြီး ကျွန်မဆီမှာ ချစ်တာရော မုန်းတာရော ဘာခံစားချက်မှမရှိပါဘူး ...ရှေ့လျှောက်လဲ ပတ်သက်စရာအကြောင်း လုံးဝ မရှိပါဘူး.... အဲ့ဒါကို ပြောချင်လို့ ကိုဘုန်းကို တံခါးဖွင့်ပေးလိုက်တာပါ ...တကယ်တော့ ကိုဘုန်းသာ အသိစိတ် ရှိမယ်ဆိုရင် ခုချိန်မှာ ဘာကို လုပ်သင့်တယ်ဆိုတာ အခြားသူက ပြောစရာမလိုဘူး မဟုတ်လား "
အနီရင့် ပြောလိုက်တော့ မြတ်ဘုန်း ငိုင်ကျသွားတယ်။ပြီးတော့ အနီရင့်ကိုတောင်းပန်တိုးလျှိုးတဲ့ မျက်နာနဲ့ ကြည့်လိုက်ပြီး
"ကိုယသိပါတယ် နီ ...ဒါပေမဲ့ ကိုယ့်ဘဝကို အန်တီဌေးတို့ သားအမိဆီမှာ ထပ်ပြီး အချုပ်အနှောင် မခံချင်တော့ဘူး ...ကိုယ် ကေဇင်ကျော်ကို လုံးဝမချစ်ဘူး ...နောက်လဲဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး "
ဧကြည်ဖြူ
"ရင်ဘတ်ပေါ်က နှင်းဆီ "
အပိုင်း ( ၂၃ )
*****
" ဟင် ....အဲ့ဒါဆို သူ့အခြေအနေကရော "
လင်းရိပ်ဆီက ကေဇင်ကျော်ရဲ့ အကြောင်းကို ကြားလိုက်ရတဲ့အခါ အနီရင့်ထိတ်လန့် တုန်လှုပ်စွာပြန်မေးလိုက်မိတယ်။
"ဆေးရုံကတော့ ဆင်းခွင့်မရသေးဘူး ... အချိန်ပေးပြီး ကုသရမယ်ထင်တယ်...အရိုးအကြောဆောင်မှာ ရှိတယ် .... နီသွားကြည့်ချင်ရင် ကိုယ်လိုက်ပို့ပေးပါ့မယ် "
လင်းရိပ်က ပြန်ဖြေလိုက်တော့ အနီရင့်က ခေါင်းကို ခါယမ်းလိုက်ပြီး ခပ်တိုးတိုး ပြန်ပြောလိုက်တယ်။
"မကြည့်တော့ပါဘူး လင်းရိပ်ရယ်....သူဒီလိုဖြစ်သွားတာကို စိတ်မကောင်းဖြစ်မိပေမဲ့ ...အနီရင့်က သူတော်စင် မဟုတ်တော့ သူတို့ အကြောင်းကို တွေးလိုက်ရင် ဒေါသတွေထွက်လာမိတယ်...ဖြစ်နိုင်ရင် အဲ့ဒီအိမ်က ဘယ်သူနဲ့မှမတွေ့ချင်သေးဘူး ...အဖေ့ဆီကို အကြောင်းမကြားခဲ့တာကိုလဲ ကျေးဇူးတင်ပါတယ် လင်းရိပ်ရယ်.... မဟုတ်ရင် ... ပြဿနာတွေ အရှည် အရှည် ဖြစ်ကုန်မယ် "
အနီရင့်က ကျေးဇူးတင်စကားပြောလိုက်ရင်းကနေ လင်းရိပ်ကို အသာငေးကြည့်နေမိတယ်။အနီရင့် ဆေးရုံတက်နေရတဲ့ရက်ပိုင်းလေးအတွင်းမှာ လင်းရိပ်မျက်နှာလေး ချောင်ကျသွားတာကို တွေ့ရတယ်။ သူ့ခမျာ ဆိုင်ကို ပြေးကြည့်လိုက် ဆေးရုံကို ပြေးလာလိုက်နဲ့ဗျာများနေခဲ့ရရှာတယ်လေ။ဒီနေ့တော့ အနီရင့်ဆေးရုံဆင်းခွင့်ရပြီမို့ ဒီလူသားလေး ကောင်းကောင်း အနားယူခွင့်ရတန်ကောင်းပါရဲ့လို့ အနီရင့်တွေးလိုက်မိတယ်။အနီရင့်ကတော့ ဆုံးရှုံးသွားခဲ့ရတဲ့ ရင်သွေးလေးအတွက် အချိန်တစ်ခုအထိတော့ ခံစားနေရအုံးမှာပေါ့လေ။ ဒါပေမဲ့လည်း အဆိုးထဲက အကောင်ကတော့ ကိုဘုန်းတို့မိသားစုနဲ့ ရော ကေဇင်ကျော်တို့မိသားစုတွေနဲ့ပါ ပတ်သက်စရာမရှိတော့တဲ့အတွက် စိတ်ထဲအေးသွားခဲ့ရတာတော့ အမုန်ပင်။
"ထားလိုက်လေ နီ ..အဲ့ဒါတွေ ကိုယ်သယ်ပါ့မယ် ...နီကဒီအတိုင်း သွားပါ"
အနီရင့်က အဝတ်အိတ်ကို လှမ်းဆွဲလိုက်တော့ လင်းရိပ်က အဝတ်အိတ်ကို ပြန်လုယူရင်း တားမြစ်လိုက်တယ်။ လင်းရိပ်ဆီက အခေါ် အဝေါ်တွေပြောင်းနေတာကို အနီရင့် သတိထားလိုက်မိတော့ ရင်ထဲမှာ ဖျတ်ခနဲ လှုပ်ရှားသွားမိသေးတယ်။
"လာ ..ဖြည်းဖြည်း လျှောက်နော် ...သတိထားအုံး "
အထုတ်တွေ ခြင်းတွေ မနိုင်မနင်းဆွဲထားတဲ့ ကြားကနေ စိုးရိမ်တကြီးနဲ့ ပြောနေတဲ့ လင်းရိပ်ကြောင့် အနီရင့်ရဲ့ ရင်ထဲမှာ ကြည်နူးလှိုက်ဖိုနေမိတယ်။
*****
"ဒုန်း "
"ဂွမ်း "
ခုတင်ထက်ကနေ မှီရာ ပစ္စည်းတွေကို ဆွဲယူပြီး ပစ်ပေါက်ဖျက်ဆီးနေတဲ့သမီးဖြစ်သူကိုကြည့်ပြီး ဒေါ်ဌေးဌေးမူ ဝမ်းနည်းပက်လက်ခံစား နေရသလို အနည်းငယ်တော့ စိတ်ပျက်ဒေါသထွက်ချင်လာမိတယ်။သူနာပြုတွေနဲ့ဆိုရင် စိတ်မချလို့ မိမိကိုယ်တိုင် အပင်ပန်းဆင်းရဲခံပြီး ပြုစုလုပ်ကိုင်ပေးနေတဲ့ ကြားကနေ သမီးဖြစ်သူက ပိုပြီး ရိုင်းစိုင်း ကြမ်းတမ်းလာတာကို ဒေါ်ဌေးဌေးမူ မနည်းသည်းခံ အောင့်အည်းနေခဲ့ရတာ။ မိမိ ဒီလောက် အတန်တန်တားတဲ့ကြားထဲကနေ ဒီလောက်အထိ ဖြစ်သွားရတဲ့အတွက် ယူကျုံးမရဖြစ်မိတယ်။ပြီးတော့ မိမိတို့သားအမိနှစ်ယောက်မှာသာ အပူသောကတွေ အပြည့်နဲ့ စားမ၀င်အိပ်မပျော် ဖြစ်နေရပေမဲ့ ဆေးရုံကို အရိပ်အယောင်လေးတောင် လာမပြတဲ့ သမက်ဖြစ်သူ မြတ်ဘုန်းအကြောင်းကို တွေးလိုက်မိတိုင်း ဒေါ်ဌေးဌေးမူ ဒေါသစိတ်တွေ ဖြစ်လာမိတယ်။ မြတ်ဘုန်းကို သက်ဆိုင်ရာနဲ့ တိုင်ချက်ဖွင့်ပြီး ဖမ်းဖို့ဆီးဖို့ကျတော့လည်း မိမိမှာ အချိန်မအားလပ်တာမို့ ထိထိရောက်ရောက်မလုပ်နိုင်သေးဘူးဖြစ်နေတာ။
" ထမင်းစားမှပေါ့ သမီးရယ် .. သမီးဒီလိုသာ ထမင်းမစားဟင်းမစားနဲ့ ရှိသမျှ ပစ္စည်းတွေကို ဖျက်ဆီးနေတော့ အမေစိတ်ဆင်းရဲလာပြီကွယ်...အမေ ဘာလုပ်ပေးရမလဲ ...ဖြစ်နိုင်ရင် သမီးကိုယ်စား အမေပဲ ဖြစ်လိုက်ချင်တာပါကွယ် ..... "
ဒေါ်ဌေးဌေးမူက သမီးဖြစ်သူ ပစ်ချခွဲလိုက်တဲ့ ထမင်းပန်းကန် ဟင်းပန်းကန် အကွဲတွေကို သိမ်းဆည်း ရှင်းလင်းရင်းကနေ ပြောလိုက်တယ်။
ကေဇင်ကျော်က ဘာမှပြန်မပြောဘဲ စောင်ကိုခေါင်းအထိ ဆွဲခြုံလိုက်ပြီး စောင်းခြုံထဲမှာတအီအီ ငိုနေပြန်တယ်။
ကေဇင်ကျော်ရဲ့ အပြုအမူကြောင့် ဒေါ်ဌေးဌေးမူ ဘာမှ ဆက်မပြောတော့ဘဲ စိတ်ဆင်းရဲကြီးစွာနဲ့ပဲ ပန်းကန်ကွဲနဲ့ အမှိုက် ဖြစ်သွားတဲ့ ထမင်းဟင်း အစအနတွေကို ရှင်းလင်း သိမ်းဆည်းလိုက်တယ်။
*******
မိခင်ဖြစ်သူရဲ့မျက်ဝန်းအိမ်မှာ မျက်ရည်စတွေ ရစ်ဝဲလာတာကို ကြည့်ပြီး လင်းရိပ် နှစ်သိမ့်နိုင်ဖို့အရေး အမြန် တွေးတော့စဉ်းစားလိုက်ရတယ်။
"စိတ်မကောင်းမဖြစ်ပါနဲ့အမေရယ် ...သားကတော့ သူဘာမှ မဖြစ်တာကိုပဲ ကျေနပ်လှပါပြီ ... ကလေးကအချိန်မရွေးထပ်ယူလို့ ရပါတယ်..."
လင်းရိပ်ပြောလိုက်တော့ မိခင်ကြီးက လင်းရိပ်ကို စိတ်မကောင်း ဖြစ်နေတဲ့ မျက်ဝန်းတွေနဲ့ ငေးကြည့်ရင်း ပြောတယ်။
"သားလေးလဲ ပင်ပန်းလှပါပြီကွယ် ...ခုရက်ပိုင်း ဆိုင်ကိုလဲ သေချာပြန်လုပ်ရမှာဆိုတော့ အမေ့ဆီကို နေ့တိုင်း မလာပါနဲ့ကွယ် ...အကြောင်းရှိရင် ....အမေတို့ ဖုန်းဆက်ပါ့မယ်"
"ဟုတ်တယ် အစ်ကို ...အစ်ကိုက အလုပ်ကလဲ ရှိသေးတယ်မဟုတ်လား ...ပြီးတော့ မမနီကို သေချာဂရုစိုက်ပေးလိုက်ပါ ...အမေ့အတွက် မပူပါနဲ့ ညီမလေးရော အငယ်ကောင် ပါရှိပါတယ်....စားဖို့အတွက်လဲ ညီမလေး ဟင်းချက် ပို့ပေးပါ့မယ် "
ဒေါ်ကေသီက ယောက်ျားဖြစ်သူ ပြန်ပေးတဲ့ ဖုန်းကို ကတုန်ကယင်နဲ့ လှမ်းယူလိုက်ရင်း လည်ချောင်းဝကို တစ်ဆို့ တိုးထွက်လာတဲ့ ဒေါသတွေကို ကြိတ်မှိတ် မျိုသိပ်လိုက်ရတယ်။
*******
တစ်ဖက်မှာလည်း မြတ်ဘုန်းမှာ ပြည်ပအထိ ထွက်ခါဖို့ အစီအစဉ်တွေချပြီးပြီမို့ မိဘအိမ်ကို ဖြစ်စေ၊ ကေဇင်ကျော်တို့ အိမ်သို့ ဖြစ်စေ ပြန်ရန်ရည်ရွယ်ချက်မရှိပါ။ဖြစ်နိုင်ရင် အနီရင့်ကို ခဏလောက်တွေ့သွားချင်ပေမဲ့ ကေဇင်ကျော်နဲ့ တစ်ဆေးရုံတည်းမှာဆိုတော့ မြတ်ဘုန်းလက်လျှော့လိုက်ရတယ်။ကလေး ဆုံးရှုံးသွားရတဲ့အတွက် မြတ်ဘုန်း ရင်ထဲမှာ နှမြောတသသလိုဖြစ်မိပေမဲ့ သူ့အတွက် ချစ်ရသူအနီရင့်က ပိုအရေးကြီးတာမို့ အနီရင့်အသက်အန္တရာယ်ကင်းတာကိုပဲ မြတ်ဘုန်း ဝမ်းသာပျော်ရွှင်နေမိတယ်။ကေဇင်ကျော်အောက်ပိုင်း မလုပ်ရှားနိုင်တော့တဲ့ သတင်းကိုလဲ ကြားပေမဲ့ မြတ်ဘုန်းစိတ်မကောင်းဖြစ်မိရုံမှအပ ဘာခံစားချက်မရှိပါ ။ အတူနေခဲ့ရတဲ့ လပိုင်းအတွင်း သံယောစဉ်တွယ်ဖို့နေနေသာသာ သားအမိနှစ်ယောက်ပေါင်းပြီး မြတ်ဘုန်းဆီက ရသမျှ ချူယူခဲ့တာတွေအတွက် အရင်ကထားခဲ့တဲ့ သံယောစဉ်လေးပင် ကုန်ခမ်းသွားခဲ့ရတဲ့ အဖြစ် ။ ပိုဆိုးတာက ပြဿနာတွေ ဒီလောက် ဖြစ်နေတဲ့ကြားက အနီရင့်ကို ထိခိုက်အောင်လုပ်ခဲ့တာကို မြတ်ဘုန်းလုံးဝခွင့်မလွှတ်နိုင်ပါ။ မြတ်ဘုန်း တွေးနေတာက ဒီနိုင်ငံမှ အမြန်ဆုံးထွက်သွားရဖို့ပင်။ မြတ်ဘုန်းရဲ့အိမ်ထောင်ရေးကိစ္စမှာ ဖခင်ကြီး ဝင်ပါလာမှာကို မြတ်ဘုန်း အကြောက်ဆုံးပါပင် ။ မြတ်ဘုန်းရဲ့ဖခင်ကြီးက သားသမီးတွေရဲ့ ကိစ္စတွေမှာ ဝင်ပြော ဝင်ပါလေ့ရှိသူမဟုတ်ဘူး ။ဒါကြောင့်မို့ အနေအေးစကားနည်းပေမဲ့ တစ်ခွန်းဆို ဆိုသလောက်ထိထိရောက်ရောက် ပြောတတ်ဆိုတတ်တဲ့ ဖခင်ကြီးနဲ့ထိပ်ထိုက်ရင်ဆိုင်ရမှာကို မြတ်ဘုန်း အကြောက်ဆုံးပင်။
*****
" သမီးရေ ... နင့်အစ်မ သက်သာတယ်သာ ပြောတယ် ... နင့် အစ်ကိုလဲ အမေတို့ဆီကို မလာပါလား ... နင့်အစ်မသက်သာရဲ့လားကွယ် ... ကိုယ်ဝန် ရောအဆင်ပြေရဲ့လား
မိခင်ဖြစ်သူရဲ့ စကားကြောင့် အလတ်မမှာ ဘာဖြေလို့ ဖြေရမှန်းမသိ ဖြစ်သွားမိတယ်။"မမနီ နေမကောင်းဘူး' လို့ပဲ မိခင်ကို ပြောပြထားရတာ ။ မမနီ သူ့အမျိုးတွေနဲ့ရန်ဖြစ်တဲ့ အကြောင်း၊ ကလေးမရှိတော့တဲ့ အကြောင်းတွေကို မပြောရဲပါ။ ခုမှ သက်သာလာစ မိခင်ကို စိတ်သော မခံစားစေလိုပါ။ ဒီကြားထဲမိခင်ကြီးက "အမေ မသေခင်လေး မြေးလေးတစ်ယောက်လောက်ကို ချီသွားခွင့်ရချင်တယ် သမီး "ရဲ့ ဆိုတဲ့ စကားတွေကို ပြန်ကြားယောင်နေမိပြီး မိခင်ကြီးကို အဖြစ်မှန်တွေ အလတ်မ လေးပြောမထွက်ဘူး။
********
" နှင်း...နှင်းရေ...ငါသိခဲ့ရပြီ သူငယ်ချင်း ... ငါအကုန်သိခဲ့ရပြီ သိလား "
"ဘာ ...ဘာလဲ .. ဘာအကြောင်းတွေလဲ ... မောင် ငါ့ဆီကို ဘာလို့ မလာတာလဲ "
အသံနဲ့အတူဝင်လာတဲ့ သူငယ်ချင်းဖြစ်သူကို ကြည့်ပြီး နှင်းသီရိ အလောတကြီးမေးလိုက်မိတယ် ။ဆေးရုံတက်နေရတယ်လို့ မောင့်ကို ညာခေါ်ခဲ့ပေမဲ့ မောင်က ဆေးရုံကို လုံး၀ ရောက်မလာခဲ့ပါတဲ့။ဖုန်းဆက်တော့လည်းမကိုင်နဲ့ စိမ်းကား ရက်စက်လွန်းတဲ့ မောင်ကို နှင်းသီရိ နာကြည်းမုန်းတီးလာမိသလိုပါပင်။
"ဘာ ...တ ...တကယ်လား ....ဒါဆို ကိုယ်ဝန်မရှိတော့ဘူးပေါ့ "
" အေးပေါ့ဟဲ့...ငါ့အသိ တစ်ယောက်ကို ငွေနည်းနည်းပေးပြီး သူတို့ တက်နေတဲ့ဆေးရုံအထိ သွားစုံစမ်းခိုင်းလိုက်တာလေ"
သူငယ်ချင်းဖြစ်သူဆီက ကြားလိုက်ရတဲ့ စကားကြောင့် နှင်းသီရိကျေနပ်ပျော်ရွှင်သွားမိတယ်။ဒီသတင်းသာ အမှန်ဆိုရင် နှင်းသီရိအတွက် အခွင့်အရေးတွေ ထပ်မံရောက်ရှိလာတာမဟုတ်ပါလား။ ဘာပဲဖြစ်ဖြစ် နှင်းသီရိ ဆီမှာ ရဲမင်းထက်ပေးထားတဲ့ ငွေတွေ ကျန်သေးတာမို့ ဒီပွဲမှာ အနိုင်ရဖို့ နင်းသီရီဘက်က အစွမ်းကုန် ကြိုးစားသွားဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။
====================
အပိုင်း ( ၂၃ ) ဆက်ရန်
ဧကြည်ဖြူ
အိပ်ပျော်နေတဲ့လင်းရိပ်ကို တွေ့လိုက်ရတယ်။လူက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံရပေမဲ့ သူ့ရဲ့လက်တစ်ဖက်က အနီရင့်ရဲ့ လက်ကို လုံးဝမလွှတ်ဘဲ ဆုပ်ကိုင်ထားတယ် ။အနီရင့်လက်ကို မရုန်းဖယ်ရက်။ သူ့ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်စေချင်မိတယ်။ ဒီလူသားလေးဟာ ရောဂါသည် မိခင်ကြီးရယ် ချစ်ရသူရယ် ပြီးတော့ သူ့ဘ၀ကို ပိုပြီးရှုပ်ထွေးစေမိတဲ့ အနီရင့်ရယ်ကြောင့် အလွန်အမင်းကိုပင်ပန်းနေရှာလိမ့်မယ် ထင်ပါတယ်။ချစ်ခင်ရသူတွေရဲ့ ဒုက္ခတွေမှန်သမျှကို ပခုံးပေါ်ထမ်းထားရှာတဲ့လူသားလေး ။ အနီရင့် ဒီလူသားလေးကို သူချစ် ခင်ရသူတွေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းစေချင်မိတာအမှန်ပါပင်။အနီရင့်အတွေးပေါင်းစုံကိုတွေးနေမိပြီး ကလေးငယ်တစ်ယောက်လို အိပ်မောကျနေတဲ့ သူ့မျက်နှာလေးကို ငေးကြည့်နေမိတယ်။ နဖူးပြင်ပေါ်ကို ဆံပင်တွေ ဖရိုဖရဲ ဝဲကျနေပုံက သူ့မျက်နှာလေးကို ပိုပြီး နုငယ်သွားစေသလိုပါပင်။ အနီရင့် သူ့မျက်နှာလေးကို ငေးကြည့်ရင်း ရင်တွေ တထိတ်ထိတ် လှုပ်ရှားခုန်လှုပ်လာတာမို့ မျက်ဝန်း အကြည့်တွေကို လွှဲလိုက်ပြီး လက်တစ်ဖက်က မိမိရဲ့ ဝမ်းဗိုက်ဆီကို အလိုလို စမ်းမိသွားတယ်။
" ဟင် "
ဝမ်းဗိုက်ပေါ်ကို လက်တင်လိုက်မိတာနဲ့ တစ်ပြိုင်နက် အနီရင့်တစ်ကိုယ်လုံး ကျင်စက် နဲ့ အတို့ခံလိုက်ရသလို တဆတ်ဆတ် တုန်ယင်လာမိပြီး ခံစားချက် အသိက လစ်ဟာမှုကို ချက်ချင်း သိရှိလိုက်တယ်။
"အဟင့်...." အနီရင့်စိတ်ကို ထိန်းချုပ်ထားတဲ့ကြားက " အင့် "ခနဲ ရှိုက်သံတစ်ချက် ထွက်သွားမိတယ်။
" နီ ....နီ ...နိုးပြီလားဟင် .... ကိုယ့်ကို မှတ်မိတယ်မဟုတ်လား ...နေသာရဲ့လား ...ဘယ်နေရာက နာနေသေးလဲဟင် "
အနီရင့်ဆီမှ " အင့်" ခနဲ ရှိုက်သံသဲ့သဲ့ ထွက်သွားချိန်မှာ ချက်ချင်း နိုးလာတဲ့လင်းရိပ်။ နိုးလာတာနဲ့ အနီရင့်ကို ပျာပျာသလဲ စိုးရိမပူပန်နေရှာတဲ့ လင်းရိပ်။ လင်းရိပ်ရဲ့စိုးရိမ်တကြီးနဲ့ မေးသံကိုကြားလိုက်ရမှ အနီရင့်ရင်ထဲ တလှိုက်လှိုက်နဲ့ ဝမ်းနည်းမှုက ပိုလာပြီး မျက်ရည်ပေါက်ကြီးတွေ ပါးပြင်ပေါ်ကို တလိမ့်လိမ်းစီးကျလာတယ်။
ဝမ်းပန်းတနည်း ငိုကြွေးနေတဲ့ အနီရင့်ကိုယ်လုံးလေးကို လင်းရိပ်ခပ်ဖွဖွ ထွေးဖက်လိုက်ရင်း တောင်းပန်စကားတွေ တတွတ်တွတ်ဆိုလိုက်မိတယ်။
"တောင်းပန်းပါတယ်... ကျွန်တော် တောင်းပန်ပါတယ် နီရယ် ... ကျွန်တော် ဒီထက်ပိုပြီး ဂရုစိုက်ပေးခဲ့ရမှာကို ... မင်းမှာ ဘာပြဿနာတွေဖြစ် နေလဲ ဆိုတာတောင် မသိခဲ့မိတာကို တကယ် တောင်းပန်ပါတယ်ကွာ..."
တိတ်ဆိတ်နေတဲ့ ညဉ်ယံမှာ အနီရင့်ရဲ့ ခပ်တိုးတိုး ငိုရှိုက်သံက ဆေးရုံကြီးရဲ့ ပိုးသတ်ခန်းထဲမှာ ပျံ့လွှင့်နေတယ်။
********
တအင့်အင့် ငိုရှိုက်သံကြောင့် လန့်နိုးလာတဲ့ ဒေါ်ဌေးဌေးမူ။ အိပ်ချင်မူးတူးနဲ့ ငိုသံကြားရဆီကို ကြည့်လိုက်မိတော့ လူနာခုတင်ထက်က စောင်ခြုံထားတဲ သမီးဖြစ်သူ ကေဇင်ကျော်ရဲ့ ခန္ဓာကိုယ်လေး တသိမ့်သိမ့်လှုပ်ရှားနေတာကို တွေ့လိုက်ရတယ်။ ဒေါ်ဌေးဌေးမူ တစ်ယောက် သမီးဖြစ်သူကို ဘယ်သို့ ဘယ်ပုံ နှစ်သိမ့်ရမှန်းမသိတော့ပါလေ။ အကြင်နာတရားကင်းမဲ့လှတဲ့ သမက်ဖြစ်သူကလဲ ဆေးရုံကို တစ်ခေါက် တစ်ကျင်းမှပင် ရောက်မလာခဲ့။ ဘာပဲဖြစ်ဖြစ် သမီးဖြစ် သူကေဇင်ကျော်က သူ့ယောကျာ်းမြတ်ဘုန်းကို မျှော်လင့်နေတယ်ဆိုတာကို ဒေါ်ဌေးဌေးမူသိတာပေါ့။ဒါပေမဲ့လဲ ဒေါ်ဌေးဌေးမူ ဘယ်လိုမှ မတတ်နိုင်ပါ။ မြတ်ဘုန်က မနေ့က မနက်ထဲက အစအန သတင်းလေးမှမရအောင် ပျောက်ကွယ်သွားခဲ့လေပြီ။မိန်းမဖြစ်သူ ကေဇင်ကျော်ရဲ့ သတင်းကို မြတ်ဘုန်းသိချင်လဲ သိပေလိမ့်မယ်။သို့ပေမဲ့ မြတ်ဘုန်း တစ်ယောက် ဆေးရုံသို့ ရောက်မလာခဲ့ပါ။ဒေါ်ကေသီတို့ မိသားစုလဲ ၀တ္တရားအရသာ ဆေးရုံကို တစ်ခေါက်ရောက်လာခဲ့တယ်။ ရောက်လာတော့လဲ ဆေးရုံဝင်းထဲ ဟိုကြည့်ဒီကြည့်နဲ့ မီးယပ်သားဖွားဆောင်ဘက်ကို ဒေါ်ကေသီသွားချောင်းတာကို ဒေါ်ဌေးဌေးမူ သိတာပေါ့။ဆေးရုံမှာ ဖြစ်နေတာမို့ အစစအရာရာကို ဒေါ်ဌေးဌေးမူ သည်းခံနေခဲ့တာ။ သမီးဖြစ်သူဆေးရုံကဆင်းရင် တော့ ဒီပြဿနာကို အရင်ဖြေရှင်းဖို့ ဒေါ်ဌေးဌေးမူ ဆုံးဖြတ်ထားပြီးသားပင်။
*****
"သား...မင်းဒီတိုင်း ထွက်သွားလိုက်တော့ ... အမေကတော့ ငါ့သားကို ဒီကို ပြန်မလာစေချင်တော့ဘူး...အနီရင့်ဆီက အမေတို့ရဲ့ မြေးလေးလဲ ပျက်စီးဆုံးရှုံးသွားပြီ... ပြီးတော့ သားကို အောက်ပိုင်းသေသွားတဲ့သူနဲ့လဲ မပေါင်းစေချင်တော့ဘူး..."
"ကေသီ ....မင်း ...မင်းကွာ ...သားသမီးချင်းမစာနာလိုက်တာ ...ခုချိန်မှာ ကေဇင်ကျော်က မင်းရဲ့ ချွေးမ .. မင်းရဲ့သား တရားဝင် ယူထားတဲ့ဇနီးမယားဆိုတာသိရဲ့လား ...ပေးစမ်း အဲ့ဒီဖုန်း ... အဲ့ဒီကောင်နဲ့ငါစကားပြောမယ်"
ဒေါ်ကေသီမှာ သားဖြစ်သူနဲ့ဖုန်းခိုးပြောနေတုန်း ယောကျာ်းဖြစ်သူ ရောက်လာပြီး ဒေါသတကြီး ပြောလိုက်တာမို့ လန့်ဖျပ်ပြီးလက်ထဲကဖုန်းကို ထိုးပေးလိုက်မိတယ်။
"ဟေ့ကောင် မြတ်ဘုန်း ....မင်းယောကျာ်းမဟုတ်ဘူးလား ...မင်း ပြဿနာကို မင်းလာရှင်း ....ပြဿနာတစ်ခုဖြစ်လာရင် ထွက်ပြေးတာ ယောကျာ်း အလုပ်မဟုတ်ဘူးကွ...မင်းမှာ နှမသားချင်းစာနာစိတ်မရှိဘူးလား ... မင်း မနက်ဖြန် ချက်ချင်း ပြန်လာခဲ့ ... ငါနှစ်ခွန်းမပြောဘူးနော် "
နောက်မဆုတ်ချင်တော့ဘူး။ ကကယ်ဆို ချစ်သူ လင်းရိပ်နဲ့ အနီရင့်တို့ရဲ့ အဖြစ်မှန်ကို သိရဖို့အတွက်တောင် နှင်းသီရိ ဘယ်လောက် ကြိုးစားခဲ့ရလဲ။အနီရင့်ရဲ့ ကိုယ်ဝန်အကြောင်းကို ဖွင့်ပြောပြီး အဖြစ်မှန်တွေကို မပြောပြရင် ချစ်သူလင်းရိပ်ရဲ့မိခင်ကို ပြောပြပစ်မယ်" လို့ခြိမ်းခြောက်ခဲ့ရတာလေ။ ဒီအခြေအနေထိ ရောက်လာခဲ့ပြီးမှတော့ နှင်းသီရိ နောက်မဆုတ်ချင်တော့ဘူး ။
******
" ဒေါက် ...ဒေါက် "
တံခါးခေါက်သံကြောင့် လင်းရိပ် အခန်းဝကို လှည့်ကြည့်လိုက်တော့ အနီရင့်ရဲ့ အဘွားနဲ့ ကြီးတော်ဖြစ်သူကို တွေ့လိုက်ရတယ်။တံခါးက လော့မချထားတာမို့ သူတို့က တံခါးကို တွန်းဖွင့်ပြီးအခန်းထဲကို၀င်လာကြတယ်။သူတို့ကို ကြည့်ပြီး လင်းရိပ် ဒေါသထောင်းခနဲ ထွက်သွားမိပေမဲ့ စိတ်ကို ပြန်ထိန်းလိုက်ပြီး ထိုင်ရကနေ အသာထသွားလိုက်တယ်။
" သူ သတိမရသေးပါဘူး ...အဘွားတို့နောက်မှ လာကြပါ "
လင်းရိပ်ပြောလိုက်တော့ အဘွားနဲ့ကြီးတော်ဖြစ်သူက မျက်နှာထားတွေတင်းသွားကြပြီး အသံမာမာနဲ့ ပြောကြတယ်။
"ခဏလေး ကြည့်မှာပါ ...ဘာလဲ ကြည့်လို့မရဘူးလား "
" ကျွန်တော် တောင်းပန်ပါတယ် အဘွား ... ဖြစ်နိုင်ရင် ကျွန်တော့် မိန်းမကို အဘွားတို့အိမ်က ဘယ်သူနဲ့မှ ပေးမတွေ့နိုင်ပါဘူး ... ဒါကြောင့် ပြန်ကြပါလို့ တောင်းပန်ပါတယ်... ကျွန်တော့် မိန်းမကို ကျွန်တော် စောင့်ရှောက်နိုင်လို့ အဘွားတို့ စိတ်ချလက်ချ ပြန်ကြပါနော် "
လင်းရိပ်က အနီရင့်ရဲ့ ဘွားအေ ဖြစ်သူနဲ့ ကြီးတော်ကြီးရှေ့က ပိတ်ကာရပ်ပြီး ပြောလိုက်တယ်။
" ဪ ...အေးပါ ... ငါတို့က ဆိုင်သာဆိုင်ပြီး မပိုင်တော့ မင်းက ပြောရဲတာပေါ့ ... ငါ့မြေးလေး သက်သာ ရဲ့လားလို့ သိချင်လို့လာခဲ့ တာပါ ...တွေ့ခွင့်မရှိဘူးဆိုတော့လဲ ပြန်ကြရုံပေါ့ "
မကျေမနပ် ပြောဆိုနေကြတဲ့ အနီရင့်ရဲ့ဘွားအေ ဖြစ်သူနဲ့ကြီးတော်ဖြစ်သူကို လင်းရိပ် ဘာမှပြန်ပြောချင်စိတ်မရှိတာမို့ ကျောခိုင်းလိုက်ပြီး အနီရင့်ရှိရာလူနာခုတင်ဆီကိုသာ လှမ်းလျှောက်လာခဲ့တယ်။
*****
" ဘာ ဘာပြောတယ် ...ငါ့...ငါ့မြေးလေး အောက်ပိုင်း မလှုပ်ရှားနိုင်တော့ဘူး ဟုတ်လား "
ဘွားအေးဖြစ်သူက အထိတ်တလန့် မေးလိုက်တယ်။ပြီးတော့ သည်းအူး ပြတ်မတတ် ငိုကြွေးနေတဲ့ ကေဇင်ကျော်ကိုကြည့်ပြီးတစ်မိသားစုလုံးမျက်ရည်စက်လက်ဖြစ်နေကြရတယ်။အထူးသဖြင့် မိခင်ဖြစ်သူ ဒေါ်ဌေးဌေးမူမှာရင်ထုမနာ အဖြစ် ဆုံးပါပင်။အကြောင်းမှာ ကေဇင်ကျော်ရဲ့အဖြစ်အပျက် အစုံစုံမှာ သူမရဲ့ စီမံကွပ်ကဲမှုအောက်မှာပင် အလုံးစုံဖြစ်ပျက်ခဲ့ခြင်းမဟုတ်ပါလား။ လူနာခုတင်ထက်မှာရှိနေတဲ့ ကေဇင်ကျော်ကို ကြည့်ပြီး ဘွားအေးဖြစ်သူနဲ့ ကြီးတော်ဖြစ်သူက နှမြောတသစွာ ရှိုက်ကြီးတငင် ငိုကြွေး ကြတယ်။ဖခင်ဖြစ်သူက မချိတင်ကဲဖြစ်လို့။မောင်ဖြစ်သူကတော့ ခုတင်ထက်က အစ်မဖြစ်သူကို စိတ်မကောင်းခြင်းကြီးစွာနဲ့ငေးကြည့်နေတယ် "
"ဒါနဲ့ ...ဟိုကောင် မြတ်ဘုန်းမလာဘူးလား "
ကြီးတော် အပျိုကြီးက ငိုနေရင်းက ဒေါသသံနဲ့ မေးလိုက်တယ်။ ဒီမေးခွန်းကို ပြန်ဖြေမယ့်သူ ပင်မရှိ။
"ဒါနဲ့ ..ကေသီတို့ကရော မလာကြဘူးလား ...လူအသစိတ်မရှိတဲ့ဟာတွေ "
ဘွားအေ ဖြစ်သူက ဒေါသတကြီး နုံ့ ပြောလိုက်တယ်။
"တော်ပါတော့ အမေ ... ကိုယ်ပိုင် သီးသန့်ခန်းထဲမှာ ဆိုပေမဲ့ ... လူကြားလို့ မကောင်းပါဘူး ...မပြောပါနဲ့တော့ ... မောင်မြတ်ဘုန်းရဲ့မိသားစုတွေ လာရင်လဲ ရှည်ရှည်ဝေးဝေးတွေ မပြောကြပါနဲ့တော့ ရှက်စရာကောင်းလှပါတယ် ....ပြီးတော့ ဌေးဌေးမင်းတို့သားအမိလဲ အနီရင့်ကို သွားထောင်ပန်းဖို့ မမေ့ကြပါနဲ့ "
ကေဇင်ကျော်ရဲ့ ဖခင်ဖြစ်သူက ၀င်ပြောတယ်။
"ဟဲ့ ...တောင်းပန်ရအောင် အသထား ... သူ့ယောကျာ်းက ငါတို့ကို အခန်းထဲ တောင် ပေးမ၀င်ဘူးဟဲ့ ....သိရဲ့လား "
ဘွားအေ ဖြစ်သူက မကျေမနပ်နဲ့ထပြောလိုက်တယ်။
" ဪ ဟုတ်လား ... သူတို့ဘက်က တွေးကြည့်တော့လဲ ဒီလောက်တော့ ရှိမှာပေါ့လေ ....ကဲ အမေရောအားလုံး ပြန်ကြပါတော့ ...ကျွန်တော့နံ့ သူ့အမေပဲ နေခဲ့မယ် "
ဖခင်ဖြစ်သူက အားလုံးကို ပြောလိုက်ရင်း သမီးဖြစ်သူ ကေဇင်ကျော်ရဲ့ ခုတင်ဘေးက လူနာစောင့်ခုံမှာ ဝင်ထိုင်လိုက်တယ်။ပြီးတော့ သမီးဖြစ်သူရဲ့ လက်ကလေးကို ဖျစ်ညှစ်ကိုင်လိုက်ရင်း အားပေး နှစ်သိမ့်တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်တယ်။
*****
နီးတစ်ဝက်သိတစ်ဝက်စိတ်နဲ့ လန့်နိုးလာချိန်မှာ အနီရင့် ခံစားသိရှိလိုက်တာက တစ်စုံတယောက်က အနီရင့်ရဲ့လက်ကို ဆုပ်ကိုင်ထားတယ်ဆိုတာပဲ။မျက်လုံးတွေ မှိတ်ထားပေမဲ့ ခံစားသိရှိ နေတဲ့ အလင်းရောင်စူးစူး ။တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင် ။အနီရင့် အဖြစ်အပျက်တွေကို ပြန်စုစည်းမိချိန်မှာ စားပွဲစွန်းပေါ်ကို တွန်းချ ခံခဲ့ရတဲ့အဖြစ်ကို အမှတ်ရလိုက်မိတယ်။အသိတရားတွေကို စုစည်းလိုက်မိတာနဲ့ အနီရင့်မျက်လုံးကို ဆတ်ခနဲ ဖွင့်ကြည့်လိုက်မိတယ်။မျက်လုံးဖွင့်ဖွင့်ခြင်းမှာ အနီးရင့်မြင်လိုက်ရတာက မျက်နှာကြက် ဖြူဖြူရယ် လင်းထိန်နေတဲ့ မီးလုံးတွေကိုတွေ့လိုက်ရတယ်။အနိရင့် မျက်လုံးကို အသာပြန်မှိတ်လိုက်ပြီး ခေါင်းကို ဘေးကို စောင်းလိုက်ပြီး မျက်လုံးကို အသာပြန်ဖွင့် ကြည့်လိုက်တော့ လူနာစောင့် ခုံတန်းပေါ်မှာထိုင်ရင်းမှ ခုတင်ပေါ်မှာ ခေါင်းကို မှေးတင်ပြီး
ဧကြည်ဖြူ
"ရင်ဘတ်ပေါ်က နှင်းဆီ "
အပိုင်း (၂၂)
*****
ဆေးရုံဝင်ပေါက်ရှေ့မှာ ကားရပ်လိုက်တာနဲ့ တစ်ပြိုင်နက် လင်းရိပ်ကားပေါ်က ဒရောသောပါးပြေးဆင်းခဲ့မိတယ်။ လူကစိတ်လွတ်နေသူလို ဖြစ်နေပေမဲ့ ခြေထောက်တွေက အရေးပေါ်ခန်း ရှိရာဆီကို ဦးတည်ပြီးသွားနေမိတယ်။ လင်းရိပ်စိတ်တွေပူပန်နေမိတယ်။ သူမတစ်စုံတစ်ရာဖြစ်သွားခဲ့ရင် လင်းရိပ်ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်လိမ့်မယ်မထင်။တစ်ဘ၀လုံးစာအတွက် မဟုတ်ခဲ့ရင်တောင် အချိန်တစ်နှစ်အတွင်း သူမကို စောင့်ရှောက်ပေးဖို့လင်းရိပ်ဆုံးဖြတ်ထားခဲ့တာ မဟုတ်လား။
"အစ်ကို ... အစ်ကို ...ညီမလေးက ဒီမှာ "
ခေါ် သံခပ်အုပ်အုပ်ကြောင့် လင်းရိပ်လှမ်းကြည့်လိုက်တော့ ခွဲစိတ်ခန်းရှေ့က ထိုင်ခုံတွေနားမှာ ရပ်နေတဲ့ ညီမဖြစ်သူကို တွေ့လိုက်ရတယ်။
" အ ...အလတ်မ ....သူ ...သူဘာဖြစ်တာလဲ..အခြေအနေကရော "
ညီမဖြစ်သူကို လင်းရိပ် အလောတကြီးနဲ့ မေးလိုက်မိတယ်။
" ဘာဖြစ်ကြတာလဲ ဆိုတာ ညီမလေးသေချာတော့ မသိဘူး အစ်ကို ...ညီမလေး ရောက်သွားတော့ ...မမနီရဲ့ အစ်မနဲ့အဒေါ်ကို တွေ့တယ် ...ရန်ဖြစ်နေကြပုံရတယ် ...ကြည့်ရတာ မမနီကို သူတို့ သားအမိက ဝိုင်းရိုက်ကြတာဖြစ်နိုင်တယ် ... ခု အရေးပေါ် ခွဲစိတ်နေတယ် အစ်ကို ... ကလေးအသက်ကို ကယ်နိုင်ဖို့က မသေချာဘူးတဲ့ "
ပြောရင်းနဲ့ အလတ်မလေးရဲ့အသံက တိမ်ဝင်သွားတယ်။
"ဘာ ...ဘာပြောတယ် အလတ်မ ...သူ့အစ်မနဲ့ သူ့အဒေါ်ဟုတ်လား ...ခုသူတို့ ဘယ်မှာလဲ .... ဆေးရုံကို လိုက်လာကြလား .... အစ်ကိုသွား တွေ့မယ် ... ဒီတိုင်း ငြိမ်ခံမနေနိင်ဘူး ... တောက် "
ညီမဖြစ်သူရဲ့ စကားကို ကြားလိုက်ရတော့ လင်းရိပ် တစ်ကိုယ်လုံးက သွေးတွေ ဆူပွက်လာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး တက်တစ်ချက်ကို ခပ်ပြင်းပြင်း ခေါက်လိုက်တယ်။တော်ရုံနဲ့ ဒေါသမထွက်တဲ့လင်းရိပ် ။ခုချိန်မှာ ကေဇင်ကျော်တို့သားအမိကို တွေ့ရင် တစ်ခုခုလုပ်မိမှာအသေချာတယ်။
"သူတို့ အကြောင်းကို တွေးမနေနဲ့ အစ်ကို မမနီအတွက်ပဲ ဆုတောင်း ပေးရအောင်ပါနော် ...ပြီးတော့ မမနီရဲ့ အစ်မလဲ ဆေးရုံတင်လိုက်ရတယ်လေ...မမနီကို ထားခဲ့ပြီး သားအမိနှစ်ယောက် ထွက်ပြေးရင်း .. လှေကားပေါ်က ပြုတ်ကျသွားတယ်လေ.....သူလဲ အခြေအနေစိုးရိမ်ရတယ်ထင်တာပဲ "
ညီမဖြစ်သူရဲ့ နောက်ဆက်တွဲ စကားတွေကို လင်းရိပ်မကြားနို င်ပါတော့ စိတ်က အလွန်အမင်းလှုပ်ရှားနေမိပြီး ခွဲစိတ်ခန်းတံခါး၀ဆီကိုသာကြည့်နေမီတယ်။
******
"အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေကတော့ ကျော်လွန်သွားပါပြီ ...ကလေးရဲ့ အသက်ကို မကယ်လိုက်နိုင်တဲ့အတွက်တော့ စိတ်မကောင်းပါဘူး ... လူကြီးအတွက်ကတော့ စိတ်ချရပါပြီ... လောလောဆယ်တော့ ပိုးသတ်ခန်းထဲမှာ နေရအုံးမှာပါ "
" ကျေး ...ကျေးဇူးတင်ပါတယ် ဆရာ ''
ကျေးဇူး တင်ပါတယ်ရှင် "
တာဝန်ကျ ဆရာဝန်နဲ့ ဆရာမတွေထွက်သွားတာနဲ့ မေ့ဆေးအရှိန်နဲ့ အိပ်ပျော်နေဆဲဖြစ်တဲ့ အနီရင့်ရဲ့မျက်နာလေးကို လင်းရိပ် သနားကြင်နာစွာ ငေးကြည့်နေမိတယ်။မိဘတွ အနားမှာ မရှိတော့တဲ့အချိန်ကတည်းက ဘယ်သူ့ဆီကမှ နွေးနွေးထွေးထွေးနဲ့ ဂရုစိုက်ပေးခြင်းကို မရခဲ့ရှာတဲ့မိန်းခလေး ။ပြီးတော့ ချစ်ဦးသူရဲ့ ပစ်ပစ်ခါခါ ရက်စက်ခြင်းကိုခံခဲ့ရရှာတဲ့မိန်းခလေ။ချစ်သူဆီကရော သွေးရင်းသားရင်းချာဆွေမျိုးတွေကပါ အနိုင်ယူ အနိုင်ကျင့်နေကြမှန်း သိသိနဲ့ အားလုံးကို ဥပေက္ခာပြုပြီး ကိုယ့်စိတ်ကိုယ် အေးချမ်းအောင် နေခဲ့တဲ့ ဒီလိုမိန်းခလေးကို အနိုင်ကျင့်တဲ့ သူမရဲ့ အမျိုးတွေကို လင်းရိပ် တူးတူးခါးခါးမုန်းတီးသွားမိတယ်။
" အစ်ကို ...ညီမလေး ပြန်လိုက်အုံးမယ် .. မိုးလဲချုပ်တော့မှာဆိုတော့ အမေစိတ်ပူနေမှာစိုးတယ် ..."
လင်းရိပ် ခေါင်းကို အသာငြိမ့် ပြလိုက်ပြီး လူနာခုတင်ဘေးက ခုံတန်းလေးမှာ ထိုင်ပြီး အနီရင့်ရဲ့မျက်နှာလေးကို သာ မမှိတ်မသုန် စိုက်ကြည်နေမိတယ်။
******
"သူ မလာဘူး နှင်းရယ် ငါ ဖုန်းဆက်ပြီးကတည်းက အဲ့ဒီဆေးရုံနားမှာ တစ်ဖဝါးမှ မခွါဘဲ စောင့်နေခဲ့တာ ပါ ... နင့်ထက် ဟိုမိန်းမက ငွေကြေးပိုရှိတော့ သူပါသွားတာပါ့ဟာ ... သူ့ဆိုင်ကို နင်တွေ့တယ်မဟုတ်လား "
သူငယ်ချင်း ဖြစ်သူရဲ့ စကားကြောင့် နှင်းသိရိ အောက်နှုတ်ခမ်းကို သွားနဲ့ ဖိကိုက်လိုက်မိတယ်။နှင်းသီရိအတွက် လွတ်တဲ့ ငါးက ကြီးနေတယ်ဆိုတာထက် ရင်ထဲမှာမာနနဲ့ မခံချင်စိတ်က ပိုပြီး ကြီးထွားနေတယ်။ သူမလို လှပတဲ့ မိန်းခလေးအနေနဲ့ အနီရင့် ဆိုတဲ့ သာမန်မိန်းမတစ်ယောက်ကို ရှုံးနိမ့်ရတာကို ရင်ထဲမှာ ဘယ်လိုမှ မကျေနပ်နိုင်ပါ။ပြီးတော့ သူမက အကျရှုံးကြီးကျရှုံးနေချိန်မှာ သူမ စွန့်ပစ်ခဲ့တဲ့ချစ်သူဟောင်းက ကြီးပွားကောင်းစားနေတာကို မြင်ရတော့ နှင်း သိရိရင်ထဲက မကျေနပ်တဲ့အစိုင်အခဲတွေက ထုထည်ပိုကြီးမားလာခဲ့လေပြီ။မရမှန်းသိလေ အချစ်ကိုပဲဖြစ်ဖြစ် လူကိုပဲဖြစ်ဖြစ် နှင်းသီရိရယူပိုင်ဆိုင်ချင်စိတ်တွေ ပိုမိုလာခဲ့တယ် ။ရဲမင်းတက်လိုလူမျိုးထက်စာရင် လင်းရိပ်လို သူမအပေါ်ကို အလိုလိုက်အကြိုက်ဆောင်ချစ်ခင်သည်းခံပေးခဲ့တဲ့သူမျိုးကို လက်လွှတ်ဆုံးရှုံးမခံချင်ပါ။ ပြီးတော့ လင်းရိပ်ရဲ့ အတုအယောင် အိမ်ထောင်ရေးကိုလဲ ကာယကံရှင် ဖြစ်တဲ့ အနီရင့်ဆိုတဲ့ မိန်းမဆီက ကြားသိခဲ့ရပြီးပြီးမို့ နှင်းသီရိ
ဒေါ်ဌေးဌေးမူနဲ့ ကေ၀င်ကျော်တို့ တိုက်ခန်းထဲက ထွက်ပြေးရန် ပြင်နေတုန်းမှာပင် လင်းရိပ်ရဲ့ ညီမဖြစ်သူက ထမင်းချိုင့်လေးနဲ့ ၀င်လာပြီး တိုက်ခန်းထဲက မြင်ကွင်းကိုကြည့်ပြီး အနီရင့်ကို ထိတ်လန့်တကြားအော်ဟစ်ခေါ်ပြီး ပြေးပွေ့လိုက်တယ်။ပြီးတော့ လူနာနဲ့ ပတ်သက်ရင် အတွေ့အကြုံရှိသူပီပီ အရေးပေါ်လူနာတင်ကားကို ဖုန်းဆက်ခေါ်လိုက်တယ်။
********
" သမီး ...ကေဇင် ...ဖြည်းဖြည်းဆင်း ...ဖြည်းဖြည်းဆင်းလေ... ခြေချော်ကျမယ် သတိထားအုံး "
ဒေါ်ဌေးဌေးမူမှာ ကမူးရှူးထိုးနဲ့ ပြေးဆင်းသွားတဲ့ သမီးဖြစ်သူကို အော်ဟစ်သတိပေးရင် လှေကားထစ်တွေအတိုင်း အပြေးအလွှားဆင်းလိုက်ခဲ့တယ် ။
"ဒုန်း ....ဒုန်း "
" အား ..."
"အမလေး ... သေပါပြီတော့ ...သမီးလေး ကေဇင် ..."
ဒေါ်ဌေးဌေးမူအော်ဟစ်သတိပေးနေတဲ့ကြားကနေ လှေကားထစ်တွေ အတိုင်း ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားတဲ့ သမီးဖြစ် သူကေဇင်ကျော်ရဲ့အဖြစ်ကိုကြည့်ပြီး ဒေါ်ဌေးဌေးမူငယ်သံပါအောင် အော်ဟစ်လိုက်မိတယ် ။
*****
၀ယ်သူတွေကြား အလုပ်များနေတုန်း ဖုန်းက ထမြည်လာတာမို့ လင်းရိပ်ဖုန်းကို ကမန်းကတန်းကိုင်လိုက်ရတယ်။
"ဟယ်လို ...အမိန့်ရှိပါ "
"ဟယ်လို ကိုလင်းရိပ်လား ...နှင်း ...နှင်း အသည်းအသစ်ဖြစ်လို့ ဆေးရုံ တင်လိုက်ရတယ် ကိုလင်းရိပ် ...( .....) ဆေးရုံကို အမြန်ဆုံးလိုက်လာခဲ့ပေးပါနော်...နှင်း အခြေအနေကစိုးရိမ်ရတယ် ကိုလင်းရိပ် "
" ဗျာ "
လင်းရိပ်ဖုန်းကိုကိုင်ပြီး အသက်ကင်းမဲ့သူလိုဖြစ်သွားမိတယ်။တထိတ်ထိတ် ခုန်နေတဲ့ ရင်အစုံက စည်းချက် မမှန်ချင်တော့ ။မသွားတော့ဘူးလို့ ဆုံးဖြတ်ထားပေးမဲ့ စိုးရိမ်ပူပန်စိတ်က တစ်ကိုယ်လုံးကို လွှမ်းခြုံလာတယ်။ဆက်ပြီး ရပ်တည်နေနိုင်စွမ်း မရှိတော့တာမို့ လင်းရိပ် ဆေးရုံသွားဖို့ ပြင်လိုက်တယ်။
လင်းရိပ် ဆေးရုံသွားဖို့ ကားငှားတုန်းမှာ ဖုန်းသံမြည်လာတာမို့ လင်းရိပ် တုန်တုန်ယင်ယင်နဲ့ ဖုန်းကို ကောက်ကိုင်လိုက်တယ်။
"ဟယ်လို "
"အစ်... အစ်ကိုရေ ...မမ ..မမနီ ...အရေးပေါ်ခန်းထဲမှာ ....( .....) ဆေးရုံကို အစ်ကို အမြန်လိုက်လာခဲ့နော် ..မမနီဆေးရုံရောက်နေတာကို အမေမသိဘူးနော် အစ်ကို ...."
"ဘာ ...ဘယ်လို "
ညီမဖြစ်သူက ပြောပြီးတာနဲ့ ဖုန်းကို ချသွားဝယ်။ လင်းရိပ်မှာ ဖုခုံးကို ကိုင်လျက်နဲ့ ကြက်သေသေနေမိတယ်။
" ဘယ်သွားမှာလဲ ညီလေး ...."
တက္ကစီ ကားဆရာရဲ့ အမေးကြောင့် လင်းရိပ် ပြန်သတိဝင်လာမိတယ်။နေရာမတူသောဆေးရုံ နှစ်ခု။ဘယ်ဆေးရုံကို သွားရမလဲ လင်းရိပ်တွေဝေနေမိတုန်း နှုတ်က ဆေးရုံတစ်ခုရဲ့ နာမည်ကို အလိုအလျောက်ပြောမိသွားတယ်။
" ( .....) ဆေးရုံကို သွားမယ် "
=====================
အပိုင်း (၂၂ ) ဆက်ရန်
ဧကြည်ဖြူ
ဒီနေ့ မီးပျက်နေလို့ ဖုန်းက အားမရှိလို့ ၀တ္တုက တိုသွားပါတယ်ရှင်
"ဒါပေမဲ့ ...သားတို့ သွားပြီး ပတ်သက်ခွင့် မရှိဘူး အမေ ... နီက သားဆီကို လာပြောတုန်းက လက်ထပ်ဖို့ကို သားကိုယ်တိုင်ငြင်းဆန်ခဲ့တာလေ ... ခုတော့ ကေဇင်ကျော်တို့သားအမိရဲ့ လုပ်ရပ်တွေကြောင့် အခြေအနေတွေ ပိုဆိုးသွားပြီ အမေ "
"ဒုက္ခပါပဲ သားရယ် ...သူတို့ သားအမိ ဒီလောက်ဆိုးလိမ့်မယ်လို့ အမေ မထင်ခဲ့မိဘူး ...အဲ့ဒါကြောင့်လည်း အနီရင့်လေးခမျာ ...ကျောင်းပြီးတာနဲ့ အိမ်ပြောင်း သွားတာကို ...အမေက သူတို့ သားအမိ ပြောသမျှကို ယုံပြီး အနီရင့်လေးကို အထင်တွေလွဲခဲ့ မိတာပါသားရယ်...အခု ငါ့သား ဘာလုပ်မယ် စဉ်းစားထားလဲ ''
"သား ခဏ ရှောင်နေမယ် အမေ ..ဆိုင်ကို အငယ်ကောင်ကို ကြည့်ခိုင်းထားပါ .... ရှေ့နေ့နဲ့ တိုင်ပင်ပြီး ကွာရှင်းဖို့ လုပ်မယ် အမေ ...သား သူနဲ့ လုံးဝမပေါင်းနိုင်တော့ဘူး ...သူတို့သားအမိတောင်းသမျှငွေတွေကို ပေးရလွန်းလို့ ဆိုင်ရင်းထဲကတောင် ပါချင်နေပြီ ...အမေတို့စိတ်ဆင်းရဲမှာစိုးလို့ မပြောပြတာ "
ဒေါ်ကေသီမှာ သားဖြစ်သူကို ကြည့်ပြီး မိမိရဲ့အပြစ်တွေ မကင်းသလိုခံစားလိုက်ရတယ်။ခြံချင်းကပ်နေကြပေမဲ့ စပ်စပ်စုစု မလုပ်တတ်တဲ့ အကျင့်ကြောင့် ဒေါ်ဌေးဌေးမူတို့ရဲ့ အကျင့်စရိုက် အစစ်အမှန်ကို မသိခဲ့ရိုးအမှန်။အနီရင့်လေးကို စသိတုန်းက ချစ်စရာကောင်းတဲ့ ကောင်မလေးလို့ တွေးခဲ့မိရုံမှအပ ဒေါ်ကေသီ ဘယ်လိုမှ စိတ်ထဲမတွေးမိခဲ့ဘူး။ဒါပေမဲ့ အိမ်ကို လာပြီး အနီရင့် ကရိုင်းကြောင်း ၊ ကောင်လေးတွေနဲ့ တရုံးရုံးနေတတ်တဲ့အကြောင်းတွေ၊အိမ်အလုပ်တွေဝိုင်းကူရမှန်းမသိဘဲ အပျင်းကြီးတဲ့ အကြောင်းတွေကို ဒေါ်ဌေးဌေးမူက တစ်နေ့တစ်မျိုး မရိုးအောင် လာလာပြောနေတော့ ဒေါ်ကေသီ ယုံကြည်ခဲ့မိတာပေါ့။ နဂိုကမှ ဒေါ်ကေသီတို့ မိသားစုက ခပ်အေးအေးနေတတ်ကြတာမို့ သားဖြစ်သူက အနီရင့်နဲ့ လက်ထပ်မှာကို ဒေါ်ကေသီစိုးရိမ်ခဲ့မိတယ်။ဒါကြောင့်ပင် သားရဲ့အိမ်ထောင်ရေးကို ဒေါ်ကေသီဝင့်ပါ မိသလို ဖြစ်ခဲ့တာပေါ့။ခုချိန်မှာတော့ ကေဇင်ကျော်တို့ သားအမိရဲ့ ဇာတိရုပ်ကို သေချာသိခဲ့ပြီမို့ ဒေါ်ကေ သီ ကိုယ်တိုင်ကပင် ပျော်ရွှင်မှုကင်းမဲ့နေတဲ့ သားရဲ့ အိမ်ထောင်ရေးကို ရှေ့မဆက်စေချင်တော့ပါလေ။
"သွားမယ်ဆိုလဲ ခုပဲ သွားတော့ သား ...သားမှာ ငွေမရှိရင် အမေ့ဆီက ယူသွား ... လိုအပ်တာတွေ အကုန်ယူသွား .."
*****
"ကေဇင် သမီး နေအုံးလေ ...စီတ်ကို ထိန်းအုံး ... သမီးတစ်ယောက်တည်း သွားလို့ မဖြစ်ဘူး ...အမေပါ လိုက်ခဲ့မယ် "
ဒေါ်ဌေးဌေးမူက အော်ဟစ် တားမြစ်ရင်း သမီးဖြစ်သူ သွားရာနောက်ကို အပြေးတပိုင်းနဲ့လိုက်ခဲ့တယ်။
ကေဇင်ကျော်ကတော့ မိခင်ဖြစ်သူရဲ့ အော်ဟစ်ခေါ်သံကို နားမထောင် ဒေါသတကြီးနဲ့ တိုက်ထဲက ပြေးထွက်လာခဲ့တယ်။ ပြေးထွက်လာခဲ့တဲ့ ကေဇင်ကျော်ရဲ့ ဦးတည်ရာ နေရာက ......။
******
"ဒုန်း ....ဒုန်း "
"အနီရင့် ...နင် ...ခုချက်ချင်း ...တံခါးဖွင့်ပေးစမ်း ...လင်ခိုးမရဲ့ "
တိုက်ခန်း တံခါးကို တဒုန်းဒုန်းထုနေတဲ့အသံနဲ့ အော်ဟစ်ပြောဆိုနေတဲ့ အသံတွေကြောင့် အနီရင့် တံခါးထဖွင့်ပေးလိုက်တယ်။တံခါးပွင့်သွားတာနဲ့ တစ်ပြိုင်နက် အနီရင့် မြင်လိုက်ရတာက သရဲသဘတ်စီးထားသလို ကြောက်စရာသွင်ပြင်နဲ့ ကေဇင်ကျော်ကိုတွေ့လိုက်ရတယ်။
"နင်က ငါ့ယောကျာ်းကို တိုင်လိုက်တာပေါ့လေ ဟုတ်လား ...ဘာလဲ ငါတို့ ကွဲသွားရင် ငါ့ယောကျာ်းကို ရမယ်ထင်လို့လား ...လင်ခိုးမရဲ့ "
" မကေဇင် .. ရှင် ရူးနေပြီလားဟင် ... ပတ်ဝန်းကျင်ကို မရှက်ဘူးလား ... ဘာမဟုတ်တာတွေ လာပြောနေတာလဲ "
အနီရင့်က ကေဇင်ကျော်ကို ကြည့်ပြီး ပြောဆို တားမြစ်လိုက်တယ်။
" မပြောဘူး ... ဘာလို့ပြောရမှာလဲ ... နင်က ငါ့ယောကျာ်းကို လိုချင်နေတာလေ ငါက ဘာလို့ ရှက်ရမှာလဲဟဲ့ ...နင်က မကောင်းတဲ့ဟာမ ...ငါတို့အိမ်ကို နင်ရောက်လာကတည်းက အကုသိုလ်များတာဟဲ့ သိရဲ့လား .."
စိတ်လွတ်နေသလို ဖြစ်နေတဲ့ကေဇင်ကျော်ကို ကြည့်ပြီး အနီရင့် အံ့ဩ ထိတ်လန့်သွားမိတယ်။
"သမီး ကေဇင် မောနေမယ် ...တော်တော့ ...သမီး မပြောနဲ့ အမေပြောပါ့မယ် "
" အို အမေဖယ်စမ်းပါ...ဒီကောင်မကို အမေ မနိုင်ပါဘူး "
ဒေါ်ဌေးဌေးမူက အော်ဟစ်သောင်းကျန်းနေတဲ့ ကေဇင်ကျော်ကို တားမြစ်လိုက်ပေမဲ့ ကေဇင်ကျော်က မိခင်ဖြစ်သူကို တွန်းဖယ်လိုက်ပြီး အနီရင့်ကိုပါ ပြေးပြီး ဆောင့်တွန်းပစ်လိုက်တယ်။
"အား "
အနီရင့်မှာ ကေဇင်ကျော်ရဲ့ မူမမှန်တဲ့ပုံစံကို ကြည့်ပြီး ရှောင်တိမ်းဖို့ သတိရလိုက်ပေမဲ့ နောက်ကျသွားခဲ့လေပြီ။အနီရင့်ရဲ့ ခန္ဓာကိုယ်က ဆိုဖာတွေအလယ်က စားပွဲခုံပေါ်ကို ပစ်လဲကျသွားတယ်။ဝမ်းဗိုက်နဲ့ခါးစပ်ဆီက ဆိုးဆိုးဝါးဝါးနာကျင်မှုကို အနီရင့် သိရှိလိုက်ပြီးနောက်မှာ လောကကြီး တစ်ခုလုံး မှောင်အတိကျသွားတယ်။
" ဟင် ...သမီး ကေဇင် ...တော် ...တော်တော့ ... ဟိုမှာ ... သွေး ..သွေးတွေ ထွက်နေပြီ ...သူ ... သူသေသွားပြီလား မသိဘူး ...လာ ... လာ ...အမေတို့ ပြန်ရအောင် "
ဒေါ်ဌေးဌေးမူက လဲကျသတိလစ်နေတဲ့အနီရင့်ကို ကြည့်ပြီး သမီးဖြစ်သူရဲ့လက်ကို ဆွဲပြီး ပြန်ဖို့ ပြင်လိုက်တယ်။
" ဟင် ... ဘာ ... ဘာတွေ ဖြစ်နေကြတာလဲ ...မမ ...မမနီ ...မမဘာဖြစ်တာလဲ "
ဧကြည်ဖြူ
"ရင်ဘတ်ပေါ်ကနှင်းဆီ "
အပိုင်း (၂၁ )
******
" မင်းတို့သားအမိက သိပ်ကို လည်နေကြတယ်ပေါ့ ဟုတ်လား ကေဇင်ကျော် "
ကေဇင်ကျော်နဲ့ ဒေါ်ဌေးဌေးမူတို့မှာ ဝုန်းခနဲ ပွင့်လာတဲ့ တံခါးနဲ့အတူ ဒေါသတကြီး ပြောလိုက်တဲ့ မြတ်ဘုန်းကို တွေ့လိုက်ရတာမို့ အလန့်လန့်အဖျပ်ဖျပ် ဖြစ်သွားကြတယ်။
" ကို ...ကိုဘုန်း ...ဘယ်တုန်းက ရောက်နေတာလဲ "
ကေဇင်ကျော်က မြတ်ဘုန်းကို အထစ်ထစ်အငေါ့ငေါ့နဲ့ မေးလိုက်တယ်။
"ငါ ဘယ်အချိန်ကရောက်တာလဲက အရေးမကြီးဘူး ...မင်းတို့ သားအမိ ငါ့အပေါ် ဘာတွေ လိမ်ညာထားသေးလဲ အကုန်ပြော ..."
"ဒီမှာ မောင်မြတ်ဘုန်း မင်းစကားပြောတာ ရိုင်းလှချည်းလား ... သူများသားပျိုသမီးပျိုကို လွန်လွန်ကျူးကျူး ဖြစ်ထားရင် တာဝန်ယူရမှာပဲကွ သိရဲ့လား ...ငါတို့ဘက်က ဘာမှမလွန်ဘူးဟေ့ "
ဒေါ်ဌေးဌေးမူက မြတ်ဘုန်းကို ဒေါသတကြီးနဲ့ ပြန်ပြောလိုက်တယ်။
"ဟုတ်တယ် ကျွန်တော့်ရဲ့ အမှားတွေ အတွက် ကျွန်တော်တာဝန်ယူပြီးပြီလေ ... တောင်းသမျှ ငွေလဲ ထုတ်ပေးနေတာကို မကျေနပ်နိုင်ကြဘူးလား ...သူ့ဘ၀နဲ့ သူဖြစ်နေတဲ့သူကို ဘာလို့ သွားနှောက်ယှက်နေကြတာလဲ "
" ဪ ... ဘာများလဲလို့ ...ရှင့်ဟာမကို ထိလို့ နာနေတာကို ... ဟိုက အကုန်သံတော်ဦးတင်လိုက်ပြီးပေါ့ ဟုတ်လား
" မင်းက မယားငယ်မကို ထိလို့ ငါတို့ သားအမိကို ရန် လာလုပ်တာပေါ့လေ ဟုတ်လား "
"ဒုန်း "
ကေဇင်ကျော်နဲ့ ဒေါ်ဌေးဌေးမူတို့ရဲ့ စကားကြောင့် မြတ်ဘုန်းရဲ့ဒေါသတွေ အထွတ်အထိပ်ကိုရောက်သွားပြီး တံခါးကို ခြေထောက်နဲ့ ဆောင့်ကန် ပစ်လိုက်ရင်း ပြန်အော်လိုက်တယ်။
" လူကြီးပီပီ စကားကို ဆင်ခြင်ပြောစမ်းပါဗျ ....သမီးကို ဗန်းပြပြီး မြူဆွယ်ခဲ့တာ ဘယ်သူလဲ ... တစ်မိသားစုလုံးပေါင်းပြီး အိမ်ထဲမှာ နှစ်ယောက်တည်း ကျန်အောင် အကွက်ဆင်ခဲ့တာ ဘယ်သူတွေလဲ ... ဒါတွေကို သိသိနဲ့ ကျွန်တော် တဏှာရူးခဲ့တဲ့ အပြစ်ဒဏ်လို့ တွေးပြီး သည်းခံပြီးနေခဲ့တာ ... ဒါပေမဲ့ ခင်ဗျားတို့သားအမိက လွန်နေပြီ ...လူကိုရလဲ မကျေနပ် ... ငွေကိုရလဲ မတင်းတိမ်နိုင်ကြဘူးလား "
" ဟဲ့ ...ဟဲ့ ...ဘာတွေ ဖြစ်နေကြတာတုန်း ....မောင်မြတ်ဘုန်း မင်းပြောတာတွေ ရိုင်းလှချည်လား "
အပေါ်ထပ်ကဆူညံဝုန်းဒိုင်းကြဲနေတဲ့ အသံတွေကြောင့် ဘွားအေဖြစ်သူက အပေါ်ထပ်ကိုတက်လာပြီး အသံနက်ကြီးနဲ့အော်လိုက်တယ်။
"ကဲ ..ဘာတွေ ဖြစ်နေကြတာလဲ ပြောကြစမ်း ...မောင်မြတ်ဘုန်း မင်းအရင်ပြော "
အဘွားကြီးက မြတ်ဘုန်းကို အရင်ပြောလိုက်တယ်။
" ကျွန်တော် ဘာမှ မရှင်းပြချင်တော့ဘူး အဘွား ... ကျွန်တော် ကွာရှင်းချင်တယ် ...ကေဇင်ကျော်နဲ့ မပေါင်းနိုင်တော့ဘူး ... ဒီအိမ်ကနေ ဒီနေ့ပဲ ထွက်သွားတော့မယ် "
" ဘာ ..ဘာပြောတယ် မောင်မြတ်ဘုန်း "
"ကိုဘုန်း .. ရှင် ...ရှင် ...ဒါ ဘာအချိုးချိုးတာလဲဟင် ..ဘာလဲ ရှင် ဟာမဆီကို ပြန်သွားမယ်ပေါ့ လေ ဟုတ်လား "
" မင်းပါးစပ်ကို ပိတ်ထားစမ်း ကေဇင်ကျော် ...မင်းစိတ်နဲ့နှိုင်းမနေနဲ့ ...မင်းကိုစိတ်ကုန်လွန်းလို့ ရွံလွန်းလို့ မင်းနဲ့ အတူမနေနိုင်တော့ဘူး ...မင်းလိုချင်တာက ငါရှာတဲ့ငွေ မဟုတ်လား .. မင်းကို လျှော်ကြေးပေးမှာပါ "
" မင်း ...မင်း လွန်လှချည်လား မြတ်ဘုန်းရဲ့ ...ငါ့သမီးက မင်း စွန့်ပစ်ချင်တိုင်း စွန့်ပစ်ရအောင် ...အနီရင့်လို အပေါစားမိန်းမ မဟုတ်ဘူး သိရဲ့လား .. မင်းစိတ်ထင်တိုင်းလုပ်ကြည့်လိုက်ပါ ...မင်းကို ငါကိုယ်တိုင် ထောင်ချပစ်မယ် "
"ဒုန်း "
"ဝုန်း "
"ကြိုက်သလိုလုပ်ကြပါ ...ဒီထက်ပိုပြီး စိတ်ဆင်းရဲရမဲ့ ဘ၀လဲ ရှိမှာမဟုတ်တော့ပါဘူး "
မြတ်ဘုန်းက ဒဒေါ်ဌေးဌေးမူကို ဂရုမစိုက်သလို ပြန်ပြောလိုက်ပြီး ဗီဒိုဘေးက ခုံကိုကန်ထုတ်လိုက်တယ်။ပြီးတော့ ဗီဒိုထဲက သူလိုချင်တာတွေကိုယူပြီး လက်ဆွဲအိတ်ထဲကို သိမ်းကျုံးထည့်လိုက်တယ်။
"ဟဲ့ ...ဟဲ့ ပြောနေရင်း ဘာတွေဖြစ်နေကြတာလဲ ငါ့ကိုလဲ ပြောကြပါအုံး "
ဘွားအေ ဖြစ်သူက ထအော်တယ် ။ဘယ်သူကမှာ အဘွားကြီးကို ပြန်မဖြေကြဘူး။
" သား ... မြတ်ဘုန်း ဘာဖြစ်တာလဲ ...အမေတို့ဘက်ကပါ အသံတွေ ကြားရတယ် ..."
အသံနဲ့အတူဝင်လာသူက မြတ်ဘုန်း၏ မိခင် ဒေါ်ကေသီပင်။
"ဘာဖြစ်ရမှာလဲ ကေသီရဲ့ ...နင့်သားက ခွေးဇာတ်ခင်းဖို့လုပ်နေတာလေ "
ဒေါ်ဌေးဌေးမူက ဒေါ်ကေသီကို ပြောလိုက်တယ်။
" ကျွန်မသားက ဘာလုပ်လို့လဲ ...ဘာတွေဖြစ်နေတာလဲ သား ...အမေ့ကို ပြောအုံး "
" လာပါ အမေ ... နောက်တော့ သားရှင်းပြပါ့မယ် ...ခုတော့ သားတို့ သွားကြရအောင် "
မြတ်ဘုန်းက မိခင်ဖြစ်သူရဲ့ လက်ကို ဆွဲပြီး အပြင်ကို ခေါ်ထုတ်ခဲ့တယ်။
" သွား ...မင်းလိုကောင်ကို ငါ့သမီးနဲ့ ပေးစားမိတာ ငါ့အမှားပဲ ...မိကေဇင် ညည်းဘာမှ ငိုနေစရာ မလိုဘူး ...အဲ့ဒီကောင်ကို ငါကိုယ်တိုင် ထောင်ထဲ ထည့်ပြမယ် ကြည့်နေ "
တိုက်ထဲတွင် ဒေါ်ဌေးဌေးမူရဲ့ အသံက ကျယ်လောင်စွာထွက်ပေါ်နေတယ်။
*******
" ဒါ..ဒါဆို ... အနီရင့်ဆီမှာ ...အ...အမေတို့ရဲ့မြေး.. မြေးလေး ရှိနေတာပေါ့ ဟုတ်လား "
ဒေါ်ကေသီက သားဖြစ်သူမြတ်ဘုန်းကို အထိတ်တလန့်နဲ့ မေးလိုက်တယ်။
မြတ်ဘုန်းက ခေါင်းကို လေးတွဲစွာငြိမ့်ပြလိုက်ပြီး မိခင်ကို ပြန်ပြောလိုက်တယ်။
နှင်းသီရိ အခန်းနဲ့ ဘေးချင်းကပ်အခန်းထဲမှာ အနီရင့် ငြိမ်စွာရပ်နေမိတယ်။အိမ်ရှေ့တံခါးဖွင့်သံ၊ အထဲကို ဝင်လာတဲ့ ခြေသံတွေကိုကြားနေရတယ်။ အနီရင့် အသက်ပင်ပြင်းပြင်းမရှူရဲ။ တံခါးပေါက်ကို အသာဟပြီး အပြင်ကို ချောင်းကြည့်လိုက်မိတော့ စိုးရိမ်ပူပန်နေတဲ့ မျက်နှာနဲ့ ဝင်လာတဲ့ လင်းရိပ်ကိုတွေ့လိုက်ရတယ်။ လင်းရိပ်ကို ကြည့်ပြီး အနီရင့်ရင်ထဲမှာ ဆို့နင့်ကြေကွဲလာမိတယ်။နှလုံးသားကို လက်အစုံနဲ့ ဖျစ်ညှစ်ခံထားရသလုံ နာကျင်နေမိတယ်။ နှင်းသီရိအခန်းထဲကို လင်းရိပ် ဝင်ရောက် သွားပြီးချိန်မှာတော့ အနီရင့် အခန်းထဲက ပြန်ထွက်ပြီး အိမ်အပြင်ကို အမြန်ဆုံးပြေးထွက်လာခဲ့မိတယ်။
******
ကတ္တရာလမ်းမထက်မှာ ကားလေးက တရိပ်ရိပ်ပြေးနေတယ်။ ကားရဲ့နောက်ခန်းထဲမှာ အနီရင့် မလှုပ်မယှက် ထိုင်းနေမိတယ်။အနီရင့်ရဲ့ ပါးပြင်ထက်မှာ မျက်ရည်တွေက တားဆီးလို့ မရအောင် တလိမ့်လိမ့်စီးဆင်းကျနေတယ်။
" တွီ "
ဖုန်းကနေ မက်ဆေ့ ၀င်သံကို ကြားလိုက်ရတယ်။ မက်ဆေ့ကို လုံးဝ ဖွင့်မကြည့်ဘူးလို့ စိတ်တင်းထားပေမဲ့ သိချင်စိတ်က ထားလို့မရတာပို့ အနီးရင့် ဖွင့်ကြည့်လိုက်မိတယ်။ မျက်ရည်တွေကြားကနေ အနီရင့် မြင်လိုက်ရတဲ့စာကြောင်းလေးက
"တောင်းပန်ပါတယ် အစ်မ...ကိုလင်းရိပ်က သူငှားပေးထားတဲ့အိမ်ဆိုတော့ အချိန်မရွေး ဝင်ထွက်နေတာပေါ့ ..."
စာကို ဖတ်ပြီး အနီရင့်မိုက်ခနဲ လဲကျသွားမိတယ်။
===================
အပိုင်း ( ၂၀ ) ဆက်ရန်
ဧကြည်ဖြူ
