803
Suscriptores
+424 horas
+167 días
+4630 días
Archivo de publicaciones
https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz
အပိုင်း (၆)
https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz
အပိုင်း ၇
https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz
အပိုင်း ၈
https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz
အပိုင်း (၉)
https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz
အပိုင်း ၁ဝ
https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz
အပိုင်း ၁၁
https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz
အပိုင်း ၁၂
https://fb.watch/pQw62cSEjV/?mibextid=Nif5oz
အပိုင်း (၁၃)
https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၄)
https://m.facebook.com/story.php?story_fbid=693330792915299&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၅)
https://m.facebook.com/story.php?story_fbid=693878499527195&id=100067151540690&mibextid=Nif5oz
. မြရွက်ဝါငြင်းဆန်ဖို့အတွက် နှုတ်ကဆွံ့နေခဲ့မိသလိုဖြစ်နေပြီး ဒုက္ခတလိုက်မိတယ်။ငြင်းဆေန်ဖို့စဉ်းစားလိုက်တော့ ဟန်လင်းသန့်ရဲ့ချောင်းဆိုးသံကနားထဲကို တိုးဝင်လာခဲ့တယ်။ဘာပြောလို့ပြောရမှန်းမသိတော့ဘဲ လူကတွေဝေနေမိတုန်းမှာပဲ ဖုန်းထဲကနေချောင်းဆိုးသံကိုကြားလိုက်ရပြန်တယ်။
" အဆင်မပြေဘူးလားဟင် မြရွက် ...အဆင်မပြေရင်လဲရပါတယ်မြရွက်ရယ်...ကျွန်တော့်တပည့်တွေညနေလောက်ရောက်လာကြမှာဆိုတော့ ..အဲ့ဒီအချိန်အထိသည်းခံပြီးနေလိုက်ပါ့မယ် ....ဒါ..ဒါပဲနော်မြရွက်...ကျွန်တော်ခေါင်းတွေတအားကိုက်လာလို့ပါ "
" ဟို ...ဟို .."
မြရွက်ဝါဖုန်းမချခင်မှာပဲ သူ့ဘက်ကဖုန်းချသွားခဲ့တယ်။မြရွက်ဝါ နေရာမှာထိုင်ပြီးတွေဝေစဉ်းစားနေမိတယ်။လူကဘာလုပ်ရမှန်းမသိတော့ဘူး။သွားပြီးကူညီပေးချင်တဲ့စိတ်ရယ်၊မသွားသင့်ဘူးလို့ဆုံးဖြတ်ထားတဲ့စိတ်ရယ်ကြားမှာ စိတ်နှစ်ခုကလွန်ဆွဲနေခဲ့တယ်။
~~~~~~~~~~
ဟန်လင်းသန့်ဒရင်းဘက်ပေါ်မှာလှဲချလိုက်ရင်း မျက်လုံးအစုံကိုမှိတ်ထားလိုက်မိတယ်။ခေါင်းထဲက တဆစ်ဆစ်ထိုးကိုက်လာပေမဲ့ သူ့အခန်းမှာသောက်စရာဆေးမရှိဘူး။မနေ့တုန်းက ပွဲတက်ရတာတွေများသွားသလို ကားပွဲစားတန်းမှာလူကတစ်နေကုန်သွားခဲ့တဲ့ အကျိုးက ဒီနေ့တော့ လူကိုခေါင်းမထူနိုင်လောက်အောင်ဖြစ်သွားစေတော့တာပဲ။ဟန်လင်းသန့်နံရံဆီက တိုင်ကပ်နာရီသံကိုနားစွင့်ရင်း စက္ကန့်တွေကိုလိုက်ပြီးရေတွက်နေမိတယ်။
" ဒေါက်...ဒေါက်...ဒေါက် "
ရုတ်တရက်ထွက်ပေါ်လာတဲ့ တံခါးခေါက်သံကြောင့် ဟန်လင်းသန့်ဖျတ်ခနဲပြုံးလိုက်မိပြီး နေရာကအားယူပြီးထလိုက်တယ််။သူ့ဆီလာတဲ့ဧည့်သည်တွေက ကြိုချိန်းကြိုဖုန်းဆက်ပြီးမှ လာတတ်တာမို့ ဟန်လင်းသန့်ပြုံးလိုက်မိတာဖြစ်တယ်။တံခါးကိုဖွင့်လိုက်ချိန်မှာတော့ ဖြုန်းခနဲဟန်လင်းသန့်မျက်စိမှားသလိုတောင်ဖြစ်သွားမိတယ်။
" မြရွက် "
ဟန်လင်းသန့်အံ့ဩမိပြီးခေါ်လိုက်မိတာ။မြရွက်ဝါက သူမဝတ်နေကျ တီရှပ်ဖားဖားနဲ့စတိုင်ပန်ပွပွကိုဝတ်ထားတာမဟုတ်ဘဲ သပ်သပ်ရပ်ရပ်ချပ်ချပ်ကပ်ကပ်ရှိတဲ့ မြန်မာဆန်ဆန်အင်္ကျီလေးနဲ့ထဘီကိုတွဲဝတ်ထားတာဆိုတော့ ဟန်လင်းသန့်ခဏတော့ကြောင်ပြီးငေးကြည့်နေမိတာ။မြရွက်ဝါက ပွပွယောင်းယောင်းဆံပင်တွေကိုလဲချမထားဘဲ ကျစ်ဆံမြီးကျစ်ထားတာဆိုတော့ ခန္ဓာကိုယ်ကအရင်ကလိုမျိုးပုပုလုံးလုံးလေးဖြစ်မနေဘဲ ခပ်သွယ်သွယ်ပုံစံဖြစ်နေခဲ့တယ်။
" ဟို ...ကိုဟန်လင်းသန့်ကိုဆေးခန်းလိုက်ပို့ပေးရမယ်ဆိုလို့ ...သပ်သပ်ရပ်ရပ်ဝတ်လာခဲ့တာပါ....မြရွက်ဝတ်လာတာ ဘာအဆင်မပြေလို့လဲဟင်...မြရွက်လဲအနေရတော့ခက်နေတယ်"
မြရွက်ဝါရှက်ကိုးရှက်ကန်းပြောလိုက်ရင်း ခေါင်းကိုငုံ့ထားလိုက်မိတယ်။
" ဪ....ဘာမှမဖြစ်ပါဘူး...အဆင်ပြေပါတယ် မြရွက်...ကျွန်တော်ကမြရွက်ရဲ့ဒီလိုပုံစံမျိုးကို မမြင်ဘူးလို့ကြည့်နေမိတာပါ...ဒါနဲ့ကျေးဇူးတင်ပါတယ်မြရွက်ရယ်...ကျွန်တော်တော့ အပူရှပ်ပြီးဖျားတာထင်တယ်.....ခေါင်းလုံးဝကိုမထူနိုင်လို့ မြရွက်ကိုအကူအညီလှမ်းတောင်းမိတာပါ ...အားနာပါတယ်ဗျာ '
ဟန်လင်းသန့်ကတောင်းပန်စကားပြောလိုက်ရင်း ဒရင်းဘတ်ပေါ်မှာသွားပြန်လှဲချလိုက်တယ်။
" ရပါတယ် ကိုဟန်လင်းသန့်.....မြရွက်တို့ကအိမ်နိးချင်းတွေပဲလေ...ဒီလောက်တော့ ကူညီပေးရမှာပေါ့ ...ကိုဟန်လင်းသန့်လမ်းလျှောက်နိုင်ရဲ့လားဟင်...ကားတော့မမောင်းနိုင်ဘူးထင်တယ်...တက္ကစီစီးသွားရမယ်ထင်တယ် "
မြရွက်ဝါပြောပြောဆိုဆိုနဲ့ဟန်လင်းသန့်ရဲ့နဖူးကိုသတိလက်လွတ်နဲ့သွားစမ်းကြည့်လိုက်မိတယ်။ဟန်လင်းသန့်က မော့ကြည့်လိုက်တော့မှ မြရွက်ဝါရှက်သွားမိပြီးလက်ကိုချက်ချင်းပြန်ရုတ်လိုက်မိတယ်။
" ကိုယ်တွေတအားပူနေတာပဲ...ရှင်လမ်းလျှောက်နိုင်ပါ့မလား ...မြရွက်က ကိုဟန်လင်းသန့်ကိုကူညီပေးတာကကူညီပေးလို့ရပါတယ်....ဒါ....ဒါပေမဲ့ ကြီးကြီးတိုတစ်မျိုးမြင်သွားမှာကြောက်တယ်...အဲ့ဒါကြောင့်မြရွက်က အရင်ဆင်းသွားနှင့်ပြီး ....လမ်းထိပ်ကစောင့်နေမယ်လေ .တက္ကစီကို တိုက်ရှေ့ကိုလွှတ်ပေးလိုက်မယ်...ကိုဟန်လင်းသန့်လမ်းလျှောက်နိုင်ရဲ့လား "
ဟန်လင်းသန့်ကမြရွက်ဝါကိုတစ်ချက်မော့ကြည့်လိုက်မိတယ်။ဟန်လင်းသန့်ဆိုတဲ့ သူနဲ့တွဲသွားလို့ အထင်လွှဲခံရမှာကိုကြောက်တယ်ဆိုတဲ့သူရှိသေးသတဲ့လား။ရယ်တော့ရယ်ချင်စရာကောင်းသား ။
" ရပါတယ် ...မြရွက်အဆင်ပြေသလိုလုပ်ပါ...ကျွန်တော်ဖြည်းဖြည်းချင်းဆင်းလာခဲ့မယ်လေ ..."
" ဟုတ်ကဲ့ ...ဒါဆိုမြရွက်သွားနှင့်လိုက်မယ်...ဖြည်းဖြည်းချင်းလျှောက်လာခဲ့နော် ...."
မြရွက်ဝါပြောပြီးတာနဲ့တံခါးဝဆီကိုပြန်လျှောက်လာခဲ့လိုက်တယ်။
====================================
အပိုင်း( ၁၇ ) ဆက်ရန်
A KYI PHYU
#ဧကြည်ဖြူ
အပိုင်း( ၁ ) Link
https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz
အပိုင်း (၂) Link
https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz
အပိုင်း(၃)Link
https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz
အပိုင်း (၄)
https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz
အပိုင်း (၅)
ငါဘက်ကအရင်သူနဲ့အဆက်အသွယ်ဖြတ်နိုင်အောင်ကြိုးစားမှာ...အခုလဲ သူ့ကိုဘာမှကိုမပြောတော့ဘူး...ပြောရင်လဲ မအေကိုပြန်ခံသ...တ်တော့မလိုလုပ်နေတော့ ငါလဲကြောက်လာပြီ ...နင်လဲသူ့ကိုဘာမှသွားပြောနဲ့တော့မြရွက်..."
" ဟုတ်ကဲ့ပါ...မြရွက်လဲပြောချင်စိတ်မရှိလို့ မပြောတော့ပါဘူး,,...သူ့ကောင်မနဲ့ဟိုမှာပဲနေမယ်ဆိုတော့လဲ ကောင်းပါတယ် ....မညိုလဲလွမ်းစရာရှိရင် နာစရာနဲ့ဖြေပေါ့...မညိုစိတ်ဆိုးချင်ဆိုးမဆိုးချင်နေ မြရွက်ကတော့ မောင်မောင့်ကိုကြည့်ရင်သူ့အဖေကိုပဲမြင်နေလို့ တစ်စက်မှကိုကြည့်မရတော့ဘူး "
မြရွက်ဝါစိတ်တိုတိုနဲ့ပြောလိုက်မိပြီးမှ အစ်မဖြစ်သူကိုလှည့်ကြည့်လိုက်မိတယ်။ဒီအခါနံရံကိုမှိပြီးမောဟိုက်နေတဲ့မညိုကိုတွေ့လိုက်ရတာမို့ ထိတ်လန့်သွားမိတယ်။
" ဟယ်...မညိုဘာဖြစ်တာလဲဟင် ....ဘာဖြစ်လို့လဲ "
" အင်း..ဘာမှမဖြစ်ပါဘူးဟယ်...ငါအခုတလောဘာဖြစ်နေလဲမသိဘူး...ရင်တွေတုန်ပြီးမောမောနေတယ်ဟယ်...လူကအရမ်းလဲလန့်တတ်လာတယ် "
" ဟုတ်လား....အခုမှသတိထားမိတယ်....မညိုမျက်နှာတွေလဲတအားကျလာသလိုပဲ...လူလဲပိန်သွားတယ်....စိတ်ဆင်းရဲစရာတွေသိပ်မတွေးပါနဲ့မညိုရယ်...တစ်ရက်လောက်ဆေးခန်းသွားပြလိုက်အုံး...ပေါ့မနေနော် ...ဒါမှမဟုတ်ဒီနေ့သွားမလား "
" ဒီနေ့တော့ မသွားသေးဘူးဟယ်....နင်တူအတွက်အလုပ်ကိစ္စစကားပြောဖို့ပွဲစားနဲ့ချိန်ထားလို့ "
" အင်းပါ....ဒီနေ့မအားလဲ နောက်နေ့တော့သွားဖြစ်အောင်သွားလိုက်အုံးနော် ....တစ်ယောက်တည်းမသွားချင်ရင်မြရွက်လိုက်ခဲ့ပေးမယ် "
မြရွက်ပြောထပ်ပြောလိုက်တော့ မြခွါညိုကခေါင်းငြိမ့်ပြပြီးဖြည်းလေးစွာနေရာကထသွားခဲ့တယ်။
~~~~~~~~~~~~~~
" ပနးနုတို့ရှေ့နေတွေရဲ့ကိစ္စတွေကိုတော့ ...ကျွန်တော်တို့ကဝင်မရှုပ်ပါဘူးဗျာ...ကျွန်တော်တို့တွေ အဲ့ဒီဘက်မှာမကျွမ်းကျင်ဘူးလေ "
" တော်ပါနော် ဆရာကြီးကများပြောရတယ်ရှိသေးတယ် "
ပန်းနုထွေးကရယ်ရယ်မောမောပြောရင်းနဲ့ဟန်လင်းသန့်ရဲ့လက်မောင်းကိုလှမ်းပုတ်လိုက်တယ်။ဟန်လင်းသန့်က ပန်းနုထွေးရဲ့လက်ကိုအသာဖမ်းဆွဲလိုက်ပြီး
" ဘာပဲဖြစ်ဖြစ် ပန်းနုတို့ကိုကျေးဇူးတင်ပါတယ်ဗျာ...ကျွန်တော်တို့ကစိတ်မရှည်တတ်တော့ ရစ်တတ်တဲ့သူတွေနဲ့စကားပြောရတဲ့အခါအဆင်မပြေဘူးလေ "
ဟန်လင်းသန့်က သူမလက်ကိုဆွဲကိုင်လိုက်ရင်းပြောလိုက်တာမို့ ပန်းနုထွေးမှာရှက်ရွံ့ကြည်နူးကာခေါင်းလေးငုံ့ပြီးပြုံးလိုက်တယ်။
~~~~~~~~~~~~~
အိမ်ရှေ့ခြံထဲကမြင်ကွင်းကိုအမှတ်တမဲ့လိုက်ကြည့်လိုက်မိရင်း မြရွက်ဝါရင်ထဲမှာ ဆို့နင့်နင့်ကြီးဖြစ်သွားမိတယ်။ပြောတော့လဲ ချစ်သူရည်းစားတွေမဟုတ်ကြဘူးဆိုပြီးတော့ အခုကျတော့လဲ လူမြင်ကွင်းမှာကြည်နူးနေလိုက်ကြတာ။မြင်နေရတဲ့မြရွက်ဝါရင်ထဲမှာဝမ်းနည်းသလိုလိုကြိးဖြစ်သွားမိတယ်။ရည်းစားဦးရဲ့သစ္စာဖောက်ခြင်းကိုခံရပြီ'ကတည်းက အချစ်ရေးကိုစိတ်ကုန်ခဲ့တာ။ဟိုတစ်နေ့က ဟန်လင်းသန့်နဲ့အနီးကပ်တွေ့ဆုံလိုက်ရတော့ မြရွက်ဝါရဲ့အေးစက်နေခဲ့တဲ့ နှလုံးသားက လှုပ်ရှားချင်သလိုဖြစ်လာခဲ့တယ်။အထိအတွေ့ကြောင့် ရင်ခုန်မိသွားတဲ့ ရင်ခုန်သံမျိုးကိုတော့ မြရွက်ဝါရွံ့မုန်းလွန်းလို့ ဒီနောက်ပိုင်းရက်တွေမှာလဲ ဟန်လင်းသန့်နဲ့မဆုံမိအောင်ရှောင်နေခဲ့တယ်။အပြင်တစ်ခါထွက်ဖို့အရေးကို အပေါ်လှေကားကိုအရင်ချောင်းပြီးမှထွက်ရဲတော့တာ။တစ်သက်လုံးအိမ်ထောင်မပြုတော့ပါဘူးလို့ ကြွေးကြော်ထားခဲ့ပြီးမှ ဒီလိုတွေဖြစ်နေတဲ့ကိုယ့်ကိုယ်ကိုလဲမြရွက်ဝါအမြင်ကပ်မိတယ်။ယောက်ျားတွေ သိပ်ကြောက်စရာကောင်းတယ်ဆိုတာလဲ မြရွက်ဝါမြင်နေကြားနေသိနေရတာပဲ မဟုတ်လား။မြရွက်ဝါအံလေးကိုကြတ်လိုက်မိပြီး အိပ်ထဲကိုပြန်ဝင်လာခဲ့လိုက်တယ်။
ဒုတိယထပ်ဝရန်တာက ဖျတ်ခနဲလှုပ်ရှားပျောက်ကွယ်သွားတဲ့ အရိပ်ကလေးကိုကြည့်ပြီး ဟန်လင်းသန့်ကျေနပ်စွာပြုံးလိုက်မိတယ်။
~~~~~~~~~~~
" တူ..တူ...တူ "
ဘေးနားကဖုန်းသံထွက်ပေါ်လာတာမို့ မြရွက်ဝါလက်ထဲက လုပ်လက်စအလုပ်ကိုချထားလိုက်ပြီး ဖုန်းကိုကောက်ကိုင်လိုက်တယ်။
" ဟယ်လို "
" မြရွက်လား...ကိုယ်ပါဟန်လင်းသန့်လေ ..."
" ရှင်...ဟုတ်ကဲ့...ဘာ...ဘာကိစ္စရှိလို့လဲ ကိုဟန်လင်းသန့် "
မြရွက်ဝါအသံကိုမတုန်အောင်ထိန်းထားတဲ့ကြားက အသံကမသိမသာတုန်ယင်သွားခဲ့တယ်။
" ဟုတ်...ဟုတ်ကဲ့ ...ဟိုလေ...ကျွန်တော်... မြရွက်ဆီကအကူအညီတစ်ခုလောက်တောင်းချင်လို့ပါ အဟွပ်..အဟွပ် "
" ရှင် ..ဘာအကူအညီလဲ"
မပတ်သက်တော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်ဆိုမှ အမျိုးမျိုးလာပတ်သက်နေတဲ့သူ့ကြောင့် မြရွက်ဝါစိတ်တိုသလိုလို ရင်တုန်သလိုလိုရင်ခုန်သလိုလိုဖြစ်လာရတယ်။
" ဟို...အကူအညီတောင်းရမှာအားတော့နာပါတယ်မြရွက်ရယ်....ဒါ..ဒါပေမဲ့ ...အခု...ကျွန်တော်အတော်လေးဖျားနေလို့ပါ...ကျွန်တော်တပည့်တွေကလဲမအားကြဘူးတဲ့ ...အဲ့ဒါ့ဆေးခန်းသွားချင်လို့ ....မြရွက်အဖော်လိုက်ခဲ့ပေးလို့ရရင်လိုက်ခဲ့ပေးပါလို့ အကူအညီတောင်းတာပါ အဟွပ်...အဟွပ် "
" ရှင် ...ဟို...အယ်...ဒုက္ခပါပဲရှင် "
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၆)
akyiphyu
********
" ဟုတ်ကဲ့ ရပါတယ်အန်တီ...ကျေးဇူးတင်ပါတယ်...ကျွန်တော့်တပည့်လေးကို ဖုန်းဆက်ခေါ်ထားလို့မကြာခင်ရောက်လာတော့မှာပါ "
" ဟုတ်လား...ဒါဆိုရင် အန်တီတို့သွားလိုက်အုံးမယ်နော် "
"ဟုတ်ကဲ့ပါ အန်တီ "
~~~~~~~~~~~
" မြရွက် ...မြရွက် ထွက်လာလို့ရပြီဗျ...ဘယ်ရောက်သွားတာလဲဟင် "
အခန်းတံခါးကိုဖွင့်လိုက်ပြီး ကြည့်လိုက်ပေမဲ့ မြရွက်ဝါကို မတွေ့ရတာမို့ ဟန်လင်းသန့် အံ့ဩတကြီးဖြစ်နေမိချိန်မှာပဲ မြရွက်ဝါကခုတင်အောက်ကနေတိုးထွက်လာတာကိုတွေ့လိုက်ရတယ်။
" ပြန်သွားပြီလားဟင်...လူကိုလန့်သွားတာပဲရှင် "
ဆံပင်ဖိုးရိုးဖားရားအထိတ်တလန့်နဲ့ပုံစံနဲံခုတင်အောက်ကကုန်းရုန်းထွက်လာတဲ့ မြရွက်ဝါကိုကြည့်ပြီး ဟန်လင်းသန့်မရယ်မိအောင်ထိန်းထားတဲ့ကြားက ရယ်လိုက်မိတယ်။
" ဘာဖြစ်လို့ ဒီလောက်စိုးရိမ်နေရတာလဲ မြရွက်ရယ်...ကျွန်တော့်အခန်းက ပွဲစားရုံးခန်ပါဗျာ...အလုပ်ကိစ္စဆွေးနွေးဖို့ရောက်နေတယ်လို့ပြောလို့ရပါတယ်..."
မြရွက်ဝါမှာ ရှုပ်ပွသွားတဲ့ဆံပင်တွေကိုလက်နဲ့မဖယ်လိုက်ပြီး ဟန်လင်းသန့်ကိုကြည့်လိုက်တယ်။
" အဲ့ဒါက တခြားသူတွေဆိုရင်တော့ ဟုတ်တာပေါ့....မြရွက်ရဲ့ကြီးတော်ကတော့ မြရွက်အကြောင်းကိုသိနေတာလေ...မြရွက်ကိုသူ့သမက်အခန်းထဲမှာ နှစ်ယောက်တည်းတွေ့လိုက်ရင် စိတ်တိုသွားလိမ့်မယ်...တစ်မျိုးလဲထင်သွားမှာပေါ့ "
" ဗျာ.....ဘယ်...ဘယ်လိုပြောလိုက်တယ် မြရွက် ....ကျွန်တော့်ကိုဘာပြောလိုက်တယ်...သမက်လောင်းလို့ပြောလိုက်တာလား ဟုတ်လား "
ဟန်လင်းသန့်က မြရွက်ဝါကို ပြန်မေးလိုက်တယ်။
" ဟုတ်ကဲ့....ဟုတ်တယ်လေ....ပန်းနုနဲ့ပတ်သက်မှတော့ ...ကြီးကြီးသမက်ပဲပေါ့ ....ကြီးကြီးတို့က ရှုပ်ရှုပ်ယှက်ယှက်လုပ်တာမျိုးတွေမကြိုက်ဘူး "
" ဗျာ ....မဟုတ်ရပါဘူးမြရွက်ရယ်....ကျွန်တော်နဲ့ပန်းနုနဲ့ကမိတ်ဆွေတွေပါ....ပန်းနုတို့ရှေ့နေရုံးကိုကျွန်တော်နဲ့အလုပ်တွဲလုပ်နေတဲ့သူဌေးက အလုပ်အပ်ထားတာပါ...ရိုးရိုးသားသားခင်မင်နေကြတဲ့မိတ်ဆွေတွေပါ....ဒီမှာလာငှားနေဖြစ်တာကလဲ ဒီဘက်မှာကျွန်တော်ကုမ္ပဏီကအလုပ်လက်ခံထားတဲ့ တိုက်တွေအတော်များများရှိနေလို့သွားချိန်လာချိန်တွေမပုပ်အောင် ဒီမှာလာနေနေလိုက်တာပါ...."
ဟန်လင်းသန့်ရဲ့စကားကြောင့် မြရွက်ဝါမယုံကြည်နိုင်သလိုဖြစ်သွားမိတယ်။ကြီးကြီးတို့ဘက်ကလဲ အခိုင်အမာကြီးကို သူတို့လုပါလို့ကြေငြာထားတာလေ။ပြီးတော့မြရွက်ဝါကိုပြောဆိုထားတာလဲ နှစ်ပြားမတန်ဘူး။တွေးလိုက်မိကာမှမြရွက်ဝါစိတ်ထဲပိုပြီးရှုပ်ထွေးသွားမိတယ်။
" ကိုဟန်လင်းသန့်အဆင်ပြေသွားပြီလားဟင်...ကျွန်မပြန်တော့မယ် "
" ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်နော်မြရွက် "
" ရပါတယ်ရှင် ...အိမ်နီးနားချင်းတွေပဲဟာ "
မြရွက်ဝါခပ်တိုးတိုးပြောပြီး တံခါးပေါက်ဆီကိုထွက်လာခဲ့လိုက်တယ်။စိတ်ထဲမှာတော့ ဘာမှန်းမသိတဲ့ အမည်မဖော်နိုင်တဲ့ခံစားချက်ကြီးတစ်ခုကငြိတွယ်ကပ်ပါလာခဲ့တယ်။
~~~~~~~~~~~~
" ဒီမှာကြည့်စမ်းမြရွက် နင့်တူဘယ်လောက်ထိရက်စက်လဲဆိုတာကို "
မညိုကပြောပြောဆိုဆိုနဲ့ဖုန်းလှမ်းပေးတာမို့ မြရွက်ဝါယူကြည့်လိုက်မိတယ်။ဖုန်းထဲကစာတစ်ချို့ကိုဖတ်ကြည့်လိုက်တော့ မဖတ်ရဲလောက်တဲ့စာသားတွေချည်းပဲ။မြရွက်ဝါ ဖုန်းကိုမညိုဆီပြန်ကမ်းပေးလိုက်တယ်။
" ဘာတွေလဲမညိုရယ်....အမှောင်လောကကရဲရဲတောက်လူငယ်များလား...စကားပြောထားကြတာလဲ အမှောင်တွေချည်းပဲ....ဒီစိတ်တွေပဲရှိနေကြတော့...တိုးတက်ကြအုံးမှာပေါ့ စိတ်ညစ်စရာကြီး...တဏှာရူးမနဲ့နှာဘူးကောင်ပဲ "
" ဪ...နင်ကလဲဘာတွေသွားဖတ်နေတာလဲ.....ငါပြတာအဲ့ဒါမဟုတ်ဘူး...ဒီမှာ...နင်တူကဘာပြောထားလဲသိလား....နိုင်ငံခြားရောက်တာနဲ့သူ့ဟာမကိုလှမ်းခေါ်မယ်တဲ့...ပြီးရင်ပြန်မလာတော့ဘူးတဲ့လေ...မွေးရကျိုးနပ်လိုက်တဲ့သား....သူ့အဖေကိုဒုက္ခအပေးဆုံးလူလို့ထင်ခဲ့မိတာ....သူကမှငါ့ရင်ကိုခွဲပြီးဆားနဲ့ပါပက်မှာထင်တယ်....ငါဒီလောက်သူ့အပေါ်ချစ်ခဲ့တာကိုလုပ်ရက်တယ် ...အီး ဟီး ဟီး "
ပြောရင်းနဲ့ငိုချလိုက်တဲ့ မညိုကိုကြည့်ပြီး မြရွက်ဝါလဲစိတ်မကောင်းဖြစ်သွားမိတယ်။သားသမီးမွေးရတာလဲ ကျားမွေးရသလိုပါပဲလို့တောင်တွေးလိုက်မိတယ်။
" င်ိုမနေပါနဲ့မညိုရယ်...အခုသူ့တို့အကြံအစည်ကို သိသွားပြီပဲဟာ ...နိုင်ငံခြားသွားဖို့ကိစ္စကိုမလုပ်ပေးနဲ့တော့ပေါ့ "
မြရွက်ဝါပြောလိုက်တော့ မြခွါညိုကမျက်ရည်တွေကိုသုတ်ဖယ်ပစ်လိုက်ပြီး
" ရတယ်...သူလိုချင်တဲ့အခြေအနေကိုရောက်အောင်ငါလုပ်ပေးလိုက်ပါ့မယ်.....မိဘတစ်ယောက်အနေနဲ့ငါ့မှာလုပ်ပေးရမဲ့တာဝန်ရှိတယ်...အဲ့ဒီတာဝန်ကိုကျေအောင်ငါလုပ်ပေးလိုက်မယ်...ပြီးရင်တော့ သူ့ကိုငါ့ရင်ထဲကထုတ်နိုင်အောင် ငါကြိုးစားမယ်...ဒီပုံအတိုင်းဆိုရင်ထုတ်နိုင်မှာပါ...ထုတ်နိုင်အောင်လဲ သူကလုပ်နေပြီလေ....မအေပြောရင် ...မအေခိုင်းရင်းတော့ ဘာတစ်ခုမှအလေးထားရမှန်းမသိဘူး...လုပ်ပေးရမှန်းမသိဘူး...သူ့ဟာမဘက်ကျတော့ ...သူ့ဟာမကခိုင်းရုံတင်မဟုတ် အဲ့ဒီဟာမရဲ့အသိုင်းအဝိုင်းတွေကပါဝိုင်းပြီးခိုင်းနေကြတာလေ ....အေး ..ငါ့တာဝန်တွေကုန်ရင်တော့
" အန်တီ့မိတ်ဆွေတစ်ယောက်က ကြိုပွိုင့်အခန်းလေးကြည့်ချင်တယ်ဆိုတာနဲ့ အန်တီကခေါ်လာလိုက်တာ...မောင်ဟန်လင်းသန့်ကလမ်းဘယ်လိုလျှောက်နိုင်မလဲ..."
" ဟုတ်ကဲ့ ...ကျွန်တော့်လိုက်မပြနိုင်ပေမဲ့ ကျွန်တော့်မန်နေဂျာကိုဖုန်းဆက်ပေးလိုက်ပါ့မယ် အန်တီ ...သူကအဆင်ပြေအောင်လုပ်ပေးပါလိမ့်မယ်....လိုအပ်တဲ့စာရွက်စာတမ်းနဲ့ငွေကြေးကိစ္စတွေကတော့ ...ပန်းနုတို့ရုံးကရှင်းပြပေးပါလိမ့်မယ်အန်တီ..."
" အဲ့ဒါဆို အန်တီတို့သွားကြည့်လိုက်မယ်လေ....ဒါနဲ့ မောင်ဟန်လင်းသန့် အဆင်ပြေရဲ့လားကွယ်...အန်တီဘာကူညီပေးရအုံးမလဲ "
====================================
အပိုင်း( ၁၆ ) ဆက်ရန်
A KYI PHYU
#ဧကြည်ဖြူ
အပိုင်း( ၁ ) Link
https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz
အပိုင်း (၂) Link
https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz
အပိုင်း(၃)Link
https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz
အပိုင်း (၄)
https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz
အပိုင်း (၅)
https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz
အပိုင်း (၆)
https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz
အပိုင်း ၇
https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz
အပိုင်း ၈
https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz
အပိုင်း (၉)
https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz
အပိုင်း ၁ဝ
https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz
အပိုင်း ၁၁
https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz
အပိုင်း ၁၂
https://fb.watch/pQw62cSEjV/?mibextid=Nif5oz
အပိုင်း (၁၃)
https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၄)
https://m.facebook.com/story.php?story_fbid=693330792915299&id=100067151540690&mibextid=Nif5oz
" ရပါတယ်မြရွက် ...ကျွန်တော့်အတွက်စိတ်မပူပါနဲ့ ...ဖြည်းဖြည်းချင်းတက်သွားပြီး ...အပေါ်ရောက်မှ ကျွန်တော့်တပည့်လေးကို လှမ်းခေါ်လိုက်ပါ့မယ်....အခုအဖုန်းမပါလာလို့ပါ "
ဟန်လင်းသန့်ကပြောပြီးတော့ လှေကားပေါ်ကိုကြီးစားပြီးတက်ဖို့ ခြေလှမ်းတွေကိုအားယူလိုက်တယ်။သို့ပေမဲ့ ဟန်လင်းသန့်မှာ အပေါ်ကိုခြေမလှမ်းနိုင်ဘဲ မျက်နှာရှုံ့မဲ့ကာတုံ့ဆိုင်းသွားရတယ်။
" ဟော့တော့ မရဘူးလားဟင်...မရရင်မြရွက်လိုက်ပို့ပေးပါ့မယ် ..."
မြရွက်ဝါပြောပြီးတာနဲ့ တံခါးကိုသော့ခတ်လိုက်ပြီး ဟန်လင်းသန့်ကို လှမ်းတွဲလိုက်တယ်။
" ဟို...အားမနာနဲ့နော်....ရှင့်အခန်းအထိ ကျွန်မလိုက်ပို့ပေးပါ့မယ် "
ပြောပြောဆိုဆိုနဲ့ပဲ ဟန်လင်းသန့်လက်မောင်းကိုဖေးမထိန်းကိုင်ပေးလိုက်ပြီး မြရွက်ဝါကူတွဲပေးလိုက်တယ်။နှစ်ယောက်သားနီးကပ်လွန်းတဲ့အနေအထားကြောင့် မြရွက်ဝါရင်ထဲမသိမသာလေးလှုပ်ခတ်နေပေမဲ့ မျက်နှာကိုရှုံ့မဲ့ထားပြီး အံကိုကြိတ်ထားတဲ့ဟန်လင်းသန့်ကိုကြည့်ပြီး သနားသွားမိတယ်။လှေကားထစ်တွေက်ုတက်နေကြရင်းနဲ့ တစ်ချက်တစ်ချက်မှာ ဟန်လင်းသန့်ကိုယ်လုံးကြီးက မြရွက်ဝါရဲ့ပုပုသေးသေးကိုယ်လုံးလေးပေါ်ယိုင်လဲကျလာရင် မြရွက်ဝါရဲ့ ခန္ဓာကိုယ်ထဲက သွေးကြောတွေထဲဓါတ်လိုက်ခံရသလိုဖြစ်ဖြစ်သွားမိတာ။မြရွက်ဝါအတွက် ယောက်ျာတစ်ယောက်နဲ့ဒီလိုမျိုး နီးနီးကပ်ကပ်လဲတစ်ခါမှမနေဖူးဘူးလေ။မြရွက်ဝါမှာ တထိတ်ထိတ်ခုန်နေတဲ့နှလုံးခုန်သံတွေက်ို ဟန်လင်သန့်များကြားသွားမလားစိုးရိမ်မိပြီး အယောင်ယောင်အမှားမှားနဲ့မကြာခဏမော့ကြည့်နေမိတယ်။
နှစ်ယောက်သားအခန်းရှေ့ကိုရောက်တော့ မြရွက်ဝါကပဲ တံခါးသော့ကိုဖွင့်လိုက်တယ် ။မြရွက်ဝါတံခါးဖွင့်နေချိန်မှာ ဟန်လင်းသန့်ကအခန်းနံရံကိုမှီပြီးရပ်နေခဲ့တယ်။
" ရရဲ့လား ကိုဟန်လင်းသန့်......ဖြည်းဖြည်းချင်ဝင်နော်..."
တိုက်ခန်းတံခါးကိုဖွင့်ပြီး ဟန်လင်းသန့်ကိုတွဲကာ အခန်းထဲကို မြရွက်ဝါဝင်လိုက်တယ်။အခန်းထဲရောက်ချိန်မှာ သန့်ရှင်းသပ်ရပ်နေတဲ့ အခန်းကိုကြည့်ပြီး မြရွက်ဝါစိတ်ထဲက ချီးကျူးလိုက်မိတယ်။ဧည့်ခန်းထဲရောက်တော့ ဟန်လင််းသန့်ကိုဆိုဖာမှာထိုင်စေလိုက်တယ်။
" ဖုန်းကဘယ်နားမှာလဲ ကျွန်မယူပေးခဲ့မယ်လေ"
" ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ် မြရွက်ရယ်....ဖုန်းကကျွန်တော့် အခန်းထဲမှာကျန်ခဲ့တာ ...ရပါတယ်...ကျွန်တော်ကြိုးစားပြီးထကြည့်လိုက်အုံးမယ် "
ပြောပြေဆိုဆိုနဲ့ ဟန်လင်းသန့်က ကြိုးစားပြီးထကြည့်လိုက်တယ်။
" အ "
" အမေ့ "
" ဘုတ် "
ဟန်လင်းသန့်ကလဲကြိုးစားပြီးအထ၊မြရွက်ဝါကလဲ ဟန်လင်းသန့်ကိုထိန်းပေးလိုက်ချိန်မှာပဲ ဟန်လင်းသန့်က ကိုယ့်အရှိန်ကိုယ်မထိန်းနိုင်ဘဲ ဝုန်းခနဲလဲပြိုကျသွားခဲ့တယ်။ဒါပေမဲ့ ဟန်လင်းသန့်က သူတစ်ယောက်တည်းလဲကျသွားခဲ့တာမဟုတ်ဘဲ မြရွက်ဝါရဲ့လက်ကို အားကိုးတကြိးဆွဲကိုင်ရင်းလဲကျသွားခဲ့တာလေ။နှစ်ယောက်သားဆိုဖာဆက်တီပေါ် လုံးထွေးကာလဲကျသွားခဲ့ကြတယ်။ မြရွက်ဝါမှာ ဟန်လင်းသန့်ကိုယ်ပေါ်ကိုကျရောက်သွားခဲ့တာကြောင့် လူကထူပူသွားပြီး အတင်းကုန်းထလိုက်မိတယ်။ဒီအချိန်မှာ ဟန်လင်းသန့်ကလဲအယောင်ယောင် အမှားမှားနဲ့ မြရွက်ဝါရဲ့လက်ကိုဆွဲထားတာမို့ မြရွက်ဝါမှာ ဟန်လင်းသန့်အပေါ် ထပ်ပြီးလဲကျသွားခဲ့ရပြန်တယ်။ဒီတစ်ခါမှာတော့ နှစ်ယောက်သားမျက်နှာချင်းထိကပ်လုမတတ်ဖြစ်သွားခဲ့ကြတယ်။နှစ်ယောက်သားတစ်ယောက်မျက်နှာကိုတစ်ယောက်မင်သက်ငေးမောကြည့်နေမိတယ်။ဒီပုံစံနဲ့စက္ကန့်အတော်ကြာ နှစ်ယောက်သားသတိကင်းမဲ့သူတွေလိုငေးကြည့်နေမိကြတယ်။
" ဒေါက်..ဒေါက် "
ရုတ်တရက်ကြီးထွက်ပေါ်လာတဲ့ တံခါးခေါက်သံကြောင့် မြရွက်ဝါရော ဟန်လင်းသန့်ပါ သတိဝင်လာကြမိပြီး နှစ်ယောက်သား လန့်ဖျပ်ကာလူချင်းခွါပြီး ကုန်းရုန်းထလိုက်မိကြတယ်။
" ဒုက္ခပါပဲ ...ဘယ်...ဘယ်သူလဲမသိဘူး ..."
တံခါးခေါက်သံကြောင့် မြရွက်ဝါမှာ ထူပူပြီးဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားမိတယ်။တံခါးလာခေါက်သူက ကြီးကြီးတို့မိသားစုထဲကတစ်ယောက်ယောက်များဖြစ်နေရင်ဆိုတဲ့အတွေးက မြရွက်ဝါခေါင်းထဲကိုရောက်လာတော့ လူတစ်ကိုယ်လုံးအသားတွေတဆတ်ဆတ်တုန်လာတယ်။ဖိနပ်ချွတ်ဆီကိုပြေးပြီးတော့ ဖိနပ်ကိုကောက်ကိုင်လိုက်ရင်းလူကဘာလုပ်ရမှန်းမသိဖြစ်နေမိတုန်းမှာ ဟန်လင်းသန့်ကသူမကိုလက်ယပ်ပြလိုက်ပြီး အိပ်ခန်းဆီကိုညွှန်ပြတာမို့ မြရွက်ဝါလဲတွေဝေတုံ့ဆိုင်းမနေတော့ဘဲ အိပ်ခန်းဆီကိုပြေးသွားလိုက်တယ်။
မြရွက်ဝါ အခန်းထဲရောက်သွားချိန်မှ ဟန်လင်းသန့်လဲ တံခါးဆီကိုဖြည်းဖြည်းမှန်မှန်လျှောက်သွားခဲ့တယ်။ဟန်လင်းသန့်ရဲ့ခြေထောက်တွေက ထော့နင်းထော့နင်းဖြစ်နေခဲ့ပေမဲ့ ခပ်စောစောကလောက်တော့ ဆိုးဆိုးဝါးဝါးကြီးဖြစ်မနေတော့ဘူး။
" ဟင်...ဒဏ်ရာရထားတာလား မောင်ဟန်လင်းသန့်...ဘာဖြစ်တာလဲ "
အခန်းအပြင်မှာ ကြီးကြီးရဲ့အသံကိုခပ်သဲ့သဲ့ကြားလိုက်ရတာမို့ မြရွက်ဝါပြူးပြူးပျာပျာဖြစ်သွားမိပြီး လူကလန့်ဖျပ်ကာ ခုတင်အောက်မှာဝင်ပုန်းလိုက်တယ်။တိုက်ပဲတိုက်ဆိုင််လွန်းတဲ့ဒီကံကြမ္မာကို မြရွက်ဝါစိတ်တိုနေမိရင်း ခုတင်အောက်မှာငြိမ်သက်နေမိတယ်။အခန်းအပြင်ဘက်ဆီမှာတော့ ကြီးကြီးရဲ့အသံသဲ့သဲ့ကိုကြားနေရတယ်။
~~~~~~~~~~
" အင်း ...ဒါလဲဟုတ်ပါတယ် ... မောင်အဆင်ပြေအောင်နေနော် ....တော်ကြာမောင့်ဘွားတော်ကြီးစိတ်ကွက်သွားလို့မဖြစ်ဘူး ...ဒါနဲ့ မောင်တို့နေတဲ့ အခန်းက ကိုယ်ပိုင်အခန်းလားတဲ့ ..၀ယ်ရင်ဘယ်စျေးလောက်ပေါက်လဲတဲ့ အမေကမေးနေတယ် "
ချစ်သူမိုးရတနာရဲ့အမေးကို ရဲမြတ်မောင်ကခေါင်းခါပြလိုက်ပြီး
" မောင်တို့ အပိုင်မဟုတ်ပါဘူး...အဘွားရဲ့အခန်းလေ ... ဘယ်ဈေးပေါက်လဲတော့ မသိပါဘူး "
" ဪ ..အဘွားအခန်းလား ..ဒါဆိုရင်တော့ မောင်တို့သားအမိနဲ့မောင့်အန်တီအမွေရမှာပေါ့ "
" အင်း ရမှာပေါ့...ဒါပေမဲ့ မောင်ကအလုပ်လုပ်ပြီဆိုတာနဲ့ ..အမေတို့နဲ့အတူမနေပါဘူးအမေတို့က ပွမ်လွန်းတယ် ....မိုးနဲ့ပဲအတူနေမှာပါ "
" သွားပါ အပိုတွေ ... သင်တန်းကြေးလေးပိုပြောပြီး အိမ်က တောင်းပါဆိုတော့ တောင်းလာလိုက်တာ တစ်သောင်းနှစ်သောင်းတောင်မပါချင်ဘူး ...ဟွန်းနော်...မိုးက မောင့်ကိုချစ်လွန်းလို့သာ တည်းခိုခန်းခက အစ အကုန်ခံနေတာသိရဲ့လား ...မိုးကိုလိုချင်တဲ့သူတွေဝိုင်းဝိုင်းလည်နေတာ မောင်သိတယ်မဟုတ်လား "
" ဟာ မိုးရယ် ...ဘယ်လိုပြောလိုက်တာလဲ ..မောင်ကလဲ မိုးကိုချစ်လွန်းလို့ ...အိမ်ကနေရသလောက်ညာတောင်းနေခဲ့တာပါကွာ...ပြီးတော့ ဒီသင်တန်းတွေ တက်နေတယ်ဆိုတာလဲ ...မိုးနဲ့အတူနေဖို့ မိုးကိုရှာကျွေးဖို့ပါ.....ခုလောလောဆယ်တော့ တည်းခိုခန်းခတွေကို မိုးကပဲ စိုက်ပေးထားပါအုံး ....အဲ့ဒီအတွက်မောင်က မိုးပြုသမျှကို နာခံပါ့မယ်ဗျ "
ရဲမြတ်မောင်က ပြောရင်းနဲ့ မိုးရတနာကို သိမ်းဖက်လိုက်ပြီး ခုတင်ပေါ် လှဲချလိုက်တယ်။
~~~~~~~~
"မြရွက် "
အသံနဲ့အတူလက်ကို လှမ်းဆွဲခံလိုက်ရတာမို့ မြရွက်ဝါ ထိတ်လန့်တုန်လှုပ်သွားပြီး ဟန်လင်းသန့်ကို မော့ကြည့်လိုက်မိတယ်။
"မြရွက် ..ကျွန်တော့်ကိုရှောင်နေတာလား "
" မ...မရှောင်ပါဘူး ...ဘာလို့ ရှောင်ရမှာလဲ ...ကိုဟန်လင်းသန်နဲ့မြရွက်ဘာမှမပတ်သက်ဘဲ ဘာလို့ရှောင်ရမှာလဲ "
မြရွက်ဝါ ဟန်မပျက်ပြန်ဖြေလိုက်မိတယ်။
"မြရွက်က မရှောင်ဘူးသာပြောတယ် .....ကျွန်တော်နှုတ်ဆက်လိုက်ရင်း မသိချင်ယောင်ဆောင်ပြီး ထွက်သွားတာမဟုတ်ဘူးလား ...ကျွန်တော်က ခင်မင်လို့ နှုတ်ဆက်တာကို မာနကြီးတာလားဗျာ "
ဟန်လင်းသန့်ပုံစံက မဖြေမချင်းဇွတ်ပြောနေမဲ့ပုံစံမျိုးဖြစ်နေတာကြောင့် မြရွက်ဝါသက်ပြင်းကို မသိမသာချလိုက်မိပြီး
" ဟုတ်ကဲ့....ကျွန်မတို့နှစ်ယောက် ပုံစံချင်းလဲမတူ အနေအထားချင်းလဲ မတူတော့ .. မခင်တာပိုအဆင်ပြေမယ် ထင်တယ် ကိုဟန်လင်းသန့်....ပြီးတော့ ပွင့်ပွင့်လင်းလင်းပဲပြောပါမယ်....ကျွန်မဘယ်သူနဲ့မှလဲ မခင်ချင်ဘူး ...အထူးသဖြင့် ကိုဟန်လင်းသန့်နဲ့မိတ်ဆွေမဖြစ်ချင်ပါဘူး "
ကြားလိုက်ရတဲ့ စကားကြောင့် ဟန်လင်းသန့်စိတ်ထဲ ထောင်းခနဲ ဒေါသဖြစ်သွားမိတယ်။သူ့ဘက်က ရိုးသားစွာ ခင်မင်ခဲ့တာကို မာနကြီးပြလွန်းတဲ့သူမကိုလဲ စိတ်တိုသွားမိတယ်။သို့ပေမဲ့ ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး နှုတ်ဆက်လိုက်တယ်။
"ဪ ... ဆောရီးပါဗျ.....မြရွက်ရဲ့စိတ်ကို ကျွန်တော်တကယ်မသိခဲ့လို့ပါ ... တောင်းပန်ပါတယ်ဗျာ .. ကျွန်တာ်က မြရွက်ကိုငယ်သူငယ်ချင်းတစ်ယောက်လိုရိုးသားစွာ ခင်မင်မိတာပါ ...နောက်ဆိုရင် နှုတ်မဆက်မိအောင် ကျွန်တော် ကြိုးစားပါ့မယ် .. ကျွန်တော့်ကိုသွားခွင့်ပြုပါအုံးနော် "
ပြောပြီးတာနဲ့ဟန်လင်းသန့်လှည့်ထွက်ခဲ့ပြီး လှေကားအတိုင်းတယ်လာခဲ့တယ်။တစ်ထစ်၊နှစ်ထပ်၊ သုံးထစ်၊ လေးထစ်၊ငါးထစ်မြောက်မှာ ဟန်လင်းသန့်ခြေထောက်တွေက လှေကားကျောက်ပြားကို မနင်းမိဘဲလေဟာနယ်ကို နင်းချလိုလိုက်တယ်။
" ဟာ ..အား "
"ဟင် ..အမယ်လေး "
အသံကြောင့် မြရွက်ဝါ မော့ကြည့်လိုက်တော့ လှေကားပေါ်က ခြေချော်ကျလာတဲ့ဟန်လင်းသန့်ကိုမြင်လိုက်ရတာမို့ မြရွက်ဝါပါ လန့်ပြီးအော်လိုက်မိတယ်။ဟန်လင်းသန်က သူမနားကိုပြုတ်ကျလာတာမို့ မြရွက်ဝါ ထိတ်ထိတ်လန့်လန့်နဲ့မေးလိုက်မိတယ်။
"ကို ..ကိုဟန်လင်းသန့် ဘာဖြစ်သွားသေးလဲ ..ထနိုင်ရဲ့လား .."
" အား ...ကျွစ် ..ကျွစ် .....ရ..ရပါတယ် မြရွက် ....စိတ်လောပြီးခြေထောက်ကို နင်းလိုက်မိတာ ..ဘာမှမဖြစ်ဘူးထင်ပါတယ်ဗျာ "
ဘာမှမဖြစ်သလိုပြောလိုက်ရင်း ဟန်လင်းသန့်ထရပ်လိုက်တယ်။ဟန်လင်းသန့်ထရပ်လိုက်တာနဲ့ လူကယိုင်ခနဲဖြစ်သွားပြီး လဲကျမလိုဖြစ်သွားတယ်။
" ရ...ရရဲ့လား ကိုဟန်လင်းသန့် ...ရှင့်ခြေထောက်ထိသွားတထင်တယ်....ရှင်နဲ့အတူနေတဲ့သူရှိတယ်မဟုတ်လား ...ကျွန်မသွားခေါ်လိုက်မယ်လေ "
" ဟုတ်တယ်...ခြေထောက်ကိုနည်းနည်းထိသွားတာထင်တယ်...ကျွန်တော့်တပည့်မင်းဆွေကမရှိဘူး မြရွက်ရဲ့ ....ဒီဘက်မှာအလုပ်ပါးတာနဲ့ ...ဆောက်လုပ်ရေးရုံးဘက်မှာသွားနေတယ်...ကျွန်တော်က ဟိုဘက်လမ်းမမှာဆောက်နေတဲ့တိုက်ကို ကြီးကြပ်ဖို့အတွက် ဒီမှာ အရောင်းအေဝယ်ရုံးခန်းပါဖွင့်ရင်းခြောက်လလောက်လာနေတာလေ....အဲ့ဒီတော့ ကျွန်တော့်တပည့်တွေက ဒီကိုအမြဲမလာကြဘူး...ဝယ်ရောင်းသမားတွေလာမှ လိုက်ပြရင်းလာကြတာ "
" ဪ ဟုတ်လား...အဲ့ဒါဆို အပေါ်ကိုဘယ်လိုတက်မလဲ ..ဒုက္ခပါပဲ "
ဟန်လင်းသန့်ရှင်းပြတာကို နားထောင်ရင်း မြရွက်ဝါမှာ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားမိတယ်။မြရွက်ဝါတို့အခန်းမှာကလဲ မြရွက်ဝါတစ်ယောက်တည်းပဲရှိတာလေ။
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၅)
akyiphyu
********
"တီ...တီ "
" အမေ့ "
ဘေးကပ်ပြီး တီးလိုက်တဲ့ ကားဟွန်းသံကြောင့် မြရွက်ဝါလန့်ပြီးအော်လိုက်မိတယ်။ကြည့်လိုက်တော့ ဟန်လင်းသန့်ဖြစ်နေတာမို့ စိတ်ရှုပ်သွားမိတယ်။မဆုံချင်လို့ နောက်ကြောင်းပြန်လှည့်ပြီး ရှောင်ထွက်လာပါတယ်ဆိုမှ တည့်တည့်လာတိုးနေတာလေ။
" ဘယ်သွားမလို့လဲ..."
ဟန်လင်းသန့်က အေးဆေးတဲ့အပြုံးလေးနဲ့မေးလာတော့ မြရွက်ဝါဖြုန်းခနဲ ဘာဖြေရမှန်းမသိဖြစ်သွားမိတယ်။
" စီးတီးမက်ဘက်သွားမှာလား "
" ဟင် ...ဟုတ်တယ် ..အဲ..မ ..မဟုတ်ဘူး ...ဒီနားက အသိအိမ်ကိုလာလည်တာပါ ကိုဟန်လင်းသန့် "
" ဪ ... ဟုတ်လား ...မသိပါဘူးဗျာ ....ဝေးရင်ကားကြုံခေါ်သွားပေးမလို့ပါ ...ဒါဆိုလဲသွားပြီနော် "
" ဟုတ်ကဲ့ "
ဟန်လင်းသန့် နှုတ်ဆက်စကားပြောပြီးတာနဲ့ ကားကို မောင်းထွက်လာခဲ့လိုက်တယ်။ကားမောင်းနေရင်း နောက်ကြည့်မှန်ကနေ ကြည့်လိုက်တော့ အိမ်ဘက်ကိုတချိုးတည်းပြန်လစ်ပြေးသွားတဲ့ မြရွက်ဝါကို တွေ့လိုက်ရတာမို့ ဟက်ခနဲတစ်ချက်ရယ်လိုက်မိတယ်။ ဒီလောကမှာ သူ့ကိုစိတ်အနှောက်အယှက်ပေးတဲ့သူမျိုးကို ဟန်လင်းသန့်အမုန်းဆုံးပဲ။ သူမနဲ့ စတွေ့ချိန်းကတည်းက ဟန်လင်းသန့်ဆိုတဲ့ သူ့ဘက်က ရိုးသားခဲ့တယ်။အသက်အရွယ်နဲ့မလိုက် ဖိုးရိုးဖားရားတွေဝတ်ပြီး အချယ်အသမရှိ မာန်မာနမရှိတဲ့ပုံစံမျိုးမို့ စိတ်ရင်းနဲ့ ခင်မင်ပေးခဲ့တယ်။ ဒီလောက် သူ့ဘက်က ရိုးသားခင်မင်ခဲ့ပါရဲ့နဲ့ သူ့အပေါ် ဒီလို ဒီလိုပုံမျိုးလာချိုးရင်တော့ ဘယ်သူ့ကိုမှ ဟန်လင်းသန့် ခွင့်မလွှတ်ဘူး။အထူးသဖြင့် မာယာများပြီး ဟန်ဆောင်လိမ်ညာကြတဲ့ မိန်းမတွေကို ဟန်လင်းသန့် သိပ်မု***န်းတယ်။
~~~~~
" အခြေအနေဘယ်လိုလဲ မင်းဆွေ "
" အခြေအနေက မကောင်းဘူးဆရာ....အဘိုးကြီးအခြေအနေက သိပ်မကောင်းသလိုပဲ...စိတ်ဓါတ်ကျသွားလို့လားမသိဘူး...အဘွားကြီးလဲ ဒီလိုပဲ ယဲ့ယဲ့ပဲကျန်တယ်ဆရာရေ,,,သူတို့အတွက်ဝေစုလဲသိပ်ကျန်ပုံမရတော့ ခြံထဲမှာသစ်ပင်လေးစိုက်ပြီးချွေချွေတာတာစားနေကြတယ်..."
" သူတို့ရဲ့သမီးအကရော အခြေအနေဘယ်လိုလဲ "
ဟန်လင်းသန့်ကသူသိချင်တာကိုမေးလိုက်တယ်။မင်းဆွေကတော့ သူတို့အကြောင်းကို မသိတာမို့ သူသိလာသမျှကို အေးအေးဆေးဆေးပြောပြနေတယ်။
" အဲ့ဒီကောင်မလေးကတော့ တော်တော်ဆိုးဆိုးပဲဆရာရေ...လောင်းကစားဝိုင်းတွေမှာပဲ ခြေရှုပ်နေတာ....တွဲလိုက်တဲ့ကောင်တွေကလဲ မကောင်းတဲ့ကောင်တွေချည်းပဲ...ဒီးကြားထဲက သူကအမ်းချင်သေးတာ...တကယ်မလွယ်ပါဘူးဆရာရယ်...ကြည့်ရတာ လက်ထဲငွေကုန်သွားရင် အဘိုးကြီးအဘွားကြီးကိုငွေသွားညှစ်အုံးမယ်ထင်တယ် "
" အင်း ..ကြားရတာလဲ စိတ်ပျက်စရာကြီးပါလား...မကြာခဏတော့ သွားကြည့်ပေးကွာ...နှစ်လတစ်ခါလောက်ဖြစ်ဖြစ်ပေါ့...အဘိုးကြီးကအခြေအနေမကောင်းဘူးဆိုတာက စိုးရိမ်ရတဲ့အခြေအနေလား "
" အဲ့ဒီလိုပဲပြောရမလားမသိဘူး ဆရာ...ကြည့်ရတာ...အဘိုးကြီးက အိမ်ထဲကအိမ်ပြင်ကိုမထွက်တော့တာ "
" ဪ ...အိမ်ကြီးတစ်လုံးလုံးဆုံးရှုံးသွားလို့ စိတ်ထိခိုက်သွားတယ်ထင်တယ်...ဒီလောက်လေးက မိသားစုပြိုကွဲတာကိုမမှီသေးပါဘူး "
ဟန်လင်းသန့်နာနာကြည်းကြည်းပြောလိုက်မိရင်း ဆုံးပါးသွားပြီဖြစ်တဲ့ ဖခင်ကြီးကိုမြင်ယောင်သတိရသွားမိတယ်။သူခံစားခဲ့ရတာတွေက နှစ်တွေဘယ်လောက်ပဲ ကြာကြာပျောက်ပျက်မသွားဘဲ ရင်ထဲမှာနက်နက်ရှိုင်းရှိုင်းနဲ့နာကျင်နေတုန်းပဲ။မြောင်းပုပ်နံ့နဲ့နံစော်ညစ်ပတ်နေတဲ့ အနံ့အသက်တွေက သူ့နှာခေါင်းထဲမှာစွဲထင်ကျန်နေတုန်းပဲ။သူခံစားခဲ့ရတာတွေအတွက် ဦးမင်းနိုင်အပေါ်မှာ ကံတရားကဝဋ်ပြန်လည်စေတာဆိုတော့ ဒီအတွက်ဟန်လင်းသန့်ရင်ထဲမှာ ကျေနပ်မိတယ်။လူဆိုတာ ကိုယ်လုပ်ခဲ့တာတွေအတွက် ထိုက်သင့်တဲ့တန်ကြေးတော့ ပြန်ပေးဆပ်ရမှာပဲလေ။ဒါမှလေ တရားမျှတမှုဆိုတာရှိမှာမဟုတ်လား။ဒီအတွက်တော့ ဟန်လင်းသန့်ရင်ထဲမှာ ဘယ်သူ့အတွက်မှဘာခံစားချက်မှကို မရှိတာသေချာတယ်။
~~~~~~~
" ဘယ်လိုလဲမောင် ....အိမ်က ဘာပြောလဲ "
မိုးရတနာက ရဲမြတ်မောင်ကို မေးလိုက်တယ်။
"အင်း ...အမေကလုပ်ပေးမယ်လို့ပြောတယ် ... ဈေးအနည်းဆုံးဖြစ်မဲ့ အေဂျင်စီကို မောင်တို့ရှာကြမယ်လေ "
" အင်းပါမောင်ရဲ့ ...အဲ့ဒါကို မိုးပဲရှာပေးပါ့မယ်....အလုပ်ရလို့ မောင်ဟိုရောက်သွားပြီဆိုတာနဲ့ မိုးကိုလှမ်းခေါ်ရမယ်နော် ...မိုးပါလိုက်ခဲ့မှာဆိုတော့ ဂျပန်ပဲသွားနော်မောင် ... "
" ဟုတ်ကဲ့ပါမိုးရယ်....မမမိုးသဘောပါဗျ "
" သွားပါ ....ပြောရင်တော့ မမမိုးသဘောချည်းပဲ...ပြီးတော့ မနေ့ကလဲ ဖုန်းသုံးခါပဲဆက်တယ် ..မောင်နော်အချိုးတွေပြောင်းနေတာလား "
မိုးရတနာက နှုတ်ခမ်းလေးစူပြီးမေးလိုက်တယ်။
"မဟုတ်ရပါဘူးကွာ ..... ဒီတစ်လော မားသားကြီးကပွမ်လွန်းလို့ ခဏငြိမ်နေတာပါ ...မောင်တို့ အွန်လိုင်းပေါ်ကပဲ စကားပြောကြမယ်လေ "
" ဟွန်း..မသိဘူးကွာ ....ဘာလဲ မောင်က မားမားဘွိုင်းလား ...စကားပြောလိုက်ရင် မားသားကြီးမပါရင်မပြီးဘူး "
" ဟာကွာ ..မောင်ကမားမား ဘွိုင်းဖြစ်စရာလား .... နိုင်ငံခြားထွက်ဖို့ကိစ္စပြောထားတော့ မားသားကြီးကျေနပ်အောင်နေနေရတာပါ ...မားသားကြီးကျေနပ်လို့ ငွေထုတ်ပေးမှ ... မောင်တို့အတွက် အဆင်ပြေမှာလေ "
https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz
အပိုင်း (၉)
https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz
အပိုင်း ၁ဝ
https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz
အပိုင်း ၁၁
https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz
အပိုင်း ၁၂
https://fb.watch/pQw62cSEjV/?mibextid=Nif5oz
အပိုင်း (၁၃)
https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz
လက်ရှိထမင်းကျွေးနေတဲ့အမေ၊အသက်ကိုရင်းပြီးမွေးပေးခဲ့ရုံမကဘဲ ချေးကလူသေးကလူပြုစုစောင့်ရောက်ပေးခဲ့ရတဲ့အမေကိုတော့ အဖက်တောင်မလုပ်ဘူး။သူတို့အတွက်နေပူမိုးရွာမရှောင်ရှာဖေကျွေးမွေးခဲ့တဲ့မိဘကို အထင်လဲမကြီးသလို လေးစားမှုလဲမရှိကြဘူး။မွေးထားတဲ့သားသမီးတွေကိုယ်တိုင်က မိဘကိုချစ်ခင်ငဲ့ညှာရမှန်းလဲမသိ၊လေးစားတန်ဖိုးထားရမှန်းလဲမသိတော့ သားသမီးနဲ့ပတ်သက်လာလို့ မတော်ချင်ပါဘဲ တော်စပ်လိုက်ရတဲ့သူတွေကလဲ ဒီအချိုးအတိုင်းပဲလာကြတော့တာလေ။သားသမီးအများစုက မိဘပြောသမျှကိုဆန့်ကျင်လိုက်ရမှကျေနပ်ကြတာလားမသိ။မြခွါညိုသက်ပြင်းကိုမသိမသာချလိုက်မိတယ်။
" ဂျပန်ဆိုရင်တော့ အလုပ်ရှာပေးတဲ့အေဂျင်စီတွေနဲ့ပဲ ရှာရမှာပေါ့ ....အခုကုန်ကျစရိတ်ကဘယ်လောက်တွေဖြစ်ကုန်ပြီလဲ...ငါးဆယ်ကျော်ပြီထင်တယ်.....သွားမယ်လို့ဆုံးဖြတ်ပြီးရင်လဲ ဘယ်ကိုသွားမလဲဆိုတာကိုသေချာစဉ်းစားပါအုံး ...စင်္ကာပူဆိုရင်တော့ နေဖို့ထိုင်ဖို့ကအစ ကူညီပေးမဲ့သူတွေအများကြိးပဲ ....ဒါပေမဲ့ ငါ့သားသဘောပါ...အမေကအဆင်ပြေနိုင်တာကိုပြောပြတာ "
မာမာထန်ထန်ပြောလိုက်ရင် စိတ်ပြောင်းသွားမှာကြောက်လို့ မြခွါညိုမှာ စိတ်ကိုလျှော့ပြီးလေသံပျော့လေးနဲ့ပြောလိုက်ရတေယ်။မိဘတွေရဲ့သောကဒုက္ခဆိုတာ ဒါပဲထင်ပါရဲ့။ကိုယ်မွေးထားပြီး ကိုယ်ရှာကျွေးနေရတဲ့ သားသမီးကို အလိုလိုက်အကြိုက်ဆောင်ပြီးလိုက်လိုက်လျောလျောဆက်ဆံပေးနေရတဲ့ဘဝတွေပါ။တကယ်တော့ ဒီလိုတွေလုပ်နေရတာကလဲ သူတို့ဘဝရှေ့ရေးအတွက်ဆိုတာကို သူတို့တွေမသိကြတာလား။မသိချင်ယောင်ဆောင်နေကြတားလား သူတို့တွေပဲအသိဆုံးဖြစ်လိမ့်မယ်။မိဘကတစ်ခုခုပြောလိုက်ရင် လူကြီးတွေကလူငယ်တွေကိုနားလည်မပေးဘူးဆိုတဲ့ စကားလုံးကြီးတွေနဲ့ ပတ်ဝန်းကျင်ကြားအောင်ပြန်အော်သေးတာ။အသက်အရွယ်တွေ ကြီးတောင့်ကြီးမားနဲ့ မိဘပင်ပင်ပန်းပန်းရှာကျွေတာကိုထိုင်စားနေပြီး လွတ်လပ်ခွင့်ကျတော့အပြည့်အဝလိုချင်တယ်။မိဘကိုတော့ အိမ်မှာအမှိုက််တစ်ချက် ကူလှည်းဖော်မရဘဲ ဖုန်းနဲ့မျက်နှာမခွါဘဲ ဂိမ်းထဲမှာမှိုင်းမိနေတဲ့သူတွေ၊ဘာမှမယ်မယ်ရရအလုပ်မလုပ်ဘဲ မိဘကိုဒုက္ခပေးပြီးလမ်းပျေက်သလိုဖြစ်နေတဲ့ လူငယ်လေးတွေအတွက် လမ်းပြပေးနိုင်မဲ့နေရာတွေ။လူအဖွဲ့အစည်းတွေနဲ့လူတွေအများကြီးရှိစေချင်မိတယ်။ဒါမှလဲ မိဘဆွေမျိုးတွေရဲ့ပြောသမျှကို ဆန့်ကျင်ဘက််လုပ်ပစ်တတ်တဲ့ မောင်မောင့်လိုလူငယ်လေးတွေရဲ့အနာဂတ်တွေကလှပလာနိုင်မှာလေ။ဒီလိုလူငယ်လေးတွေရဲ့အနာဂတ်တွေလှပမှလဲ သူတို့လက်ထဲမှာ အိုမင်းမစွမ်းဖြစ်ပြိး ဘဝနေဝင်ချိန်ကိုစောင့်ရမဲ့သက်ကြီးရွယ်အိုတွေရဲ့ဘဝနေဝင်ချိန်တွေကလဲလှပနိုင်မှာလေ။
~~~~~~~~~~~
မြရွက်ဝါအိမ်ရှေ့လမ်းထဲကို ချိုးအကွေ့လိုက်မှာ တိုက်ရှေ့မှာရပ်ပြီး စကားပြောနေကြတဲ့ ဟန်လင်းသန့်နဲ့ပန်းနုထွေးကိုတွေ့လိုက်ရတာမို့ ခြေလှမ်းတွေရပ်တန့်သွားရတယ်။သိပ်မဝေးလှတဲ့ အကွာအဝေးမှာ သူတို့ကလဲမြရွက်ဝါကိုလှမ်းမြင်သွားကြတယ်။မြရွက်ဝါ ခေါင်းကိုငုံ့ကာမျက်နှာကိုလွှဲလိုက်ပြီး နောက်ကြောင်းကိုပြန်လှည့်ပစ်လိုက်တယ်။
သူတို့ကိုမြင်ကာမှ ရှေ့ဆက်နေတဲ့ ခြေလှမ်းတွေကိုနောက်ကြောင်းပြန်လှည့်ပစ်လိုက်ပြီး.ကျောခိုင်းသွားတဲ့မြရွက်ဝါကိုလှမ်းကြည့်လိုက်မိပြီး ဟန်လင်းသန့်စိတ်ထဲဟားတိုက်ပြီးရယ်ချင်သွားမိတယ်။သူလိုကောင်ကို အထင်သေးရဲတဲ့မိန်းမ၊မာယာမျာဟန်ရေးပြနေတဲ့ဒီမိန်းမကိုပါ ပညာပေးပစ်ဖို့ကိုဟန်လင်းသန့်ဆုံးဖြတ်လိုက်ပြီး ဟက်ခနဲတစ်ချက်ရယ်လိုက်မိတယ်။ဟန်လင်းသန့်ဘဝမှာ မလှမပမိန်းမတစ်ယောက်နဲ့တွဲခဲ့ဖူးတယ်ဆိုတဲ့မှတ်တမ်းတော့ မကြာခင်မှာရှိလာတော့မှာပေါ့။
" ဟော့တော့ ကိုလင်း...ဘာရယ်တာလဲ ပြောပါအုံး "
ပန်းနုထွေးက နားမလည်န်ုင်ဘဲမေးလိုက်တယ်။
" ဆောရီး ပန်းနု....ကျွန်တော်အလုပ်ကိစ္စဆီစိတ်ရောက်သွားလို့ပါ....ကျွန်တော်သွားစရာလေးပေါ်လာလို့ ခွင့်ပြုပါအုံး ပန်းနု "
ပန်နုထွေးကိုနှုတ်ဆက်စကားပြောပြီးတော့ ဟန်လင်းသန့်ကားပေါတက်ပြီးမောင်းထွက်လာခဲ့လိုက်တယ်။
====================================
အပိုင်း( ၁၅ ) ဆက်ရန်
A KYI PHYU
#ဧကြည်ဖြူ
အပိုင်း( ၁ ) Link
https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz
အပိုင်း (၂) Link
https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz
အပိုင်း(၃)Link
https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz
အပိုင်း (၄)
https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz
အပိုင်း (၅)
https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz
အပိုင်း (၆)
https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz
အပိုင်း ၇
https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz
အပိုင်း ၈
" ရှင်...မ..မလုပ်ပါနဲ့အဘွားရယ်....မြရွက်အိမ်ထောင်ပြုဖို့စိတ်ကူးမရှိပါဘူး....အိမ်ထောင်ရေးဒုက္ခတွေကိုလဲမြရွက်မခံနိုင်ဘူး ...မတော်သားသမီးမွေးလာခဲ့ရင်လဲ ...သားသမီးဒုက္ခပေးတာကို မခံနိုင်ဘူး...ပြီးတော့ အဘွားသိအောင် မြရွက်ပြောအုံးမယ်...မြရွက်ကကြီးကြီးတို့တွေထင်နေသလို ဟန်လင်းသန့်ဆိုတဲ့သူကို စိတ်လဲမဝင်စားဘူး...ဂရုလဲမစိုက်ဘူး...သူလိုလူနဲ့မြရွက်ကအခြေအနေချင်းတခြားစီဆိုတာကိုလဲသိတယ်...ဘာဇာတ်လမ်းမှဖြစ်စရာလဲအကြောင်းလဲမရှိဘူး...အဲ့ဒါကြောင့်ကြီးကြီးတို့တွေ မြရွက်ကိုရွှဲစောင်းပြီးပြောနေကြတာတွေကို အဘွားတားပေးပါ...တကယ်လိုဒီလိုပဲဆက်ပြောနေကြမယ်ဆိုရင်.... မြရွက်သည်းခံနေမှာမဟုတ်တော့ဘူး....မြရွက်ကိုတိုင်ကလုယူသူမဟုတ်ရင်တောင် ... ပျက်စီးအောင်လိုက်ဖျက်ဆီးပစ်လိမ့်မိမယ်....အဒါ့ကြောင့် အဘွားကလဲ ကြိးကြိးတို့ကိုတားပေးပါ...မြရွက်ဘက်ကလဲ ဟန်လင်းသန့်နဲ့မျက်နှာချင်းဆိုင်ဆုံမိရင်တောင် စကားမပြောဘဲရှောင်သွားပါ့မယ်...အခုလဲအဲ့ဒီလိုပဲလုပ်နေတာပါ....ဘယ်လိုယောက်ျားတစ်ယောက်အတွက်မှ မြရွက်ဘဝကိုသူများတွေစောင်းမြောင်းပြောဆိုတာမျိုးတွေမခံနိုင်ပါဘူး....ဒါပေမဲ့မဟုတ်တမ်းတရားတွေပြောဆိုပါများလာရင်တော့ လူ့စိတ်ဆိုတာပြန်ပြီးအရွှဲ့တိုက်တတ်တယ်အဘွား....မြရွက်ပြန်တော့မယ်အဘွား...ဒီစကားတွေပြောချင်လို့ ....အဘွားက မြရွက်ကိုတမင်ခေါ်ခဲ့တာမဟုတ်လား မြရွက်သိပါတယ် "
စိတ်ထဲရှိတဲ့အတိုင်း အဘွားကိုပြောလိုက်ပြီးတော့ အဘွားအခန်းထဲကနေ မြရွက်ထွက်လာခဲ့လိုက်တယ်။အခန်းအပြင်ဧည့်ခန်းထဲမှာတော့ ကြီးကြိးတို့သားမိသုံးယောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်။သားမိသုံးယောက်လုံး အမျိုးမတော်ရသေးတဲ့ယောက်ျားတစ်ယောက်အတွက် ပူလောင်သောကများနေတာကိုတွေ့လိုက်ရတော့ မြရွက်ဝါစိတ်ထဲမှာ သနားသလိုလိုတောင်ဖြစ်လာမိတယ်။သူတို့ခမျာ ပူလောင်စိုးထိတ်နေကြတာများ မျက်နှာတွေမှာအထင်သားပေါ်လွင်နေကြတယ်လေ။မိန်းမဈေးကျတယ်ဆိုတာ ဒီလိုလူမျိုးတွေကြောင့်လဲပါမယ်ထင်ပါရဲ့။လိုတာထက်ပိုပြိးသဲပြကဲပြနေလေတော့ ယောက်ျားတွေကငါတို့ဘာလုပ်လုပ်သူတို့လက်ခံတယ်။ကျေနပ်တယ်။ခွင့်လွှတ်နိုင်တယ်ဆိုပြိး အရမ်းတွေအနိုင်ယူပြီးအဟုတ်ကြီးထင်ကုန်ကြတာလေ။လောကကြီးမှာ သူများလူကိုမှလုချင်သူတွေ၊စနိုက်ကျော်ချင်သူတွေများနေကြသလို ဒီလိုမျိုးသဲသဲလှုပ်နေသူတွေရှိနေလို့လဲ အားလုံးကမောက်ကမတွေဖြစ်နေကြတာများလားမသိဘူး။တကယ်တော့ ဘာမဆိုအစွန်းမရောက်ဘဲ ကိုယ်ချင်းစာစိတ်နဲ့ အကျင့်သီလနည်းနည်းလေးသာစောင့်ထိန်းလိုက်နိုင်ရင် လောကကြီးကအေးချမ်းပြီးလူတွေရဲ့ဘဝတွေကလဲ ပျော်ရွှင်စရာကောင်းလာလိမ့်မယ်လို့ မြရွက်ဝါကတော့ ယုံကြည်မိတယ််။
~~~~~~~~~~~
" အမေ ....ကျွန်တော်နိုင်ငံခြားသွားချင်တယ် ငွေထုတ်ပေးပါ '
သားဖြစ်သူမောင်မောင်ရဲ့စကားကြောင့် မြခွါညိုအံ့ဩတုန်လှုပ်သွားရတယ်။သူမအနေနဲ့က သားဖြစ်သူကို နိုင်ငံခြားကိုပို့ချင်နေခဲ့တာကြာနေခဲ့ပြီ။နိုင်ငံခြားကို ပို့ချင်လို့လဲ အင်္ဂလိပ်စကားပြောနဲ့ဂျပန်စကားပြောသင်တန်းတွေကို ငွေကုန်ခံပြီးတက်ခိုင်းခဲ့တာလေ။လွန်ခဲ့တဲ့လတွေန်းကတော့ နိုင်ငံခြားကိုသွားဖို့ ဘယ်လောက်ပြောပြောမရခဲ့တဲ့သူက အခုတော့ကိုယ်တိုင်ပြောလာပြီဆိုတော့ မြခွါညိုကျေနပ်ပျော်ရွှင်သွားမိတယ်။သူ့ဘာသာရည်းစားနဲ့ပြဿာနာဖြစ်လို့စိတ်ညစ်ပြီးပဲသွားသွား ၊ဘယ်လိုအကြောင်းနဲ့ပဲသွားသွားကျေနပ်မိတယ်။မိခင်တစ်ယောက်ရဲ့အတ္တလို့ပဲပြောပြော သားနဲ့သူ့ကောင်မလေးဘယ်လောက်ထိပဲ လွန်လွန်ကျူးကျူးဖြစ်ခဲ့ကြပါစေ ပေးစားလိုက်ဖို့အထိတော့ မြခွါညိုလက်မခံနိုင်ဘူး။မိန်ကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ် တဏှာစိတ်ကြီးတဲ့သူ၊ပေါ့ပေါ့နေပေါ့ပေါ့စားနဲ့အပျင်းကြီးပြီးအပျော်ပါးပဲမက်နေတဲ့သူမျိုးကို ဘယ်မိဘကကိုယ့်သားသမီးနဲ့ကျေကျေနပ်နပ်သဘောတူနိုင်မှာလဲ။ဖြစ်နိုင်ရင် တစ်ဖက်ကလူကို ပါးနားတွေရို ..က်ပစ်ပြီးသွားလုပ်ပစ်လိုက်ချင်တာ။ကိုယ့်သားသမီးက ကိုယ့်ဘက်မပါလို့သာ ရင်အကွဲခံပြီးလက်ပိုက်ကြည့်နေခဲ့ရတာ။
" မင်းသွားချင်တယ်ဆိုရင် ပို့ပေးမယ်လို့ အမေပြောပြိးသားလေ...စင်္ကာပူမှာလဲအမေ့မိတ်ဆွေတွေရှိတယ် ..အင်္ဂလိပ်စကားပြောကျွမ်းရင် သားပုံစံသားရုပ်ရည်နဲ့ဆိုရင် ...စတိုးဆိုင်ကြီးတွေမှာလဲ အလုပ်ရနိုင်တယ်တဲ့....အမေ့သူငယ်ချင်းတွေကလဲ ကူညီပေးမယ်လို့ပြောထားပြီးသား "
" မဟုတ်ဘူးအမေ...ကျွန်တော်ကဂျပန်မဟုတ်ရင် ....ကိုရီးယားပဲသွားချင်တာ "
သားသမီးဆိုတာဘဝအဆက်ဆက်မှာ မိဘကိုကန့်လန့်တိုက်တဲ့အကျင့်တွေဆင့်ပွားလာကြတာလား မသိဘူး။ဒါမှမဟုတ် မြခွါညိုကိုယ်တိုင်ကလဲ မိဘတွေစကားကိုနားမထောင်ဘဲ ငပွေငရှုပ်ကောင်ကိုမိုက်မိုက်မဲမဲယူခဲ့မိလို့ဝဋ်လည်တာလေလားမသိ။မြခွါညိုက အသက်ကိုရင်းပြီးမွေးထားရတဲ့သားဖြစ်သူက မြခွါညိုဘာပြောပြောဘာပဲအကြံပေးပေး အားလုံးခေါင်းတယမ်းယမ်းနဲ့ငြင်းဆန်ပစ်တာ။မအေကကိုယ်တွေ့ကြုံခဲ့တာတွေကိုနှိုင်းယှဉ်ပြီးပြောပြလဲ လက်မခံဘူး။ငယ်ငယ်တုန်းကတော့ မအေအနားကမခွါတမ်းလိုက်ကပ်နေခဲ့တဲ့သူ။အမေပြောတဲ့စကားတစ်ခွန်းကိုသာ အမှန်လို့ထင်ခဲ့တဲ့သူက အခုတော့ တစ်လောကလုံးကလူတွေပြောသမျှကိုလက်ခံရင်တောင် မအေပြောတာအကြံပေးတာကိုတော့လက်မခံတော့ဘူး။မယူရသေးတဲ့သူ့ရည်းစားက ခိုင်းရင်ချက်ချင်းထသွားပြီး
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၄)
akyiphyu
********
" အမယ်လေး...သမီးကြီးရယ်...တစ်ခုလပ်ဆိုပြီးသိမ်ငယ်နေစရာမလိုပါဘူး ....ဒီခေတ်ကဟာမတွေက လွယ်တာမဟုတ်ဘူး....သူများဟာကိုမှမျက်စိကျတတ်ကြတဲ့အောက်တန်းစားတွေများတယ်.....အိမ်ထောင်ရှိမှန်းသိသိနဲ့ရော...ချစ်သူရည်းစားရှိမှန်းသိသိနဲ့ရော သူများလူကို တမင်ဝင်လုံးကြတယ်....ဟန်ရေပြကြတယ်...မူရာမာယာများပြီး အမျိုးမျိုးဟန်ရေးပြကြတယ်...ဒါတွေကိုတော်ရုံယောက်ျားတွေက မခံနိုင်တော့ ပါကုန်ကြတာပေါ့.....အဲ့ဒီလိုမိန်းမတွေက ရိုင်းရိုင်းပြောရရင် ကြေးစားတွေလောက်တောင် အဆင့်အတန်းမရှိတဲ့ဟာတွေပေါ့ "
ကြားလိုက်ရတဲ့စကားတွေက ဟုတ်နေသူတွေအတွက် မှန်ကန်တဲ့ စကားတွေဆိုပေမဲ့ အထင်လွဲအမြင်လွဲပြောဆိုခံရသူအဖို့ဆိုရင်တော့ ရန်ထသ..တ်လောက်တဲ့စကားတွေ။ဒီစကားတွေကို ကြီးကြီးနဲ့သူ့သမီးကြီးဖြစ်တဲ့ သဲနုထွေးတို့က မြရွက်ဝါအိမ်ထဲဝင်လာမှပဲ တမင်ပြောနေကြတာလား အစကတည်းကပဲပြောနေကြတာလားမသိဘူး။ဒါပေမဲ့ သူတို့အသံတွေက မြရွက်ဝါကိုမြင်မှ ပိုကျယ်လာသလိုဖြစ်လာတာကိုတော့ သတိထားလိုက်မိတယ်။ ပြီးတော့ တင်းမာနေတဲ့ပန်းနုထွေးမျက်နှာက်ိုကြည့်ပြီး မြရွက်ဝါစိတ်ရှုပ်သွားမိတယ်။ဘာမဆိုင်ညာမဆိုင်ယောက်ျားတစ်ယောက်အတွက် အမျိုးမျိုးအထင်သေးခံနေရတာကိုလဲ ခံပြင်းနေမိတယ်။လူကိုမြင်ရင် ရွှဲ့စောင်းပြီးပြောရတာနဲ့ ပေါ်တင်ပြောရတာနဲ့ အမျိုးမျိုးကိုပြောနေကြတော့တာ။မဟုတ်ဘူးပြောလဲ ဆက်ပြောနေကြတာကို မြရွက်ဝါအတော်လေးအမြင်ကပ်လာမိတယ်။ပြောတဲ့သူတွေထဲမှာ အဘွားကိုယ်တိုင်ပါနေတာကတော့ မြရွက်ဝါရင်နာမိတယ်။အခုလဲ အဘွားခေါ်လို့ လာခဲ့လိုက်တာကို မြရွက်ဝါကိုမြင်တာနဲ့ ပန်းနုထွေးရဲ့မျက်နှာက တင်းမာသွားခဲ့ပြီး ကြီးကြီးနဲ့သဲနုဖွေးကတော့ မြရွက်ဝါကိုကြည့်ပြီး ရွှဲ့စောင်းပြီးပြောနေကြတော့တာလေ။ဒီနေ့ကရုံးပိတ်ရက်ဆိုတော့ ကြီးကြီးတို့အိမ်မှာလဲ ကြီးကြီးယောက်ျားကလွဲလို့လူစုံတက်စုံကိုရှိနေကြတာလေ။အစ်မဖြစ်သူသဲနုဖွေးရဲ့သမီးလေးကတော့ မြရွက်ဝါကိုလှမ်းပြုံးပြပြီး သူ့အခန်းရှိရာအပေါ်ထပ်မှန်ခန်ဆီကိုတက်သွားခဲ့တယ်။ဒီမိသားစုမှာ ဒီတူမလေးနဲ့ကြီးကြီးယောက်ျားကတော့စိတ်ထားလေးနည်းနည်းမှန်လို့တော်သေးတာ။
" အဘွား မြရွက်ကိုခေါ်တယ်ဆို...ဘာခိုင်းမလို့လဲဟင်..."
မြရွက်ဝါ အားလုံးကိုမသိချင်ယောင်ဆောင်ပြီး အဘွား အခန်းထဲကိုပဲဦးတည်ဝင်းခဲ့လိုက်ပြီး မေးလိုက်တယ်။
" အေး..ခေါ်တယ်...ညည်းတို့လဲနော်...ဘွားအေကို ဘာလေးလုပ်ပေးရမလဲ....ဘာညာတောင်လာမေးဖော်မရကြဘူး ....ငါ့မှာတော့ တကွဲတပြားဖြစ်မှာစိုးလို့ ကြက်မကြီးလိုအုပ်ထားလိုက်ရတာ...ညည်းတို့ကတော့ နေသာသလိုနေနေကြတော့တာပဲ.... ဘွားအေနေမကောင်းလို့ သတင်းမေးဖော်မရကြဘူး...ငါ့မှာ ငါ့သမီးကြီးနဲ့ ငါ့မြေးတွေရှိလို့တော်သေးတာပေါ့....ညည်းတို့တွေကိုများမျှော်ကိုးပြီးစားရမယ်ဆိုရင် ရေတောင်မှန်မှန်သောက်ရပါ့မလားမသိဘူး...ဒါနဲ့မောင်မောင် မနေ့ညကလဲ ပြန်မလာဘူးမဟုတ်လား...ညည်းတို့မလဲ ဒီကလေးတစ်ယောက်တောင်မထိန်းနိုင်ကြဘူး...ညည်းတူမသဇင်ဖွေးလေးကိုကြည့်စမ်း ဘယ်လောက်လိမ္မာလိုက်လဲ...ပညာမှာလဲတော်လိုက်တာ..ကျောင်းတက်ရင်းတစ်ဖက်က အလုပ်အတွက်စာတွေလေ့လာနေပြီ ...အဲ့ဒါပြောတာပေါ့အေ ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်မသွားတော့ နောက်နွားကလဲ ...ဒီလိုပဲလာတာပေါ့ ...ညည်းတို့လဲ အသက်တွေမငယ်ကြတော့ဘူး ...ကလေးရှေ့ အနေအထိုင်တွေဆင်ခြင်ကြ .... ဣန္ဒြေသိက္ခာရှိရှီနေထိုင်ကြစမ်းပါအေ ...ကဲ ..ကဲ ...ငါ့ခြေထောက်ကိုနည်းနည်းနှိပ်ပေးစမ်းအေ..."
အဘွားကသူပြောချင်တာတွေကို မနားတမ်းပြောဆိုပြီးတော့ ခြေအစုံကိုထိုးပေးလာတယ်။မြရွက်ဝါဘာမှမပြောဘဲနှုတ်ဆိတ်ကာနဲ့ပဲ အဘွားကိုနှိပ်ပေးနေလိုက်တယ်။
" မိန်မဆိုတာဣန္ဒြေသိက္ခာရှိရှိနေရတယ် မြရွက်ရဲ့...ဘာပဲဖြစ်ဖြစ်အချိန်တန်ရင်လင်တစ်ယောက်တော့ရမှာပဲ...ပိုင်ရှင်ရှိသူကိုများတာ့ယောင်လို့တောင်စိတ်မကူးပါနဲ့အေ...သူများမိသားစုမျက်ရည်ပေါက်ကြီးငယ်ကျမှ ကိုယ်ပျော်ရွှင်ရမယ်ဆိုရင်.... ကောင်းစားလဲဒီတစ်ဘဝပဲ....အဒီလိုအရှက်သိက္ခာမရှိတဲ့မိန်းမတွေကြောင့်..... ညည်းအစ်မနှစ်ယောက်နဲ့ ညည်းတူနဲ့တူမလေးလဲ အဖေမဲ့ခဲ့ရပြီးပြီ....သူတို့မှာကူညီစောင့်ရှောက်ပေးနိုင်တဲ့မိဘဘိုးဘွားတွေရှိလို့ပေါ့.... မရှိများမရှိရင် အခုချိန်လောက်ဆိုလမ်းဘေးမှာဖက်သီဖက်သီနဲ့ရှာစားနေရပြီ...မယားငယ်ခံ အငယ်အနှောင်းဘွဲ့ခံပြီးကောင်းစားနေတဲ့ ဟာတွေများသွားအားမကျပါနဲ့အေ...သူတို့ကကောင်းစားလဲ တစ်ဘဝစံတွေပါ...ဒီတစ်ဘဝပဲလူဖြစ်မှာတွေပါ...ဟော့ဒီရခဲ့လှတဲ့လူတစ်ဘဝမှာ ကိုယ်ကလုတဲ့သူမဖြစ်စေနဲ့ အလုခံရလဲဒီတစ်ဘဝပေါ့...အေး လုတဲ့သူများကျတော့ ...တစ်ဘဝကောင်းစားရေးအတွက်.... ဘဝအဆက်ဆက်ကိုစတေးလိုက်ကြတာ သူတို့မသိကြဘူး...နောက်ဘဝဆိုတာဘာလဲ မသိန်ုင်မယုံကြည်နိုင်ဘူးဆိုတဲ့သူတွေက သူ့တို့အပြစ်တွေကိုဆက်ကျူးလွန်နေကြလိမ့်မယ်...အဲ့ဒီလို လူ့အသိစိတ်မရှိတဲ့သူတွထဲမှာ ကိုယ်မပါစေနဲ့ကြားလား...အဘွားကငါ့မြေးအပေါ် သံယောဇဉ်ကြီးလွန်းလို့ပြောတာ...ပြီးတော့အဘွားစီစဉ်ထားတာရှိတယ်...ငါ့မြေးကို နယ်ကအဘွားမိတ်ဆွေတစ်ယောက်ရဲ့သားနဲ့နေရာချပေးမလို့ "
အပိုင်း (၂) Link
https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz
အပိုင်း(၃)Link
https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz
အပိုင်း (၄)
https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz
အပိုင်း (၅)
https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz
အပိုင်း (၆)
https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz
အပိုင်း ၇
https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz
အပိုင်း ၈
https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz
အပိုင်း (၉)
https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz
အပိုင်း ၁ဝ
https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz
အပိုင်း ၁၁
https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz
အပိုင်း ၁၂
https://fb.watch/pQw62cSEjV/?mibextid=Nif5oz
" ဟာဗျာ ..အမေဘာဖြစ်နေတာလဲ....ယူတော့ရော ကျွန်တော်ယူရမှာလေ...အမေနဲ့အနေသာကြီးပါ....ပြီးတော့ ကျွန်တော်တို့ယူဖြစ်လား... မယူဖြစ်လားလဲမသိသေးဘူး...အမေပဲဖြစ်နေတာ.."
" ဘာ...ဘာပြောလိုက်တယ်...နင်ကငါ့သားသမီးလေ...နင်ယူလိုက်တဲ့မိန်းမက ငါနဲ့ဘာမှမဆိုင်ဘူးလား..ပြောစမ်းပါအုံး ...ပြီးတော့ ဘာပြောတယ်...ယူဖို့မယူဖို့ မသေချာသေးဘူးဟုတ်လား...ဒါဆို နင်တို့ကမသေချာသေးဘဲနဲ့ ...ဘာလို့ အတူတူနေနေကြတာလဲ...ပြောစမ်းပါအုံးဟဲ့..."
" ဟာဗျာ မသိတော့ဘူး.....ဒီကိစ္စကိုသူ့ဘက်ကတောင်ကျေနပ်လို့စတာလေ...သူ့အိမ်ကလဲ ဘာမှမပြောဘူး...အမေကဘာဖြစ်နေတာလဲ...ကျွန်တော် ဒီစကားတွေကိုအမေနဲ့မပြောချင်ဘူးဗျာ "
" ဪ ငါနဲ့မပြောချင်ရင် ...နင့်ပထွေးနဲ့သွားပြောလေ...ဖအေတူသားရဲ့ ...ဒါမှမဟုတ်လဲ..ဥပဒေနဲ့ကျမှပြောမှာလား...ငါကလဲပြောချင်လွန်းလို့ ပြောနေတာမဟုတ်ဘူး...တစ်ဖက်ကမိန်းကလေးက မိဘဆိုဆုံးမခြင်းမရှိဘဲ တရားလွန်လွန်းလို့ပြောနေရတာ...အဲ့ဒါတွေကြောင့်လဲ...နင့်ဟာမ မိုးရတနာကို ...ငါကအထင်သေးတာ...ဒီလိုပုံစံဒီလိုအချိုးမျိုးကို ...ဘယ်သားရှင်ကမှကြည်ဖြူမှာမဟုတ်ဘူး...မိ..န်းမတန်မဲ့ ဒီလိုကိစ္စမှာ လိုတာထက်ပိုပြီးစိတ်အားထက်သန်နေရင်...ဒီစိတ်ကိုသိက္ခာနဲ့မထိန်းနိုင်ဘူးဆိုရင်...သေချာတာက...သူဟာအိမ်ထောင်ရှင်မကောင်း...မိခင်ကောင်ဖြစ်လာမှာမဟုတ်ဘူးလို့ သက်မှတ်မှာပဲ....ဘာလို့လဲဆိုတော့ သူကယောက်ျားတွေနဲ့အတူလိုက်အိပ်နေတာကို ထမင်းစားရေသောက်လို သာမန်ကိစ္စလေးလို့ပဲ ခံယူထားပုံရလို့လေ...မင်းနောက်ကွယ််မှာ တခြားကောင်တွေနဲ့မဖြစ်ဘူးလို့ မင်းရောရာနှုန်းပြည့်ယုံကြည်လား...ငါတော့လုံးဝမယုံဘူး....ပြီးတော့ ...ကျွန်တော်ကယောက်ျားပဲ .....အလကားရရင်ယူမှာပဲဆိုတဲ့ မင်းရဲ့စိတ်ဓါတ်ကလဲ .... မင်းဖအေနဲ့တူတူပဲ...အချောင်နှိုက်ချင်တဲ့အပေါစားစိတ်ဓါတ်ဆိုတာ သိရဲ့လား...နင့်အဖေနဲ့ငါမကွဲခင် ငါဘယ်လောက်ထိသောကရောက်ခဲ့ရလဲ...မင်းဘယ်လောက်ထိစိတ်ဆင်းရဲခဲ့ရလဲ မင်းအသိဆုံးပါ...မင်းအဖေကိုတောင်းပန်ခဲ့သလို...ဟိုဘက်ကမိန်းမတွေကိုလဲ ...အမျိုးမျိုးတောင်းပန်ခဲ့တယ်...ငါ့မှာမိသားစုမပြိုကွဲဖို့အရေး.... လင်တရူးမလဲအပြောခံခဲ့ရတယ်...နင့်အဖေရဲ့ပါးရိုက်နားရိုက်ထိုး..ကြိတ်.က.န်ကျောက်တာတွေကိုလဲ ခံခဲ့ရတယ်...ဒါပေမဲ့ဘာဖြစ်လာလဲ...သူတို့ရဲ့တဏှာစိတ်တွေကြောင့် ...ငါ့မှာစိတ်ဆင်းကြီးစွာခံစားခဲ့ရပြီးပြီ...ငါ့မှာဒီဒုက္ခတွေကင်းပြီးထင်တာ...နင်ကတစ်စခန်းထလာပြန်ပြီလေ....အေး...နင်လုပ်ချင်ရာကိုလုပ်.....နင်လဲငါ့ကို အမေလို့မသက်မှတ်နဲ့...ငါ့လဲ...နင့်ကိုသားသမီးလို့မသက်မှတ်ဘူး "
မြခွါညိုမှာ ပြောရင်းတန်းလန်းနဲ့မျက်ရည်ပေါက်ကြီးတွေ ကျဆင်းလာပြီး သူမအိပ်ခန်းထဲကိုဝင်သွားခဲ့တယ်။မောင်မောင်ကလဲ သူ့အမေကိုဂရုမစိုက်လေဟန်နဲ့ဖုန်းဝင်လာတာကိုကောက်ကိုင်ပြီး သူ့အခန်းထဲကိုဝင်သွားခဲ့တယ်။အားလုံးကို အလုံးစုံမြင်နေရတဲ့မြရွက်ဝါမှာ သက်ပြင်းကိုချ အံကိုကြိတ်ပြီး ခေါင်းကိုသာခါယမ်းနေမိတယ်။
~~~~~~~~~~~~~
" မြရွက် "
မြရွက်ဝါ သံဘာဂျာတံခါးကိုဖွင့်လိုက်ချိန်မှာ အပေါ် လှေကားကဆင်းလာတဲ့ခြေသံနဲ့အတူ ခေါ်သံကိုကြားလိုက်ရတာမို့ မော့ကြည့်လိုက်တော့ ဟန်လင်းသန့်ကို တွေ့လိုက်ရတယ်။ရုတ်တရက် ဟန်လင်းသန့်ကို တွေ့လိုက်ရတော့ မြရွက်ဝါလဲ သံဘာဂျာတံခါးကိုတောင် ပြန်မပိတ်နိုင်တော့ဘဲ အထဲကို ချက်ချင်းပြန်ဝင်လိုက်ပြီး အတွင်းသစ်သားတံခါးကို ခပ်မြန်မြန်ဆွဲပိတ်လိုက်မိတယ်။
အပြင်ထွက်ဖို့ပြင်နေတဲ့ သူက ကိုယ့်ကိုမြင်လိုက်မှ အိမ်ထဲကို ချက်ချင်းကြီးပြန်ဝင်သွားတာကိုကြည့်ပြီး ဟန်လင်းသန့် မကျေမနပ်ဖြစ်သွားမိတယ်။တနေ့ကလဲ ဒီလိုပဲလှေးကားက အဆင်းမှာ ဆုံလိုက်တော့ ဟန်လင်းသန့်က နှုတ်ဆက်လိုက်သေးတယ်။ဒါကို မြရွက်ဝါက မသိချင်ယောင်ဆောင်ပြီး အိမ်ထဲပြန်ပြေးဝင်သွားခဲ့တယ်။မှတ်မှတ်ရရပြောရရင် အခုက လေးကြိမ်မြောက်မဟုတ်ရင် ငါးကြိမ်မြောက်လောက် ဖြစ်မလားပဲ။ သူ့ကိုမြင်တာနဲ့ ရွံရှာကြောက်ရွံ့စရာ သတ္တဝါတစ်ကောင်နဲ့ဆုံလိုက်ရသလိုမျိုး ထွန့်ထွန့်လူးပြေးသွားတတ်တဲ့ သူမကြောင့် ဟန်လင်းသန့် စိတ်တိုလာမိတယ်။အထူးသဖြင့် မြရွက်ဝါလိုပုံစံမျိုးက သူလိုလူကို မတူမတန်သလိုအချိုးမျိုးချိုးတာကို ဟန်လင်းသန့် ခံပြင်းနေမိတယ်။ပြီးတော့ အခုလိုမျိုးဟန်လင်းသန့်က လှမ်းနှုတ်ဆက်လိုက်တာကိုသိသိနဲ့ ပေါ်တင်ကြီး လုပ်ချသွားတာမျိုးကျတော့ အရမ်း ရုပ်ဆိုးသွားပြီ။ အရမ်းလွန်သွားပြီ။ဟန်လင်းသန့်တွေးရင်းက ခံပြင်းစိတ်နဲ့ခံရခက်လှတဲ့ ဒေါသစိတ်ပါဝင်ရောက်လာခဲ့တယ်။သူမလိုပုံဆိုးပန်းဆိုးက များ သူလိုလူကိုမတူမတန်သလို ပုံစံချိုးသွားတာလေ။ အဲ့ဒါကလဲ မိန်းမတွေရဲ့မာယာဆိုရင်တော့ အဲ့ဒီမာယာကို ဟန်လင်းသန့်ဆိုတဲ့သူက ခြေသုတ်ခုံဘဝရောက်အောင်ကို လုပ်ပစ်လိုက်အုံးမှာ။ဟန်လင်းသန့် နှုတ်ခမ်းကို တွန့်ကွေးကာပြုံးလိုက်ပြီး သံဘာဂျာတံခါးကို မပိတ်ဘဲ အတွင်းတံခါးပဲပိတ်ထားတဲ့အခန်းကို တစ်ချက်ကြည့်ပြီး အောက်ကိုဆက် ဆင်းလာခဲ့လိုက်တယ်။
====================================
အပိုင်း( ၁၄ ) ဆက်ရန်
A KYI PHYU
#ဧကြည်ဖြူ
အပိုင်း( ၁ ) Link
https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz
" အေး ....ပြန်သွားပြီ...အလကားပါဟယ် ...စိတ်ထဲထားမနေနဲ့ ....ခပ်ထောထော ခပ်ချောချော သမက်လောင်းလေးဆိုတော့လဲ ...လက်လွတ် မှာစိုးလို့ ပျာယာခတ်နေတာပါဟယ် ..... အမယ်လေးနော် ဒီခေတ်လဲမလွယ်ဘူး .... ယောက်ျားမိန်းမတွေပေါသလောက် ... အကျင့်သိက္ခာရှိသူတွေရှားပါးလာတော့ ...လင်ကောင်းတစ်ယောက်ရဖို့ လုယက်နေကြရတဲ့ ခေတ်ဖြစ်သွားပြီပဲ "
"တော်စမ်းပါ မညိုရယ် ..... ကိုယ်လိုက်ထိန်းနေမှတည့်မတ်တဲ့ ယောက်ျားမျိုးကို ယောကျာ်းကောင်းလို့ မခေါ်ဘူး....အဲ့ဒါအုံ့ပုန်းတွေ..ယောက်ျားကောင်းဆိုတာ မိန်းကလေးတွေကို လေးစားတယ် ...ချစ်သူကိုတန်ဖိုးထားတယ် .... ကုန်ကုန်ပြောရရင် ချောချောလှလှ မိန်းမတစ်ယောက်နဲ့ တစ်ညလုံးအတူရှိနေရင်တောင်...စောင့်ထိန်းနိုင်တဲ့ အကျင့်သိက္ခာရှိတယ် ...အဲ့ဒါမှ ယောက်ျားကောင်းလို့ခေါ်တာ "
" အမယ်လေး မြရွက်ရယ် ....အဲ့ဒီလိုလူမျိုးရှိရောရှိလို့လား "
" ရှိတော့ရှိပါတယ် မညိုရယ် ..... ဒါပေမဲ့ တစ်သိန်းမှာတစ်ယောက်လောက်ပဲရှိပြီး ...အဲ့ဒီတစ်ယောက်ကလဲ ..မြရွက်တို့အတွက် မဟုတ်တာပဲရှိတာ "
" အေးပါဟယ် ...သိပါတယ် ...ငါလဲ ကြောက်လွန်းလို့ပါ ...ဒါပေမဲ့ မြရွက် ....ဟန်လင်းသန့်ကို နင်ပဲရှောင်နေလိုက်ပါဟယ် ...တော်ကြာအဘွားက ..သူ့သမီးနဲ့သူ့မြေးတွေ စကားပဲယုံပြီး ...ငါတို့ဘုံပျောက်နေပါအုံးမယ်ဟယ် "
" အင်းပါ မညိုရယ် ...မြရွက်ပဲရှောင်နေလိုက်ပါ့မယ် ...အမယ်လေးနော် ..မြရွက်ဝါတို့များ နာမည်ကြီးဆယ်လီနဲ့ အထင်လွဲခံရတဲ့ ...နာမည်ကြီးထမင်းငတ်ပါလား "
မြရွက်ဝါ စိတ်ပေါက်ပေါက်နဲ့ ရွဲ့ပြောလိုက်မိပြီး အိမ်ရှေ့ကို ပြန်ထွက်ခဲ့လိုက်တယ်။လူ့ဘဝဆိုတာကလဲ ကိုယ်က မကျူးလွန်ရပါဘဲ၊ မလုပ်ဆောင်ရပါပဲ အမျိုးစုံကိုကြုံတွေ့နေရတော့တာလေ။
~~~~~
"ဟုတ်လို့လား မညိုရယ် ..... ဖြစ်နိုင်ပါ့မလား....မောင်မောင်က ဒီလောက်ထိတောင်ဖြစ်နေပြီလား ... အိမ်မှာနေရင်တော့ ကလေးလိုလို ခွေးလိုလိုနဲ့ ...သူ့အိပ်ရာတောင် သူမသိမ်းတဲ့ကောင်က မိန်းမတစ်ယောက်ကို ဘယ်လိုတာဝန်ယူမှာတဲ့လဲ "
မြရွက်ဝါအံ့သြထိတ်လန့်စွာမေးလိုက်မိတယ်။
"အေး .... ဘယ်လိုတာဝန်ယူမလဲ ငါလဲမသိဘူး...သိလဲမသိချင်ဘူး ......တကယ်ဖြစ်လာခဲ့ရင်လဲ ဘာတာဝန်မှ ငါမယူပေးဘူး ..အိမ်ပေါ်က မောင်းချလိုက်မှာ ... သူ့ဘာသာအိမ်ထောင်ပဲကျကျ .. ထောင်ပဲကျကျ ..မျက်ရည်တစ်စက်မကျတော့ဘူး ...ငါ့ သူ့ကိုကိုယ်ဝန်လွယ်ထားရတော့... ငါ့အသက်နှစ်ဆယ်တောင်မပြည့်သေးဘူး ... သင်းဖအေက အလုပ်ကိုလက်ကြောမတင်း... ရှုပ်ပွေတတ်မှန်းသိတဲ့သူတွေက ....ကိုယ်ဝန်ကိုမယူခိုင်းကြဘူး ...အားလုံးတားနေတဲ့ကြားက မဖျက်ဆီးရက်လို့ရအောင်ယူခဲ့တာ ... သူမွေးလာတော့လဲ ..သြော် ငါ့သားလေး မအေမဲ့ရှာမယ်လေဆိုပြီး .... နှိပ်စက်ခံနေရတဲ့အိမ်ထောင်ရေးကို သည်းခံပြီး ရှေ့ဆက်ခဲ့တယ် ... သင်းအဖေက တစ်လမှာငါးရက်လောက်အလုပ်လုပ်ပြီး... ကျန်တဲ့ရက်က အပျော်အပါးလိုက်စားနေလို့ ...ငါပဲကုန်းရုန်းရှာကျွေးခဲ့တယ် ...ငါ့ဒုက္ခတွေကို အိမ်ကသိရင် ငါ့ကိုပြန်ခေါ်မှာစိုးလို့ ....နေပူမိုးရွာမရှောင်ဈေးရောင်းကျွေးခဲ့တယ်....ငါဘယ်လိုပဲ ပင်ပန်းပါစေ ..ငါ့သားလေးကို သူ့ဖအေလိုလူပေါ့ လူပျင်း....မိန်းမပွေတဲ့သူမျိုးဖြစ်မှာကြောက်လို့ ....ပညာရေးကို ဦးစားပေးသင်ခိုင်းခဲ့တာ.... ကျောင်းကောင်းကောင်းကျူရှင်ကောင်းကောင်းမှာထားပေးခဲ့တယ်..ဒါပေမဲ့ နောက်ဆုံး ...ငါ့မှာ အိမ်ထောင်ရေးဒုက္ခက လွတ်လာလို့ ပျော်မယ်ကြံကာရှိသေးတယ် .....သားကဖအေထက်ဆိုးလာပြန်ပြီ ...ဖြစ်လိုက်ရင် ဒီမိန်းမပျက်တွေကြောင့် ချည်းပဲ ..ငါလဲ သူတို့လို ပျော်ပါးနေလိုက်ချင်တော့တယ်....သူများသားသမီးကို ဒီလိုတွေလဲ မပြောချင်ပါဘူးဟယ် ... ဘယ်နှယ့် တကယ်ချစ်ကြလက်ထပ်ကြမယ်ဆိုရင်လဲ ..ဒီမှာ မအေတွေက ပညာသင်ပေးနေတာကို ကြိုးစားခိုင်းပါလား .....မအေနဲ့ အဒေါ် ကြည်ဖြူအောင် နေဖို့ထိုင်ဖို့ လမ်းညွှန်ပေးပါလား ...အခုတော့ ဟိုဘက်ကနေဖုန်းခေါ်ပြီး... မယားငယ်သံနဲ့ အချိန်ပြည့်သူနဲ့ပဲ ဖုန်းပြောပေးနေရတယ် ... အသက်ကနှစ်ဆယ်ကျော်ပြီး ...လူ့အသိဘာရှိလဲ ...ယောက်ျားလေးနဲ့ တည်းခိုခန်းသွားအိပ်ဖို့ပဲသိတယ် ..အိမ်ကဖအေတူသား နှာဘူးကလဲ ...တစ်တက်မှမငြင်းဘူး ....ဒီလိုပုံနဲ့ ယောက်ျားကောင်းတော့ မဖြစ်ဘူး ...(.... ) ခေါင်းပဲဖြစ်မှာ ကျိန်းသေတယ် "
" ဒုန်း "
"အမေတော်တော့နော် .. အမေပြောတာများနေပြီး ...ကျွန်တော့်တို့ဘာသာ ချစ်သူဖြစ်လို့ ဒီလိုဖြစ်တာ အမေနဲ့ ဘာဆိုင်လဲ "
ရုတ်တရက်နောက်ကနေအော်လိုက်တဲ့ မောင်မောင့်အသံကြောင့် မြရွက်ဝါတို့လန့်သွားမိတယ်။အမြဲတမ်း သံဘာဂျာတံခါးကို ခပ်ကြမ်းကြမ်းဖွင့်ပြီး ဝင်လာနေကြသူက ဒီနေ့တော့ အိမ်ဧည့်ခန်းထဲကို ရောက်လာတဲ့အထိ မြရွက်ဝါတို့ ညီအစ်မနှစ်ယောက်လုံးဝ မသိလိုက်ဘူး။
'' အေး .. မင်းတို့အဆင့်က ရည်းစားအဆင့်မဟုတ်တော့လို့ ပြောနေတာလေ ....မင်း သင်တန်းသွားမယ်ဆိုပြီး တည်းခိုခန်းသွားတယ် .....သူငယ်ချင်းအိမ် ညအိပ်ဆိုပြီး ...အဲ့ဒီ မိုးရတနာဆိုတဲ့ဟာမနဲ့ သွားအိပ်တယ် ... သင်တန်းကြေးတွေ ညာတောင်းတယ် .....အဲ့ဒီလောက်ဖြစ်နေကြရင်လဲ ယူလိုက်ကြတော့ ...ယူမယ်ဆိုလဲ အိမ်ကထွက်သွားလိုက်နော် ... မင်းနဲ့ငါ့tသခန်းပြတ်ပဲ "
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၃)
akyiphyu
********
မျက်လုံးထဲက မီးတောက်မီးလျှံတွေထွက်လာလေမလား ထင်ရတဲ့ ကြီးကြီးရဲ့အကြည့်တွေ့ကြောင့် မြရွက်ဝါစိတ်ရှုပ်သွားမိတယ်။ ဘာပြောလို့ ပြောရမှန်းမသိခင်မှာပဲ ကြီးကြီးရဲ့ အကြည့်တွေက ဟန်လင်းသန့်ဆီကို ပြောင်းလဲရောက်ရှိသွားခဲ့ပြီး ချက်ချင်းလိုလို နုညံ့ပျော့ပျောင်းသွားတာကို တွေ့လိုက်ရတယ်။
''မောင်ဟန်လင်းသန့်နဲ့ တွေ့တာအတော်ပဲ .....အန်တီက နေ့လယ်စာစားဖို့ မောင်ဟန်လင်းသန့်ကိုလာခေါ်တာ.."
" ဗျာ ...အားနာစရာကြီးအန်တီရယ် ... ခဏနေရင် ကျွန်တော့်တပည့်လေး ထမင်းချိုင့်ယူလာလိမ့်မယ် ... လိုက်မစားတော့ပါဘူး အန်တီ "
" အို ... မဟုတ်တာကွယ် ...အားနာစရာမလိုပါဘူး .... ဟိုမှာ အဘွားလဲစောင့်နေတယ် ..လာပါ အားနာစရာမလိုပါဘူးကွယ် ....အန်တီတို့အခန်းမှာလာနေတော့... အန်တီတို့ကဂရုစိုက်ပေးရမှာပေါ့ လာပါ "
ကြီးကြီးရဲ့စကားကြောင့် မြရွက်ဝါမရယ်မိအောင် သတိထားလိုက်ရတယ်။ကိုယ့်အခန်းမှာလာနေတော့ ဂရုစိုက်ပေးရမယ်တဲ့လေ။အရင့်အရင်အိမ်ငှားတွေတုန်းကများဆိုရင် အပြစ်ပြောဖို့ ကြည့်နေတာလေ။ မြရွက်ဝါမရယ်မိအောင် ထိန်းထားတဲ့ကြားက မသိမသာ ပြုံးလိုက်မိပြီး အိမ်ထဲကိုပြန်ဝင်ခဲ့လိုက်တယ်။သူတို့ မတော်ရသေးတဲ့ယောက္ခမနဲ့သမက်ကိစ္စက မြရွက်ဝါနဲ့ မဆိုင်တော့ ဆက်ကြည့်နေစရာလဲ မလိုဘူးလေ။
~~~~~~
" ဒေါက်...ဒေါက် "
အိမ်ရှေ့က တံခါးခေါက်သံကြောင့် မြခွါညိုက တံခါးသွားထဖွင့်လိုက်တယ်။တံခါးဝမှာရပ်နေသူက မြဒွါညိုတို့ရဲ့ ကြီးတော်ကြီး။
" ကြီးကြီးပါလား....ဘာခိုင်းစရာရှိလို့လဲ "
မြခွါညိုက မေးလိုက်တယ်။
"အေး ...ဘာမှခိုင်းစရာမရှိဘူး ... နင့်ညီမ ရွက်ဝါဘယ်ရောက်နေလဲ "
" ဟုတ်ကဲ့ ..ရှိတယ်လေ ကြီးကြီး ...မြရွက်ရေ ..ဒီမှာ ကြီးကြီး ခေါ်နေတယ် "
မညိုရဲ့ ခေါ်သံကြောင့် မြရွက်ဝါ အင်္ကျီလဲနေရင်းက ခပ်မြန်မြန်ဝတ်လိုက်ပြီး အပြင်ကို ထွက်ခဲ့လိုက်တယ်။စိတ်ထဲမှာတော့ နေ့လယ်ကကိစ္စကို တွေးလိုက်မိပြီး စိတ်ရှုပ်သွားမိတယ်။
" ကြီးကြီး..ဘာခိုင်းစရာရှိလို့လဲ "
" ဘာမှမခိုင်းဘူး ....ညည်း အနေထိုင် ဆင်ခြင်ဖို့လာပြောတာ...မောင်ဟန်လင်းသန့်က ညည်းညီမပန်းနုနဲ့အဆင်ပြေနေတာကို သိတယ်မဟုတ်လား ... တော်ကြာညည်းကြောင့် ကျော် မကောင်းကြားမကောင်းတွေဖြစ်ကုန်မှာစိုးလို့ လာသတိပေးတာ ... ဘယ့်နှယ့်ယောက်ျားလေးမြင်တိုင်း ဣန္ဒြေမရဖြစ်နေရလား ...အသက်အရွယ်နဲ့ သိက္ခာကိုထိန်းမှပေါ့....အခုတော့ မနေ့ကမှပြောင်းလာတဲ့သူကို ...ဒီနေ့အိမ်ထဲခေါ်သွင်းနေရလား ...ပြီးတော့ လွတ်လပ်တဲ့သူလဲ မဟုတ်ဘူး....ကိုယ့်ညီမ နဲ့ ရည်မှန်းထားတဲ့သူ "
'' ဘာ ...ဘာတွေပြောနေတာလဲ ကြီးကြီး...မြရွက်က ဘာတွေလုပ်ထားလို့လဲဟင် ... ခွါညို့ကိုလဲ ပြောပါအုံး "
မြဒွါညိုက နားမလည်နိုင်ဘဲ ဝင်မေးလိုက်တယ်။
'' ဘာဖြစ်ရမှာလဲ ..နင့်ညီမရွက်ဝါက ....နေ့လယ်က ဟန်လင်းသန့်နဲ့ နှစ်ယောက်တည်း တိုက်ခန်းထဲက ထွက်လာတာလေ ... မိန်းမဖြစ်ပြီး မနေတတ်မထိုင်တတ်နဲ့ ...နင်တို့ဘာကိစ္စတွေ့ကြတာလဲ မိရွက်ဝါပြောစမ်း "
ကြီးကြီးရဲ့စွပ်စွဲပြောဆိုတဲ့ စကားကြောင့် မြရွက်ဝါစိတ်တိုကာ အံကိုတင်းတင်းကြိတ်ပြီး ချာခနဲလှည့်ထွက်ခဲ့လိုက်တယ်။ပြီးတော့ ဘောင်ချာလက်ခံစာအုပ်ကို ကောက်ယူလာခဲ့ပြီး ကြီးကြီးလက်ထဲကို ထိုးထည့်ပေးလိုက်တယ်။
" မြရွက်နဲ့ဟန်လင်းသန့် ဘာလုပ်နေကြတာလဲဆိုတာ ....ဟော့ဒီမှာကြည့်ပါ ကြီးကြီး ....သူဈေးဝယ်သွားတဲ့စာရင်းပါ ...ဝယ်ထားတဲ့ ပစ္စည်းတွေကို... ခုနကမှ သူ့လူတစ်ယောက်လာယူသွားတာ ...မြရွက်က သူများလူကို လုယူရလောက်အောင်လဲ ...အကျင့်သိက္ခာမရှိတဲ့သူမဟုတ်ဘူး ..ပြီးတော့ ကိုယ့်မျက်ကွယ်ရောက်တာနဲ့ ဘယ်မိန်းမနဲ့ ဘာများဖြစ်နေမလဲဆိုပြီး ....သံသယဝင်နေရတဲ့ လူမျိုးကိုလဲ မကြိုက်ပါဘူး... ယောကျာ်းတစ်ယောက်အတွက်... စိတ်ဆင်းရဲခံအပြောဆိုခံပြီး လိုက်ကြိုက်နေရအောင် ... မြရွက်က ယောက်ျားကို ငမ်းငမ်းတက်နေတဲ့သူမဟုတ်ဘူး ...ရုပ်ပဲချောချောရုပ်ပဲဆိုးဆိုး လင်တစ်ယောက်တော့ မိန်းမတိုင်းယူနိုင်ပါတယ် ...မလိုချင်လို့ မယူတာဘဲရှိတယ် ...ကိုယ့်လူကို မယုံကြည်နိုင်ဖြစ်နေရင်လဲ ကြီးကြီးသမက်လောင်းကိုပဲ သွားပြောပါ ..... မြရွက်က စိတ်လဲမဝင်စားဘူး ..ယောက်ျားလဲ မမက်ဘူး ...ကိုယ်တစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင်နေနိုင်တယ် ...ဘယ်ကောင်ကိုမှ ဖျပ်ဖျပ်လူးလိုက်လုမနေဘူး "
မြရွက်ဝါစိတ်တိုတိုနဲ့ ပြောဆိုပြီး အိပ်ခန်းဆီကိုခြေသံပြင်းပြင်းနဲ့ လျှောက်လာခဲ့လိုက်တယ်။ဒေါသထွက်လွန်းလို့ ရင်ထဲမှာ တနုံ့နုံ့ဖြစ်နေပေမဲ့ ကိုယ့်ကြီးတော်ဖြစ်နေတော့ စိတ်ကိုမနည်းထိန်းထားလိုက်ရတယ်။
~~~~~~~
" ဒေါက် ....ဒေါက် "
" မြရွက် .. တံခါးဖွင့်ပါအုံး ငါပါ "
အပြင်ကခေါ် သံကြောင့် မြရွက်ဝါတံခါးထဖွင့်ပေးလိုက်တယ်။
" ပြန်သွားပြီလား "
