uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

သိင်္ခ

သိင်္ခ

Відкрити в Telegram

အသိတိုး

Показати більше
Країна не вказанаКатегорія не вказана
1 060
Підписники
+124 години
-77 днів
-5230 днів
Архів дописів
စင်ကာပူရောက် မြန်မာနိုင်ငံသားများ Passport သက်တမ်းတိုးရာတွင် သံရုံး၏ တရားဝင်ကြေညာချက်များအတိုင်းသာ ဆောင်ရွက်ရန် အသိပေး ရန်ကုန
စင်ကာပူရောက် မြန်မာနိုင်ငံသားများ Passport သက်တမ်းတိုးရာတွင် သံရုံး၏ တရားဝင်ကြေညာချက်များအတိုင်းသာ ဆောင်ရွက်ရန် အသိပေး ရန်ကုန်၊ ဩဂုတ် ၃၁ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးခြင်းနှင့် အမျိုးအစား ပြောင်းလဲလျှောက်ထားခြင်းများကို စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး၏ တရားဝင် ထုတ်ပြန်ထားသည့် ကြေညာချက်များအတိုင်းသာ ဆောင်ရွက်ကြရန် မြန်မာသံရုံးက မေတ္တာရပ်ခံ အသိပေးထားသည်။ လက်ရှိတွင် PT၊ PE၊ PS အမျိုးအစားများသို ပြောင်းလဲလျှောက်ထားသူများသည် သံရုံး၏ တရားဝင် အီးမေးလ်သို လိုအပ်သည့် အချက်အလက်များ ပေးပိုလျှောက်ထားရမည်ဖြစ်ပြီး PV မှ PJ သို ပြောင်းလဲလျှောက်ထားသူများအနေဖြင့် ရယူထားသည့် ရက်ချိန်းအတိုင်း ခေတ္တစောင့်ဆိုင်းပေးရန် သံရုံးက အသိပေးထားသည်။ လျှောက်ထားမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သံရုံးမှ ကြေညာချက်အသစ်များ ထုတ်ပြန်လာမှသာ ဆက်လက် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြိုနယ်၊ ကြူကုတ်၊ ပန်ဆိုင်းနယ်မြေအတွင်း မိုးသည်း ထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေများ
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြိုနယ်၊ ကြူကုတ်၊ ပန်ဆိုင်းနယ်မြေအတွင်း မိုးသည်း ထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေများနှင့် ရေများလျှံတက်ကာ လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများနှင့် ပြည်သူများ၏ နေအိမ်များအတွင်း ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း SSPP Info က ယမန်နေ့ဩဂုတ် ၃၀ ရက်တွင် ထုတ် ပြန်သည်။ ဩဂုတ် ၂၉ ရက်က မိုးသည်းထန်စွာ အဆက် မပြတ်ရွာသွန်းခဲ့ခြင်းကြောင့် ချောင်းရေများနှင့် ရေများ မြင့်တက်လျှံတက်ကာ လယ်ယာမြေများနှင့် ဥယျာဉ်ခြံမြေများ ရေလွှမ်းခဲ့ပြီး အချိုပြည်သူများ၏ နေအိမ်များအတွင်းအထိ ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။ ရေလွှမ်းမှုဖြစ်ပွားသည့်နေရာမှာ တစ်ဖက်တရုတ်နိုင်ငံ ဝမ်တိန်မြိုချောင်းရေမြင့်တက်လာမှုကြောင့် နယ်စပ်အနီးရှိကျင်းယန်းတုန် ကျေးရွာအတွင်းရေဝင်ရောက်မှု ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။

စက်တင်ဘာလ အကုန်မှာ အမေရိကန်တပ်တွေ ရုပ်သိမ်းပေးဖို အီရတ်ဘက်က လှုတ်ရှားနေပြီ ဩဂုတ် - ၃၁ ( တနင်္လာနေ့ ) အီရတ်နိုင်ငံအနေနဲ့ စက်တင
စက်တင်ဘာလ အကုန်မှာ အမေရိကန်တပ်တွေ ရုပ်သိမ်းပေးဖို အီရတ်ဘက်က လှုတ်ရှားနေပြီ ဩဂုတ် - ၃၁ ( တနင်္လာနေ့ ) အီရတ်နိုင်ငံအနေနဲ့ စက်တင်ဘာလကုန်မှာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲတွေ လုံးဝရုပ်သိမ်း သွားအောင် လုပ်ဖိုအတွက် သန္နိဋ္ဌာန်ချထားတယ်လို ဗြိတိန်အခြေစိုက် ဆော်ဒီ နေ့စဉ်သတင်းစာတစ်ခုက အီရတ်အရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး စနေနေ့က ဖော်ပြခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် ကျူးကျော်ဝင်ရောက်မှုနဲ့ နောက်ပိုင်း အိုင်အက်စ် အကြမ်းဖက်အဖွဲကို နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်တပ်ဖွဲတွေ အီရတ်မှာ ရှိနေခဲ့တာ ၂၃ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ စက်တင်ဘာလနောက်ပိုင်းမှာ အမေရိကန်နဲ့ အခြားနိုင်ငံခြားတပ်ဖွဲတွေ ဆက်လက်ရှိနေနိုင်တယ်ဆိုတဲ့ သတင်းတွေဟာ "ယခင် အီရတ်အစိုးရနဲ့ အမေရိကန်အစိုးရကြား သဘောတူထားတာတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်" လို ထိုအရာရှိရဲ့ ပြောကြားခဲ့ပါတယ်။ စက်တင်ဘာလ နောက်ဆုံးသတ်မှတ်ရက်မှာ ဝါရှင်တန်အနေနဲ့ တပ်ဖွဲတွေကို အပြီးတိုင် ရုပ်သိမ်းမှာ မဟုတ်ဘဲ အင်အားလျှော့ချဖိုပဲ အစီအစဉ်ရှိတယ်ဆိုတဲ့ မီဒီယာသတင်းတွေ ထွက်ပေါ်လာပြီးနောက် အခုလို မှတ်ချက်ပေး ပြောဆိုမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ ရေပိုလွှမှ ရေစတင်ကျော်လွန်၍ ရေထုတ်လွှတ်နေပြီး ပေါင်းလောင်းမြစ်တစ်လျှောက်ရေကြီးရေလျှံမှု အတွက် စိုးရိမ်စရာမရှိဟုဆို နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ ကန်ရေပြည့်အမှတ်သိုရောက်ရှိပြီးနောက် သြဂုတ် ၃၁ ရက် နံနက် ၇ နာရီမှစတင်၍ ရေပိုလွှမှ စတင်ရေကျော်ခဲ့ပြီး ရေထုတ်လွှတ်ပေးလျှက်ရှိကြောင်း တည်ဆောက်ရေး (၅) ဆည်မြောင်းနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ ရေပိုလွှမှ ရေထုတ်လွှတ်ပေးလျှက်ရှိသော်လည်း ရေဝင်ရောက်မှု အခြေအနေပေါ် မူတည်၍ စနစ်တကျ ထိန်းညှိထုတ်လွှတ်ပေးနေသည့်အတွက် ပေါင်းလောင်းမြစ်တစ်လျှောက် ရေကြီးရေလျှံမှုအတွက် စိုးရိမ်ရန် မလိုကြောင်း ထပ်မံအသိပေးထုတ်ပြန်ထားသည်။ သြဂုတ် ၃၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန် ရေပိုလွှမှရေကျော်လွန်စီးဆင်းမှုမှာ ၂,၀၅၀ ကုဗပေ/စက္ကန့် ရေကျော်စီးဆင်းလျက်ရှိပြီး ပြီးခဲ့သော ၂၀၂၄ ခုနှစ်၌ စံချိန်တင်အဖြစ် အများဆုံးစီးဆင်းခဲ့သည့် (၅၆,၆၈၁ ကုဗပေ/စက္ကန့်)နှင့် နှိင်းယှဉ်ပါက ယခုရေကျော်စီးဆင်းမှု အခြေအနေမှာ အလွန်နည်းပါးသောအခြေအနေဖြစ်ကြောင်း သိရသည်။ ထိုအပြင် ဆည်တမံနှင့် ရေပိုလွှတို၏ ကြံ့ခိုင်မှုမှာ ကောင်းမွန်သည့် အခြေအနေတွင် ရှိနေပြီး ရေဝင်ရောက်မှု အခြေအနေပေါ် မူတည်၍ စနစ်တကျ ထိန်းညှိထုတ်လွှတ်ပေးနေသည့်အတွက် ပေါင်းလောင်းမြစ်တစ်လျှောက် ရေကြီးရေလျှံမှုများအတွက် စိုးရိမ်စရာမရှိပါကြောင်းနှင့် သတင်းများကို အချိန်နှင့်တပြေးညီ တင်ပြပေးသွားမည်ဖြစ်ကြောင်း ဆက်လက်ထုတ်ပြန်ထားသည်။

photo content

နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများတိုးပွားရရှိစေရေးအတွက် မြစ်ကြီးနားမြိုအဝင် ကုန်စစ်ဆေးရေးစခန်းဖွင့်လှစ် ကချင်ပြည်န
နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများတိုးပွားရရှိစေရေးအတွက် မြစ်ကြီးနားမြိုအဝင် ကုန်စစ်ဆေးရေးစခန်းဖွင့်လှစ် ကချင်ပြည်နယ်၊ ဝိုင်းမော်မြိုနယ်၊မိုင်းနားကျေးရွာ အုပ်စု၊ မိုင်းနားကျေးရွာ၏ မြစ်ကြီးနားမြိုအဝင် ကုန်စစ်ဆေးရေးစခန်းကို သြဂုတ် ၂၉ ရက်နံနက် ၁၀ နာရီခွဲကစတင်ဖွင့်လှစ်ပြီး ကုန်စစ်ဆေးရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကုန်စစ်ဆေးရေးစခန်းကို ကချင်ပြည်နယ်အတွင်း နယ်စပ်ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်ချော့မွေ့စေရေး၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန် ဘဏ္ဍာများတိုးပွားရရှိစေရေးနှင့် တရားမဝင်ကုန်သွယ်မှုများ တရားဝင်လမ်းကြောင်းပေါ်သို ရောက်ရှိစေရေးတိုအတွက် ဖွင်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ ကုန်စစ်ဆေးရေးစခန်းဖွင့်ပွဲတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မြစ်ကြီးနားမြိုအဝင် ကုန်စစ်ဆေးရေးစခန်းဖွင့်လှစ်နိုင်ခြင်းသည် ကုန်သွယ်မှုလုပ်ငန်းများလျင်မြန်ချောမွေ့စေပြီး နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများတိုးပွားရရှိစေကာ တရားမဝင်ကုန်သွယ်မှုများပပျောက်ပြီးပြည်နယ်အတွင်း အခြေခံစားသောက်ကုန်၊ လူသုံးကုန်နှင့် တိရစ္ဆာန်အစာ များပြတ်လပ်မှုမရှိစေရေးပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

မြန်မာ-ရုရှားနှစ်နိုင်ငံ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင
မြန်မာ-ရုရှားနှစ်နိုင်ငံ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့်အတူ ဘယ်လာရုစ်နိုင်ငံသို တရားဝင်ခရီးစဉ်လိုက်ပါလာသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးကိုကိုလွင်နှင့် ဘယ်လာရုစ်နိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. Moroz Denis တို သြဂုတ် ၂၁ ရက်ညနေပိုင်းကတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် ဓာတ်မြေဩဇာစက်ရုံများအပါအဝင် Petro-chemical Plant များတည်ဆောက်ရန် နည်းပညာနှင့် အရင်းအနှီးများထည့်ဝင်၍ပူးပေါင်းဆောင် ရွက်ရေး၊ သဘာဝဓာတ်ငွေ့ဖြန့်ဖြူးမှုပိုက်လိုင်းကွန်ရက်အား အဆင့်မြှင့်တင်ခြင်းဖြင့် သဘာဝဓာတ်ငွေ့ဆုံးရှုးမှုများလျော့နည်းပပျောက်စေရေးတိုကို ဆွေးနွေးခဲ့ကြသည်။ ထိုပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ပိုလွှတ်မှုတိုတွင် စနစ်တကျထိန်းချုပ်ကွပ်ကဲနိုင်သည့် Smart Power Generation နှင့် Smart Grid တို ဖွံဖြိုးလာစေရေးအတွက် နည်းပညာများအကူအညီပေးရေး၊ မဟာဓာတ်အားလိုင်းများတွင်အသုံးပြုသည့် Cable များနှင့် ဆက်စပ်ပစ္စည်းများထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများတိုးပွားရရှိစေရေးအတွက် မြစ်ကြီးနားမြိုအဝင် ကုန်စစ်ဆေးရေးစခန်းဖွင့်လှစ် ကချင်ပြည်နယ်၊ ဝိုင်းမော်မြိုနယ်၊မိုင်းနားကျေးရွာ အုပ်စု၊ မိုင်းနားကျေးရွာ၏ မြစ်ကြီးနားမြိုအဝင် ကုန်စစ်ဆေးရေးစခန်းကို သြဂုတ် ၂၉ ရက်နံနက် ၁၀ နာရီခွဲကစတင်ဖွင့်လှစ်ပြီး ကုန်စစ်ဆေးရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကုန်စစ်ဆေးရေးစခန်းကို ကချင်ပြည်နယ်အတွင်း နယ်စပ်ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်ချော့မွေ့စေရေး၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန် ဘဏ္ဍာများတိုးပွားရရှိစေရေးနှင့် တရားမဝင်ကုန်သွယ်မှုများ တရားဝင်လမ်းကြောင်းပေါ်သို ရောက်ရှိစေရေးတိုအတွက် ဖွင်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ ကုန်စစ်ဆေးရေးစခန်းဖွင့်ပွဲတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မြစ်ကြီးနားမြိုအဝင် ကုန်စစ်ဆေးရေးစခန်းဖွင့်လှစ်နိုင်ခြင်းသည် ကုန်သွယ်မှုလုပ်ငန်းများလျင်မြန်ချောမွေ့စေပြီး နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများတိုးပွားရရှိစေကာ တရားမဝင်ကုန်သွယ်မှုများပပျောက်ပြီးပြည်နယ်အတွင်း အခြေခံစားသောက်ကုန်၊ လူသုံးကုန်နှင့် တိရစ္ဆာန်အစာ များပြတ်လပ်မှုမရှိစေရေးပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဟင်္သာတမြိုနယ်၌ ကျောင်းဆရာမ(ငြိမ်း)အမျိုးသမီး တစ်ဦးအား သတ်ဖြတ်၍ ရွှေထည်ပစ္စည်းနှင့်ငွေများ လုယက်ယူဆောင်သွားသူ တရားခံ အမျိုးသာ
ဟင်္သာတမြိုနယ်၌ ကျောင်းဆရာမ(ငြိမ်း)အမျိုးသမီး တစ်ဦးအား သတ်ဖြတ်၍ ရွှေထည်ပစ္စည်းနှင့်ငွေများ လုယက်ယူဆောင်သွားသူ တရားခံ အမျိုးသား နှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၁ ရက် မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြိုနယ်၊ နဲမနိတ်ကျေးရွာနေ ဒေါ်လှလှဝင်း(၇၁)နှစ် ကျောင်းဆရာမ(ငြိမ်း)သည် နေအိမ်နောက်ဖက်ရှိ ရေချိုးခန်းဝင်ပေါက်ဘေးတွင် မှောက်လျက်လဲကျနေပြီး ပါးစပ်၌ အဝတ်များဆိုလျက် လည်ပင်းတွင် နိုင်လွန်ကြိုးများရစ်ပတ်ကာ ဒဏ်ရာများဖြင့် သေဆုံးနေပြီး လက်ကိုင်ဖုန်း တစ်လုံး၊ ရွှေထည် ပစ္စည်းနှင့်ငွေများ ပျောက်ဆုံးလျက်ရှိကြောင်း သတင်းအရ နိဗ္ဗာန်နယ်မြေရဲစခန်း (ပ)၂၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၉၄ ဖြင့် အမှုဖွင့်လှစ်ပြီး တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြိုအား Clean City, Green City ဖြစ်စေရေး ဒေသ ဖွံဖြိုးရေးလုပ်ငန်းများ ကွင်
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြိုအား Clean City, Green City ဖြစ်စေရေး ဒေသ ဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆင်းကြည့်ရှုစစ်ဆေး ပဲခူး၊ ဩဂုတ် ၃၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြိုအား Clean City, Green City ဖြစ်စေရေး ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြိုနယ်၊ ဘုရားကြီးမြို၊ ဈေးရုံ အမှတ်(A) အသစ်တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။၎င်းနောက် ပဲခူး မြိုနယ်၊ ကလိကျေးရွာရှိ ထီးတော်ကျ တံတား ပျက်စီးနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်ဆုံး သံဘောင်တံတား တစ်စင်း တည်ဆောက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

“စက္ခုတစ်ထောင် လူတစ်ထောင် အလင်းဆောင်မည့်” မျက်စိခွဲစိတ်အလှူအစီအစဉ်မှ လူနာ ၅၀၀ ကျော်ကို အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ “စက္ခုတစ်ထေ
“စက္ခုတစ်ထောင် လူတစ်ထောင် အလင်းဆောင်မည့်” မျက်စိခွဲစိတ်အလှူအစီအစဉ်မှ လူနာ ၅၀၀ ကျော်ကို အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ “စက္ခုတစ်ထောင်၊ လူတစ်ထောင် အလင်းဆောင်မည့်” ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မျက်စိခွဲစိတ်အလှူအစီအစဉ်မှတစ်ဆင့် ယနေ့အထိ မျက်စိဝေဒနာရှင် ၅၀၀ ကျော်ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပျဉ်းမနားမြို သံဃဘေသဇ္ဇဌာန ဝိဟာရသံဃာ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောကြားသည်။ အဆိုပါအစီအစဉ်ကို မျက်စိအတွင်းတိမ်၊ မျက်သားခြစ် စသည့် မျက်စိရောဂါများကြောင့် အမြင်အာရုံထိခိုက်နေသူများအနေဖြင့် ခွဲစိတ်ကုသမှုရရှိပြီး အမြင်အာရုံ ပြန်လည်ရရှိစေရန် ရည်ရွယ်ကာ အများပြည်သူ၏ စုပေါင်းလှူဒါန်းငွေများဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ အစီအစဉ်အရ ပျဉ်းမနားသံဃာ့ဆေးရုံ၊ မြောင်းမြဆေးရုံနှင့် မန္တလေးမြိုရှိ မြစ်ငယ်မီးရထားဆေးရုံတိုတွင် မျက်စိခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး လက်ရှိအချိန်အထိ လူနာ ၅၀၀ ကျော်အား ကုသပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ပြည်ပတွင်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ မိသားစုလွှပိုငွေများကို တရားဝင်လမ်းကြောင်းမှ လွှပိုနိုင်ရေးဆွေးနွေး ရန်ကုန်၊
ပြည်ပတွင်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ မိသားစုလွှပိုငွေများကို တရားဝင်လမ်းကြောင်းမှ လွှပိုနိုင်ရေးဆွေးနွေး ရန်ကုန်၊ ဩဂုတ် ၃၁ ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင် နေကြသည့် ရွှေ့ပြောင်းလုပ်သားများ၏ မိသားစုလွှပိုငွေများကို တရားဝင်လမ်းကြောင်းမှ လွှပိုခြင်းသည် ၎င်းတိုမိသားစုများ၏ လူမှုစီးပွားဘဝအတွက် အထောက်အကူဖြစ်စေနိုင်သည့်အပြင် နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေပိုမိုရရှိနိုင်ခြင်း၊ နိုင်ငံတော်ဖွံဖြိုး တိုးတက်ရေး အထောက်အကူဖြစ်စေနိုင်ခြင်းကြောင့် လုပ်သားများက တရားဝင်လမ်းကြောင်းမှ လွှပိုစေရေးအေဂျင်စီများအနေဖြင့် တာဝန်ရှိမှုတာဝန်သိမှုဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်ပနိုင်ငံများသို အလုပ်သမားစေလွှတ်လျက်ရှိသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ မန်နေဂျင်းဒါရိုက်တာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

စမုံချောင်းတံတားသစ် တည်ဆောက်ရေးလုပ်ငန်း ၆၅ ရာခိုင်နှုန်းပြီးစီး၊ ၂၀၂၇ ခုနှစ် မတ်လကုန်တွင် ရထားပြန်လည်ပြေးဆွဲနိုင်မည် မန္တလေး-
စမုံချောင်းတံတားသစ် တည်ဆောက်ရေးလုပ်ငန်း ၆၅ ရာခိုင်နှုန်းပြီးစီး၊ ၂၀၂၇ ခုနှစ် မတ်လကုန်တွင် ရထားပြန်လည်ပြေးဆွဲနိုင်မည် မန္တလေး-နေပြည်တော် ရထားလမ်းပိုင်းရှိ စမုံချောင်းတံတားသစ် တည်ဆောက်ရေးလုပ်ငန်းများမှာ ၆၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၇ ခုနှစ် မတ်လကုန်တွင် တံတားနှင့် ချဉ်းကပ်ရထားလမ်းများ အားလုံးပြီးစီးကာ အစုန်၊ အဆန် ရထားများ ပြန်လည်ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာ မန္တလေး-နေပြည်တော် ရထားလမ်းပိုင်း၊ စမုံဘူတာနှင့် သဲတောဘူတာကြားရှိ တံတားအမှတ်(၆၉၁) စမုံချောင်းတံတား ပျက်စီးခဲ့ခြင်းဖြစ်သည်။ အဆိုပါတံတားအား အရှည် ၃၆၄ ဒသမ ၁၇ ပေရှိ ကြိုတင်အားဖြည့် သံကူကွန်ကရစ်တံတားအဖြစ် အသစ်ပြန်လည်တည်ဆောက်လျက်ရှိရာ လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများ ၆၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

အမေရိကန်နှင့် အစ္စရေးကို ဆန့်ကျင်ရန်အတွက် ဒေသတွင်းရှိ မွတ်စလင်နိုင်ငံများ စည်းလုံးညီညွတ်ကြရန် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် တိ
အမေရိကန်နှင့် အစ္စရေးကို ဆန့်ကျင်ရန်အတွက် ဒေသတွင်းရှိ မွတ်စလင်နိုင်ငံများ စည်းလုံးညီညွတ်ကြရန် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် တိုက်တွန်း အမေရိကန်နှင့် အစ္စရေးကို ဆန့်ကျင်ရန်အတွက် ဒေသတွင်းရှိ မွတ်စလင်နိုင်ငံများ စည်းလုံးညီညွတ်ကြရန် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် မိုဂျ်တာဘာ ခါမေနီက သြဂုတ် ၃၀ ရက်တွင် တိုက်တွန်းခဲ့သည်။ အီရန်စစ်ပွဲစတင်ဖြစ်ပွားခဲ့သည်မှာ ခြောက်လကျော်ကြာမြင့်လာချိန်တွင် မိုဂျ်တာဘာ ခါမေနီက စာတစ်စောင် ရေးသားထုတ်ပြန်ခဲ့ခြင်ြးဖစ်သည်။ အစ္စလာမ်မစ်နိုင်ငံများ၏ ပြဿနာကို ဖြေရှင်းရန်အတွက် စည်းလုံးညီညွတ်သည့် စကားလုံးများ၊ ခင်မင်ရင်းနှီးမှုနှင့် ကောင်းမွန်သည့် လမ်းကြောင်းပေါ်တွင် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း ရှီးယိုက်မွတ်စလင်များ၏ တမန်တော်ဖြစ်သည့် တမန်တော်မိုဟာမက် မွေးနေ့အခမ်းအနားကျင်းပသည့် သြဂုတ် ၃၀ ရက်တွင် မိုဂျ်တာဘာက ပြောကြားခဲ့သည်။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့သည့် အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော
+1
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့သည့် အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား ကျင်းပ နေပြည်တော်၊ ဩဂုတ် ၃၀ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည် နယ်၊ စစ်တွေမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဇောနှင့်မှ တာဝန် ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူနှင့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် ဒေသခံတိုင်းရင်းသားပြည်သူ များတက်ရောက်ကြိုဆိုဂုဏ်ပြုကြသည်။ ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များ၊ အောင်ပန်ကုံးများဖြင့်လည်းကောင်း၊ စားသောက်ဖွယ်ရာများဖြင့်လည်းကောင်း၊ ဘင်ခရာတီးဝိုင်းများ၊ အိုးစည်ဒိုးပတ် အတီးအမှုတ်၊ အကအခုန်များဖြင့် လည်းကောင်း သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုကြသည်။ ထို့နောက် တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေး တာဝန်များကို ရဲဝံ့စွန့်စားစွာ ထမ်းဆောင်ခဲ့ကြသည့် ရှေ့တန်းပြန
+1
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေး တာဝန်များကို ရဲဝံ့စွန့်စားစွာ ထမ်းဆောင်ခဲ့ကြသည့် ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ နေပြည်တော်၊ ဩဂုတ် ၃၀ ယနေ့ ညနေပိုင်းတွင် ရှမ်းပြည် နယ် (အရှေ့ပိုင်း) တုံတာမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်း သား ပြည်သူများက လှိုက်လှဲ ဝမ်းသာစွာ ဂုဏ်ပြုကြိုဆိုကြသည်။ ရှေ့တန်းပြန် တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့်လည်းကောင်း၊ အတီးအမှုတ်၊ အကအခုန်များဖြင့် လည်းကောင်း သောင်းသောင်း ဖြဖြဂုဏ်ပြုကြိုဆိုကြသည်။ ထို့နောက် တိုင်းမှူးက အောင်ပွဲရရှေ့တန်း ပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

လေးမျက်နှာမြို့နယ်ရေဘေးအတွက် သဲဖြူဆရာတော်ကြီး၏အလှူတော် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ
+9
လေးမျက်နှာမြို့နယ်ရေဘေးအတွက် သဲဖြူဆရာတော်ကြီး၏အလှူတော် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်၌ ဒေသခံများနည်းတူ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများလည်း ရေဘေးသင့်ခဲ့ရသည်။ ထို့ကြောင့် ရေဘေးသင့်ခဲ့ရသည့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ရေဘေးသင့်သူများကို သဲဖြူဆရာတော်ကြီးက ယနေ့ သြဂုတ် ၃၀ ရက်တွင် ဟင်္သာတမြို့နယ်၊ လဟာပကျေးရွာဘုန်းတော်ကြီးကျောင်းတိုက်တွင် ပရိတ်တရားတော်ချီးမြှင့်ပြီး လှူဖွယ်ပစ္စည်းများကိုလှူဒါန်းထောက်ပံ့ခဲ့သည်။ သဲဖြူဆရာတော်ကြီးက အန္တရာယ်ကင်းပရိတ်တရားတော်နှင့် ဩဝါဒကထာများကိုချီးမြှင့်ပြီးနောက် ဆရာတော်ကြီးနှင့် တပည့်ဒါယိကာ၊ ဒါယကာမများက လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်များ၊ ရေဘေးသင့်သူများကို လှူဖွယ်ပစ္စည်းများနှင့် ထောက်ပံပစ္စည်းများကိုလှူဒါန်းထောက်ပံ့ပေးခဲ့ကြသည်။

သဲဖြူဆရာတော်ကြီးမှ ငဝန်တာနိမ့်ကျမှုအား ရေတိုက်စားမှုကာကွယ်ရေးနှင့် ရေဝင်လမ်းကြောင်းပိတ်ဆို့နေမှုများကိုကြည့်ရှုအားပေးတော်မူ
+8
သဲဖြူဆရာတော်ကြီးမှ ငဝန်တာနိမ့်ကျမှုအား ရေတိုက်စားမှုကာကွယ်ရေးနှင့် ရေဝင်လမ်းကြောင်းပိတ်ဆို့နေမှုများကိုကြည့်ရှုအားပေးတော်မူ

KIA/AA သူပုန်ခေါင်းဆောင်များကို ရှင်းပေးနိုင်လျှင် ငွေကျပ်သိန်း ၁ သောင်း၊ တည်နေရာသတင်းပေးနိုင်လျှင် ကျပ်သိန်း ၅၀၀၀ အပြင် မိသာ
KIA/AA သူပုန်ခေါင်းဆောင်များကို ရှင်းပေးနိုင်လျှင် ငွေကျပ်သိန်း ၁ သောင်း၊ တည်နေရာသတင်းပေးနိုင်လျှင် ကျပ်သိန်း ၅၀၀၀ အပြင် မိသားစုလိုက် ရန်ကုန်၊မန္တလေးတို့တွင်နေထိုင်စရာပေးမည်ဖြစ်ကြောင်းဆုကြေးထုတ်ပြန်လာ။👏👏👏👍

🙏 မင်္ဂလာ နံနက်ခင်းပါ 🙏 အကုသိုလ်ရှောင် ကုသိုလ်ဆောင် ဖြူအောင် စိတ်ကိုထားနိုင်ကြပါစေ။ 🙏🙏🙏
🙏 မင်္ဂလာ နံနက်ခင်းပါ 🙏 အကုသိုလ်ရှောင် ကုသိုလ်ဆောင် ဖြူအောင် စိတ်ကိုထားနိုင်ကြပါစေ။ 🙏🙏🙏