အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ
Ir al canal en Telegram
Mostrar más
1 032
Suscriptores
-124 horas
Sin datos7 días
-1130 días
Archivo de publicaciones
" နောက်တစ်ခါ စာအုပ်ဖတ်တာတွေ့ရင် tသမယ်နော်...လူက အရွယ်မရောက်သေးဘူး ..စာအုပ်တွေဖတ်ပြီး ရည်းစားထားချင်နေတာလား "
ပါးစပ်ကပြောရင်းနဲ့ ခြေထောက်နဲ့ပါပိတ်က*န်လိုက်တာမို့ တပေါင်းကိုယ်လေးအိမ်ထရံနားကို ပစ်လဲကျသွားရတယ်။တပေါင်းအံကိုတင်းတင်းကြိတ်ထားလိုက်မိတယ်။ အဖေက စာအုပ်တွေစုတ်ဖြဲလို့ဝတော့ ပြန်ထွက်သွားခဲ့တယ်။ကျောခိုင်းထွက်သွားတဲ့ အဖေ့ကိုကြည့်ပြီး ပါးပြင်ပေါ်ကို မျက်ရည်တွေစီးကျလာမဲ့မိတယ်။မျက်ရည်မကျတတ်တော့တာကြာပြီဖြစ်ပေမဲ့ တစ်စစီစုတ်ပြဲသွားတဲ့ စာအုပ်တွေကို ကြည့်ပြီးတပေါင်းဝမ်းနည်းပက်လက်ငိုချလိုက်မိတယ်။ အားကိုးဖော်ကင်းမဲ့နေတဲ့ တပေါင်းအတွက် စာအုပ်တွေကပဲ အဖော်ဖြစ်ခဲ့တာ ။ အားကိုရာဖြစ်ခဲ့တာ ။ ဒီစာအုပ်တွေကို ရက်ရက်စက်စက်စုတ်ဖြဲခံလိုက်ရတော့ တပေါင်း ရင်တွေကွဲလုမတတ်ခံစားရကာ အသံတိတ်ငိုငိုကြွေးနေမိတယ်။
~~~~~
"တပေါင်း ...ဘွားဘွားကြီးဆုံးသွားပြီ သိလား ...ဆေးရုံမှာ ဆုံးတာတဲ့ "
"ရှင် "
ကြီးကြီးအေးခင်ရဲ့ စကားကြောင့် တပေါင်းရင်ထဲ တလှိုက်လှိုက်နဲ့ ဆို့နင့်လာတယ်။တပေါင်း အသက် (၁၈)နှစ်ပြည့်ရင် ပြန်လာခဲ့လို့ မှာလိုက်တဲ့ ဘွားဘွားကြီးက အခုတော့ တပေါင်းအသက်ဆယ့်ငါးနှစ်မှာပဲ ဆုံးပြီတဲ့ ။တပေါင်းကို ချစ်ခင်ကြင်နာပေးသူတစ်ယောက်တော့ ကမ္ဘာလောကကြီးကနေ ထွက်သွားရပြန်ပြီ။
" မနက်ဖြန် အသုဘချမှာ...အသုဘလိုက်ပို့မယ်ဆိုရင် မနက်ဖြန်မနက် ဆယ့်တစ်နာရီလောက် အရောက်လာခဲ့နော်...."
" ဟုတ်ကဲ့ပါ ကြီးကြီး "
" အေး ..အေး ..ငါသွားတော့မယ် "
ကြီးကြီးနှုတ်ဆက်ပြီးထွက်သွားတော့မှ တပေါင်း သတိ ပြန်ဝင်လာပြီး သက်ပြင်းကို ချလိုက်မိတယ်။မနက်ဖြန် ဘွားဘွားကြီး အသုဘကို လိုက်ပို့နိုင်ဖို့ အိမ်ကို ဘယ်လိုပြောရမလဲလို့ တပေါင်း တွေးနေမိတယ်။
~~~~~~
" အဲ့ဒီအချိန်တော့ မအားဘူးလေကွယ် ..ပြီးတော့ မနက်ဖြန် ညောင်ပင်လေးဈေးသွားဖို့ကား လဲ ပြောပြီးပြီ ..အဆင်မပြေဘူးလေ တပေါင်းရယ် "
အမေသိန်းနုဆီက ညည်းညည်းညူညူနဲ့ ငြင်းပယ်သံကြားလိုက်ရတော့ တပေါင်း ဝမ်းနည်းသွားမိတယ်။ဒီအချိန်မှာပဲ ဧည့်ခန်းထဲကို မျက်နှာထားတင်းတင်းနဲ့ဝင်လာတဲ့ အဖေ့ကို တွေ့လိုက်ရတယ်။
" အလုပ်အားတာတွေ..မအားတာတွေ သူ့ကိုရှင်းပြနေစရာမလိုပါဘူး မိန်းမရာ ...သူက လူတတ်ကြီးလုပ်ပြီး...အရေးမပါတာတွေ ပြောနေတယ်... သိန်းနု အားအား မအားအား နင်မသွားရဘူး .....နင့်ကိစ္စက ဘာအရေးကြီးနေလို့လဲ ....လူဆိုတာ အချိန်တန်ရင် tသမှာပဲ ..အဲ့ဒီအဘွားကြီးနင်နဲ့ ဘာတော်နေလို့လဲ ...မနက်ဖြန် ငါမသိအောင် ခိုးသွားလို့ကတော့ အဲ့ဒီအသုဘအိမ်ကိုပါ ပြဿနာသွားရှာမှာနော်....ငါ့အကြောင်း နင် သိတယ်နော် တပေါင်း ..ဟင်း ဟင်း ..သွားတော့ ...နင့်မျက်နှာကို မမြင်ချင်တော့ဘူး "
အဖေ့ရဲ့ ကြိမ်းမောင်းဆူငေါက်သံအဆုံးမှာ တပေါင်း ခြေတစ်ဖက်ကို ဆာတာဆာတာနင်းပြီး ဧည့်ခန်းထဲက ထွက်လာခဲ့တယ်။
~~~~~
" တပေါင်း ... နင့်ဘွားဘွားကြီး အသုဘချတော့လဲ နင်မလားဘူး.... ရက်လည်တော့လဲ မလာဘူး....ဘာလို့ မလာတာလဲ ..ဟို ကောင် အောင်မင်းမလွှတ်တာ မဟုတ်လား ..အကုသိုလ်ကောင် ... ရော ..ဒီမှာ နင့်အတွက် နင့် အန်တီကြီးပေးခဲ့တာ ...နင့်အန်တီကြီးက သူ့ညီမ မိသားစုနဲ့ မြို့ထဲမှာ သွားလိုက်နေတယ် ....."
" ရှင် ....အန်တီကြီး အိမ်ပြောင်းသွားပြီဟုတ်လား "
ကြီးကြီးဆီက ကြားလိုက်ရတဲ့ စကားကြောင့် တပေါင်းမြေကြီးပေါ်လဲကျ tသချင်စိတ်ပါ ပေါက်သွားမိတယ်။
" အခုမှ ငိုမနေနဲ့တော့ ....အထုပ်ယူပြီး ပြန်တော့ "
ကြီးကြီးပါလာတဲ့ အထုပ်ကို တပေါင်းလက်ထဲကို ထည့်ပေးပြီး ပြန်ထွက်သွားခဲ့တယ်။တပေါင်းကတော့ နေရာမှာ ငူငူကြီးရပ်နေမိတယ်။
~~~~~~~~
" ဖိုးဇင် ..နင်အဲ့ဒါဘာလုပ်နေတာလဲ ..စာအုပ်ဖတ်နေပြန်ပြီလား.....နင့်ကိုစာအုပ်မဖတ်နဲ့လို့ ဘယ်နှစ်ခါပြောရမလဲ ..စျေးရောင်းချိန်မှာ ဈေးမရောင်းဘဲ ဆိုင်လဘ်ပိတ်အောင် ...စာအုပ်ထိုင်ဖတ်နေတယ်ပေါ့ ဟုတ်လား... အတတ်ကောင်းတွေ ဘယ်ကတတ်လာတာလဲ ....ဘာလဲစာအုပ်ဖတ်ပြီး စိတ်ကူးယဉ်မလို့လား ..လူက အရွယ်မရောက်သေးဘူး ..ရည်းစားထားချင်နေတာလား ..ပေးစမ်း အဲ့ဒီစာအုပ် .. သောက်လုပ်ကျ အချိုးပြေအောင်မလုပ်ချင်ဘူး......အေး..စာအုပ်ဖိုးလျော်ရရင် ..နင့် ထမင်းဖိုးထဲကလျော်လိုက် "
မအေးလှိုင်က ပြောပြောဆိုဆိုနဲ့ ဖိုးဇင်လက်ထဲက စာအုပ်ကိုဆွဲယူပြီးစုတ်ဖြဲပစ်လိုက်တယ်။မိခင်ရဲ့လုပ်ရပ်ကြောင့် ဖိုးဇင်ဘာမှပြန်မပြောရဲဘဲ နှုတ်ဆိတ်ကာ ခေါင်းငိုက်စိုက်ချထားမိတယ်။တပေါင်းပေးထားတဲ့ စာအုပ်လေးကတော့ မြေပြင်ပေါ်မှာတစ်စစီနေခဲ့ပြီ။
"အလုပ်တော့ အချိုးပြေအောင် မလုပ်ချင်ဘူး ...အရေးမပါတဲ့ စာအုပ်ကိုထိုင်ဖတ်နေတယ်...စာအုပ်က နင့်ကိုထမင်းကျွေးလား ...ရေတိုက်လားပြော ...မအေနဲ့ ဖအေကတော့ မိုးလင်းမိုးချုပ်လုပ်လိုက်ရတာ ....သင်းကတော့ အလုပ်လေးနည်းနည်းပါးပါးဝိုင်းကူရတာကိုတောင် အသုံးမကျဘူး....နင် ကြပ်ကြပ်သတိထားနော် ... ငါအမြင်ကပ်လာရင် အလုပ်ထွက်လုပ်ခိုင်းပစ်လိုက်မှာ ငါ့ကိုဘာအောက်မေ့နေလဲ ....ထမင်းတစ်လုတ်ကို အေးအေးလူလူမစားချင်ဘူးလား...သံလုံးတို့လို တစ်မြို့လုံးအနှံ့ အမှိုက်လိုက်ကောက်ချင်တာလား "
တပေါင်းရဲ့လက်ကခရင်းကိုဆုပ်ကိုင်လိုက်မိတယ်။ဘယ်လောက်ပဲကန်ကန်မျက်ရည်မကျတော့ဘူး။နာကျင်ရမှန်းမသိတော့ဘူး။ဒါပေမဲ့ အသားထဲကနာကျင်မှုက်ို စိတ်ကမခံစားနိုင်တော့ပေမဲ့ လက်ကသူ့အလိုလိုတုံ့ပြန်ချင်နေမိတယ်။ခရင်းကိုကိုင်ထားမိတဲ့လက်က လေထဲမြှောက်တက်လာချင်တာမို့ တပေါင်းမနည်းစိတ်ကိုချုပ်တည်းထားလိုက်ရတယ်။
" သွားစမ်း....ငါ့မျက်စိရှေ့ကမြန်မြန်ထွက်သွားစမ်း "
ဖခင်ကြီးဆီက မောင်းထုတ်လိုက်သံကိုကြားလိုက်တော့ တပေါင်း ခြေကိုတရွတ်ဆွဲကာ နေရာကနေအမြန်ထွက်လာခဲ့လိုက်တယ်။
" ဟဲ့..ဂန်းနာမ ခြေသံမထွက်စေနဲ့ ..,ငါ့သမီးအိပ်နေတယ် "
ဒေါသတကြိးနဲ့လှမ်းအော်လိုက်တဲ့ ဖခင်ဖြစ်သူကြောင့် တပေါင်း ခြေသံမထွက်အောင်နင်းရင်း နောက်ဖေးမီးဖိုချောင်ဆိကို ထွက်လာခဲ့လိုက်တယ်။
~~~~~~~~~~~
" တပေါင်း..နင်လဲကျောင်းမတက်ရတော့ဘူးလား "
နေ့လယ်ခင်းမှာ တပေါင်းက မိထွေးဖြစ်သူရဲ့ဆိုင်ကိုလာကူစောင့်နေပေးချိန်မှာ ဖိုးဇင်ကတပေါငးကိုအပြေးအလွှားစကားလာပြောနေတာ ။တပေါင်းအိမ်ပြန်ရောက်တာ တစ်လပြည့်တော့မှာဖြစ်ပေမဲ့ ဖိုးဇင်နဲ့မတွေ့ရသေးဘူး။တပေါင်းဈေးထဲလာချိန်မှာ မိခင်ဖြစ်သူရှိနေတာမို့ တပေါင်းကို ဖိုးဇင်မခေါ်ရဲဘူး။
" တပေါင်းနဲ့အပေါင်းအသင်းမလုပ်ရဘူးဆိုတဲ့ မိခင်ဖြစ်သူရဲ့ စကားကြောင့် တပေါင်းကိုမသိချင်ယောင်ဆောင်နေရတယ်။ဆိုင်ရှေ့က တပေါင်းဖြတ်သွားရင်တောင် မျက်လုံးဝေ့မကြည့်ရဲဘူး။တပေါင်းကတော့ ဖိုးဇင်ရဲ့အဖြစ်ကို သိမယ်မထင်ဘူး။
" အေး..ငါကျောင်းမတက်ရတော့ဘူးဖိုးဇင်....နင်ရောကျောင်းမတက်ရတောဘူးလား.."
" အေး..ငါလဲကျောင်းထွက်လိုက်ပြီ ...အိမ်မှာကျောင်းသားသုံးယောက်တောင်ဆိုရင် အမေတို့မတတ်နိုင်ဘူးလေဟာ...အဲ့ဒါကြောင့် ငါကအမေ့ကိုဈေးကူရောင်းပေးပြီး ငွေကူရှာပေးရမှာပေါ့....ငါ့အဖေကလဲ ခုတလော ဆိုက်ကားဆွဲမကောင်းဘူးတဲ့လေ "
" အေးပါ..ငါတို့ စာဆက်မသင်ရလဲ ...စာတွေကိုမမေ့အောင် စာအုပ်တွေဖတ်လို့ရတယ်ဖိုးဇင် "
" စာဟုတ်လား..ဘာစာလဲတပေါင်းရဲ့ "
ဖိုးဇင်ကအူကြောင်ကြောင်နဲ့မေးလိုက်တယ်။
" ဘာစာဖြစ်ဖြစ်ပေါ့ဟာ...ကာတွန်း...ဝတ္ထုနဲ့ဘုရားစာတွေ...တွေ့သမျှစာအကုန်သာဖတ်ပေါ့...အဲ့ဒါမှငါတို့ စာဖတ်တတ်မှာ..မဟုတ်ရင်စာတွေကိုမေ့သွားပြီး အသက်ကြီးလာရင် စာမဖတ်တတ်ဘဲနေမယ်...စာမဖတ်တတ်တဲ့သူက မျက်လုံးမမြင်တဲ့သူနဲ့တူတယ်လို့ ဆရာမကပြောဖူးတယ်လေဟယ်...စာမတတ်တော့ သူများတွေနှိမ်တာခံရတတ်တယ်တဲ့...ငါတော့ အိမ်မှာရှိသမျှစာအုပ်တွေအကုန်ဖတ်တယ်...ပြိးတော့ အန်တီကြီးတို့အိမ်က... ငါ့အတွက်စာအုပ်တွေဝယ်ပေးတယ်လေ....ငါပြန်လာတော့ အဲ့ဒီစာအုပ်တွေကို အန်တီကြီးကအကုန်ပေးလိုက်တယ်လေ...နင်ဖတ်မယ်ဆို ငါပေးဖတ်ပါ့မယ် "
" အေးလေ..နောက်နေ့ကျရင်တစ်အုပ်ယူလာခဲ့ဟာ...ရယ်ရတဲ့စာအုပ်ပဲယူလာခဲ့နော်တပေါင်း..ငိုရတာမျိုးတွေ ငါမဖတ်ချင်ဘူး "
" အေးပါ ဖိုးဇင်ရဲ့..ဒါနဲ့ နင်သွားတော့လေဖိုးဇင်..အမေသိန်းနုပြန်လာတော့မယ်ဟ "
" အေးပါ...ငါသွားတော့မယ်နော် တပေါင်း "
ဖိုးဇင်လဲ တပေါင်းကိုနှုတ်ဆက်ပြီးတာနဲ့ သူတို့ဆိုင်ဘက်ကိုပြန်ပြေးလာခဲ့တယ်။
~~~~~~~~~~
တစ်အိမ်လုံးတိတ်ဆိတ်သွားပြီမို့အဖေနဲ့အမေပန်းနုတို့ အိပ်သွားကြပြီဆိုတာကို တပေါင်းသိလိုက်တယ်။တပေါင်းမှာ အိပ်မပျော်နိုင်သေးတာမို့ အိပ်နေရာကအသာထလိုက်ပြီး ဖယောင်းတိုင်မီးကိုထွန်းလိုက်တယ်။ဖယောင်းတိုင်ထွန်းပြီးသွားတော့ အန်တီကြီးပေးလိုက်တဲ့စာအုပ်တွေထဲက စာအုပ်တစ်အုပ်ကို ယူဖတ်လိုက်တယ်။အန်တီကြီးက တပေါင်းဖတ်ဖို့အတွက် ကာတွန်းစာအုပ်လေးတွေ ဝယ်ပေးသလို၊ သူဖတ်ခဲ့တဲ့ ၀တ္ထုတွေလဲပေးလိုက်တယ်။ အန်တီကြီးပေးလိုက်တဲ့ စာအုပ်တွေအားလုံးကို တပေါင်းကြိုက်တယ်။ရုပ်ပြကာတွန်းစာအုပ်တွေထဲမှာဆိုရင် မိုက်မိုက် (ပြည်) ရုပ်ပြတွေက တပေါင်းတို့လိုဆင်းရဲတဲ့ ရပ်ကွက်က လူတွေအကြောင်း တွေကို ရေးတာမို့ ဖတ်လို့ကောင်းတယ်။ဟာသရုပ်ပြကာတွန်းတွေကတော့ ဖတ်ရင် စိတ်ပျော်ရွှင်ရတယ်။ဝတ္ထုတွေထဲမှာတော့ မိုးမိုး(အင်းလျား) နဲ့ မစန္ဒာဝတ္ထုတွေ အများဆုံးတည့်ပေးလိုက်တာ။ ၀တ္ထုတွေဖတ်ရတာ တပေါင်းသိပ်နားမလည်သေးဘဲ ခေါင်းထဲမှာတွေးစရာတွေ အမြဲကျန်နေခဲ့တယ်။ ဒါကြောင့်လဲ အန်တီကြီးမှာလိုက်သလို သိပ်နားမလည်သေးတာတွေကို မကြာခဏ ထုတ်ဖတ်နေမိတာ။အိမ်မှာက နေ့ခင်းဆိုရင် စာအုပ်ဖတ်ချိန်မရတာမို့ ညဘက်အဖေတို့အိပ်မှ ခိုးဖတ်ရတာ။
" ဒုန်း "
တပေါင်းစာအုပ်ကိုကိုင်ပြီး အတွေးများနေချိန်မှာရုတ်တရက် နောက်ကနေဒုန်းခနဲအသံထွက်လာတာမို့ အလန့်တကြားနဲ့မော့ကြည့်လိုက်မိတယ်။
" ဟင် ..အ..အဖေ "
" နင် ..အဲ့ဒါဘာလုပ်နေတာလဲ...ညကြီးအချိန်မတော် စာအုပ်ခိုးဖတ်နေတယ်ဟုတ်လား ...ဘာလဲ အိမ်ကိုမီးနဲ့ရှို့မလို့လား ...စာအုပ်တွေဖတ်ပြီး ရည်းစားထားမလို့လား ...သူများအိမ်မှာ အိမ်ဖော်သွားလုပ်ပြီး အတတ်ကောင်းတွေ တတ်လာတယ်ပေါ့ ဟုတ်လား ...ပေးစမ်း အဲ့ဒီစာအုပ်တွေ "
အဖေကပြောပြောဆိုဆိုနဲ့ စာအုပ်တွေကို ကောက်ယူပြီး ဆွဲဖြဲပစ်လိုက်တယ်။
" မ ..မလုပ်ပါနဲ့ အဖေ .. နောက်ကို မဖတ်တော့ပါဘူး "
တပေါင်းကြောက်ကြောက်ရွံ့ရွံ့နဲ့ တောင်းပန်နေပေမဲ့ အိပ်ရာဘေးနားမှာ ချထားတဲ့ စာအုပ်တွေက အဖေ့လက်ထဲမှာ တစ်စစီဖြစ်သွားခဲ့ပြီ။
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၉)
akyiphyu
**********
" တပေါင်း ...ဒီနှစ်တော့ ကျောင်းမတက်နဲ့တော့နော်...နင့်ခြေထောက်ကိုလဲ ဆေးကုပေးရအုံးမှာဆိုတော့ ...ငါတို့မှာ ပိုက်ဆံသိပ်မရှိလို့်ပါ "
မသိန်းနုတ တပေါင်းကို အကျိုးအကြောင်းပြောပြလိုက်တယ်။ကိုအောင်မင်းက မသိန်းနုကို စောင်းငဲ့ကြည့်လိုက်ပြီး
" ရှည်ရှည်ဝေးဝေးရှင်းပြနေဖို့မလိုဘူး သိန်းနု.....သူလုပ်လို့ ငါဆေးရုံတက်လိုက်ရတယ်...ဆေးရုံစရိတ်ကြောင့် ငွေတွေကုန်သွားတယ်...လက်ထဲမှာပိုက်ဆံမရှိတော့ ဘာကျောင်းမှမထားပေးနိုင်ဘူး...ငါရှာထားတဲ့ငွေက အလကားကုန်သွားတာ...ဒါတွေအားလုံး သင်းကြောင့်ပဲဖြစ်တာ ...နင့်မျက်နှာကိုမြင်ရတာ ဒေါသပိုထွက်တယ်..."
ကိုအောင်မင်းကပြောနေရင်းက ဒေါသထွက်လာပြီး အိပ်ခန်းထဲကိုဝင်သွားးခဲ့တယ်။
" ကဲ ..တပေါင်း သွားအိပ်တော့ ...နောက်တစ်ခါနင့်အဖေရှိတဲ့အချိန်... အိမ်ရှေ့ခန်းကို ထွက်မလာနဲ့တော့ ..နင်တို့သားအဖတွေကြောင့် ငါလဲစိတ်ညစ်ပါတယ်.... "
မိထွေးဖြစ်သူဆီက ခွင့်ပြုချက်ရတာနဲ့ တပေါင်းလဲ အိမ်နောက်ဖေးအတက်အဆင်းနားက သူမအိပ်ရာဆီကို ပြန်လာခဲ့လိုက်တယ်။ဧည့်ခန်းကိုဖြတ်လျှောက်လာခဲ့ချိန်မှာ ဖခင်ဖြစ်သူဝင်သွားတဲ့အခန်းထဲက ရယ်သံတွေကြားလိုက်ရတာမို့ တပေါင်းရဲ့ခြေလှမ်းတွေ တုံ့ခနဲဖြစ်သွားရတယ်။ရယ်သံတွေက အဖေနဲ့ညီမငယ်လေးတို့ရဲ့ရယ်သံတွေဖြစ်တယ်။ အဖေ့ရဲ့ရယ်သံတွေကို နားထောင်ပြီး တပေါင်းအလိုလိုဝမ်းနည်းလာမိတယ်။တပေါင်းကိုတွေ့ရင် အမြဲဒေါသထွက်စိတ်တိုနေတတ်တဲ့ အဖေက ညီမလေးနဲ့တော့ပြုံးရွှင်ကြည်နူးနေတတ်တယ်။
" ဟဲ့..ဘာရပ်လုပ်နေတာလဲ ..သွားတော့လေ...တော်ကြာ ဟိုကထွက်လာလို့ ....အိပ်ခါနီး အရို/က်ခံနေရအုံးမယ်...သွားအိပ်တော့ .."
ရုတ်တရက်အနားကိုရောက်လာပြီး ခပ်ဆတ်ဆတ်ငေါက်လိုက်တဲ့ မိထွေးဖြစ်သူရဲ့အသံကြောင့် တပေါင်း ခြေထောက်တစ်ဖက်ကို ဆာတာတာနင်းပြီးအဖေတို့အခန်းနားက ထွက်လာခဲ့လိုက်တယ်။
~~~~~~~~~~
" တပေါင်းလာစမ်း....ရေခဲသွားဝယ်ပေးစမ်း ...ဉီးကြင်ဆိုင်ကနော်...ဝက်ခေါက်ကြော်တစ်ထုပ်လဲ ဝယ်လာခဲ့....မြန်မြန်သွားမြန်မြန်လာ '
ဦးကြင်ဆိုင်ဆိုတာကြောင့် တပေါင်းကိုယ်လေးတွန့်ခနဲဖြစ်သွားမိတယ်။ဦးကြင်ဆိုင်ဆိုတာက အရက်ဆိုင်လေ။မသွားချင်ဘူးလို့ တပေါင်းပြောလိုက်ချင်ပေမဲ့ ဖခင်ကိုကြောက်တာမို့ ပိုက်ဆံယူပြီးထွက်လာခဲ့ရတယ်။လမ်းထိပ်က ကွမ်းယာနဲ့ဆေးလိပ်တောင် ကြောက်ကြောက်နဲ့သွားဝယ်ရတဲ့ တပေါင်းအတွက် အရက်ဆိုင်သွားဖို့ကို ရှက်ကြောက်နေမိတယ်။
~~~~~~~~~~~
အဖေ့ကိုကြောက်လို့သာ တပေါင်းကြောက်ကြောက်နဲ့ထွက်လာခဲ့ရပေမဲ့ အရက်ဆိုင်ရှေ့နားရောက်တော့ ဆိုင်ထဲမဝင်ရဲဘဲ ဖြစ်နေမိတယ်။ကြောက်တာရယ်၊လန့်တာရယ်ရှက်တာရောပေါင်းပြီး လူကဆိုင်ရှေ့နားမှာ တုံ့းဆိုင်းနေမိတယ်။ဒီအချိန်မှာပဲ ဆိုင်ရှေ့ကို ဦးကြင်ထွက်လာတာမို့ တပေါင်းဝမ်းသာသွားမိတယ်။
" ဦး...ဦးလေး ... ရေခဲနဲ့ဝက်ခေါက်ကြော်ထုပ်ပေးပါ "
အထစ်ထစ်အငေါ့ငေါ့ပြောလိုက်တဲ့ တပေါင်းရဲ့စကားကြောင့် ဦးကြင်ကတပေါင်းကိုကြည့်လိုက်ပြီး
" ကလေးမကဘယ်သူလဲ ..ဪ..အောင်မင်းသမီးမဟုတ်လား...ခဏစောင့်အုံး "
ဦးကြင်က တပေါင်းကိုစောင့်ခိုင်းထားပြီး ဆိုင်ထဲကိုပြန်ဝင်သွားခဲ့တယ်။တပေါင်းမှာ ဆိုင်ရှေ့မှာရပ်ပြီးအသားတွေတုန်ကာရှက်နေမိတယ်။
~~~~~~~~~~~
တပေါင်းအိမ်ရှေ့ကို ရောက်တော့ ခါးကြီးထောက်ကာရပ်နေတဲ့ အဖေ့ကိုတွေ့လိုက်ရတာမို့ အသားတွေတုန်းအောင်လန့်သွားမိပြန်တယ်။
" လာစမ်း...နင်မြန်မြန်လာစမ်း...သွား..အိမ်ပေါ်တက် "
ဒေါသသံနဲ့ပြောလိုက်တဲ့ ဖခင်ကြီးရှေ့ကနေ တပေါင်းမြန်မြန်သွားလိုက်ပြိး အိမ်ပေါ်ကိုတက်လိုက်တယ်။အိမ်ပေါ်ရောက်တော့ ဝက်ခေါက်ကြော်နဲ့ရေခဲတုံးတွေကို ပန်းကန်တွေထဲအမြန်ထည့်ပေးလိုက်တယ်။
" ဖုံး "
" အား "
နောက်ကနေကျောကုန်းကိုရုတ်တရက်အကန်ခံလိုက်ရတာမို့ တပေါင်းလန့်ဖျပ်ကာအော်လိုက်မိတယ်။
" ဂန်းနာမ နင့်ပါးစပ်ကိုပိတ်ထားစမ်း..အသံမထွက်နဲ့ ...မြေမျိုမဲ့ဟာမဲ့ ..ငါ့ကိုပေစောင်းစောင်းနဲ့ပြန်မကြည့်နဲ့...နင်ေသတော့မယ်...ခိုင်းလိုက်ရင်ပေါ်မလာဘူး..လမ်းမှာဘာလုပ်နေတာလဲ အလေလိုက်နေတာလား..ငါ့သောက်နေတာတစ်လုံးကုန်တော့မယ်..ကလေးတောင်အိပ်ပျော််သွားပြိး ..လမ်းမှာေသနေတာလား "
မကျေမချမ်းပြောရင်း ခြေထောက်နဲ့ထပ်ကန်လိုက်တာမို့ တပေါင်းမှာအရှိန်မထိန်းနိုင်တော့ဘဲ စားပွဲပေါ်ကို လက်ထောက်ကာကျသွားတယ်။ဖြစ်ချင်တော့ တပေါင်းလက်ထောက်လိုက်မိတာက ဖခင်ဖြစ်သူရဲ့သောက်လက်စအရက်ဖန်ခွက်ဖြစ်နေခဲ့တယ်။
" ဟာ..ငါ့အရက်တွေကုန်ပြိး...ဒီဂန်းနာမလေးတော့ ငါလုပ်ရင်ေ/**သတော့မယ် "
ပါးစပ်ကပြောရုံပဲရှိသေးတယ်။လက်ကနားရင်းအရင်အုပ်လိုက်တာမို့ တပေါင်းရဲ့ဦးခေါင်းညွှတ်ခနဲစိုက်ကျသွားရတယ်။မျက်နှာကစားပွဲပြင်နဲ့အပ်လုမတက်ဖြစ်သွားချိန်မှာ တပေါင်းရဲ့လက်က စားပွဲပေါ်ချထားတဲ့ ခရင်းပေါ်ကိုသွားထောက်မိတယ်။ဖခင်ကြီးက နောက်တစ်ချက်ထပ်ပြီးလက်ပြန်ရိုက်လိုက်ချိန်မှာ
ဥက္ကဌကြီး ရှင်းပေးလို့ပြီးတော့ အားလုံးရုံးခန်းထဲက ထွက်ခဲ့ကြတယ်။
~~~~~~
'' လိုတာရှိရင် ..အန်တီကြီးတို့ကို လာပြောနော်တပေါင်း .. အန်တီကြီးတို့က တပေါင်းကိုမခေါ်ထားချင်လို့ မဟုတ်ဘူးနော် ... သမီးက အရွယ်မရောက်သေးတော့... မိဘခွင့်ပြုမှ အန်တီကြီးတို့ကခေါ်လို့ရမှာ ... သမီးအရွယ်ရောက်လာရင် အန်တီကြီးတို့ဆီ အချိန်မရွေးလာခဲ့နော်..."
" ဟုတ်..ဟုတ်ကဲ့ပါ....အန်တီ ..ဘွား...ဘွားဘွားကြီး .... "
တပေါင်းအသံတုန်တုန်ယင်ယင်နဲ့ ပြန်ပြောလိုက်မိတယ်။ အဖေ့အိမ်ကိုပြန်ရတော့မယ်ဆိုတော့ တပေါင်းရင်ထဲမှာ မွန်းကျပ်နေမိပြီး ကိုယ်တွေပါပူလာခဲ့တယ်။လူတစ်ကိုယ်လုံး ချွေးစေးတွေပြန်ပြီး တုန်တုန်ယင်ယင်ဖြစ်နေခဲ့ပေမဲ့ ငိုဖို့ရန်လဲ တပေါင်းသတိမရ။ဘွားဘွားကြီး၊ အန်တီကြီး တို့နဲ့ ခွဲရတော့မယ်ဆိုတော့ ဝမ်းနည်းစိတ်နဲ့ လည်ချောင်းတစ်လျှောက်မှာ ဆို့နင့်နာကျင်နေပေမဲ့ မျက်ရည်တွေကကျမလာခဲ့ဘူး။
'' တပေါင်းသွားတော့မယ်နော် ဘွားဘွားကြီး ... တပေါင်းသွားတော့မယ်နော် အန်တီကြီ "
" အေး ..အေးပါကွယ် ... တပေါင်း ... ရော့ ..ဒီပိုက်ဆံကိုဝှက်ထားနော် ... သမီးဗိုက်ဆာတဲ့အခါ မုန့်ဝယ်စား.....မုန့်စားဖို့ ပိုက်ဆံမရှိရင်ဖြစ်ဖြစ် ....ကျောင်းတက်လို့ပိုက်ဆံမရှိရင် လာယူနော် ... အန်တီကြီးပေးလိုက်တဲ့ ပိုက်ဆံကို သေချာသိမ်းထားနော် "
" ဟုတ် .. ဟုတ်ကဲ့ပါ အန်တီကြီး ...တပါင်းသွားတော့
မယ်နော် "
အန်တီကြီးပေးလိုက်တဲ့ ပိုက်ဆံကို သေချာသိမ်းပြီး လက်ဆွဲအိတ်ကိုဆွဲကာ ခြံပြင်ကို တပေါင်းထွက်ခဲ့တယ်။ အဖေ့အိမ်က ထွက်လာချိန်က ကြွပ်ကြွပ်အိတ်နဲ့ အဝတ်ဟောင်းတွေပဲ ပါလာတာဖြစ်ပေမဲ့ အန်တီကြီးတို့အိမ်က ပြန်ချိန်မှာတော့ လက်ဆွဲအိတ်အကောင်းစားနဲ့ အဝတ်အစားသစ်တွေနဲ့ပေါ့။
" တပေါင်း ...သမီးကို ဟို ကောင်အောင်မင်းရို**က်ရင် ..ရပ်ကွက်ရုံးမှာ သွားတိုင်နော် ကြားလား "
" ဟုတ်ကဲ့ပါ ကြီးကြီး "
ခြံရှေ့မှာရပ်စောင့်နေတဲ့ ကြီးတော်ဖြစ်သူရဲ့ အမှာစကားကို တပေါင်းခေါင်းငြိမ့်ပြလိုက်တယ်။
" ဆိုက်ကားဆရာ...တူမလေးကို သေချာလိုက်ပို့ပေးပါနော်... သမီးဆိုက်ကားပေါ်တက်တော့ "
ကြီးကြီးရဲ့ စကားကြောင့် တပေါင်းဆိုက်ကားပေါ်တက်ထိုင်လိုက်တယ်။ပြီးတော့ အိမ်ဘက်ကို ကြည့်လိုက်မိချိန်မှာ မျက်ရည်ကျနေတဲ့ ဘွားဘွားကြီးနဲ့ အန်တီကြီးကို တွေ့မြင်လိုက်ရတာမို့ တပါင်းလဲကြောင်ကြောင်ကြီးကြည့်နေမိတယ်။
~~~~~~~
" ဘယ်လိုသိန်းနု ....တပေါင်းကို အိမ်ပြန်ခေါ်ထားလိုက်ပြီ ဟုတ်လား ....ဒီလောက်ကြောက်ဖို့ကောင်းတဲ့ ဟာမလေးကို ဘာလို့များပြန်ခေါ်ရတာလဲဟယ်...ဘာလဲ..အောင်မင်းက ပြန်ခေါ် တာလား "
မုန့်ဟင်းခါးစားနေတဲ့ မသိန်းနုကို မအေးလှိုင်ကမေးလိုက်တယ်။
" ဟုတ်တယ် မအေးလှိုင်...သူ့ကြီးတော်က ကောင်မလေးကို သူများအိမ်ပို့ထားတာလေ.... အိမ်ဖော်အဖြစ်ခိုင်းထားတာလေ... ကျွန်မတို့သိသွားလို့ ရုံးတိုင်တော့မှ ..မွေးစားမယ်ပြောတာတော်ရေ....တကယ်မွေးစားချင်ရင် ...အိမ်ကို သူတို့အရင်လာပြောရမှာပေါ့ ...ဒါနဲ့ပဲ အိမ်ပြန်ခေါ် လိုက်ရတယ်မအေးလှိုင်ရေ "
" အေးဟယ်....သတိတော့ထားပေါ့ ...ကလေးမက လက်ရဲဇက်ရဲနော် ..သနားတာလဲ ကြည့်သနားနော်သိန်းနု ...ပြန်မလှန်ရဲအောင် ဦးချိုးထားအုံး ...အိမ်ကကောင်တော့ ဒီနှစ်ကျောင်းထုတ်လိုက်ပြီ ... နောက်တစ်နှစ်ကျော်လောက်ဆို သူ့ဘကြီးဝပ်ရှော့ကိုပို့တော့မှာ "
မိခင်ဖြစ်သူနဲ့ ဒေါ်သိန်းနုတို့ ပြောနေကြတဲ့ စကားသံတွေကြောင့် ဖိုးဇင်စိတ်မောသွားမိတယ်။တပေါင်းတစ်ယောက် အိမ်ပြန်ရောက်လာတာကို ဖိုးဇင်ဝမ်းမသာမိပါဘူး။တပေါင်းအိမ်ပြန်ရောက်လာတယ်ဆိုတော့ အရင်တုန်းကလို သူ့မိထွေးဈေးဆိုင်မှာ နေ့လယ်နေ့ခင်းဆိုင်စောင့်ပေးတဲ့အခါ ဖိုးဇင်တို့တွေ့တော့တွေ့ရတာပေါ့ ။ဒါပေမဲ့ တပေါင်းခမျာသူ့အဖေရိုက်တာကို ခံရပေအုံးတော့မယ်။ဒီလိုတွေးမိတော့ ဖိုးဇင် လုံးဝဝမ်းမသာနိုင်ပါ။တပေါင်းကို အရို**က်မခံရတဲ့နေရာမှာပဲနေစေချင်မိတာက ဖိုးဇင်ရဲ့စိတ်ရင်းပါ။
" ဟဲ့ ကောင်လေး....အလုပ်လုပ်ရင်း စိတ်ကဘယ်ရောက်နေတာလဲ ...ခေါ်နေတာမကြားဘူးလား...ထလုပ်လိုက်ရင် နာတော့မယ်....ဘာခိုင်းခိုင်းစိတ်ချရတာကို မရှိဘူး "
မအေးလှိုင်က ဖိုးဇင်ကိုလှမ်းငေါက်လိုက်ရင်း ကော်ယပ်တောင်နဲ့ကောက်ပေါက်လိုက်တယ်။မအေးလှိုင်အဖို့မှာ သားဖြစ်သူကိုစကားပြောရင် ချိုချိုသာသာပြောဖို့အသာထား။စကားပြောရင်းနဲ့ဒေါ်သတွေထွက်လာပြီး တွေ့ရာပစ္စည်းတွေနဲ့ကေက်ပေါက်လိုက်တာဖြစ်ဖြစ် ရို*က်လိုက်တာပဲဖြစ်ဖြစ် လုပ်လိုက်ရမှ ကျေနပ်တော့တာ။
==================================
အပိုင်း (၉)ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
၁)
https://www.facebook.com/100067151540690/posts/734556598792718/
၂
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
https://www.facebook.com/100067151540690/posts/737913055123739/
၇
တပေါင်းအိမ်ရှေ့ရောက်တော့ အမေသိန်းနုစီးနေကျ ဆိုက်ကားကို တွေ့လိုက်ရတာမို့ အံ့သြသွားရတယ်။
" ဦးညိုကြီး..ဘာကိစ္စရှိလို့လဲဟင် "
" အေး ..တပေါင်းရဲ့ ..နင့်အဖေခေါ်ခိုင်းလိုက်လို့ဟ ..နင့်ကြီး တော်အိမ်က ကောင်မလေးတစ်ယောက်က ..နင်ဒီအိမ်ရောက်နေတယ်ပြောလို့ ဦးညိုကြီးလိုက်လာတာ ....ပြန်ကြမယ်လေ ..နင့်အဖေက နင့်ကိုခွင့်လွှတ်တယ်တဲ့ "
"ရှင် "
ဦးညိုကြီးရဲ့ စကားကြောင့် တပေါင်းထိတ်လန့်တုန်လှုပ်သွားပြီး ဘွားဘွားကြီးနားကို အမြန်ပြန်ပြေးသွားလိုက်မိတယ်။
" မောင်ရင် ..မင်းဘာပြောလိုက်တယ် ..တပေါင်းကို သူ့အဖေ ခေါ်ခိုင်းလို့... ဟုတ်လား ...ဘယ်မှာလဲ သူ့အဖေ ... အေး ...ကလေးကို ပြန်ခေါ်ချင်ရင်.. သူ့ကြီးတော်နဲ့ သူ့အဖေပါခေါ်လာခဲ့ ...မောင်ရင်နဲ့တော့ မထည့်လိုက်နိုင်ဘူ "
" ဟာဗျာ ...မသိတော့ဘူး ..သူတို့ခေါ်ခိုင်းလို့ လာခေါ်ရတာ ..ရှုပ်နေတာပဲ ..ဘာတွေမှန်းမသိဘူး "
ဘွားဘွားကြီးရဲ့ စကားကြောင့် ဆိုက်ကားဆရာညိုကြီးလဲ မကျေမနပ်ပြောဆိုကာ ဆိုက်ကား ကို ပြန်နင်း ထွက်သွားခဲ့တယ်။
တပေါင်းမှာတော့ ဘွားဘွားနားမှာရပ်လျက်မှ အသက်ရှူတွေကျပ်ပြီး အသားတွေပါ တဆတ်ဆတ်တုန်နေမိတယ်။
~~~~~~
" ကျုပ်နေမကောင်းလို့ ..ကျုပ်သမီးကို ခဏအပ်ထားတာလေဗျာ ...အခုတော့ ခင်ဗျားသဘောနဲ့ ခင်ဗျား ...ကျုပ်သမီးကို အိမ်ဖော်လုပ်ခိုင်းထားတာလား ...ခင်ဗျားကိုတရားစွဲမယ် မအေးခင် "
မတ်ဖြစ်သူအောင်မင်းရဲ့ စွပ်စွဲပြောဆိုတဲ့ စကားကြောင့် မအေးခင်ထိုင်နေရာက ဝုန်းခနဲ ထရပ်လိုက်တယ်။
" ဘာ ..ဘာပြောတယ် အောင်မင်း ..နင်က ယောက်ျားတန်မဲ့ ...( ....) စကားပြောတာလား ...နင်ပဲ ပြန်မခေါ်တော့ဘူးဆို ... အေး ..ငါ့တူမကို .. ငါခိုင်းစားထားတာမဟုတ်ဘူးဟဲ့ ..ကောင်းကောင်းနေကောင်းကောင်းစားစေချင်လို့ ...စိတ်ထားကောင်းတဲ့သူတွေဆီကို ပို့ထားတာ ....အပျိုကြီးတို့သားအမိတွေက ဘယ်လိုလူတွေလဲဆိုတာကို ..ရပ်ကွက်ထဲလာစုံစမ်းကြည့်လိုက်အုံး ..ကလေးက နင့်အိမ်မှာနေတာထက် အများကြီးသာတယ်ဟဲ့ "
" ဘာသာတာလဲ ...တော်စမ်းပါဗျာ ...သူများသားသမီးကို အလကား ခေါ်ခိုင်းနေတာကို များ ... ဒီကိစ္စမှာ ခင်ဗျားအကြံတွေချည်းပဲဆိုတာ ကျုပ်မသိဘူးထင်နေလား ...ကျုပ်သမီးကို ဘယ်လောက်နဲ့ရောင်းစားလိုက်တာလဲ ပြောစမ်းပါအုံး "
" ဟဲ့ ..နင် ..ခွေး စကားမပြောနဲ့ အောင်မင်"
" ဒုန်း "
" တော်ကြစမ်း ... ငါတို့လူကြီးတွေရှိနေတာကိုလဲ ..မင်းတို့ သတိရကြအုံး ... မင်းတို့ပါးစပ်တွေပိတ်ထား ...ဘာမှမပြောကြနဲ့ ...ငါတို့ရှင်းပေးမယ်...တိတ်တိတ်နေကြ ..မနေရင် အကုန်စခန်းပို့ပစ်လိုက်မယ် "
ဥက္ကဋ္ဌက အသံမာမာနဲ့ ထအော်လိုက်မှ မအေးခင်နဲ့ ကိုအောင်မင်းတို့အုပ်စုလဲ ငြိမ်ကျသွားတယ် ။မအေးခင်တို့ အုပ်စုမှာက မအေးခင်နဲ့အပျိုကြီးတို့သားအမိပါတယ်။ကိုအောင်မင်းတို့အုပ်စုမှာက ကိုအောင်မင်း၊မပန်းနုနဲ့ သူတို့အသိအချို့လဲ ပါလာကြတယ်။
" အခု ...မောင်အောင်မင်းတို့က သမီးဖြစ်သူကို ပြန်ခေါ်ချင်တာလား "
" ဟုတ်ပါတယ် ဥက္ကဌကြီး "
" သူပြောတာကြားတယ်နော် မအေးခင် ... သူတို့သမီးကို ပြန်ခေါ်မယ်တဲ့ ... မအေးခင် ဘက်က ...ဘာလို့ ပြန်မပေးနိုင်တာလဲဆိုတာ ရှင်းပြပါ "
" ဟုတ်ကဲ့ပါ ဥက္ကဌကြီး ..ကျွန်မက ပြန်မပေးနိုင်ဘူးလို့ ပြောတာမဟုတ်ပါဘူး....တူမလေးကို သင့်တော်အဆင်ပြေတဲ့အိမ်မှာ ပို့ထားတာမလို့ ..ကလေးရဲ့ ဆန္ဒကိုမေးစေချင်တာပါ ...ကလေးကလိုက်ချင်ရင် ပြန်ခေါ်ပါ ..မလိုက်ချင်ဘူးဆိုရင် မွေးစားဖို့ပေးလိုက်ဖို့ ပြောချင်တာပါ ....တူမလေးကို လက်ခံထားတဲ့ အပျိုကြီးတို့သားအမိကလဲ ... တူမလေးရဲ့ ခြေထောက်အတွက် ဆေးကုပေးပြီးရင် ....ကျောင်းတက်ဖို့ပါပြင်ဆင်ထားပြီးသားပါ ဥက္ကဌကြီး "
" တော်စမ်းပါဗျာ... လူကြားကောင်းအောင် လျှောက်ပြောမနေနဲ့ ....တစ်သက်လုံးခိုင်းကောင်းအောင် လျှောက်ပြောနေတာတွေ ...ဖအေတစ်ယောက်လုံးရှိနေတာကို ဖအေကိုအသိမပေးဘဲလုပ်ချင်ရာလုပ်နေကြတာပဲ...ကျုပ်သမီးကို ဘယ့်သူ့ကိုမှမပေးဘူး ... သူ့ခြေထောက်ကိုလဲ ကျုပ်တို့ ဆေးကုပေးဖို့ စီစဉ်ထားပြီးသား ...ရှင်းရှင်းပဲပြောမယ် ..ကျုပ်သမီးကို အေးအေးဆေးဆေး ပြန်ခေါ်လို့ ရရင်...ရမရရင်အကုန်လုံးကို တရားစွဲမှာ ...ကလေးဆန္ဒတွေ ဘာတွေလာမပြောနဲ့ ....အရွယ်မရောက်သေးတဲ့ကလေးကို .....မိဘပဲပိုင်တာ ...ဆန္ဒရှိရင်လဲ တရားရုံးသွားဖို့ ပြင်ဆင်ကြတာပေါ့ "
ကိုအောင်မင်းရဲ့စိန်ခေါ် စကားကြောင့် အပျိုကြီးတို့သားအမိမှာ နှုတ်ဆိတ်ကာငြိမ်သက်နေမိကြတယ်။သူတို့အနေနဲ့ တပေါင်းကို သနားစိတ်နဲ့ ချစ်ခင်နေမိကြတယ်ဆိုပေမဲ့ တရားတပေါင်ရင်ဆိုင်ရမှာကိုတော့ ကြောက်မိကြတယ်။တစ်သက်လုံးက ခပ်အေးအေးနေလာကြသူတွေမို့ အောင်မင်းတို့လိုလူမျိုးတွေနဲ့လဲ ပြဿနာမဖြစ်ချင်ကြဘူး။နောက်ဆုံးတော့လဲ အပျိုးကြီးတို့သားအမိ ခေါင်းငုံ့ကာ အရှုံးပေးလိုက်ရတော့တယ်။
" ကဲ ..ဒါဆိုရင် ..အားလုံးဒီမှာပဲ အဆင်ပြေသွားပြီနော် ... ကလေးမလေးက သူနေခဲ့တဲ့ အိမ်မှာ အဝတ်အစားတွေသွားပြန်ယူချင်တာကိုတော့ ခွင့်ပြုပေးလိုက်ပါ မောင်အောင်မင်း .. အစ်မကြီးတို့ကလဲ ...မိုးမချုပ်ခင် ကလေးမကိုပြန်ပို့ပေးလိုက်ပါ "
" ဟုတ်ကဲ့ပါ ဥက္ကဌကြီး "
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၈)
akyiphyu
***********
" တပေါင်းရေ ... ဒီနေ့ရော ....ဘွားဘွားကြီးနဲ့ နေလို့ အဆင်ပြေတယ် မဟုတ်လား ..ဘွားဘွားကြီးက ဆူသေးလား "
" မဆူပါဘူး အန်တီ "
တပေါင်းက အပျိုကြီးကို ပြန်ဖြေလိုက်ပြီး အပျိုကြီးလက်ထဲက ဆွဲခြင်းကိုကူဆွဲပေးလိုက်တယ်။ဆွဲခြင်းကလေးတာမို့ တပေါင်းရဲ့ ညာခြေထောက်က သိသိသာသာကို တရွတ်ဆွဲသွားရတယ်။
" အို ..ရပါတယ် တပေါင်းရယ် ...အန်တီပဲသယ်သွားလိုက်ပါမယ် "
" ရပါတယ် အန်တီ....တပေါင်းနိုင်ပါတယ်... အန်တီမောလာမှာပေါ့ နားပါအုံး ..အန်တီ့အတွက် တပေါင်းရေခပ်ပေးထားပါတယ်ရှင် "
ပြောပြောဆိုဆိုနဲ့ ညာခြေထောက်ကို ဆာတာတာနင်းကာ မီးဖိုခန်းဘက်ဆီကိုထွက်သွားတဲ့ တပေါင်းရဲ့ကျောပြင်ကို အပျိုကြီးတို့ သားအမိကငေးကြည့်နေမိကြတယ်။
" ကလေးမခြေထောက်အတွက် ဆေးရုံပြပေးမယ်ဆို သမီးကြီး .....ဘယ်တော့ပြပေးမှာလဲ "
" သမီး စုံစမ်းထားတယ်အမေ...နောက်တစ်ပတ်ထဲမှာသွားပြမယ်...သမီးကလဲ ခွင့်ယူလို့မရတော့ တခြားသူကိုအကူအညီတောင်းရမှာ အမေရဲ့...မအေးခင်လဲ မအားလောက်ဘူးထင်ပါရဲ့ "
အပျိုကြီးက မိခင်ကိုအကျိုးအကြောင်းပြောပြလိုက်တယ်။တပေါင်းလေး သူ့တို့အိမ်ကိုရောက်လာတာ တစ်ပတ်မပြည့်သေးပေမဲ့ သားအမိနှစ်ယောက်လုံးက တပေါင်းအပေါ်မှာ သနားပြီးသံယောဇဉ်ဖြစ်နေမိကြတာ။
" ဒါနဲ့ သမီးရေ....တပေါင်းကိုဆေးရုံလိုက်ပြပေးဖို့လူရှာတာကို ...အငယ်မတော့ သိလို့မဖြစ်ဘူးထင်တယ် "
မိခင်ကြီးရဲ့စကားကြောင့် အပျိုကြီးအံ့ဩသွားမိပြီး မိခင်ကို ကြည့်လိုက်တယ်။
" ဘာဖြစ်လို့လဲ အမေ ..သမီးကသူ့ကို ရှာခိုင်းမလားလို့တောင်တွေးနေတာ...သူက စတိုးဆိုင်ဖွင့်ထားတော့ လူစုံနဲ့သိတယ်လေ "
" အမယ်လေး..အမယ်လေး...မဖြစ်ပါဘူး သမီးကြီးရယ်...နင့်ညီမကလေ...တပေါင်းလေးကိုမျက်မုန်းကျိုးနေပုံပဲ...အိမ်ကိုလာရင်း တပေါင်းကိုလဲ ငေါက်ငမ်းနေလို့ အမေနဲ့တောင် စကားများရသေးတယ်...သူခိုင်းစရာရှိရင်တော့ အသံလေးကိုချိုနေတာပဲ ...သူ့ကလေးနှစ်ယောက်အဝတ်တွေကိုလဲ လျှော်ခိုင်းသေးတာလေ...တပေါင်းကလဲ မငြိုမငြင်လုပ်ပေးပါတယ်...ဒါပေမဲ့ သူ့ခြေထောက်ကသိပ်မသန်တော့ လျင်လျင်မြန်မြန်တော့ ဘယ်ရှိပါ့မလဲ ...အဲ့ဒါကိုလဲ သူကစိတ်မရှည်ဘူးလေ...အမေကပြောတော့ တပေါင်းကိုမဲတာလေ..."
မိခင်ကြိးရဲ့စကားကြောင့် အပျိုကြီးစိတ်ရှုပ်သွားမိတယ်။အမွေခွဲစီးပွားခွဲပြီးပြီဖြစ်ပေမဲ့လဲ သူ့ယောက်ျားကအဝေးရောက်နေလို့.အနားမှာခေါ်ထားတာကို အငယ်မကဗိုလ်ကျချင်နေတာ။ သူတို့သားအမိကိစ္စတွေမှာပါ ဆရာဝင်လုပ်နေတာကိုတော့ အပျိုကြီးလဲစိတ်ရှုပ်နေမိတယ်။
" အင်းပါ ..အမေရယ်...မအေးခင်ကိုပဲ လူရှာခိုင်းလိုက်ပါတော့မယ်...နောက်ဆိုရင် ...အမေ့သမီး ..အိမ်ကိုလာရင်...တပေါင်းကို အမေကအရင်ဦးအောင် ခိုင်းထားလိုက်နော်...သူလဲသူ့ယောက်ျားမြန်မြန်ပြန်လာမှ အေးမှာ...သူ့တို့အိမ်ကိုတော့ငှားစားထားပြီးတော့ ...သမီးတို့ကို ဗိုလ်လာကျနေတာလေ....တကယ်ဆို သူတို့နေတဲ့အခန်းကို ငှါးစားရင် သမီးတို့အတွက် တစ်ဖက်တစ်လမ်းကဝင်ငွေရတော့ ...အမေသုံးချင်တာ ပိုသုံးလို့ရတာပေါ့"
"ကဲပါ ...သမီးကြီးရယ် ...မပြောစမ်းပါနဲ့အေ ..ဒီကောင်မလေး အသက်သာကြီးလာတာ... အလိုက်သိတာမှ ဟုတ်တာ ..ကိုယ်ကအကြီးပဲ ခွင့်လွှတ်ပေးလိုက်သမီး "
" ဟုတ်ကဲ့ပါ အမေ ..သမီးလဲ အမေ့ကိုပြောပြတာပါ .... သူ့ကိုမပြောပါဘူး ..ဒါပေမဲ့ တပေါင်းကို လာအနိုင်ကျင့်ရင်တော့ သမီးက ပြောမှာနော် "
အပျိုကြီးက မိခင်ကို ပြန်ပြောလိုက်ရင်း အဝတ်အစားလဲဖို့အတွက် သူမ အခန်းရှိရာကို သွားဖို့ပြင်လိုက်တယ်။
~~~~~~
" တပေါင်းရေ လာပါအုံး ... သနပ်ခါးလာသွေးပေးပါအုံး ...ကလေးတွေ ကျောင်းနောက်ကျနေလို့ပါ "
ဘေးအခန်းက အန်တီမိုးရဲ့ခေါ် သံကြောင့် တပေါင်းခြေလေးကို ဆာတာဆာတာနင်းရင်း ဘေးအခန်းဆီကို အမြန်ကူးသွားလိုက်တယ်။
" တပေါင်း ...သမီးရေ...ဖြည်းဖြည်းသွားပါကွယ်....မိုးမိုးဟာလေ ကလေးကိုပဲခေါ်ခိုင်းနေတယ် "
ဘွားဘွားကြီးရဲ့ စိုးရိမ်တကြီးပြောသံနဲ့အတူ အန်တီမိုးကို မကျေမနပ်ပြောတာကို ကြားလိုက်ရပေမဲ့ တပေါင်း အန်တီမိုးတို့ ဘေးအခန်းဆီကို ဆက်လျှောက်သွားလိုက်တယ်။အန်တီမိုးတိုသားအမိတွေ အပြင်ထွက်ခါနီးဆိုရင် ဒီလိုပဲဗျာများနေကြ။ သူတို့အလုပ်ရှုပ်ပြီဆိုရင် တပေါင်းကို ခေါ်ခိုင်းတယ်။ခိုင်းရင် စိတ်တော့သိပ်မရှည်ဘူး။သူစိတ်မရှည်တဲ့အခါ ခေါင်းတော့အခေါက်ခံရတာပေါ့ ။ဒါပေမဲ့ ဒီလောက်လေးက အဖေတို့အိမ်၊ကြီးကြီးတို့အိမ်နဲ့ယှဉ်ရင် တပေါင်းအတွက်နေပျော်တဲ့အရပ်မို့ တပေါင်းစိတ်မတိုစိတ်မဆိုးပါဘူး။အန်တီကြီးတို့အိမ်မှာ တပေါင်းကိုဆူဆဲမဲ့သူမရှိသလို ရို***က်နှက်မဲ့သူလဲမရှိဘူး။ ဒီလောက်နဲ့တင် တပေါင်းရဲ့ ဘဝကအေးချမ်းနေပါပြီ။အန်တီမိုးခိုင်းတာလောက်၊ ပြောတာလောက်ကိုလဲ တပေါင်းကျေနပ်ပါတယ်။
~~~~~
" ကလင် ... ကလင် "
" တပေါင်းရေ ..သမီး....အိမ်ရှေ့က ဆိုက်ကားဘဲလ်သံကြားတယ် ....သမီးအန်တီကြီး ပြန်လာတာလား...အန်တီမိုးလား ထွက်ကြည့်ပါအုံးကွယ် "
အိမ်ပေါက်ဝမှာထိုင်နေတဲ့ဘွားဘွားကြီးရဲ့အသံကြောင့် တပေါင်း တိုက်လက်စမီးပူကို ချခဲ့ပြီး အိမ်ရှေ့ကိုထွက်ခဲ့လိုက်တယ်။
" အင်း....အလုပ်ပြန်ဆင်းလို့ရတာနဲ့ စရိတ်ထောက်ပံ့ပေးပါမယ် ..ပြန်ခေါ်ဖို့ အဆင်မပြေသေးလို့ပါလို့ ပြောခဲ့လိုက်တာ...သူတို့ကတော့ပြောတာပေါ့ ...ဘာပဲဖြစ်ဖြစ် သမီးမိန်းကလေးဆိုတာ ဖအေအရင်းနဲ့က ပိုပြိးသင့်တော်တယ်တဲ့လေ...ဟိုမှာကသွေးမတော်သားမစပ်သူစိမ်းယောက်ျားလဲရှိတာမို့ ...ကိုယ့်သားသမီးကိုပြန်ခေါ်ထားလိုက်တဲ့...ဆေးကုတာမကုတာကတော့... ငွေရေးကြေးရေးကိစ္စမို့ သူတို့လဲဘာမှဝင်မစွက်ဖက်ဘူးတဲ့လေ "
ယောက်ျားဖြစ်သူရဲ့စကားကြောင့် မသိန်းနု မသိမသာသက်ပြင်းချလိုက်မိတယ်။
" လူကြီးတွေပြောတာလဲ ဟုတ်ပါတယ်...သမီးမိန်းကလေးဆိုတော့ သူစိမ်းယောက်ျားရှိတဲ့အိမ်မှာထားလို့်... မသင့်တော်ဘူးလေ ...အိမ်ကိုပဲပြန်ခေါ်ရမှာပေါ့ ..ရှင်လဲဒေါသကိုလျှော့ပါ...သူလဲကလေးပဲရှိသေးတာမဟုတ်လား ...သူ့ကြီးတော်မှာလဲ ကလေးသုံးယောက်ရှိတာမဟုတ်လား..တော်ကြာလူတွေက ကျွန်မတို့ကိုကဲ့ရဲ့နေပါအုံးမယ်...ပြန်ခေါ်လိုက်တာပဲကောင်းမယ်ထင်ပါတယ် "
ဇနီးဖြစ်သူရဲ့ ပြေရာပြေကြောင်းပြောတဲ့ စကားကြောင့် ကိုအောင်မင်းအံ့ဩသလိုတော့ဖြစ်သွားမိတယ်။အရင်ကဆိုရင် သူဘာပဲပြောပြော မသိန်းနုကသိပ်ပြီးဝင်ပြောလေ့ရှိတာ မဟုတ်ဘူးလေ။
" အေးကွာ ...ဒီလိုဆိုလဲ မင်းသဘောပဲလေ...ပြန်ခေါ်မယ်လို့ ဥက္ကကြီးကို ပြန်ပြောလိုက်တာပေါ့ .. နောက်ရက်လမ်းလျှောက်ထွက်ရင်း ပြောလိုက်မယ်လေ "
" အို .. ဘယ်နှယ့် .....နောက်ရက်လဲ ...ပြန်ခေါ်တော့မယ်လို့ ဒီနေ့ပဲသွားပြောလိုက်ပါရှင် ... တော်ကြာ ... ကြာနေလို့ မသင့်တော်ဘူး ...ရုံးကိုပြောပြီးတာနဲ့ ...ဆိုက်ကားလွှတ်ပြီး သွားခေါ်ခိုင်းလိုက်ပေါ့ .."
"သြော် ..အေးပါကွာ ....ဒါဆို ညနေသွားပြောလိုက်မယ် ..မနက်ဖြန်မနက်မှ ဆိုက်ကား လွှတ်လိုက်ပေါ့...အခုတော့မောလို့မသွားနိုင်တော့ဘူးဟ "
ကိုအောင်မင်းကမိန်းမဖြစ်သူကိုပြောပြီးတော့ အိမ်ရှေ့ကုလားထိုင်မှာထိုင်ချလိုက်တယ်။
==================================
အပိုင်း (၈)ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
J
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
https://www.facebook.com/100067151540690/posts/737913055123739/
အိမ်ချင်းနီးတာမို့ မအေးခင်လဲစောင့်ကြည့်နေလို့ရတယ်။ဘာပဲဖြစ်ဖြစ် မိမိတို့အိမ်မှာနေတာထက်စာရင် အပျိုကြိးတို့အိမ်မှာနေတာက ပိုပြိးအဆင်ပြေနိုင်တာကို မအေးခင်သိတယ်။
" ကျွန်မလဲ မအေးခင်တို့ လင်မယားပြဿနာဖြစ်နေကြတာကိုကြားလို့ ...ကလေးကိုသနားတာရော...မအေးခင်ကိုကူညီချင်တာကြောင့် ပြောတာပါ...တစ်မျိုးတော့ မထင်ပါနဲ့နော်မအေးခင်...ကလေးကိုကျွန်မတို့် မတရားမခိုင်းပါဘူး....သူ့ကိုဆေးရုံလဲပြပေးပါ့မယ် "
အပျိုးကြိးရဲ့စကားကြောင့် မအေးခင်ရင်ထဲထိတ်ခနဲဝမ်းသာသွားမိတယ်။
" အင်း...သူ့အဖေကတော့ ပြန်မခေါ်တော့ဘူးလို့တော့ ပြောတာပဲ အပျိုကြီးရယ်..ကျွန်မလဲသူ့အတွက်ခေါင်းပူနေတာတော့ အမှန်ပဲ...အပျိုကြီးတို့နဲ့ဆိုရင်စိတ်လဲချပါတယ်....ကိုယ်ကသွေးရင်းသားရင်းဖြစ်ပြီး... တာဝန်မယူနိုင်တာကိုလဲ ရှက်မိပါတယ် "
" မရှက်ပါနဲ့ မအေးခင်ရယ်...ကိုယ့်မိသားစုအရေး ကိုယ်သာအသိဆုံးမဟုတ်လား ...ကျွန်မတို့လဲ နားလည်ပါတယ်.. "
အပျိုကြီးရဲ့ နှစ်သိမ့်စကားကြောင့် မအေးခင်သက်ပြင်းချလိုက်မိပြီး တူမဖြစ်သူကိုကြည့်ပြီး မေးလိုက်တယ်။
" တပေါင်း ....အပျိုကြီးတို့အိမ်မှာ သွားနေမလား ...ဟိုမှာ ဘွားဘွားကြီးနဲ့ အဖော်နေပေးရမှာတဲ့ ."
ကြီးတော်ဖြစ်သူရဲ့ အမေးကြောင့် တပေါင်းမလှုပ်မယှက်ထိုင်နေရာကနေ ကြီးတော်ဖြစ်သူကို မော့ကြည့်လိုက်မိတယ်။ပြီးတော့ သူမကိုခေါ်မယ်ဆိုတဲ့ အန်တီကြီးကို မော့ကြည့်လိုက်မိပြီး ခေါင်းငြိမ့်ပြလိုက်မိတယ်။
" တပေါင်းက အန်တီတို့အိမ်လိုက်မှာလား ..တကယ်နော် ... လိုက်မယ်ဆိုရင် ..အခုပဲခေါ်သွားမှာ "
တပေါင်းကိုကြည့်ပြီး အပျိုကြီးက ဝမ်းသာအားရ မေးလိုက်တယ်။
" ဟုတ်ကဲ့ ...လိုက်မှာပါရှင် ...တပေါင်းထမင်းဟင်းလဲ ချက်တတ်ပါတယ် ..အဝတ်လဲ လျှော်တတ်ပါတယ်ရှင် "
" အိုကွယ် ... သမီးကို အဲ့ဒီလိုအလုပ်တွေ မခိုင်းပါဘူးကွယ် ...ထမင်းဟင်းကို အန်တီပဲချက်တာပါ ..အဝတ်က စက်နဲ့လျှော်တာပါ ...သမီးက ဘွားဘွားကြီးနဲ့အဖော်လုပ်ပေးရုံပါပဲ ..တစ်ခါတလေတော့ ဘွားဘွားကြီးက အိမ်သန့်ရှင်းရေးတွေ ဘာတွေထလုပ်တတ်တယ်...အဲ့ဒီလိုအချိန်မျိုးဆိုရင်တော့... သမီး နည်းနည်းပါးပါးကူပေးရမှာပေါ့ "
" ဟုတ်ကဲ့ ရပါတယ်အန်တီ ..တပေါင်းလုပ်နိုင်ပါတယ် ... တပေါင်း အန်တီနဲ့လိုက်သွားမယ်နော် ကြီးကြီး "
တပေါင်းက ကြီးတော်ဖြစ်သူကို ခွင့်တောင်းလိုက်တော့ မအေးခင်တစ်ယောက် ခေါင်းငြိမ့်ပြလိုက်တယ်။မအေးခင်ရဲ့ ရင်ထဲမှာမကောင်းလှပေမဲ့ သူမဝင်ငွေနဲ့တူမဖြစ်သူကို မစောင့်ရှောက်နိုင်ဘူးလေ။ကုန်ကုန်ပြောရရင် အလုပ်လုပ်ရတာချင်း တူနေရင်တောင် အပျိုကြီးတို့အိမ်မှာနေရင် ထမင်းတစ်ဝမ်းစားဖို့အတွက် တူမဖြစ်သူအနှိမ်ခံအပြောခံရမှာ မဟုတ်ဘူးဆိုတာကို မအေးခင်ယုံကြည်နေမိတယ်။
~~~~~~~
မသိန်းနုကလေးတစ်ဖက်နဲ့အလုပ်လုပ်ရင်း အလုပ်မတွင်တာမို့ စိတ်တိုလာမိတယ်။ယောက်ျားဖြစ်သူဆေးရုံတက်ကတည်းက မသိန်းနုမှာဈေးရောင်းလဲမထွက်နိုင်ဘူး။ယောက်ျားကတစ်ဖက် ကလေးကတစ်ဖက်နဲ့တစ်နေ့တစ်နေ့နားရတဲ့အချိန်ကိုမရှိဘူး။ဒါတောင် အဝတ်တွေမလျှော်နိုင်လို့ လျှော်သမားခေါ်လျှော်ရတာ။အလုပ်လုပ်ပြီဆိုရင် ကလေးကိုလိုက်ဆွဲရတာကတစ်လုပ်။ကလေးကလဲ နစ်နှစ်ကျော်စဆိုတော့ ဆော့လိုက်တာ ဒေါင်းတောက်နေရောပဲ။မအေက ဟင်းအိုးလေးတင်တုန်းရှိသေးတယ်။သူကလမ်းမရောက်သွားလို့ မနည်းပြေးလိုက်ရတာ။အဝတ်တွေမီးပူတိုက်တော့လဲ အော်လိုက်ပြောလိုက်ရတာ။မထင်ရင်မထင်သလို မီးပူနားကိုပြေးပြေးလာတာလေ။အနားကနေဝေးဝေးသွားခိုင်းလိုက်ရင်လဲ လမ်းပေါ်တက်ပြေးတာ။တစ်နေ့တစ်နေ့ အလုပ်နဲ့လက်နဲ့မပြတ်ဘဲလုပ်နေရတော့ မသိန်းနုအတော်လေးတောင်ပိန်ကျသွားတယ်။ကိုအောင်မင်းတစ်ယောက်ကတော့ ထူထူထောင်ထောင်ပြန်ဖြစ်လာတော့ တော်သေးတယ်လို့ပြောရမျာပဲ။ချုပ်ထားတဲ့ဒဏ်ရာကျက်သွားအောင်တော့ လအနည်းငယ်တော့ ဂရုစိုက်ရအုံးမှာ။ဘာမှမဖြစ်တာပဲ ကံကောင်းတယ်လို့်ပြောရမလား ။
" သိန်းနု ..ဘာလုပ်နေတာလဲဟ...ကလေးကပြုတ်ကျတော့မယ် "
အိမ်ရှေ့ကနေလှမ်းအော်လိုက်တဲ့ ယောက်ျားဖြစ်သူအောင်မင်းရဲ့အသံကြောင့် မသိန်းနုလန့်ပြီး အိမ်ရှေ့ကိုအမြန်ထွက်ခဲ့လိုက်တယ်။ဒီအခါ အိမ်ပေါက်ဝဖိနပ်ချွတ်မှာ လျောဆင်းနေတဲ့သမီးငယ်ကိုတွေ့လိုက်ရတာမို့ မသိန်းနုရင်တုန်ပန်းတုန်နဲ့အော်ရင်းပြေးသွားလိုက်တယ်။
" အမယ်လေး သမီးရယ်...ပြုတ်မကျလို့တော်သေးတယ်....ကိုအောင်မင်းရယ် ရှင့်သမီးကလေ......နည်းနည််းလေးမှကို အလစ်ပေးလို့မရတာသိရဲ့လား....ကျွန်မဟင်းချက်နေလို့ သူ့ကို ခဏလေးမှခဏလေး မကြည့်မိတာပါတော်..ဒါနဲ့ရှင့်ကို မေးရအုံးမယ် ... ဟိုရက်က ဥက္ကဌခေါ်တာ ဘာပြောတာလဲ ..."
" အင်း...ဘာပြောရမှာလဲဟာ တပေါင်းအကြောင်းပြောတာလေ...သူ့ခြေထောက်ကလဲ ဆေးရုံပြရမယ်တဲ့ ...မပြရင်တစ်သက်လုံးခြေတစ်ဖက်ဆာတဲ့သူလိုမျိုးဖြစ်သွားမယ်တဲ့လေ..ပြီးတော့ သူ့ကြီးတော်ကပြောတယ်တဲ့...သူ့ကိုပြန်မခေါ်ချင်ရင်လဲ စရိတ်ထောက်ပံ့ပေးရမယ်တဲ့ "
ယောက်ျားဖြစ်သူရဲ့စကားကြောင့် မသိန်းနုတွေဝေသွားပြီးမှ ယောက်ျားဖြစ်သူကိုပြန်မေးလိုက်တယ်။
" ဟုတ်လား...ရှင်ကဘာပြောခဲ့လဲ "
အချု//ပ်ထဲထည့်လို့မရဘူး....အချု*ပ်ထဲလို့်ရမယ်ဆိုရင်လဲ ... သားသမီးကိုအရွယ်နဲ့မမျှအောင်ခိုင်းစားတတ်တဲ့မိဘတွေကိုပဲ ထည့်လို့ရမှာပဲ ..အဲ့ဒီတော့ နင်တို့သားကိုနင်တို့အေးအေးဆေးဆေးပြန်ခေါ်သွားမလား..နင်တို့တစ်မိသားစုလုံး အချုပ်ထဲဝင်ကြမလား...နင့်သားကလဲ လမ်းမှူးကိုခုံနဲ့ရိုက်လိုက်တယ်သိရဲ့လား ..."
ဥက္ကဌကြီးရဲ့ စကားကြောင့် မအေးလှိုင်နဲ့ကိုမောင်ခိုင်တို့လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး မျက်နှာတွေစူပုတ်သွားကြတယ်။
" ကဲ...ပြန်ကြတော့ ...ငါတို့လဲမအားဘူး...ညအချိန်မတော်ကြီးနော်..ကလေးကိုလဲ ရို**က်နှက်ဆုံးမမနေနဲ့အုံး...ကလေးတွေလဲလူပဲ..သူတို့အသာလေးတွေကနုနုလေးတွေ...သူတို့က လူကြီးတွေထက်ပိုပြီးနာကျင်တတ်ကြတယ်..အသားနာရင်ဘယ်သူမဆို ပြန်ခုခံတတ်ကြတယ်ဟ...အောင်မင်းတို့သားအဖတွေလိုပြဿနာတွေ ဖြစ်ခဲ့ရင် မိဘတွေကိုရောသားသမီးကိုပါ ...အချု///ပ်ထဲထည့်မှာနော် ..မပြောမရှိနဲ့ "
မအေးလှိုင်တို့မိသားစုကိုကြည့်ပြီး ဥက္ကဌကြီးကပြောလိုက်တယ်။ဥက္ကဌကြီးရဲ့စကားကြောင့် မအေးလှိုင်တို့လဲ မျက်နှာခုနှစ်ခေါက်ချိုးရှစ်ခေါက်ချိုးနဲ့ ရုံးထဲကထွက်ခဲ့ကြတယ်။
" ဟင်း..ဟင်း...ေ**သနာလေး...နင်အိမ်ရောက်မှသိမယ်...."
မအေးလှိုင်က ဖိုးဇင်ကိုကြည့်လိုက်ပြီး အံကိုကြိတ်ကာ ကြိမ်းမောင်းလိုက်တယ်။
~~~~~~~~~~~
" အသံမထွက်စေနဲ့နော်. ...နင်ကများ ငါ့ကိုစမ်းချင်တယ်ပေါ့လေ...နင်က... ငါ့ကိုဘာကောင်မအောက်မေ့နေလဲ ..ငါမွေးလိုလူဖြစ်လာတဲ့ကောင်ကများ ..လူလေးလက်တောက်လောက်နဲ့ ငါ့ကိုပမာမခန့်လုပ်ချင်နေသေးတယ်...နင့်ကိုလက်ခံမဲ့အိမ်ရှိတယ်များထင်နေတာလား "
မအေးလှိုင်က မေးရင်းနဲ့ဖိုးဇင်ရဲ့ဗိုက်ခေါက်ကိုခပ်ကြမ်းကြမ်းဆွဲလိမ်လိုက်တယ်။ဖိုးဇင်မှာနာလွန်းပေမဲ့ အသံမထွက်ရဲဘဲ အံကိုတင်းတင်းကြိတ်ကာ ကြိတ်ခံနေရတယ်။
" နင်တို့///မျို/*ဖိုပဲ ...ငါတို့အလုပ်လုပ်နေရတာသိရဲ့လား...ငါ့တို့ဘာသာငါတို့ဆိုရင် ..ကိုယ့်ကိုယ်ကိုရွှေကွပ်ထားလို့ရတယ်....နင်တို့မျို*ဖို့အတွက်မို့ ..ငါတို့မှာပင်ပင်ပန်းပန်းရှာနေရတ..ငါတို့မှာပင်ပန်းလွန်းလို့ေ*သတော့မယ်...ဒီကြားထဲ နင်ကဂြိုဟ်ထချင်နေသေးတယ်..."
မအေးလှိုင်က အသံကြိတ်ကြိတ်နဲ့ဆူလိုက်ပြောလိုက်ခေါင်းကိုခေါက်လိုက်၊ဗိုက်ခေါက်နဲ့ ပေါင်းတွင်းကြောကိုဆွဲလိမ်လိုက်နဲ့ မကျေနိုင်မချမ်းနိုင်ဖြစ်နေတယ်။သူ့မှာတစ်ညနေနဲ့တစ်ညလုံးဒေါသတွေကို မျိုသိပ်ထားခဲ့ရတာလေ။ညတုန်းကလဲ ဖိုးဇင်မရှိတော့ ဆိုင်သိမ်းရတာတော်တော်လေးက သီခဲ့တယ်။ယောက်ျားဖြစ်သူကလဲ ထုံးစံအတိုင်းဆိုင်ပိတ်ပြီးတော့မှရောက်လာခဲ့တာလေ။ကလေးသုံးယောက်နဲ့ ချာလပက်ရမ်းနေခဲ့ရတော့ ဖိုးဇင်ကိုနု*ပ်နု*ပ်စင်းပစ်ချင်လောက်အောင် ဒေါသတွေထွက်နေခဲ့ရတာ။ဆိုင်မှာလူကျချိန်ဆို ပိုဆိုးတာပေါ့ အလတ်မလေးကလဲအသက်ကိုးနှစ်ဆိုပေမဲ့ မယ်မယ်ရရခိုင်းလို့မရသေးဘူး။မနေ့ကတစ်ညနေလုံး ဈေးရောင်းရတာဒုက္ခရောက်ခဲ့တာကိုတွေးမိပြိး မအေးလှိုင်ဒေါသတွေပိုထွက်လာတယ်။ညတုန်းက ရုံးကပြန်ခေါ်လာပြီးကတည်းက ဆုံးမချင်နေတာကို မအေးလှိုင်စိတ်ကို မနည်းထိန်းထားခဲ့ရတာ။ဥက္ကဌနဲ့လမ်းမှူးတွေ ရပ်ကွက်ထဲလှည့်ပတ်ကြည့်နေလို့ စိတ်ကိုမနည်းထိန်းထားခဲ့ရတာ။မနက်လေးနာရီထိုးတော့ အလုပ်လုပ်ဖို့နှိုးရင်းနဲ့နှိုးမရတာနဲ့ တံမြတ်စည်းရိုးနဲ့အရင်မိတ်ဆက်ပေးလိုက်တာပဲ။
" နင်ကြပ်ကြပ်သတိထား...နောက်တစ်ခါဒီလိုထပ်လုပ်လို့ကတော့ ...နင့်ကိုအရေခွံ...ဆု...တ်ပစ်မှာ ...အလုပ်ကိုစိတ်ပါလက်ပါနဲ့မြန်မြန်လုပ် ...နောက်ကနေ ကန်ပစ်လိုက်လို့ ...မြေကြီးထဲခေါင်းစိုက်သွားမယ် "
မအေးလှိုင် မကျေနိုင်မချမ်းန်ုင်နဲ့ရေရွတ်လိုက်ရင်းနဲ့ သားဖြစ်သူရဲ့ခေါင်းကို လက်ဆစ်နဲ့ဒေါက်ခနဲမြည်အောင်ခေါက်ပစ်လိုက်တယ်။
~~~~~~~~~~
" စိတ်ချပါ မအေးခင်ရယ်.....ကျွန်မတို့်အိမ်မှာ ယောက်ျားသားမရှိတာကိုလဲ သိသားနဲ့ ...အိမ်မှာက ကျွန်မရယ်အမေရယ်ပဲ ရှိတာလေ... အငယ်မတို့သားအမိသုံးယောက်ကလဲ သူ့ဘာသာဘေးကအခန်းမှာနေတာလေ...အခုကကျွန်မကအလုပ်သွား...အငယ်မတို့သားအမိတွေကလဲ သူတို့ဘာသာအလုပ်များနေကြတော့... တစ်နေကုန်အိမ်မှာအမေတစ်ယောက်တည်းဖြစ်နေလို့ ...အဖော်အဖြစ်ပဲထားချင်တာပါ....မအေးခင်တူမကို အလုပ်လဲမခိုင်းပါဘူး..အမေရေချိုးရင်အပြင်ကစောင့်နေပေးတာနဲ့ အမေ့အတွက်သနပ်ခါးသွေးပေးတာလောက်ပဲလုပ်ပေးရမှာပါ..မုန့်ဖိုးလဲပေးမယ်...အစားကိုလဲ ဝအောင်ကျွေးမှာပါ "
ဘေးနှစ်အိမ်ကျော်က အပျိုကြီးရဲ့စကားအဆုံးမှာ မအေးခင်အသံတိတ်နေမိပြီးမှ တူမဖြစ်သူကိုလှမ်းကြည့်လိုက်မိတယ်။မတ်ဖြစ်သူဆီကလဲ တပေါင်းလေးကို ပြန်မခေါ်နိုင်ဘူးဆိုတဲ့ သတင်းစကားကိုပါးလိုက်ပြီမို့ မအေးခင်အခက်တွေ့နေခဲ့ရတာ။အခုတပေါင်းကို လာခေါ်သူက မအေးခင်တို့နဲ့ နှစ်အိမ်ကျော်ကအပျိုကြီး။သူတို့က သားအမိနှစ်ယောက်တည်းရှိတာ။အမေကြီးက အသက်ခြောက်ဆယ်ကျော်နေပြီ။တစ်ခြံထဲမှာ အတူနေကြတဲ့ သမီးငယ်ကလဲ ကလေးနှစ်ယောက်အမေ။သူ့ယောက်ျားက နိုင်ငံခြားမှာ အလုပ်သွားလုပ်နေလို့ မိဘခြံထဲ ခဏလာနေတာ။ကလေးတွေက တပေါင်းထက်တောင်ငယ်သေးတယ်။လူမှုရေးအရတော့ စိတ်မချစရာအကြောင်းတော့မရှိ။အပျိုကြိးရောသူ့အမေကြိးပါ သဘောကောင်းကြတယ်။အပြောချိုကြတယ်။ပြီးတော့
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၇)
akyiphyu
***********
ရပ်ကွက်ထဲကအိမ်တွေအားလုံး မီးပိတ်သွားတော့မှ ဖိုးဇင်လဲ ရပ်ကွက်ထဲကိုပြန်ဝင်လာခဲ့တယ်။ပြန်စရာအိမ်ရယ်လို့ မိဘတွေအိမ်ပဲရှိတာမို့ ဒီညအဖို့ ဘယ်နေရာမှာအိပ်ရမလဲ စဉ်းစားနေမိတယ်။တစ်နေ့လုံး အဝေးကိုလျှောက်သွားနေခဲ့ပြီး နေဝင်မိုးချုပ်တော့မှ ရပ်ကွက်ထဲကို ပြန်လာခဲ့လိုက်တယ်။မိုးချုပ်သွားပြီး တစ်ရပ်ကွက်လုံးတိတ်ဆိတ်သွားတော့မှ ဖိုးဇင်လဲစျေးလေးထဲကို လျှောက်ဝင်လာခဲ့လိုက်တယ်။ဈေးလေးထဲရောက်တော့ မိမိတို့ရဲ့ဆိုင်လေးထဲမှာပဲ အိပ်ဖို့ဆုံးဖြတ်လိုက်တယ်။ဆိုင်တွေက လမ်းဘေးမှာတဲလေးတွေထိုးပြီးရောင်းတာမို့ ညအိပ်ညနေတော့ နေခွင့်မပြုထားဘူး။
ဖိုးဇင် ဆိုင်တဲထဲကိုဝင်လိုက်ပြီး ဖင်ထိုင်ခုံတန်းရှည်ပေါ် မှာ အိပ်ဖို့ပြင်လိုက်တယ်။အိပ်မယ်ဆိုမှ ဗိုက်ထဲကတဂွီဂွီမြည်လာတာမို့ ဆိုင်ခုံဘေး ရေအိုးက ရေကိုတ၀ကြီးခပ်သောက်ပစ်လိုက်တယ်။
ရေသောက်လိုက်တာကြောင့် ဗိုက်ထဲကအော်နေတာတွေ နည်းနည်းတော့ငြိမ်ကျသွားခဲ့တယ်။ဗိုက်ဆာနေတယ်ဆိုပေမဲ့ အိပ်ချိန်တန်တော့လဲ မျက်လုံးတွေကမှေးစင်းလာတယ်။ဒီအခြေအနေမှာ ဖိုးဇင်သိလိုက်ရတာက စားဖို့အတွက် လူတွေကရှာလို့် ရနိုင်ပေမဲ့ ကျောတစ်ခင်းစာနေရာအတွက် သိပ်ကိုဒုက္ခများတာကို သိလိုက်ရတယ်။လူတွေကသတ္တဝါတွေလို တွေ့ရာနေရာမှာလဲအိပ်လို့်မရတာကိုကောင်းကောင်းသဘောပေါက်လာမိတယ်။တစ်နေကုန်လျှောက်သွားလျှောက်လာနေလို့ ရပေမဲ့ မိုးချုပ်လာတော့ နေထိုင်ဖို့အတွက်နေရာတစ်ခုလိုအပ်လာတယ်။အရိပ်အမိုးရှိတဲ့ နေရာတစ်ခုလိုအပ်လာတယ်။ဖိုးဇင်အတွက်တော့ နေစရာအရိပ်က မိဘအိမ်ကလွဲလို့ သွားစရာနေရာမရှိခဲ့ဘူး။ ဒါကြောင့်လဲ မပြန်ချင်တဲ့နေရာကိုပဲ ပြန်လာခဲ့ရတော့တယ်။
" ဟေ့...အထဲကအိပ်နေတာဘယ်သူလဲကွ ...ဒီနေရာမှာအိပ်ခွင့်မရှိဘူးဆိုတာ မသိဘူးလား....အပြင်ထွက်ချိန်ကျော်နေပြီကွ "
ဖိုးဇင် ခုံတန်းလျားပေါ်မှာ ဝမ်းလျားမှောက်ချပြီး အိပ်ဖို့ပြင်နေချိန်မှာပဲ ဈေးလမ်းလေးထဲမှာ ဓါတ်မီးရောင်တွေတဝင်းဝင်းမြင်လိုက်ရပြီး အော်မေးသံကိုပါကြားလိုက်ရတာကြောင့် ဖိုးဇင်လန့်ဖျပ်သွားမိပြီး အမြန်ထထိုင်လိုက်မိတယ်။
" ဟာ..ကလေးတစ်ယောက်ပဲ ဆရာ...ဒီကောင်တွေလမ်းဘေးနေ...လမ်းဘေးစား...လမ်းဘေးအိပ်ပြီး ,.,,လူလစ်တာနဲ့ပစ္စည်းတွေလိုက်ခိုးနေကြတာလေ ...ဟေ့ကောင်လေးထစမ်း...ထွက်ခဲ့စမ်း "
မာန်မဲ့ပြီးခေါ်လိုက်သံကြောင့် ဖိုးဇင်တုန်တုန်ယင်ယင်နဲ့ဆိုင်တဲ အပြင်ကိုထွက်ခဲ့လိုက်တယ်။
" ဟေ့ကောင် မင်းဘယ်သူလဲ ..ဘယ်ကလဲ..ဒီရပ်ကွက်မှာ ပစ္စည်းတွေ ခဏခဏပျောက်နေတာ... မင်းတို့လက်ချက်မဟုတ်လားကွ "
လူကြီးတစ်ယောက်က လေသံမာမာနဲ့မေးရင်းနဲ့ ဖိုးဇင်ကိုနားရင်းအုပ်လိုက်တာမို့ ဖိုးဇင်လဲ မတ်တတ်ရပ်နေရာကနေ ဖင်ထိုင်ရက်လဲကျသွားရတယ်။အသားနာသွားတော့ ဖိုးဇင်စိတ်တိုသွားမိပြီး အနားကခုံတစ်လုံးကိုကောက်ယူလိုက်ပြီး သူ့ကိုနားရင်းအုပ်တဲ့ လူကြီးကိုခုံနဲ့ဆော်ပစ်လိုက်တယ်။ဆော်တာမှ ပါးစပ်ကပါပြန်အော်ရင်းနဲ့ဆော်ပစ်လိုက်တာ။
" ဟော့ဒီဆိုင်က ကျုပ်တို့ဆိုင်ဗျသိရဲ့လား..ကျုပ်ဘယ်သူ့ပစ္စည်းကိုမှလဲ မခိုးဘူး...အိမ်မပြန်ရဲ့လို့် ဒီမှာလာအိပ်တာ...ခင်ဗျားကြီးရို**က်ချင်ရင် ခင်ဗျားကြီးသားသမီးတွေကိုပဲ သွားရို///က်ပါလား "
" ဟာ..ဟေ့...ဟေ့ ...မင်းတို့ဝင်ဆွဲကြလေကွာ...ဒီကောင်က အေးလှိုင်သားပဲဟ...ဒီကောင်လေးဘယ်လိုဖြစ်ဲရတာလဲ ...ခေါ်ခဲ့စမ်းကွာ..သူ့မိဘတွေကိုပါ ...သွားခေါ်ခဲ့စမ်း "
" မထိနဲ့,,,ကျုပ်ကိုလာမထိနဲ့နော်...ငါ (....)ဟာတွေ...ငါ့ဆိုင်ထဲမှာငါဘာသာအိပ်နေတာကို ...အမေတို့ကို သွားမခေါ်နဲ့ ...မလိုက်ဘူး..မလိုက်ဘူး ...လွှတ်...လွှတ်ကြ "
သူတို့ရပ်ကွက်ရဲ့ဥက္ကကပြောလိုက်ချိန်မှာ လူနှစ်ယောက်က သူ့လက်ကိုအတင်းလာဆွဲတာမို့ ဖိုးဇင်အတင်းပဲတွန်းထိုးရုန်းကန်လိုက်တယ်။
" ဟ...ဒီကောင် လူကြည့်တော့ နို့နံ့မစင်သေးဘူး..ရိုင်းလှချည်လားဟ...ဟေ့ကောင်ငြိမ်ငြိမ်နေစမ်း... မင်းကိုဘယ်သူမှဘာမှမလုပ်ဘူး ..."
မာန်မဲပြောဆိုလိုက်ရင်းနဲ့ လူသုံးလေးယောက်က သူ့ကိုဝိုင်းဝန်းချု//ပ်နှောင်လိုက်တာမို့ ဖိုးဇင်လှုပ်မရအောင်ဖြစ်သွားပြီး လူကြီးတွေခေါ်ဆောင်ရာနောက်ကိုလိုက်ပါသွားခဲ့ရတယ်။
~~~~~~~~~~~
" အဲ့ဒီေ/သနာလေးကို ..အချု/ပ်ထဲသာထည့်လိုက်ပါ ဥက္ကဌကြီးရယ်.....မိဘကဆုံးမတာကို ထွက်ပြေးတယ်လေ...ပြေးတော့လဲ ဝေးဝေးမပြေးဘဲ...ပြန်လာရလားဟဲ့.....မိဘအိမ်ကလွဲပြီး နင်တို့အတွက် ...သွားစရာနေရာမရှိဘူးဆိုတာသိပြီလား ....နင်တို့ကို ထမင်းတစ်နပ်ဘယ်သူကအလကားကျွေးမယ်ထင်လဲ ...အိပ်စရာနေရာပေးမယ်ထင်လဲေ**သနာလေးရဲ့ "
မအေးလှိုင်က ခုနှစ်သံချီအသံနဲ့ထအော်လိုက်တယ်။
" ဟေ့ ..တော်စမ်းအေးလှိုင်...နင်တို့တွေလဲ သားသမီးဆုံးမတာ နည်းလမ်းမကျသေးပါဘူးဟာ ...လူလိုသူလိုပြောဟ...အချု//ပ်ထဲထည့်လိုက်ဆိုပြီး လွယ်လွယ်မပြောနဲ့ ....အေး...မိမနိုင်ဖမနိုင်အောင် ဆိုးသွမ်းနေရင်တော့ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကိုပို့်လို့ရတယ်..ဒါပေမဲ့အဲ့ဒီကိုပို့ဖို့အတွက်...နင်တို့မှာခိုင်လုံတဲ့အကြေင့်ပြချက်ရှိရတယ်...သားသမီးတွေက မိဘကိုအလုပ်ဝိုင်းမလုပ်တာနဲ့တော့
" ဟဲ့ ... တပေါင်း ....ငါတို့အဖေနဲ့အမေက ...နင့်ကြောင့် ရန်ဖြစ်တာဟဲ့ "
အစ်မဝမ်းကွဲဖြစ်သူက တပေါင်းကို လှမ်းအော်တယ်။တပေါင်း ဘာမှပြန်မပြောဘဲ မြင်ကွင်ကို ကြောင်ငေးကြည့်နေမိတယ်။
" တပေါင်း ..နောက်တစ်ခါဆိုရင် ..နင်ဘာပဲဖြစ်ဖြစ်... ကြီးကြီးဆီကို မလာခဲ့နဲ့သိလား ....ကြီးကြီးကလဲ ဒီအိမ်မှာကပ်စားနေရတဲ့ ကျွန်မကြီးပဲ .."
ကြီးတော်ဖြစ်သူ လှမ်းပြောတဲ့စကားကို နားထောင်ပြီး တပေါင်းခြေတရွတ်ဆွဲကာ အိမ်နောက်ဖေးဘက်ကို ထွက်လာခဲ့လိုက်တယ်။ဖြစ်ပျက်နေခဲ့သမျှတွေအတွက် တပေါင်းရင်ထဲမှာ နာကျင်နေပေမဲ့ အရင်ကလိုမျိုး မျက်ရည်ကျတာ ငိုမိတာတွေ မဖြစ်တော့ဘဲ နှုတ်ပိတ်ကာငြိမ်သက်နေမိတယ်။
==================================
အပိုင်း (၇)ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
J
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
" အိုတော်..ဘယ်လိုဖြစ်နေတာလဲ...ကျုပ်တူမကိုဆေးခန်းပြတာကလဲ စေတနာဆေးခန်းမှာပြတာပါရှင်...အလှုငွေလေးပဲထည့်ရတာပါ..ဆေးဖိုးလဲမပေးရပါဘူး...ကျုပ်တူမစားတယ်ဆိုတာကလဲ ... တစ်လုတ်တစ်ဆုပ်ပါတော်..တစ်နေကုန် ဟင်းနှစ်တုံးအပြင်ပိုမကုန်ပါဘူး...ဒါတောင်နေ့တိုင်းကျွေးတာမဟုတ်ပါဘူး...ပိုမှကျွေးတာပါ..ကလေးကလဲ ငါးပိရည်နဲ့အရည်ဟင်းလောက်ပဲ အဓိကစားတာပါ "
" တော်စမ်းပါဟာ...ငါမမြင်ဘူးဆိုတိုင်း လာလိမ်မနေစမ်းပါနဲ့ ....နင်လိုအမျိုးချစ်က နင့်တူမကိုမကျွေးဘဲနေမလား ...အေး ...ရှင်းရှင်းပဲပြောမယ်...သူ့အဖေလဲဆေးရုံကဆင်းလာပြီးပဲ ..သူ့ကိုပြန်ပို့လိုက်တော့ ..စကားအပိုတွေမကြားချင်ဘူး "
အိမ်ရှေ့ခန်းက စကားသံတွေကြောင့် တပေါင်းနေရာမှာငြိမ်ကုပ်နေမိတယ်။တပေါင်းအတွက် အဖေ့အိမ်နဲ့ယှဉ်ရင်ကြီးကြီးတို့အိမ်က ပိုပြီးအဆင်ပြေတာအမှန်ပါပဲ။အဖေ့အိမ်မှာရော ကြီးကြီးတို့အိမ်မှာပါ တပေါင်းအလုပ်တော့လုပ်ရတာပါပဲ။အလုပ်ကတော့ထမင်းချက်၊အဝတ်လျှော်၊အိမ်သန့်ရှင်းရေး အကုန်လုပ်ရတာပါပဲ။ကြီးကြီးတို့အိမ်မှာလူများတော့ အလုပ်တွေလဲပိုများတယ်။ပြီးတော့ ကြီးကြီးကအိမ်မှာ စက်လဲချုပ်တော့ ကြီးကြီးအလုပ်တွေကိုလဲ ဝိုင်းကူပေးရတာပေါ့။ဒီလိုအလုပ်တွေဘယ်လောက်များများ ကြီးကြီးကဆဲဆိုတာတွေ၊ ရို///က်နှက်တာတွေသိပ်မလုပ်တော့ ကြီးကြီးတို့အိမ်မှာတပေါင်းနေနိုင်ပါတယ်။ဒါပေမဲ့ ကြီးကြီးယောက်ျား အလုပ်ကပြန်လာရင်တော့ တပေါင်းစိတ်ညစ်မိတယ်။ကြီးကြီးယောက်ျားက တပေါင်းကိုအစားအသောက်ကျွေးတာကိုမကြိုက်ဘူး။သူ့သားသမီးတွေအတွက် ဝယ်လာတဲ့မုန့်တွေထဲနေ တပေါင်းကိုကျွေးရင် မကြိုက်ဘူး။ဟင်းချက်တာနည်းလို့ ဘကြီးအတွက် ဟင်းချန်ထားတာ နည်းသွားရင်လဲ တပေါင်းကြောင့်ဆိုပြီး ပွစိပွစီပြောလေ့ရှိတယ်။ကုန်ကုန်ပြောရရင် ဘကြီးက တပေါင်းကိုသူတို့အိမ်မှော ခေါ်မထားချင်တာကြောင့် တပေါင်းသနပ်ခါးလိမ်းတာကအစ အပြစ်ပြောလေ့ရှိတယ်။တပေါင်းက သနပ်ခါးလိမ်းရင် မိခင်ကြီးရှိုစဉ်တုန်းကလိမ်းပေးခဲ့သလိုမျိုးပဲ သနပ်ခါးတုံးကို ခြေဆုံး ခေါင်းဆုံးလိမ်းတတ်တယ်။ဒါကိုဘကြီးက မကြိုက်ဘူး။သနပ်ခါးတုံးတွေ စျေးကြီးတယ်တဲ့။ဒါက တမင်အပြစ်ရှာပြောတာမှန်း တပေါင်းနားလည်နေပါပြီ။ ဒီလိုပြောတတ်မှန်းသိလို့လဲ မသွေးတော့တဲ့ သနပ်ခါးတုံးတွေကို တပေါင်းကသွေးလိမ်းတာပါ။ခုနောက်ပိုင်းမှာတော့ ဘကြီးအကြောင်းကို သိသွားလို့ မျက်နှာကိုတောင် တပေါင်း သနပ်ခါးသိပ်မလိမ်းဖြစ်တော့ပါဘူး။ကြီးကြီးကတော့ တစ်ခါတလေ စိတ်မရှည်တဲ့အခါမှ တပေါင်းကို ခေါင်းခေါက်လေ့ရှိတယ်။အော်ဟစ်ဆဲဆိုတာ၊ရို***က်တာမျိုးတွေလဲ သိပ်လုပ်လေ့မရှိဘူး ။ ဒီနေ့လဲ ထုံးစံအတိုင်း ဘကြီး ပြန်ရောက်လာပြီးသိပ်မကြာဘူး ။ကြီးကြီးနဲ့ဘကြီး စကားများနေကြတာ။ ဒီလိုစကားများကြပြီဆိုရင် များသောအားဖြင့် ကြီးကြီးကရှောင်ထွက်သွားလေ့ရှိတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ကြီးကြီးကလဲ စိတ်တိုနေပုံနဲ့ ပြန်ပြောနေတာမို့ စကားဝိုင်းက အရင်လိုမျိုး ခဏနဲ့ ပြီးပြတ်မသွားဘဲ ကြာရှည်နေခဲ့တယ်။
" မင်းပါးစပ်ကို ပိတ်ထားစမ်းအေးခင် ..အားကိုးရတာတွေ မရတာတွေ လာပြောမနေနဲ့ ...သူရောက်လာလို့လဲ ....အိမ်ကပိုသန့်သွားတာမရှိဘူး ....ငါက ငါရှာဖွေတာနဲ့ လောက်ငှအောင် ကလေးတောင်သုံးယောက်ပဲယူနိုင်လို့ သုံးယောက်ပဲမွေးခိုင်းခဲ့တာ...ငါ့သားသမီးသုံးယောက်ကိုပဲ ဝဝလင်လင်နဲ့ကျွေးမွေးစောင့်ရှောက်ချင်တယ်...လူပိုတွေ တင်ကျွေးမထားနိုင်ဘူး ... မင်းတို့ဟာက ... လူပိုလဲခေါ်ထားရသေးတယ် ....ဆေးရုံပြပေးရအုံးမယ်ဆိုတော့ မလွန်လွန်းဘူးလားဟ ....သူရောက်လာကတည်းက ...ငါ့သမီးတွေမျာ သူတို့အခန်းထဲ လွတ်လွတ်လပ်လပ် မနေရဘဲ ကျဉ်းကျဉ်းကျုတ်ကျုတ်နေနေရတာလေ .. မင်းကို ရှင်းရှင်းပဲပြောမယ် ...မင်းတူမကို ဒီလောက်ချစ်နေရင် မင်းသူနဲပဲ နေလိုက်တော့ "
မအေးခင်တစ်ယောက် ယောက်ျားဖြစ်သူရဲ့စကားကြောင့် ဒေါသထွက်သွားပြီး ယောက်ျားဖြစ်သူ ရှေ့ကနေ ဝုန်းခနဲ ထရပ်လိုက်တယ်။
" တော်က ဘာစကားပြောတာလဲ ..ဘာလဲ ...ရှင်က ကျွန်မနဲ့ ကွဲချင်နေတာလား ..... ကျွန်မတူမက ဘယ်လောက်တောင်များစားသောက်နေလို့လဲ ...သူကို ဆေးခန်းပြတာကလဲ အလှူငွေပဲ ထည့်ခဲ့ရတယ်လို့ ဘယ်နှစ်ခါပြောရမလဲ ....ဆေးရုံတင်ရမယ်ဆိုတာကလဲ အခြေအနေကိုပြောပြတာပါတော် ... ရှင့်ဆီက ငွေမတောင်းပါဘူး ....ရှင်က ငွေနဲ့ ပတ်သက်လာရင် ကျွန်မကိုတောင်မသဒ္ဓါဘူးဆိုတာလဲသိပါတယ် ... ရှင့်အမျိုးတွေကိုတော့
ကျွန်မ မသိအောင်ထောက်ပံ့ပေးနေတာကိုလဲ သိပါတယ် ..ကိုယ့်ဘက်ပဲ ကိုယ်ကြည့်တဲ့ တစ်ကိုယ်ကောင်းသမားရဲ့ "
" ဘာကွ ..မင်းဘာပြောလိုက်တယ်...ထပ်ပြောလိုက်စမ်း "
" ပြောမယ် ..ပြောမယ် ... လင်ရှိတဲ့ ရှင့်နှမတွေကို .. စရိတ်တွေ ခိုးပေးနေတာလဲသိတယ် ....ရှင့် ဘက်ကိုတော့အကုန်ပို့ပြီး ကျွန်မအတွက်တော့ နှမြောတွန့်တိုတာကို သိတယ်..လူ့အတ္တကြီးရဲ့ "
" ဘုံး .."
" ဒုန်း "
အိမ်ရှေ့က အသံတွေက ဆူညံစွာထွက်ပေါ်လာခဲ့တယ်။လင်မယားနှစ်ယောက် စကားများတဲ့အခြေအနေကနေ ခြေပါလက်ပါတွေဖြစ်ကုန်ကြပြီး နှစ်ယောက်သား ဝုန်းဒိုင်းကြဲကာ ရန်ဖြစ်ကြတော့တယ်။
မိခင်နဲ့ဖခင်ရဲ့ အခြေအနေကြောင့် သားသမီးသုံးယောက်က ပြေးဆွဲကြတယ်။
တပေါင်းမှာ အိမ်တွင်းက ထွက်လာခဲ့ပြီး ခန်းဆီးနားကနေ မရဲတရဲချောင်းကြည့်နေမိတယ်။
ခံရလိမ့်မယ်ထင်တယ်...ဒါကြောင့် ငါ့အမေဘာလုပ်လုပ် ငါသည်းခံမှာပါ..ငါေ*သချင်ေ**သသွားပါစေ....ငါ့အမေနဲ့အဖေလဲ ပင်ပင်ပန်းပန်းနဲ့အလုပ်လုပ်နေရာတာမဟုတ်လား "
" အေးပါ ဖိုးဇင်ရယ်..ကျောင်းတက်ဖို့ကိစ္စရော ...နင်ကျောင်းအပ်ပြီးပြီလားဖိုးဇင် "
" ဟင့်အင်း....ငါကျောင်းမတက်ရတော့ဘူး...ငါ့အမေကိုဝိုင်းကူပေးရမှာလေ....ငါ့အမေကပြောတယ်..ငါ့အသက် (၁၅)နှစ်ပြည့်ပြီးရင်..ငါတို့အမျိုးကားဝပ်ရှော့ကိုပို့်ပေးမယ်တဲ့ ...အဲ့ဒီမှာ ပိုက်ဆံလဲရတယ်တဲ့လေ ..ငါတော့သွာချင်လွန်းလို့ ...အသက်အမြန်ပြည့်ပါစေလို့ဆုတောင်းနေမိတယ် ..ငါတို့တွေအသက်ကြီးလာရင်တော့... အရိုက်မခံရတော့ဘူးထင်တယ်နော်..ငါ့အမေကတော့ ပြောတယ်..မိဘကဆုံးမရင် သားသမီးကနာခံရတယ်တဲ့..သားသမီးဘယ်အရွယ်ရောက်ရောက်မိဘကပိုင်တယ်တဲ့ ..သားသမီးကပြန်ပြောခွင့်မရှိဘူးတဲ့လေ "
ဖိုးဇင်ပြောသမျှတွေကို တပေါင်းနှုတ်ဆိတ်ကာ နားထောင်နေမိတယ်။
" နင်စိတ်မပူနဲ့သိလား တပေါင်း...အခုတော့ နင်တို့ကြီးကြီးအိမ်မှာ နင်ခဏနေလိုက်အုံးနော်...ငါအပြင်မှာ အလုပ်ထွက်လုပ်လို့် ..လုပ်အားခရလာရင် ...ငါ့အမေမသိအောင် နင့်ကိုလဲကူညီပေးမယ်သိလား "
" အေးပါ ဖိုးဇင်ရယ်...နင်သွားတော့လေ..တော်ကြာ ...ကြာနေလို့ဆိုပြီး နင့်အမေကရို//က်နေအုံးမယ်..ငါလဲသွားတော့မယ်နော် "
တပေါင်းပြောပြီးတာနဲ့ ဖိုးဇင်ကိုကျောခိုင်းပြီး ခြေကိုထော့နင်းကာထွက်လာခဲ့လိုက်တယ်။
ကျောခိုင်းလျှောက်သွားတဲ့ တပေါင်းကိုကြည့်ပြီး ဖိုးဇင်အလန့်တကြားနဲ့လှမ်းခေါ်မေးလိုက်မိတယ်။
" တ...တပေါင်း ..နင့်ခြေထောက်က ဘာဖြစ်တာလဲ "
ဖိုးဇင်ရဲ့အမေးကြောင့် တပေါင်းက သူမရဲ့ညာခြေထောက်ကို ထိန်းကာထော့နဲ့နဲ့နင်းလိုက်ပြီးမှ သူမခြေထောက်ကိုငုံ့ကြည့်လိုက်မိတယ်။နောက်တော့ဖိုးဇင်ကို လည်ပြန်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်တယ်။
" အင်း...ညာခြေထောက်က မသန်သလိုဖြစ်သွားတာဟ..လမ်းလျှောက်လိုက်ရင် ထိန်းပြီးတော့လျှောက်လဲခြေတစ်ဖက်ဆာနေသလိုဖြစ်သွားတာ..ကျိုးတော့မကျိုးပါဘူးဟာ "
တပေါင်းရဲ့အဖြေစကားကြောင့် ဖိုးဇင်ငိုင်တွေသွားရတယ်။
" ငါအလုပ်လုပ်ရင်...နင့်ခြေထောက်ကိုဆေးကုပေးမယ်နော်တပေါင်း... နင်အားမငယ်နဲ့သိလား..."
" အေး...ကျေးဇူးပါပဲဟာ ..ငါသွားတော့မယ်ဖိုးဇင်..နင်လဲသွားတော့လေ...တော်ကြာနောက်ကျလို့ အရိုက်ခံနေရအုံးမယ် "
တပေါင်းကပြောပြပြီးတာနဲ့ ခြေထောက်တစ်ဖက်ကို ဆာတာဆာတာနင်းပြီး ထွက်လာခဲ့တယ်။
ကျောခိုင်းသွားတဲ့ တပေါင်းကိုကြည့်ပြီး ဖိုးဇင်နေရာမှာငူငူကြီးရပ်နေမိတယ်။
~~~~~~~~~~~
" လာစမ်း...လာစမ်း ....ေ*သနာလေး...အလုပ်ခိုင်းလိုက်ရင် ပေါ်မလာတော့ဘူး..လမ်းမှာ ဟိုအဇာတသတ်မနဲ့စကားရပ်ပြောနေတယ်ဆို ဟုတ်လား ...ဘာလဲ... နင်ကပါ အဲ့ဒီဟာမလိုမျိုး မိဘကိုပြန်ခံသတ်ချင်နေတာလား ..ဟုတ်လား...ဒီလောက်ဖြစ်နေတာ သ//တ်လေ...လာသ*တ်စမ်း ..နင်မသတ်ရင် နင့်ကို ငါသ*တ်ပြမယ် "
နှုတ်ကပြောရင်းနဲ့ကြက်သွန်လှီးတဲ့ ဓ///ါးကိုကိုင်ကာဆိုင်ထဲကထွက်လာတဲ့ မိခင်ဖြစ်သူကို ဖိုးဇင်ကြောင်ငေးကြည့်နေမိတယ်။ဆိုင်နီးနားချင်းတွေနဲ့ မုန့်ထိုင်စားနေကြသူတွေလဲ ဝင်မဆွဲရဲဘဲ ကြောင်ငေးကြည့်နေခဲ့ကြတယ်။
မအေးလှိုင်က ဒေါသနဲ့ထွက်လာရင်း သားဖြစ်သူဆီကိုသွားလိုက်တယ်။
" ဟဲ့ ...အေးလှိုင် ..နင့်လက်ထဲက ဓ/**ါးကိုချလိုက်စမ်း..လက်လွန်ခြေလွန်ဖြစ်ကုန်မယ် "
ခပ်လှမ်းလှမ်းဈေးဆိုင်က လူကြီးတစ်ယောက်က လှမ်းအော်တယ်။မအေးလှိုင်က ဂရုမစိုက်ဘဲ ပိုပြီးဒေါသထွက်သွားတယ်။ဒေါသနဲ့ဖိုးဇင်ဆီကို ဆက်သွားတယ်။ကိုယ့်သားသမီးကို ကိုယ့်ဘာသာဆုံးမနေတာကို ပတ်ဝန်းကျင်ကဝင်ပြောတော့ မအေးလှိုင်ဒေါသပိုထွက်သွဒးတယ်။ဒါကြောင့်လက်ကိုမြှောက်လိုက်ပြီး ဖိုးဇင်ကို Dar နဲ့လှမ်းပေါက်လိုက်တယ်။
ပထမတော့ ဖိုးဇင်လဲ မိခင်ကိုကြောင်ငေးကြည့်နေပြီးတော့မှ သတိဝင်လာပြီးတော့ လက်ထဲဆွဲလာတဲ့အထုပ်ကို ပစ်ချပြီးထွက်ပြေးတော့တယ်။
" ဟင် ...ေ*/သနာလေး ဘယ်ပြေးတာလဲ...ပြန်လာခဲ့စမ်း...ငါလိုက်လို့ မိလို့်ကတော့ နင့်ကို အေ//သသ//တ်မှာ ...ပြေစမ်း...ပြေး..လွှတ်အောင်ပြေးစမ်းဟဲ့ "
မအေးလှိုင် အော်ဟစ်ဆဲဆိုလိုက်ရင်းက အနီးကထင်ချောင်းတစ်ချောင်းကိုကောက်ပြီး ဖိုးဇင်ကိုလှမ်းပစ်လိုက်တယ်။ပြီးတော့ ထဘီကိုခပ်တိုတိုဝတ်ပြီး ဖိုးဇင်နောက်ကိုပြေးလိုက်တယ်။
ဖိုးဇင်ကတော့ နောက်ကိုလှည့်မကြည့်ဘဲခြေကုန်ပြေးတော့တယ်။
~~~~~~~~~~~~
" ငါ့သားသမီးကလွဲပြီး ဘယ်သူမှအရေးမပါဘူး ...ငါမွေးထားတာလဲ မဟုတ်ဘူး....ငါ့ကြောင့်လဲဖြစ်တာမဟုတ်ဘူးဟ...ငါ့သားသမီးတွေကို ငါဘယ်လိုထားလဲနင်သိပါတယ်...ငါအရက်သောက်ချင်တာတောင်် ...ငါ့သားသမီးတွေစားဖို့ ဖယ်ပြီးမှ သောက်တာ...ငါ့သားသမီးတွေကို ရို//က်နှက်ဖို့နေနေသာသာ လက်ဖျားလေးနဲ့တောင်ထိတာမဟုတ်ဘူး...အေး ..ငါ့သားသမီးတွေစားဖို့ငါ့ရှာနေတာကို ...တခြားသူကိုဖဲ့ကျွေးဖဲ့ပေးနေရတယ်ဆိုရင်တော့ ငါကသည်းခံနေမှာမဟုတ်ဘူးနော် အေးခင် "
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၆)
akyiphyu
***********
" အဲ့ဒီတော့..... ဦးလေးတို့က ..ဘယ်လိုကူညီပေးရမှာလဲဆိုတာကို ပြောပါမအေးခင် "
" ဟုတ်ကဲ့ ....ကလေးကိုဆေးရုံတင်ပြီးကုသပေးဖို့ သူ့အဖေအောင်မင်းကို ပြောပေးစေချင်တာပါ ဥက္ကဌကြီး ........မကြာခင်မှာကလေးကလဲ အပျိုပေါက်လေးဖြစ်လာတော့မှာမဟုတ်လား... ..ပြီးတော့ ဒီလကုန်ရင်ကျောင်းတွေပြန်ဖွင့်ပါပြီရှင်....အဲ့ဒါကလေးကျောင်းတက်ဖို့ကိစ္စလဲသိချင်ပါတယ်.....တကယ်လို့် သူတို့ခေါ်မထားနိုင်ဘူးဆိုရင်လဲ ... စားစရိတ်ပဲထောက်ပံ့ပေးဖို ပြောပေးပါရှင်...ဘာလို့လဲဆိုတော့ ကျွန်မကလေးတွေကလဲ ...သုံးယောက်လုံးကျောင်းသားတွေပါ.....သမီးအကြီးမလေးကတက္ကသိုလ်တက်နေတာပါ.....ဒါကြောင့်မို့ လေးယောက်စရိတ်ကိုမနိုင်လို့ပါ "
" ဟုတ်ပါပြီကွယ်...သူ့အဖေကို... ဦးလေးတို့ အမြန်ဆုံးခေါ်ပြောလိုက်ပါ့မယ်..အောင်မင်းလဲဆေးရုံကဆင်းလာပါပြီ...ခွဲစိတ်ထားတဲ့ဒဏ်ရာကျက်အောင် တစ်လလောက်အနားယူရမယ်ဆိုလို့် အိမ်မှာရှိပါတယ်...ဦးလေးတို့ သူ့ကိုခေါ်ပြီး သူ့သဘောထားကိုမေးကြည့်လိုက်ပါ့မယ်...ပြီးရင် ညည်းတို့ဆီကိုအကြောင်းကြားပေးမယ် ဟုတ်ပြီလား "
"ဟုတ်ကဲ့ ..ကျေးဇူးတင်ပါတယ် ဥက္ကဌကြီး ....ကျွန်မတို့ကို ပြန်ခွင့်ပြုပါအုံး "
တပေါင်းနဲ့ ကြီးကြီးတို့ ရပ်ကွက်ရုံးထဲကပြန်ထွက်လာတော့ ရပ်ကွက်ထဲကလူတစ်ချို့က တပေါင်းတို့ကိုလှမ်းကြည့်ပြီး မကြားတကြားလှမ်းပြောကြတဲ့အသံတွေကို ကြားလိုက်ရတယ်။
" အဲ့ဒါ ..တပေါင်းမဟုတ်လား...ဖအေကိုဖန်ကွဲစနဲ့ထိုးတဲ့ကောင်မလေးလေ....သူ့ခြေထောက်ကဘာဖြစ်တာလဲ ...ကြည့်ရတာ မိဘကိုပြစ်မှားတော့ ကံကြီးထိုက်တာဖြစ်မယ် "
" ဟုတ်မယ်..ကြည့်ရတာခြေတစ်ဖက်မသန်သလိုဖြစ်သွားတာထင်တယ် ....အင်း...မိဘစော်ကားတဲ့ကံက သိပ်ကြောက်ဖို့ကောင်းတာပဲ...ဖအေကြီးက သူလုပ်လိုက်တာကြောင့် ခွဲစိတ်မှုလုပ်လိုက်ရပြီး ... ဟိုရက်ကမှ ဆေးရုံကဆင်းလာတာ...သူ့ခြေထောက်က အကောင်းကြီးကနေ ချက်ချင်းကိုထဖြစ်တာပဲ "
" ဟုတ်တယ်...ဒီခေတ်ကလေးတွေကို ဒါကိုပြရမယ်..သူတို့ကလက်တွေ့မကြုံဖူးတော့ လူကြီးတွေကိုပြန်ခံပက်ချင်နေကြတာ...အဲ့ဒီကောင်မလေးဆိုရင် ဘာလုပ်ရလို့လဲ ...သိန်းနုပြောတာကတော့ ...ထမင်းဟင်းလဲသိန်းနုချက်သွားတာတဲ့...အဝတ်တွေဆိုလဲ နေ့လယ်နေ့ခင်းမှာသိန်နုကပြန်လျှော်တာတဲ့လေ..သူလုပ်ရာတာကလေးထိန်းရတာပဲရှိတာတဲ့လေ...ဒါကိုကလေးမှာလဲ ဒဏ်ရာတွေအမြဲရနေတယ်ဆိုလားပဲ...ကလေးပစ်ထားပြီး အမြဲလိုက်ဆော့နေတာတဲ့လေ....ဒါကြောင့်လဲ သူ့အဖေအလုပ်ကပြန်လာရင် မောမောနဲ့ဆူတာပေါ့...ပြောရရင် မိထွေးကမဆူအောင်... ဖအေကဆူပြတဲ့သဘောနေမှာပါဟယ် ...ဒီအကြောင်းတွေကို သေချာမသိကြဘဲ..တချို့က ဖအေကပဲနှိ/ပ်စက်နေတာဆိုပြီး ထင်ရာမြင်ရာပြောနေတဲ့သူတွေလဲရှိသေးတယ် "
" ဟုတ်ပတော်...ထင်လဲထင်ချင်စရာပဲလေ..တစ်ခါတစ်ခါ ..အဲ့ဒီကောင်မလေးနဲ့ အသံပြဲကြီးနဲ့ ရွာရိုးကိုးပေါက်လျှောက်ပြေပြီး ..ကယ်/ကြပါအုံးအော်နေတာကိုအေ "
ပြောနေကြတဲ့စကားသံတွေက တပေါင်းရဲ့နားထဲအထိပျံ့လွင့်ရောက်ရှိလာခဲ့တယ်။ကြီးတော်ဖြစ်သူကတော့ စကားသံတွေကို မကြားပါ။တပေါင်းကိုနောက်မှ ဖြည်းဖြည်းလိုက်ခဲ့လို့်ပြောကာ ရှေ့မှ ပြန်နှင့်ပြီလေ။တပေါင်း ခေါင်းကိုငုံ့ကာ မကြားသလိုဘဲ လျှောက်လာခဲ့လိုက်တယ်။
~~~~~~~~~~~
" တပေါင်း..တပေါင်း နေပါအုံးဟ "
ခေါ်သံကြောင့် တပေါင်း ခေါင်းမော့ကြည်လိုက်တော့ ဖိုးဇင်ကိုတွေ့လိုက်ရတာမို့ နေရာမှာရပ်ပြီးစောင့်နေလိုက်တယ်။
" တပေါင်း ...နင်နေကောင်းရဲ့လား...နင့်တို့ကြီးကြီးအိမ်မှာ သွားနေတာဆို...နင်အဆင်ပြေတယ်မဟုတ်လား...နင့်အ်မ်မှာလို အရို//က်မခံရဘူးမဟုတ်လား...."
ဖိုးဇင်ကမေးခွန်းတွေတရစပ်မေးလိုက်ရင်းနဲ့ တပေါင်းလက်ကိုဝမ်းသာအားရဆုပ်ကိုင်လိုက်မိတယ်။
" နင်အရို/က်မခံရတော့ဘူးဆိုရင် ဝမ်းသာတယ်ဟာ...နင်တို့ကြီးကြီးအိမ်မှာပဲ... နင်နေလိုက်တော့ ...နင့်အဖေဆီကိုပြန်မလာနဲတော့ သိလား....ဘာပဲဖြစ်ဖြစ်ဟာ ဘယ်လောက်ပင်ပန်းတဲ့အလုပ်ပဲလုပ်ရပါစေ...လူကြားထဲမှာအရို/က်မခံရရင်အဆင်ပြေပါတယ်ဟာ..."
ဖိုးဇင်ရဲ့စကားကို တပေါင်းပြန်မဖြေမိဘဲ ဖိုးဇင်ကိုငေးကြည့်နေမိပြီးမှ ခပ်တိုးတိုးပြန်မေးလိုက်မိတယ်။
" နင်ရော... အမြဲအရို//က်ခံနေရတုန်းပဲလားဖိုးဇင် "
တပေါင်းရဲ့အမေးကြောင့် ဖိုးဇင်မျက်နှာလေးမဲ့ကျသွားရပြီး ခပ်တိုးတိုးပြန်ဖြေလိုက်တယ်။
" ရို//က်တာပေါ့ တပေါင်းရယ်...အရင်ကထက်တောင် ပိုရိုက်လာသေးတယ်...ငါ့အမေက ... ငါလဲ ...နင်လို့မျိုးမိဘကိုပြန်လုပ်မှာကိုကြောက်နေတာထင်တယ်.....ငါကမလုပ်ရဲပါဘူးဟာ...ငါ့အမေကနင့်အဖေထက်တောင်ဆိုးသေးတာ...သူကစိတ်ဆိုးလာရင်...သူ့နားမှာရှိသမျှပစ္စည်းတွေနဲ့ပစ်ပေါက်တာဟ...အဲ့ဒီပစ္စည်းတွေထဲမှာ ဓ//ါ'းတွေ...ကတ်//ကြေးတွေနဲ့ငရုတ်ကျည်ပွေ့လိုဟာမျိုးတွေလဲပါတယ်....ပြီးတော့ မနက်မနက်ကျရင် ...ငါ့ကိုနှိုးရခက်ရင်လဲ ...ရေလောင်းပြီးနှိုးတယ်...တံမြတ်စည်းရိုးနဲ့ရို/က်ပြီနှိုးတာဟ....ရေတိုင်ကိထဲမှာခေါင်းကိုလဲ နှစ်သေးတာ...ဘာပဲဖြစ်ဖြစ်ဟာ...ငါ့က အမေ့ကိုပြန်လုပ်လိုက်မိရင် ..ငါ့ကိုငါ့အမေကထောင်ချမှာ...အဲဒိလိုဆိုရင်ငါ့အစားကို ငါ့ညီမလေးနဲ့ငါ့ညီလေးတွေ
" အိုတော်...ဟုတ်တယ်လေ...ဟိုကောင်အောင်မင်း ဆေးရုံးကဆင်းတဲ့အထိပါပဲ..သူကဘယ်နေ့ဆင်းမယ်မှန်းမှမသိတာ...တွေ့ရာထည့်ပေးလိုက်တာနေမှာပေါ့တော်.....ကျွန်မတူမလေးက ချက်တတ်ပြုတ်တတ်လျှော်တတ်ဖွပ်တတ်ပါတယ်တော်...အိမ်အတွက်အကူအညီရမှာပါ ...ဘာဖြစ်နေတာလဲ "
မအေးခင်ပြောမဲ့သာပြောလိုက်ရပေမဲ့ ငွေကြေးနဲ့ပတ်သက်လာရင် ကပ်စေးနှဲလွန်းတဲ့ယောက်ျားဖြစ်သူအကြောင်းကိုသိနေတာမို့ သက်ပြင်းချလိုက်မိတယ်။ဘယ်လိုပဲဖြစ်ဖြစ် တပေါင်းလေးက ညီမအရင်းကမွေးထားတဲ့သွေးရင်းသားရင်းမို့် စိတ်ထဲမကောင်းဖြစ်မိတာတော့အမှန်ပါပဲ။
" အေး...ပြီးတာပဲ ...နောက်မှ ရှုပ်ရှုပ်ယှက်ယှက်အသံတွေမကြားချင်ဘူးနော်...ဒီခေတ်ကြီးထဲမျာ လူတစ်ယောက်ရဲ့စားစရိတ်ကနည်းတာမဟုတ်ဘူး ...ဒါပဲပြောမယ် "
" ဟုတ်ပါပြီတော် ..တပေါင်းရေနင့်အဝတ်ထုပ်လာယူ "
ကြီးတော်ဖြစ်သူရဲ့အော်ပြောလိုက်သံကြောင့် တပေါင်းမီးဖိုခန်းထဲကနေခြေကိုတရွတ်ဆွဲကာ ထလာခဲ့ပြီး ခေါင်းကိုငုံ့ကာအိမ်ရှေ့ကို ထွက်လာခဲ့တယ်။အိမ်ရှေ့ရောက်တော့ ကြိးတော်ဖြစ်သူရဲ့ယောက်ျားရှေ့ကဖြတ်သွားချိန်မှာ သူမကိုများထရိုက်လိုက်မလားဆိုပြိး အသားတွေတဆတ်ဆတ်တုန်နေခဲ့မိတယ်။
~~~~~~~~~~~~~
" တပေါင်းရယ် ညည်းလဲဒုက္ခပါပဲအေ...ခြေထောက်က အရောင်လဲမရှိတော့ပါဘူး..ဒါကိုဘာလို့ခြေတစ်ဖက်ဆွဲပြီးလျှောက်နေရတာလဲ ...ညည်းအဲ့ဒီလိုလမ်းလျှောက်နေတော့ ...နင့်အစ်မနှစ်ယောက်ကရှက်လို့်တဲ့အေ....လာစမ်းပါအေ...ကုသိုလ်ဖြစ်ဆေးခန်းကိုလိုက်ပြပေးပါအုံးမယ်...ညည်းပထွေးလဲ... ဖြစ်တာကနည်းနည်းကို ...အနားယူလို့မပြီးနိုင်တော့ဘူးလားမသိဘူး "
ကြီးတော်ဖြစ်သူရဲ့စကားကြောင့် တပေါင်းကိုယ့်ခြေထောက်ကိုယ် ငုံ့ကြည့်လိုက်မိတယ်။နှစ်ပတ်အတွင်းမှာ ဆရာမလေးပေးလိုက်တဲ့ဆေးတွေကိုသောက်လဲသောက်အနာထဲလဲပုံမှန်ထည့်တာမို့ ခြေထောက်က ရောင်တာနာတာလုံးဝမရှိတော့ဘဲ သက်သာနေပြီဖြစ်ပေမဲ့ အရင်ကလိုလမ်းပြန်မလျှောက်နိုင်တော့ဘူး။လမ်းလျှောက်ရင် ညာဘက်ခြေထောက်ကခြေတစ်ဖက်သိမ်နေသလိုမျိုး ထောနဲ့တေနဲ့ဖြစ်နေခဲ့တယ်။ဒီပုံစံကို ကြီးတော်ရဲ့ယောက်ျားရော အစ်မဝမ်းကွဲနှစ်ယောက်ကပါ သဘောမကျမှန်းသိတာမို့ တပေါင်းလဲတတ်နိုင်သလောက်ကြိုးစားပြီးထိန်းခဲ့ပေမဲ့ ခြေတစ်ဖက်သိမ်သလိုဖြစ်နေခဲ့တာလေ။
~~~~~~~~~~~
" ခြေထောက်က ဒဏ်လိုဖြစ်သွားခဲ့တာ ...ဖြစ်နိုင်ရင်တော့ အရိုးအကြောဆေးရုံသွားပြစေချင်တယ်..အသက်ငယ်သေးတော့ ဆရာဝန်တွေညွှန်ကြားတဲ့အတိုင်းလိုက်နာရင် ..ပြန်ကောင်းနိုင်ခြေရှိပါသေးတယ်...မကုဘဲဒီတိုင်းထားရင်တော့ ..ဒီနေရာလေးကသိမ်နေသလိုဖြစ်သွားပြီး ...တစ်သက်လုံးဒီပုံစံမျိုးနဲ့ပဲနေရလိမ့်မယ် "
ဆရာမလေးရဲ့စကားကြောင့် မအေးခင်မှိုင်တွေသွားမိတယ်။သူမအခြေအနေနဲ့ ဆေးရုံသွားပြပေးဖို့နေနေသာသာ ဆေးခန်းပြဖို့ငွေတောင်မရှိတာမို့ ရပ်ကွက်ကျော်ပြီး တောင် ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းကိုလာပြရတာလေ။ဒီဆေးခန်းက ဆေးဖိုးကစေတနာကြေးပဲအလှူငွေထည့်ရတာလေ။
တပေါင်းကတော့ ဆရာမလေးရဲ့စကားကိုကြားပေမဲ့ ရင်ထဲမှာ ဘာမှမခံစားရဘူး။ခြေတစ်ဖက်မသန်ဖြစ်သွားမယ်တဲ့။အသက်ရှင်နေရတာ င/ရဲလိုမျိုးခံစားနေရချိန်မှာ ခြေတစ်ဖက်မသန်တဲ့ဘဝရောက်သွားတာက အထူးတလည်ဝမ်းနည်းစရာမှမဟုတ်တော့တာ။ရောင်ကိုင်းနေပြီး ပြည်တွေပြည့်နေတဲ့ ခြေထောက်တစ်ဖက်ကိုတရွတ်ဆွဲပြီး ထမင်းချက်အဝတ်လျှော် ၊အိမ်အလုပ်တွေလဲလုပ်ဖူးခဲ့တာပဲလေ။အခုမှတော့ ဘာထူးဆန်းတော့မှာမို့
လို့်လဲ။
တပေါင်းတို့ဆေးခန်းကပြန်ခဲ့ကြတော့ ကြီးကြီးကသူတို့အိမ်ဘက်ကိုမပြန်ဘဲ တပေါင်းတို့ရပ်ကွက်ရဲ့ရပ်ကွက်ရုံးဘက်ကို ဦးတည်သွားတာမို့ တပေါင်းလန့်ဖျပ်သွားမိတယ်။မေးလဲမမေးရဲဘဲ ကြီးကြီးနောက်ကနေ တွန့်ဆုတ်ဆုတ်နဲ့လိုက်လာခဲ့မိတယ်။
" ဟဲ့ ..တပေါင်းရယ် လာစမ်းပါအေ.....ညည်းလမ်းမလျှောက်နိုင်တော့ဘူးလား...အလာတုန်းက ဒီထက်မြန်ပါတယ်အေ...တော်ကြာ ... အိမ်မှာ ညည်းဘကြိးပြန်ရောက်နေခဲ့ရင် အစအဆုံးရှင်းပြနေရအုံးမယ် ...မြန်မြန်လာစမ်းပါအေ"
ကြီးတော်ဖြစ်သူက နောက်ကိုလှည့်ကြည့်ပြိးစိတ်ရှုပ်သလိုပြောလာတာမို့ တပေါင်းလဲ ညာခြေထောက်ကို ထော့ကာထော့ကာနင်းပြီး နောက်ကအမြန်လိုက်သွားလိုက်တယ်။
==================================
အပိုင်း (၆)ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
J
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
