ar
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

الذهاب إلى القناة على Telegram
803
المشتركون
+424 ساعات
+167 أيام
+4630 أيام
أرشيف المشاركات
~~~~~~~ သလင်းဖြူအနေနှင့် တတိယလပ်တွင် နေသော်လည်း လူကြီးများနေသော ဒုတိယထပ်သို့ ယနေ့ အချိန်ထိ ရောက်ဖူးခြင့်မရှိခဲ့ပါချေ။ လှေကားထစ်တွေကို တထစ်ချင်း ကျော်ဖြတ်လာခံပြီးသည့်နောက်တွင် ဒုတိယထပ်၏ တံခါး၀သို့ ရောက်ရှိလာခဲ့သည်။သလင်းဖြူ တံခါးကို တွန်းဖွင့်၍ဝင်လိုက်သည်။ " ကျွီ ' သံရှည်ဆွဲ၍ ပွင့်သွားသော တံခါးသံကြောင့် သလင်းဖြူ ကိုယ်လေး ဆတ်ခနဲ တုန်သွားမိသည်။တံခါးပွင့်သွားပြီးနောက်တွင် တိတ်ဆိတ်ငြိမ်သက်နေသော သီးသန့် ကမ္ဘာထဲသို့ ရောက်ရှိသွားသကဲ့သို့ ထင်ရလေသည်။နေ့ခင်းကြီးမှာပင် ချောက်ချားစရာကောင်းအောင် တိတ်ဆိတ်နေသော အခန်းများကိုကျော်ဖြတ်၍ ဧည့်ခန်းကို သလင်းဖြူ ရှာကြည့်လိုက်သည် ။ ======================= အပိုင်း ( ၁၂ ) ဆက်ရန် ဧကြည်ဖြူ

လူရှင်းသည်။ခရိုးလမ်းရှည်သောကြောင့် လူသွားလူလာနည်းသည်။ထို့ကြောင့်ပင် သလင်းဖြူမှာ ပို၍ သတိထားနေမိခြင်းဖြစ်သည်။ ဆုတောင်းပြည့် စေတီနားသို့ရောက်လျှင် သလင်းဖြူ စက်ဘီးကိုရပ်လိုက်သည်။စေတီ ဆိုသော်လည်း လူသူသိပ်မနီးသော နေရာတွင် တည်ထားသော ကိုးတောင်ပြည့်စေတီလေးသာ ဖြစ်သောကြောင့် လူအသွားအလာ မရှိသလောက်ပင် နည်းပါးလှလေသည်။ စက်ဘီး ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် သလင်းဖြူသည် လူမမြင်အောင် ခိုးရိုက်ထားသော ထွဋ်ခေါင်၏ပုံနှင့် ချိန်းထားသော အကြောင်းများကို သူငယ်ချင်းဖြစ်သူထံကို မက်ဆင်ဂျာမှ ပို့ထားသည်ကို ရောက်ရဲ့လားဟု စစ်ကြည့်လိုက်သည်။ စာရော ပုံပါ ရောက်သွားသောကြောင့် သူငယ်ချင်းဖြစ်သူထံမှ "ဘယ်သူလဲ ...ချောလိုက်တာဟယ် ... ဆွဲစိလိုက်တော့ ဟဲ့" ဆိုသော ပြန်စာလေး ပို့ထားသည်ကို တွေ့လိုက်ရလေသည်။ "မင်းစက်ဘီးနင်းတာ မြန်သားပဲ ..." သလင်းဖြူ ဖုန်းကိုကြည့်နေစဉ်မှာပင် အသံနှင့် အတူ ထွဋ်ခေါင်ရောက်လာလေသည်။ " ဘုရားရော ရှိခိုးပြီးပြီလား ` ထွဋ်ခေါင်က သလင်းဖြူကို မေးလိုက်ရင်း ကိုယ်တိုင်ပင် ဖိနပ်ကို ချွတ်၍ ဘုရားကန်တော့လိုက်လေသည်။ သလင်းဖြူလည်း ထွ ဋ်ခေါင်နှင့် မနီးမဝေးတွင် ဘုရားထိုင်ကန်တော့လိုက်ရလေသည်။ ~~ ~~~~~~ "ဒီမှာ ... ပြောစရာရှိတာ မြန်မြန်ပြော ..ရှင်နဲ့ ကျွန်မ ဘုရားဖူးဖို့လာတာမဟုတ်ဘူးနော် " ဘုရားကိုကန်တော့ပြီးသွားသောအခါ သလင်းဖြူက ထွဋ်ခေါင်ကို လှမ်းပြောလိုက်သည်။ "ပြောမှာပေါ့ကွာ .....တစ်ခုတော့ ရှိတယ် ... အခုပြောမယ့်စကားတွေက မင်းကို ယုံကြည်လို့ပြောမှာ ...အဲ့ဒါကြောင့် မင်းလဲ ငါ့ကို ယုံကြည်ဖို့လိုတယ် " "ပြောစရာရှိတာသာ အမြန်ပြော ...ယုံကြည်ဖို့ကောင်းရင် ယုံကြည်မှာပေါ့ " " တကယ်တော့ ဘာမှတော့ မဟုတ်ပါဘူးကွာ ...ကိုယ်က ပရလောကသားတွေကို စိတ်ဝင်စားတယ်လေ ... အဲ့ဒီမှာ မင်းတို့အိမ်ကြီးမှာ မမြင်ရတဲ့ ဝိဉာဉ်တွေရှိနေတာကို သိလိုက်ရလို့ လေ့လာဖို့ လုပ်နေခဲ့တာပဲ ...ဒီကြားထဲမှာ မင်းတို့အိမ်ကြီးမှာ ထူးဆန်းတာတွေပါ ကြုံလာခဲ့ရတော့ ပိုပြီး စိတ်ဝင်စားလာခဲ့မိတယ် ဒါပဲ ... ဒီထက်မပိုဘူး...မင်းကရော ဘာကိုစုံစမ်းနေတာလဲပြော....ကိုယ်ကူညီနိုင်ရင် ကူညီမယ်လေ " ထွဋ်ခေါင်၏ အဖြေကြောင့် သလင်းဖြူစိတ်တိုသွားမိသည်။ " ရှင်က လူလိမ်ပဲ ..ဘာအကြောင်းမှ မရှိဘူး ဟုတ်လား ...ရှင့်ကို ဘယ်သူခိုင်းထားလဲတော့ မသိပေမဲ့ အဲ့ဒီလူကို ပြောလိုက်စမ်းပါ ... အမှန်တရားဆိုတာ ဖုံးကွယ်ထားလို့မရဘူးလို့ ... ပြီးတော့ ကျွန်မ အသက်ကို ရန်ရှာလဲ လုံးဝမကြောက်ဘူးဆိုတာ ပြောပြလိုက်ပါ " သလင်းဖြူ စိတ်တိုတိုနှင့့်ပြောပြီး ပြန်ရန်စက်ဘီးကိုယူလိုက်လေသည်။ထိုအခါ ထွဋ်ခေါင်သည် သလင်းဖြူရှေ့မှ ပိတ်ရပ်လိုက်ပြီး " ဒီမှာ အမိ ...မင်း ကိုယ့်ကို မယုံလဲ မတတ်နိုင်ဘူး ... သေချာတာက ကိုယ်က ဘယ်သူ့လူမှ မဟုတ်ဘူး ...မင်းလိုပဲ အမှန်တရားတစ်ခု ပေါ်ပေါက်လာဖို့ မျှော်လင့်နေတဲ့သူပဲ ...မင်းပြောသလိုပဲ မင်းတို့ဆွေမျိုးတွေရဲ့ ပြဿနာက ကိုယ်နဲ့မဆိုင်ပါဘူး ...ဒါပေမဲ့ အဲ့ဒီအိမ်မှာ ရှိတဲ့ လူသတ်သမားက မင်းထင်တာထက် ပိုပြီး ကြောက်ဖို့ ကောင်းတယ်ဆိုတာသိရဲ့လား " ထွဋ်ခေါင်က အသံမာ မာနှင့် ပြောလိုက်သည်။ " ဘာ ..ဘာပြောတယ် လူသတ်သမားဟုတ်လား ....ရှင် ...ရှင် ဘာတွေ သိထားတာလဲ " သလင်းဖြူသည် စက်ဘီးကို နင်းရန် ပြင်ပြီးခါမှ ထွဋ်ခေါင်ကို အလောတကြီးနှင့် မေးလိုက်မိသည်။ "နေပါအုံး ... မင်းပြောတော့ ကိုယ့်ကို မယုံဘူးဆို " ထွဋ်ခေါင်က ခနဲ့တဲ့တဲ့နှင့် မေးလိုက်သည်။ " ရှင်ပြောမှာလား ... မပြောဘူးလား ... ကျွန်မ စိတ်မရှည်တော့ဘူး " " ကောင်းပြီလေ ...ဒီလိုလုပ် မင်းနံ့ ကိုယ် နှစ်ယောက်ပေါင်းပြီး ...ဒီကိစ္စတွေကို စုံစမ်းကြမလား ... တစ်ယောက်နဲ့ တစ်ယောက် သိသမျှကို ပြောကြမယ် ဘယ်လိုလဲ " " ဒါဆို ...ရှင်ဘာသိထားလဲ အရင်ပြော " သလင်းဖြူက ဦးစွာမေးလိုက်သည်။ " ကိုယ်သိသလောက် ပြောရရင်တော့ စိုင်းရန်နိုင်ဆိုတဲ့လူက မတော်တဆ သေဆုံးသွားခဲ့တာ မဟုတ်ဘူး ...စနစ်တကျ လုပ်ကြံခံခဲ့ရတာပဲ ဒါပေမဲ့ သက်သေပြစရာရှိဘူး....အဲ့ဒီသက်သေကို ရဖို့ ကြိုးစားရှာရမှာပဲ " "ဘာ ...ဘာပြောတယ် ...ဒါတကယ်လား ...ရှင့်စကားကို ကျွန်မဘယ်လို ယုံရမလဲ '' "ယုံတာ မယုံတာ မင်းသဘောပဲ ... ညှိလို့မရဘူးဆိုလဲ ကိုယ့်အလုပ်ကိုယ်လုပ်ကြရုံပေါ့ ..." ထွဋ်ခေါင်က ပြောပြီးသည်နှင့် ပြန်ဖို့ ပြင်လိုက်သည်။ " ဒီလိုဆိုရင်လဲ ကောင်းပြီးလေ ... ရှင်ပြောတာတွေကို ယုံကြည်လိုက်မယ် ... ဒီကိစ္စတွေ အမြန်ဆုံး ပေါ်ပေါက်လာဖို့ ကြိုးစားကြတာပေါ့ " သလင်းဖြူသည် မယုံရဲရဲနှင့်ပင် ထွဋ်ခေါင်နှင့် လမ်းခွဲခဲ့ပြီး စက်ဘီးကို နင်း၍ ရွာထဲသို့ ပြန်လာခဲ့သည်။ ~~~~~~ "ဘဘမြင့်က မမလေးကို ပြောစရာရှိလို့ ... ဒုတိယထပ်က ဧည့်ခန်းကို လာခဲ့ပါတဲ့ " "ဟင် ...ဘဘမြင်က ခြံထဲမသွားသေးဘူးလား " တစ်အိမ်လုံး အသီးသီး အလုပ်သွားကြပြီထင်သောကြောင့် သလင်းဖြူ စိတ်အေးလက်အေးနှင့် အောက်ထပ်သို့ ဆင်းလာစဉ် ပူစူးမ၏ စကားကြောင့် သလင်းဖြူ ဒုတိယထပ်သို့ ပြန်တက်လာခဲ့သည်။

ဖြစ်သွားမိလေသည်။ထိုစဉ်မှာပင် ဝရံတာ တံခါးမှာ ဖျက်ခနဲ ပွင့်လာပြီး သလင်းဖြူကို ဝရံတာဘက်ဆီသို့ ဆွဲခေါ်ယူ လိုက်သည်ကို ခံလိုက်ရလေသည်။ သလင်းဖြူမှာ အထိတ်ထိတ်အလနဲ့လန့်နှင့် ဝရံတာသို့ရောက်ရှိသွားရလေသည်။သလင်းဖြူလည်း မိမိကို ဆွဲခေါ်ယူလိုက်သောသူကို ရုန်းကန် တိုက်ခိုက်လိုက်လေသည် ။ထိုအခါ တစ်ဖက်မှ လူသည် "ရှူး ငြိမ်ငြိမ်နေ ... ကိုယ်က ထွဋ်ခေါင်ပါ ....မင်း ခြံထဲက လူတွေကို ကြည့်ဖို့ လာတာ မဟုတ်လား ..တိတ်တိတ်နေ ...ဒီဘက်ကို လာနေတဲ့ ခြေသံကို ကြားတယ် မဟုတ်လား " ထွဋ်ခေါင် ပြောသလိုပါပင် ခြေသံသည် ဝရံတာနားသို့ ရောက်လာပြီးလျှင် ရေချိုးခန်းတံခါးများနှင့် အိမ်သာတံခါးများကို ခပ်ဖြည်းဖြည်းလိုက် ဖွင့်နေသံကိုကြားရလေသည်။ပြီးနောက် ခြေသံသည် ဝရံတာ တံခါးရှေ့တွင် အတန်ကြာ ရပ်နေသောကြောင့် သလင်းဖြူနှင့် ထွဋ်ခေါင်မှာ တံခါး၏ဘေးထောင့်တွင် နှစ်ယောက်သားငြိမ်သက်စွာရပ်နေမိကြလေသည်။နီးကပ်လွန်းသော အနေအထားကြောင့် နှစ်ယောက်သားမှာ တစ်ယောက်၏ အသက်ရှူသံကိုပင် တစ်ယောက် ကြားနေရသကဲ့သို့ ရှိလေသည်။ ထိုသို့ဖြစ်နေရာမှ အတန်ကြာသောအခါ ဝရံတာတံခါးဝမှ ခြေသံသည်စင်္ကြန် လမ်းဘက်ဆီသို့ ပြန်၍ လျှောက်သွားသံကို ကြားလိုက်ရလေသည်။ ခြေသံ တိတ်ဆိတ်သွားသော အခါမှပင် သလင်းဖြူလည်း ထွဋ်ခေါင်၏ဘေးမှ ဖျတ်ခနဲ ခွါလိုက်ပြီး "ကိုထွဋ်ခေါင် ရှင်ဒီမှာ ဘာလုပ်နေတာလဲ...ရှင်ကဘယ်သူလဲ ..ဘာအကြံနဲ့ ဒီကိုရောက်နေတာလဲ ပြော " သလင်းဖြူ၏ မေးခွန်းကြောင့် ထွဋ်ခေါင်သည် သလင်းဖြူကို ခပ်တိုးတိုးပြန်ဖြေလိုက်သည်။ "မင်းသိချင်တယ်ဆိုရင် ပြောပြမယ် ... ခုတော့ မဟုတ်ဘူး ... မနက်ဖြန်ကျရင် တွေ့ဖို့ နေရာကို ဖုန်းဆက်ပြီး ပြောမယ် .. .. မနက်ကျမှ မင်းရဲ့ဖုန်းနံပတ်ကို ယူမယ်... အခုတော့ ကိုယ့်အခန်း ကိုယ်ပြန်ကြစို့ ...တော်ကြာ တစ်ယောက်ယောက်တွေ့သွားလိမ့်မယ် ...မင်းအရင်သွားတော့ " ~~--~~ ရွှေရည်ဝင်းသည် အခန်းတံခါးနောက်တွင် ငြိမ်သက်စ္စာရပ်နေပြီး စင်္ကြန်လမ်းတစ်လျှောက် လျှောက်သွားသော သလင်းဖြူနှင့် ထွဋ်ခေါင်တို့၏ ခြေသံများကို နားစွင့်၍ အံကိုတင်းတင်းကြိတ်ထားမိလေသည်။ ~~~~~~~ " ဖျောက် ... ဖျောက် " သလင်းဖြူ စက်ဘီးကို ဂိုထောင်ထဲမှ ထုတ်နေစဉ် ဂိုထောင်အတွင်းဘက်ဆီမှ အသံကြားလိုက်ရသောကြောင့် အသံကြားရာဆီသို့ မဝံ့မရဲ လျှောက်သွားပြီး ကြည့်လိုက်မိသည်။ဂိုထောင်၏ အတွင်းထဲ၌ ဆန်အိတ်များ ၊ ပစ္စည်းမျိုးစုံနှင့် ပြည့်နေသည်ကို တွေ့ရလေသည်။တော်တန်ရုံဆို လူတစ်ယောက်ယောက် ဂိုထောင်ထဲတွင် အသားလေး ပုန်းနေနိုင်သော အနေအထားမျိုး ဖြစ်လေသည်။ "ဘယ်သူရှိလဲ " သလင်းဖြူ အသံပေးလိုက်ပြီး ဟိုသည် ဝေ့ဝဲ၍ ရှာကြည့်လိုက်ရာ "အမယ်လေး " ရုတ်တရက် အတွင်းဘက် ဆန်အိတ်များကြားတွင် ကုန်ကုန်းကွကွနှင့် ရှိနေသော လူတစ်ယောက်ကို တွေ့လိုက်ရသောကြောင့် သလင်းဖြူလန့်ပြီး အော်လိုက်မိလေသည်။ "ဟေ့ ...ဟေ့ သူမကြီး ဦးငယ်လေ ...ဦးငယ်ပါ ....လန့်သွားတာလား " ဦးငယ်ဆိုသော အသံကို ကြားလိုက်ရသောအခါမှပင် သလင်းဖြူမှာ ကြောက်စိတ်များ ပြေလျော့သွားရပြီး တုန်တုန်လှုပ်လှုပ်နှင့် မေးလိုက်မိလေသည်။ "ဦး ...ဦးငယ်က ဘာလုပ်နေတာလဲ " "ဘာမှ မဟုတ်ပါဘူးကွယ် ... ဂိုထောင် နောက်တံခါး ပျက်နေတယ်ဆိုလို့ ပြင်ဖို့လုပ်နေတာ " "နောက်မှာ တံခါးပေါက်ရှိသေးတာလား ဦးငယ် " ဦးလေးဖြစ်သူ၏ စကားကြောင့် သလင်းဖြူကမေးလိုက်သည်။ "ရှိတယ်လေ တူမကြီး ...အရေးအကြောင်းဆို အသက်ကယ်ပေါက်ပေါ့ကွယ် " " ဪ ...ဒါကြောင့်ကို ...ဒါဆို ခြံနောက်ဘက်မှာရော ....တံခါးပေါက်ရှိလား ဦးငယ် " သလင်းဖြူ၏ အမေးကြောင့် ဦးရန်နောင်ထွေးသည် သလင်းဖြူကို စေ့စေ့ကြည့်လိုက်ပြီးလျှင် " ရှိတယ်လေ ...ဒါပေမဲ့ နောက်တံခါးကို ဘယ်သူမှ အသုံးမပြုကြပါဘူးကွယ် ... ဒါနဲ့ တူမကြီး ရက်ကန်းရုံကို သွားတော့ မလို့လား ..... စက်ဘီးကို ဂရုစိုက်စီးသွားနော် " "ဟုတ်ကဲ့ ဦးငယ် " သလင်းဖြူ စက်ဘီးကို ဂိုတောင်ထဲမှ ထုတ်ယူလာခဲ့ရင်း ဦးလေးဖြစ်သူကို မသိမသာ စောင်းငဲ့၍ ကြည့်လိုက်သောအခါ မားမားကြီး ရပ်လျက် ကြည့်နေဆဲဖြစ်သော ဦးလေးဖြစ်သူကို တွေ့လိုက်ရသောကြောင့် ရင်မှာ ဒုန်းခနဲပင် ဆောင့်ခုန်သွားမိလေသည်။ ~~~--- " ဖုန်းနံပတ်ပေး " သလင်းဖြူ အထည်ပုံများကြား အလုပ်များနေစဉ် ဘေးနားသို့ကပ်၍ ပြောလိုက်သော ထွဋ်ခေါင်ကြောင့် စာရွက်တစ်ရွက်တွင် ဖုန်းနံပတ်ရေးလိုက်ပြီး လူမမြင်အောင် ကွယ်ဝှက်၍ ပေးလိုက်သည်။ကြီးတော်ကြီးဖြစ်သူမှ စ၍ အလုပ်သမားမောင်း လုံးအထိပင် မယုံကြည်ရသော ဤအိမ်ကြီးတွင် ထွဋ်ခေါင်သည် မည်သို့ ပတ်သက်ပါဝင်နေသည်မှန်း သလင်းဖြူ မတွေးတတ်ပါချေ။ရှေ့လျှောက် မီးစင်ကြည့် က ရန်သာ ရှိပါလေသည်။ ~~~~~ စက်ဘီးကို ပေါက်ကြီးရွာဘက်သို့ သွားသော လမ်းအတိုင်း သလင်းဖြူ နင်းလာခဲ့သည်။စက်ဘီးနင်းလာရင်းမှ ဘောင်းဘီအိတ်ထဲရှိ အိတ်ဆောင် ဓါးလေးကို လက်နှင့် အသာစမ်း ကြည့်မိပြန်သည်။ဓါးရှိနေမှန်း သေချာသောအခါမှ ရွာလမ်းနံဘေးရှိ ဆုတောင်းပြည့် ဘုရားနားသို့စက်ဘီးကိုနင်းခဲ့လိုက်သည်။မိုးနှဲရွာနှင့် ပေါက်ကြီးရွာသို့သွားသောလမ်းသည်

အမေနဲ့ ဦးကြီးကိစ္စမှာ နင့်မိထွေးလဲ ပတ်သက်နေတယ်ထင်တယ် စိုင်းလွှမ်း " "ဘယ်လို ငါ့မိထွေးရော ဟုတ်လား ဖြူလေး " "ဟုတ်တယ် ...နင်လဲ သူ့အကြောင်း သိတယ်မဟုတ်လား ... လူတစ်ယောက်ရဲ့ ဆံပင်နဲ့ အဝတ်အစားကို ရတာနဲ့ အဲ့ဒီလူ ဒုက္ခရောက်အောင် လုပ်နိုင်တယ်ဆိုတာကို " သလင်းဖြူ၏စကားဆုံးသောအခါ စိုင်းလွှမ်းက ခေါင်းကို ခါယမ်းလိုက်ပြီး "ဒီကိစ္စက ဟုတ်နေရတောင် ...တရားဥပဒေနဲ့ ဘာမှလုပ်လို့မရဘူး ဖြူလေး ..အဲ့ဒီတော့ ဒီကိစ္စတွေသာ တကယ်ဖြစ်မယ်ဆိုရင် ဒါတွေကို ဘယ်သူလုပ်နေတယ်လို့ ထင်လဲ " "အခုထိတော့ မသိသေးဘူး စိုင်းလွှမ်း ...ကြီးကြီးကြည်အေး ကြည့်ရတာတော့ မသင်္ကာစရာအကောင်းဆုံပဲ ...ဒါပေမဲ့ တပ်အပ်မပြောနိုင်သေးဘူး...အားလုံးပေါင်းကြံတာလဲ ဖြစ်နိုင်တယ်လို့ အစ်ကိုစိုင်းရန်နိုင်က ပြောဖူးတယ် .အဲ့ဒါကြောင့် ဒီကိစ္စတွေကို ငါစုံစမ်းချင်တယ် နင် ငါ့ကို ကူညီမှာလား စိုင်းလွမ်း " မျှော်လင့်တကြီးနှင့် မေးနေသော သလင်းဖြူကို စိုင်းလွှမ်း သေချာစွာ စူးစိုက်၍ကြည့်လိုက်သည်။ ပြီးလျှင် သလင်းဖြူ၏ လက်ဖဝါးလေးကို သူ့လက်နှင့် ဆွဲယူဆုပ်ကိုင်လိုက်ပြီး " ဒီလောက် ပြဿနာတွေ များနေတာ ရန်ကုန်ကို ပြန်လိုက်ပါတော့လား ဖြူလေးရာ ...ဒီမှာ ဆက်နေရင် မင်းအတွက် အန္တရာယ်များနိုင်တယ် မဟုတ်လား...ပြန်ပါတော့နော် ဖြူလေး " စိုင်းလွှမ်း၏ အပြုအမူကြောင့် သလင်းဖြူခေါင်းလေးကိုခါယမ်းလိုက်ပြီး "အစကတော့ ပြန်တော့မလို့ပဲ ...ဒါပေမဲ့ အစ်ကိုစိုင်းရန်နိုင်ဆုံးသွားတော့ စိတ်ကူးတွေပြောင်းသွားမိတယ် ..တကယ်လို့သာ အားလုံးက အစ်ကို စိုင်းရန်နိုင် ပြောသလိုပဲ ဆိုရင် .. အဖြစ်မှန်တွေ ပေါ်ပေါက်ဖို့ ငါရှာဖွေမှ ရမှာ စိုင်းလွှမ်း...မတရား ခံရပြီး သေသွားရတဲ့ ငါ့အမေအတွက် ငါကိုယ်တိုင် ကြိုးစားမှရမှာ ..." သလင်းဖြူက စိုင်းလွှမ်း၏ လက်ကလေးက ခပ်ဖွဖွပြန်၍ဆုပ်ကိုင်ပြီး ပြောလိုက်သည်။ "အေးပါ ဒါဆိုလဲ ...သတိတော့ထားနော် ဖြူလေး .. တစ်ခုခုလုပ်မယ်ဆိုရင် ငါ့ကို တိုင်ပင်ပါ ..." "အင်းပါ ...ငါ့မှာတိုင်ပင်စရာဆိုလို့ နင်ပဲရှိတာကို... ငါသွားတော့မယ်နော် စိုင်းလွှမ်း " သလင်းဖြူစက်ဘီးကို နင်းထွက်လာရင်းမှ စိုင်းလွှမံကို လည်ပြန်ကြည့်လိုက်မိသည်။ပိုးဟပ်ဖြူလေးကဲ့သို့ ဖြူဖြူနွဲ့နွဲ့နှင့် စိုင်းလွှမ်းသည် သလင်းဖြူအတွက်တော့ အားကိုးချင်စရာ လူသားတစ်ယောက် ဖြစ်ခဲ့လေသည်။ ~~~~~~ တိတ်ဆိတ် မှောင်မိုက်နေသော ညသန်းခေါင်ယံ အချိန်တွင် လူတစ်ရပ်ကျော် အမြင့်ရှိသော အုတ်တံတိုင်းများဖြင့် ကာရံထားသော ခြံကျယ်ကြီးထဲတွင် ဖြူဖြူ ပုံရိပ်တစ်ခုသည် လျှပ်စစ်မီး အလင်းရောင်ကို ကွယ်၍ တရွေ့ရွေ့သွားနေလေသည်။သလင်းဖြူသည် အခန်းပြတင်း၏ လိုက်ကာစနောက်တွင် တုန်တုန်ယင်ယင်နှင့် ရပ်နေမိပြီး ထိုလူရိပ်ကိုကြည့်နေ့မိသည်။ထိုသို့ သလင်းဖြူကြည့်နေစဉ်မှာပင် လူရိပ်သည် မှောင်ရိပ်ကျသော ခြံထောင့်တစ်နေရာတွင် ရပ်တန့်လိုက်ပြီနောက် ဗန်း တစ်ဗန်းကို လက်မှ ကိုင်မြှောက်၍ အတန်ကြာရပ်တန့်နေလေသည်။ပြီးနောက် ဗန်းကို မြေပြင်ပေါ်သို့ ပြန်ချလိုက်ပြီး ခြံနောက်ဘက်သို့ တရွေ့ရွေ့ ပြန်၍ လျှောက်သွားလေသည်။ "ဟင် ...ဒေါ်ဒီ ...ဒေါ်သီဆိုတဲ့ အဘွားကြီးပါလား " သလင်းဖြူသည် အလင်းရောင်အောက်မှ ထိုလူရိပ်ဖြ တ်လျှောက်သွားချိန်တွင် ဖျတ်ခနဲ မြင်လိုက်ရသော မျက်နှာကို ကြည့်ပြီး စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ထိုစဉ်မှာပင် ဒေါ်သီဆိုသော အဘွားကြီးနှင့် ခပ်လှမ်းလှမ်းတွင် တစ်ကိုယ်လုံးအနက်ရောင် ပိတ်စခြုံလွှမ်းထားသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ တစ်ကိုယ်လုံးအနက်ရောင်မှလွဲ၍ မမြင်ရသောထိုလူရိပ်သည် ယောကျာ်း၊ မိန်းမ မကွဲပြားနိုင်အောင်ပင် ရှိလေသည်။ " သူက ဘယ်သူများလဲ ... ညတိုင်း ခွေးတွေ လွှတ်ထားရဲ့သားနဲ့ အခု ခွေးဟောင်သံတွေ မကြားရဘူးဆိုတော့ ...ဧကန္တ ဦးသောင်းများ ဖြစ်နေမလား " သလင်းဖြူ လိုက်ကာနောက်မှ နေ၍ လူရိပ်များကို ကြည့်ရင်း စဉ်းစားနေမိသည်။လူရိပ်များမှာ ခြံနောက်ဘက်ဆီသို့ လျှောက်သွားသောကြောင့် သလင်းဖြူ မမြင်ရတော့ဘဲ ဖြစ်သွားသည်။ သလင်းဖြူ ခြေကို အသာဖော့နင်းလျက် အခန်းပြင်သို့ ထွက်ခဲ့သည်။ တစ်အိမ်လုံးအိပ်မောကျနေကြသည် အလား တိတ်ဆိတ်နေကြသည်။သလင်းဖြူ စင်္ကြန်လမ်းအတိုင်း လျှောက်လာခဲ့ရင်း ခြံအနောက်ဘက်သို့မြင်နိုင်သော ရေချိုးခန်းအိမ်သာများရှိရာသို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ရေချိုးခန်းဘေးရှိ နောက်ဖေး ဝရံတာမှ ကြည့်လျှင် ခြံအနောက်ဘက်သို့ အတိုင်းသာတွေ့မြင်ရမည် ဖြစ်သည်။ နောက်ဘက် ဝရံတာတွင် မီးပိတ်ထားလေ့ရှိသောကြောင့် ခြံထဲသို့ ကြည်ရှုနိုင်ပေသည်။ နောက်ဘက် ၀ရံတာ တံခါးကို ဖွင့်၍ ဝရံတာသို့ ထွက်ရန် ပြင်လိုက်စဉ်မှာပင် ဝရံတာ တံခါးမှာ စေ့ရုံစေ့ထားသည်ကို တွေ့လိုက်ရသောကြောင့် သလင်းဖြူထိတ်လန့်တုန်လှုပ်သွားမိလေသည်။ " ရှပ် ...ရှပ် ...ရှပ် " ထိုစဉ်မှာပင် စင်္ကြန်လမ်းမှ လျှောက်လာသော ခြေသံ တရှပ်ရှပ်ကို ကြားလိုက်ရသောကြောင့် သလင်းဖြူ ခေါင်းနပန်းကြီး သွားမိလေသည်။နောက်ဖေး ဝရံတာတွင်လည်း တစ်ယောက်ယောက်ရှိနေသည်။စင်္ကြန်လမ်းမှ လျှောက်လာနေသော ခြေသံကိုလည်းကြားနေရသောကြော့ သလင်းဖြူ ဘာလုပ်လို့ ဘာကိုင်ရမှန်းပင်မသိအောင်

ဧကြည်ဖြူ " အဝါရောင် ရဲတိုက် " အပိုင်း ( ၁၁ ) ******** ခြေသံကြောင့် သလင်းဖြူလန့်ဖျပ်ပြီး နောက်သို့ လှည့်ကြည့်လိုက်မိရာ ခန္ဓာကိုယ်မှာ ယိမ်းယိုင်၍ သွားလေသည်။ " အမေ့" " ဟေ့ ...ဟေ့ သတိထားလေ " နောက်မှ လူကအဆွဲ မြန်၍သာ သလင်းဖြူ ကံကောင်းသွားခြင်းဖြစ်ပါလေသည်၊ မဟုတ်လျှင် သလင်းဖြူ ချောက်ထဲသို့ကျရောက်သွားလိမ့်မည်ထင်ပါလေသည်။ "ကျေး...ကျေးဇူးတင်ပါတယ်ရှင် .... ဟင် ...ရှင် ...ရှင် ကိုထွဋ်ခေါင် " သလင်းဖြူ ကျေးဇူးတင်စကားပြောပြီး မော့ကြည့်လိုက်မိသောအခါ မိမိကို ကူညီလိုက်သူမှာ ထွဋ်ခေါင်ဖြစ်နေမှန်း သိလိုက်ရသောကြောင့် အံ့သြသွားမိလေသည်။ "ရှင်က ...ဒီကို ဘာလာလုပ်တာလဲ " " လမ်းလျှောက်ရင်း ရောက်လာတာပါ ...မင်းကရော ဘာလာလုပ်တာလဲ ထွဋ်ခေါင်၏ အမေးကို မဖြေချင်သောကြောင့် သလင်းဖြူ စကားကို လွှဲလိုက်သည်။ "ဒုက္ခပါပဲ လမ်းလျှောက်ရင်းလာဆုံကြတာ အရေးမကြီး ... ရွှေရည်ဝင်းသိရင် အလကားသက်သက် စကားတွေပြောရအုံးမယ် ... စိတ်ညစ်ပါတယ် " သလင်းဖြူ၏ စကားကြောင့် ထွဋ်ခေါင်းနားမလည်နိုင်ဘဲ ပြန်၍မေးလိုက်လေသည်။ "ဘာစကားတွေပြောရမှာလဲ ..." သလင်းဖြူသည် ထွဋ်ခေါင်ကိုကြည့်လိုက်ပြီး "ဘာစကားပြောရမှာလဲ ...ရှင့်ရည်စားက အထင်လွဲပြီး ပေါက်ကရတွေ လျှောက်ပြောတာလေ ... စိတ်ညစ်ရတဲ့ ကြားထဲ အဲ့ဒီပြဿနာတွေကို မဖြေရှင်းချင်ဘူး ...အေးအေးဆေးဆေးပဲ နေချင်တာ " သတင်းဖြူက ပြန်ဖြေလိုက်ရင်းမှ ပြန်ရန် ပြင်လိုက်သည်။ "ဘယ်သူက ကိုယ့်ရည်းစားလဲ ... မင်းပြောတာကို မရှင်းဘူး " ထွဋ်ခေါင်က နားမလည်ဟန်ဖြင့် ထပ်၍ မေးလိုက်သည်။ "ကိုယ့်ရည်းစားကို တောင် မသိဘူးလား ..ရွှေရည်ဝင်းလေ ...ကျွန်မ သူနဲ့ပြဿနာမဖြစ်ချင်ဘူးရှင် " " ဘယ်လို ရွှေရည်ဝင်းက ကိုယ့်ရည်းစား ဟုတ်လား ...မင်းထင်ရာ လျှောက်ပြောမနေနဲ့ .. တစ်ဖက်သားကို အားနာစရာ .... ကိုယ်တို့က စီးပွားရေး အတူတူ တွဲလုပ်နေကြတာကွ ... မြန်မာရိုးရာ ချည်ထည်တွေ အရောင်းတွင်ကျယ်လာဖို့က ကိုယ်တို့ရဲ့ရည်မှန်းချက်ပဲ ...အဲ့ဒါကြောင့် အရည်အသွေးကောင်းပြီး ဒီဇိုင်းဆန်းတဲ့ ရိုးရာချည်ထည်တွေပဲ သီးသန့်ပြတဲ့ ပွဲတစ်ခုလုပ်ဖို့ ကြိုးစားနေကြတာကွ " " ဒါဆိုလဲ ဆောရီးပါရှင် ...မသိလို့ ပြောမိတာ ...ကျွန်မစိတ်ထဲ ရှင်နဲ့ရွှေရည်ဝင်းကို ချစ်သူတွေလို့ ထင်နေခဲ့တာ "ရပါတယ် .... အခုသိ သွားပြီ ဆိုတော့ မထင်တော့ နဲ့ပေါ့ ...ဒါနဲ့ မင်းရော မိန်းခလေးဖြစ်ပြီး ဒီလုပ်ငန်းကို စိတ်မ၀င်စားဘူးလား " ထွဋ်ခေါင်၏ အမေးကို သလင်းဖြူက ခေါင်းခါပြလိုက်သည်။ "ဟင့်အင်း ... ကျွန်မ နိုင်ငံခြားပဲ သွားချင်တာ ...ဟိုတစ်လောက ကြီးကြီးတို့ဆီကနေ ငွေချေးနေတာ ရှင်လဲမြင်တယ်မဟုတ်လား ....အဲ့ဒီငွေရတာနဲ့ ဒီကနေ ပြန်တော့မှာ ..." " ဘာလို့ နိုင်ငံခြားကို သွားချင်နေရတာလဲ " "ငွေများများလိုချင်လို့ပေါ့ရှင် ...ဒါပဲနော် သွားတော့မယ် ...ဘာပဲဖြစ်ဖြစ် ... အပြောလွတ်အောင် နေတာ အကောင်းဆုံးပါပဲ " "ဟေ့ ...ဟေ့ နေအုံးလေ ...အတူတူသွားကြမယ်လေ " ထွဋ်ခေါင်က တားမြစ်လိုက်သော်လည်း သလင်းဖြူ စက်ဘီးကိုနင်း၍ ထွက်ခဲ့လေသည်။ ~~~~~~ သလင်းဖြူ ထွက်သွားသည်နှင့် ထွဋ်ခေါင်လည်း လျှိုချောက်ရှိရာသို့ ပြန်၍ လျှောက်သွားလိုက်ပြီး ချောက်ထဲသို့ တစ်ခဏမျှ ငုံ့၍ ကြည့်လိုက်သည်။ပြီးလျှင် ဘေးဘီဝဲယာသို့ အကဲခတ်လိုက်ပြီး အိတ်ထဲမှ ချိတ်ကြိုးကို အသင့်ပြင်လိုက်ပြီး ချောက်ထဲသို့ ဆင်းခဲ့လိုက်လေသည်။ ~~~~~~~ "နင်ကလဲ အစ်ကိုစိုင်းရန်နိုင်ရဲ့ အသုဘကိုတောင် မလာဘူး " သလင်းဖြူက စိုင်းလွှမ်းကိုကြည့်ပြီး ပြောလိုက်သည်။ "လာချင်တာပေါ့...ဒါပေမဲ့ ငါ့အဖေနဲ့ ဆုံမှာစိုးလို့ လေ " သလင်းဖြူ၏ အပြောကို စိုင်းလွှမ်းကပြန်ဖြေလိုက်သည်။ "အင်းပါ ... ငါ့မှာတော့ နင့်ကို သတိရလို့ ရက်လည်ညတုန်းကတောင် အခြားသူရဲ့ အသံကို နင့်အသံလို့ထင်ပြီး...နင်ရောက်လာတယ်ထင်ခဲ့တာ " "တောင်းပန်ပါတယ် ဖြူလေးရယ် ... လူမြင်ကွင်းမှာကလွဲရင် မင်းလိုသမျှ အကူအညီ အကုန်လုံးကို ငါကူညီပါ့မယ် " စိုင်းလွှမ်းက သလင်းဖြူကို တောင်းပန်စကားဆိုလိုက်သည်။ "တကယ်နော် စိုင်းလွှမ်း ...ငါလဲ နင့်ဆီက အကူအညီတောင်းမလို့ဟ ...နင် ဆိုင်ကယ် အကြောင်း နားလည်တယ်မဟုတ်လား ... အစ်ကို စိုင်းရန်နိုင် ဆိုင်ကယ်မှောက်ခဲ့တဲ့ နေရာကို သွားပြီး လေ့လာချင်လို့ နင်ကူညီပါလား " " ဘာကို လေ့လာမှာလဲ ဖြူလေး ` "ဒီလိုဟာ ... အစ်ကိုစိုင်း ရန်နိုင်ဆိုင်ကယ်မှောက်ခဲ့တာက တကယ်ပဲမတော်တဆလား ... လုပ်ကြံခံရတာလား သိချင်တာ ... နင်ကူညီပေးမယ်မဟုတ်လားဟင် " သလင်းဖြူ၏ စကားကြောင့် စိုင်းလွှမ်းတစ်ချက်တွေ ခနဲဖြစ်သွားသည်။ "ဒီကိစ္စကို မသင်္ကာလို့လား ဖြူလေး " "အင်း ... အဲ့ဒီလို ထင်နေမိလို့ .အမေနဲ့ ဦးကြီး သေဆုံးခဲ့တဲ့ ကိစ္စကိုရောပဲ .. ပြီးတော့ ဒေါ်လေး ပျောက်နေတဲ့ကိစ္စကိုလဲ မသင်္ကာဘူးဟာ ...အားလုံးက သူ့ချစ်သူနဲ့ ခိုးရာလိုက်သွားတယ်ဆိုပြီး ဥပေက္ခာပြုထားကြတယ် ...ရှင်းရှင်းပြောရရင် ... မိုးနှဲ ရွာမှာ နင်ကလွဲပြီး ဘယ်သူ့ကိုမှ ငါမယုံဘူး ...ဒါကြောင့်မို့ နင့်ကို တိုင်ပင်တာ ငါ့ကို ကူညီပါနော် ...

ဂိုထောင်ထဲတွင် ပျောက်ချင်းမလှပျောက်သွားသော ကြီးတော်ဖြစ်သူ အကြောင်းကိုတွေးရင်း သလင်းဖြူစက်ဘီးကို နင်းလာခဲ့မိသည်။မည်သို့မျှ မထင်ထားခဲ့မိသော ကြီးတော်ကြီးသည် အစ်ကိုစိုင်း ရန်နိုင် သံသယဝင်ခဲ့သော တရားခံ ပေပဲလား။အစ်မကြီးသည် မောင်ငယ်ညီမငယ်များပေါ်တွင် ဤမျှရက်စက်နိုင်ပါသညလား။ ကြားသိရသလောက်ဆိုလျှင် စိုင်းလွှမ်း၏ မိထွေး ဒေါ်သီနှင့်လည်း အဆက်အသွယ်ရှိသည်။အစ်ကိုဖြစ်သူ စိုင်းရန် နိုင် သေဆုံးမည့်နေ့ကလည်း ကြီးတော်ကြီးမှ မြို့ ဈေးသို့ ခိုင်းခဲ့သည်ပင် ။ အားလုံးကို ဆက်စပ်တွေးကြည့်လိုက်သောအခါ အကြောင်းအရာများအားလုံးသည် ကြီးတော်ကြီးနှင့် ဆက်နွယ်နေသည်။သို့သော်လည်း သက်သေပြစရာမှာ မရှိပါလေ။ တရားခွင်သို့သွား၍ စုန်းကဝေ ပညာဖြင့် သတ်ပါသည်ဟု တိုင်တန်း၍ မရပေ။သေချာဖို့ရန်ဆိုလျှင် စိုင်းရန် နိုင်၏သေဆုံးမှုနှင့် ပျောက်ဆုံးနေသော ဒေါ်လေးတို့၏ သဲလွန်စများကိုရှာရန်သာရှိလေသည်။ မြေသားလမ်းတစ်လျှောက် စက်ဘီးနင်းလာပြီးနောက်တွင် လမ်းသည် အနည်းငယ်မတ်စောက်၍ လာလေသည်။ဤနေရာသည် မိုးနှဲ ရွာ၏ လျှိုချောက်ပင်ဖြစ်ပါလေသည်။သလင်းဖြူတို့ ငယ်စဉ်အခါကတော့ သည်လမ်းကိုသာ အသုံးပြုခဲ့ကြသည်။လမ်းသည် တစ်ဘက်တွင် တောင်ကုန်းသဖွယ် ဖြစ်နေပြီးလျှင် တစ်ဘက်၌ ချောက်ရှိလေသည်။ထိုစဉ်အခါက တော့ လမ်းမှာ စက်ဘီးမှအပ စက်တပ်ယာဉ်များ သွားလေ့မရှိသောကြောင့် လမ်းမှာ ကောင်းမွန်လှပါလေသည်။အချိန်ကြာလာသည်နှင့်အမျှ ရွာတွင် လမ်းသစ်များ ဖောက်လာပြီးလျှင် ဤနေရာကို လမ်းဟောင်းအဖြစ် စွန့်ပယ်ထားကြခြင်းဖြစ်လေသည်။ သလင်းဖြူ စက်ဘီးကို တစ်နေရာတွင် ရပ်ထားလိုက်ပြီး စိုင်းရန်နိုင် ဆိုင်ကယ်မှောက်ခဲ့သောနေရာသို့ လျှောက်လာခဲ့သည်။သလင်းဖြူမှာ လာမည့်သာလာခဲ့ရသော်လည်း ဆိုင်ကယ် အကြောင်းကို မသိသူဖြစ်သောကြောင့် မည်သို့ဖြစ်လျှင် ဆိုင်ကယ်မှောက်နိုင်သည်ကိုလည်း မသိပါ။သို့သော်လည်း လမ်း၏ အခြေအနေကို သေချာလေးကြည့်ရှုရန် ရောက်လာခဲ့ခြင်းဖြစ်သည်။လမ်း၏ အခြေအနေကို ကြည့်ပြီးလျှင် စိုင်းလွှမ်းထံအကူအညီတောင်းရန် စဉ်းစားထားမိသည်။အစ်ကိုဖြစ်သူ ဆုံးပြီးကတည်းက စိုင်းလွှမ်းနှင့်လည်း မတွေ့ရသေးသောကြောင့် သလင်းဖြူထံတွင် ပြောစရာစကားများ ပြည့်နေသည်မှာတော့ အမှန်ပါပင်။ ဆိုင်ကယ် ထိုးကျသွားသည်ဆိုသော နေရာသို့ သလင်းဖြူ သေချာစွာကြည့်နေမိလေသည်။လမ်းသည် ဆိုးဝါးကြမ်းတမ်းသည်မှာ မှန်သော်လည်း ဆိုင်ကယ်တစ်စီးလုံး ချောက်ထဲသို့ အလွယ်တကူ ထိုးကျသွားလောက်အောင်အထိ လမ်းမှာ ကျဉ်းမြောင်း ကြမ်းတမ်းနေခြင်းမျိုးတော့ မဟုတ်ပါချေ။ "ရှပ် ...ရှပ် ...ရှပ် " သလင်းဖြူ ချောက်ထဲကို သေချာစွာကြည့်ရှုနေစဉ်မှာပင် နောက်ပါးဆီမှ ခြေသံကြားလိုက်ရသောကြောင့် အထိတ်တလန့်နှင့့်နောက်သို့ လှည့်ကြည့်လိုက်မိလေသည်။ ===================== = = = = = အပိုင်း (၁၁ ) ဆက်ရန် ဧကြည်ဖြူ

ရှိနေသည်။ထိုထက်ပို၍ ထူးထူးခြားခြား မည်သည့်အရာမျှ မရှိချေ။သို့သော ဗီဒိုမှာ ခပ်ဟဟ ပွင့်နေလေသည်။ကြည့်ရသည်မှာ ခပ်စောစောက ကြီးကြီးကြည်အေး ဗီဒိုကို ဖွင့်ပြီး ပြန်ပိတ်ရာတွင် သော့ အံကျသွားပုံမရချေ။သလင်းဖြူ ဗီဒိုနားသို့ကပ်ပြီး ခပ်ဖြည်းဖြည်းဖွင့်ကြည့်လိုက်သည်။ " ကျွီ " ဗီဒိုတံခါးပွင့်သံသည် ကြည့်ဖူးသော သရဲဇာတ်ကားများထဲမှာလိုပင် သံရှည်ဆွဲ၍ ထွက်ပေါ်လာလေသည်။ ပွင့်သွားသော ဗီဒိုထဲတွင် ဒေါ်လေး၏ အဝတ်အထည်များကို တွေ့ရလေသည်။အဝတ်များမှာ တန်ဖိုးကြီးလှသော ချည်ထည်များ ဖြစ်လေသည်။ခိုးရာလိုက်သော အမျိုးသမီးတစ်ယောက်သည် အဖိုးတန် အဝတ်အထည်များကို ထားခဲ့ပြီး အဟောင်း အစုတ်များတော့ မယူသွားတန်ရာ ။ သို့မဟုတ်လျှင်လည်း ဒေါ်လေးတွင် အဖိုးတန် အဝတ်အထည်များချည်းသာ ရှိနေသည်လော။ဗီဒိုအနှံ့ရှာဖွေကြည့်နေမိရင်းမှ အံဆွဲကို ဖွင့်ကြည့်လိုက်မိသည်။ အံဆွဲထဲတွင် ထူးထူးခြားခြား ဘာမျှ ရှိမနေပေ။ရှိစရာလဲ အကြောင်းရှိမည်မထင်ပေ။တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ရှာဖွေနေသော အခန်းထဲတွင် မည်သို့သက်သေခံပစ္စည်းက ကျန်ပါမည်နည်း ။သလင်းဖြူ စိတ်ပျက်လက်ပျက်နှင့် ဗီဒိုတံခါးကို ပြန်ပိတ်နေစဉ်မှာပင် "ဒုန်း " "နင် ဘာလုပ်နေတာလဲ သလင်းဖြူ " အခန်းတံခါးမှာ ဒုန်းခနဲ မြည်အောင် ပွင့်သွားပြီးလျှင် ဒေါသတကြီးနှင့့်မေးလိုက်သော ရွှေရည်ဝင်း၏ အသံကို ကြားလိုက်ရလေသည်။ရုတ်တရက်မို့ သလင်းဖြူလန့်သွားရပြီး မည်သို့ ပြန်ဖြေရမည်ကို မသိဖြစ်နေမိစဉ်မှာပင် ရွှေရည်ဝင်းသည် သလင်းဖြူကို ပြောဆို၍ အခန်းထဲသို့ ဝင်လာလေသည်။ " နင်ဘာဝင်လုပ်တာလဲ သလင်းဖြူ...ဘာယူမလို့လဲ .." "ဘာယူရမှာလဲ ... ဘာမှ မယူဘူး ...အခန်းထဲက ငိုသံကြားလို့ ဝင်ကြည့်တာ " သလင်းဖြူ ပျာပျာသလဲ ငြင်းဆန်ပြီး ပြန်ဖြေလိုက်သည်။ "တော်စမ်းပါ ... လူမရှိတဲ့ အခန်းက ဘာသံကြားရမှာလဲ ... အဓိပ္ပါယ်မရှိတာတွေလာပြောမနေနဲ့ ...ဒီအခန်းက နင်နဲ့ ဘာဆိုင်လို့ ၀င်ရတာလဲ " ရှင်းပြပြောပြနေသည့်ကြားမှ ဇွတ်ပင် ပြောဆိုနေသော ရွှေရည်ဝင်းကို ကြည်ပြီး သလင်းဖြူ စိတ်တိုလာမိလေသည်။ထို့ကြောင့် ရွှေရည်ဝင်းကို ပြန်၍ပြောပစ်လိုက်မိသည်။ "နေပါအုံး ....၀င်တော့ ရော ဘာဖြစ်လဲ ...ဒီအခန်းက ဒေါ်လေးရဲ့ အခန်းမဟုတ်လား ...ငါလဲ သူ့တူမပဲဟာ" "နင်တို့ ဘာဖြစ်နေကြတာလဲ ...ကလေးတွေလဲ မဟုတ်ဘဲ ရန်ဖြစ်နေကြတာလား " သလင်းဖြူနှင့် ရွှေရည်ဝင်းတို့ တစ်ယောက်နှင့်တစ်ယောက် အော်ဟစ်နေကြစဉ်မှာပင် ဇော်ထိုက်ရောက်လာပြီး နှစ်ယောက်လုံးကို ဆူလိုက်လေသည်။ဆူဆူညံညံအသံများကြောင့် ဇော်ထိုက်နှင့် မရှေးမနှောင်းမှာပင် ထွဋ်ခေါင်တို့ပါ ရောက်ရှိလာကြလေသည်။ထွဋ်ခေါင်ကို မြင်သောအခါ ရွှေရည်ဝင်းသည် စူပုတ်နေသော သူ၏ မျက်နှာကိုချက်ချင်းပြင်လိုက်ပြီးနောက် " ရွှေရည်က သူ့ကို စည်းကမ်းလေးနဲ့ နေစေချင်လို့ ပြောတာပါ..." "ကဲ ...ကဲ တော်ကြတော့ ....လူကြီးတွေ သိကုန်ရင် စိတ်မကောင်း ဖြစ်နေမယ် ... သွားကြ ...ကိုယ့်အလုပ်ကိုယ်လုပ်ကြ " အစ်ကိုဖြစ်သူ၏ စကားဆုံးသည်နှင့် သလင်းဖြူ ချာခနဲ လှည့် ထွက်လာခဲ့သည်။ ~~~~ အားလုံးအသီးသီး လုပ်ငန်းခွင်ရှိရာများသို့ သွားကြပြီဖြစ်သောကြောင့် သလင်းဖြူလည်း ရက်ကန်းရုံသို့သွားရန်အတွက် ဂိုထောင်ထဲမှာရှိသော စက်ဘီးကိုယူရန် သလင်းဖြူ ဂိုထောင်ရှိရာသို့ လျှောက်လာခဲ့လိုက်သည် ။ ဂိုထောင်နားသို့ ရောက်သောအခါတွင် အထဲမှ စကားသံ အချို့ကိုကြားလိုက်ရသောကြောင့် သလင်းဖြူ ရပ်၍ နားထောင်လိုက်သည် ။ "ဘာဖြစ်လို့ ကိစ္စတိုင်းက အဆင်မပြေဖြစ်နေရတာလဲ ကိုသောင်း ...ဒီတိုင်းသာဆိုရင် အားလုံး ဒုက္ခရောက်ကုန်မှာ ကိုသောင်း သိတယ်မဟုတ်လား " " သိပါတယ် မမကြည် ....ကျုပ်လဲ တတ်နိုင်သလောက် ကြိုးစားနေပါတယ် ...ပြီးတော့ ဒေါ်သီကလဲ ပြောရဆိုရသိပ်ခက်လွန်းနေတယ် " သလင်းဖြူသည် ဂိုထောင်ထဲမှ စကားသံများကြောင့် အသက်ရှူဖို့ရန်ပင် မေ့လျော့နေမိလေသည်။ကြီးတော်ဖြစ်သူနှင့် ခြံစောင့်ကြီးဦးသောင်းပြောနေသော စကားများထဲတွင် ဒေါ်သီဆိုသောနာမည်ကိုပါ ကြားလိုက်ရသောကြောင့် သလင်းဖြူ အံကိုခပ်တင်းတင်းကြိတ်ထားမိလေသည်။ "ကဲ သွားတော့ ... ရှင် သူ့ကို သေသေချာချာစောင့်ကြည့်ထားပါ " စကားသံများနှင့် အတူ ဂိုထောင် အပြင်သို့ ဦးသောင်းထွက်လာသံကို ကြားလိုက်ရသောကြောင့် သလင်ဖြူ ဂိုထောင် ဘေးတွင်ပုန်းကွယ်၍ နေလိုက်သည်။ခဏအတွင်းမှာပင် ဂိုထောင်ထဲမှ ဦးသောင်းထွက်လာသည်ကို တွေ့လိုက်ရလေသည်။ခြံစောင့်ကြီး ဦးသောင်းထွက်လာပြီးနောက် အတန်ကြာသည်အထိ ကြီးတော်ဖြစ်သူ ဒေါ်ကြည်အေး ဂိုထောင်ထဲမှ ထွက်မလာသေးသောကြောင့် သလင်းဖြူ ဂိုထောင် ဘေးတွင် ငြိမ်သက်စွာရပ်နေမိလေသည်။ အချိန်အတန်ကြာသည်အထိ ကြီးတော်ဖြစ်သူ၏ အရိပ်အယောင်ကို မတွေ့ရသောကြောင့် သလင်းဖြူ ခြေသံကို ခပ်ပြင်းပြင်းနင်း၍ အသံပေးပြီး ဂိုထောင်ထဲသို့ ဝင်ခဲ့လိုက်သည်။ "ဟင် " ထူးဆန်းလှစွာပင် ဂိုထောင်ထဲတွင် မည်သူတစ်ဦးတစ်ယောက်မျှရှိမနေခဲ့ပါချေ။သလင်းဖြူ စိတ်ရှုပ်ထွေးစွာပင် ဂိုထောင် အနှံ့သို့ ရှာဖွေကြည့်မိလေသည်။သို့သော်လည်း ဂိုထောင်ထဲတွင် တန်းစီထပ်ထားသော ဆန်အိတ်များနှင့်ဆီပုံများကိုသာ တွေ့ရလေသည်။ ~~~~~

"ကဲ ..ကဲ ...ဒီညတော့ မအိပ်ကြတော့နဲ့ ... ဖိုးထွေးနဲ့ သာကြီးဖိုးဇော်က အလုပ်သမားတွေကို သွားနှိုးချေ ...ဦးသောင်းကို နိုးပြီး ခွေးနှစ်ကောင်ကို ခြံထဲလွှတ်ထားဖို့ ပြောလိုက်..." ဒေါ်ကြည်အေးသည် မိသားစု၀င်များထဲတွင် အသက်အကြီးဆုံးနှင့် အာဏာအရှိဆုံးဖြစ်သူ ပီသစွာ လုပ်ဆောင်ရမည့်တာဝန်များကို ချမှတ်လိုက်လေသည်။ ~~~~~ ညကတစ်ညလုံး မအိပ်ရဘဲ မိသားစုဝင်များအားလုံး မနက်သုံးနာရီထိုးခါနီးမှပင် အိပ်ရာသို့ဝင်ခဲ့ကြရသောကြောင့် အိမ်ကြီး၏ ထုံးစံဖြစ်သော မနက်စာ အဆာပြေဝိုင်းမှာ ပျက်သွားရလေသည် ။ဒေါ်ကြည်အေး၊ ဦးမြင်အေးနှင့် ဒေါ်ခင်အေးတို့မှာ လူကြီးများ ပီပီ မနက် ငါးနာရီမကျော်ခင်အချိန်တွင် အိပ်ရာမှ နိုးထခဲ့ကြသော်လည်း လူငယ်များမှာမူ အိမ််ကြီး၏ အပေါ်ထပ်တွင်အိပ်၍ ကောင်းနေဆဲပင်ဖြစ်ကြလေသည်။ထိုသို့ လူငယ်များ အိပ်ပျော်နေဆဲကာလတွင် လူတစ်ယောက်သည် အိမ်ကြီး၏ အပေါ်ထပ်တွင် ခြေကို ဖွနင်းလျက် အိပ်ခန်းတစ်ခန်းထဲသို့ဝင်၍ သွားလေသည်။ ~~~~~~ သလင်းဖြူသည် အိပ်ပျော်နေရာမှ ဆတ်ခနဲ နိုးလာမိပြီးလျှင် အပေါ့အပါး သွားချင်စိတ်ကြောင့် စားပွဲခုံပေါ်မှ နာရီကို လှမ်း၍ကြည့်လိုက်မိလေသည်။ထိုအခါတွင် မနက် ငါးနာရီထိုးတော့မည်ကို တွေ့လိုက်ရသောကြောင့် စိတ်လက်ပေါ့ပါးစွာပင် သန့်စင်ခန်းရှိရာသို့ ထွက်လာခဲ့လေသည်။ "ရှပ် ...ရှပ် ...ရှပ် " သလင်းဖြူ လျှောက်လာနေစဉ် ထောင့်ခန်း ရှေ့သို့ အရောက်တွင် ခပ်ဖွဖွနင်းလျှောက်လာသော ခြေသံကို ကြားလိုက်ရသောကြောင့် ခန္ဓာကိုယ်လေးကို ကျုံ့ထားလိုက်မိပြီးလျှင် အသက်ရှူခြင်းကိုပါ အောင့်၍ထားလိုက်မိပြီး ငြိမ်သက်စွာရပ်လျက် နောက်ဘက်စင်္ကြန်လမ်းဘက်ဆီသို့ အသားချောင်းကြည့်မိလေသည်။ထိုသို့ သလင်းဖြူ ကြည့်နေစဉ်အတွင်းမှာပင် အခန်းတစ်ခန်းထဲမှ အမျိုးသမီးတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရလေသည်။ " ဟင် ...ကြီးကြီးကြည်အေးပါလား " အခန်းထဲမှ ထွက်လာသူကို ကြည့်၍ သလင်းဖြူ အံ့ဩသွားမိလေသည်။ကြီးတော်ဖြစ်သူမှာမူ သလင်းဖြူကို မြင်ဟန်မတူဘဲ ဒေါသအမျက်ထွက်နေဟန်မျက်နှာထားဖြင့် အံကိုတင်းတင်းကြိတ်၍ထားသည်ကို တွေ့ရလေသည်။သလင်းဖြူသည် ကြီးတော်ဖြစ်သူကို တွေ့လိုက်ရသောကြောင့် ရှေ့ဆက်၍ မသွားဝံ့ဘဲ အတွေးများစွာပွားနေမိလေသည်။သလင်းဖြူအနေနှင့် ဗေဒင်ကိန်းခန်းနှင့် ရှေ့ဖြစ်ဟောကိန်းများကို သိပ်ပြီးအယုံအကြည်မရှိသော်လည်း ဤနေရာတွင် သလင်း ဖြူ့ကို ကူညီနိုင်မည့်သူမှာ တစ်ယောက်သာရှိပြီး ကျန်လူများမှာ ဒုက္ခပေးနိုင်သူများ ဆိုခြင်းကြောင့် အနည်းငယ်မျှထိတ်လန့်တုန်လှုပ်နေမိသည်မှာ အမှန်ပင်ဖြစ်ပါလေသည်။သလင်းဖြူသည် ဒေါ်ကြည်အေးထွက်သွားပြီးနောက်တွင် စင်္ကြန်လမ်းအတိုင်း ခြေကို ခပ်ဖွဖွနင်းလျက် လျှောက်လာခဲ့သည်။ဒေါ်ကြည်အေးထွက်လာခဲ့သော အခန်းရှေ့သို့ ရောက်သောအခါ တစ်ခါက စိုင်းရန်နိုင်ဝင်သွားခဲ့သော အခန်းဖြစ်နေသည်မှန်းသိလိုက်ရလေသည်။သလင်းဖြူ လှမ်းလက်စခြေလှမ်းများကို မသိမသာ ရပ်လိုက်ပြီးလျှင် အခန်းထဲသို့ နားစွင့် ကြည့်လိုက်မိသည်။ "အဟင့် ..ဟင့် ..ဟင့် ..အီးဟီး " သလင်းဖြူ တံခါးနားသို့တိုးကပ်ပြီးနားထောင်လိုက်သောအခါ အထဲမှ ငိုသံလိုလို ကြားလိုက်ရသောကြောင့် ကြက်သီးများ ဖြန်းခနဲ ထသွားမိသေးသည်။နောက်မှ မိုးလင်းနေပြီးမှန်း သတိရလိုက်မိသောကြောင့် တံခါးကိုဖွင့်ပြီး အခန်းထဲသို့ ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်မိလေ၏။ သလင်းဖြူသည် ဤအိမ်ကြီးသို့ ရောက်သည့် အချိန်မှစ၍ ယနေ့အချိန်အထိ မိမိ၏ အခန်းနှင့်ရေးချိုးခန်း၊ အိမ်သာများမှအပ မည်သည့်အခန်းကိုမျှ ၀င်ရောက်ကြည့်ရှုခဲ့ခြင်း မရှိခဲ့ပါချေ။ရောက်ရောက်ချင်းည၌ "အခြားအခန်းများသို့ မဝင်ရ "ဆိုသော ဒေါ်သုန်၏ စကားကြောင့် မည်သည့်အခန်းကိုမျှ ဝင်ရောက်ခဲ့ခြင်းမရှိခဲ့ပါလေ။ယခုအကြိမ် သည် ပထမဆုံးအကြိမ် ဖြစ်ပါလေသည်။ အခန်းသည် သော့ခတ်၍ မထားသောကြောင့် သလင်ဖြူ အခန်းထဲသို့ လွယ်ကူစွာပင် ၀င်ရောက်ခဲ့လေသည်။အခန်းထဲသို့ ရောက်သောအခါ အခန်းသည် လိုတာထက်ပို၍မှောင်မိုက်နေပြီလျှင် အေးစိမ့်၍နေလေသည်။အခန်းမှောင်မှောင်ထဲတွင် သလင်းဖြူလက်နှင့် ဟိုသည် လိုက်၍ စမ်းကြည့်မိလေသည်။ " အ " မှောင်မှောင်မည်းမည်းထဲတွင် သလင်းဖြူ၏လက်သည် တစ်စုံတစ်ခုနှင့် တိုက်မိပြီးလျှင် လက်တွင်းစူးခနဲ နာကျင်သွားမိလေသည်။မှောင်မှောင်မည်းမည်းထဲတွင် ကြောက်ကြောက်လန့်လန့်နှင့်ပင် အခန်းနံရံသို့လက်နှင့် စမ်းပြီး မီးခလုတ်ကို ရှာကြည့်လိုက်သည်။ မီးခလုတ်ကို ဖမ်းမိလျှင် ခပ်မြန်မြန်ပင် ဖွင့်လိုက်ပြီး လက်နှင့် တိုက်မိသော နေရာသို့ကြည့်လိုက်မိသည်။ "အမယ်လေး " ဖျတ်ခနဲ့အကြည့်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် သလင်းဖြူ ကြောက်လန့်တကြားအော်လိုက်မိသည်။ဖျတ်ခနဲ မြည်လိုက်ရသည်ဆိုသော်လည်း ခုံပေါ်တွင် ထိုင်နေသော လူရိပ်ကို သလင်းဖြူအသေအချာတွေ့လိုက်ရခြင်းဖြစ်ပါသည်။တွေ့ရချိန်မှာ မြန်ဆန်လွန်း၍ မည်သူမည်ဝါဟု တပ်အပ်သေချာ မမြင်လိုက်ရသောငြား အဒေါ်ဖြစ်သူ ဒေါ်ရင်အေးဖြစ်ဖို့ သေချာပါလေသည်။သို့ဆိုလျှင် သည်အခန်းသည် အဒေါ်ဖြစ်သူ၏ အခန်းများ ဖြစ်နေမည်လား ။ သလင်းဖြူ အခန်းထဲ လှည့်ပတ်၍ ကြည့်လိုက်မိသည်။အခန်းထဲတွင် နံရံကပ်ကျွန်းဗီဒိုကြီးနှင့် မှန်တင်ခုံ ရှိသည်။ ခုတင် လည်း

ဧကြည်ဖြူ " အဝါရောင် ရဲတိုက် " အပိုင်း ( ၁၀ ) ******* " ဘာသံကြီး တုန်း မီးထွန်းကြလေ" အားလုံးထိတ်ထိတ်လန့်လန့်နှင့် ဖြစ်ကုန်ကြပြီး တစ်ယောက် နှင့့်တစ်ယောက် မေးမြန်းလိုက်ကြသည်။ဦးစွာ သတိကောင်းသော ဦးရန်နောင်ထွေးက မီးအိမ်ကို ထွန်းညှိလိုက်လေသည် ။အလင်းရောင် အနည်းငယ် ရလာသော အခန်းထဲတွင် တစ်ယောက်မျက်နှာ တစ်ထောက် ကြည့်ပြီး အားလုံးထိတ်လန့် တုန်လှုပ်နေလျက်ရှိကြသည်။ သလင်းဖြူသည် ထိတ်ထိတ်လန့်လန့်နှင့် မိမိလက်ဆွဲထားမိသူမှာ ထွဋ်ခေါင်ဖြစ်နေတာကို တွေ့လိုက်ရသောအခါ အံ့သြတုန်လှုပ်စွာ ထွဋ်ခေါင်၏ လက်ကို ဆတ်ခနဲ ပြန်လွှတ်ပေးလိုက်မိရင်း ရွှေရည်ဝင်းကို အလန့်တကြားဖြင့် ကြည့်လိုက်မိသည် ။ထိုအခါ သလင်းဖြူကို မီးဝင်းဝင်းတောက်လုမတတ် မျက်လုံးများနှင့် ကြည့်နေသော ရွှေရည်ဝင်းအား သလင်းဖြူ တွေ့လိုက်ရသည်။ဒေါသများဖြင့် ခက်ထန် တင်းမာနေသော ရွှေရည်ဝင်း၏ အကြည့်ကို ရှောင်လွှဲလိုက်ရင်း သလင်းဖြူ စိုင်းလွှမ်းကိုရှာကြည့်မိလေသည်။ " ဒုန်း " " ဂွမ်း" " အမယ်လေး " "အား '' သူတို့ အားလုံးတစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ငြိမ်သက်တိတ်ဆိတ်စွာရှိနေကြစဉ်မှာပင် ပိတ်ထားသော မှန်ပြတင်းတံခါးကို တစ်ခုခုနှင့် ထိမှန်သံကြားလိုက်ရပြီး မှန်ပြတင်းကွဲသံကို ကြားလိုက်ရသောကြောင့် အထိတ်တလန့်နှင့် အော်ဟစ်လိုက်မိကြလေသည်။ "ဝုန်း ... ဝုန်း " "ဒုန်း ...ဒုန်း " "ဟဲ့ ...ကလေးတွေ ဘာဖြစ်ကြတာတုန်း " " ဘာဖြစ်ကြတာလဲ " အောက်ထပ်တွင် ဝရုန်းသုန်းကား ဖြစ်နေကြစဉ်မှာပင် အပေါ်ထပ်မှ လူကြီးများ အထိတ်တလန့်နှင့်ဆင်းလာကြလေသည်။ "ဖိုးထွေး မင်းတစ်ယောက်လုံး ရှိနေရဲ့နဲ့ ဘာဖြစ်ကြတာလဲ ...ရန်ဖြစ်ကြတာလား " "ဟာ ..မဟုတ်ပါဘူး မမကြီး ...ဘာတွေဖြစ်မှန်း ကျွန်တော်တို့လဲ မသိဘူး ...မှန်ပြတင်းကို တစ်ယောက်ယောက် ခဲနဲ့ပေါက်ပြီး စတာထင်တယ် ... ပြတင်းပေါက်မှန်ကွဲသွားပြီး " အစ်မကြီးများ၏ အမေးကို ဦးရန်နောင်ထွေးက ဖြေလိုက်ရင်း မှန်ကွဲသွားသော ပြတင်းပေါက်ကို သေချာသွားကြည့်လိုက်လေသည်။ " ပြတင်းပေါက်မှန် ကွဲသွားတယ် ဟုတ်လား ...ဒါ ရွာထဲက ပေါက်လွတ်ပဲစားတွေ တမင်လာလှန့်တာနေမှာပေါ့ ...အကျင့်ကောင်းတဲ့ဟာတွေမဟုတ်ဘူး .... သူတို့စိတ်တိုင်းကျ ဖဲဝိုင်းမလုပ်ပေးလို တမင် ခြောက်လှန့်တာနေမယ် .... ( XXXX )တွေ " ဒေါ်ခင်အေးက ပျစ်ပျစ် နှစ်နှစ်ဆဲဆိုလိုက်လေသည်။ဦးမြင့်အေးမှာမူ လက်တွင် ပတ်ထားသော ပုတီးကို စိတ်လျက်မှပင် ပြတင်းပေါက်တွင် ရပ်ကာ စိုင်းရန်နိုင်၏ နာမည်ကို ခေါ်လျက်မေတ္တာပို့ အမျှဝေလေသည်။ "မောင်စိုင်းရန်နိုင် ငါ့တူကြီးရေ ...ဘကြီး ပြုလုပ်ခဲ့ဖူးသမျှ ကောင်းမှုကုသိုလ်တွေကို အမျှဝေပါတယ်ကွယ် ... သာဓုခေါ်ပြီး အားလုံးကို စိတ်ချလက်ချ ထားခဲ့ပါကွယ် ... မောင်စိုင်းရန်နိုင်ရေ အမျှ ...အမျှ ...အမျှ " "အဖေ .... ဘာတွေပြောနေတာလဲ ..တော်ပါတော့ " ညဉ့်နက်သန်းခေါင်ချိန်မှာ ဦးမြင့်အေး၏ အမျှဝေသံကို ကြားရသည်မှာ ပို၍ပင် ချောက်ချားစရာကောင်း နေလေသည်။ရွှေရည်ဝင်းသည်ပင်လျှင် ဖခင်ဖြစ်သူ၏ အမျှဝေသံကို ကြောက်ရွံ့ပြီး ဖခင်ကို တားမြစ်လိုက်ပြီးလျှင် မိခင်ကြီး၏ နားသို့ တိုးကပ်၍နေလေသည်။ "အူး ဝူး ...ဝူ ..ဝူး ....စူး " "အမယ်လေး ..ဘုရား ..ဘုရား " ထိုအချိန်မှာပင် ခြံ၏ အနောက်ဘက် အုတ်ဂူများရှိရာဆီမှ ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးအူသံများကို ထိတ်လန့် ချောက်ချားဖွယ် ကြားလိုက်ကြရလေသည်။ခွေးအူသံများကြောင့် အားလုံး တစ်ယောက်နှင့်တစ်ယောက် စကားမပြောနိုင်ကြဘဲ အကြောင်သားငေးကြည့်နေမိလေသည်။ထိုအခွင့် အရေးကို အသုံးချ၍ သလင်းဖြူ အားလုံး၏ မျက်နှာများကို အကဲခတ်ကြည့်ရှုမိလေသည်။ဦးစွာ ကြီးတော် အပျိုကြီးကို ကြည့်လိုက်မိသည်။တည်တံ့လွန်းသောမျက်နှာထားနှင့် ကြီးတော်အပျိုကြီး၏ မျက်နှာတွင် စိတ်ရှုပ်ထွေးခြင်း အမူအရာများကိုတွေ့ရလေသည်။ထို့အတူ ဘကြီးဖြစ်သူ ဦးမြင့်အေး၏ မျက်နှာတွင်လည်း စိုးရိမ်ပူပန်စိတ်များဖြစပေါ်နေ သည်ကို တွေ့ရလေသည်။ကြီးတော် အငယ်ဆုံးဖြစ်သူ ဒေါ်ခင်အေးသည် ဒေါ်သထွက်၍ နေလေသည်။ဒေါ်ခင်အေးသည် နှုတ်ကြမ်းရုံမျှမက မမြင်ရသော လောကကိုလည်း ယုံကြည်ဟန်မတူပေ။ထို့အတူ ကိုဇော်ထိုက်သည်လည်း မအေတူသားဟုပင် ပြောရလေမည်လားမသိ။ကြောက်ရွံ့ထိတ်လန့်ဟန် မရှိဘဲ တက်တစ်ခေါက်ခေါက်နှင့် ရှိလေသည်။ကျန်ရှိသော ကိုဇော်ထိုက်၏ ဖခင်နှင့် ဒေါ်ကြူကြူ၀င်းတို့သည် အိပ်ချင်မပြေသေးဟန် မျက်လုံးများဖြင့် ကျွန်းစတီခုံများပေါ်တွင်ထိုင်လျက် ရှိကြလေသည်။ဦးငယ်ဦးရန်နောင်ထွေးသည်မှာကား ခွေးအူသံများ ထွက်ပေါ်နေသော အဘိုးအဘွားတို့၏ အုတ်ဂူများရှိရာဆီသို့ ပြတင်းပေါက်မှတဆင့် စူးစူးစိုက်စိုက်လှမ်း၍ကြည့်နေသည်ကို တွေ့ရလေသည်။သလင်းဖြူသည် မိသားစု၀င်များကို အကဲခတ်၍ ကြည့်နေမိပြီးနောက်တွင် ထွဋ်ခေါင်နှင့်သူ၏ မန်နေဂျာဆိုသူထံသို့ အကြည့် ရောက်သွားမိလေသည်။ ထိုအခါတွင် မိမိအား စူးစိုက်၍လှမ်းကြည့်နေသော ထွဋ်ခေါင်နှင့် အကြည့်ချင်းဆုံသွားမိသောကြောသောကြောင့် မျက်လုံး အကြည့်ကို လွှဲလိုက်ရလေသည်။

"ဒေါင် ..ဒေါင်...ဒေါင်...ဒေါင်...... " ထိုသို့ဖြစ်နေစဉ် အချိန်မှာပင် တိုင်ကပ်နာရီဆီမှ ဆယ်နှစ်နာရီထိုးသံကိုကြားလိုက်ကြရပြီးလျှင် တိုက်ကြီးတစ်တိုက်လုံးမှာ ဖျက်ခနဲ မှောင်အတိကျသွားလေသည်။ "ဟာ ...မီးပျက်သွားပြီ " " လုပ်ပါအုံး ...မီးအိမ်ထွန်းကြပါအုံး " "ဖြူလေး .... နင်ပြန်တော့.... ဒီကနေ အမြန်ဆုံးပြန်တော့ " "စိုင်း ...စိုင်းလွှမ်းလားဟင် " မှောင်အတိကျသွားသောအခါ ရွှေရည်ဝင်းနှင့် ကျန်သူများ၏ အသံများနှင့် အတူ သလင်းဖြူ၏နားတွင် စိုင်းလွှမ်း ၏ အသံကိုပါ ကြားလိုက်ရသောကြောင်း အံ့သြစွာ နှုတ်မှ မေးလိုက်ပြီးလျှင် အသံလာရာဆီသို့ လက်နှင့် စမ်းကြည့်လိုက်မိလေသည်။ ထိုအခါ လူတစ်ယောက်၏လက်ကို စမ်းလိုက်မိသောကြောင့် ဝမ်းသာစိတ်ဖြင့်မေးလိုက်မိလေ၏။ "စိုင်းလွှမ်း ..နင်ဘယ်လိုရောက်လာတာလဲ " "ဟိတ် မင်းဘာဖြစ်နေတာလဲ ..ဘာလို့ ကိုယ်လက်ကို ဆွဲထားရတာလဲ ... မင်း အရမ်းကြောက်နေတာလား " သလင်းဖြူမှာ ထွဋ်ခေါင်၏ အသံကို ကြားလိုက်ရသော အခါမှ ဆွဲထားသော လက်ကို ဖျတ်ခနဲ လွှတ်ချလိုက်မိလေသည်။ "တောက် " ထိုသို့ အားလုံး ရုတ်ရုတ်သဲသဲဖြစ်နေကြစဉ်မှာပင် တစ်တိုက်လုံး တုန်ဟီးသွားသလားထင်ရလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော တက်ခေါက်သံကြီးကိုကြားလိုက်ကြရလေသည်။ "ဘာ ...ဘာဖြစ်တာလဲ " " ဘယ်.... ဘယ်သူတောက်ခေါက်တာလဲ " ================== အပိုင်း ( ၁၀ ) ဆက်ရန် ဧကြည်ဖြူ

ဒါပေမဲ့ တူမကြီးရဲ့ကံတရားအရ တူမကြီးကို ကူညီပေးနိုင်မယ့်သူ တစ်ယောက်တော့ ရှိတယ် ..အဲ့ဒီလူက ယောကျာ်းတစ်ယောက်ပဲ သူကလွဲရင်ကျန်တဲ့သူတွေက ငါ့တူမကို အန္တရယ်ပေးနိုင်လို့ သတိထားနေပါ " "ရှင် ... ဟုတ် ..ဟုတ်ကဲ့ " ဒေါ်နန်းမူနှင့် အတူလာသော အမျိုးသားကြီးသည် သလင်းဖြူကို ပြောဆိုပြီးနောက် ဒေါ်နန်းမူနှင့်အတူ ထွက်သွားလေသည်။သလင်းဖြူမှာ ထိုလူကြီး ပြောသွားသော စကားများကို နားထဲ၌ ကြားယောင်နေမိပြီး ကျောထဲ၌ စိမ့်ခနဲ အေးလာသလိုပင် ခံစားလိုက်ရလေသည်။သလင်းဖြူ ထိတ်လန့် တုန်လှုပ်စွာပင် ခြံကြီးထဲသို့ ပြန်ရန်ဝင်ခဲ့လေသည်။ "ဟင် " သလင်းဖြူ ခြံထဲသို့ ၀င်အလာတွင် တိုက်ကြီးအပေါ်ဆုံးထပ်ဆီမှ မိမိရှိရာသို့ စူးစူးရဲရဲ လှမ်းကြည့်နေသော အစ်ကိုဝမ်းကွဲဖြစ်သူ ဇော်ထိုက်ကို တွေ့လိုက်ရသောကြောင့် ဘာရယ်မဟုတ် ရင်ထဲထိတ်ခနဲ ခုန်သွားမိလေသည်။ ~~~~ "ဒေါ်လေးကို တွေ့ခဲ့လား ဦးငယ် ...." သလင်းဖြူသည် ယခုမှပင် အေးအေးဆေးဆေး တွေ့ရသော ဦးလေးဖြစ်သူကို မေးလိုက်သည်။ "မတွေ့ပါဘူး တူမကြီးရယ် ... သမီးဒေါ်လေးနဲ့ ကြိုက်နေတဲ့သူက မန္တလေးကဆိုလို့ ... မန္တလေး တစ်မြို့လုံး နေရာအနှံ့ရာခဲ့တာပဲ ...သတင်းအစအနတောင် မရပါဘူးကွယ် ..." "ဒါနဲ့ ဒေါ်လေးထွက်သွားတာကြာပြီလား ဦးငယ် " " သုံးလပြည့်တော့မယ် ...ဦးငယ်လည်း မရှာနိုင်တော့ဘူး ..သူလဲ ကလေးမှ မဟုတ်တာ ...မမကြည်ကလဲ ခက်ပါတယ် ဒီလောက်ဖြစ်နေတာတောင် သဘောမတူဘူး ဆိုတာ ချည်းပဲ .." ဦးလေးဖြစ်သူကိုကြည့်၍ သလင်းဖြူ သက်ပြင်းကို ချလိုက်မိပြီးလျှင် မရဲတရဲဖြင့် မေးလိုက်မိသည်။ "ဟို ... ဟို ...ဒါနဲ့ လေ ... ဒေါ်လေးက တစ်ခုခု အန္တရာယ်ဖြစ်နေတာတော့ မဟုတ်ပါဘူးနော် ဦးငယ် " သလင်းဖြူ၏ အမေးကြောင့် ဦးရန်နောင်ထွေးသည် သလင်းဖြူကို ကြည့်လိုက်ပြီးလျှင် "မဟုတ်တာကွယ် ...တစ်ခုခုဖြစ်နေရင် သိရမှာပေါ့ကွယ် ..သူ့မှာ မှတ်ပုံတင်လဲ ပါသွားတာပဲ ..ခက်တာက သူနဲ့ တွဲနေတဲ့သူရဲ့ လိပ်စာကို အတိအကျ မသိတာခက်တယ် ...ရွာကို အထည်တွေ လာဝယ်ရင် တွေ့ကြတယ်ဆိုလားပဲ ...ဒါတောင် ရွှေရည်ဝင်း ပြောလို့သိတာ ...မငယ်က သူ့တူမ ရွှေရည်ဝင်းနဲ့ တတွဲတွဲပဲလေ " "အဲ့ဒီလိုဆိုတော့ ...ရှာရခက်မှာပေါ့ ဦးငယ် ... ဒေါ်လေးကိုယ်တိုင်က မဆက်သွယ်မချင်း တွေ့ရ မယ်မထင်ဘူး " ~~~~~~~ တိုက်ကြီးတစ်တိုက်လုံး မီးရောင်များဖြင့် ထိန်ထိန်လင်းနေသော်လည်း သလင်းဖြူတို့ အုပ်စုထိုင်နေသော ဧည့်ခန်းမှ လွဲ၍ တစ်တိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေလေသည်။အမှန်အားဖြင့် အုပ်စုဟုဆိုသော်လည်း ဦးငယ် ၊ ကိုဇော်ထိုက်၊ ရွှေရည်ဝင်း၊ ထွဋ်ခေါင်တို့ ဧည့်သည် နှစ်ယောက်နှင့်သလင်းဖြူတို့ပဲရှိကြသည်။ လူကြီးများမှာ သူတို့၏ အခန်းအသီးသီးသို့ ဝင်သွားကြပြီ ဖြစ်လေသည်။အလုပ်သမားများမှာလည်း ယခင်နေ့များ က ပင်ပန်းခဲ့ကြသောကြောင့် အနောက်ဘက် အလုပ်သမား တန်းလျားသို့ အသီးသီး ပြန်သွားကြပြီဖြစ်လေသည်။ညဉ့် ဆယ်နှစ်နာရီထိုးခါနီးပြီဖြစ်၍ ဦးမြင့်အေး၏ ဘုရားရှိခိုး အမျှဝေသံ သည်လည်း တိတ်ဆိတ်သွားပြီ ဖြစ်လေသည်။ အောက်ထပ် ဧည့်ခန်းထဲတွင် သလင်းဖြူတို့ ခြောက်ယောက်သားမှာ ထွေရာလေးပါး စကားပြောနေကြခြင်းဖြင့် အချိန်ကို ကုန်ဆုံးသွားအောင် စောင့်နေကြရခြင်းဖြစ်လေသည်။မစောင့်၍လည်းမဖြစ် ရက်လည်ညဖြစ်သောကြောင့် မြန်မာလူမျိုးတို့၏ ထုံးစံအတိုင်း အိမ်တံခါးများကို ဖွင့်ထားရသည် မဟုတ်ပါလား ။ ကြာတော့ သလင်းဖြူ ငိုက်လာသလိုပင် ဖြစ်လာမိသည်။ဦးလေးဖြစ်သူနှင့် အစ်ကိုဖြစ်သူကလည်း သလင်းဖြူ စိတ်မဝင်စားသော ဆိုင်ကယ်များအကြောင်းကို ပြောနေကြသလို ရွှေရည်ဝင်းနှင့် ထွဋ်ခေါင်တို့သုံးယောက်သားမှာလဲ ခေါင်းချင်ဆိုင်လျက် သူတို့ လုပ်ငန်းအကြောင်းများကို ပြောနေကြသည်။သလင်းဖြူမှာ တစ်ယောက်တည်း ငေါင်စင်းစင်းဖြစ်နေသောကြောင့် ဒေါ်နန်းမူ၏ အစ်ကိုဖြစ်သူ ပြောသွားသော စကားများကို ပြန်၍ ကြားယောင်နေမိပြီး ပြတင်းပေါက်ရှိရာသို့ ထလာပြီးလျှင် ခြံ၀ဆီသို့ လှမ်း၍ မျှော်ကြည့်လိုက်မိသည်။ " ဟင် " သလင်းဖြူ ခြံဝဆီသို့ ကြည်နေမိစဉ်မှာပင် ခြံဝတွင် ရပ်နေသော လူတစ်ယောက်ကို မြင်လိုက်ရသောကြောင့် ကြက်သီတွေ ဖြန်းခနဲထသွားပြီးလျှင် ခေါင်းနပန်းတွေပါ ကြီးသွားမိသည် ။ ထိုလူသည် သလင်းဖြူ ရှိရာဆီသို့ လှမ်း၍ ကြည့်နေပြီးလျှင် လက်ကို ဝှေ့ယမ်းပြလေသည်။ထိုအဖြစ်ကို သလင်းဖြူ ကြက်သေသေလျက် ကြည့်နေမိသည်။ သလင်းဖြူ ရပ်နေသော နေရာနှင့် ခြံတံခါး၀သည် ဝေးသည်ဆိုသော်ငြားလည်း ခြံဝမှ မီးအလင်းရောင်ကြောင့် လူရိပ်ကို ကောင်းစွာမြင်လိုက်ရသည်။သို့သော်လည်း ထိုသူသည် အစ်ကိုစိုင်းရန်နိုင် ၏ဝိညဉ် ပုံရိပ်မဟုတ်သည်မှာ သေချာပါလေသည်။ထို့အတူ သလင်းဖြူ ရင်းနှီးသိကျွမ်းဖူးသူများထဲမှလည်း မဟုတ်ပါချေ။ "ဟိတ် .မင်းဘာတွေ ကြည့်နေတာလဲ ..သရဲမြင်လို့လား " "အမယ်လေး ` သလင်းဖြူမှာ ခြံဝမှ လူကို ကြည့်နေစဉ်မှာပင် ထွဋ်ခေါင်၏ အနီးကပ်မေးလိုက်သော အသံကြောင့်လန့်ဖျပ်သွားပြီး အော်လိုက်မိလေသည်။ " အော်လိုက်တာဟယ် ... နင်ကလဲ ပိုကို ပိုလွန်းတယ်သလင်းဖြူ " သလင်းဖြူ လန့်သွားမိပြီး ထွဋ်ခေါင်ကို မျက်စောင်းထိုး ကြည့်လိုက်မိစဉ်မှာပင် ရွှေရည်ဝင်း၏ အသံကထွက်ပေါ်လာခြင်း ဖြစ်လေသည်။

"မှန်ပါတယ်ရှင် မမခင်အေး ပြောသလိုပါပဲ ...ကျွန်မမှာပါလာတဲ ငွေက တစ်ပဲ ခြောက်ပြားလောက်ပါပဲ ...ကျွန်မတို့မှာ ငွေပိုငွေလျှံလဲ မရှိပါဘူး ....ကိုထွန်းအေးကလဲ အိပ်ရာထဲလဲနေပြီးမှ ဆုံးသွားတာ ဆို့တော့ အပိုငွေလဲ မချန်ခဲ့ပါဘူး ... အခုပါလာတဲ့ ငွေကလဲ ဝိုင်းကိုပေါင်နှံပြီးတော့ ယူလာတာပါ ... သားလေးရဲ့နောက်ဘ၀ကို ဝဋ်ကြွေးတွေ မပါရအောင်ယူထားလိုက်ကြပါရှင် ... နောက်နောင်လဲ ကျွန်မတို့ မိသားစုက မိုးနှဲ ရွာကို လာပြီး မပတ်သက်တော့ပါဘူးရှင် " " ဘာ ..ဘာပြောတယ် နန်းမူ ...နင့်စကားက ဘာစကားလဲ ဟင် ... နင်ပြောပုံက ငါတို့အကြီးတွေကို စော်ကားနေသလိုပဲ " ဒေါ်နန်းမူ၏ စကားကြောင့် ဒေါ်ကြည်အေးက ဒေါသတကြီးနှင့်ပြောလိုက်လေသည်။ " ဟုတ်သားပဲ နန်းမူရယ် ... ငါ့ခယ်မ ဘာတွေ မကျေနပ်တာရှိလဲ အစ်ကိုကြီးတို့ကို ပြောလေဟာ ...အဆင်ပြေအောင် စီစဉ်ပေးမှာပေါ့ ...ခုလို ဆွေခန်းမျိုးခန်းပြတ်မယ့် စကားမျိုးတွေ မပြောပါနဲ့ကွယ် ...တူမလေးလဲ ရှိသေးတယ်လေ ...ငါ့ညီထွန်းအေး မရှိတော့ပေမဲ့ ... နင်လဲ ငါတို့ညီမ ပဲလေ နန်းမူ " ဒေါ်သထွက်ဟန်ရှိနေကြသော အစ်မဖြစ်သူနှင့် ညီမဖြစ်သူကို ဟန့်တားလိုက်ပြီး ဦးမြင့် အေးက ပြေရာပြေကြောင်း ဝင်ရောက်ပြောဆို လိုက်လေသည်။ "တော်ပါပြီ အစ်ကိုကြီးမြင့်အေး ... ကျွန်မသမီးလေးကိုတော့ ဒီမိသားစုထဲ ဆွဲမသွင်းကြပါနဲ့ရှင် ... သူ့ဘဝကို ကျွန်မ စောင့်ရှောက်ပေးနိုင်ပါတယ် .... သူ့အဖေရဲ့ ဘာခံစားခွင့်ကိုမှ လဲ မရချင်နေပါစေ နောက်ထပ် သမီးကို အဆုံးရှုံး မခံနိုင်ပါဘူး .အားလုံးပဲ ကျွန်မကို ခွင်ပြုကြပါအုံး ...ကျွန်မအခုပဲ ပြန်ပါတော့မယ် " ဒေါ်နန်းမူသည် ပြောပြောဆိုဆိုနှင့် သားဖြစ်သူ စိုင်းရန်နိုင်ကျန်ခဲ့သော ပစ္စည်းထုတ်ကိုပါ ဆွဲ၍ ထွက်သွားလေသည်။မိသားစုဝင်များမှာ ဒေါ်နန်းမူ၏ ပြောစကားများနှင့့် အပြုအမူများကြောင့် အံ့အားသင့်၍နေကြလေသည်။ " မမကြည် ... အစ်ကိုမြင့်အေး ကြားလား ...နန်းမူပြောသွားတာတွေကိုကြားလား ...သူဘာအဓိပ္ပါယ်နဲ့ ပြောသွားတာလဲ ... သူပြောပုံက ကျွန်မတို့ကပဲ အမွေခွဲပေးရမှာစိုးလို့ သူ့သားကို သတ်လိုက်သလို ပြောသွားတာ မဟုတ်လား " ဒေါ်နန်းမူ ထွက်သွားသောအခါမှ ဒေါ်ခင်အေးက ပွဲထကြမ်းလေသည်။ "ခင်အေး တိတ်စမ်း ကလေးတွေ ရှေ့မှာ ...နင်ဘာတွေပြောနေတာလဲ ..သွား .. သွားကြတော့ ... ကလေးတွေ သွားနားကြတော့ ညကျရင် ဆယ်နာနာရီကျော်မှ အိပ်ရမှာ ခုသွားအိပ်ကြတော့ " ဒေါ်ကြည်အေးသည် ညီမဖြစ်သူ ဒေါ်ခင်အေးကို ဆူပူငေါက်ငမ်းလိုက်ပြီးလျှင် သလင်းဖြူတို့ကို နေရာမှ ထွက်သွားရန်ပါ ပြောလေ၏။ သလင်းဖြူလည်း ကြီးတော်ဖြစ်သူက ထွက်သွားခိုင်းသည်နှင့် တစ်ပြိုင်နက် တိုက်ကြီးထဲမှ ပြေးထွက်ခဲ့ပြီး ဒေါ်နန်းမူတို့ နောက်သို့ ပြေးလိုက်ခဲ့သည်။ "ဒေါ်လေး .... ဒေါ်လေးနေပါအုံး " ခြံပြင်သို့ ရောက်နေပြီဖြစ်သော ဒေါ်နန်းမူကို အပြေးလိုက်၍ သလင်းဖြူ ခေါ်လိုက်သည်။သလင်းဖြူ အနေနှင့် ဒေါ်နန်းမူနှင့် ငယ်စဉ်ကသာတွေ့ဖူးခဲ့ပြီး ယခုတစ်ကြိမ်မှသာ ထပ်မံတွေ့ဆုံရခြင်းဖြစ်ပါလေသည်။အသုဘဖြစ်နေစဉ် တစ်လျှောက်၌လည်း အေးအေးဆေးဆေး တွေ့ဆုံခဲ့ရခြင်းမရှိခဲ့ပါချေ။ရက်လည်ပြီးသွားသော အခါမှ စကားပြောရန် သလင်းဖြူက တွေးထားခဲ့ခြင်းဖြစ်ပါလေသည်။ယခုလိုမျိုး ဖြုန်းစားကြီး ပြန်သွားလိမ့်မည်ဟု မထင်ခဲ့မိသည်မှာ အမှန်ပါပင် ။ "ဒေါ်လေးရဲ့ ဖုန်းနံပတ် သမီးကို ပေးခဲ့ပါနော် ... ဒေါ်လေးနဲ့ စကား အေးအေးဆေးဆေး ပြောချင်ပါတယ် ...သမီးကို အစ်ကိုစိုင်းရန်နိုင် ပြောခဲ့တာတွေလဲ ရှိပါတယ်ရှင်...သမီး အဲ့ဒီအကြောင်းတွေကို သေချာ သိချင်ပါတယ် " သလင်းဖြူ ပြောလိုက် သောအခါ ဒေါ်နန်းမူသည် သလင်းဖြူ၏ လက်ကလေးကို ဆွဲကိုင်လိုက်ပြီးလျှင် "သမီးလေး ...သမီးက မနွဲ့အေးရဲ့သမီးမို့ ဒေါ်လေး စေတနာနဲ့ မှာခဲ့ပါရစေကွယ် ...သမီး ဒီကနေ အမြန်ပြန်တော့နော် ဒီမှာ နေရင် သမီးရဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်ကွဲ့ ...ဒေါ်လေးရဲ့သားလေးက ဆိုင်ကယ်စီးတာ ကျွမ်းကျင်သလို ... ကိုယ့်ကိုယ်ကို အန္တရာယ်ဖြစ်အောင် မလုပ်တတ်ဘူးဆိုတာ ဒေါ်လေး အသိဆုံးပါ ...ဒီကိစ္စက မရိုးသားဘူးလို့ သက်သေပြစရာ မရှိတော့ ဒေါ်လေးလက်လျှော့လိုက်ပါပြီ ....နောက်ထပ် ဒေါ်လေးရဲ့ သမီးငယ်လေးကို အန္တရာယ်ဖြစ်မှာကို မလိုလားဘူး ဒါကြောင့် ဒီမိသားစုက ဘယ်သူနဲ့မှ မပတ်သက်ချင်တော့ဘူး ... ဒေါ်လေးကို နားလည်ပေးပါနော် ...သမီးလဲ ဒီကနေ အမြန်ပြန်ပါတော့ကွယ် " "ဟုတ် ...ဟုတ်ကဲ့ပါရှင် ဒေါ်လေး " ဒေါ်နန်းမူသည် နှုတ်ဆက်၍ ကျောခိုင်းသွားလေသည်။ကျောခိုင်းသွားသော ဒေါ်နန်းမူ၏ကျောပြင်ကို သလင်းဖြူငိုင်တွေစွာ ကြည့်နေမိစဉ်မှာပင် "ဒီမှာ ... မိန်းခလေး မင်းကတော့ စိတ်ထားဖြူစင် ပုံရလို့ သတိလေးပေးခဲ့ပါရစေကွယ် ...ဒီအိမ်ကြီးမှာ မကျွတ်မလွတ်ဖြစ်နေတဲ့ ဝိညဉ်တွေရှိနေတယ် .... တတ်နိုင်ရင် သူတို့အတွက် မင်းက ကုသိုလ်ကောင်းမှု လုပ်ပေးနိုင်အောင်ကြိုးစားပါ ....သူတို့က တစ်စုံတစ်ယောက်ရဲ့ ပယောဂကြောင့် သေဆုံးခဲ့ကြရတာပဲ ...သူဘယ်သူလဲဆိုတာတော့ ဘကြီး ပညာနဲ့ မမှီလို့ မပြောပြနိုင်ဘူးပေါ့ကွယ် ..

ဧကြည်ဖြူ "အဝါရောင်ရဲတိုက် " အပိုင်း ( ၉ ) **** ရွာ၏သုသာန်ထဲတွင် မစည်ကားသင့်ပါပဲ စည်ကား၍နေလေသည် ။စိုင်းရန်နိုင်၏အဖြစ် သည် ရွာ၏အနေအထားအရဆိုလျှင် ထူးထူးခြားခြားသေဆုံးသွားရသည်ဟု ဆိုရလေမည်လား။ရွာနောက်ဘက်မှ ချောက်ဆိုသည်မှာ ရွာနှင့် အလှမ်းကွာလွန်းလှသည်။ ထိုချောက်ဘေးလမ်းမှသွားလျှင် ခရီးလမ်းတိုသည်မှာမှန်သော် လည်း လမ်းဆိုးလွန်းသောကြောင့် မည်သူမျှ သွားလေးမရှိကြပေ။တစ်ခါတစ်ရံတွင် ငှက်ပစ်သူများ သွားလေ့ရှိသည်မှအပ တော်ရုံနှင့့်မည်သူမျှ မသွားသောလမ်းဖြစ်ပါလေသည်။ထိုသို့သော လမ်းမှ စိုင်း ရန်နိုင်သွားခြင်းအတွက် ရွာသူရွားသားများမှာလည်း အံ့ဩ၍နေကြလေသည်။ "ဘယ်လိုဖြစ်လို့ ဒီလမ်းက သွားရတာလဲ မသိပါဘူး .." "အင်းလေ ... စွန့်ပစ်ထားတဲ့လမ်းမှန်းသိသိနဲ့ သွားရလား ...လမ်းကောင်းက သွားလဲ ဘယ်လောက်မှ ကြာတာလဲမဟုတ်ဘူး " " ငယ်ငယ်ရွယ်ရွယ်နဲ့စိတ်မကောင်းစရာ " အသုဘပို့လာသူများထံမှ တီးတိုးစကားသံများ ထွက်ပေါ်၍နေလေသည်။ ~~~~~~ အသက်ကင်းမဲ့နေပြီဖြစ်သော သားဖြစ်သူ၏ မျက်နှာကို မျက်ရည်များပြည့်လျှံနေသော မျက်ဝန်းများဖြင့် ငြိမ်သက်စွာ စူးစိုက်ကြည့်နေသော ဒေါ်နန်းမူ။သူမ၏ မျက်နှာသည် ညှိုးငယ် နွမ်းလျနေသော်လည်း မျက်ဝန်းအကြည့်များသည် ခက်ထန် တင်းမာနေသယောင် ရှိလေသည်။ဒေါ်နန်းမူသည် သားဖြစ်သူ၏ နာရေးသို့ အစ်ကိုတစ်ဝမ်းကွဲ ပယောဂဆရာနှင့် အတူလာခဲ့ခြင်းဖြစ်လေသည်။ဒေါ်နန်းမူတွင် စိုင်းရန်နိုင်၏အောက်၌ အသက်နှစ်ဆယ်ကျော်စအရွယ်သမီးငယ်လေးတစ်ယောက်ရှိသော်လည်း ခေါ်ဆောင်လာခဲ့ခြင်းမရှိပေ။ "ကျွန်မသားက ဆိုင်ကယ်စီး သိပ်ကျွမ်းတာ ...တောင်ပေါ်လမ်းတွေကိုတောင် အေးအေးဆေးဆေး စီးနိုင်တဲ့သူပဲ " သားဖြစ်သူ၏ အလောင်းကိုတွေ့ပြီးသည့်နောက်တွင် သည်စကားတစ်ခွန်းမှ လွဲ၍ ဒေါ်နန်းမူ မည်သူနှင့်မျှ မည်သည့် စကားတစ်ခွန်းမျှ ပြောင်ဆိုခြင်းမရှိတော့ပေ။ သလင်းဖြူသည် အစ်ကိုဖြစ်သူ စိုင်းရန်နိုင်၏ အဖြစ်ကို ယနေ့အချိန်ထိ မယုံကြည်နိုင်သေးဘဲ ဖြစ်နေမိသည်။အခင်းဖြစ်မည့်မနက်ခင်းက စိုင်းရန်နိုင်ကို ကြီးတော်ဖြစ်သူ ဒေါ်ကြည်အေးက မြို့စျေးကို သွားခိုင်းခဲ့သည်။ ယခင်ကလည်း ထိုသို့သွားနေကြဖြစ်သည်။ထိုနေ့မှ စိုင်းရန်နိုင်သည် လမ်းဟောင်းမှ သွားပြီး ထိုသို့အဖြစ်ဆိုးနှင့် ကြုံရခြင်းဖြစ်လေသည်။ အစ်ကိုဖြစ်သူစိုင်းရန်နိုင် သေဆုံးရခြင်းသည်သွေးရိုးသားရိုးမှ ဟုတ်ပါရဲ့လားဟု သလင်းဖြူတွေးမိပြန်သည်။အကယ်၍ သွေးရိုးသားရိုးမဟုတ်ခဲ့လျှင် တရားခံက မည်သူများ ဖြစ်မည်နည်း။သေချာသည်မှာ စိုင်းရန်နိုင် သေဆုံးသွားရုံနှင့် အမွေကိစ္စက ပြီးဆုံးသွားမည်မဟုတ်ပေ။ဦးကြီး ဦးထွန်းအေးတွင် သားနှင့် သမီးရှိသည် ။သားဖြစ်သူမရှိတော့လျှင် သမီး အငယ်ဖြစ်သူသည် ဖခင်ဖြစ်သူ၏အမွေကိုဆက်ခံရမည်သာဖြစ်သည်။သည်သို့ အကြောင်းအရာကို တရားခံသည် မသိစရာအကြောင်းရှိမည် မဟုတ်ပေ။အကယ်၍များ သေဆုံးသူသည် သလင်းဖြူသာဖြစ်နေခဲ့မည်ဆိုလျှင်တော့ အမွေဆက်ခံပိုင်ခွင့်ရှိသူတစ်ယောက် လျှော့သွားမည်မှာ အမှန်ပင်ဖြစ်လေသည်။ ထိုသို့ တွေးမိလိုက်သောအခါ သလင်းဖြူတစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများထ၍ သွားလေသည်။ "သမီး ...သလင်းဖြူ " သလင်းဖြူ အတွေးပေါင်းစုံနှင့် ခပ်ငိုင်ငိုင်ရှိနေစဉ်မှာပင် ခေါ်သံကြားရသောကြောင့် ကြည့်လိုက်သောအခါ ဦးလေးအငယ်ဆုံးဖြစ်သော ဦးရန်နောင်ထွေးကိုတွေ့လိုက်ရလေသည်။ " ဦး....ဦးငယ် ဘယ်တုန်းက ပြန်ရောက်တာလဲ " ဦးလေးဖြစ်သူကို သလင်းဖြူ အံ့သြဝမ်းသာစွာ မေးလိုက်မိလေသည်။ "ခုခုမှ ရောက်တာ သမီး .ဦးငယ်လဲ သတင်းကြားကြားခြင်း ပြန်လာခဲ့တာ " ~~~~~ ခုနှစ်ရက်ဆိုသော အချိန်သည် သိပ်မကြာလိုက်သလိုပါပင်။ယနေ့သည် စိုင်းရန်နိုင်၏ ရက်လည်ဆွမ်းသွပ်ပြီးသောနေ့ဖြစ်ပါသည်။ ဒေါ်နန်းမူသည် ငွေတစ်ထပ်ကို ထုတ်၍ မိသားစုဝင်များ၏ ရှေ့တွင် ချလိုက်ပါလေသည်။မိသားဝင်များအားလုံးသည် ဒေါ်နန်းမူ၏ အပြုအမူကြောင့် အံ့သြမင်သက်နေကြလေသည်။ " ဒါက ဘာသဘောလဲ နန်းမူ ...ငါတို့တူလေးရဲ့ နောက်ဆုံးခရီးအတွက် ငါတို့ ကုန်ကျခံနိုင်ပါတယ် ... နင့်ပိုက်ဆံတွေကို ပြန်ယူသွားပါ " ဒေါ်ကြည်အေးက လေသံမာမာနှင့်ပြောလေသည်။ "ဟုတ်သားပဲ နန်းမူ .... ကုန်ကျစရိတ်ကို အစ်ကိုကြီးတို့ပဲ အကုန်ခံလိုက်ပါမယ်....ကူငွေတွေလဲ မနည်း ရထားတယ်မဟုတ်လား...ငါ့ခယ်မပိုက်ဆံကို ပြန်ယူသွားပါ " ဦးမြင့်အေးကပါ ၀င်၍ ပြောလေသည်။ "လုပ်မနေနဲ့နန်းမူ နင်ငွေလေး တစ်ပဲခြောက်ပြားနဲ့ ပေးမနေနဲ့ ... လူကြားလို့မှမကောင်း ဆင်ကောင်ကြီး အမြီးကျမှတစ်တဲ့ အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ဘူး ....နင့် ပိုက်ဆံ နင်ဘာသာပြန်ယူသွား " ထုံးစုံအတိုင်း ဒေါ်ခင်အေးသည် လေသံမာမာနှင့် ဝင်ရောက်ပြောဆိုလေသည်။ အားလုံး၏ စကားဆုံးသောအခါ ဒေါ်နန်းမူသည် အံကိုကြိတ်လိုက်၍ ငွေထုတ်ကို ရှေသို့ဆတ်ခနဲ တွန်းပို့လိုက်ပြီးလျှင် လေသံခပ်မာမာနှင့် ပြောဆိုလေသည်။

ကြားလိုက်ရသော စကားကြောင့် သလင်းဖြူခေါင်းထဲတွင် မိုက်ခနဲ တစ်ချက်ဖြစ်သွားပြီးလျှင် လူမှာ အထည် ပုံပေါ်သို့ လဲကျသွားရလေသည်။ ======================= အပိုင်း ( ၉ ) ဆက်ရန် ဧကြည်ဖြူ

စိုင်းလွှမ်းသည် မျက်နှာမသာမယာဖြစ်နေသော သလင်းဖြူကို ကြည့်ပြီး မေးလိုက်သည်။ " စိတ်ရှုပ်နေတာပါဟာ...အစ်ကိုစိုင်းရန်နိုင်လေ နင်သိလား...သူကြောင့် စိတ်ရှုပ်နေတာ " "အင်း ...လွန်ခဲ့တဲ့ တစ်လကျော်က ရောက်နေတဲ့သူလား ...မြင်ဖူးပေမဲ့ လူချင်းသိတော့ မသိဘူး...ဒါနဲ့ ဘာဖြစ်လို့လဲ " သလင်းဖြူသည် စိတ်ထဲတွင် ညစ်ထွေးနေသော စိတ်များလျော့ပါးသွားရန်အလိုငှာ စိုင်းလွှမ်းကို ပြောပြရန်တွေးလိုက်မိသည။ "ဒီလိုဟာ ...အစ်ကိုစိုင်းရန်နိုင်က ပြောတယ် ... သူ့အဖေနဲ့ ငါ့အမေ သေဆုံးတဲ့ ကိစ္စက ရိုးရိုးသေတာမဟုတ်ဘူးတဲ့လေ ... ဘယ်လိုပြောမလဲဟာ ...တစ်ယောက်ယောက် အောက်လမ်းပညာနဲ့ လုပ်လိုက်တာတဲ့လေ ... ပြီးတော့ ငါ့ကိုလဲ ဒီမှာနေရင် အန္တရာယ်များတယ်ဆိုပြီး ပြန်ခိုင်းနေတယ်.... ဒီကကိစ္စတွေကို သူ့ဘာသာစုံစမ်းမယ်တဲ့လေ .... ဘာတွေမှန်းမသိတော့ပါဘူးဟာ ....ဒီကြားထဲ ညဘက်တွေဆို အပေါ်ထပ်မှာ သရဲခြောက်သလိုလိုလည်း ကြုံနေရတယ် .." "ဟင် မင်းပြောတာတွေက ...မယုံနိုင် စရာတွေပါပဲလား ဖြူလေးရာ .... သူပြောတာ ယုံချင်စရာမကောင်းပေမဲ့ ...အန္တရာယ် ဖြစ်နိုင်တယ်ဆိုရင် မင်းပြန်လိုက်ပါလား ဖြူလေးရယ် " " ငါလဲ ပြန်ချင်နေပါပြီ စိုင်းလွှမ်းရယ် ...ခက်တာက ရန်ကုန်ပြန်ရောက်ရင် အလုပ်လဲမရှိတော့ဘူး ... မိထွေးနဲ့လဲ ရင်မဆိုင်ချင်လို့ လေ " သလင်းဖြူ စိတ်ပျက်အားလျော့စွာ ပြောလိုက်ရင်းမှ အဝေးသို့ ငေးကြည့်နေမိသည်။ စိုင်းလွှမ်းသည် သလင်းဖြူ၏ ဘေးတွင် ငြိမ်သက်စွာထိုင်လျက် သလင်းဖြူ၏ မျက်နှာကို ငေးမော၍ကြည့်နေသည်။ ~~~~~ လရောင် ဖွေးဖွေး အောက်၌ အုတ်ဂူနှစ်လုံးကို ထင်ထင်ရှားရှားပင်မြင်နေရသည်။ "အူး ..ဝူး ...ဝူး...ဝူး" ကြောက်မက်ဖွယ်ရာ ခွေးအူသံများကြောင့် သလင်းဖြူ၏ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ယင်နေသည်။ကြောက်လွန်း၍ အော်ဟစ်နေသော်လည်း အသံမှာ ပြင်ပသို့ ထွက်မလာဘဲ လည်ချောင်းဝတွင်တစ်ဆို့၍နေသည်။တိုက်ကြီးရှိရာဆီသို့ ပြန်၍ သွားရန် ကြိုးစားနေသော်လည်း ခြေထောက်များသည် မြေပြင်ပေါ်တွင် မလှုပ်မယှက်နိုင်ဘဲ မတ်မတ်ရပ်လျက်ပင် ရှိလေသည်။ဆွဲဆွဲငင်ငင် အူနေသော ခွေးအူသံများသည် အဆက်မပြတ်ထွက်ပေါ်လာပြီးနောက် လူကဲ့သို့သော မည်းမည်းသဏ္ဍာန်အရိပ်သုံးခုသည် အုတ်ဂူများကြားတွင် ရပ်လျက်မှ သလင်းဖြူရပ်နေရာ ကန်ပေါင် လမ်းဆီသို့ လှမ်းမျှော်၍ကြည့်နေကြသည်ကို တွေ့လိုက်ရလေသည်။ "အား " သလင်းဖြူ ကြောက်လန့်တကြား အော်လိုက်သော်လည်း အသံသည် ထွက်မလာဘဲရှိလေသည်။ထိုစဉ်မှာပင် မည်းမည်းသဏ္ဍာန်အရိပ်များသည် သလင်းဖြူရှိရာ ကန်ပေါင်ပေါ်သို့ တရွေ့ရွေ့တက်လာကြလေသည်။သလင်းဖြူ ကြောက်လွန်း၍ လှည့်ပြေးရန်ကြိုးစားသော်လည်း အချည်းနှီးသာဖြစ်လေသည်။တဖြည်းဖြည်းနှင့် မည်းမည်းသဏ္ဍာန်များသည် သလင်းဖြူနှင် ပို၍နီးကပ်လာပြီးလျှင် လူသေကောင်ကဲ့သို့ မျက်နှာကြီးများကို တွေ့မြင်ရလေသည်။ "မလာနဲ့ ...သွား ...သွား " သလင်းဖြူ စိတ်ထဲမှကြောက်လန့်တကြားနှင့် အော်ဟစ်မောင်းထုတ်နေစဉ်မှာပင် လူသေကောင်ကဲ့သို့ မျက်နှာများအဖြစ်မှ လူ့အဖြစ်သို့ ပြောင်းသွားကြလေသည်။ "အမေ ...ဦးကြီး ...ဒေါ်လေး " သလင်းဖြူ အံ့သြတကြီးနှင့် အော်ခေါ်လိုက်ရင်း မိခင်ဖြစ်သူ၏လက်ကို လှမ်းဆွဲလိုက်ရာ လေကိုသာဆုပ်ဖမ်းလိုက်မိပြီး အားလုံး ပျောက်ကွယ် သွားကြလေတော့သည်။ "အမေ " ပျောက်ကွယ်သွားသော ပုံရိပ်များကိုကြည့်၍ သလင်းဖြူ ရင်ထဲတလှိုက်လှိုက်နှင့် ဝမ်းနည်းလာပြီးနောက် ငိုယိုလျက် မိခင်ဖြစ်သူကို အော်ခေါ်လိုက်မိလေသည်။ သလင်းဖြူ မောပန်းစွာပင် ဖျတ်ခနဲ လန့်နိုးလာပါသည်။သလင်းဖြူ အိပ်မက်မက်နေခြင်းဖြစ်ပါလေသည်။အိပ်မက်မက်နေသည် ဆိုသော်လည်း သလင်းဖြူ၏ ပါးပြင်ထက်တွင် မျက်ရည်များဖြင့် စိုရွှဲနေလေသည်။သလင်းဖြူ အိပ်ရာထက်မှ တုန်ရီမောဟိုက်စွာ ထထိုင်လိုက်မိသည်။ "ရှပ် ...ရှပ် ..ရှပ် " အိပ်ရာထက်မှ ထထိုင်လိုက်သည့် အချိန်မှာပင် အခန်းပြင်မှ ခြေသံ တရှပ်ရှပ်ကို ကြားလိုက်ရသောကြောင့် သလင်းဖြူတစ်ကိုယ်လုံးဆတ်ခနဲ တုန်တက်သွားရပြီး ကြက်သီးမွှေးညှင်းများပါထလာလေသည်။ခြေသံသည် အခန်းရှေ့တွင် ခေတ္တမျှ ရပ်နေပြီးနောက် ဆက်၍ လျှောက်သွားသံကို ကြားရလေသည်။သလင်းဖြူလည်း တုန်ရီနေသော ခြေထောက်များကို အားယူပြီး အခန်းတံခါးပေါက်ဆီသို့ လျှောက်သွားလိုက်ပြီး တံခါးကို အသံမမြည်အောင် ခပ်ဖြည်းဖြည်း ဖွင့်၍ အပြင်သို့ ချောင်းကြည့်လိုက်သည်။မီးရောင် ခပ်မှိန်မှိန်အောက်တွင် စင်္ကြန်လမ်းမှာရှင်းလင်း တိတ်ဆိတ်၍ နေလေသည်။ ~~~~~~ "ဒေါ်ကြီးရေ ...ဒေါ်ကြီးကြည်အေး " "ဟဲ့ ... ဘာဖြစ်လာတာတုန်း ..အလန့်တကြားနဲ့ " အတည်ပုံများကြား အလုပ်များနေကြသော သလင်းဖြူတို့ အုပ်စုမှာ အပြင်မှ အော်ကြီးဟစ်ကျယ်နှင့်ခေါ်ပြီး ဝင်လာသော လူတစ်ယောက်ကြောင့် လန့်ဖျပ် ၍သွားမိကြသည်။ ဒေါ်ကြည်အေးသည် လည်း လန့်သွားသောကြောင့် အော်ဟစ်ဝင်လာသူကို လှမ်း၍ မာန်မဲလိုက်လေသည်။ "ဒေါ် ...ဒေါ်ကြီးရဲ့တူ ကိုစိုင်းရန်နိုင်လေ ..ဆိုင်ကယ်မောင်းလာရင်း ရွာအနောက်ဘက်က ချောက်ထဲ ထိုးကျလို့...ဆုံး ...ဆုံးသွားပြီး ဗျ "

" ဒီလောက်ဆို အစ်ကို ပြောတာ နားလည်တယ် မဟုတ်လား ...ရန်ကုန်ကို အမြန်ဆုံးပြန်တော့ ကြားလား ...ဖြစ်နိုင်ရင် တစ်ရက် နှစ်ရက်အတွင်းပဲ ပြန်တော့...ခုတော့ အိမ်ပြန်ရောက်ရင် ဟန်မပျက်နေ ... အိမ်မှာဆိုရင် အစ်ကို့ကို စကားလာမပြောနဲ့ ....ခုချိန်မှာ ဘယ်သူ့ကိုမှ ယုံရတာမဟုတ်ဘူး " ~~~~~~~ သလင်းဖြူ အထည်စားရင်းများကူတွက်ပေးနေရင်းမှ ကြီးကြီးကြည်အေးကို မသိမသာ အကဲခတ်နေမိသည်။ အစ်ကိုစိုင်းရန်ပြောသည့်စကားသာ အမှန်ဆိုလျှင် အမေနှင့် ဦးကြီးကိုလုပ်ကြံသူသည် ကြီးကြီးတို့ မောင်နှမတွေထဲကပင် ဖြစ်လိမ့်မည် ထင်သည်။သည်သို့ဆိုလျှင် မည်သူကများ သည်အမှုကို ကျူးလွန်ခဲ့ပါသနည်း။သလင်းဖြူ တွေ့မြင်ရသလာက်တော့ သလင်းဖြူ ရောက်လာခြင်းအတွက် အားလုံးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုမနေကြသော်လည်း ကြီးကြီးခင်အေးမှအပ ကျန်လူများသည် သလင်းဖြူကို သဘောမကျသည့်ဟန်ပန်မျိုးကို မတွေ့ရဟုထင်မိသည်။ရွှေရည်ဝင်းသည်ပင်လျှင် ထွဋ်ခေါင်ဆိုသူကြောင့်သာ သလင်းဖြူ အပေါ်တွင် အထင်လွှဲပြီး မာမာထန်ထန် ဆက်ဆံနေခြင်းကို သလင်းဖြူ သိပါလေသည်။ထိုသို့ပင် ကြီးကြီးခင်အေးသည်လည်း အပြောအဆို ဆိုးသော်ငြား အပြုအမှုများမှာ ဆိုးဝါးခြင်းသိပ်မရှိဟု စိတ်မှ ခံစား ထင်မြင်နေမိသည်။ကြီးကြီးခင်အေး၏သား အစ်ကိုဇော်ထိုက်သည်လည်း သူ့ဘာသာ ခပ်အေးအေးနေတတ်သူတစ်ယောက်သာဖြစ်လေသည်။ "သလင်းဖြူ ဘာတွေတွေးနေတာလဲ ... ဒီစာရင်းတွေ ပြီးရင် ရွှေရည်ဝင်းကို သွားပေးလိုက်အုံး ..." " ဪ ... ဟုတ် ... ဟုတ်ကဲ့ ကြီးကြီး " ကြီးတော်ဖြစ်သူ၏ အသံကို ကြားလိုက်ရသောအခါမှ သလင်းဖြူလည်း သတိဝင်လာပြီး စာရင်း စာအုပ်များကိုယူက ရွှေရည်ဝင်း၏ အခန်းရှိရာဘက်သို့ ထွက်လာခဲ့သည်။ ~~~~~~~ " ချောချောက ဘယ်သွားလို့ ..ကိုယ်တိုင်လာရတာလဲ " "မသိဘူးလေ " ပြောပုံက မသိလျှင် သလင်းဖြူက သက်သက် လာချင်၍ လာခဲ့သည့်ပုံမျိုးဖြစ်နေလေသည်။သလင်းဖြူလည်း ဘာမျှ ပြောချင်စိတ်မရှိသောကြောင့် စာအုပ်ကို ခုံပေါ်တင်ထားခဲ့ပြီး ချက်ချင်းပြန်ထွက်ခဲ့လိုက်သည်။ထွဋ်ခေါင်ဆိုသောသူကြောင့် သလင်းဖြူအနေကျုံ့လှပါသည်။ သူတို့ကို ကြည့်ရသည်မှာလည်း တော်တော်နှင့် ပြန်မည့်ပုံမပေါ်ပေ။ချည်ထည် ဒီဇိုင်းအသစ်အဆန်းများလုပ်ပြီး ပြပွဲလုပ်ဖို့ဆိုလား ပြောနေကြသည်ကိုတော့ ကြားမိသည်။ထိုထက်ပို၍လည်း သလင်းဖြူ မသိပါ ။ သိလည်းသိချင်စိတ် မရှိပေ။ သူ့ဘာသာ ရုပ်ပဲ ချောချော ငွေပဲ ချမ်းသာ ချမ်းသာ သလင်းဖြူစိတ်မဝင်စားပါ။ သလင်းဖြူ စိတ်ဝင်းစားသည်မှာ လိုအပ်နေသော ငွေအမြန်ရပြီး နိင်ငံခြားထွက်ရန်ပင်ဖြစ်ပါလေသည်။ ~~~~ "ဟေ့ မင်းဘယ်သွားမလို့လဲ " သလင်းဖြူ စက်ဘီးကို ထုတ်နေစဉ် မေးသံကြောင့် လှည့်ကြည့်လိုက်သောအခါ ထွဋ်ခေါင်ကို တွေ့လိုက်ရသောကြောင့် စိတ်ရှုပ်သွားမိလေသည်။ "အပြင်ခဏ သွားမလို့ပါ ဘာခိုင်းစရာရှိလို့လဲ....ရွှေရည်ခေါ်ခိုင်းလိုက်လို့လား " သလင်းဖြူ စိတ်ရှုပ်နေသော်လည်း ကောင်းကောင်းမွန်မွန်ပင်မေးလိုက်ပါသည်။ "ဘာခိုင်းစရာရှိရမှာလဲ ...ညက ကိစ္စကို ပြောမလို့လေ ...ဘာလဲ ညတုန်းက ကိစ္စကို အိပ်မက်လို့ထင်နေတာလား .. ဒါမှမဟုတ်ရင် ကြောက်တာနဲ့ ပြန်ပြေးတော့မလို့လား...ဧည့်သည်တွေရှေ့မှာတောင် ငွေကိစ္စပြောတယ်ဆိုတော့ ...ကြည့်ရတာ တကယ်ကြီး ပြေးတော့မယ်ထင်တယ် " "ဘာလဲ ...ဘာကို ကြောက်ရမှာလဲ ..ပြီးတော့ ...ကျွန်မတို့ မိသားစုကိစ္စက ရှင်နဲ့မဆိုင်ဘူး မဟုတ်လား ဘာလို့ လိုက်စပ်စုနေတာလဲ " သလင်းဖြူ စိတ်တိုတိုနှင့်ပြောလိုက်မိသည် ။သည်လောက်ထိ ပြောဖို့ ရည်ရွယ်မထားသော်လည်း ရွှေရည်ဝင်း၏ မျက်နှာကို မြင်ယောင်မိသောကြောင့် ဘုကလန့်ပြောလိုက်မိခြင်း ဖြစ်ပါလေသည်။ "ဟာ ... ဘယ်လိုပြောလိုက်တာလဲ ...မင်းတို့မိသားစုကိစ္စကို ကိုယ်လဲ စိတ်မဝင်စားပါဘူး ..ခုက ကိုယ်လဲ သရဲအခြောက်ခံနေရလို့ ပြောနေတာကွ ...ပြီးတော့ ညက ကိုယ်တို့တွေ့ခဲ့တဲ့သူက...စိုင်းရန်နိုင်ဆိုတဲ့လူပဲ ... " "ရှင် ... ဘာ ...ဘာပြောတယ် ...အစ်ကိုစိုင်းရန်နိုင်ဟုတ်လား ...ရှင် သေချာလို့လား " " သေချာတာပေါ့ ...မင်းက သူ့ကို မတွေ့လိုက်ပေမဲ့ ကိုယ်သေချာတွေ့ခဲ့တာပဲ " ထွဋ်ခေါင်၏ စကားကြောင့် သလင်းဖြူ စိတ်ထဲ ရှုပ်ထွေးသွားမိသည်။အစ်ကိုစိုင်းရန်နိုင်သည် သလင်းဖြူအား မလိုလားသောကြောင့် မဟုတ်တမ်းတရားများကို ပြောနေခြင်းလော။စဉ်းစားရကြပ်လှပါလေသည်။ "ဟေ့ ...ပြောလို့မပြီးသေးဘူးလေ ...မင်းဘယ်သွားမလို့လဲ " သလင်းဖြူ စက်ဘီးကို အားကုန်းနင်း၍ ထွက်ခဲ့မိစဉ် နောက်ပါးဆီမှ ထွဋ်ခေါင်၏ ခေါ်သံ ကိုကြားမိသော်လည်း လှည့်မကြည့်ဖြစ်တော့ဘဲ စက်ဘီးကို ဆက်ရန်နင်း ထွက်ခဲ့လိုက်သည်။ ~~~~ စက်ဘီးဘဲလ်ကို သုံးခါမြောက်နှိပ်ပြီးချိန်မှာတော့ သတင်းဖြူ စိတ်ပျက်လက်ပျက်နှင့် ကုက္ကိုပင်မြစ်ဆုံပေါ်တွင် ထိုင်ချလိုက်မိသည်။ စိုင်းလွှမ်း၏ အရိပ်အယောင်ကိုမူ ရေးရေးမျှပင် မမြင်ရသေးပါချေ။ " ဖြူလေး ...ရောက်နေတာကြာပြီလား ..." မျှော်နေစဉ်မှာပင် မျှော်နေသူ ရောက်လာခဲ့ပြီဖြစ်သောကြောင့် သလင်းဖြူ ဝမ်းသာသွားမိသည် ။ "အင်း ... မကြာသေးပါဘူးဟာ ...." " မင်းဘာဖြစ် နေတာလဲ ဖြူလေး ... မျက်နှာလဲ မကောင်းဘူ ...ပိုက်ဆံကိစ္စ အဆင်မပြေဘူးလား "

"လာပြီးမှတော့ ရရမရရ ပြောရမှာပေါ့ ... အပျော်လာခဲ့တဲ့ ခရီးမှ မဟုတ်တာ ...ရန်ကုန်မှာ အလုပ်ပါ ထွက်လာခဲ့တာ ...ဒီအတိုင်းတော့ မပြန်ချင်ဘူး " သလင်းဖြူလည်း အစ်ကိုဖြစ်သူကို စိတ်တိုတိုနှင့် ပြန်ပြောပစ်လိုက်သည်။ " ပြောလိုက်တာ ဟုတ်ပါပြီ ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုရော သိရဲ့လား ....ဒီကိစ္စက မင်းအတွက် အန္တရာယ်ရှိလာနိုင်တာကိုရော သိရဲ့လား " "ရှင် ..ဘာ...ဘာကို ပြောတာလဲ အစ်ကိုစိုင်းရန်နိင် " အစ်ကိုဖြစ်သူ စိုင်းရန်နိုင်၏ စကားကြောင့် သလင်းဖြူ အံ့ဩ ထိတ်လန့်သွားမိပြီး အလန့်တကြား ပြန်မေးလိုက်မိလေသည်။ စိုင်းရန်နိုင်သည် သလင်းဖြူ၏ အမေးကြောင့် ဘေးဘီဝဲယာသို့ တစ်ချက်ဝေ့ဝဲကြည့်လိုက်သည်။ "ငါ ဒီမှာ ဘာလို့ လာနေနေတာလဲ သိလား " စိုင်းရန်နိုင်၏ အမေးကို သလင်းဖြူက ခေါင်းခါပြလိုက်မိလေသည်။ "အေး ပြောရင် ...ငါ့ညီမယုံချင်မှ ယုံလိမ့်မယ် ...ယုံနိုင်စရာလဲ မရှိဘူးပေါ့ ...ဒါပေမဲ့ သေချာတာက ..ဒီကိစ္စတွေကို အဖြစ်မှန်တွေ ပေါ်တဲ့အထိ အစ်ကို စုံစမ်းမှာ ...ဒီလိုစုံစမ်းတဲ့ ကိစ္စမှာ အန္တရာယ်များနိုင်တာကြောင့် ငါ့ညီမကို ဒီမှာ မနေစေချင်တာပဲ " " ဘာ ..ဘာကိုလဲ အစ်ကိုစိုင်းရန်နိုင် ... ဘာကိစ္စကို ပြောတာလဲ " အစ်ကိုဖြစ်သူ ပြောသမျှစကားတွေကို ယခုအချိန်အထိ နားမလည်နိုင်သေးတာကြောင့် သလင်းဖြူ ထပ်မံ၍ မေးလိုက်မိသည်။ "အင်း ပြောပြမယ် သေချာနားထောင်... ကြီးကြီးနဲ့အဖေ သေဆုံးသွားတဲ့ ကိစ္စက သွေးရိုးသားရိုး မဟုတ်ဘူး ...အဖေလဲ အဘိုးမဆုံးခင်က တကယ့်ကို ကျန်းကျန်းမာမာရှိနေခဲ့တာ ...အဘိုးဆုံးတော့ အဖေနဲ့အတူ အစ်ကိုလဲ လိုက်လာခဲ့တယ်... ဒါနဲ့ အဘိုး နာရေးကိစ္စ ပြီးစီးလို့ ပြန်ခါနီးရက်မှာ အမွေကိစ္စတွေနဲ့ သူတို့မောင်နှမတွစကားများကြတယ်....အစ်ကိုလဲ သူတို့ လူကြီးတွေကိစ္စမှာ ဝင်မပါဘဲ နေခဲ့တယ် ..ဒီလိုနဲ့ ကိစ္စတွေအားလုံးပြီးလို့ အစ်ကိုတို့ သားအဖ ရှမ်းပြည်ကို ပြန်ခဲ့တယ် ပြန်ရောက်ပြီး သိပ်မကြာခင်မှာဘဲ အဖေကဖျားနာရာကနေ တရှောင်ရှောင်ဖြစ်လာခဲ့တယ် .. ဆေးရုံဆေးခန်းပေါင်းစုံ ဆေးဆရာပေါင်းစုံနဲ့ ပြခဲ့ပေမဲ့ ရောဂါမည်မည်ရရ ရှာမရခဲ့ဘူးလေ " သလင်းဖြူသည် စိုင်းရန်နိုင် ပြောသောစကားများကို နားထောင်နေမိပြီးလျှင် မိခင်ဖြစ်သူကို သတိရနေမိလေသည်။မိခင်ဖြစ်သူသည်လည်း ထိုကဲ့သို့ ရောဂါဝေဒနာရှာမရဘဲ တမြေ့မြေ့နှင့် အသက်ဆုံးရှုံးခဲ့ရသည် မဟုတ်ပါလား။ "ဒါပေမဲ့ အမေရော...ဦးကြီးပါ အဘိုးဆုံးပြီး... နှစ်ကြာမှ ဆုံးကြတာလေ အစ်ကိုစိုင်းရန်နိုင် " အစ်ကိုဖြစ်သူကို သလင်းဖြူ မယုံကြည်နိုင်စွာ ပြောလိုက်မိသည်။ "ဟုတ်တယ် ... ဒီကိစ္စနဲ့ပတ်သက်ပြီး အစ်ကိုတို့ လည်း သံသယမဝင်ခဲ့ကြဘူး .. ဒီတိုင်းပဲ နေခဲ့ကြတာပေါ့ ... ဒါပေမဲ့ အဖေဆုံးခါနီးလေးမှာ အမေရဲ့ အစ်ကိုဝမ်းကွဲ ပယောဂကုတဲ့ ဘကြီးက ရွာကို အလည် ရောက်လာခဲ့ပြီး အဖေ့ကို စမ်းသပ်ခဲ့တယ် .... စမ်းသပ်ပြီးတော့ အောက်လမ်းနည်းနဲ့ လုပ်ထားတာ ကုသဖို့အတွက် အချိန်နှောင်းသွားပြီလို့ ပြောခဲ့တယ် ...အမှန်တိုင်း ပြောရရင် ဘကြီးပြောတုန်းက အစ်ကိုလဲ မယုံခဲ့ဘူး ...ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ အဖေက နေမကောင်းဖြစ်တဲ့ နောက်ပိုင်း မိသားစုအမွေကိစ္စကို လုံးဝမပြောတော့တာကို သတိထားမိလာတယ် ...နေကောင်းစဉ်ကတောင် အမွေကိစ္စကို ပြတ်ပြတ်သားသားလုပ်မယ်လို့ ပြောခဲ့တဲ့ အဖေက မကျန်းမမာဖြစ်ပြီး လက်ထဲငွေမရှိတာတောင် အမွေကိစ္စကို လုံးဝမပြောတော့တာကို ထူးဆန်းခဲ့မိတာတော့အမှန်ပဲ ... ဒါနဲ့ ရလို့ရငြား အဖေ့ကိုကုသပေးဖို့ ဘကြီးဆီမှာ အကူအညီတောင်းလိုက်မိတော့ နောက်တစ်နေ့မှာပဲ အဖေဆုံးသွားခဲ့တယ် ....အဲ့ဒီမှာပဲ အစ်ကို့ဘကြီးရဲ့ စကားကို ယုံချင်သလို ဖြစ်လာတယ် ..ပြီးတော့ ကြီးကြီးအကြောင်းကိုပါ တွေးမိပြီး ...အားလုံးကို သေသေချာချာစုံစမ်းရအောင် မိုးနှဲကို ရောက်လာခဲ့တာပဲ " " ဟုတ် ...ဟုတ်ပါ့မလား အစ်ကိုစိုင်းရန်နိုင် ....ဒီ ...ဒီလိုကိစ္စမျိုးက ဖြစ်နိုင်ပါ့မလား ... ပြီး ...ပြီးတော့ လုပ်တော့ ရော ဘယ်သူက လုပ်တာလဲ " " ကိစ္စက ဖြစ်နိုင်လားဆိုတော့ ဖြစ်ကိုဖြစ်ခဲ့တာပဲ ဒါတွေကို သိရဖို့ ဒေါ်သီဆိုတဲ့ အဘွားကြီး ဆီမှာ စုံစမ်းနေတယ်....ဘယ်သူလုပ်တာလဲဆိုတာတော့ အစ်ကိုလဲ မသိဘူး ... မိသားစုတွေထဲက တစ်ယောက်ယောက်ပဲ ဖြစ်မှာပေါ့ ...ဒါမှမဟုတ်လဲ အားလုံက အလိုတူ အလိုပါလားဆိုတာ စုံးစမ်းနေတုန်းပဲ .. ဒါကြောင့်မို့ ဒီကိစ္စက အန္တရာယ်များနိုင်လို့ မင်းကို အမြန်ဆုံးပြန်ခိုင်းတာ ...ပြီးတော့ ဒေါ်လေးနဲ့ ဦးငယ် ခရီးသွားနေတယ်ဆိုပြီး သတင်းအစအနလေးတောင် စုံစမ်းလို့ မရတာလဲ မသင်္ကာစရာကောင်းတယ် ..... ဒီကြားထဲ မင်းက ဒေါ်လေးကို တွေ့တယ် ဆိုတော့ စဉ်းစာမိသလောက်တော့ ဒေါ်လေးဟာ သေသွားတာဖြစ်စေ ...ဒါမှမဟုတ်ရင် ခရီးသွားမယ်လို လိမ်ညာပြီး အိမ်ထဲမှာပုန်းနေပြီး လူတွေကို ဒုက္ခပေးနေတာလားလို့ တွေးနေမိတယ် ... ဒီလိုသာဆိုရင် ဘာပဲဖြစ်ဖြစ် သေချာတာက အန္တရာယ် ဖြစ်လာနိုင်တဲ့သူက မင်နဲ့ အစ်ကိုပဲ " သလင်းဖြူသည် အစ်ကိုစိုင်းရန်နိုင်ပြောသောစကားများကို မယုံကြည်နိုင်စွာပင် နားထောင်၍နေမိသည်။အစ်ကိုစိုင်းရန်းပြောနေသော စကားများသည် အမှန်တွေပဲလား ဆိုသည်ကိုလည်း သလင်းဖြူ မတွေးတတ်ပါလေတော့။