ar
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

الذهاب إلى القناة على Telegram
803
المشتركون
+424 ساعات
+167 أيام
+4630 أيام
أرشيف المشاركات
" ဟာကွာ မျိုးရယ်... အဲ့ဒီလိုဖြစ်နေတာကို ....ဘာလို့အစ်ကို့ကို မပြောရတာလဲကွာ ... ငွေက ဘယ်လောက်လိုတာလဲ ပြော ..." "မဟုတ်တာ အစ်ကိုရယ် ...မျိုးဘာသာဆပ်ပါ့မယ် ...ရပါတယ် ...မျိုးရဲ့ဆိုင်က အရောင်းပါးနေလို့ပါ... မဟုတ်ရင် ဒီငွေကို ဆပ်ပြီးပါပြီ " မျိုးမမကလက်ခါခါခြေခါခါနှင့်ငြင်းဆန်လိုက်သည်။ "ကဲပါကွာ ... ငွေက ဘယ်လောက် လိုတာလဲ ...လိုတာကို မနက်ဖြန် ဘဏ်မှာသွားထုတ်လိုက်နော် မျိုး " "ဟုတ်ကဲ့ အစ်ကို ... ကျေးဇူးတင်ပါတယ်...အစ်ကိုသာမရှိရင်တော့ မျိုးဘယ်လိုရှေ့ဆက်ရမှန်း တွေးတတ်မှာမဟုတ်ဘူး ... အစ်ကိုက မျိုးအတွက်တော့ မရှိမဖြစ်ပဲသိလားအစ်ကို " မျိုးမမကမူနွဲ့နွဲ့လေးပြောရင်း ကိုဇင်မောင်၏ရင်ခွင်တွင်းသို့တိုးဝင်လိုက်လေသည်။ ~~~~~~~~ တိုက်ခန်းသို့ပြန်ရောက်သည်နှင့်မပိုးဖြူရေမိုးချိုးလိုက်ပြီး မြတ်စွာဘုရားရှင်ကို ရည်မှန်းပြီးရှိခိုးကန်တော့သည်။ပြီးနောက်တစ်နေကုန်သုံးလာခဲ့သော ကုန်ကျစရိတ်များကိုတွက်ချက်ကြည့်သည်။ရေးသန့်ဘူးဖိုးမှအစ ကားခတစ်ရာနှစ်ရာပင်မကျန်စေရအောင်တွက်ချက်သည်။တွက်၍ ငွေကိုက်ညီသောအခါ ဖုန်းထဲမှ ဖေ့ဘုတ်ကိုစသုံးသည်။ပုံတင်၊သူငယ်ချင်းများရှာနှင့် ဖုန်းနှင့်အလုပ်ရှုပ်နေတော့သည်။ငွေဆိုသည်မှာက ဘယ်လောက်များများ အထွက်ပဲရှိပြီးအ၀င်မရှိလျှင် တစ်ချိန်ကုန်သွားမည်မှာသေချာသည်။သုံးတတ်လျှင်ရှာတတ်ရမည်။ငွေသည်လူတစ်ယောက်အတွက် ကိုးကွယ်ရာဘုရားသခင် မဟုတ်သော်လည်း မရှိမဖြစ်သောအရာဖြစ်သည်။ငွေကြောင့် လူဘဝအမြင့်ရောက်သွားနိုင်သလို ငွေကြောင့်ပင် လူ့ဘဝပျက်စီးနိုင်သည်။မပိုးဖြူဘ၀မအတွက်တော့ အမြင့်မရောက်နိုင်ခဲ့လျှင် တောင် ပျက်စီးခြင်းတော့မဖြစ် စေရဟုဆုံးဖြတ်ထားသည်။နည်းပညာပိုင်းကို မပိုးဖြူ နာရီပေါင်းများစွာလေ့လာသည်။မသိတာနားမလည်တာရှိလျှင် ဖုန်းဆိုင်က ဝန်ထမ်းလေးပြောသကဲ့သို့ ယူကျူ့မှာ သွားရှာသည်။ သင်ယူသည်။အငှါးခန်းရ၍ အထည်ဆိုင်လေးဖွင့်နိုင်လျှင် အွန်လိုင်းပေါ်က ပါ ရောင်းနိုင်အောင်ကြိုးစားမည်။အသက် (၃၆)နှစ်ပဲဖြစ်ဖြစ် (၆၃ ) နှစ်ပဲဖြစ်ဖြစ် အသက်ရှင်နေသ၍ မိမိဘ၀အတွက်ကြိုးစားနေရမည်ကို မပိုးဖြူနားလည်စပြုလာသည်။ညနှစ်နာရီကျော်တွင် မပိုးဖြူအိပ်ဖို့ပြင်သည်။နောက်နေ့အတွက် မပိုးဖြူအားမွေးရပေအုံးမည်။ ~~~~ "လက်ထပ်ပွဲကို လူသိရှင်ကြား တရားဝင်လုပ်မှာမဟုတ်လား မျိုး ... အနည်းဆုံးတော့ ခန်းမတစ်ခုခုမှာလုပ်ခိုင်းပေါ့...ကိုဇင်မောင်ကို အပိုင်ကိုင်ထားနိုင်မှ တော်ရုံကျမှာနော် " "အင်းပါ ..ရတနာရယ် .. တို့က မျိုးမမပဲဟာ " ရတနာစိုး၏စကားကို မျိုး မမက ဝံ့ဝံ့ကြွားကြွားလေးတုံ့ပြန်ပြောဆိုလိုက်သည်။ "ဪ ..ဒါနဲ့မျိုးကို ပြောရအုံးမယ်သိလား ...ကိုမိုးထက်ကြီးလေ ...မျိုးအကြောင်းတွေကို တို့ဆီမှာလာမေးနေတယ်သိလား ...တို့တောင် စိတ်ထဲကနေသူ့ကိုသနားမိသွားသေးတယ် ...အစကတည်းကသာဆိုရင် ဘယ်လောက်ကောင်းမလဲ ...ချမ်းလဲချမ်းသာရုပ်လဲဖြောင့် တယ် ... ပြီးတော့လူပျိုလေကွာ ကိုဇင်မောင်ကြီးထက်တော့သာ တာပေါ့ " ရတနာစိုး၏စကားကြောင့် မျိုးမမ၏ရင်တွေတဒိန်းဒိန်းခုန်လှုပ်သွားပြီးအထစ်ထစ်အငေါ့ငေါ့ဖြင့်ရတနာစိုးကိုမေးလိုက်မိသည်။ ''သူ ..သူက မျိုးအကြောင်းဘာတွေမေးတာလဲဟင် ရတနာ " " မေးတာတော့ စုံနေရောပဲ...မျိုး စင်္ကာပူမှာ နေခဲ့တဲ့အကြောင်းတွေရော ... လက်ရှိအကြောင်းတွေရောပေါ့ ...ဆိုင်ကရောအဆင်ပြေရဲ့လားတဲ့လေ...ကြည့်ရတာရေခဲတုံးကြီး အရည်ပျော်လာတာများလား " "ဟုတ် ... ဟုတ်လား ...ရတနာကဘာတွေ ပြောပြလိုက်လဲဟင်...ကို ..ကိုဇင်မောင်နဲ့ မျိုးအကြောင်းကို ပြောလိုက်သေးလားဟင် " မျိုးမမစိုးထိတ်စွာ မေးလိုက်မိသည်။ " ကိုဇင်မောင်နဲ့ ပတ်သက်နေတာကိုတော့ ဘယ်ပြောမလဲမျိုးရယ် ...ကျန်တာတွေတော့ ပြောပြလိုက်တယ် ..." ရတနာစိုး၏ စကားကြောင့် မျိုးမမစိတ်ထဲမှကြိတ်၍ ကျေးဇူးတင်လိုက်မိသည်။ ''ဒါနဲ့ ကိုရန်ပိုင်ရဲ့ကုမ္ပဏီအသစ်ဖွင့်လှစ်တဲ့အထိမ်းအမှတ်ဧည့်ခံပွဲကို မျိုးကိုဖိတ်ထားသေးလား " ရတနာစိုးပြောမှပင် ထိုအကြောင်းကိုမျိုးမမသတိရသွားမိသည်။ "ဖိတ်ထားတယ် ရတနာ ...မျိုးလဲသွားမှာပါ '' "ဒါဆိုရင် ကိုဇင်မောင်ကိုလဲဖိတ်တယ်မဟုတ်လား ....မျိုးတို့ကို ကြည့်ပြီး ကိုမိုးထက်ကြီးအသည်းကွဲသွားမဲ့ပုံကို ရတနာတော့ မြင်ယောင်မိသေးတယ် ...ကိုရန်ပိုင်နဲ့ ကိုမိုးထက်က တအားခင်တာလေ...သူအဲ့ဒီပွဲမှာ အချိန်ကုန်အောင်ရှိမှာ သေချာတယ် " " ဟုတ် ..ဟုတ်လား " နှစ်ယောက်သားစကားပြောဆိုပြီးနောက် ရတနာစိုးပြန်သွားသည်အထိ မျိုးမမတစ်ယောက်တည်းအတွေးပေါင်းများစွာနှင့်ကျန်ခဲ့လေသည်။ ~~~~ လူငယ်လူရွယ်များပေါများ သော လှည်းတန်းတစ်ဝိုက်သို့ မပိုးဖြူလှည့်ပတ်ကြည့်ရှုပြီးနောက် မောလွန်းလှ၍ လှည်းတန်းစင်တာ ရှေ့မှ အတက်အဆင်းလှေကားထစ်များတွင် အများနည်းတူထိုင်ချလိုက်ပြီးအမောဖြေနေမိသည်။ရေသန့်တစ်ဘူးနှင့်ဘေးလွယ်အိတ်ကိုလွယ်ပြီး နေရာအနှံ့လျှောက်သွားနေခြင်းကြောင့် ခြေထောက်များမှာ ကျိန်းစက်၍နေသည်။ယနေ့ဆိုလျှင် မပိုးဖြူဘ၀သစ်ကိုစသည်မှာ သုံးရက်မြောက်သောနေ့ဖြစ်သည်။လုပ်ငန်းစလုပ်ရန်အတွက်နေရာလည်း မတွေ့ရှိသေး၍

ရပ်တန့်ခဲ့ရတော့သည်။ပြောချင်တာမှာချင်တာရှိလျှင် ဖုန်းဗိုင်ဘာမှ မှာရပြောရသည်။နည်းပညာခေတ်ရေစီးကြောင်းသည် မပိုးဖြူနှင့်မဝေးလှပါ။သို့သော်လည်း မပိုးဖြူအတွက် ခင်ပွန်းနှင့်သမီးမှလွဲ၍ ဤအရာများ မလိုအပ်လှဟုထင်၍လျစ်လျူရှုခဲ့သည်။ယောက်ျားနှင့်သမီးက ကွန်ပျူတာရှေ့ထိုင်နေချိန်တွင် မပိုးဖြူကတီဗီရှေ့တွင် ငေါင်စင်းစင်းနှင့်ထိုင်နေခဲ့သည်။အိမ်ကြီးထဲတွင် မီးသားစုသုံးယောက်ရှိချိန်သည် ဘဝရဲ့အသာယာဆုံးအချိန်ဟုမပိုးဖြူထင်ခဲ့သည်။ပျော်ခဲ့သည်။အမှန်တကယ်တော့ ဘ၀ဆိုသည်မှာ မပိုးဖြူတွေးထင်ထားခဲ့သလို မရိုးရှင်းခဲ့ပါချေ။အထူးသဖြင့် တစ်စုံတစ်ယောက်ကို ချစ်ခင်တွယ်တာပြီး မှီခိုအားကိုးနေရသောဘဝသည် အချိန်မရွေး ပျက်စီးဆုံးရှုံးသွားနိုင်သည်ကို အချိန်နှောင်းမှ သိရှိခဲ့ရလေပြီ။တစ်စုံတစ်ဦးထံမှာ မိမိတစ်ဘလုံးကို မြှုပ်နှံပြီးပျော်ရွှင်နေခြင်းသည် မတည်မြဲနိုင်သောပျော်ရွှင်မှုမျိုးဖြစ်သည်ကို မပိုးဖြူသိရှိလာခဲ့ပါလေပြီ။ဘ၀ကိုတစ်ကပြန်စရခြင်းသည် လွယ်တော့မလွယ်ကူလှပါချေ။သို့သော်လည်း လျှောက်လက်စလမ်းမှာလုံး၀ဆက်လျှောက်၍မရတော့ဘူးဆိုလျှင်ဖြင့် လမ်းသစ်ကိုဖောက်၍ လျှောက်ရပေမည်။မပိုးဖြူတွင် သတ္တိမရှိပါ။ခွန်အားမရှိပါ။သို့သော်ငြား တစ်ဦးတစ်ယောက်၏ စကားကဲ့သို့ပင် သေ၍မရလျှင်ရှင်ဖို့ ကြိုးစားရပေမည်။ ~~~~~~~ ဖုန်းဆိုင်ထဲမှ မပိုးဖြူထွက်လာသောအခါ နေ့တစ်ဝက်ပင် ကျိုးနေပြီဖြစ်သည်။ဖုန်းနှင့် ပတ်သက်၍လည်း အတော်အသင့် မပိုးဖြူ နားလည်ခဲ့လေပြီ။ "တူ ...တူ " ဖုန်းဆိုင်အပြင်သို့ ရောက်ပြီးမကြာမီမှာပင် ဝေဝေ ပေးထားသောဖုန်းလေးမှာ မြည်လာသဖြင့် မပိုးဖြူဖုန်းကိုင်လိုက်သည်။ "ဟယ်လို ဝေဝေ " " အေး ဖြူဖြူ ...မင်းကို မေးစရာရှိလို့ ... မင်းလိုချင်တဲ့ အခန်းကလေ .. ဘယ်မြို့နယ်မှာ လိုချင်တာလဲ ..ဒီမှာပွဲစားနဲ့ ချိတ်ပေးမယ် " "တောင်ဥက္ကလာရယ် ရန်ကင်းရယ်နဲ့ဝေးရင် ပြီးတာပါပဲဝေဝေ .. ဆိုင်အကြီးကြီးမလိုဘူးနော် တော်ရုံအခန်းပဲ... ငွေလဲအများကြီးမနိုင်ဘူး " ဝေဝေ့အမေးကို မပိုးဖြူ ခပ်မြန်မြန်ပင် ပြန်ဖြေလိုက်သည်။ "အေးပါ ...ပြီးတော့ မနေ့ညကတည်းကပြောမလို့ပဲဖြူဖြူ....ငွေလိုရင်ပြောနော် ဝေဝေ့ကိုအားမနာနဲ့ " "ကျေးဇူးပါ ဝေဝေရယ် ... တို့မှာ လုပ်အားခလစာငွေရလာပါတယ် " "လုပ်အားခဟုတ်လား ...ဘယ်က လုပ်အားခလဲ " " အင်း ဒါပဲနော်ဝေဝေ ... ဒီမှာလိုအပ်တာလေးတွေဝယ်ဖို့အတွက် ဆိုင်ရောက်နေလို့ပါ " ဝေဝေ၏နားမလည်ဟန် အမေးကို မပိုးဖြူမသိဟန်ဆောင်ပြီး ဖုန်းကိုချလိုက်သည်။ ~~~~ စကပ်အနက်တစ်ထည်နှင့်ဘလောက်စ်အင်္ကျီအဖြူတစ်ထည်ကို ဝယ်လိုက်သည်။ဝယ်ပြီးသောအခါမှတစ်စုံတစ်ခုကိုတွေးမိပြီး စတိုင်ပန်ဘောင်းဘီခဲ့ရင့် ရောင်တစ်ထည်နှင့် အနီရောင်အင်္ကျီတစ်ထည်ကို ဝယ်လိုက်သည်။အသစ်အတွက် ဝတ်စုံသုံးစုံနှင့်အိမ်နေရင်းဝတ်ဖုံးသုံးစုံဝယ်သည်။ဖိနပ်တစ်ရဲနှင့်ဘေးလွယ်အိတ်တစ်လုံးဝယ်လိုက်သည်။ယနေ့သုံးစွဲမည့်ငွေကြေးကို ညကတည်းကတွက်ချက်ထားပြီးပြီဖြစ်၍ သက်မှတ်ထားသောငွေပမာဏပြည့်သွားသောအခါ ဈေးဝယ်ခြင်းကို မပိုးဖြူရပ်တန့်လိုက်သည်။ပြီးနောက် ကုန်တိုက်၏ အပေါ်ထပ်အောက်ထပ်အနှံ့သို့ လိုက်လံကြည့်ရှုသည်။ဆိုင်များကို လေ့လာသည်။ယနေ့ခေတ်စား နေသောအဝတ်အစားအသုံးအဆောင်များကို လေ့လာသည်။ကုန်တိုက်အနှံ့သွားပြီးသောအခါ မင်္ဂလာစျေးနှင့်ယုဇနပလာဇာဘက်သို့သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။အခန်းမရမချင်းကတော့ ဈေးများနှင့် ကုန်တိုက်များ၊ ဈေးဝယ်စင်တာများသို့ လိုက်လေ့လာရန် မပိုးဖြူ တွေးထားသည်။ဖြတ်သန်းခဲ့ရသောနေ့ရက်များမှာ မပိုးဖြူကရိုးရှင်းသောအနက်ရောင်ထဘီ ၊ စကပ်၊ အဖြူရောင်ဘလောက်စ်အင်္ကျီနှင့် အဖြူရောင်တီရှပ်များကိုသာဝတ်ဆင်ခဲ့သည်။လူအများကြားဘာတွေခေတ်စားနေသည်ကိုလည်းမသိခဲ့ရိုးအမှန်။ယောကျာ်းအတွက်များဖြင့် ဝယ်နေကျဆိုင်တွင်အသစ်ရောက်သည်ဆိုသည်နှင့်ချက်ချင်းဝယ်ပေးခဲ့သည်။သမီးအတွက်ဆိုလျှင်လည်း ထိုကဲ့သို့ပင်။သေချာပြန်စဉ်းစားကြည့်သောအခါ မပိုးဖြူ၏ဘဝနေထိုင်မှုပုံစံမှားယွင်းနေခဲ့လေသည်လားမသိတော့ပါချေ။ ညနေ (၆)နာရီထိုးသောအခါ ကုန်တိုက်နှစ်ခုအပါအ၀င် မင်္ဂလာဈေးနှင့် ပလာဇာအနှံ့သို့ မပိုးဖြူရောက်ခဲ့သည်။ခရီးစဉ်အားလုံးကို ဘတ်စ်ကားဖြင့်သာသွားခဲ့သောကြောင့် လမ်းစရိတ်မှာ သိပ်မကုန်ခဲ့။မိုးချုပ်လာသောအခါ နေသော အခန်းဆီသို့ ပြန်လာခဲ့သည်။တိုက်ခန်းသို့မတက်မီ လမ်းဘေးထမင်းဆိုင်တွင် ထမင်းပေါင်းတစ်ပွဲဝင်စားလိုက်သည်။စားပြီးနောက် ရေသန့်တစ်ဘူးဝယ်ပြီး သုံးလွှာရှိ တိုက်ခန်းပေါ်သို့တက်ခဲ့သည်။ ~~~~~ " မျိုးကဘယ်လိုလုပ်ချင်တာလဲ ...ဒီဆိုင်ကို ဆက်ဖွင့်ချင်တာလား ....နေတာက မျိုးတို့အိမ်မှာပဲနေမှာလား " ကိုဇင်မောင်က မျိုးမမကို မေးလိုက်သည်။မျိုးမမက တစ်ခဏမျှ စဉ်းစားနေဟန်ပြုနေပြီးနောက် "ဆိုင်ကတော့ ဆက်ဖွင့်မယ် အစ်ကို ... နေတာကအစ်ကိုအိမ်မှာနေလို့ရမလားဟင် ...မျိုးတို့အိမ်က မျိုးရဲ့ဆိုင်အတွက်ငွေလိုနေလို့ အသိတစ်ယောက်ဆီမှာ ထားထားလို့ပါ " မျိုးမမ၏စကားကြောင့် ကိုဇင်မောင်၏ မျက်လုံးအစုံမှာပြူးကျယ်သွားရပြီး

ဝေဝေ့စကားကြောင့် မပိုးဖြူမဲ့မဲ့လေးပြုံးလိုက်မိသည်။နေ့စဉ်တစ်ယောက်တည်းနေခဲ့ရသော မပိုးဖြူအတွက်ဘယ်အရာကများ ကြောက်စရာကောင်းပါအုံးမည်နည်း။ "ဒီအခန်းမှာ အနှောက်အယှက်တွေရှိတယ်ဆိုရင်တောင် ဘာမှမဖြစ်ပါဘူး ဝေဝေရယ် ....စိတ်မပူပါနဲ့ " "အင်းပါ ...၀ယ်လာတဲ့ မုန့်တွေလဲ စားလိုက်အုံး ..... ဘယ်သူ့ အကြောင်းမှ မတွေးနဲ့ ...ကိုယ့်အကြောင်းကိုပဲတွေး ... အိမ်က နေ ဖုန်းအပိုတစ်လုံးယူလာခဲ့လိုက်တယ် .. ခဏဖြစ်ဖြစ်ယူထားလိုက်နော် ... အကြောင်းရှိရင် ချက်ချင်းဖုန်းဆက် " "အင်းပါ ဝေဝေ ...ကျေးဇူးတင်ပါတယ် .. နင်ပြန်တော့လေ ....မိုးတွေလဲချုပ်နေပြီ ... ကလေးတွေ မျှော်နေတော့မယ် " " အင်း ..ငါပြန်ပြီးနော် " ဝေဝေပြန်သွားသည်နှင့် ဝယ်လာသောဖျာလေးကိုအခန်းထောင့်တွင်ခင်းလိုက်ပြီး ဗလာစာအုပ် အသစ်စက်စက်လေးနှင့်ဘောပင်ကို မဖိုးဖြူထုတ်ယူလိုက်သည်။အလယ်တန်းအဆင့် အောင်ခဲ့သော မပိုးဖြူအတွက် အတွက်အချက်ကို ကျွမ်းကျင်ပိုင်နိုင်လှသည်မဟုတ်သော်လည်း စာရင်း/လုပ်ရုံလောက်တော့ပိုင်နိုင်ပါလေသည်။ ~~~~ ''ဒေါက် ... ဒေါက် " တံခါးခေါက်သံအဆုံးတွင် ပိုးအိဇင်က အခန်းတံခါးကိုထဖွင့်ပေးလိုက်သည်။ ကိုဇင်မောင်က သမီးဖြစ်သူဖွင့်ပေးသော တံခါးမှဝင်လာလိုက်ပြီး စားရေးစာပွဲမှခုံတွင်ဝင်ထိုင်လိုက်သည်။ "ဒီညနေပဲ အဖေတို့ကွာရှင်းလိုက်ပြီ သမီး ...သူက (၁၈) နှစ်နဲ့ နှစ်လစာလုပ်အားခတောင်းတယ်....တစ်လတစ်သိန်းခွဲနှုန်းနဲ့ အဖေရှင်းပေးလိုက်တယ် ... သမီးနဲ့ပါမပတ်သက်ဖို့ သူလက်မှတ်ထိုးပေးသွားတယ် .....နောက်ဆို သမီးနိုင်ငံခြားသွားလဲသူတားလို့ မရတော့ပါဘူး " ဖခင်၏စကားကြောင့် ပိုးအိဇင်တိတ်ဆိတ်လျက်ပင် ဖခင်ကိုမော့ကြည့်လိုက်သည်။နှုတ်ကတော့ဘာမျှပြန်မဖြေပါ။ "အဖေနဲ့ သမီးရဲ့အန်တီမျိုးလက်ထပ်ဖို့ကိုတော့ ...တစ်လကျော်လောက်အချိန်ယူရအုံးမယ် " "ဟုတ်ကဲ့ ...အဖေတို့အဆင်ပြေရင်ပြီးတာပဲ ...သမီးကိုမုန့်ဖိုးပေးအုံး အဖေ ကိုဇင်မောင်သည် သမီးကို ဖျတ်ခနဲမော့ကြည့်လိုက်မိသည်။ဟိုရက်ကမှ သမီးဖြစ်သူကိုငွေငါးသိန်းထုတ်ပေးခဲ့သည်မဟုတ်ပါလား။ " အရင်ရက်ကပေးထားတဲ့ငွေက ...သင်တန်းကြေးသွင်းရတာတောင်မလောက်ဘူး အဖေ ... အဘွားဆီက ထပ်တောင်းထားရသေးတယ် " ပိုအိဇင်က ဖခင်၏ အကြည့်ကို ရိပ်မိလိုက်သောကြောင့် ချက်ချင်းပင်ဖြေလိုက်သည်။ " အင်းပါ သမီးရယ် ... အဖေ မုန့်ဖိုးပေးခဲ့ပါ့မယ် ...ဒါနဲ့ သမီးအမေက သူ့ပစ္စည်းတွေဘာမှမယူသွားဘူး ...အဲ့ဒါတွေကို အလုပ်သမားတွေကို အဖေပေးလိုက်မယ်သမီး " " အဖေ့သဘောပဲလေ ...သမီးလဲ ဘာမှလုပ်လို့ရတာမှ မဟုတ်တာ " " ဟုတ်ပြီ ..ဒါဆိုလဲအဖေသွားတော့မယ် " ပြောပြီးသည်နှင့် သမီးဖြစ်သူ၏အခန်းမှ ကိုဇင်မောင်ထွက်လာခဲ့လိုက်သည်။ ~~~~~ " ကြည့်ရတာ အဲ့ဒီတိုက်ခန်းမှာနေမယ်ထင်တယ် အစ်ကို ... ခုန အိမ်ကအစ်မနဲ့သွားကြတာ " "ဟုတ်ပြီး ငါ့ညီ ... သူ့ အဲ့မှာနေမှာ သေချာသွားရင် .. ငါ့ညီလဲ ပြန်နားတော့လေ .. နောက်ရက်မှ အစ်ကိုတို့လူချင်း တွေ့တာပေါ့ ... သူ့ကို လိုက်ကြည့်နေတာကိုတော့ သတိမထားမိစေနဲ့" "ဟုတ်ကဲ့ စိတ်ချပါ အစ်ကို .... " ~~~~~~~ မပိုးဖြူအတွက် ဆယ်စုနှစ်ကျော်ဈေးဝယ်ထွက်လာခဲ့သော ကာလတွင် ယခုတစ်ကြိမ်ဈေးဝယ်ထွက်ခြင်းသည် ပထမဆုံးအနေဖြင့်မိမိအတွက်လိုအပ်သည်များကို ဝယ်ယူရန်သက်သက်ဈေးဝယ်ထွက်ဖူးခြင်းဖြစ်သည်။ "အစ်မက ဖုန်းကိုဖုန်းပြောရုံနဲ့ဖေ့ဘုတ်သုံးရုံပဲ သုံးမှာလား...လုပ်ငန်းသုံးအတွက်ပါ သုံးချင်တာလား " ဖုန်းဆိုင်မှ အရောင်းဝန်ထမ်းကောင်မလေးက မပိုးဖြူကို ချိုသာသောအသံဖြင့်မေးလာသည်။ "အင်း ...အစ်မကအွန်လိုင်းကနေအထည်လေးတွေရောင်းဖို့ စိတ်ကူးထားလို့ ..ကင်မရာလှတာလေးလိုချင်တယ် ...အဆင်ပြေရင်တက်ဘလက်တစ်လုံးပါယူမယ် ... ဖေ့ဘုတ်အကောင့်ဖွင့်တာရယ်ပေ့လဲဖွင့်ရမယ်ပြောတယ် ..အဲ့ဒါတွေရောလုပ်ပေးလား ..." " ဟုတ်ကဲ့ အစ်မ ...ညီမတို့ဆိုင်မှာ ဝန်ဆောင်မှုမျိုးစုံရှိပါတယ် ...အစ်မအနေနဲ့ဖုန်းကိုကျွမ်းကျွမ်းကျင်ကျင်သုံးတတ်အောင် ပြသပေးမဲ့ ဝန်ဆောင်မှုလဲရှိပါတယ် ... အစ်မရဲ့အကောင့်ကို လူသိများအောင်ဝန်ဆောင်မှုပေးတဲ့အပိုင်းတွေလဲ ရှိပါတယ် ....၀န်ဆောင်မှုတိုင်းမှာတော့ ...သူ့ဝန်ဆောင်ခနဲ့သူ ရှိပါတယ်ရှင် " "ဟုတ်ကဲ့ ညီမ ...ဖုန်းနဲ့တက်ဘလက်ကို အာမခံပါတာထဲကပဲယူပါမယ် ... အမျိုးအစားကိုအစ်မကြိုက်တာလေး ရွေးပါ့မယ် " ဤနေရာတွင် ကိုဇင်မောင်၏ဖုန်းဆိုင်များသို့ သွားခဲ့ရင်းတွေ့ကြုံခဲ့ရသော အသိအရ သဘောတရားအချို့ကို မပိုးဖြူ နားလည်သဘောပေါက်ပါလေသည်။ဖုန်းကို ကျွမ်းကျွမ်းကျင်ကျင်ကြီးမလုပ်တတ်သော်လည်း သမီးငယ်ကို နားလည်ပေးနိုင်ရန်အတွက်မပိုးဖြူဖုန်းသုံးစွဲပုံ၊ဖေ့ဘုတ်အသုံးပြုပုံများကို အတော်အသင့်နားလည်ခဲ့သည်။ကိုဇင်မောင် ဖွင့်ပေးခဲ့သောဖေ့ဘုတ်အကောင့်တွင် သမီးနဲ့ ယောကျာ်းအပါအဝင်အကောင့်ထဲတွင် ငါးဦးထက်မပိုခဲ့ ။ သမီးကပုံတင်လျှင် တိတ်တိတ်လေးကြည့်ပြီး ကြည့်နူးရသည်။ ယောကျာ်းကပုံတင်လျှင်လည်း ဤသို့ပါပင်။ နောက်ဆုံးတွင်မူ သမီးရောယောကျာ်းပါ မပိုးဖြူကို ဘလော့ သွားသောအခါမပိုးဖြူ၏ ဖေ့ဘုတ်သုံးခြင်းလည်း

အားလုံးကိုကျော်ဖြတ်ကြပါစို့ မပိုး ဖြူ #နွေလယ်အိပ်မက် ( အခန်းဆက်ဝတ္ထု) အပိုင်း (၁၄) ******* တစ်လှမ်းချင်းလှမ်းလာခဲ့သောခြေလှမ်းများက ခြံကြီး၏ အပြင်သို့ရောက်ရှိလာခဲ့သည်။မြေကြီးပေါ်မှခဲလုံးလေးများကို တက်နင်းမိသောဖြေဖဝါးပြင်က နာကျင်ကျိန်းစက်၍နေသည်။ညနေခင်းလေးနာရီကျော်ငါးနာရီဆိုသောအချိန်သည် လမ်းပေါ်တွင် လူအများအပြားသွားလာချိန်ဖြစ်သည်။အားလုံး၏အကြည့်တိုင်းလိုလိုက မပိုးဖြူထံသို့ ဝေ့ဝဲရောက်ရှိလာကြလေသည်။လူတစ်ယောက်ဖိနပ်မပါဘဲ လမ်းလျှောက်နေခြင်းသည်ထူဆန်းသော အခြေအနေမြင်ကွင်းမျိုးတော့ မဟုတ်ချေ။သို့သော်လည်း ဘုရားရင်ပြင်ပေါ်နှင့်သာ့သနာ့နယ်မြေတွင်းမှမဟုတ်လျှင် ဖိနပ်မစီးခြင်း၊ ဖိနပ်ပြတ်ခြင်းကို ကာယကံရှင်ကိုယ်တိုင်ကလည်း ရှက်သလို တခြားလူများကလည်း လှောင်ပြောင်ရယ်မောစနောက်လိုစိတ်များသည် ဓလေ့ထုံးစံတစ်ခုလိုပင်ဖြစ်နေခဲ့ပါလေပြီ။မပိုးဖြူကတော့ ဤအဖြစ်အပျက် အတွက်ရှက်ခြင်းကြောက်ခြင်း ခံစားချက်များလည်း ရှိမနေခဲ့ပါလေ။ခြေလှမ်းတစ်လှမ်းတိုင်းသည် မပိုးဖြူအတွက်လေးလံ အေးစက်၍မာကျောနေသည်။ "ပွမ် .. ပွမ် " " အစ်မ... တက္ကစီလိုသေးလား ခင်ဗျာ " ကားဟွန်းတီးသံနှင့်အတူ မေးသံကြောင့် မပိုးဖြူစောင်းငဲ့၍ ကြည့်လိုက်သောအခါတွင် ဘေးတွင်ရပ်နေသောအငှားကားကို တွေ့လိုက်ရလေသည်။မပိုးဖြူ ခေါင်းကိုအသာငြိမ့်ပြလိုက်ပြီး ကားတံခါးကိုဆွဲဖွင့်၍ ဝင်ထိုင်လိုက်သည်။ ~~~~~~~ " ဟယ် ဖြူဖြူရယ် ......ဖိနပ်လဲမပါဘူး ...ငါ့ကိုဖုန်းဆက်လိုက်တာမဟုတ်ဘူး ...ငါလာကြိုမှာပေါ့ " ဝေဝေသည် မပိုးဖြူကို တွေ့သည်နှင့် စိတ်မကောင်းစွာ ပြောဆိုလိုက်သည်။ "ရပါတယ် ဝေဝေ ..ဖုန်းကထားခဲ့လိုက်ပြီလေ " "အေးပါ ....လာ အိမ်ထဲဝင် " ဝေဝေက မပိုးဖြူလက်ကို ဆွဲကာ အိမ်ထဲသို့ခေါ်ခဲ့သည်။ "လာသူငယ်ချင်း...ထိုင် ..." ဝေဝေညွှန်ပြသောခုံတွင် မပိုးဖြူထိုင်ချလိုက်သည်။ဝေဝေက မပိုးဖြူမျက်နှာကို အကဲခတ်၍သေချာကြည့်လေသည်။ "နင် အဆင်ပြေခဲ့ရဲ့လား ဖြူဖြူ ... နင်ဘာလုပ်ချင်တာလဲ ...ငါဘာကူညီပေးရမှာလဲ ... နင်ချက်ချင်းတက်နေလို့ရမဲ့ တိုက်ခန်းလဲရှိပါတယ် " "ငါ နင့်ကိုတကယ်ကျေးဇူးတင်ပါတယ်ဝေဝေရယ် ... အဲ့ဒီတိုက်ခန်းကအလွှာမြင့်လား ... မြေညီလား...တကယ်လို့ ဈေးဆိုင်ခန်းဖွင့်လို့ရမယ်ဆိုရင် ခြောက်လဖြစ်ဖြစ်ငှါးပါ့မယ် ..အလွှာမြင့်ရင်တော့ တစ်လလောက်ပဲငှါးချင်တယ် ....တကယ်လို့ တစ်လမရလဲ...ပြောင်းမဲ့သူရောက်လာတာနဲ့ ငါဖယ်ပေးပါ့မယ် .....လောလောဆယ် ဒီညက စပြီး နေချင်တယ် " " ဟာ ...ဖြူဖြူရယ် ...ဒီညတော့ ငါ့အိမ်မှာပဲ နေပါလားဟယ် ....အိပ်ခန်းပိုလဲရှိပါတယ် " ဝေဝေ့စကားကြောင့် မပိုးဖြူ ခေါင်းကိုအသာယမ်းခါလိုက်ပြီး "ဒီနေ့တော့ တစ်ယောက်တည်းနေချင်လို့ပါ ဝေဝေရယ် ...တကယ်ကျေးဇူးတင်ပါတယ် " မပိုးဖြူ၏ စကားကြောင့် ဝေဝေကသက်ပြင်းကိုချလိုက်သည်။ "အင်းပါ ဖြူဖြူရယ် ...ဒါဆိုရင်လဲ ထမင်းစားပြီးမှသွားကြမယ်လေ ..နင်လဲနားချင်နေမှာပေါ့ ..... လိုအပ်မယ်ထင်တာလေးတွေတော့ အိမ်ကယူခဲ့လိုက်မယ် ... နောက်ရက်မှ လိုအပ်တာကိုဝယ်လိုက်ပေါ့ " " ရတယ်ဝေဝေ ထမင်းမစားချင် ဘူး....ပြီးတော့ ဘာမှမလိုအပ်ပါဘူး...ခေါင်းအုံးနဲ့စောင်ပဲလိုမှာ မဟုတ်လား... လမ်းမှာဝယ်သွားမယ်လေ " တည်ငြိမ်အေးစက်စွာပြောနေသောမပိုးဖြူကို ဝေဝေဘာမှ ထပ်မပြောတော့ဘဲ နေရာမှထလိုက်သည်။ "ငါကားနဲ့လိုက်ပို့မယ် ..ဒါတော့ မငြင်းပါနဲ့ ..ဖိနပ်အသစ်တစ်ရံလဲစီးသွားလိုက်ပါဟာ ... ငါတောင်းဆိုတာပါ " "ကျေးဇူးတင်ပါတယ် ဝေဝေ " ဝေဝေ့စေတနာကို မပိုးဖြူမငြင်းတော့ပါ ။ ဝေဝေချပေးသော ဖိနပ်ကိုစီးလိုက်ပြီး အိတ်ကိုလွယ်လျက် ဝေဝေ့နောက်မှ လျှောက်၍လိုက်ခဲ့လိုက်သည်။ ~~~~.~ " အစ်ကိုရာ ...ကျွန်တော်မြင်ရတာတောင် တကယ်စိတ်မကောင်းဖြစ်မိတယ်ဗျာ ....အဝတ်အစားကလဲ ဟောင်းဟောင်းနွမ်းနွမ်းလေးတွေ .... ဘေးအိတ်ကလဲ အဟောင်းကြီးမှန်းသိသာလွန်းတယ် ....အဆိုးဆုံးက ဖိနပ်တောင်မပါဘူးဗျာ...ကျွန်တော့်အစ်မသာဆိုရင် အဲ့ဒီအိမ်ကို၀င်ပြီး သောင်းကျန်းလိုက်ပြီး " ဖုန်းထဲမှ ကြားနေရသော စကားများကြောင့် မိုးထက် မရည်ရွယ်ပါဘဲ လက်သီးကိုဆုပ်ထားမိသည်။ "အင်း ...သူအခုသွားတဲ့အိမ်ကရော ..အဆင်ပြေနိုင်ပုံပေါက်ရဲ့လား " " အဲ့အစ်မ သူငယ်ချင်းအိမ်ထင်တယ်....သူနဲ့ရွယ်တူ အစ်မတစ်ယောက် အိမ်ထဲကထွက်လာတာ တွေ့တယ် " "ဟုတ်ပြီ ငါ့ညီ .. အဲ့လမ်းထိပ်ကားဂိတ်ကနေ ခဏလောက် စောင့်ကြည့်နေပေးကွာ " "ဟုတ်ကဲ့ အစ်ကို " တစ်ဖက်မှ ဖုန်းချသွားသောအခါ မိုးထက်သက်ပြင်းမောကြီးကိုချလိုက်မိသည်။ရိုးသားစွာ အကူအညီပေးချင်သော်လည်း အကူအညီမပေးနိုင်သော အခြေအနေမျိုးမှာ သူဘာတွေလုပ်နေမိမှန်းလဲ မိုးထက်ကိုယ့်ကိုယ်ကိုယ်မသိတော့ပေ။ ~~~~~~ "ကြွေပြားခင်းထားလို့ တော်သေးတာပေါ့ ဖြူဖြူရယ် ... ရပ်ကွက်ရုံးမှာလဲ ပြောပြီးပြီဆို တော့ စိတ်အေးလက်အေးနေလို့ရပါတယ် ...နေရဲရဲ့လားဟင် "

လေးငါးစုံကို သိသန့်ထုတ်ထားလိုက်ပြီး ဘေးလွယ်အိတ်အဟောင်းလေးထဲသို့ထည့်လိုက်သည်။ဤအဝတ်အစားလေးငါးစုံနှင့် ဤအိတ်မှာကိုဇင်မောင်၏နောက်သို့ မပိုးဖြူလိုက်လာခဲ့စဉ်က ပါလာခဲ့သောပစွည်းများဖြစ်သည်။ "သူတို့ ဒီညနေလာမှာလို့ပြောလိုက်တာမဟုတ်လား ဒေါ်ကြီးမြ ... ဒီမှာပိုးဖြူရဲ့အသုံးအဆောင်ပစ္စည်းတွေပါ ... ဒါတွေကို ပိုးဖြူမယူသွားပါဘူးရှင်... ဒီမှာထားခဲ့မဲ့အကြောင်း ဒေါ်ကြီးတို့ကိုပြတာပါ " မပိုးဖြူပြောလိုက်တော့ ဒေါ်ကြီးမြတစ်ယောက် စိတ်မကောင်းစွာပင်တစ်ဖက်သို့မျက်နှာလွှဲလိုက်သည်။ ~~~~~ "ဒီမှာရေးထားတာတွေကို မပိုးဖြူ ဖတ်ပြီးပြီဆိုရင် မရှင်းတာ...နားမလည်တာရှိရင်မေးပါ..အဓိကက မပိုးဖြူတို့က တရားဝင်ကွာရှင်းလိုက်ကြပြီမို့ ...တစ်ယောက်အကြောင်းကိုတစ်ယောက်က ဂုဏ်သရေညှိုးနွမ်းအောင် ပြောခွင့်မရှိပါဘူး ...ပြီးတော့ မပိုးဖြူအနေနဲ့ သမီးဖြစ်သူနဲ့ပါ မတွေ့ပါဘူးလို့ ကတိစာချုပ်လက်မှတ်ထိုးရမှာပါ ... ဒါတွေအားလုံးကို သဘောတူတယ်ဆိုရင်လက်မှတ်ထိုးလို့ရပါပြီ ... ဒီမှာမပိုးဖြူတောင်းတဲ့လစာငွေပါ .. တစ်လကို တစ်သိန်းခွဲနှုန်းနဲ့ (၁၈) နှစ်နဲ့ နှစ်လစာပါ ...ကွာရှင်း စာချုပ်မှာလက်မှတ်ထိုးပြီးတာနဲ့ လက်ထပ်စာချုပ်ကိုဖျက်ဆီးပစ်မှာပါ .. ငွေတွေရေကြည့်ပါအုံးမပိုးဖြူ ..အားလုံးဘဏ်ထုပ်တွေပါ " ရှေ့နေဖြစ်သူ၏ အသံက လူအားလုံးကြားသာရုံ တည်ငြိမ်စွာထွက်ပေါ်လာသည်။အခန်းထဲတွင် ရှေ့နေ့နှစ်ယောက်နှင့်အတူ မပိုးဖြူ ၊ကိုဇင်မောင်တို့သားအမိလေးယောက်နှင့် အလုပ်သမားနှစ်ယောက်ရှိသည်။မပိုးဖြူဘက်ကတော့ ရပ်ကွက်လူကြီး၊လမ်းလူကြီးနှင့်အတူ ရပ်ကွက်ထဲမှ အမျိုးသမီးကြီးတစ်ယောက်ကိုပါခေါ်ထားလိုက်သည်။မပိုးဖြူငွေထုပ်ကိုယူစစ်လိုက်ပြီး ရှေ့နေ့ကြီးပေးသောစာချုပ်များတွင်လက်မှတ်ရေးထိုးလိုက်သည်။လက်မှတ်ရေးထိုးပြီးသည်နှင့် မပိုးဖြူရှေ့နေကြီး နှစ်ယောက်နှင့် ရပ်ကွက်လူကြီးများကို ကြည့်လိုက်ပြီး ဘေးတွင်ချထားသော အိတ်ကို ခုံပေါ်သို့သွန်ချပြလိုက်သည်။ "ဒီအိမ်ကနေ လုပ်ခလစာကလွဲရင်... ဘာပစ္စည်းကိုမှကျွန်မယူမသွားပါဘူးရှင်.. အခုကျွန်မ၀တ်ထားတဲ့အဝတ်အစားနဲ့ ...ဒီအဝတ်အစားဒီအိတ်က ကျွန်မ အပျိုဘဝကပိုင်တဲ့ပစ္စည်းတွေပါ...ကျွန်မဒီကထွက်သွားရင် ဖိနပ်တောင်စီးမသွားပါဘူးရှင် .. သူဆင်ထားတဲ့ လက်ဝတ်လက်စားတွေကိုလဲယူမသွားပါဘူးရှင်... ကျွန်မတစ်ကိုယ်လုံးမှာရှာလို့ရပါတယ် ..နောက်ဆုံးအနေနဲ့ ကျွန်မတောင်းဆိုချင်တာက ..လက်ထပ်စာချုပ်နှစ်စောင်လုံးကို ... ဒီရှေ့မှာတင် ကျွန်မကိုယ်တိုင်စုတ်ဗြဲဖျက်ဆီးပစ်ချင်ပါတယ် " မပိုးဖြူ၏ စကားဆုံးသော အခါ ရှေ့နေကြီးက ကိုဇင်မောင်တို့ကို ကြည့်လိုက်ပြီး "မပိုးဖြူတောင်းဆိုတာကို ကိုဇင်မောင့်ဘက်က ခွင့်ပြုပါသလားခင်ဗျာ ..တစ်ယောက်တစ်စောင်စီ ဖျက်ဆီးလို့လဲရပါတယ် " "ရပါတယ်ခင်ဗျာ ...သူ့ကိုဖျက်ဆီးခိုင်းလိုက်ပါ " ကိုဇင်မောင်၏စကားဆုံးသောအခါ ရှေ့နေကြီးက လက်ထပ်စာချုပ် နှစ်စောင်ကို မပိုးဖြူလက်ထဲသို့ထည့်ပေးလိုက်သည်။ " ဗြိ ....ဗြိ ...ဗြိ " စာချုပ်နှစ်စောင်လုံးကို မပိုးဖြူတစ်စစီစုတ်ဗြဲဖျက်ဆီးပစ်လိုက်ပြီးနောက် ကွာရှင်းစာချုပ်ကို အိတ်ထဲသို့ထည့်လိုက်သည်။ "အားလုံးပြီးပြီဆိုရင် ကျွန်မသွားပါတော့မယ်ရှင် .. ကူညီပေးကြတဲ့ရှေ့နေကြီးတို့နဲ့ လူကြီးတွေကိုလဲ ကျေးဇူးတင်ပါတယ်ရှင် " ပြောပြီးသည်နှင့် မပိုးဖြူ အိမ်ထဲမှထွက်ခဲ့လိုက်သည်။ ~~~~~~~ အနက်ရောင်စိန်မိုက်ကယ်ထဘီအဟောင်းလေးနှင့်အရိပ်ပန်းအင်္ကျီအဖြူတစ်ပတ်နွမ်းကို ဝတ်ဆင်ထားသောမပိုးဖြူသည် အရောင်မှိန်ဖျော့နေပြီဖြစ်သော ဘေးလွယ်အိတ်ကိုလွယ်ကာ ဖိနပ်မပါသောခြေဗလာဖြင့် ကိုဇင်မောင်၏ခြံထဲထွက်လာခဲ့လေ သည်။ @@@@@@@@@@@@@@@@‌@@@@ အပိုင်း (၁၄ ) ဆက်ရန် #ဧကြည်ဖြူ စာလုံးပေါင်း အမှားများ ပါရင် သည်းခံပေးကြပါရှင်

ကားဟွန်းသံနှင့်အတူ ခြံတံခါးဖွင့်သံကိုကြားရသည်။ထို့နောက် ခြံဝမှလမ်းလျှောက်လာသော ကိုဇင်မောင်ကို တွေ့ရသည်။မပိုးဖြူထိုင်ရာမှမထဘဲ စောင့်နေလိုက်သည်။ ကိုဇင်မောင်သည် မပိုးဖြူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး မပိုးဖြူကိုစိမ်းစိမ်းကြည့်သည်။ " ဆွေးနွေးမယ်ဆိုတာဘာလဲ " လက်ထဲတွင်ကိုင်ထားသောစာအုပ်အား ကိုဇင်မောင့်ရှေ့သို့ မပိုးဖြူချပေးလိုက်သည်။ "ကျွန်မ ရှင့်ကိုကွာရှင်းပေးမယ် ....ဒါပေမဲ့ ကျွန်မတောင်းဆိုတာတွေကို ရှင်လိုက်လျောပေးရမယ် " ကိုဇင်မောင်က မပိုးဖြူပေးသော စာအုပ်ကိုကြည့်သည်။သို့သော်စာအုပ်ထဲတွင် ဂဏန်းသင်္ချာများကိုသာတွေ့လိုက်ရသဖြင့် မပိုးဖြူကို ကြည့်ကာ အသံမာမာနှင့် မေးလိုက်သည်။ "ဘာတောင်းဆိုမှာလဲ ...သမီးကို လား ... သမီးကိုမင်းခေါ်လို့ရရင် ခေါ်သွားပေါ့ ..ဒါမှမဟုတ် လျှော်ကြေးလား... ပေးမှာပါ " ကိုဇင်မောင်က အောင်နိုင် သူအသံဖြင့်မေးလိုက်သည်။ ကိုဇင်မောင်၏မျက်နှာကို မပိုးဖြူ စူးစိုက်ကြည့်လိုက်ပြီး "ရှင်ပြောတဲ့ နှစ်ခုလုံးမဟုတ်ပါဘူး .. ကျွန်မလျှော်ကြေးလဲ မလိုချင်ပါဘူး ... ကျွန်မတောင်းဆိုချင်တာက .....ရှင့်ဆီမှာနေခဲ့တဲ့ (၁၈)နှစ်စာအတွက် လုပ်အားခကို လိုချင်တာပါ ...အလုပ်သမားတစ်ယောက်ရဲ့ ပုံမှန်လစာဘယ်လောက်ပေးလဲ ...အဲ့ဒီအတိုင်း ကျွန်မကိုလစာရှင်းပေးပါ...အဲ့ဒီစာအုပ်ထဲမှာ လစာပေးရမဲ့ လအရေအတွက်ပါတယ် ...ပိုလဲမပေးနဲ့လျော့လဲပေးနဲ့ အတိအကျလိုချင်တယ် ပြီးတော့ငွေသားပဲ ပေးပါ... အဲ့ဒါတွေမှ မပေးနိုင်ရင်တော့ မကွာရှင်းပေးနိုင်ပါဘူး .. ရှင်နဲ့ မျိုးမမနိုင်ကိုလဲ လူသိရှင်ကြား အရှက်ကွဲအောင် လုပ်မှာပါ ... ရှင်တို့အတူ ရှိခဲ့ကြတဲ့ပုံတွေ ကျွန်မမှာသက်သေရှိတယ်... ကျွန်မကိုယ်တိုင်က ဘယ်တရားရုံးကိုမှ မသွားချင်လို့ ရှင်နဲ့ ဆွေးနွေးတာပါ " " မင်း .. မင်း ... " ကိုဇင်မောင် ပါးစပ်အဟောင်းသားနှင့် မပိုးဖြူကို ကြည့်နေမိရာမှ သတိဝင်လာပြီး မပိုးဖြူလက်ထဲမှ ဖုန်းကိုလှမ်းလုယူလိုက်သည်။ မပိုးဖြူကလက်ထဲမှဖုန်းကို ခပ်အေးအေးပင်ထိုးပေးလိုက်သည်။ " အဲ့ဒီမှာ... ရှင်တို့ချောင်းသာမှာရှိတဲ့ ပုံတွေရော ..ရန်ကုန်ကပုံတွေပါရှိတယ် ...ဖုန်းကို ရိုက်ခွဲပစ်ချင်လဲရိုက်ခွဲလို့ရပါတယ် .... မူရင်းပုံတွေက လုံခြုံစိတ်ချရတဲ့နေရာမှာ ရှိပြီးသားပါ " "တောက် " ကိုဇင်မောင်ဖုန်းကို ခုံပေါ်သို့ပစ်ချလိုက်ပြီး တောက်တစ်ချက် ခေါက်လိုက်သည်။ "ရှင့်ဘက်က လစာအကုန်ရှင်းပေးတာနဲ့ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီး... ကျွန်မထွက်သွားပေးပါမယ်....လက်မှတ်ထိုးဖို့အတွက် ရှေ့နေနဲ့သက်သေတွေပါခေါ်လာခဲ့ပါ ... အခုရှင်ပြန်သွားမယ်ဆိုရင် ....ရှင်အိမ်ကပစ္စည်းတွေကို စောင့်ကြည့်ဖို့ လူတစ်ယောက်အိမ်မှာ လာနေခိုင်းလိုက်ပါ....လစာပေးရမဲ့လအရေအတွက်က (၁၈)နှစ်နဲ့ အစွန်းထွက်နှစ်လပါ " " တောက် " ကိုဇင်မောင် ဒုတိယအကြိမ်မြောက် တောက်တစ်ချက် ခေါက်လိုက်ပြီး အိမ်ပြင်သို့ပြန်ထွက်ခဲ့လိုက်သည်။ ~~~~~ "ဘာ ...ဘာပြောတယ် သား ... သူက အဲ့ဒီလိုပြောလိုက်တယ် ဟုတ်လား " ကိုဇင်မောင်၏ မိခင်ကြီးက အလန့်တကြားမေးလိုက်သည်။ဧည့်ခန်းထဲတွင် မျိုးမမအပါအဝင်လူစုံတက်စုံ ရှိနေကြသည်။ " (၁၈ )နှစ်နဲ့ နှစ်လဆိုတော့လပေါင်းဘယ်နှစ်လရှိတာလဲ...အခု ခေတ် နှုန်းအရအလုပ်သမားတစ်ယောက်ရဲ့ ပုံမှန်လစာဆိုတာနည်းလား ...အောက်ဆုံးထစ်ကတစ်သိန်းခွဲရှိတယ် .. မိသားရှေ့နေကို ခေါ်လိုက် " " ရှေ့နေ့ခေါ်တာကရတယ် အမေ ..သူ့ဆီမှာ ကျွန်တော်တို့ပုံတွေရှိတယ် ... ကျွန်တော်ကတော့ သူတောင်းတာကို ပေးလိုက်ချင်တယ်အမေ...အစကလဲ လျှော်ကြေးပေးဖို့ တွေးထားပြီးသားပဲလေ ..မဟုတ်ရင် မျိုးရဲ့သိက္ခာကို ထိခိုက်လိမ့်မယ် " အားလုံးဆွေးနွေးတိုင်ပင်နေကြချိန်မှာ မျိုးမမကဘာမျှဝင်မပြောဘဲခေါင်းကိုငုံ့ထားလိုက်လေသည်။ " ပေးမယ်ဆိုလဲ မိသားစုရှေ့နေနဲ့ ပေး ... ငါ့မြေးလေးကိုပါ မပတ်သက်ဖို့အတွက် တစ်ခါတည်း လက်မှတ်ထိုးခိုင်း ... ဒီနေ့အချိန်မမီလောက်ဘူး...မနက်ဖြန်ချိန်း လိုက်... ဖုန်းဆက်စမ်း ...ပြီးတော့အိမ်က အလုပ်သမားနှစ်ယောက် ကို မင်းအိမ်ကိုသွားခိုင်းပြီး ပစွည်းတွေစောင့်ကြည့်ခိုင်းထားအုံး ...တော်ကြာသူ့ဦးလေးတွေ ခေါ်ပြီး ပစ္စည်းတွေခိုးထုတ်သွားအုံးမယ် " " အမေပြောတာ မှန်တယ် အငယ်ကောင် ... လုပ်မယ်ဆိုရင်လဲ ပြတ်ပြတ်သားသားလုပ် ... ပြီးတော့ မျိုးကမောင်လေးနဲ့ မဆက်သွယ်ပါနဲ့အုံးနော် " ကိုဇင်မောင်၏ အစ်မတစ်ယောက်ကဝင်ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ အစ်မ...မျိုးပြန်လိုက်ပါတော့မယ်ရှင် " " ဘာပဲဖြစ်ဖြစ် ဒီလောက်နဲ့သူ ကျေနပ်လို့တော်သေးတယ်..... သူ့အခြေအနေသူသိလို့ ဒီလောက်ပဲ တောင်းရဲတာလဲနေမယ် " ~~~~~ မပိုးဖြူကနံရံကပ်ဗီရိုကို ဒေါ်ကြီးမြတို့ရှေ့တွင်ပင်ဖွင့်လိုက်သည်။ဗီရိုပွင့်သွားသောအခါ ဗီရိုထဲတွင် ကိုဇင်မောင်၏ အဝတ်အစားများကိုသာ အများဆုံးတွေ့ရပြီး မပိုးဖြူ၏အဝတ်များမှာ အကန့်တစ်ကန့်ထဲတွင်သာရှိလေသည်။အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများအားလုံးကို အိတ်တစ်လုံးထဲသို့ သပ်သပ်ရပ်ရပ်စုထည့်လိုက်သည်။အပြင်တွင် အဝတ်စား

A Kyi စိတ်ညစ်နေပေမဲ့ စာဖတ်သူတွေ မျှော်နေမှာစိုးလို့ ရေးနိုင်သလောက် ကြိုးစားရေးပေးလိုက်ပါတယ်ရှင် #နွေလယ်အိပ်မက် (အခန်းဆက် ဝတ္ထု ) အပိုင်း (၁၃ ) ****** သမီးဖြစ်သူပြန်သွားပြီးကတည်းက တီဗီရှေ့မှဆိုဖာခုံတွင်မပိုးဖြူမလှုပ်မယှက်ထိုင်နေခဲ့သည်။အပြင်တွင် မိုးချုပ်သွားခဲ့ပြီ ဖြစ်သလို အိမ်ထဲတွင်လည်း မှောင်မည်းတိတ်ဆိတ်၍ နေသည်။မပိုးဖြူ မီးထမဖွင့်မိပါ။ နေရာတွင်ပင် အသက်မရှိသူကဲ့သို့ ထိုင်နေမိသည်။လူတစ်ကိုယ်လုံး မလှုပ်နိုင်မယှက်ရှိနေသကဲ့သို့ နှလုံးသားသည်လည်း အေးစက်၍ နာကျင်နေသည်။ " ကျွီ .. " အိမ်တံခါးမကြီး၏ သံပန်းတံခါးကို ဆွဲဖွင့်သံ ထွက်လာသည်။မပိုးဖြူလှည့်မကြည့်မိပါ။ "ထောက် " မီးခလုတ်ဖွင့်သံနှင့်အတူ တစ်ခန်းလုံးလင်းထိန်၍သွားသည်။ လင်းထိန်သွားသော မီးအလင်းရောင်တွင် မလှုပ်မယှက်ထိုင်နေသော မပိုးဖြူကို ရုတ်တရက်တွေ့လိုက်ရသဖြင့် ကို ဇင်မောင်လန့်သွားမိသည်။ထို့နောက် ဒေါသဖြင့် မပိုးဖြူကို အော်လိုက်သည်။ " သမီးကို ဘာလို့ရိုက်လိုက်တာလဲ ..ငါ့ကိစ္စကို ငါနဲ့ရှင်းပါလား ....မင်းကအောက်တန်းစား ဆန်ဆန်ပြုမူနေတာပဲ ....ပြောလေ သမီးကိုဘာလို့ ရိုက်လိုက်တာလဲ " ကိုဇင်မောင်စိတ်မရှည်နိုင်ဘဲ မပိုးဖြူ၏ပခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်းဆွဲလှုပ်ခါပြီးမေးလိုက်သည်။မပိုးဖြူကမလှုပ်ပါ ။ကိုဇင်မောင့်မျက်နှာကိုလဲ မကြည့်ဘဲ အသက်မဲ့သူလို သာထိုင်နေခဲ့သည်။ "ပိုးဖြူ ..မင်းကြားရဲလား ...သမီးလေးကို ဘာလို့ရိုက်လိုက်တာလဲ " ကိုဇင်မောင်က ထပ်ခါထပ်ခါမေးသည်။မပိုးဖြူ မဖြေပါ။လှုပ်လဲ မလှုပ်ရှားပါ။အေးစက်နေသော မျက်လုံးသေကြီးများနှင့်သာ ကြမ်းပြင်ကိုကြည့်၍ နေခဲ့သည်။မိနစ်အနည်းငယ်ကြာသောအခါ ကိုဇင်မောင်လည်း မောသွားသည်။ ဆိုဖာခုံမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ပြီးနောက် နာရီဝက်ခန့်ကြာပြီးသောအခါ ကိုဇင်မောင် စိတ်မရှည်နိုင်တော့ဘဲ ဒေါသတကြီးနှင့်ပင် အပြင်သို့ပြန်ထွက်ခဲ့သည်။ မပိုးဖြူ နာရီပေါင်းများစွာ မလှုပ်မယှက်ထိုင်နေမိပြီးနောက် လူကတရိပ်ရိပ်မူးဝေလာပြီး ခေါင်းထဲတွင်မိုက်ခနဲ ဖြစ်သွားခဲ့သည်။လောကကြီးတစ်ခုလုံး မှောင်အတိကျသွားသည်ကိုသာ မပိုးဖြူသိလိုက်တော့သည်။ ~~~~~~~ ဖျတ်ခနဲမပိုးဖြူသတိဝင်လာချိန်တွင် အိမ်ရှေ့တံခါးမှ နေ့ အလင်းရောင်ကိုမြင်နေရပြီဖြစ်သည်။တစ်ညလုံး မပိုးဖြူသတိလစ်နေခဲ့သည်လား။အိပ်ပျော်နေခဲ့လေသည်လား မသိတော့ပါချေ။နံရံထက်မှ နာရီကို လှမ်းကြည့်လိုက်သောအခါ နံနက် (၇) နာရီထိုးနေပြီဖြစ်သည်။မပိုးဖြူ ဖုန်းကိုလှမ်းယူကာ နံပတ်တစ်ခုကို ခေါ်လိုက်သည်။ပထမတစ်ကြိမ်တွင်ဖုန်းမကိုင်ဘဲရှိသည်။ဒုတိယတစ်ကြိမ်တွင်မူ တစ်ဖက်မှ ဖုန်းကိုင်လိုက်သည်။ဖုန်းကိုင်သူမှာ ကိုဇင်မောင်မဟုတ်ဘဲ အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့လေသည်။ "ဘာပြောမလို့လဲ ...အစ်ကိုအိပ်နေတယ် " ပြန်ဖြေသံမှာမာ၍တင်းနေသည်။မပိုးဖြူ ဖုန်းကိုစပီကာဖွင့်လိုက်ပြီး "ဒီမှာမျိုးမမနိုင် ... ကျွန်မ ကိုဇင်မောင်နဲ့ စကားပြောချင်တယ် ...စပီကာဖွင့်လိုက်ပါ " တစ်ဖက်မှ အသံများခေတ္တတိတ်ဆိတ်သွားသည်။အတန်ကြာသောအခါ ကိုဇင်မောင့် အသံထွက်ပေါ်လာသည်။ " အေး ... ပြော ..ဘာပြောမှာလဲ " " ဒီနေ့လယ် ....ရှင်အားတဲ့အချိန် အိမ်ကို ပြန်လာခဲ့ပါ ... ကျွန်မတို့ ကွာရှင်းဖို့ကိစ္စကို ဆွေးနွေးမယ် " ပြောပြီးသည်နှင့် မပိုးဖြူ ဖုန်းကိုဆတ်ခနဲချပစ်လိုက်သည်။ပြီးနောက် ဝေဝေ့ဆီကို ဖုန်းခေါ်လိုက်သည်။ဝေဝေက ဖုန်းကိုချက်ချင်း ပင်ကိုင်လိုက်လေသည်။ "ဟယ်လို ...ဖြူဖြူ အစောကြီးပဲ ...ဘာပြဿနာဖြစ်လို့လဲ " " အစောကြီးဖုန်းခေါ်လိုက်ရလို့ တောင်းပန်ပါတယ် ဝေဝေရယ် ... ဝေဝေ့ဆီမှာ အကူအညီတောင်းချင်လို့ပါ " " ဪ..... တောင်းပန်ဖို့မလိုပါဘူးဟာ ..ဘာကူညီပေးရမလဲ ပြောလေ " "ဒီ ...ဒီလိုပါ ...ဝေဝေ ပိုးဖြူဆီကို ပို့ပေးတဲ့ ဓါတ်ပုံတွေရှိသေးရင် သိမ်းပေးထားပါလားဟင် ..ပြီး ..ပြီးတော့ ဒီနေ့ ဖြစ်ဖြစ် မနက်ဖြန်ဖြစ်ဖြစ် ပြောင်းလို့ရမဲ့ အခန်းမျိုးရှိလားစုံစမ်းပေးပါလားဟင် ...အကူအညီတောင်းပါတယ် ဝေဝေရယ် ..လစာကတော့ အများကြီးမပေးနိုင်လို့တစ်ယောက်စာနေရာဆိုလဲရပါတယ် " " ဘာလဲ နင်အိမ်ပေါ်ကဆင်းလာမလို့လား ... နေရာအတွက်က မပူပါနဲ့ ... ငါ့ယောက်ျားကို ပြောထားတယ် ..... သူ့မှာ အခန်းလွတ်တွေရှိတယ် ... နင့် သူတို့နဲ့ စကားပြောဖို့အတွက် တစ်ယောက်တည်းဖြစ်နေရင် ငါ့ကိုခေါ်လိုက် ...ငါလာခဲ့မယ် " " ကျေးဇူးပါသူငယ်ချင်းရယ် " မပိုးဖြူရင်ထဲမှ တကယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားပြောလိုက်မိပါသည်။ ~~~~~~ မပိုးဖြူ စာရေးဇယားများ ရေးမှတ်ပြီးနောက် ရေမိုးချိုးပြီး ထမင်းနှင့်ကြက်ဥကြော်စားလိုက်သည်။ထိုနောက်ဧည့်ခန်းတွင်ထိုင်၍ ကိုဇင်မောင်အလာကို စောင့်နေလိုက်သည်။သမီးဖြစ်သူနှင့် ယောက္ခမဖြစ်သူတို့ထံမှတော့ ဘာသတင်းစကားမျှမကြားရဘဲ ရှိလေသည်။လာနေကျဖြစ်သော ဒေါ်ကြီးမြပင် မနေ့ကရောက်မလာခဲ့ပေ။ "ပွမ်... ပွမ် "

မပိုးဖြူရင်တစ်ခုလုံးမွမွကြေရာမှဒေါသစိတ်များ၀င်ရောက်လာပြီး သမီးဖြစ်သူကိုလေသံမာမာဖြင့်ပြောလိုက်သည်။ ပိုးအိဇင်က သူမ၏လက်အစုံကိုဆွဲထားသော မိခင်ဖြစ်သူ၏ လက်မှရုန်းထွက်လိုက်ပြီး "အမေကိုယ့်ဘာသာသိမ်ငယ်နေပြီး သမီးတို့ကိုပြဿနာရှာနေတာတွေရပ်လိုက်ပါတော့ ....အမေနဲ့သမီးမနေနိုင်ပါဘူး ... သမီးဘ၀တက်လမ်းအတွက်ကြိုးစားရ မယ် ...အမေ့လိုမျိုးထမင်းနပ်မှန်အောင်စားရရုံနဲ့ဘဝကို ကျေနပ်မနေနိုင်ဘူး ...အမေကသမီးကို ဆုံးမသွန်သင်လမ်းပြရအောင် အမေကပညာဘယ်လောက်တတ်လို့လဲ ...အမေ့မှာ ဘာဘွဲ့ထူးဂုဏ်ထူးတွေ ရှိနေလို့လဲ ...အဘွားတို့ပြောပြလို့ အမေ့အကြောင်းကိုသမီးအကုန်သိပြီးသား " " ဘာ...ဘာပြောတယ် ... နင်ရိုင်းစိုင်းလှချည်လား....ကဲဟယ် ...ရိုင်းအုံး " " ဖြန်း " မပိုးဖြူ သတိလက်လွတ် ဖြင့် သမီးဖြစ်သူ၏ပါးပြင်နုနုလေးကိုရိုက်ပစ်လိုက်မိပြီး နှုတ်မှနာနာကျင်ကျင်ဖြင့် ရေရွတ်လိုက်မိလေ သည်။ " ပြော ... ပြောရက်လိုက်တာဟယ် " ပိုးအိဇင်သည် နာကျင်သွား သောပါးပြင်ကို လက်တစ်ဖက်ဖြင့်အုပ်ကိုင်ရင်း မိခင်ဖြစ်သူကိုနာနာကြည်းကြည်းကြည့်လိုက်ပြီး အိမ်ဝသို့တစ်ဟုန်ထိုးပြေးထွက်သွားခဲ့လေသည်။ မပိုးဖြူမှာမူ နေရာတွင်ပင် ငူငူ ချည်းရပ်လျက် ကျန်ခဲ့လေသည်။ @@@@@@@@@@@@@@@@@@@@@ အပိုင်း(၁၃ ) ဆက်ရန် #ဧကြည်ဖြူ

ဝေဝေ့ယောကျာ်းက ဆောက်လုပ်ရေးကန်ထရိုက်မို့ မပိုးဖြူတလက်စတည်း မေးကြည့်လိုက်ခြင်းဖြစ်သည်။ "ဈေးနည်းတာများတာက နေရာရယ်...အကျယ်အဝန်းနဲ့လဲဆိုင်တယ်ဖြူဖြူရဲ့ ..တကယ်လို့ နင့်အတွက်အခန်းလိုတယ်ဆိုရင် ... ငါ့ဆီကိုဖုန်းဆက်လိုက်ပါ ..ကိုကို့ဆီမှာမြို့နယ်စုံကတိုက်ခန်းတွေရှိပါတယ် ... လက်တလော ခဏတစ်ဖြုတ်လောက်နေလို့ရတဲ့ အခန်းတွေလဲရှိတယ်....မပြောကောင်းမဆိုကောင်းဟယ် ..နင်အတွက်နေဖို့နေရာလိုအပ်ရင် ငါ့ဆီကိုဖုန်းဆက်လိုက်ပါ ... ငါအိမ်ပြန်ရောက်တာနဲ့ ကိုကို့ကိုမေးထားလိုက်မယ် " မထင်မှတ်ထားသောစကားမျိုးကို ဝေဝေ့ဆီမှကြားလိုက်ရသဖြင့် မပိုးဖြူမျက်ရည်များပင်ဝဲလာရပြီး ဝေဝေ့ကိုကျေးဇူးတင်စကားပြောလိုက်မိသည်။ "ကျေး.... ကျေးဇူးတင်ပါတယ် ဝေဝေရယ် ...တကယ် ကျေးဇူးတင်တာပါ " "ရပါတယ် ဖြူဖြူရယ် ... ကိုယ်ချင်းစာလို့ပါဟယ် ...နင့်နေရာမှာ ငါသာဆိုရင်တော့ ..အခုလောက်ဆို တစ်ယောက်ယောက်တော့ ဆေးရုံရောက်နေလောက်ပြီထင်တယ် " ဝေဝေကမချင့်မရဲပုံစံဖြင့် ပြောလိုက်သည်။ မပိုးဖြူကတော့ ကိုယ့်အကြောင်းကိုယ်သာသိ၍ မချိပြုံးသာပြုံးနေလိုက်ရသည်။ ~~~~~ "တီးတောင် ...တီးတောင် " ဖုန်းထဲမှအွန်းလိုင်းဈေးရောင်းဝယ်ရေးကို မပိုးဖြူလေ့လာနေစဉ်မှာ ခြံဝမှဘဲလ်တီးသံကြောင့် ရင်ထဲဒိန်းခနဲခုန်လှုပ်သွားပြီး ခြံ၀သို့လှမ်းကြည့်လိုက်မိသည်။ထိုအခါမပိုးဖြူ ထင်လိုက်မိသလို သမီးငယ်ပိုးအိဇင်တစ်ယောက် ခြံတံခါးသော့ဖွင့်ပြီးဝင်လာသည်ကို တွေ့လိုက်ရလေသည်။တစ်တိုက်လုံးရဲ့သော့များကို ကိုယ်စီယူထားကြသည်ဖြစ်၍ မပိုးဖြူဆိုဖာဆက်တီခုံတွင် ငြိမ်သက်စွာထိုင်လျက် သမီးဖြစ်သူကိုငေးကြည့်နေမိသည်။ ပိုးအိဇင်သည် အိမ်ထဲသို့ဝင် လာခဲ့ပြီး မပိုးဖြူထိုင်နေရာဆီသို့လျှောက်လာခဲ့ပြီးလျှင် မျက်နှာချင်းဆိုင်ခုံတွင် ထိုင်လိုက်သည်။ "သမီးကို တွေ့ချင်လို့ဆို ...ဘာပြောစရာရှိလို့လဲ အမေ " သမီးဖြစ်သူ၏ မျက်နှာလေးကို အလွမ်းပြေကြည့်နေမိရင်း ပါးပြင်ပေါ်သို့ မျက်ရည်များကျလာသော မပိုးဖြူမှာ သမီး၏အသံကြောင့် မျက်ရည်များကို ကမန်းကတန်းသုတ်လိုက်ရသည်။ပြီးမှခေါင်းကိုငြိမ့်ပြလိုက်ပြီး သမီးဖြစ်သူကို ခပ်တိုးတိုးမေးလိုက်သည်။ "သ ..သမီးက စင်္ကာပူမှာကျောင်းသွားတက်မလို့ဆို ...အမေ့ကိုလဲ ဘာမှမပြောပါလား သမီးရယ် " " လိုသေးလို့ မပြောတာပါ...သွားဖို့နီးရင်ပြောမလို့ပါ " "ဘယ် .... ဘယ်လိုပြောလိုက်တယ် သမီး ...နီးမှပြောမယ်ဆိုတော့ ... သမီးတစ်ယောက်လုံး နိုင်ငံခြားသွားနေမှာကို... သွားခါနီးမှအမေကသိရမှာလား " မပိုးဖြူ ငိုသံဖြင့်ယူကျုံးမရစွာမေးလိုက်မိသည်။ "ဒီခေတ်ကြီးထဲမှာနိုင်ငံခြားသွားတာဘာထူးဆန်းလို့လဲအမေ ..လူတိုင်းသွားနေကြတာ ... အမေလို လူအတွက်တော့ ထူးဆန်းချင်ထူး ဆန်းနေမှာပေါ့ ..." "ဘယ်လို သမီး ..... နိုင်ငံခြားသွားလို့ သမီးကိုပြောနေတာမဟုတ်ဘူးလေ ...အမေ့ကိုဘာလို့ပြောမပြတာလဲလို့ မေးကြည့်တာပါ " " အဖေ့နဲ့ အဘွားတို့ကို ပြောပြီးရင်ပြီးပြီပေါ့...အမေကပိုက်ဆံထုတ်ပေးမှာမှ မဟုတ်တာ " သမီးငယ်၏ အဖြေကြောင့် မပိုးဖြူဆွံ့အသွားမိပြီး မျက်လုံး အကြောင်သားနှင့်ကြည့်နေမိလေသည်။ " ဘာပြောစရာရှိသေးလဲ အမေ... ပြောစရာမရှိရင် သမီးပြန်တော့မယ် " ပြောရင်းထပြန်ရန်ပြင်လိုက်သောသမီးငယ်ကို မပိုးဖြူမှာမန်းကတန်းလှမ်း၍ တားလိုက်ရသည်။ "နေ ... နေပါအုံးသမီးရယ် ...ဒီည တော့ အိမ်မှာအိပ်သွားပါလားကွယ် " မိခင်ရဲ့တောင်းဆိုမှုကို ပိုးအိဇင်ကခေါင်းကိုခါယမ်းပြလိုက်ပြီး "ဟင့်အင်း ...စာလုပ်စရာတွေရှိသေးတယ် ပြန်တော့မယ် " သမီးငယ်၏စကားကြောင့် မပိုးဖြူရင်ထဲတွင် ဝမ်းနည်းကြေကွဲ စွာခံစားလိုက်ရပြီး "စာကဒီမှာလဲ လုပ်လို့ရပါတယ် သမီးရယ် ..ဘယ်လိုဖြစ်လို့ အဲ့ဒီလောက်ဖြစ်နေရတာလဲ ...အမေနေကောင်းရဲ့လားတောင်တစ်ခွန်းမမေးဘူးနော် ..ပြီးတော့ သမီးအဖေအကြောင်းတွေလဲ သမီးသိတယ်မဟုတ်လား " " အမေတို့ကိစ္စကို သမီးကိုလာမပြောနဲ့ အမေ ...သမီးမသိချင်ဘူး...သမီးနဲ့လဲ မဆိုင်ဘူး " " ဘာပြောတယ် သမီး ....အမေတို့ကိစ္စဟုတ်လား ..... သမီးနဲ့မဆိုင်ဘူးဟုတ်လား ..... ဘယ်လိုတောင်ပြောထွက်တာလဲ သမီး...အမေတို့တွေက မိသားစုမဟုတ်ဘူးလား ...အမေနဲ့အဖေ အိမ်ထောင်ကွဲသွားရင်ရော သမီးဘယ်လိုမှမခံစားရဘူးလား ..... နိုင်ငံခြားသွားဖို့ကိစ္စကိုလဲ မအေကိုပြောရကောင်းမှန်းမသိဘူးလား ..." " မိသားစုဆိုတိုင်း အမေနဲ့အတူ သမီးကလိုက်ပြီးစိတ်ဆင်းရဲပေးရမှာလား...သမီးလဲသမီးဘ၀နဲ့ အေးဆေးနေချင်တယ် ... အမေလဲအမေ့ဘ၀နဲ့ နေပါလား ...ဘာလို့ လူတွေကို ပြဿနာလိုက်ရှာနေရတာလဲ ..." "ဘယ်လိုပြောလိုက်တယ် ....သမီးပြောဆိုတာတွေ အကြင်နာကင်းလှချည်လား ...ရိုင်းစိုင်းလှချည်းလားကွယ် ...ဒီပုံစံနဲ့တော့နင့်ကိုဘယ်မှပေးမလွှတ်တော့ဘူး ပိုးအိဇင် ....ဟိုအိမ်ကိုလဲမပြန်ရတော့ဘူး ....ဒီနေ့ကစပြီး အိမ်မှာပဲနေရတော့မယ် ... ဘာသင်တန်းမှလဲမတက်ရတော့ဘူး ... ဘယ်နိုင်ငံကိုမှလဲ မသွားရဘူး ...နင့်အဖေကိုငါမပိုင်ရင်တောင်မ နင့်ကိုတော့ငါပိုင်တယ် ပိုးအိဇင်..ဒီနေ့ကစပြီး ငါ့အရိပ်အောက်မှာပဲနေရမယ်...ငါ့ဆုံးမသွန်သင်တာကိုနာခံရမယ် "

လူငယ်ပီပီကြီးပွားတိုးတက်လိုသောစိတ်နှင့်နိုင်ငံရပ်ခြားကို အထင်ကြီးသောစိတ်ရှိသည်။သူ့ဘ၀တိုးတက်ရေးအတွက် စင်္ကာပူနိုင်ငံလိုမျိုးမှာ သွားရောက်ပညာသင်ကြားလိုစိတ်ရှိနေသည်။အိမ်ကအပြည့်အဝမထောက်ပံ့ပေးနိုင်၍ အလုပ်နှင့် သွားရောက်နိုင်ရန် ကြိုးစားနေချိန်တွင် ပိုးအိဇင်နှင့်ဆုံတွေ့ခဲ့ရခြင်းဖြစ်သည်။ကျော်သက်အတွက်တော့ ပိုးအိဇင်နှင့်ဆုံစည်းရခြင်းသည် လိုတရနတ်သမီးတစ်ပါးနှင့်ဆုံစည်းရသကဲ့သို့ဖြစ်ခဲ့လေသည်။အတိုင်းအတာနှင့်သုံးနေရသော ကျော်သက်အတွက် လိုအပ်ချက်မှန်သမျှကို ပိုးအိဇင်က အလိုက်တသိဖြည့်စွမ်းပေးသည်။ဖခင်နှင့်အဘိုးအဘွားများဆီမှငွေကိုအလွယ်တကူတောင်း၍ရနေသော ပိုးအိဇင်အတွက် ငွေကြေးအခက်အခဲဆိုတာလဲ လုံးဝမရှိခဲ့သည်လေ။ ~~~~~~~ " ကိုဇင်မောင့်အမျိုးသမီးက ထင်သလောက်တော့ လွယ်မဲ့ပုံမဟုတ်ဘူးထင်တယ်နော် မျိုး .... မင်းသတိထားမှရမယ် ...မတော်ဒီကိစ္စကို လူသိရှင်ကြားဖြစ်အောင်လုပ်လိုက်ရင်တော့ မင်းရောကိုဇင်မောင်ပါဒုက္ခရောက်သွားမယ် ... မင်းတို့သူ့ကို အချိုသပ်ပြီး ကိုင်တွယ်မှရလိမ့်မယ် " " မျိုးကတော့သူ့ကို အရှုံးမပေးပါ ဘူးရတနာ...သူ့ကိုမုန်းလွန်းလို့ အစ်ကို့ကို ရအောင်ကိုယူအုံးမှာ...ဖြစ်နိုင်ရင် ဘာလျှော်ကြေးမှမပေးဘဲ ... ဒီအတိုင်းဆင်းသွားရအောင်လုပ်ပစ်ချင်တာ ...မျိုးကိုသူပြောခဲ့တာတွေအတွက် လုံး၀မကျေနပ်ဘူးသိလား " မျိုးမမက အံကိုတင်းတင်းကြိတ်လျက်ပြောလိုက်သည်။ ~~~~~~ "ဖြူဖြူရယ် နင်အရမ်းပိန်သွားလိုက်တာ ..ငါ့ကို ဖုန်းဆက်ခေါ်တယ်ဆိုတော့ ... ပြဿနာသွားရှင်းမလို့များလားလို့ ... ဘာလုပ်ချင်လဲဘယ်သွားချင်လဲပြော ဖြူဖြူ ..ဟိုမိန်းမဆိုင်ကို လိုက်ပြရမလား " ရောက်သည်နှင့် ခုံမှာဝင်မထိုင်သေးဘဲ ကျယ်လောင်လောင်ဟောင်ဖွာဖွားအသံနှင့်ပြောလိုက်သောဝေဝေ့ကြောင့် မပိုးဖြူ့ရှက်ရွံ့စွာပင် ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသေးသည်။မပိုးဖြူ အဖြစ် ကလည်း အသိမိတ်ဆွေဆို၍ဝေဝေတစ်ယောက်တည်းရှိသည်လေ။ "အဲ့ဒါတွေ ထားလိုက်ပါဝေဝေရယ် ..... တခြားကိစ္စပြောစရာရှိလို့ ဝေဝေနဲ့ တွေ့ရအောင်ချိန်းလိုက်တာ ပါ...သူတို့အကြောင်းတွေမပြောချင်ဘူး...အလုပ်ကိစ္စလေးပြောစရာရှိလို့ပါ " " အလုပ်ကိစ္စဟုတ်လား ...ဖြူဖြူ အလုပ်လုပ်မလို့လား " အလုပ်ကိစ္စဟုသော စကားကြောင့် ဝေဝေအံ့သြတကြီးနှင့် ပိုးဖြူကို ပြန်မေးလိုက်သည်။ "ဟုတ်တယ် ဝေဝေ ...အသက် (၃၆)နှစ်အရွယ် ..အတန်းပညာမရှိတဲ့မိန်းမတစ်ယောက်အတွက် ဘယ်လိုအလုပ်မျိုးတွေရှိလဲဟင်...ဝေဝေကအပေါင်းအသင်းလဲပေါလို့မေးကြည့်တာပါ ...ပိုးဖြူတို့လိုအရွယ်နဲ့ ဟိုအရင်ကလို အရောင်းစာရေးမတွေဘာတွေလုပ်လို့မတော့ဘူးဆိုတာတော့ ပိုးဖြူသိပါတယ် " "တ ....တကယ်ပြောနေတာလား ဖြူဖြူ ... နင်တကယ်ပဲကိုဇင်မောင်နဲ့ကွာရှင်းမလို့လား ... မဖြစ်ဘူးနော် ဖြူဖြူ ...တကယ်လို့ ကွာရှင်းမယ်ဆိုလဲ လျှော်ကြေးကို များများတောင်း ....ဖြစ်နိုင်ရင် လက်ရှိအိမ်ကိုတောင်းလိုက်ဖြူဖြူ....မပေးရင်လုံး၀ကွာရှင်းမပေးနဲ့ " ဝေဝေ့အပြောကြောင့် မပိုးဖြူမဲ့ပြုံးလေးပြုံးလိုက်ရင်း "ကွာရှင်းတာမကွာရှင်းတာထက် ....ပိုးဖြူအလုပ်လုပ်ချင်တယ် ... အရင်းအနှီးနည်းနည်းနဲ့ စလို့ရမဲ့ အလုပ်မျိုးပေါ့ ..ငယ်ငယ်ကလို ဈေးထဲသွားပြီးဈေးတော့မရောင်းချင်တော့ဘူး...ပိုးဖြူအတွက် အလုပ်တစ်ခုလိုအပ်နေလို့ပါ " တည်ငြိမ်အေးဆေးစွာ ပြောနေသော မပိုးဖြူ၏ပုံစံကိုကြည့်ပြီး ဝေဝေခေတ္တမျှငြိမ်သွားသည်။အတန်ကြာသောအခါမှာ မပိုးဖြူ မျက်နှာကို ကြည့်လိုက်ပြီး "ဒီမှာ ဖြူဖြူ ....ငါတို့အနေအထားငါ့တို့အရွယ်နဲ့ကတော့ စျေးရောင်းတာအကောင်းဆုံးပဲပေါ့ ...ဒါပေမဲ့ ဒီနေ့ခေတ်မှာ... ဆိုင်ခန်းဈေးနှုန်းတွေကနည်းတာမဟုတ်ဘူး .. မင်းစိတ်ဝင်စားမယ်ဆိုရင် ... အွန်လိုင်းဈေးသည်ဘဝကိုစလုပ်ကြည့်ပါလား..အွန်းလိုင်းဈေးရောင်းရင်ဆိုင်ခန်းမလိုဘူး.. နေရာကမိန်းလမ်းမဖြစ်နေဖို့မလိုဘူး... တိုက်ပေါ်ကရောင်းရောင်း ....တဲပေါ်ကရောင်းရောင်း ... လောလောဆယ်ဖုန်းကောင်းကောင်းတစ်လုံးပဲလိုမယ် ..ပြီးရင်းလိုင်းပေါ်မှာ ဘာတွေရောင်းရမလဲ ...အွန်းလိုင်းမှာ ဈေးရောင်းနိုင်ဖို့အတွက် ဘာတွေလိုအပ်လဲ ...ဘာတွေရောင်းသင့်လဲလေ့လာပေါ့ " ဝေဝေပြောပြနေသည်ကို မပိုးဖြူစိတ်ဝင်တစားနားထောင်နေမိသည်။ခေတ်နဲ့အညီ မပိုးဖြူလည်း အွန်းလိုင်းပေါ်မှ ဈေးဝယ်သူတစ်ယောက်ဖြစ်၍ ဤလုပ်ငန်းကိုနားလည်သင့်သလောက် နားလည်ပါလေသည်။ကိုယ်တိုင်လုပ်ရလိမ့်မည်ဟုတော့ တစ်ခါမျှပင်မတွေးခဲ့ဖူးပါချေ။ "အဲ့လိုဆိုရင် .. တစ်နိုင်ဘာလုပ်ရင် အဆင်ပြေနိုင်မယ်ထင်လဲဟင် ဝေဝေ " မပိုးဖြူ ဝေဝေ့ကို အားကိုးတကြီးမေးကြည့်လိုက်မိသည်။ "တော်တော်များများကတော့ အွန်လိုင်းမှာအဝတ်အစားနဲ့ အလှကုန် ပဲရောင်းကြတာများတယ် ဖြူဖြူ .... ဒီနေ့ကစပြီးအဲ့ဒါတွေကို စပြီးလေ့လာကြည့်ပါလား .. မင်းမှာ ဖုန်းကောင်းကောင်းတစ်လုံး တော့ရှိတယ်မဟုတ်လား... တက်ဘလက်ရှိရင်ပိုအဆင်ပြေတယ်...မရှိရင်တစ်လုံးလောက်နင့်ယောကျာ်းဆီကတောင်းလိုက် ..." ဝေဝေက မပိုးဖြူလက်ထဲက ဖုန်းကိုအကဲခတ်ကြည့်ရင်း ပြောလိုက်သည်။ " ဒါ..ဒါနဲ့ ဝေဝေ ... အိမ်ခန်ငှါးရင် ဈေးအသက်သာဆုံးက ဘယ်လောက်ရှိမလဲဟင် "

ကိုဇင်မောင်၏မိခင်ကြီးသည် ညကိုးနာရီကျော်မှအိမ်သို့ရောက်လာသောသားကို ကြည့်ပြီး အလန့်တကြား မေးလိုက်သည်။ "ရပါတယ်အမေ ဘာမှမဖြစ်ပါဘူး ..ကျွန်တော်အခုပဲ အိမ်က ပြန်လာတာ ..သူကပြောတယ် သမီးနဲ့ စကားပြောချင်တယ်တဲ့ ....သမီးနဲ့ စကားပြောပြီးရင် ကွာရှင်းဖို့ကို စဉ်းစားပေးမယ်တဲ့ " " ဘာပြောတယ် ... သူက အဲ့လိုပြောတာလား ....ကလေးကိုသူ့ဘက်ပါအောင်ဆွယ်မလို့နေမှာပေါ့...မင်းမိန်းမက တော်တော်လည်တာပဲ.... ဒါပေမဲ့ မြေးလေးရဲ့စိတ်ကိုအမေယုံကြည်ပြီးသားပဲ .. ခေါ်သွားပေးလိုက်စမ်းပါကွယ် " "ဟုတ်ကဲ့ အမေ ... ကျွန်တော်လဲ အဲ့ဒီလိုလုပ်ဖို့စဉ်းစားထားတယ် ~~~~ "ဒေါက် .... ဒေါက် " "ဘယ်သူလဲ ...အဘွားလား " ချစ်သူနှင့်ဖုန်းပြောနေစဉ် အပြင်မှတံခါးခေါက်သံကြောင့် ပိုးအိဇင်အပြင်သို့လှမ်းမေးလိုက်သည်။ " အဖေပါ သမီးလေး...ခဏလေး တံခါးဖွင့်ပေးပါအုံး " "ဘာဖြစ်လို့လဲ အဖေ ..အမေ ဘာဖြစ်ပြန်ပြီလဲ " ပိုးအိဇင်တံခါးဖွင့်ပေးလိုက်ပြီး ခပ်ဆတ်ဆတ် အသံပေးဖြင့် မေးလိုက်သည်။ "သူက သမီးနဲ့တွေ့ချင်လို့တဲ့ .... ဒီတစ်ညလောက်ဖြစ်ဖြစ်လိုက်တွေ့ပေးပါလား သမီး " ဖခင်၏ စကားကြောင့် ပိုးအိဇင်စိတ်ညစ်စိတ်ရှုပ်ထွေးသွားရပြီး အသံမာမာဖြင့် ဖခင်ကို ပြန်ပြောလိုက်သည်။ "သမီးကိုတွေ့ပြီးဘာတွေ ပြောအုံးမလို့လဲ ... သမီးစိတ်ရှုပ်တယ် ...အဖေတို့ကိစ္စတွေမှာ သမီးကို ဆွဲမထည့်နဲ့လို့ပြောပြီးပြီးလေ ...ကိုယ့်ပြဿနာကိုယ်ရှင်းကြပါလား ... သမီးဘာသာအေးဆေးနေနေတာကို သမီးကိုပဲလာရှုပ်နေတယ်....အမေ့နဲ့ သမီးမတွေ့ချင်ဘူး ...စိတ်ညစ်စရာတွေနားမထောင်ချင်ဘူး " " အဖေတောင်းပန်ပါတယ် သမီးရယ် ..အခုမဟုတ်ရင်တောင် မနက်ဖြန်အချိန်ရရင်ခဏလောက်သွားတွေ့လိုက်ပါကွယ် " "ဟုတ်ကဲ့ပါ အဖေ ..အားရင် သွားတွေ့လိုက်ပါ့မယ်" ~~~~~~ " ဟယ်လို ..မျိုးအိမ်ပြန်သွားပြီလား ..ဆိုင်မှာပဲလား ...အစ်ကို ဆိုင်ကို လာခဲ့မလို့ " ကိုဇင်မောင်မေးလိုက်သောအခါ တစ်ဖက်မှမျိုးမမ၏ဖြေသံမှာ ချက်ချင်းထွက်မလာဘဲ ရှိလေသည်။ကိုဇင်မောင်မှာ စိတ်လှုပ်ရှားစွာ ဖုန်းကိုကိုင်လျက် မျိုးမမ၏ ပြန်ဖြေသံကို နားစွင့်နေမိသည်။အတန်ကြာသောအခါမှ မျိုးမမထံမှစကားသံထွက်လာခဲ့လေသည်။ " မျိုးရှက်တယ် အစ်ကို ... မျိုး ဘ၀မှာ ဒီလိုမျိုးအပြောခံရလိမ့်မယ်လို့ အိပ်မက်တောင်မမက်ဖူးဘူး...အစ်ကိုဘက်က ပြတ် ပြတ်သားသား မဆုံးဖြတ်နိုင်ဘူးဆိုရင် မျိုးတို့လမ်းခွဲကြရအောင် " " ဟာ ....ဘယ် ... ဘယ်လိုပြောလိုက်တာလဲ မျိုးရယ် ..ဒီအခြေအနေရောက်မှတော့ လမ်းခွဲလို့ရမလား မျိုးရယ် ...အိမ်က ကိစ္စကို ..ဒီတစ်ပတ်အတွင်းပြီးပြတ်အောင်အစ်ကိုဖြေရှင်းပါ့မယ် ... စိတ်ချပါမျိုးရယ် ..နောက်ဒီလိုမဖြစ်စေရပါဘူးကွာ ...အစ်ကိုအခု အမေတို့အိမ်မှာ ....မျိုးဆီကို ထွက်လာခဲ့မယ်နော် " ကိုဇင်မောင်လေသံပျော့လေးနှင့် တောင်းပန်စကားဆိုလိုက်သည်။မျိုးမမဘက်မှ ကြာမြင့်စွာ တိတ်ဆိတ်သွားသည်။အတန်ကြာသောအခါမှ မျိုးမမထံမှမူနွဲ့နွဲ့ အသံလေးအား ကိုဇင်မောင်ကြားလိုက်ရလေသည်။ "လာချင်လာခဲ့ပေါ့ ...ဒီတစ်ခါနောက်ဆုံးခွင့်လွှတ်တာပဲနော် ...." ~~~~ " ဒီနေ့အိမ်ကို စောစောပြန်မယ်ကို ကို ... အမေနဲ့ သွားတွေ့ရမယ်မှာမို့ပါ " " အမေဟုတ်လား....ပိုးမှာအမေရှိသေးတာလား...ကိုကို့ကိုလဲ မပြောဖူးပါဘူး " ပိုးအိဇင်၏စကားကို ကျော်သက်အံ့အားသင့်ပြီး ပြန်မေးလိုက်သည်။ "ရှိပါတယ် ကိုကို ....ပိုးအိက အဘွားအိမ်မှာနေလို့ အမေ့အကြောင်းမပြောမိတာပါ...အမေနဲ့နေရင် ကိုကိုနဲ့တောင်တွေ့ရမှာမဟုတ်ဘူး ...အမေကအရမ်းချုပ်ချယ်တာ ...ကိုကိုနဲ့အတူ စင်္ကာပူသွားမလို့ ပြင်ဆင်နေတာကိုသာသိရင် .... တားလိမ့်မယ်ထင်တယ်..." " ဟင် ဟုတ်လား ...ပိုးရဲ့အဖေနဲ့ အဘိုးအဘွားတွေကတော့ အေးဆေးပဲနော် ...ပိုးကိုမချုပ်ချယ်ကြဘူးပဲ .." "မတူဘူးလေကိုကိုရယ်...အဖေနဲ့ အဘွားတို့က မျိုးရိုးစဉ်ဆက် ချမ်းသာလာကြတော့လူဝင်လဲ ဆန့်တယ်....ခေတ်ကိုလဲလိုက်နိုင်တယ်လေ ... အမေကတော့အဖေနဲ့ .မယူခင်က တအားဆင်းရဲတာတဲ့ ... အဲ့ဒါကြောင့်တွေးခေါ်ပုံတွေမတူတာပေါ့ " "ဟုတ်လား ...အဲ့ဒါဆို ကိုကိုနဲ့ပိုးအကြောင်းကိုမသိစေနဲ့အုံး ....တော်ကြာသွားခါနီးလာခါနီးမှ ပျက်စီးသွားအုံးမယ် " ကျော်သက်ကစိုးရိမ်သော လေသံဖြင့် ပြောလိုက်သည်။ " ဟုတ်ကဲ့ပါ ကိုကို ...ဒါနဲ့ဒီလအတွက်ကိုကို့ကိုသင်တန်းကြေးကိုသွင်းပြီးသွားပြီနော် ... တော်ကြာသွားထပ်ပေးနေမိမှာစိုးလို့ " " ဟာကွာ ...ဘာလို့ပေးလိုက်တာလဲ ပိုးရယ်...တကယ်ဆိုကိုကိုက ပိုးအတွက်ပါပေးရမှာလေ " "လာပါကိုကိုရယ်..အဲ့ဒါတွေ တွေးမနေပါနဲ့ ...မုန့်သွားစားရအောင် " ပိုးအိဇင်က ကျော်သက်၏လက်ကိုဆွဲလိုက်ကာ စားသောက်ဆိုင်များရှိရာဆီသို့ လျှောက်သွားလိုက်သည်။ကျော်သက်၏အခြေအနေမှာ ပိုးအိဇင်တို့လို ချမ်းချမ်းသာသာထဲက မဟုတ်ဘဲ ဖခင်မှာခပ်သေးသေး ကုမ္ပဏီတစ်ခုမှ မန်နေဂျာဖြစ်ပြီး မိခင်မှာ အိမ်ခြံမြေပွဲစားတစ်ယောက်ဖြစ်သည်။စီးပွားရေးပြေပြေလည်လည် ရှိသော်လည်း သားဖြစ်သူကျော်သက်လိုအပ်သမျှကိုတော့ထောက်ပံ့ပေးနိုင်သောအဆင့်မျိုးမဟုတ်ချေ။ကျော်သက်မှာ

#နွေလယ်အိပ်မက် (အခန်းဆက် ဝတ္ထု ) အပိုင်း ( ၁၂ ) ******** "ဂျုန်း .....ဂျုန်း " " ပိုးဖြူ ...ပိုးဖြူ " အိမ်ရှေ့တံခါးမကြီးမှ သံပန်းတံခါးကို ဆွဲကိုင်လှုပ်ယမ်းထုရိုက်သံနှင့်အတူ ကိုဇင်မောင်၏အသံက အပေါ်ထပ်အိပ်ခန်းဆီသို့ ပျံ့လွင့်ရောက်ရှိလာသည်။ခြံတံခါးသော့ကိုကျတော့ သူ့ဘာသာဖွင့်ဝင်လာခဲ့ပြီး အိမ်တံခါးကိုတော့ မပိုးဖြူအထဲမှပိတ်ထားသောကြောင့် တံခါးကိုထုရိုက်နေခြင်းဖြစ်လေသည်။မပိုးဖြူနှုတ်ခမ်းကိုခပ်တင်းတင်းစေ့လျက် အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။ တံခါးဖွင့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ကိုဇင်မောင်သည် ဒေါသမျက်နှာနှင့် အိမ်ထဲသို့ဝင်လာခဲ့သည်။မပိုးဖြူကတော့ တံခါးကိုပြန်ပိတ်ပြီး အိမ်ပေါ်ထပ်သို့တက်ရန် ပြင်လိုက်သည်။ "မင်း အပေါ်မတက်နဲ့အုံး ပိုးဖြူ..." ကိုဇင်မောင်၏ ဒေါသတကြီးအသံကြောင့် မပိုးဖြူ လှေကားထစ်ဆီသို့သွားနေသော ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကိုဇင်မောင်၏ရှေ့သို့ ပြန်လျှောက်လာခဲ့လိုက်သည်။ "မင်းသိပ်မိုက်ရိုင်းပါလား ပိုးဖြူ...မင်းက ငါတို့ကိုတိရစ္ဆာန်နဲ့ နှိုင်းတယ်ဆို ... မင်းသိပ်အောက်တန်းကျတဲ့သူပဲ .....သူကနိုင်ငံခြားမှာပညာသင်လာခဲ့ပြီးမျိုးရိုးဂုဏ်အဆင့်အတန်းရှိတဲ့သူကွ......မင်းလိုသူများအိမ်ကပ်နေခဲ့ရတဲ့ အခြေမဲ့အနေမဲ့ပညာမဲ့တဲ့သူမဟုတ်ဘူး ....မင်းကဘာတွေများတော်နေလို့ သူနဲ့သွားယှဉ်နေရတာလဲ.... " "ဖြန်း .... " ကိုဇင်မောင်စကားကိုဆုံးအောင်ပြောခွင့်မရလိုက်ပါ။ကိုဇင်မောင့်ပါးကို မပိုးဖြူဖြောင်းခနဲမြည်အောင် ရိုက်ချပစ်လိုက်သည်။ " မင်း ..မင်း ငါ့ပါးကိုရိုက်တယ်ဟုတ်လား " ကိုဇင်မောင်သည် နာကျင်သွားသော ပါးတစ်ဖက်ကို အုပ်ကိုင်ရင်း ဒေါသတကြီးမေးလိုက်ရင်း မပိုးဖြူကိုပြန်ရိုက်ရန် လက်တစ်ဖက်ကို မြှောက်၍ရွယ်လိုက်လေသည်။ " သိပ်ကိုနာသွားတယ်ပေါ့လေ ဟုတ်လား ... ကျွန်မအသားကိုထိရဲထိကြည့်လိုက်လေ ... ဒီမှာတွေလား လက်ထဲမှာကိုင်ထားတာဓါးနော် ... ရှင့်လူက ဘာတွေပြောလိုက်လဲမသိပေမဲ့ တဏှာကို အချစ်လို့ခေါင်းစဉ်တပ်ပြီး ....လူလိုမတွေးတတ်လို့ ပြောပြပေးလိုက်တာ....ရှင်တို့ပြောတဲ့ ဂုဏ်သိက္ခာဆိုတာအကျင့်သိက္ခာမဲ့တာကိုပြောတာလား .... ရှင် ကျွန်မနဲ့ သိပ်ကိုကွာရှင်းချင်နေတာမဟုတ်လား ...သမီးကို အိမ်ကိုခေါ်လာခဲ့ပေး....အခါဆိုရင် ကွာရှင်းဖို့ကိစ္စကို စဉ်းစားပေးမယ် ....ဒီည ရှင်ဘာလို့ ပြန်လာတာလဲ ... ရှင်တို့ပစ္စည်းတွေကို ကျွန်မခိုးသွားမှာကြောက်လို့လား ... သိပ်ပြီးဥစ္စာ ရူးနေရင်လဲ ရှင်ဆင်ထားတဲ့လက်ဝတ်လက်စားတွေပါအကုန်ယူသွားလိုက် ... ကျွန်မကိုအိမ်ပေါ်က မောင်းချဖို့တော့မတွေးနဲ့နော် ... ကျွန်မက ရှင်နဲ့ လူသိရှင်ကြားတရားဝင် လက်ထပ်ထားတဲ့သူပဲ ...ရှင်ရဲ့ တိတ်တိတ်ပုန်း အငယ်အနှောင်းမဟုတ်ဘူးဆိုတာ သိထားလိုက် ..." "တောက် .. မင်းက သိပ်ကိုမိုက်ရိုင်းတဲ့သူပဲ ပိုးဖြူ ... ဗီဇဆိုတာဖျောက်ရခက်တယ်တဲ့ ငါ့မိဘတွေပြောတာသိပ်ကိုမှန်တယ် ..." " ဟုတ်တယ် ... ဗီဇဆိုတာ ဖျောက်ရခက်တယ်ဆိုတာ ရှင်တို့ကိုကြည့်ပြီး ကျွန်မလဲယုံကြည်သွားပြီးကိုဇင်မောင် ... မိသားစုဘ၀လေးပြိုကွဲသွားမှာစိုးလို့ အရာရာကိုအားတင်းပြီး သည်းခံနေခဲ့တာကို ရှင်တို့ကကျွန်မကို အထင်သေးနေခဲ့တာပဲ ... ရှင်သိထားဖို့က ကျွန်မဘာအပြစ်မှမလုပ်ထားဘူးနော် ... ရှင်တို့တွေ ဒီထက်ကျွန်မကိုစော်ကားလာရင် သည်းခံနေမှာမဟုတ်တော့ဘူး .... ရှင်နဲ့လဲ စကားမပြောချင်တာမို့သမီးကိုသာ ခေါ်လာခဲ့ပေး" ကိုဇင်မောင်သည် ဒေါသအမျက်ထွက်နေသည့်ကြားမှပင် မပိုးဖြူကိုအံ့သြတကြီးကြည့်နေမိသည်။အရင်နှင့်မတူဘဲ မပိုးဖြူပြောင်းလဲသွားသည်ကို ကိုဇင်မောင်တအံ့တသြဖြစ်နေမိသည်။ " မင်းက သမီးကိုခေါ်ပေးလို့ ပြောနေရအောင် ....ငါက သမီးကို ဝှက်ထားတာမဟုတ်ဘူး ... မင်းတွေ့ချင်ရင် မင်းဘာသာဖုန်းဆက်ခေါ်ပါလား...မင်းရဲ့ဖုန်းကို မကိုင်ရဘူးလို့လဲ ငါတို့မပြောထားဘူး ...သူကိုယ်တိုင်ကမှ မင်းကို သံယောဇဉ်မရှိတာကိုငါလဲမတတ်နိုင်ဘူး " ကိုဇင်မောင်၏ စကားက မပိုးဖြူ၏ အရှိုက်ကိုထိမှန်သွားသကဲ့သို့ မပိုးဖြူရင်တစ်ခုလုံး နာကျင်ကြေကွဲသွားရလေသည်။မပိုးဖြူဖုန်းဆက်လေတိုင်း သင်တန်းသွားရမည်ဟု အကြောင်းအမျိုးမျိုးပြတတ်သောသမီး။ သားအဖနှစ်ယောက်လုံးသည် မပိုးဖြူကအသည်းနင့်အောင်ချစ်ခင်ရသလောက် မပိုးဖြူအပေါ် စိမ်းကားရက်စက်နိုင်လွန်းကြသည်။မပိုးဖြူမျက်ရည်မကျမိအောင်ထိန်းထားရင်း ကိုဇင်မောင့်မျက်နှာကိုတည့်တည့်စိုက်ကြည့်လိုက်ပြီး " ဟုတ်တယ် သမီးကကျွန်မထက် ရှင့်မိဘတွေကိုပိုပြီးသံယောဇဉ်ရှိတာကို ရှင်ကျေနပ်တယ် မဟုတ်လား ... ကျွန်မသူနဲ့ စကားပြောချင်တယ် ...ရှင်ခေါ်လာခဲ့မယ်ဆိုရင် ...ကွာရှင်းဖို့ကိစ္စကို စဉ်းစားပေးမယ် ...." ပြောပြီးသည်နှင့် မပိုးဖြူ အပေါ်ထပ်အခန်းဆီသို့ တက်လာခဲ့လိုက်သည်။ မပိုးဖြူ အပေါ်ထပ်သို့ တက်သွားသည်နှင့် ကိုဇင်မောင်လည်း ခြေသံပြင်းပြင်းနှင့် အိပ်ပြင်သို့ထွက်လာခဲ့သည်။ ~~~~ "ဒီညအိမ်ပြန်ပါဆို မပြန်ဘူးလား ...ဟင် ... သားရဲ့ပါးတစ်ဖက်က ဘာဖြစ်တာလဲ ရောင်နေတာလား "

မပိုးဖြူ ခပ်မဲ့မဲ့ပြုံးရင်းမျိုး မမတို့ကို လှမ်းပြောလိုက်သည်။ မျိုးမမနိုင်က မီးဝင်းဝင်းတောက်လုမတက်မျက်လုံးများဖြင့် မပိုးဖြူကို ကြည့်သွားလေသည်။ မျိုးမမတို့နှစ်ယောက် အခန်းထဲမှ ထွက်သွားသောအခါမှ မပိုးဖြူလည်းတင်းခံထားသောစိတ်ကိုလျှော့ချလိုက်ပြီး တထိတ်ထိတ်ခုန်လှုပ်နေသော ရင်အစုံကို လက်ဖြင့်ဖိကာ အသက်ကို မောပါက်စွာရှူနေမိသည်။ ~~~~~~ " မင်း ..အဆင်ပြေရဲ့ လား '' " ကို .. ကိုမိုးထက် " မပိုးဖြူ ကော်ဖီဆိုင်ထဲမှထွက်အလာတွင် ဆိုင်ဝ၌ မိုးထက် ကို တွေ့လိုက်ရသဖြင် အံ့ဩသွားရလေသည်။ "မင်းကိုကြည့်ရတာ အားမရှိသလိုပဲ....ကျွန်တော်ပြန်လိုက်ပို့ပေးမယ် " "ဟင့်အင်း ... ကျွန်မကားဌားပြီး ပြန်မှာပါ ... ကျွန်မရဲ့သိက္ခာတွေကို အပွန်းပဲ့မခံနိုင်တာမို့ တောင်းပန်ပါတယ် ကိုမိုးထက် " ပြောပြီးသည်နှင့် မပိုးဖြူ ခန္ဓာကိုယ်ကို အနိုင်နိုင်ထိန်းရင်း ကားလမ်းမဆီသို့ လျှောက်သွားလိုက်သည်။ မပိုးဖြူကို မိုးထက်မတားမြစ်ပါ။ခပ်ငေးငေးသာ ကြည့်၍ကျန်ခဲ့ပါသည်။ ~~~~ ''ဘာပြောတယ် သား ...သူက (၅) ရက်စောင့်လို့ပြောတယ်ဟုတ်လား ...အဲ့ဒါ ဘာအဓိပ္ပါယ် ..သူသိနေပြီမို့ တစ်ခုခုကို ကြံစည်နေတာမဟုတ်ဘူးလား " ကိုဇင်မောင်၏မိခင်ကြီးက စိုးရိမ်ပူပန်ဟန်ဖြင့်ပြောလိုက် သည်။ "ပိုးဖြူက အဲ့ဒီလောက်မလည်ပါဘူးအမေ ..ကျွန်တော် သူ့အကြောင်း သိပါတယ် " " အိုကွယ် .....အဲဒါက အရင်တုန်းကလေ ... သေချာတယ်သူအခုတစ်ခုခုကြံစည်နေတာပဲဖြစ်မယ်....ချမ်းချမ်းသာသာနေဖူးပြီးမှတော့ အရင်လိုဘ၀မျိုးနဲ့ ပြန်နေရမှာကို သူသိပ်ကြောက်နေမှာပေါ့ ... " မိခင်ဖြစ်သူ၏ စကားကြောင့် ကိုဇင်မောင်တွေဝေသွားသည်။ "ကျွန်တော်လဲ မသိတော့ပါဘူး...သူ ကျွန်တော့်ကိုစကားပြောပုံကအရင်နဲ့တော့ မတူဘူး " " အဲ့ဒီလို မသိဘူးဆိုပြီးဒီတိုင်း လွှတ်ထားလို့တော့ မရဘူးနော် အငယ်ကောင် ...မင်းမပြောချင်ရင် မမကြီးတို့သွားပြောမယ် " "ရပါတယ် မမကြီ ...ကျွန်တော်ကိုယ်တိုင်ပြောပါ့မယ် ... သူက ဒီကြားထဲမှာ သမီးနဲ့ တွေ့ခွင့် ပေးဖို့ တောင်းဆိုထားတယ် " " အို ... မတွေ့ ခိုင်းနဲ့ ...အဲ့ဒါမြေးလေးကိုခုတုံးလုပ်ပြီး မျက်ရည်ခံထိုးမလို့နေမှာပေါ့ ..အစကတည်းက အမေတို့က သဘောတူခဲ့တာမဟုတ်ဘူး ... ငါ့သားစိတ်ချမ်းသာအောင်လိုက်လျောခဲ့တာ .. အခုလို ကိုယ်နဲ့အဆင့်အတန်းတူတဲ့သူကို ငါ့သားက သဘောကျတယ်ဆိုတော့ အမေတို့ဘယ်လောက်ဝမ်းသာရလဲကွယ် ... ပြောစရာရှိတာပြော...လုပ်စရာရှိတာကိုလုပ်... အချိန်ဆွဲမနေနဲ့....အိမ်ဂရမ်တွေရော ဘယ်မှာလဲ ... ဒုက္ခပါပဲ ဒီနေ့ညတော့ အိမ်မှာပြန်အိပ်ပြီး ပစ္စည်းတွေ စစ်ကြည့်စမ်းပါအုံး သာရယ် ....အမေတို့ကိုင်တိုင်သွားရှာရမလား " " မရှာပါနဲ့ အမေ ....သူ့ အဲ့ဒီလောက်မလည်ပါဘူး ....ကျွန်တော်ဒီညအိမ်ပြန်ပြီး ကြည့်လိုက်ပါမယ် " ~~~ ~~~~ ထမင်းစားခန်းထဲမှ အသံများကို အခန်းဝတွင်ရပ်နေခဲ့သော မပိုးဖြူ အတိုင်းသားကြားနေရပါသည်။ကော်ဖီဆိုင်မှအပြန် သမီးဖြစ်သူကို ရအောင်ခေါ်ရန် ယောက္ခမအိမ်သို့ မလာချင်ဘဲ မပိုးဖြူလာခဲ့ခြင်းဖြစ်သည်။ယခုအခါ ထဲမင်းစားခန်းထဲတွင် ယောက်ျားဖြစ်သူကိုယ်တိုင်ပါဝင်နေခဲ့သော ရင်ဝသို့ဓါးဦးချွန်နှင့် ထိုးသည့်ပမာခံစားရသော စကားဝိုင်းကိုအတိုင်းသားကြားနေရသည်။ မပိုးဖြူ အံ့လေးကို တင်းတင်းဖိကြိတ်ထားမိရင်း တစ်ကိုယ်လုံးနတ်ပူးသကဲ့သို့ အသားများတဆတ်ဆတ်တုန်နေခဲ့သည်။နှလုံးသားသည် နာကျင်ရလွန်း၍ ထုံကျင်နေခဲ့ပါလေပြီ။မပိုးဖြူ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ပြီး ထမင်းစားခန်းဝမှခြေသံကို ဖွနင်း၍ ပြန်လှည့်ထွက်ခဲ့လိုက်သည်။ @@@@@@@@@@@@#@@@@@@@@@@@@ အပိုင်း (၁၂ )ဆက်ရန် #ဧကြည်ဖြူ

" ကျွန်မနာမည် မျိုးမမနိုင်ပါ ... ကျွန်မကို မပိုးဖြူသိနေတယ်ထင်ပါတယ် ..... မပိုးဖြူနဲ့ အေးဆေးစကားပြောချင်လို့လာခဲ့တာပါ " ချိုမြမြအသံလေးဖြင့် ပြောလာသောမျိုးမမကိုမပိုးဖြူကြည့်လိုက်ပြီး စိတ်ကိုတင်းထားလျက် ခပ်အေးအေးပုံစံဖြင့် ပြန်ပြောလိုက်သည်။ " ဟုတ်ကဲ့ ....ပြောပါညီမ ... " " ဒီလိုပါ .. မျိုးအနေနဲ့ ပြောရမှာ တော့ တကယ်အားနာပါတယ်ရှင် .. အစ်ကိုဇင်မောင်ကသူ့အိမ်ထောင်ရေးအဆင်မပြေတဲ့ အကြောင်းတွေရယ် ... ဒီကမပိုးဖြူနဲ့ အိမ်းတွင်းကွဲကွဲနေကြတယ်လို့ ပြောပါတယ် ...မျိုးက မပိုးဖြူကို မိန်းမချင်းကိုယ်ချင်းစာလို့ ရှောင်ခဲ့ပါသေးတယ်...ဒါပေမဲ့ မျိုး ဘယ်လောက်ရှောင်ရှောင်အစ်ကိုက မျိုးနောက်ကိုတကောက်ကောက်လိုက်နေခဲ့လို့.... ချစ်သူတွေဖြစ်တဲ့အထိဖြစ်သွားခဲ့ရတာပါရှင် ...တကယ်ပါရှင် အစ်ကိုက သူ့ကိုလက်မခံရင် သူ့ဘဝသူ ဖျက်ဆီးပစ်မယ်လို့ ပြောခဲ့လို့ပါ " မျိုးမမ၏စကားများကြောင့် မပိုးဖြူ မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်သည်။ '" ကိုဇင်မောင်ဆိုရင် အဲ့ဒီလိုဖြစ်နိုင်တယ်ဆိုတာကို ကျွန်မယုံပါတယ် မျိုးမမနိုင် ....ကျွန်မအသက် (၁၇)နှစ် လောက်တုန်းက ကိုဇင်မောင်မိဘတွေရွှေဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့တာလေ ကျွန်မအလုပ်ဝင်ပြီး သိပ်မကြာပါဘူး ..ကိုဇင်မောင်က ကျွန်မနောက်ကိုတကောက်ကောက်လျှောက်လိုက်တော့တာပဲ... ကျွန်မက ဘ၀အခြေအနေခြင်းမတူလို့ ရှောင်နေတော့ သူ့ကိုယ်သူသတ်သေမယ်ဆိုပြီးအတင်းလုပ်လို့ ကျွန်မလဲပြန်ချစ်လိုက်မိတာပေါ့ ...ပြန်ချစ်လိုက်ပေမဲ့လဲ လက်မထပ်ရဲလို့ ရှောင်နေခဲ့ပါတယ်....ဒီကြားထဲ ကျွန်မအိမ်က ကျွန်မကို အိမ်ထောင်ချပေးမယ်လဲသတင်းကြားရော ... ကိုဇင်မောင်က တစ်ဖက်လူကိုသတ်မယ်ဆိုပြီးလုပ်လို့ သူခေါ်ရာနောက်ကိုလိုက်ခဲ့ရတာလေ .. ကိုဇင်မောင်ကကျွှန်မကိုလဲ ရူးမတတ်ချစ်ခဲ့တယ်လို့ ပြောခဲ့တယ်လေ ....ကျွန်မတို့နှစ်ယောက်ရဲ့ အချစ်ရေးကလဲ သိပ်တော့ မလွယ်ခဲ့ဘူး " မပိုးဖြူ ခပ်ပြုံးပြုံး အမူအရာဖြင့်ပင် ပြောလိုက်သည်။ မပိုးဖြူ၏ အမူအရာနှင့် အပြောကြောင့် မျိုးမမနှင့်ရတနာ စိုးမှာ မျက်လုံးအပြူးသားဖြစ်သွားကြသည်။ မပိုးဖြူသည် သူတို့ သိထားကြသည့် အိမ်တွင်းပုန်း ခပ်တုံးတုံးနုံနုံအအမိန်းမတစ်ယောက်မဟုတ်သည်ကိုလည်း သူတို့ ရိပ်စားမိလိုက်ကြသည်။ "ဒါနဲ့ ကျွန်မယောကျာ်းနဲ့ ဒီကမျိုးမမနိုင်နဲ့က လွန်လွန်ကျူးကျူးဖြစ်ပြီးသွားကြပြီလား " မပိုးဖြူ၏ တည့်တိုးမေးခွန်းကြောင့် မျိုးမမနှင့်ရတနာစိုးမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။ပြီးနောက်မှ မျိုးမမကပိုက်ဆံအိတ်ထဲမှ ဓါတ်ပုံများကိုထုတ်လိုက်ပြီး "ဟုတ်ပါတယ် အစ်ကိုကမျိုးကို သိပ်ချစ်တာပါ ..မျိုးကလဲအစ်ကို ကကွာရှင်းမယ်ဆိုလို့ ...အစ်ကို့အချစ်ကို လက်ခံလိုက်တာပါရှင်... ဒါ..ဒါကြောင့် မပိုးဖြူနောက်ဆုတ်ပေးပါရှင် ... အစ်ကိုကနစ်နာကြေးပေးသလို ...ကျွန်မကလဲမိန်းမချင်းစာနာလို့ပေးမှာပါ " မျိုးမမ၏စကားကြောင့် မပိုးဖြူ အံလေးကို ကြိတ်လိုက်ပြီး "ဒီမှာမျိုးမမ ... အခုချိန်ထိ ကျွန်မတို့ မကွာရှင်းရသေးတာကိုသိတယ်နော် ... အိမ်ထောင်သည် တစ်ယောက်က ကိုယ့်ကိုလာချစ် တိုင်း လွယ်လွယ်ပြန်ချစ်လို့ရတယ်ဆိုရင် ...လောကကြီးမှာ လက်ထပ်စာချုပ်တွေ... မင်္ဂလာဆောင်တာတွေလုပ်နေစရာမလိုဘူးထင်တယ်နော် ... ဒီတိုင်းတိရစ္ဆာန်တွေလိုပဲ ချစ်ချင်းတဲ့အကောင်နဲ့ချစ်လိုက်...အိပ်ချင်တံ့ကောင်နဲ့အိပ်လိုက်ရုံပဲပေါ့ မဟုတ်ဘူးလား....လူနဲ့တိရစ္ဆာန်နဲ့ ဘာကွာလဲသိလား ..လူဆိုတာ စည်းစောင့်ရတယ်.... ကိုယ်ကျင့်သိက္ခာရှိရတယ် ... လူ့အသိုင်းအဝိုင်းကစည်းမျဉ်းတွေကိုလိုက်နာရတယ် ... တိရစ္ဆာန်တွေမှာတော့ ကိုယ်ကျင့်သိက္ခာရောလိုက်နာရမဲ့စည်းမျဉ်းရော မရှိဘူးလေ .. သူ့မှာအိမ်ထောင်ရှိရှိမရှိရှိ ...သူငါ့ကို လာပတ်သက်ရင် ငါလဲပြန်ပတ်သက်မယ်ဆိုတဲ့ အမူအကျင့်က တိရစ္ဆာန်တွေရဲ့အမူအကျင့်ပဲ ..လူဆိုရင်အဲ့ဒီလိုမျိုးအကျင့်ကို မကျင့်ဘူးသိလား " " ဘာ ..ဘာပြောတယ် .. နင် ..နင် မိုက်ရိုင်းလှချည်းလား ...လင်တရူးမရဲ့ ... အစ်ကိုက နင့်ကိုသိပ်မုန်းနေတယ်ဆိုတာသိရဲ့လား ..." အချက်ကျလှသော မပိုးဖြူ ၏ စကားများကြောင့်မျိုးမမနိုင် မျက်နှာတစ်ခုလုံးနီရဲကာ ဒေါသထွက်သွားပြီး မပိုးဖြူကို ပါးရိုက်ရန်အတွက် လက်ကိုရွယ်လိုက်လေသည်။ "ချရဲရင် ချလိုက်လေမျိုးမမ .. ကျွန်မက ရှင်တို့ကိုအရှက်မခွဲဘူးဆိုတာကြောက်လို့မဟုတ်ဘူး ... ယောကျာ်းတစ်ယောက်ကို ပြိုင်လုရမှာရှက်လို့ သိရဲ့လား .... မိသားစု ပြိုကွဲမှာစိုးလို့ အားတင်းတောင့်ခံနေတဲ့ ကျွန်မကလင်တရူးတာလား ... အိမ်ထောင်သည် ယောက်ျားနဲ့ တိတ်တိတ်ပုန်းတွဲနေတဲ့ မျိုးမမကလင်တရူးနေတာလားဆိုတာကိုသိချင်ရင်... ဆိုင်ထဲကလူတွေကို သွားမေးကြည့်ကြမလား " " တောက် " မျိုးမမ မခံမရပ်နိုင်ဖြင့်တောက်တစ်ချက်ကို ခပ်ပြင်းပြင်း ခေါက်လိုက်သည်။ရတနာစိုးက မျိုးမမ၏ လက်ကို အတင်းဆွဲခေါ်လိုက်သည်။ " မျိုး ..လာပါ ပြန်ရအောင် ..... " " ဒီမှာ ....မင်းတို့သောက်ထားတဲ့ ကော်ဖီဖိုးတွေရှင်းသွားလိုက်ပါ .."

မျိုးမမက ရတနာစိုးကို တိုင်ပင်သလို ပြောလိုက်သည်။ " မျိုးရဲ့ သဘောပဲလေ ....ကိုဇင်မောင့်မိဘတွေကလဲ ..မျိုး ဘက်ကပဲ မဟုတ်လား ..မျိုးသွားရင်ပြောလေ ...ရတနာအဖော်လိုက်ပေးပါ့မယ်..." " ကျေးဇူးပါပဲ ရတနာရယ် " ~~~~~~ "တင်းတောင် ... တင်တောင် .." ခြံဝမှလူခေါ်ဘဲလ်သံကြောင့် မပိုးဖြူ အံ့သြသွားပြီး ခြံဝသို့လမ်းကြည့လိုက်မိသည်။သံတံခါး၏ အလယ်ဘမှာသံပြားကြီးများဖြင့် ဆင်ယင်ထားသော တံခါးဖြစ်၍ လူ၏ခေါင်းပိုင်းကိုသာ မြင်နေရသည်။မည်သူမည်ဝါရယ် မသဲကွဲလှ။ သမီးလေးများလားဟု စိတ်ထင်လိုက်မိပြီး ရင်တွေတဒိန်းဒိန်းဆောင့်ခုန်လာသည်။မပိုးဖြူအပြေးတစ်ပိုင်းဖြင့် ခြံဝသို့ထွက်ခဲ့လိုက်သည်။ ခြံတံခါးနားသို့ မပိုးဖြူရောက်လာသည့်အခါတွင် တွေ့လိုက်ရသူမှာ ဘတ္တရီစက်ဘီးလေးနှင့် ပစ္စည်းပို့သော ကောင်လေးဖြစ်နေ၍ ရင်ထဲမှ ခုန်လှုပ်နေသော နှလုံးသားမှာ ပြေလျော့သွားရသည်။ပစ္စည်းပို့သော ကောင်လေးက မပိုးဖြူကို တွေ့သောအခါ လှမ်း၍မေးလေသည်။ "မပိုးဖြူလားခင်ဗျာ ...ပါဆယ် လာပို့တာပါ " "ပါဆယ်ဟုတ်လား ..ဘယ်သူပို့ခိုင်းတာလဲရှင် " မဖိုးဖြူ အံ့သြစိတ်နှင့် ပြန်မေးလိုက်သည်။ "ဟုတ်ကဲ့ ပို့သူနာမည်တော့ မသိပါဘူးအစ်မ ... ပစ္စည်းလေး လက်ခံပေးပါနော် " " ဟုတ် .. ဟုတ်ကဲ့ " ကောင်လေးလှမ်းပေးသော အထုပ်ကို မပိုးဖြူယောင်ဝါးဝါးနှင့် လှမ်းယူလိုက်ရ သည်။ ~~~~~~ အိမ်ထဲသို့ ရောက်သောအခါ အထုပ်ကို ဖောက်ကြည့်လိုက်ချိန်တွင် အထဲမှာစားစရာများနှင့် အားဖြည့်စာများကို တွေ့လိုက်ရ၍ အံ့ဩပြီးရင်း အံ့ဩရလေသည်။မပိုးဖြူဈေးမသွားသည်မှာ ကြာပြီဖြစ်၍ ပို့လိုက်သော ပစ္စည်းများသည် မပိုးဖြူအတွက်တော့ လိုအပ်နေသော ပစွည်းများဖြစ်နေခဲ့သည်။ပါဆယ်ထုပ်ကို ကိုင်ရင်းမပိုးဖြူ မချိပြုံးလေးပြုံးလိုက်မိသည်။ "တူ ...တူ ...တူ " ပါဆယ်ထုပ်ထဲမှ စားစရာများကို ရေခဲသေတ္တာထဲသို့ ထည့်နေစဉ် ဖုန်းမြည်လာသဖြင့် မပိုးဖြူကောက်ကိုင်လိုက်သည်။ "ဟယ်လို ..." "ဟယ်လို...အခုပြောနေတာ မပိုးဖြူလားရှင် " တစ်ဖက်မှ အမျိုးသမီးတစ်ယောက်၏ အသံကြောင့် မပိုးဖြူ စိတ်ထဲထင့်ခနဲဖြစ်သွားရသည်။ "ဟုတ်ကဲ့ ...မပိုးဖြူ ပြောနေတာပါရှင် .. ဘယ်သူပါလဲ " "ဟုတ်ကဲ့ ...ကျွန်မက ရတနာစိုးပါ....မပိုးဖြူနဲ့ ခဏလောက်တွေ့ချင်လို့ပါရှင် .... လမ်းဆုံနားက ကော်ဖီဆိုင်ကို လာခဲ့ပေးလို့ရမလားရှင်... ဒါမှမဟုတ် အိမ်ကိုလာ ဆိုရင်လဲ လာပါ့မယ် " သိလိုက်ပါပြီ ။မပိုးဖြူသိလိုက်ပါပြီ။ဖုန်းကို ကိုင်ထားသော လက်က တဆတ်ဆတ်တုန်လာသည်။ခနွာကိုယ်ထဲရှိသွေးများ အေးခဲသွားသလိုပင် ထင်ရလေ သည်။ "ဟယ်လို ... မပိုးဖြူကြားလား မသိဘူး " တစ်ဖက်မှ ထပ်မံ အသံထွက်လာချိန်မှာမပိုးဖြူ အသံကို မတုန်အောင် ထိန်းပြီး ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ ...ကော်ဖီဆိုင်ကို လာခဲ့ပါ့မယ် ... ဘယ်အချိန်လာခဲ့ရမလဲ ပြောပါ " " နာရီဝက်အတွင်းပါ မပိုးဖြူ " တစ်ဖက်မှ ဖုန်းချသွားသည်နှင့် မပိုးဖြူအပေါ်ထပ်သို့ တက်ခဲ့ပြီး အဝတ်အစားများလဲ ကာပြင်ဆင်လိုက်သည်။ ~~~~~~ "ဟယ်လို ... ဆရာ...အဲ့အစ်မပြင်ဆင်ပြီး အပြင်ထွက်သွားတယ် ဆရာ " "ဟုတ်လား ...သူ့နောက်က မသိအောင်လိုက်သွားလိုက် ... ငါအခုလာခဲ့မယ် " တစ်ဖက်မှကောင်လေး ဖုန်းချသွားသည်နှင့် မိုးထက်အပြင်ထွက်ရန် ပြင်ဆင်လိုက်သည်။သူ့အနေနှင့် မပိုးဖြူကိုစောင့်ကြည့်ခိုင်းထားခဲ့ခြင်းဖြစ်သည်။ထို့သို့ စောင့်ကြည့်ခိုင်းရခြင်းမှာလည်း ပြဿနာဖြစ်ပြီး အိမ်ပေါ်မှဆင်းသွားခဲ့လျှင် လမ်းစရှာမရအောင် ပျော်ဆုံးသွားမှာစိုးသောကြောင့် သာဖြစ်သည်။သည်ရက်ထဲဈေးသွားနိုင်ပုံလည်းမရသောကြောင့် စားစရာများလည်း ဝယ်ပို့ပေးခဲ့သည်။သူအဖြစ်ကို သိလျှင် ရဲသူကတော့ အပြစ်တင်လိမ့်မည်ထင်သည်။အကယ်၍ရဲသူသိသွားပြီး အပြစ်ပြောလျှင်လည်း ခံရုံသာရှိသည်။သူမှမကူညီလျှင် ကူညီမည့်သူရှိပုံမရသော သူမကို မိုးထက်မည်သို့မျက်နှာလွှဲရက်ပါ့မည်နည်း။ ~~~~~ ကော်ဖီဆိုင်ရှေ့သို့ ရောက်သည်နှင့် ခေတ်ဆန်၍ လှပချောမောသော အမျိုးသမီးတစ်ယောက် မပိုးဖြူ ရှိရာဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ "မပိုးဖြူ လာပါ ..ကျွန်မက ရတ တစိုးပါရှင် " နှစ်ယောက်သား ကော်ဖီဆိုင်ထဲသို့ဝင်ခဲ့ကြသည်။ ရတနာစိုးက ရှေ့မှ ဦးဆောင်၍ ဆိုင်အပေါ်ထပ်သီးသန့်ခန်းများဆီသို့ တက်သွားလေသည်။မပိုးဖြူလည်း တည်ငြမ်းသော ခြေလှမ်းများဖြင့်နောက်မှလိုက်တက်ခဲ့လိုက်သည်။ အပေါ်ထပ်သို့ရောက်လျှင် အခန်းတစ်ခန်းထဲသို့ ရတနာစိုးက ဦးဆောင်ဝင်လိုက်လေသည်။ "လာပါ မပိုးဖြူ " အခန်းထဲသို့ ရောက်သောအခါတွင် မပိုးဖြူတွေးထင်ထားသကဲ့သို့ပင် မျိုးမမနိုင် ဆိုသောအမျိုးသမီးကို မပိုးဖြူတွေ့လိုက်ရလေသည်။မျိုးမမနိုင်က မပိုးဖြူကို စူးရှတောက်ပသော မျက်ဝန်းအစုံဖြင့် စိုက်၍ကြည့်နေလေသည်။မပိုးဖြူသည်လည်း ခပ်စူးစူးမျက်လုံးများဖြင့် ကြည့်လိုက်ပြီး ခုံတစ်လုံးကို ဆွဲယူကာ ထိုင်လိုက်သည်။ မပိုးဖြူထိုင်လိုက်ပြီးသည်နှင့် မျိုးမမထံမှစကားသံထွက်လာခဲ့လေသည်။

#နွေလယ်အိပ်မက် (အခန်းဆက် ဝတ္ထု) အပိုင်း (၁၁) ******* " ဒေါ်ကြီးမြရယ် သွားလိုက်ပြန်လိုက်နဲ့ ပင်ပန်းလိုက်တာရှင် .. ပိုးဖြူ တကယ်အားနာပါတယ် ..." ညမှောင်မှောင်တွင် အထုပ်လေးပိုက်ကာ ရောက်လာသော ဒေါ်ကြီးမြကိုကြည့်ပြီး မပိုးဖြူ အားနာစွာ ပြောလိုက်သည်။ဒေါ်ကြီးမြကိုကြည့်ပြီး တဆက်တည်း မပိုးဖြူသိလိုက်ရသည်မှာ ယနေ့ ညအဖို့ ကိုဇင်မောင်အိမ်သို့ပြန်မလာတော့ကြောင်းဖြစ်လေသည်။ " ဒါနဲ့ ဒေါ်ကြီးမြရယ် ... သမီးလေးကို မတွေ့မိဘူးလားဟင် ...သမီးက ကျွန်မကိုဘာမှမမှာလိုက်ဘူးလားရှင် " မပိုးဖြူ၏ အမေးကြောင့် ဒေါ်ကြီးမြတွေခနဲဖြစ်သွားရပြီးမှ "အင်း ...ပိုးအိလေးက အင်္ဂလိပ်စကားပြောသင်တန်းကြောင့် မအားလို့ပါတဲ့ ....မောင်ဇင်မောင်ကတော့ ဒီညဒေါ်ကြီးကို ပြောလိုက်ပါတယ် ... နောက်ရက် မှပဲ...ပိုးအိလေးကိုအိမ်ကိုခေါ်ခဲ့မယ်တဲ့ " " ဪ ...ကိုဇင်မောင် အဲ့ဒီအိမ်မှာရောက်နေတာလား ဒေါ်ကြီး " " ဟုတ်တယ်ကွဲ့ ...ဧည့်သည်တစ်ယောက်ကို ထမင်းဖိတ်ကျွေးတာ ပါကွယ်....အဲ့ဒီဧည့်သည်ကလေ ..." မပိုးဖြူ၏အမေးကို ဒေါ်ကြီးမြက လွှတ်ခနဲပြန်ဖြေလိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားပြီး စကားကိုချက်ချင်း ရပ်တန့်ပစ်လိုက်သည်။မပိုးဖြူက ပါးနပ်လှစွာ ဒေါ်ကြီးမြကိုမေးလိုက်သည်။ "ဆက်ပြောလေ ဒေါ်ကြီး... ကြည့်ရတာ ဧည့်သည်က .ခပ်ချောချော အမျိုးသမီးမဟုတ်လား ... ခန္ဓာကိုယ်လဲ သိပ်လှတယ်လေ " " တူ ..တူမကြီးက ...သိ..သိနေတာလားကွယ် " ဒေါ်ကြီးမြသည် မပိုးဖြူကို သနားကြင်နာသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်သည်။ မပိုးဖြူ ဘာမျှပြန်မဖြေတော့ဘဲ " ဒေါ်ကြီးရယ် .... ကျွန်မ ဗိုက်ဆာလိုက်တာ ...ကြက်ဥပြုတ်လေးနဲ့ နွားနို့တစ်ခွက်လောက် ရမလားဟင် " " ရ ..ရပါတယ်ကွယ် .... ဒါ ...ဒါပေမဲ့ " ဒေါ်ကြီးမြသည် မပိုးဖြူကို ထားခဲ့ရန် စိတ်မချနိုင်သည့် ဟန်ဖြင့် ကြည့်နေသောကြောင့် မပိုးဖြူမှာ ခုတင်ထက်မှ အသာထလိုက်ပြီး "ကျွန်မတစ်ခုခုလုပ်လိုက်မှာကြောက်လို့လား ဒေါ်ကြီး ..တစ်နေ့ခင်းလုံး ဒီအိမ်မှာ ကျွန်မတစ်ယောက်တည်း ရှိနေခဲ့တာပါ ဒေါ်ကြီးရယ်... ဒေါ်ကြီး ရောက်လာမှတော့ ဒေါ်ကြီးကို ပြဿနာတက်အောင် ထပ်မလုပ်ပါဘူးရှင် ... ပြီးခဲ့တဲ့ ကိစ္စအတွက်လဲ တောင်းပန်ပါတယ် " " အေး ..အေးပါ တူမကြီးရယ် ..တောင်းပန်ဖို့မလိုပါဘူးကွယ်... ဒေါ်ကြီးသွားလုပ်လိုက်ပါ့မယ် " ဒေါ်ကြီးမြ ယောင်ဝါးဝါးနှင့် ခေါင်းငြိမ့်ပြီး ပြန်ထွက်သွားစဉ်မှာပင် ခပ်စောစောကမှ ပါဝါဖွင့်လိုက်သော ဖုန်းကထမြည်လာသည်။ "တူ ..တူ ..တူ " ဖုန်းဆက်သူမှာဝေဝေဖြစ်သည်။မပိုးဖြူ ဖုန်းကို ကောက်ကိုင်လိုက်သည်။ " ဟယ်လို " " ဖြူဖြူ ... နင်ဘာလို့ ဖုန်းပိတ်ထားတာလဲ ... ငါနေ့တိုင်းနင့်ကို ဖုန်းခေါ်နေတာ ...နင့်အိမ်ကို လာကြည့်တော့လဲ ဘယ်သူမှမရှိဘူးလေ...ဒါနဲ့ နင်ဘယ်မှာလဲ ... အိမ်ပေါ်က ဆင်းသွားတာလား " ဖုန်းကိုင်လိုက်သည်နှင့် တရစပ်ပြောနေသော ဝေဝေ့စကားသံသည် ယခင်ကလို ပြိုင်ဆိုင် အနိုင်ယူလိုသော အသံမျိုးမဟုတ်သည်ကို မပိုးဖြူသတိထားလိုက်မိသည်။ဝေဝေသည်ပင် မပိုးဖြူကို သနား၍နေပြီ ထင်ပါလေသည်။ "ဖြူဖြူ ငါမေးနေတာမကြားဘူးလား ...နင်ဘယ်တွေရောက်နေတာလဲ ...နင့်ကို လာတွေ့မလို့ ...ဟိုတစ်ယောက် အကြောင်းတွေ အကုန်စုံစမ်းလိုရပြီ သိလား " ဝေဝေ၏ စကားကြောင့် မပိုးဖြူ လိမ်ညာ၍ ပြောလိုက်သည်။ "ငါ ... နယ်ဘက်ရောက်နေတယ် ဝေဝေ .. ငါတို့နောက်မှ တွေ့တာပေါ့ " "ဘယ်လို ..ဒီအချိန် ဘာလို့နယ်ကိုသွားတာလဲ ... သွားရမှာက နင်မဟုတ်ဘူးလေ ... ကိုဇင်မောင်နဲ့တွဲနေတဲ့ အဲ့ဒီတစ်ယောက်ကလေ ..နာမည်က မျိုးမမနိုင်တဲ့ ရန်ကင်းမှာနေတယ် ... အလှကုန် ပစွည်း မတ်ကက်လေးဖွင့်ထားတယ်....အဲ့ဒီဆိုင်ကို ကိုဇင်မောင် နေ့တိုင်းသွားတာ ... နင်လိုက်ချောင်းပြီး နှစ်ယောက်လုံးကို အရှက်ခွဲပစ်လိုက်စမ်းပါဟယ် ...ပြီးတော့ နင့်သမီးပိုးအိဇင်လဲ အဲ့ဒီမိန်းမဆိုင်ကို မကြာခဏသွားပုံပဲ " "ဘာ..ဘာပြောတယ် ဝေဝေ ... ငါ့ ...ငါ့သမီးပါ သွားတာလား " မပိုးဖြူရင်တစ်ခုလုံးပေါက်ကွဲသွားသကဲ့သို့ခံစားလိုက်ရပြီး ထိတ်လန့်တုန်လှုပ်စွာ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်မိသည်။ " အေး ဟုတ်တယ် ....ငါလေ ဒေါသတွေထွက်လွန်းလို့ ဆွဲလုပ်ပစ်ချင်တာ သိလား ....နင်သွား သောင်းကျန်းမယ်ဆိုရင် ငါပါလိုက်ခဲ့မယ် ... နှစ်ယောက်လုံးကို အရှက်ခွဲပြီး ပါးတွေချည်းပဲချပစ်...ပြီးရင်လုံးဝကွာမပေးနဲ့ ကြားလား " " အေး ...အေးပါ ...." မပိုးဖြူ အယောင်ယောင် အမှားမှားပြောလိုက်ရင်း ခုတင်ပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချလိုက်မိသည်။မပိုးဖြူ အသက်နှင့် ရင်း၍မွေးထုတ်ရသော သမီးဖြစ်သူကပင်လျှင် မပိုးဖြူ၏ရင်ကို အရှင်လတ်လတ်ခွဲချေပြီလေ။ ငိုရန်ပင် မပိုးဖြူသတိမရမိပါ။ ဆွံအလျက်ဖြင့် လူတစ်ကိုယ်လုံး ထုံထုံထိုင်းထိုင်းကြီးဖြစ်သွားရလေသည်။ ~~~~~~ "သူအချိန်စွဲနေတာမရိုးဘူးလို့ မ မျိုးစိတ်က ထင်နေမိတယ် ရတနာ ...အဲ့ဒါ သူ့နဲ့ တွေ့ကြည့်ရင်ကောင်းမလားလို့ .. သီးသန့်ခန်းပါတဲ့ ကော်ဖီဆိုင်မှာချိန်းလိုက်ရမလား "

@@@@@@@@@@@@@@@@@@ အပိုင်း (၁၁ ) ဆက်ရန် #ဧကြည်ဖြူ

"ပိုးဖြူ ..တူမကြီး မောရင်ပြောနော် " " ရပါတယ် ဒေါ်ကြီး ... ကျွန်မသက်သာနေပါပြီရှင် " ~~~~ တက္ကစီကားထဲသို့ ဝင်သွားသော နွမ်းဖျော့ဖျော့ပုံရိပ်ကိုကြည့်ပြီး မိုးထက်သက်ပြင်းမောကိုချလိုက်မိသည်။ယနေ့ သူမဆေးရုံဆင်းရမည်ကို ရဲသူပြောပြ၍မိုးထက် သိခဲ့သည်။မပိုးဖြူထံမှ "မလာပါနဲ့ တောင်းပန်ပါတယ် " ဆိုသောစကားကို ကြားရပြီးကတည်းက မိုးထက်သူမကို သွားမတွေ့ဖြစ်တော့ပါ ။အကယ်၍ သူမသာ လွတ်လပ်သူတစ်ယောက်ဆိုလျှင်တော့ ဤစကားကို မိုးထက်လိုက်နာမိချင်မှ လိုက်နာမိမည်ထင်သည်။ယခုတော့ ကိုယ့်အတွက်ဆိုတာထက် သူမ၏ ကိုယ်ကျင့်သိက္ခာအတွက် မိုးထက် အဝေးမှပဲ စောင့်ရှောက်ပေးဖို့ ဆုံးဖြတ်လိုက်ရသည်။ရှေ့မှ တက္ကစီကားလေးထွက်သွားသောအခါ ခပ်လှမ်းလှမ်းမှနေ၍ မိုးထက်ကားကို ဖြည်းဖြည်းမှန်မှန်မောင်းပြီး လိုက်ခဲ့သည်။ ~~~~~ " ဒေါ်ကြီးမြ ပြန်ချင်ပြန်တော့လေ .. ပြန်ရဲတယ် မဟုတ်လား " " ပြန်ရဲပါတယ် မောင်ဇင်မောင်..." ကိုဇင်မောင်၏ စကားကြောင့် ဒေါ်ကြီးမြက မပိုးဖြူကို သနားကြင်နာစွာလှမ်းကြည့်ရင်း ပြန်ဖြေလိုက်သည်။ဒေါ်ကြီးမြမှာ အလုပ်သမားဖြစ်နေ၍ ၀င်ရောက်ပြောခွင့်မရှိ၍သာ ပြောခွင့်ရလျှင်ဖြင့် "ဒီနေ့တော့ မပိုးဖြူကို စိတ်ညစ်ရမဲ့စကားတွေ မပြောပါနဲ့လား မောင်ဇင်မောင်ရယ် " ဟု ပြောမိလိမ့်မည်ထင်သည်။ ဒေါ်ကြီးမြ ပြန်သွားသောအခါ ကိုဇင်မောင်က အခန်းဝတွင်ရပ်နေရာမှ မပိုးဖြူရှိရာအိပ်ခန်းထဲသို့ ၀င်လာခဲ့သည်။ ကိုဇင်မောင်ဝင်လာသည်ကို တွေ့သည်နှင့် မပိုးဖြူလှဲနေရာမှ ထထိုင်လိုက်သည်။ "မင်း သက်သာလား ... ငါ့တို့စကားပြောရအောင် " ကိုဇင်မောင်က မှန်တင်ခုံရှေ့ရှိ ထိုင်ခုံတွင်၀င်ထိုင်ရင်း ပြောလိုက်သည်။ '' ကျွန်မအခုဘာမှ မပြောချင်သေးဘူး ... နောက်သုံးလေးရက်နေရင် ... ရှင်ပြောတာကို ကျွန်မနားထောင်ပေးပါမယ် ... အခုရှင့်ဆီမှာ တောင်းဆိုစရာတစ်ခုရှိပါတယ် ..မနက်ဖြန်ဖြစ်ဖြစ်...သဘက်ခါဖြစ်ဖြစ် သမီးကိုခေါ်ပေးပါ ...သမီးကိုခဏဖြစ်ဖြစ်တွေ့ချင်တယ် ရှင်ကူညီပေးပါ .... ကျွန်မအိပ်တော့မယ် " မပိုးဖြူပြောပြီးသည်နှင့် မျက်နှာကိုတစ်ဖက်သို့လှည့်ကာ လှဲအိပ်ချလိုက်သည်။ " ဟုတ်ပြီလေ .. သမီးကို ခေါ်လာခဲ့ပေးပါမယ် .. ပြီးတော့ ငါလဲ မင်းကိုတစ်ခုတော့ တောင်းဆိုမယ် ..ဒီအိမ်မှာတော့ ထပ်ပြီး သေကြောင်းမကြံပါနဲ့ ...အထူးသဖြင့် သမီးလေး စိတ်ရှုပ်ထွေးအောင် မလုပ်ပါနဲ့ " မပိုးဖြူဆတ်ခနဲ ကိုဇင်မောင်ကို လှည့် ကြည့်လိုက်မိပြီး "စိတ်ချပါ ... ရှင်အိမ်မှာ ကျွန်မ ဘာမှထပ်မလုပ်ပါဘူး ..ရှင်ထွက်သွားပါတော့ ...ဒီကြားထဲရှင်ပြန်လာချင်လာမလာချင်လဲ ရပါ တယ် နောက်ငါးရက်နေရင်တော့ ပြန်လာခဲ့ပါ ...အဲ့ဒီတော့မှ စကားပြောမယ် " သူ့အပေါ် မပိုးဖြူ၏အခေါ်အဝေါ်ပြောင်းလဲသွားသည်ကို ကိုဇင်မောင်သတိထားလိုက်မိသည်။ကိုဇင်မောင် အခန်းထဲမှ ပြန်ထွက်ခဲ့လိုက်သည်။နောက်ထပ် ငါးရက်ဆိုသည်မှာ ကြာလှသောအချိန်မဟုတ်တော့ ကိုဇင်မောင်ကျေကျေနပ်နပ်ပင် လက်ခံလိုက်ပါသည်။ ~~~~ " ဘယ်လိုလဲ အစ်ကိုရယ် မပြောရသေးဘူးလား ... ညနေဆိုရင်ပဲ လူကြီးတွေနဲ့ မျိုးကသွားတွေ့ရတော့မှာလေ " မျိုးမမက ကိုဇင်မောင်ကို ကြည့်ကာ မကျေမနပ်ပြောလိုက်သည်။ ''မဟုတ်ပါဘူး မျိုးရယ် ... နောက်ငါးရက်ပဲစောင့်ပါကွာ ..ကိုယ်လဲ သူ့ကို ဒီလောက်တော့လိုက်လျောသင့်တယ်ထင်လို့ပါ ...စိတ်မဆိုးပါနဲ့နော် မျိုးရယ် " ကိုဇင်မောင်သည် ပျာပျာသလဲဖြင့် မျိုးမမကို ချော့မော့လိုက်သည်။ ~~~~ " အန့်တီသားငယ်က သမီးလေးသိပ်လှတဲ့အကြောင်းပြောတုန်းက အန်တီက မယုံဘူးဖြစ်နေတာ ..အခုလိုတွေ့လိုက်ရမှပဲ ယုံတော့တယ် " ကိုဇင်မောင်၏ မိခင်ကြီးက မျိုးမမကို ကြည့်ရင်း ကျေနပ်စွာ ပြောလိုက်သည်။ဝတ်ကောင်းစားလှများကို အထက်တန်းကျကျ ဝတ်ဆင်လာပြီးစိန်နားကပ်၊ စိန်လည်ဆွဲနှင့် စိန်လက်စွပ်ကို ဝတ်ဆင်လာသော မျိုးမမကို ကိုဇင်မောင်၏ မိခင်ကြီးနှင့်အတူ ကိုဇင်မောင်၏ အစ်မများသည်လည်းကျေနပ်သဘောကျနေကြသည်။ကိုဇင်မောင်၏ဖခင်ကြီးမှာမူ ဇနီးနှင့် သားသမီးများအကြိုက် အလိုလိုက် အကြိုက်ဆောင်နေသူဖြစ်သောကြောင့် ဘာမှထွေထွေထူးထူး၀င်ရောက်ပြောဆိုခြင်းမရှိဘဲ စားသောက်ပြီးသည်နှင့်မျိုးမမကိုနှုတ်ဆက်က သူ၏ အခန်းထဲသို့ ဝင်သွားလေသည်။ "သားငယ်မပါရင်လဲ ..အိမ်ကိုဝင်ထွက်နော် သမီး ...အန်တီတို့အိမ်က သမီးကို ကြိုဆိုလျက်ပါနော် ....သမီးတို့ကိစ္စတွေကိုလဲ ..မကြာခင်မှာ အဆင်ပြေအောင်အန်တီတို့က စီစဉ်ပေးမှာပါကွယ် " " ကျေး ..ကျေးဇူးပါ အန်တီ " မိသားစုများအားလုံး ဧည့်ခန်းထဲတွင် ပျော်ပျော်ရွှင်ရွှင်နှင့် စကားပြောနေချိန်တွင် ပိုးအိဇင်ကတော့သူမအခန်းထဲတွင် ချစ်သူနှင့်အွန်းလိုင်းပေါ်မှဗီဒီယိုကော ခေါ်ကာ စကားပြောနေခဲ့သည်။သည်တစ်ခေါက် ပိုးအိဇင်၏ ချစ်သူအသစ်စက်စက်မှာ အွန်လိုင်းပေါ်မှ စတင်သိရှိခဲ့ပြီး အပြင်တွင် ချိန်းတွေ့ခဲ့ကြခြင်းဖြစ်သည်။အသက်က ပိုးအိဇင်ထက် သုံးနှစ်လောက်ကြီးသည်။သူက နိုင်ငံခြားတွင် ပညာသင်ကြားဖို့ သွားတော့မည့်သူ ဖြစ်သည်။ထို့ကြောင့် ချစ်ရသူနှင့်အတူလိုက်သွားရန် ပိုးအိဇင်စီစဉ်နေခြင်းဖြစ်သည်။

"ကျွန်တော် တောင်းပန်းပါတယ် မပိုးဖြူ...မိတ်ဆွေတစ်ယောက်အနေနဲ့ ကျွန်တော်လာခဲ့တာပါ...ကျွန်တော်အခုပြန်ပါတော့မယ် ...မပိုးဖြူဖုန်းထဲမှာ ကျွန်တော့်ဖုန်းနံပတ်ရှိတယ်မဟုတ်လား ... မပိုးဖြူအတွက် ကျွန်တော့်အကူအညီကိုလိုအပ်ရင် အချိန်မရွေး ဖုန်းဆက်လိုက်ပါ....ပြီးတော့နောက်ထပ် ဒီလိုမလုပ်ပါနဲ့မပိုးဖြူရယ်...အရာရာကိုသတ္တိရှိရှိရင်ဆိုင်လိုက်စမ်းပါ ... သေချင်တိုင်းသေခွင့်မရရင်..ရှင်ဖို့အတွက် သတ္တိရှိရှိ ရုန်းကန်လိုက်ပါ ...သူများတွေပျော်နေပြီး ကိုယ်ပဲစိတ်ဆင်းရဲနေရရင်မတန်ဘူးလေ ...ကျွန်တော် သွားတော့မယ် " ပြောပြီးသည်နှင့် မိုးထက် အခန်းထဲမှ ထွက်ဖို့ပြင်လိုက်သည်။ " ကိုမိုးထက် ..အားလုံးအတွက်ကျေးဇူးတင်ပါတယ်နော် " မပိုးဖြူ၏ ကျေးဇူးတင်စကားကြောင့် မိုးထက်မချိပြုံးပြုံးလျက်ခေါင်းကိုငြိမ့်ပြလိုက်မိသည်။ ~~~~ "ဘယ်လို ... သူကတကယ်ပဲ သေကြောင်းကြံခဲ့တာလား မျိုး " ရတနာစိုးက မျိုးမမကိုကြည့်ပြီး ထိတ်လန့်သွားသော အမူအရာဖြင့် မေးလိုက်သည်။မျိုးမမက မဲ့ပြုံးလေးပြုံးလိုက်ပြီး "တို့တော့ မထင်ပါဘူးကွာ....ရှိုး လုပ်တာလို့ထင်တာပဲ ...ကိုဇင်မောင်သူ့ဆီပြန်လာရေးနည်းလမ်းပေါ့ကွာ " " အင်း ဟုတ်လိမ့်မယ် ...အဲ့ဒီလိုဆိုရင် မင်းသတိထားမှဖြစ်မယ် မျိုးရဲ့ ...သူတို့ကအတူနေခဲ့တာနှစ်တွေကြာပြီဆိုတော့ ငယ်သံယောဇဉ်တော့ရှိမှာပဲလေ " ရတနာစိုး၏ စိုးရိမ်ပူပန်သောစကားကြောင့် မျိုးမမက အနိုင်ရသူ၏ အပြုံးနှင့်ပြုံးလိုက်ပြီး "မထင်နဲ့ ရတနာရေ .. ကိုဇင်မောင်က တို့ဘက်ကလေ ..ရှေ့အပတ်ထဲမှာ သူ့မိဘအိမ်မှာထမင်းစားဖို့တောင် ဖိတ်ပြီးပြီလေ " "ဟယ် ..တကယ်လားမျိုး ...မင်းအတွက် ဝမ်းသာပါတယ်ကွာ .. ဒါပေမဲ့ ဒီလိုငြိမ်နေလို့တော့မဖြစ်ဘူးနော်.....ဟိုအမျိုးသမီးကို သွားတွေ့ပြီး မျိုးတို့အခြေအနေကို ပြောပြလိုက်ရင် သူမြန်မြန်နောက်ဆုတ်သွားမယ် ထင်တယ် ...ဒီအမျိုးသမီးကနှောက်ယှက်ရဲတဲ့ သတ္တိရှိပုံမပေါ်ပါဘူး...ငွေနည်းနည်းပါးပါး ပေးလိုက်ပေါ့ မျိုးရယ် ...အခု သူတို့နေနေတဲ့အိမ်က ကာလပေါက်ဈေးနဲ့ဆိုမနည်းဘူးကွ " ရတနာစိုး၏ စကားကြောင့် မျိုးမမကြိတ်၍ပြုံးလိုက်သည်။ဆယ်ပေ ပေလေးဆယ်သာရှိသောအိမ်လေးထက် ပေလေးဆယ်ခြောက်ဆယ်ရှိသော ခြံနှင့်ဝန်းနှင့် နှစ်ထပ်အိမ်ကြီးကို မျိုးမမက စိတ်မဝင်စားဘဲနေပါ့မည်လား ။ "အင်း ....အဲ့တစ်ယောက်ကို မျိုးသွားတွေ့ရင်... ရတနာလဲလိုက်ခဲ့ပေးပါနော် " "စိတ်ချပါ လိုက်ခဲ့ရမှာပေါ့လေ " ~~~~~~ "ဒီနေ့ သူဆေးရုံကဆင်းမှာလား အစ်ကို .... မျိုးတို့ကိစ္စကို ဖွင့်ပြောမှာလားဟင် ... တကယ်လို့ သူက လက်မခံလို့ အဆင်မပြေရင် ဘယ်လိုလုပ်မလဲ အစ်ကို " မျိုးမမက ကိုဇင်မောင်၏ လက်မောင်းကို ဖက်တွယ်လျက်ပြောလိုက်သည်။ "စိတ်မပူပါနဲ့ မျိုးရယ် ...အဆင်ပြေမှာပါ .... မနက်ဖြန် အမေတို့အိမ်မှာ ကိုယ်တို့ထမင်းသွားစားမဲ့အကြောင်းကိုပဲ တွေးပါကွာ .... ကိုယ့်အမေနဲ့ အစ်မတွေက မျိုးကို တွေ့ချင်နေကြပြီ " " မျိုး ကြောက်တယ် အစ်ကိုရယ် ..အဆင်ပြေပါ့မလားဟင် " မျိုးမမစိုးရွံ့ဟန်ဖြင့် မေးလိုက်သည်။ကိုဇင်မောင်က မျိုးမမ၏ပခုံးလေးကိုခပ်ဖွဖွဖက်လိုက်ပြီး "ဘာကြောက်စရာလိုလဲ မျိုးရယ် ...ကိုယ့်အမေနဲ့ အစ်မတွေက .အားလုံအစ်ကို့သဘောပဲ ..ကဲပါ ... အစ်ကိုသွားတော့မယ်နော် ...ဆိုင်(၃)ကို ဒီနေ့လုံးဝသွားမကြည့်ရသေးဘူးလေ " ပြောပြောဆိုဆိုနှင့် ကိုဇင်မောင်ထိုင်နေရာမှထလိုက်သည့် အခါတွင်မျိုးမမ နှုတ်ခမ်းလေးစူလိုက်ပြီး "ဟုတ်လို့လား အစ်ကို ... မဟုတ်မှ ဆေးရုံဆင်းတာကို သွားကြိုမလို့ ထင်တယ် " "ဟာ ...မဟုတ်ရပါဘူးမျိုးရယ် .. သူ့ကိုသွားကြိုဖို့အတွက် ...အမေတို့အိမ်မှာ သန့်ရှင်းရေးလုပ်တဲ့ ဒေါ်ကြီးမြကိုခိုင်းထားပါတယ် ..မယုံရင်အစ်ကိုသွားရာနောက်ကို မျိုးလိုက်ခဲ့လေ " ကိုဇင်မောင်က မျိုးမမ၏ သဝန်တိုစကားကိုချက်ချင်းပင်တုံ့ပြန်ပြောဆိုလိုက်ရင်း မျိုးမမနားတွင် ပြန်ထိုင်ချလိုက်လေည်။ " စတာပါ အစ်ကိုရယ် ....မျိုးက အစ်ကို့ကို ယုံပြီးသားပါနော် ..သွားပါ ညနေမှလာခဲ့နော် " " လာမှပေါ့ မျိုးရဲ့ .. စိတ်ချပါ ...ဒီကောင်က မျိုးကိုမတွေ့ရရင် စားမဝင်အိပ်မပျော်ဖြစ်နေတဲ့ကောင်ပါ " ကိုဇင်မောင်က ပြောရင်း မျိုးမမ၏ ပါးပြင်လေးကိုနမ်းလိုက်သည်။ "သွားပါ အပိုတွေ ပြောနေတယ် " မျိုးမမက ကိုဇင်မောင်ကို ခပ်ဖွဖွတွန်းလိုက်ပြီး ခပ်ချွဲချွဲလေး ပြောက သဘောတကျရယ်မောလိုက်လေသည်။ ~~~~~ "ပိုးဖြူ ...တူမကြီးလမ်းလျှောက်နိုင်တယ် မဟုတ်လား ...အောက်မှာကားငှားထားပြီးသွားပြီ " " ဟုတ်ကဲ လျှောက်နိုင်ပါတယ် ဒေါ်ကြီး " မပိုးဖြူလက်ဆွဲအိတ်လေးကိုဆွဲပြီး ဒေါ်ကြီးမြနောက်မှ တရွေ့ရွေ့လျှောက်လာခဲ့သည်။သမီးနှင့် ခင်ပွန်းဖြစ်သူရှိပါလျက်နှင့် မပိုးဖြူ၏ဆေးရုံဆင်းသည့် အိမ်အပြန်ခရီးက အိမ်အကူအဒေါ်ကြီးနှင့်အငှားကားတစ်စီးသာဖြစ်ခဲ့ပါလေသည်။ မပိုးဖြူ ထူးပြီးခံစားမနေတော့ပါ။ဒေါ်ကြီးမြက တော့ မပိုးဖြူကိုသနားနေ၍ ထင်သည် မပိုးဖြူအပေါ်မှာ ဂရုတစိုက်ရှိလှပါလေသည်။မပိုးဖြူသည် သနားစရာလူတစ်ယောက် ဖြစ်နေခဲ့ချေပြီလား။

~~~~~... " ကဲ သားငယ် ...မင်းဘာတွေ လုပ်နေတာလဲ ပြောအုံး ..ခရီးက ဘယ်ကိုသွားတာလဲ ... အမေတို့သတင်းကြားထားတာတွေရှိတယ်နော် " မိခင်ကြီး၏ အမေးကြောင့် ကိုဇင်မောင် မအံ့သြတော့ပါ ။ ကိုဇင်မောင်ကိုယ်တိုင်လည်း သူတို့ကိစ္စကို ဖွင့်ပြေရန် ဆုံးဖြတ်ထားပြီးသားပင်ဖြစ်သည်။ယခုလို ဖခင်ကြီးမှလွဲ၍ မိခင်နှင့်အစ်မနှစ်ယောက်ပါစုံညီနေသော အချိန်တွင် ကိုဇင်မောင်အားလုံးကို ဖွင့်ပြောလိုက်သည်။ "ကျွန်တော် ပိုးဖြူနဲ့ကွာရှင်းမှာပါ ..ပြီးရင် မျိုးနဲ့ အမေတို့ကိုမိတ်ဆက်ပေးပါ့မယ် ...မျိုးအကြောင်းကိုသိချင်ရင် ရတနာစိုးကို မေးလို့ရပါတယ် အမေ ...ရတနာစိုးရဲ့ သူငယ်ချင်းပါ " ကိုဇင်မောင်၏စကားဆုံးသောအခါ ကိုဇင်မောင့်မိခင်ကြီးနှင့်အစ်မများမှာဝမ်းသာကျေနပ်သွားကြလေသည်။ "ရတနာစိုးရဲ့ သူငယ်ချင်းဆိုမှတော့ အထူးအထွေစုံစမ်းစရာမလိုပါဘူးလေ .. ဒီကိစ္စကို အမေတို့ကို ကြိုပြောပြသင့်တာ ..အမေတို့က သဘောတူတာပေါ့ ....အခုပိုးဖြူကိစ္စကို ဘယ်လိုရှင်းမလဲ စဉ်းစားကြစို့ " "သမီးကတော့ ပိုးဖြူကို အကျိုးအကြောင်းပြောပြပြီး ..လျှော်ကြေးနည်းနည်းပါးပါး ပေးလိုက်ပြီး ...ကွာရှင်းခွင့်တောင်းလိုက်တာ အဆင်ပြေဆုံးလို့ ထင်တယ်အမေ " ကိုဇင်မောင်၏ အစ်မကြီးက ဝင်ပြောလိုက်သည်။ " အဲ့ဒီလိုလွယ်လွယ်နဲ့ ရပါ့မလား ... မရရင် ဘယ်လိုလုပ်မလဲ ကိုပါ စဉ်းစားထားကြအုံး ... တော်ကြာ တစ်ဖက်မိန်းခလေးကိုပါ ပြဿနာသွားရှာနေမှဖြင့် " ကိုဇင်မောင်၏ အစ်မလတ်က ဝင်ပြောလိုက်သည်။ " ဒီကိစ္စကထားလိုက်ပါ...ပိုးဖြူကိစ္စကို ကျွန်တော့်ဘာသာ ရှင်းပါ့မယ် .. သူကျေနပ်အောင် လျှော်ကြေးပေးလိုက်ပါ့မယ် " "ဟဲ့ သားငယ် ...သူကျေနပ်အောင်ပေးမယ်လို့ ပြောလိုက်လို့...အခုအိမ်ကိုတောင်းရင်ဘယ်လိုလုပ်မလဲ သားရယ် ... ဘယ်လောက်ပေးမယ်လို့ပဲ ကိုယ့်ဘက်ကစပြောလိုက် " ကိုဇင်မောင်၏ စကားကို မိခင်ဖြစ်သူက ၀င်ရောက်ဟန့်တားပြောဆိုလိုက်သည်။ "ဟုတ်ကဲ့ပါ အမေ ..ဒါဆိုရင် ....တစ်ရက်လောက် မျိုးကို ထမင်းစားဖိတ်လိုက်မယ်နော် " " အေး ..ဖိတ်လိုက်လေ သားတို့ အဖေကိုလဲ အမေပြောထားလိုက်ပါ့မယ် .. ဒါနဲ့ မြေးလေးက ရော လက်ခံရဲ့လား သားငယ် " " သမီးလေးလဲသိပါတယ်အမေ ...သမီးကပြောတယ် လူကြီးတွေကိစ္စမှာ သူဝင်မပါဘူးတဲ့....သူက အမေတို့နဲ့ပဲ နေမှာတဲ့လေ " "မြေးလေးကိုတော့ အမေတို့က လက်ခံပြီးသားပါကွယ် ... မြေးလေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ပိုးဖြူနဲ့ ပြတ်ပြတ်သားသားပြောရမှာပဲ " "ဟုတ်ကဲ့ ... အမေတို့သဘောပါ " ကိုဇင်မောင်၏ ဘဝခရီးလမ်းအသစ်အတွက် မိသားစုအားလုံး ပျော်တပြုံးပြုံးနှင့် ကျေနပ်နေကြလေသည်။ ~~~~~ "မိုးထက်ရာ ...မင်းကို မလာနဲ့တော့လို့ ပြောထားတယ်လေကွာ ..သူသက်သာတယ် .. သဘက်ခါလောက်ဆိုဆေးရုံက ဆင်းရတော့မှာပါ " မိုးထက်သည် ရဲသူ၏ နားနေခန်းတွင် ခေါင်းငိုက်စိုက်ချကာ ထိုင်နေရင်းမှ "မင်းပြောလဲခံရမှာပဲ ရဲသူ ...ဒါပေမဲ့ သူသက်သာရဲ့လား ..အဆင်ပြေရဲ့လား သိချင်ရုံပါကွာ .. သူ့အိမ်က လာမကြည့်ကြဘူးမဟုတ်လား ..ကိုဇင်မောင် ရောမလာဘူးမဟုတ်လား " "အေးကွာ ဘယ်လိုပြောရမှန်းမသိတော့ဘူး ... သူနာပြု ငှါးပေးထားရင် သူတို့တာဝန်ကျေပြီလို့သက်မှတ်ထားကြပုံပဲကွ ...ဇင်မောင်ဆိုတဲ့လူကလဲ ရောက်လာပြီးဆယ်မိနစ်ပြည့်အောင်တောင် အခန်းထဲမှာမနေသွားပါဘူးကွာ ..... " " ငါ ..ငါ သူ့ကို သွားကြည့်လို့ရမလား ရဲသူ " "ရပါတယ် သွားကြည့်ပေါ့ ... မင်းသွားကြည့်မယ်ဆိုရင် ... ဟိုနေ့ကလိုသူနာပြုလေးကို အရင်ခေါ် ထုတ်လိုက်မယ် ... ဒါပေမဲ့ ခဏပဲနော် မိုးထက် ....တစ်ညလုံးနေခွင့်မရှိဘူး ....တော်ကြာ မဟုတ်တဲ့ သတင်းတွေ ပျံ့ကုန်မယ် " "အေးပါ သူငယ်ချင်းရာ " ~~~~~ " မပိုးဖြူ သက်သာတယ်မဟုတ်လား...ဆရာမလေးကို ကျွန်တော် ခဏ ခေါ်သွားမယ်နော် " "ဟုတ်ကဲ့ ဆရာ ..ရပါတယ်ရှင် ... ကျွန်မလဲ သက်သာနေပါပြီ " ဒေါက်တာနှင့် သူနာပြုဆရာမလေး အခန်းထဲမှထွက်သွားသည်ကို မပိုးဖြူအဓိပ္ပါယ်မဲ့ လိုက်ကြည့်နေမိသည်။ဆေးရုတက်နေရသည့် နှစ်ရက်အတွင်း မိမိထံသို့ တစ်ခဏမျှသာ လာရောက်သွားသာ သမီးဖြစ်သူနှင့် ယောကျာ်းဖြစ်သူဆီသို့ စိတ်ရောက်သွားသောအခါ မပိုးဖြူ ခပ်မဲ့မဲ့လေးပြုံးလိုက်မိသည်။ ထိုစဉ်မှာပင် အခန်းတံခါးပွင့်လာပြီး လူတစ်ယောက်ဝင်လာသည်ကို တွေ့လိုက်ရသောကြောင့် မပိုးဖြူ ကြောင်ငေးကြည့်နေမိသည်။ "မပိုးဖြူ နေကောင်းလား " နှုတ်ဆက်သံကို ကြားလိုက်ရသောအခါမှ မပိုးဖြူ သတိဝင်လာမိပြီး တအံ့တသြနှင့် မေးလိုက်မိသည်။ "ကို ...ကိုမိုးထက် ...ကျွန်မ ဆေးရုံရောက်နေတာကို ဘယ်လိုသိတာလဲ " "ရဲသူပြောပြတာပါ မပိုးဖြူ...အခု သက်သာရဲ့လား ...ဘာတွေ စားချင်လဲဟင် ..." "ရပါတယ် ကိုမိုးထက်....ဆေးရုံ ကစားစရာစီစဉ်ပေးပါတယ် ..ဒါ...ဒါနဲ့ ....ကိုမိုးထက် ဘာလို့လာတာလဲဟင် ... ကိုမိုးထက်ကိုတော့ အားနာပါတယ် ...ဒါပေမဲ့ ကျွန်မမှာ ယောကျာ်းလေး .အသိမိတ်ဆွေရှိနေတာကိုသာ သူတို့သိရင် .. ကျွန်မကို သိပ်ပြီး အထင်သေးကြလိမ့်မယ်ထင်တယ် " မပိုးဖြူ၏ စကားကြောင့် မိုးထက် စိတ်မကောင်းဖြစ်သွားရသည်။သူ့ကြောင့် မပိုးဖြူအဆင်မပြေဖြစ်မည်ကိုတော့ မိုးထက် မလိုလားပါ ။