fa
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

رفتن به کانال در Telegram
803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၃၄) akyiphyu ********* ပန်းရိပ်ဖြူ အံလေးကိုတင်းတင်းကြိတ်ကာ အဘွားဖြစ်သူရဲ့တိုက်ဘက်ကနေပြန်လာခဲ့လိုက်တယ်။ပြန်လာနေရင်းနဲ့ ကသစ်မြိုင်တိုက်ကြီးထဲကို မဝင်သေးဘဲ ကားဂိုထောင်ဘက်ဆီကို သွားဖို့ပြင်လိုက်တာမို့ ပန်းခြံဘက်ကို ကွေ့ချလိုက်တယ်။ဒီအချိန်မှာပဲ ပန်းခြံနဲ့ မနီးမဝေးက ခုံတန်းလျားမှာ စကားပြောနေကြတဲ့ ဘုန်းသိင်္ခ နဲ့ သန္တာအောင်ကို မြင်လိုက်ရတာမို့ သစ်ပင်နောက်ကို ဖျတ်ခနဲဝင်ပုန်းလိုက်ပြီး ခုံတန်းနဲ့နီးသထက်နီးအောင် တိုးရွေ့သွားလိုက်တယ်။အနားကို နီးလာတာနဲ့အမျှ သန္တာအောင်ရဲ့ အသံကို လေအဝှေ့မှာမသဲမကွဲ ကြားရတယ် " " မင်းလုပ်ပုံတွေ အချိုးမပြေဘူးနော် ကိုဘုန်း....(..........) အနေအထိုင်ဆင်ခြင်ပါ.....(....) အားလုံးအလကားဖြစ်သွားမယ် " " သူသိနေ ...(........) ဒီတိုင်းကြည့်နေရမှာလား " " မင်းပါးစပ်ကို ( .....)..." စကားတွေကပြတ်တောင်းပြတ်တောင်းနဲ့ ကြားလိုက်ရတာမို့ ဘာတွေ ပြောနေမှန်းတော့ ပန်းရိပ်ဖြူ သိပ်နားမလည်ပါ။သူတို့နှစ်ယောက်က သမီးရည်းစားတွေ မဟုတ်ပါဘူးလို့လိမ်ညာထားခဲ့ကြပြီးမှ သမီးရည်းစားကြားက ပြဿနာလား။သို့မဟုတ်ပါက ဒီထက်နက်နဲတဲ့ အကြောင်းအရာရှိနိုင်မလားဆိုတာက သူတို့နှစ်ယောက်ပဲသိလိမ့်မယ်ထင်ပါတယ်။ပန်းရိပ်ဖြူ ကြည့်နေချိန်မှာပဲ သန္တာအောင်က ပြန်ထွက်သွားခဲ့ပြီး နေရာမှာဘုန်းသိင်္ခတစ်ယောက်ပဲ ကျန်နေခဲ့တယ်။သူမလဲ ရှေ့ဆက်မဲ့ ခြေလှမ်းတွေကို နောက်ကို ပြန်ဆုတ်ခဲ့ပြီး ကစ်မြိုင်စံအိမ်ကြီးဆီကိုပဲ ပြန်လာခဲ့လိုက်တယ်။ ~~~~~~~~~~~ "ဒေါက် ...ဒေါက် " တံခါးခေါက်သံခပ်တိုးတိုးကြောင့် စိုင်းမြတ်တံခါးကို ထဖွင့်လိုက်တယ်။တံခါးပွင့်သွားတဲ့အခါ တံခါးဝမှာရပ်နေသူက ပန်းရိပ်ဖြူဖြစ်နေတာမို့ စိုင်းမြတ်အံ့ဩသွားရတယ်။ " ပန်းရိပ် " စိုင်းမြတ်အံ့သြနေချိန်မှာပဲ ပန်းရိပ်ဖြူက အခန်းထဲကို အမြန်ဝင်လိုက်ပြီး " ကိုစိုင်း ..မနက်ဖြန်မန္တလေး သွားကြရအောင်.....အဖေတို့က ...ကိုစိုင်းနဲ့ပန်းရိပ်ကို သဘောတူမှာ မဟုတ်ဘူး ...ပန်းရိပ်တို့က အသက်ပြည့်နေပြီပဲ ... မန္တလေးရောက်ရင် ပန်းရိပ်တို့လက်ထပ်ကြမယ် " "ဘယ် ..ဘယ်လိုပန်းရိပ် ..ဖြစ်..ဖြစ်ပါ့မလားကွာ..." "ဖြစ်ပါတယ် ကိုစိုင်းရယ် ... အဘွားက ပန်းရိပ်တို့ကို သဘောတူတာပဲလေ.... ဘာလဲဟင်... ကိုစိုင်းကပန်းရိပ်နဲ့ လက်မထပ်ချင်လို့လား " " မ..မဟုတ်ပါဘူး ပန်းရိပ်ရယ် ... ကိုယ်က ဘာလို့လက်မထပ်ချင်ရမှာလဲ ..." " ဒါဆိုပြီးရောလေ ... ညကိုးနာရီကျော်နေပြီ ... ပန်းရိပ်သွားတော့မယ် ..... မနက်ဖြန်ရုံးကို သွားမဲ့ပုံစံအတိုင်းပဲ ကိုစိုင်းက ထွက်သွားပါ ....ပန်းရိပ်စောင့်နေမဲ့နေရာကို စာပို့လိုက်မယ်..." " ဟာ ...နေ..နေအုံးလေ ..ပန်းရိပ် ..ကိုယ်ပြောအုံးမယ် " စိုင်းမြတ်မှာ နားမလည်နိုင်ဘဲ ထပ်ပြီးမေးလိုက်တယ်။ " ဘာပြောမလို့လဲ ကိုစိုင်း...မနက်ဖြန်ကျရင် ...ပန်းရိပ်သွားနေကျ ...မြို့လယ်စားသောက်ဆိုင်ကစောင့်နေမယ် ...မနက်ဆယ့်တစ်နာရီမကျော်ခင်အရောက်လာခဲ့ပါ ...မလာဘူးဆိုလဲ ကိုစိုင်းသဘောပါ...ရုံးကိုလိုက်မလာပါဘူး..အဲ့ဒါကတော့ ကိုစိုင်းရွေးချယ်ရမဲ့အပိုင်းပဲလေ...ဪ...ဒါနဲ့ပန်းရိပ်မှာမှတ်ပုံတင်မရှိဘူးနော်.... မှတ်ပုံတင်က အမေတို့ဆီမှာ.,..အခု ပန်းရိပ်နောက်ကို လိုက်မလာနဲ့နော်...အမေတို့ရိပ်မိသွားလိမ့်မယ် " ပန်းရိပ်ဖြူပြောပြီးတာနဲ့ လှစ်ခနဲပြန်ထွက်သွားခဲ့တာမို့ စိုင်းမြတ်မှာမတားလိုက်နိင်ဘဲဖြစ်သွားခဲ့ရတယ်။ ~~~~~~~~~~~~~~ စိုင်းမြတ်ရဲ့အခန်းထဲက ထွက်လာခဲ့ပြီးတော့ တောင်မြောက်အရပ်လေးမျက်နှာကို ပန်းရိပ်ဖြူ လိုက်ကြည့်ကာ စံအိမ်ကြီဆီကိုပြန်သွားဖို့ ပြင်လိုက်တယ်၊။ရင်ထဲမှာတော့ တထိတ်ထိတ်ခုန်လှုပ်နေတာမို့ ခြေလှမ်းတွေလဲ ယိမ်းယိုင်နေခဲ့တယ်။ညကိုးနာရီကျော်ပဲရှိသေးတာဆိုတော့ ခုချိန်လောက်ဆိုရင် မိဘနှစ်ပါးက အလုပ်ကြောင်းတွေပြောနေကြလိမ့်မယ်။ပြီးတော့ သူတို့ရဲ့ဘေးနားမှာ အလွမ်းဆွတ်လဲရှိကောင်းရှိနေနိုင်တယ်။သေချာတာကတော့ ညဆယ်နာရီထိုးခါနိးမှာ ကသစ်မြိုင်စံအိမ်ကြီးထဲမှာ သူမရှိနေလား၊မရှိဘူးလားဆိုတာကိုလိုက်စစ်ဆေးကြလိမ့်မယ်။ဒါကနေ့စဉ်လုပ်နေကြထုံးစံဖြစ်ပြီး ဒီအတွက်လဲ ပန်းရိပ်ဖြူတစ်ခါမှ စိတ်အနှောက်အယှက်မဖြစ်ခဲ့ဖူးဘူးလေ။ပြောရရင်သူမကိုယ်တိုင်က ညရှစ်နာရီလောက်ဆိုရင် အပြင်ထွက်တတ်တဲ့သူမဟုတ်ဘူးလေ။သွားစရာနေရာလဲမရှိသလို အိမ်နီးနားချင်းအမျိုးတွေအိမ်ကိုသွားတော့လဲ အဘွားကအစစိတ်မချခဲ့ဘူး။ပြောမဲ့သာပြောရတာ ပန်းရီပ်ဖြူသွားမယ်ဆိုရင်တောင် ဘယ်အမျိုးအိမ်ကမှအဖက်မလုပ်ကြပါဘူး။ သူမကိုမြင်ရင် စိတ်မနှံ့သူကသူတို့ကိုတစ်ခုခုထလုပ်လိုက်မှာကိုကြောက်နေတဲ့ပုံစံမျိုးတွေ ဖြစ်နေကြတာလေ။ တိုက်ပေါ်ကဆင်းလာခဲ့ပြီးလှေကားဘေးကနေ အရှေ့ကိုပြန်ထွက်ဖို့ ပန်းရီပ်ဖြူခြေလှမ်းတွေ စလှမ်းလိုက်ချိန်မှာပဲ သူမဘေးနားကိုလူတစ်ယောက်ရောက်လာပြီး သူမလက်ကိုဆွဲကိုင်လိုက်တာမို့ ထိတ်လန့်တုန်လှုပ်သွားရတယ်။ထိတ်ထိတ်လန့်လန့်နဲ့ လက်ကိုအတင်းဆောင့်ရုန်းလိုက်ပြီးတော့ လှည့်ကြည့်လိုက်မိတဲ့အခါမှာတော့

၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀ https://www.facebook.com/100067151540690/posts/720499773531734/ ၂၁ https://www.facebook.com/100067151540690/posts/721022723479439/ ၂၂ https://www.facebook.com/100067151540690/posts/721549736760071/ ၂၃ https://www.facebook.com/100067151540690/posts/722060446709000/ ၂၄ https://www.facebook.com/100067151540690/posts/722610463320665/ ၂၅ https://www.facebook.com/100067151540690/posts/723211539927224/ ၂၆ https://www.facebook.com/100067151540690/posts/723791976535847/ ၂၇ https://www.facebook.com/100067151540690/posts/724353766479668/ ၂၈ https://www.facebook.com/100067151540690/posts/724889516426093/ ၂၉ https://www.facebook.com/100067151540690/posts/725430096372035 ၃ဝ https://www.facebook.com/100067151540690/posts/725989312982780/ ၃၁ https://www.facebook.com/100067151540690/posts/726572929591085/ ၃၂ https://www.facebook.com/100067151540690/posts/727145566200488/

ခပ်ပေါပေါယောက်ျားပဲ...ဒါပေမဲ့မင်းကိုတာဝန်ယူဖို့အတွက်တွေးထားပြီးသားပါ....အခုမမျှော်လင့်ထားတဲ့အခြေအနေတွေကြောင့် ကိုယ်လဲအရမ်းစိတ်ညစ်နေပြီ ...မင်းပြန်တော့အလွမ်း...နောက်ရက်တွေလဲမလာနဲ့တော့ ...ကိုယ်လဲပန်းရိပ်ဖြူနဲ့ကိစ္စကိုအပြတ်ငြင်းလိုက်ပြိးတော့ ...မင်းနဲ့ကိစ္စကိုသေချာစဉ်းစားပါ့မယ် ...ဒီရက်ထဲမှာတော့ ကိုယ့်ဆီကိုမလားပါနဲ့ " စိုင်းမြတ်ရဲ့စကားကြောင့် အလွမ်းဆွတ်တစ်ယောက် စိုင်းမြတ်ကိုစူးစူးဝါးဝါးစိုက်ကြည့်ပြီး ချာခနဲလှည့်ထွက်ခဲ့တယ်။ကျန်ခဲ့တဲ့စိုင်းမြတ်မှာတော့ သက်ပြင်းတွေအကြိမ်ကြိမ်ချရင်း ခေါင်းငိုက်စိုက်ချကာငြိမ်သက်နေမိတော့တယ်။ ~~~~~~~~~~~~~~~~~ " အဘွားတို့မန္တလေးသွားမလို့ ဟုတ်လား...သမီးလဲလိုက်မယ်လေအဘွား..မန္တလေးမရောက်တာကြာလှနေပြီ " ပန်းရိပ်ဖြူက ဘွားအေကြီကို ကပ်ချွဲပြီးပြောလိုက်တယ်။ " သမီးလိုက်ချင်ရင် အဘွားကခေါ်ပါတယ်ကွယ်...သမီးအဖေဆီမှာ ခွင့်တောင်းရမှာပေါ့ " အဘွားဖြစ်သူရဲ့စကားကြောင့် ပန်းရိပ်ဖြူစိတ်ညစ်သွားမိတယ်။ " စောရီရေ...ဘိုထွန်းဆီကိုဖုန်းခေါ်စမ်း..." ဘွားကြေးဥရဲ့ခိုင်းစေမှုကြောင့် ဒေါ်စောရီက ဦးဘိုထွန်းဆီကို ဖုန်းခေါ်လိုက်တယ်။ ဖုန်းခေါ်ပြီး သိပ်မကြာခင်အချိန်မှာပဲ ဒေါ်ပန်းမြိုင်ကရှေ့က ဦးဆောင်ကာနောက်မှဦးဘိုထွန်းပါလိုက်ပါလာခဲ့တယ်။ " အမေတို့က ဘယ်နှစ်ရက်ကြာမှာလဲ " ဦးဘိုထွန်းက မိခင်ကိုမေးလိုက်တယ်။ " ထုံးစံအတိုင်းတစ်ပတ်ပေါ့ ဘိုထွန်းရဲ့ ....ဆေးစစ်တာတွေလုပ်ပြီးရင်...လုပ်ငန်းကိစ္စတွေလဲပြောရအုံးမယ်...ဒီမှာ မောင်စိုင်းမြတ်ကိုထားခဲ့မယ်...ငါတို့ပြန်လာမဲ့ရက်နီးမှမောင်စိုင်းမြတ်ကို မန္တလေးလိုက်ခဲ့ခိုင််းမှာ ...အခုကမောင်စိုင်းမြတ်နဲ့လဲအတူသွားမှာမဟုတ်ပါဘူးဟဲ့ " မိခင်ဖြစ်သူရဲ့စကားကြာင့် ဦးဘိုထွန်းက ဇနီးဖြစ်သူကိုကြည့်လိုက်တယ်။ဒေါ်ပန်းမြိုင်ကတော့မျက်နှာသိပ်မကြည်ပါ။ " သမီးကလိုက်ချင်လို့်လားကွယ်...ဒီတလောကျန်းမာရေးလဲ သိပ်မကောင်းဘဲနဲ့...ဟိုရောက်မှဒုက္ခများနေပါအုံးမယ်...ဖျားတာပြုတာလောက်ကအရေးမကြီးပေမဲ့ ...တော်ကြာ ညဘက်တွေဘယ်လိုလုပ်မလဲအမေ...ကျွန်မကလဲ ရွှေဆိုင်ကအလုပ်များနေလို့်လိုက်လိုမရဘူး..." ဒေါ်ပန်းမြိုင်ကတွေးတွေးဆဆနဲ့ပြောလိုက်တယ်။ဦးဘိုထွန်းကတော့ဘာမှဝင်မပြောဘဲ သမီးဖြစ်သူကိုသာကြည့်နေတယ်။ " ဒီလကုန်မှ သွားမယ်လေသမီးရယ်...ဒီလထဲမှာ သမီးမွေးနေ့အတွက် ပြင်ဆင်နေတာတွေကို ပြီးအောင်ပြင်ဆင်ပါအုံး...သမီးဘက်ကစိတ်ကြိုက်ပုံစံရမှ ...ဆောက်လုပ်ရေးသမားတွေက လုပ်ငန်းစရမှာလေ " မိခင်ဖြစ်သူရဲ့စကားကြောင့် ပန်းရိပ်ဖြူနှုတ်ခမ်းကိုစူထော်ကာ နေရာကထခဲ့လိုက်တယ်။ ပန်းရိပ်ဖြူထွက်သွားတာကိုကြည့်ပြီး ဘွားကြေးဥကသက်ပြင်းကိုချလိုက်တယ်။ " နင်တို့ကလဲ..အလုပ်ကိုပဲအာရုံစိုက်မနေကြနဲ့...ကိုယ့်သားသမီးကိုလဲ ဂရုစိုက်ကြအုံး...တကယ်ဆို သူခရီးထွက်ချင်နေတာကိုလိုက်ပို့သင့်တယ်...တစ်နေ့ကလဲ ညည်းတူမကိုပါးရိုက်ပစ်လိုက်တယ်ဆို...ကုန်းထိပ်ဘက်ကိုခိုးသွားဖို့လဲလုပ်တယ်ဆို....နင်တို့ ငါ့ကိုဖုံးထားပေမဲ့ငါအကုန်သိတယ်...အဲ့ဒါတွေက သူခရီးအရမ်းသွားချင်နေလို့်ဆိုတာ နင်တိုမသိကြတာလား...အလုပ်ကိုနည်းနည်းပါးပါးလျှော့ပြီး သားသမိးကိုလဲဂရုစိုက်ကြပါအုံး...နင်တို့ပြောလိုက်ရင်တော့ သားသမီးကိုနင်တို့လောက်ဂရုစိုက်တဲ့သူမရှိဘူး...ဒါပေမဲ့ ငါ့မြေးကအသက်သာ (၂၆)ပြည့်မှာ ကလေးစိတ်ပဲရှိတယ်ဆိုတာကိုသတိပြုကြအုံး..ဒါတွေကြောင့်လဲ စိတ်ချရတဲ့မောင်စိုင်းမြတ်နဲ့လက်ထပ်ပေးချင်တယ်လို့်ပြောတာ " "တော်ပါတော့အမေရာ .....ကျွန်တော်တို့ကလဲ ကိုယ့်သားသမီးအခြေအနေကိုသိလို့် တားနေရတာပါ...မောင်စိုင်းမြတ်အကြောင်းကို ကျွန်တော်သေချာစုံစမ်းနေပါတယ်.....သူကအမေ့မိတ်ဆွေရဲ့မြေးဆိုတာနဲ့ပဲ ကျွန်တော်မယုံကြည်နိုင်ဘူးအမေ... သမီးတစ်ဘဝလုံးအတွက်ကို သေချာလေ့လာရပါမယ် ...ကျွန်တော်သွားတော့မယ် အမေ " ဦးဘိုထွန်းကပြောပြီးတာနဲ့နေရာကထလိုက်တယ်။ဘွားကြေးဥမှာတော့ ကိုယ့်မြေးအခြေအနေကိုလဲ ကိုယ်တိုင်သိတာမို့ စောဒကမတက်ရဲဘဲရေငုံနှုတ်ပိတ်ကျန်နေခဲ့ရတယ်။ ================================== အပိုင်း(၃၄)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/

" သမီးရယ်....သမီးကဘယ်သူလဲ...ကသစ်မြိုင်ရဲ့သူဌေသမီးလေ...ဘယ်သူ့ကိုများ သမီးကငွေပေးပြီး မိတ်ဆွေဖွဲ့နေရမှာလဲ....ကိုယ့်အဆင့်အတန်းနဲ့ကိုယ့်ဘာသာနေပါသမီးရယ် ...ဘယ်သူ့ကိုအောက်ကျို့ပေါင်းနေစရာမလိုဘူး.." " ဟုတ်ကဲ့ပါအမေ.....သမီးကလဲ ဘယ်သူ့ကိုမှအောက်ကျမခံပါဘူး...ဒါနဲ့ ...ဒီနေ့ည ကိုစိုင်းနဲ့စကားပြောမှာလားအမေ...ခဏလောက်ပြောကြည့်ပါအုံး ...သူကပြောတယ်အမေ...သမီးတို့လက်ထပ်ပြီးရင်...အမွေတွေကို အမေတို့ကိုပြန်အပ်ထားခဲ့ပြီး ...သူ့အလုပ်နဲ့အေးအေးဆေးဆေးပဲနေမယ်တဲ့လေ ...သမီးတော့သူ့ကိုယုံတယ်အမေ " သမီးဖြစ်သူရဲ့စကားကြောင့် ဒေါ်ပန်းမြိုင်မျက်မှောင်ကိုမသိမသာကြုတ်လိုက်မိပြီး " သမီးက မောင်စိုင်းမြတ်ပြောတာတွေကို ယုံနေတာလား......သူက စကားအပိုတွေပြောနေတာပါကွယ်....ဒါနဲ့ ...အမေကြားတာတော့ သမီးနဲ့မောင်ဘုန်းသိင်္ခက သိပ်ကိုရင်နှီးကြတယ်ဆို...မောင်ဘုန်းသိင်္ခနဲ့စကားပြောရင် ...သမီးမျက်နှာလေးကပြုံးနေတာပဲတဲ့လေ...သမီးတကယ်ပဲ မောင်စိုင်းမြတ်နဲ့ပတ်သက်ပြီး ...စိတ်လှုပ်ရှားရဲ့လားကွယ်...ကိုယ့်ကိုယ်ပြန်မေးကြည့်ပါအုံး " " အို...အမေကလဲ ဘာတွေပြောနေမှန်းမသိတော့ဘူး ...သွားပါတော့...သူ့ထက်စာရင် ကိုစိုင်းမြတ်ကမှယုံရအုံးမယ်...သူက ရန်ကုန်သားပီပီ မျက်နှာများတဲ့သူ ...အမေမသိပါဘူး.....အမေသွားပါတော့ သမီးအိပ်တော့မယ် " ပန်းရိပ်ဖြူရှက်ပြီးတော့ မိခင်ကိုအခန်းပြင်ကိုထွက်သွားခိုင်းလိုက်တယ်။မိခင်းဖြစ်သူပြန်ထွက်သွားတော့မှ ပန်းရိပ်ဖြူသက်ပြင်းကိုအသာချရင်း မှန်တင်ခုံရှေ့မှာထိုင်ချလိုက်မိတယ်။၊မှန်ထဲမှာပေါ်နေတဲ့ကိုယ့်မျက်နှာကိုယ်ကြည့်ပြီး ပန်းရိပ်ဖြူခပ်ယဲ့ယဲ့ပြုံးလိုက်မိတယ်။ရင်ခုန်သံတဲ့။အချစ်တဲ့။ဒါတွေက သူမအတွက် ဘာအရေးကြီးလို့်လဲ။ခုချိန်မှာသူမအတွက်အရေးကြီးဆုံးက ရှင်သန်နိုင်ဖို့ပဲမဟုတ်လား။ရန်သူကဘယ်သူမှန်းမသိ၊မိတ်ဆွေကဘယ်သူမှန်းမသိတဲ့အခြေအနေမှာ သူမအတွက်အရေးကြီးဆုံးကဘာလဲ၊ဘယ်သူလဲဆိုတာကို သူမကိုယ်တိုင်လဲမသိတော့ဘူးလေ။ ~~~~~~~~~~~~~~~~ " အစ်ကို ..အလွမ်းကိုညာနေတာလားဟင် ..အစ်ကိုပြောတော့... မနက်ဖြန်မနက်သွားမှာဆို " "အလွမ်းရယ် အစ်ကိုမလိမ်ပါဘူးကွာ...ခရီးသွားရမဲ့ကိစ္စက ဘွားကြေးဥခိုင်းထားတဲ့ကိစ္စဆိုတော့ ...ဘွားကြေးဥကသွားခိုင်းမှသွားရမှာပါ...အခုက လုပ်ငန်းကိစ္စစာချုပ်သွားချုပ်ရမှာကို ...တစ်ဖက်က အားရက်မရဖြစ်နေလို့ပါ ...မနက်ဖြန်သေချာသိရမှာပါ" စိုင်းမြတ်ကချော့မော့ပြောလိုက်တော့ အလွမ်းဆွတ်ကျေနပ်သွားတယ်။အလွမ်းဆွတ်ရဲ့ပုံစံက အနည်းငယ်ထူးခြားနေတာမို့ စိုင်းမြတ်လန့်သလိုတော့ ဖြစ်နေမိတယ်။ " အစ်ကိုကို့ အလွမ်ပြောမယ်...တကယ်လို့်များ ....ဒီကြားထဲမှာ ...အစ်ကိုနဲ့ပန်းရိပ်ရဲ့ကိစ္စကို ဘာမှမလှုပ်ရှားဘူးဆိုရင်...အလွမ်းတို့လဲ ချက်ချင်းကြိးလက်ထပ်ဖို့မလိုပါဘူး ....ပန်းရိပ်ဖြူရဲ့မွေးနေ့ပွဲပြီးမှ ...အလွမ်းတို့ကိစ္စကိုထပ်ပြောကြမယ်လေ " အလွမ်းကပြောလိုက်ရင်းနဲ့ စိုင်းမြတ်ရဲ့မျက်လုံးတွေကို ခပ်ပြုံးပြုံးစိုက်ကြည့်လိုက်တယ်။အလွမ်းဆွတ်ရဲ့ အပြုံးတွေကြောင့် စိုင်းမြတ်လန့်သလိုတောင် ဖြစ်သွားမိတယ်။ " အစ်ကို့ကိုစိတ်ချပါ အလွမ်းရယ်...အန်ကယ်ထွန်းတို့ကလဲ....ပန်းရိပ်နဲ့ အစ်ကို့ကိုသဘောမတူနိုင်လို့ လက်ထပ်ဖို့နေနေသာ...စေစပ်ဖို့ကိုတောင်ညှိမရဘူးဖြစ်နေတယ် " စိုင်းမြတ်ရဲ့စကားကြောင့် အလွမ်းဆွတခပ်မဲ့မဲ့ပြုံးလိုက်ပြီး စိုင်းမြတ်ကိုခပ်တိုးတိုလှမ်းပြောလိုက်တယ်။ " ဪ...အစ်ကိုက အမေမြိုင်တို့ခွင့်မပြုလို့်သာပေါ့...ဒါဆိုရင် ..အလွမ်းကပန်းရိပ်ရဲ့အစားထိုးခံသဘောလား ...ပြောပါအုံး " ဒီနေ့မှဇွတ်တရွတ်ဆန်နေတဲ့ အလွမ်းဆွတ်ကြောင့် စိုင်းမြတ်အတော်လေးစိတ်ညစ်မိသွားတယ်။ " တော်ပြီ..အလွမ်း..ကိုယ်ဘာမှမပြောချင်တော့ဘူး...တော်ကြာဘုန်းသိင်္ခကြားသွားလိမ့်မယ်..." " မကြားပါဘူး...ဒီနေ့သူသောက်မဲ့ကော်ဖီထဲမှာအိပ်ဆေးထည့်ထားတယ်...အစ်ကိုဘက်က ပွင့်ပွင့်လင်းလင်းပြောစမ်းပါ ...အလွမ်းကိုလက်ထပ်ဖို့အတွက် ..တစ်ခါမှမတွေးထားခဲ့ဖူးဘူးလား " အလွမ်းဆွတ်က စိုင်းမြတ်နဲ့မျက်နှာချင်းဆိုင်ပြီး ဇွတ်မေးလိုက်တယ်။ " ဟာကွာ...အလွမ်း ...မင်းဘာဖြစ်နေတာလဲ ....လက်ထပ်ဖို့စိတ်ကူးမရှိဘဲ တရားရုံးမှာချိန်းမလား " " ဟင်း...ဟင်း...တော်ပါအစ်ကိုရယ်...အစ်ကို့စိတ်ကို အလွမ်းမသိဘူးထင်နေတာလား ...အစ်ကိုနဲ့အလွမ်းတို့အကြောင်းကို ပန်းရိပ်ဖြူကိုသွားပြောမှာစိုးလို့ အလွမ်းကိုနှစ်သိမ့်နေတာမသိဘူးထင်နေထာလား ...အလွမ်းကအဲ့ဒီလောက် မတုံးအပါဘူးအစ်ကို...အလွမ်းပြောချင်တယ်ဆိုရင် ...အချိန်မရွေးပြောလို့်ရတယ်ဆိုတာကိုမမေ့ပါနဲ့ " အလွမ်းဆွတ်ရဲ့စကားကြောင့် စိုင်းမြတ်မျက်နှာကတင်းမာသွားရတယ်။ " တော်တော့အလွမ်း..မင်းပြောနေတာတွေကလွန်နေပြီ...တကယ်ဆိုရင် ကိုယ်တို့်ဖြစ်ခဲ့တဲ့ကိစ္စက မင်းဘက်ကစခဲ့တာနော်....အပန်းဖြေစခန်းမှာအိပ်တဲ့ညက ...မင်းကကိုယ့်အခန်းဘက်ကဝရန်တာမှာလာထိုင်နေခဲ့တာ...ဂါဝန်ပါးပါးလေးဝတ်ပြီး ...မင်းကိုယ့်ပေါ်ကိုလဲကျဟန်ဆောင်ခဲ့သေးတယ်..ဟုတ်ကယ်..ကိုယ်ကအထိအတွေ့ကိုတောင်မရှောင်နိုင်တဲ့

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၃၃) akyiphyu ********* ပန်းရိပ်ဖြူက အေးစက်စက်အသံနဲ့ ပြောလိုက်တာကြောင့် ဘုန်းသိင်္ခကလဲ ပခုံးကိုတွန့်ကာ ပြုံးလိုက်ပြီး " ဪ...အဲ့ဒီလိုမျိုးလား ....ဒါပေမဲ့စစ်ဆေးပြီးသွားပြီဆိုတော့ ...သိချင်နေမယ်ထင်လို့ပြောပြပါ့မယ်...တစ်အချက် ခင်ဗျားသောက်တဲ့ဆေးတွေကအိပ်ဆေးတွေနဲ့အားဆေးတွေပဲတဲ့ ...ဘာပဲဖြစ်ဖြစ် ဘယ်ဆေးမဆို ကြာရှည်သောက်ရင်မကောင်းဘူးပေါ့ဗျာ ...သတိလေးနဲချင့်ချိန်သောက်ရမှာလေ...အိပ်မပျော်တိုင်းသောက်နေရင်....ကြာရင် ဆေးလဲတိုးမှာမဟုတ်သလို အန္တရာယ်လဲဖြစ်နိုင်တယ်.....အဲ့ဒီတော့ မိဘတွေက စိုးရိမ်လို့သောက်ခိုင်းရင်လဲ ခင်ဗျားကချင့်ချိန်ပြီးသောက်....ရှင်းရှင်းပြောရရင် ဒီဆေးတွေသောက်နေရုံနဲ့ခင်ဗျားအခြေအနေကပြန်ကောင်းလာမှာ မဟုတ်ဘူးဆိုတာပဲ...ဆရာဝန်ကြီးကိုလဲချင့်ချိန်ပြီး ယုံရမှာပေါ့ " ဘုန်းသိင်္ခကပြောနေရင်းနဲ့ ပန်းရိပ်ဖြူကိုအကဲခတ်လိုက်တယ်။ပန်းရိပ်ဖြူကမျက်နှာ‌‌ေ*သ နဲ့ထိုင်နေပြီး ငြိမ်နေတော့ ဘုန်းသိင်္ခသက်ပြင်းချလိုက်မိတယ်။ " ပြန်မယ်ဆိုလဲထတော့..ပြန်လိုက်ပို့ပေးမယ် " ဘုန်းသိင်္ခရဲ့စကားအဆုံးမှာ ပန်းရိပ်ဖြူကထိုင်နေရာကထလိုက်ပြီး ဘုန်းသိင်္ခကိုသေချာစိုက်ကြည့်လိုက်တယ်။ " ငွေကအဲ့ဒီလောက် အရေးကြီးတာလား..." " ဗျာ...မမလေးဘာပြောလိုက်တာလဲ " ဘုန်းသိင်္ခကနားမလည်နိုင်ဘဲ ပြန်မေးလိုက်တယ်။ " မဟုတ်ပါဘူး..ကိုစိုင်းမြတ်ကိုပြောတာပါ...အလွမ်းဆွတ်ကိုလဲမစွန့်လွှတ်နိုင်ဘူး..ကျွန်မကိုလဲငွေအတွက်လက်ထပ်ချင်နေလို့လေ...ရှင်ကရော အလွမ်းဆွတ်ကိုတစ်ဖက်သတ်ချစ်နေရတာ မပင်ပန်းဘူးလားလို့်မေးချင်လို့ပါ " " ဟာဗျာ...အကောင်းမှတ်လို့်နားထောင်နေတာ...ဘာတွေပြောနေတာလဲ ....‌ခင်ဗျားပြောသလိုပဲငွေကတော့ အရေးကြီးတယ်ဗျ ...ကဲပါ သွားမယ် " ဘုန်းသိင်္ခက ဦးဘိုထွန်းကို ကတိပေးလိုက်ရတာမို့ ပန်းရိပ်ဖြူကို အချိန်မီပြန်ပို့နိုင်ဖို့အတွက် ပြန်ဖို့ပြင်လိုက်ကြတယ်။ " ကျွန်မဘာသာ တစ်စီးစိးလို့မရဘူးလား " " အင်း...မရဘူး...ကျွန်တော်လိုက်မပို့ရင်... အောင်မောင်းနဲ့ပြန်ရမှာ ခင်ဗျားသဘောပဲလေ " ပန်းရိပ်ဖြူဘာမှဆက်မပြောတော့ပါ ဘုန်းသိင်္ခရဲ့ဆိုင်ကယ်နောက်ကတက်စီးလိုက်တယ်။ တစ်လမ်းလုံးပန်းရိပ်ဖြူငြိမ်သက်စွာနဲ့ပါလာခဲ့တယ်။ ~~~~~~~~~~~~~~~~~~~ ကသစ်မြိုင်ခြံကြီးထဲကို ဘုန်းသိင်္ခတို့အရောက်မှာ ကြီးမားလှတဲ့ခြံတံခါးကိုလဲပိတ်ပြီးသွားပြီမို့ အလုပ်သမားတွေက ပန်းရိပ်ဖြူကို စောင့်ကြည့်မနေတော့ဘဲ လုံခြုံရေးဂိတ်တဲဝမှာပဲရှီနေခဲ့ကြတယ်။ ပန်းရိပ်ဖြူက ဆိုင်ကယ်ပေါ်ကဆင်းလိုက်ပြီးတော့ ဘုန်းသိင်္ခကိုကြည့်လိုက်ပြီး " ကျေးဇူးတင်ပါတယ် ဘုန်းသိင်္ခ...ရှင်နဲ့အလွမ်းဆွတ်ကို ရိုက်သင့်လို့ ကျွန်မရိုက်ခဲ့တယ်...နောက်ထပ်ရိုက်ရမဲ့သူရှိသေးတယ်....စိုင်းမြတ်ဆိုတဲ့တစ်ယောက်ကိုလဲကျွန်မရိုက်ရအုံးမယ်....ကျွန်မသိပ်ရိုင်းခဲ့ပေမဲ့ ဘယ်သူ့အပေါ်ကိုမှမယုတ်မာခဲ့ဘူး...ကျွန်မဘာအပြစ်တွေမှမလုပ်ခဲ့ဘူး " ပြောပြီးတာနဲ့ ပန်းရိပ်ဖြူချာခနဲလှည့်ထွက်ခဲ့တယ်။ဘုန်းသိင်္ခတစ်ယောက်တည်းနေရာမှာငူငူကြီးကျန်နေခဲ့တယ်။ ~~~~~~~~~~~~~ " သမီးရယ်...ဒီလိုအချိန်မျိုးမှာ ..အဝေးကို သွားတယ်ဆိုတာ ဘယ်လောက် အန္တရာယ်များ လိုက်သလဲ .....ခုချိန်မှာ သမီးကို စောင့်ကြည့်နေကြသူတွေ အများကြီးရှိနေတာ သမီးသိရဲ့လား " ဒေါ်ပန်းမြိုင်က ကရုဏာဒေါသနဲ့ သမီးဖြစ်သူကို ပြောလိုက်တယ်။ " အမေရယ် ... သမီးလဲ သိပါတယ်...အဝေးကြီးကိုလဲ မသွားပါဘူး ...စိတ်ညစ်ညစ်နဲ့ ဆိုင်ကယ် လျှောက်စီးတာပါ " " စိတ်ညစ်လို့ ဟုတ်လား သမီး ...ဘာတွေ စိတ်ညစ်နေတာလဲ သမီးရယ် " မိခင်ဖြစ်သူဒေါ်ပန်းမြိုင်ရဲ့ စကားကြောင့် ပန်းရိပ်ဖြူ မျက်နှာလေးကို မဲ့ပစ်လိုက်ပြီး " ဘာဖြစ်ရမှာလဲ အမေရယ် ... အကျင့်မကောင်းတဲ့ ယော**က်ျားတွေကြောင့်ပေါ့ ... သူတို့တွေက လှတာမြင်ရင် ဖောက်ပြန်ချင်နေကြတာ ...အမေ့တူမကလဲ ခုတလောပိုလှလာတယ်နော် " " အမယ်လေး သမီးရယ် ..ဘာများဖြစ်လို့များလဲလို့ ..နောက် တစ်ခါ ..စခန်းသာကိုကျော်ပြီး မသွားနဲ့နော်....သမီးအတွက် အန္တရာယ်များလို့ပြောနေတာ " " ဟုတ်ကဲ့ပါ အမေ " " ဒါနဲ့ ..အဘွားဆီက သိန်းသုံးဆယ်တောင်းတယ်ဆို သမီး...အဲ့ဒီလောက်အများကြီးကို ဘာလုပ်မလို့တောင်းရတာလဲ သမီးရယ် " မိခင်ဖြစ်သူရဲ့ အမေးစကားကြောင့် ပန်းရိပ်ဖြူထင်တဲ့အတိုင်းပဲဆိုတာကို တွေးလိုက်မိတယ်။ပြောတော့သာ ယောက္ခမနဲ့ချွေးမကမတည့်ကြဘူးဆိုပေမဲ့ သတင်းကအချင်းချင်းပို့ပြီးသွားကြပြီလေ။ " အမေကလဲ ...ဒီခေတ်မှာ သိန်းသုံးဆယ်ကဘာများလို့လဲ...အလွမ်းဆွတ်မှာဆိုရင် ပိုက်ဆံတွေအများကြီးရှိတယ်....သမီးမှာတော့ လေးငါးသောင်းကလွဲပြီး ဘယ်မှာရှိလို့လဲ...အလုပ်သမားတွေနဲ့အတူတူသွားရင်တောင် သူတို့ကို မုန့်ဝယ်ကျွေးဖို့ပိုက်ဆံမရှိဘူး..အဲ့ဒါကြောင့်လဲ အလုပ်သမားတွေက သမီးကိုအထင်သေးနေကြတာပေါ့ "

" ဪ...ဟုတ်ကဲ့ ...သိပါပြီ...အဲ့ဒီကိစ္စကို ကျွန်တော်ရှင်းပြပါအုံးမယ်...သူထွက်မသွားအောင်လို့... ကိုအောင်မောင်းလူတွေကိုကြည့်ခိုင်းထားလိုက်ပါအုံး " ဘုန်းသိင်္ခက အောင်မောင်းကိုပြောလိုက်ရင်း ခပ်လှမ်းလှမ်းကိုဆွဲခေါ်ခဲ့လိုက်ကာစကားပြောလိုက်တယ်။ " သူ့ကိုတားပေးထားလို့ကျေးဇူးတင်ပါတယ်ကိုအောင်မောင်း...ဖြစ်ပုံကဒီလိုပါ...မနက်တုန်းက ...သူကအလွမ်းကိုပါးရိုက်လိုက်တယ်ဗျာ...သတင်းကြားလားတော့မသိဘူး ...အဲ့ဒါ...ခုနတုန်းကကျွန်တော်က သူ့ကိုယ်စား အလွမ်းကိုတောင်းပန်နေတာဗျာ ...အဲ့ဒါကိုတွေ့သွားပြီး စိတ်ဆိုးသွားတာလေ.....ဒီလောက်ပြောရရင် ...ကျွန်တော်တို့နှစ်ယောက်ကြားကအခြေအနေကို ကိုအောင်မောင်းလဲရိပ်မိမှာပါ ...ကျွန်တော်သူ့ကိုချော့ချင်လို့်.....သူ့ကို ကျွန်တော်လိုက်ပို့ပေးလို့ရမလား..သူဌေးဆီမှာပြောကြည့်ပေးပါ ....ကိုအောင်မောင်းပြောပြီးရင်ကျွန်တော်ပြောပါ့မယ်...ဒီပုံအတိုင်းဆိုရင်...သူကလွယ်လွယ်နဲ့လိုက်မှာမဟုတ်ဘူး...အသားနာခံပြီးရုန်းကန်နေလိမ့်မယ် " ဘုန်သိင်္ခပြောတာလဲမှန်နေတာမို့ အောင်မောင်းကသူဌေးဆီကိုဖုန်းဆက်လိုက်ပြီး အကျိုးအကြောင်းရှင်းပြလိုက်တယ်။အောင်မောင်းက မိနစ်အနည်းငယ်ကြာအောင် ဖုန်းပြောနေခဲ့ပြီးနောက်မှာ ဘုန်းသိင်္ခနားကိုပြန်လျှောက်လာခဲ့လိုက်ပြီး " သူဌေးကခွင့်ပြုလိုက်တယ်..,,,ဒါပေမဲ့ အပန်းဖြေစခန်းမှာလဲအကြာချည်းမနေရဘူး....ကသစ်မြိုင်ကိုပြန်ပို့ပေးပါတဲ့....ပြန်တဲ့လမ်းမှာလဲ ကျွန်တော်တို့ရှိနေပါမယ် " " ဟာ...ကျေးဇူးတင်ပါတယ်ကိုအောင်မောင်း...ကျွန်တော်တို့ သိပ်ကြာကြာလဲစကားမပြောပါဘူး...စခန်းမှာပစ္စည်းတွေသွားသိမ်းပြီးရင်ပြန်မှာပါ " ဘူန်းသိင်္ခဝမ်းသာပျော်ရွှင်စွာပြောလိုက်ပြီးတော့ ပန်းရိပ်ဖြူနားကိုလျှောက်သွားလိုက်တယ်။ပန်းရိပ်ဖြူက သူမနားကိုလျှောက်လာတဲ့ဘုန်းသိင်္ခကို ဒေါသမျက်ဝန်းတွေနဲ့မော့ကြည့်လိုက်တယ်။ဘုန်းသိင်္ခက ပန်းရိပ်ဖြူရဲ့လက်ကိုဆွဲယူလိုက်ပြီး အနားကိုတိုးကပ်လိုက်ပြီးတော့လေသံသဲ့သဲ့မျှနဲ့ ပန်းရိပ်ဖြူကြားသာရုံနဲ့ပြောလိုက်တယ်။ "မမလေး..ပြဿနာမတက်ချင်ရင် ကျွန်တော်နဲ့လိုက်ခဲ့..." ဘုန်းသိင်္ခရဲ့စကားကကြောင့် ပန်းရိပ်ဖြူအံလေးကိုကြိတ်ကာ ဘုန်းသိင်္ခကခေါ်ရာနောက်ကိုလိုက်သွားလိုက်တယ်။ ~~~~~~~~~~~ ဘုန်းသိင်္ခက ပန်းရိပ်ဖြူနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး ပန်းရိပ်ဖြူရဲ့မျက်လုံးတွေကိုတည့်တည့်စိုက်ကြည့်လိုက်တယ်။ " ကျွန်တော့်ပါးကို ဘာလို့်ရိုက်တာလဲမမလေး ..." ဘုန်းသိင်္ခရဲ့အမေးကို ပန်းရိပ်ဖြူမဖြေဘဲ မျက်နှာကိုတစ်ဖက်ကိုလွှဲထားလိုက်တယ်။ " ကျွန်တော်နဲ့မမလေးက.... ချစ်သူတွေဖြစ်နေကြတဲ့ပုံစံမျိုးနဲ့ အောင်မောင်းကို အကူအညီတောင်းလိုက်တယ် ...အောင်မောင်းသူဌေးကို ဘယ်လိုပြောလိုက်လဲဆိုတာတော့ မသိဘူး...ဒါနဲ့မမလေးကဘယ်ကိုသွားမလို့်လဲ " ဘုန်းသိင်္ခရဲ့ အမေးကြောင့် ပန်းရိပ်ဖြူ မျက်နှာလေးတင်းသွားရပြီး " ကျွန်မကဘယ်ကိုသွားရမှာလဲ...ဒီလိုပဲဆိုင်ကယ်လိုက်စီးနေတာလေ ...ဘာထူးဆန်းနေလို့ဖြစ်နေကြမှန်းမသိဘူး...ရန်သူနဲ့မတွေ့ခင်မှာ...သက်တော်စောင့်တွေသ/တ်လို့သေမယ်ထင်တယ် " ပန်းရိပ်ဖြူမကျေမနပ်ပြောရင်းနဲ့ထိုင်နေရာကထလိုက်တယ်။ " ပြန်တော့မလို့်လား...ဆေးတွေကိုစစ်ထားတဲ့အဖြေတွေကို သိရပြီလေ ...ဘာလဲမသိချင်ဘူးလား " ဘုန်းသိင်္ခရဲ့အမေးကြောင့် ပန်းရိပ်ဖြူမဲ့ပြုံးလေးပြုံးလိုက်ရင်း " ကျွန်မက ကိုယ့်မိဘထက်...ဘေးသူစိမ်းကိုပိုယုံမယ်လို့ ရှင်ကထင်နေထာလား " ================================== အပိုင်း(၃၃)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈

" လူယုတ်မာ....နင်ကစိုင်းမြတ်ဆိုတဲ့ကောင်ထက်ပိုပြီးအောက်တန်းကျတယ်....နင်တို့ကအလွမ်းဆွတ်ရဲ့ကျေးကျွန်တွေပဲ " " ဖြန်း " ဒေါသသံနဲ့အတူ ပန်းရိပ်ဖြူရဲ့လက်ဝါးတစ်ဖက်က ဘုန်းသိင်္ခရဲ့ပါးပြင်ပေါ်ကို အရှိန်ပြင်းပြင်းနဲ့ကျရောက်လာခဲ့တယ်။မမျှော်လင့်ထားတဲ့ အခြေအနေမို့ ဘုန်းသိင်္ခကြောင်အအဖြစ်သွားမိပြီးမှ ချက်ချင်းသတိဝင်လာပြီး ပန်းရိပ်ဖြူရဲ့လက်ကိုလှမ်းဆွဲလိုက်တယ်။သို့ပေမဲ့ဘုန်းသိင်္ခနောက်ကျသွားခဲ့ပြီ။ပန်းရိပ်ဖြူက ဆိုင်ကယ်ပေါ်ကိုရောက်ရှိသွားခဲ့ပြီဖြစ်တယ်။ " ခဏနေအုံး မမလေး..ကျွန်တော်တို့စကားပြောရအောင်..ကျွန်တော့်မှာ ရန်ကုန်ကိုစစ်ခိုင်းထားတဲ့ အဖြေတွေရနေပြီ " ဘုန်းသိင်္ခရဲ့စကားကြောင့် ပန်းရိပ်ဖြူက မဲ့ပြုံးတစ်ချက်နဲ့လှမ်းကြည့်လိုက်ပြီး " မလိုတော့ဘူး...ဘာအဖြေကိုမှလဲ ကျွန်မ မသိချင်တော့ဘူး...ခုနပန်းခြံထဲမှာ... ရှင်နဲ့အလွမ်းဆွတ်ဖက်နေကြတာကိုမြင်လိုက်ပြီးကတည်းက ... အဖြေကရှင်းနေပြီပဲ ...ဘာကိုကျွန်မကယုံကြည်ရအုံးမှာလဲ ပြောစမ်းပါအုံး ....နောက်နောင်လဲရှင်နဲ့ပတ်သက်စရာအကြောင်းမရှိတော့ပါဘူး " ပန်းရိပ်ဖြူဒေါသနဲ့ပြောပြီးတော့ ဆိုင်ကယ်ကိုခပ်ကြမ်းကြမ်းမောင်းထွက်ခဲ့တယ်။ " ဟာ...နေအုံး ...ခင်ဗျားမသွားနဲ့အုံး " ဘုန်းသိင်္ခလှမ်းတားလိုက်ပေမဲ့ ပန်းရိပ်ဖြူရဲ့ဆိုင်ကယ်ကခပ်ကြမ်းကြမ်းထွက်သွားခဲ့လေပြီ ။ ~~~~~~~~~~~ ပန်းရိပ်ဖြူ ဆိုင်ကယ်ကိုအပန်းဖြေစခန်းထဲက မောင်းထွက်လာခဲ့ပြီတော့ နောက်ကနေအောင်မောင်းမလိုက်လာနိုင်အောင် ဆိုင်ကယ်ကိုခပ်ကြမ်းကြမ်းမောင်းခဲ့လိုက်တယ်။ဆိုင်ကယ်မောင်းနေရင်းနဲ့စိတ်တွေလှုပ်ရှားနေတာကြောင့် စိတ်ကိုမနည်းတည်ငြိမ်အောင်ထိန်းနေရတယ်။မျက်ရည်တွေကလဲ ကျလာပြန်တာမို့ အမြင်တွေကလဲ တစ်ချက်တစ်ချက်ဝေးဝါးချင်လာတယ်။လမ်းကွေ့တစ်ခုမှာ စခန်းသာဘက်ကိုသွားတဲ့လမ်းမဘက်ကို ဆိုင်ကယ်ကိုမကွေ့ဘဲ ရေတံခွန်ရွာဘက်သွားတဲ့လမ်းကိုကွေ့ချလိုက်တယ်။ရေတံခွန်ရွာကနေဆက်သွားရင် ကုန်းထိပ်ဆိုတဲ့လမ်းခွဲမြို့တစ်ခုကိုရောက်မယ်။ကုန်းထိပ်က စခန်းသာလောက်မစည်ဘူး။အနီးဆုံးမြို့ကြီးတစ်ခုကိုရောက်ဖို့ ဆိုင်ကယ်နဲ့သွားရင်လမ်းမှာညအိပ်ရမယ်။အမျိုးသမီးတစ်ယောက်လမ်းမှာ ညအိပ်ဖို့ဆိုတာကဘယ်လိုမဖြစ်နိုင်ဘူး။ကြားထဲကမြို့ငယ်တွေမှာ ဝင်တည်းဖို့ကအဆင်ပြေနိုင်ပါ့မလား။အစီအစဉ်ဆွဲဖို့အတွက်တောင် သူမမှာအချိန်မှာမရှိတော့ပါ။နောက်ကြည့်မှန်ကနေအကြည့်မှာနောက်ကနေလိုက်လာတဲ့ဆိုင်ကယ်တစ်စီးမှမတွေ့တာမို့် ဝမ်းသာသွားမိတယ်။ရှေ့တစ်ကွေ့ဆိုရင် ရေတံခွန်ရွာကိုကျော်ပြီ။ရေတံခွန်ရွာကိုကျော်ရင် သူမကိုသိတဲ့သူရယ်လို့သိပ်မရှိနိုင်လောက်တော့ဘူး။မိုးမချုပ်ခင်စပ်ကြားမှာ စခန်းသာနဲ့အလှမ်းဝေးတဲ့နေရာတစ်ခုကို အမြန်ဆုံးရောက်ရှိသွားမှဖြစ်မှာ။သူမမှာငိုနေဖို့၊လွမ်းဆွေးနေဖို့အချိန်မရှိတော့ဘူး။ " တီ..တီ...တီ " တီ...တီ...တီ " " ပွမ်...ပွမ်..ပွမ် " အဆက်မပြတ်ပေါ်ထွက်လာတဲ့ ဟွန်းတီးသံတွေနဲ့အတူ ရှေ့လမ်းကွေ့ကနေရုတ်တရက်ကြီးပါ်လာတဲ့ ဆိုင်ကယ်သုံးလေးစီးကိုကြည့်ပြီး ပန်းရိပ်ဖြူကြက်သေသေသွားရတယ်။ဘယ်လိုမှရှောင်လို့်မလွတ်တော့တာမို့ သူမဆိုင်ကယ်ကိုထိုးရပ်လိုက်ရတော့တယ်။ဆိုင်ကယ်ကိုရပ်လိုက်ချိန်မှာပဲ ဆိုင်ကယ်တစ်စီးပေါ်ကနေဆင်းလာတဲ့အောင်မောင်းကိုတွေ့လိုက်ရတယ်။ " မမလေးဆိုင်ကယ်စီးလာတာ စခန်းသာနယ်နိမိတ်ကိုကျော်နေပြီ မမလေး...ရှေ့ဆက်သွားဖို့ခွင့်မပြုပါဘူး...ကသစ်မြိုင်ကိုပြန်ရမယ်လို့ သူဌေးကအမိန့်ပေးလိုက်ပါတယ် " အောင်မောင်းရဲ့စကားကြောင့် ပန်းရိပ်ဖြူဆတ်ခနဲတုန်သွားရပေမဲ့ ဟန်မပျက်ဘဲရပ်နေလိုက်ပြီး " အစောကြီး ရှိသေးတာကို ဘာဖြစ်နေတာလဲ..ကျွန်မမှာဆိုင်ကယ်လိုက်စီးခွင့်တောင်မရှိဘူးလား...ဟိုရှေ့ဘက်ကရွာကို သွားလည်မို့ပါ ဘာတွေအပိုလုပ်နေကြတာလဲ.." " အပိုလုပ်တာမဟုတ်ပါဘူးမမလေး....ရှေဆက်မသွားဖို့ သူဌေးကအမိန့်ပေးလိုက်ပါတယ်...မမလေးကဆိုင်ကယ်စီးခွင့်မရှိတော့ပါဘူး...ကားနဲ့ကသစ်မြိုင်ကိုပြန်ရပါမယ် " " ဘာ...နင်ဘာပြောလိုက်တယ်...နင်ကများငါ့ကိုအမိန့်ပေးရဲတယ်ပေါ့လေ..နင်တို့နဲ့ ငါပြန်မလိုက်ဘူးဆိုရင်ဘာလုပ်မလဲပြောလေ...ပြောစမ်း...ဘယ်ကားနဲ့မှငါမလိုက်ဘူး...ငါ့ဆိုင်ကယ်နဲ့ပဲပြန်မယ် " ပန်းရိပ်ဖြူပြောပြီးတာနဲ့ဆိုင်ကယ်ကို ပြန်ကွေ့ဖို့လုပ်လိုက်တယ်။ဒီအခါအောင်မောင်းတို့အုပ်စုထဲကဆိုင်ကယ်သုံးစီးက ရှေ့ကိုတက်လာပြီး ပန်းရီပ်ဖြူရဲ့ဆိုင်ကယ်ရှေ့မှာပိတ်ရပ်လိုက်တယ်။ " ပြောစကားနားမထောင်ဘဲ ရှေ့ဆက်သွားရင် ...ကျွန်တော်တို့ရတဲနည်းနဲ့တားရပါလိမ့်မယ်မမလေး " အောင်မောင်းကပြောပြောဆိုဆိုနဲ့ သူ့ဘေးနားကလူနှစ်ယောက်နဲ့အတူ သူမကိုဆိုင်ကယ်ပေါ်ကဆွဲချလိုက်တယ်။ပန်းရိပ်ဖြူအတင်းရုန်းကန်လိုက်ပြီး ကျောပိုးအိတ်နဲ့လွှဲရိုက်ပစ်လိုက်တယ်။ဒီအချိန်မှာပဲ သူတို့နားကိုဆိုင်ကယ်တစ်စီးရောက်လာခဲ့တယ်။ " ကိုအောင်မောင်း...ဘာတွေဖြစ်နေတာလဲ..ခဏလေးနေပါအုံးဗျာ...ဘာတွေဖြစ်နေကြတာလဲ " ဆိုင်ကယ်ပေါ်ကဆင်းလာသူက ဘုန်းသိင်္ခ ။သူကအောင်မောင်းကိုအော်ဟစ်တားလိုက်ရင်း ပန်းရိပ်ဖြူရဲ့ရှေ့ကပိတ်ရပ်လိုက်တယ်။ " ရှေ့ကဖယ်ပါ ကိုဘုန်းသိင်္ခ...မမလေးကနယ်ကျော်ပြီးသွားဖို့ပြင်နေလို့် ...သူဌေးကပြန်ခေါ်လာခဲ့ခိုင်းလို့်ပါ "

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၃၂) akyiphyu ********* ပန်းရိပ်ဖြူ ဆိုင်ကယ်ကို ဖြည်းဖြည်းနဲ့မှန်မှန်မောင်းလာခဲ့ပြီးတော့ အပန်းဖြေစခန်းကို ဝင်လာခဲ့လိုက်တယ်။ ~~~~~~~~ အလုပ်သမားတွေအားလုံး ပျော်ပါးစားသောက်နေကြချိန်မှာ အလွမ်းဆွတ်တစ်ယောက်တည်း ပန်းခြံထောင့်မှာ လာထိုင်နေမိတယ်။သူမရဲ့ပျော်ပွဲရွှင်ပွဲကို ချစ်ရသူကို မဖိတ်နိုင်တဲ့အတွက်တော့ ရင်ထဲမှာနာကျင်နေမိသလို နာလဲနာကြည်းနေမိတယ်။ " အလွမ်း စိတ်မကောင်းဖြစ်နေတာလား " အသံနဲ့အတူအနားကို ရောက်လာတဲ့ ဘုန်းသိင်္ခကို အလွမ်းဆွတ်မော့ကြည့်လိုက်မိတယ်။ " မမလေးကလဲ ဘယ်လိုပြောရမလဲဗျာ ...သူ့စိတ်အခြေအနေက ဆိုးတယ်ပဲပြောရမလား...သနားစရာကောင်းတယ်ပဲပြောရမလားမသိတော့ပါဘူးဗျာ...သူ့စိတ်အခြေအနေအတက်အကျမြန်လွန်းတော့ ပြောရခက်သားလား " " ဟုတ်ပါတယ်ကိုဘုန်းရယ်...အလွမ်းလဲ ရုတ်တရက်ကြိးအရိုက်ခံလိုက်ရတော့ ရှက်ပြီးစိတ်တိုသွားခဲ့မိပေမဲ့ .....သေချာပြန်စဉ်းစားကြည့်တော့လဲ ...စိတ်မကောင်းပဲဖြစ်မိပါတော့တယ်...နောက်ကို သူ့ရှေ့မှာဆင်ခြင်ပြီးနေရတော့မှာပေါ့ရှင်...ကျေးဇူးရှင်အမေပန်းမြိုင်တို့မျက်နှာတွေကိုလဲထောက်ရအုံးမှာမဟုတ်လား " " အင်...ခက်တော့ခက်ခဲမှာပေါ့ဗျာ...ဖြစ်နိုင်ရင်တော့ အလွမ်းလဲအိမ်ထောင်ပြုပြီး .....ဝေးရာကိုထွက်သွားမှ ဒီဒုက္ခတွေကလွတ်မယ်ထင်တယ် " " အဲ့ဒီလိုထွက်သွားဖို့ကို အလွမ်းအကြိမ်ကြိမ်စဉ်းစားခဲ့ဖူးတာပေါ့ ကိုဘုန်းရယ်....ဒါပေမဲ့ အလွမ်းကငယ်ငယ်လေးကတည်းက....ကသစ်မြိုင်မှာကြီးပြင်းလာခဲ့ရတဲ့သူလေ...ကသစ်မြိုင်ကိုလဲ အလွမ်းကိုယ်တိုင်ကမခွဲမခွါနိုင်ဘူးဖြစ်နေမိတယ်ရှင် " " အလွမ်းရယ်...ဘယ်လိုပြောရမလဲတောင်မသိတော့ပါဘူးဗျာ " အလွမ်းဆွတ်ကပြောနေရင်းနဲ့မျက်ရည်ဝဲလာတာမို့ ဘုန်းသိင်္ခမှာ အလွမ်းဆွတ်ကိုနှစ်သိမ့်စကားပြောလိုက်တယ်။ "စိတ်မကောင်းမဖြစ်ပါနဲ့ အလွမ်းရယ်... ...စဉ်းစားကြည့်တော့လဲ မမလေးစိတ်မတည်မငြိမ်ဖြစ်မယ်ဆိုလဲဖြစ်လောက်ပါတယ်လေ....အသက်ဆယ်နှစ်တောင်မပြည့်သေးတဲ့ ကလေးတွေက ...ညအမှောင်ကြီးထဲမှာ လူဆိုးတွေကလက်ကနေအသ*က်လုပြီးထွက်ပြေးရတယ်ဆိုတာတွေးတောင်မတွေးရဲ့ဘူး...ကြောက်တတ်တဲ့သူဆိုရင် 6သွးပျက်သွားမှာပဲ...အလွမ်းကိုတော့တကယ်ချီးကျူးတယ်ဗျာ ...ရန်သူတွေလက်ကနေ ကိုယ်တစ်ယောက်တည်း လွတ်အောင်ပြေခဲ့တာမဟုတ်ဘဲ ...မောင်လေးကိုပါခေါ်ခဲ့တာဆိုတော့ မယုံနိုင်စရာပဲ ....မောင်လေးက အလွမ်းတို့ထက်နှစ်နှစ်ငယ်တယ်ဆိုတော့ သူကဘယ်လိုကောင်းကောင်းပြေးနိုင်မှာလဲ...အလွမ်း သူ့ကိုချီပြီးပြေးခဲ့တာလား .." " အဲ့ဒီအကြောင်းတွေကိုပြန်ပြောရင်း စိတ်မကောင်းဖြစ်ရပါတယ်ကိုဘုန်းရယ်...အလွမ်းကတော့ အလွမ်းရဲ့အသက်ကိုတောင်မငဲ့ဘဲ အထွန်းလေးကို ချီပြီးပြေးခဲ့တာပါ...မှောင်မှောင်မည်းမည်းဆိုတော့ အလွမ်းကို့ချော်လဲကြတာပေါ့ ...ကံကောင်းလို့်ပေါ့ ..စမ်းချောင်းတစ်လျှောက်ကနေပြေးတော့ ...ထိခိုက်ဒဏ်ရာတော့သိပ်မရပါဘူ....နောက်ဆုံး ပြေးရင်းနဲ့မောလွန်းလို့ လဲကျသွားခါနီးအထိ အထွန်းလေးမထိခိုက်အောင် အလွမ်းပဲအနာခံခဲ့တာပါ...ဒါပေမဲ့နောက်နေ့မနက်စောစောမှာ ..အလွမ်းတစ်ယောက်တည်းကိုရေတံခွန်ရွာစပ်နားမှာတွေ့တာတဲ့လေ ...အထွန်းလေးကို အလွမ်းကယ်ခဲ့ပါတယ်လို့ ဘယ်လိုပြောပြော...ဘွားကြေးဥကစိတ်ဆိုးမပြေဘူးလေ...အားလုံးက အဘွားနှင်းမြိုင်နဲ့အမေပန်းမြိုင်တို့ကြောင့်ဖြစ်တာဆိုပြီး ဘွားကြေးဥက... အလွမ်းကိုပါမုန်းနေတာလေ...ပန်းရိပ်ရန်ကုန်မှာဆေးရုံတက်နေရတဲ့နှစ်တွေအကြာကြီးမှာလဲ အလွမ်းကိုအသိအမှတ်မပြုခဲ့ဘူးလေ " " ဪ...အဲ့ဒီလိုလား ...ဘွားကြေးဥကတော်တော်မာနကြီးပြီးအတ္တကြီးတာပဲနော်...ဘာပဲဖြစ်ဖြစ်...အလွမ်းကတော့ စိတ်ဒဏ်ရာရောလူဒဏ်ရာပါမရခဲ့လို့်ကံကောင့်တာပေါ့...တစ်နေ့တော့ အလွမ်းရဲ့စိတ်ကို ဘွားကြေးဥလဲ နားလည်လာမှာပါ " ဘန်းသိင်္ခက အလွမ်းဆွတ်ကိုနှစ်သိမ့်ပေးရင်း အားပေးစကားပြောလိုက်တယ်။ ~~~~~~~~~~~~~~~ " တောက် " ခပ်လှမ်းလှမ်းကမြင်နေရတဲ့မြင်ကွင်းကို လှမ်းကြည့်လိုက်မိပြိး ပန်းရိပ်ဖြူတောက်တစ်ချက်ကိုခေါက်လိုက်မိပြီး အံကိုတင်းတင်းကြိတ်ထားလိုက်မိတယ်။မဟုတ်နိုင်ပါဘူးလေလို့် တွေးထားခဲ့တဲ့ကြားက ခုလိုမျက်မြင်ကိုယ်တွေ့ပက်ပင်းမြင်လိုက်ရတော့ စိတ်ထဲမှာနာကြည်းသွားမိတယ်။ ~~~~~~~~~~~~~~~~~~ ဘုန်းသိင်္ခစားသောက်ပွဲကနေပြန်လာခဲ့ပြီး ကျောက်တောင်နားမှာရှိတဲ့သူ့ရဲ့ယာယီအလုပ်ခန်းဆီကိုပြန်လာခဲ့လိုက်တယ်။ကျောက်တောင်နား အရောက်မှာ ပန်းရိပ်ဖြူကို လှမ်းမြင်လိုက်ရတာမို့ ဘုန်းသိင်္ခအံ့ဩသွားမိတယ်။ " မမလေး ဘယ်တုန်းကရောက်နေတာလဲ...သက်သာရဲ့လား .. " ဘုန်းသိင်္ခဆိုင်ကယ်ကိုရပ်ရင်းမေးလိုက်တယ်။ပန်းရိပ်ဖြူက ဘာမှပြန်မဖြေဘဲ မျက်လုံးစိမ်းကြီးတွေနဲ့စိုက်ကြည့်နေတာမို့ ဘုန်းသိင်္ခခပ်တွေတွေစိုက်ကြည့်လိုက်မိပြီး ပန်းရိပ်ဖြူနားကိုလျှောက်သွားလိုက်တယ်။ဘုန်းသိင်္ခရဲ့ခြေလှမ်းတွေ ပန်းရိပ်ဖြူနားကို အရောက်မှာပဲ ပန်းရိပ်ဖြူဆီက မမျှော်လင့်ထားတဲ့အပြုအမူကိုတွေ့ရှိလိုက်ရတယ်။

J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀ https://www.facebook.com/100067151540690/posts/720499773531734/ ၂၁ https://www.facebook.com/100067151540690/posts/721022723479439/ ၂၂ https://www.facebook.com/100067151540690/posts/721549736760071/ ၂၃ https://www.facebook.com/100067151540690/posts/722060446709000/ ၂၄ https://www.facebook.com/100067151540690/posts/722610463320665/ ၂၅ https://www.facebook.com/100067151540690/posts/723211539927224/ ၂၆ https://www.facebook.com/100067151540690/posts/723791976535847/ ၂၇ https://www.facebook.com/100067151540690/posts/724353766479668/ ၂၈ https://www.facebook.com/100067151540690/posts/724889516426093/ ၂၉ https://www.facebook.com/100067151540690/posts/725430096372035 ၃ဝ https://www.facebook.com/100067151540690/posts/725989312982780/

" ဟုတ်ကဲ့ပါ အမေ..သမီးမွေးနေ့ကျရင် ...အမေနဲ့အဖေက ဘာလက်ဆောင်ပေးမှာလဲဟင် " ပန်းရိပ်ဖြူက စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်တယ်။ "အင်း ... သမီးကို ဘယ်သူမှ မပေးနိုင်တဲ့ တန်ဖိုးကြီးလက်ဆောင်ကို ပေးမှာပေါ့....ပေးဖို့အတွက်လဲ အမေတို့ စီစဉ်နေကြပါပြီ " " ဝေး ..တကယ်လား ..ပျော်လိုက်တာ အမေရယ် ...အဘွားက ဘာပေးမလဲ မသိဘူးနော် ...ကိုစိုင်းကို မသိမသာ အစ်အောက်ကြည့်လိုက်တော့ အဘွားက ... သမီးအတွက်အမွေတစ်စုပေးမယ်လို့ထင်တယ်တဲ့ " " ဟုတ်လား ....အမေ့သမီး တော့ သူဌေးမကြီးဖြစ်ပြီပေါ့လေ " ဒေါ်ပန်းမြိုင်က သမီးဖြစ် သူကို သေချာစူးစိုက်ကြည့်ပြီး ကြည်နူးကျေနပ်စွာပြောလိုက်တယ်။ "ကဲ ...သမီး အိပ်ရေးမဝသေးရင် တရေးအိပ်လိုက်အုံးနော် ... အမေရွှေဆိုင်ဘက်သွားလိုက်အုံးမယ်... အပြန်မုန့်ဝယ်လာခဲ့မယ် " " ဟုတ်ကဲ့ အမေ " မိခင်ဖြစ်သူ အခန်းထဲက ထွက်သွားတာနဲ့ ပန်းရိပ်ဖြူ အိပ်ရာထဲလှဲချလိုက်ပြီး မျက်လုံးတွေကို မှိတ်ကာငြိမ်သက်နေလိုက်တယ်။လူကငြိမ်သက်နေခဲ့ပေမဲ့ နှလုံးသားတွေက ပေါက်ကွဲလုမတတ်ခုန်လှုပ်နေခဲ့တယ်။ ပန်းရိပ်ဖြူမျက်လုံးတွေကို မှိတ်ကာ မိနစ်အတော်ကြာငြိမ်သက်နေခဲ့ပြီးနောက် အိပ်နေရာ အသာထလိုက်ပြီး ဗီရိုနားကိုလျှောက်သွားလိုက်တယ်။ ဗီရိုကိုဖွင့်ပြီး အိတ်တွေကိုယူထုတ်လိုက်တယ်။ အိတ်တွေကိုတစ်လုံးပြီး တစ်လုံးဖွင့်ကြည့်လိုက်တော့ အိတ်ထဲမှာရွှေဆွဲကြိုးတစ်ကုံးနဲ့ဟန်းချိန်းတစ်ခုကိုတွေ့လိုက်ရတယ်။ရှိသမျှအိတ်တွေအားလုံးကို လှန်လောရှာဖွေကြည့်လိုက်တော့ ငွေစက္ကူအချို့ထွက်လာခဲ့တယ်။ငွေစက္ကူတွေကို အလောတကြီးနဲ့ရေတွက်လိုက်မိတယ်။ အားလုံးကိုရှာဖွေပြီးချိန်မှာတော့ သူမလက်ထဲမှာငွေသားသုံးသိန်းကျော်ရောက်ရှိလာခဲ့တယ်။အားလုံးကို အိတ်လေးတစ်လုံးထဲမှာစုပေါင်းထည့်ထားလိုက်ပြီးတော့ ဘောင်းဘီတစ်ထည်ရဲ့အိတ်ထဲမှာထည့်ထားလိုက်တယ်။လူကတုန်တုန်ယင်ယင်နဲ့လုပ်ကိုင်လို့ပြီးသွားတော့ အားလုံးကိုနေသားတကျ ထားခဲလိုက်ပြီးအခန်းပြင်ကိုထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~ " အဘွားကို ပြောစရာရှိလို့ " " ပြောလေ သမီးရဲ့ ...မနေ့ညက ဖျားသေးတယ်ဆို....အခု သက်သာပြီလား.....အဘွားကိုဘာပြောချင်လို့လဲပြောလေ " ဘွားကြေးဥက မြို့ထဲရုံးခန်းကိုမသွားခင် ပြင်ဆင်နေချိန်မှာပဲ ပန်းရိပ်ဖြူကဘွားကြေးဥရဲ့တိုက်ဘက်ကိုကူးလာခဲ့လိုက်တာ။ " ဟုတ်ကဲ့ ...သက်သာပါတယ်အဘွား...ဟိုလေ...သမီးကို မုန်ု့ဖိုးပေးပါအုံးအဘွားရယ်....သမီးလိုချင်တာတွေရှိလို့ပါ " " မြေးလေးက ဘာတွေများလိုချင်လို့လဲ...လိုချင်တာရှိရင်ဝယ်ပေါ့မြေးရဲ့...ငွေလိုရင် မောင်စိုင်းမြတ်ကို အဘွားလာရှင်းခိုင်းလိုက်ပါ့မယ် " ဘွားကြေးဥရဲ့စကားကြောင့် ပန်းရိပ်ဖြူစိတ်ညစ်သွားရတယ်။ " ဟို..အဘွားကလဲ..သမီးကိုယ်တိုင်ပိုက်ဆံကိုင်သုံးချင်လို့်ပါ...မုန့်ဖိုးနည်းနည်းလောက်ပေးပါနော်..." " ငါ့မြေးကတော့လုပ်ပြီး ...ကဲပါ....ဘယ်လောက်ပေးရမလဲပြော " ဘွားကြေးဥရဲ့စကားကြောင့် ပန်းရိပ်ဖြူဝမ်းသာသွားမိပြီး လက်ချောင်းလေးတွေကို ထောင်ပြလိုက်တယ်။ "ဪ...သုံးသိန်းလားသမီး ...ပေးမှာပေါ့ " အဘွားဖြစ်သူရဲ့စကားကြောင့် ပန်းရိပ်ဖြူစိတ်ပျက်သွားမိပြီး ခေါင်းကိုအမြန်ခါယမ်းပြလိုက်ရင်း " သုံးသိန်းမဟုတ်ဘူးအဘွား...သိန်းသုံးဆယ်ပါ...သုံးသိန်းနဲ့ဘာမှသုံးလို့်မရဘူးလေအဘွားရဲ့ " ပန်းရိပ်ဖြူရဲ့စကားကြောင့် ဘွားကြေးဥမှာ မျက်လုံးအစုံပြူးကျယ်သွားရပြီး " ဘယ်...ဘယ်လိုမြေးလေး..သိန်းသုံးဆယ်ဟုတ်လား...ဒီလောက်များတဲ့ငွေကိုဘာလုပ်မလို့လဲကွယ် ..." " ဟာ...အဘွားကလဲ...သိန်းသုံးဆယ်ကဘာများလို့်လဲ...ပစ္စည်းတွေဒီလောက်ဈေးကြီးနေတာအဘွားလဲသိနေတာပဲ...ဘာလဲမပေးချင်ဘူးလား " " မြေးလေးရယ်...အဘွားကမပေးချင်ဘဲနေမလား...တော်ကြာငါ့မြေးအမေက ......သူ့သမီးကို အကျင့်ဖျက်တယ်လို့် အဘွားကိုပြောအုံးမယ်...သိန်းသုံးဆယ်တောင် ဘာလုပ်မလို့ကွယ်...အဲ့ဒီလောက်မယူနဲ့နော် ..အဘွား(၅)သိန်းပေးလိုက်မယ်နော်သမီး " အဘွားဖြစ်သူရဲ့စကားကြောင့် ပန်းရိပ်ဖြူမျက်နာလေးပျက်သွားမိပေမဲ့ ပေးသလောက်ကိုယူပြီး စံအိမ်ကြီးဆီကို ပြန်လာခဲ့လိုက်တယ်။ ~~~~~~~~~~ ပန်းရိပ်ဖြူဆိုင်ကယ်ကို မောင်းထွက်လာခဲ့ပြီး သိပ်မကြာခင်မှာဘဲ သူမနဲ့ ခပ်လှမ်းလှမ်းကနေ အောင်မောင်းရဲ့ ဆိုင်ကယ်လိုက်လာတာကို တွေ့လိုက်ရတယ်။ပန်းရိပ်ဖြူ အပြင်သွားရင် နောက်ခပ်လှမ်းလှမ်းကနေ စောင့်ရှောက်သူတစ်ယောက်လိုက်ပါလာတတ်တာက အခုမှတော့မဟုတ်ပါ။ဒါက ပန်းရိပ်ဖြူရယ်လို့ ကိုယ့်ကိုယ်ကို သိလာချိန်ကတည်းက ရှိခဲ့တဲ့ထုံးစံပဲလေ။ ဒီထုံးစံတွေကို ပျောက်သွားဖို့ဆိုရင် သူမတစ်ယောက်ယောက်နဲ့ အမြန်ဆုံးလက်ထပ်လိုက်တာပဲဖြစ်ဖြစ် သို့မဟုတ်လျှင် ပန်းရိပ်ဖြူဆိုတဲ့သူမပျောက်ကွယ်သွားတာပဲဖြစ်ဖြစ်ပေါ့။သူမမှာရွေးချယ်လမ်းရယ်လို့လဲ များများစားစားမရှိတော့ဘူးလေ။ ================================== အပိုင်း(၃၂)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/

အလွမ်းဆွတ်ရဲ့လေသံက အရင်နဲ့မတူဘဲ မာဆတ်ဆတ်ဖြစ်နေခဲ့တာမို့ စိုင်းမြတ်စိတ်လှုပ်ရှားကာ အလွမ်းဆွတ်ကို မရဲတရဲနဲ့လိုက်ကြည့်နေခဲ့မိတယ်။ " နန်းကြီးသုပ်ဟုတ်လား...နန်းကြီးသုပ်ကို ငါမကြိုက်တာနင်မသိဘူးလား...ငါ့အတွက်ဘာလုပ်ပေးထားလဲ " ပန်းရိပ်ဖြူက နှစ်ယောက်သားကို မသိမသာအကဲခတ်ရင်းနဲ့ လေသံမာမာနဲ့အလွမ်းဆွတ်ကိုပြောလိုက်တယ်။ " ဪ ....ဟုတ်သားပဲ ...နင်ကနန်းကြိးသုပ်မကြိုက်တာကို ငါမေ့သွားလို့်ပါ...အဖေဘိုကလဲနန်းကြီးသုပ်ကြိုက်တော့... ဒီနေ့တော့ နန်းကြိးသုပ်ပဲရှိတယ်...နင်မကြိုက်ရင် ...ထမင်းကြော်ခိုင်းလိုက်မယ်လေ...ထမင်းကြော်နဲ့စားဖို့ အကြော်စုံလဲရှိတယ် " အလွမ်းဆွတ်ရဲ့နှုတ်က ထွက်လာတဲ့စကားကြောင့် ပန်းရိပ်ဖြူဒေါသထောင်းခနဲထွက်သွားပြိး ထိုင်နေရာကဆတ်ခနဲထရပ်လိုက်တယ်။ ' ကိုစိုင်း ရုံးသွားရမှာမဟုတ်လား ...သွားတော့လေ...နေ့လ ယ်ကျမှ ...ပန်းရ်ပ်သက်သာရင် မြို့ထဲကိုထွက်လာခဲ့မယ် " ပန်းရိပ်ဖြူပြောပြီးတာနဲ့ထမင်းစားခန်းဆီကိုထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~~ " အမေ ...အမေ " ပန်းရိပ်ဖြူရဲ့အော်ခေါ်သံစူးစူးကြောင့် ထမင်းစားခန်းထဲမှာရှိနေကြတဲ့သူတွေအားလုံး အခန်းဝဆီကို မျက်လုံးအကြည့်တွေရောက်သွားခဲ့ကြတယ်။ " အမေ့တူမ စကားပြောတာအချိုးမပြေဘူးနော်အမေ..နန်းကြီးသုပ်ကိုသမီးမကြိုက်ဘူးလို့်ပြောတာကို ...အကြော်စုံးရှိတယ်တဲ့လေ...သူကဘာအချိုုးချိုးတာလဲ " ပန်းရိပ်ဖြူအော်ကြီးဟစ်ကျယ်နဲ့ပြောရင်းဝင်လာတော့ ဖခင်ဖြစ်သူဦးဘိုထွန်းက တစ်ချက်မော့ကြည့်လိုက်တယ်။ဒေါ်ပန်းမြိုင်က ထိုင်နေရာကထသွားခဲ့ပြိး သမီးဖြစ်သူကိုချော့မော့လိုက်တယ်။ " မဟုတ်ပါဘူးသမီးရယ်...သမီးမစားချင်ရင်...စားချင်တာကို မဇာယုတို့ကိုလုပ်ခိုင်းလေ...ဒါနဲ့သမိးသက်သာရဲ့လား...ဘယ်လိုနေသေးလဲ " " ဟုတ်ကဲ့ အမေ...သမီးသက်သာပါတယ်..ညတုန်းကတော့... သမီးကိုလှေကားပေါ်ကနေ လူတစ်ယောက်ကတွန်းချတယ်လို့် အိပ်မက်မက်သေးတယ်...လှေကာားပေါ်ကပြုတ်ကျသွားပြီး ပြန်နိုးလာတော့ ...အိပ်ရာထဲမှာဖြစ်နေတယ်လေ " " ဟုတ်လား...လမ်းထမလျှောက်လို့တော်သေးတာပေါ့သမီးရယ်....ဒီနေ့ အပန်းဖြေစခန်းကိုသွားမှာလားသမိး " " ဟင့်အင်း ..ဒီနေ့တော့ နားမယ်အမေ ...လူကအိပ်ရေးမဝသလိုဖြစ်နေလို့ပါ...သမီးအတွက်အဆာပြေစာကို ထမင်းပဲလုပ်ပေးတော့အမေ ..အဖေလဲ သမီးကိုမုန့်ဖိုးပေးပါအုံး " ပန်းရိပ်ဖြူက ဖခင်ကြီးနားကိုသွားရပ်ကာပြောလိုက်တယ်။ပြီးတော့ ဘုန်းသိင်္ခကိုလှမ်းကြည့်လိုက်မီတယ်။ဘုန်းသိင်္ခကလဲ မျက်လုံးစူးစူးတွေနဲ့ပြန်ကြည့်တာမို့ ပန်းရိပ်ဖြူအကြည့်ကိုလွှဲလိုက်ပြီး ထမင်းစားခန်းထဲကပြန်ထွက်လာခဲ့လိုက်တယ်။ထမင်းစားခန်းက ပြန်အထွက်မှာ အလွမ်းဆွတ်နဲ့မျက်နှာချင်းဆိုင်ဆုံလိုက်ရတယ်။နှစ်ယောက်သားဆုံခိုက်မှာ အလွမ်းဆွတ်ကမျက်နှာလေးကိုမဲ့ပြလိုက်တာမို့ ပန်းရိပ်ဖြူစိတ်ကိုတင်းလိုက်ကာ အလွမ်းဆွတ်ရဲ့ မျက်နှာကို လက်ဝါးနဲ့ရိုက်ချပစ်လိုက်တယ်။ " ဖြန်း " " အား " " ဟင် ..သမီးလွမ်း ... ပန်းရိပ် .. ဘယ်လိုလုပ်လိုက်တာလဲ ..ဘာလို့ လက်ပါရတာလဲ " ဒေါ်ပန်းမြိုင်က အထိတ်တလန့်နဲ့အော်လိုက်ရင်း ပန်းရိပ်ဖြူတို့နားကိုပြေးသွားလိုက်တယ်။ " သူက ..သမီးကိုရွှဲ့သလိုစောင်းသလိုပုံစံနဲ့ လာကြည့်နေလို့... အမြင်ကပ်လို့ ရိုက်ပစ်လိုက်တာလေ.. ကျန်တဲ့ အလုပ်သမားတွေအားလုံးလဲ ကြည့်ထားကြနော် ... ငါ့ကို မလေးမစားလာမလုပ်ကြနဲ့ ...အားလုံးကို မောင်းထုတ်ပစ်မှာ " " ပန်းရိပ်ဖြူ ..သမီးတော်လိုက်တော့ ...ဒီမှာ အဖေတို့ရှိနေတာကို သမီးဘယ်လိုဖြစ်နေတာလဲ ....အပေါ်ထပ်ကိုသွားတော့ ...အဖေ ဘာသံမှထပ်မကြားချင်ဘူးနော်... " ဖခင်ဖြစ်သူ ဦးဘိုထွန်းက မျက်နှာထားတင်းတင်းနဲ့ လှမ်း အော်လိုက်တော့မှ ပန်းရိပ်ဖြူလဲ နှုတ်ခမ်းကိုစူကာ ခြေကိုဆောင့်နင်းပြီး အပေါ်ထပ်ကို ပြန်တက်သွားခဲ့တယ်။အလွမ်းဆွတ်ကလဲ သူမမျက်နှာကို လက်ဖဝါးနဲ့အုပ်ကာ ရှိုက်ကြီးတငင်ငိုပြီး ပြေးထွက်သွားခဲ့တယ်။ " ဧည့်သည်တွေကို အားနာပါတယ် ...သမီးက နေမကောင်းတဲ့အချိန်ဆို အဲ့ဒီလိုပဲနည်းနည်းဆိုးတယ်...မောင်ဘုန်းသိင်္ခလဲ သမီးအကြောင်းကို အတော်အသင့်သိနေလောက်ပြီပေါ့ ... သမီးကို သည်းခံပေးပါကွာ " ဦးဘိုထွန်းက ဘုန်းသိင်္ခနဲ့ သန္တာအောင်ကို တောင်းပန်စကားပြောလိုက်ပြီး နေရာကထထွက်သွားခဲ့တယ်။ဒေါ်ပန်းမြိုင်ကလဲ စားလက်စမုန့်ပန်းကန်ကို ထားပစ်ခဲ့ပြီး အပေါ်ထပ်ကို အပြေးလေးလိုက်တက်သွားခဲ့တယ်။ထမင်းစားခန်းထဲမှာတော့ ဘုန်းသိင်္ခတို့နဲ့ အလုပ်သမားတွေသာ ကျန်နေခဲ့တော့တယ်။ ~~~~~ " သမီးလုပ်တာ မှားတယ်လို့ အမေပြောတာမဟုတ်ဘူး...ဒါပေမဲ့ ပါးစပ်နဲ့ပဲပြောရမယ်လေ သမီးရယ်... တခြားလူဆိုရင် ထားပါတော့ ...အလွမ်းက သမီးရဲ့ညီမဝမ်းကွဲလေကွယ်...သူမလိမ္မာရင် အမေဆုံးမပေးမှာပေါ့ " ဒေါ်ပန်းမြိုင်က သမီးဖြစ်သူကို ချော့မော့ပြောလိုက်တယ်။ " တော်ပါ အမေရယ် ...အမေ့ တူမအကြောင်းကို အမေမသိပါဘူး ....သူက အဘွားပြောသလိုပဲ ကုပ်ကမြင်းအမေရဲ့ " " အိုကွယ် ..သမီးစကားပြောတာတွေရိုင်းလိုက်တာ..တော်ပြီကွယ်...အမေတို့ ဒါကိုထပ်မပြောတော့ဘူး ..သမီးမွေးနေ့အတွက် ပြင်ဆင်ဖို့ပဲတွေးထားပါ "

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၃၁) akyiphyu ********* နဖူးပြင်ကို ထိကိုင်စမ်းလိုက်တဲ့လက်တစ်ဖက်ရဲ့ အထိ တွေ့နဲ့အတူ သူမရဲ့မျက်နှာနားကိုတိုးကပ်လာတဲ့အသက်ရှူသံသဲ့သဲ့။မွှေးရနံ့သင်းပျံ့နေတဲ့ တစ်စုံတစ်ရာက သူမရဲ့နှာခေါင်းဝကို ထိကပ်လာခဲ့တယ်။အနည်းငယ်ကြာပြီးချိန်မှာတော့ လက်တစ်စုံကသူမရဲ့လက်မောင်းရင်းကို ခပ်ဖွဖွဆုပ်ကိုင်လာခဲ့ပြီး ညင်ညင်သာသာပွတ်သပ်ပေးနေပြန်တယ်။သူမအနားမှာ ဖြည်းညင်းစွာလှုပ်ရှားလုပ်ကိုင်နေတဲ့ လူတစ်ယောက်ရဲ့လှုပ်ရှားနေမှုကို ပန်းရိပ်ဖြူသိနေခဲ့ပေမဲ့ သူမတစ်ကိုယ်လုံးလှုပ်ရှားလို့မရဘဲဖြစ်နေကာ အိပ်မက်မက်နေသလိုမျိုးခံစားနေခဲ့ရတယ်။သူမရဲ့လက်မောင်းကို ညင်ညင်သာသာပွတ်သပ်ပေးနေတာကို စိတ်ကသိနေခဲ့တယ်။လက်မောင်းကို ခဏကြာပွတ်သပ်ပြီးတဲ့နောက်မှာ သူမရဲ့လက်ဖဝါးကို ခပ်တင်းတင်းဆုပ်ကိုင်ဆုပ်ညှစ်လိုက်တာကို ခံစားသိရှိလိုက်ရပြန်တယ်။ဒါဟာ အိပ်မက်မဟုတ်ဘူး။နိုးထမှဖြစ်မယ်လို့ ပန်းရိပ်ဖြူ ကိုယ့်ကိုယ်ကို သတိပေးနေတဲ့ကြားက အသိစိတ်က အားလုံးကို မေ့လျော့သွားရပြန်တယ်။ ~~~~~~~ " ပန်းတွေကလှလိုက်တာဗျာ ..." ဘုန်းသိင်္ခကပြောရင်းနဲ့ အလွမ်းဆွတ်နားကို လျှောက်သွားလိုက်ပြီး ပန်းတွေကိုမွှေးကြူလိုက်တယ်။ "ကိုဘုန်းရော ပန်းကြိုက်တာလား...မထင်ရဘူးနော် " အလွမ်းဆွတ်ရဲ့ အပြောကြောင့် ဘုန်းသိင်္ခရယ်မောလိုက်ပြီး " အလွမ်းရယ် ....ယောက်ျားတွေလဲ ပန်းကြိုက်ပါတယ်ဗျာ ...မိန်းကလေးတွေလို ခေါင်းမှာ မပန်တာပဲရှိတာပါ...ပန်းစိုက်တဲ့ ဥယျာဉ်မှူးအများစုက ယောက်ျားတွေပါဗျာ ..ဒါနဲ့ ...အလွမ်းကို ဒီနေ့ကြည့်ရတာ မျက်နှာလေးလန်းပြီး ပျော်နေသလိုပဲနော် ... ပျော်စရာကိစ္စရှိရင် မျှပါအုံးဗျာ " ဘုန်းသိင်္ခက ပြုံးစစနဲ့ ပြောလိုက်တော့ အလွမ်းဆွတ်က နှစ်နှစ်ခြိုက်ခြိုက်ပြုံးရယ်လိုက်ပြီး " ဟုတ်တယ် ကိုဘုန်းရဲ့ ...အလွမ်းမှာ ပျော်စရာကိစ္စရှိတယ်...အဲ့ဒါကြောင့်... ဒီနေ့ ...အပန်းဖြေစခန်းမှာ မုန့်ကျွေးမှာလေ " " ဟာ ..တကယ်လား ...ဒါနဲ့ ...ဒီနေ့က အလွမ်းရဲ့မွေးနေ့လား ..ဒါမှမဟုတ် ကောင်လေးက လက်ထပ်ခွင့်တောင်းလိုက်ပြီလား " " ဒါကတော့ ပြောလို့မရဘူးနော် .... လျှို့ဝှက်ချက်ပါရှင့် ... ဒီနေ့ မုန့်စားပွဲကိုသာ လာတက်ပါလို့ ဖိတ်ပါရစေရှင်....ဒီမနက်လဲ အသားများများနဲ့ နန်းကြီးသုပ်လေးပြင်ဆင်ပေးထားလို့ စားသွားလိုက်ပါအုံး ... ကော်ဖီလဲပြင်ဆင်ပေးထားပါတယ်ရှင် " " ဟား ...မိုက်ပြီပဲ ...ကျေးဇူးတင်စွာနဲ့ စားလိုက်ပါ့မယ်ဗျာ " ~~~~~~~ လူကဖျတ်ခနဲ့လန့်နိုးလာချိန်မှာ နေရောင်ကသူမအခန်းထဲကို ကျရောက်နေခဲ့ပြီ။အိပ်ရာထဲကအတင်းလူးလဲထလိုက်ပြီး လက်မောင်းကို ပန်းရိပ်ဖြူကြည့်လိုက်မိတယ်။ညကသူမကြုံခဲ့ရသမျှက အိပ်မက်လိုဖြစ်နေခဲ့ပြီး အိပ်ရာခုတင်ပေါ်မှာနိုးထလာခဲ့ရတဲ့အဖြစ်က ပထမဆုံးအကြိမ့်တော့ မဟုတ်တော့ပါဘူး။သို့ပေမဲ့ သူမလက်မောင်းကိုညင်သာစွာ ပွတ်သပ်ပေးခဲ့သူ။သူမရဲ့နဖူးပြင်လေးကို ညင်ညင်သာသာနဲ့ကိုင်တွယ်ခဲ့သူ။အားလုံးဟာအိပ်မက်တွေလိုပဲ သက်သေပြစရာမရှိခဲ့ပါဘူး။အတွေးပေါင်းများစွာနဲ့ခုတင်ပေါ်မှာ ထိုင်နေမိရာက လက်နှိပ်ဓါတ်မီးကိုလှမ်းယူကြည့်လိုက်မိတယ်။လက်နှိပ်ဓါတ်မီးကို ဖင်တစ်ပြန်ခေါင်းတစ်ပြန်စစ်ဆေးကြည့်ရှုလိုက်မိရင်း ခပ်မဲ့မဲ့လေးပြုံးလိုက်မိပြီး ပြတင်းပေါက်နားကိုထသွားလိုက်တယ်။ " ဟင် " ပန်းခြံထဲကမြင်ကွင်းကြောင့် ပန်းရိပ်ဖြူရင်တွေတလှပ်လှပ်တုန်သွားကာ ခြေအစုံကိုနောက်ကို ကမန်းကတန်းပြန်ဆုတ်လိုက်မိတယ်။ပန်းခြံထဲမှာတော့ အပြုံးမျက်နှာတွေနဲ့စကားပြောနေကြတဲ့ ဘုန်းသိင်္ခနဲ့အလွမ်းဆွတ်။သူတို့တွေ သူမကိုမမြင်ကြပါဘူး။ပန်းရိပ်ဖြူ နှုတ်ခမ်းလေးကိုကိုက်ကာ ခပ်မဲ့မဲ့လေးပြုံးလိုက်မိပြန်တယ်။ ~~~~~~~~~~~~~~~~ " ပန်းရိပ် နေမကောင်းဘူးဆိုလို့် ...ကိုယ်လာကြည့်တာ ..သက်သာရဲ့လား " အောက်ထပ်ကို ပန်းရိပ်ဖြူဆင်းလာချိန်မှာ စိုင်းမြတ်ရောက်လာတာမို့ နှစ်ယောက်သားဧည့်ခန်းထဲမှာ စကားထိုင်ပြောဖြစ်ကြတယ်။ " ဟုတ်ကဲ့ ..သက်သာပါတယ် ကိုစိုင်း...ဒါပေမဲ့ အိပ်မက်ဆိုးတွေလဲမက်တော့... လူကအိပ်ရေးမဝသလိုဖြစ်နေပြီး အားမရှိဘူးဖြစ်နေတယ် " " ဟုတ်လား...တစ်ခုခုစားပြီး ပြန်အိပ်လိုက်မှထင်တယ်...ဒီနေ့ အပန်းဖြေစခန်းကိုသွားအုံးမှာလား ...နေလို့်မကေင်းရင် မသွားနဲ့လေကွာ..ကိုယ်လဲစိတ်မချဘူး " " ဟုတ်ကဲ့ ...အပန်းဖြေစခန်းကိုတော့ ...ဒီနေ့မသွားတော့ဘူးလားလို့် " ပန်းရိပ်ဖြူနဲ့စိုင်းမြတ်စကားပြောနေချိန်မှာပဲ ဧည့်ခန်းထဲကို အလွမ်းဆွတ်ဝင်လာတာကို နှစ်ယောက်သားတွေ့လိုက်ရတယ်။အလွမ်းဆွတ်ဝင်လာတော့ စိုင်းမြတ်မှာမျက်နှာပျက်သွားပေမဲ့ ပန်းရိပ်ဖြူကမျက်နှာထားတင်းတင်းနဲ့ အလွမ်းဆွတ်ကိုကြည့်လိုက်ပြီး မေးလိုက်တယ်။ " ငါတို့စကားပြောနေတယ်လေအလွမ်းဆွတ်...နင်ဘာကိစ္စရှိလို့လဲ " " ငါ့ကို အမေပန်းမြိုင်လွှတ်လိုက်တာ...အိမ်မှာနန်းကြိးသုပ်လုပ်စားကြတာမို့ ...ကိုစိုင်းမြတ်ကိုပါ လာစားဖို့ခေါ်ခိုင်းလိုက်တယ်...နင်လဲစားချင်ရင်လာစားလေ...."

တစ်ယောက်ယာက်ရဲ့ဆူပူကြိမ်းမောင်းသံကိုနားထဲမှာ တိုးသဲ့သဲ့ကြားလိုက်ရပြီးနောက် အားလုံးကိုသူမမေ့လျော့သွားတော့တယ်။ ================================== အပိုင်း(၃၁)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀ https://www.facebook.com/100067151540690/posts/720499773531734/ ၂၁ https://www.facebook.com/100067151540690/posts/721022723479439/ ၂၂ https://www.facebook.com/100067151540690/posts/721549736760071/ ၂၃ https://www.facebook.com/100067151540690/posts/722060446709000/ ၂၄ https://www.facebook.com/100067151540690/posts/722610463320665/ ၂၅ https://www.facebook.com/100067151540690/posts/723211539927224/ ၂၆ https://www.facebook.com/100067151540690/posts/723791976535847/ ၂၇ https://www.facebook.com/100067151540690/posts/724353766479668/ ၂၈ https://www.facebook.com/100067151540690/posts/724889516426093/ ၂၉ https://www.facebook.com/100067151540690/posts/725430096372035

" ဇာယုရေ .. နင်တို့ ဆရာကို ဆရာဝန်ကြီးကိုခေါ်ခိုင်းလိုက်ပါအုံး ..... သမီးပန်းရိပ်ဖျားနေတယ်လို့ " " ဟုတ်ကဲ့ပါ မမကြီး " ဒေါ်ပန်းမြိုင်ရဲ့ စကားကြောင့် မဇာယုကအပြေးလေး ပြန်ထွက်သွားခဲ့တယ်။ ~~~~~~~~~ " သမီးဖျားနေတယ်မောင်ဘုန်းသိင်္ခရေ ...ကြည့်ရတာ ဒီနေ့ သမီးအလုပ်တွေ အများကြီးလုပ်လိုက်တယ်ထင်တယ် " " ဟုတ်ကဲ့ အန်တီပြိုင် ..မမလေးက မနက်ကတည်းကသိပ်မလန်းဘူးလို့ပြောတယ်...ပြီးတော့ ချောက်ဘက်သွားရင် ချော်လဲသွားခဲ့လို့ လန့်သွားတာ ထင်တယ် ...ကျွန်တော်က မမလေး တည်းခိုဆောင်ဘက်ကို ပြန်သွားတယ်ထင်ပြီး လွှတ်ထားလိုက်မိတာပါ " " အို ..ဟုတ်လားကွယ် ...သမီးက သူချော်လဲခဲ့တာကို မပြောပြဘူးလေ ...အင်း...နောက်နေ့ အပန်းဖြေစခန်း မလွှတ်မှာစိုးလို့ မပြောတာထင်ပါတယ်...သမီးကို ဂရုစိုက်ပေးဖို့ အကူအညီတောင်းပါရစေ မောင်ဘုန်းသိင်္ခရယ် ..... သမီးက တစ်ခါတစ်ခါထဖောက်တတ်ပေမဲ့ ... ဆိုးဆိုးဝါးဝါးကြီးမဟုတ်ပါဘူးကွယ် " " ဟုတ်ကဲ့ပါ အန်တီမြိုင် " " ကဲပါကွယ် ... ထမင်းအေးအေးဆေးဆေးစားပါမောင်ဘုန်းသိင်္ခရေ ..အန်တီမြိုင်သွားလိုက်အုံးမယ် " ဒေါ်ပန်းမြိုင် နှုတ်ဆက်ပြီး ထွက်သွားတော့ ဘုန်းသိင်္ခတစ်ယောက်သာ ထမင်းဝိုင်းမှာကျန်နေခဲ့တယ်။ညပိုင်း ထမင်းစားချိန်တော်တော်များကတော့ ဘုန်းသိင်္ခနောက်ကျမှ လာစားလေ့ရှိတာမို့ ထမင်းဝိုင်းမှာတစ်ယောက်တည်းဖြစ်နေတာများတယ်။ ~~~~~~~ ပန်းရိပ်ဖြူနေမကောင်းဘူးဆိုတဲ့ သတင်းကိုကြားလိုက်ရတော့ အလွမ်းဆွတ်အတိုင်း မသိ ပျော်ရွှင်သွားမိတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့တစ်ရက်နောက်ဆုက်သွားတာက ကံကြမ္မာက အလွမ်းဆွတ်ကို မျက်နှာသာပေးလိုက်တာပဲ မဟုတ်လား။ ဘာကြောင့်လဲဆိုတော့ သဘက်ခါဆိုရင် စိုင်းမြတ်နဲ့ အလွမ်းဆွတ်တရားရုံးမှာ နှစ်ဦးသဘောတူသွားလက်ထပ်ကြတော့မှာလေ။ ဒီလိုဆိုရင်ဖြင့် အလွမ်းဆွတ်ဆိုတဲ့ သူမက စိုင်းမြတ်ရဲ့ တရာဝင် မယားကြီးဖြစ်သွားပြီလေ။ဒါဆိုရင်ဖြင့် ကသစ်မြိုင်ရဲ့ အရှင်သခင်မအဖြစ် မော်ကြွားချင်နေတဲ့ ပန်းရိပ်ဖြူကို အလွမ်းဆွတ်အနိုင်ရရှိပြီးပဲပေါ့။အလွမ်းဆွတ်နဲ့ စိုင်းမြတ် တရားဝင်လက်ထပ်ပြီးသွားတဲ့အခါကျရင် အလွမ်းဆွတ်ဘက်က ရေငုံနှုတ်ပိတ်နေနေပြီးမှ ပန်းရိပ်ဖြူနဲ့ စိုင်းမြတ်ရဲ့မင်္ဂလာပွဲကို လက်ထပ်စာချုပ်ကိုကိုင်ပြီး ပွဲတက်ပစ်လိုက်မှာပေါ့။ပြီးတော့ မင်္ဂလာပွဲမှာတရားဝင် မယားကြီးအဖြစ် အရှက်ခွဲပစ်လိုက်ရုံပေါ့။အလွမ်းဆွတ် ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်နေမိပြီး အသံလေးထွက်ကာရယ်ပစ်လိုက်မိတယ်။ရယ်လို့ဝတော့ ဖုန်းကိုကောက်ကိုင်လိုက်ပြီး စာလေးတစ်စောင်ပို့လိုက်တယ်။ " အစ်ကို ... အလွမ်းကို သစ္စာမဖောက်ပါနဲ့နော် " စာတိုလေးတစ်ကြောင်းကို ပို့လိုက်ပြီးတော့ အိပ်ရာပေါ် အလွမ်းဆွတ်လှဲအိပ်ချပစ်လိုက်တယ်။ ~~~~~~- ညနေပိုင်းက ဆရာဝန် ဆေးထိုးသွားတဲ့အရှိန်ကြောင့် ညဦးပိုင်းတစ်ညလုံး ပန်းရိပ်ဖြူအိပ်ပျော်သွားခဲ့တယ်။ပန်းရိပ်ဖြူဖျတ်ခနဲလန့်နိုးလာချိန်မှာ အခန်းထဲမှာ ညအိပ်မီးရောင်ပြာလဲ့လဲ့ကိုတွေ့ရှိလိုက်ရတယ်။ " ဒေါက်....ဒေါက် " ခပ်တိုးတိုးထွက်ပေါ်လာတဲ့တံခါးခေါက်သံကြောင့် ပန်းရိပ်ဖြူ ရင်တွေ ဒိန်းခနဲဆောင့်ခုန်သွားရပြီး တံခါးဆီကို အထိတ်တလန့် လှမ်းကြည့်လိုက်မိတယ်။အိပ်ချင်းမူးတူးနဲ့ စားပွဲပေါ်ကနာရီကိုကြည့်လိုက်မိတော့ ညနှစ်နာရီကျော်။ " ဒေါက်,,,,ဒေါက် " တံခါးခေါက်သံက ထွက်ပေါ်လာပြန်တယ်။သူမလှဲနေရာကနေ အသံမထွက်အောင်ထလိုက်တယ်။ပြီးတော့ စားပွဲပေါ်မှာတင်ထာတဲ့လက်နှိပ်မီးကိုလှမ်းယူလိုက်ပြီး အိပ်ရာဘေးမှာထားတဲ့ တုတ်ကိုပါကောက်ယူလိုက်ကာ တံခါးဝဆီကိုလျှောက်သွားလိုက်တယ်။တံခါးကို အသံမမြည်အောင်ဖြည်ညင်းစွာဖွင့်လိုက်တော့ အခန်းပြင်စင်္ကြန်တစ်လျှာက်မှာရှင်းလင်းတိတ်ဆိတ်နေတာကိုတွေ့လိုက်ရတယ်၊။ဝါဖန့်ဖန့်မီးအလင်းရောင်အောက်မှာ ဘေးအခန်းတွေကို စောင်းငဲ့ကြည့်လိုက်ရင်း မိဘနှစ်ပါးရဲ့အခန်းဆီကို ပန်းရိပ်ဖြူမရဲတရဲလှမ်းကြည့်လိုက်မိတယ်။ " ရှပ်...ရှပ် " ဒီအချိန်မှာပဲ အိမ်ရှေ့လှေကားဘက်ဆီကိုသွားရာလမ်းဘက်က ခြေသံထွက်ခပ်သဲ့သဲ့ထွက်ပေါ်လာတာမို့ ပန်းရိပ်ဖြူလှေကားဘက်ဆီကို အမြန်လျှောက်သွားကြည့်လိုက်တယ်။လျှောက်သွားနေရင်းနဲ့ မျက်နှာမည်းနဲ့အမျိုးသမီးကြီးနဲ့တွေ့ပါစေဆိုလို့ စိတ်ထဲကနေဆုတောင်းနေမိ တယ်။ ပန်းရိပ်ဖြူစိတ်ထဲအခါခါဆုတောင်းမိရင်းနဲ့ လှေကားထိပ်နားကိုရောက်လာချိန်မှာပဲ စင်္ကြန်တောက်လျှောက်ကမီးတွေအားလုံး အမှောင်ကျသွားခဲ့တယ်။ရုတ်တရက်ကြီး မီးတွေမှောင်ကျသွားတာကိုကြည့်ပြီး ပန်းရိပ်ဖြူအခြေအနေကိုရိပ်စားမိလိုက်တာမို့ နေရာကလှည့်ထွက်ဖို့ပြင်လိုက်ပေမဲ့နောက်ကျသွားခဲ့လေပြီ။သူမနောက်ကျောဆီမှာ တစ်စုံတစ်ယောက်ရောက်နေတာကိုခံစားသိရှိလိုက်ရပြီးနောက် မကျောပြင်ကိုအရှိန်ပြင်းပြင်းနဲ့ဆောင့်တွန်းလိုက်တာကိုခံစားသိရှီလိုက်တယ်။သူမဘက်ကအသိနောက်ကျသွားပြီးမိူ့ ဖြစ်ချင်ရာဖြစ်ပါစေတော့လို့်စိတ်ကိုလျှော့ချလိုက်ချိန်မှာပဲ သူမရဲ့လက်တစ်ဖက်ကို ခပ်တင်းတင်းဆောင့်ဆွဲခံလိုက်ရပြီးနောက်မှာတော့ လက်မောင်းတစ်ဖက်မှာ စူးခနဲနာကျင်မှုတစ်ခုကိုခံစားလိုက်ရတယ်။တစ်ခုခုကိုခံစားသိရှိလိုက်ပြီးနောက်မှာတော့

ဘုန်းသိင်္ခရဲ့အမေးကြောင့် ပန်းရိပ်ဖြူထိတ်လန်သွားမိပြီး ခေါင်းကိုအတင်းယမ်းခါလိုက်မိတယ်။၊ " မမလေးကိုတွန်းချတဲ့သူရှိတယ်ဆိုရင် ရအောင်စုံစမ်းဖော်ထုတ်ရမှာပေါ့ ...မမလေးရော အရင်တုန်းကအကြာင်းတွေကို နည်းနည်းလေးမှသတိမရဘူးလား ...စိတ်ကိုတင်းမထားနဲ့လေ " ဘုန်းသိင်္ခပြောတာကို ပန်းရိပ်ဖြူဘာမှပြန်မပြောဘဲ ငြိမ်သက်ကာနေမိတယ်။ဒိလိုနဲ့ပဲ သူမတို့အလုပ်လုပ်တဲ့နေရာကို ပြန်ရောက်လာခဲ့တယ်။ဘုန်းသိင်္ခက သူမကိုခုံမှာထိုင်စေလိုက်ပြီး ရေဘူးကိုယူလိုက်တယ်။ရေဘူးကိုဖွင့်ပြီးတော့ ကမ်းပေးလာချိန်မှာတော့ ပန်းရိပ်ဖြူမဝံ့မရဲနဲ့ယူလိုက်မိပြီး အငမ်းမရသောက်ချပစ်လိုက်တယ်။ " အရမ်းလန့်သွားတာလား...ဘာမှမဖြစ်တာကံကောင်းတယ်... မတော်လို့ တစ်ခုခုဖြစ်သွားရင် ...ကျွန်တော်ပါ မသင်္ကာမှုနဲ့ အချုပ်ထဲရောက်မယ်ထင်တယ် " " ကျွန်မ.....ကျွန်မနားချင်တယ် ...တည်းခိုဆောင်မှာသွားနားပြီး ပြန်လိုက်တော့မယ်နော် ...ဒီနေ့တော့ အလုပ်မလုပ်နိုင်လောက်တော့ဘူး " " ဘယ်လို... ကသစ်မြိုင်ကို ပြန်တော့မလို့လား...ဘယ်သူနဲ့ ပြန်မှာလဲ ..ဟိုလူလာကြိုမှာလား " " အင်း...သူလာကြိုမှာပါ....ရှင်က အလုပ်မပြီးသေးဘူးလေ.. အခုချိန်မှာတော့ ... အလုပ်သမားတွေထက်စာရင် ...သူကစိတ်ချရတယ်လေ...ဘာပဲဖြစ်ဖြစ် ကျွန်မနဲ့ လက်ထပ်ခွင့်ရမှ ...ကျွန်မရဲ့စည်းစိမ်တွေကို သူပိုင်ဆိုင်ခွင့်ရမှာလေ...အဲ့ဒါကြောင့် .....ကျွန်မကို သူအန္တရာယ်မပေးလောက်သေးဘူးထင်တယ်...သတ်ချင်ရင်လဲ ယူပြီးမှသ*တ်မှာပေါ့ " ပန်းရိပ်ဖြူ နှုတ်ခမ်းလေးကိုတွန့်ကွေးကာ ခပ်မဲ့မဲ့လေးပြုံးရင်း ပြောလိုက်မိတယ်။ ~~~~~~~~ "ကျေးဇူးပါနော် ....ကိုစိုင်း အလုပ်မပြီးသေးဘူးမဟုတ်လား ..ရုံးကိုပြန်သွားရအုံးမှာလား " " ဟုတ်တယ် ... ဒါပေမဲ့ ဒီညနေစောစောပြန်လာခဲ့မယ် ..ဘွား ကြေးဥနဲ့လဲ ပြောစရာရှိသေးတယ်လေ " " ဟုတ်ကဲ့ ..စောစောပြန်လာခဲ့ပါ ... ပန်းရိပ်တို့ကိစ္စကိုတော့ ...မနက်ဖြန်လောက် သေချာပြောကြမယ်လေ " နှစ်ယောက်သား စကားပြောပြီးတော့ စိုင်းမြတ်က မြို့ထဲရုံးကို ပြန်သွားခဲ့ပြီး ပန်းရိပ်ဖြူက စံအိမ်ကြီးထဲကို ဝင်လာခဲ့လိုက်တယ်။ ~~~~~~~ နေ့လယ်နှစ်နာရီကျော်ပဲရှိသေးတာဆိုတော့ အိမ်မှာမိဘနှစ်ပါးလုံး ပြန်မရောက်ကြသေးဘဲအလုပ်သမားတွေသာ ရှိနေခဲ့တယ်။ပန်းရိပ်ဖြူ အပေါ်ထပ်က မိမိအခန်းရှိရာကို ခပ်သုတ်သုတ်တက်လာခဲ့လိုက်တယ်။ အခန်းထဲရောက်တာနဲ့ခုတင်ပေါ်လဲချလိုက်မိပြီး ငြိမ်သက်တိတ်ဆိတ်နေမိတယ်။လူကငြိမ်သက်နေပေမဲ့ စိတ်အစဉ်က လှုပ်ရှားပြေးလွှားနေခဲ့တယ်။သစ်ရွက်ခြောက်တွေပေါ်ကနေ တလိမ့်လိမ့်နဲ့ပြုတ်ကျသွားခဲ့ချိန်မှာ နားထဲမှာကြားနေရတဲ့စကားသံတွေနဲ့မြင်နေရတဲ့မြင်ကွင်းတွေက အိပ်မက်တွေလား။တကယ်လားဆိုတာကို မကွဲပြားချင်။အားလုံးဟာ သူမမျက်စိရှေ့မှာဖြစ်ပျက်နေခဲ့သလို မြင်ယောင်နေမိတယ်။လူကလှဲအိပ်နေပေမဲ့ပန်းရိပ်ဖြူရင်ထဲပိတ်လှောင်မွန်းကျပ်လာတာမို့ လှဲနေရာကထထိုင်လိုက်ပြီး မျက်နှာကိုလက်ဖဝါးနှစ်ဖက်နဲ့အုပ်ကာ အားပါးတရငိုချလိုက်မိတယ်။ငိုသံမထွက်အောင် ပါးစပ်ကိုလက်ဖဝါးနဲ့ဖိပိတ်ထားလိုက်တယ်။အတော်ကြာအောင် ငိုပြီးသွားတော့ ခုတင်ပေါ်ကထလိုက်ပြီး ပြတင်းပေါက်ဆီကို တရွေ့ရွေ့လျှောက်သွားလိုက်မိတယ်။ပြတင်းပေါက်ကနေ မျက်နှာချင်းဆိုင်မှာရှိနေတဲ့ ဘုန်းသိင်္ခရဲ့အခန်းကိုလှမ်းကြည့်လိုက်မိတော့ ပါးပြင်ပေါ်ကိုမျက်ရည်တွေအလိုလို စီးကျလာခဲ့မိပြန်တယ်။ ~~~~~~~~~~~~~~~~~ အလွမ်းဆွတ် အံလေးကိုမသိမသာကြိတ်ထားမိရင်း ကားကိုမောင်းလာခဲ့မိတယ်။အပြန်လမ်းမှာ သန္တာအောင်က ဘုန်းသိင်္ခရဲ့ကားနဲ့ပြန်လိုက်သွားတာမို့ အလွမ်းဆွတ်တစ်ယောက်တည်းလွတ်လွတ်လပ်လပ်ပြန်လာခဲ့ရတာ။တစ်ယောက်တည်းဆိုတော့ ကားပေါ်မှာလွတ်လွတ်လပ်လပ်စိတ်တိုဒေါသထွက်လို့ရနေတယ်။အလွမ်းဆွတ်ကားမောင်းနေရင်းက မနက်တုန်းကပန်းရိပ်ဖြူပြောသွားတဲ့စကားတွေကို ကြားယောင်နေမိပြီး မျက်ရည်တွေဝဲလာခဲ့မိတယ်။တကယ်ဆိုအလွမ်းဆွတ်နဲ့စိုင်းမြတ်တို့ရဲ့အခြေအနေက ချစ်သူရည်းစားအဆင့်မဟုတ်တော့ဘဲ အိမ်ထောင်သည်တွေ အဆင့်ကိုရောက်ရှိနေကြပြီလေ။လက်မှတ်ထိုးထားပေးမယ်ဆိုတဲ့ ချစ်သူရဲ့စကားကိုယုံစားပြီး အလွမ်းဆွတ်စောင့်လာခဲ့တာလေ။အခုတော့ ပန်းရိပ်ဖြူဘက်ကမင်္ဂလာစကားတောင်ပြောဖို့ပြင်နေကြပြီတဲ့လေ။အလွမ်းဆွတ်ဘာလုပ်ရမှာလဲ။သူမနဲ့စိုင်းမြတ်အကြောင်းကို လူသိရှင်ကြားဖော်ထုတ်ရမှာလား။သို့မဟုတ်ပါက ပန်းရိပ်ဖြူကို ပြောပြလိုက်ရမှာလားလို့ ဝေခွဲမရနိုင်ဖြစ်နေမိတယ်။ ~~~~~~~~~ " နေမကောင်းဘူးလား သမီး ..ဒီနေ့အစောကြီး ပြန်ရောက်လာတာဆို " ဒေါ် ပန်းမြိုင်က မေးရင်းနဲ သမီးဖြစ်သူရဲ့နဖူးလေးကို ခပ်ဖွဖွစမ်းလိုက်တယ်။ " ဟယ် .. ကိုယ်တွေပူနေပါလား သမီး..အို ...ဒုက္ခပါပဲကွယ် ..နေမကောင်းလို့ ပြန်လာတာဆိုရင်လဲ အမေတို့ကိုပြောမှပေါ့ကွယ် ... " ဒေါ်ပန်းမြိုင် စိုးရိမ်တကြီးနဲ့ ပြောလိုက်ရင်း လူခေါ်ဘဲလ်လေးကိုနှိပ်လိုက်တယ်။ဘဲလ်နှိပ်လိုက်ပြီး သိပ်မကြာခင်မှာဘဲ မဇာယုတစ်ယောက် အခန်းရှေ့ကိုရောက်ရှိလာခဲ့တယ်။