ar
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

الذهاب إلى القناة على Telegram
803
المشتركون
+424 ساعات
+167 أيام
+4630 أيام
أرشيف المشاركات
များလေ၏။ယခုပင် မအေးခိုင် သည် အဖြစ်မရှိအဖြစ်ရှာကာ ရွှဲစောင်းပြောနေချေပြီ။ အမှန်တကယ်တော့ အိမ်သာပေါ်ကို ဖိနပ်နှင့်တက်သူလည်းမရှိ။ မအေးခိုင်က အဖြစ်မရှိ အဖြစ်ရှာခြင်းသာဖြစ်သည်။မအေးခိုင်သည် မငြိမ်းဝေ တို့သားအမိကို ခြံထဲမှ အပြန်ပြောင်းရွှေ့သွားစေချင်လေ၏။ထို့ကြောင့် အမျိုးမျိုးစောင်းမြောင်း ပြောဆိုလေ့ရှိသည်။အညှော်တွေ လုပ်လို့ | ညနက် အထိမီးဖွင့်ထားလို့၊ စက်ချုပ်သံဆူလို့ စသဖြင့်စုံလှပေသည်။ယုတ်စွအဆုံးမအေးခိုင်သည် မငြိမ်းတို့ဆောက်နေသော စည်ပင် မြောင်းလမ်းပေါ်တွင် မငြိမ်းဝေတို့သစ်ပင်စိုက်သည်ကိုပါ မကြိုက်သောသူမျိုး ဖြစ်သည်။သည်ကြားထဲ သူ့အိမ်ပေါ်မှ ကော်ဖီထုတ် မုန့်ထုတ် နှင့်မီးဖိုချောင်သုံး ဟင်းချက်စရာများပျောက်သည်ဟုဆိုပြီး မကြာခဏစောင်းမြောင်းပြောဆိုတတ်ပြန်သည်။ မငြိမ်းဝေ၏အစ်ကိုကိုကျော်ဦးသည် မအေးခိုင် ပြောသမျှကို မသိချင်ယောင်ဆောင်နေသည်။ ညီမဖြစ်သူ တူမဖြစ်သူနှင့် တစ်ခြံ တည်းနေသော်လည်း ခေါ်ပြောနှုတ်ဆက်ခြင်းမရှိပေ။မနက်လင်းလျှင် သားနှင့် သမီးဖြစ်သူကို လိုလေသေ့မရှိအောင် ဝယ်ခြမ်းကျွေးတတ်သော်လည်း အိမ်ဘေး အဖီလေးထဲတွင်ရှိသော တူမလေးကို သတိပင်မရ။ကိုကျော်ဦး နှင့် မအေးခိုင်တို့သည် အပေါ်ယံကြည့်လျှင် အိမ်လေး ကျဉ်းကျဉ်းကုပ်ကုပ်နှင့်စီးပွားရေးမပြေလည်သူများကဲ့သို့ နေသော်လည်း အမှန်တကယ်၌မူ လမ်းမတန်းတွင်ရှိသော ကိုယ်ပိုင် အထည်ဆိုင်နှင့် အိမ်ခြံမြေရောင်းဝယ်ငှား ပွဲစားအလုပ်ဖြင့် လင်မယားနှစ်ယောက်လုံး ဝင်ငွေကောင်းသူများ ဖြစ်လေသည်။ "လူတွေက အလိုက်ကန်းဆိုးကိုမသိကြဘူး...ဟဲ့ မိုးမိုးနင်လည်းအိမ်သားလေးဘာလေးဆေး ဦး..ဟိုကောင်တိုးတိုးရော ပြောမှ သိတာ... ပြောမှလုပ်တာက လူတွေမဟုတ်ဘူးသိရဲ့လား..." မအေးခိုင်သည် အော်ကြီးဟစ်ကျယ်နှင့်စောင်းမြောင်း ပြောဆိုနေဆဲ။ မငြိမ်းဝေက နှုတ်ခမ်းကို ဖိကိုက်ပြီး စက်ကိုချုပ်နေမိ၏။ငြိမ်းကမူ အံကလေးကိုကြိတ်ပြီး စာကို စိတ်ထဲမှ ကျက်မှတ်နေသည်။ဒါသည် နေ့စဉ်လိုလိုပင် မငြိမ်းဝေနှင့် ငြိမ်းတို့ကြုံနေရသော ဘဝဖြစ်.လေသည်။ ****** မငြိမ်းဝေမှာ အစ်ကိုဖြစ်သူ ကို ကျော်ဦး၏ စကားကြောင့် မတ်တတ်မှပင် ဖင်ထိုင်လျက် လဲကျသွားရလေသည်။ "ဟို...ဟို .... အစ်ကိုရယ် ခုချက်ချင်းကြီးတော့ ကျွန်မတို့ သားအမိက ဘယ်ကိုပြောင်းနေရမှာလဲ ... အစ်ကိုတို့က ကြိုလည်း မပြောဘူး ..." "ပြောပါတယ်ဟ..ဝါကျွတ်ပြီးကတည်းက ... ကလေးတွေကျောင်းကြီးပိတ်ရင် အိမ်ပြင်ဆောက်မယ်လို့ပြောထားပါတယ်...ငါတို့လည်း တစ်လလောက် အိမ်ငှားနေရမှာပဲ နင်လည်းအစ ကတည်းက လေးငါးလလောက်ပဲနေမယ် ပြောခဲ့တာ မဟုတ်လား...ရပ်ကွက်ထဲတစ်အိမ်အိမ်ငှားနေပေါ့ဟာ..." မငြိမ်းဝေသည် အပြောလွယ်လှသော အစ်ကိုဖြစ်သူ၏ မျက်နှာကို ငေးကြည့်နေမိ၏။ငြိမ်း ရှစ်တန်းမတက်မီ အိမ်ပြောင်းနိုင်ရန် မငြိမ်းဝေ စဉ်းစားထားပြီးသား ဖြစ်ပါလေသည်။ယခုလိုဖြုန်းစားကြီး နှစ်ရက်အတွင်းအိမ်ပြောင်းပေးရမဆိုတော့ ဘယ်အရပ်သို့ပြောင်းရပါမည်လဲ ။ "အမေ ....သမီးတို့အိမ်ပြောင်းရမှာလားဟင် ...ဘယ်ကိုပြောင်းကြမလဲ အမေ..." ခေါင်းငိုက်စိုက်ချပြီး အခန်းလေးထဲသို့ဝင်လာသော မိခင်ကို ငြိမ်းက မေးလိုက်သည်။ "ဟုတ်တယ် အမေတို့အိမ်ပြောင်းပေးရမယ်...ရှာရမှာပေါ့ သမီးရယ်...သဘက်ခါ အပြီး ရွှေ့ပေးရမှာဆိုတော့ အမေက အိမ်လိုက်ရှာလိုက်မယ်....သမီးက သိမ်းစရာရှိတာတွေကို သေချာ ထုတ်ပိုးထား" "သားအမိတွေ ဘာတွေ ပြောနေကြတာလဲ....." ပြောပြောဆိုဆိုနှင့်ဝင်လာသူမှာ အထည်ဟောင်းများနှင့် ဘေထုတ်ထည်များ ရောင်းသော ဒေါ်ခင်မာမြင့်ဖြစ်လေ၏။ ဒေါ်ခင်မာမြင့်သည် ရပ်ကွက် လမ်းမတန်းတွင်နေပြီး အထည်ဟောင်းဆိုင်ဖွင့်ထားသူဖြစ်လေသည်။ပြင်ထည်များကို မငြိမ်းဝေ ထံတွင် လာချုပ်ရင်းမှရင်းနှီးနေသူဖြစ်၏။ မငြိမ်းဝေက ဒေါ်ခင်မာမြင့်ကိုအကြောင်းစုံပြောပြလိုက်သောအခါ ဒေါ်ခင်မာမြင့်သည် သက်ပြင်းကို ချပြီးခေါင်းကို ခါယမ်းလိုက်သည်။ပြီးနောက် တစ်ချက်တွေခနဲ စဉ်းစားလိုက်ပြီး "ဒီလိုလုပ်အေ ... ငါ့ဘေးကအခန်းကျဉ်းလေးသိတယ် မဟုတ်လား .... တစ်လနှစ်ထောင်ပဲပေးအေ... တစ်ခုခုလည်းရောင်းပေါ့...အဆင်ပြေမှ အိမ်လေးဘာလေးရှာပြီး ပြောင်းကြပေါ့အေ..." ဒေါ်ခင်မာမြင့်၏စကားကြောင့် မငြိမ်းဝေ မှာ အံ့ဩပျော်ရွှင်သွားမိသလို ငြိမ်းသည်လည်း ပျော်ရွှင်သွားမိလေသည်။ဒေါ်ခင်မာခြင့်နေသော နေရာသည် ရပ်ကွက် လမ်းမတန်း ဖြစ်၍ အလွန်စည်ကား၏။(5 ငြိမ်းသည် ဒေါ်ခင်မာမြင့်ဆိုင်ကို မကြာခဏ ရောက်ဖူးသောကြောင့် အထည်ဟောင်း ရောင်းသော အလုပ်ကိုလည်းအလွန်သဘောကျမိလေသည်။ "ငြိမ်းလည်း ကျောင်းပိတ်ထားတာပဲ...ညည်းတို့သားအမိ စျေးပေါတဲ့အလှကုန်ပစ္စည်းလေးတွေရောင်းကြည့် ....ကလစ်တို့ ...ခေါင်းစည်းကြိုးတို့လေ... တိုလီထွာလီလေးတွေဆိုပြီး အထင်မသေးနဲ့ ငြိမ်းဝေရေ ... ထက်ဝက်မြတ်တာဟဲ့...မနက်တစ်ပိုင်းလည်းစျေး ထွက်ပေါ့..." ***** တတိယအကြိမ်မြောက် ငြိမ်းတို့သားအမိ အိမ်ပြောင်းရပြန်လေပြီ။ သည်အခါလည်း ငြိမ်းတို့ အထုတ်အပိုးတွေကိုသိမ်းဆည်းပြီး ထွက်လာခဲ့သော်လည်း လိုက်ပို့မည့် သူမရှိနှုတ်ဆက်မည့်သူ မရှိပါချေ။သို့သော် သည်တစ်ခေါက်၌ ငြိမ်းသည် အထုတ်အပိုးများကိုကောင်းကောင်းသယ်ယူနိုင်နေပြီဖြစ်လေသည်။

ဒါက မနက်တိုင်း မငြိမ်းဝေနှင့် ငြိမ်းတို့၏ ကျောင်းသွားခါနီးနှင့် ဈေးသွားခါနီး အခြေအနေဖြစ်၏။ မငြိမ်းဝေ စျေးရောင်းသွားချိန်နှင့် ငြိမ်းကျောင်းသွားချိန် တူနေသောကြောင့် ငြိမ်းက ကျောင်းသွားရင်းမိခင်ဖြစ်သူကို ဈေးခြင်းကူဆွဲနေကြဖြစ်လေသည်။မငြိမ်းဝေ သည် ငြိမ်းကို အလျော့ပေးလိုက်ပြီး ဆွဲခြင်းကို လွတ်ပေးလိုက်ရင်း သမီးဖြစ်သူကို ခြေဆုံးခေါင်းဆုံးသေချာကြည့်လိုက်မိလေ၏။ သမီးလေးငြိမ်းသည် တောမြို့လေးမှာမွေးသူ ဖြစ်သော်လည်း အသားအရည်ကဖြူဖြူ၀င်းဝင်း။မျက်ခုံးလေးကထူ ထူထဲထဲ ။မျက်နာ ဝိုင်းလေးနှင့် ရုပ်ရည်သန့် ပြန့်လေ၏။ကိုယ့်သမီး မိုပြောသည်မဟုတ် ငြိမ်းသည် အဝတ်အစား အစုတ်ဝတ်ထားသည့်တိုင် အရွယ်နှင့်မလိုက်အောင် ကြည့်ကောင်းလှသူဖြစ်လေသည်။ "ဟင် သမီး...ဖိနပ်က အတော်ဟောင်းနေပြီပဲ " မငြိမ်းဝေသည် ငြိမ်းစီးထားသော ကော်ဖိနပ် အမြီးပါးလေးကို ကြည့်ပြီး အသံထွက်အောင်ပင် ရေရွတ်လိုက်မိလေသည်။ "တောင်းပေမဲ့စီးလို့ရပါတယ် အမေရဲ့ ... မပြတ်နိုင်သေးပါဘူး...." "မတော်လမ်းသွားရင်း ပြတ်သွားရင် ဘယ်လိုလုပ်မလဲ သမီးရယ်... " "ပြတ်သွားလည်း ဘာဖြစ်လဲ အမေရာ ...ရှက်စရာမှမဟုတ်တာ...အဓိကက ကျောင်းသားက ကျောင်းစာရနေဖို့ သာ အဓိကပါ...သမီးတို့ ကိုယ့် အိမ်နဲ့ ကိုယ်နေရပြီး ငွေတွေအများကြီးရမှ အမေလိုချင်တာတွေရော...သမီးလိုချင်တာတွေပါ အများကြီး ဝယ်ကြမယ်လေ..." ငြိမ်းက ပြောရင်း ပခုံးပေါ်မှလျောခနဲကျလာသော လွယ်အိတ်ကိုင်ကို ပြန်ဆွဲတင်လိုက်သည် ။ သည်လွယ်အိတ်လေးသည်လည်း မနှစ်ကတည်းက ဝယ်ထားသော လွယ်အိတ် ဖြစ်သည်။အသစ်ဝယ်လျှင် ငွေကုန်မည်စိုးသောကြောင့် ငြိမ်းကိုယ်တိုင်က မဝယ်ခိုင်းခြင်းဖြစ်သည်။ငြိမ်းကျောင်းတက်နေခြင်းသည် ပညာလိုချင်၍သာ ဖြစ်သည်။ကျန်သော ကြွားဝါတာမျိုးတွေ ၊အပြိုင်အဆိုင်မျိုးတွေကို ငြိမ်း မနှစ်သက်ပါ။ "ငြိမ်းသမီးလေး ... ဘာတွေတွေးနေတာလဲ .... စျေးရောက်ပြီလေ ... ပေး... ပေး...စျေးခြင်း အမေကို ပေး....ကျောင်း နောက်ကျနေမယ် မြန်မြန်သွားတော့...." ******* အချိန်က နေ့လယ် တစ်နာရီကျော်ခန့် ။ မငြိမ်းဝေက စက်ချုပ်နေသည်။ငြိမ်းက နှုတ်မှ စာကိုတတွတ်တွတ် ရွတ်ဖတ်ရင်း သားအမိနှစ်ယောက်နေသော အခန်းကျဉ်းလေးကိုသန့်ရှင်းရေး လုပ်နေသည်။ ငြိမ်သည် အဝတ်လျှော်ပြီး ကျန်သောရေနှင့် ကြမ်းတိုက်ဝတ်ကို ဆက်လျှော်လိုက်ပြီးလျှင် ရေစင်အောင် ညှစ်လိုက်ပြီး ဝါးကြမ်းခင်းလေးတွေကို ပြောင်နေအောင် ပွတ်တိုက်လိုက်သည်။ဝါးကြမ်းခင်းလေးများသည် နေ့စဉ် ပွတ်တိုက်နေသောကြောင့် သန့်ရှင်းပြီးအေးမြနေသည်။သည်အလုပ်များသည် အမေလုပ်တာတွေကို ကြည့်ပြီး ငြိမ်းကလိုက်လုပ်ခြင်းဖြစ်သည်။ဘာပဲဖြစ်ဖြစ်ငြိမ်းဝိုင်း ကူလုပ်ပေးသောကြောင့် အမေလည်း သက်သာသလို့ ငြိမ်းတို့ အခန်းလေးသည် လည်းကျဉ်း ပင်ကျဉ်းသော်ငြား နေချင်စရာလေးဖြစ်သည်ဟု လူအများကချီးမွမ်းကြသည်။လူများ၏ ချီးမွမ်းခြင်းကို လိုချင်၍တော့ ငြိမ်းလုပ်နေခြင်းမဟုတ်ပါလေ။ငြိမ်းအသက်အရွယ်နှင့်ငြိမ်းလုပ်နိုင်သော ငြိမ်းတာဝန်ယူနိုင်သော အလုပ်များကိုလုပ်နေခြင်းပင် ။ "ဟဲ့...ဘယ်သူက အိမ်သာထဲကို ဖိနပ်စီးတက်ထားတာလဲ....ဒါ တောမဟုတ်ဘူး...အိမ်သာထဲ၀င်မယ်ဆိုရင်အိမ်သာထဲကဖိနပ်ကိုစီးကြလေ ...လူလိုနားမလည်ကြဘူးလား...ကြည့်ပါဦး အိမ်သာထဲလည်း ညစ်ပတ်နေတာပဲ....ဘာလဲ ငါကိုယ်တိုင် အိမ်သာဆေးရမှာလား..." ကျယ်လောင်စွာအော်ဟစ်လိုက်သော မအေးခိုင်၏အသံကြောင့်မငြိမ်းဝေနင့် ငြိမ်းတို့တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။ "သမီး...အိမ်သာ မဆေးရသေးဘူးလား ..." မငြိမ်းဝေက ငြိမ်းကို ခပ်တိုးတိုးမေးလိုက်သည်။ငြိမ်းက ခေါင်းကို အသာခါပြလိုက်ရင်း ပြန်ဖြေလိုက်သည်။ "ဟင့်အင်း မဆေးရသေးဘူးအမေ...ရေချိုးခါနီးမှဆေးမလို့ ...." ငြိမ်းက ပြန်ဖြေရင်း မိခင်ဖြစ် သူ့ကိုမျက်နှာငယ်လေးနှင့်မော့ကြည့်လိုက်မိသည်။ငြိမ်း၏ နေ့စဉ်တာဝန်များထဲတွင် အိမ်သာဆေးကြောရသောအလုပ်လည်းပါသည် ။ အမှန်တကယ်ဆိုလျှင် ငြိမ်းတို့သားအမိ စရောက် စက အိမ်သာ ရေပုံးမှအစ ညစ်ပတ်၏။ ဒါကို မရွံမရှာနှင့် ငြိမ်းတို့သားအမိက ပြောင်စင်သန့်ရှင်းအောင် တိုက်ချွတ်ခဲ့သည်။သည်ကြားထဲ ငြိမ်းတို့သားအမိက အိမ်သာ ပင်မကဘဲ မအေးခိုင်တို့အိမ်ကို အကြီးမလေးမိုးမိုးရှိချိန်တွင်ဝိုင်းကူရှင်းရှင်းပေးခဲ့သည်။သို့ပေမယ့် မအေးခိုင်သည် မငြိမ်းဝေတို့ သားအမိလုပ်သမျှကို နှစ်သက်ပုံမရသောကြောင့် နောက်ပိုင်း၌ မသိသလိုနေခဲ့ကြခြင်းဖြစ်လေသည်။ပြောရမည်ဆိုလျှင် မိုးမိုးနှင့်တိုးတိုးသည် ငယ်စဉ်ကတည်းကအလိုလိုက်ခြင်းခံထားရသောကြောင့် မလုပ်တတ်မကိုင်တတ်နှင့် အပျော်အပါးမက်ကြသော်လည်း အတွင်း စိတ်ပုတ်ယုတ်သော ကလေးများတော့ မဟုတ်ချေ။မိုးမိုးသည် သူ့ထက်တစ်နှစ်ကျော်ငယ်သော ငြိမ်းနှင့်အတူ ဆော့ချင်သည်။စာဖတ်ချင်သည်။မုန့်အတူစားချင်သည်။သို့သော်လည်း မိခင်ကို ကြောက်ရ သောကြောင့် ငြိမ်းတို့အခန်းဘက်သို့ကူးမလာရဲသလို ငြိမ်းကိုလည်း သူတို့အိမ်ပေါ်သို့ မခေါ်ရဲပါချေ။အထူးသဖြင့် မိခင်က မကြာ ခဏဆိုသလို ဟိုပစ္စည်းပျောက်၊သည်ပစ္စည်းပျောက်သည်ဟု ဆူတတ်ကြိမ်းတတ်သောကြောင့် ငြိမ်းနှင့် မိုးမိုး၊ တိုးတိုးတို့မှာ ထရံတစ်ချပ်သာ ခြားသော်လည်း ကမ္ဘာကြီးခြားထားသကဲ့သို့ မတွေ့မမြင် မခေါ်မပြောသောနေ့တွေ

ဧကြည်ဖြူ " ချစ်ဆိပ် "( ချူ ) အပိုင်း ( ၆ ) - - - - - - - - - - - - - - - - မငြိမ်းဝေသည် ခေါင်းပေါ်မှဆွဲခြင်းကို ဘုတ်ခနဲ ပစ်ချလိုက်ပြီး ငြိမ်းကို အထိတ်တလန်မေးလိုက်မိ၏။သည်နေ့ မငြိမ်းဝေက သီရိမင်္ဂလာဈေးမှာငါးခြောက်များ သွားဝယ်နေသောကြောင့် အိမ်မှာ တစ်နေကုန်မရှိ။ယခုမှပြန်ရောက်ခြင်းပင်ဖြစ်ပါလေသည်။ " သမီး.... ဘာဖြစ်တာလဲ...ဘာလို့ငိုနေတာလဲ ... ကျောင်းမှာဘာဖြစ်ခဲ့လို့လဲ " "ဟင်...အ...အမေ ပြန်လာပြီးလား...အပြင်ကနေ သမီးကို လှမ်းအော်လိုက်တာ မဟုတ်ဘူး..." ငြိမ်းသည် မိခင်ဖြစ်သူ၏ အသံကိုကြားလိုက်ရသောကြာင့် ပါးပြင်ပေါ် မှ မျက်ရည်များကို လက်ခုံနှင့် ပွတ်သုတ် လိုက်ပြီး မိခင်ကို ခရီးဦးကြိုပြုလိုက်သည် ။ "သမီးဘာဖြစ်တာလဲ ပြောဦး... အမေရင် တွေပူလိုက်တာ....." "အဟင့်...အီး.....ဟီး...ဟီး...ဟီး " မငြိမ်းဝေ မေးလိုက်မှ ငြိမ်းသည် ဝမ်းနည်းပက်လက်နှင့် ထပ်မံ ငိုချလိုက်ပြန်လေ၏။ မငြိမ်းဝေမှာ ငြိမ်းကိုကြည့်ပြီး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားရလေသည်။ "ဘာ...ဘာဖြစ်တာလဲသမီးရယ်...မြန်မြန်ပြောစမ်းပါ အမေ့ကို " "ကြီးကြီးကလေ... သမီးကို သူခိုးတဲ့ ...သမီးသူငယ်ချင်းတွေရှေ့မှာ ပြောတာ" "ဘာ...ဘယ်လို ..." ငြိမ်း၏စကားကြောင့် မငြိမ်းဝေ အစ်ကိုဖြစ်သူ အိမ်ကို ကြည့်လိုက်မိ၏။ ကိုကျော်ဦးတို့ တစ်အိမ်လုံးတိတ်ဆိတ်နေသည်။ မငြိမ်းဝေတို့ အခန်းနှင့်ဆက်ထားသော ပြတင်းပေါက်ကိုလည်း ပိတ်ထားလေ၏။ "သမီး သူငယ်ချင်းတွေက ...သမီးဆီ စာလာမေးတာကို နားငြီးလို့ဆိုပြီးမောင်းထုတ်တယ်...ပြီးတော့ မုန့်ထုတ်နဲ့ ကောဖိမစ်ထုတ်တွေ ပျောက်လို့တဲ့...သမီးခိုးတာတဲ့ ...အီး...ဟီး..ဟီး...သမီးမခိုးစားပါဘူးအမေ...သူတို့က ဘာလို့ သမီးကိုပဲသူခိုး စွပ်စွဲနေကြတာလဲ..." ပြောရင်းငိုနေသော ငြိမံးကို ကြည့်ပြီး မငြိမ်းဝေ ရင်ထဲ တဆစ်ဆစ်နာကျင်မိလေ၏။ မငြိမ်းဝေတို့စရောက်သည့်နေ့ကတည်းက ယောင်းမဖြစ်သူ မအေးခိုင်က မကြည်တာလည်းသိပါသည်။မငြိမ်းဝေတို့သားအမိကို မခေါ်မပြောတာလည်း သိသည်။ စောင်းလားမြောင်းလား ပြောနေ့တာလည်းသိသည်။ယုတ်စွအဆုံး မီးကိုညနက်ထိဖွင့်ထားမိလျှင်ပင် ဆူအောင့်ပြီး ပြတင်းတံခါးကိုလာဆောင့် ပိတ်တာလည်းသိပါသည်။ သို့သော်လည်း မငြိမ်းဝေ မာန်ကိုချိုးထားရ၏။ ယခုအချိန်န် မငြိမ်းဝေတို့သားအမိသည် သူတို့အိမ်၌ကပ်နေရသည် မဟုတ်ပါလား။ပြီးလျှင် ယခုခြံသည် မိဘတွေရှိစဉ်ကတည်းက အပေါင်ဆုံးလုနီးနီးဖြစ်ခဲ့သည်ကိုလည်း မငြိမ်းဝေသိပါသည်။ ထို့အတွက် ခြံ ကိစ္စနဲ့ပတ်သက်ပြီး စောဒကလည်း မတက်ခဲ့။သည်အိမ်၌ မငြိမ်းဝေတို့သားအမိလာနေရခြင်းသည် ခြံကိစ္စကြောင့် မဟုတ်ဘဲ နေစရာမရှိ၍ခဏ တဖြုတ် သာနေမည့်အကြောင်းကိုလည်း မကြာခဏရှင်းပြခဲ့ပါလျက်နှင့်ယောင်းမဖြစ်သူသည် အမြင်မကြည်နိုင် ဖြစ်နေမှန်းလည်းသိပါလေ၏။မငြိမ်းဝေအံကိုတင်းတင်းကြိတ်ထားမိ လေ၏။ မငြိမ်းဝေ တို့ သားအမိအဖြစ်က "ကျားကြောက်လို့ရှင်ကြီးကိုးရှင်ကြီးက ကျားထက်ဆိုး"ဆိုသော ဘ၀မျိုးဖြစ်နေလေ၏။ "သူတို့တွေ ဘယ်သွားကြလဲ သမီး...အသံမကြားဘူး..." "တိုးတိုးနဲ့မိုးမိုးကကျူရှင်သွားတယ်..ဘဘက လမ်းထိပ် ဆိုင်မှာ ...ကြီးကြီးကတော့ မြေကွက် အ၀ယ်လာလို့ လိုက်ပြတယ်..." ငြိမ်းသည် မျက်ရည်စအကျန်များကို လက်နှင့် ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်ပြီး မိခင်ကို ပြန်ဖြေလိုက်သည်။ "ခဏလေးပဲ သည်းခံပါသမီးရယ် ... ဒီနှစ်ကျောင်းပိတ်ရက်နွေရာသီလောက်ဆို အမေတို့ ကိုယ့်အိမ်နဲ့ ကိုယ်နေနိုင်တော့မှာပါ..." "တ.တကယ်လား အမေ...တကယ်နော်ပျော်လိုက်တာ...ဒီနှစ်ကျောင်းပိတ်ရင်တော့ ကိုယ့်အိမ်နဲ့ ကိုယ်နေရမှာပေါ့နော်...." " တကယ်ပေါ့ သမီးရယ် အမေကြိုးစားနေတယ်...သမီးလေးခဏပဲ စောင့်ပါနော်..." "အဲ့ဒါဆို သမီးလည်း အစားလျှော့စားမယ် အမေ...ကျောင်းသွားရင် မုန့်ဖိုးလည်းမယူတော့ဘူး " ငြိမ်း၏ စကားကြောင့် မငြိမ်းဝေ သည် မျက်ရည်ဝဲမိပြန်လေ၏။ငြိမ်းသည် မိခင်အပေါ်သိတတ်လွန်းလှသလို ဘ၀ကို အရွယ်နှင့် မလိုက်အောင် နေတတ်စားတတ်သူလည်းဖြစ်၏။ "မဟုတ်တာ သမီးရယ် ...အစား လျှော့စားစရာ မလိုပါဘူး..တော်ကြာ အစား လျှော့စားလို့ကျန်းမာရေးမကောင်းရင် အမေတို့ စိတ်ကူးထားသလို ဘယ်ဖြစ်နိုင်တော့မလဲ..အဓိကက လိုအပ်တာကိုစားရသုံးရမယ် ....အပိုမသုံးရဘူး...ပြီးတော့သမီးလုပ်ရမှာက ပညာကို တစ်နှစ်တစ်တန်းမှန်မှန်အောင်ဖို့ပဲကြိုးစား..." မိခင်ဖြစ်သူ၏ စကားကြောင့် ငြိမ်းကျေနပ်ပျော်ရွှင်သွားမိပြီး လက်ရှိခံစားနေရသော သောကများကိုပါမေ့ပျောက်သွားမိလေသည်။ "အမေရေချိုးတော့လေ ...သမီး ထမင်းခူးထားလိုက်မယ် " မငြိမ်းဝေက ငြိမ်းကိုခေါင်းငြိမ့်ပြလိုက်ပြီး ရေချိုးဖို့ပြင်လိုက်သည်။ငြိမ်းက လက်ထဲမှ စာအုပ်ကိုချပြီး ရေလဲထဘီ ဟောင်းလေးကို ယူပေးလေ၏။ငြိမ်း၏အပြုအမူကြောင့် မငြိမ်းဝေ ရင်ထဲကျေနပ်ပီတိဖြစ်ရလေ၏။ ******* "ရပါတယ် သမီးရဲ့ ...အမေ့ဘာသာဆွဲပါ့မယ်....တော်ကြာ ကျောင်း အင်္ကျီတွေ ပေကုန် မယ် " မငြိမ်းဝေပြောရင်း ငြိမ်းလက်ထဲမှ စျေးဆွဲခြင်းကို ပြန်ယူလိုက်၏။သို့သော် ငြိမ်းက မလွတ်ပေး ပြန်ဆွဲထား လေ၏။ "ရပါတယ်အမေ...အမေ့ခေါင်းပေါ်မှာလည်း ရွက်ထားရသေးတဲ့ဟာ ...ဒီလောက်တော့သမီးနိုင်ပါတယ်.."

"ရှင်တို့သဘောပဲ...ရှင်တို့မောင်နှမတွေ အဆင်ပြေရင် ပြီးတာပဲ...ကျုပ်က ဘေးသူစိမ်းပဲဟာ ..." **** မငြိမ်းဝေနှင့် ငြိမ်းတို့ ကိုကျော်ဦးတို့အိမ်ကျဉ်းလေးထဲတွင် တစ်ညတာ ကျပ်ကျပ်တည်း တည်း ခက်ခက်ခဲခဲ အိပ်စပ်ခဲ့ကြပြီး နံနက်လင်းသည်နှင့် အစ်ကိုဖြစ်သူကို ငွေပေးပြီး ဝါးကြမ်းခင်း၊ထရံကာပြီး တာလပတ်မိုးသော အဖီကို နေ့ချင်းပြီး ဆောက်လိုက်ကြလေသည်။ "အိမ်က အတော် မှောင်သွားတာပဲ" မအေးခိုင်သည် မကျေမချမ်း ရေရွတ်လျက် ခြေကို ဆောင့်နင်း၍ အိမ်ရှေ့သို့ပြန်ထွက်သွားလေ၏။ မငြိမ်းဝေသည် မအေးခိုင်၏ အသကိုကြားသော်လည်း မသိယောင်ပြု၍နေလိုက်၏။ မငြိမ်းဝေတို့၏ အခန်းသည် မအေးခိုင်တို့ ထမင်းစားခန်းပြတင်းပေါက်မှ အဖီဆွဲလိုက်ခြင်းဖြစ်သောကြောင့် မအေးခိုင်တို့နောက်ဖေးခန်းဘက်မှာ အနည်းငယ်မှောင်သွားလေသည်။မအေးခိုင်သည် မငြိမ်းဝေထက် ဆယ်နှစ်မျှကြီးသောကြောင့် မငြိမ်းဝေကို အားနားခြင်းမပြုဘဲ စောင်းမြောင်း ပြောဆိုလေ့ရှိ၏။ သို့ကြောင့်ပင် အကိုဖြစ်သူ အိမ်ထောင်ပြုသည်နှင့် မငြိမ်းဝေလည်း ကိုအောင်မင်းခေါ်ရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားခဲ့ခြင်းဖြစ်ပါလေသည်။ ** မငြိမ်းဝေ သည် ရန်ကုန်သို့ ရောက်ပြီး တစ်ပတ်အတွင်းမှာပင် မနက်ပိုင်း၌ ဈေးထဲတွင် ငါးခြောက်ရောင်းပြီး ဈေးသိမ်းပြီးအိမ်သို့ရောက်သည်နှင့် ဈေးချုပ် အထည်များယူ ချုပ်သည်။ မငြိမ်းဝေချုပ်သောစက်ကလေးမှာ ဈေးသက်သက်သာသာနှင့့်ရသော စက်အဟောင်းကို ဝယ်လိုက်ခြင်းဖြစ်သောကြောင့် စက်သံမှာ ဆူလှပေသည်။ထို့ကြောင့် မငြိမ်းဝေမှာ ညမှောင်လာသည်နှင့် စက်ချုပ်ခြင်းကို ရပ်နားရလေ၏။ "ငြိမ်း...ရုပ်ရှင်ကြည့်ချင်ရင် ဘဘတို့အိမ်ပေါ်မှာ သွားကြည့်လေသမီး..." မိခင်ဖြစ်သူကို ငြိမ်းခေါင်းခါပြလိုက်သည်။ "မကြည့်ချင်ပါဘူး အမေရယ်... ကြီးကြီးက ကြိုက်ပုံမရဘူး...မိုးမိုးနဲ့ တိုးတိုးကလည်း သမီးသွားရင် တံမြက်စည်းလှည်းခိုင်း ၊ အိမ်တိုက်ခိုင်းနဲ့ မသွားချင်ဘူ...သမီးတို့ ဘာသာ တိဗွီ ၀ယ်နိုင်မှ ကြည့်တော့မယ်...." "သမီးလေးရယ်...ခဏ သည်းခံစောင့်ပါနော် အမေကြိုးစားပါမယ်...." မငြိမ်းဝေသည် ငြိမ်းမျက်နှာကို ကရုဏာသက်စွာ ကြည့်ရင်း ခပ်တိုးတိုးပြောလိုက်မိသည်။ ငြိမ်းက ညနေစာအတွက် ချဉ်ပေါင်ရွက်များကို ခြွေရင်းမှ မိခင်ဖြစ်သူကို လှမ်းပြောလိုက်သည်။ "အမေ...သမီး ဘော်ကြယ် ထိုးချင်တယ်... ယူထိုးရမလား ဟင်...." "ဘောကြယ် ထိုးမယ် ဟုတ်လား....သမီးထိုးတတ်လို့လား....ဖိနပ်တွေထိုးမှာလား....အိမ်တွင်း ဗောင်းတော်တွေမှာ ထိုးမှာလား...." " ထိုးတတ်ပါတယ် အမေရဲ့...ဟိုဘက်အိမ်က မမပျိုကြီးဆီမှာ သင်ထားတယ်....ဖိနပ်ကတော့ ဈေးပိုရတာပေါ့အမေ...ဒါပေမဲ့ ဖိနပ်က လူသစ်ကို မပေးဘူး လက်ရာ မလှမှာစိုးလို့တဲ့...ဗောင်းတော်ကစျေးနည်းပေမဲ့ ယူထိုးလို့ရတယ်..." "ဖြစ်ပါ့မလား သမီးရယ်...မကြာခင် ကျောင်းလည်း ဖွင့်တော့မှာ...ပြီးတော့ အဲဒီအလုပ်တွေက အာရုံသိပ်စိုက်ရတာ သမီးရဲ့...." "ရပါတယ် အမေရယ်... ကျောင်းဖွင့်ရင် သမီးမထိုးတော့ဘူးလေ နော် အမေ.... သမီးစက်ချုပ်ကူမယ်ဆိုတော့လည်း အမေက ခွင့်မပြုဘူး...." ငြိမ်းကမိခင်ဖြစ်သူကို မကျေမနပ်ပြောလိုက်မိသည်။ "အမေက သမီးကို ပညာပဲ ကြိုးစားစေချင်တာ...အလုပ်လုပ်မဲ့အစား အမေ၀ယ်ပေးထားတဲ့ စာအုပ်တွေပဲ ဖတ်ပါသမီးရယ်......" "ဖတ်ပါတယ် အမေရဲ့ စာတွေလည်းဖတ်ပါတယ်....တစ်နေကုန်အား နေတာပဲ တစ်ခု နှစ်ကျပ် တောင်ရတာ တစ်ခုတစ်ခုကို ခဏလေးထိုးရတာ..." ** "အမေ ပြန်လာပြီ ... ပေး..ပေးဆွဲခြင်း သမီးကို ပေး " ငြိမ်းသည် စျေးရောင်းပြီး ပြန်လာသော မိခင်ဖြစ်သူလက်ထဲမှ ငါးခြောက်များထည့်ထားသော ဆွဲခြင်းကို လှမ်းယူလိုက်သည်။ "သမီး....တစ်မနက်လုံးထိုင်လုပ်နေတာလားကွယ်....ထမင်းဟင်းက ချက်ထားသေးတယ်ပေါ့...စာတွေရော ဖတ်ရဲ့လား သမီး....လကုန်ရင် ကျောင်းက တက်ရတော့မှာ .... ခုနှစ်တန်းကျောင်းသူဖြစ်တော့မှာနော်သမီး..." "စာဖတ်ပါတယ်အမေရ..ခု မှ စထိုးတာ ပါ..." ငြိမံးကို ပြောမည့်သာ ပြောရသည် မငြိမ်းဝေ ကိုယ်တိုင်လည်း ညနေစက်ချုပ်နားလျှင် ခဏတစ်ဖြုတ်နားပြီး ၀င်ထိုးမိတတ်သည်။တစ်ခုနှစ်ကျပ်နှင့် တစ်နေ့လျှင် နှစ်ရာလောက်ပြီးသည်။တစ်ခါတလေများဆို ဘေးမှ အဝိုင်းပြားလေးတွေထိုးပြီး အလယ်မှ ပန်းခက်လေး ထိုးရုံ သာဆိုလျှင် လွယ်ကူလွန်းသောကြောင့် တစ်နေ့သုံးရာလောက်မျှပြီးလေ၏။ဆန်တစ်ပြည်မှသုံးလေးရာ ။ ဘော်ကြယ် ထိုး၍ရသော ငွေနှင့် အိမ်စရိတ် ၊ မီးဖိုး ဖူလုံ လေ၏။မငြိမ်းဝေ ဈေးရောင်းရသော အမြတ်ငွေ ကိုခြစ်ခြစ်ကုပ်ကုပ် စုဆောင်းထားလိုက်သည်။မငြိမ်းဝေတို့ သားအမိသည် ထမင်းမှ လွှဲ၍ မုန့်ပဲသရေစာ တောင်မစားဘဲ ငွေကိုအရ စုဆောင်းကြသည်။ကိုယ်ပိုင်အိမ်ခြနှင့်နေရဖို့သည် မငြိမ်းဝေတို့ သားအမိ၏ မျှော်လင့်ချက်ဖြစ်လေ၏။ ** "အဟင့်....ဟင့်...ဟီး...ဟီး...." အိမ်ထဲသို့ဝင်ခါနီးတွင် အခန်းကျဉ်းလေးထဲမှ သမီးဖြစ်သူ ငြိမ်း၏ ရှိုက်သံသဲ့သဲ့ကို ကြားလိုက်ရသောကြောင့် မငြိမ်းဝေ ခေါင်းပေါ်မှ ချေးခြင်းကို ကပျာကယာချလိုက်ပြီး ထိတ်ထိတ်ပျာပျာနှင့် အခန်းထဲသို့လှမ်းဝင်လိုက်မိလေ၏။ @@@@@@@@@@@@ အပိုင်း (၆) ဆက်ရန် ဧကြည်ဖြူ

မငြိမ်းဝေ ငြိမ်း၏ လက်ကိုဆဲ့ပြီးလျှင် တိုးကြောင်းလေးဘူတာထဲမှ ထွက်ခဲ့လိုက်သည်။ လမ်းကျဉ်းလေးအတိုင်း ထွက်လာခဲ့ပြီးနောက် ကားမှတ်တိုင်သို့ရောက်ရှိလေသည်။မှတ်တိုင်တွင် လူများရပ်လျက် ကားစောင့်နေကြသည်ကို တွေ့ရသလို ကွမ်းယာဆိုင်ကလေးကိုလည်း တွေ့ရ၏။ မငြိမ်းဝေသည် မြို့သူစစ်စစ်ဖြစ်ခဲ့သော်လည်း ယခုအခါ၌တောရည်တောသွေးဖုံးလွှမ်းနေပြီဖြစ်သော မြို့တစ်ပိုင်းတောတစ်ပိုင်းသူပီပီ တောင်သွားရမလိုလို မြောက်သွားရမလိုလိုနှင့် အူလည်လည် ဖြစ်နေမိ၏။ တိုးကြောင်းလေးဘူတာနှင့် မစိမ်းသက်လှသော်လည်း သွားရမည့်နေရာသို့ ဘာကားစီးသွားရမှန်းမသိပါလေ။ ငြိမ်းသည်လည်း မိခင်၏ အူလည်လည်ဖြစ်နေသော အမူအယာကို စိုးရိမ်တကြီး ကြည်နေမိ၏။စိတ်ထဲမှလည်း ငြိမ်းတို့အတွက် သွားစရာအိမ်မရှိလေရော့သလားဟုတွေးနေမိလေ၏။ မငြိမ်းဝေသည် သမီးလေးငြိမ်း၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်းမှ ကွမ်းယာဆိုင်နားသို့သွားကာ မဝံ့မရဲ မေးလိုက်မိ၏။ " ဟို အစ်မရေ ... ကျွန်မလေ ... ဒဂုံတောင်( ....) ရပ်ကွက်ကို သွားချင်လို့ ပါ....ဘယ်ကားစီးရမလဲရှင် ..." " ( ... ) ရပ်ကွက်ကိုသွားတဲ့ ကားက ဒီဘက်က မလာဘူး ညီမရဲ့...ဟော ဟိုမှာမီးပွိုင့်တွေ့လား ....အဲ့ဒီကနေ ဘယ်ကို ချိုးပြီး...ဟိုဘက်လမ်းကိုကူးပြီး ကြိုက်ရာ ကားကိုစီးရောက်တယ် " ကွမ်းယာဆိုင်မှ အစ်မကြီးက အသေအချာ လမ်းညွှန် ပြလေ၏။အမှန်တကယ်တော့ ရန်ကုန်သည် ယောက္ခမဖြစ်သူ ပြောနေသကဲ့သို့ လူလိမ်လူကောက်များသော၊ မာန်မာနထောင်လွှားသော | ပျင်းရိသူများနေထိုင်ရာ မြို့မဟုတ်ဘဲ စိမ်းစိမ်းကျက်ကျက် လူတာကာကို နွေးထွေးစွာကြိုဆိုတတ်သော မြို့ဟု၍ မငြိမ်းဝေ တို့မြို့သူများကို အတင်အမြင်သေးလှသော ယောက္ခမကြီးကို သိစေချင်မိ၏။ မငြိမ်းဝေ သည် ကားများလူးများကြားမှ လမ်းကူးလာရင်း ယောက္ခမဖြစ်သူကို မြင်ယောင်မိလိုက်သောကြောင့် ခေါင်းကို ယောင်ယမ်းခါယမ်းလိုက်မိလေ၏။ *** ကိုကျော်ဦးနှင့်မအေးခိုင်တို့ ဇနီးမောင်နှံသည် မငြိမ်းဝေတို့ သားအမိကို ကြည့်ပြီး ပါးစပ်အဟောင်းသားဖြင့် အံ့သြနေကြလေ၏။ " ဘာပြောတယ် ငြိမ်းဝေ ...နင် အိမ်ထောင်နဲ့ ကွဲလာတယ်ပေါ့ ဟုတ်လား .... ဒီကလေးက နင့်သမီးလား .... ဒီခေတ်ဒီခါကြီးထဲ ကလေးတစ်ယောက်နဲ့ ရန်ကုန်မှာနေထိုင်စားသောက်ဖို့ဆိုတာ လွယ်တယ်များမှတ်နေလား ... ပြီးတော့ ဧည့်စာရင်းဆိုတာနေ့တိုင်းစစ်နေတာ နေရေးထိုင်ရေးကို လွယ်တယ်များ ထင်နေလား ..ခု ဘယ်မှာနေမယ် စိတ်ကူးထားလို့ပြန်လာခဲ့တာလဲ...ကလေးက မကြာခင် ကျောင်းတက်ရတော့မှာမဟုတ်လား....နင်နေခဲ့တဲ့မြို့မှာသာပြန်နေစမ်းပါဟာ... " ရောက်ရောက်ချင်း ဆောက်နဲ့ ထွင်း ဆိုသလိုပင် အစ်ကိုဖြစ်သူ ကို ကျော်ဦး၏ စကားများသည် မငြိမ်းဝေ နှင့် ငြိမ်းတို့နားထဲ သံရည်ပူများလောင်းချသကဲ့သို့ ကျရောက်လာလသည်။ယောင်းမဖြစ်သူမအေးခိုင်ကမူ ဘာမျှ ဝင်မပြောသော်လည်း ငြိမ်းနှင့်အသက်အရွယ် မကွာလှသော သူတို့၏ ကလေးနှစ်ယောက်ကို အော်ကြီးဟစ်ကျယ်ဖြင့ပြောဆိုမာန်မဲနေလေ၏။ "ဟဲ့...နင်တို့တွေ ... ဒီမှာလူကြီးတွေ စကားပြောနေတယ်လေ... လူလိုနားမလည်ကြဘူးလားဟဲ့...ဆပ်ပြာခွက်လောက်ရှိတဲ့ အိမ်ကျဉ်းကျဉ်းလေးထဲမှာ ပြေးလွှားနေရသလားဟဲ့" ယောင်းမဖြစ်သူ၏ အပြုအမူကြောင့် မငြိမ်းဝေ ခပ်ယဲ့ယဲ့ပြုံးမိလေ၏။ ငြိမ်းမှာမူ မိခင်ဖြစ်သူ၏နားသို့ မသိမသာ တိုးကပ်မိလေ၏။ ခရီးဝေးက လာကြသော သူတွေကို ရင်၀ကို ဆီးကန်ပုံခြင်း၌ ကိုကျော်ဦးတို့လင်မယားနှင့် ဒေါ်စန်းမြင့်တို့ မိသားစုသည် သူမသာကိုယ်မသာ ရှိကြလေသည်။ "နင်လည်း မြင်တဲ့အတိုင်းပဲ ငြိမ်းဝေ ...ငါတို့အိမ်ကလည်းခပ်ကျဉ်းကျဉ်း ... ပြီးတော့ ဒီခြံကလည်း အဖေနဲ့အမေ မကျဉ်းမာလို့ပေါင်နှံထားခဲ့ရတာကို သူနဲ့ယူပြီးမှ သူစျေးရောင်းရတဲ့ထဲက ငွေနဲ့မနည်း ပြန်ရွေးယူထားရတာလေ..." မငြိမ်းဝေဒုတိယအကြိမ်မြောက် မသိမသာ ပြုံးမိ၏။ပြီးလျှင် ငို့မဲ့မဲ့ မျက်နှာလေးနှင့်မော့ကြည့်နေသော သမီးဖြစ်သူ ငြိမ်း၏ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး အားမာန်ကိုတင်းလိုက်မိသည်။ "ကျွန်မ သိပါတယ်အစ်ကို ....ကျွန်မ ဒီကိုပြန်လာတယ်ဆိုတာ အစ်ကိုတို့အိမ်မှာနေဖို့ဆိုတာထက် သမီးလေး နောင်ရေးအတွက် ဆွေမျိုးတွေရဲ့အရိပ်မှာ ခိုလှုံချင်လို့ပြန်လာခဲ့တာပါ ....သိပ်မကြာပါဘူးအစ်ကို....သုံးလေးငါးလလောက်ပဲ အစ်ကို အိမ်ဘေးကပိုနေတဲ့မြေကွက်နဲ့စည်ပင် မြောင်းဖုံးပေါ်မှာ အဖီဆွဲနေခွင့်ပြုပါ...အစ်မအေးခိုင်ဆီမှာလည်း ခွင့်တောင်းပါရစေရှင်..." မငြိမ်းဝေ၏စကားဆုံးသောအခါ ကိုကျော်ဦးသည် ဇနီးဖြစ်သူ မအေးခိုင်ကို လှမ်းကြည့်လိုက်သည်။ကိုကျော်ဦးတို့နေသော မြေကွက်သည် ဆယ်ပေခြောက်ဆယ်ပေကျယ်သော ခြံတစ်ကွက်ဖြစ်ပြီး ထောင့်ကွက်ဖြစ်လေသည်။ထို့ကြောင့်အိမ်ဘေးတွင် မြေပိုသုံးပေခန့်မျှနှင့် စည်ပင် မြောင်းကျယ်ကြီးရှိလေ၏။အများစုမှာ စည်ပင် မြောင်းများပေါ်တွင် ဆိုင်များ၊ တဲများထိုးထားကြသောရပ်ကွက်ဖြစ်သောကြောင့် ကိုကျော်ဦးတို့အိမ်ဘေးတွင် အဖီဆွဲချ၍နေမည်ဆိုလျှင် ရ၏။ပြီးတော့ အိမ်ရှေ့မျက်နှာစာဘက်တွင် မဟုတ်ဘဲ မီးဖိုချောင် ဘေးမှကပ်၍ဆွဲလျှင် အဆင်ပြေလေ၏။ မအေးခိုင်သည် ကိုကျော်ဦးကို ခပ်ဆတ်ဆတ်လေးပြန်ကြည်လိုက်ပြီးလျှင် အသံမာမာနှင့် ပြောလေ၏။

ဧကြည်ဖြူ " ချစ်ဆိပ် " c (ချူ ) အပိုင်း (၅) - - - - - - - - - - - ---- မငြိမ်းဝေ လက်ဆွဲအိတ်ကို ကောက်ယူလိုက်ပြီး ငြိမ်းကိုလက်ဆွဲခေါ်လိုက်သည်။ပြီးလျှင် မငြိမ်းဝေနှင့် ငြိမ်းတို့သည် ဒေါ်စန်းမြင့်တို့မိသားစုနေသော အိမ်ကြီးကို နောက်ဆုံးအကြိမ်အဖြစ်လှည့်ကြည့်လိုက်မိသည်။ညကတည်းက ငြိမ်း၏ဘွားအေ ဖြစ်သူဒေါ်စန်းမြင့်နှင့် ငြိမ်းကြီးတော်မအေးဆင့်ကို ကန်တော့ပြီးပြီဖြစ်၍ သားအမိနှစ်ယောက် ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်ခဲ့ကြလေသည်။ရေနံချေး ၀နေသော ခြေတံရှည်သစ်သားအိမ်ကြီးသည် မငြိမ်းဝေတို့သားအမိကို မသိကျိုးကျွံပြုလျက် ကျန်ခဲ့လေသည်။ထိုနည်းတူ အိမ်ကြီး၏ နောက်ဖေးမီးဖိုချောင်မှ မှန်အိမီးမှိန်မှိန်သည်လည်း မငြိမ်းဝေ တို့သားအမိကို ဥပေက္ခာပြုလျက်ခပ်မှိန်မှိန်လင်းနေလေ၏။ အာရုံဦး၏ လင်းကြက်တွန်သံများ အဆက်မပြတ်ထွက်ပေါ်နေသော်လည်း အပြင်လောက၌ အလင်းသည် မပီပြင် မသဲကွဲသေးပါချေ။မြို့သို့သွားမည့် ထော်လာဂျီကို ဘေးရွာမှာ သွားစီးရမည်ဖြစ်သောကြောင့် ထော်လာဂျီကို အမီသွားရန် မိုးမလင်းခင်ကပင်ခပ်စောစောထွက်ကြရလေသည်။ မငြိမ်းဝေ သည် လက်ထဲမှ သုံးတောင့်ထိုးလက်နှိပ် မီးဖြင့် လမ်းမကို ထိုးလိုက်သည်။ဓါတ်မီး၏အလင်းရောင်အောက်တွင် သဲလမ်း ဖွေးဖွေးကို တွေ့ရ၏။ ခွေးဟောင်သံများစီခနဲထွက်လာသည်။ငြိမ်းကြောက်မည်စိုး၍ မငြိမ်းဝေက ငြိမ်းလက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ငြိမ်းသည်လည်း ခေသူမဟုတ်။မိခင်ကြောက်နေမည်စိုးသောကြောင့် မိခင်၏လက်ကို တင်းတင်းပြန်ဆုပ်ကိုင်လိုက်သည်။ ညသည် မှောင်မိုက်နေဆဲ။အာရုံဦး၏အလင်းနုနုသည် အမှောင်ကို ဖြိုခွင်းဖို့ရန် အားယူနေဆဲ ။ မငြိမ်းဝေတို့သားအမိနှစ်ယောက် ရွာချင်းဆက်လမ်းမအတိုင်း ဓါတ်မီးလေး ထိုးကာထိုး ကာဖြင့် လျှောက်ခဲ့ကြရင်း နိုးတစ်ဝက် အိပ်တစ်ဝက်ရွာကြီးကို ကျောခိုင်းခဲ့ကြလေသည်။ "သမီးတို့ ဘယ်ကိုသွားမှာလဲ အမေ" ငြိမ်းက မိခင်ဖြစ်သူကိုခပ်တိုးတိုးမေးလိုက်သည်။ " အမေ့သမီးလေးရေမထမ်းရ....နွားချေးမကျုံးရ....ကုက္ကိုသီး မကောက်ရ...ထင်းမရှာရတဲ့နေရာကို သွားကြမယ်...." မငြိမ်းဝေက ငြိမ်း၏အမေးကို အားမာန်အပြည့်နှင့် ဖြေလိုက်သည်။ "တကယ်လား အမေ....အဲ့နေရာမှာရော သမီးတို့အတွက် နေစရာအိမ်မရှိလို့....သမီးတို့က အိုးတွေ ခွက်တွေနဲ့ အဝတ်အစားတွေအကုန်သယ်မလာတာလား ဟင်...." "ဪ...သမီးက အဲ့ဒါကို ပူနေတာလား.... မပူပါနဲ့ သမီးရယ်...အဲ့ဒီနေရာမှာ အိုးတွေခွက်တွေပြန်ဝယ်လို့ရတယ်... ဒီကသယ်တာထက်တောင် ဈေးပိုသက်သာတယ် သမီးရဲ့...ပြီးတော့ အဲ့ဒီမှာ အဝတ်အစားလှလှလေးတွေကိုစျေးပေါပေါနဲ့ရောင်းတဲ့ ဘေးထုတ်သည်တွေလည်းရှိလို့ အမေတို့ အပင်ပန်းခံပြီး ဘာမှသယ်သွားစရာ မလိုဘူးလေ..." ထိုစဉ်ကတော့ ငြိမ်းသည် ဈေးပေါသည် ဆိုသောစကားကိုသာ သေချာနားလည်ခဲ့သည်။ဘေထုပ်သည် ဆိုသော အသုံးအနူန်းကို သဘောပေါက်နားလည်ခြင်းမရှိခဲ့ပါလေ။ငြိမ်းသည် နောင်တစ်ချိန်၌ ဘေထုပ်သည်ဆိုသော ဝေါဟာရနှင့်ရင်းနှီးပတ်သက်ရလိမ့်ဟု လုံးဝမတွေးတောမိခဲ့ပါချေ။ "ဒါဆို သမီးတို့ နေဖို့ အိမ်ရှိတာပေါ့နော်....ဒါနဲ့ အဘွားတို့လိုလူမျိုးတွေနဲ့ အတူတူနေရမှာလား ဟင်...အရင်က အိမ်ကိုသတိရလိုက်တာအမေရယ်..." ငြိမ်းသည် မိခင်ကို မေးရင်းပြောရင်းမှ အရင်ကမိသားစုအတူနေခဲ့သည့်အိမ်လေးကို သတိရမိသွားသည်။အိမ်မှာ အဖေရယ် အမေရယ် ငြိမ်းရယ် သိပ်ကို ပျော်စရာကောင်ခဲ့သည် လေ။ပြီးလျှင် တင်ထူးအောင်ကိုလည်း ငြိမ်းသတိရလိုက်မိပြန်သည်။တင်ထူးအောင်နှင့် ငြိမ်းသည် ငယ်စဉ်ကတည်းက အတူစား၊အတူသွား၊ အတူကြီးပျင်းခဲ့ကြသည်။တကယ်လို့များ တင်ထူးအောင်တို့အိမ်သို့ တင်ထူးအောင် ၏အဒေါ်ဖြစ်သူဒေါ်လေးနွဲ့ရောက်မလာခဲ့ရင် အခုချိန်အဖေနဲ့ ငြိမ်းတို့သားအမိနှစ်ယောက် အရင်လိုပဲပျော်ရွှင်နေကြမည်လားဟုငြိမ်း တွေးလိုက်မိသည်။ထိုသို့တွေးမိသောအခါ ငြိမ်းသည် ဒေါ်လေးနွဲ့ကိုမုန်းတီးမိ၏။ထို့နောက် တင်ထူးအောင်နှင့် သူ့မိသားစုများကိုပါ မုန်းတီးမိ လေသည်။စဉ်းစားတွေးတောရင်းမှ နောက်ဆုံး၌ငြိမ်းသည် ဖခင်ဖြစ်သူကိုပါ နားကျည်းမုန်းတီးမိလေး၏။ "ငြိမ်း သမီးလေး..ဘာတွေတွေးနေတာလဲ...." မငြိမ်းဝေသည် တိတ်ဆိတ်သွားသော သမီးဖြစ်သူ ငြိမ်းကိုခပ်တိုးတို့မေးရင်း မှ သက်ပြင်းကို မသိမသာချလိုက်သည်။သမီးလေး ငြိမ်းသည် အရွယ်နှင့်မလိုက်အောင် နေရေးထိုင်ရေးအတွက် ပူပင်သောကများနေသည်ကို သိရသောအခါ မငြိမ်းဝေရင်ထဲ တဆစ်ဆစ်နာကျင်လာရလေသည်။ **** မငြိမ်းဝေတို့ သားအမိ ရထားပေါ်မှ ဆင်းလိုက်ပြီးလျှင် လူများ ၊ကားများဖြင့် ရှုပ်ထွေး စည်ကားနေသော မြင်ကွင်းကိုကြည့်ပြီး ငြိမ်းသည် ခေါင်လေး ချာချာလည်အောင် လိုက်ကြည်နေမိသကဲ့သို့ မငြိမ်းဝေ ကိုယ်၌လည်း လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလ အင်္ဂလိပ်ခုနှစ် (၁၉၉၄) ခုနှစ်နှင့် ယခုလက်ရှိ (2005) ခုနှစ်တို့၏ အပြောင်းလဲကြီးပြောင်းလဲနေသော ရန်ကုန်မြို့ကြီးကို မျက်စိသူငယ် နားသူငယ်နှင့် အံ့သြမင်သက်စွာကြည့်နေမိလေ၏။ "ကားတွေရော လူတွေရော....အိမ်တွေရော အများကြီးပဲနော် အမေ ... သမီးတို့အိမ်ကဘယ်မှာလဲဟင် ...." "အမေတို့အိမ်ရောက်ဖို့ကား စီးရဦးမှာ သမီးရဲ့...အမေ့လက်ကို သေချာဆွဲထားနော်...မလွတ်စေနဲ့..ကြားလား သမီး..."

ဒေါ်တင်အေးသည် ပြောပြောဆိုဆိုနှင့် ခြံထဲသို့ဝင်ချလာလေသည်။ ဒေါ်တင်အေးသည် ငြိမ်း၏ ဘွားအေ ဒေါ်စန်းမြင့်နှင့်သက်တူရွယ်တူ ပြောမနာဆိုမနာ သူငယ်ချင်းများလည်းဖြစ်သောကြောင့် အားမနာတမ်းပြောလိုက်လေသည်။ထိုအခါမှ ဒေါ်စန်းမြင့်တို့သားအမိမှာ အားမတန်မာန်လျော့သွားသည့်ဟန်ဖြင့် လျောချလိုက်ကြလေသည်။ "အိုတော် ... သူက သေချာမဖြေတော့ ကျုပ်တို့က ဘယ်သိမလဲ ရီးလေးတင်အေးရဲ့....ကလေး အကျင့် စာရိတ္တပျက်စီးမှာစိုးလို့ ဆုံးမတာပါ ..." မငြိမ်းဝေသည် ငိုနေသော သမီးဖြစ်သူငြိမ်းကို ရင်ခွင်ထဲ ဆွဲခေါ်လိုက်ပြီးလျှင် ယောက္ခမနှင်ယောင်းမရှေ့တွင် မတ်မတ်ရပ်လိုက်သည်။ထို့နောက် ယောက္ခမ၏ မျက်နှာကို တည့်တည့်စိုက်ကြည့်လိုက်ပြီး စကားကို တစ်ခွန်းချင်းပြတ်သားစွာပြောလိုက်လေသည်။ "ဒီလပြည့် ကျော်ရင် ကျွန်မတို့သားအမိ အိမ်ပြောင်းတော့မယ်..." @@@@@@@@@@@@@@@ အပိုင်း (၅) ဆက်ရန် ဧကြည်ဖြူ

ခပ်ရလေသည်။ငြိမ်းတို့အဘွားအိမ်သည် ရွာ၏အရှေ့ဘက်တွင်ရှိသောကြောင့် ရေကန်နှင့်ဝေးလှပေသည် ။ငြိမ်းအဘွား ဒေါ်စန်းမြင်တို့အိမ်၌မူ ရေကို လှည်းနှင့် သယ်ယူသောကြောင့် အခက်အခဲ အပင်အပန်း မရှိသောလည်း မငြိမ်းဝေ မှာ သားအမီ နှစ်ယောက်အတွက် ရေကို ခက်ခက်ခဲခဲပင်ပင်ပန်းပန်း ထမ်းသယ်ရလေသည်။ " ဟဲ့...မိငြိမ်း...နင့်လက်ထဲကဘာလဲ ငါ့ကို ပြစမ်း..." ငြိမ်း၏ အစ်ကိုတစ်ဝမ်းကွဲ ချစ်ဦးသည် ခြံထဲတွင် ပျာယာခပ်သွားလာနေသော ငြိမ်းကို ခပ်ငေါက်ငေါက်လှမ်းမေးလိုက်လေသည်။ ချစ်ဦး၏မေးသံကြောင့် ငြိမ်းသည် မုန့် ကိုင်ထားသောလက်ကို နောက်သို့ဝှက်လိုက်ပြီးခေါင်းကိုခါယမ်းပြလိုက်သည် ။ချစ်ဦးသည် အစားအသောက်နှင့်ပတ်သက်လာလျှင် ငမ်းငမ်းတက်သူဖြစ်မှန်းငြိမ်းသိ၏ ။ ထို့ကြောင့် မိခင်ဖြစ်သူနှင့်အတူစားရန်ယူလာသော မုန့်ကို ချစ်ဦးအား မကျွေးချင်သောကြောင့်ငြိမ်းလိမ်ပစ်လိုက်လေ၏။ "ဘာမှမဟုတ်ပါဘူး...." "ဘာမှမဟုတ်ရင် ဘာလို့ ဝှက်ထားလဲပြစမ်း " ချစ်ဦးသည် ပြောပြောဆိုဆိုနှင့် ငြိမ်းလက်ထဲမှ မုန့်ကိုဆွဲ လုလိုက်လေ၏။ "ဟာ ...အဘွား...အမေရေ ဒီမှာလာကြည့်ပါဦး...ဟော့ဒီမှာ မိငြိမ်းသားတို့ မုန့်တွေ ခိုးစားနေတယ်" ချစ်ဦး၏အော်သံကြောင့် နောက်ဖေးမီးဖိုချောင်တွင်ချက်ပြုတ်နေသော ဒေါ်စန်းမြင့်တို့ သားအမိနှစ်ယောက် ငြိမ်းတို့ရှိရာသို့ အူယားဖားယား ပြေးထွက်လာကြလေသည်။ "ဟဲ့..ဟဲ့ ... ကလေးတွေ ဘာဖြစ်ကြတာတုန်း...အလန့်တကြားနဲ့ ချစ်ဦးရယ်..." "ဘာဖြစ်ရမှာတုန်း အမေရ ... ဟော့ဒီမှာ အမေ့တူမလေ သားတို့ မုန့်ချိုတွေ ခိုးလာတာဗျ..." "ဘာ...ဘယ်လို..မိငြိမ်းက မုန့်တွေ ခိုးလာတယ်ပေါ့...အမေ့ကို ကျွန်မ မပြောဘူးလား...အခုတလော အိမ်က မုန့်တွေ ပျောက် ပျောက်နေပါတယ်လို့....အမေ့မြေးလက်ချက်ဖြစ်နေတာကို...." " မဟုတ်ဘူး....ငြိမ်း မခိုးဘူး... ဒီမုန့်က ရွာလယ်ပိုင်းက ဘွားဘွားကြီးပေးလိုက်တာ..." ငြိမ်းသည် အကျောက်အကန်ငြင်းလိုက်သည်။ငြိမ်းငြင်းလိုက်သောအခါ ကြီးတော်ဖြစ်သူ မအေးဆင့်သည် ပိုမို ဒေါသထွက်သွားပြီးလျှင် နီးစပ်ရာမှ တုတ်တစ်ချောင်းကို ကောက်ယူ လိုက်ပြီး ငြိမ်း၏ ခြေထောက်ကိုရိုက်လိုက်လေသည်။ "အောင်မယ် ...သူခိုးက ခိုးတယ်ပြောမလား...လာစမ်း...စားချင်တောင်းစားပါလာဟဲ့....အမေ့မြေးကအကျင့်ကိုက မကောင်းတာ...ဒီလိုအကျင့်ကိုမကြိုက်ပါဘူး...." ထိုစဉ်မှာပင် မငြိမ်းဝေသည် ရေးထမ်း ပုံးကြီးထမ်းလျက် ခြံထဲသို့ ၀င်လာရာ ခြံထဲမှ မြင်ကွင်းကြောင့် ပခုံးပေါ်မှ ရေထမ်းပုံးကို ချပစ်လိုက်ပြီး ငိုနေသော သမီးဖြစ်သူဆီကို အပြေးသွားဆွဲလိုက်ရင်း နှုတ်မှလည်း ယောင်းမဖြစ်သူကို မေးလိုက်လေသည် ။ "ဘာဖြစ်လို့လဲ အစ်မကြီး ....သမီးလေး ငြိမ်း ဘာလုပ်လို့လဲ...." "ဘာလုပ်ရမှာလဲ...မုန့်ခိုးလို့လေ....ညည်းသမီးကို ဘယ်လို သင်ပေးထားလဲ....ငယ်ငယ်ရွယ်ရွယ်နဲ့ ခိုးစားတတ်နေပြီ...." မငြိမ်းဝေသည် ယောင်းမဖြစ်သူ၏ စကားကြောင့် ရင် ထဲတွင် ဆို့နင့်သွားမိ၏ ။သမီးဖြစ်သူကို ကြည့်လိုက်သောအခါ ပဲ့ကျနေသော မုန့်အပိုင်းအစလေးကို ကိုင်ပြီး မျက်ရည် အရွှဲသားနှင့်။ ဘွားအေးဖြစ်သူသည်လည်း ထို မြင်ကွင်းကို ရပ်၍ ကြည့်နေလေ၏။ မငြိမ်းဝေသည် အံကိုတင်းတင်းကြိတ်မိ၏ ။"ကျွန်မသမီးက ခိုးတတ်တဲ့အကျင့်မရှိဘူးရှင့်....အစ်မကြီးသား ချစ်ဦးကသာ ခိုးစားတတ်...လုစားတတ်တဲ့အကျင့်ရှိတာသိရဲ့လား...ဒါနဲ့ နေပါဦး ခိုးစားတယ်ထားပါဦး ဒီလောက် ရိုက် ဟယ်နှက်ဟယ်နဲ့ဖြစ်စရာလား ... ပြောကြပါဦး.... ဒီကလေးက ကျွန်မတစ်ယောက်တည်း မွေးထားတဲ့ ကလေးမဟုတ်ဘူးလေ... ရှင်တို့သား ရှင်တို့မောင်နဲ့ မွေးထားတဲ့ ရှင်တို့ရဲ့သွေ့သား အရင်းပါရှင်...." မငြိမ်းဝေသည် ယောက္ခမ နှင့်ယောင်းမကို စိတ်ထဲမှ ပြန်အော် ပစ်လိုက်မိ၏။လက်တွေ့တွင်မူ ပါပြင်းပေါ်သို့မျက်ရည်များသာစီးကျလပြီး သမီးဖြစ်သူ၏ ပခုံးနှစ်ဖက်ကို စုံကိုင်လျက် ကိုယ်တိုင် မေးမြန်းလိုက်သည်။သမီးဖြစ်သူ၏ ကိုယ်ကျင့်တရားကို မငြိမ်းဝေယုံကြည်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ထင်ယောင်ထင်မှား ဖြစ်သည်ကို မခံနိုင်သောကြောင့် လူစုံရာ ရှေ့တွင် မေးမြန်းလိုက်သည်။ထိုအချိန်၌ ခြံရှေ့ရွာလမ်းမကြောင်းတွင် ရွာသူရွာသားများ ဟိုတစ်စုသည်တစ်စုဖြင့် စပ်စုသော အကြည့်များဖြင့်ရပ်ကြည့်နေကြလေသည်။သမီးလေး ငြိမ်းသည် အသက်ဆယ်နှစ်ပြည့်ပြီးဖြီးဖြစ်သောကြောင့် သည်ကိစ္စအတွက် ရှက်နေမည်မှန်း မငြိမ်းဝေ သိသည်။သို့အတွက် သမီးဖြစ်သူ၏ရှေ့မှ မားမားမတ်မတ်ရပ်တည်ပြလိုက်သည်။ "သမီးငြိမ်း ... ဒီမုန့်ကို ဘယ်ကရလဲ.... အမေ့ကို မှန်မှန်ဖြေ...လိမ်တာညာတာအမေ မကြိုက်ဘူးနော်..." "ငြိမ်း မလိမ်ပါဘူး အမေ.... ရွာလယ်က ဘွားဘွားကြီးတင်အေးပေးလိုက်တာပါ....ငြိမ်းက စပါးလုံးဝိုင်းရွေးပေးလို့ပေးလိုက်တာ ပါ...." " သေချာတယ်နော်... ဒေါ်ကြီးတင်အေးကို အမေကိုယ်တိုင်သွား မေ့မှာ....." "ဟဲ့...ဟဲ့... လာမေးစရာ မလိုပါဘူး အေ....ငါလာပြီ....ဟဲ့ စန်းမြင့်တို့....ညည်းတို့ နဲ့အေ မုန့်လေးတစ်ခုနဲ့ ဘာဖြစ်နေကြတာလဲ...မုန့်က ငါပေးလိုက်တာပါဟဲ့....ညည်းတို့နဲ့အံ့ပါ့ အေ... ကိုယ့်သွေး ကိုယ့်သား တောင် မသဒ္ဓါဘူးလား...."

ဆားများများထည့်ကာ စိမ်ထားသော သရက်သီးဆားရည်စိမ်ကို တို့ရလေ၏။ သည်နားမှရွာနီးချုပ်စပ်မှန်သမျှမှာတော့ ငါးပိရည်ကို ရာဝင်အိုး (စဉ့်အိုးများ) များဖြင့် သိပ်ထားလေ့ရှိကြသလို သည်နှစ် ပေါ်သော သရက်သီးများကို နောက်နှစ်သရက်သီးပေါ်ချိန်အထိခံအောင် ဆားရည်ဖြင့်စိမ်ထားကြသည်။စိမ်ထားသော သရက်သီးကို ငါးပိရည်နှင့် တို့စားစား၊ ငါးပိနှင့်ပဲကြော်ကြော်ထမင်းတော့မြိန်လှပေသည်။မငြိမ်းဝေ ထမင်းဟင်းချက်နေစဉ် ငြိမ်းသည် ဘေးမှ တောက်လျှောက်ထိုင်ကြည့်နေလေ၏။ယခုဆိုလျှင် မငြိမ်းဝေတို့ သားအမိ ရွာသို့ ရောက်သည်မှာ တစ်လနီးပါးခန့်ရှိနေပြီဖြစ်လေ၏။ "အမေ ... နောက်ဆို ရင် သမီး ထမင်းချက်ကူပါ့မယ်....အမေက အဘွားခိုင်းတာလည်းလုပ်ရ ... ဈေးလည်းလိုက် ရောင်းရသေးတယ် မဟုတ်လား...." မငြိမ်းဝေသည် သမီးလေး ငြိမ်း၏ အပြောကြောင့် ကြည်းနူးစွာပြုံးလိုက်မိ၏။ငြိမ်းသည် မဟုတ်လျှင်မခံ ခပ်စွာစွာ တုန့်ပြန်တတ်သော အကျင့်ရှိသည်မှ လွဲ၍ သိတတ်လိမ္မာလွန်းလှသည်။ သူ့အဖေ ထွက်သွားပြီးကတည်းက မအေကို အရိပ်တကြည့်ကြည့် ကြည့်ပြီး ဘေးမှ ဝိုင်းကူတတ်လေ၏။မငြိမ်းဝေ လည်း ရွာသို့ ရောက်ပြီးကတည်းက မြို့မှငါးခြောက်ငါးခြမ်းနှင့် တိုလီမိုလီရွာမှမှာသမျှကို မြို့စျေးမှ ဝယ်ယူပြီး ပြန်ရောင်းချသည်။ပါးစပ်းပေါက်နှစ်ပေါက်တည်း ဟုဆိုသော်ငြားလည်း မငြိမ်းဝေမှာ ကြိုးစားရသည်။ မငြိမ်းဝေက ကောက် မစိုက်တတ်၊ပျိုးမနှုတ်တတ်တာမို့ ဈေးသည် ဘဝကိုခံယူလိုလ်သည်။မြို့သို့ မငြိမ်းဝေ စျေးသွားဝယ်စဉ်က အိမ်နီးနားချင်းများနှင့်ဆုံခဲ့ပြီး အချို့က မငြိမ်းဝေကို ကရုဏာသက်ကြသည်။မြို့လေးမှာ အိမ်ဖြစ်ဖြစ် ငှားနေဖို့ ပြောကြသလို ရန်ကုန်သို့သာပြန်ရန်တိုက်တွန်းကြသည်။မငြိမ်းဝေအနေနှင့် လည်း ဖြစ်နိုင်လျှင်ရန်ကုန်သို့ ပြန်ချင်လှပေသည်။သို့သော်လည်း ရန်ကုန်တွင် မငြိမ်းဝေမှာ မိဘများရှိတာမဟုတ်ဘဲ အစ်ကိုကြီးတစ်ယောက်ပဲရှိသောကြောင့် ပြန်ဖို့ရန်မရဲ့လှပါပေ။ပြီးလျှင် ကလေးတစ်ယောက်နှင့် အိမ်ထောင်ပြိုကွဲပြီး ပြန်ရမည့်အဖြစ်ကိုလည်း မငြိမ်းဝေ စိတ်ထဲ ရှက်ရွံ့လှပေသည်။ အထူးသဖြင့် အစ်ကိုကြီးဖြစ်သူ၏ အရှက်သိကွာကို ချသလိုဖြစ်မည်ကို မငြိမ်းဝေလွန်စွာစိုးရိမ်မိလေ၏။သည်လိုအချိန်မျိုးမှာ သည် အရပ်ဒေသနှင့့်ယောက္ခမဖြစ်သူ၏အိမ်သည်သာ မငြိမ်းဝေနှင့်သမီးလေးငြိမ်းအတွက် လုံခြုံမှု အပေးနိုင်ဆုံးဟု မငြိမ်းဝေ တွေးတောမိ၏။ ******* "အမေ့ ချွေးမက...ရန်ကုန်သူပီပီ လည်သမှ မွှတ်လို့...ဆယ်နှစ်ဆယ် မိုးနေလာတာ သူ့လက်ထဲစုဆောင်းမိတာ မရှိဘဲနေပါ့မလား...ရှိတာကို ကုပ်ကပ်ထားတာ အမေရဲ့.....အမေဆီမှာနေချင်လို့ လာနေတယ်မထင်နဲ့ လိုချင်တာရှိလို့ ကုပ်ကပ်နေနေတာ သိရဲ့လား...." "အိုအေ...ငါလည်း မသိဘဲ နေမလား ... ဒီယုန်မြင်လို့ ဒီချုံထွင်တဲ့ဟာ သိတာပေါ့...ကလေးဗန်းပြပြီး လာခဲ့မှန်းသိသားပဲ..." "ဟုတ်ပ အမေရယ်...ကလေးမလေးကလည်း အကြောတင်းပုံများ.... အမေ့သားနဲ့လည်း တစ်စက်မှ မတူပါဘူး.... ရန်ကုန်သူ ရန်ကုန်သားတွေ ယုံရတာမဟုတ်ဘူးရယ်...." ဒေါ်စန်းမြင့်တို့သားအမိနှစ်ယောက် တစ်ယောက် တစ်လှည့်သန်း ရှာပေးကြရင်း မငြိမ်းဝေတို့သားအမိအကြောင်းကို ပြောဆိုနေခြင်း ဖြစ်လေသည်။ မငြိမ်းဝေနှင့် ငြိမ်းမှာ ရွာတွေထဲ စျေးလှည့်ရောင်းပြီးအပြန် ထင်းများရှာဖွေ ကောက်လာခဲ့ပြီး ခြံထဲသို့အ၀င် တွင် ဒေါ်စန်းမြင်တို့သားအမိ ပြောနေသော စကားများကို အတိုင်းသားကြားလိုက်ရသည်။ငြိမ်းသည် ငယ်နုသေးသောကြောင့် ဘွားအေဖြစ်သူနှင့် ကြီးတော်ဖြစ်သူပြောသောစကားများကိုလုံးစေ့ပတ်စေ့ နားမလည်သောကြောင့် သူ့အမေ မကောင်းကြောင်းကို ပြောနေကြသည်ဟုသာ အကြမ်းဖျင်း နားလည်လိုက်လေ၏။ မငြိမ်းဝေမှာမူ အောက်နှုတ်ခမ်းကို တင်းတင်း ဖိကိုက်၍ မကြားဟန်ပြုပြီးလက်မှဆွဲခြင်းကိုဦးစွာချလိုက်ပြီးလျှင် ခေါင်းပေါ်မှထင်းစည်းကို မြေပြင်ပေါ်သို့ ဘုတ်ခနဲပစ်ချလိုက်လေသည်။ထင်းစည်းပစ်ချသံကိုကြားမှပင် ဒေါ်စန်းမြင့်တို့သားအမိ သည်လည်း ပြောလက်စ စကားကိုရပ်ပြီး မငြိမ်းဝေ တို့သားအမိကို ဟန်မပျက်လှမ်းကြည့်ကြ၏။ မငြိမ်းဝေသည် ယောက္ခမဖြစ်သူနှင့် ယောင်းမဘက်သို့ လှည့်ပြီးလျှင် "ကျွန်မတို့ပြန်လာပြီးအမေ''ဟု ခပ်တိုးတိုး နှုတ်ဆက်လိုက်သည်။ပြီးလျှင် ငါးခြောက်နှင့်လဲလှယ်လာသော အသားအချို.ကို ယောက္ခမထံသို့ သွားပေးလိုက်၏။ ယောက္ခမဖြစ်သူနှင့် ယောင်းမဖြစ်သူက မည်သို့သဘောထားစေကာမူ မငြိမ်းဝေ သည်းခံ၏။ မငြိမ်းဝေ တို့သားအမိအတွက် နေစရာ အရိပ်တစ်ခုပေးထားခြင်းအတွက် မငြိမ်းဝေရင်ထဲ ကျေးဇူးတွေပင် အထပ်ထပ်တင်နေမိလေ၏။ ******** ငြိမ်းသည် လက်ထဲမှ မုန့်ချိုလေး (ကိတ်မုန့်)ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထင်းထဲ ဘေးရှိအ ခန်းလေးထဲသို့ အပြေးဝင်ခဲ့လိုက်သည်။သို့သော်လည်း အခန်းကျဉ်းလေးထဲတွင် မိခင်ဖြစ်သူကိုမတွေ့ရသောကြောင့် ခြံနောက်ဘက်တွေထိလိုက်ရှာ မိလေ၏။ ငြိမ်းသည် မိခင်ကို ဒေါင်းတောက်အောင်လိုက်ရှာပြီး ကာမှ ယခုအချိန်သည် မိခင်ဖြစ်သူရေခပ်နေကျအချိန်ဖြစ်နေမှန်း သတိရလိုက်မိလေ၏။ ငြိမ်းတို့ နေသောရွာလေးသည် မိုးနှင့် ဆောင်းတွင် ရေအတွက် ဒုက္ခသိပ်မများလှသော်လည်း နွေရာသီ၌မူ ရွာထဲရှိရေကန်များခန်းခြောက်သွားသောကြောင့် ရွာ၏အနောက်ဘက်ကွင်းထဲတွင် သွား၍

ဧကြည်ဖြူ "ချစ်ဆိပ် " [ချူ ] အပိုင်း(၄) .......................... "မိငြိမ်း...ညည်း ထမင်းမစားရသေးဘူး မဟုတ်လား...အိမ်မှာလာစားလှည့် ...." ငြိမ်းသည် ကြီးတော်ဖြစ်သူ၏စကားကြောင့် ခေါင်းကို ငြိမ့််ပြလိုက်ပြီးလျှင် အိမ်မကြီးဆီသို့ မသွားချင်သွားချင်နှင့်သွားလိုက်သည်။ အမေ့ကို အဘွားက ဘေးရွာသို့ အဖော်ခေါ်သွားသောကြောင့် ငြိမ်းမှာ မနက်စာကို ကြီးတော် အိမ်တွင် သွားစားရမည်ဖြစ်လေသည်။ ငြိမ်း၏အဘွားနှင့် ငြိမ်းကြီးတော်မှာ အတူနေအတူစားကြခြင်းဖြစ်လေ၏။ ငြိမ်းက အိမ်ရှေ့ လှေကားထစ်နားသို့ လျှောက်လာခဲ့ပြီးနောက် လှေကားထစ်များအတိုင်း မဝံ့မရဲတက်ခဲ့သည်။ "အို ...ဟဲ့ မိငြိမ်း....အိမ်တိုက်ထားပြီးပြီအေ့...နင့်ခြေထောက်ညစ်ညစ်ပတ်ပတ်နဲ့ အေ....သွား နောက်ဖေးပေါက်က တက်စား...." "ဟုတ်.... ဟုတ်ကဲ့ပါ ကြီးကြီး.." အိမ်ပေါ်မှလှမ်း အော်ပြောလိုက်သော ကြီးတော်ကြီး၏ အသံကြောင့် ငြိမ်းမှာ လှေကားထစ်များပေါ်သို့ တက်လက်စ ခြေလှမ်းများကို ပြန်ရုပ်ပြီး အိမ်နောက်ဖေးအပေါက်မှ တက်ခဲ့ရသည်။အိမ်သည် တောသဘာဝအတိုင်း ဆောက်လုပ်ထားသောကြောင့် အိမ်ရှေ့ထက်စာလျှင် အိမ်နောက်ဘက်သည် တသီးတသန့်အဆောင်ထုတ်ထားပြီး အိမ်ရှေ့အိမ်မကြီးထက် အနည်းငယ်မျှနိမ့်လေ၏။ငြိမ်းသည် ခြေကိုခပ်ဖွဖွနင်း၍တက်ခဲ့ပြီးလျှင် နှီးအုပ်ဆောင်းကို အသာဖွင့် ကြည့်လိုက်သည်။နှီးအုပ် ဆောင်းဖြင့် အုပ်ထားသော ထမင်းစားပွဲခုံပေါ်တွင် ငါးပိရည်တစ်ပန်းကန်နှင့် ဗူးသီးပြုတ်တစ်ပန်းကန်သာ ရှိလေသည်။ငြိမ်းက ထမင်းစားပွဲခုံဘေးတွင် စိတ်ပျက်စွာထိုင်ချပစ်လိုက်သည်။အိမ်မှာဆိုလျှင် အမေကငြိမ်းစားဖို့အတွက် ကြက်ဥကြော်မဟုတ်ရင်တောင် အနည်းဆုံးငါးခြောက်ဖုတ်လေးဖြစ်ဖြစ် လုပ်ပေးထားမြဲ။ ယခုလို ငါးပိရည်တစ်ခွက် တိုစရာပြုတ်နှင့် မကျွေးခဲ့ဖူးပါလေ။ ထမင်းကို တစ်လုတ်နှစ်လုတ်လောက်သာစားပြီး ငြိမ်းတော်ပစ်လိုက် သည်။စိတ်ထဲကမူ မကျေနပ်မနပ်ဖြစ်မိလေ၏။နံနံက်ဝေလီဝေလင်းအချိန်က ဘကြီးငွေသီး ဝက်သား တစ်တွဲ ဆွဲလာသည်ကို ငြိမ်းမြင်ခဲ့သည်လေ ။ပြီးလျှင် ကြီးတော်တို့ မီးဖိုချောင်မှာ ထုထောင်းချက်ပြုတ်နေသည်ကို ငြိမ်းနွားချေးကျုံး ရင်း အသေအချာမြင်ခဲ့ရသည်ဟာ ။ ကြီးတော်သည် စိတ်ပုတ်လွန်းလှသည်ဟု ငြိမ်းစိတ်ထဲမှ တွေးလိုက်မိသည်။ ****** မွန်းလွဲ နှစ်နာရီခန့်တွင် မငြိမ်းဝေနှင့် ဒေါ်စန်းမြင့်တို့ ဘေးရွာများသို့အကြွေးသွားတောင်းရာမှ ပြန်ရောက်လာခဲ့ကြလေ၏။ဒေါ်စန်းမြင့်သည် ဝါးခမောက်လေးစောင်းပြီး သက်သောင့်သက်သာနှင့် ပြန်လာခဲ့ရခြင်းဖြစ်သော်လည်း မငြိမ်းဝေမှာမူ ခေါင်းပေါ်၌ အထုတ်ကြီးတစ်ထုတ် ကိုရွက်လာရလေ၏။ငြိမ်းသည် ထိုမြင်ကွင်းကိုကြည့်ပြီးလျှင် အဘွားကို အပြစ်ဖို့မိ၏။အပြန်၌ အထုတ်သယ်ရမည်ဆိုလျှင် လှည်းနှင့်သွားလို့ရလျက်နှင့် အမေ့ကို တမင်ခေါ်သွားမှန်း သိသောကြောင့် စိတ်ထဲမှ အဘွားကို မုန်းသွားမိ၏။ "အမေ ဘာတွေ သယ်လာတာလဲ....အထုတ်ကြီးကကြီးလိုက်တာ....ဟွန်း... အဘွားက ဝိုင်းမသယ်ဘူးလား ....အဘွား အကျင့်ပုတ် ..." " အို...သမီးလေး ငြိမ်း ဘယ်လိုပြောလိုက်တာလဲ...အဘွားကို အဲ့ဒီလိုမပြောရဘူး.... ငရဲကြီးတတ်တယ်...နောက် မပြောရဘူးနော်ကြားလား...." မငြိမ်းဝေသည် အဝတ်အစားလဲနေရင်းမှ သမီးဖြစ်သူငြိမ်းကို လှမ်းဟန့်လိုက်လေသည် ။ "သမီး...ဗိုက်ဆာနေပြီလား....ကြီးကြီးက ထမင်းခေါ်ကျွေးသေးလား...." "ကျွေးပါတယ် အမေရာ....ဒါပေမဲ့ ငါးပိရည် နဲ့ဗူးသီးပြုတ်တဲ့ သမီး နည်းနည်းပဲစားလိုက်တယ်.....ခု ဗိုက်က ပြန်ဆာနေပြီ ..." " ဟုတ်လား....အင်းပါသမီးရယ်....အမေ ကြက်ဥကြော်ကျွေးပါမယ် ခဏလေး စောင့်နော်..." မငြိမ်းဝေသည် အဝတ်အစားကို အမြန်လဲပြီး ချက်ဖို့ ပြုတ်ဖို့ အမြန်လုပ်လိုက်သည်။ ယခင်ကဆိုလျှင် မငြိမ်းဝေ အနေနှင့် သွားစရာလုပ်စရာရှိလျှင် ထမင်းဟင်းကို စောစောစီးစီးချက်ပြုတ်ထားခဲ့မြဲပင် ။ယနေ့မှ မငြိမ်းဝေ ချက်ပြုတ်ခါနီးတွင် ယောက္ခမဖြစ်သူ ဒေါ်စန်းမြင့်ရောက်လာပြီး ဘေးရွာများသို့ကြွေးတောင်းသွားဖို့အဖော်လိုက်ခဲ့ခိုင်းသောကြောင့် ကမန်းကတန်းထလိုက်သွားရခြင်းဖြစ်လေသည်။ဘေးရွာ ဆိုသော်ငြား တစ်ရွာတည်းမဟုတ်ဘဲနှစ်ရွာသုံးရွာဖြစ်သောကြောင့် လျှောက်လိုက်ရသည့်လမ်းဆိုသည်မှာ မငြိမ်းဝေ ခြေဖဝါးတွေ ကျိန်းစက်နာကျင်နေလေ၏။သည်ကြားထဲ၌ ငွေကြေးတောင်းမရသောအိမ်များမှ ပဲ၊ငရုတ်၊ ဆန်၊ စပါး စသည်ဖြင့် ရရာကို ယူလာရသောကြောင့် မငြိမ်းဝေ မှာ အပြန်လမ်းတစ်လျှောက်၌ ကြွေးသိမ်းပစ္စည်းများကို သယ်လာရခြင်းဖြစ်၏။ မငြိမ်းဝေ ထမင်းအိုကို မီးဖိုပေါ်တင်လိုက်ပြီး ကြက်ဥနှစ်လုံးကို ပန်းကန်လုံးထဲဖောက်ထည့်လိုက်သည် ။ပြီးနောက် ကြက်သွန် ခပ်ရွယ်ရွယ်သုံးလုံးခန့်ကို လှီးလိုက်ပြီး ကြက်ဥ ပန်းကန်ထဲသို့ထည့်လိုက်ပြီး ဇွန်းနှင့်မွှေလိုက်သည်။တောအရပ် ဆိုတော့ မိုးနှင့်ဆောင်းရာသီမှလွှဲ၍ အစားအသောက်ရှားပါးလှလေသည်။နွေရာသီ၌ ငါးလည်း မရ၊ အသားဆိုသည်မှာလည်း တစ်ပတ်တစ်ခါလောက်မှ ရတတ်သည်။ရေရှားပါးသောအရပ်ဖြစ်သောကြောင့် အသီးအနှံလည်း မဖြစ်ထွန်းလေသောကြောင့် နွေရာရာသီတွင် ကြက်ဥ ငါးခြောက်နှင့် ပဲများကို အားထားစားရလေသည်။အတို့အမြုပ်ဆိုလျှင်လည်း မဖြစ်စလောက် စိုက်ပျိုးထားသော အသီးအရွက် သို့မဟုတ် ရေနွေးကိုကြွပ်ကြွပ်ဆူအောင်ကျိုပြီး

ခွေးများသည်လူစိမ်း ဖြစ်၍ဟောင် သည်လား။သို့မဟုတ်လျှင် ခွေးများကပင်လျှင် မငြိမ်းဝေ တို့သားအမိအား မကြိုဆိုလေသည် အလား။ မငြိမ်းဝေ နှင့်ငြိမ်းတို့ ရွာထိပ်သို့ ခြေချချိန်မှာစ၍ ခွေးတစ်ကောင်သည် စ၍ဟောင်လေ၏။ထိုမှစ၍ ခွေများ၏ ထုံးစံအတိုင် တစ်ကောင်မှ သည်း တစ်ကောင်ပြီးတစ်ကောင် ဟောင်ကြ အူကြလေတော့သည်။ဆူညံပွက်လောရိုက်သွားသောခွေးဟောင်သူများကြောင့် ရွာသားအချို့ခြံတွေထဲမှ ခေါင်ဖြူ၍လှမ်းကြည့်ကြပြီး မငြိမ်းဝေ တို့သားအမိကိုမြင်သောအခါ အော်ဟစ်နှုတ်ဆက်ကြလေသည်။ "ဟဲ့....စန်းမြင့် ချွေးမနဲ့ စန်းမြင့်မြေးမဟုတ်လား...နေတွေ ပူသားနဲ့ အေ... ညည်းတို့အဘွားက လာမကြိုဘူးလားတော်..." မငြိမ်းဝေသည် ခေါင်းကို အသာငြိမ့်ပြလျက် လာလမ်းတစ်လျှောက် နှုတ်ဆက်ခဲ့ရသည်။မငြိမ်းဝေ၏ ယောက္ခမကြီးနာမည်က ဒေါ်စန်းမြင့်ဖြစ်၏။ယောကျာ်းမရှိတော့ဘဲ မုဆိုးမဘ၀နှင့် သမီးတစ်ယောက်သားနှစ်ယောက်နှင့်နေခဲ့သူလေ။သမီးအကြီးနှင့်သားအငယ်က သည်ရွာမှာပဲနေပြီး သားအလတ်ဖြစ်သော မငြိမ်းဝေ၏ ယောက်ျား အောင်မင်းသာ အဝေးမှာ နေထိုင်ခဲ့ခြင်းဖြစ်ပါလေသည်။ "အဘွား....ကြီးကြီး...အစ်ကိုချစ်ဦး ...သမီးတို့ ရောက်ပြီ...." ငြိမ်းသည် ရွာကိုမလာစဉ်ကသာ ကြီးတော်ဖြစ်သူ၏ သားဖြစ်သူ ချစ်ဦး ကိုကြည့်မရပါဟု ပြောနေသော်လည်း မျက်မြင်ကိုယ်တွေ့ တွေ့သောအခါ၌ ဝမ်းပန်းတသာခေါ်ပြော နှုတ်ဆက်လေ၏။သို့သော်ငြား ငြိမ်းကသာ ဝမ်းသာအားရ နှုတ်ဆက်နေသော်လည်း ဘွားအေ ဖြစ်သူနှင့် ကြီးတော်ဖြစ်သူအပါအဝင် တစ်မိသားစုလုံးမှာ ထိုင်ရာမှမထကြဘဲ ခပ်တည်တည်နှင့်ကြည့်နေကြလေ၏။ ငြိမ်းမှာ ကလေးပီပီ မိသားစု၏ အခြေအနေကို မရိပ်စားမိသော်လည်း မငြိမ်းဝေမှာမူ အထုတ်များတန်းလန်းနှင့် ရပ်ရမလို သွားရမလိုနှင့် အနေရခက်လှလေသည်။ အတန်ကြားမှပင် ဒေါ်စန်းမြင့်သည် ထိုင်ရာမှ မထဘဲ အသံမာမာနှင့် လှမ်းပြော၏။ "ဪ...လာကြပြီး လား....ဟို..ထင်းတဲဘေးမှာ ညည်းတို့သားအမိအတွက် အခန်းလုပ်ထားတယ် ...အဲ့ဒီမှာနေပေါ့အေ...အိမ်မကြီးပေါ်မှာက ငါ့သားမက်နဲ့ ငါ့သားရှိတော့ ညည်းကို ထားလို့မသင့်တော်ဘူးလေ... အဲ့ဒီမှာပဲနေကြပေါ့ ညည်းတို့သားအမိ .... အိုးတွေ ခွက်တွေရောပါတယ် မဟုတ်လား....ကိုယ်အိုးနဲ့ ကိုယ်ချက်စားကြပေါ့....လောလောဆယ် ဆန်မရှိရင် အိမ်အောက်ကပုတ်ထဲကခပ်ယူချေ ..." ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်း ဆိုသည်လိုပင်။ မငြိမ်းဝေသည် ထင်းများထားသော ထင်းတဲနှင့်တွဲ ဆောက်ထားသည့် အခန်းကျဉ်းလေးကို ကြည့်၍ ရင်ထုမနာဖြစ်ရလေသည်။မလှမ်းမကမ်းတွင် နွားတင်းကုပ် ရှိသောကြောင့် လေအသင့်၌ နွားသေးနံ့ နှင့် နွားချေးနံ့များနံ့ လှ၏။ မငြိမ်းဝေသည် ငိုမဲ့မဲ့မျက်နှာလေးနှင့် တဲကုပ်လေးထဲဝင်လာသော သမီးလေး ငြိမ်းကိုကြည့်ပြီး ငိုမိ၏။ငြိမ်းသည် သူ့မျက်စိရှေ့တည့်တည့်တွင် မြင်နေရသော ဘွားအေ ဖြစ်သူ၏ ခြေတံရှည်အိမ် မြင့်ကြီးကို ငေးကြည့်နေမိ၏။ထိုစဉ်မှာပင် ခြေတံရှည် သစ်သားအိမ်ကြီး၏ ပြတင်းပေါက်တွင် ရှစ်နှစ်အရွယ် ကလေးမလေးတစ်ယောက်လာရပ်ပြီး ငြိမ်းကို လှမ်းကြည့်လေ၏။ထိုကလေးမလေးသည် ငြိမ်း၏ ကြီးတော်ဖြစ်သူမှ မွေးသော ငြီမ်း၏ ညီမ၀မ်းကွဲ ဖြစ်လေ၏။ ******* "ဟဲ့....ငြိမ်းဝေ ....အဲ့ဒါက ဘာလုပ်မလို့လဲ...." မငြိမ်းဝေသည် ကုက္ကို သီးများကို ထုပြီး ကုက္ကိုစေ့များ ထုတ်ယူနေစဉ်အတွင်း ယောက္ခမဖြစ်သူဒေါ်စန်းမြင့် အနားသို့ ရောက်လာပြီး မေးလိုက်ခြင်းပင်။ "ဟို....အမေ့မြေးမ က ကုက္ကိုစေ့လှော်စားချင်တယ်ဆိုလို့ လှော်ကျွေးမလို့ပါ....." "ဘာအေ ...ညည်းနှယ့် အလုပ်မရှိ အလုပ်ရှာလို့အေ...ဒီကုက္ကိုသီးတွေက ငါ့နဲ့ ငါ့ မြေးတွေ ဆားနဲ့လဲဖို့လိုက်ကောက်ထားရတာအေ့....ညည်းတို့ စားချင်ကိုယ့်ဘာသာ လိုက်ကောက်ကြလေ.... ပြီးတော့ အလုပ်မရှိရင် ခြံနောက် ရေကန်နာ လဲမှိုပင် တွေက မှို့သီးတွေခူးပြီး မှို့တွေထုတ်ပါလား...အားအားရှိ စားဖို့သောက်ဖို့ပဲတွေးနေတာ .... မိန်းမပျင်းခြေဆင်းတွေ....မအေရောသမီးရော တူတူပဲ..." ဒေါ်စန်းမြင့်သည် ပြောချင်ရာပြောပြီး ခြေကို ဆောင်းနင်းလျက်ပြန်ထွက်သွား၏။ကျန်ခဲ့သောမငြိမ်းဝေနှင့်ငြိမ်းမှာ အစေ့ထု ထုတ်ထားသော ကုက္ကိုစေ့များကို ကိုင်လျက်နှင့် ဒေါ်စန်းမြင့်၏နောက်ကျောကိုငေးကြည့်နေမိကြလေ၏။ ******** အပိုင်း(၄)ဆက်ရန် ဧကြည်ဖြူ

နွားတိရစ္ဆာန်များကိုပင် တစ်ကောင်ကလေးမျှ မတွေ့ရှိရပေ။မငြိမ်းဝေတို့သားအမိမှာ စီးလာသော ထော်လာဂျီမှာ ဂိတ်ဆုံးသွားပြီဖြစ်သောကြောင့် နှစ်မိုင်သာသာ ဝေးသေးသော ကိုအောင်မင်း၏မိဘများနေသော ရွာသို့ သားအမိနှစ်ယောက် ခြေကျင်လျှောက်ခဲ့ကြရခြင်းဖြစ်လေသည်။လူချည်းပဲ သက်သက် ဆိုလျှင် သည်မျှလောက် ပင်ပန်းလိမ့်မည်မထင် ။ယခုအခါ၌ အဝတ်အစားထုတ်များနှင့် လိုအပ်သော အိမ်သုံး ပစ္စည်းအနည်းငယ်မျှလည်း ပါရှိခဲ့ခြင်းကြောင့် သည် မျှလောက် မောပန်းနေခြင်းဖြစ်၏။ဒါသည်ပင် မငြိမ်းဝေ မှာ တစ်ရက်နှစ်ရက်အတွင်း အိမ်ထောင်ပရိဘောဂပစ္စည်းများကို ရသည့်စျေးနှင့် ရောင်းချပစ်ခဲ့ခြင်းကြောင့် သည်မျှအထုတ်ငယ်လေးများသာ သယ်ယူခဲ့ရခြင်းဖြစ်၏။ မဟုတ်လျှင် အိမ်ထောင်ပရိဘောဂပစ္စည်းများပင်လျှင် ကားကြီးတစ်စီးတိုက်မျှ မကရှိသည်လေ။ထိုထဲမှ မငြိမ်းဝေ နှမြောတသ အဖြစ်မိဆုံးမှာ အပ်ချုပ်စက်လေးပင်။သို့ပေမယ့် လူသည်ပင် ဆုံးရှုံးခဲ့ရပြီးပြီဖြစ်သောကြောင့် မငြိမ်းဝေရင်ထဲ၌ ထူးပြီးမနာကျင်တော့ပါလေ။နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရသော အသိုက်အမြုံလေးသည် ရက်ပိုင်းအတွင်း ပြိုလဲပျက်စီးခဲ့ပြီလေ ။ ကံတရားကဖန်လာခဲ့ပြီဖြစ်၍ မငြိမ်းဝေ ယူကြုံးမရ မခံစားခြင်းတောပေ။ရှေ့ဆက်၍သမီးလေး ငြိမ်း၏ အနာဂတ်အတွက်သာ မငြိမ်းဝေစဉ်းစားတွေးတောထားလေသည်။ "မောတယ် အမေရာ...ခဏနားရအောင် နော်...." ပြောပြောဆိုဆိုနှင့် ငြိမ်းက လမ်းဘေးရှိ ကုက္ကိုပင်အောက်တွင် ဆွဲလာသော အထုတ်ကိုချပြီး မြေပြင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်လေသည်။ မငြိမ်းဝေသည် လည်း လက်ထဲမှ ခြင်းတောင်းကို ချလိုက်ပြီးလျှင် ခေါင်းပေါ်မှအထုတ်ကိုပါချလိုက်ပြီး ခပ်ပျပျ မြင်နေရသော ရွာဘက်သို့ မျှော်ကြည့်လိုက်မိ၏။လွန်ခဲ့သော သုံးရက်ကတည်းကပင် ရွာကို မငြိမ်းဝေတို့ သားအမိလာနေမည့်အကြောင်းကို လူကြုံနှင့်မှာလိုက်ပြီးပြီဖြစ်လေသည်။ယောက္ခမအိမ်မှာ လှည်းလည်းရှိသည်။ပြီးလျှင် ကိုအောင်မင်းအစ်မကြီး၏ ယောက်ျားကိုငွေသီးလည်းရှိသည်။သို့မဟုတ်လျှင် ကိုအောင်မင်း၏ ညီငယ် ထွန်းအောင်လည်းရှိသား။ယုတ်စွအဆုံး အစ်မကြီး၏သား ချစ်ဦးသည်ပင် အသက်ဆယ်နှစ်နှစ်ခန့်ရှိပြီဖြစ်၍ လှည်းကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်နေပြီ ဖြစ်လေသည်။ရွာမှ ထွက်သော ကားမရှိဘဲ ဘေးတစ်ရွာကျော်မှ ထော်လာဂျီကပဲ မငြိမ်းဝေတို့နေသော မြို့နှင့့်သည် နားတစ်ဝိုက်ရှိရွာများကို ပြေးဆွဲနေခြင်းဖြစ်သည်။အိမ်မှစထွက်လာစဉ်ကပင် ဂိတ်ဆုံးသော ရွာသို့ တစ်ယောက်ယောက်တော့ လာကြိုပါစေဟု ကြိတ်၍ ဆုတောင်းခဲ့သည်။သို့သော် ဆုတောင်းမပြည့်ခဲ့ပါလေ ။ သိသိချည်းနှင့် မျှော်လင့်ခဲ့မိသည်မှာ မငြိမ်းဝေ၏အပြစ်ပါလေ။မငြိမ်းဝေ အတွက် သည်လောက် ခက်ခဲပင်ပန်းမှုက ခံသာသော်လည်း ငြိမ်းကိုကြည့်ပြီး မငြိမ်းဝေ ရင်ကွဲမတတ် ကြေကွဲရသည်။မနေ့ညက အထိ ဖခင်ဖြစ်သူကို တမျှော်တည်း မျှော်နေသော ငြိမ်းသည် သည်နေ့ နံနက်မိုးလင်းကတည်းက ဖခင်အကြောင်းကို မမေးတော့တာကို မငြိမ်းဝေ သတိထားမိ၏။ "အမေ...ရေသောက်ချင်တယ်..." ငြိမ်းအသံကိုကြားမှ မငြိမ်းဝေသည် အတွေးထဲနစ်မြောနေရာမှ ပစ္စုပ္ပန်ကို သတိရမိသွားပြီး သမီးဖြစ်သူ ငြိမ်းကို ကရုဏာသက်စွာကြည့်လိုက်မိပြီး ခြင်းတောင်းထဲမှရေဘူးကိုထုတ်ပေးလိုက်သည်။ပြီးလျှင် နောက်ဆုံး ကျန်သော ကောက်ညှင်းထုတ်လေးကို ဖြည်ပြီး ငြိမ်းကို ကမ်းပေးလိုက်သည်။ "ကောက်ညှင်းထုတ်လဲ စားလိုက် သမီးလေး....အချိန်က မနည်းတော့ဘူး...သမီးဗိုက်ဆာနေမှာပေါ့.." "ဟုတ်ကဲ့ အမေ...နည်းနည်းတော့ဆာတယ်..." ငြိမ်းသည် မိခင်ဖြစ်သူကမ်းပေးသော ကောက်ညှင်းထုတ်ကို ပါးစပ်ထဲ ထိုးထည့်မည် ပြုပြီးမှ မိခင်ကို ပြန်ကမ်းပေးလိုက်၏။ "ဟင်...သမီးက ခုန ထော်လာဂျီ စီးလာတုန်းကစားခဲ့ပြီးပြီ ...အမေပဲစားလိုက်နော်...." "အို ... အမေက မဆာပါဘူးကွယ်... သမီးပဲ စားနော်..." "ဒါဆို...တစ်ယောက် တစ်ဝက်စားကြမယ်လေ အမေ....." မငြိမ်းဝေမှာ သိတတ်လိမ္မာလွန်းလှသော သမီးလေးငြိမ်းကိုကြည့်ပြီး မျက်ရည်ဝဲမိလ၏။ မုန်.ကိုများများစားစားမ၀ယ်လာမိသည်ကိုလည်း နောင်တရမိ၏။ယခုအချိန်၌ မငြိမ်းဝေမှာ ငွေ အသင့် အတင့်ရှိသော်လည်း မသုံးရဲ့မဆွဲရဲသေးသောကြောင့် တတ်နိုင်သမျှ မငြိမ်းဝေ ချွေတာ နေရသည်။ရှေ့ဆက် မည်သို့ဖြတ်သန်းရမည်မှန်း မငြိမ်းဝေလည်း သေချာမသိသော အခြေအနေ မဟုတ်ပါလား။ မငြိမ်းဝေတို့ သားအမိနှစ်ယောက် ခေတ္တခဏမျှ အမောဖြေပြီးသောအခါ ဖုန်တထောင်းထောင်းထနေသော လမ်းရိုးအတိုင်းအထုတ်ကိုယ်စီရွက်ပြီးဆက်လျှောက်ခဲ့ကြလေသည်။ ငြိမ်းသည် အထုတ်သေးနှစ်ထုတ်ကိုမနိုင်မနင်း ဆွဲလျက် ဟိုယိမ်းသည် ယိုင်နှင့်သွားနေသလို မငြိမ်းဝေ သည်လည်း ခေါင်းပေါ်တွင် အထုတ်တစ်ထုတ် ကိုရွက်ပြီးလက်မှ ခြင်းတောင်းကိုဆွဲလျက် ဖုန်တထောင်းထောင်းကြားလျှောက်ခဲ့ ကြလေသည်။နေကပူပူ မြေပူပူ ပေါ်တွင် အထုတ်လေးများကို မနိုင်မနင်းဆွဲလျက် သွားနေသော သမီးဖြစ်သူ ငြိမ်း၏ချွေးများဖြင့် စိုရွှဲနေသော ကျောပြင်လေးကို ကြည့်ပြီး မငြိမ်းဝေ ရင်ထဲ၌ အသံတိတ်ငိုကြွေးနေမိ၏။ ******* "ဝုတ် ... ဝုတ် ..ဝုတ် "

ဧကြည်ဖြူ " ချစ်ဆိပ် "(ချူ ) (အပိုင်း ၃ ) ------------------------ မငြိမ်းဝေ သည် ငိုမဲ့မဲ့ မျက်နှာနှင့် အနားတွင် လာထိုင်သော ငြိမ်းကိုကြည့် လိုက်ပြီးလျှင် စိုးရိမ်ပူပန်စွာမေးလိုက်လေသည်။ "သမီး ငြိမ်း...ဘာဖြစ်လာတာလဲ...အမေ့ကို ပြောပါဦး...." ငြိမ်းသည် မိခင်ဖြစ်သူ၏အမေးကို ချက်ချင်း မဖြေနိုင်ဘဲ ပါးပြင်းပေါ်သို့ ပေါက်ခနဲ ပေါက်ခနဲ စီးကျလာသော မျက်ရည်များကို အင်င်္ကျီအနားစနှင့် ပွတ်သုတ် လိုက်လေသည်။ "အမေ...ထူးထူးတို့လည်း မရှိကြတော့ဘူး အမေရဲ့...ခရီးသွားကြတယ်တဲ့...ကြည့်ရတာ အဖေလည်း ထူးထူးတို့နဲ့ လိုက်သွားတာထင်တယ်....ထူးထူးကအကျင့်မကောင်းဘူး ညကသမီး မေးတော့ အဖေ သူတို့အိမ်မှာ မရှိဘူးဆိုပြီး ညာတယ်....ထူးထူး တို့ပြန်လာရင် အဖေလည်းပြန်လာမယ်ထင်တယ်နော် အမေ....." ငြိမ်း စကားကြောင့် မငြိမ်းဝေ တစ်ယောက် ရင်ထဲ ဆို့နင့်နာကျင်သွားရပြီးလျှင် သမီးလေး ငြိမ်း၏ ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်ပြီး နှစ်သိမ့် စကား ခပ်တိုးတိုးပြောလိုက်၏။ "အင်း...လာချင်လာမှာပေါ့ သမီးရယ်...အမေနဲ့သမီး အဖေ့ကို အဘွားတို့အိမ်ကနေ သွားစောင့်နေကြမလား သမီး..." မိခင်၏ စကားကြောင့် ငြိမ်း ခေါင်းကိုခါးယမ်းပြရင်းငြင်းပစ်လိုက်၏။ " ဟင့်အင်း အမေ...မသွားချင်ဘူး...အဘွားက သမီးကိုဆိုရင် အရမ်းဆူတာပဲ...ချစ်ဦးကိုဆို မဆူဘူး...ပြီးတော့ ချစ်ဦးကသမီးကို အနိုင်ကျင့်တယ်...သမီးမုန့်စားရင် သူကလိုက်လုစားတာ...သမီးက ပြန်လုပ်ရင် အဘွားက သမီးကိုပဲရိုက်တာ...အဘွားတို့ဆီ မသွားချင်ဘူး..ဒီအိမ်မှာပဲ နေကြရအောင်နော်..." ငြိမ်း စကားကြောင့် မငြိမ်းဝေ မျက်ရည်ကျရပြန်လေသည်။ ငြိမ်းပြောမည်ဆိုလျှင်လည် ပြောချင်စရာ ပါပေ။ကိုအောင်မင်း၏အမေဖြစ်သူ ငြိမ်း၏အဘွားသည် တောသူတောင်သားပီပီ ရှေးရှိဆန်လှပေသည်။ကိုအောင်မင်းနှင့် မငြိမ်းဝေ လိုက်လာစဉ်ကဆိုလျှင် "မြို့သူများ ကြည့်မရ "ဟု ဆိုသောအကြောင်းပြချက်နှင့် အမျိုးမျိုးအဖုံဖုံ ခိုင်းပြီး စိတ်တိုင်းမကျသောကြောင့် အမြဲအဆူအငေါက်ခံခဲ့ရလေသည်။ထိုစဉ်တုန်းကတော့ မငြိမ်းဝေကလည်း မြို့သူသာ ဆိုသည် မလည်မဝယ်မပြောရဲမဆိုရဲလို့ပဲ ပြောရလေမည်လား။ ရွာထဲမှ အမျိုးဟုတ်တာရော အမျိုးမဟုတ်တာတွေရော အိမ်ကိုစုပြုံနောက်လာပြီး မငြိမ်းဝေ ရှေ့မှာတင် "သိပ်မချော ဘူးနော်" "မြို့သူဆိုတော့အရမ်းချောတယ်ထင်နေတာ...တို့ရွာက ကွမ်းတောင်ကိုင်ကို မယှဉ်နိုင်ပါဘူးအေ" စသော စကားများကို မျက်နှာပြောင်ပြောင်နှင့် ထိုင်ပြီးနားမထောင်ရဲသောအပြစ်။ဆန်မပြာတတ်တာ ။အပင်မတက်ရဲတာ။ ကောက်မစိုက်တတ် ကောက်မရိပ်တတ် စသော အဖြစ်ပေါင်း သောင်းခြောက်ထောင်အပြင် သက်ကယ် မပျစ်တတ်တာ ။ ဓနိမပျစ်တတ်တာကပါသေးသည်။ သူတို့ရွာသူရွာသားများကတော့ လုပ်နေကိုင်နေကြဆိုတော့ ထရံပဲ ရက်မလား။ဝါးကို နှီးပဲဖြာမလား။ဝါးကိုခွဲခြမ်းစိပ်ဖြာပြီး တောင်းပလုံးပဲရက်မလား ကလေးက အစ လုပ်တတ်ကိုင်တတ်ကြသည်။ မငြိမ်းဝေ မှာသာ တောင်ကိုင်ရမလို မြောက်ကိုင်ရမလိုနှင့် နှီးရှဝါးရှနှင့် အပြောအဆို ပဲခံခဲ့ရသည့်အဖြစ်လေ။နောက်ဆုံးတော့ ကိုအောင်မင်းအလုပ်လုပ်နေသော ဆန်စက်ရုံထဲလိုက်နေခဲ့ရသည်။ဆန်စက်ရုံ ဆိုသည်မှာလည်း သိသည့်အတိုင်း ရွာပေါင်းစုံမှလူပေါင်းစုံ ၀င်ထွက်နေသော နေရာဆိုတော့ မငြိမ်းဝေ သိပ်မနေချင်ခဲ့ပေ။သို့ကြောင့်ပင် သမီးလေး ငြိမ်းကို မွေးပြီးသောအခါ စုဆောင်းထားသော ငွေလေးနှင့် မြို့စွန်တစ်နေရာမှ ယခု နေနေသော ခြံလေးကို ဝယ်ယူခဲ့ခြင်းဖြစ်ပါလေသည် ။ယခုသောအခါ ကိုအောင်မင်း ရှာဖွေပေးသောငွေလေးနှင့်ဝယ်ထားသော ခြံနှင့် အိမ်ကို ကိုအောင်မင်းမိုက်လုံးကြီးမှုအတွက် အလျှော်ပေးရတော့မည်ဖြစ်ပါလေသည်။ရွာက ကိုအောင်မင်း၏ မိဘများအိမ်သို့ ငြိမ်းမပြောနှင် မငြိမ်းဝေလည်း မသွားချင်သည်မှာ အမှန်ပင်ဖြစ်ပါလေသည်။သို့သော်လည်း နေချင်းညချင်းမှာပင် နေစရာမရှိသော ဘ၀သို့ချက်ချင်းလက်ငင်းရောက်သွားသောအခါ သမီးလေး ငြိမ်းဘ၀လုံခြုံအေးချမ်းရေးအတွက် သည်ဆွေမျိုးများကိုသာ အားကိုးအား ပြုရပေမည်ဟု မငြိမ်းဝေ ဆုံးဖြတ်ချက်ချလိုက်ရလေသည်။ " သမီးရယ်...ဒီအိမ်က အခုဆို အမေတို့ မပိုင်တော့ဘူး သမီးရဲ့...အမေတို့သမီးအဘွားအိမ်မှာ ခဏလောက်ပဲ သွားနေကြမယ်လေ နော်....အဘွားအိမ်ကနေ သမီးအဖေ ပြန်အလာကိုစောင့်ကြတာပေါ့...." မိခင်ဖြစ်သူ စကားကို နားထောင်ပြီး ငြိမ်း ခေါင်းမငြိမ့် မိပါလေ။ငြိမ်းသည် အသက်ဆယ်နှစ် ပြည့်ပြီးပြီဖြစ်သောကြောင့် သိသင့်သလောက်ကိုဖြင့် သိပါလေသည်။အတူဆော့နေကျ ကိုဖြိုးတို့ အဖေလည်း ငြိမ်းအဖေလို နောက် မိန်းမတစ်ယောက်နှင့် ထွက်ပြေးသွားပြီး ပြန်မလာသည်ကိုလည်း ငြိမ်း သိသည်။သည်သို့ပင် အဖေလည်း ပြန်လာမည်မဟုတ်မဟုတ်မှန်းငြိမ်းသိနေသည်။ သို့သော်လည်း စိတ်က လက်မခံနိုင်ဘဲ အဖေပြန်လာမည်ဟု မျှော်လင့်နေမိဆဲပင်။ "အဘွားတို့အိမ်ကို အမေပြောင်းချင်လည်း ပြောင်းလေ..." ******** နံနက် ဆယ်တစ်နာရီကျော်နေသည် ချစ်ချစ်တောက် ပူနေလေ၏။လယ်ကွင်းများသည် ရိတ်သိမ်းထားပြီ:ဖြစ်သောကြောင့် ကြည့်လေရာ တိုင်း၌ ကွဲအက်ခြောက်သွေ့နေသော မြေသား မာမာများနှင့် ဖုန်တထောင်းထောင်းထနေသော ရှုမျှော်မဆုံးသည့်ရွာလမ်းရိုးကြီးကိုသက်တွေ့နေရလေ၏။နေပူရှိန်ပြင်းလွန်းသောကြောင့် လမ်းပေါ်တွင် လူအရိပ်အယောင် မပြောလေနှင့် ကျွဲ၊

ငြိမ်းသည် ဦးလေးကြီးကို ကြောင်ငေးကြည့်နေမိရင်းမှ ဦးလေးကြီးကမ်းပေးသော ကြိမ်ခြင်းတောင်းလေးကို ယောင် အအနှင့် လှမ်းယူလိုက်မိသည်။ပြီးနောက် အသိကင်းမဲ့စွာဖြင့် အိမ်ပေါ်သို့တက်လာခဲ့ပြီးလျှင် ငိုနေသော မိခင်ဖြစ်သူ၏ဘေးနားတွင် ထိုင်ချလိုက်မိလေသည်။ @@@@@@@@@@@@@@ အပိုင်း ( ၃ ) ဆက်ရန် ဧကြည်ဖြူ

မငြိမ်းဝေသည် သမီဖြစ်သူငြိမ်းကိုကြည့်ပြီး ပါးပြင်ပေါ်သို့ပိုးပိုးပေါက်ပေါက်ကျလာသော မျက်ရည်စများကို လက်ခုံနှင့် ပွတ်သုတ် လိုက်ပြီး သမီးဖြစ်သူ ငြိမ်းကို သွားရောက်ချော့မော့ခေါ်လိုက်သည်။ "သမီး ငြိမ်း...ဒီနေ့သမီးအဖေပြန်လာမှာမဟုတ်ဘူး...အိမ်ပေါ် တက်ရအောင်နော်..." " မဟုတ်ဘူး အမေ....အဖေပြန်လာမှာပါ...အဖေ သမီးကို ကတိပေးလိုက်တယ်... သေချာပေါက်ပြန်လာမှာပါ..." ငြိမ်းသည် မိခင်ဖြစ်သူကို ဇွတ်ပြောရင်း မလိုက်ချင်လိုက်ချင်နှင့် အိမ်ပေါ်သို့ပြန်လိုက်ခဲ့လေသည်။အိမ်ပေါ်သို့ ရောက်သောအခါ မှန်အိမ်မီးမှိန်ပျပျအောက်တွင် မြင်ရသော အမေ့မျက်နှာထက်တွင့် မျက်ရည်စများကို မြင်လိုက်ရသော ကြောင့် ငြိမ်းအသာ ငြိမ်ပြီး ထမင်းစာပွဲဝိုင်းမှာ ဝင်ထိုင်လိုက်သည် ။စိတ်ကမူ အဖေပြန်အလာကို မျှော်နေမိပြီး ခြံဝကိုသာ မျှော်ကြည့်နေမိလေသည်။သို့သော်လည်း အမေပြောသလိုပင် အဖေသည် ငြိမ်းအိပ်သည့် အချိန်အထိ ပြန်မလာခဲ့ပါချေ။ ******* နံနက်အိပ်ရာမှ နိုးလာသည်နှင့် ငြိမ်းသည် အဖေ့ကို အရင်ဆုံး ရှာမိသည်။သို့သော်လည်း တစ်အိမ်လုံး အဖေ့အရိပ်အယောင်ကိုမျှမတွေ့ရဘဲ နောက်ဖေးရေကပြင်တွင် ထမင်းအိုးဆန်ဆေးရင်း ငိုနေသော အမေ့ကိုသာ တွေ့ရလေသည်။ငြိမ်းသည် ငိုနေသော မိခင်ကိုကျောခိုင်းပြီး အိမ်ပေါ်မှ အပြေးအလွှား ဆင်းခဲ့ကာ ဖခင်ဖြစ်သူ့အလုပ်လုပ်သော ဆန်စက်သို့ စက်ဘီးကို အားကုန် နင်းပြီးထွက်ခဲ့လေသည်။ ***** ဆန်စက်ရှေ့သို့ ရောက်သောအခါ ငြိမ်း စက်ဘီးကိုဒေါက်ထောက်ပြီး ဆန်စက်ထဲသို့အပြေးအလွှားဝင်ခဲ့သည်။အချိန်စောသေး၍ထင်သည် ဆန်စက်ဝန်းထဲ၌ အလုပ်သမားများကို မတွေ့ရဘဲ တိတ်ဆိတ်နေလေသည်။ငြိမ်းသည် အဖေ နေနေကျ နေရာဖြစ်သော သစ်သားအိမ်လေးသို့ အမြန်ပြေးသွားကြည့်သော်လည်း သော့ခတ် ပိတ်ထားသည်ကိုသာ တွေ့ရလေသည်။ "သမီး..ခင်ငြိမ်းစံ ... စောစောစီးစီးဘာလာလုပ်တာလဲ..." နောက်ဘက်ဆီမှ မေးသံကြောင့် ငြိမ်း ဝမ်းသာအားရလှည့်ကြိည့်လိုက်မိသောအခါ ဆန်စက် ဝန်းအတွင်း နေ့တိုင် သော ဘကြီးထွန်းကိုတွေ့လိုက်ရသောကြောင့် ငြိမ်း အမောတကောမေးလိုက်မိလေသည်။ "ဘကြီးထွန်း...အဖေရော ဟင်..သမီးအဖေကိုတွေ့မိသေးလား...အဖေ ညကအိမ်ကိုပြန်မလာလို့ လာရှာတာ...." ငြိမ်းမေးလိုက်သောအခါ ဘကြီးထွန်းသည် ငြိမ်း ပခုံးကို ခပ်ဖွဖွပုတ်လိုက်ပြီးလျှင် "သမီးလေး ခင်ငြိမ်းစံ အိမ်ကိုပြန်တော့နော်...သမီးအဖေက ခရီးထွက်သွားတယ် သမီးရဲ့...အိမ်ကပဲ အဖေ့ကို ပြန်စောင့်နေလိုက်နော်..." ******* အပြန်လမ်းတစ်လျှောက်လုံး ငြိမ်းသည် စက်ဘီးကို အားကုန်နင်းခဲ့သည်။အဖေများ အိမ်ပြန်ရောက်နေမည်လား ဆိုသော မျှော်လင့်ချက်ဖြင့် မိနစ်ပိုင်းအတွင်းမှာပင် အိမ်သို့ ပြန်ရောက်လာခဲ့လေသည်။စက်ဘီးကို ခြံရှေ့တွင် ပစ်ထားခဲ့ပြီး အိမ်ပေါ်သို့ ငြိမ်း အပြေးတက်ခဲ့သည်။ "အမေ...အဖေပြန်လာပြီလား......." "ညည်း ယောက်ျားလုပ်ပုံကောင်းသေးရဲ့လား ငြိမ်းဝေရဲ့ ပြောပါဦး...ငါတို့မှာတော့ ကိုယ့်ဆွေမျိုးသားချင်းဆိုပြီး ယုံလိုက်ရတာ...ခုတော့ သူက ဆန် ဆက်က ငွေတွေကိုပါယူသွားတာ...ညည်းကိုတော့ အားနာပါတယ်အေ ... ဒီပုံအတိုင်းဆို ငွေပြန်ပေါ်အောင် လုပ်ရမှာမို့ ညည်းတို့အိမ်ကိုသိမ်းရမှာပဲ....ညည်းတို့သားအမိ အိမ်ပြောင်းဖို့ပြင်ထားကြတော့ ငြိမ်းဝေ ..." ငြိမ်းသည် အိမ်ပေါ်သို့အမောတကောပြေးတက်လာစဉ် ကြားလိုက်ရသော စကားသံများနှင့့် ငိုနေသော မိခင်ကို ကြည့်ပြီး ကြက်သေသေလျက် ရပ်ကြည့်နေမိလေသည်။ငြိမ်း၏ ကြီးတော်ဖြစ်သူ ဖခင်ဖြစ်သူ၏ ဝမ်းကွဲအစ်မကြီးသည် ငြိမ်းကို မြင်သောအခါ ဒေါသမျက်နှာကိုထိန်းလိုက်ပြီး စိတ်မကောင်းဟန်ဖြင့်စကားဆိုလေသည်။ "သမီးလေး ခင်ငြိမ်းစံ...သမီးအတွက် စိတ်မကောင်းပါဘူးအေ...ရွာက သမီးအဘိုးအဘွားတွေဆီမှာ သွားနေ ကြားလား...ဒါမှမဟုတ်ရင်လည်း မြို့က သမီးအမေ အမျိုးတို့ဆီမှာ သွားနေပေါ့....အင်း...ငါ့မောင်လေး အောင်မင်းလည်း အရင်က ဒီလိုမဟုတ်ပါဘူးနော်....ခုမှ ဘယ်လိုများ ဖြစ်ရတာပါလိမ့် ...ဟဲ့ ငြိမ်းဝေ နင်လည်း မတုန်မလှုပ် လုပ်မနေနဲ့...အောင်မင်းဒီလိုဖြစ်သွားတာ ညည်း အပြစ်တွေလည်းပါတယ်...." ငြိမ်းသည် မိခင်ဖြစ်သူကို ပြောဆိုနေသော မြင်ကွင်းကိုကြည့်ပြီး စိတ်တိုလာသောကြောင့် ခြံရှေ့သို့ ပြန်ပြေးထွက်လာခဲ့ပြီး တင်ထူးအောင်တို့ ခြံဘက်သို့ပြေးထွက်ခဲ့သည်။ " ငထူး.... ငထူး...ဟဲ့...ထွက်လာခဲ့ဦး....နင့်ဒေါ်လေးရော ဘယ်မှာလဲ ....ငထူး မလာသေးဘူးလား...." ငြိမ်း စိတ်တိုတို နှင့် တင်ထူးအောင်တို့ ခြံရှေ့တွင် အော် ခေါ်နေသော်လည်း ခြံထဲမှ လူရိပ်လူယောင်ပင် မမြင်ရပါလေ။ " ငထူး....တင်ထူးအောင်...ငါခေါ်နေတာ မကြားဘူးလား...." "ဒီမှာ....သမီးလေးရဲ့ ....ထူးထူးလေးတို့က မရှိကြတော့ဘူးကွဲ့ .... မနက်အစောကြီးကတည်းက တစ်မိသားစုလုံး ခရီးထွက်သွားကြလို့...ဦးကြီးကို အစောင့်ထားခဲ့ ကြတာလေ...လူလေး ထူးထူးက ဟော့ဒီက သမီး ခင်ငြိမ်းစံ အတွက် ဆိုပြီး လက်ဆောင်ပေးထားခဲ့တယ်...ယူသွားလိုက်နော်...."

ကိုအောင်မင်းသည် သမ်းဖြစ်သူခင်ငြိမ်းစံကို ချော့မော့ပြောပြီး အိမ်သို့ပြန်ခိုင်းသော်လည်း ငြိမ်းသည် ဖခင်ဖြစ်သူကို စူးစူးစိုက်စိုက်ရပ်ကြည့်နေပြီးလျှင် ပေကပ်၍ ရပ်နေလေ သည်။ "အဖေပါအတူ လိုက်မှ ပြန်မှာ...သမီးနဲ့ပြန်လိုက်ခဲ့ပါ အဖေ.... ဒေါ် လေးနွဲ့ကို မယူပါနဲ့နော် အဖေရယ် အမေလောက်လည်း ချောတာမဟုတ်ဘဲနဲ့...ဒီမှာ ဒေါ် လေး နွဲ့ရဲ့ ဆန်စက်ထဲမှာ လူတွေအများကြီးရှိတာကို ဘာလို့ သမီးအဖေကိုမှလာကြိုက်ရတာလဲ..." "ဟာ....ဒီကောင်မလေး ပြန်ပါတော့ဆို...မပြန်သေးဘူးလာ..." "သမီး မပြန်ဘူး...အဖေပါ လိုက်မှ ပြန်မှာ.." "ဘာ...ကဲဟာ..မပြန်ချင်ဦး...ကဲ...ကဲ..." "ဖြန်း...ဖြန်း..." ကိုအောင်မင်းသည် စိတ်တိုတိုနှင့်ငြိမ်း၏ ခြေထောက်များကို လက်ဝါးနှင့် သုံးလေး ချက်ခန့် ရိုက်လိုက်လေသည်။နွဲ့နွဲ့ရီကမူ ကိုအောင်မင်းတို့သားအဖနှစ်ယောက်ကို ဝင်မဆွဲဘဲ ရပ်ကြည့်နေလေသည်။ အရိုက်ခံနေရသော ငြိမ်းသည် အံကိုတင်းတင်းကြိတ်၍ မလှုပ်မယှက်တောင့်ခံနေလေသည်။ တင်ထူးအောင်မှာ ငြိမ်းအရိုက်ခံနေရသည်ကို မကြည့်ရက်သည့် အဆုံး၌ အိမ်ထဲသို့ဝင်လာပြီးငြိမ်းကို ဆွဲခေါ်သလို အဒေါ်ဖြစ်သူနွဲ့နွဲ့ရီဘက်သို့လှည့်၍ စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်လေသည်။ "ဒေါ်လေးကို အဖေနဲ့ တိုင်မယ်....ဒေါ်လေးကို မုန်းတယ်...သားတို့အိမ်ကိုပြန်မလာနဲ့...." "ဟင်...သား...ထူးထူး" နွဲ့နွဲ့ရီသည် တူဖြစ်သူ တင်ထူးအောင်ကို တွေ့လိုက်ရသောကြောင့် အထိတ်တလန့်နှင့် ခေါ်လိုက်လေသည်။ ကိုအောင်မင်းသည်လည်း တင်ထူးအောင်ကိုကြည့်ပြီး အထိတ်တလန့်အထစ်ထစ်အငေါ့ငေါ့ နှင့် ပြောလိုက်လေသည်။ "သား...တင်ထူးအောင်...မင်းသူငယ်ချင်းကို ခေါ်သွားပေးပါနော်....ဦးလေးတောင်းပန်ပါတယ်ကွာ...သမီးပြန်တော့နော်...အဖေ ပြန်လာမှာပါ... ကျိန်းသေ ပြန်လာမှာပါသမီးရဲ့..." "မြန်မြန်ပြန်လာနော် အဖေ " ငြိမ်းသည် ဖခင်ဖြစ်သူထံမှ ကတိအထပ်ထပ်တောင်းပြီး အိမ်သို့ ပြန်ခဲ့လေသည်။အပြန်လမ်းတစ်လျှောက်၌ ငြိမ်းသည် တင်ထူးအောင်ကို အမျိုးမျိုးအဖုံဖုံပြောဆိုလေတော့သည်။ "ဟဲ့....ငထူး.... နင် ငါ့ကို လာမခေါ် နဲ့တော့...နင့်အဒေါ်က အကျင့်မကောင်းဘူး ... ဒီနေ့ကစပြီး နင်နဲ့ငါသူငယ်ချင်း မဟုတ်တော့ဘူး..." တင်ထူးအောင်သည် ငြိမ်း စကားကို ငြိမ်သက်စွာနားထောင်နေရာမှ ခေါင်းကို ငုံ့ထားလေသည်။ငြိမ်းစိတ်ဆိုးလျှင်လည်း ဆိုးသင့်မှန်း တင်ထူးအောင် သိပါလေသည်။အမှန်တကယ်တော့ ငြိမ်း၏ ဖခင်နှင့် ဖောက်ပြားနေသောသူသည် တင်ထူးအောင်၏အဒေါ်အရင်းဖြစ်နေသည်မဟုတ်ပါလား။ "ငါ...ငါတောင်းပန်ပါတယ် ငြိမ်းရယ်...ငါ နင့်ကို မခေါ်ဘဲ မနေနိုင်ဘူး...ဒေါ် လေးကို ငါ စကားမပြောဘဲနေပါ့မယ်...ငါ့ကိုမခေါ်ဘဲ မနေပါနဲ့နော်...." ******** ငြိမ်းသည်အိမ်ရှေ့ ခြံပေါက်၀တွင် ထိုင်ပြီး အဖေ ပြန်အလာကို မျှော်နေမိသည်။ ညနေ နေစောင်းသွား၍ မိုးချုပ်သွားသည့်တိုင်အဖေက ပြန်မလာသေးပါချေ။ငြိမ်းသည် ခြံရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း အဖေပြန်လာနေကျ လမ်းကို မျှော်နေမိရင်း တင်ထူးအောင်တို့ခြံထဲကို လှမ်းကြည့်မိလေသည်။ယနေ့ မှတင်ထူးအောင်တို့အိမ်သည်လည်း မီးပင်မထွန်းဘဲ တိတ်ဆိတ်နေလေသည်။ယခင်ကဆိုလျှင် စားချိန်နှင့်အိပ်ချိန်မှလွဲ၍ အမြဲငြိမ်းအနားကပ်နေသော တင်ထူးအောင်သည်လည်း နေ့ခင်းတုန်းက ဆန်စက်မှပြန်လာပြီးကတည်း အပြင်သို့ လုံးဝထွက် မလာခဲ့ခြင်းဖြစ်လေသည်။ ငြိမ်းသည် ဖခင်ဖြစ်သူကိုမျှော်နေရင်းမှ စိတ်တိုတိုနှင့် တင်ထူးအောင်တို့ အိမ်ဘက်သို့လှမ်းကြည့်လိုက်စဉ် မှာပင် အမှောင်ထဲမှ ကုပ်ချောင်းချောင်းနှင့် ထွက်လာသော တင်ထူးအောင်ကို တွေ့လိုက်ရလေသည်။တင်ထူးအောင်ကို တွေ့သည်နှင့် ငြိမ်းသည် ဒေါသကြီးနှင့်လှမ်းမေးလိုက်သည်။ "ဟဲ့...ငထူး...ငါ့အဖေ နင်တို့အိမ်ရောက်နေလား ... နင့်အဒေါ် ရော ပြန်ရောက်နေပြီလား..." "ဟို....ဟို...မရောက်ပါဘူး ငြိမ်း ... ဒေါ်လေးလည်း ပြန်မရောက်သေးဘူး...နင် မှောင်ကြီးထဲမှာ ဘာလုပ်နေတာလဲ...မကြောက်ဘူးလား..." "မကြောက်ပါဘူး...ငါ့အဖေကိုစောင့်နေတာ.... နင့်အဒေါ်များ ငါ့အဖေကိုခေါ်သွားပြီလား မသိဘူး....အဲ့ဒီလိုသာ ခေါ်သွားလို့ကတော့ နင့်ကို ငါတစ်သက်လုံးမခေါ်ဘူးနော်...နင်လည်း ငါ့ကို လာမခေါ်နဲ့ ကြားလား ....." "ဟာ....နင်ကလည်း ....ငါနဲ့ဘာဆိုင်လို့လဲ " "ဆိုင်တာပေါ့ဟဲ့ ...နင့် အဒေါ်လေ... နင့်အဒေါ်ကြောင့် ငါနဲ့ ငါ့အမေ စိတ်ဆင်းရဲနေရတာလေ....သွားဟာ နင့်ကို စကားမပြောချင်ဘူး....နင့် အဒေါ်က အကျင့်ယုတ်တယ်...နင်လည်း အတူတူပဲနေမှာ...နင့်ကို မမြင်ချင်တော့ဘူး သွားတော့...." ငြိမ်းသည် အနားတွင် ပေကပ်ရပ်နေသောတင်ထူးအောင်ကို တွန်းထိုးပြီးမောင်းထုတ်ပစ်လိုက်လေသည်။ တင်ထူးအောင်သည်လည်း ငြိမ်း၏ အပြုအမူကြောင့် မျက်နှာငယ်လေးနှင့် ခြံထဲသို့ ပြန်ဝင်သွားလေသည်။ "သမီးလေး ... ငြိမ်း...ထမင်းစားရအောင် အိမ်ပေါ်တက်ခဲ့တော့..." မငြိမ်းဝေသည် ခြံရှေ့မှောင်ထဲတွင် ရပ်နေသော သမီးဖြစ်သူငြိမ်းကိုလှမ်းခေါ်လေသည်။ငြိမ်းကမူ ရပ်နေရာမှပြန်လှည့ မကြည့်ဘဲ မိခင်ဖြစ်သူ မငြိမ်းဝေကို လှမ်းပြောလေသည်။ "မစားသေးဘူး အမေ....အဖေပြန်လာမှ စားမယ်..."