ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

သိင်္ခ

သိင်္ခ

الذهاب إلى القناة على Telegram

အသိတိုး

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
1 060
المشتركون
-124 ساعات
-77 أيام
-5330 أيام
أرشيف المشاركات
🙏🙏🙏
🙏🙏🙏

ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည့် မြန်မာအမျိုးသမီးအတွက် ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် (၂) သန်းအား မိသာ
ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည့် မြန်မာအမျိုးသမီးအတွက် ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် (၂) သန်းအား မိသားစုထံ လွှပြောင်းပေးအပ် ဗန်ကောက်၊ဩဂုတ်-၃၁ ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုးခဲ့ရသည့် မြန်မာနိုင်ငံသားတစ်ဦးအတွက် ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် ၂ သန်း (၂,၀၀၀,၀၀၀/- ဘတ်) ကို သမီးဖြစ်သူထံသို အလုပ်သမားသံအရာရှိရုံးမှတစ်ဆင့် လွှပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြိုနယ်မှ ထိုင်းနိုင်ငံသို လာရောက်အလုပ်လုပ်ကိုင်နေသူ အသက် ၄၂ နှစ်အရွယ် ဒေါ်ဥမ္မာလွင်သည် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်းက နခွန်ပထုံမြိုနယ်၊ ညဈေးမီးပွိင့်အနီး၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုးခဲ့ရခြင်းဖြစ်သည်။

ထိုင်းအစိုးရက ရွှေအရောင်းအဝယ်တွေကို နောက်ယောင်ခံ စောင့်ကြည့်ဖို လုပ်နေပြီ ဩဂုတ် - ၃၁ ( တနင်္လာနေ့ ) ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနဟ
ထိုင်းအစိုးရက ရွှေအရောင်းအဝယ်တွေကို နောက်ယောင်ခံ စောင့်ကြည့်ဖို လုပ်နေပြီ ဩဂုတ် - ၃၁ ( တနင်္လာနေ့ ) ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနဟာ ရွှေဈေးကွက် တစ်ခုလုံးကို လွှမ်းခြုံစောင့်ကြည့်နိုင်မယ့် စည်းမျဉ်းမူဘောင် တစ်ခုကို ပြင်ဆင်နေပါတယ်။ ငွေကြေး စီးဆင်းမှုဆိုင်ရာ မှတ်တမ်းတွေနဲ့ ရွှေအရောင်းအဝယ် စာရင်းတွေကို ချိတ်ဆက်ထားမှာဖြစ်လို အာဏာပိုင်တွေအနေနဲ့ ငွေစထွက်လာတဲ့ မူလနေရာကနေ ရွှေအတုံးအခဲလိုက် အမှန်တကယ် လွှပြောင်းပေးပိုတာအထိ ငွေလမ်းကြောင်းကို နောက်ယောင်ခံ လိုက်နိုင်တော့မှာပါ။ စည်းမျဉ်းတွေ အတည်မပြုမီ ဘဏ္ဍာရေးမူဝါဒရုံး (FPO) ညွှန်ကြားရေးမှူးချုပ် က အစိုးရဌာနတွေ၊ လုပ်ငန်းရှင်တွေဆီက အကြံဉာဏ်တွေ ရယူနေတယ်လို ပြောပါတယ်။ ရည်ရွယ်ချက်ကတော့ တရားဝင် စီးပွားရေးလုပ်ငန်းတွေကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေဘဲ ရွှေအရောင်းအဝယ် ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလာစေဖိုဖြစ်ပါတယ်။ တာဝန်ရှိသူတွေဟာ လိမ်လည်သူတွေနဲ့ တရားမဝင်ငွေကြေးကွန်ရက်တွေက ရွှေလုပ်ငန်းတွေကို အသုံးချပြီး မူလအစ ရင်းမြစ်မဖော်ပြနိုင်တဲ့ ငွေကြေးတွေကို လှည့်ပတ်တာ၊ ခဝါချတာမျိုး မလုပ်နိုင်အောင် တားဆီးချင်တာပဲ ဖြစ်ပါတယ်။

အမေရိကန်နှင့် စီးပွားရေးလုပ်ကိုင်နေသည့် ကနေဒါကုမ္ပဏီများ အမေရိကန်သို အမြန်ဆုံးပြောင်းရွှေ့ရန် ထရန့်တိုက်တွန်း အမေရိကန်သမ္မတ ဒ
အမေရိကန်နှင့် စီးပွားရေးလုပ်ကိုင်နေသည့် ကနေဒါကုမ္ပဏီများ အမေရိကန်သို အမြန်ဆုံးပြောင်းရွှေ့ရန် ထရန့်တိုက်တွန်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်နှင့် စီးပွားရေးလုပ်ကိုင်နေသည့် ကနေဒါကုမ္ပဏီများအနေဖြင့် ၎င်းတို၏ရုံးချုပ်များနှင့် စက်ရုံများကို အမေရိကန်သို ချက်ချင်းပြောင်းရွှေ့ရန် လူမှုကွန်ရက်မှတစ်ဆင့် တိုက်တွန်းလိုက်သည်။ အမေရိကန်နှင့် ကနေဒါကြား ကုန်သွယ်ရေးတင်းမာမှု မြင့်တက်နေချိန် ယင်းတောင်းဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးမှုများ ပျက်ပြယ်ခဲ့ပြီးနောက် ထရန့်အစိုးရက ကနေဒါနိုထွက်ပစ္စည်းများနှင့် သစ်အပါအဝင် ကုန်ပစ္စည်းအချိုအပေါ် အခွန် ၅၀ ရာခိုင်နှုန်းအထိ ချမှတ်ခဲ့သည်။ ထိုအမိန့်က ၂၀၂၇ ခုနှစ်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။ ကနေဒါကလည်း အမေရိကန်၏ အခွန်စည်းကြပ်မှုကို လက်တုံပြန်သည့်အနေဖြင့် သံမဏိ၊ အလူမီနီယံအပါအဝင် အမေရိကန်ကုန်ပစ္စည်းများအပေါ် တန်ပြန်အခွန်များ ချမှတ်ခဲ့သည်။

မြန်မာ ယူ-၂၀ အသင်း သီရိလင်္ကာ ယူ-၂၀ အသင်း ကို ဂိုးပြတ် အနိုင်ရ AFC U20 Asian Cup China 2027 (Qualifiers) FULL TIME MYANMAR U2
မြန်မာ ယူ-၂၀ အသင်း သီရိလင်္ကာ ယူ-၂၀ အသင်း ကို ဂိုးပြတ် အနိုင်ရ AFC U20 Asian Cup China 2027 (Qualifiers) FULL TIME MYANMAR U20 🇲🇲 4️⃣ - 0️⃣ 🇱🇰 SRI LANKA U20 Sai Bo Bo Kyaw 18' Kaung Khant Kyaw 26', 39' Sai Zom Shang 86'

ညောင်တုန်းမြိုနယ်တွင် ကျောက်သယ် တွဲသင်္ဘောတစ်စင်း တိမ်းမှောက် ညောင်တုန်း၊ ဩဂုတ် ၃၁ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တု
ညောင်တုန်းမြိုနယ်တွင် ကျောက်သယ် တွဲသင်္ဘောတစ်စင်း တိမ်းမှောက် ညောင်တုန်း၊ ဩဂုတ် ၃၁ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ အောက်စု ကျေးရွာ၊ ဧရာဝတီမြစ်အတွင်း ယနေ့ နံနက်ပိုင်းက ကျောက်သယ် တွဲသင်္ဘောတစ်စင်း တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မြန်အောင်မြိုမှ ပုဇွန်တောင်မြိုနယ်သို ရေယာဉ်မောင်း၊ လုပ်သား(၁၀)ဦးနှင့် ကျောက်ကျင်း(၁၅၀) တင်ဆောင်လာသော အလျား(၁၈၀)ပေ၊ အနံ(၄၀)ပေရှိ ကျောက်သယ် တွဲသင်္ဘောသည် ညောင်တုန်းမြိုနယ်၊ စက္ကောတောင်ကျေးရွာအုပ်စု၊ အောက်စုကျေးရွာ၊ မြစ်ဧရာဝတီမြစ်ကမ်းရှိ OHC လမ်းဆောက်ရေး ကုမ္မဏီ၏ သဲ/ ကျောက်ကွင်း ဆိပ်ကမ်းသိုဝင်ရောက် ညအိပ်ရပ်နားစဉ် သင်္ဘောဝမ်းဗိုက်အား ရေအောက်မှ သစ်ပင်ငုတ်ဖြင့် ထိုးမိသည့်အား မသိရှိဘဲ သင်္ဘောကပ်၍ ညအိပ်စဉ် ဩဂုတ်လ၊ ၃၁ရက် နံနက် ၁နာရီတွင် သင်္ဘောဝမ်းဗိုက်အတွင်း ရေစိမ့်ဝင်ကာ သင်္ဘောတိမ်းဆောင်း၍ ကျောက်များမြစ်အတွင်းထွက်ကျ တိမ်းဆောင်မှောက် သွားခဲ့ပြီး တိမ်းမှောက်မှုကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်းသိရသည်။

အီရန်က အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် တုံပြန်တိုက်ခိုက်၊ ဟော်မုဇ်ရေလက်ကြား တင်းမာမှုမြင့်တက် အမေရိကန်နှင့် အီရန်တိုကြား စစ်ရေးတင်းမာမှုများ ပြန်လည်မြင့်တက်လာပြီးနောက် အီရန်တပ်ဖွဲများက အမေရိကန်စစ်တပ်နှင့် ဆက်နွယ်သည့် ပစ်မှတ်များကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တုံပြန်တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ် ၃၀ ရက်တွင် အမေရိကန်တပ်ဖွဲများက အီရန်နိုင်ငံ ဟော်မုဇ်ရေလက်ကြားအနီးရှိ လာရက်ခ်ကျွန်း (Larak Island) ပေါ်မှ ဒုံးကျည်ပစ်လွှတ်နိုင်သည့် စစ်ရေးအဆောက်အအုံများကို လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်က တုံပြန်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်ဘက်က အဆိုပါတိုက်ခိုက်မှုသည် ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုကို ခြိမ်းခြောက်နိုင်သည့် အီရန်၏ စစ်ရေးလုပ်ဆောင်ချက်များကို တားဆီးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ယင်းတိုက်ခိုက်မှုအပြီး ဩဂုတ် ၃၀ ရက်ညပိုင်းမှ ဩဂုတ် ၃၁ ရက်အထိ အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က အမေရိကန်တပ်ဖွဲများ အသုံးပြုနေသည့် ဒေသတွင်း စစ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။ အီရန်၏ ပထမဆုံးတုံပြန်မှုအဖြစ် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲများ အသုံးပြုနေသည့် King Hussein Air Base နှင့် Al-Azraq Air Base တိုကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အီရန်ဘက်က ထုတ်ပြန်ခဲ့သည်။ အီရန်စစ်ဘက်က ယင်းတိုက်ခိုက်မှုများသည် အမေရိကန်၏ လာရက်ခ်ကျွန်းတိုက်ခိုက်မှုအတွက် တုံပြန်ခြင်းဖြစ်ပြီး အမေရိကန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ငလျင်အင်အားလျှော့ချမည့် Base Isolation System နည်းပညာ မြန်မာနိုင်ငံတွင် ပထမဆုံး စတင်အသုံးပြု ငလျင်လှုပ်ခတ်မှုများကြောင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ငလျင်ဒဏ်လျှော့ချရေးနည်းပညာ (Base Isolation System) ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အသုံးပြုတည်ဆောက်မည့် အဆောက်အအုံ၏ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက မန္တလေးမြို၊ ချမ်းမြသာစည်မြိုနယ်ရှိ မင်္ဂလာမန္တလေးစီမံကိန်းအတွင်း ကျင်းပခဲ့သည်ဟု သိရသည်။ အဆိုပါ အဆောက်အအုံတွင် ငလျင်လှုပ်ခတ်ချိန် မြေပြင်မှ အဆောက်အအုံသို သက်ရောက်လာမည့် အင်အားနှင့် တုန်ခါမှုများကို လျှော့ချပေးနိုင်သည့် Base Isolation System နည်းပညာကို အသုံးပြုသွားမည်ဖြစ်ပြီး အဆောက်အအုံအောက်ခြေနှင့် မြေပြင်ကြားတွင် Base Isolator များ တပ်ဆင်ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်သည်။ အခမ်းအနားသို မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ New Starlight Construction Co.,Ltd မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အင်ဂျင်နီယာပညာရှင်များ တက်ရောက်ခဲ့ကြသည်။

photo content

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်၊ စစ်ဘက်ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ် ပြုံယမ်း၊ ဩဂုတ် ၃၁ မြောက်ကိုရီးယားခေ
မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်၊ စစ်ဘက်ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ် ပြုံယမ်း၊ ဩဂုတ် ၃၁ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် နိုင်ငံ၏ အကြီးတန်းစစ်ဘက်ခေါင်းဆောင်ပိုင်းကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကင်ဆောင်ဂီ (Kim Song Gi) ကို ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။ ယခင်က စစ်တပ်၏ နိုင်ငံရေးဗျူရိုညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကင်ဆောင်ဂီသည် လက်နက်ခဲယမ်းလုပ်ငန်းဌာန၌ အကြီးတန်းရာထူးတစ်ခုသို့ ပြောင်းရွှေ့တာဝန်ပေးခံရသည့် ယခင်ကာကွယ်ရေးဝန်ကြီး နိုကွမ်ချိုလ် (No Kwang Chol) ၏ နေရာတွင် အစားထိုးတာဝန်ယူခြင်းဖြစ်သည်။ ထို့ပြင် အတွေ့အကြုံရင့် စစ်ဘက်မဟာဗျူဟာပညာရှင် ပတ်ဂျုံချွန် (Pak Jong Chon) ကိုလည်း အာဏာရ အလုပ်သမားပါတီ ဗဟိုစစ်ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်ခဲ့ကြောင်း သိရသည်။

ငလျင်အင်အားလျှော့ချမည့် Base Isolation System နည်းပညာ မြန်မာနိုင်ငံတွင် ပထမဆုံး စတင်အသုံးပြု 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟑𝟏》 ငလျင်လှုပ်ခတ်မှုများကြောင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ငလျင်ဒဏ်လျှော့ချရေးနည်းပညာ (Base Isolation System) ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အသုံးပြုတည်ဆောက်မည့် အဆောက်အအုံ၏ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေးစီမံကိန်းအတွင်း ကျင်းပခဲ့သည်ဟု သိရသည်။ အဆိုပါ အဆောက်အအုံတွင် ငလျင်လှုပ်ခတ်ချိန် မြေပြင်မှ အဆောက်အအုံသို့ သက်ရောက်လာမည့် အင်အားနှင့် တုန်ခါမှုများကို လျှော့ချပေးနိုင်သည့် Base Isolation System နည်းပညာကို အသုံးပြုသွားမည်ဖြစ်ပြီး အဆောက်အအုံအောက်ခြေနှင့် မြေပြင်ကြားတွင် Base Isolator များ တပ်ဆင်ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်သည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ New Starlight Construction Co.,Ltd မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အင်ဂျင်နီယာပညာရှင်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် New Starlight Construction Co.,Ltd ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက တည်ဆောက်မည့် အဆောက်အအုံ၌ အသုံးပြုမည့် Base Isolator များ၏ တပ်ဆင်ပုံနှင့် နည်းပညာပိုင်းဆိုင်ရာများကို ရှင်းလင်းပြသခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများက ပန္နက်တော်တင်ခြင်း၊ တွင်းတော်ဝန်းခြင်းနှင့် အမွှေးနံ့သာများ ပက်ဖျန်းခြင်းတို့ဖြင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဆောင်ရွက်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်များကြောင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အဆောက်အအုံများ၏ ငလျင်ခံနိုင်ရည်အား မြှင့်တင်နိုင်ရေးအတွက် ပြည်တွင်းပညာရှင်များက တရုတ်နိုင်ငံရှိ ၂၀၀၈ ခုနှစ် စီချွမ်ငလျင်ဖြစ်ပွားခဲ့သည့် နေရာများနှင့် Safetyinside Company ၏ Base Isolator ထုတ်လုပ်သည့် စက်ရုံများသို့ သွားရောက်လေ့လာခဲ့ကာ ယခုနည်းပညာကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ Base Isolation System သည် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံပေါ်သို့ သက်ရောက်လာနိုင်သည့် ငလျင်အင်အားနှင့် လှုပ်ရှားမှုများကို လျှော့ချပေးနိုင်သည့် ခေတ်မီနည်းပညာတစ်ရပ်ဖြစ်သည်။ ယခုတည်ဆောက်မည့် အဆောက်အအုံမှာ မြေဧရိယာ ၇၇ ပေ x ၈၃ ပေ ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး Basement အပါအဝင် ၅ ထပ်ရှိ သံကူကွန်ကရစ်အဆောက်အအုံဖြစ်ကာ တစ်ထပ်လျှင် ၁၁ ပေ အမြင့်ရှိမည်ဖြစ်ကာ ယင်းအဆောက်အအုံတွင် Base Isolation System နှင့် Base Isolator ဆောက်လုပ်ရေးပစ္စည်းများကို အသုံးပြုတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ငလျင်အင်အားလျှော့ချမည့် Base Isolation System နည်းပညာ မြန်မာနိုင်ငံတွင် ပထမဆုံး စတင်အသုံးပြု
ငလျင်အင်အားလျှော့ချမည့် Base Isolation System နည်းပညာ မြန်မာနိုင်ငံတွင် ပထမဆုံး စတင်အသုံးပြု

《𝘼𝙐𝙂~𝟑𝟏》 ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးတစ်ဦးသည် ဩဂုတ် ၂၄ ရက်က ရထားတိုက်မှုဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဘန်ကောက်မြို့ ကွီကွမ်ဘူတာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူသည် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု၌ အလုပ်လုပ်ကိုင်နေသူဖြစ်ကာ အလုပ်သမားတန်းလျားမှာ ရထားလမ်းအနီးတွင် တည်ရှိသည်ဟုဆိုသည်။ အဆိုပါအမျိုးသမီးသည် ဈေးဝယ်ရန်သွားစဉ် ရထားလမ်းဘေးရှိ အတားအဆီးတစ်ခုကို ဖြတ်ကျော်ရာမှ ရထားနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ရထားတိုက်မှုကြောင့် ဒဏ်ရာများရရှိခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ၏ မိသားစုဝင်များက နစ်နာကြေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အလုပ်သမားရေးရာ အကူအညီပေးရေးအဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်သည့် ယာဉ်မတော်တဆမှုများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ဩဂုတ် ၂၈ ရက်ကလည်း စမူဆာခွန်ခရိုင်အတွင်း စက်ဘီးစီးနေသည့် မြန်မာအလုပ်သမားတစ်ဦး ကားတိုက်ခံရ၍ သေဆုံးခဲ့ကြောင်းသတင်းမှတ်တမ်းများအရ သိရသည်။

ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦး ရထားတိုက်ခံရ၍ သေဆုံး
ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦး ရထားတိုက်ခံရ၍ သေဆုံး


ကယားပြည်နယ် ဒီးမော့ဆို အကြမ်းဖက်အဖွဲ့ DMO Local PDF က အကြမ်းဖက်လူလိမ်ကောင် ပီတာ‌ပေါလ်ကို ဩဂုတ်လ ၃၀ ရက်က ထုတ်ပယ်လိုက်တယ်ဆိုပဲ.
ကယားပြည်နယ် ဒီးမော့ဆို အကြမ်းဖက်အဖွဲ့ DMO Local PDF က အကြမ်းဖက်လူလိမ်ကောင် ပီတာ‌ပေါလ်ကို ဩဂုတ်လ ၃၀ ရက်က ထုတ်ပယ်လိုက်တယ်ဆိုပဲ... ကယား PDF တွေဟာ ပြည်သူတွေဆီကနေ ငွေကြေးလိမ်လည်တောင်းခံပြီး မူးယစ်ဆေးဝါးတွေသုံးဆွဲ၊ စလော့ဂိမ်း လောင်းကစားတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်တဲ့... အရပ်ထဲမှာ အလုပ်မရှိအကိုင်မရှိတဲ့ ငပျင်းကောင်တွေက ကယား PDF ထဲဝင်နေကြပြီး ပြည်သူတွေကို လက်နက်နဲ့ခြိမ်းခြောက်အနိုင်ကျင့်ကာ လိမ်လည်လုပ်စားနေကြတာဖြစ်ပါတယ်...

ဆိုက်ပရပ်စ်နိုင်ငံ ကမ်းလွန်ရေပြင်တွင် ခရီးသည် ၂၆၀ ကျော်တင်ဆောင်လာသော ကူးတို့သင်္ဘော တိမ်းမှောက်၊ အနည်းဆုံး လူရှစ်ဦးသေဆုံး၊ လူ
+3
ဆိုက်ပရပ်စ်နိုင်ငံ ကမ်းလွန်ရေပြင်တွင် ခရီးသည်  ၂၆၀ ကျော်တင်ဆောင်လာသော ကူးတို့သင်္ဘော တိမ်းမှောက်၊ အနည်းဆုံး လူရှစ်ဦးသေဆုံး၊ လူ ၂၃၇ ဦးခန့်ကို ကယ်တင်နိုင်ခဲ့ပြီး ၂၃ ဦးပျောက်ဆုံးနေ ၃၁.၈.၂၀၂၆ Translated by Htwe Ko Tun ဆိုက်ပရပ်စ်နိုင်ငံ မြောက်ပိုင်း ကမ်းလွန်ရေပြင်တွင် လူ ၂၆၀ ကျော်တင်ဆောင်လာသော ကူးတို့သင်္ဘောတစ်စင်း သြဂုတ်လ ၃၀ ရက်က ဆိပ်ကမ်းမှထွက်ခွာပြီး မကြာမီ တိမ်းမှောက်ခဲ့ရာ လူအများအပြားသေဆုံးခဲ့ရကြောင်း ဒေသခံအစိုးရက ပြောကြားခဲ့သည်။ သင်္ဘောတိမ်းမှောက်မှုတွင် အနည်းဆုံး လူရှစ်ဦးသေဆုံးခဲ့ကြောင်း မြောက်ဆိုက်ပရပ်စ် တူရကီ သမ္မတနိုင်ငံ (TRNC) ၏ ဝန်ကြီးချုပ် ယူနယ်လ် အတ်စတယ်၏ပြောကြားချက်ကို ကိုးကား၍ တူရကီနိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ အတ်စတယ်က လူ ၂၃၇ ဦးခန့်ကို ကယ်တင်နိုင်ခဲ့ပြီး ၂၃ ဦးပျောက်ဆုံးနေကြောင်း  ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင်(၁၁/၅)၊ (၁၁/၆)ကြားတွင
+4
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင်(၁၁/၅)၊ (၁၁/၆)ကြားတွင် ဆည်မြောင်းတာအိပဲ့ကျမှုဖြစ်ပွားသဖြင့် ၃၁.၈.၂၀၂၆ ရက်နေ့၊ ၀၇:၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မအူပင်ခရိုင်မီးသတ်စခန်းနှင့် ညောင်တုန်းမြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်း၍ ဝါးကတုတ်ရိုက်ခြင်း၊ သဲဖို့ခြင်း၊ သဲအိတ်စီခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျို
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းရာတွင် နိုင်ငံသားများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံ စိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထားထိန်းသိမ်းတတ်မှု စသည့် အရည်အချင်းများသည် အဓိကကျ နေပြည်တော်၊ ဩဂုတ် - ၃၁ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ဩဂုတ်လ ၃၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျို
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်

ဘန်ကောက်ရှိ Khlong Thom Center မီးလောင်ကျွမ်းမှုဖြစ်ပွား၊ ၁၁ ဦး ဒဏ်ရာရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နာမည်ကျော် လျှပ်စစ်နှင့
ဘန်ကောက်ရှိ Khlong Thom Center မီးလောင်ကျွမ်းမှုဖြစ်ပွား၊ ၁၁ ဦး ဒဏ်ရာရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နာမည်ကျော် လျှပ်စစ်နှင့် စက်ပစ္စည်းအရောင်းစတာ ဖြစ်သော Khlong Thom Center တွင် မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ရာ အဆောက်အအုံ တစ်ခုလုံးနီးပါး ပျက်စီးခဲ့ပြီး လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။ Pom Prap Sattru Phai ခရိုင်၊ Worachak လမ်းရှိ သုံးထပ်အဆောက်အအုံ၌ ဩဂုတ် ၃၀ ရက် ည ၈ နာရီ ၄၂ မိနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့က ကိုးနာရီနီးပါးကြာ ငြှိမ်းသတ်ခဲ့ရပြီး ဩဂုတ် ၃၁ ရက် နံနက် ၅ နာရီ ၃၂ မိနစ်ခန့်တွင်မှ မီးထိန်းချုပ်နိုင်ခဲ့သည်။ မီးခိုးထူထပ်မှုနှင့် အဆောက်အအုံ အစိတ်အပိုင်းအချို့ ပြိုကျမှုတို့ကြောင့် အာဏာပိုင်များက ဧရိယာအား ပိတ်ဆို့ထားကြောင်း သိရသည်။