ch
Feedback
EHS Myanmar

EHS Myanmar

前往频道在 Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

显示更多
934
订阅者
无数据24 小时
+47
+730
帖子存档
ရေရှည်တည်တံ့သောခရီးသွားလာခြင်းသည် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေနိုင်ပါသည်။ ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီခြင်းနှင့် ခရီးသွားလုပ်ငန်းအစပျိုးခြင်းများတွင် ရပ်ရွာလူထုများပါ၀င်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူဖြစ်စေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပါသည်။ သဘာဝပတ်ဝန်းကျင်ကို အလေးထားသူများအနေဖြင့် ရေရှည်တည်တံ့သော ခရီးသွားလာခြင်းကို ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်နေပါသော်လည်း တစ်ဖက်တွင်မူ ရင်ဆိုင်ရမည့်အခက်အခဲများ ရှိနေပါသေးသည်။ ခရီးသွားလုပ်ငန်း အလွန်အကျွံလုပ်ဆောင်ခြင်း၊ အခြေခံအဆောက်အအုံမလုံလောက်ခြင်းနှင့် ခရီးသွားလာသူများကြား အခြေခံအသိပညာ မရှိခြင်းတို့သည် ကျော်လွှားရန်လိုအပ်သော အတားအဆီးများဖြစ်နေပါသေးသည်။ ဦးတည်မှုစီမံခန့်ခွဲမှု ဗျူဟာများ၊ ခရီးသွားများအား ပညာပေးရေးလုပ်ငန်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းသည် အထက်ပါ အတားအဆီးများကို ဖြေရှင်းရာတွင် လိုအပ်သော အစိတ်အပိုင်းများ ဖြစ်ပါသည်။ ရေရှည်တည်တံ့သော ခရီးသွားလာခြင်းသည် ခေတ်ရေစီးကြောင်းကို လိုက်နေသည့် အခေါ်ဝေါ်တစ်ခုမဟုတ်ပါ။ ကျွန်တော်တို့ ကမ္ဘာမြေကြီး၏ ကျန်းမာရေးနှင့် ကမ္ဘာတစ်ဝှမ်းရှိ လူမှုအသိုင်းအဝိုင်းများ၏ အကျိုးအမြတ်များအတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်ပါသည်။ ခရီးသွားများ၊ လုပ်ငန်းရှင်များနှင့် အစိုးရများသည် ခရီးသွားလုပ်ငန်း၏ အနာဂတ်ကို ပုံဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ရေရှည်တည်တံ့သော အလေ့အကျင့်များကို လက်ခံခြင်းဖြင့်၊ ကျွန်တော်တို့၏ ခရီးစဉ်များသည် ပတ်ဝန်းကျင်နှင့် လမ်းတစ်လျှောက်တွင် ကြုံတွေ့နေရသော လူမှုအသိုင်းအဝိုင်းများအပေါ် အပြုသဘောဆောင်သော၊ ရေရှည်တည်တံ့သော သက်ရောက်မှုများ ကျန်ရစ်စေကြောင်း သေချာစေခြင်းဖြင့် ကျွန်တော်တို့၏ ကမ္ဘာကို စူးစမ်းလေ့လာသည့် နည်းလမ်းကို ပြောင်းလဲနိုင်ပါသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လုပ်ဆောင်နေသူတိုင်းပြောလေ့ရှိသည့် “Take only memories, leave only footprints”- “အမှတ်တရများကိုသာ ယူပါ၊ ခြေရာများကိုသာ ချန်ခဲ့ပါ” ဆိုသည့်အတိုင်း ကျန်ခဲ့သော ခြေရာများသည် အပြုသဘောဆောင်သော ခြေရာများဖြစ်ပါစေဟု တိုက်တွန်းလိုက်ပါသည်။ ရေးသားသူ - ဂီတမိုင်ချီ References : WiKiEducator, SustainableTourism.net, UN Sustainable Development Department ----------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMM #SustainableTourism #EcoTourism #Travelling

Nurturing The Planet While Exploring Its Wonder ________ EHS Myanmar| 7/12/2023 🌿ကျွန်တော်တို့ တော်တော်များများသည် ခရီးထွက်ရခြင်းကို ကြိုက်နှစ်သက်ကြပါသည်။ လူကြီး၊ လူငယ်မရွေး စိတ်အပန်းဖြေရန်နှင့် အနားယူရန် ဘာလုပ်ချင်ပါသလဲ မေးကြည့်ပါက နေရာအသစ်တစ်ခုသို့ ခရီးထွက်ရင်း အနားယူချင်သည်ဟု အယောက်တစ်ရာမှာ ကိုးဆယ့်ကိုးယောက်သောက ဖြေကြပါလိမ့်မည်။ ခရီးသွားလာခြင်းဖြင့် ကျွန်တော်တို့သည် နေရာအသစ်များ၊ ယဉ်ကျေးမှုအသစ်များ၊ မိတ်ဆွေအသစ်များနှင့် အခြားအံ့ဩဖွယ်ကောင်းသော သဘာဝအလှတရားများကို ကိုယ်တိုင်ရှာဖွေတွေ့ရှိခွင့် ရရှိနိုင်ပါသည်။ ♻️သို့သော် ကျွန်တော်တို့၏ မဆင်ခြင်သော အပြုအမူများကြောင့် ပတ်ဝန်းကျင်နှင့် ကျွန်တော်တို့ လှည့်လည်သွားလာခဲ့သော နေရာများအပေါ်တွင် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေပါသည်။ ကျွန်တော်တို့ နေထိုင်ရာကမ္ဘာကြီးကို ထိန်းသိမ်းစောင့်ရှောက်ရန်မှာ ကျွန်တော်တို့၏ တာဝန်ဖြစ်ပါသည်။ တဖက်တွင်လည်း ကျွန်တော်တို့၏ စူးစမ်းရှာဖွေလိုသော စိတ်ဖြင့် အသစ်သစ်သော နေရာများကို ကျွန်တော်တို့ သွားရောက်လိုကြပါသည်။ သို့ဖြစ်ရာ ကျွန်တော်တို့၏ တာဝန်နှင့် စူးစမ်းရှာဖွေလိုစိတ်တို့ကို မျှခြေညီသွားအောင် မည်သို့ လုပ်နိုင်ကြပါမည်လဲ။ 🎄တစ်ခုတည်းသောနည်းလမ်းကတော့ ကျွန်တော်တို့၏ ပတ်ဝန်းကျင်အပေါ်သက်ရောက်စေသော ဆိုးကျိုးများကို နည်းပါးစေပြီး အပြုသဘောဆောင်သော သက်ရောက်မှုများကို အမြင့်ဆုံးဖြစ်စေသော ရေရှည်တည်တံ့သည့် ခရီးသွားအလေ့အကျင့်များ(Sustainable Tourism Practices)ကို ချမှတ်ရန်ဖြစ်သည်။ ရေရှည်တည်တံ့သော ခရီးသွားအလေ့အကျင့်များတွင် သဘာဝပတ်ဝန်းကျင်အပေါ် သဟဇာတဖြစ်စေသော နည်းလမ်းများဖြစ်သည့် အများသုံးယာဉ်များအသုံးပြု၍ သွားလာခြင်း၊ ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများအသုံးပြုခြင်း၊ မိမိ၏ ကာဗွန်ခြေရာများကို လျော့ချခြင်း အစရှိသည့် အလေ့အကျင့်များသာမက ဒေသခံတိုင်းရင်းသားများနှင့် သူတို့၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို လေးစားအသိမှတ်ပြုမှု၊ ထောက်ပံ့ပေးမှုအစရှိသည့် ကျင့်ဝတ်များပါ ပါဝင်ပါသည်။ ရေရှည်တည်တံ့သော ခရီးသွားလာခြင်းတွင် ကျွန်တော်တို့ လိုက်နာသင့်သည့် အခြေခံမူများရှိပါသေးသည်။ 1. Environmental Conservation (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး) ရေရှည်တည်တံ့သော ခရီးသွားလာခြင်းသည့် တာဝန်သိအလေ့အကျင့်များဖြစ်သည့် အမှိုက်ထွက်ရှိမှု လျော့ချခြင်း၊ စွမ်းအင်လုံလောက်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ခြင်း စသည်တို့ကို မြှင့်တင်ခြင်းဖြင့် ခရီးသွားခြင်းဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်စေမှုများကို လျော့ချရန် ရည်ရွယ်ပါသည်။ 2. Cultural Respect(မတူညီသော ယဉ်ကျေးမှုများအပေါ် လေးစားမှုရှိခြင်း) ဒေသခံတိုင်းရင်းသားလူမျိုးများ၏ ရီုးရာဓလေ့ယဉ်ကျေးမှုများအပေါ် လေးစားမှုရှိခြင်းသည် ရေရှည်တည်တံ့သော ခရီးသွားလာခြင်း၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ခရီးသွားများအနေဖြင့် ဒေသခံတို့၏ ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုများအပေါ် အသိအမှတ်ပြု နားလည်နိုင်အောင် ကြိုးစားသင့်ပါသည်။ 3. Economic Benefits for Local Communities(ဒေသတွင်းစီးပွားရေးလုပ်ငန်းများအတွက် အကျိုးမြတ်များ) ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းသည် ဒေသခံလူထုထံသို့ စီးပွားရေးအကျိုးအမြတ်များ တိုက်ရိုက်ရရှိစေရန် ကြိုးပမ်းပြီး ခရီးသွားလုပ်ငန်းမှ ငွေကြေးအမြတ်အစွန်းများသည် အိမ်ရှင်ဖြစ်ရာနေရာ၏ ရေရှည်တည်တံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေကြောင်း အာမခံမှုပေးရန် ရည်ရွယ်ပါသည်။ ရေရှည်တည်တံ့သော ခရီးသွားလာခြင်း၏ အခြေခံမူများကို သိရှိနားလည်ပြီးနောက် ကျင်သုံးလိုက်နာပါက ကျွန်တော်တို့ နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ရရှိခံစားနိုင်မည့် အကျိုးအမြတ်များလည်း ရှိပါသေးသည်။ 1. Preservation of Natural Resources(သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းထားရှိခြင်း) ဂေဟစနစ်နှင့် သဟဇာတဖြစ်စေသော အလေ့ကျင့်များကို ကျင့်သုံးခြင်းဖြင့် ရေရှည်တည်တံ့သော ခရီးသွားလာခြင်းသည် ထိခိုက်လွယ်သော ဂေဟစနစ်များ၊ တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်ကျင်စားရာနေရာများ၊ သဘာဝအရင်းမြစ်များကို ကာကွယ်ပေးရန် ကူညီပေးခြင်းဖြင့် အနာဂတ်မျိုးဆက်များအတွက် ကမ္ဘာမြေကြီး၏ အလှကိုလက်ဆင့်ကမ်းစေ နိုင်ပါသည်။ 2. Cultural Preservation(ယဉ်ကျေးမှုများကို ထိန်းသိမ်းထားရှိပေးခြင်း) ဒေသခံတိုင်းရင်းသားများကို လေးစားမှုဖြင့်ဆက်ဆံခြင်းဖြင့် သူတို့၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာဓလေ့များနှင့် ဘာသာစကားများကို ထိန်းသိမ်းစောင့်ရှောက်ရန် အထောက်အကူပြုပါသည်။ ဤသို့ဖြင့် ခရီးသွားလာခြင်းဖြင့် အတွေ့အကြုံကို ပိုရရှိစေနိုင်သည့်အပြင် အသစ်သစ်သော အရာတို့ကို သင်ယူခွင့်လည်းရရှိနိုင်ပါသေးသည်။ 3. Economic Empowerment(စီးပွားရေးစွမ်းဆောင်မှုတိုးတက်စေခြင်း)

🌟Environmental Impact Assessment (EIA) လုပ်ငန်းခွင်တွင် စတင်လုပ်ကိုင်မည့် လူငယ်များ၊ ပတ်ဝန်းကျင်အစီရင်ခံစာ (EMP) အပါအဝင် Env
🌟Environmental Impact Assessment (EIA) လုပ်ငန်းခွင်တွင် စတင်လုပ်ကိုင်မည့် လူငယ်များ၊ ပတ်ဝန်းကျင်အစီရင်ခံစာ (EMP) အပါအဝင် Environmental Monitoring နှင့် Environmental Audit စသည်တို့ကို ကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်ချင်သည့် လုပ်ငန်းရှင်ကြီးများ၊ မန်နေဂျာကြီးများ နှင့် Environmental Officer များအတွက် အထူးရည်ရွယ်ထားပါသည်။ 📌မကြာခင်ဖွင့်လှစ်တော့မည့် EMP Online Course Program Batch 3 ကို သင်ရိုးညွှန်တမ်းအသစ် သင်ကြားရေးစနစ်အသစ်တို့ဖြင့် သင်ကြားသွားမှာဖြစ်ပါသည်။ ------------------------------------------------------ Don't forget to join our Telegram Channel. https://t.me/ehsmyanmar #EHSMyanmar #EMP #batch3 #environmentalmanagement #monitoring #planning

🌱🌍 Happy World Soil Day 2023 from EHS Myanmar! 🌾 Let's dig deep and celebrate the foundation of life beneath our feet. Tod
🌱🌍 Happy World Soil Day 2023 from EHS Myanmar! 🌾 Let's dig deep and celebrate the foundation of life beneath our feet. Today, we honor the importance of healthy soils for agriculture, biodiversity, and our planet's health. Join us as we advocate for sustainable soil management and nurture the ground beneath us for a greener, healthier future. 🌿🌏 #WorldSoilDay #HealthySoils #EHSMyanmar

photo content

📊 Small and Medium-sized Enterprises (SMEs) ဟုခေါ်သည့် အသေးစားနဲ့ အလတ်စားလုပ်ငန်းများသည် ကမ္ဘာပေါ်တွင် မရှိမဖြစ်လိုအပ်သော လုပ်ငန်းများဖြစ်ကြပါသည်။ နိုင်ငံတစ်နိုင်ငံရှိပြည်သူများအတွက် အလုပ်အကိုင်များဖန်တီးရာတွင်သော်လည်းကောင်း၊ တီထွင်ဆန်းသစ်မှုများပြုလုပ်ရာတွင်လည်းကောင်း၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ထောက်ပံ့ရာတွင်လည်းကောင်း SME များသည် လွန်စွာအရေးပါအရာရောက်သည့် နေရာတွင်ရှိကြပါသည်။ World Economic Forum ၏ အချက်အလက်များအရ SME များသည် ကမ္ဘာပေါ်ရှိ 90% သော လုပ်ငန်းများတွင်ပါဝင်လျက်ရှိပြီး ကမ္ဘာ့အလုပ်အကိုင်များ၏ သုံးပုံတွင် နှစ်ပုံသည် SME များမှဖြစ်ပါသည်။ 📊 ထိုနည်းတူ မြန်မာနိုင်ငံတွင်လည်း SME များသည် လွန်စွာအရေးပါလှပါသည်။ Asian Development Bank ၏ 2020 SME Monitor အချက်အလက်များအရ SME များသည် မြန်မာနိုင်ငံ၏ 90% သော လုပ်ငန်းများတွင်ပါဝင်လျက်ရှိပြီး နိုင်ငံ၏ 70% သော အလုပ်အကိုင်များကို ဖန်တီးပေးထားပါသည်။ ထို့အပြင် USAID ၏ 2016 ဆန်းစစ်ချက်များအရ မြန်မာနိုင်ငံ၏ GDP 36% သည် SME များမှဖြစ်ပါသည်။ ထိုသို့ အရေးပါလှသည့်အလျောက် SME များသည် ယခုအချိန်ထိများစွာသော အခက်အခဲများကို ရင်ဆိုင်ရလျက်ရှိရာ လုပ်ငန်းအတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်သောနည်းလမ်းများ (Sustainability Practices) များကို လွယ်ကူစွာ အသုံးပြုရန်မှာလည်း အခက်အခဲတစ်ခုဖြစ်နေပါသည်။ 📊 ကမ္ဘာပေါ်ရှိ လုပ်ငန်းများသည် Sustainable Development Goals များနှင့်အညီ လုပ်ငန်းများကို ရေရှည်ဖွံ့ဖြိုးတက်ရန်လုပ်ဆောင်လျက်ရှိရာ မြန်မာနိုင်ငံရှိလုပ်ငန်းများသည်လည်း ထိုနည်းတူ လုပ်ဆောင်သင့်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် မြန်မာ့ SME များအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးနိုင်ရုံသာမက စားသုံးသူများထဲတွင် နာမည်ကြော်ကြားလာနိုင်ခြင်း၊ နိုင်ငံ့ဈေးကွက်တွင်သာမက ကမ္ဘာ့ဈေးကွက်တွင်မှာပါ ဝင်ဆံလာနိုင်ခြင်း၊ လုပ်ငန်းအတွင်း တန်ဖိုးရှိသော စံများ (Values)၊ ကိုယ်ကျင့်တရားများ (Principles) များထားရှိခြင်းကြောင့် အလုပ်သမားများ၏ စိတ်ဓာတ်များကို မြင့်တင်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိလာနိုင်ပါသည်။ 📊 ထို့ကြောင့် ကျွန်နိုပ်တို့ EHS Myanmar အနေဖြင့် ထိုသို့သော အရေးပါမှု၊ တန်ဖိုးများကို သိရှိသောကြောင့် မြန်မာနိုင်ငံရှိ SME လုပ်ငန်းများ ပိုမို၍ရေရှည်တံ့တည်ခိုင်မြဲလာနိုင်စေရန် "Challenges and Opportunities for Sustainability in Myanmar Small and Medium Enterprises: An In-depth Analysis" ခေါင်းစဉ်ဖြင့် သုတေသနပရောချက်တစ်ခု စတင်လုပ်ဆောင်လျက်ရှိပါသည်။ ထိုပရောချက်တွင် ပူးပေါင်းပါဝင်လိုသည့် အဖွဲ့အစည်းများကိုလည်း ကျွန်ုပ်တို့ EHS Myanmar မှ ကြိုဆိုပါသည်။ ပရောချက်ပြီးမြောက်သွားပါကလည်း သုတေသနကြမ်းကို ပြည်သူများဖတ်ရှုနိုင်ရန် ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ For more information, please contact our Research Team at ehsresearch.projects@gmail.com. #EHSMyanmar #ResearchProject #SME #Sustainability

🌿✨ EHS Myanmar wishes you a Merry Christmas and a New Year filled with eco-conscious endeavors, paving the way for a greener
🌿✨ EHS Myanmar wishes you a Merry Christmas and a New Year filled with eco-conscious endeavors, paving the way for a greener and brighter future for Myanmar. Let's make sustainability our gift to the planet! 🎄🌏 #SustainableMyanmar #GreenNewYear #EHSMyanmar

photo content

EHS Myanmar's Monthly Theme: What is it for December? -------------------------------------------------- 🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme)များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။ ❄️ ရုံးပိတ်ကျောင်းပိတ်ခရီးသွားရာသီရောက်ပြီဖြစ်တဲ့အတွက် ခရီးထွက်ရင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ဖို့ အတွက် "Sustainable Tourism" ဆိုတဲ့ Theme ကိုရွေးချယ်ထားပါသည်။ 🌿 ကမ္ဘာပေါ်တွင်တစ်နှစ်ကို လူပေါင်း သန်း (၉၅၀) ကျော်ကနိုင်ငံအနှံအပြားသို့ခရီးသွားလာလျက်ရှိပါသည်။ မြန်မာနိုင်ငံမှာလဲ တစ်နှစ်ကို ခရီးသွားပေါင်း (၂သိန်း)ဝန်းကျင်လာရောက်လျက်ပတ်လျက်ရှိပါသည်။ အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်မည်ဆိုလျှင်တော့အရမ်း နည်းပါးနေတာကိုတွေ့နိုင်ပါသည်။ သို့သော်ခရီးသွားပြည်သူတစ်ယောက်ဆီမှ ဟိုတယ်အခန်းတစ်ညတာတည်းခိုလျှင် CO2 emission ၃၀ kg ထွက်ရှိပြီး အခြားသောသဘာဝပတ်ဝန်းကျင်ထိခိုက်မှုများစွာထွက်ရှိ နိုင်သည့်အတွက် ပြည်တွင်းပြည်ပခရီးသွားလာလျှင် မည်ကဲ့သို့ Ecotourism သို့မဟုတ် Sustainable Tourism ဖြစ်အောင် သိရှိနိုင်စေရန်အတွက် ဆောင်းပါးများရေးသားခြင်း၊ ဟောပြောပွဲများပြုလုပ်ခြင်း နှင့် ဗဟုသုတရစရာများမျှဝေပေးခြင်း တို့ကိုမျှ‌ဝေပေးသွားပါမည်။ 😍 Sustainable Tourism December နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။ ----------------------------------------------------------------------- "𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮." Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #tourism #ecotourism #environmental #sustainability #climatechange #December #SDG

photo content

လူမသိသေးတဲ့ Environmental Jobs Website များစုစည်းမှု (၁) ============================================= သဘာဝပတ်ဝန်းကျင်ဆိုင်ရာအလုပ်အကိုင်များ၊ အစိမ်းရောင်အလုပ်များ နှင့် sustainability ဆိုင်ရာအလုပ်အကိုင်များကိုရှာဖွေနေသူများအတွက် နိုင်ငံတကာအလုပ်အကိုင်ဆိုင်ရာ website များကိုစုစည်းဖော်ပြပေးသွားပါမယ်။ ၁။ Green Jobs Network - GJN Website က သုံးရလွယ်ကူပြီးအထူးသဖြင့် U.S မှာအလုပ်အကိုင်ရှာနေသူများအတွက် ပိုမိုသင့်တော်ပါတယ်။ လေ့လာလိုလျှင် - https://greenjobs.net/ ၂။ Conservation Job Board - ဂေဟစနစ်နဲ့ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းပညာရှင်များအတွက် ဒီ website က တကယ်ကိုသင့်တော်ပါတယ်။ လေ့လာလိုလျှင် - https://www.conservationjobboard.com/ ၃။ Good Work - ကနေဒါနိုင်ငံမှာအလုပ်လုပ်ချင်တဲ့သူများအတွက် ဒီ website ကတကယ်ကိုသင့်လျှော်ပါတယ်။ လေ့လာလိုလျှင် - https://www.goodwork.ca/jobs ၄။ Environment Jobs - ဒီ website ကလဲလူသုံးများသောအလုပ်အကိုင်ရှာဖွေရေး website တစ်ခုလဲဖြစ်ပါတယ်။ လေ့လာလိုလျှင် - https://www.environmentjobs.com/ ၅။ Indeed - Indeed Website ကတော့လူသိများပြီး တကမ္ဘာလုံးအတိုင်းအတာမှာအသုံးပြုနေတဲ့ website တစ်ခုပဲဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်အလုပ်တွေကိုတပေါင်းထည်းတွေ့နိုင်မှာဖြစ်ပါတယ်။ လေ့လာလိုလျှင် -https://th.indeed.com/?r=us ----------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMyanmar #greenjobs #environmentaljobs

Roaring in celebration on International Jaguar Day! 🐆💚 Let's raise awareness and support the conservation of these magnific
Roaring in celebration on International Jaguar Day! 🐆💚 Let's raise awareness and support the conservation of these magnificent big cats and their habitats. Together, we can protect the natural wonders of our world. #EHSMyanmar #InternationalJaguarDay #wildlifeconservation

🌐EHS Myanamar နှင့် Parami University (ပါရီမတက္ကသိုလ်) တို့ပူးပေါင်း၍ လူငယ်အလုပ်သင်ပရိုဂမ်တစ်ခုကိုဖော်ဆောင်လျက်ရှိ ပါသည်။ 🇲
🌐EHS Myanamar နှင့် Parami University (ပါရီမတက္ကသိုလ်) တို့ပူးပေါင်း၍ လူငယ်အလုပ်သင်ပရိုဂမ်တစ်ခုကိုဖော်ဆောင်လျက်ရှိ ပါသည်။ 🇲🇲Parami University မှ ဘွဲ့ကြိုကျောင်းသားလူငယ်များအတွက် သက်ဆိုင်ရာပညာရပ်နယ်ပယ်များတွင် ပြင်ပလက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများကိုရရှိစေရန်ရည်ရွယ်၍ Partner Service Organizations (PSO) များ၌ Volunteer (သို့မဟုတ်) Intership ဆင်းခိုင်းတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါသည်။ 🧿EHS Myanamar အနေဖြင့်လဲ Partner Organizations အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့်ရေရှည်တည်တံ့ခြင်းဆိုင်ရာပညာရပ်များနှင့်သုတေသနလုပ်ငန်းများတွင်အတွေ့အကြုံများရရှိစေရန် မကြာခင်အချိန်အတွင်း Parami University ရှိကျောင်းသားကျောင်းသူများကိုလက်ခံသွားမှာဖြစ်ပါသည်။ Read more at www.ehsmyanmar.org and www.parami.edu.mm. #EHSMyanmar #ParamiUniversity #environmental #sustainability #volunteer #internships

photo content

Hello . . . Plastic Pollution ပြဿနာနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူ‌တွေရှိကြလား? 🌱 လာလာတူတူပါဝင်ကြရအောင် . . . ဒါဆိုရင် Event လေးတစ်ခုနဲ့ မိတ်ဆက်ပေးမယ်ဆိုရင်ရော . . . ✨ Event လေးကို ဘယ်သူတွေက စီစဉ်တာလဲ? 🍃 ~ ZeeKwat Academy Organization ကပြုလုပ်တဲ့ EPSD Program မှာတက်ရောက်ခဲ့ပြီး Service Learning Project လုပ်နေတဲ့လူငယ်အဖွဲ့ (🌟 Sustainable Stars 🌟) ကနေပြီးတော့ Event လေးကိုစီစဉ်ထားတာပဲဖြစ်ပါတယ်။ ✨ ဘယ်လို Event မျိုးဖြစ်မလဲ? 🥂 ~ သူတို့လုပ်နေတဲ့ Project ကို "Zero Plastic Impact Project" လို့အမည်ပေးထားပြီးတော့ Plastic နဲ့ပတ်သက်ပြီး Awareness လုပ်ပေးတဲ့ Online Workshop တွေ In-Person Workshop တွေဆောင်ရွက်ခဲ့ပြီးပြီပဲဖြစ်ပါတယ်။ ~ အခုအခါမှာတော့ Plastic Waste တွေကိုအသုံးချပြီးတော့ Upcycle လုပ်ထားတဲ့ Product တွေကို ဒီ Event လေးမှာ ပြသပေးသွားမှာပဲဖြစ်ပါတယ်။ ✨ Event လေးမှာဘာတွေလုပ်သွားကြမှာလဲ? 🌿 ✅ Partner Organization တွေပါလို့ Networking ချဲ့ထွင်နိုင်မယ်။ ✅ ပလတ်စတစ်နဲ့ပတ်သက်ပြီး ဘယ်လို‌လျှော့ချရမလဲ?၊ ပတ်ဝန်းကျင်မှာအသုံးမရပ်တဲ့ ပလတ်စတစ်တွေကို ဘယ်လိုကိုင်တွယ်ရင်ပိုအဆင်ပြေလောက်မလဲ? ဆိုတာတွေကို Enviromental နဲ့ပတ်သက်ပြီး စိတ်ဝင်စားသူအချင်းချင်း Sharing လုပ်နိုင်တယ်။ ✅ ပြီးတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာဖြစ်‌နေတဲ့ Plastic အမှိုက်ပြဿနာနဲ့ ပတ်သက်ပြီး Awareness ရရှိနိုင်မဲ့အပြင် Fun Activities လေးတွေဖြစ်တဲ့ Game Session တွေရောပါမှာဆိုတော့ . . . . ✨ ကဲကဲ အခုပဲ Register လိုက်တော့နော် 👇 📎 - https://forms.gle/hjXej6biTEjke7j89 📍 Venue ~ Prestige Myanmar Business Center - PMM 110, 5th Floor, Than Thu Mar Road, South Oakkalapa Township, Yangon ⌚ Time - 10:30AM to 1:30PM 📆 Day- 30th November 2023 #ZeroPlasticImpact #EPSD #ZeeKwatAcademy

နိုဝင်ဘာလ ၁၇ရက်နေ့ EHS Myanmar မှ ပြုလုပ်ခဲ့တဲ့ World Toilet Day Campaign မှာ ပါဝင်ပြီး Quiz ဖြေခဲ့တဲ့ တစ်ဦးစီတိုင်းကို Certi
နိုဝင်ဘာလ ၁၇ရက်နေ့ EHS Myanmar မှ ပြုလုပ်ခဲ့တဲ့ World Toilet Day Campaign မှာ ပါဝင်ပြီး Quiz ဖြေခဲ့တဲ့ တစ်ဦးစီတိုင်းကို Certificate Email ပေးပို့ပြီးဖြစ်လို့ မိမိတို့ရဲ့ Mail ကို စစ်ကြည့်လို့ ရပါပြီရှင့်။ နောက်လည်း EHS Myanmar မှ သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ Campaign တွေ Webinar တွေ လုပ်ဖို့လည်း ရှိတာကြောင့် Facebook Page ကို အမြဲစောင့်ကြည့် ပေးကြပါအုံးနော်။🤗 ပြီးတော့ EHS Myanmar ကို ဘယ်လိုအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး Podcast၊ Webinar တွေ လုပ်စေချင်တယ် ဆိုတာလဲ Comment မှာ ရေးပေးသွားပါအုံးရှင့်🥰 #EHSMyanmar #WorldToiletDay #Campaign

⏰ Only 1 DAY LEFT to seize this incredible opportunity! Don't miss out on applying for the home-based internship at EHS Myanm
⏰ Only 1 DAY LEFT to seize this incredible opportunity! Don't miss out on applying for the home-based internship at EHS Myanmar. 🌟 📅 Application Deadline: November 26, 2023 🌐 Location: Home-based in Myanmar 🔍 Internship Focus: Social Green Influencers Team 3 Posts and Eco-Awareness Initiator Team 2 Posts To apply or learn more, click the link below before the deadline hits: https://drive.google.com/file/d/1N4Wk8LJ49jUBxBgENXgbBjrS3UG4NfZg/view?usp=sharing Apply now before it's too late! #EHSMyanmar #InternshipOpportunity #ApplyNow #CareerGrowth

photo content
+1

🐒ခြိမ်းခြောက်ခံနေရသော မြန်မာနိုင်ငံတွင်းရှိ ဇီဝမျိုးကွဲများ ကျွန်တော်တို့ နိုင်ငံတွင် မျိုးစုံသော ဇီဝမျိုးကွဲများသည် လူတို့၏ လုပ်ဆောင်မှုကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျိုးသက်ရောက်မှုများကို ခံစားနေရပါသည်။ အချို့မျိုးစိတ်များဆိုလျှင် မျိုးသုဉ်းသွားသည်အထိ ပျောက်ကွယ်မှုများရှိနေပါသည်။ အချို့မျိုးစိတ်များသည် ထိန်းသိမ်းစောင့်ရှောက်ဖို့ အလွန်အရေးကြီးသည့် အနေအထားသို့ ရောက်ရှိနေပါပြီ။ ဇီဝမျိုးကွဲများအပေါ် ခြိမ်းခြောက်မှုရှိနေသော အကြောင်းရင်းတရားများစွာ ရှိသည့်အထဲမှ အဓိကကျသော အကြောင်းရင်း ၅ချက်ကို ဖော်ပြလိုက်ပါသည်။ 1. ကျက်စားရာနေရာများ ဆုံးရှုံးခြင်း (Habitat Loss) 2. မြေ၊ရေ၊လေ ညစ်ညမ်းမှုများ (Pollution) 3. အလွန်အမင်း သယံဇာတတူးဖော်ထုတ်ယူမှုများ (Overexploitation) 4. ကျုးကျော်ဝင်ရောက်လာသော မျိုးစိတ်သစ်များ (Invasive Species) 5. ရာသီဥတုပြောင်းလဲမှုများ (Climate Change) ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးသွားသည်နှင့်အမျှ ကျွန်တော်တို့နေထိုင်နေကြသော ဂေဟစနစ်ပေါ်တွင်လည်း အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသည်။ သို့ဖြစ်ရာ ကျွန်တော်တို့အနေနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်မှာ လိုအပ်လာပါသည်။ 👩‍🏫ကျွန်တော်တို့ EHS Myanmar မှ ဇီဝမျိုးစုံမျိုးကွဲများ နှင့်ပတ်သတ်ပြီး ထိန်းသိမ်းစောင့်ရှောက်လိုသူများနှင့် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်တို့၏ အခြေခံကြောင်းအရာများကို သိရှိလိုသူများအတွက် “Biodiversity Conservation & Management” အတန်းကို ကြိုတင် recorded ယူထားသော ဗီဒီယိုဖိုင်များနှင့် ဖွင့်လှစ်ပေးထားပါသည်။ BCM အတန်းကို တက်ရောက်သင်ယူပြီးမြောက်သွားတဲ့ အခါမှာတော့ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်တို့ ကြုံတွေ့နေရသော ခြိမ်းခြောက်မှုများကို သိရှိနားလည်လာပြီး ထိန်းသိမ်းစောင့်ရှောက်ရန် နည်းလမ်းများကိုပါ နားလည်သိရှိလာမည်ဖြစ်ပါသည်။ BCM အတန်းအကြောင်းကို အသေးစိတ်သိရှိလိုပါက>>>>>>>>>>>>> https://facebook.com/ehsmyanmar/posts/pfbid0RN164Xu4Fwx7Z1W2EzaYfijQ8hFzgw7ZxSXYuhHmVLbin7PiCDtDEWbJZs7V8oM9l #EHSMyanmar #BCM #Biodiversity #Conservation #RecordedCourse

photo content