ar
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

الذهاب إلى القناة على Telegram
803
المشتركون
+424 ساعات
+167 أيام
+4630 أيام
أرشيف المشاركات
ဘုရားဖူးပြီးသည်နှင့် ပြန်ဖို့ရန်ပြင်ပါလေတော့သည်။ **** ဘုရားပေါ်မှ ဆင်းလာခဲ့ကြပြီးသည့်နောက် ရဲရင့်သည် ကားကို ကန်တော်ကြီးထဲသို့ မောင်းဝင်လာခဲ့ လေသည်။ကန်တော်ကြီးထဲသို့ ရောက်သောအခါ ငြိမ်းသည် ကားပေါ်မှ ဦးစွာဆင်းသွားလေသည်။ထုံးစံအတိုင်း ရဲရင့်စိတ်တိုနေသည်ကိုလဲမသိ။ရေကန် ကျယ်ကျယ်ကို သဘောကျသူမို့ အလည်လာရသည့်အခိုက်မှာ ကားပေါ်မှ အပြေးအလွှား ဆင်းသွားခြင်းဖြစ်လေသည်။ပြီးလျှင် တွေ့သမျှ မုန့်ကို ဝယ်ပြီး ရဲရင့်ကိုကျွေးမည်။ ပိုက်ဆံရှင်းရမည်ဆိုလျှင်လည်း သူကပင် ဦးအောင် ရှင်းပေးမည်။ ရဲရင့်၏ အိတ်ထဲမှ ငွေကို လက်ဖျားနှင့် ပင်မ ထိချေ။ရဲရင့်က "မောင်...ရှင်းပါ့မယ် မမရယ်"ဟု ပြောလျှင် "မရှင်းနဲ့...ရဲရင့်က ပိုက်ဆံစုနော်... အန်တီအတွက် ငွေလိုတယ် မဟုတ်လား" ဟု ပြောကာ တားဆီးတတ်လေသည်။ရဲရင့်သည်ကားပါကင်ထိုးနေရင်းမှ ငြိမ်းနှင့်သူ့အကြောင်းကို တွေးနေမိလေသည်။ပြီးနောက် ကားပါကင်ထိုးပြီးသွားသည်နှင့် ကားတံခါးကို ပိတ်လိုက်ပြီး ငြိမ်းနောက်သို့ ရဲရင့်ခပ်သုတ်သုတ်လိုက်သွားလိုက်သည်။ ရဲရင့် လမ်း လျှောက်လာရင်းမှ ခပ်လှမ်းလှမ်းတစ်နေရာတွင် ငြိမ်းသည် မလှုပ်မယှက်ခြေစုံရပ်လျက် တစ်နေရာကို ထိတ်လန့် တုန်လှုပ်နေသော အမှုအယာဖြင့် ကြည့်နေသည်ကိုတွေ့လိုက်ရသောကြောင့် ရဲရင့် ငြိမ်း ရှိရာသို့ အပြေးသွားလိုက်ပြီး မေးလိုက်မိလေသည်။ "မမ..ဘာဖြစ်လို့လဲ...ဘာဖြစ်တာလဲ မမ ..." ငြိမ်းသည် ရဲရင့် ၏အမေးကို မကြား။ ကြည့်နေမြဲနေရာသို့သာ မျက်လုံးပြူးကြီးများဖြင့် စူးစိုက်၍ ကြည့်နေလေသည်။ @@@@@@@@@@@@@@@@@@@@@ အပိုင်း ၁၄ ဆက်ရန် ဧကြည်ဖြူ

မိခင်ဖြစ်သူ၏အမေးကြောင့် ငြိမ်းက ချက်ချင်းပင်ခေါင်းငြိမ့်ပြလိုက်လေသည်။ "ချစ်ပါတယ် အမေရဲ့....ရဲရင့်ကို သမီး တကယ်ချစ်ပါတယ်...ရဲရင့်ကလွဲပြီး သမီးကဘယ်သူနဲ့ တွဲဖူးလို့လဲ....အခုဆို လူအချို့လည်း သိနေပြီမို့...သူနဲ့ပဲ လက်ထပ်မှာပါ အမေ..." ငြိမ်း၏ စကားဆုံးသောအခါ ဒေါ်ငြိမ်းဝေက သက်ပြင်းတစ်ချက်ကို ချလိုက်မိလေသည်။ "အမေ့သဘောကတော့ ...တွဲတာကတော့တွဲကြပါ...လက်ထပ်တာကိုတော့ အလျင်စလိုမဖြစ်စေချင်ဘူးကွယ်.... အဓိကကတော့ သမီးလေး စိတ်ချမ်းသာတာကိုပဲ အမေ မြင်ချင်တာ ပါ..." "ဟုတ်ကဲ့ပါ အမေရဲ့...သမီးတို့လည်း တော်တော်နဲ့တော့ လက်ထပ်ဖြစ်မှာမဟုတ်သေးပါဘူး...ရဲရင့်ကျောင်းပြီးဖို့လည်း တစ်နှစ် ကျန်သေးတယ်လေ...ပြီးတော့ သူ့ကျောင်းပြီးသွားရင်လည်း ...လုပ်ငန်းတစ်ခုလောက်တော့ လုပ်ခိုင်းဖို့ စဉ်းစားထားတယ်..." "အင်းပါ သမီးရယ်...ဘာပဲဖြစ်ဖြစ် ....တစ်ခုခုဆိုရင်တော့ ...အမေ့ကိုတိုင်ပင်ပါနော်....သမီးစိတ်ထဲရှိတဲ့အတိုင်း မဆုံးဖြတ်နဲ့နော်...." ***** "လုပ်ငန်းတစ်ခု လုပ်မယ်ဆိုရင် .... သေချာစီစဉ်ပြီး အောင်မြင်အောင်လုပ်ရတယ်...အဓိကက ဇွဲရှိရမယ်....ကိုယ်လုပ်တဲ့အလုပ်ကို လေးစားရမယ်...ဥပမာဆိုပါတော့ ငြိမ်းတို့လို ဈေးသည်တွေ လုပ်ငန်း အောင်မြင်ဖို့ဆိုရင် .... ၀ယ်သူအပေါ်စေတနာထားရမယ်....ပြီးတော့ ပစ္စည်းတစ်ခုကိုတန်ရာတန်ကြေး ပဲရောင်းရမယ်...ဈေးအရမ်းတင်ရောင်းလို့မရသလို ..... လိုတာထက် လျှော့ရောင်းရင်လဲ စီးပွားတူတွေရဲ့ စျေးကွက်ကို ဖျက်ရာရောက်လို့ ...တကိုယ်ကောင်းဆန်ရာကျတယ်... ဝယ်သူများများလာစေချင်ရင် အဓိက က ၀ယ်သူကို ပျူပျူငှာငှာဆက်ဆံဖို့နဲ့ ... ဈေးမှန် ပစ္စည်း မုန်းရောင်းဖို့ပဲလိုတာ ..." ရဲရင့်သည် ကားမောင်းနေရင်းမှ ငြိမ်း၏ စကားများကို နားတောင်နေမိပြီး သည်လိုအချိန်အခါမျိုး၌ ငြိမ်းနှင့် သူသည် ချစ်သူ ရည်းစားများနှင့် မတူဘဲ သူဋ္ဌေးနှင့် မန်နေဂျာတစ်ယောက်ကဲ့သို့ ခံစားနေမိလေသည်။ " ရဲရင့် ဘာတွေစဉ်းစားနေတာလဲ...ငြိမ်း ပြောတာကို မကြားဘူးလားလို့..." "ဗျာ...ကြားပါတယ် မမရဲ့ ပြောလေ...မောင် နားထောင်နေပါတယ်...." ရဲရင့်သည် တွေးမိတွေးရာတွေးနေရင်းမှ ငြိမ်း၏ အသံကိုကြားလိုက်ရသောအခါမှ ကမန်းကတန်းထူးလိုက်မိလေသည်။ "ဘုရားက အပြန်.... နေ့လယ်ကျရင် သိမ်ကြီးဈေး ဘက်သွားရအောင်လို့..." "ဟင်...စျေးသွားမလို့လား...နေ့လယ် ကျရင် ရုပ်ရှင်မကြည့်တော့ဘူးလား..." ရဲရင့်က ကားမောင်းနေရင်းမှ ငြိမ်းမျက်နှာကို ငဲ့ကြည့်ပြီး မေးလိုက်လေသည်။ " အယ် ...ရဲရင့်က ရုပ်ရှင်ကြည့်ချင်လို့လား...ငြိမ်းက အလှကုန်ပစ္စည်းအသစ်တွေ ရောက်နေတယ်ဆိုလို့ ၀င်ကြည့်မလားလို့...." ငြိမ်းက မျက်နှာချိုသွေးပြီးပြောလိုက်လေည်။ "ဟုတ်ပါပြီဗျာ ... မမသဘောပါပဲ...ဘုရားက အဆင်း ...ကန်တော်ကြီးထဲမှာ...ခဏလောက် လမ်းလျှောက်လို့ရမလား...." "အင်း ခဏဝင်ချင် ၀င်လေ လမ်းကြုံနေတာပဲ..." ***** "မမ ဖြည်းဖြည်း လျှောက်လေ ... ချော်လဲနေအုံးမယ်...မောင့်လက်ကိုကိုင်ပါဆိုတော့လဲမကိုင်ဘူး ..." ရဲရင့်သည် ရွှေတိဂုံဘုရားစောင်းတန်းလှေကားထစ်များကို ခပ်သုတ်သုတ်တက်သွားနေသော ငြိမ်း၏လက်ကို လှမ်းဆွဲပြီးပြောလိုက်သည်။ရဲရင့်၏ အပြုအမူကြောင့် ငြိမ်းက ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ရဲရင့်ကို ခပ်တိုးတိုး ပြန်ပြောလိုက်သည်။ "အင်းပါ ...ရဲရင့်ရယ် ... ခြေထောက်ကအကျင့်ပါနေလို့ပါ...ပြီးတော့....လက်တွဲသွားရမှာရှက်စရာချည်း...မတွဲချင်ဘူး..... " " ဘာရှက်စရာပါလို့လဲ မမရယ်... လက်လေးတွဲတာကို....မလွှတ်ဘူးနော်မရုန်းနဲ့..." ရဲရင့်သည် ငြိမ်းကို အရွဲ့တိုက်ပြီး ငြိမ်းလက်ကို မလွှတ်တမ်းဆုပ်ကိုင်လျှက် လှေကားထစ်များအတိုင်း တက်ခဲ့လေသည်။ငြိမ်းမှာတော့ လက်တစ်ဖက်မှာ ရဲရင့်၏ဆွဲကိုင်ထားခြင်းကိုခံထားရပြီး ကျန်သောလက်တစ်ဖက်မှာလည်း ၀တ်နေကျမဟုတ်သော စကပ်ရှည်ရှည်ကြီးကို ယောင်ယမ်း၍ ဆုပ်ကိုင်ပြီး လိုက်ပါခဲ့လေသည်။ ဘုရားပေါ်သို့ ရောက်သောအခါ နှစ်ယောက်သား ၀ယ်လာသော ပန်းစည်းများကို ဘုရားသို့ ကပ်လှူကြသည်။ ထိုအခါ ငြိမ်းသည် ထုံးစံအတိုင်း မိမိလက်ထဲမှ ပန်းစည်းကို ရိုရှိသေသေပင်လှူခဲ့ပါလေသည်။သို့သော်လည်း ရဲ့ရ င့်ဆီမှ ပန်းစည်းကိုလည်း မတောင်းမိ။ မိမိလက်ထဲမှ ပန်းစည်းကိုလည်း မပေးမိဘဲ တစ်ကိုယ်တော်ကပ်လှူ။တစ်ကိုယ်တော်ဘုရားဖူး နေခြင်းဖြစ်ပါလေသည်။ ရဲရင့်သည် ငြိမ်းကိုကြည့်ပြီး တစ်ကိုယ်တော် ဆန္ဒပြ စိတ်တို့နေမိတော့သည်။ငြိမ်းကို ဘာမျှမပြောတော့ ငြိမ်းသွားရာ နောက်တစ်ကောက်ကောက်လိုက်သည် ။ငြိမ်းက ဘုရားကန်တော့လျှင် သူလည်း ကန်တော့သည်။ငြိမ်းက ခေါင်းလောင်းထိုးလျှင် ဘေးမှ ရပ်စောင့်သည်။ပြီးလျှင် ငြိမ်းက ရှေးဟောင်း ပြတိုက်သို့ သွားပြန်သည်။ဒါကလည်း ငြိမ်း၏အကျင့်ဖြစ်သည်။ ရွှေတိဂုံဘုရားသို့ ရောက်လျှင် ရွှေတိဂုံစေတီတော်ကြီးကိုရှိခိုးသည်။ ဘုရား ရင်ပြင်ကို ထောင့်စေ့အောင်လိုက်ဖူးသည်။ပြီးလျှင် ဘုရားရောက်တိုင်းသွားနေကျဖြစ်သော ရှေးဟောင်း ပြတိုက်နှင့် ဗုဒ္ဓဝင်ပြခန်းကိုသွားသည်။ဒါဆိုလျှင် ငြိမ်း၏ ရွှေတိဂုံဘုရားလာဖူးခြင်းကိစ္စပြီးဆုံပြီးဖြစ်လေသည်။ရွှေတိဂုံဘုရား၏ မုခ်ဝအသီးသီးတွင် ဘာပန်းခြံရှိသည်၊ မရှိသည်ကို ငြိမ်းမသိပါ။

"ဟာ ...အဲ့ဒီလိုချည်း မဖြေပါနဲ့မမရယ်....ချစ်တယ်လို့ဖြေပေးပါလား....." ရဲရင့်သည် ငြိမ်း၏ အဖြေကြောင့် မချင့်မရဲဖြစ်လျက် ငြိမ်း၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လျက် မေးလိုက်လေသည်။ "အင်းပါဆို ... ဘယ်လိုဖြစ်နေတာလဲ ကိုယ်တော်လေးရဲ့...ဖယ်တော့ ... အိမ် မြန်မြန်ရှင်းရအောင်...." ငြိမ်းသည် မိမိ၏ ပခုံးကို ဆုပ်ကိုင်ထားသော ရဲရင့်၏လက်ထဲမှ ရုန်းထွက်ရင်းပြောလိုက်လေသည်။သို့သော်လည်း ရဲရင့်က မလွှတ်ပေးဘဲ ဇွတ်ပင် မေးနေပြီး အသည်းယားလာဟန်ဖြင့် ငြိမ်းကိုနမ်းဖို့ပြင်လိုက်ရာ ငြိမ်းသည် အတင်းပင် ရုန်းထွက်ပြီး ရဲရင့်ကို လေသံမာမာဖြင့် ဆူလိုက်သည်။ ရဲရင့်နော်...ဖယ်တော့ ....ဒီလိုပုံစံမျိုးကို ငြိမ်းမကြိုက်ဘူးနော်..." ငြိမ်းက ခပ်တင်းတင်းပြောလိုက်သောအခါ ရဲရင့်သည် မျက်နှာငယ်လေးနှင့် ငြိမ်းကို အသာအယာပင်လွှတ်ပေးလိုက်ပြီး အိမ်သန့် ရှင်းရေးသွားလုပ် နေလေသည်။ ****** "ချွင် " ဖေ့ဘုတ်ကို ဖွင့်ဖွင့်လိုက်ချင်းမှာပင် ရောက်လာသော စာလေးကို ငြိမ်း ဝင်ကြည့်လိုက်လေသည်။ "ငြိမ်း အခုတလော လိုင်းသိပ်မသုံးဘူးနော်... " "အလုပ်တွေ များနေတာလား ... ကျွန်တော်က သတိရနေတာ " "ငြိမ်းကိုလည်း ပြောပြစရာရှိလို့ " ငြိမ်းသည် စိုင်းခွန်နောင် ဆီမှပို့ထားသော စာလေးကိုဝင်ဖတ်ပြီး စာပြန်သင့်၊ မပြန်သင့် စဉ်းစားနေမိလေသည်။ယခုအချိန်၌ ငြိမ်းတွင် ချစ်သူရည်းစားရှိနေပြီဖြစ်သောကြောင့် အခြား သူစိမ်းယောက်ျားလေးတစ်ယောက်နှင့်ညနက်အထိ စကားပြောရန်ကို မဝံ့မရဲဖြစ်နေမိလေသည်။ "သိပ်မအားတာရော ...ပြီးတော့ အမှန် တိုင်းပြောရရင်...ငြိမ်းမှာချစ်သူရှိနေပြီမို့ ...လိုင်းသုံးရတာ သူ့ကို သစ္စာဖောက်သလို ခံစားရလို့ သိပ်မသုံးဖြစ်တာ " ငြိမ်းကပြန်စာလေးကို ပို့လိုက်သည်။တစ်ဖက်မှ ချက်ချင်းဝင်ဖတ် သည်ကို မြင်လိုက်ရသော်လည်း ယခင်လို ပြန်စာတော့ ချက်ချင်းရောက်မလာခဲ့ပါချေ။အတန်ကြာသောအခါမှ စာလေးတစ်စောင် ပြန်ပို့လာလေသည်။ "ဝမ်းသာပါတယ် ငြိမ်း...ဒါပေမဲ့ ချစ်သူရှိသွားတာနဲ့ မိတ်ဆွေထားလို့မရတော့ဘူးလားဗျာ...ကျွန်တော့်ကို မိတ်ဆွေအဖြစ် မသတ်မှတ်နိုင်ဘူးလားဟင်....စိတ်ထဲတ်မျိုးဖြစ်နေရင် ငြိမ်းချစ်သူကိုပါ ကျွန်တော်နဲ့ မိတ်ဆက်ပေးထားလေ...ချစ်သူက ချစ်သူ..မိတ်ဆွေက မိတ်ဆွေပါ ငြိမ်းရယ်....." စိုင်းခွန်နောင် ဆီမှ ပို့လာသော စာကိုဖတ်ပြီး ငြိမ်း ပြုံးလိုက်မိလေသည်။သူပြောတာလည်း ဟုတ်သည်လေ။ တကယ်ဆိုလျှင် သူနှင့်ငြိမ်းက တယောက်ကိုတစ်ယောက် မြင်တောင်မမြင်ဖူးကြပါဘဲ ရိုးသားစွာခင် မင်နေကြသည်ပဲလေ။ "ဟုတ်ပါတယ်လေ....ကိုစိုင်းပြောတာမှန်ပါတယ်လေ...ဒါနဲ့ ငြိမ်းကို ပြောပြစရာရှိလို့ဆို ပြောပြလေ...." ငြိမ်းက သတိတရနှင့်မေးလိုက်လေသည်။ "ဟုတ်ကဲ့ ....ကျွန်တော်လေ... ဒီနှစ်မကုန်ခင် မြန်မာပြည်ကို ပြန်လာတော့မှာ...အဲ့ဒါ ရန်ကုန်မှာ အခြေချမလို့လေ....အဲ့ဒါ ကျွန်တော်က ရန်ကုန်မှာ မကျွမ်းလို့ ငြိမ်းဆီက အကူအညီတောင်းမလို့ကို ..." စိုင်းခွန်နောင်ပို့လာသော စာကိုဖတ်ပြီး ဘာရယ်မဟုတ် ငြိမ်း သဘောကျစွာပြုံးလိုက်မိလေသည်။ပြီးမှ စာတစ်ကြောင်းကို ပြန်ရေးပို့လိုက်သည်။ "ဒါများ....ကူညီပေးမှာပေါ့ ကိုစိုင်းရယ်" "ချစ်သူ့ဆီကို....တောင်ပံဖြန့်ကျက်လို့သွားချင်တယ်...ဘယ်ဆီဘယ်ဝယ်မှန်းလဲ ...အတတ် မသိ..... " ငြိမ်းတို့ နှစ်ယောက် စကားပြောနေစဉ်မှာပင် ရဲရင့်ဆီမှဖုန်းဝင်လာသောကြောင့် ဖုန်းကို ကိုင်လိုက်ရလေသည်။ ***** ဒေါ်ငြိမ်းဝေတစ်ယောက် ငြိမ်း၏ အခန်းဝတွင် ရပ်လျက် အခန်းထဲသို့ ချောင်းကြည့်လိုက်လေသည်။ငြိမ်းမှာ ရေမိုးချိုးပြီး ပြင်ဆင်နေသည်ကိုတွေ့လိုက်ရလေသည်။ပြင်ဆင်နေသည်ဆိုသော်လည်း ထုံးစံအတိုင်း ရှပ်အကျီပွပွနှင့် ဘောင်းဘီရှည်ကိုသာဝတ်ဆင်ထားခြင်းဖြစ်လေသည်။ဆံပင်ရှည်ကြီးကိုကျစ်ဆံမြီး တစ်ချောင်းတည်းကျစ်ထားပြီးရိုးရှင်းစွာပြင်ဆင်ထားသော်လည်း ငြိမ်းက ကြော့ရှင်းလှပနေသည်ကို ဒေါ်ငြိမ်းဝေသိပါသည်။သို့သော်လည်း ပုထုဇဉ်လူသားများသည် မြင်တွေ့ဖန်များလျှင် ရိုးအီသွားသောအကျင့်ရှိကြသည်လေ။ထိုသို့ ရိုးအီသွားသောအရာကိုလည်း စိတ်ကုန်သွားတတ်ကြသည်ကို ဒေါ်ငြိမ်းဝေသိနေသည်လေ။ "သမီးရေ... ပြင်လို့ပြီးပြီလားကွဲ့..." ဒေါ်ငြိမ်းဝေက သမီးဖြစ်သူကိုအခန်းဝမှရပ်ကြည့်နေရင်းမှ အသံပေးလိုက်သည်။ဒေါ်ငြိမ်းဝေအသံကြောင့် ငြိမ်းကလှည့် ကြည့်လာပြီး ထူးလိုက်လေသည်။ "ဟုတ်ကဲ့ အမေ...ပြီးပါပြီ...အမေ ဘာခိုင်းချင်လို့လဲ...." ဒေါ်ငြိမ်းဝေက ငြိမ်းခုတင်ပေါ်တွင် အသာထိုင်ချလိုက်ပြီး ငြိမ်းကိုသေချာစွာကြည့်လိုက်ရင်း စကားစလိုက်လေသည်။ "သမီးနဲ့ စကားခဏပြောမလိုပါ...အောက်ထပ်မှာဆိုရင် အခြားသူတွေရှိတော့ ...စကား ပြောရတာ မလွတ်လတ်လို့ ..." " ဘာပြောမလို့လဲ အမေ ... ပြောလေ " ငြိမ်းက မှန်တင်ခုံကိုကျောခိုင်းထိုင်လိုက်ပြီး မိခင်နှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်ရင်း မေးလိုက်လေသည်။ "ဘယ်လိုပြောရမလဲ သမီးရယ်....သမီးနဲ့ မောင်ရဲရင့် မေတ္တာမျှ နေတာကို အမေသိတယ်...သဘောလည်းတူပါတယ်...ဒါပေမဲ့ အမေသိချင်တာက သမီးက မောင်ရဲရင့်ကိုတကယ် ရောချစ်ရဲ့လား ဆိုတာကို သိချင်တာ...."

အဲ့ဒါဆို စားချင်သောက်ချင်စိတ်ကို့ဖြစ်ပေါ်စေတယ်တဲ့...ပြီးတော့ အားတဲ့အချိန် စာအုပ်လေးဘာလေးဖတ်ရအောင် စာအုပ်တွေလည်း ဆောင်ထားအုံး...စာအုပ် ဖတ်လို့ အကျိုးယုတ်တာမရှိဘူး... ကိုယ့်အတွက် အကျိုးရှိတဲ့စာမဟုတ်ရင်တောင် စိတ်အပန်းပြေမှုတော့ ရစေတယ်... .." "ဟုတ်ကဲ့ပါ ခင်ဗျ " ရဲရင့်က ငြိမ်း ပွစိပွစိပြောနေသမျှကို နားထောင်နေရင်းမှ ခပ်ပြုံးပြုံးဖြစ်ပြန်ပြောလေသည်။ "ဘာလဲ....ဒါက ရွှဲ့တာလား ကိုယ်တော်..." ရဲရင့်၏ မချိုမချဉ်မျက်နာကိုကြည့်ပြီး ငြိမ်းကမေးလိုက်သည်။ "မဟုတ်ပါဘူး မမရယ်...မမက ကျွန်တော့်ထက် သုံးနှစ်ကျော်လေးပဲကြီးတာကို ... တစ်ခါတစ်လေ ကျွန်တော့်ကိုကလေး လိုဆက်ဆံနေလို့လေ....ကျွန်တော်ကြိုးစာမှာပါ မမရဲ့ ....အမေ့ကို အိမ်ပိုင်ရာပိုင်နဲ့ထားနိုင်အောင်လည်း ကြိုးစားမယ်...ပြီးတော့ ကျွန်တော်ချစ်တဲ့သူကိုလည်း ကျွန်တော့် အစွမ်းအစနဲ့ ပြည့်ပြည့်စုံစုံ ထားနိုင်အောင် ကြိုးစာမှာပါ..." ရဲရင့်သည် ထိုစကားကို ပြောရင်းမှ ငြိမ်း၏ မျက်နှာကို ချစ်ရိပ်လွှမ်းသော အကြည့်များဖြင့် ကြည့်လိုက်လေသည်။ ငြိမ်းက ရဲရင့်၏ အကြည့်များကိုရှောင်တိမ်းပြီး အခြားနေရာသို့သွားရန် ပြင်လိုက်လေသည်။ "မမ...ကျွန်တော့် ကို ပြောပါအုံး...ခုချိန်ထိ မမဆီက ရေရာတဲ့ အဖြေမပေးသေးဘူးနော်...ကျွန်တော် ရင်တွေပူလှပြီ မမရယ်" ရဲရင့်သည် ရှောင် ထွက်သွားရန်ပြင်နေသော ငြိမ်း၏ လက်ကိုဖမ်းဆွဲလိုက်ပြီးလျှင် မျက်နှာငယ်လေးနှင့်မေးလိုက်လေသည်။ ငြိမ်းက ရဲရင့်၏ မှိန်ဖျော့သွားသော မျက်ဝန်းလေးများကို အတန်ကြာစိုက်ကြည့်မိလိုက်ပြီးလျှင် ရဲရင့်၏ နားရွက်ဖျားကို လက်နှင့် ဆွဲလိမ်ပစ်လိုက်ပြီး ခပ်တိုးတိုးပြန်ပြောလိုက်သည်။ "ကိုယ့်ကိုယ်လာကူပေးနေတဲ့သူကို ရည်းစားစကားပြောရလား ကိုယ်တော်ချောရဲ့ ..." ထိုသို့ ငြိမ်း ပြောလိုက်သောအခါ ရဲရင့်မှာ မျက်နှာကို အောက်သို့ ငုံ့လိုက်ပြီး ဝမ်းနည်းအားငယ်သွားသော အသံဖြင့်ခပ်တိုးတိုးတောင်းပန်လိုက်လေသည်။ "တောင်းပန်ပါတယ် မမရယ်... ကျွန်တော့်ဘ၀မှာ မမကို ပထမဆုံး ချစ်ဖူးတာပါ...ဒါကြောင့် သူများဦး သွားမှာ စိုးရိမ်မိတယ်...မမကို ကျွန်တော် အရမ်းချစ်တယ် ... တကယ်ပါ...မမ စိတ်တိုင်းကျဖြစ်အောင် ကျွန်တော်နေပါ့မယ်နော်....မမ ကျွန်တော့်ကို ပြန်မချစ်နိုင်ဘူးလား ဟင်...." ငြိမ်းသည် ခေါင်းကိုငုံ့လျက် တတွတ်တွတ်ပြောနေသော ရဲရင့်ကို ငေးစိုက်ကြည့်နေမိလေသည်။ရဲရင့်သည် ငြိမ်းတို့ရပ်ကွက်ဘက်သို့ အိမ်ပြောင်းလာပြီးကတည်းက သူ့ဘ၀ကို ကြိုးစားရုန်းကန်နေတာကို ငြိမ်းသိပါသည်။ သူ့အလုပ် ၊ သူ့ပညာရေးနှင့် သူ့မိခင်အတွက်ပါ ကြိုးစားနေရုံမျှမက အချိန်တော်တော်များကို ငြိမ်းအတွက် ကုန်ဆုံး ပေးဆပ်နေမှန်းလည်းသိသည်။သို့အတွက် ငြိမ်းကိုယ်တိုင်ကလည်း ရဲရင့်ကို ယုံကြည်သည်။အစစအရာရာ အဆင်ပြေစေချင်မိသည်။သို့သော် ငြိမ်းရင်ထဲ၌ အချစ်ကိုကြောက်ရွံ့နေဆဲဖြစ်ပါလေသည်။ သို့သော်လည်း ငြိမ်းအနေနှင့် ချစ်သူရည်းစားထားမည်ဆိုလျှင် ရဲရင့်ကိုသာ ရွေးချယ်ဖို့ဆုံးဖြတ်ထားပြီးသားဖြစ်လေသည်။ပတ်ဝန်းကျင်၏ ပြောစကားများနှင့် ရဲရင့် အပေါ်ထားရှိမိသော သံယောစဉ်များ။ကတိစကားများကြောင့် ရဲရင့်ကို ငြိမ်းရင်ထဲမှာ အလွယ်တကူလက်ခံပြီးသား ဖြစ်သည်။ငြိမ်းသည် ခေါင်းကြီး အောက်သို့ ငုံထားပြီး ငြိမ်သက်သွားသော ရဲရင့်၏ခေါင်းလေးကို တစ်ချက် ပွတ်သပ်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်မိလေသည်။ "အဲ့ဒါက ဘာဖြစ်နေတာလဲ...အဲ့ဒီလို ပျော့ညံ့တဲ့ သူဆိုရင် မကြိုက်ဘူးနော်..." ရဲရင့်သည် ငြိမ်းစကားကြောင့် ခေါင်းကိုမော့လိုက်ပြီး ပြန်မေးလိုက်သည်။ "ဒါဆို...ရဲရင့်တယ်ဆိုရင် ကြိုက်မှာပေါ့နော်..." "အို .... မသိဘူး..ဘာတွေပြောနေတာလဲ...အိမ် မြန်မြန်ရှင်းရအောင်..." ငြိမ်းက စကားကိုရှောင်လွဲပြောလိုက်ပြီး နေရာမှ လှည့်ထွက်ရန်ပြင်လိုက်လေသည်။ထိုအခါ ရဲရင့်သည် ငြိမ်း၏ရှေ့တွင် ဖျတ်ခနဲ ပိတ်ရပ်လိုက်ပြီး ငြိမ်း မျက်နှာကို စူးစူးစိုက်စိုက်ကြည့်၍ မေးလိုက်လေသည်။ "ဒီလို ရှောင်သွားလို့မရတော့ဘူးနော် မမ...မောင့်ကို တိကျတဲ့ အဖြေပေးပါနော်...စောင့်နေရတာရင်တွေပူလှပြီဗျ..." ငြိမ်းသည် မိမိရှေ့တွင် ပိတ်ရပ်နေပြီး ချစ်ရည်ရွှမ်းသောမျက်ဝန်းများဖြင့်စူးစူးစိုက်စိုက်ကြည့်နေသော ရဲရင့်၏ ရင်ဘတ်ကိုတွန်းဖယ်လိုက်ပြီး လိုချင်သော ကတိကိုတောင်းလိုက်သည်။ "မင်းလိုချင်တဲ့ အဖြေရဖို့ တစ်ခုတော့ ကတိပေးရမယ်..." "တစ်ခုမကဘူး...ကြိုက်သလောက် ပြော...အားလုံး မမသဘောပဲ" ရဲရင့်က သူ့ရင်ဘတ်ကို တွန်းထားသော ငြိမ်း၏ လက်ကလေးကို သူ့လက်နှင့် အသာဆုပ်ကိုင်လိုက်ပြီး နုညံ့ညင်သာစွာ ပြောလိုက်သည်။ "အင်း....တစ်အချက် သစ်စ္စာမဖောက်ရဘူး .... နှစ်အချက် မလိမ်မညာရဘူး..." " " ဒါလေးပဲလား...မမ....ဒါဆိရင်.... မောင့်ကို ပြန်ချစ်မှာပေါ့နော်..." ရဲရင့်က ပျော်ရွှင်မြူးထူးစွာ မေးလိုက်ရင်း ဆုပ်ကိုင်ထားသော ငြိမ်း၏ လက်ကို ပို၍တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေသည်။ "အင်း...ဒါပေမဲ့ကတိတွေကို သေချာစောင့်ထိန်းရမှာနော်...." "၀မ်းသာလိုက်တာ မမရယ်.... ဒါ ...ဒါဆို မောင့်ကိုချစ်တာပေါ့နော်..." "အင်း " ငြိမ်းသည် ရဲရင့်၏အမေးကိုခေါင်းငြိမ့်ပြရင်း အဖြေပေးလိုက်လေသည်။

ဧကြည်ဖြူ "ချစ်ဆိပ်" ( ချူ ) အပိုင်း ၁၃ **** ငြိမ်းက အခန်းဝတွင် ရပ်လျက် မိခင်ကို လှမ်းမေးလိုက်သည်။ ဒေါ်ငြိမ်းဝေမှာ အောက်သို့ ပြုတ်ကျသွားသောဖုန်းကို မကောက်နိုင်သေးဘဲ ငြိမ်းကို အထိတ်တလန့် မော့ကြည့်နေမိလေသည်။ " လန့်သွားတာလား အမေ ... ဘယ်သူနဲ့ဖုန်းပြောနေတာလဲ" "ဟို....ဟို ... စည်သူ့အဖေနဲ့ပါ" "ဪ... စည်သူ့အဖေက ပြန်ရောက်လာပြီတဲ့လား....ဒါနဲ့ဘာတဲ့လဲအမေ...ကောင်လေးကို ပြန်ခေါ်တော့မလို့တဲ့လား....အမေစိတ်တိုနေတဲ့အသံကြားလို့ သမီးဖြင့်လန့်သွားတာပဲ...." "ဟို ... မခေါ်သေးဘူးတဲ့....အဲ့ဒါနဲ့ အမေလဲ စိတ်တိုပြီး ပြောနေတာ" "ဒါများ အမေရယ် ... မခေါ်လဲထားလိုက်ပါ...တော်ကြာ ကလေးကြားသွားလို့ စိတ်မကောင်းဖြစ်နေပါအုံးမယ်...သူရှိနေတော့ အမေလည်း အဖော်ရတာပေါ့... တစ်သက်လုံးပြန်မခေါ်ဘူးဆိုရင်လဲ ...သမီးတို့ပဲ မွေးစားလိုက်ကြတာပေါ့" " အေး....အေးပါသမီးရယ်..." ဒေါ်ငြိမ်းဝေမှာငြိမ်းကို မျက်နှာချင်း မဆိုင်ရဲဘဲ ခေါင်းကို အောက်သို့ ငုံ့ထားရင်း ပြန်ဖြေလိုက်သည်။ "ဒါနဲ့ အမေ.....မမမိုး လက်ထပ်တော့မယ်လို့သတင်းကြားတယ်...အဲ့ဒါ မမမိုး အတွက် လိုအပ်တာကို ကူညီပေးလိုက်ပါ သမီး သဘောတူပါတယ်နော်...." ငြိ မ်းဆီမှ နောက်ဆက်တွဲ စကားကြောင့် ဒေါ်ငြိမ်းဝေမှာ ယခုမှပင် သက်ပြင်းချနိုင်ပြီး ခေါင်းငြိမ့်ပြလိုက်မိသည်။ "ဟုတ်တယ် သမီး...မိုးမိုး လက်ထပ် တော့မယ်...ငွေပဲ မဟုတ်ဘဲ...သမီးလဲ သွားလိုက်အုံးလေ..." ဒေါ်ငြိမ်းဝေပြောလိုက်သောအခါ ငြိမ်းက အတန်ကြာ တိတ်ဆိတ်သွားပြီးမှ "မသွားချင်ဘူး အမေ "ဟု ပြောလျက်အခန်း ပြင်သို့ ပြန်ထွက်သွားလေသည်။ကျန်ခဲ့သောဒေါ်ငြိမ်းဝေမှာ ယခုမှပင် အသက်ဝဝရှူနိုင်လေတော့သည်လေ။ ****** "စည်သူ ဘာတွေ လုပ်နေတာလဲကွ.." ငြိမ်းက မေးရင်း စည်သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ "ကြီးကြီး ဖတ်ခိုင်းတဲ့စာအုပ်တွေဖတ်နေတာ မမ" "ဟုတ်လား ...စည်သူက မမ အမေ စကားကိုနားထောင်တယ်ဆိုတော့ တော်တာပဲ...ဒါနဲ့ စည်သူက ဘယ်နှစ်တန်းလဲ ..." "လေးတန်းအောင်ပြီးပါပြီ မမ...ဒီနှစ်တော့ အဖေက အလုပ်အဆင်မပြေလို့ ကျောင်းမတက်နဲ့ အုံးဆိုလို့ မတက်ရသေးတာ" "ဪ " ဟု တစ်ခွန်း သာရေရွတ်မိပြီး ငြိမ်းသက်ပြင်းချလိုက်မိသည်။စည်သူ့ကိုကြည့်ပြီး မိခင်ကို ငြိမ်းပို၍ကျေးဇူးတင်လိုက်မိသည်။မိခင်သည် ဒုက္ခပေါင်းစုံကိုကျော်ဖြတ်ပြီး ငြိမ်း ဘဝကို တည့်မတ်အောင် ထူထောင်ပေးခဲ့သည်လေ။စည်သူလေးကိုကြည့်ရင်း ငယ်ဘ၀ကို တွေးမိလိုက်သလို စည်သူလေး၏ ဘ၀ကိုလည်း ငြိမ်းစိတ်ထဲသနားစိတ်ဝင်သွားမီလေသည်။ ဒါနဲ့ ...စည်သူ့မေမေက ဘယ်တုန်းက ဆုံးသွားတာလဲ..." စည်သူလေးသည် ငြိပ်းမေးခွန်းကြောင့် ခေါင်းလေး ကိုငဲ့စောင်းပြီးသေချာစဉ်းစားတွက်ချက် နေပုံရ လေသည်။အတန်ကြာသောအခါမှ ငြိမ်းကို မော့ကြည့်ပြီးခပ်တိုးတိုးဖြေလေသည်။ "သား နှစ်တန်းတုန်းက ဆုံးသွားတာပါ..အမေက အဖေနဲ့ မတည့်ပါဘူး မမရယ်...နေ့တိုင်းရန်ဖြစ်ကြတာ...အဖေနဲ့အမေရန်ဖြစ်ရင်သားက ကြောက်လို့ ပုန်းနေတာပဲ..." "ကလေးရယ်..." စည်သူ့ပခုံးလေးကို အသာဖက်လိုက်ရင်း ငြိမ်း ရေရွတ်လိုက်မိပြန်လေသည်။ "ဒါနဲ့ ...စည်သူ့အမေက ဘာလို့ဆုံးသွားတာလဲ " "သမီးငြိမ်း...ကလေးကို ဘာတွေ မေးနေတာလဲ.....စည်သူ မုန့်ဆိုင်ထဲမှာ မမတွေကို သွားဝိုင်းကူလိုက်အုံးနော် ကလေး..." "ဟုတ်ကဲ့ပါ ကြီးကြီး" ဒေါ်ငြိမ်းဝေက ပြေးထွက်သွားသော စည်သူလေး ကို ကြည့်ရင်း ငြိမ်းဘေးတွင် ဝင်ထိုင်လိုက်လေသည်။ "သမီးရယ်...ကလေးကို ဘာတွေလျှောက်မေးနေတာလဲ....တော်ကြာ ကလေးစိတ်ထိခိုက်သွားရင်ဘယ်လိုလုပ်မလဲ....." "သမီးက အဲ့ဒီလို ရည်ရွယ်ပြီး မေးတာ မဟုတ်ပါဘူး အမေရယ် ... ကလေးကို သနားလို့ပါ...ဒါနဲ့ သူ့အမေက ဘာရောဂါနဲ့ဆုံးသွားတာတဲ့လဲ အမေ..." "အင်း...အမေလဲသေချာတော့မသိပါဘူးကွယ်... အမျိုးသမီးရောဂါနဲ့ ဆိုလားပဲ...နောက်ဆို ကလေးကို မမေးပါနဲ့ သမီးရယ်.... ကလေးစိတ်ထဲ ဝမ်းနည်းသွားမှာစိုးလို့ပါ..." "ဟုတ်ကဲ့ပါ အမေ ...သမီးကလည်း ဘာရယ်မဟုတ်ဘူးမေးလိုက်တာ ပါ... ကလေးကိုကြည့်ရင် သမီးရင်ထဲ ဝမ်းနည်း သလိုလို ဘာလိုလို ခံစားနေရလို့ပါ " ငြိမ်း စကားကြောင့် ဒေါ်ငြိမ်း ဝေ ငြိမ်းကို အတန်ကြာ စိုက်ကြည့်နေမိလေသည်။ဒေါ်ငြိမ်းဝေ ကြည့်နေစဉ်အတွင်း၌ ငြိမ်း၏ မျက်လုံးလေးများသည် ရီဝေမှုန်မှိုင်းလျက် ရှိနေပြီး တစ်မုဟုတ်ချင်းမှာ ပင် စူးရဲတောက်ပသော အသွင်သို့ ပြန်လည်ပြောင်းသွားသည်ကိုတွေ့လိုက်ရလေသည်။ ******* "ဘယ်လိုလဲ မမ ....ကျွန်တော် ပြင်ဆင်ထားတာကို ကြိုက်ရဲ့လား" ရဲရင့်က သူပြင်ဆင်ထားသော အိမ်ခန်းလေးကို ငြိမ်းကို လိုက်ပြရင်း မေးလိုက်လေသည်။မနက်ဖြန်ဆိုလျှင် ရဲရင့်၏ မိခင်ဆေးရုံမှ ဆင်းရတော့မည်ဖြစ်သောကြောင့် ရဲရင့် တို့အိမ်လေးကို ငြိမ်းက လာဝိုင်းကူရှင်းပေးနေခြင်းဖြစ်ပါလေသည်။ "ငြိမ်း ကြိုက်ဖိုထက် ...အန်တီကြိုက်ဖို့ပဲလိုတာလေ ရဲရင့်ရဲ့ ...အန်တီဆေးရုံကဆင်းလာရင် ... စိတ်အေးချမ်းနေဖို့ပဲ အရေးကြီးတာ...ထမင်းစားခန်းမှာ အနီရောင် နဲ့လိမ္မော်ရောင် ပိုစတာလေးတွေ ချိတ်ပေါ့ ...

"ဟင်....သ...သမီး....ငြိမ်း...." ဒေါ်ငြိမ်းဝေသည် ဖုန်းပြောနေရာမှ ငြိမ်းကို ရုတ်တရက် တွေ့လိုက်ရသောကြောင့် လန့်ဖျပ်သွားပြီး လက်ထဲမှဖုန်းပင် အောက်သို့ပြုတ်ကျသွားလေသည်။ @@@@@@@@@@@@@@ အပိုင်း (၁၃ ) ဆက် ရန် ဧကြည်ဖြူ

"ဟုတ်ကဲ့ မမ"ဆိုသော ရဲရင့်ဆီက စာရောက်လာပြီးတော့ စိုင်းခွန်နောင်၏ စာကို ဝင်ဖတ်လိုက်သည်။ "ငြိမ်း ....ဒီည လိုင်းမသုံးဘူးလား..." "နေမကောင်းများဖြစ်နေလို့လား ... စိတ်ပူလိုက်တာ " စာလေးက နှစ်ကြောင်းတည်းပင် ။ထုံးစံအတိုင်း အချိန်ပြည့် အင်တာနက်လိုင်းရနေသည်နေရာဒေသမှဆိုတော့ အကောင့်က မီးစိမ်းနေသည်။ "နေကောင်းပါတယ်....စိတ်မကောင်းဖြစ်နေတာ ..." ငြိမ်းက ပြန်စာကို ပို့ လိုက်သည်။တစ်ခဏချင်းမှာပင် သူ့ဆီမှ ပြန်စာရောက်လာလေသည်။ "ကျွန်တော်က ငြိမ်းအိပ်သွားပြီထင်နေတာ...ဘာတွေစိတ်မကောင်းစရာနဲ့ ကြုံနေရလဲ....ကျွန်တော်ကို ပြောပြလေ ... " သူ့ပို့လာသောစာကို ဖတ်ပြီး ငြိမ်းစိတ်ထဲ ထိန်းချုပ်ထားသော ဝမ်းနည်းမှုက လည်ချောင်းဝသို့ဆို့နင့်တက်လာသည်။အမေသည် ငြိမ်းကို တစ်ခါဆို တစ်ခါလေးမျှပင် မာန်မဲဆူပူခဲ့ဖူးသူမဟုတ်ချေ။သည်နေ့ ည၌သာ ပထမဆုံးအကြိမ်အဖြစ် ငြိမ်းကိုမာမာထန်ထန် ဆူပူခြင်း ဖြစ်လေသည်။အမေ့ဆီမှ ဒီ လို လေသံမာမာနှင့်အပြောခံရတော့ ငြိမ်း ဝမ်းနည်းစိတ်ဖြစ်မိသည်။ရင်ထဲ တဆစ်ဆစ်တနုံ့နုံ့ ဖြင့်ခံစားနေရသည်။ထိုခံစားမှု အပူသောကကို ရဲရင့်ဆီမှာလည်း ရင်မဖွင့်မိ ။ ရဲရင့်ဘဝလေးခုမှစိတ်ချမ်းသာနေသည်ကို အပူမကူးစေလို မိပေ။သို့သော်လည်း စိုင်းခွန်နောင်ကမေးလာသောအခါ မမြင်မတွေ့ရသော သူစိမ်းတစ်ရံဆံ ဖြစ်၍ထင်သည်။ရှောရှောရှူရှူပင် ရင်ဖွင့် ပြောပြလိုက်မိလေသည်။ "အမေ့ဆူလို့ ပါ...အရင်က အခုလို တစ်ခါမှ မဆူဖူးတော့ စိတ်ထဲ ဝမ်းနည်းနေမိတယ်...ငိုချင်တယ် " " ဟော့ဗျာ...ငိုနေတာလား....မငိုပါနဲ့ ငြိမ်းရယ် .... ဘယ်သူက ပဲမှားမှား ...မနက်ကျရင် ငြိမ်းဘက်က အရင် ချော့လိုက်... တောင်းပန်လိုက်နော်.... အခုတော့ ငြိမ်း ခံစားနေရတာတွေ...စိတ်တိုနေတာတွေကို ကျွန်တော်ကို ပြောပစ်လိုက်.... ဟုတ်ပြီးလား...." "လူတွေက မကောင်းဘူး.... လူတစ်ဖက်သားကို မတရားပြောချင် ဆိုချင်နေကြတာ...သူတို့အပြစ်ကျ သူတို့မသိကြ ...မမြင်ကြဘူးလေ..." "ဟုတ်တယ်.... လူအများစုရဲ့ စိတ်က အဲ့ဒီလိုပဲ ငြိမ်းရဲ့ " "ငြိမ်းက စပြီး ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး.... ငြိမ်းကို ဒုက္ခပေးတဲ့သူဆိုရင်လည်း ခွင့်မလွှတ်ဘူး...." "ငြိမ်းရယ်"ဆိုသော ညည်းတွားသံမျိုးနှင့် တူသော စာသားလေး သူ့ဆီမှရောက်ရှိလာသည်။ "ငြိမ်းဘဝမှာ လုံးဝခွင့်မလွှတ်နိုင်တဲ့သူနှစ်ယောက်ရှိတယ်..." "ချွင် " .ငြိမ်းတို့ စကားပြောနေစဉ်မှာပင် "ချွင် " ခနဲ မြည်သံကြောင့် ကြည့်လိုက်သောအခါ ရဲရင့်ဆီမှ စာပို့လာခြင်းဖြစ်သည်ကိုတွေ့လိုက်ရလေသည်။ "ဟာ..မမ... မအိပ်သေးဘူးလား..ဟာသ ဗွီဒီယိုတွေကြည့်နေပြန်ပြီလား... ညနက်နေပြီလေ" "ချစ်သူ့ ဆီကို တောင်င်ပံဖြန့်ကျက်လို့ သွားချင်တယ် ......ဘယ်ဆီဘယ်ဝယ်မှန်းလဲ အတတ်မသိ....." ရဲရင့်ဆီမှ စာကို ဖတ်နေချိန်မှာပင် ငြိမ်းသိပ်ကြိုက်သော ဂျီလတ်၏ သီချင်းသံက ဖုန်းထဲမှထွက်ပေါ်လာလေသည်။ရဲရင့်ဖုန်းခေါ်ခြင်း ဖြစ်လေသည်။ငြိမ်းဖုန်းကိုကိုင်လိုက်သည်။ "ဟယ်လို" "မမ... မအိပ်သေးဘူးလား...အချိန်ကိုကြည့်ဦး....အိပ်တော့..." ဖုန်းကိုင်လိုက်သည်နှင့် ရဲရင့်၏ စိတ်တိုနေသော အသံကို ကြားလိုက်ရလေသည်။သည်တော့လည်း ငြိမ်းကလည်း ဒေါပွပွနှင့် ပြန်မေးလိုက်သည်။ "မင်းက ရော ခုချိန်ထိမအိပ်သေးဘူးလား" "မမအိပ်ခိုင်းကတည်းက အိပ်လိုက်တာဗျ...တရေးနိုးလာတာ .... စိတ်ထဲ တစ်မျိုးဖြစ်နေလို့ ဖေ့ဘုတ်ဖွင့်ကြည့်လိုက်တာ...." "အေးပါကွာ ... ဟုတ်ပါပြီး...အိပ်ပါတော့မယ် ဟုတ်ပြီလား...တာ့တာနော်...." ဖုန်းချပြီးသည်နှင့် ငြိမ်းလည်း အင်တာနက်ကိုပိတ်လိုက်ပြီး အိပ်ရန်ပြင်လိုက်သည်။ စိတ်က မအိပ်ချင်သေးသော်လည်း ရဲရင့်ကို ကတိပေးလိုက်ပြီးပြီဖြစ်သောကြောင့် အိပ်ရန် ဆုံးဖြတ်လိုက်လေသည်။ ****** ဒေါ်ငြိမ်းဝေဖုန်းကိုကိုင်ပြီး အပေါ်ထပ်သို့တက်ခဲ့လိုက်သည်။ သည်အချိန်ဆိုလျှင် ငြိမ်းက အောက်ထပ်က ဈေးဆိုင်တွေထဲမှာ အလုပ်များနေချိန် ဖြစ်သောကြောင့် အပေါ်ထပ်ကို တက်လေ့ တက်ထမရှိပေ။ထို့ကြောင့် ဒေါ်ငြိမ်းဝေ အပေါ်ထပ်မှာ ဖုန်းလာပြောခြင်းဖြစ်ပါလေသည်။ဒေါ်ငြိမ်းဝေ ဖုန်းကိုဖွင့်ပြီး ဖုန်းနံပတ်တွေကို နှိပ်လိုက်သည်။ "ဟယ်လို" တစ်ဖက်မှထူးသံကြားလိုက်ရလေသည်။ "ကိုအောင်မင်း...ရှင့်ကလေးကို ဘယ်တော့ လာခေါ်မှာလဲ ....ရှင်အခန်းမငှားရသေးခင် ခဏ ခေါ်ပေးထားပါဆိုလို့ ကျွန်မက ခေါ်ပေးထားတာ...အခုပဲနှစ်လပြည့်တော့မယ်....ကျွန်မက ကလေးကို သနားလို့ခေါ်ထားတာနော်....ဒီကလေးက ဘယ်သူဆိုတာ ငြိမ်းသိသွားရင် ရှင့်ကလေးရော....ကျွန်မ သမီးပါ စိတ်ထိခိုက်ရလိမ့်မယ်... ငြိမ်းရဲ့စိတ်ကို ရှင် သိတယ်မဟုတ်လား...." "ငါ....ငါတောင်းပန်ပါတယ် ငြိမ်းဝေရာ...ငါ့အလုပ်ကအဆင်မပြေလို့ပါ ဟာ... အခုတောင် နေစရာမရှိလို့ ..ည စောင့်အလုပ်လုပ်ပြီးနေ့ဘက်ဆို အဆင်ပြေရာမှာ အိပ်နေရတာဟ...." ငြိမ်းသည် အပေါ်ထပ် အိပ်ခန်းထဲတွင် စာရင်းစာအုပ်ကျန်ခဲ့သောကြောင့်လာတက်ယူရာမှ မိခင်၏အခန်းထဲမှစကားပြောသံသဲ့သဲ့ကိုကြားလိုက်ရသောကြောင့် အမှတ်တမဲ့ နားထောင်လိုက်မိလေသည်။ "အို ...ဒါတွေ ကျွန်မ မသိဘူး.... နေစရာမရှိရင် ရွာကိုပြန်ပေါ့...ရှင့် အမေရှိသေးတာပဲ.... "အမေ.... ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ"

ကျေးဇူး တကြောင်းတွေတဖွဖွပြောနေသောရဲရင့်၏လက်ကို ဖျစ်ညှစ်ဆုပ်ကိုင်လိုက်ပြီး ငြိမ်းအားပေးစကားပြောလိုက်မိသည်။ရဲရင့်က မျက်ရည်တွေ့ရစ်နေသော မျက်ဝန်းအစုံဖြင့် မော့ကြည့်လာသည်။ရဲရင့်၏ မျက်ဝန်းတွေကို ကြည့်နေမိရင်းမှ ငြိမ်း လွှတ်ခနဲ မေးလိုက်မိလေသည် ။ "ရဲရင့်က ဘယ်ဇာတိလဲဟင်...ဆွေမျိုးသားချင်းတွေရော ရှိလား...." "ရန်ကုန်ကပဲ မမရဲ့...ဆွေမျိုးတွေလည်း ရန်ကုန်မှာပဲ ရှိကြတာ....ဒါပေမဲ့ လောကရဲ့ ထုံးစံအတိုင်း ရွှေမရှိတော့ အမျိုးမ တော်ချင်ကြဘူးလေ..... " "ဪ ... ဟုတ်လား.." ****** "သမီး...ကိုသန့်စင်တို့ကိစ္စက ဘယ်လိုဖြစ်တာလဲ...သမီး ပယောဂများပါနေလားကွယ်..." ဒေါ်ငြိမ်းဝေက စာရင်းဇယားများဖြင့်အလုပ်များနေသော ငြိမ်းဘေးတွင် ကပ်ထိုင်လိုက်ပြီးခပ်တိုး တိုးမေးလိုက်သည်။ ငြိမ်းက မိခင်ကို တစ်ချက်မော့ကြည့်လိုက်မိသည်။ "ဘာဖြစ်လို့လဲ အမေ...ငြိမ်းလဲ ဘာမှမသိရပါလား...ဘာကိစ္စကို မေးတာလဲ.." "ကိုသန့်စင်နဲ့ညိုညိုကိစ္စလေ... အရင်က ညိုညို ကောင်လေးက အမေတို့ ဆိုင်ကို မလာဖူးပါဘူး...ခါတိုင်းဆိုင်ပြင်မယ်ဆို ခေါ်ခိုင်းနေကြ လက်သမားကိုမခေါ်ဘဲ...ဘာလို့ အဲ့ဒီကောင်လေးကို ခေါ်လာရတာ လဲ....ခုတော့ ထိုးဟယ်ကြိတ်ဟယ်နဲ့ ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်တဲ့အပြင် .... ကိုသန့်စင်နဲ့မသက်မာလည်းအသက်ကြီးမှ ကွဲဖို့ကွာဖို့ ဖြစ်ကုန်ကြပြီ..." "သူ့တို့ဘာသာ ဟုတ်လို့ ကျော် ပုတ်လို့ပေါ်တဲ့ကိစ္စပဲ အမေ...." ငြိမ်းက ခေါင်းကိုငုံ့လျက်မှ မိခင်ကို ပြန်ပြောလိုက်သည် ။"မဟုတ်ပါဘူးအမေရယ် "ဟု ငြိမ်း ငြင်းချက် မထုတ်မိ။ငြိမ်းမလိမ်ညာတတ်ပါ။လိမ်ညာခြင်းက ငြိမ်း အမုန်းဆုံးသောအရာဖြစ်သည်။ဦးသန့်စင်နှင့် ဒေါ်သက်မာဆိုတာ ငြိမ်းတို့ မျက်နှာချင်းဆိုင်မှဖြစ်သည်။သူတို့လည်း စတိုးဆိုင်ကြီးဖွင့်ထားသည်။ပြီးလျှင် ငြိမ်းတို့ ဆိုင်ကို မသိမသာ ရော၊ သိသိသာသာပါ ပြိုင်ဆိုင်သည်။တိုက်ခိုက်သည်။သည်မျှလောက်ကိုတော့ ငြိမ်းက ဂရုကိုမစိုက်။ကိုယ့် ဘာသာ အေးအေးဆေးဆေးပင် မသိချင်ယောင်ဆောင်နေခဲ့သည်။သူတို့စတိုးဆိုင်မှာ ညိုညို ဆိုသော စာရေးမလေးကိုခန့်ထားသည်။ပြီးလျှင် ဦးသန့်စင်က ညိုညိုနှင့် တိတ်တိတ်ပုန်း ဖြစ်နေကြသည်။ဒါကို ဒေါ်သက်မာကမရိပ်မိ။ မျက်နှာချင်းဆိုင်အနေအထားနှင့် နေ့စဉ်တွေ့မြင်နေရသောင်ငြိမ်းကရိပ်မိသည်။သို့သော် သည်ကိစ္စကငြိမ်းနှင့် မဆိုင်၍ မဆိုင်သလိုသာနေခဲ့သည်။ငြိမ်းနှင့်ဆိုင်လာသည်မှာ ငြိမ်းကား ဝယ်လိုက်ပြီးရဲရင့်ကို ကားပေး မောင်းသော အချိန်မှစသည်ပဲ ပြောရလေမည်လား။ဒေါ်သက်မာရော ဦးသန့်စင်ကပါ ငြိမ်းကားဝယ်လိုက်ချိန်မှစ၍ ငြိမ်းအကြောင်းတွေကို မဟုတ်တာတွေလျှောက်ပြောလာတော့ သည်ကိစ္စကငြိမ်းနှင့် သက်ဆိုင်လာခဲ့သည်လေ။ထို့ကြောင့်ပင် ဦးသန့်စင်နှင့် ညိုညိုတို့၏ အရှုပ်ထုပ်ကို အများသိအောင် လုပ်ပစ်လိုက်သည်။သိပ်တော့လည်း ခက်ခက်ခဲခဲ့မလုပ်လိုက်ရပါ။ ညိုညို အကြောင်းကိုစုံစမ်းလိုက်သည်။ထိုအခါ စိတ်တိုလွယ်သော ညိုညို ရည်းစား လက်သမားကောင်လေးနှင့် သိခဲ့ရသည်။ပြီးတော့ ငြိမ်းက ထိုကောင်လေးကို ဆိုင်သို့ ရုတ်တရက်ခေါ်ချလာပြီး ဆို င်ထဲရှိ မုန့်တင်သောဆင့်တန်းများကို ပြင်ခိုင်းလိုက်သည်။ကောင်လေးကလည်း လိုလိုချင်ချင်ပင် လုပ်ပေးခဲ့သည်။ကြည့်ရသည်မှာ သူ့ကောင်မလေးကို မြင်တွေ့ရမည်ဖြစ်သောကြောင့် အလုပ်ကိုလက်ခံလိုက်ပုံရသည်။အလုပ်လုပ်နေစဉ် တောက်လျှောက် မျက်လုံးက သူ့ချစ်သူရှိနေသော ဦးသန့်စင်တို့ဆိုင်ကိုပဲကြည့်နေသည်။သည်မှာတင် လူလစ်ရင်လစ်သလို အနေအထိုင်မတတ်ကြသော ဦးသန့်စင်နှင့့်ညိုညိုတို့အား လက်ပူးလက်ကြပ်မိလေတော့သည်။အဲ့ဒီတော့ စိတ်တိုလွယ်သော ကောင်လေးက ဦးသန့်စင်တို့ဆိုင်ထဲသို့ ပြေးသွားပြီး ဦးသန့်စင်ကိုထိုးသည်။ သူ့ရည်းစား ညိုညိုကို ပြဿနာရှာသည်။သည်မှာတင် ဦးသန့်စင်နှင့် ညိုညိုတို့အဖြစ်က လူသိရှင်ကြားဖြစ်သွားခဲ့လေသည်။ "ဘာလို့ဒီလိုလုပ်ရတာလဲ ငြိမ်းရယ်...အာဃာတကြီးလှချည်လား....သမီးကို အမေဘယ်တော့မှမဆူခဲ့ဘူးနော်.... ဒီတစ်ခါတော့ဆူမယ်... လက်တုန့်ပြန်တတ်တဲ့ ဒီလိုစိတ်ဓါတ်ကို အမေ မကြိုက်ဘူး .... နောက်တစ်ခါ ဒီလိုမျိုး ဘယ်သူ့ကိုမှ ထပ်မလုပ်ရဘူး...မကောင်းတဲ့လူက မကောင်းသလိုပဲ သူ့အကုသိုလ်နဲ့ သူ ... သူ့လမ်းသူသွားမှာပဲ ... အဲ့ဒီအကုသိုလ် ကို သမီးက ခွဲယူနေတာလား....ဒါနောက်ဆုံးအကြိမ်ပဲဖြစ်ပါစေ သမီး..." ဒေါ်ငြိမ်းဝေ ပြောပြီး ငြိမ်းအနားမှထလာခဲ့သည်။ငြိမ်းက ဧည့်ခန်းဆိုဖာခုံပေါ်တွင် ငူငူချည်းထိုင်လျက် ကျန်ခဲ့လေသည်။ ******* "ချွင် " " ချွင် " ဖေ့ဘုတ်ကိုဖွင့်လိုက်သည်နှင့် ချွင်ခနဲ ရောက်လာသော အသံများကြောင့် ငြိမ်းမက်ဆင်ဂျာထဲသို့ဝင်ကြည့်လိုက်သည်။ "မမ ... အိပ်နေပြီလား..." "ဒီညလိုင်းမသုံးတာလား..." ရဲရင့်ဆီမှစာများ ရောက်လာပြီး အကောင့်် ကမီးစိမ်းနေဆဲ ဖြစ်လေသည်။ "မအိပ်သေးဘူးလား..." ဟု ငြိမ်း စာပြန်ပို့လိုက်သည်။ "မမကို စောင့်နေတာ..မမတို့ဆိုင်ကပြန်လာပြီးကတည်းက မမလိုင်းတက်မလား စောင့်နေတာ .... ဘာတွေ အလုပ်များနေလို့လဲ...စာရင်းတွေရှုပ်နေရင် မနက်ကျရင် လာကူတွက် ပေးမှာပေါ့..." "မဟုတ်ပါဘူး ...ကိစ္စလေးရှိလို့ပါ.... စောစောအိပ်နော်...ဂိမ်းတွေလည်း ညနက်အောင် ဆော့မနေနဲ့... ကျန်းမာရေးထိခိုက်မယ်...."

"ရပါတယ် ... မြန်မာပြည် ပြန်မရောက်တာဘယ်လောက်ကြာပြီလဲ" ဟုအမေး စာကြောင်းလေး ပို့ လိုက်သည်။ " ခြောက်နှစ်ခုနှစ်လောက်ရှိပြီ.... ကျောင်းမပြီးခင်လေးမှာ ရောက်လာတာလေ...." "မြန်မာပြည်မှာတုန်းက ဘယ်မှာနေတာလဲ..." "တောင်ကြီးမှာနေတာ..." "ဪ...ဒါဆို...ရှမ်းလူမျိုးပေါ့နော်..." "ရှမ်းလူမျိုးစစ်စစ်တော့ မဟုတ်ပါဘူး...အဖေကဗမာ...အမေက ရှမ်းသွေးပါတယ်... အဖေဆုံးတော့ အမေ့ အမျိုးတွေရှိတဲ့နေရာမှာပဲ နေဖြစ်သွားတာ ဆိုပါတော့ " " ဪ...အဲ့ဒီမှာ အလုပ်အကိုင် အဆင်ပြေလား...." "ဟုတ်ကဲ့ ... ပြေပါတယ် ....နောက်နှစ်လောက်ဆို ....ကျွန်တော်ပြန်လာတော့မယ်... အမေက အသက်ကြီးလာပြီဆိုတော့ ခွဲမနေချင်တော့လို့ ..." ဘာရယ်မဟုတ်သူနှင့် ငြိမ်းအတန်ကြာ စကားပြောဖြစ်ကြသည်။သူ့အကြောင်း ကိုယ့်အကြောင်းတွေမေးကြ ၊ ပြောကြရင်း သူ့က သတိပေးမှပင် ညဉ့်အတော်လေးနက်နေပြီးမှန်း ငြိမ်းသတိထားလိုက်မိလေတော့ သည်။ "စကားပြောကောင်းနေတာနဲ့ ... ငြိမ်းအိပ်ဖို့နောက်တောင် ကျနေပြီပဲ...အိပ်တော့လေငြိမ်း..." "Good night အိပ်မက်လှလှမက်ပါစေနော် ငြိမ်း" သူ့ဆီက နှုတ်ဆက် စာကြောင်းလေးရောက်လာပြီးတော့ ငြိမ်းလည်း အင်တာနက်ကိုပိတ်ပြီး အိပ်ဖို့ပြင်လိုက်သည်။ ******* "ကဗျာရိပ်"ဆိုသော ကော်ဖီဆိုင်လေးရှေ့သို့ ရောက်သောအခါ ငြိမ်းက ကားဆရာကိုရပ်ခိုင်းလိုက်ပြီး ကားပေါ်မှဆင်းလိုက်သည်။ကော်ဖီဆိုင်လေးထဲသို့ ငြိမ်းလှမ်းကြည့်လိုက်သောအခါ ဆိုင် ထောင့်ကျကျစားပွဲတွင် ထိုင်နေသော ရဲရင့်ကို တွေ့လိုက်ရသည်။ထုံးစံအတိုင်း ရှပ်အင်္ကျီခပ်နွမ်းနွမ်းနှင့် အရောင်ဖျော့ဖျော့ ဂျင်းဘောင်းဘီကိုတွဲဝတ်ထားလေသည်။ငြိမ်းကိုမြင်သောအခါ ရွှင်မြူးသွားသောမျက်နှားထားဖြင့် လက်လှမ်းပြလေသည်။ငြိမ်းက သူ့ကိုပြန်ပြုံးပြလိုက်ပြီး သူ့ရဲ့ မျက်ဝန်း စူးစူးလေးများကို ဖျတ်ခနဲ ငေးမောကြည့်လိုက်မိသည်။ "လာလေ မမ...ဒီမှာ ထိုင်..." နေ့လယ်နေ့ခင်းဖြစ်သောကြောင့် ဆိုင်လေးထဲတွင် လူရှင်နေလေသည်။ငြိမ်းက ရဲရင့်ဆွဲထုတ်ပေးသော ခုံမှာဝင်ထိုင်လိုက်သည်။ရဲရင့်က စားပွဲထိုးလေးကို လှမ်းခေါ်ပြီး ကော်ဖီမှာနေသည်။ "ရဲရင့်ကို ခေါ်လိုက်ရတဲ့အကြောင်းက အလုပ်ကိစ္စလေး ပြောမလို့ လေ... ငြိမ်းပြောတာတွေကို နားထောင်ပြီး နားလည်မှုတော့ မလွဲစေချင်ဘူး ရဲရင့် ရယ်..." ငြိမ်းက စကားကို လှအောင် ပြောလိုက်သည်။ရဲရင့်ကလည်း ငြိမ်း ပြောတာကို ဂရုတစိုက်ဖြင့် နားထောင်နေလေသည်။ "ဟုတ်ကဲ့ .. ပြောလေ မမ ..." " ရဲရင့် ကားမောင်းတတ်တယ်မဟုတ်လား..." "မောင်းတတ်တယ် မမ ... လိုင်စင်လည်းရပြီးပြီ ... ကားမောင်းတဲ့ဘက်ကို ပြောင်းပေးဖို့ အလုပ်ထဲမှာလည်း လျှောက်ထားပြီးပြီ ...အဲ့ဒါပြောင်းရခါနီးမှ အမေ့ကျန်းမာရေး ကြောင့် အလုပ်ပျက်ရက်တွေများလို့ ပယ်ချခံလိုက်ရတယ်..." "ဟုတ်လား....ဒါဆို မလျှောက်နဲ့တော့..." "ဗျာ...မမ ဘာလို့လဲ " ငြိမ်းပြောလိုက်တော့ ရဲရင့်က အူကြောင်ကြောင်ပုံစံဖြင့် ပြန်မေးလေသည်။ "ဒီလိုပါ ရဲရင့်ရဲ့ ....ငြိမ်းကလေ ကားဝယ်ချင်တာကြာလှပြီ ... မေမေက စိတ်မချဘူးဆိုတာနဲ့ မဝယ်ဖြစ်တာလေ... အဲ့ဒါ အခုကားလေးတစ်စီးဝယ်မလို့လေ...ငြိမ်းကိုတော့ မေမေက မောင်းခိုင်းမှာမဟုတ်ဘူး...ဒါကြောင့် ရဲရင့်ကို ကားမောင်းခေါ်မလို့လေ...ပြီးတော့...ငြိမ်းတို့ကလည်း နေ့တိုင်း အပြင်သွားနေတာမဟုတ်တော့...ကားအားတဲ့အချိန်တွေမှာ...တက္ကစီဆွဲပေါ့... ဒါပဲနော် ငြိမ်းကို အုံနာကြေး တော့ပေးရမယ်နော်...." "ဗျာ....တ ...တကယ်ပြောနေတာလား မမ...နောက်နေတာလား ..." ရဲရင့်သည် ငြိမ်း၏မျက်နှာကို ကြည့်ပြီး မယုံကြည်နိုင်စွာ မေးလိုက်လေသည်။ "ဪ...တကယ်ပေါ့ ရဲရင့်ရဲ့ .... စီးပွားရေးကိစ္စနဲ့ပတ်သက်ပြီး ငြိမ်းက မနောက်တတ်ပါဘူးနော်....တစ်ခုတော့ရှိတယ် ...ရဲရင့်အိမ်က ငြိမ်းတို့နဲ့ဝေးလွန်းတယ် အိမ်ပြောင်းမှဖြစ်မယ်... ငြိမ်းတို့ ဘေးကရပ်ကွက်ထဲမှာ ဈေးသင့်တဲ့ အိမ်ခန်းတွေ ရှိတယ် ရဲရင့်စုံစမ်းကြည့်လိုက်...လိုတဲ့ငွေကို ငြိမ်းစိုက်ထုတ်ပေးထားမယ်လေ...နောက်မှ ဖြည်းဖြည်းချင်း ပြန်ဆပ်ပေးပါ ....." ငြိမ်းစကားဆုံးတော့ ရဲရင့်က မျက်နှာကိုလက်ဖဝါးနှစ်ဖက်နှင့် အုပ်လိုက်ပြီး ငြိမ်သက်သွားသည်။ ငြိမ်းမှာ ရဲရင့်၏ အပြုအမှုကြောင့် ထိတ်လန့်သွားမိပြီး ပျာပျာသလဲ တောင်းပန်လိုက်မိသည်။ "ဘာ...ဘာဖြစ်လို့လဲ ရဲရင့်....ငြိမ်း...ငြိမ်းတောင်းပန်ပါတယ်နော်....ငြိမ်းက ငြိမ်းရော... ရဲရင့်ရော အဆင်ပြေမဲ့နည်းလမ်းကို ပြောပြတာပါ...ရဲရင့်ကို အထင်သေးလို့ပြောတာမဟုတ်ပါဘူးနော်...ငြိမ်းကို စိတ်မဆိုးပါနဲ့..." ငြိမ်း၏တောင်းပန်စကားဆုံသောအခါ ရဲရင့်က သူ့မျက်နှာပေါ်မှ လက်တွေကို ခွါလိုက်သည်။ထိုအခါ ဖြူနုသော ရဲရင့်၏ မျက်နှာသည် ငိုထားသကဲ့သို့ နီမြန်း၍နေလေသည်။ " မမကို စိတ်ဆိုးစရာလားမမရယ်...အမှန်အတိုင်း ဝန်ခံရရင် ဝမ်းသာလွန်းလို့ပါ...ပိုက်ဆံများများရှာပြီး အမေ့ကို ဆေးရုံကောင်းကောင်းမှာလည်းပြချင်နေတာ .... ကျေး... ကျေးဇူးတင်ပါတယ် မမရယ်....မမကျေးဇူးတွေကို ဒီတစ်သက်မမေ့ပါဘူးနော်...."

ဧကြည်ဖြူ "ချစ်ဆိပ် " (ချူ ) အပိုင်း (၁၂) **** ငြိမ်းက မိခင်ဖြစ်သူ၏ လက်ထဲမှအထုပ်ကို ဆွဲယူလိုက်ရင်း မေးလိုက်သည်။ "အိမ်ထဲရောက်မှ ပြောပြမယ် သမီး ....မကြူရေ ....ကလေးကို ခေါ်သွားပြီး သူ့စားချင်တာတစ်ခုခုကျွေးလိုက်ပါနော် " ဒေါ်ငြိမ်းဝေ ကလေးကို အိမ်အကူမကြူ ကိုခေါ်သွားခိုင်းလိုက်ပြီး ကိုယ်တိုင်က စတိုးဆိုင်၏ နောက်ဘက်ရှိ ဧည့်ခန်းထဲတွင် ထိုင်ချလိုက်လေသည်။ ငြိမ်းက မိခင်အတွက် အသီးဖျော်ရည်ကို ကိုယ်တိုင်ဖျော်ပြီး အအေး ဖန်ခွက်ကိုကိုင်၍မိခင်၏ဘေးနားတွင် ဝင်ထိုင်လိုက်ရင်း မေးမြန်းလိုက်သည်။ " အမေအသိက မသက်သာဘူးလား အမေ..." ဒေါ်ငြိမ်းဝေက ငြိမ်း၏မျက်နှာကိုကြည်ရင်း သက်ပြင်းတစ်ချက်ကိုချလိုက်သည်။ "ဟုတ်တယ် သမီး...သူ့အခြေအနေက သိပ်မကောင်းဘူး ဒီကြာထဲ သူ့ခမျာ ဆွေမျိုးတွေဆီကပ်နေရတာ ဒီကလေးကရှိနေတော့ ဆွေမျိုးတွေက မကြည်ဖြူ့ကြဘူးတဲ့လေ.... ဒီကလေးက သူ့မြေးလေးလေ... ကလေးရဲ့အမေကလည်း ဆုံးသွားတာကြာပြီတဲ့ ... ဖအေလုပ်သူကလဲ ပျောက်နေတော့ ကလေးကို အမေတို့ဆီ ခဏလောက် အပ်ထားပါရစေ ဆိုလို့ ခေါ်လာတာ ... သမီးအဆင်ပြေရဲ့လားဟင် " " အဆင်ပြေပါတယ် အမေ...ကလေးဘ၀က သနားစရာလေးပဲ ခေါ်ထားလိုက်ပါ...သူ့အဖေဆိုတဲ့လူ လာမခေါ်တော့လည်း သမီးတို့ပဲ စောင့်ရှောက်ထားလိုက်တာပေါ့အမေရယ်...." ဒေါ်ငြိမ်းဝေမှာ ယခုမှပင် သက်ပြင်းမောကိုချနိုင်လေတော့သည်။ "ဒါနဲ့ အမေနဲ့ တိုင်ပင် စရာရှိလို့ အမေရဲ့ " "ဘာများလဲ သမီးရဲ့ ... ပြောပါဦ်း " "ဟိုလေ ရဲရင့်ကိစ္စပါအမေ...ရဲရင့်အမေကိုကြည့်ရတာ အတော်လေးနေမကောင်းဖြစ်နေရှာတာ ...ရဲရင့်ရတဲ့လစာလောက်နဲ့ ဆေးရုံဆေးခန်းလည်းမပြနိုင်ဘူး ထင်ပါတယ် အမေရယ်... ပြီးတော့ သူတို့အိမ့်ကလည်း ဝေးလိုက်တာဆိုတာ...အလုပ်သွားအလုပ်ပြန်ကို အချိန် မနည်းကြာတယ်လေ" ပြောနေရင်း ငြိမ်းက စကားကို ရပ်ပြီး မိခင်၏မျက်နှာကိုမော့ကြည့်လိုက်သည်။ ဒေါ်ငြိမ်းဝေက သမီးဖြစ်သူငြိမ်း၏အမှုအရာအပြောအဆိုကိုကြည့်ပြီး အကင်းပါးလှသူ ပီပီ ငြိမ်းပြောချင်သောစကားကိုနားလည်သဘောပေါက်လိုက်လေသည်။ "အဲ့ဒီတော့ သူတို့သားအမိကို သမီးက ဘယ်လိုများ ကူညီချင်လို့လဲ ပြောပါဦး..." "ဟိုလေ သမီးစဉ်းစားမိတာက ...တကယ်ဆို သမီးတို့မှာ ကားတစ်စီးလောက် လိုအပ်တယ် မဟုတ်လား...အမေက သမီးကို ကားမမောင်းစေချင်ဘူးဆိုလို့သာ မဝယ်ဖြစ်တာ...အဲ့ဒါ ကား တစ်စီးလောက် ၀ယ်ပြီး ရဲရင့်ကို မောင်းခိုင်းမလားလို့ ...သမီးကတော့ အုံနာသဘောပေါ့အမေရယ်...သမီးတို့အပြင် မသွားတဲ့အချိန် သူက တက္ကစီဆွဲပေါ့...နေ့စဉ် အုံနာကြေးတော့တောင်းရမှာပေါ့...အဲ့ဒါဆို သူလည်း ၀င်ငွေ ပိုကောင်းလာမှာပဲ...သမီးစိတ်ကူးကို အမေ ဘယ်လို သဘောရလဲဟင်..." "ကောင်းပါတယ်သမီးရဲ့ ....ကူညီရာလည်း ရောက်သလို အမေတို့ ငွေတွေလည်း အလဟဿဖြစ်သွားတာမှမဟုတ်တာပဲ..." မိခင်၏ တုန့်ပြန် စကားကြောင့် ငြိမ်းက မိခင်ကို ဝမ်းသာအားရဖက်လိုက်မိလေသည်။ ***** အိပ်ရာထဲ ရောက်သည်နှင့် ငြိမ်း ဖေ့ဘုတ်ကို ဖွင့်သုံးလိုက်သည်။ " ချွင် " "ချွင် " ချွင်ခနဲမြည်သံနှစ်ချက်နှင့်အတူ မက်ဆင်ဂျာမှ စာနှစ်စောင်ရောက်လာလေသည်။ စာနှစ်စောင် အနက် ရဲရင့် ပို့ထားသောစာကို ငြိမ်းအရင် ဝင်ကြည့်လိုက်သည်။ "အမေ နည်းနည်းသက်သာတယ်သိလား မမ..." "အလုပ်မဆင်းရတော့... မမနဲ့ မတွေ့ရဘူး" "သတိရလိုက်တာ မမရယ်" ရဲရင့်ပို့ထားသော စာကြောင်းလေးတွေကို ကြည့်ပြီး ငြိမ်း ပြုံးလိုက်မိသည်။ပြီးနောက် စာလေးတစ်ကြောင်း ပြန်ပို့လိုက်သည်။ "မနက်ဖြန် အလုပ်မသွားနဲ့အုံး.... ငြိမ်းနဲ့ အပြင်မှာ ခဏတွေ့ရအောင် အလုပ်ကိစ္စပြောစရာလေးရှိလို့ " စာကြောင်းလေးတွေကို ပို့လိုက်ပြီး အကောင့်ထဲကနေ ပြန်ထွက်လိုက်သည်။ပြီးနောက် နောက်ထပ် စာပို့ထားသောအကောင့်လေးထဲသို့ဝင်ကြည့်လိုက်သည်။ "အိပ်နေပြီလား ငြိမ်း...ကျွန်တော်တော့အလုပ်သွားနေပြီ..." "ကျွန်တော်လေ မြန်မာပြည်ကို လွမ်းလိုက်တာ ငြိမ်းရယ် ... အခုချိန်ဆို မြန်မာပြည်ကြီးလည်း ပြောင်းလဲနေပြီပေါ့နော်..." သူပို့ထားသော စာလေးတွေကိုကြည့်ပြီး ငြိမ်းစိတ်ထဲ လွမ်းမောသွားသလိုလိုပင် ခံစားလိုက်ရလေသည်။ ဒါသည် ကိုယ်ချင်းစာစိတ်ဟု များ ခေါ်လေမည်လား။လူဆိုသည်မှာ မည်မျှ တိုးတက်ဖွံ့ဖြိုးနေသောအရပ်ဒေသသို့ ရောက်နေစေကာမူ မိမိ စတင်မွေးဖွားရှင်သန် ကြီးပြင်းခဲ့သော အရပ်ဒေသကို စိတ်ထဲမှ အောက်မေ့သတိတရ ရှိနေတတ်သည်မဟုတ်ပါလား။ " မြန်မာပြည်ကတော့ ပြောင်းလဲလာပါပြီ...အခုဆို လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကစပြီး လူတိုင်းနီးပါးဖုန်းတွေလည်း သုံးနိုင်ကြပြီလေ..." ရေးပြီးသား စာကြောင်းလေး ကို ငြိမ်း ပို့လိုက်သည်။မီးစိမ်းနေသော သူ့အကောင့် ကချက်ချင်းပင်စာပြန်ပို့လာသည်။ "Good morning ပါ ငြိမ်း " သူ့ပို့လာသော နှုတ်ဆက်စကားကို ကြည့်ပြီး ပထမ ငြိမ်းအူကြောင်ကြောင်ဖြစ်သွား မိသေးသည်။ပြီးမှ သူရောက်နေသော အရပ်ဒေသကို တွေးမိပြီး ပြုံးလိုက်မိလေသည်။ထိုစဉ်မှာပင် သူ့ဆီမှ ရုပ်ပြောင် စတစ်ကာ ပုံလေးတစ်ခုနှင့် စာထပ်မံပို့လာလေသည်။ "sorry . Good night ပြောရမှာကို " ငြိမ်းက သူ့ဆီကို စာပြန်ပို့လိုက်သည်။

ငြိမ်းမှာ ရဲရင့်၏ အကြည့်များကိုရှောင်တိမ်းရင်း ရဲရင့်တို့ သားအမိနေသော အိမ်လေးကို ကြည့်လိုက်မိသည်။ အိမ်လေးသည် သွပ်မိုးထရံကာဆိုသော်ငြားထရံမှာအပေါက်အပြဲများဖြင့်ပြည့်နေလေသည်။ခေါင်းမိုးကို မော့ကြည့်လိုက်သော အခါ၌ သွပ်အမိုးများမှာ ပေါက်ပြဲ ၍နေလေသည်။အိမ်လေးကိုကြည့်ရင်း "မိုးများ ရွာရင် ဒုက္ခပဲ"ဟု တွေးလိုက်မိရင်း ငြိမ်းသက်ပြင်းမောကိုချလိုက်မိလေသည်။သည်ကြားထဲ တစ်အိမ် နှင့် တစ်အိမ် ပူးကပ်နေသောကြောင့် ဘေးအိမ်များဆီမှ ပြောသံ၊ဆိုသံ ၊ ဆူသံ ၊ဆဲသံများကြောင့် လူမမာတော့ ဘယ်လိုနေမည် မသိသော်လည်း ငြိမ်းတော့ လန့်လန့်သွားမိလေသည်။ငြိမ်းထိုသို့ တွေးနေစဉ်မှာပင် ရဲရင့်က ထရံတွင် ထိုးထားသော ယပ်တောင် နှစ်ချောင်းကိုယူလိုက်ပြီး ငြိမ်းနှင့် ထွေးထွေးကို တစ်ယောက်တစ်ချောင်း ပေးသည်။ပြီးနောက် သူ့မိခင်နှင့် ငြိမ်းကို မိတ်ဆက်ပေးလေသည်။ "အမေ ... သူက သားပြောတဲ့ မမငြိမ်း ဆိုတာပေါ့ ..." ရဲရင့်က သူ့အမေကို ခပ်တိုးတိုးပြောလိုက်သည်။ထိုသို့ ပြောလိုက်သောအခါ ရဲရင့်၏ မိခင်က ငြိမ်းကိုကြည့်ပြီး လေသံသဲ့သဲ့မျှဖြင့် ကျေးဇူးတင်ကြောင်းပြောလေသည်။ "ကျေးဇူး တင်ပါတယ် သမီးရယ်....သမီးကျေးဇူးကိုမမေ့ပါဘူးကွယ်...အဒေါ့်သားလေးကို စောင့် ရှောက်ပေးပါကွယ်...မလိမ္မာတာ ရိုရင်လည်း ဆုံးမပါနော် ...." "ဟုတ်... ဟုတ်ကဲ့ပါအန်တီ....ငြိမ်းတို့ကို အားမနာပါနဲ့ နားနားနေနေ နေ ပါနော်...အန်တီကိုနားခိုင်းလိုက်ပါရဲရင့်ရယ်...တော်ကြာ အန်တီမောလာမှာစိုးလို့....." ******** ယိုင်နဲ့နဲ့ အိမ်လေးပေါ်မှ ငြိမ်းတို့ ပြန်ထွက်လာခဲ့ကြသည်။ရဲရင့်က ငြိမ်းတို့ကို လမ်းထိပ်ထိလိုက်ပို့ပေးရှာသည်။လမ်းတောက်လျှောက်၌ စူးစမ်းသလိုကြည့်နေကြသော အကြည် စူးစူးများကို ရှောင်တိမ်းရင်း သည်လိုနေရာမျိုးတွင် နေရသော်ငြား သန့်ပြန့် ပြီးကြည့်ကောင်းနေသော ရဲ့ရင့်ပုံစံကို ငြိမ်း တစ်ချက် ငေးကြည့်လိုက်မိသည်။ထို့နောက် လျှောက်လာကြရင်းမှ လူရှင်းသော နေရာအ ရောက်တွင် "အိမ်လခ ဘယ်လောက်ပေးရလဲ..." ငြိမ်းနှုတ်မှလွှတ်ခန် မေးလိုက်မိသည်။ "သုံးသောင်းခွဲ မမ" "အန်တီကို ဆေးရုံမတင်ဘူးလား.." ငြိမ်း အမေးကြောင့် ရဲရင့်မျက်နှာက ချက်ချင်းပင် ညှိုးကျသွားသည်။ငြိမ်းလည်း မေးပြီးမှ မှားသွားမှန်းသိလိုက်သည်။ "ကဲပါ ..ပြန်တော့နော်....အိမ်မှာ အန်တီတစ်ယောက်တည်း ကျန်ခဲ့ရတာ...လိုက် မပို့နဲ့တော့ ...ကိုယ့် ကိုယ်ကိုလည်း ဂရုစိုက်အုံး ကြားလား...." မှိုင်တွေ သွားသော ရဲရင့်၏လက်ကို ဆုပ်ကိုင်ပြီး ငြိမ်းအားပေးလိုက်မိသည်။ပြီးနောက် ဖရိုဖရဲကျနေသော ရဲရင့်၏ အင်္ကျီလက်ကို တစ်ချက်ဆွဲလိုက်ပြီး အင်္ကျီအိတ်ကပ်ထဲကို တစ်သောင်းတန်ငါးရွက် လျှင်မြန်စွာ ထည့်ပေးလိုက်သည်။ "ဟာ....မမ...ဒါ ....ဒါဘာလုပ် ..." ရဲရင့်ဆီမှအသံ ခပ်ဆောင့်ဆောင့်ထွက်လာသည်။ငြိမ်းက ရှေ့မှ ယိုင်ထိုးယိုင်ထိုးနှင့် သွားနေသော ထွေးထွေးကို မေးငေါ့ပြလိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။ "သူကြားသွားရင်... ငြိမ်းကို အထင်သေးသွားမှာနော်....အဲ့လိုဖြစ်စေချင်လို့လား ...." " ဟာဗျာ...မမ..." ရဲရင့်ဆီမှ မကျေမနပ်သံ ခပ်တိုးတိုးလေး ထွက်လာပြီး ငြိမ်းကို သေချာစူးစိုက်၍ ကြည့်လာလေသည်။ ရဲရင့်၏ စူးရှတောက်ပနေသော မျက်ဝန်းအစုံကို ငြိမ်း သတိလက်လွတ်ငေးမောကြည့်လိုက်မိလေသည်။ ******* "တီ.." "တီ" " .... ကားသံကြားတယ် ဒေါ်ကြူရေ အမေ ပြန်လာပြီထင်တယ်..." ဒေါ်ကြူ့ကို လှမ်းအော်လိုက်ရင်းမှ ငြိမ်းသည် အပြင်သို့ ထွက်ခဲ့လိုက်သည်။ငြိမ်းထင်သလိုပင် ဆိုင်ရှေ့တွင် ရပ်ထားသောကားပေါ်မှ အမေဆင်းလာသည်။အမေက သူသွားနေကြ တရားရိပ်သာမှ အသိတစ်ယောက် နေမကောင်းနေသည် ဆိုပြီး သတင်းသွားမေးခြင်းဖြစ်လေသည်။ ငြိမ်းမှာ ရဲရင့်တို့သားအမိကိစ္စကို မိခင်နှင့် တိုင်ပင်ရန်အတွက် စောင့်မျှော်နေခြင်းဖြစ်လေသည်။ ငြိမ်းသည် မိခင်ကို အပြေးလေးထွက် ကြိုလိုက်သည်။ "အမေရယ် တစ်ယောက်တည်း သွားရလား ဒေါ်ကြူ.ကိုအဖော်ခေါ်သွားတာမဟုတ်ဘူး..." ငြိမ်းမှာ ပြောရင်းတန်းလန်းမှ မိခင်ဖြစ်သူ၏ နောက်တွင် ကွယ်ရပ်နေသော ကလေးတစ်ယောက်ကိုမြင်လိုက်ရသောကြောင့် အံ့ဩသွားမိလေသည်။ကလေးက ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက် ဖြစ်လေသည်။ငြိမ်းက သူ့ကိုကြည်နေမိသလို သူကလည်း ငြိမ်းကို မဝံ့မရဲခိုးကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ထိုကောင်လေးကိုကြည့်ပြီး ငြိမ်းသည် မိခင်ကို လှမ်းမေးလိုက်မိသည်။ " သူက ဘယ်သူလဲ အမေ.." @@@@@@@@@@@@@@@@ အပိုင်း ၁၂ ဆက်ရန် ဧကြည်ဖြူ

"ကိုယ်တော်ချောကတစ်ဆင့်တက်ပြီ " ဟု ငြိမ်း တွေးလိုက်မိပြန်သည်။"ငြိမ်းလို့ပဲ ခေါ်ပါ ....လူတိုင်းအဲ့လိုပဲ ခေါ် နေကြတာ"ဟု စာပြန်ပို့လိုက်ပြီး သူ့ဆီမှ နောက်တစ်ဆင့်တက်ပြီး ဓါတ်ပုံတောင်းလာလျှင် ပြောဆိုပြီးဘလော့ပစ်ရန် ငြိမ်း တွေးလိုက်သည် ။ "ဟုတ်ကဲ့ ကျေးဇူးပါနော်ငြိမ်း...ကျွန်တော်ကလေ အခု အလုပ်သွားနေတာ...ကားပေါ်မှာရောက်နေတာ... အလုပ်နဲ့အိမ်က နည်းနည်းဝေးတယ်....ငြိမ်းရော ဘာတွေလုပ်လဲ...အလုပ်တွေ အဆင်ပြေလား ..." ငြိမ်းတို့ဆီမှာ ညဆယ်နာရီကျော်နေချိန်မှာ သူက အလုပ်သွားနေသည်ဆိုသောစကားကြောင့် သူရောက်နေသောနိုင်ငံသည် အာရှမဟုတ်မှန်းတော့ ငြိမ်းသိလိုက်သည်။သို့သော်လည်း သူ့ကို မမေးဖြစ်လိုက်။ အတန်ကြာ စာတွေပို့ပြီးနောက် ငြိမ်းကပင် နှုတ်ဆက်စကားပြောလိုက်သည်။ " ဂွတ်နိုက်ပါနော်.... မြန်မာပြည်မှာက ညဉ့်နက်နေပြီမို့ ငြိမ်းအိပ်တော့မယ်..." "ဟုတ်ကဲ့ အိပ်မက်လှလှမက်ပါစေနော် ငြိမ်း...Bye ..." ဒါသည် ငြိမ်း ဘဝတွင် ပထမဦးဆုံးအနေဖြင့် အပြင်လောကတွင် ကိုယ်မသိသောသူနှင့် စကားအကြာဆုံးပြောမိခြင်းဖြစ်ပါလေသည်။ ******** "အမေရေ " ခေါ်သံနှင့်အတူ အခန်းထဲသို့ဝင်လာသော ငြိမ်းကို ဒေါ်ငြိမ်းဝေက မီးဖိုးခန်းထဲမှနေ လှမ်းထူးလိုက်သည်။ "အမေက ဒီမှာ သမီးရဲ့....ဘာလဲ သမီးဗိုက်ဆာလို့လား..." " မဟုတ်ပါဘူး အမေ.... ဒေါ်ကြူ့ကို အသားဟင်းတွေပို့ချက်ခိုင်းမလို့ပါ...နေ့လယ်ကျရင် ရဲရင့်တို့အိမ် လူနာမေးသွားမလားလို့...ဒါနဲ့ အမေက မီးဖိုထဲ ဘာလုပ်... ဟင်းတွေ ၀င်မချက်နဲ့နော် အမေ...တော်ကြာ အညှော်တွေ မိပြီး ညောင်းကိုက်နေမှဖြင့် ....လာပါ အမေရဲ့ အပြင်ထွက်ရအောင်..." ငြိမ်းက မီးဖိုခန်းထဲတွင် ရှိနေသော မိခင်ကို အိမ်ရှေ့သို့ အတင်းပင် ဆွဲခေါ်ခဲ့လိုက်သည်။ " တစ်ခါတစ်လေ သမီးအဖေကို သတိမရဘူးလား ငြိမ်း..." အဆက်ဆက်မရှိ ပြောလိုက်သော မိခင်၏ စကားကြောင့် ငြိမ်းက မိခင်ကို ဖျတ်ခနဲ ကြည့်လိုက်မိသည်။ "သတိမရဘူး အမေ... သမီးအတွက်တော့ အမေရှိရင်ရပြီ...ကျန်တဲ့သူတွေမလိုပါဘူး အမေရယ်....သမီးဆိုင်ထဲသွား တော့မယ်....." အသံပြတ်နှင့့်ပြောပြီး မုန့်ဆိုင်ဘက်သို့ ဝင်သွားသော ငြိမ်း၏ ကျောပြင်ကိုကြည့်ပြီး ဒေါ်ငြိမ်းဝေခေါင်းကို ဖြည်းလေးစွာခါယမ်းလိုက်မိလေသည်။ဘာပဲဖြစ်ဖြစ် ယခုတလော ရဲရင့်ဆိုသော ကောင်လေးနှင့် ပတ်သက်ပြီး ငြိမ်း၏အပြုအမူများ အနည်းငယ်ပြောင်းလဲလာသည့်အတွက်တော့ ဒေါ်ငြိမ်းဝေရင်ထဲ ကျေနပ်နေမိလေသည်။ ******* "ကားက ဒီထိပဲ မောင်းလို့ရတယ်ကွဲ...ရှေ့လမ်းကအရမ်းကျဉ်းတော့ ကားဝင်လို့မရတော့ဘူး..." တက္ကစီကားဆရာ၏ စကားကြောင့် ငြိမ်းနှင့် ထွေးထွေးတို့ ထမင်းချိုင့်နှင့် အထုတ်များကို ယူလိုက်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။ "ကဲ..လာ ထွေးထွေးရေ .... လမ်းလျှောက်ကြတာပေါ့...." ငြိမ်းတို့ နေသောရပ်ကွက်က မြို့သစ်ဖြစ်၍ မြို့ထဲနှင့် ဝေးလွန်းသလားမှတ်သည်။ရဲရင့်တို့ တို့ချဲ့ရပ်ကွက်ကို လာမိမှ မြို့စွန်မြို့ဖျား၏ ပြယုဂ်ကို သေသေချာချာ မြင်ဖူးလေတော့သည်။ချိုင့်များကျင်းများဖြင့် ပြည့်နှက်နေသော လမ်းကျဉ်းလေးများ။ပူးကပ်ပြီး ဆောက်လုပ်ထားသော ဓနိမိုးထရံကာ အိမ်စုတ်လေးများကို ကြည့်ပြီး ငြိမ်းရင်ဘတ်ထဲ တဆစ်ဆစ်နာကျင်မိလေသည်။ "ဟဲ့...ဟဲ့....မလုပ်နဲ့ မပစ်နဲ့လေ ထွေးထွေး.... အမှိုက်ပုံးမတွေ့ရင် ခြင်းဘေး ထောင့်နားမှာ ထည့်ထားလိုက်...အဲ့ဒီလို အမှိုက်ကို တွေ့ကရာ ပစ်တာကို မမငြိမ်းမကြိက်ဘူး...'' လက်ထဲမှ မုန်အိတ်ခွံကို လွှတ်ပစ်ရန်ပြင်နေသော ထွေးထွေးကို ငြိမ်းလှမ်းတားလိုက်မိသည်။ပြီးနောက် အိတ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်ပြီး ရဲရင့်ကိုဆက်လိုက်သည်။ " ဟယ်လို....ရဲရင့်လား....ငြိမ်းတို့...မင်းတို့ လမ်းထဲကို ရောက်နေပြီး ထွက်လာကြိုပေးအုံး " "ဟုတ်.... ဟုတ်ကဲ့ မမ ....ကျွန်တော် ခုပဲ ထွက်လာပြီး.." ငြိမ်းလက်ထဲမှ ဖုန်းကို ဘေးအိတ်ထဲသို့ထည့်လိုက်ပြီး အုတ်ခဲကျိုးများ သဲအိတ်များဖြင့်ပြည့်နေသော လမ်းကျဉ်းလေးအတိုင်း ဆက်လျှောက်လာခဲ့သည်။အတန်ကြာသောအခါ ခပ်ဝေးဝေးမှ အပြေးလျှောက်လာသော ရဲရင့်ကို တွေ့လိုက်ရလေသည်။ ******* "အားနာလိုက်တာ မမရယ်...တကယ်လာမယ် မထင်မိဘူး.... ကျွန်တော်တို့ အိမ်က တအားစုတ်နေတော့ မမကို အားနာလိုက်တာဗျာ ...." " ရပါတယ် ရဲရင့်ရယ်....အန်တီရော သက်သာရဲ့လား " "ဟုတ်ကဲ့ မနက်က ဆေးခန်းတော့ပြထားတယ် မမ ...ဖျာပေါ်မှာထိုင်လေ မမ ...." ရဲရင့်က ငြိမ်းတို့ ထိုင်ရန်အတွက်ထန်းကြောဖျာဟောင်းလေးကို ခင်းပေးသည် ။ဖျာခင်းပေးလိုက်ရင်းမှ မမြင်စဖူး ရှပ်အင်္ကျီနှင့်စကပ်အရှည်ကို တွဲဝတ်ထားသော ငြိမ်းပုံစံကို ရဲရင့် တစ်ချက်ငေးခနဲကြည့်လိုက်မိသည်။ဆံပင်အရှည်ကို ထုံးစံအတိုင်း ခပ်မြင့် မြင်းစည်းထားပြီး ဖြူ၀င်းနေသော ပါးပြင်ပေါ်တွင် သနပ်ခါး ပါးပါးလေးလူးထားပုံက ဖြူစင်လွန်းသော အသွင်ကို ဆောင်နေသောကြောင့် ရဲရင့် အကြည့်ကို တစ်ခြား နေရာသို့ အမြန်လွှဲလိုက်မိသည်။

အိပ်ရာထဲရောက်၍ ဖေ့ဘုတ်ကို ဖွင့်လိုက်သည်နှင့် တချွင်ချွင်မြည်သံများနှင့်အတူ မက်ဆင်ဂျာမှ စာများ ရောက်ရှိနေသောကြောင့် ငြိမ်း၀င်ဖတ်လိုက်သည်။စာက သိပ်တော့မများ ။ သုံးလေးစောင်မျှသာဖြစ်သည်။ ငြိမ်းက ဖေ့ဘုတ်ကို သိပ်သုံးလေ့မရှိ။သုံးလည်း ဈေးကွက်စီးပွားရေးလောက်သာ သုံးဖြစ်သည်။ ပုံဆိုလည်း ဖေ့ဘုတ် စဖွင့်ကတည်းက တင်ထားသည့် အဝေးသို့ ငေးနေသော ခပ်ဝါးဝါးပုံလေးသာ ဖြစ်သည်။ထူးထူးခြားခြားဆို၍ နောက်ခံပုံကို စာသားတစ်ခုကို မှင်နီဖြင့် ရေးသားပြီး ဓါတ်ပုံရိုက်တင်ထားခြင်းဖြစ်သည်။ ထိုစာသားမှာ ငြိမ်းကြိုက်နှစ်သက်လှသော စာရေးဆရာကြီးတစ်ယောက်၏ စာအုပ်တစ်အုပ်ထဲမှ စာသားကို ကြိုက်လွန်း၍ ကူးချရေးသားထားခြင်းဖြစ်ပါလေသည်။ထိုစာသားများမှာ " Forget me not " ဟူ၍ ဖြစ်ပါလေသည်။ပြီးလျှင် နေ့စဉ် ပို့စ်မတင်ဖြစ်သောကြောင့်လည်း ငြိမ်း၏ မက်ဆင်ဂျာတွင် အသိမိတ်ဆွေ စကားပြောသူ ဟူ၍ ရပ်ကွက်ထဲမှ သူငယ်ချင်းအချို့မှ လွှဲပြီး မရှိပေ။ထိုသူငယ်ချင်းများနှင့်လည်း ဟုတ်တိပတ်တိ စကားသိပ်မပြောဖြစ်။ယခုတလောလေးမှသာ ရဲရင့်နှင့် နေ့စဉ်လိုလို စကားပြောဖြစ်သောကြောင့် ညစဉ်မအိပ်ခင် ဖေ့ဘုတ်ကို သုံးဖြစ်ခြင်း ဖြစ်လေသည်။ ရောက်ရှိနေသောစာများထဲတွင် ရဲရင့် စာပို့ထားသည်ကို တွေ့ရသလို ရင်းနှီခင်မင်ခြင်းမရှိသော အကောင့်တစ်ခုမှ စာပို့ထားသည်ကိုလည်း တွေ့ရလေသည်။အကောင့်နာမည်မှာ "Sai Khon Naung " ဖြစ်ပြီး ကျောခိုင်းလျက် အဝေးသို့ ကြည့်နေသောပုံကိုတင်ထားလေသည်။ပုံအစစ်ဟုတ်သည် မဟုတ်သည် မသိသော်လည်း ပုံထဲကမြင်ကွင်းမှာ နိုင်ငံရပ်ခြားမှမြင်ကွင်းမျိုးဖြစ်ပြီး ကျောခိုင်းထားသောပုံမှာလည်း စမက်ကျသော လူငယ်တစ်ယောက်၏ ပုံစံမျိုးဖြစ်လေသည်။ဘယ်အချိန်ကတည်းက သူ့အကောင့်ကို လက်ခံထားမိသည်မသိ။ "မင်္ဂလာပါ ခင်ဗျာ" နှုတ်ခွန်းဆက်စာသားလေးပို့ထားသည်။ အကောင့်မီးကလည်း စိမ်းနေသေးသည်။ဝင်ကြည့်လိုက်မိပြီဖြစ်သောကြောင့် အားနာစိတ်ဖြင့် "မင်္ဂလာပါ " ဟု ပြန်ပို့လိုက်သည်။ထိုအခါ တစ်ဖက်မှ ချက်ချင်း စာပြန်ပို့လာသည်။ "ကျွန်တော့် နာမည် စိုင်းခွန်နောင်ပါခင်ဗျာ...ဒီက တစ်ယောက်နဲ့ မိတ်ဆွေဖြစ်ချင်လို့ပါ " "အလာသား"ဟု ငြိမ်းစိတ်ထဲမှတွေးလိုက်မိပြီး "ရပါတယ်" ဟု စာပြန်ပို့လိုက်သည်။ပြီးလျှင် သူ့အကောင့်မှပြန်ထွက်ပြီး ရဲရင့် စာပို့ထားတာကို၀င်ဖတ်ကြည့်လိုက်သည်။ "မမငြိမ်းရေ...အမေမသက်သာဘူးဗျာ... နောက်ရက်တွေ အလုပ်သွားနိုင်ပါ့မလားမသိဘူး..." ရဲရင့်ပို့ထားသော စာကြောင်းလေးတွေကို ကြည့်ပြီး ရင်ထဲဆို့နင့်သွားမိသည်။ခင်မင်ရင်းနှီးသော သက်တမ်းလေးကြာလာသည်နှင့်အမျှ ရဲရင့်နှင့် ငြိမ်းမှာ ချစ်သူမကျ ၊ မိတ်ဆွေမကသောအတိုင်းအတာတစ်ခုထိ ရင်နှီးကျွမ်းဝင်နေကြပြီ ဖြစ်လေသည်။သို့သော် ချစ်သူရည်းစားဟူ၍လည်း အဆင့်မရောက်ကြသေးပေ။ထိုအဆင့်သို့ရောက်ရန် ရဲရင့်ကလည်း ဖွင့်မပြောသလို ငြိမ်းကိုယ်၌ကလည်း ရဲရင့်အပေါ် တွယ်တာမိသော သံယောစဉ်အတိမ်အနက်ကို ဂဃနဏ ရေရေရာရာ မခွဲခြားနိုင်သေးဘဲ ဖြစ်မိလေသည်။သေချာသည်မှာတော့ ငြိမ်းသည် ရဲရင့်အပေါ်တွင် အခြားသူများနှင့် မတူသော စိတ်ထားမျိုးရှိနေမိသည်ကိုတော့ ငြိမ်းကိုယ်တိုင် သိပါလေသည်။သို့ကြောင့်ပင် ရဲရင့် မှာလိုအပ်တာတစ်ချို့ရှိလျှင် ငြိမ်းက အနှမြောမရှိဘဲ ပေးကမ်းမိသည်။ထိုအချိန်မျိုးတွင် အားနာအားငယ်သော မျက်ဝန်းများနှင့် ကြည့်တတ်သည့် ရဲရင့်၏ မျက်လုံးအကြည့်များကငြိမ်းရင်ထဲတွင် စွဲငြိနေလေသည်။ "ဆေးရော သေချာ တိုက်ရဲ့လား...ဆေးခန်းမပို့ဘူးလား ... မနက်ဖြန် ဆိုင်မှာ လူပါးချိန်လောက် ငြိမ်းတို့လာခဲ့မယ်...အိမ်လိပ်စာပို့ ပေးထားနော် ရဲရင့်..." "ချွင် " ရဲရင့်ဆီသို့ စာပြန်ပို့ နေစဉ်မှာပင် ချွင်ခနဲ မြည်သံနှင့်အတူ စိုင်းခွန်နောင်ဆိုသူထံမှ စာတစ်စောင်ရောက်ရှိလာလေသည်။ရောက်လာသော စာလေးကို ငြိမ်း၀င်ဖတ်လိုက်မိလေသည်။ "ကျွန်တော်ကလေ ကျောင်းပြီးကတည်းက နိုင်ငံရပ်ခြားမှာ အလုပ် လာလုပ်နေရတာပါ...အဲ့ဒါကြောင့် မြန်မာပြည်က မိတ်ဆွေသူငယ်ချင်းလိုချင်မိတယ် ...ဒီက နာမည်ကို သိခွင့်ရမယ်ဆိုရင် ကျွန်တော်သိချင်ပါတယ်... " စာအရေးအသားကြည့်ရတာ အဆင့်အတန်းရှိပုံ ရသားဟု ငြိမ်း တွေးလိုက်မိသည်။ပြီးလျှင် ငြိမ်းကလည်း မုသာဝါဒ မသုံးတတ်သူပီပီ နာမည်ရင်းကို ပြောပြလိုက်မိသည်။ "ရပါတယ်... ကျွန်မနာမည်က ခင်ငြိမ်းစံတဲ့...ရှင်နဲ့ ကျွန်မ ဘယ်သူက အသက်ကြီးမလဲတော့မသိဘူး...ကျွန်မအသက် နှစ်ဆယ့် ငါးကျော်ပါပြီနော် ....ဆယ်ကျော်သက်လေးထင်ပြီး စာပို့မိမှာစိုးလို့ ပြောပြတာ ပါ...ပြီးတော့ ရိုးရိုးသားသားသားခင်မင်မယ်ဆိုရင် အမြဲတမ်း ခင်မင်နိုင်ပါတယ်" ငြိမ်းစာအရှည်ကြီးတစ်စောင် ပြန်ပို့လိုက်မိသည်။အတန်ကြာလျှင် သူ့ထံမှ စာတစ်စောင် ပြန်လာလေသည်။ "ကျေးဇူးပါဗျာ...ကျွန်တော့်အသက်လည်း နှစ်ဆယ့်ငါးကျော်ပါပြီ...ရိုးရိုးသားသား ခင်မင်ချင်ရုံပါ...ဒီက သူ့ကို ဘယ်လို အသုံးအနှုန်းနဲ့ ရေးရမလဲဗျာ....မငြိမ်းလို့ခေါ်ရမလား...ငြိမ်းလို့ ခေါ်လို့ရမလား....."

******** ဆိုင်ရှေ့တွင် ကို သက်ဦးတို့ ကားရပ်လိုက်သည်နှင့် ငြိမ်းက ဆိုင်၀ထွက်ပြီးကြည့်လိုက်သည်။ကားရပ်ပြီးသည်နှင့် ကားပေါ်မှဦးစွာဆင်းလာသော ရဲရင့်ကို ငြိမ်းငေးကြည့်နေမိသည်။ဂျင်းဘောင်းဘီ အရောင်ဖျော့ဖျော့နှင့် ရှပ်အင်္ကျီ အနွမ်းလေးကို ဝတ်ထားသော်လည်း သူ့ပုံစံက ထင်း၍နေသည်။ထိုခန္ဓာကိုယ်ပေါ်တွင် အကောင်းစားအဝတ်အစားများ ဆင်လိုက်၇မည်ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ချေ။ကိုယ့်အတွေး ကိုယ်သဘောကျပြီး ငြိမ်းမသိမသာပြုံးလိုက်မိသည်။နေလာခဲ့သည့်ဘဝတစ်လျှောက်လုံး၌ ထိုကောင်လေးကိုတော့ ဘာရယ်မဟုတ် ငြိမ်းသတိထားမိနေသည်။လူဆင်းရဲပင်ဆင်းရဲသော ငြား ထူးထူးခြားခြားကြည့် ကောင်းနေ၍ သတိထားမိနေသည်လား။သို့မဟုတ် သိတာမြင်တာကြာလာ၍ ပို၍အမှတ်ရနေမိသည်လား ။ မဟုတ်လျှင် ကိုသက်ဦးပြောပြသော သူ့ဘဝ အကြောင်းသည် ငြိမ်းဘနှင့်တူနေလို့များ ပို၍ အမှတ်ထားမိနေသည်လားမသိ။ သေချာသည်မှာ ထိုကောင်လေး၏ စူးရှတောက်ပသော မျက်ဝန်းအစုံကို ပို၍ မှတ်မှတ်သားသား ဖြစ်နေသည် ဟု ပြောရပေလိမ့်မည်။သူက ကားပေါ်မှ ဆင်းလာသည်နှင့် ငြိမ်းကိုလှမ်း ပြုံးပြသည်။ပြီးလျှင် ကားနောက်တံခါးကို ဖွင့်ပြီး မုန့်ဖာများကို သယ်မ၍လျှောက်လာသည်။ပြီးနောက် ငြိမ်းညွန်ပြသော နေရာတွင် မုန့်ဖာများကို လာချလေသည်။ထိုသို့မုန့် ဖာများချပြီး လှည့်အထွက်တွင် ရဲရင့်၏ခန္ဓာကိုယ်သည် ရုတ်တရက်ဆိုသလိုပင် ငြိမ်းဘက်သို့ ယိုင်လဲ ကျလာလေသည်။ငြိမ်းလည်း ရုတ်တရက်မို့ ယိုင်လဲသွားသော ရဲရင့်၏ခန္ဓာကိုယ်ကို ဖမ်းဆွဲလိုက်ရာ နှစ်ယောက်သား ဖက်မိလျက်သားအနေအထားမျိုး ဖြစ်သွားလေသည်။ "ဟာ ....ရဲရင့်...ဘာဖြစ်တာလဲ...နေမကောင်းဘူးလားဟင်..." ရုတ်တရက် ရင်ခွင်ထဲသို့ ယိုင်လဲကျလာသော ရဲရင့်ကို ကြည့်ပြီး ငြိမ်းမှာ မရှက်နိုင်အားသေးဘဲ စိုးရိမ်စိတ်ဖြင့်အလောတကြီးမေးလိုက်မိသည်။ထိုအခါမှ ရဲရင့်သည် ခေါင်းကြီးအောက်သို့ ငုံ့ပြီး ငြိမ်းကို အားကိုးတကြီးဖက်တွယ်ထားသော လက်အစုံကို ဖြေလွှတ်ပြီး ကားဆီသို့ ယိုင်တိုင်တိုင်နှင့် ပြန်လျှောက်သွားလေသည်။ရုတ်တရက် ဖြစ်သွားသည်မို့ အားလုံးလည်းကြောင်ငေးကြည်နေရာမှ ဘောင်ချာစာအုပ်နှင့် အလုပ်ရှုပ်နေသော ကိုသက်ဦးသည် ငြိမ်းကိုအားနာသည့်ပုံနှင့် လှမ်းပြောလိုက်လေသည်။ "ဒီကောင် ညဘက်တွေ သူ့အမေကို ကြည့်နေရတာနဲ့ အိပ်ရေးတွေပျက်နေတာကြာပြီ ငြိမ်းရဲ့.... အဲ့ဒါကြောင့် အားမရှိသလို ဖြစ်နေတာ..." " ဟုတ်လား ...ဒါဆို အိမ်ထဲမှာ ခဏဝင်နားလိုက်လေ... မုန့်ဖာတွေကို ဆိုင်က ကလေးတွေကို ချခိုင်းလိုက်ပါ့မယ်... လာလေ ရဲရင့် ..အိမ်ထဲမှာ ခဏ၀င်နားလိုက်....လာပါ အားနားစရာ မလိုဘူး" ငြိမ်းမှာ ရဲရင့်ကို ကြည့်ပြီး သနားကရုဏာစိတ်ကြောင့် ရင်ထဲပင် ဆို့နင့်လာမိလေသည်။ "ငြိမ်းပြောတာ ဟုတ်တယ် ရဲရင့်...မင်း ခဏလောက်တော့ နားလိုက်ကွာ....." ကိုသက်ဦး၏ စကားကြောင့် ရဲရင့် မျက်လွှာကိုအောက်သို့ချပြီး ငြိမ်း ခေါ်ရာသို့ လိုက်သွားလိုက်သည်။ငြိမ်းက ခေါင်းရင်းဘက်ရှိစတိုးဆိုင်ထဲသို့ ဝင်သွားသည် ။ရဲရင့်လည်း နောက်မှ လျှောက်လိုက်လာခဲ့သည်။ငြိမ်းတို့ဆိုင်ကို ရဲရင့် မုန့်.တွေပို့နေသည်မှာ နှစ်လကျော်ပြီးဖြစ်သော်လည်း စတိုးဆိုင်ထဲသို့ ယခုမှပင် ရောက်ဖူးခြင်းဖြစ်လေသည်။ဆိုင်၏ အခင်းအကျင်းသည် သန့်ရှင်းသပ်ရပ်နေသည်။ဆိုင်ထဲတွင် စာရေးကရိယာပစ္စည်းများ၊ ဖန်စီပစ္စည်းများ၊ အလှကုန် ၊ အဝတ်အထည်များနှင့် ထီး၊ဖိနပ်က အစ စုံလင်စွာ ရှိသည်ကို တွေ့လိုက်ရသည်။ဆိုင်မှ အရောင်းစာရေးမလေးနှစ်ယောက်က ရဲရင့်တို့ကိုအကဲခပ်ကြည့်နေတာကို တွေ့ရသည်။ထိုစဉ်မှာပင် အတွင်းခန်းထဲမှ ငြိမ်း၏မိခင် ထွက်လာသည်ကို တွေ့လိုက်ရလေသည်။ ငြိမ်း၏မိခင် ဒေါ်ငြိမ်းဝေနှင့်လည်း ရဲရင့်ရင်းနှီးနေပြီဖြစ်သောကြောင့် ပြုံးပြနှုတ်ဆက်လိုက်သည်။ "ဘာဖြစ်လို့လဲ သမီး" ဒေါ်ငြိမ်းဝေ ငြိမ်းနှင့်ရဲရင့်ကို ကြည့်ပြီး စိုးရိမ်စိတ်ဖြင့် လှမ်းမေးလိုက်သည်။မစိုးရိမ်လို့လည်း မဖြစ်။ငြိမ်းသည် သူ့ကို မတရားပြောဆိုအနိုင်ယူတတ်သူများကို လူမသိ သူမသိ ပညာသားပါပါဖြင့် တုန့်ပြန့် လက်စားချေတတ်သည်ကို ဒေါ်ငြိမ်းဝေတစ်ယောက်ပဲ သိသည်လေ။ "သူသိပ်နေမကောင်းလို့ အမေ...အဲ့ဒါ ခဏအနားယူခိုင်းမလို့ ... သူ့ကိုတစ်ခုခုကျွေးပြီး ဆေးတိုက် လိုက်နော် အမေ...ဒီလိုကိစ္စတွေမှာ အမေက သမီးထက် ပိုကျွမ်းကျင်တယ်မဟုတ်လား..." "ဟယ်... ဟုတ်လား ဘာဖြစ်တာလဲ သား .... လာလေ ဒီမှာလာနား... ကြီးကြီးတို့ကိုအားနားစရာမလိုပါဘူး ကွယ်...." ငြိမ်းက ရဲရင့်ကို မိခင်လက်ထဲ အပ်ပြီး မုန့်ဆိုင်ဘက်သို့ ပြန်ထွက်လာခဲ့သည်။ရဲရင့်မှာ ငြိမ်းထက် အသက်သုံးနှစ်ကျော်သာ ငယ်သော်လည်း ငြိမ်းစိတ်ထဲ၌ ဒုတိယမြောက် ခင်ငြိမ်းစံကို မြင်နေရသကဲ့သို့ ခံစားနေမိလေသည်။ပြီးလျှင် ထိုကောင်လေး၏ဘဝကိုလည်း ငြိမ်းကဲ့သို့ပင် အောင်မြင်စေချင်မိလေသည်။ ******* "ချွင်....ချွင်....ချွင်....ချွင်...."

ဧကြည်ဖြူ "ချစ်ဆိပ် " (ချူ ) အပိုင်း ၁၁ **** " ကြည့်ရတာ...ငြိမ်းက မင်းကို စိတ်ဝင်စားသွားပြီ ထင်တယ် " "ဗျာ " ကားမောင်းသူလည်းဖြစ် အရောင်းမန်နေဂျာလည်းဖြစ်သော ကိုသက်ဦး၏ စကားကြောင့် ရဲရင့်ကြောင်အမ်းအမ်း ဖြစ်သွား ရလေသည်။ "မဟုတ်တာ.... သူလို သူဋ္ဌေးက ကျွန်တော့်ကို စိတ်ဝင်စားမတဲ့လား ...ဒါနဲ့ အိမ်ထောင်မရှိဘူးလားဗျ.." "မရှိဘူးကွ...ရည်းစား တောင်ရှိပုံမရဘူးဟ... သားအမိနှစ်ယောက်တည်းနေပြီး အလုပ် အသေကြိုးစားတာနော်.......ဘေးက စတိုးဆိုင်ကြီးကလည်း သူတို့ ဆိုင်ပဲကွ " "ဟုတ်လား...ရုပ်လည်း ကြည့်ကောင်းသားနဲ့ ချစ်သူမရှိဘူးတဲ့လား..." ကိုသက်ဦးကို ပြန်ပြောလိုက်ရင်းမှ ငြိမ်းဆိုသော အမျိုးသမီး၏ပုံစံကို ရဲရင့် ပြန်လည်မြင်ယောင်မိလေသည်။ငါးပေသုံးလောက်ရှိမည်ထင်ရသော အရပ်အမောင်းနှင့် အသားအရည်ကဖြူဝင်းနေသည်မဟုတ်သော်လည်း ဖြူသည့် အထဲတော့ပါသည်။မျက်ခုံးလေးတွေက ထူထူထဲထဲနှင့် စိုလဲ့နေသော မျက်ဝန်းများနှင့်ကြည့်ကောင်းသည်မှာတော့ အမှန်ပင်။ပြီးလျှင် နူတ်ခမ်းပါးပါးလေးတွေက နူတ်ခမ်းနီဆိုးထားပုံမရပါပဲ ပန်းရောင်းသမ်းနေသည်လေ။ အထူးသဖြင့် တင်ပါကျော်မျှထိရှည်သောဆံပင်ရှည်ကြီးများမှာ ဆေးရောင်မကူဘဲ နက်မှောင်တောက် ပြောင်လျက်အလွန်ကို လှပသည်ဟု ထင်မိသည်။ရှပ်အင်္ကျီအနီကွက်နှင့် ဘောင်းဘီအနက်ကို တွဲဝတ်ထားပြီး ဆံပင်ကို ခေါင်းစည်းကြိုး ခပ်ကြီးကြီးနှင့် ခပ်မြင့် မြင့်စည်းနှောင်ထားပြီး အရှည်လိုက်ချထားပုံက သူမနှင့် အင်မတန်လိုက်ဖက်လှပေသည်။ "တစ်ခုတော့ ရှိတယ်ကွ...အမြဲတမ်း ရှပ်အင်္ကျီနဲ့ ဘောင်းဘီရှည်ပဲဝတ်တာတွေ့တယ်...မိန်းမဆန်ဆန်ဝတ်လေ့ဝတ်ထလဲမရှိတော့ ကြည့်ရတာ ယောက်ျားလျာများလားဟ...ဟား...ဟား....ဟား....." ကိုသက်ဦးက သူ့ဘာသာပြောပြီးသဘောကျစွာ ရယ်နေလေသည်။ ရဲရင့်မှာတော့ မရယ်နိုင်ပါ။ အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့သော ရောဂါသည် မိခင်ကြီးအတွက် စိတ်ပူသွားမိပြန်ပါလေသည်။ဖခင်ဖြစ်သူက ရဲရင့် ဆယ်တန်းတက်သည့် နှစ်မှာနောက် အိမ်ထောင် ပြုသွားခဲ့သည်။ မိခင်မှာ ရပ်ကွက်ထဲ ရရာအလုပ်လုပ်ရင်း ရဲရင့်ကို စောင့်ရှောက်ခဲ့သည်။ရဲရင့်လည်း ရှက်တာရောစိတ်ညစ်တာရောကြောင့် ဆယ်တန်း ကို သုံးနှစ်လောက်ဖြေလိုက်ရသည်။ရဲရင့်ဆယ်တန်းလည်းအောင် အသိတရားလည်းဝင်လာချိန်ကျတော့ မိခင်က ကျန်းမာရေးမကောင်းတော့ ။ နေ့စဉ် အိမ်တကာလှည့်ပြီး အဝတ်တွေ လျှော်ဖွပ်ခဲ့ရသော ဒဏ်။အစာ အသောက်အဟာရ မဖူလုံမှုတွေကြောင့် ယခုဆိုလျှင် ချောင်းဆိုးရင်ကြပ်ရုံ ရောဂါအဆင့်မဟုတ်တော့ဘဲ့ တီဘီရောဂါဝေဒနာကို ခံစားနေရလေသည်။ယခုလို ရဲရင့် အလုပ်လာချိန်ဆိုလျှင် အိမ်နီးနားချင်းများကို မှာကြားအပ်နှံထားခဲ့ရသည်။ "ဘာတွေ ဒီလောက် စဉ်းစားနေတာလဲ ရဲရင့်.... အတွေး မမှားနဲ့နော်....ငြိမ်းကိုသာ မင်းရရင် မင်းဒုက္ခတွေ အကုန် အေးချမ်းပြီးပဲနော်...." ကိုသက်ဦးအပြောကြောင့် ရဲရင့်သက်ပြင်းကိုခပ်ပြင်းပြင်းချလိုက်မိလေသည်။ ******** "သမီးကို အမေပြောစရာရှိတယ်..." " ဟုတ် ... ပြောလေ အမေ ... " ငြိမ်းက လက်ထဲမှ ဖုန်းကိုချလိုက်ပြီး မိခင်ဖြစ်သူဘေးတွင် ကပ်တိုင် ရင်းပြောလိုက်သည်။ "သမီးအဘွားလေ ... အတော်လေး နေမကောင်းဖြစ်နေတယ်တဲ့ ....အဲ့ဒါ သမီးကို တွေ့ချင်လို့တဲ့..." "ဪ....အမေ့ကို ဘယ်သူပြောလဲ ..." ငြိမ်းက အမေ့မျက်နှာကိုကြည့်ရင်း အေးအေးလူလူပင် မေးလိုက်သည်။ " အမေ့ငယ်သူငယ်ချင်းက သမီးတို့ အဘွားရွာ ဇာတိလေ... သူ့လာပြောသွားတာ ...အဲ့ဒါနဲ့ အမေလဲ ဖုန်းဆက်လိုက်တာ ..." "အမေ့ သဘောပဲလေ ...ငွေလိုတယ်ဆိုရင် ပေးလိုက်လေ အမေ " " ငွေပေးတာထက် ....အမေတို့ တစ်ခေါက်လောက် သွားကြည့်ရအောင်လေ သမီးလေး " ငြိမ်းကမိခင်ကို ဖျတ်ခနဲ မော့ကြည့် လိုက်မိသည်။ပြီးလျှင် နားထဲ၌ "သူခိုးမ ၊ အငတ်မ "ဟူသော အသံတွေကို ပြန်ကြားယောင် လိုက်မိလေသည်။ "သွားဖို့တော့ မအား လောက်ဘူး အမေ...စတိုးဆိုင်က ဘာမှမဖြစ်ပေမဲ့ ....မုနို့ဆိုင်က ဖောက်သည်တွေ ဒုက္ခများကုန်လိမ့်မယ်.... သူတို့ အကုန်လုံး သမီးဆီက တဆင့် ယူရောင်းနေရတာလေ....အမေတစ်ယောက်တည်း သွားခိုင်းဖို့ ကျတော့လဲ စိတ်မချပါဘူး.... သင်္ကြန်ပိတ်ရက်လိုမျိုးမှ သွားကြမယ်လေ အမေ..." ငြိမ်းက ပြောပြီးသည်နှင့် ဖုန်းကို ယူကာ လိုအပ်သော ပစ္စည်းများကို ဆိုင်ကြီးသို့လှမ်းမှာလိုက်သည်။ ဒေါ်ငြိမ်းဝေမှာ ဖုန်းပြောနေသော သမီးဖြစ်သူကို ကြည့်ပြီး ရင်ထဲတွင် ဝမ်းနည်း စိတ်ကလေးဖြစ်ပေါ်လာမိလေသည်။သမီးလေးငြိမ်းသည် အရွယ်ရောက်လာသော်လည်း အချစ်ရေးကို့စိတ်မ၀င်စား။သံယောစဉ်လည်းမတွယ်တက်။အိမ်ထောင်ပြုဖို့လည်း တွေးပုံမရ။ ဘယ်သူ့ကိုမှလည်း ခင်မင်တွယ်တာပုံမရချေ။သမီးလေးကို ကြည့်ရသည်မှာ လူတစ်ယောက်တွင် ရှိသင့်ရှိထိုက်သော ခံစားချက်မျိုးတွေ သိပ်မရှိဟု ဒေါ်ငြိမ်းဝေ ထင်နေမိသည်။ ထိုသို့အထင်က အမှန်တကယ် ဖြစ်နေမည်ကိုလည်း ဒေါ်ငြိမ်းဝေ စိုးရိမ်မိလေသည်။ဒေါ်ငြိမ်းဝေ အနေနှင့် တော့ သမီးငြိမ်းအား ဘ၀ကို သာမန်လူတွေလိုပျော်ပျော်ရွှင်ရွှင်ပင် ဖြတ်သန်းစေချင်မိလေသည်။

ညီညီ ဆိုသောကောင်က သည်လို ငရစ်ကောင်ဖြစ်သည် ။ပြောစရာရှိသည်ကို မပြောဘဲ အရစ်ရှည်တတ်သည်။ငြိမ်းက စိတ်မရှည်၍ ထထုလျှင် ငြိမ်းတို့ အုပ်စုတွေကြား ဆူညံပွက်လောရိုက်ကုန်သည်။ဒါသည်ပင် လူအများစု၏အမြင်၌ အမြင့် မသင့်တော် စရာလိုလိုဘာလိုလို အထင်သေးခံခဲ့ရသည်။ "ပြောစရာရှိ ပြောလိုက်ပါဟယ်...အရစ်ရှည်နေသေးတယ်...နင်ပြောမှ သတိရတယ် ....သူ ငါ့ဆိုင်ကိုမလာတာ ကြာပြီဟ..." "အေး ...နင့်ဆိုင်ကို ဘယ်လာတော့မလဲဟ... သူက ဝင်းဝါနုနဲ့ ဖြစ်နေတာတဲ့ဟ...အခု သူ့အိမ်က သိသွားလို့ မိုးမီးလောင်နေပြီလေ..." "ဟုတ်လား..." "နင် ဘာမှ မဖြစ်ဘူးလား ငြိမ်း" ညီညီက ငြိမ်းကို အံ့ဩတကြီးနှင့် မေးလေသည်။ "ငါက ဘာဖြစ်ရမှာလဲဟ ...သူနဲ့ ငါက ရိုးရိုးသားသားခင်တာပါလို့ နင်တို့ကို ငါပြောသားပဲ ..." "နင်က ရိုးမရိုးတော့မသိဘူး .... သူကတော့ နင့်အပေါ်မရိုးတာ ငါတို့အားလုံးသိတယ်လေ....ဘယ်လိုများ ဝင်းဝါနု နဲ့ဖြစ်သွားလဲမသိဘူး ... ဒီကောင့်ဘ၀တော့ သွားပါပြီ ဟာ ....." "မသိပါဘူးဟာ ... သူ့ကံတရားပေါ့...." ငြိမ်း ဒါပဲပြောပြီး ညီညီဆိုင်ရှေ့မှလှည့်ထွက်ခဲ့လိုက်သည်။ ******* အသားကဖြူဖြူ ။ခန္ဓာကိုယ်က သွယ်သွယ် မြင့်မြင့် ။မျက်ခုံးနက်နက်နှင့် စူး၍တောက်ပသော မျက်ဝန်းတစ်စုံ ။ ခပ်တင်းတင်းစေ့ထားသော နှုတ်ခမ်းအစုံက လောကကြီးတစ်ခုလုံးနဲ့ ပဲ ရန်ဖြစ် ထားသလိုလို။မုန့်ပုံးတွေ မုန်ထုတ်တွေကို ကုန်းမလိုက်လျှင် မျက်နှာပေါ်သို့ဝဲခနဲ ကျလာလေသော ဆံပင်နက်နက်များ။ရွှေအိုရောင်ဆံပင်။ နီညိုရောင် ဆံပင် စသည်ဖြင့် ဆံပင်အရောင်မျိုးစုံ ခေတ်စားနေသော ခေတ်ကြီးထဲတွင် သူ၏ဆံပင်နက်မှောင်မှောင်နှင့် သူ့မျက်နှာမှာ ကြည့်ကောင်းလှပေသည်။ခန့်မှန်းရသသလောက်တော့ သူ့အသက်သည် နှစ်ဆယ့်ကျော်လောက်ရှိလိမ့်မည်ထင်သည်။ ငြိမ်းထက်တော့ငယ်လိမ့်မည်ထင်ပါသည်။ငြိမ်းအသက်က နစ်ဆယ့်ငါးဆိုတော့ သူ့အသက်က နှစ်ဆယ်နှစ်လောက်များရှိလေမလား။ငြိမ်းသည် ဘာရယ်မဟုတ် မုန့်လာချသော စက်ရုံးကားပေါ်မှ အလုပ်သမားကောင်လေးကို ငေးကြည့်ပြီးတွေးတော့နေမိခြင်းဖြစ်လေသည်။မိမိရဲ့ မုန့် အေးကျင်းဆိုင်အတွက် စက်ရုံ မုန့်ကား လာပို့သည်မှာလည်း ယခုမှမဟုတ် ဆိုင်ဖွင့်သက်တမ်းနှင့်ဆိုလျှင် သုံးနှစ်ပင်ကျော်နေပြီမဟုတ်လား။သို့သော် သည်ကောင်လေးကိုမူ သည်နေ့မှတွေ့ရခြင်းဖြစ်လေသည်။ " သူကဘယ်သူလဲ" ငြိမ်းကိုယ်တိုင် သတိမထားမိခင်မှာပင် ဈေးစားရင်း စာရွက်ကို လာပြသော အရောင်းမန်နေဂျာကို ငြိမ်း လွှတ်ခနဲမေးလိုက်မိလေသည်။ "ဘယ်သူ့ကို မေးတာလဲ ငြိမ်း ...ရဲရင့်ကို မေးတာလား" "အင်း ...အရင်က မမြင်ဖူးလို့ " " သူ့အလုပ်ဝင်တာ မကြာသေးဘူး ငြိမ်းရဲ့...." ငြိမ်းတို့ စကားပြောနေစဉ်မှာပင် သူက မုန့်ပုံးများကို ထမ်းပြီး ငြိမ်းတို့အနားသို့ လျှောက်လာလေသည်။ငြိမ်းသူ့မျက်နှာကို ဖျတ်ခနဲ လှမ်းကြည့်လိုက်မိသည်။သူကလည်း ငြိမ်းဘက်သို့ ဖျတ်ခနဲ လှမ်းအကြည့် နှစ်ယောက်သား အကြည့်ချင်းဆုံမိသွားကြလေသည်။အကြည့်ချင်း ဆုံခိုက်တွင် သူ၏ စူးရှတောက်ပနေသော မျက်ဝန်းအစုံကို ငေးကြည့်ရင်း ငြိမ်းရင်ထဲ မျက်ဝန်းတစ်စုံကို ဖျက်ခနဲ မြင်ယောင်လိုက်မိလေသည်။ @@@@@@@@@@@@@@@@@@@@@@ အပိုင်း (၁၁ ) ဆက်ရန် ဧကြည်ဖြူ

"သမီး သဘောကျရင် ပြောင်းကြတာပေါ့ကွယ် ..." ဒေါ်ငြိမ်းဝေဒါပဲပြောပြီး ငြိမ်း မျက်နှာကို ငေးကြည့်နေမိသည်။ငြိမ်းသည် ယခုနှစ်ဆိုလျှင် အသက်နှစ်ဆယ် ပြည်တော့မည်ဖြစ်သည်။သို့ပါသော်လည်း အခြား ရွယ်တူတန်းတူမိန်းခလေးများကဲ့သို့သို့ အလုအပကို မမက်မော ။ငွေမှငွေ ဖြစ်နေသည်။ရှပ်အင်္ကျီများနှင့် ဘောင်းဘီအရှည်များသားဝတ်ဆင်လေ့ရှိသော ငြိမ်း ပုံစံသည် အရွယ်နှင့်မမျှအောင် ရင့်ကျက်နေလေသည်။တစ်နေ့တစ်နေ့တွန်းလှည်းတစ်စီးနှင့် ပင်ပင်ပန်းပန်းလုပ်နေသည်ကို ဒေါ်ငြိမ်းဝေ မကြည့်ရက်သောကြောင့် ငြိမ်းပေးသမျှ ငွေကိုစုထားပြီး မိမိရှာသမျှ ငွေနှင့်သာ လောက်ငှအောင် သုံးစွဲခဲ့သည်။ဒေါ်ငြိမ်းဝေစိတ်ဆန္ဒအတိုင်းသာဆိုလျှင် ငြိမ်းကို ဈေးမရောင်းစေချင်တော့ပါ ။ကျောင်းပြီးလျှင် ရုံးတစ်ရုံးမှာ ဝင်လုပ်ပြီးအေးအေးဆေးဆေးနေစေချင်သည်။သည်လိုတော့ဖြင့် ငြိမ်းကပြော၍ရမည်မထင်။"အမေ့ကို ချမ်းချမ်းသာသာနဲ့ထားမယ်၊ နေစရာမရှိလို့ အမေ စိတ်ဆင်းရဲရတာမျိုး မဖြစ်စေရဘူး" ဆိုသော စကားသည် ငြိမ်း၏ လက်သုံး စကားပင် ဖြစ်သည်။ဒေါ်ငြိမ်းဝေ ကိုယ်၌ကလည်း နောင်လာမည့် အနာဂတ်ကာလတွင် ငြိမ်းကို မိမိကဲ့သို့ ဒုက္ခမများစေချင်။ထို့ကြောင့် ငွေကို ကြိုးစား၍ စုဆောင်းခဲ့ပါလေသည်။ငြိမ်းကမူ ငွေကို လွန်လွန်ကဲကဲရှာဖွေချင်နေသော စိတ်ရှိနေသည်ကို ဒေါ်ငြိမ်းဝေ သိပ်တော့ သဘောမကျလှပေ။ငြိမ်းဘ၀က စက်ရုပ်ဆန်နေသည်။အိမ် နှင့် အလုပ်။အလုပ်နှင့်ကျောင်း။သည်သုံး ခု၌သာ ငြိမ်းကျင်လည်နေရသော ဘဝကို ဒေါ်ငြိမ်းဝေသဘောမကျမိ။ဖြစ်နိုင်လျှင် ငြိမ်းကို အခြား သူနှင့်ရွယ်တူတွေလိုလည်း ပျော်မွေ့ပျော်ပါးစေချင်မိလေသည်။ ***** "ပါမစ်အစစ်လေးကို လေ့ဆယ့်သုံးနဲ့ ရလိုက်တာ ကံကောင်းတယ်... ဒါနဲ့ဘယ်နေ့ပြောင်းကြမှာလဲ..." "တစ်လအတွင်း ပြောင်းရမှာပေါ့ ... ငြိမ်းတို့အိမ်နဲ့ ခြံကိုလည်း အန်တီစိုးကို အပ်တယ်နော်...နည်းနည်းစျေးကောင်းလေးရရင် ကောင်းမယ်...လောလောဆယ်တော့ ...ရှိတဲ့ငွေနဲ့ အိမ်ဆောက်ပြီး အထည်ဟောင်းဆိုင်လေးပဲ ဖွင့်ထားဦးမယ် ...." ငြိမ်းတို့ အုပ်စု ရပ်ကွက်ရုံးတွင် အိမ်ခြံမြေ စာချုပ် ချုပ်ဆိုပြီးသည့်နောက် ရုံးရှေ့တွင် ရပ်၍ စကားပြောနေကြခြင်းဖြစ်လေသည်။ "ဒေါ်ငြိမ်းဝေတော့ ငြိမ်းလို သမီးလိမ္မာလေးရထားလို့ပျော်နေမှာပဲ..." အိမ်ခြံမြေပွဲစားဒေါ်စိုးကျော်၏ စကားကြောင့် ဒေါ်ငြိမ်းဝေ ကြည်ကြည်နူးနူးပြုံးလိုက်မိရင်း သမီးလေး ငြိမ်း၏ ပခုံးလေးကို ခပ်ဖွဖွဆုပ်ကိုင်လိုက်မိလေသည်။လွန်ခဲ့သော ရှစ်နှစ်က လူတကာ၏ အပြောခံအဆို ခံအနှိမ်ခံဘဝတွင် မျက်နှာငယ်ငယ်နှင့် နေခဲ့ရသော ငြိမ်းကို ဒေါ်ငြိမ်းဝေရင်ထဲ ယခုထိ မမေ့ပျောက်နိုင်သေးပါချေ။သမီးလေး ငြိမ်းသည် ရှစ်နှစ်အတွင်းမှာ အရွယ်နှင့် မလိုက်အောင် ကြိုးစားရုန်းကန်ခဲ့သည်။တစ်နေ့အမြတ်ငွေ ငါးထောင်ရလည်းမသုံး။ တစ်သောင်းရလည်း မသုံးခဲ့။အရပ်ကလေးမပိန်မသွယ်နှင့် နေလောင်ဒဏ်များကြောင့် အညိုဘက်လုနေသော အသားအရည်နှင့် သမီးလေးငြိမ်းသည် နဂိုရုပ်ခံ အချောအလှတွေကိုပင် ပျောက်ဆုံးလုမတက်နီးပါး ဖြစ်နေလေ၏ ။လူကသာ အထည်ရောင်းနေသည်ဆိုသော်လည်း ဝတ်စုံကောင်းကောင်းတစ်စုံ ပင်မရှိရာ သော သမီးလေးကို ကြည့်ပြီး ဒေါ်ငြိမ်းဝေ မပျော်နိုင်သေးတာကတော့အမှန်ပါ။မိမိက မြန်မာဝတ်စုံ၀မ်းဆက်လေးတွေ မကြာခဏ ချုပ်ပေးခဲ့သော်လည်း စျေးကောင်းရရင် ပြန်ရောင်းပစ်လိုက်သည်သာ။ ထိုကိစ္စအတွက် ဒေါ်ငြိမ်းဝေမကြာခလာဆူခဲ့သော်လည်း ငြိမ်းသည် နားထောင်လည်း ခဏမို့ ကြာတော့ ဒေါ်ငြိမ်းဝေကိုယ်တိုင် မဆူရက် မပြောရက်တော့၍ မပြောဖြစ်တော့ပါချေ။ "ပြန်မယ်လေ အမေ...ဆိုင်ကိုလိုက်ဦးမှာလား ...အိမ်တန်းပြန်မှာလား...အိမ်ပြန်မယ်ဆို ဆိုက်ကားငှားပေးလိုက်မလို့..." "အမေ့ဘာသာ လမ်းလျှောက်ပြန်ပါးမယ် သမီးရယ်...အမေ့အသက် အခုမှ လေးဆယ့် ငါးပါအေ...သွားနိုင်လာနိုင်ပါသေးတယ် ဟဲ့..." "ဟီး...သိပါတယ်အမေရဲ့...အမေက အိမ်မှာ စက်ချုပ်ရ .... စျေးရောင်းရ....ထမင်းဟင်းချက်ရနဲ့ ကိုယ့်အမေလေးပင်ပန်းမှာ စိုးလို့ပါနော်...." ငြိမ်းက မိခင်ကို လှမ်းဖက်ပြီး စနောက်လိုက်သည်။ "ဖယ်ပါ အေ...လိုချင်တာရလို့ ပျော်နေတာပေါ့လေ... ညနေ ဆိုင်စောစောသိမ်းခဲ့ကြားလား...အိမ်ဆောက်ဖို့အတွက် တိုင်ပင်ရအောင်..." "ဟုတ်ကဲ့ပါ အမေ" ***** "ငြိမ်းရေ အဆင် ပြေခဲ့လား..." ငြိမ်းပြန်လာသည်ကို မြင်သည်နှင့် ညီညီက လှမ်းမေးလေသည်။ "ပြေတယ် ညီညီ...ငါ့ဆိုင်ကို ကူရောင်းပေးထားလို့ ကျေးဇူးပါဟာ..." "အေး.... နင်အဆင်ပြေ ပျော်နေချိန်မှာ သတင်းဆိုးတစ်ခု ပြောရမှာတော့ စိတ်မကောင်းဘူး ဟာ..." "ဘာသတင်းဆိုး လဲဟ ...ရင်ထိတ်လိုက်တာ ညီညီရယ်... ပြောစမ်းပါအုံး " ငြိမ်းက မေးရင်း ပြောရင်း ညီညီတို့ ကွမ်းယာဆိုင်ခုံနားတွင် သွားရပ်လိုက်သည်။ "နင် စိတ်တော့ ခိုင်ခိုင်ထားဟ..." "ဘာလဲဟ နင်ကလဲ .... ငါ စိတ်မရှည်တော့ဘူးနော်ညီညီ " "နင့်လူ မင်းလတ် လေ သူ့သတင်းကြားပြီးပြီလား..."