ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

EHS Myanmar

EHS Myanmar

الذهاب إلى القناة على Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

إظهار المزيد
868
المشتركون
لا توجد بيانات24 ساعات
+27 أيام
+230 أيام
أرشيف المشاركات
သဘာဝရေသန့်စက် (သို့) ဗေဒါပင် ----------------------------------------------- EHS Myanmar | 7.2.2024 သက်ရှိများအတွက် မရှိမဖြစ် ရေချိုသယံဇာတများ ဖြစ်သည့် မြစ်ချောင်း၊ အင်းအိုင်များ၊ မြေအောက်ရေများတွင် ရေထုအရည်အသွေး နိမ့်ကျခြင်း တနည်းအားဖြင့် ရေထုညစ်ညမ်း ခြင်းများ ကြုံတွေ့နေရပါသည်။ ထိုသို့သော ညစ်ညမ်းမှု ပြဿနာများကို နည်းအမျိုးမျိုးဖြင့် အားကုန်သုံးကာ ဖြေရှင်းကြရသည်။ ထိုဖြေရှင်းနည်းများထဲမှ ဗေဒါပင်ကို အသုံးပြုကာ ရေချိုအရင်းအမြစ်ကို သန့်စင်နိုင်သည့် နည်းလမ်းတစ်သွယ်ကို တင်ပြသွားပါမည်။ ရေချိုတွင်ဖြစ်ပေါ်နေသည့် ရေဆိုးရေညစ်များကို သဘာဝနည်းအရ သန့်စင်တော့မည်ဆိုလျှင် - ၁။ ရေထဲမှ အညစ်အကြေး အမှုန်အမွှားများကို စုပ်ယူနိုင်စွမ်းအား ကြီးမားရမည်။ ၂။ ရေချိုတွင် ပေါက်ဖွားရှင်သန်နိုင်သည့် အပင်မျိုးစိတ် ဖြစ်ရမည်။ ၃။ အလွယ်တကူ စီမံခန့်ခွဲ ထိန်းချုပ်နိုင်သည့် အပင်မျိုးစိတ် ဖြစ်ရမည်။ ဗေဒါပင်သည် အထက်ပါအချက်များနှင့် ကိုက်ညီသည်ကို လေ့လာတွေ့ရှိရပါတယ်။ ဗေဒါပင်များသည် ၎င်းတို့၏ ပင်ကိုသဘာဝစွမ်းရည်အရ ရေထဲတွင် ပါဝင်သော အညစ်အကြေးများကို စုပ်ယူ၊ ချေဖျက်ခြင်းနည်းဖြင့် ဖယ်ရှားပေးနိုင်စွမ်းရှိပါသည်။ နေရာဒေသအမျိုးမျိုးမှ စုပုံလာသော ရေညစ်ရေဆိုးထဲရှိ အော်ဂဲနစ်ဒြပ်ပေါင်းများ၊ အင်အော်ဂဲနစ်ဒြပ်ပေါင်းများ၊ ဘက်တီးရီယားများနှင့် ရေညှိများ အပါအဝင် အခြားသော အဆိပ်အတောက် ဖြစ်စေသည့် ဓာတ်သတ္တုများကိုပင် အလျင်အမြန် စုပ်ယူသန့်စင်နိုင်ပါသည်။ ရေချိုရေနေပင် ဖြစ်သည့်အပြင် အစုလိုက် အပုံလိုက် ကြီးထွားရှင်သန်မှု အားကောင်းခြင်းကြောင့် ရေထုညစ်ညမ်းမှုကို အချိန်တိုအတွင်း လျှော့ချနိုင်သည်။ လက်တွေ့လေ့လာမှုများအရ ဗေဒါပင်များကိုအသုံးပြု၍ ရေထုသန့်စင်သည့်အခါ ကျေနပ်စရာကောင်းသော ရလဒ်များ ရရှိသည်ဟု ဆိုပါသည်။ ထို့ကြောင့် ဗေဒါပင်ကို သဘာဝရေသန့်စက်ဟု ခေါ်ဆိုရခြင်း ဖြစ်ပါသည်။ ရေဆိုးရေညစ်များကို သန့်စင်ရန် ဗေဒါပင် တစ်မျိုးကိုသာ အသုံးပြု၍ရခြင်း မဟုတ်ပါ။ အခြားသော ရေမှော်ပင် (seaweed)၊ ဘဲစာမြက် (duckweed) များကိုလည်း အသုံးပြု၍ရပါသည်။ ရှာဖွေတွေ့ရှိချက်များအရ ဗေဒါပင်များသည် တောင်အမေရိကတိုက်ရှိ အမေဇုန် ရေဝေစုကြောမှ စတင်ပြန့်ပွားလာတယ်ဟု ဆိုပါသည်။ မျိုးစုမှာ Eichhornia ဖြစ်ပြီး မျိုးစိတ်မှာတော့ E. crassipes ဖြစ်ပါသည်။ အပင်တစ်ပင်မှ မျိုးစေ့ပေါင်း ထောင်နှင့်ချီ ထုတ်ယူနိုင်ပြီး ထိုမျိုးစေ့များသည် ၂၈ နှစ်ကြာ မျိုးအောင်နိုင်ပါတယ်။ ပြန့်ပွားနှုန်းမြန်သောကြောင့် ကမ္ဘာတစ်ဝှမ်းတွင် အလွယ်တကူ တွေ့ရှိနိုင်ပါသည်။ မြန်မာနိုင်ငံကိုတော့ တရုတ်အမျိုးသားတစ်ဦးမှ အလှစိုက်ရန် စတင်ယူဆောင်လာရာမှ ပြန့်ပွားလာတယ်ဟု ဖော်ပြထားပါသည်။ ထိုဗေဒါပင်များကို တစ်ချို့ဒေသများတွင် ပြည်ကြီးပင်ဟုလည်း ခေါ်စမှတ် ပြုကြသည်။ ဗေဒါပင်များကို ရေသန့်စင်သည့်နေရာတွင်သာမက ဆေးပညာနယ်ပယ်တွင်လည်း တွင်တွင်ကျယ်ကျယ် သုံးပါသေးသည်။ ဆီးကျောက်ရောဂါ၊ အစာအိမ်ရောဂါ နှင့် ဆီးချိုသွေးချိုရောဂါများအတွက် ဆေးစွမ်းကောင်းတစ်ခုလည်း ဖြစ်ပါသည်။ သို့ရာတွင် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်းမရှိဘဲ အသုံးပြုပါက ဘေးထွက်ဆိုးကျိုးရှိနိုင်သည်ဟု ဆေးပညာရှင်များက သတိပေးထားပါသည်။ အထူးသဖြင့် ရောဂါအခံရှိသူများ၊ ဆေးဝါးများ ရေရှည်သုံးစွဲနေရသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ နှင့် ကလေးများ တိုက်ရိုက်အသုံးမပြုခြင်းက အကောင်းဆုံးဟု ဆိုပါသည်။ ဗေဒါပင်များကို မွေးမြူရေးလုပ်ငန်းများတွင်လည်း တိရစ္ဆာန်အာဟာရအတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါသည်။ ဥပမာ - ဝက်လေးတွေအတွက်ပေါ့။ ထိုအချက်များကို ကြည့်ခြင်းအားဖြင့် ဗေဒါပင်သည် အလွန်ကောင်းကျိုးများသော ရေနေပင်တစ်မျိုးဖြစ်သည်ကို တွေ့ရှိရပါသည်။ သို့သော် ထိုဗေဒါများ အစုလိုက်အပြုံလိုက် ပွားနေသည့် ပတ်ဝန်းကျင်တွင် အခြားသက်ရှိများ ရှင်သန်နေထိုင်နေပါက ထိုပတ်ဝန်းကျင်တွင် Eutrophication (အာဟာရဓာတ်လွန်ကဲခြင်း) မဖြစ်စေရန် အထူးဂရုစိုက်စီမံသင့်ပါတယ်။ အာဟာရဓာတ် လွန်ကဲလာသောအခါ ဗေဒါများသည် ထိန်းမနိုင် သိမ်းမနိုင် ပွားများလာနိုင်ခြေရှိပါသည်။ ထိုမှတဆင့် မြစ်ချောင်းများ ပိတ်ဆို့ကာ မြစ်ချောင်းများ၏ စီးဆင်းမှုဆိုင်ရာ စနစ်များနှင့် ဂေဟစနစ်ကို ဆိုးဆိုးဝါးဝါး ထိခိုက်လာစေနိုင်ပါသည်။ ရေသေဖြစ်သော ကန်များ၊ အိုင်များတွင် ဗေဒါများ အလွန်အကျွံထူထပ်လာပါက အောက်စီဂျင်ပါဝင်မှုနည်းပါးလာပြီး ရေနေသတ္တဝါများအတွက် အသက်အန္တရာယ် ရှိလာနိုင်ပါသည်။ ထို့ကြောင့် မျိုးပွားလွယ်သည့် ဗေဒါများ အစုလိုက်အပြုံလိုက် ပေါများလာသည်ကို အထူးဂရုပြုကာ စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ပါသည်။ အချုပ်အားဖြင့်ဆိုသော် ညစ်ညမ်းမှုလည်းမပွား၊ အကုန်အကျလည်းသက်သာ၊ စီးပွားလည်းဖြစ်၊ သဘာဝလည်းကျသည့် ဗေဒါပင်သုံး ရေသန့်စင်နည်းလမ်းကို သင့်လျော်သည့် နေရာဒေသများတွင် စနစ်တကျ စီမံ အသုံးပြုသင့်ကြောင့် တိုက်တွန်းလိုက်ရပါသည်။ ရေးသားသူ - ဓနိ ကိုးကား - အစိမ်းရောင်လမ်း၊ Eleven Myanmar --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/

photo content

သဘာဝရေနေအပင်လေးများရဲ့ ပွင့်လန်းဝေဆာမှုနဲ့ ပတ်ဝန်းကျင်ကိုအကျိုးပြုပါ ----------------------------------------------- EHS Myanmar | 4.2.2024 ရေနေအပင်လေးတွေဟာ ဝေးလံတဲ့ တော၊ တောင်တွေမှာသာမက ကျွန်တော်တို့နေထိုင်ရာ ဘေးပတ်ဝန်းကျင်အနီးတဝိုက်က ရေကန်၊ ရေအိုင်၊ ချောင်းတွေ၊ မြောင်းတွေမှာလည်း များပြားစွာ ရှင်သန်ကြီးထွားကြပါတယ်။ ရေနေအပင်အချို့ကို ဥပမာပေးရမယ်ဆိုရင်တော့ ရေမှော်၊ ကာဘွန်ဘာ(ငှက်မွေးကဲ့သို့အရွက်ရှိသည့်ရေနေပင်) နဲ့ ရေကြာပန်းတို့ကို ဆိုလိုတာဖြစ်ပါတယ်။ သူတို့တွေက သဘာဝပတ်ဝန်းကျင်ကို အလှဆင်ရုံသာမက များစွာသောအကျိုးကျေးဇူး‌တွေလည်း ပေးနိုင်ပါတယ်။ ဥပမာ - စာဖတ်သူတို့ရဲ့ အိမ်နောက်ဖေးခြံထဲက အိုင်တွေ၊ ကန်တွေမှာလည်း ရေနေအပင်လေးတွေ လှပစွာပေါက်‌ရောက်နေတတ်သလို၊ စာဖတ်သူတို့ကိုယ်တိုင် ရေနေအပင်လေးတွေ စိုက်ပျိုးခြင်းဖြင့်လည်း‌ ရေအောက်ဂေဟစနစ်ကို အကျိုးပြုနိုင်ပါတယ်။ ဒါ့အပြင် အခြား‌သော ဘယ်လိုကောင်းကျိုးတွေရနိုင်လဲဆိုတာကို အောက်ပါအချက်အနည်းငယ်နဲ့ မျှဝေပေးလိုက်ပါတယ်။ ၁။ ရေနေ သက်ရှိတွေအတွက် သဘာဝအစာရေစာများ ထောက်ပံ့ပေးခြင်း များစွာသော ရေနေကျေားရိုးမဲ့သတ္တဝါတွေ (ဥပမာ-ပြည်ကြီးငါး၊ ရေဘဝဲ၊ ကျိချွဲသတ္တဝါများ၊အခွံမာရေနေသတ္တဝါများ) နဲ့ အစာစားငါး (ငါးကြီးများကို အစာအဖြစ်သုံးလေ့ရှိသော ငါးသေးများ) ဟာ ရေနေအပင်များကို အစာအဖြစ် စားသုံးခြင်းဖြင့် ရေအောက်အစာကွင်းဆက်မှာ အရေးပါတဲ့နေရာက ပါဝင်လျက်ရှိပါတယ်။ ၂။ ငါး နှင့် အခြားသောသက်ရှိများ အတွက် နေထိုင်ကျက်စားရာနေရာများ ဖန်တီးပေးခြင်း ငါးတွေဟာ သန္တာကျောက်တန်းများနဲ့ ရေနေအပင်များအကြား အသိုက်ဖွဲ့နေလေ့ရှိပါတယ်။ အဲ့လိုနေထိုင်ခြင်းဟာလည်း သူတို့အတွက်အကျိုးများစွာရှိသလို မျိုးပွားရာသီမှာလည်း သားပေါက်လေးတွေကို လုံခြုံစေပါတယ်။ ဒါ့အပြင် ငါးပေါက်လေးများဟာလည်း ငါးအကြီးများရန်က ကာကွယ်ဖို့ ရေနေအပင်လေးများကြားမှာ ပုန်းခိုနေတတ်ကြပါတယ်။ ၃။ ရေထုအရည်အသွေးတိုးတက်ရန် ကူညီပေးခြင်း ရေနေအပင်တွေဟာ ရေထုအတွင်းက ဖော်ဖစရပ်စ် (phosphorus) နဲ့ နိုက်ထရိုဂျင် (nitrogen) ကဲ့သို့သော မလိုလားအပ်တဲ့ ဓာတ်တွေကို စစ်ထုတ်ဖယ်ရှားပေးပါတယ်။ အပင်တွေ ရှင်သန်လာတာနဲ့အမျှ ထွက်ပေါ်လာတဲ့ အောက်စီဂျင်တွေဟာလည်း ရေကန်ရေအိုင်အတွင်း သက်ရှိသဘာဝဂေဟစနစ်ကို ပိုမို ကျန်းမာအောင် ကူညီပေးပါသေးတယ်။ ဒါ့အပြင် ရေထုအောက်ခြေက အနည်အနှစ်တွေကို အနည်ထိုင်စေခြင်းဖြင့် ရေအရည်အသွေးတိုးတက်ပြီး ရေကြည်လင်စေပါတယ်။ ၄။ ရေကမ်းစပ်နှင့်‌ရေကန်ရေအိုင်အောက်ရှိအနည်များကိုတည်ငြိမ်ပေးခြင်း ‌ရေအောက်မှာ အမြစ်တွယ်ကပ်နေတဲ့ ရေနေအပင်များဟာ ရေလှိုင်းကြောင့် သက်ရောက်မှုဖြစ်လာတဲ့ ‌ရေအောက်တွင်းအနည်ထခြင်း မဖြစ်အောင် ဒါမှမဟုတ် လျော့နည်းအောင် သူတို့ရဲ့ အမြစ်တွေနဲ့ ထိန်းသိမ်းပေးပါတယ်။ လှုပ်ခက်နေတဲ့ရေလှိုင်းနဲ့ ရေလှိုင်းကြောင့် သက်ရောက်မှုဖြစ်လာတဲ့ ‌ရေအောက်တွင်းအနည်ထခြင်းကိုလည်း မဖြစ်စေအောင် ဒါမှမဟုတ် လျော့နည်းအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါကြောင့်‌ ရေနေအပင်တွေ ပေါက်ရောက်နေတဲ့ရေကန်၊ ရေအိုင်တွေဟာ များသောအားဖြင့် နောက်ကျိမနေဘဲ ကြည်လင်နေတာကို တွေ့ရမှာပါ။ ၅။ သဘာဝပတ်ဝန်းကျင်ရဲ့ အလှတရားကိုမြင့်တင်စေခြင်း ရေမျက်နှာပြင်မှာ ပွင့်လင်း‌ဝေဆာစွာ ပေါက်ရောက်နေတဲ့ ရောင်စုံခြယ် အပင်များဟာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ ရေကန်၊ရေအိုင်တွေကို သူတို့ရဲ့သဘာဝအလှများနဲ့ တမူထူးခြားလှပအောင် ဖန်တီးပေးရင်း ရေထုအတွင်း အကျိုးကျေးဇူးတွေအများကြီး ဖြစ်ထွန်းစေပါတယ်။ ရေးသားသူ - ဖိုးကျား (EHS Myanmar) ကိုးကား - solitudelakemanagement.com, formedacqua.com, canr.msu.edu --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #underwaterplants #aquaticplants #protectaquaticlife #aquaticlife

photo content

EHS Myanmar's Monthly Theme: What is it for February? -------------------------------------------------- 🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme)များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။ 🪼 ၂၀၂၄ ခုနှစ် ဒုတိယလဖြစ်သည့် ဖေဖော်ဝါရီလတွင်ကျရောက်သည့် "World Weltands Day" ကိုဂုဏ်ပြုသောအားဖြင့် "Underwater Plants February" Theme ကိုရွေးချယ်ထားပါသည်။ 🌿 ရေအောက်အပင်များ သို့မဟုတ် အဏ္ဏဝါအပင်များသည် အစားအစာအရင်းအမြစ်များလဲဖြစ်သလို၊ ရေနေသတ္တဝါများနေထိုင်ရာနေရာများ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုဖယ်ရှားခြင်းနှင့်အောက်ဆီဂျင်ထုတ်လုပ်မှုတို့ကို ပံ့ပိုးစေသည့်အတွက် Underwater Plants များသည် အဏ္ဏဝါဂေဟဗေဒစနစ်တခုလုံးအတွက်အရေးပါ အရာရောက်သည့်နေရာတွင်ပါဝင်သောကြောင့် ယခု Theme ဖြင့် ဆောင်းပါးများရေးသားခြင်း၊ Content များဖန်တီးခြင်း၊ အွန်လိုင်းဟောပြောပွဲများလုပ်ဆောင်ခြင်း၊ အွန်လိုင်းကမ်းပိန်းများစီစဉ်ခြင်း၊ Instagram တွင် Post အသစ်များရေးသားခြင်း စသည့် နည်းလမ်းများဖြင့် အသိပညာများရရှိ အောင်ကြိုးစားပေးသွားမှာ ဖြစ်ပါသည်။ 😍 Underwater Plants February နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။ ----------------------------------------------------------------------- "𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮." Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #environmental #sustainability #aquatic #ecosystem #underwater #SDG

photo content

Life Interlaced Wetlands and People🌎 --------------------------------------------- February 2 ရက်နေ့ဟာ ကမ္ဘာ့ရေဝပ်ဒေသများနေ့ - World Wetlands Day ဖြစ်ပါတယ်။ World Wetlands Day ကို ပါဝင်ဆင်နွှဲသော အနေဖြင့်လည်းကောင်း ရေဝပ်ဒေသတွေရဲ့ အရေးပါပုံကို အသိပညာပေးလိုသော အနေဖြင့်လည်းကောင်း ကျွန်တော်တို့ EHS Myanmar မှလဲ Special Campaign လေးတစ်ခု ပြင်ဆင်ထားပါတယ်။ Campaign လေးကတော့ မေးခွန်းလေးတွေကို ဖြေရမှာဖြစ်ပြီး အဖြေမှန်သူတွေကို EHS Myanmar မှ ဖွင့်လှစ်ထားသော ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ခြင်း သင်တန်းတက်ရောက်ခွင့် 10% လျော့‌ဈေး ရရှိမှာပဲ ဖြစ်ပါတယ်။ လျော့ဈေးပေးထားတဲ့ သင်တန်းအကြောင်း အသေးစိတ်ကိုတော့ အောက်ပါလင့်မှတဆင့် လေ့လာနိုင်ပါတယ်။ https://m.facebook.com/story.php?story_fbid=pfbid02VDoxFGjxwFMiJAo5tPRCUTxyy4HzeqLwfWaHFbP8s498ZHktXU6vyPxtPd1rTzetl&id=100064794640578&mibextid=2JQ9oc ဖြေဆိုရမယ့် Quiz ကိုတော့ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှ စတင်ပြီး ဖေဖော်ဝါရီ တစ်လလုံး အပတ်စဉ် စနေနေ့တိုင်းမှာ EHS Myanmar ရဲ့ Page မှာ တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။ #WWD2024 #EHSMM #WetlandsAndPeople

photo content

EHS Myanmar မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်များ လေ့လာဆည်းပူးရန် စိတ်အားထက်သန်သော လူငယ်များကို ရွေးချယ်၍ ပညာသင်ဆုများပေးအပ်လေ့ရှိရာ ယခုတစ်ခေါက်မှာတော့ EHS Myanmar မှ ဖွင့်လစ်သင်ကြားလျက်ရှိသည့် Environmental Management Monitoring and Planning (EMP) သင်တန်းတွင် ၁၀၀ ရာခိုင်နှုန်း အခမဲ့တက်ရောက်ခွင့် ပညာသင်ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ 👩‍🎓👩‍🎓 ပညာသင်ဆု လျှောက်ထားခဲ့သူများထဲမှ EHS Myanmar မှ ချမှတ်ထားသော စည်းကမ်းများနှင့်အညီ စိစစ်ရွေးချယ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ အခုလို ရွေးချယ်ခံရသည့် ညီမရွှေရည်ယွန်းသိမ့် အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ EHS Myanmar မှ နောက်ထပ်ဖွင့်လစ်မယ့် သင်တန်းတွေမှာလည်း သဘာဝပတ်ဝန်းကျင်ပညာရပ်နှင့်အသက်မွေးဝမ်းကြောင်းပြုမယ့် လူငယ်တွေအတွက် ဒီလိုပညာသင်ဆုပေးအပ်မယ့်အစီအစဉ်တွေ ရှိဦးမှာဖြစ်လို့ အခွင့်အရေးတွေ လက်လွတ်မသွားအောင် page ကို အမြဲစောင့်ကြည့်ဖို့ မမေ့နဲ့နော်။ ----------------------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #envrionmentalmanagement #environmentalplanning #EMP03 #scholarship #youthdevelopment #sustainability #myanmar

photo content
+1

Hello Everyone, EHS Myanmar မှကြိုဆိုလိုက်ပါတယ်။🤗 ဒီတစ်ခါမှာတော့ ဇန်နဝါရီလ (၂၆) ရက်နေ့တွင်ကျရောက်သော “International Environmental Education Day” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျွန်တော်တို့ EHS Myanmar မှ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးကိုစိတ်ဝင်စားတဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် သဘာဝပတ်ဝန်းကျင်အပေါ် စိတ်အားထက်သန်မှုနှင့် လှုပ်ရှားမှုများကို လှုံ့ဆော်ပေးမယ့် Zoom Webinar Session တစ်ခုကို စီစဉ်ထားပါတယ်။🤩 Webinar ရဲ့ Title ကတော့ “Eco-Warriors Unite” လို့ခေါ်ပြီး ပတ်ဝန်းကျင်ပြောင်းလဲမှုအတွက် လူငယ်စိတ်အား မြှင့်တင်ပေးခြင်း အစီအစဉ်ပဲဖြစ်ပါတယ်။ 🤝 👉အခု webinar လေးကတော့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်သော အပြောင်းအလဲပြုလုပ်လိုတဲ့ လူငယ်တစ်ဦးချင်းစီအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို စိတ်ဝင်စားသော်လည်း ဘယ်ကနေအစပြုရမလဲမသိတဲ့ လူငယ်များအတွက် အတွေ့ကြုံရှိ speaker မှ အခွင့်အလမ်းတွေ၊ အကြံပေးချက်တွေကို နားထောင်နိုင်မယ့်အပြင် ကိုယ်တိုင်သိလိုသည်များ အကြံဉာဏ်များကို ဝင်ရောက်မေးမြန်းဆွေးနွေးနိုင်မှာဖြစ်လို့ လက်လွှတ်မခံသင့်တဲ့ webinar လေးပဲဖြစ်ပါတယ်။ Agenda Highlight📌 -Guest Speaker မှ သူ၏အတွေ့အကြုံများနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပဏာမခြေလှမ်းများ စတင်ရန်နှင့် ရေရှည်တည်တံ့စေရန် ထိုးထွင်းအမြင်များအား Sharing လုပ်ခြင်း -တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးပေးခြင်း အစီအစဉ်တို့ပဲဖြစ်ပါတယ်။ Platform: Zoom-based Webinar Date: January 28th, Sunday 2024 Time: 10:30 am - 12:30 pm How to Participate ?🤔 အောက်ပါပေးထားသော Google Form ထဲတွင်ဝင်ရောက် စာရင်းပေးနိုင်ပါတယ်ဗျ။👇 https://docs.google.com/forms/d/e/1FAIpQLSdmk5-XdWfsHUxIe8wk5FMurN5hgLqOJEkG6p0_dvE_Q435YQ/viewform?usp=sf_link လူအရေအတွက် ကန့်သတ်ထားတာဖြစ်တဲ့အတွက် အမြန်စာရင်းပေးဖို့လိုပါတယ်နော်။ (လူဦးရေ ကန့်သတ်ထားရခြင်းမှာ Speaker နဲ့ Participants တို့ အပြန်အလှန် အမေးအဖြေလုပ်နိုင်မယ့် Session ပါရှိတာ ဖြစ်တဲ့အတွက်ကြောင့် Webinar Timeline အရ ကန့်သတ်ထားရခြင်းဖြစ်ပါတယ်ဗျ။) 📧စာရင်းပေးထားသောသူများထဲမှ ပထမ အယောက် ၅၀ကို webinar မစခင် တစ်ရက်အလိုမှာ Email မှတစ်ဆင့် Zoom Link ပေးပို့သွားမှာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ လူတစ်ဦးချင်းစီရဲ့ အသိုက်အဝန်းကို မြှင့်တင်ခြင်းဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ပညာရေးနေ့ကို ဆင်နွှဲကြပါစို့။ ကျွန်တော်တို့ကမ္ဘာမြေအတွက် ပိုမိုကောင်းမွန်သောအနာဂတ်ကိုပုံဖော်ပေးမယ့် လှုပ်ရှားမှုတစ်ခု၏တစ်စိတ်တစ်ပိုင်းဖြစ်ရန် အခုအခွင့်အရေးကို လက်လွတ်မခံလိုက်ပါနဲ့။ ☘️ #WorldEnvironmentalEducationDay #SustainableFuture #Webinar #EHSMM

photo content

📨EHS Myanmar Is Inviting📨 January 26th မှာကျရောက်တဲ့ “International Environmental Education Day” ကိုဂုဏ်ပြုသောအားဖြင့် EHS Myanmar ကနေ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတွေကိုစိတ်၀င်စားပြီး တက်တက်ကြွကြွပါ၀င်ချင်တဲ့လူငယ်တွေအတွက် webinar လေးတစ်ခုစီစဥ်ထားပါတယ်။ 🫢 “Eco-warriors unite: Empowering Youths for Greener Tomorrow” လို့အမည်ပေးထားပြီး နာမည်အတိုင်း ပတ်၀န်းကျင်ထိန်းသိမ်းရေးပိုင်းကိုစိတ်အားထက်သန်တဲ့လူငယ်တွေအတွက် ရည်ရွယ်တဲ့ webinar လေးပဲဖြစ်ပါတယ်။ ကိုယ်ကပတ်၀န်းကျင်ထိန်းသိမ်း‌ရေးပိုင်းကိုစိတ်၀င်စားပြီးခြေလှမ်းစလှမ်းချင်တဲ့လူငယ်ဆိုရင် ဒီ webinarလေးကို လာရောက်နားထောင်ဖို့ဖိတ်ခေါ် ပါရစေ။🫶 Webinar ကျင်းပမယ့် နေ့ရက်နဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်‌‌ဝေမျှပေးသွားမှာ ဖြစ်လို့ Page လေးကိုစောင့်ကြည့်ပေးကြပါဦးဗျ။ 🤗 #EHSMM #webianr #InternationalEnvironmentalEducationDay

photo content

🌿၂၀၂၄မှာချမှတ်သင့်တဲ့ ဂေဟဗေဒစနစ်ကို အကျိုးပြုတဲ့ သံန္နိဌာန်များ -------------------------------------------------------------- EHS Myanmar - 19-01-24 🎇နှစ်သစ်၂၀၂၄ခုနှစ်ကို ခရီးဦးကြို ပြုရသည့် ယခုအချိန်အခါသည် နှစ်ဟောင်းတွင် ကျွန်မတို့ နေထိုင်သည့်ပတ်ဝန်းကျင်အပေါ်ကျွန်မတို့ပြုလုပ်ခဲ့သည့်ရွေးချယ်မှုများအပေါ် ဆင်ခြင်သုံးသပ်ရန် နှင့်ကောင်းမွန်သော ပြောင်းလဲမှုများပြုလုပ်ရန်အကောင်းဆုံးအချိန်အခါဖြစ်ပေသည်။နှစ်သစ်တွင်ကျွန်မတို့တစ်ဦးခြင်းစီကိုယ်စီဖြစ်ခြင်သည့်ရည်မှန်းချက်များချမှတ်သကဲ့သို့ မိမိတို့ မှီတင်းနေထိုင်ရာ ကမ္ဘာမြေကြီး ဆက်လက်ရှင်သန်ကျန်းမာနေစေရန်လည်း သံန္နိဌာန်များ ထားရှိရန်လည်း လိုအပ်ပေသည်။ကမ္ဘာမြေကြီး‌အပေါ်တွင်ပဲ အမှီသဟဲပြုရှင်သန်ကြရသည် ဖြစ်သည့်အတွက် ကမ္ဘာမြေကြီးကျန်းမာနေမှ ကျန်ရည်မှန်းချက်များ ဖြစ်မြောက်နိုင်မည်ဖြစ်သည့်အတွက် ဂေဟဗေဒစနစ်ကိုသာမဟုတ်ပဲ မိမိတို့ဘဝအတွက်ပါအကျိုးပြု‌ စေမည့်၂၀၂၄နှစ်သစ်အတွက် လိုက်နာကျင့်သုံးသင့်သော သံန္နိဌာန်များကို မျှဝေလိုက်ရပါသည်။ ၁။ 🍀တစ်ခါသုံးပလတ်စတစ် အသုံးပြုမှုလျှော့ချခြင်း တစ်ခါသုံးပလတ်စတစ်အသုံးပြုခြင်းကို သိသိသာသာလျှော့ချရန် မိမိကိုယ်ကို ကတိပေးသင့်ပါသည်။ ပလတ်စတစ်အစား အခြားပြန်လည် အသုံးပြု၍ရသော ရေပုလင်း၊ဈေးဝယ်အဝတ်အိတ် စသည်တို့၌သာ ရင်းနှီးအသုံးပြုသင့်ပါသည်။ တစ်ခါသုံးပလတ်စတစ်များကို ရှောင်ကြဉ်သည့် အလေ့အကျင့်လေးမှ အစပြုခြင်းသည် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် ကောင်းမွန်သော ပြောင်းလဲမှုဆီ ဦးတည်နိုင်ပေသည်။ ၂။ 🍀အသားစားသုံးမှုလျှော့ကာ အသီးအရွက်စားသည့် အလေ့အကျင့်ကိုမွေးမြူခြင်း အသီးများ၊ အစိမ်းရောင်အရွက်များ စသည် အပင်ထွက်သီးနှံများ ကို မိမိတို့ နေ့စဉ်အစားအသောက်စာရင်းတွင် ထည့်သွင်းနိုင်ရန် စဉ်းစားသင့်ပေသည်။ ထိုကဲ့သို့ အသားစားသုံးမှု လျှော့ချခြင်းသည် ကျန်းမာရေးကို ကောင်းမွန်စေရုံမကပဲ carbon footprint ကိုလည်းလျှော့ချနိုင်ရန် ကူညီရာရောက်ပါသည်။ ၃။ 🍀သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိသည့် ပို့ဆောင်ဆက်သွယ်‌ ရေးကို အသုံးပြုခြင်း လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ အများပြည်သူသုံးယာဉ်အသုံးပြုခြင်းကဲ့သို့သောပို့ဆောင်ဆက်သွယ်ရေးအသုံးပြုရန် မိမိကိုယ်ကို commitmentပေးသင့်ပါသည်။ ဖြစ်နိုင်လျှင် လေထုညစ်ညမ်းမှုနှင့် ကာဗွန်ထုတ်လုပ်မှုလျှော့ချရန် လျှပ်စစ်ကားအသုံးပြုခြင်း ကိုလည်းထည့်သွင်းစဉ်းစားသင့်ပါသည်။ ၄။🍀 မိမိတို့အိမ်တွင်စွမ်းအင်သုံးစွဲမှုလျှော့ချခြင်း မလိုအပ်လျှင် မီးပိတ်ထားခြင်း၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကိုအသုံးမပြုချှင်ပိတ်ထားခြင်း၊ စွမ်းအင် ချွေတာသော မီးသီး၊မီးချောင်းများကို ပြောင်းလဲအသုံးပြုခြင်းအားဖြင့် မိမိတို့အိမ်တွင် စွမ်းအင်ချွေတာမှုကို ဦးစားပေးကိစ္စအနေဖြင့် ဆောင်ရွက်နိုင်ပါသည်။ ၅။ 🍀zero-waste မီးဖိုချောင် ဖန်တီးခြင်း မီးဖိုချောင်မှ ထွက်လာသောအမှိုက်များကို မြေဆွေးဖြစ်အောင် စနစ်တကျစွန့်ပစ်ခြင်း၊ ပလတ်စတစ်ဖြင့် ထုတ်ပိုးသောအစားအစာဝယ်ယူမှုမပြုပဲ ပြန်လည်အသုံးပြု၍ရသောဘူး၊ အိတ်များအသုံးပြုကာ ဈေးဝယ်သော အမူအကျင့်ကို ကျင့်သုံးခြင်းဖြင့်လည်း မီးဖိုချောင်မှအမှိုက်ထွက်ရှိမှုကို လျှော့ချနိုင်ပါသည်။ ၆။🍀သတိရှိသောသုံးစွဲမှုကိုလက်ခံကျင့်သုံးခြင်း ပစ္စည်းတစ်ခုခုမဝယ်ယူခင် ထိုပစ္စည်းသည် မိမိအတွက် အမှန်တကယ်လိုအပ်မှုရှိမရှိ၊ ရေရည်ဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှု ရှိမရှိစသည့် စံနှုန်းများဖြင့် တိုင်းတာဝယ်ယူသည့် အလေ့အကျင့် ကောင်းကိုမွေးမြူသင့်ပါသည်။ ထိုကဲ့သို့ သတိရှိသော ဝယ်ယူသုံးစွဲမှုသည် စွန့်ပစ်အမှိုက်လျှော့ချပေးနိုင်ရုံမကပဲ မလိုအပ်လျှင်အသုံးမပြုသောနည်း minimalist lifestyleကို ပြောင်းလဲ နေထိုင်ခြင်း စသည့်သံန္နိဌာန်များ ထားရှိသင့်ပါသည်။ 🌷အနှစ်ချုပ်ဆိုရသော် နှစ်သစ်သို့ ကူးပြောင်းသည့် အချိန်တွင် မိမိတို့ပတ်ဝန်ကျင် အပေါ် ငြိမ်းအေးချမ်းသာမှုပေးသည့် အထက်ပါ သံန္နိဌာန်များပြည့်မီအောင် ကြိုးစားနေထိုင်ခြင်းဖြင့် ကမ္ဘာမြေကြီး ကိုသာမကပဲ လူသားအားလုံး၏ဘဝ အရည်အသွေးကိုပါ ကောင်းမွန်တိုးတက် စေသည့်အတွက် သေးငယ်သောအမူအကျင့်လေးမှ စတင်ကာ ပို၍ စိမ်းလန်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက် ကမ္ဘာတစ်ခုဖန်တီးရန် နှစ်သစ်၂၀၂၄ ကို ကောင်းမွန်သောပြောင်းလဲခြင်းဖြင့် စတင်လိုက်ကြပါစို့။ ရေးသားသူ - Augustine #Ecofriendlynewyearresolution #EHSMyanmar #Newyearresolution

photo content

ရေးသားသူ - ဖိုးကျား ကိုးကား - limeade.com, premierfamily.net, playitgreen.com, --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #newyearsresolutions #sustainableresolutions #greenresolutions

ဘာကြောင့် ‌ရေရှည်တည်တံ့သော နှစ်သစ်သန္နိဋ္ဌာန်များ ချမှတ်လုပ်ဆောင်သင့်သလဲ? ----------------------------------------------- EHS Myanmar | 17.1.2024 ✨ နှစ်သစ်တိုင်းမှာ ချမှတ်တဲ့ New Year’s Resolution ဆိုတာ ဘာလဲ? လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ကတည်းက စတင် ကျင့်သုံးခဲ့ကြတဲ့ အလေ့အကျင့် တခုဖြစ်တဲ့ နှစ်သစ်သန္နိဋ္ဌာန် (New Year’s Resolution) ကို ယခုချိန် နည်းပညာခေတ်သစ် တစ်ခုထိတိုင်အောင် ကျင့်သုံးနေကြဆဲဖြစ်ပါတယ်။ ဒီလိုသန္နိဋ္ဌာန် ချမှတ်ခြင်း ဆိုတာ ယနေ့ခေတ် လူငယ်၊ လူကြီးတွေအတွက် သူတို့ရဲ့ နေ့စဉ်လုပ်ဆောင်နေတဲ့ အမူအကျင့်တွေ၊ လုပ်ငန်းဆောင်တာတွေကြားမှာမှ ကိုယ့်ကောင်းကျိုးကျန်းမာရေး ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်ရဲ့ ကောင်းကျိုးကျန်းမာရေးအတွက် သက်ရောက်မှုဖြစ်စေတဲ့ ရည်မှန်းချက်ပန်းတိုင်၊ အမူအကျင့်သစ်တစ်ခု ဒါမှမဟုတ် အလေ့ကျင့်သစ်တခုကို တစ်ပတ်တာကာလ၊ တစ်လတာကာလ၊ တစ်နှစ်တာကာလအတွင်း ပြုကျင့်နိုင်ရန် ဆုံးဖြတ်ချက် ချမှတ်ခြင်းဖြစ်တယ်။ ✨ ဘာကြောင့် နှစ်သစ်သန္နိဋ္ဌာန်ကို ‌‌ရေရှည် ပြုကျင့်သင့်သလဲ? လူအများစုဟာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီး စတင်လုပ်ဆောင်တဲ့အခါ ‌ရေရှည် မတည်တံ့ကြတာတွေ့ရပါတယ်။ ဒါပေမယ့် တကယ် အမူအကျင့်တစ်ခုအဖြစ် ‌ရေရှည်ပြုကျင့်နိုင်ပြီဆိုလျှင် ပြုကျင့်သလောက် ကြုံတွေ့ရမယ့် အကျိုးရလဒ်တွေဟာ မိမိအတွက် အားရကျေနပ်စရာဖြစ်စေမှာပါ။ ဒါကြောင့် ကိုယ်တ‌စ်‌ယောက်တည်းရဲ့အကျိုးအတွက်သာမက မိမိပတ်ဝန်းကျင်အကျိုး အတွက် ဘာကြောင့် ရေရှည်နှစ်သစ် သန္နိဋ္ဌာန် ချမှတ်သင့်သလဲဆိုတာကို အချက်(၄)ချက်အားဖြင့် လေ့လာကြရအောင်။ ၁။ စိတ်ပါဝင်စားမှုအားနှင့် စိတ်ဆန္ဒအားကောင်းစေခြင်း နှစ်သစ် တစ်နှစ်ရဲ့ အဦးဆုံးကာလဟာ လူတစ်ယောက်အတွက် စိတ်ပါဝင်စားစွာ အလေ့ကျင့်ကောင်းတစ်ခု အစပျိုးရန် အလွန်ပင် လန်းဆန်းလွယ်ကူစေပြီး ပိုမိုချောမွေ့စေတယ်ဆိုတဲ့ အချက်ကို စိတ်ပိုင်းဆိုင်ရာဗျူဟာ သုတေသီပညာရှင် Mrs. Kendra Cherry က သူမရဲ့ report တစ်ခုမှာ ထောက်ပြထားပါတယ်။ ဒါ့အပြင် နှစ်သစ်မှာ ချမှတ်ကြတဲ့ သန္နိဋ္ဌာန်တစ်ခုဟာလည်း သာမာန်ကာလအချိန်မှာ သန္နိဋ္ဌာန် တစ်ခု ပြုလုပ်ခြင်းထက် ၁၀ဆ အောင်မြင်နိုင်တယ်ဆိုတဲ့အချက်ကိုလည်း သူမကထောက်ပြထားပါတယ်။ ၂။ လန်းဆန်းသော စိတ်ဝိညာဉ် မွေးမြူနိုင်ခြင်း ရေရှည်တည်တံ့တဲ့ နှစ်သစ်သန္နိဋ္ဌာန်ချမှတ်ခြင်းဟာ မလွယ်ကူသော်လည်း အသေးအမွှားအလေ့အကျင့်များ စတင်ကျင့်ကြံခြင်းအားဖြင့်လည်း ကောင်းမွန်တဲ့ အကျိုးရလဒ်များခံစားနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့်ဆိုသော် နေ့စဥ်ပုံမှန်အချိန်အနည်းငယ်အားဖြင့် Yoga နဲ့ Meditation ကို လုပ်ဆောင်ခြင်းဟာ မိမိရဲ့ ကိုယ်ခံစွမ်းအား နှင့် စိတ်ဝိညာဉ်ကို ပိုမို တိုးတက်လန်းဆန်းစေပြီး ရလဒ်ကောင်းတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒီလိုအကျိုးသက်ရောက်မှုရှိတဲ့ သန္နိဠာန်ချမှတ်ခြင်းကို နှစ်သစ်မှာ ပြုလုပ်ခြင်းအားဖြင့် မိမိရဲ့ ကိုယ်ခံစွမ်းအား နှင့် စိတ်ဝိညာဉ်ကိုသာ ထိရောက်မှု ရှိစေရုံသာမက နှစ်သစ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ‌ရေရှည် အကျိုးပြုစေသောအမူအကျင့် သန္နိဠာန်ကိုချမှတ်ခြင်းကိုလည်း အလွယ်တကူ ပြုလုပ်နိုင်ကြောင်းအနည်းဆုံးအချက်နှစ်ချက် ဖြင့် ဖော်ပြလိုပါတယ်။ ၃။ စိတ်ခန္ဓာ နှင့် ‌ဘေးပတ်ဝန်းကျင် ကျန်းမာစေခြင်း မိမိရဲ့တစ်ကိုယ်ရည် စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာနေဖို့ တစ်ခုတည်းသာမက မိမိရဲ့ ဘေးပတ်ဝန်းကျင် ကျန်းမာသန့်ရှင်းဖို့ရန်အတွက်လည်းအလွန်ပင် အရေးကြီးပါတယ်။ မသန့်ရှင်းတဲ့ ဘေးပတ်ဝန်းကျင် (အမှိုက်သရိုက် နဲ့ ပြန်သုံးလို့မရတဲ့ ပစ္စည်းများရှိနေခြင်း) က မိမိရဲ့ ကိုယ်ခန္ဓာတစ်ခုတည်းတင်မက မိမိ စိတ်ကျန်းမာရေး အပြင် အပင်များ၊ တိရစ္ဆာန်များနဲ့ သဘာဝပတ်ဝန်းကျင် ရေ၊ မြေတို့ကိုပါ ဆိုးကျိုးများ သက်ရောက်စေပါတယ်။ ဒါ‌ကြောင့် နှစ်သစ် သန္နိဋ္ဌာန်တစ်ခုအဖြစ် အမှိုက်နဲ့ပတ်သက်ပြီး စနစ်တကျ အသုံးပြု ထိန်းသိမ်းခြင်းစနစ် (ပြန်လည်အသုံးပြုနိုင်‌သောပစ္စည်းများသုံးခြင်း၊ အမှိုက်များကိုစနစ်တကျ ခွဲခြမ်းစွန့်ပစ်ခြင်း) ကို အလေ့အကျင့်တစ်ခုအနေနဲ့ ချမှတ်ခြင်းအားဖြင့် မိမိရဲ့ကျန်းမာရေးအတွက်သာမက မိမိပတ်ဝန်းကျင်အတွက်ပါ ‌ရေရှည် ကျန်းမာသန့်ရှင်းနိုင်မှာဖြစ်ပါတယ်။ ၄။ သက်ရှိပတ်ဝန်းကျင်အတွက် ကူညီထောက်ပံ့ပေးနိုင်ခြင်း သဘာဝပတ်ဝန်းကျင်ကို ကူညီထောက်ပံ့ပေးနိုင်ဖို့ဆိုတာ အဖွဲ့အစည်းအကြီးတွေမှာ ဝင်ရောက်လုပ်ကိုင်မှ မဟုတ်ဘဲ မိမိကိုယ်တိုင် တစ်ကိုယ်တည်းအားဖြင့်လည်း ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဥပမာအားဖြင့် မိမိတစ်နေ့တာ လှုပ်ရှားသွားလာရာမှာအသုံးပြုတဲ့ ကိုယ်ပိုင်မော်တော်ယာဥ်တွေအစား အများသုံးပို့ဆောင်‌ရေးယာဥ်တွေ အသုံးပြုခြင်းအားဖြင့် လေထုညစ်ညမ်းမှုကိုဖြစ်စေတဲ့ ဓာတ်ငွေ့ထွက်ရှိမှုကိုလျှော့ချနိုင်ပါတယ်။ ဒါ့အပြင် အခြားသော သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ အမူအကျင့်တွေကို သတိပြုပြီး ရေရှည်တည်တံ့သော သန္နိဋ္ဌာန်များ ချမှတ်နိုင်ပါတယ်။ ဒါကြောင့် ရေရှည်တည်တံ့တဲ့ နှစ်သစ်သန္နိဋ္ဌာန်များ ပိုမိုချမှတ်ခြင်းအားဖြင့် မိမိရဲ့ကိုယ်ကျိုးအတွက်သာမက မိမိပတ်ဝန်းကျင်ကောင်းကျိုးအတွက်ပါ ပိုမိုရေရှည်တည်တံ့သောကောင်းကျိုးရလဒ်များ ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။

photo content

Employee announcement - Operations Department ———————————————————————————————————————————— မအေးမြင့်သူသည် မန္တလေးတက္ကသိုလ်မှ ရုက္ခဗေဒအထူးပြု(Botany)ဘာသာရပ်ကို ဂုဏ်ထူးတန်းဘွဲ့ဖြင့်အောင်မြင်ပြီးမြောက်ထားသူဖြစ်ပါသည်။ Uppsala University မှာလည်း သဘာဝပတ်ဝန်းကျင်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆိုင်သောဘာသာရပ်များကိုအထူးပြုလေ့လာခဲ့ပြီး ယခုအချိန်တွင်လည်း International Program in Environmental and Water Resource Engineering ကို Mahidol Universityမှာတက်ရောက်လေ့လာနေသူတစ်ဦး လည်းဖြစ်ပါသည်။ သူမသည် EHS Myanmar အဖွဲ့အစည်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး (Environmental Conservation) ၏ အရေးပါမှုကို မြှင့်တင်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာရပ်များ ဝေမျှနိုင်ရန် အွန်လိုင်းပညာပေးဆောင်းပါးများ ရေးသားလျက်ရှိပြီး EHS Myanmar မှ ဖွင့်လှစ်သင်ကြားသည့် သင်တန်းများတွင်လည်း သင်ကြားရေးလက်ထောက် (Teaching Assistant) အဖြစ် လုပ်ဆောင်ပေးလျက်ရှိပါသည်။ သူမသည် EHS Myanmar ၏ Capacity Building Training များ နှင့် Soft Skill Training ပေါင်းများစွာကိုလည်း တက်ရောက်အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါသည်။ အေးမြင့်သူသည် EHS Myanmar ၏ Operations Department တွင် အလုပ်သင် (Operations Intern) အဖြစ် ၆ လ လုပ်ကိုင်ပြီးနောက် ယခုအခါ The Environment, Health, and Safety Myanmar (EHS-Myanmar) ၏ Project Assistant ရာထူးဖြင့် အဖွဲ့၏ ပရောဂျက်များ၊ သဘာဝပတ်ဝန်းကျင်ပညာပေးခြင်းလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်လျက်ရှိပါသည်။ ....................................................................................... "Working as one team makes us stronger, more efficient, and adds value to our EHS Myanmar." #EHSMyanmar #member #employer #Operationsdepartment #projectassistant