ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

သိင်္ခ

သိင်္ခ

الذهاب إلى القناة على Telegram

အသိတိုး

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
1 060
المشتركون
+124 ساعات
-77 أيام
-5230 أيام
أرشيف المشاركات
အမေရိကန်နှင့် အစ္စရေးကို ဆန့်ကျင်ရန်အတွက် ဒေသတွင်းရှိ မွတ်စလင်နိုင်ငံများ စည်းလုံးညီညွတ်ကြရန် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် တိ
အမေရိကန်နှင့် အစ္စရေးကို ဆန့်ကျင်ရန်အတွက် ဒေသတွင်းရှိ မွတ်စလင်နိုင်ငံများ စည်းလုံးညီညွတ်ကြရန် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် တိုက်တွန်း အမေရိကန်နှင့် အစ္စရေးကို ဆန့်ကျင်ရန်အတွက် ဒေသတွင်းရှိ မွတ်စလင်နိုင်ငံများ စည်းလုံးညီညွတ်ကြရန် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် မိုဂျ်တာဘာ ခါမေနီက သြဂုတ် ၃၀ ရက်တွင် တိုက်တွန်းခဲ့သည်။ အီရန်စစ်ပွဲစတင်ဖြစ်ပွားခဲ့သည်မှာ ခြောက်လကျော်ကြာမြင့်လာချိန်တွင် မိုဂျ်တာဘာ ခါမေနီက စာတစ်စောင် ရေးသားထုတ်ပြန်ခဲ့ခြင်ြးဖစ်သည်။ အစ္စလာမ်မစ်နိုင်ငံများ၏ ပြဿနာကို ဖြေရှင်းရန်အတွက် စည်းလုံးညီညွတ်သည့် စကားလုံးများ၊ ခင်မင်ရင်းနှီးမှုနှင့် ကောင်းမွန်သည့် လမ်းကြောင်းပေါ်တွင် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း ရှီးယိုက်မွတ်စလင်များ၏ တမန်တော်ဖြစ်သည့် တမန်တော်မိုဟာမက် မွေးနေ့အခမ်းအနားကျင်းပသည့် သြဂုတ် ၃၀ ရက်တွင် မိုဂျ်တာဘာက ပြောကြားခဲ့သည်။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့သည့် အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော
+1
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့သည့် အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား ကျင်းပ နေပြည်တော်၊ ဩဂုတ် ၃၀ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည် နယ်၊ စစ်တွေမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဇောနှင့်မှ တာဝန် ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူနှင့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် ဒေသခံတိုင်းရင်းသားပြည်သူ များတက်ရောက်ကြိုဆိုဂုဏ်ပြုကြသည်။ ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များ၊ အောင်ပန်ကုံးများဖြင့်လည်းကောင်း၊ စားသောက်ဖွယ်ရာများဖြင့်လည်းကောင်း၊ ဘင်ခရာတီးဝိုင်းများ၊ အိုးစည်ဒိုးပတ် အတီးအမှုတ်၊ အကအခုန်များဖြင့် လည်းကောင်း သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုကြသည်။ ထို့နောက် တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေး တာဝန်များကို ရဲဝံ့စွန့်စားစွာ ထမ်းဆောင်ခဲ့ကြသည့် ရှေ့တန်းပြန
+1
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေး တာဝန်များကို ရဲဝံ့စွန့်စားစွာ ထမ်းဆောင်ခဲ့ကြသည့် ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ နေပြည်တော်၊ ဩဂုတ် ၃၀ ယနေ့ ညနေပိုင်းတွင် ရှမ်းပြည် နယ် (အရှေ့ပိုင်း) တုံတာမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်း သား ပြည်သူများက လှိုက်လှဲ ဝမ်းသာစွာ ဂုဏ်ပြုကြိုဆိုကြသည်။ ရှေ့တန်းပြန် တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့်လည်းကောင်း၊ အတီးအမှုတ်၊ အကအခုန်များဖြင့် လည်းကောင်း သောင်းသောင်း ဖြဖြဂုဏ်ပြုကြိုဆိုကြသည်။ ထို့နောက် တိုင်းမှူးက အောင်ပွဲရရှေ့တန်း ပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

လေးမျက်နှာမြို့နယ်ရေဘေးအတွက် သဲဖြူဆရာတော်ကြီး၏အလှူတော် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ
+9
လေးမျက်နှာမြို့နယ်ရေဘေးအတွက် သဲဖြူဆရာတော်ကြီး၏အလှူတော် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်၌ ဒေသခံများနည်းတူ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများလည်း ရေဘေးသင့်ခဲ့ရသည်။ ထို့ကြောင့် ရေဘေးသင့်ခဲ့ရသည့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ရေဘေးသင့်သူများကို သဲဖြူဆရာတော်ကြီးက ယနေ့ သြဂုတ် ၃၀ ရက်တွင် ဟင်္သာတမြို့နယ်၊ လဟာပကျေးရွာဘုန်းတော်ကြီးကျောင်းတိုက်တွင် ပရိတ်တရားတော်ချီးမြှင့်ပြီး လှူဖွယ်ပစ္စည်းများကိုလှူဒါန်းထောက်ပံ့ခဲ့သည်။ သဲဖြူဆရာတော်ကြီးက အန္တရာယ်ကင်းပရိတ်တရားတော်နှင့် ဩဝါဒကထာများကိုချီးမြှင့်ပြီးနောက် ဆရာတော်ကြီးနှင့် တပည့်ဒါယိကာ၊ ဒါယကာမများက လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်များ၊ ရေဘေးသင့်သူများကို လှူဖွယ်ပစ္စည်းများနှင့် ထောက်ပံပစ္စည်းများကိုလှူဒါန်းထောက်ပံ့ပေးခဲ့ကြသည်။

သဲဖြူဆရာတော်ကြီးမှ ငဝန်တာနိမ့်ကျမှုအား ရေတိုက်စားမှုကာကွယ်ရေးနှင့် ရေဝင်လမ်းကြောင်းပိတ်ဆို့နေမှုများကိုကြည့်ရှုအားပေးတော်မူ
+8
သဲဖြူဆရာတော်ကြီးမှ ငဝန်တာနိမ့်ကျမှုအား ရေတိုက်စားမှုကာကွယ်ရေးနှင့် ရေဝင်လမ်းကြောင်းပိတ်ဆို့နေမှုများကိုကြည့်ရှုအားပေးတော်မူ

KIA/AA သူပုန်ခေါင်းဆောင်များကို ရှင်းပေးနိုင်လျှင် ငွေကျပ်သိန်း ၁ သောင်း၊ တည်နေရာသတင်းပေးနိုင်လျှင် ကျပ်သိန်း ၅၀၀၀ အပြင် မိသာ
KIA/AA သူပုန်ခေါင်းဆောင်များကို ရှင်းပေးနိုင်လျှင် ငွေကျပ်သိန်း ၁ သောင်း၊ တည်နေရာသတင်းပေးနိုင်လျှင် ကျပ်သိန်း ၅၀၀၀ အပြင် မိသားစုလိုက် ရန်ကုန်၊မန္တလေးတို့တွင်နေထိုင်စရာပေးမည်ဖြစ်ကြောင်းဆုကြေးထုတ်ပြန်လာ။👏👏👏👍

🙏 မင်္ဂလာ နံနက်ခင်းပါ 🙏 အကုသိုလ်ရှောင် ကုသိုလ်ဆောင် ဖြူအောင် စိတ်ကိုထားနိုင်ကြပါစေ။ 🙏🙏🙏
🙏 မင်္ဂလာ နံနက်ခင်းပါ 🙏 အကုသိုလ်ရှောင် ကုသိုလ်ဆောင် ဖြူအောင် စိတ်ကိုထားနိုင်ကြပါစေ။ 🙏🙏🙏

မုဒုံမြိုနယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံသက်တော်ရှည်ဆရာတော်ကြီးများနှင့် ဝါတော်(၄၀)နှင့်အထက် ဆရာတော်ကြီးများအား (၄၂)ကြိမ်မြောက်
မုဒုံမြိုနယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံသက်တော်ရှည်ဆရာတော်ကြီးများနှင့် ဝါတော်(၄၀)နှင့်အထက် ဆရာတော်ကြီးများအား (၄၂)ကြိမ်မြောက်အဖြစ်ပူဇော်ကန်တော့ မွန်ပြည်နယ်၊ မုဒုံမြို၊ မြိုမ(၂) ရပ်ကွက်ရှိ သာသနာ့ဗိမာန်၌ ယနေ့ သြဂုတ် ၃၀ ရက်က မြိုနယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံသက်တော်ရှည်ဆရာတော်ကြီးများနှင့် ဝါတော်(၄၀)နှင့်အထက် ဆရာတော်ကြီးများအား (၄၂) ကြိမ်မြောက်အဖြစ်ပူဇော်ကန်တော့ခဲ့ကြသည်။ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးသက်ထွေးနှင့်ဇနီး တာဝန်ရှိသူများတက်ရောက်၍ ကြွရောက်တော်မူလာကြသည့် အပူဇော်ခံဆရာတော်ကြီး(၄၂)ပါးအား ပူဇော်ကန်တော့ခဲ့ကြပြီးနောက် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် ရန်ကုန်စီးတီးအသင်း စပွန်ဆာကုမ္ပဏီ ၈ ခုနှင့် စာချုပ်ချုပ်ဆို ရန်ကုန်၊ ဩဂုတ် ၃၀ ရန်ကုန်စီးတီး ဘောလုံ
၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် ရန်ကုန်စီးတီးအသင်း စပွန်ဆာကုမ္ပဏီ ၈ ခုနှင့် စာချုပ်ချုပ်ဆို ရန်ကုန်၊ ဩဂုတ် ၃၀ ရန်ကုန်စီးတီး ဘောလုံးအသင်း၏ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် စပွန်ဆာ ကုမ္ပဏီ ၈ ခုနှင့် စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ဩဂုတ် ၂၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြိုရှိ Mercure Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။ Main Sponsor အဖြစ် ရှမ်းပဲပုပ် Cooking Oil က ပါဝင်ပံ့ပိုးပေးပြီး Co-Sponsor အဖြစ် Essential Motor၊ Solution IV Hydration & Wellness Center၊ Golden Gate Global Myanmar Pte Co.,Ltd၊ HEY Play၊ Burma Beauty Aesthetic, Anti-Aging & Beauty Medical Center၊ KING Surgery Center နှင့် EGO SPORT THAILAND စသည့် ကုမ္ပဏီ ၈ ခုတိုနှင့် စပွန်ဆာ စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဟားခါးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရွေ့လျားဆေးခန်းဖွင့်၍ ဒေသခံ ၄၇၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေး ဟားခါး၊ ဩဂုတ် ၃၀ ခ
ဟားခါးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရွေ့လျားဆေးခန်းဖွင့်၍ ဒေသခံ ၄၇၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေး ဟားခါး၊ ဩဂုတ် ၃၀ ချင်းပြည်နယ်၊ ဟားခါးမြိုတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက နော်ဝေနိုင်ငံကြက်ခြေနီအသင်း၏ ပံ့ပိုးကူညီမှုဖြင့် ရွေ့လျားဆေးခန်းဖွင့်လှစ်ကာ ဒေသခံပြည်သူများအား ပဏာမကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ရွေ့လျားဆေးခန်းကို ဩဂုတ် ၂၄ ရက်မှ ၂၈ ရက်အထိ ဟားခါးမြိုရှိ ဗေသလဘုရားကျောင်းနှင့် ဧမာနွေလဘုရားကျောင်းတိုတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဆေးခန်းဖွင့်လှစ်ပေးသည့် ကာလအတွင်း ဒေသခံပြည်သူ ၄၇၇ ဦးအား ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီး ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူရန်လိုအပ်သည့် လူနာ ၇ ဦးကို သက်ဆိုင်ရာ ဆေးရုံများသို ညွှန်းပိုပေးခဲ့သည်။

ပင်တဂွန်တွင်ပြုလုပ်မည့် 9/11 တိုက်ခိုက်မှု ၂၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ထရန့်တက်ရောက်မည် ၂၀၀၁ ခုနှစ် ၊ စက်တင်ဘာ ၁၁ ရက
ပင်တဂွန်တွင်ပြုလုပ်မည့် 9/11 တိုက်ခိုက်မှု ၂၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ထရန့်တက်ရောက်မည် ၂၀၀၁ ခုနှစ် ၊ စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သည့် 9/11 အကြမ်းဖက်တိုက်ခိုက်မှု ၂၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ပင်တဂွန်စစ်ဌာနချုပ်တွင် ပြုလုပ်မည်ဖြစ်ပြီး သမ္မတဒေါ်နယ်ထရန့် တက်ရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။ ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကလည်း နယူးယောက်မြိုတွင်ကျင်းပမည့် အဆိုပါအထိမ်းအမှတ်အခမ်းအနားသို တက်ရောက်မည်ဖြစ်ကာ အခြားအစိုးရအရာရှိများက ပင်ဆယ်ဗေးနီးယားပြည်နယ် ရှန့်ခ်စ်ဗီလ်မြိုတွင်ပြုလုပ်မည့် အခမ်းအနားသို တက်ရောက်ကြမည်။

နိုင်ငံတစ်ခုတွင် ရိုသေခန့်ညားလောက်သည့် လုံခြုံရေးအင်အား၊ ကာကွယ်ရေးအင်အား မရှိဘဲ ခိုင်မာသော တည်ငြိမ်အေးချမ်းမှု မရှိနိုင်ပါ။

ရေကျဆင်းပါက အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး စက်ယန္တရား၊ မျိုးစေ့နှင့် သွင်းအားစုများ အသင့်ပြင်ဆင်ထား လေးမျက်နှာ၊ ဩဂုတ် ၃၀
ရေကျဆင်းပါက အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး စက်ယန္တရား၊ မျိုးစေ့နှင့် သွင်းအားစုများ အသင့်ပြင်ဆင်ထား လေးမျက်နှာ၊ ဩဂုတ် ၃၀ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကျဆင်းပါက ရေဘေးသင့်တောင်သူများ အချိန်မီ ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် စက်ယန္တရားများ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးသွင်းအားစုများကို အသင့်စုဖွဲပြင်ဆင်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက လေးမျက်နှာမြိုပေါ်ရှိ နဝင်းကျောင်းတိုက်အပါအဝင် ရေဘေးကယ်ဆယ်ရေးစခန်းများသို သွားရောက်ကာ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံစဉ် ထိုသို ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုပြင် တိုင်းဒေသကြီးအတွင်းရှိ တာတမံများ ကြံ့ခိုင်ရေးလုပ်ငန်းများကို မိုးကုန်ကာလတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေကျဆင်းပြီးနောက် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲအစည်းများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

သီပေါ၌ ယာယီပိတ်ထားသည့် အခြေခံပညာကျောင်း ၁၇ ကျောင်း ပြန်လည်ဖွင့်လှစ် သီပေါ၊ သြဂုတ် ၃၀ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြိုနယ်အတ
သီပေါ၌ ယာယီပိတ်ထားသည့် အခြေခံပညာကျောင်း ၁၇ ကျောင်း ပြန်လည်ဖွင့်လှစ် သီပေါ၊ သြဂုတ် ၃၀ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြိုနယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်း ၁၇ ကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ပညာရေးအထောက်အကူပြုပစ္စည်းများနှင့် ကျောင်းဝတ်စုံများ ပေးအပ်သည့် အခမ်းအနားကို ဩဂုတ် ၂၉ ရက်က ဆင်ကျော့နှင့် ဆောင်ကြဲ အ.ထ.က ကျောင်းများအပါအဝင် မူလွန်လခွဲနှင့် မူလတန်းကျောင်းများ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံ၊ ပြည်နယ်ပညာရေးမှူး ဦးတင့်ဆွေ၊ သီပေါမြိုနယ်ပညာရေးမှူး ဒေါ်လွင်လွင်မာတို တက်ရောက်ခဲ့ကြသကဲ့သို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှ စစ်ဦးစီးချုပ် စဝ်သျှံဖနှင့် အဖွဲဝင်များ၊ ဝမ်ဟိုင်းပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းကော်မတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

အစ္စရေး စပိုင်တွေက အမေရိကန်မှာနေတဲ့ နေတန်ယာဟုရဲ့ သားအကြီးကို အသည်းအသန် ပြန်ခေါ်ခဲ့ ဩဂုတ် - ၃၀ ( တနင်္ဂနွေနေ့ ) အစ္စရေးလုံခြုံရေးအေဂျင်စီ ရှင်းဘတ် ရဲ့ ထုတ်ပြန်ချက်အရ ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု ရဲ့ သားအကြီးဆုံး ယာအဲရ် နက်တန်ယာဟု မှာ အသက်အန္တရာယ်ရှိနေတဲ့ အတွက် အမေရိကန်ပြည်ထောင်စုကနေ လေယာဉ်နဲ့ လျှိဝှက်စွာ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ ဒီသတင်းဟာ နက်တန်ယာဟုကိုယ်တိုင် အစ္စရေး Channel 14 သတင်းဌာန နဲ့ ဖုန်းအင်တာဗျူးမှာ အီရန်ဘက်က သားဖြစ်သူတစ်ဦးကို "လုပ်ကြံဖို ကြိုးစားခဲ့တယ်" လို စွပ်စွဲပြောကြားခဲ့ပြီး ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်သားကို လုပ်ကြံဖို ကြိုးစားတာလဲဆိုတာနဲ့ အဆိုပါ ကြံစည်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ တိတိကျကျ ပြောကြားခဲ့ခြင်း မရှိပါဘူး။ "ယာအဲရ် နက်တန်ယာဟုကို အန္တရာယ်ပြုဖို ကြီးမားတဲ့ ခြိမ်းခြောက်မှု ရှိခဲ့တာကြောင့် သုံးသပ်ဆန်းစစ်ချက်တွေ ပြုလုပ်ပြီးတဲ့နောက် ၎င်းကို လုံခြုံရေးအဖွဲနဲ့ အရေးပေါ် ခေါ်ထုတ်ပြီး အစ္စရေးကို ပြန်လည်ခေါ်ဆောင်ဖို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်" လို ရှင်းဘတ် က စနေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ခြိမ်းခြောက်မှုရဲ့ သဘောသဘာဝ ဒါမှမဟုတ် ဒီစစ်ဆင်ရေးကို ဘယ်အချိန်မှာ အတိအကျ လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။

photo content

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် ၂၀၂၆-ခုနှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသူဦးရေ သုံးရာကျော်အား စိတ်ပိ
မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် ၂၀၂၆-ခုနှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသူဦးရေ သုံးရာကျော်အား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ် တာမွေ၊ ဩဂုတ် ၃၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင် ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို တာမွေမြိုနယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး၌ ၂၀၂၆-ခုနှစ်အတွင်း စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှု ခံယူပြီးသည့် မူးယစ်ဆေးဖြတ် သင်တန်းသားဦးရေ သုံးရာကျော်ထိရှိ ကြောင်း ယနေ့နံနက်ပိုင်းအချိန်က အဆိုပါ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုရုံး မေတ္တာ စံအိမ်ခန်းမ၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ် သင်တန်းဆင်း သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားမှ သိရသည်။

နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ ကန်ရေပြည့်အမှတ်သို ဒုတိယအကြိမ် ပြန်လည်ရောက်ရှိ နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ သြ
နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ ကန်ရေပြည့်အမှတ်သို ဒုတိယအကြိမ် ပြန်လည်ရောက်ရှိ နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ သြဂုတ် ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ကန်ရေပြည့်အမှတ်သို ရောက်ရှိနေပြီး ယခုသြဂုတ်လအတွင်း ဒုတိယအကြိမ်အဖြစ် ကန်ရေပြည့်အမှတ်သို ပြန်လည်ရောက်ရှိ လာ ခဲ့ကြောင်း သိရသည်။ နေပြည်တော်ရှိ ပေါင်းလောင်းတမံမှာ ကန်ရေပြည့်မှတ် ၁၉၀ မီတာ/၆၂၃.၃၉ ပေသို သြဂုတ် ၃၀ ရက် နံနက် ၆ နာရီအချိန်တွင် ရောက်ရှိခဲ့ပြီး ရေပိုမိုသိုလှောင်၍ လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရန်နှင့် တမံအောက်ပိုင်း ရေကြီးရေလျှံမှု လျော့ပါးသက်သာစေရန်အတွက် ရေပိုလွှတွင် HED ရေတံခါးရွက် ၂၀ ချပ်အား ထောင်ထား ပါသဖြင့် ရေပိုလွှမှ ရေကျော်ခြင်းမရှိပါကြောင်း တည်ဆောက်ရေး (၅) ဆည်မြောင်းနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ ထိုအပြင်တမံ၏ ဝင်ရေအခြေအနေပေါ်မူတည်၍ ရေပိုလွှမှ ရေကျော်ပါကလည်း အချိန်နှင့် တပြေးညီ တင်ပြပေးသွားပါမည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေ းထားသည်။

Repost from U Kan Myint Than
၂၈-၈-၂၀၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ ၊ ဌာနမှူးများ ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်း မြေထိန်းနံရံများပေါ်ရှိ ရေညှိများအား Water Pressure Pump ဖြင့် ဆေးကြောခြင်း ဆောင်ရွက်နေမှုအခြေအနေအား လည်းကောင်း၊ ဥတ္တရသီရိမြို့၏ ရေပေးဝေရေးပိုက်လိုင်းများသည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးသွားသော PVC ပိုက်လိုင်းများကို ပြုပြင်၍ သောက်သုံးရေ ပြန်လည်ပေးဝေလျက်ရှိသော်လည်း ပိုက်လိုင်းကြံ့ခိုင်မှု အားနည်းသွားသောကြောင့် ရေယိုစိမ့်မှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ရေလေလွင့်ဆုံးရှုံးမှု၊ ရေဖူလုံစွာမရရှိခြင်းတို့ကြောင့် ငလျင်ဒဏ်ခံနိုင်သော HDPE ပိုက် OD-315 mm (၁၀၀၀)ပေနှင့် OD-280 mm (၁၃၀၀)ပေ အစားထိုး သွယ်တန်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ရပ်ကွက်များသို့ သောက်သုံးရေပေးဝေနေသော တစ်ရက်လျှင်ရေဂါလန်(၄)သန်းခန့် စစ်ထုတ်ပေးနိုင်သည့် တပင်ရွှေထီးရပ်ကွက်အတွင်းရှိ အမြန်နှုန်း ရေသန့်စင်စက်ရုံသို့ ရောက်ရှိပြီး သန့်စင်ပြီးရေများကို ပြည်သူများသို့မဖြန့်ဝေမီ ရေသိုလှောင်ကန် များတွင် ကလိုရင်းဆေးခတ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့မဈေးသို့ ဖြန့်ဝေပေးလျက်ရှိသော ဂါလန်(၆၀၀၀၀)ရေစုကန်အတွင်းရှိ သောက်သုံးရေအရည်အသွေးနှင့် ကလိုရင်းလက်ကျန်စစ်ဆေးမှုကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ကျန်းမာရေးဌာနဝန်ထမ်းများနှင့် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ဝန်ထမ်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ကျန်းမာရေးဌာနနှင့် အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)တို့ ပူးပေါင်း၍ ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကာကွယ်ရန် ကလိုရင်းခတ်ခြင်းအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ပုဗ္ဗသီရိမြို့မဈေးသို့ ဖြန့်ဝေပေးလျက်ရှိသော ဂါလန်(၆၀၀၀၀)ရေစုကန်အတွင်း ကလိုရင်းဆေးခပ်ခြင်းအား ဆောင်ရွက်ပေးခဲ့ပါသည်။

လေးမျက်နှာမြို့၌ လူနေရပ်ကွက်များ ရေနစ်မြုပ်နေဆဲဖြစ်သော်လည်း မြို့လယ်လမ်းတစ်လျှောက် ရေသိသိသာသာကျဆင်းလာ လေးမျက်နှာမြို့၌ လူနေရပ
+3
လေးမျက်နှာမြို့၌ လူနေရပ်ကွက်များ ရေနစ်မြုပ်နေဆဲဖြစ်သော်လည်း မြို့လယ်လမ်းတစ်လျှောက် ရေသိသိသာသာကျဆင်းလာ လေးမျက်နှာမြို့၌ လူနေရပ်ကွက်များ ရေနစ်မြုပ်နေဆဲဖြစ်သော်လည်း မြို့လယ်လမ်းတစ်လျှောက် ရေသိသိသာသာကျဆင်းလာပြီဖြစ်ကြောင်း သိရသည်။