ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

الذهاب إلى القناة على Telegram
1 034
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
-1130 أيام
أرشيف المشاركات
A Kyi ဆီကို စာပို့ပြီး ဆက်သွယ်မယ်ဆိုရင် ပို့ထားတဲ့ Link ကနေ ဝင်ပြီး စာပို့လို့ရပါတယ်ရှင် A Kyi Acc လင့်ပါ

မိုးရိပ်မာန်သည် မိဘနှစ်ပါးကို လှမ်း၍နှုတ်ဆက်လိုက်သော်လည်း မိဘနှစ်ပါးကမူ မိုးရိပ်မာန်ကို ချိုသည်ခါးသည်တစ်ခွန်းမျှမတုံ့ပြန်ကြဘဲ သူတို့ပြောစရာရှိသည်များကိုသာပြောဆိုနေကြလေသည်။ =====k=====y=====i====*=p=====h=====y=====u===== အပိုင်း(၃)ဆက်ရန် A kyi phyu #ဧကြည်ဖြူ စာလုံးပေါင်းအမှား အယွင်း/ လို/ပိုများကို သည်းခံဖတ်ရှုပေးကြပါရှင် Telegram paid gp ဝင်လို့ရပါပြီရှင် မန်ဘာကြေး 3000 Ks ပါရှင် စ/ဆုံးမရသေးပါဘူးရှင် အပိုင်း ၃၂ အထိပဲ ရပါသေးတယ်ရှင်

မိဘကိုတစ်ခွန်းမကျန် ပြန်ပြောနေတဲ့အ‌ကြောတင်း‌လေး...မင်း‌ကြောင့် ငါဘယ်လောက်သောကများလဲ .... စိတ်ညစ်ရလဲ သိရဲ့လား...ကဲဟယ်....အကြောတင်းအုံး...တင်အုံး " " ဖြန်း...ဖြန်း " မခင်မူသည်ပြောရင်းနှင့်မှ စိတ်တိုလာသောကြေင့် မိုးရိပ်မာန်ကို စိတ်လိုက်မာန်ပါနှင့်ရို*က်ပစ်လိုက်‌လေသည်။ထိုအချိန်မှာပင် ကိုကျော်သာသည်လည်း ပွဲရုံမှပြန်ရောက်လာခဲ့လေသည်။ '" မူမူရေ...ဆူလို့ညံလို့ပါလား..ဘာများဖြစ်ပြန်ပြီလဲ ...ကြည့်ရတာ အိမ်ကငပွကြီးဘာတွေများ‌သောင်းကျန်နေပြန်ပြီလဲ " '" ဟုတ်တယ်အစ်ကိုရေ.....ဒီမှာလေ ငပွကြီးက ... သားကြီးအခန်းထဲကိုဝင်ပြီး ပစ္စည်းခိုးတာတဲ့အစ်ကိုရေ " "ဟင် ..ဘာပြောတယ်မူမူ...ဒီကောင် ဒီလောက်ဆိုဆုံးမထားတာကိုတောင် ဆိုးလှချည်လား...မိုက်လှချည်လား ....မိဘတွေမှာ စီးပွားရေးဒီလောက်ရုန်းကန်နေရတာကို ...ဒီကောင်ကဒီအရွယ်နဲ့ဇာတိပြနေတာပဲ ...ဟေ့‌ကောင်မိုးရိပ်မာန် မင်းဒီကိုလာစမ်း " ကိုကျော်သာသည် အိမ်သို့ရောက်မဆိုက်မှာပင် သားလတ်ဖြစ်သူမိုးရိပ်မာန်အားဆူပူကြိမ်းမောင်းလျက် ဆွဲ‌ခေါ်လိုက်လေသည်။ "မိုးရိပ်မာန်..မင်းလက်ပိုက်ပြီးရပ်နေစမ်း...မင်းကိုဘယ်နှစ်ခါပြောထားရမလဲ ..မင်းဘာသာ‌အေး‌အေးဆေး‌ဆေးတိတ်တိတ်‌နေပါလို့ ...ဘာလို့မင်းအစ်ကိုကို လိုက်နှောက်ယှက်နေတာလဲ ...ငါ့သားကြီးက အချိန်တန်ရင် ဆရာဝန်....အင်ဂျင်နီယာဖြစ်မဲ့ကောင်..မင်းက မင်းသင်နေတဲ့စာအကြောင်းတောင်သေချာသိတဲ့ ကောင်မဟုတ်ဘူး...မင်းကိုကျွေးမွေးရတဲ့စရိတ်..‌..ကျောင်းထားရတဲ့စရိတ်နဲ့ကျုူရှင်လခတွေတင် နည်းတာမဟုတ်ဘူး....ဒီလောက်သင်ပေးနေတာတေင်မှ မင်းကဒီအရွယ်နဲ့သူခိုးသူဝှက်လုပ်ချင်နေတာလားပြောစမ်း " " မ..မဟုတ်ပါဘူးဖေဖေ...သား..သားက ကိုကိုကြီးဆီကခိုးတာမဟုတ်ပါဘူး...လိုချင်ရင်တောင်းပြီးမှယူတာပါ " " ဘာကွ..မလိုချင်နဲ့..ငါ့သားကြီးနဲ့သမီငယ်ဆီက မင်းဘာမှ မလိုချင်နဲ့ကြားလား...မင်းကိုဝယ်ပေးထားတာတွေကိုပဲသုံး ...မင်းအပိုတွေမလုပ်နဲ့ အကျင့်မကောင်းမလုပ်နဲ့....သွား..မင်းကျူရှင်သွားရမှာမဟုတ်လား သွားတော့ " "ဟုတ်...ဟုတ်ကဲ့ပါဖေဖေ " မိုးရိပ်မာန်သည် ဖခင်ဖြစ်သူကို မည်သို့မျှပြန်မပြောနိုင်ဘဲ သူအခန်းထဲသို့ခပ်ကုပ်ကုပ်လေးဝင်ခဲ့လိုက်ပြီးလျှင် ကျူရှင်သွားဖို့ရန်ပြင်ဆင်‌လေသည်။ထိုအချိန်တွင် ကို‌ကျော်သာနှင့်မခင်မူတို့သည်လည်း စိတ်ပျက်လက်ပျက်နှင့်ပင်သက်ပြင်းကိုယ်စီချက်လိုက်ကြလေသည်။ "မူမူရေ.....သားကြီးရဲ့ဆရာမလာတော့မယ်မဟုတ်လား ...ဆရာမအတွက် တစ်ခုခုပြင်ဆင်ပေးထားလိုက်အုံး‌လေ..‌..သားကြီးရဲ့သူငယ်ချင်းလဲလာမယ်ဆို...အဲ့ဒီကောင်လေးလဲ စာ‌တော်ရဲ့မဟုတ်လား " " မူမူအားလုံးပြင်ဆင်းပြီးပါပြီအစ်ကိုရဲ့...ဆရာမအတွက်ရော...သားရဲ့သူငယ်ချင်းအတွက်ပါသေချာပြင်ဆင်ထားပါတယ်...သားကြီးရဲ့သူငယ်ချင်းကလေ စာတော်သလို ..သူ့မိဘ‌တွေကလဲ‌ရွှေဆိုင်ပိုင်ရှင်သူဌေးတွေမို့ သေချာလေးပြင်ဆင်ပေးထားပါတယ်အစ်ကို " '‌" ဟုတ်ပါပြီမူမူ ...သားကြီးနဲ့သမီးငယ်ရဲ့ပညာရေးအတွက် ... အခုကတည်းကအစစအရာရာ‌သေချာပြင်ဆင်ပေးထားမှ‌တော်ကာကျမှာမူမူရေ...သားရောသမီးရော နှစ်ယောက်လုံးကပညာတတ်‌တွေပဲဖြစ်ကိုဖြစ်ရမယ် " "သားကြီးနဲ့သမီးငယ်အတွက်က ‌ပြောစရာမလိုပါဘူးအစ်ကိုရယ်...ပြောမရဆိုမရဟိုဟာ‌လေးအတွက်သာ စိတ်ရှုပ်ရတာပါ...ဘယ်မှာသွားထားလို့ထားရမှန်းကိုမသိဘူး ..မူမူတော့ သူ့ကိုအမေ့ခြံထဲမှာပဲသွားထားလိုက်ချင်တော့တယ် " " အင်း...ခဏလေးနေပါအုံးမူမူရယ်....မလောပါနဲ့အုံး...အခုကအချိန်စောပါသေးတယ်...အနည်းဆုံး‌တော့ ဒီကောင်အထက်တန်းလောက်ရောက်မှသွားထားမှပဲ ..မဟုတ်ရင် ပတ်ဝန်းကျင်က လက်ညှိုးထိုးပြောချင်စရာဖြစ်ကုန်မယ် ...ဒီကောင့်ကိုကြည့်ရတာ အထက်တန်းတောင်အောင်ပါ့မလားမသိဘူးကွာ " "မူမူ‌တော့မထင်ဘူး အစ်ကိုရေ....ဒီအရွယ်‌လေးနဲ့ပြန်မပြောနားမ‌ထောင်နားမ‌ထောင်ထောင့်မကျိုးဖြစ်နေတာ‌လေ ..ဘယ်လိုအထက်တန်းအောင်လေမလဲ ..ကျူရှင်တောင်မှ သူ့သူငယ်ချင်းတွေတက်နေကြလို့သာ မတတ်သာလို့ထား‌ပေးထားရတာ ...မူမူကတော့မထင်‌ပေါင် ..ဆယ်တန်းဖြေပြီးရင်တော့ အောင်သည်ဖြစ်စေ..ကျသည်ဖြစ်စေ သူ့အဘွားဆီပို့လိုက်တော့မယ်...ဟိုမှာ အမေလဲ တစ်ယောက်တည်းပဲနေတာဆိုတော့ ... သူ‌နေဖို့အဆင်ပြေမှာပါ ...စားစရိတ်ကတော့နည်းနည်းပါးပါးထောက်ပံ့ပေးရမှာပေါ့လေ...မူမူကတော့လေ သားကြီးနဲ့သမီးငယ်အတွက်ပဲ သေချာလေးစီမံပေးချင်တယ် ,...ဘာမှမဖြစ်လာနိုင်တဲ့သူ့အတွက် အကုန်အကျသိပ်မခံချင်းဘူးရယ် " "အင်းပါ မူမူရယ်...ဒါပေမဲ့လဲ ကျူရှင်လေးတော့ထား‌ပေးလိုက်ပါကွာ.....မဟုတ်ရင်လဲ ကျောင်းကပြန်လာရင် အိမ်မှာလိုက်ရှုပ်‌နေမဲ့အတူတူ ...ကျူရှင်ကိုပို့ထားလိုက်ပြီးအချိန်ကုန်တာကပဲ ...သားကြီးနဲ့သမီးငယ်အတွက် စိတ်ရှုပ်ရတဲ့အချိန်နည်းသွားတာပေါ့ " " အင်း...ဒါလဲ ဟုတ်ပါတယ်အစ်ကို ...မူမူတော့လေ သင်းကိုမွေးမိတာကို တကယ်‌နောင်တရမိတယ်သိလား " ကိုကျော်သာနှင့်မခင်မူတို့သည် သားအလတ်ဖြစ်သောမိုးရိပ်မာန်အကြောင်းကို မကျေမနပ်နှင့်ပြောလျက်မှ စိတ်တိုစိတ်ရှုပ်‌နေခဲ့ကြလေသည်။ထိုအချိန်တွင် မိုးရိပ်မာန်မှာသူ့အခန်းထဲမှနေ လွယ်အိတ်လေးလွယ်လျက်မှ မှုန်မှိုင်းညိုမှိုင်းသောမျက်နှာလေးနှင့်အခန်းပြင်သို့ ထွက်လာခဲ့လေသည်။ "မေမေ...ဖေဖေ ..သားကျူရှင်သွားပြီ‌နော် "

" အင်း..ဒါလဲ ဟုတ်တာပဲ ...မင်းအိမ်က မင်းကိုတော့ ဒီကျောင်းမှာထားပြီး မင်းအစ်ကိုကိုတော့ ကျောင်းအကြီးကြီးမှာထားတာနော် ..ဘာလို့တူတူ မထားကြတာလဲ " " ဟ..ငါနဲ့ကိုကို‌ကြီးကအတန်းမှ မတူတာကွ...ပြီးတော့ ကိုကိုကြီးတို့‌ကျောင်းက အင်္ဂလိပ်စာတွေ‌ရောသင်တာ...စာလဲတော်မှရတာ..ငါကစာမ‌တော်ဘူးလေ...ဒါကြောင့် ဒီကျောင်းမှာပဲတက်တာ..ဘာပဲဖြစ်ဖြစ်ကွာ...ဒီ‌ကျောင်းမှာတက်တော့ မင်းတို့နဲ့တွေ့ရတာ ပျော်စရာကောင်းတယ်လေကွာ " " အေး...ဒါလဲ ဟုတ်တာပဲ " တတိယတန်းအရွယ်ကျောင်းသားလေး မိုးရိပ်မာန်သည် သူ့အကြောင်းကို သူ နားလည်သလိုမျိုးသာ သူငယ်ချင်းဖြစ်သူကို ရှင်းပြလိုက်လေတော့သည်။ **a*k*y*i* p*h*y u*** " မိုးရိပ်မာန် ..မင်းငါ့အခန်းထဲမှာ ဘာလာလုပ်နေတာလဲ ..သွား..အခုချက်ချင်းထွက်သွားစမ်း..အ‌မေ..အမေရေ...ဒီမှာမိုးရိပ်မာန် ကျွန်‌တော့်အခန်းထဲကို ဝင်လာပြီး ...ကျွန်တော့်ပစ္စည်းတွေကိုလာခိုးယူနေတယ် " အောင်ကျော်သာသည် သူ့အခန်းထဲတွင် ညီဖြစ်သူမိုးရိပ်မာန်ရောက်နေသည်ကို တွေ့ရှိပြီးနောက်တွင် မိခင်ဖြစ်သူကိုလှမ်း၍အော်ဟစ်ပြောဆိုလိုက်လေသည်။ပြီးလျှင်အော်ရုံနှင့်အားမရသေးဘဲ သူ့နားတွင်ရှိနေခဲ့သော ပစ္စည်းများနှင့်ပါ မိုးရိပ်မာန်ကို ကောက်ပေါက်ထုရို*က်လျက် နှင်ထုတ်ပြန်လေသည်။ " ဟို..ကိုကိုကြီးရယ်.....သားကကိုကိုကြီးပစ္စည်း‌တွေကိုဖျက်ဆီးပစ်ဖို့မဟုတ်ပါဘူး...ဟို....ကိုကိုကြီးဆီမှာဗလာစာအုပ်အချောသားတွေအများကြီးရှိနေလို့ တစ်အုပ်လောက်တောင်းချင်လို့ပါ ..သားကိုတစ်အုပ်လောက်‌ပေးပါ‌နော် " " ဘာကွ....မင်းလိုငတုံးကောင်စာညံ့ကောင်နဲ့ဗလာစာအုပ်အ‌ကောင်းစားနဲ့တန်လို့လား....မင်းအတွက်အမေတို့ဝယ်ပေးထားတာတွေကိုပဲ သုံးလေ....သွားကွာ အခုချက်ချင်းထွက်သွားစမ်း ...အမေ‌ရေ...အမေ " " သားကြီးဘာဖြစ်လိုလဲ ...ဘာဖြစ်လို့လဲဟင် သားကြီး " မခင်မူသည် သားကြီးဖြစ်သူ‌အောင်ကျော်သာ၏ စိတ်တိုစွာအော်ဟစ်လိုက်သံများကြောင့် သားဖြစ်သူရှိရာအခန်းဆီသို့အပြေးအလွှားပင်ရောက်ရှိလာခဲ့လေသည်။ " ဒီမှာလေ အမေ..မိုးရိပ်မာန်‌လေ...သားရဲ့ဗလာစာအုပ်ကိုလာယူ‌နေတာ ..သားစာလုပ်မလို့ကို လာရှုပ်နေတာ " " ဟင် ..ဟုတ်လား ..မိုးရိပ်မာန် မင်းဘာလုပ်နေတာလဲ ကိုကိုကြီးစာလုပ်နေတာကိုမမြင်ဘူးလား..ဘာလာနှောက်ယှက်နေတာလဲ ပြောစမ်း " " ဟို...သားက ကိုကိုကြီးဆီက ဗလာစာအုပ်အ‌ချောသားလေးတစ်အုပ်လောက်လာတောင်းတာပါ‌မေမေရယ်...တစ်အုပ်တည်းပါပဲ " "အောင်မယ်...ဘာပြောလိုက်တယ်...ဗလာစာအုပ်အချောစားလေးဟုတ်လား ...ဘာလုပ်ဖို့လဲ ..မင်းကဘာလုပ်ဖို့လဲ ပြောစမ်း ..မင်းကိုလဲ ဗလာစာအုပ်‌တွေဝယ်ပေးထားတယ်လေ ...အဲ့ဒါတွေက ဘယ်ရောက်သွားလို့လဲပြောစမ်း....ဘာလဲ ဆော့ပစ်လိုက်လို့ကုန်ပြီလား " မခင်မူသည် ဒေါသတကြီးပြောဆိုလိုက်ပြီးနောက်တွင် မိုးရိပ်မာန်ကို သားကြီးဖြစ်သူ‌‌အောင်‌ကျော်သာ၏အခန်းထဲမှ တရွတ်ဆွဲလျက်ဆွဲထုတ်သွားလိုက်‌‌လေသည်။ "သားမှာရှိတဲ့ဗလာစာအုပ်တွေက စာရွက်‌တွေကြမ်းလို့ပါမေမေ ..သားကိုလက်ရေးလှအောင်ရေးဖို့ ဆရာမကပြောလို့ပါ " " အမယ်လေး မင်းကများကြီးကြီးကျယ်ကျယ်..လက်ရေးလှဖို့ဆိုတာ ဗလာစာလုပ်နဲ့မဆိုင်ဘူးမိုးရိပ်မာန်ရဲ့.....မင်းတမင်သက်သက်အကြောင်းရှာပြီး ကိုကိုကြီးကိုနှောက်ယှက်နေတယ်ဆိုတာ ငါသိတယ်..မင်းကိုငါ‌မွေးထားတာပါ မိုးရိပ်မာန်ရဲ့ ...မင်းစိတ်ဘယ်လောက်ပုပ်လဲဆိုတာကအစ သိပြီးသား....မင်းလိုလူက ဘာကို ဗလာစာအုပ်အကောင်းစားလိုမှာလဲ ...စာသင်ခန်းထဲမှာအမြဲဘိတ်ချေးရနေတဲ့သူကများ...တစ်နေ့တစ်နေ့အဆော့မက်အစားမက်‌နေတဲ့သူကများ..ဘာကိုဗလာစာအုပ်အကောင်းစားသုံးချင်တာလဲ ....ကုန်‌‌ဈေးနှုန်း‌တွေဒီလောက်ဈေးကြီးနေတာကို ဘာကိုထိုင်ဖြုန်းချင်‌နေတာလဲ ...မင်းအစ်ကိုနဲ့မင်းညီမလို့ စာတော်နေရင်လဲ မပြောဘူး....မင်းဘာသာစာလုပ်ချင်လုပ်မလုပ်ချင်‌နေ....မိဘကိုဒုက္ခမပေးနဲ့စီးပွားရေးတွေက ကောင်းတာမဟုတ်ဘူး..သွား...မင်းအခန်းထဲမှာသွားနေစမ်း " " ‌မေမေနော် ...မိုးရိပ်မာန်ကိုကြည့်ပြောထားအုံး....သူကသားလစ်တာနဲ့ သားအခန်းထဲကပစ္စည်းတွေကို အကုန်ဝင်ခိုးတာ...ဘာမှကိုအလစ်မပေးရဲဘူး " မိုးရိပ်မာန်ကို မခင်မူဆူပူနေချိန်တွင် သားကြီးဖြစ်သူအောင်‌ကျော်သာသည် ထပ်မံ၍တိုင်တန်းပြောဆိုလိုက်ပြန်‌လေသည်။ "ဟုတ်မယ်....ဟုတ်မယ်...ဒီကောင်လေးဟာ‌လေ မွေးကတည်းက မိုးကြီးလေကြီးထဲမွေးလာခဲ့ပြီး မိဘကကိုစိတ်သောကပေးနာကျင်မှု‌ပေးတဲ့ကောင်လေ...မိုးမည်းနဲ့အပြိုင်ခိုးတတ်ဝှက်တတ်တဲ့အကျင့်ဗီဇကပါလာသေးတယ်....ဘယ်သူနဲ့တူလို့တူမှန်းမသိဘူး " '" သားမခိုးဘူး....မခိုးဘူးနော် မေမေ...သားလိုချင်ရင်ကိုကိုကြီးကို‌ပြောပြီး ယူတာပါ " " ဘာ‌ပြောတယ်..ဘာကို‌ပြောပြီးယူတာလဲ ...ပြောပြီးမယူနဲ့...မပြောဘဲနဲ့လဲ မယူနဲ့....ဒီအိမ်မှာမင်းအတွက်ဆိုပြီး ဆိုပြီး...ဝယ်ပေးထားတဲ့ပစ္စည်းတွေကလွဲလို့ ဘာကိုမှမင်းယူပိုင်ခွင့်မရှိဘူး...ကိုကိုကြီးရဲ့အခန်းထဲကိုလဲ မင်းဝင်ခွင့်မရှိသလို ...သမီးငယ်ရဲ့အခန်းထဲကိုလဲ မင်းဝင်ခွင့်မရှိဘူး..မင်းအတွက်လဲ ဝယ်ပေးပြုပေးထားတယ်လေ...မင်းပစ္စည်းတွေကိုပဲမင်းသုံး...ကျန်တာ‌တွေကို မျက်စီနဲ့တောင်မကြည့်နဲ့ကြားရဲ့လား ...‌ပြောလိုက်ရင် သင်းကမျက်နှာ‌ကြောကိုတင်းနေတာပဲ ..

#ချစ်ကြိုးလိမ် (အခန်းဆက်ဝတ္ထု) အပိုင်း (၂) စာရေးသူ...ဧကြည်ဖြူ akyiphyu *a*k*y*i* p*h*y** u*** " သားကြီးရေ ... ‌ကျောင်းမှာဗိုက်ဆာနေမှာ‌ပေါ့ ...မုန့်လေး‌တော့နည်းနည်းစားသွားပါအုံးသားရယ် " ခင်မူမူသည် ကျောင်းသွားရန်ပြင်ဆင်‌နေသော သားကြီးအောင်‌ကျော်သားကို ချစ်ခင်ချိုသာစွာနှင့်ပြောလိုက်‌လေသည်။ " ဟုတ်ကဲ့ပါ မေ‌မေ...သားမုန့်စားသွားမှာပါ " အောင်ကျော်သာသည်လည်း မိခင်ဖြစ်သူ၏လက်ကို ဖက်တွယ်လျက်မှ ပြုံးရွှင်သောမျက်နှာလေးနှင့်ပြန်ပြောလိုက်လေသည်။ " သားကြီး‌ရေ...မူမူ‌ရေ...ပြီးကြပြီလားကွ ...သားကြီးကို အစ်ကိုကျောင်းလိုက်ပို့ပေးမှာနော် " ကိုကျော်သာသည် ဇနီးနှင့်သားကို ‌ကျောင်းသွားရန်လှမ်းပြေလိုက်‌လေသည်။ " ခဏ‌လေးပါအစ်ကိုရေ...သားကြီးကိုမုန့်ကျွေးလိုက်အုံးမယ်...သားကြီးကိုအစ်ကို‌ကျောင်းပို့ရင် သမီးငယ်မူကြိုကို မူလိုက်ပို့ပေးလိုက်မယ်လေ ..." " ဟုတ်ပါပြီဗျာ ... ဒါဆိုလဲ လာလေ မုန့်သွားစားကြစို့ ..‌တော်ကြာသားကြီးကျောင်းနောက်ကျနေအုံးမယ်ကွ ..သမီးငယ်လေးလာပါအုံး ဖေကြီးဆီကို...‌" " ဟုတ်ကဲ့ပါ ဖေ‌‌ဖေ " " ‌ဖေ‌ဖေ ...မီးမီးကိုချီပါအုံး " " ဟုတ်ကဲ့ပါ သခင်မလေးခင်ဗျာ " ကိုကျော်သာနှင့်ခင်မူမူသည် သားကြီးအော်ကျော်သာ၊သမီးငယ်လေးခင်ချိုသာနှင့်အတူ ပြုံး‌ရွှင်ကြည်နူး‌သောမျက်နှာများနှင့် ထမင်းစားခန်းဆီသို့ သားအ‌ဖ‌လေး‌ယောက်လုံးရောက်ရှိလာခဲ့ကြလေသည်။ *a*k*y*i* p*h*y u*** " ‌‌‌‌‌ဖေဖေ ...‌မေမေ မနက်စာမုန့်စားကြမလို့လားဟင် ..သားကဗိုက်ဆာလို့စားနှင့်နေပြီ " ကို‌ကျော်သာနှင့်ခင်မူမူတို့ လေး‌ယောက်သား ထမင်းစားခန်းထဲသို့ဝင်လိုက်ကြသည်တွင် ထမင်းစားခန်းအတွင်း၌ မုန့်စားနေခဲ့‌သော သားအလတ်လေးမိုးရိပ်မာန်သည် မိဘနှစ်ပါးကိုမြင်လိုက်သည်နှင့် အပြုံးမျက်နှာလေးနှင့်ဆီးကြိုနှုတ်ဆက်ရှာလေသည်။ကို‌ကျော်သာနှင့် ခင်မူမူတို့မှာမူ သူတို့ကို အပြုံးနှင့်နှုတ်ဆက်ဆီးကြိုနေခဲ့သော သားအလတ်မိုးရိပ်မာန်ကို တစ်ချက်မျှကြည့်လိုက်ကြပြီးလျှင် ခင်မူမူသည် မျက်နှာ‌လေးတင်းလျက်သားနှင့် သားအလတ်လေးမိုးရိပ်မာန်ကို လှမ်းဆူလိုက်‌လေသည်။ " မင်းနှယ့်စားလို့မပြီး‌သေးဘူးလား မိုးရိပ်မာန်...မင်းလဲ‌‌နော်စားနှေးသွားနှေးပါလား " " ဟို...ဟို..သားက ဖေဖေနဲ့‌မေမေတို့ကို စောင့်နေတာပါ....ညီမလေးကိုလဲ မုန့်ကျွေးချင်လို့ပါ " မိုးရိပ်မာန်လေးသည် သူ့ကိုမိဘနှစ်ပါးမှ သိပ်ပြိးမနှစ်သက်သည်ကို သေချာနားမလည်နိုင်သေးသောအရွယ်ဖြစ်နေသောကြောင့် သူသည်တမင်ပင်‌ စောင့်နေခဲ့သည့်အကြောင်းကိုပြောလိုက်လေသည်။ " တော်စမ်းမိုးရိပ်မာန်...မင်းကို ဘယ်သူကစောင့်ခိုင်းလို့‌‌စောင့်နေရာတာလဲ ...မင်း‌ကျောင်းသွားရအုံးမှာလေ..မြန်မြန်လက်စသပ်ပြီးသွား‌တော့ " ခင်မူမူသည် မိုးရိပ်မာန်ကိုကြည့်ပြီး ခပ်ထန်ထန်လေးဆူပြောလိုက်သည်။မဆူလို့ကလည်း မဖြစ်ပေ။အသန့်အပြန့်အလှအပကြိုက်လှ‌‌သော သားကြီးဖြစ်သူအောင်‌ကျော်သာမှာ ညီဖြစ်သူကိုကြည့်လျက်နှာခေါင်းရှုံ့မျက်နှာပျက်နေခဲ့ပြီလေ။ "မိုးရိပ်မာန်ကညစ်ပတ်တယ်မေမေ....သူနဲ့တူ တူမစားချင်ဘူး....သားမုန့်မစား‌တော့ဘူး‌မေ‌မေ " ‌ ခင်မူမူ‌ဗျာများ‌‌နေစဉ်မှာပင် သားကြီးဖြစ်သူ‌အောင်ကျော်သာထံမှ အသံထွက်‌ပေါ်လာခဲ့လေသည်။ " မဟုတ်တာသားရယ်...သားကကျောင်းမှာ တစ်‌နေကုန်နေရမှာလေကွယ် ...မုန့်‌တော့စားသွားမှဖြစ်မှာ‌ပေါ့...ကဲ....မိုးရိပ် မာန် မင်းစားလို့မပြီးသေးလဲ .... ‌မုန့်တွေကျောင်းကိုသာယူသွားလိုက်‌တော့ ....သွား..ကျောင်းသွားတော့ " " ဟုတ်ကဲ့ပါ မေ‌မေ " မိုးရိပ်မာန်သည် မိခင်ဖြစ်သူ၏စကားကြောင့် နေရာမှမျက်နှာငယ်‌လေးနှင့်ထလိုက်ပြီး ဖခင်ဖြစ်သူထံသို့‌ လှမ်း၍ကြည့်ပြန်လေသည်။ "‌‌ဖေဖေ....သားရော ဖေဖေ့ကားကိုလိုက်စီးလို့ရမလားဟင် " သားဖြစ်သူမိုးရိပ်မာန်၏ အမေးစကားကြောင့် ကိုကျော်သာမှာ မျက်နှာသိသိသာသာတင်းသွားရပြီးလျှင် " မိုးရိပ်မာန်ရာ..မင်းကျောင်းက ဒီနားတင်ကို လမ်းလျှောက်သွားရင်ရောက်နေပြီလေ..ဘာတွေအပိုလာလုပ်နေတာလဲ ....သွားနေကြအတိုင်း ကိုယ့်ဘာသာသွားစမ်း....မင်းမုန့်ဖိုးလိုချင်တာမဟုတ်လား...ရော့..ယူသွားလိုက် ...သွားတော့ " ကိုကျော်သာသည် သူ့အိတ်ထဲမှ ငွေစက္ကူတစ်ရွက်ကိုထုတ်၍ မိုးရိပ်မာန်ထံသို့ လှမ်း‌ပေးလိုက်လေသည်။မိုးရိပ်မာန်ခမျာ ဖခင်ဖြစ်သူကို မည်သို့မျှပြန်မပြောနိုင်ဘဲ ထမင်စားခန်းထဲမှထွက်ခဲ့ရလေသည်။ ***a*k*y*i* p*h*y u*** " ဟေ့ ..မိုးရိပ်မာန်...ဟိုမှာမင်းတို့အိမ်ကကားမဟုတ်လား...ကားပေါ်မှာ မင်းအစ်ကိုနဲ့မင်းအဖေပဲနော် ..မင်းတို့အဖေက မင်းအစ်ကိုကိုတော့ ကားကြီးနဲ့ကျောင်းကိုလိုက်ပို့တယ်....မင်းကိုတော့တစ်ခါမှကို လိုက်မပို့ဘူးနော် " သူငယ်ချင်းဖြစ်သူ၏ စကား‌ကြောင့် မိုးရိပ်မာန်သည် သူတို့ဘေးနာမှဖြတ်ကျော်‌၍ မောင်းသွားခဲ့သော ဖခင်ဖြစ်သူ၏ကားဆီသို့ လှမ်းမျှော်ကြည့်လိုက်‌သည်။ " ငါ့ကျောင်းက ဒီနားလေးတင်မို့ အဖေတို့ကလိုက်မပို့တာပါကွ...ကိုကို‌ကြီးရဲ့ကျောင်းကတော့ဝေးတယ်လေ..အဲ့ဒါကြောင့် လိုက်ပို့တာပေါ့ "

ခင်မူမူသည် သူမ၏စုပုံ့ပုံ့ဗိုက်‌လေးကို ညင်သာစွာပွတ်သပ်လိုက်ရင်းမှ‌ပြောလိုက်လေသည်။ဤအချိန်မှာ‌တော့ ခင်မူမူ၏မျက်နှာလေးသည် ဒုတိယသားဖြစ်သော သားအ‌‌ကြောင်းကို ပြောစဉ်ကနှင့်ကွာခြားလှစွာပင် မျက်နှာလေးမှာ ချိုသာရွှင်ပြုံးလျက်ရှိ‌‌‌လေသည်။ " အင်း..ဟုတ်သားပဲ .. အခုဆိုမူမူ့မှာတတိယကိုယ်ဝန်လဲလွယ်ထားရပြီဆိုတော့ သားသမီးရတနာတိုးတော့မှာပဲလေ...ဒီတစ်ခါတော့ အက်ထရာဆောင်းရိုက်ထားပြီးပြီလား ...ဘာလေးများလဲမူမူ ..က‌လေးချင်းက ဘယ်နှစ်နှစ်ကွာလဲ " " ကလေးချင်းက နှစ်နှစ်စီကွာ မယ် နွဲ့ရေ...ဒီတစ်ခါတော့ မူမူတို့ဆန္ဒတွေပြည့်ပြီလေ ...နတ်ကောင်းနတ်မြတ်‌တွေက‌‌ပေးတဲ့ သမီးလေးပါတဲ့နွဲ့ရေ ...သမီးလေးမို့ မူမူတို့လဲစိတ်‌တွေချမ်းသာ‌နေတယ်‌‌လေ ... အစ်ကို‌ကျော်သာရဲ့အလုပ်တွေလဲ အရင်ကထက်အဆင်ကို‌ချောလို့နွဲ့ရေ " " ကြားရတာဝမ်းသာစရာပါမူမူ ..ကိုကျော်သာတို့များ မိန်းမက ...ကလေးတစ်ယောက်မွေးလိုက်...ပိုချစ်ပိုအလိုလိုက်လိုက်နဲ့အအလုပ်များနေတော့မှာပဲ " " အမယ်‌လေး ဟုတ်ပ...ဟုတ်ပနွဲ့ရေ...ဆရာကြီးက ဒီတစ်ခါသမီးလေးဆိုတော့ ... မူမူ့ကိုမျက်စီ‌အောက်ကကို အပျောက်မခံချင်တော့ဘူး‌လေ ..." မနွဲ့ပိုသည် ခင်မူမူကိုကြည့်လျက် အားကျစွာနှင့်ပြောလိုက်သည်။ခင်မူမူသည်လည်း မျက်နှာလေးကြည်နူးပြုံးရွှင်လျက် ပြန်ပြောလိုက်‌လေသည်။ထို့နောက်တွင် အပြင်သို့သွားရန်ပြင်ဆင်လေ‌တော့သည်။ " ‌‌မေ‌မေ...မေ‌မေ " ခင်မူမူအပြင်သွားရန်ပြင်နေသည့်အချိန်မှာပင် နှစ်နှစ်မပြည့်သေးသည့်သား‌ငယ်လေး မိုးရိပ်မာန်သည် မိခင်ဖြစ်သူနားသို့‌တောက်တတ်တောက်တတ်နှင့်ရောက်ရှိလာခဲ့ပြီးလျှင် မိခင်ကိုမပီကလာပီကလာနှင့်ခေါ်လျက်မှ မိခင်၏‌ခြေအစုံပေါ်သို့ဖက်တက်လိုက်လေသည်။ထိုအခါ ခင်မူမူသည် စိတ်ထဲမနှစ်သက်ဖြစ်သွားရပြီးလျှင် အသံအကျယ်ကြီးနှင့် အော်လိုက်လေတော့သည်။ " မိလုံး..မိလုံးဘယ်မှာလဲ ...ဒီကောင်‌လေးကို လာခေါ်ထားစမ်း...ဒီမှာ သားကြီးကိုသွားကြိုရပါမယ်ဆိုမှ သင်းကလေးကလာရှုပ်‌နေ‌‌သေးတယ်...မိလုံး မလာ‌သေးဘူးလား " ခင်မူမူသည် ကလေးငယ်ကိုတစ်ချက်မျှသာ ငုံ့ကြည့်လိုက်ပြီး‌နောက်တွင် စိတ်မရှည်စွာနှင့်အော်ဟစ်လိုက်လေသည်။ =====k=====y=====i====*=p=====h=====y=====u===== အပိုင်း(၂)ဆက်ရန် A kyi phyu #ဧကြည်ဖြူ Telegram paid gp ဝင်လို့ရပါပြီရှင် ဝင်ကြေး 3000 ပါရှင် စ/ဆုံးတော့ မရသေးပါဘူးရှင် အပိုင်း ၃၂ ထိ ပဲရပါသေးတယ်ရှင်

လင်မယားနှစ်‌‌ယောက်လုံးစိတ်တူကိုယ်တူရှိကြသည်ဟုပြောရပေမည်။ယုတ်စွအဆုံးအိမ်ထောင်ပြုချိန်၊က‌လေးယူချိန်များမှအစ အကုန်ကြိုတင်စီမံခဲ့သည်။သူတို့စီမံထားသည့်အချိန်အတိုင်းလည်း အောင်မြင်ခဲ့တာများခဲ့ပါသည်။သို့သော်လည်းပဲ ယခုအချိန်မှာ တော့ သူတို့ဇနီး‌မောင်နှံတွက်ချက်ထားသည့်အတိုင်းမူ တထစ်ချ ဖြစ်မလာခဲ့ပါ‌လေ။ သူတို့ဇနီးမောင်နှံပြင်ဆင်စီမံထားခဲ့သည်မှာက သားနှင့်သမီးကို အသက်နှစ်နှစ်သာခြားလျက် ကလေးနှစ်ယောက်ယူမည်ဟုတွက်ချက်စီမံကိန်းချထားခဲ့ခြင်းဖြစ်လေသည်။သို့သော်ငြားလည်း လောကသဘာဝဟူသည် လူ့စိတ်တိုင်းကျ မည်သို့ဖြစ်လာလိမ့်မည်နည်း။သူတို့ဇနိးမောင်နှံတွင် စီမံထားသည့်အတိုင်းနှစ်နှစ်သာခြားသာ‌သော က‌လေးမွေးဖွားခြင်းလည်း အောင်မြင်ခဲ့ပါလေ၏။ခက်သည်မှာက ပထမသားဦး‌လေးဖြစ်သော သားကြီးအောင်ကျော်သာကိုမွေးဖွားပြီးချိန်တွင် ဒုတိယမြောက်‌မွေးဖွားလာခဲ့သော ယခုကလေးမှာ သူတို့ဇနီးမောင်နှံ‌အမျှော်လင့်ကြီးမျှော်လင့်ထားသကဲ့သို့ သမီးမိန်းက‌လေးမ‌ဟုတ်ဘဲ သား‌ယောက်ျားလေးသာ ဖြစ်နေခဲ့ခြင်းဖြစ်ပါ‌လေသည်။အမြဲလိုလိုပြီးပြည့်စုံခဲ့သော ကိုကျော်သာနှင့်ခင်မူမူတို့ဇနီးမောင်နှံသည် သူတို့၏အဓိကကျသော လိုအင်ဆန္ဒမှာမပြည့်လေသောအခါ သူတို့ကိုယ်တိုင်၏‌‌ေ(သွးသားရင်းချာဖြစ်သော ဒုတိယမြောက်သားငယ်အပေါ်တွင် မေတ္တာမပေးနိုင်ဘဲဖြစ်နေခဲ့ကြ‌လေသည်။‌မေတ္တာအပြည့်မပေနိုင်လေ‌သောအခါ အ‌‌ကြောင်းအရင်းထူးထူးခြားခြားမရှိပါဘဲနှင့် မိခင်၏နို့်ချိုကိုလည်းမတိုက်‌ကျွေးခဲ့သလို့ နာမည်‌ပေးကင်ပွန်းတပ်သည့်မှအစ ပြောင်းလဲသတ်မှတ်ပေးခဲ့ကြ‌လေတော့သည်။ *a*k*y*i* p*h*y** u*** '' နွဲ့လဲ ...မူမူတို့ဆီကို မရောက်တာကြာပြီနော် " ခင်မူမူသည် ငယ်သူငယ်ချင်းဖြစ်သော မနွဲ့ပိုကို သတိတရနှင့်ပြောလိုက်လေသည်။ " ဟုတ်ပါရဲ့ မူမူရေ .... နွဲ့လဲ သမီးလေးမွေးတာရယ် ....သမီးတို့ အဖေအလုပ်ပြောင်းတာနဲ့ မလာဖြစ်တာ ....နွဲ့ရဲ့သမီးလေးတောင်အသက်နှစ်နှစ်ပြည့်တော့မယ်လေ...သားလေးကရော ဘယ်လောက်ရှိပြီလဲမူမူ " " သူလဲ နှစ်နှစ်ပြည့်တော့မယ်လေ ...ထင်တော့ထင်သားပဲ နွဲ့လဲ ကလေးမွေးလောက်ပြီလို့လေ... သင်းကလေးကို ကိုယ်ဝန်လွယ်တာရောမွေးရဖွားရတာပါ ခက်ခဲနာကျင်လွန်းလို့ တခြားကို အာရုံမရောက်နိုင်ဖြစ်သွားခဲ့ရတာပါ နွဲ့ရေ....သူ့ကို‌မွေးရတာက သားကြီးကိုမွေးချိန်တုန်းကနဲ့များ တခြားစီရယ်...သားကြီးကိုမွေးတုန်းကဆိုရင် ဗိုက်နာလို့နာလိုက်မှန်း‌တောင်မသိလိုက်ရပါဘူး...မွေးဖို့ဖွားဆို့သွားတော့လဲ ရာသီဥတုတိုဆိုတာကြည်လင်သာယာလို့ ...တကယ့်ကိုနတ်‌ကောင်းနတ်မြတ်တွေကပေးတဲ့နတ်သားလေးကို မွေးရသလိုပါပဲ ..အလုပ်အကိုင်ဆိုတာကလဲ အစ်ကို‌ကျော်သာရဲ့ပွဲရုံဆိုတာလဲ အရောင်းအဝယ်‌တွေ‌ကောင်းလိုက်တာများ ငွေကိုမ‌ရေနိုင်ဘူးရယ်... သင်းလေးကိုမွေးတော့များ ရာသီဥတုဆိုတာများ မဖြစ်စဖူးဆိုးလိုက်တာ..လူလဲဗိုက်နာလိုက်တာများဆိုတာ တစ်ခါတည်း‌ေ(သချင်စိတ်ပါပေါက်တယ်...အစ်ကိုကျော်သာရဲ့ ပွဲရုံကလဲအရောင်းထိုင်းလိုက်တာများ...ကုန်‌တွေမိုးမိလို့ရှုံးတာကပါသေးတယ်..ဒါကြောင့်လဲ သူ့ကို အစ်ကိုကျော်သာနာမည်တောင်မပေးဖြစ်ဘူး...သူ့ကိုမွေားဖွားချိန်နဲ့လိုက်ဖက်တဲ့ နာမည်ပဲပေးပစ်လိုက်တာ ..မိုးရိပ်မာန်တဲ့လေ " " ဟယ် ..မိုးရိပ်မာန်တဲ့လား...နာမည်လေးကတော့ ခေတ်နဲ့အလိုက်လှသားပဲ..သားလေးကချစ်စရာ‌လးပါ မူမူရယ် " "အမယ်လေး ...အဲ့ဒါ‌တော့ဟုတ်ပ ...သူက ဖအေနဲမအေရုပ်ကိုအမိအရယူထားလေးတော့ ရုပ်‌လးက‌တာ့ ချစ်စရာ‌လေးပါပဲ...အကျင့်ကတော့အ‌တာ်ဆိုးသားပဲ နွဲ့ရေ...နေ့နေ့ညညဂျစ်ကျ‌ချင်‌နေတော့တာ‌လေ ...ဇွဲကလဲကြီးဆိုးကလဲဆိုးပါ့ဆိုတာများ ..." ခင်မူမူသည် ငယ်သူငယ်ချင်းဖြစ်‌သူ မနွဲ့ပိုအားပွင့်လင်းစွာနှင့်ပင် ညည်းညူပြောဆိုနေခဲ့‌လေသည်။မနွဲ့ပိုသည် ခင်မူမူအတွက်တော့ မှု‌လောက်စရာမရှိသည် နွမ်းနွမ်းပါးပါးသူငယ်ချင်းတစ်ယောက်ပေပဲမို့ ခင်မူမူသည်လည်း သူမ၏အတွင်းစိတ်မှ စိတ်တစ်ချို့ကို ဘာကိုမျှဂရုမစိုက်ဘဲထုတ်‌‌ဖော်‌ပြောနိုင်သူတစ်ယောက်ဟုလည်း ဆိုရ‌ပေလေမည် ။ " ဒီလိုဆိုရင်ဖြင့်လဲ ...သားလေးမိုးရိပ်မာန်ကို နွဲ့တို့ကိုပေးလိုက်မလား မူမူ.,..နွဲ့တို့မှာက သမီး‌လေးတစ်ယောက်ရှိတာဆိုတော့ အ‌တော်ပဲဖြစ်သွားတာပေါ့ " မနွဲ့ပိုသည် သူငယ်ချင်းဖြစ်သူအား စသလိုနောက်သလိုနှင့်‌ပြောလိုက်လေသည်။ထိုအခါ ခင်မူမူတစ်ယောက်မှာ ချက်ချင်းပင် မျက်နှာ‌လေးမဲ့သွားခဲ့ရပြီးလျှင် " ‌ပေးလို့ရရင်ပေးပစ်လိုက်ချင်သား နွဲ့ရေ...သူ့အဘွားကလဲ ရွာကိုခေါ်သွားမယ်လို့ပြောပါရဲ့..ဒါနဲ့ဘယ်ဖြစ်လိမ့်မလဲ နွဲ့ရယ်...ပတ်ဝန်းကျင်ဆိုတာက ရှိသေးတယ်မဟုတ်လား..ကိုကျော်သာနဲ့ခင်မူမူတို့က သူတို့သားအရင်းကို သူတို့ကိုယ်တိုင်မ‌မွေးနိုင်လို့ ...တခြားသူကိုမွေးခိုင်းတယ်လို့သာ သတင်းထွက်ကြည့်ပါလား ...တစ်သက်လုံး‌စောင့်ထိန်းခဲ့ရသမျှ နာမည်တွေပျက်ရချည်ရဲ့‌‌ပေါ့... ..ဒါကြောင့်လဲ လောလောဆယ်‌တော့ အမေ့ကို အိမ်မှာ မကြာခဏခေါ်ထားရတာလေ..,,ဟယ်..ကြည့်စမ်းပါအုံး နွဲ့ရေ...စကား‌ကောင်းနေလိုက်တာ သားကြီးကိုကြိုဖို့နောက်ကျနေပြီပဲ ...သွားကြမယ်နွဲ့ရေ....အပြန်ကျရင် ‌ဆေးခန်းဝင်ပြဖို့ အစ်ကိုကျော်သာနဲ့ချိန်းထားတယ်‌လေ...ကိုယ်ဝန်က ခြောက်လ‌‌ကျော်နေပြီမို့ ဂရုစိုက်နေရတယ်နွဲ့‌ရေ,..."

သူနာပြုဆရာမလေး၏ ဖြေသံအဆုံးတွင် ကို‌ကျော်သာသည် ရင်ခုန်စိတ်လှုပ်ရှားတုန်လှုပ်နေရာမှ စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ရပြီးလျှင် သက်ပြင်း‌မောကိုချလျက် အနီးရှိထိုင်ခုံတွင် ထိုင်ချလိုက်လေတော့သည်။ဇနီးသည်ရောက‌လေး‌လေးပါ ကျန်းကျန်းမာမာရှိပါလျက်နှင့် ကိုကျော်သာတစ်ယောက် အဘယ်အတွက်ကြောင့် ဤကဲ့သို့စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်ဆိုသည်ကို ကိုကျော်သာသည်သာ အသိဆုံးဖြစ်ပါ‌လေသည်။ **a*k*y*i* p*h*y u*** " မူမူ...ကလေးကိုကြည့်အုံးလေ " ကိုကျော်သာသည် ဇနီးဖြစ်သူ၏ ရင်ခွင်ထဲသို့ က‌လေးကိုထည့်ပေးလိုက်ပြီး‌‌‌နောက် ခပ်တိုးတိုး‌‌ပြောလိုက်လေသည်။ခင်ပွန်းဖြစ်သူ၏ အသံကိုကြားလိုက်ရသည့်အခါတွင် ခင်မူမူသည် မျက်လုံးလေးများကိုဖွင့်ကြည့်လိုက်ပြီးနောက်တွင် နှုတ်ခမ်းကိုခပ်တင်းတင်းဖိကိုက်ပစ်လိုက်လေသည်။သူမရင်ထဲတွင် မ‌ကျေမနပ်ဖြစ်ခြင်းများနှင့်အတူ ကြိတ်မနိုင်ခဲမရနှင့်ဖြစ်နေခဲ့‌လေသည်။ " သမီးလေးအတွက် ရည်ရွယ်ပြီး မူမူတို့ပြင်ဆင်ထားခဲ့ရတာတွေက ဘယ်လိုလုပ်ရမှာလဲ အစ်ကိုရယ် " " မူမူရယ်....ဖြစ်လာမှာတော့လဲ အစ်ကိုတို့လက်ခံကြရုံပေါ့ ..ဘယ်လိုလုပ်လို့ရမှာလဲ " " အဟင့်ဟင့် ...အစ်ကိုရယ် မူမူတို့သမီးလေးရဖို့အတွက် ဘယ်လောက်‌တောင်ဆု‌တွေ‌တောင်းခဲ့ကြသလဲ ...ဆရာတွေလုပ်ခိုင်းတာမှန်သမျှ ယတြာ‌တွေလဲလုပ်ခဲ့ကြတယ်လေ....သမီးလေးဖြစ်ဖို့အတွက်နိမိတ်ဆောာင်အောင် မိန်းကလေးအသုံးအဆောင်တွေပဲ ပြင်ဆင်ခဲ့ကြတာလေ...အစစအရာရာအားလုံးပြင်ဆင်ခဲ့တာတောင်မှ ....အခု‌‌တော့မူမူတို့အတွက် မလိုအပ်‌တာ့တဲ့ယောက်ျား‌လေးတဲ့လားရှင်...‌‌သားဆိုတာသားကြီးတစ်‌ယောက်နဲ့တင်လုံလောက်နေပါပြီအစ်ကိုရယ်...အခုချိန်မှာမူမူတို့အတွက် လိုအပ်နေတဲ့ကွက်လပ်လေးက သမီးလေးပါ..သားယောက်ျားလေးမဟုတ်ဘူး..အစ်ကိုလဲ ‌သားယောက်ျားလေးဆိုတော့ စိတ်ညစ်သွားတယ်မဟုတ်လားဟင် ....မူမူတို့ရဲဩရသသားကြီးကိုအနိုင်ယူမဲ့ သားယောကျ်ား‌‌လေးကို မူမူတော့ မလိုချင်တော့တာအမှန်ပါပဲ " ခင်မူမူသည် အံလေးကိုဖိကြိတ်ထားလျက်မှ စိတ်ညစ်စိတ်ပျက်စွာညည်းညူ‌ပြောဆိုနေသကဲ့သို့ ခင်ပွန်းဖြစ်သော ကိုကျော်သာသည်လည်း ဇနီးသည်၏ အလိုမကျမှုများကို မျက်နှာမူရာပျက်ယွင်းစွာနှင့်ထောက်ခံ‌နေခဲ့‌လေသည်။ကိုးလဆယ်လလုံးလုံးသူတို့ဇနီးမောင်နှံနှစ်ယောက် ပျော်ရွှင်ကြည်နူးစွာတည်ဆောက်ထားခဲ့သော စိတ်ကူးယဉ်ကမ္ဘာလေးသည် ပျက်စီးသွားခဲ့ရသည်မဟုတ်ပါလား‌လေ။ ***a*k*y*i* p*h*y u*** " မူမူရယ်.....‌မြေးလေးကိုနို့တိုက်ပါအုံးလားကွယ်..ကလေးက မိခင်နို့်မစို့ရ‌တော့ သိပ်ပြီးမသန်ချင်ဘူး" ခင်မူမူ၏မိခင်ကြီး ဒေါ်ခင်မြသည် သနားစရာ‌မြေးငယ်‌လးကိုကြည့်၍ သမီးဖြစ်သူကိုချော့မော့ကာ‌ပြောလိုက်‌လေသည်။ " အို...အမေရယ်...အဲ့ဒီမှာ နို့်မုန့်‌တွေဝယ်ပေးထားတာပဲ ..ဘာလိုအလုပ်ရှုပ်ခံပြီးနို့်တိုက်နေရအုံးမှာလဲ ..ဒီမှာ သားကြီးက သိပ်ပြီးနေ‌ကောင်းတာမဟုတ်ဘူး...သူ့ကိုမွေးပြီးကတည်းက သားကြီးခမျာချူချာလိုက်တာ..သူကသားကြီးရဲ့ကံကောင်းခြင်း‌‌‌တွေကို အကုန်စုပ်ယူနေတာထင်တယ်...လူလေးက လသားအရွယ်ရှိ‌သေးတယ်..အကြော‌လေးကလဲတင်းနေရော..ငိုရင်လဲမတိတ်တော့ဘူး..သားကြီးတုန်းကအဲ့ဒီလိုမဟုတ်ပါဘူး...အမြဲမျက်နှာလေးကိုချိုပြုံးနေတာပဲ ....သားကြီးက သုံးနှစ်ထဲရောက်လာပြီဆိုတော့ သားကြီးကိုဂရုစိုက်မှဖြစ်မယ်အမေ...သူ့ကိုအမေမထိန်းချင်ရင်လဲ မိလုံးနဲ့ပဲထားလိုက်ပါ...သူ့ဘာသာနေလိမ့်မယ် " " အို....မူမူရယ်...မဟုတ်တာ...မိလုံးကနားကန်းတစ်လုံးနားမလည်တဲ့‌ပေါတိ‌ပေါချာ‌လေ...ဒီလသားကလေးကို မိလုံးနဲ့ထားလို့ဖြစ်ပါ့မလား....‌နေ..‌နေ ညည်းတို့ကလေး ညည်းတို့မထိန်းချင်လဲ ငါ့ဘာသာထိန်းပါ့မယ် " ‌ ဒေါ်ခင်မြသည် မိလုံးဆိုသော နာမည်ကိုကြားလိုက်သည်နှင့် မြေး‌ငယ်လေးကို ကောက်ချီလိုက်ပြီးလျှင် တဖျစ်ဖျစ်‌တောက်‌တောက်နှင့်‌ ပြောလိုက်‌လေ‌တော့သည်။မိလုံးဆိုသည်မှာက သမီးဖြစ်သူ၏အိမ်တွင် ထမင်းချက်‌သောထမင်းချက်ဒေါ်ပု၏မြေးမလေးဖြစ်သူ ဉာဏ်ရည်မပြည့်သည့် ကလေးမကို‌ပြောသည်လေ။ဒေါ်ခင်မြမှာ သမီးဖြစ်သူမီးဖွားတုန်းမှာ ခဏတဖြုတ်လာကူပေးနေသည်ဖြစ်၍ သမီးဖြစ်သူနှင့်သမက်အပေါ်တွင်ဩဇာလည်းမညောင်းပါ။‌ပြီးလျှင် ဒေါ်ခင်မြမှာ သမီးနှင့်သမက်လိုပညာတတ်သူလည်းမဟုတ်သလို တောရွာနယ်ဘက်တွင်စိုက်ပျိုး‌ရေးခြံလေးလုပ်ပြီးရင်ဆိုင်‌ကျော်ဖြတ်‌နေရသူ မုဆိုးမဖြစ်သောကြောင့် သမီးနှင့်သမက်သည်လည်း ‌‌ဒေါင်ခင်မြကို အကြောင်းရှိမှာသာ သတိရတတ်‌သော၊သူတို့၏အိမ်တိုက်တာကြီးဆီသို့ အခေါ်လွှတ်တတ်ကြသည့်အ‌နအထား‌ဖြစ်လေ၏။ခင်မူမူနှင့်ကိုကျော်သာတို့မှာ ‌ပြင်ဦးလွင်မြို့၏မရှိမရှားလူတန်းစားများနေထိုင်ရာအရပ်‌ဒေသတွင် နေထိုင်ကြသူများဖြစ်ကြသောကြောင့် ဘဝင်လေးလည်းရှိကြသည်။မာန်မာနများလည်း ရှိကြ၏။နှစ်ဦးလုံးမှာ အလုပ်အကိုင်ကိုယ်စီနှင့်မြင့်မားသော ရည်မှန်းချက်များလည်းထားရှိကြသည်။အစစအရာရာကိုလည်း သူတို့စိတ်တိုင်းကျဖြစ်နိုင်သမျှဖြစ်အောင် စီမံ‌နေထိုင်ကြသူများဖြစ်ကြသည်။ဘဝကိုကြုံလာသလိုရင်‌ဆေိုင်မည်ဟု ဆုံးဖြတ်ထားကြသည်ထက် မည်သို့မည်ပုံတိုးတက်အောင်လုပ်ကြမည်ဟု အစစအရာရာစီမံကိန်းချပြီး‌နေထိုင်ကြသူများဖြစ်ကြသည်။ထိုသို့စီမံကိန်း‌ရေးဆွဲသည့်နေရာတွင်မူ

#ချစ်ကြိုးလိမ် (အခန်းဆက်ဝတ္ထု) အပိုင်း (၁) စာရေးသူ...ဧကြည်ဖြူ akyiphyu *a*k*y*i* p*h*y** u*** " ဂျိမ်း...ဒလိန်း...ဒိန်း ...ချုန်း " " ဝ‌‌ရော...ဝရော...ဝရော " ကောင်းကင်ယံထက်မှ မိုးခြိမ်းသံများ၊မိုးကြိုးပစ်ချသံများနှင့်အပြိုင် ကောင်းကင်ကြီးတစ်ခုလုံး မည်းမှောင်ပြီးမိုးသီးမိုးပေါက်များသည်လည်း ‌တဝေါ‌ဝေါတဝုန်းဝုန်းနှင့်ရွာသွန်းနေခဲ့လေသည်။နေ့လယ်နေ့ခင်းပိုင်းကြီးဖြစ်လင့်ကစား‌‌‌‌ ကောင်းကင်ကြီးတစ်ခွင်လုံးနှင့်လောကကြီးတစ်ခုလုံးတွင် လူရိပ်ပင်မသဲကွဲဘဲဖြစ်‌နေခဲ့လေသည်။ "အမယ်လေး နာလိုက်တာအမေရယ်...လုပ်ပါအုံး ...ကယ်ပါအုံး " " ခဏ‌‌လေးသည်းခံပါ‌ မူမူရယ်...‌မကြာခင်မွေး‌တော့မှာပါ ..မြေး‌ကြီးတုန်းကလဲ ကြုံဖူးပြီးပြီပဲဟာ " " ဟင့်အင်း...ဒီကလေးက ပိုနာတယ်အ‌မေရဲ့.....‌ကိုကျော်သာ..ကိုကျော်သာဘယ်မှာလဲ ..ကျွန်မနာလွန်းလို့ကယ်ပါအုံးရှင် " " မူမူ...ခဏလေးသည်းခံပါကွာ..အစ်ကိုလဲ မူမူအတွက်ရသမျှဘုရားဂုဏ်တော်တွေအကုန်ရွတ်နေတယ်သိလား ..ဆရာမ ကျွန်တော့်မိန်းမကိုကြည့်ပေးပါအုံးခင်ဗျာ " ကိုကျော်သာသည် ဗိုက်နာနေသောဇနီးသည်ကိုလည်းနှစ်သိမ့်ရင်းမှ သူနာပြုဆရာမ‌လေးများကိုလည်း အကူအညီတောင်းလိုက်‌လေသည်။ " မခင်မူမူခဏလေးသည်းခံပါ‌နော် ..မကြာခင်‌မွေးတော့မှာမို့ ခဏ‌လေးသည်းခံပါအုံး...ဆေးရုံကိုအချိန်မီရောက်လာပြီး ...လူနာဒီလိုမျိုးအော်နိုင်‌နေတာကိုက မွေးဖို့ဖွားဖို့ခွန်အားအပြည့်မို့ စိတ်မပူပါနဲ့ရှင်...ဆရာဝန်ကြီးတွေကလဲ အဆင်သင့်ရှိပါတယ်ရှင် " သူနာပြုဆရာမများသည် ‌မွေးလူနာဖြစ်သော ခင်မူမူကိုကြည့်ပြီး ကြုံဆုံနေကြအတွေ့အကြုံရင့်နေသည့်‌လေသံနှင့် အေး‌ဆေးစွာနှစ်သိမ့်နေခဲ့သော်လည်း ‌ခင်မူမူ၏မိခင်ဖြစ်သူနှင့် ခင်မူမူ၏ခင်ပွန်းဖြစ်သူကိုကျော်သာတို့မှာမူ လူနာရှင်များဖြစ်သောကြောင့် အ‌တော်လေးကိုပျာယာခတ်လျက်ပင် စိုးရိမ်သောကများနေကြလေသည်။ပုံမှန်အချိန်ဆိုလျှင် ဤမျှ‌လောက်စိုးရိမ်မိကြမည်မထင်သော်လည်း ယနေ့လိုမျိုးဇနီးဖြစ်သူ ခင်မူမူအသည်းအသန်ကိုဗိုက်နာသောအချိန်မျိုးမှာမှ ‌ကောင်းကင်ထက်ရှိ မိုးမင်းကြီးသည်လည်း‌ကြောက်စရာကောင်းအောင်ရွာသွန်းနေခဲ့သည်။နေ့လား၊ညလား မခွဲခြားနိုင်‌လောက်‌‌အောင်ပင်မည်း‌မှောင်နေသည့် အချိန်ကာလကြီးကို သူတို့သဘောမတွေ့နိုင်ဖြစ်‌နေခဲ့ကြတာကြောင့်လည်းပါပေသည်။မြန်မာလူမျိုးတို့ဟူသည် အတိတ်‌နိမိတ်များကိုအလွန်ယုံကြည်‌ကြ‌သောကြောင့်လည်း ဤကဲ့သို့အ‌ခြေ‌အနေမျိုးကို စိတ်ဘဝင်မကျနိုင်ဖြစ်နေခဲ့ကြခြင်းဖြစ်‌လေသည်။အမှန်တကယ်မှာမူ မိုးရာသီမိုးတွင်းကာလရာသီမှာ မိုးရွာသည်မှာအဘယ်သို့ထူးခြားဆန်းပြား‌သော နိမိတ်ဆိုတာရှိ‌ပါလေမည်နည်း။ " အမယ်‌လေး နာလိုက်တာ‌‌နော် ...‌မွေးပေးကြပါ‌တော့ရှင် ...မခံနိုင်‌တော့လွန်းလို့ပါ " ခင်မူမူ၏နာကျင်စွာ‌အော်ဟစ်ညည်းတွားနေခဲ့သော အသံသည် မိခင်ဖြစ်သူနှင့်ခင်ပွန်းဖြစ်သူတို့၏ စိတ်ဘဝင်နှလုံးကို ထိခိုက်နာကျင်စေခဲ့‌လေသည်။ " ဟင်း ..မိုးကလဲသည်းလိုက်ထန်လိုက်တာကွယ်...သမီးကြီးခမျာ သားဦး‌လေး‌မွေးတုန်းက‌တောင် ဒီလောက်ဒုက္ခမခံရဘူးလားလို့ ‌မောင်ကျော်သာရယ် " " ဟုတ်တယ် ဒေါ်ဒေါ်ရယ်..သားကြီးတုန်းက မူမူဒီလောက်မခံရဘူး‌‌‌နော် ...ကျွန်‌တော်သာကိုယ်စားဖြစ်လို့ရရင် ဖြစ်ပေးလိုက်ချင်ပါတယ် ဒေါ်ဒေါ်ရယ် " ကိုကျော်သာသည် စိတ်မကောင်းခြင်းကြီးစွာနှင့်ပြောလိုက်လေသည်။ " အမေ..အမေရယ်...ကိုကျော်သာလုပ်ပါအုံး ..သားကြီးရော..သားကြီးဘယ်မှာလဲ ကိုကျော်သာ " "သားကြီးက အိမ်မှာရှိပါတယ်မူမူရယ် ...သားကြီအတွက်စိတ်မပူပါနဲ့ မိန်းမပဲသက်သာအောင်နေပါကွာ " " အင်း ..ကျွစ်..ကျွစ် ....နာလိုက်တာကိုကျော်သာရယ် ...ဘာလို့ ဒီလောက်တောင်များ နာရတာလဲ မသိပါဘူး..ဆရာမလုပ်ပါအုံးရှင် ...အား " " ဟာ...လူနာရှင်‌‌တွေ ဖယ် ...ဖယ် ...လူနာကို မွေးခန်းထဲထည့်မယ် " ခင်မူမူ၏ နာကျင်စွာအော်ဟစ်လိုက်သံအဆုံးတွင် လူနာသီးသန့်ခန်း‌လေးထဲတွင် ဆူညံပျာယာခတ်သွားကြလေသည်။သူနာပြုများနှင့်သူနာပြုအကူ‌လေးများသည် မွေးလူနာ ဖြစ်သော ခင်မူမူကို မွေးခန်းထဲသို့ ခေါ်ဆောင်သွားကြ‌လေ‌တော့သည်။ **a*k*y*i* p*h*y u*** '" အူဝဲ ...အူဝဲ...အူဝဲ " "မွေး..‌မွေးပြီထင်တယ် ဒေါ်ဒေါ် " ကလေးငိုသံသဲ့သဲ့ကိုကြားလိုက်ရသည်နှင့် ကို‌ကျော်သာတစ်ယောက် ထိုင်မရထမရနှင့် ကုန်းကုန်းကွကွဖြစ်နေရာမှ ‌‌ခေါင်း‌မွေးများပင်ဆတ်ခနဲတောင်ထသွားသလားထင်ရလေသည်။‌ကိုကျော်သာနှင့်ယောက္ခမဖြစ်သူတို့ မွေးလူနာခန်းဝတွင် စိတ်လှုပ်ရှားလျက်ရှိနေကြစဉ်မှာပင် မွေးခန်းထဲမှဆရာမတစ်‌ယောက်ထွက်လာခဲ့လေသည်။ "ကို‌ကျော်သာရဲ့ဇနီးမခင်မူမူမွေးပါပြီရှင် ...က‌လေး‌ရော..လူကြီးပါကျန်းမာပါတယ် " " ‌ဗျာ ..ဟုတ်..ဟုတ်ကဲ့...ဟို...သမီးလေးလားဆရာမ " ကိုကျော်သာသည် စိတ်လှုပ်ရှားတုန်ယင်စွာနှင့်ပင် ‌သူနာပြုဆရာမလေးကို မေးလိုက်လေသည်။ " သမီး‌လေးမဟုတ်ပါဘူးရှင် ....သားလေးပါရှင် " " ဗျာ "

စာချစ်သူတို့ရှင် fb မှာ VPN မရလို့ Tele ကနေပဲ စာမူ့ဖတ်ချင်သူများရှင် စာမူကို မန်ဘာကြေးနဲ့ရောင်းပါမယ် စာဖတ်ချင်သူရဲ့ chat box ကိုပဲ တိုက်ရိုက် သီးသန့် စာတစ်ပိုင်းချင်းစီ ပို့ပေးမှာပါ လင့်တွေ မပို့ပါ စာမူအပိုင်း ၃၀ ရှိရင် ၃၀ ပိုင်း ပို့ပေးမှာပါ မန်ဘာကြေး ကတော့ တော့ အပိုင်း ၃၀ အောက်ကို ၃၀၀၀ ကျပ်ပါ အပိုင်း ၃၀ ကျော်ရင် ၅ဝဝဝ ကျပ်ပါရှင် အောက်မှာ ဖတ်လို့ရမဲ့ စာမူ့ ခေါင်းစဉ်တွေပါရှင် ရေးလက်စ မပြီးသေးတာလဲ ရှိပါတယ် ၁= ရင်ဝှက်ရှိုက်သံ (စ/ဆုံ) ၂= ချစ်ခြင်းနဲ့လင်းတဲ့ကြယ် (စ/ဆုံး) ၃=မဟူရာည၏သတို့သမီး ( စ/ဆုံး) ၄= နှင်းရီ ( စ/ဆုံး) ၅= ချူ (စ/ဆုံး) ၆= သံယောဇဉ်ကမ်းပါး (စ/ဆုံး) ၇= မုန်းမာန် (စ/ဆုံး) ၈= တစ်ခုလပ် (စ/ဆုံး) ၉= အဝါရောင်ရဲတိုက် ( စ/ဆုံး) ၁၀=ဘီနာ (စ/ဆုံး) ၁၁= ရူးနေတဲ့ကြယ် (စ/ဆုံး) ၁၂= တိမ်ခိုးဝေတဲ့နွေ (စ/ဆုံး) ၁၃=ရင်ဘတ်ပေါ်ကနှင်းဆီ (စ/ဆုံး ) ၁၄= စိန်ပန်းမြိုင်မှအိမ်နီကြီး (စ/ဆုံး ) ၁၅= နွေလယ်အိပ်မက် (စ/ဆုံး ) ၁၆= သူဖန်ဆင်းသော (စ/ဆုံး ) ၁၇= ကျိန်စာသင့်ချစ်သူနှင့် ပျောက်ဆုံးနေသော ရွာ (စ/ဆုံး) ၁၈= ပျောက်ဆုံးနေသောမြို့ (စ/ဆုံး ) ၁၉=ဣတ္ထိထိယစံအိမ် (စ/ဆုံး) ၂၀=အလတ်မလေး (စ/ဆုံး) ၂၁= အမှိုက်ပုံကျူးကျော်တဲအချစ် (စ/ဆုံး) ၂၂= လျှို့ဝှက်သောခရီး (စ/ဆုံး) ၂၃= လက်တွဲဖော် (စ/ဆုံး ) ၂၄=ပန်းတွေပွင့်ချိန် (စ/ဆုံး) ၂၅ = စံအိမ်ခေါ်သံ (စ/ဆုံး) ၂၆=ရင်တွင်းနာ (စ/ဆုံး) ၂၇= မနှင်းဆီနှင့်မိုးတစ်ည အရှုပ်တော်ပုံ (စ/ဆုံး ) ၂၈=မာယာမိုးတိမ် (စ/ဆုံး) ၂၉= နေရာ (စဆုံး) ၃၀= မြကလေး (စဆုံး ) ၃၁= ဇနီဟောင်း (စဆုံး) ၃၂= တောင်စဉ်ခုနစ်သွယ် (စ/ဆုံး ) ၃၃=ရင်ဝှက်တံခါး (စ/ဆုံး) ၃၄= မြနှင်းမှုံမှုံ ( စ / ဆုံး ) ၃၅= မာယာကစားပွဲ (စ/ဆုံး) ၃၆=မွှန် (စဆုံး) ၃၇= နွေလမ်း (စ/ဆုံး) ၃၈= အမုန်းနယ်နိမိတ် (စ/ဆုံး) ၃၉= ကမ်းနားလမ်းကအိမ်လေး (စ/ဆုံး) ၄၀= ဘေးအိမ်ကလူ ( စဆုံး) ၄၁= ညဧည့်သည် (စဆုံး) ၄၂ = ဆိုက်ကို (group ) စ/ဆုံးရ ၄၃= ချစ်ခွင့် (group) စ/ဆုံးရ ၄၄ = စိတ္တဇနွံ (group )(စ/ဆုံး) ၄၅ = မိုးသည်းလေထန် (စ/ဆုံး ၄၆ = ချစ်ကြိုးလိမ် ( ရေးသားဆဲ ၁၅ ပိုင်းပဲ ရ / အပိုင်း ၃၀ ကျော်မှာပါ စာရေးသူ ဧကြည်ဖြူ A Kyi Phyu ရဲ့ KPay /Wave Acc တွေပါရှင် Chat box မှ ဆက်သွယ်လို့ ရပါတယ် Ph=09773745413 Kp 09773745413 Lai Lai win Wave 09773745413 Lae Lae win A Kyi Phyu ဧကြည်ဖြူ

စာချစ်သူတို့ရှင် fb မှာ VPN မရလို့ Tele ကနေပဲ စာမူ့ဖတ်ချင်သူများရှင် စာမူကို မန်ဘာကြေးနဲ့ရောင်းပါမယ် စာဖတ်ချင်သူရဲ့ chat box ကိုပဲ တိုက်ရိုက် သီးသန့် စာတစ်ပိုင်းချင်းစီ ပို့ပေးမှာပါ လင့်တွေ မပို့ပါ စာမူအပိုင်း ၃၀ ရှိရင် ၃၀ ပိုင်း ပို့ပေးမှာပါ မန်ဘာကြေး ကတော့ တော့ အပိုင်း ၃၀ အောက်ကို ၃၀၀၀ ကျပ်ပါ အပိုင်း ၃၀ ကျော်ရင် ၅ဝဝဝ ကျပ်ပါရှင် အောက်မှာ ဖတ်လို့ရမဲ့ စာမူ့ ခေါင်းစဉ်တွေပါရှင် ရေးလက်စ မပြီးသေးတာလဲ ရှိပါတယ် ၁= ရင်ဝှက်ရှိုက်သံ (စ/ဆုံ) ၂= ချစ်ခြင်းနဲ့လင်းတဲ့ကြယ် (စ/ဆုံး) ၃=မဟူရာည၏သတို့သမီး ( စ/ဆုံး) ၄= နှင်းရီ ( စ/ဆုံး) ၅= ချူ (စ/ဆုံး) ၆= သံယောဇဉ်ကမ်းပါး (စ/ဆုံး) ၇= မုန်းမာန် (စ/ဆုံး) ၈= တစ်ခုလပ် (စ/ဆုံး) ၉= အဝါရောင်ရဲတိုက် ( စ/ဆုံး) ၁၀=ဘီနာ (စ/ဆုံး) ၁၁= ရူးနေတဲ့ကြယ် (စ/ဆုံး) ၁၂= တိမ်ခိုးဝေတဲ့နွေ (စ/ဆုံး) ၁၃=ရင်ဘတ်ပေါ်ကနှင်းဆီ (စ/ဆုံး ) ၁၄= စိန်ပန်းမြိုင်မှအိမ်နီကြီး (စ/ဆုံး ) ၁၅= နွေလယ်အိပ်မက် (စ/ဆုံး ) ၁၆= သူဖန်ဆင်းသော (စ/ဆုံး ) ၁၇= ကျိန်စာသင့်ချစ်သူနှင့် ပျောက်ဆုံးနေသော ရွာ (စ/ဆုံး) ၁၈= ပျောက်ဆုံးနေသောမြို့ (စ/ဆုံး ) ၁၉=ဣတ္ထိထိယစံအိမ် (စ/ဆုံး) ၂၀=အလတ်မလေး (စ/ဆုံး) ၂၁= အမှိုက်ပုံကျူးကျော်တဲအချစ် (စ/ဆုံး) ၂၂= လျှို့ဝှက်သောခရီး (စ/ဆုံး) ၂၃= လက်တွဲဖော် (စ/ဆုံး ) ၂၄=ပန်းတွေပွင့်ချိန် (စ/ဆုံး) ၂၅ = စံအိမ်ခေါ်သံ (စ/ဆုံး) ၂၆=ရင်တွင်းနာ (စ/ဆုံး) ၂၇= မနှင်းဆီနှင့်မိုးတစ်ည အရှုပ်တော်ပုံ (စ/ဆုံး ) ၂၈=မာယာမိုးတိမ် (စ/ဆုံး) ၂၉= နေရာ (စဆုံး) ၃၀= မြကလေး (စဆုံး ) ၃၁= ဇနီဟောင်း (စဆုံး) ၃၂= တောင်စဉ်ခုနစ်သွယ် (စ/ဆုံး ) ၃၃=ရင်ဝှက်တံခါး (စ/ဆုံး) ၃၄= မြနှင်းမှုံမှုံ ( စ / ဆုံး ) ၃၅= မာယာကစားပွဲ (စ/ဆုံး) ၃၆=မွှန် (စဆုံး) ၃၇= နွေလမ်း (စ/ဆုံး) ၃၈= အမုန်းနယ်နိမိတ် (စ/ဆုံး) ၃၉= ကမ်းနားလမ်းကအိမ်လေး (စ/ဆုံး) ၄၀= ဘေးအိမ်ကလူ ( စဆုံး) ၄၁= ညဧည့်သည် (စဆုံး) ၄၂ = ဆိုက်ကို (group ) စ/ဆုံးရ ၄၃= ချစ်ခွင့် (group) စ/ဆုံးရ ၄၄ = စိတ္တဇနွံ (group )(စ/ဆုံး) ၄၅ = မိုးသည်းလေထန် (စ/ဆုံး ၄၆ = ချစ်ကြိုးလိမ် ( ရေးသားဆဲ ၁၅ ပိုင်းပဲ ရ / အပိုင်း ၃၀ ကျော်မှာပါ စာရေးသူ ဧကြည်ဖြူ A Kyi Phyu ရဲ့ KPay /Wave Acc တွေပါရှင် Chat box မှ ဆက်သွယ်လို့ ရပါတယ် Ph=09773745413 Kp 09773745413 Lai Lai win Wave 09773745413 Lae Lae win A Kyi Phyu ဧကြည်ဖြူ

" ဟုတ်ကဲ့ ..သိနေတယ်ဆိုတာကလဲ ..ကိုနေသစ်ညီရဲ့အဘွားနဲ့အမေကခေါ်တွေ့ခဲ့လို့ပါ...ကိုနေသစ်ညီက ဒီဇိုင်းပိုင်းပဲအဓိကလုပ်သူဆိုတော့... လုပ်ငန်းပိုင်းအတွက်အခက်အခဲဖြစ်မှာစိုးလို့ထင်တယ် " " ဪ ...ဟုတ်တာတော့ဟုတ်ပါတယ်....ဒါပေမဲ့ ဒီပြိုင်ပွဲကို ကျွန်တော်သိပ်စိတ်မပါဘူးဗျ " "ရှင် " သည်တစ်ခါအံ့ဩသွားရသူမှာ ငွေနှင်းစက်ဖြစ်သည်။ " ဟုတ်ပြီလေ...ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ််...မပြိုင်ချင်ဘူးဆိုပေမဲ့ ..စမိပြီးဆိုရင်တော့ ဆုံးအောင်လုပ်ရမှာပေါ့လေ..ထပ်ပြီးဆက်သွယ်လိုက်မယ်နော် ..နှင်းစက်လည်း လိုအပ်တာရှိရင် ..ကျွန်တော့်ဆီကိုဖုန်းဆက်လို့ရပါတယ် " နှစ်ယောက်သား တစ်နာရီနီးပါးလောက်စကားပြောခဲ့ကြပြီးလမ်းခွဲခဲ့ကြသည်။ ====a===k====y=====i====p==h==y===u== အပိုင်း(၆)ဆက်ရန် A kyi phyu #ဧကြည်ဖြူ စာရေးသူ....ဧကြည်ဖြူ #မာယာမိုးတိမ် (အခန်းဆက်ဝတ္ထု) (စ/ဆုံး )Links akyiphyu *a*ky*iphy*u**** ( ၁) https://www.facebook.com/100067151540690/posts/764909259090785/ J https://www.facebook.com/100067151540690/posts/765419929039718/ ၃ https://www.facebook.com/100067151540690/posts/766002055648172/ ၄ https://www.facebook.com/100067151540690/posts/766587615589616/

" မရှိဘူးအစ်မ...ဧည့်သည်တွေနဲ့ချိန်းထားလို့လေ ...အပြင်ထွက်သွားတယ် " " ဟုတ်လား ..အဲ့ဒါကြောင့်ဖုန်းဆက်လို့်မရတာပဲ ..ဒါနဲ့ ‌လေ...ပြပွဲအတွက် ဘယ်သူ့ဒီဇိုင်းတွေကို ရွေးထားလဲသိလား " " အဲ့ဒါတော့ မသိဘူးအစ်မ ...သူဌေးက ဘာမှမပြောဘူး ..လျှို့ဝှက်ချက်ထင်တယ်..." " ဟုတ်လား ..ကျေးဇူးနော်...အမေ့ကိုပဲမေးလိုက်တော့မယ် " လရပ်နွေး နှုတ်ဆက်ပြီးပြန်ထွက်လာခဲ့သည်။သည်တစ်ခေါက်ပြပွဲမှာ သူမပုံစံငယ်လုပ်ထားသော အိပ်ခန်းတွင်းသုံးပရိဘောဂတဆက်စာကိုလည်း ပြပွဲမှာပြချင်သည်။ထို့်ကြောင့်လည်း မိခင်ကြီးထံကိုတင်ပြခဲ့သည်။သည်အတွက် အမေ့က ဘာမျှမပြောသေး ။ပုံးစံရိုးလွန်းသည်ဟုပဲကောက်ချက်ချခဲ့သည်။လရိပ်ကတော့ ကိုယ်လုပ်ထားသော ဒီဇိုင်းကို ကိုယ့်တိုင်အရမ်းကိုသဘောကျနေမိသည်။ဈေးကွက်ထံကိုလည်းဖြန့်ချင်မိသည်။သို့်သော်လည်း အမေကတုတ်တုတ်တောင်မလှုပ်။လရိပ်နွေး ကိုယ်တိုင် ထုတ်လုပ်ဖို့ကလည်းအင်အားမရှိ။စက်ရုံရဲ့သဘောတရားကိုနားမလည်။ပုံစံငယ်လုပ်ဖို့အတွက်တောင် စက်ရုံကသစ်တိုသစ်စများကို သွားသွားတောင်းရသလို။ရသောလုပ်အားခထဲမှ ဝယ်ရသည်။သည်လိုတွေဝယ်နေရသောကြောင့်လည်း လရိပ်နွေးမှာပိုက်ဆံမရှိ။အရောင်းဆိုင်၏စတိုခန်းထဲမှာတော့ ငွေကုန်ကြေးကျခံ။အချိန်ကုန်ခံပြီးပြုလုပ်ထားခဲ့သော သူမ၏နှလုံးသားများဟုလည်းခေါ်ထိုက်သော ပရိဘောဂပုံစံငယ်များ အများကြီးရှိသည်။ထုတ်လုပ်ရောင်းချနိုင်ဖို့အတွက်မူ လရိပ်မှာအခွင့်အာဏာမရှိချေ။ aK~y~i ~ p h ~.y~u သူ့ရှေ့မှာ အမူအရာတစ်ချက်မပျက်ဘဲ ထိုင်နေသော သူမကိုကြည့်ပြီး နေသစ်ညီနည်းနည်းတော့ လန့်ချင်သလိုဖြစ်သွားမိသည်။သူမပုံစံကရဲတင်းတာလား။သို့မဟုတ်လျှင် သူ့ကိုယ်သူယုံကြည့်မှုရှိလွန်းတာလားမသိ။လှတာကတော့အတော်လေးလှသည်။အဝတ်အစားအပြင်အဆင်ကလည်း ပြည်တွင်းဖြစ်တစ်ခုမှမပါ။ဖြောင့်စင်းရှည်လျားသောဆံပင်ရှည်များကြားမှ မျက်နှာသွယ်သွယ်ဖူးဖူးလေသည် အသက်(၂၇) နှစ်ဟုပင်ထင်ရက်စရာမရှိ။မင်းသမီးများလှတာလောက်ကို သနားသည်ဟုပြောမည့်အလှမျိုးပင်။သည်လိုအလှလေးမျိုးက ယခုအချိန်အထိ ချစ်သူရည်းစားမရှိသည်ကတော့ စဉ်းစားစရာပင်။ သူမ ရှေ့မှာထိုင်နေသော နေသစ်ညီကိုကြည့်ပြီး ငွေနှင်းစက်ရင်တွေ တဒိန်းဒိန်းခုန်နေသည်။ယောက်ျားများကို အသုံးချရုံသက်သက်သာ သဘောထားခဲ့သော သူမအတွက်ယောက်ျားတစ်ယောက်နှင့် ပတ်သက်ပြီးပထမဦးဆုံးရင်ခုန်သံဟုပဲပြောရမည်လား။ယောက်ျားပီသသော အရပ်အမောင်းနှင့် ရုပ်ရည်ချောမောကြည့်ကောင်းရုံသာမကဘဲ ကိုယ်ပိုင်လုပ်ငန်းလည်းရှိသည်။ပြီးလျှင် အရေးအကြီးဆုံးနောက်တစ်ချက်မှာ သူသည် ထိုက်မိသားစု၏အငယ်ဆုံးသားဖြစ်သည်။ဆောက်လုပ်ရေးလောကမှာ နာမည်ကြိးနေသောထိုက်မိသားစု။ထိုက်မိသားစုနှင့်အမျိုးစပ်နိုင်ဖို့အတွက် မျှော်လင့်နေကြသူ အများအပြားရှိသည်။ထိုက်မိသားစုမှာလည်း လူပျိုလူလွတ်ဆို၍သားအငယ်ဆုံးတစ်ယောက်သာကျန်သည်လေ။ထိုသို့ဂုဏ်ပုဒ်များကြောင့်ပဲ ငွေနှင်းစက် ရင်ခုန်နေမိသည်လားမသိ။သေချာသည်မှာ သည်ယောက်ျားသည် ငွေနှင်းစက်ဆိုသော သူမ၏ ဘဝလက်တွဲဖော်ဖြစ်ရမည်ဆိုသော ခိုင်မာသည့်ဆုံးဖြတ်ချက်ပင်ဖြစ်ပါလေသည်။ " ကိုယ်က ပွင့်ပွင့်လင်းလင်းပဲပြောတတ်လို့ ...ပြောမယ်နော် " နေသစ်ညီစကားစလိုက်သည်။ " ကိုယ့်ဘဝမှာ အိမ်ထောင်ပြုဖို့အတွက် ..တစ်ခါမှမတွေးခဲ့ဖူးဘူး..ဘာလို့လဲဆိုတော့ ...ကိုယ့်အကြောက်ဆုံးအရာကမိသားစုဆိုတဲ့ အသိုင်းအဝိုင်းဖြစ်နေလို့ပဲ....အဲ့ဒီတော့ ကိုယ်တို့နှစ်ယောက်.....ပထမဆုံးအဆင့်အနေနဲ့....မိတ်ဆွေတွေအဖြစ် ပေါ့ပေါ့ပါးပါးနဲ့ခင်မင်ကြတာပေါ့ကွာ....ကျန်တဲ့ကိစ္စတွေကိုတော့ နောက်မှအေးအေးဆေးဆေးဆွေးနွေးကြတာပေါ့ " နေသစ်ညီနှုတ်မှထွက်လာသော စကားကြောင့် ငွေနှင်းစက်မျက်နှာမပျက်အောင် မနည်းထိန်းလိုက်ရလေသည်။ယေက်ျားတိုင်းလိုလို၏ နှစ်သက်သဘောကျခြင်းကို ခံနေရသောငွေနှင်းစက်။ငွေနှင်းစက်လို့ နာမည်ကြားလိုက်ရုံနှင့် ကြွေဆင်းချင်နေကြသော သူမလူကို လက်ခံနိုင်ခြင်းမရှိသေးဟုတိုက်ရိုက်ပြောလာသောသူ့ကို ငွေနှင်းစက်ပိုပြီးတောင်သဘောကျမိသွားသည်။သူသည် ငွေနှင်းစက်အတွက်သာဖြစ်ရမည်ဆိုသော ဆုံးဖြတ်ချက်က ပိုပြီးခိုင်မာသွားလေသည်။ " ဟုတ်ကဲ့ ..နှင်းစက်လဲ အဲ့ဒီလိုပဲတွေးထားပါတယ် ကိုနေသစ်ညီ....မိဘသဘောတူပေးစားသူနဲ့ပဲအိမ်ထောင်ပြုရမဲ့ခေတ်လည်းမဟုတ်တော့ဘူးလေ ..မှန်တာပြောရရင် ..လုပ်ငန်းသဘောအရ မင်္ဂလာပွဲကျင်းပတာထက်..ကိုယ်တွေချင်းနှစ်သက်သဘောကျလို့်... ကျင်းပရတဲ့မင်္ဂလာပွဲပဲ ဖြစ်စေချင်တာ ...နှင်းစက်တို့နှစ်ယောက် စိတ်သဘောထားချင်းတိုက်ဆိုင်နေကြတယ်ဆိုတော့ ....ပိုပြီးအဆင်ပြေသွဒးတာပေါ့ " " ဟုတ်ကဲ့...ဒါဆိုရင်ရှေ့လျှောက် ..ကိုယ်တို့တွေ လုပ်ငန်းသဘောအရမဟုတ်ဘဲ ..မိတ်ဆွေတွေအဖြစ်ပါခင်မင်သွားကြတာပေါ့ နှင်းစက် " " ဟုတ်ကဲ့ ..သဘောတူပါတယ်ကိုနေသစ်ညီ ...ဒါနဲ့ ကိုနေသစ်ညီ.....ဆောက်လုပ်ရေးအတွက် လိုအပ်တယ်ဆိုရင်..ကျွန်မတို့ ငွေစင်ထွန်းမှာ ...ဆောက်လုပ်ရေးပိုင်းအင်ဂျင်နီယာကအစ ..အလုပ်သမားအဆုံးအဆင်ပြေအောင် ကူညီပေးနိုင်ပါတယ်နော် " " ဗျာ...နှင်းစက်က ဒီကိစ္စကိုသိနေတာလား "

" ကျွန်တော်စဉ်းစားပါ့မယ်အမေ...အမှန်တိုင်းပြောရရင် ....ထိုက်မိသားစုဆီက ဘာအမွေပစ္စည်းကိုမှ ကျွန်တော်မမက်မောဘူး .." " ဧဉ်းစားပါသားရယ်...နေထူးထိုက်က ဆောက်လုပ်ရေးအတွက် ..မင်းအဖေအလုပ်ထုတ်လိုက်တဲ့အဖွဲ့နဲ့ပြန်ဆက်သွယ်နေတယ်လို့ကြားတယ် .." "ဗျာ..အမေဒါတွေကိုဘယ်လိုသိတာလဲ ... ဒီသတင်းကနေထိုင်ခွင့်ရသူတွေအတွက်ရော...အလုပ်ခွင်ထဲကလူတွေအားလုံးအတွက်ပါ အန္တရာယ်များတယ် ..ဒါကိုအမေသိနေတယ်ဆိုတာကို သူသိသွားရင်... အမေ့ကိုရန်ပြုလိမ့်မယ် " နေသစ်ညီစိုးရိမ်ထိတ်လန့်စွာပြောလိုက်မိသည်။ " အမေ့အန္တရာယ်များတာကို သိပါတယ်..ဒါ့ပေမဲ့ သူတို့ကြောင့်လုပ်ငန်းခွင်မှာ ထိခိုက်သူတွေလဲများလိမ့်မယ်လေ ...ဒါတွေကိုမဖြစ်အောင်...သားကတားရမယ်...ဒီပြိုင်ပွဲမှာသားနိုင်အောင်လုပ်ရမယ်...မင်းအဖေကတော့ ထုံးစံအတိုင်း ...သူ့သားကြီးကိုပဲ ယုံကြည်နေတယ်လေ..ကြည့်ရတာမင်းအဘွားကတော့ ...သူ့မြေးလောဘကြီးတာ...အတ္တကြီးတာတွေကို ရိပ်မိလာပုဲရတယ်...ဒါကြောင့်လဲ သားကိုခေါ်တွေ့တာပေါ့ " ကြးနေရသောစကားများကြောင့် တာဝန်ကြီးတစ်ခု နေသစ်ညီခေါင်းပေါ်ကို ကျရောက်လာသလိုခံစားလိုက်ရသည်။ " ဒါနဲ့နေပါအုံးအမေ..ကျွန်တော့်ကို ဘာလို့ ...ငွေစင်ထွန်းမိသားစုဝင်နဲ့လက်ထပ်ပေးချင်နေရတာလဲ ..အဲ့ဒါက်ိုသေချာသိချင်တယ် " " ဪ..သားရယ်...ငွေစင်ထွန်းကုပ္မဏီက ... ဆောက်လုပ်ရေးတင်မဟုတ်ဘဲ ..အိမ်တွင်းပရီဘောဂအစုံရတယ်လေ..ဒီလုပ်ငန်းနှစ်ခုသာပေါင်းလိုက်ရင်...မင်းအတွက်သင့်တော်တဲ့မိသားစုလို့ အဘွားကတွက်ထားပုံပါပဲ..သားရဲ့အသက်ကလည်းမငယ်တော့ဘူးလေ " မိခင်ပြောတာလည်းဖြစ်နိုင်သည်ဟု နေသစ်ညီတွေးလိုက်မိသည်။ a~kyi~P~h~~yu~~ မိခင်ကြီးကိုနှုတ်ဆက်ပြီး အိမ်ကြိးထဲမှ နေသစ်ညီပြန်ထွက်ခဲ့လိုက်သည်။အိမ်ထဲမှ ထွက်လာခဲ့ပြီး ကားဆီသို့အသွားတွင် သူ့ကားနားမှာရပ်နေသော လူတစ်ယောက်ကိုမြင်လိုက်ရသဖြင့် စိတ်ပျက်သွားမိသည်။ " ဘယ်လိုလဲကွ.....အစ်ကိုနဲ့ အစ်မကို tသမ္ကြောင်းကြံခဲ့တဲ့ကောင်က .....အရှက်မရှိတဲ့မျက်နှာနဲ့ ...အိမ်ပြန်လာဖို့ကြိုးစားနေတာလား ..အမေနဲ့သားက လိုက်လဲလိုက်ပ..အင်းပေါ့လေ...ဒီလိုအမေမျိုးကမွေးထုတ်လိုက်မှတော့ ...ဒီလိုပုံစံပဲထွက်လာမှာပေါ့...မအေကလည်းသူများယောက်ျားကိုခိုးယူခဲ့တာပဲလေ " ကြားလိုက်ရသောစကားကြောင့် နေသစ်ညီစိတ်ထဲ ဒေါသထောင်းခနဲဖြစ်သွားပြီးအစ်ကိုဖြစ်သူကိုမျက်နှာချင်းဆိုင်ကြည့်လိုက်သည်။ " အမှန်တရားကို လူတိုင်းမသိနိုင်ရင်တောင် ..ကိုယ်တိုင်တော့သိတယ်မဟုတ်လား...မိထွေးနှိပ်စက်တာခံခဲ့ရပါတယ်...အသက်ဆယ်နှစ်လောက်ငယ်တဲ့ ဖအေတူမအေကွဲညီက လုပ်ကြံပါတယ်ဆိုပြီး ဇာတ်နာပြနေလဲ....ခင်ဗျားလိုအသိဉာဏ်မရှီတဲ့သူတွေကပဲယုံလိမ့်မယ်...တစ်ခုတော့ကြိုပြောထားမယ်နော်..ခင်ဗျားဘာသာ တစ်ဖက်သတ်ပဲဇာတ်နာနာ..ဘာကြီးတွေပဲဖြစ်နေနေ..ကြိုက်တဲ့လူကို ဇာတ်နာတွေခင်းပြနေလည်း စိတ်မဝင်စားဘူး..ဂရုလည်းမစိုက်ဘူး..ဒါပေမဲ့ထိသင့်တဲ့သူကိုပဲထိ..မထိသင့်တဲ့သူကိုမထိနဲ့...အဲ့ဒီအခါကျရင်တော့... ခင်ဗျားတို့မောင်နှမတွေသိပ်ကိုလိုချင်လောဘကြီးနေတဲ့ ...ထိုက်မိသားစုနဲ့ပတ်သက်သမျှပိုင်ဆိုင်မှုတွေကို ...လုယူမိမှာစိုးလို့ ..သိတယ်မဟုတ်လား..ဉာဏ်ရည်ဉာဏ်သွေးရောလုပ်နိုင်စွမ်းတွေပါယှဉ်ပြိုင်လာရင် အစ်ကိုက ကျွန်တော့်ကိုမယှဉ်နိုင်ဘူးဆိုတာ ...အခုအားလုံးကို ခင်ဗျားစီမံခွင့်ရနေတယ်ဆိုတာကလေ ..ကျွန်တော်မလိုချင်လို့ဆိုတာကိုမမေ့နဲ့ " " ဘာ ..ဘာကွ..မင်းလိုမယားငယ်မရဲ့သားကများ ...လူပါးဝစကားပြောရလား " ဒေါသတကြီးထအော်လိုက်သော အစ်ကိုဖြစ်သူနေထူးထိုက်ကို တွန်းဖယ်ပစ်လိုက်ပြီး နေသစ်ညီ ကားပေါ်တက်ကာမောင်းထွက်လာခဲ့သည်။ a~K~yip~h~y~u~~ ကားရပ်သွားသည်နှင့် လရိပ်နွေးကားပေါ်မှဆင်းလိုက်ပြီးကျသင့်ငွေကို ရှင်းပေးလိုက်သည်။လရိပ်နွေးတို့မိသားလေးယောက်လုံး ကားမောင်းတတ်ကြသော်လည်း အိမ်မှာကားသုံးစီးပဲရှိသသည်။သည်တော့လည်း ထုံးစံအတိုင်းကိုယ်ပိုင်ကားမရှိသူမှာ လရိပ်နွေးသာဖြစ်လာသည်။ကိုယ်ပိုင်ကားမရှိသည့်အတွက်လည်း လရိပ်နွေးသိပ်ပြီးခံစားမနေ။အိမ်နှင့်အရောင်းဆိုင်သို့သာသွားလေ့ရှိသော သူမအတွက် အဆင်ပြေရာ အငှားကးတစ်စီးကို ငှားစီးသွားရုံပဲမဟုတ်လား။ကား၏ကရိကထဒုက္ခကြောင့် စိတ်ပင်ပန်းစရာမလိုတော့ဘူးပေါ့။လရိပ်နွေးတော့ စိတ်ကူးပေါက်ရင်ပေါက်သလို အငှားကားမစီးဘဲ လိုင်းကားပဲစီးသွားတာမျိုးတွေလည်းရှိသည်။ ကားပေါ်မှဆင်းပြီးသည်နှင့် ဆိုင်ထဲသို့ဝင်ခဲ့လိုက်သည်။သည်ဆိုင်က မိခင်ကြီးဦးစီးလုပ်ကိုင်နေသောဆိုင်။လရိပ်နွေးအလုပ်ဝင်နေသောဆိုင်လို ရပ်ကွက်လမ်းမတန်းက ဆိုင်ခပ်သေးသေးမဟုတ်။အရောင်းပြခန်းပါရှိသော ဆိုင်ကြီး။အမေ့ဆိုင်မှာက သူမတို့ပိုင်စက်ရုံမှထုတ်သော ပရိဘောဂများတင်မကဘဲ တခြားနာမည်ကြီးလူကြိုက်များသော ပရိဘောဂများလည်းရှိသည်။နိုင်ငံခြားမှတင်သွင်းလာသော ပစ္စည်းများလည်းရှိသည်။ ဆိုင်ထဲသို့ လရိပ်နွေးဝင်သွားသောအခါ ဧည့်ကြိုကောင်မလေးက လရိပ်နွေးကို ဆီးကြိုနှုတ်ဆက်သည်။လရိပ်နွေးလည်း ကောင်မလေးကိုပြုံးပြကာနှုတ်ဆက်လိုက်ပြီး ကောင်တာစားပွဲအထိ လျှောက်သွားလိုက်သည်။ " အမေရှိလားဟင် " စာရင်းကိုင်ကောင်မလေးကို လရိပ်နွေးမေးလိုက်သည်။

စာရေးသူ....ဧကြည်ဖြူ #မာယာမိုးတိမ် (အခန်းဆက်ဝတ္ထု) အပိုင်း(၅) akyiphyu *a*ky*iphy*u*** နေထူးထိုက်သည် ခနိုးခနဲ့အသံနှင့်ပြောရင်း အခန်းထဲသို့ဝင်လာခဲ့လေသည်။ " ဘယ်ကဧည့်သည်လဲ မြေးကြီး....နေသစ်က မင်းရဲ့ညီအရင်းဆိုတာကို မေ့များနေတာလား ..အသက်တွေလည်မငယ်ကြတော့ဘူးကွယ်....မြေးတွေသင့်သင့်မြတ်မြတ်နေတာကိုပဲ မြင်ချင်တယ်..လာထိုင်အုံး ...အဘွားစိတ်မတိုချင်ဘူးနော် " ဒေါ်ရတနာထိုက်က မြေးအကြီးဖြစ်သူ နေထူးထိုက်ကို လှမ်း၍မာန်မဲလိုက်သည်။ဘွားအေဖြစ်သူ၏စကားကြောင့် နေထူးထိုက်သည်လည်း မကျေမနပ်နှင့်ပင် ထမင်းစားပွဲဝိုင်းမှာဝင်ထိုင်လိုက်ရသည်။ " ဒီနေ့ အားလုံးကိုပြောစရာရှိလို့်ခေါ်လိုက်တာ ...သားကြီးရောမြေးတွေရောသေချာနားထောင်ကြပါ " ဒေါ်ရတနာထိုက်၏ စကားကြောင့် အားလုံးဒေါ်ရတနာထိုက်ဆီကို ကြည့်လိုက်ကြသည်။ " အိမ်ရာဆောက်လုပ်ခွင့်ကို တို့ကုပ္မဏီကရလိုက်တာ မင်းတို့လည်းအသိပဲနော်.....ဒီဆောက်လုပ်ရေးကိုဦးဆောင်ဖို့အတွက်...ငါ့မြေးနှစ်ယောက်ယှဉ်ပြိုင်ရမယ်.....မင်းတို့နှစ်ယောက်ပြင်ဆင်တင်ပြတဲ့ပုံစံကို ...ရှယ်ယာရှင်တွေအားလုံးနဲ့ ရွေးချယ်မယ်...အရွေးခံရတဲ့သူကို...ထိုက်မိသားစုကုမ္ပဏီကိုအုပ်ချုပ်ခွင့်ပေးမယ် ...ဘယ်လိုလဲသားကြီး....မင်းရောယှဉ်ပြိုင်ဖို့စိတ်ကူးရှိသေးလား " ဒေါ်ရတနာထိုက်က သားဖြစ်သူကိုမေးလိုက်သည်။ " ကျွန်တော်ကတော့ ...အသက်လဲခြောက်ဆယ်ကျော်လာပြီလေအမေ...သားတွေကိုပဲလွှဲပေးမှာပါ " " ဟုတ်တာပေါ့ သားကြီးရယ်....တိုတွေက အသက်ကြီးပြီလေ..အမေလဲ မင်းကိုငယ်ငယ်ရွယ်ရွယ်နဲ့မွေးခဲ့လို့...မြေးတွေနဲ့အတူနေနေရပေမယ့်..အသက်ကရှစ်ဆယ်ဖြစ်နေပြီလေ..လူကမနက်ဖြန်သေမလား...သဘက်ခါသေမလားဘဲ..အမေကတော့ အမေမရှိတော့ရင်တောင် ...ထိုက်မိသားစုဆောက်လုပ်ရေးကိုတည်တံ့နေစေချင်တယ် ..ဒါကြောင့်လဲ... အမေမtသခင်မှာလုပ်ငန်းတိုးတက်တာကိုမြင်သွားချင်လို့်... အားလုံးကိုခေါ်ပြောရတာ ...မင်းတို့မှာပြင်ဆင်ချိန်သိပ်မမရဘူးနော် ...ရတဲ့အချိန်အတွင်းမှာ.... အဆောက်အဦးဒီဇိုင်းင်းနဲ့အတွင်းပိုင်းဖွဲ့စည်းမှုတွေကိုပါအကောင်းဆုံးတင်ပြနိုင်ရမယ်...မင်တို့တင်ပြတာတွေကို အဘွားတစ်ယောက်တည်းရွေးချယ်မှာမဟုတ်ဘူး...ရှယ်ယာရှင်တွေအားလုံးရဲ့ မဲအရေအတွက်နဲ့သွားမှာ ..ဒါကိုပြောချင်လို့ခေါ်လိုက်တာ.....ပြောလို့လဲပြီးပြီဆိုတော့ အားလုံး ထမင်းစားကြတော့ " " ကျွန်တော်မစားတော့ဘူးနော်..အဘွားကကြိုမပြောထားတော့ ...အပြင်မှာစားလာခဲ့လို့ ..ကျွန်တော့်ကိုခွင့်ပြုပါအုံး ..သွားပြီးနော်အဖေ....သွားပြီနော်မေမေလေး " နေထူးထိုက်သည် မိထွေးဖြစ်သူ ဒေါ်ခင်သစ္စာကိုပါခနဲ့တဲ့တဲ့နှုတ်ဆက်ရင်းထမင်းစားခန်းအပြင်သို့ထွက်သွားခဲ့သည်။သူ့ထက်ဆယ်နှစ်ကျော်မျှသာကြီးသော မိထွေးဖြစ်သူဒေါ်ခင်သစ္စာကို နေထူးထိုက်တစ်ယောက်အရိုအသေမ ရှိသလို လေးစားသမှုလည်းမရှိသောသူဖြစ်လေသည်။ ဒေါ်ရတနာထိုက်က မြေးဖြစ်သူနေထူးထိုက်ကို တစ်ချက်လှမ်းကြည့်ရင်း သက်ပြင်းကိုမသိမသာချလိုက်သည်။ပြီးနောက် နေသစ်ညီကိုပြန်ကြည့်လိုက်ပြီး " နောက်တစ်ပတ်ထဲမှာ .....ကောင်မလေးနဲ့တွေ့ဖို့စီစဉ်ခိုင်းလိုက်တယ်...ဒီတစ်ခါတော့ အဘွား ဘာသံမှမကြားချင်ဘူးနော်နေသစ်...ဒီလိုအဖက်ဖက်ကပြည့်စုံနေတဲ့သူကို...တွေ့ရဖို့က လွယ်တာမဟုတ်ဘူးကြားလား " " ဟို ...အဘွား .နောက်တစ်ပတ်ကျွန်တော်မအားဘူး " " နေသစ်..မင်းက လူကြီးတွေကိုကလန်ကဆန်လုပ်နေတာလား ....တွေ့ဆိုရင် သွားတွေ့ကြည့်လိုက်ပေါ့...မင်းအတွက် ဘာတွေများအပန်ကြီးနေလို့လဲ " ဒေါသသံနှင့်ဝင်ပြောလိုက်သော ဖခင်ကြီးကြောင့်နေသစ်ညီ ဘာမှပြန်မပြောတော့ဘဲ ခေါင်းငြိမ့်ကာ လက်ခံလိုက်ရသည်။ `~a~ky~i~p~h~y~~u " ကျွန်တော်ကတော့ ...ကျွန်တော့်အလုပ်ကလွဲပြီးစိတ်မဝင်စားဘူး အမေရာ..အထူးသဖြင့် သူနဲ့မပတ်သက်ချင်ဘူး " နေသစ်ညီက မိခင်ကိုပြောလိုက်သည်။ ဒေါ်ခင်သစ္စာက သားဖြစ်သူကိုကြည့်လိုက်ပြီး " အမေ့ကိုကြည့်စမ်းသား...သားက ဘာအပြစ်လုပ်မိလို့် ..သူ့ကိုရှောင်နေရတာလဲ ...အမေက ... ငယ်ရွယ်တုန်းအရွယ်မှာအချစ်ကို ကိုးကွယ်ခဲ့မိလို့ ..ကလေးနှစ်ယောက်အဖေကိုယူခဲ့မိတာပဲရှိတာပါ..သူ့များအိမ်ထောင်ရေးကိုလည်းဖျက်ဆီးခဲ့တာမဟုတ်ဘူး ...သူတို့အပေါ်မှာလဲ မိထွေးလိုမျိုးကျင့်ကြံခဲ့တာမရှိဘူး ..ဒါပေမဲ့အမေအမြဲစော်ကားခံခဲ့ရတယ်..အထူးသဖြင့်နေထူးထိုက်ပေါ့ ..ဘာလုပ်လုပ်သူမှန်တယ်ပဲထင်နေတာမျိုးကို အမြင်မှန်ရစေချင်တယ်... " နေသစ်ညီစိတ်ထဲမကောင်းစွာနှင့်မိခင်ဖြစ်သူကို ကြည့်လိုက်မိသည်။ကိုယ်တိုင်ကလည်း အစ်ကိုဖြစ်သူနေထူးထိုက်အကြောင်းကို သိနေသောကြောင့် မိခငဖြစ်သူဘယ်လိုနေခဲ့ရသည်ကို အသိဆုံးဖြစ်သည်။သိလို့လည်း ပြဿနာများစွာတက်ခဲ့ပြီး အိမ်မှထွက်ခဲ့ပြီး တစ်ကိုယ်တည်းနေခဲ့သည်။နေသစ်ညီအတွက်တော့ မိခင်ကြီးနှင့်ဘွားအေကြီးကြောင့်သာ ထိုက်မိသားစုစံအိမ်ကြီးကို အဆက်အသွယ်လုပ်နေခဲ့ခြင်းဖြစ်သည်။အနေအေးလှသောဖခင်ကိုမူ နေသစ်ညီမမုန်းပါ။သို့သော်လည်း သူ့သားကြီးပြောသမျှကို မျက်စိမှီတ်ယုံပေးနေသော အနေအထားကို မမြင်ချင်မတွေ့ချင်တောတာကြောင့် တစ်ယောက်တည်းနေခဲ့ခြင်းဖြစ်သည်။

အာကာကျော်ကို မေးလိုက်လျှင်တော့ အားလုံးရှင်းသွားမည်ဟုတွေးထားခဲ့မိသော လရိပ်နွေးမှာ အာကာကျော်၏ စကားများကြောင့် ပို၍စိတ်ရှုပ်ထွေးသွားရလေသည်။နားထောင်ရသလောက်တော့ ကိုယ့်ပြဿနာမရှင်းခင် သူ့ပြဿနာကိုပဲ အရင်ရှင်းပေးရမည့်ပုံ။ " ကဲပါ ထားလိုက်ပါတော့ ကိုအာကာ...ဓါတ်ပုံကြောင့် ကိုဝေဖြိုးကတော့ စိတ်ဆိုးနေတာပေါ့ ...သူစိတ်ဆိုးပြေလောက်မှပဲ သေချာရှင်းပြရမှာပေါ့ ..ဂရုစိုက်ပြန်ပါကိုအာကာ " အာကာကျော်ကိုနှုတ်ဆက်ပြီး အိမ်ထဲသို့ပြန်ဝင်ခဲ့လိုက်သည်။စိတ်ထဲမှာတော့ မရှင်းလင်းဘဲရှုပ်ထွေးနေခဲ့သလို ပြုလုပ်သူ၏ ရည်ရွယ်ချက်ကိုလည်း မစဉ်းစားနိုင်ဘဲဖြစ်နေမိသည်။ ~ak~y~i~~p~h~yu~~~~ မိသားစုထမင်းဝီုင်းသည် မိခင်ဖြစ်သူဒေါ်နှင်းရည်သက်၏ စကားသံများဖုံးလွှမ်းနေခဲ့သည်။ " ကောင်လေးက မောင်နှမသုံးယောက်မှာ အငယ်ဆုံးတဲ့အစ်ကို...လုပ်ငန်းကတော့ ကိုယ်ပိုင်လုပ်ငန်းလုပ်နေတာတဲ့..မိသားစုလုပ်ငန်းထဲဝင်မပါဘူးတဲ့လေ..,ဒါပေမံ့ မိသားစုလုပ်ငန်းကိုဦးစီးဖို့က ...အရည်အချင်းမီတဲ့သူကိုပဲ ဒေါ်ရတနာထိုက်က လွှဲပေးမှာတဲ့လေ...ထိုက်ကုမ္ပဏီနဲ့လက်တွဲနိုင်ရင်တော့ နှင်းတို့အတွက်အတော်လေးအဆင်ပြေမှာအစ်ကို " " အင်း..ကိုယ်လည်းသိပါတယ်....ဒါပေမဲ့ လုပ်ငန်းအောင်မြင်ဖို့အတွက်တော့ ...သားသမီးကို ထိုးမကျွေးနိုင်ဘူး..ဘာပဲဖြစ်ဖြစ် သမီးငယ်လက်ခံသဘောတူမှ ရှေ့ဆက်ရအောင်ကွာ ..သမီးကရောဘယ်လိုသဘောရလဲ " ခင်ပွန်းဖြစ်သူ၏ စကားကြောင့် ဒေါ်နှင်းရည်သက်က သမီးငယ်ဖြစ်သူကိုကြည့်ပြီး ပြုံးလိုက်သည်။ ငွေနှင်းစက်ကမူ မျက်နှာတည်လေးဖြင့်ရှိလေသည်။သို့သော်လည်း သူမရင်တွေတဒိန်းဒိန်းခုန်နေသည်ကို သူမသိနေလေသည်။ " သမီးငယ်ကိစ္စကတော့ ..သူတို့အချင်းချင်းတွေ့ကြပြီးမှ စကားဆက်ပြောကြတာပေါ့ ...ဒါနဲ့သမီးကြီးကရော ..မောင်ဝေဖြိုးနဲ့ဘယ်လိုလဲ " ဖခင်ဖြစ်သူဦးမိုးမြင့်ထွန်းကမေးလိုက်သော်လည်း လရိပ်နွေးကမကြားပါ။လက်တွင် ဇွန်းကိုကိုင်လျက် အသိစိတ်ကင်းမဲ့သူလိုဖြစ်နေခဲ့သည်။ " လရိပ် ..အဖေမေးနေတယ်လေ သမီးကြီး " " ရှင်..ရှင် အဖေ..ဘာမေးတာလဲအဖေ " လရိပ်နွေးတကယ်ပင် မကြားလိုက်သောကြောင့် ဖခင်ကိုပြန်မေးလိုက်မိသည်။ " ဪ ..သမီးတို့မင်္ဂလာပွဲကိစ္စလေ..မောင်ဝေဖြိုးတို့ဘက်ကလည်း ဘာမှမပြောဘူးလား..အဖေကတော့ သမီးကြီးရဲ့မင်္ဂလာပွဲပြီးမှ.. သမီးငယ်ရဲ့မင်္ဂလာပွဲကို စီစဉ်ချင်တယ် " " ရှင်...သမီးရဲ့မင်္ဂလာပွဲဟုတ်လား အဖေ " လရိပ်နွေးအထိတ်တလန့်နှင့်ပြန်မေးလိုက်မိသည်။သည်နေ့မှပဲ တိုက်တိုက်ဆိုင်ဆိုင် ဖခင်ဖြစ်သူကမေးလာသည်။လရိပ်နွေးမည်သို့ ပြန်ဖြေရမှန်းမသိတော့။ " ဘာဖြစ်နေတာလဲလရိပ်...ဖြေလိုက်အုံးလေ...အမေလဲ သမီးကြီးမင်္ဂလာပွဲကို ...ဒီနှစ်မကုန်ခင်ဖြစ်စေချင်တယ်..သမီးငယ်ကိုတော့ ...စေ့စပ်ပွဲလေးပဲဖြစ်ဖြစ်လုပ်ထားပေးပြီး ..မင်္ဂလာပွဲကို နောက်နှစ်မှလုပ်ဖို့တွေးထားတယ်..မောင်ဝေဖြိုးကဘာပြောလဲ သမီး " ဒေါ်နှင်းရည်သက်ကပါ ဝင်မေးလိုက်သည်။အားလုံး၏အမေးကို လရိပ်ဘာဖြေလို့်ဖြေရမှန်းမသိ။သည်နေ့မှာပဲ ဖြစ်ပျက်သွားခဲ့သော သူမနှင့်ချစ်သူဝေဖြိုးတို့အခြေအနေကလည်း ဘာဆက်ဖြစ်မလဲမသိတော့။ချစ်သူကခဏစိတ်ဆိုးစိတ်ကောက်သွားတာလား။ပြန်ပြေလည်ကြမည်လားလည်းမသေချာလှ။ " ဟို..ဟို..လရိပ်တို့က သေချာမဆုံးဖြတ်ရသေးဘူးအမေ....အဖေတို့တွေ လုပ်ငန်း တိုးချဲ့ဖို့လုပ်ထားတယ်ဆို..သူလဲ အဲ့ဒီတွက်ကြိုးစားနေတာထင်တယ်..သမီးတို့သိပ်ပြီးမတွေ့ဖြစ်ကြဘူးလေ " လရိပ်နွေး၏အဖြေကြောင့် ဦးမိုးမြင်ထွန်းက သမီးဖြစ်သူကိုသေချာကြည့်လိုက်သည်။ " အင်း..အသက်တွေလည်းမငယ်ကြတော့ဘူး....လက်ထပ်စရာရှိတာလက်ထပ်ကြမှာပေါ့.....လက်မထပ်ကြဘူးခိုရင်လဲ ကင်းကင်းရှင်းရှင်းနေကြ " " ဟုတ်..ဟုတ်ကဲ့ပါအဖေ " လရိပ်နွေးပေါင်းတုန်တုန်ယင်ယင်ထစ်ထစ်ငေါ့ငေါ့နှင့်ပြန်ဖြေလိုက်ရင်း ခေါင်းကိုငုံ့ချထားလိုက်မိသည်။ လရိပ်နွေး၏ အဖြစ်ကိုကြည့်ပြီး ဒေါ်နှင်းရည်သက်ကမသိမသာလေးပြုံးလိုက်သည်။ sKyi~P~hy~u~~~~ " ဧည့်သည်လာမယ်ဆိုရင်လဲ ...ကြိုပြောထားမှပေါ့အဘွား " ထမင်းစားခန်းဝမှ ထွက်ပေါ်လာသော အသံကြောင့်နေသစ်ညီစိတ်ထဲတင်းခနဲဖြစ်သွားမိသည်။ဖြစ်နိုင်လျှင်နေရာမှ ချက်ချင်းပင် ထပြန်သွားချင်သောစိတ်လည်းပေါ်ပေါက်လာမိလေသည်။ ====a===k====y=====i====p==h==y===u== အပိုင်း(၅)ဆက်ရန် A kyi phyu #ဧကြည်ဖြူ စာရေးသူ....ဧကြည်ဖြူ #မာယာမိုးတိမ် (အခန်းဆက်ဝတ္ထု) (စ/ဆုံး )Links akyiphyu *a*ky*iphy*u**** ( ၁) https://www.facebook.com/100067151540690/posts/764909259090785/ J https://www.facebook.com/100067151540690/posts/765419929039718/ ၃ https://www.facebook.com/100067151540690/posts/766002055648172/

ဝေဖြိုးသည် ဒေါသတကြီးကျိန်ဆဲပြောဆိုပြီးသည့်နောက် နေရာမှချာခနဲကျောခိုင်းထွက်သွားခဲ့သည်။လရိပ်နွေးမှာ ရှက်လွန်း၍ နေရာမှာအရုပ်ကြိုးပြတ်ထိုက်ချလိုက်မိသည်။ပြီးလျှင်လက်ထဲမှ ဓါတ်ပုံကိုကြောင်ငေးငေးနှင့်ကြည့်နေမိသည်။သူမနှင့် ကိုအာကာတို့ ဓါတ်ပုံထဲကလိုဖက်ခဲ့ကြသည်မှာမှန်သည်။သို့သော်လည်း ချစ်သူများလိုဖက်ခဲ့ကြခြင်းမဟုတ်။တကယ်ပင် သူမချော်လဲသွား၍ ကိုအာကာမှလှမ်းပြီးထိန်းလိုက်ခြင်းသာဖြစ်သည်။သည်အဖြစ်အပျက်သည် မနေ့တစ်နေ့ကမှ ဖြစ်ပျက်ခဲ့တာကြောင့် လရိပ်နွေးသေသေချာချာကိုမှတ်မိနေသည်။ဤမျှလေက်ရှင်းပြနေသည်ကို ဝေဖြိုးတစ်ယောက် အဘယ်အတွက်ကြောင့် နားလည်မပေးနိုင်ဖြစ်နေသည်ကို လရိပ်နွေးပိုပြီးနားမလည်ဖြစ်နေမိသည်။ချစ်သူသက်တမ်းသုံးနှစ်ကျော်ပြီဖြစ်သော သူမတို့နှစ်ယောက်ကြားတွင် တစ်ယောက်အကြောင်းကို တစ်ယောက်သိပြီးသားဖြစ်သည်။သူမတို့နှစ်ယောက်လုပ်ငန်းချင်းမတူသည်မှလွဲ၍ တစ်ယောက်နှင့်တစ်ယောက်နားလည်ခဲ့ကြသည်။ပျော်ရွှင်ခဲ့ကြသည်။နှစ်ယောက်သား အဘွား၏ ငွေစင်ထွန်းရုံးခန်းတွင်စတင်သိကျွမ်းခင်မင်ကြသည်။ထိုစဉ်က ဝေဖြိုးနိုင်က အဘွားတို့ရုံးမှာ အလုပ်ဝင်ကစအင်ဂျင်နီယာပေါက်စလေး။လရိပ်နွေး၍ကတော့ လိုအပ်လို့်အဘွားခေါ်ခိုင်းရင် အဘွားရုံးကိုသွားရသူ။လရိပ်နွေးသည် ဆောက်လုပ်ရေးလုပ်ငန်းကိုစိတ်မဝင်စားပါ။သို့သော်လည်း လရိပ်နွေးက အဆောက်အဦးအတွင်းပိုင်း အလှဆင်ခြင်းကိုစိတ်ဝင်စားသည်။အတွင်းပိုင်းအပြင်အဆင်များအတွက် ပရိဘောဂများကို ကိုယ်တိုင်ဖန်တီးရသည်ကိုနစ်သက်သည်။ပရီဘောဂဒီဇိုင်းများကို ကိုယ်တိုင်ဖန်တီးချင်သည်။ဒါသည် သူမ၏ဝါသနာ။သူမအခန်းထဲတွင်သုံးသောပရိဘောဂဒီဇိုင်းများကို သူမကိုယ်တိုင်ပြုလုပ်ခဲ့သည်။ပြီးလျှင် သူမတွင်ပုံစံငယ်များစွာကိုလည်းပြုလုပ်ထားသည်။လရိပ်နွေး၏ အလုပ်ခန်းမှာဖခင်ကြီး၏ ပရိဘောဂဆိုင်ရှိစတိုခန်းသာဖြစ်သည်။မိသားစုတွင် လရိပ်နွေးထမ်းဆောင်ရသောတာဝန်မှာလည်း ပရိဘောဂဆိုင်ခွဲငယ်လေး၏ ပစ္စည်းအဝင်အထွက်စာရင်းကိုကိုင်ရသောတာဝန်သာဖြစ်သည်။ထို့်ကြောင့် အဘွား၏ရုံးခန်းသည် လရိပ်နှင့်မဆိုင်။သို့သော်လည်း လရိပ်သည်မိသားစု၏ လက်တိုလက်တောင်းအလုပ်များကိုလုပ်ပေးရသောသူဖြစ်သသည်။အဖေကသူ့ရုံးခန်းသိူ့ခေါ်ခိုင်းလျှင်လည်းပြေးရသည်။အမေက သူ့အရောင်းဆိုင်သို့ခေါ်ခိုင်းလျှင်လည်းပြေးရဿည်။အဘွားကခေါ်ခိုင်းလျှင်လည်း အဘွားဆီသို့ပြေးရပြန်သည်။သည်မှာတင် အင်ဂျင်နီယာာပေါက်စလေး ဝေဖြိုးနှင့်ဆုံခဲ့ရသည်။နှစ်ယောက်သားမျက်မှန်းတန်းမိရာမှ ခင်မင်သွားကြသည်။ခင်မင်မှုသက်တမ်းနှစ်နှစ်အကြာမှာသူမတို့ချစ်သူများအဖြေစ်သို့ တဆင့်တက်ခဲ့ကြသည်။ယခုဆိုလျှင် သူမတို့နှစ်ယောက်၏ ချစ်သူသက်တမ်းမှာသုံးနှစ််ကျော်။တွေ့ဆုံခဲ့ကြသည်မှာ ငါးနှစ်ကျော်။သူမ၏အသက်ပင်လျှင် သုံးဆယ့်တစ်နှစ်ပြည့်ခံ့ပြီးဖြစ်သည်။ငါးနှစ်ကျော်သက်တမ်းသည် ဓါတ်ပုံလေးတစ်ပုံနှင့် ပြတ်တောက်သွားရသည်အဖြစ်ကို လရိပ်နွေးလုံးဝကို နားမလည်နိုင်။နှစ်ဖက်မိဘများကိုပါ အသိပေးထားသော သူမတို့နှစ်ယောက်အကြောင်းကို သူမကဘယ်လိုပုံစံနှင့် ရှင်းပြရမလဲ မသိပါလေတော့။ ~ak~yi~phyu~~ " လ..လရိပ် ..ဘာ..ဘာကိစ္စရှိလို့်လဲ " အာကာကျော်တစ်ယောက် ခြံရှေ့တွင် ရပ်စောင့်နေသော လရိပ်နွေးကိုမြင်သောအခါ လန့်ဖျပ်သွားပြီး ခြေလှမ်းအစုံမှာရပ်တန့်သွားရလေသည်။အာကာကျော်က ညနေတိုင်း သူဌေးမဒေါ်နှင်းရည်သက်ကိုအိမ်အထိ ကားလိုက်မောင်းပေးရသည်။ပြိးလျှင် သူဌေးအိမ်မှ ကားငှားပြီးပြန်ရသည်။သူ့အလုပ်သည် သူဌေးမဒေါ်နှင်းရည်သက်၏ အတွင်းရေးမှူးဖြစ်သလို ကားဒရိုင်ဘာလည်းဖြစ်သည်လေ။ " တစ်ညနေလုံး လရိပ်ဖုန်းဆက်နေတာ ..ကိုအာကာကဖုန်းမကိုင်ဘူးလေ....ဒါကြောင့် ...အမေ့ကိုလိုက်ပြန်ပို့်တဲ့ အချိန်ကိုစောင့်နေရတာပါ ..." " ဪ ..ဘာ..ဘာကိစ္စရှိလို့်လဲ လရီပ် " " ကိစ္စကတော့ ...လရိပ်လည်းသေချာမသိတော့ပါဘူး...ဒီမှာကြည့်ပါအုံး ...ဒီပုံက ဟိုတစ်နေ့က... လရိပ်တို့်ဆိုင်ကိုလာတုန်းကမဟုတ်လား...ဒါကိုဘယ်သူဓါတ်ပုံရိုက်တာလဲ....ပြီးတော့ ဒီပုံကို ...ကိုဝေဖြိုးဆီကို ပို့လိုက်လို့လေ ..အဲ့ဒါ ကိုအာကာများသိမလားလို့ပါ " လရိပ်၏စကားကြောင့် အာကာကျော်က ဓါတ်ပုံကိုယူကြည့်လိုက်ပြီး " ခက်တာပဲ လရိပ်ရယ်..ဒါက လရိပ်ရဲ့ဆိုင်မှာဖြစ်ခဲ့တာပဲလေ..ဓါတ်ပုံရိုက်မယ်ဆိုရင်လဲ ....လရိပ်ဆိုင်ကဝန်ထမ်လေးတွေပဲရိုက်မှာပေါ့ ...လူတိုင်းဖုန်းကိုင်နိုင်တဲ့ခေတ်မှာ ..တရားခံသိဖို့ကတော့ မလွယ်ဘူး..နေပါအုံး..သူကဓါတ်ပုံလည်းရိုက်သေးတယ်....ပုံကိုလည်း ကိုဝေဖြိုးဆီကိုပို့လိုက်သေးတာလား .....သူ့ရည်ရွယ်ချက်ကဘာလဲ ...ကျွန်တော်အလုပ်ပြုတ်အောင်ချောက်တွန်းတာများလား ...ဒုက္ခပါပဲလရိပ်ရယ်...ကိုဝေဖြိုးကဘာပြောသေးလဲ ...ပုံကလဲကြည့်ရင် အထင်လွဲစရာဖြစ်နေတာကို ....ဒုက္ခပါပဲလရိပ်ရယ်...ဒါကလရိပ်တို့ဆိုင်ကဝန်ထမ်းတွေကို မေးရမှာလေ..တော်ကြာမေးလိုက်မှ ကြေငြာသလိုဖြစ်သွားမှာလဲ စိုးတယ်......ကျွန်တော့်ကောင်မလေးသိရင် ပြဿနာတော့တက်တောမှာပဲ...သူကနည်းနည်းလည်းစွာတော့ ...လရိပ်ကိုရန်ရှာမှာ စိုးမိတယ်ဗျာ " " ရှင် " " ဟုတ်တယ် လရိပ်..အဲ့ဒီလို လိုက်မေးလိုက်မှ... မဟုတ်ဘဲ အရှက်တွေကွဲနေကြပါအုံးမယ်....စိတ်ညစ်ပါတယ်ဗျာ "

စာရေးသူ....ဧကြည်ဖြူ #မာယာမိုးတိမ် (အခန်းဆက်ဝတ္ထု) အပိုင်း(၄) akyiphyu *a*ky*iphy*u*** " ဟယ်လို အဘွား " " အေး..ဘယ်လိုလဲနေသစ်....ကောင်မလေးကိုသဘောကျလား ....မိန်ကလေးတွေဘက်က မင်းလိုချင်တဲ့ပုံစံမျိုးပဲလေ ...အချမ်းသာကြီးလည်းမဟုတ်ဘူး..ရုပ်လေးလည်းချောတယ်.." " ဟိုလေ အဘွား..ဒီလထဲမှာ လုပ်ငန်းသစ်လေးတစ်ခုလုပ်စရာရှိ " နေသစ်ညီဆုံးအောင်ပင်ပြောခွင့်မရလိုက် ဖုန်းထဲမှ အဘွားဖြစ်သူ၏အော်သံထွက်ပေါ်လာခဲ့သည် " ဟေ့ ..နေသစ်ညီတော်စမ်း ...ငါ့ကို ဘာဆင်ခြေမှမပေးနဲ့.....မနက်ဖြန်ညနေကျရင် ..အိမ်ကိုပြန်လာခဲ့ ငါစောင့်နေမယ် ..မင်းပြန်မလာရင် မင်းအမေကို အခေါ်ခိုင်းလိုက်မယ် " " ဟာ အဘွား...မနက်ဖြန်ညနေကျရင် ..ကျွန်တော့်မှာချိန်းထားတာရှိ ...." သည်တစ်ခါလည်း နေသစ်ညီစကားဆုံးအောင် မပြောလိုက်ရပြန်ပါ။တစ်ဖက်မှ ဖုန်းချသွားခဲ့လေပြီ။နေသစ်ညီ စိတ်မောလူမောနှင့် သက်ပြင်းရှည်ကြီးကိုချပစ်လိုက်သည်။သွေးသားဆိုသည်မှာ မခေါ်ချင်လို့်ရသည်။မတော်ချင်လို့မရဟူ၏။သို့သော်လည်း နေသစ် ညီအဖို့မူ မခေါ်ချင်လို့လဲမရပါလေ။ a~k~y~i~P~~hy~~~u~ " လက်ထပ်ဖို့ကိစ္စက မဖြစ်နိုင်တော့ဘူးလရိပ် ..တို့တွေလမ်းခွဲကြရအောင် " ချစ်သူဆီမှ မမျှော်လင့်ထားသောစကားကို ကြားလိုက်ရသောကြောင့် လရိပ်နွေးကြက်သေသေကာ ချစ်သူကိုငေးကြောင်ကြည့်နေမိသည်။ " ကိုယ်ပြောတာကို ကြားလားလရိပ် " ဒုတိယအကြိမ်မြောက်စကားသံထပ်ထွက်လာသောအခါမှ လရိပ်နွေးသတိဝင်လာမိပြီး တုန်တုန်လှုပ်လှုပ်နှင့်ထိုင်နေရာမှထလိုက်မိလေသည်။ " ဒါ..ဒါက..ဘာသေဘောလဲမောင် ...လရိပ်တို့နှစ်ယောက်လက်ထပ်ကြဖို့ကို... လူကြီးတွေကိုလည်း... အသိပေးပြီးသွားပြီလေ ..ဘာ..ဘာဖြစ်လို့လဲဟင် ...ဘာအဆင်မပြေလို့်လဲ ..ပိုက်ဆံလား " လရိပ်နွေးတုန်တုန်ယင်ယင်ထစ်ထစ်ငေါ့ငေါ့နှင့်ပြန်မေးလိုက်မိသည်။ " ပိုက်ဆံဟုတ်လားလရိပ်..မင်းမသိချင်ယောင်ဆောင်နေတာလား....ဒါမှမဟုတ် ...ငါ့ကိုအရူးလို့ထင်နေတာလား " ချစ်သူဝေဖြိုးနိုင်၏ စကားကြောင့် လရိပ်နွေးလုံးဝကို နားမလည်နိုင်ဘဲဖြစ်သွားရသည်။ " မောင်ဘာတွေပြောနေတာလဲ ...လရိပ်တော့ ဘာမှနားမလည်ဘူး..မောင့်ကိုဘာလို့... အရူးလို့ထင်ရမှာလဲ ..နားလည်အောင်ရှင်းပြပါအုံးမောင်ရယ် " " အေးလေ..မင်းကတည့်တည့်ပြောမှသိမှာဆိုတော့လဲ ...ပြောရမှာပေါ့ ...ရော့ ..ဒီမှာကြည့်လိုက်အုံး... မင်းတို့ပုံတွေကို " ပြောပြောဆိုဆိုနှင့်ဝေဖြိုးက သူမရှေ့သို့ဓါတ်ပုံတစ်ပုံကို ပစ်ချပေးလာသောကြောင့် လရိပ်နွေးကောက်ယူကြည့်လိုက်သည်။ " ဟင် ...ဒါ..ဒါကဘာလဲ ...ဘယ်လိုဖြစ်ပြီး မောင့်ဆီကိုရောက်နေတာလဲ " ဓါတ်ပုံကိုကြည့်ပြီး လရိပ်နွေးအလန့်တကြားနှင့်မေးလိုက်မိသည်။ " ဘယ်လိုပုံစံနဲ့ပဲ ငါ့ဆီကိုရောက်ရောက်..အဲ့ဒါကအရေးမကြီးဘူး..ငါ့နောက်ကွယ်မှာ ...မင်းသစ္စာဖောက်နေတာက အရေးကြီးတာမဟုတ်ဘူးလား " " မဟုတ်ဘူးနော်..မောင်အထင်လွဲနေတာ....ပုံကိုသေချာကြည့်ပါအုံး ...သူက...အမေ့ရဲ့အတွင်းရေးမှူးကိုအာကာကျော်လေ " " သိတယ်လေ..သိလို့်မေးနေတာပေါ့....မင်းအမေရဲ့အတွင်းရေးမှူးက ..မင်းအခန်းထဲကိုရောက်နေပြီး မင်းနဲ့ဖက်နေလို့မေးတာလေကွ " " မ..မဟုတ်ပါဘူးမောင်ရယ်..မဖက်ပါဘူး..အဲ့ဒါလရီပ်ခလုတ်တိုက်မိပြီး လဲမလိုဖြစ်သွားလို့ ...ကိုအာကာက ထိန်းပေးလိုက်တာပါ... ဘယ်သူကများအဲ့ဒါကို...ဓါတ်ပုံရိုက်သွားတာလဲမသိဘူး....ပြီးတော့ အဲ့ဒါလရိပ်အခန်းလည်းမဟုတ်ဘူးလေ....ပစ္စည်းဟောင်းတွေထားတဲ့စတိုခန်းပါ.." "တော်ပြီး လရိပ်...စတိုခန်းပဲဖြစ်ဖြစ်..မင်းအိပ်ခန်းပဲဖြစ်ဖြစ်...မင်းတို့ဖြစ်နေတဲ့ပုံကိုလဲကြည့်ပါအုံး.....ငါ့ကိုဘာမှဆက်မရှင်းပြနဲ့.....ဆက်ပြီးလိမ်ညာနေမယ်ဆိုရင် ...နှစ်ဖက်မိဘတွေရှေ့မှာ ..အားလုံးကိုပြောလိုက်မယ်...အထူးသဖြင့် မင်းတို့အဘွားရှေ့မှာပေါ့ " " ရှင်..ဘာ..ဘာပြောလိုက်တယ်မောင် " "ငါတို့လမ်းခွဲလိုက်ပြီလို့်...မင်းအိမ်ကို ...မင်းပြောလိုက်တော့ ...ငါ့အိမ်ကို ငါလဲပြောလိုက်တော့မယ် " ဝေဖြိုးကပြောပြီးသည်နှင့်နေရာမှထဖို့ရန်ပြင်လိုက်သည်။ " နေ..နေပါအုံးမောင်.... သုံးနှစ်ကျော်ချစ်သူတွေဖြစ်ခဲ့ကြတဲ့လူနှစ်ယောက် ...လမ်းခွဲကြတာမမြန်လွန်းဘူးလား ..ဒီလိုယုတ္တိမရှီတဲ့ဓါတ်ပုံလေးတစ်ပုံကြောင့် ..လမ်းခွဲတာလား ....ကိုအာကာနဲ့လရိပ်က... မေးထူးခေါ်ပြောအဆင့်ပဲရှိကြတယ်ဆိုတာ ...အရောင်းဆိုင်က လူတွေအားလုံးသိတယ် " လရိပ်နွေးက ချစ်သူ၏လက်ကိုဆွဲထားပြီး ပြောလိုက်မိသည်။ " လွတ်စမ်းကွာ.....မေးထူးခေါ်ပြောအဆင့်လို့လဲပြောသေးတယ်.....စတိုခန်းထဲမှာ... နှစ်ယောက်သားဖက်နေကြတယ်ဆိုတော့ ဘာသဘောလဲ ..ရယ်စရာတွေသိပ်မပြောနဲ့လရိပ်...ပုံစံလေးကြည့်တော့ ဖြူဖြူစင်စင်လေးနဲ့ မထင်ရဘူနော် ...မာယာတွေများလိုက်တာကွာ....အသိစောသွားလို့ ကံကောင်းသွားတာပေါ့ ..မိန်းမလည်မ...လှေနံနှစ်ဖက်နင်းချင်တဲ့မိန်းမ "