ar
Feedback
Dr Khaing Khaing Soe

Dr Khaing Khaing Soe

الذهاب إلى القناة على Telegram

Official Spokesperson for the President of the Republic of the Union of Myanmar

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
3 664
المشتركون
-224 ساعات
-117 أيام
+15930 أيام
أرشيف المشاركات
မအူပင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်တွင် သင်ကြားရေးဆိုင်ရာနှင့် ကျောင်းပတ်ဝန်းကျင် ကောင်းမွန်ရေးဆိုင်ရာ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ ဧရာဝတီ ဩဂုတ် ၉ အောက်မြန်မာပြည်အတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး သင်ကြားရေးနှင့် ပညာရေးအရည်အသွေးများ မြှင့်တင်ကာ အနာဂတ်တွင် မဟာဘွဲ့ (Master) နှင့် ဒေါက်တာဘွဲ့ (Ph.D) များအထိ အပ်နှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မအူပင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်၌ ကျင်းပသည့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားရာတွင် - အရည်အသွေးမြင့်မားရေးနှင့် ဘွဲ့လွန်သင်တန်းများ ရည်မှန်းဆောင်ရွက်ရေး - “အစကောင်းမှ အနှောင်းသေချာမည်” ဖြစ်သဖြင့် သင်ကြားရေး အရည်အသွေး (Quality) ကို အဓိကထား ဆောင်ရွက်ရန်လိုကြောင်း၊ နောင်တွင် မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့များ ပေးအပ်နိုင်ရေးအထိ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးနည်းစနစ်နှင့် အယူအဆဆိုင်ရာ သင်ကြားရေး - စပါး၊ ပြောင်း၊ ပဲနှင့် နှစ်ရှည်သီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် သီးသန့် အထူးပြုရမည့် သီးနှံများနှင့် နှစ်ရှည်ပင်များကို သေချာစွာ သင်ကြားပေးရန်လိုကြောင်း၊ “မျိုး၊ မြေ၊ ရေ၊ နည်း” ဟူသည့် အခြေခံအချက်များအနက် မျိုးကောင်းမျိုးသန့် ရရှိရေး၊ ရေအရင်းအမြစ် အသုံးချရေးတို့ကို သာမန်သင်ကြားပေးရုံမကဘဲ အတွေးအခေါ်နှင့် အိုင်ဒီယာပါ ရရှိအောင် သင်ကြားပေးရန်လိုအပ်ကြောင်း၊ လက်တွေ့ကျသော စိုက်ပျိုးရေးနှင့် မွေးမြူရေး - ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ကျွဲ၊ ငါး အစရှိသည့် မွေးမြူရေးနည်းလမ်းများအပြင် ဘဲသားနှင့် ဘဲဥ ထုတ်လုပ်မှုဆိုင်ရာ နည်းလမ်းများကိုပါ သေချာစွာ သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ထို့အပြင် အဓိကကျသည့် သရက်၊ သီဟိုဠ်နှင့် ရော်ဘာစသည့် နှစ်ရှည်သီးနှံများကို လက်တွေ့ကျကျ ဆောင်ရွက်စေလိုပြီး ဖြစ်နိုင်ပါက ကျောင်းသားများအနေဖြင့် မဟာတန်းအထိ ဆက်လက်သင်ယူကြရန် တိုက်တွန်းလိုကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဗဟုသုတများ - သစ်ပင်စိုက်ပျိုးရာတွင် တွက်ချက်စိုက်ပျိုးနည်း၊ အရိပ်ရပင်နှင့် နေကာပင် စိုက်ပျိုးပုံများကို ဗဟုသုတ (Knowledge) တစ်ခုအနေဖြင့် သင်ကြားပေးရန်၊ ပန်းဥယျာဉ် ပြုပြင်ဖန်တီးခြင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဘာသာရပ်များကိုပါ ထည့်သွင်းသင်ကြားပေးရန် လိုကြောင်း၊ ကျောင်းသားများ၏ ဂုဏ်သိက္ခာနှင့် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရေး - ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်ကျောင်းသားဆိုသည့် ဂုဏ်ကို မြတ်နိုးဂုဏ်ယူတတ်စေရန်နှင့် အတွေးအခေါ်၊ အသိအမြင်ကောင်းများ ရရှိစေရန် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ စာသင်ဆောင်များနှင့် အိပ်ဆောင်များကို စနစ်တကျ ပြုပြင်ဖန်တီးပေးရန် လိုအပ်ကြောင်း၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးရေးနှင့် တိုးချဲ့ရေး - ကျောင်းသားဦးရေ တိုးတက်လာရေး ဆောင်ရွက်ရန်လိုပြီး အမှန်တကယ် လိုအပ်သည့် စာသင်ဆောင်၊ အိပ်ဆောင်နှင့် အဆောက်အအုံများကို စနစ်တကျ တွက်ချက်တောင်းခံပါက သီးခြားဘတ်ဂျက်ဖြင့် စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းများ တိုးချဲ့ရေး - တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီတိုင်း၌ စိုက်ပျိုး/မွေးမြူရေး သိပ္ပံများကို မဖြစ်မနေ တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများ မူလလူမှုဘဝအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရေး အစိုးရက တတ်နိုင်သမျှကူညီမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား
+1
ရေဘေးသင့်ပြည်သူများ မူလလူမှုဘဝအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရေး အစိုးရက တတ်နိုင်သမျှကူညီမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား ဧရာဝတီ၊ ဩဂုတ် ၉ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများ၏ အခက်အခဲများ လျော့ပါးသက်သာစေရေးနှင့် မူလလူမှုဘဝအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရေးအတွက် အစိုးရအနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား လဟာပကျေးရွာရှိ လဟာပကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံစဉ် - ရေဘေးကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနှင့် ရေဘေးသင့်ပြည်သူများအား ကိုယ်တိုင်လာရောက်အားပေးလိုသည့်အတွက် ရောက်အောင်လာခဲ့ခြင်းဖြစ်ကြောင်း ရေပြန်လည်ကျဆင်းပြီးနောက် ပြည်သူများအနေဖြင့် မိမိတို့တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြမည်ဆိုပါက မူလအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့်လည်း မူလအခြေအနေအတိုင်း နီးပါးပြန်လည်ရောက်ရှိနိုင်ရေး တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရေဘေးကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် မိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို ကျောင်းပြန်လည်တက်ရောက်စေရန် အလေးထားဆောင်ရွက်ကြစေလိုကြောင်း ကလေးငယ်များ ကျောင်းပညာသင်ကြားခြင်းမှတစ်ဆင့် ပညာတတ်မြောက်မှုသာမက စည်းကမ်းရှိမှု၊ စိတ်ဓာတ်ကောင်းမွန်မှုနှင့် ကြိုးစားအားထုတ်လိုစိတ်တို့ကိုပါ ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်သည့်အတွက် “ကလေးတွေကို ကျောင်းထားဖို့ အနူးအညွတ်တိုက်တွန်းပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်အကြီးအကဲ၏ စေတနာနှင့် စိုးရိမ်ပူပန်မှု ရေဘေးသင့်ပြည်သူများ၏ အခက်အခဲများ အမြန်ဆုံးလျော့ပါးသက်သာစေရေးနှင့် ရေဘေးအန္တရာယ် ထပ်မံမဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးဒဏ်သင့်ဒေသများသို့ ကိုယ်တိုင်သွားရောက်ကာ အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရေဘေးသင့်ပြည်သူများ၏ လတ်တလောစားဝတ်နေရေးနှင့် ပြန်လည်ထူထောင်ရေးကို အလေးထားဆောင်ရွက်ရန်၊ အလားတူ သဘာဝဘေးအန္တရာယ်များ ထပ်မံကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားရန်လည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါသည်။ ပြည်သူများ၏ အခက်အခဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းမှုများသည် ရေဘေးသင့်ပြည်သူများအပေါ် နိုင်ငံတော်အကြီးအကဲ၏ စေတနာနှင့် စိုးရိမ်ပူပန်မှုကို ထင်ဟပ်စေခဲ့ပါသည်။

လေးမျက်နှာရေဘေးအပြီး ရေရှည်ကာကွယ်ရေးနှင့် ဧရာဝတီတိုင်း ရေအရင်းအမြစ် စီမံခန့်ခွဲမှုစီမံချက် ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုနှင့် ငဝန်ရေကာတာ တာမိုင် (၂၅/၃) နေရာ၌ တာတမံနိမ့်ကျမှုအခြေအနေတို့နှင့်ပတ်သက်၍ လတ်တလော ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်သကဲ့သို့ နောင်တွင် အလားတူသဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် လူသားတို့က ကြိုတင်ဖန်တီးဆောင်ရွက်နိုင်သည့် ရေရှည်ကာကွယ်ရေးအစီအမံများကို စနစ်တကျ လေ့လာဖော်ထုတ် အကောင်အထည်ဖော်ရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တွေ့ဆုံမှာကြားရာတွင် ပြောကြားခဲ့ပါသည်။ လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သဖြင့် ယင်းကာလအတွင်း ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မည်သို့ဆောင်ရွက်ထားသည်၊ ရေရှည်တွင် မည်သည့်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဆိုသည်ကို ပြန်လည်သုံးသပ်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါသည်။ ထို့ပြင် ဟင်္သာတဒေသအပါအဝင် ဧရာဝတီမြစ်နှင့် ငဝန်မြစ်တို့ ဆက်စပ်စီးဆင်းရာဒေသများ၏ ယခင်နှင့် လက်ရှိ ရေစီးရေလာအခြေအနေ၊ နုန်းနှင့်သဲ စုပုံမှု၊ အမှိုက်အပျက်အစီးများကြောင့် ရေလမ်းကြောင်း ပြောင်းလဲလာမှုတို့ကို ရှိပြီးသား မှတ်တမ်းအချက်အလက်များနှင့် နှိုင်းယှဉ်၍ ပြန်လည်လေ့လာရန်လိုကြောင်း ပြောကြားခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးသည် မြေနှင့်ရေအရင်းအမြစ် ပေါကြွယ်ဝသည့်ဒေသဖြစ်သဖြင့် ရှိပြီးသား အရင်းအမြစ်များကို မည်သို့ထိရောက်စွာ အသုံးချမည်ကို စနစ်တကျစဉ်းစားရန်လိုကြောင်း၊ အထူးသဖြင့် ရေချိုရရှိရေး၊ စိုက်ပျိုးရေရရှိရေးနှင့် ရေငံဝင်ရောက်မှုတားဆီးရေးတို့ကို ရေရှည်အမြင်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ ရေတင်စနစ်များတွင် ဆိုလာစနစ်အသုံးပြုခြင်းသည် သင့်လျော်သည့်နည်းလမ်းတစ်ခုဖြစ်သဖြင့် ဧရာဝတီတိုင်းဒေသကြီး၌ ဆိုလာစနစ်ဖြင့် ရေတင်အသုံးပြုနိုင်ရေးကို လေ့လာဆောင်ရွက်ရန်နှင့် ရေငံဝင်ရောက်မှုကို ထိန်းချုပ်နိုင်ပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါလုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ကျစရိတ်များနိုင်သော်လည်း ရေရှည်တွင် ဒေသ၏ထုတ်လုပ်မှုနှင့် ဝင်ငွေတိုးတက်စေပြီး အကျိုးရှိမည်ဆိုပါက နိုင်ငံတော်အနေဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားရန်ရှိကြောင်းလည်း ပြောကြားခဲ့ပါသည်။ ယင်းအတွက် သက်ဆိုင်ရာပညာရှင်များပါဝင်သည့် အဖွဲ့များဖွဲ့စည်း၍ ရေငံတားဆီးရေး၊ ရေချိုသိုလှောင်အသုံးချရေး၊ ရေကြောင်းသွားလာရေးနှင့် စိုက်ပျိုးရေးအတွက် ရေအသုံးချရေးတို့ကို ပေါင်းစပ်စဉ်းစားကာ ဧရာဝတီတိုင်းဒေသကြီး၏ ရေရှည်ရေအရင်းအမြစ်စီမံခန့်ခွဲမှု Plan တစ်ရပ် ရေးဆွဲထားရန်လိုကြောင်း မှာကြားခဲ့ပါသည်။ တိုင်းဒေသကြီးအစိုးရအနေဖြင့် မည်သည့်စီမံကိန်းများကို မည်သို့ဆောင်ရွက်မည်၊ တိုင်းဒေသကြီးဘဏ္ဍာငွေမှ မည်မျှအသုံးပြုနိုင်မည်နှင့် ပြည်ထောင်စုအစိုးရမှ မည်မျှပံ့ပိုးရန်လိုအပ်မည်တို့ကို စနစ်တကျတွက်ချက်၍ စီမံချက်များ တင်ပြဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ တစ်ဖက်တွင် ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုသိမ်မြို့ကို အရေးပါသည့် ဆိပ်ကမ်းမြို့တစ်မြို့အဖြစ် ဖွံ့ဖြိုးတိုးတက်စေပြီး ပင်လယ်ကူးဆိပ်ကမ်းတစ်ခု ဖော်ဆောင်နိုင်ရေးကိုလည်း ရေရှည်မျှော်မှန်း ဆောင်ရွက်လိုကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့ပါသည်။ ဒေသဖွံ့ဖြိုးရေးတွင် သဘာဝသယံဇာတများရှိရုံဖြင့် မလုံလောက်ဘဲ လူသားအရင်းအမြစ်၊ နည်းပညာနှင့် ပညာရေးတို့သည် အဓိကကျကြောင်း၊ ပညာရေးအဆင့်အတန်းသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို ထင်ဟပ်စေသဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ပညာရေးကဏ္ဍကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မအူပင်၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အဆင့်မြင့်ပညာရေးအခွင့်အလမ်းများ ဖော်ဆောင်ပေးထားသကဲ့သို့ နိုင်ငံတော်အနေဖြင့် လိုအပ်သည့် အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါသည်။

လေးမျက်နှာမြို့နယ် ရေဘေးအခြေအနေ တဖြည်းဖြည်း တိုးတက်လာ၊ ဆက်သွယ်ရေးဝန်ဆောင်မှု ၃၅ ရာခိုင်နှုန်း ပြန်လည်ရရှိ လေးမျက်နှာရေဘေးသင့်
+3
လေးမျက်နှာမြို့နယ် ရေဘေးအခြေအနေ တဖြည်းဖြည်း တိုးတက်လာ၊ ဆက်သွယ်ရေးဝန်ဆောင်မှု ၃၅ ရာခိုင်နှုန်း ပြန်လည်ရရှိ လေးမျက်နှာရေဘေးသင့်ပြည်သူ ၄၀,၀၀၀ ကျော်အတွက် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်၊ စုစုပေါင်း ကျပ် ၁၄၆ သန်းကျော် ထောက်ပံ့ပြီးစီး ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာတမံနိမ့်ကျပျက်စီးမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေဘေးအခြေအနေတွင် မြို့ပေါ်ရပ်ကွက်များ၌ ရေပြန်လည်ကျဆင်းလာနေပြီး ဆက်သွယ်ရေးကွန်ရက်များကိုလည်း အရှိန်မြှင့် ပြန်လည်ထူထောင်လျက်ရှိရာ လက်ရှိတွင် ဆက်သွယ်ရေးဝန်ဆောင်မှု ၃၅ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိထားပြီ ဖြစ်ပါသည်။ လက်ရှိတွင် လေးမျက်နှာမြို့နယ်၌ မိုဘိုင်းစခန်း ၁၃ ခုအနက် ရေဘေးကြောင့် ယာယီဖြုတ်သိမ်းထားသည့် စခန်း ၆ ခုနှင့် Hub Site များ ထိခိုက်မှုကြောင့် ဆက်သွယ်မှုပြတ်တောက်နေသည့် စခန်း ၆ ခုရှိခဲ့သော်လည်း နင်းကြမ်း၊ ကျတ်ကွင်းနှင့် ယင်းဆယ်ကျေးရွာရှိ စခန်း ၃ ခုကို ပြန်လည်ချိတ်ဆက်နိုင်ခဲ့ပြီး ခမောက်စုကျေးရွာစခန်းမှာလည်း ပုံမှန်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ထို့ပြင် စာရေးကွင်းကျေးရွာ ရေဘေးကွပ်ကဲရေးရုံး၌ Cell on Wheel (COW) မိုဘိုင်းစခန်းတပ်ဆင်ထားပြီး B2B Satellite Terminal တစ်စုံစီကို စာရေးကွင်းကျေးရွာနှင့် ဆိတ်နို့ကုန်းကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် တပ်ဆင်ထားကာ အရေးပေါ်ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ရေဘေးအခြေအနေအရ လေးမျက်နှာမြို့ရှိ အနိမ့်ပိုင်းနှင့် အမြင့်ပိုင်းရပ်ကွက်များတွင် ရေပြန်လည်ကျဆင်းလျက်ရှိပြီး ဩဂုတ် ၆ ရက် ညနေ ၆ နာရီမှ ဩဂုတ် ၇ ရက် နံနက် ၆ နာရီအထိ ၁၂ နာရီအတွင်း အနိမ့်ပိုင်းရပ်ကွက် (၅) နှင့် အမြင့်ပိုင်းရပ်ကွက် (၃) တို့၌ ရေမှတ် ၀ ဒသမ ၂ ပေစီ လျော့ကျခဲ့ကြောင်း သိရှိရပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေဘေးအခြေအနေတွင် ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် ဆန်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးလျက်ရှိပြီး ဩဂုတ် ၇ ရက်အထိ လူဦးရေ ၄၀,၀၀၀ ကျော်အတွက် စုစုပေါင်း ကျပ် ၁၄၆ ဒသမ ၆၇၆ သန်းကျော် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါသည်။ မြို့အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရေဝင်ရောက်မှုနှင့် ဘေးအန္တရာယ်အခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ရေဘေးစိုးရိမ်ရမှု အခြေအနေများလည်း တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၆-၈-၂၀၂၆ မှ ၇-၈-၂၀၂၆ ထိ) ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်း

မြန်မာ–ထိုင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ မြှင့်တင်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည် မြန်မာ–ထိုင်း နှစ
မြန်မာ–ထိုင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ မြှင့်တင်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည် မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဒေသတွင်းစီးပွားရေးကွန်ရက် ချိတ်ဆက်မှုများ ပိုမိုခိုင်မာလာစေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ဩဂုတ် ၆ ရက်က ဗန်ကောက်မြို့၌ ကျင်းပသည့် မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ တွင် နှစ်နိုင်ငံခေါင်းဆောင်များက ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ ပြောကြားချက်များမှ ကောက်နုတ်ချက်များမှာ- -ထိုင်းနိုင်ငံက ယခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီ (Joint Trade Committee–JTC) အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်။ -နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်ရန် ထိုင်းနိုင်ငံက တွန်းအားပေးသွားမည်။ -၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ရှိခဲ့ပြီး ၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ် ဇွန်လအထိ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇွန်လအထိ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၅၈ ဘီလီယံရှိခဲ့သည်။ -ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၌ ပဉ္စမမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်-ဒေါ်လာ ၄၆၀၅ ဒသမ ၄၈၄ သန်းတန်ဖိုးရှိ လုပ်ငန်းပေါင်း ၁၀၃ ခု ရင်းနှီးမြှုပ်နှံထားသည်။ -စွမ်းအင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အစားအစာထုတ်လုပ်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။ -EV ယာဉ်၊ ဓာတ်မြေဩဇာ၊ ဘိလပ်မြေ၊ သံမဏိ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ၊ ရာဘာ-အခြေခံပရိဘောဂနှင့် တာယာထုတ်လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။EV နှင့် ဆက်စပ်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများအတွက် အကောက်ခွန်နှုန်းထားများ လျှော့ချပေးလျက်ရှိသည်။ -မြဝတီ၊ တာချီလိတ်နှင့် ကော့သောင်း နယ်စပ်ဒေသများတွင် နယ်စပ်စီးပွားရေးဇုန်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် Logistics လုပ်ငန်းများ တိုးချဲ့နိုင်မည့် အခွင့်အလမ်းများရှိသည်။ -အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးကို RCEP နှင့် အာဆီယံစီးပွားရေးစင်္ကြံတို့ ချိတ်ဆက်ပေးမည့် အဓိကသော့ချက်အဖြစ် ရှုမြင်ထားသည်။ -နယ်စပ်ကုန်သွယ်မှုတွင် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ တိုက်ရိုက်ပေးချေသည့်စနစ်ကို ၂၀၂၂ ခုနှစ်မှ စတင်အသုံးပြုခဲ့သည်။ -တရားမဝင်ကုန်သွယ်မှု၊ အရည်အသွေးမမီသည့် စားသောက်ကုန်နှင့် ဆေးဝါးများ ဝင်ရောက်မှုကို နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ရန် တိုက်တွန်းခဲ့သည်။ -ရင်းနှီးမြှုပ်နှံသူများအတွက် ပွင့်လင်းမြင်သာသည့် စီးပွားရေးဝန်းကျင် ဖန်တီးရေး၊ လုပ်ထုံးလုပ်နည်းလွယ်ကူချောမွေ့ရေးနှင့် မူဝါဒဆိုင်ရာပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်။ -မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀ နှင့် ဧက ၁၀,၀၀၀ ခန့်ရှိ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းတွင်လည်း ထိုင်းရင်းနှီးမြှုပ်နှံသူများ ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ -မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များကို ထိုင်းနိုင်ငံ၏ နည်းပညာ၊ အရင်းအနှီးနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံတို့ဖြင့် ပေါင်းစပ်ကာ အပြန်အလှန်အကျိုးရှိသည့် စီးပွားရေးပတ်ဝန်းကျင် တည်ဆောက်ရန် ရည်ရွယ်ထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံသို့ သွားရောက်သည့် တရားဝင်ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံသို့ သွားရောက်သည့် တရားဝင်ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့၏ ပူးတွဲကြေညာချက်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံ၊ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု မြ
+1
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံ၊ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် အာဆီယံဆိုင်ရာကိစ္စရပ်များ ဆွေးနွေး မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် အပြုသဘောဆောင်ပြီး အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားမည့် အခြေအနေများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြပါသည်။ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ယနေ့ ဩဂုတ် ၆ ရက်တွင် ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံအစိုးရအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ခမ်းနားစွာ ကြိုဆိုခဲ့ပါသည်။ ကြိုဆိုပွဲအခမ်းအနားတွင် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်းများဖြင့် အလေးပြုခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရအိမ်တော်ရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့သည် သီးသန့်တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဖော်ဆောင်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှု (Scam) များ တိုက်ဖျက်ရေး၊ တရားမဝင်နယ်စပ်ကုန်သွယ်မှု တားဆီးတိုက်ဖျက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။ အလားတူ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာ၊ နယ်စပ်ဖြတ်ကျော်မြစ်များ၏ ရေထုညစ်ညမ်းမှုနှင့် ရေအရည်အသွေး ထိန်းသိမ်းစီမံခန့်ခွဲရေးအပြင် စွမ်းအင်ကဏ္ဍ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အခြေအနေများကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနိုင်ငံနှင့် အာဆီယံအကြား အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ထိန်းသိမ်းရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုမြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ပါကြသည်။ တွေ့ဆုံဆွေးနွေးမှုများအပြီးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့၏ ရှေ့မှောက်၌ နှစ်နိုင်ငံတာဝန်ရှိသူများက— အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ အလုပ်သမားများ ခန့်ထားရေးဆိုင်ရာ သဘောတူညီချက်၊ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် နယ်စပ်ဖြတ်ကျော်မြစ်များ၏ ရေအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ အပါအဝင် မြန်မာ–ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာ၊ သဘောတူညီချက်နှင့် လုပ်ငန်းလမ်းညွှန် စုစုပေါင်း လေးခုကို လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြပါသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ ဂုဏ်ပြ
+2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချ
+3
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် (Anutin Charnvirakul) ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၀ မိနစ်တွင် ဗန်ကောက်မြို့၊ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။ လေဆိပ်သို့ ရောက်ရှိစဉ် ထိုင်းဘုရင့်တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့က အလေးပြုခြင်းနှင့် ဂုဏ်ပြုအမြောက် ၂၁ ချက် ပစ်ဖောက်ခြင်း တို့ဖြင့် နိုင်ငံ့အကြီးအကဲတစ်ဦးအား ကြိုဆိုသည့် ထုံးစံအတိုင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုခဲ့ကြပါသည်

ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ဘာသာရေးခေါင်းဆောင်များ၏ အခန်းကဏ္ဍကို နိုင်ငံတော်သမ္မတ အလေးထား
+2
ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ဘာသာရေးခေါင်းဆောင်များ၏ အခန်းကဏ္ဍကို နိုင်ငံတော်သမ္မတ အလေးထားပြောကြား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့၏ ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဩဂုတ် ၅ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ လက်ခံတွေ့ဆုံခဲ့ပြီး ဘာသာရေးလွတ်လပ်ခွင့်၊ နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် လူမှုသဟဇာတဖြစ်ထွန်းရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့၏ ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘိုက နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ နိုင်ငံတော်တာဝန်များကို စိန်ခေါ်မှုများကြားမှ ကြိုးပမ်းထမ်းဆောင်နေမှုအပေါ် အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် နေပြည်တော်၌ ကက်သလစ်ဘုရားကျောင်း တည်ဆောက်နိုင်ရန် မြေနေရာခွင့်ပြုပေးခဲ့မှုအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် နိုင်ငံတော်သမ္မတအပါအဝင် မြန်မာပြည်သူပြည်သားအားလုံး ငြိမ်းချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ပါသည်။ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတွင် ကိုးကွယ်ရာဘာသာအသီးသီးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပြီး ဘာသာရေးအပေါ် ခွဲခြားဆက်ဆံမှုမရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် နေပြည်တော်တွင် ကိုးကွယ်ရာဘာသာအသီးသီး၏ ဝတ်ပြုရာနေရာများ ခန့်ညားသပ်ရပ်စွာ တည်ဆောက်နိုင်ရေးအတွက် မြေနေရာများ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတက နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းလျက်ရှိပြီး ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့်သာ အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံရေးတောင်းဆိုမှုများကိုလည်း နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ဘာသာရေးခေါင်းဆောင်များအနေဖြင့် ပြည်သူများ၏ အတွေးအခေါ်နှင့် စိတ်ဓာတ်များ ယဉ်ကျေးသိမ်မွေ့လာစေရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံတော်ငြိမ်းချမ်းသာယာရေးအတွက် ဘာသာတရား၏ အဆုံးအမများဖြင့် ဆက်လက်ပံ့ပိုးပေးကြရန် မေတ္တာရပ်ခံခဲ့ပါသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် ဆရာတော်ကြီးများ၏ လိုအပ်ချက်များကို မေးမြန်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နှစ်ဖက်အပြန်အလှန် လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

လေးမျက်နှာမြို့နယ် ငဝန်ရေကာတာ တာတမံနိမ့်ကျပျက်စီးမှုကြောင့် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုနှင့် ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ချက်
+3
လေးမျက်နှာမြို့နယ် ငဝန်ရေကာတာ တာတမံနိမ့်ကျပျက်စီးမှုကြောင့် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုနှင့် ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ချက်များ (၄-၈-၂၀၂၆) ၁။ ဩဂုတ်လ ၄ ရက်နေ့ညနေပိုင်းအထိ ကောက်ယူရရှိသော အချက်အလက်များအရ ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာ ၁၀၆ ရွာ၊ အိမ်ခြေ ၇,၇၃၄ လုံး၊ အိမ်ထောင်စု ၇,၈၅၈စု၊ လူဦးရေ ၃၂,၆၀၇ ဦး ရေဘေးသင့်ခဲ့ပါသည်။ ၂။ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်ပေးလျက်ရှိပါသည်။ ၃။ ရေစီးကျော်ဝင်မှုအား တားစီးနိုင်ရန်အတွက် ပန်းတာ၏ လက်ယာဘက်နဲ့ လက်ဝဲဘက်များတွင် ရေတိုက်စားမှုမှ ကာကွယ်ရန် တုတ်တန်းရိုက်ခြင်း၊ ရေဝင်လမ်းပိတ်ဆို့နိုင်ရန် ရေထုစီးနှုန်းနှင့်ရေအနက်တိုင်းတာစောင့်ကြည့်ခြင်း၊ ရေလမ်းကြောင်းထိန်း တုတ်တန်းရိုက်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ၄။ ဩဂုတ်လ ၄ ရက်နေ့ ညနေ ၆ နာရီတိုင်းတာချက်များအရ ငဝန်မြစ်၏ လေးမျက်နှာမြို့ ရေအမှတ်မှာ ၂ ဒဿမ ၄ လက်မခွဲခန့် လျော့ကျလာပြီဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၅။ ကယ်ဆယ်ရေးအဖွဲ့များတွက် ယနေ့အထိ စုစုပေါင်း ဓာတ်ဆီ ၁,၀၈၈ ဂါလံနှင့် ဒီဇယ်ဆီ ၄၀၂.၅ ဂါလံတို့အား အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ပါသည်။ ၆။ ဆက်သွယ်ရေးကွန်ရက် ပြတ်တောက်မှု မဖြစ်စေရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ B2B Satellite Terminal တပ်ဆင်ထားသော ရွေ့လျားမိုဘိုင်းကားအပါအဝင် ယူနစ် ၄ စုံဖြင့် ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိပါသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ UWSP ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ န
+3
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ UWSP ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နေပြည်တော်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည့် "ဝ" ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၄ ရက်တွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် ယခုနိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး နှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် သန္နိဋ္ဌာန်ချမှတ်ပြီး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ အားလုံးကို ဖိတ်ခေါ်ဆွေးနွေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် ထာဝရငြိမ်းချမ်းရေးရရှိရန် လိုအပ်သည့် အတွက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်အနေဖြင့် နိုင်ငံတစ်ဝန်းအွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်း လောင်း ကစားမှုများ အပြီးတိုင်ချုပ်ငြိမ်းပပျောက်စေရေးနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး လုပ်ငန်း များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ (UWSP) “ဝ” အဖွဲ့အနေဖြင့်လည်း ဒေသ အတွင်းအွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရေးနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး လုပ်ငန်းများကို ဖိဖိစီးစီးကြပ်မတ်နှိမ်နင်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ “ဝ” ဒေသအတွင်း ပညာရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်မှုကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာစေရေးအတွက် လိုအပ်သည်များကို နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည့်အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်စေရေးအတွက် ရှေ့ဆက်ဆောင်ရွက် သွားမည့် အခြေအနေများ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

လေးမျက်နှာမြို့နယ် ငဝန်တာကျိုးပေါက်မှုကြောင့် ကျေးရွာ ၅၁ ရွာမှ လူဦးရေ ၂ သောင်းကျော် ရေဘေးသင့်၊ ကျပ် ၁၄၃ ဒသမ ၄၂၂ သန်းခန့်တန်ဖိ
+2
လေးမျက်နှာမြို့နယ် ငဝန်တာကျိုးပေါက်မှုကြောင့် ကျေးရွာ ၅၁ ရွာမှ လူဦးရေ ၂ သောင်းကျော် ရေဘေးသင့်၊ ကျပ် ၁၄၃ ဒသမ ၄၂၂ သန်းခန့်တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ စီစဉ်ပေးထား ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် သရက်ချောင်းကျေးရွာအုပ်စု ဂျမ်းကုန်းကျေးရွာအနီးရှိ ငဝန်ရေကာတာ တာမိုင် (၂၅/၃) နေရာ၌ မြစ်ရေဖိအားနှင့် အောက်ခံသဲကြောမြေသားကြောင့် ဇူလိုင် ၃၀ ရက်မှစတင်ကာ တာဘောင်အောက်ခြေတွင် သဲဗွက်များ ဖြစ်ပေါ်လာရာမှ တာဘောင်ကျိုးပေါက်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရွှေ့ပြောင်းရေး၊ စားနပ်ရိက္ခာထောက်ပံ့ရေးနှင့် တာပိတ်ဆို့ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။ တာကျိုးပေါက်မှုကြောင့် ဩဂုတ် ၂ ရက်အထိ ရပ်ကွက်ငါးရပ်ကွက်နှင့် ကျေးရွာ ၅၁ ရွာရှိ အိမ်ခြေ ၄,၇၄၉ လုံး၊ အိမ်ထောင်စု ၄,၈၁၅ စုနှင့် လူဦးရေ ၂၀,၃၅၄ ဦး ရေဘေးသင့်ခဲ့သည်။ ကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၅၇၀ စုမှ လူဦးရေ ၁,၈၈၉ ဦး လာရောက်ခိုလှုံလျက်ရှိပါသည်။ ဩဂုတ် ၃ ရက်အထိ ပြုစုထားသည့် ထောက်ပံ့ရေးစာရင်းအရ ရေဘေးသင့်ပြည်သူ ၂၀,၃၅၄ ဦးအတွက် စားနပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့မှု စုစုပေါင်းတန်ဖိုး ကျပ် ၁၄၃ ဒဿမ ၄၂၂ သန်းခန့်ကို ထောက်ပံ့ပေးထားပြီး ဖြစ်ပါသည်။ အဆိုပါထောက်ပံ့မှုများတွင် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ကြက်ဥ၊ ရေသန့် နှင့် စားနပ်ရိက္ခာထောက်ပံ့ငွေတို့ ပါဝင်ပါသည်။ ရေဘေးသင့်ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပို့ဆောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များမှ စုစုပေါင်းအင်အား ၁,၀၄၇ ဦး၊ ဖိုက်ဘာလှေ ၃၄ စီး၊ စက်လှေ ၃၅ စီးနှင့် မော်တော်ယာဉ် ၂၈ စီးတို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဩဂုတ် ၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေဘေးသင့်ဒေသများနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကာ ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ ဆက်သွယ်ရေးကွန်ရက် မပြတ်တောက်စေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းသုံး စက်သုံးဆီများ လုံလောက်စေရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့အတူ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ကယ်ဆယ်ရေးလုပ်ငန်းသုံး ဖိုက်ဘာလှေများနှင့် ပဲ့ထောင်များအတွက် ဓာတ်ဆီ ၁၅၈ ဂါလံနှင့် ဒီဇယ်ဆီ ၅၃ ဂါလံကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဟင်္သာတမြို့ရှိ စက်သုံးဆီအရောင်းဆိုင် ကိုးဆိုင်မှလည်း ကယ်ဆယ်ရေးယာဉ်များအတွက် လိုအပ်သည့် စက်သုံးဆီများ ရောင်းချပေးလျက်ရှိပါသည်။ တာပိတ်ဆို့ရေးလုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဦးဆောင်၍ ကျိုးပေါက်နေရာ၌ မျောတုတ်တန်းရိုက်ခြင်း၊ ဝါးထရံကာခြင်း၊ သဲအိတ်ဖြည့်ခြင်းနှင့် Geobags များချ၍ ရေစီးအားလျော့ချခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ရေအနက်ပေ ၂၀ မှ ၂၄ ပေအထိရှိသည့် နေရာများတွင် သစ်သားနှင့် သံထည်စက်လှေဟောင်းများအတွင်း သဲကျောက်ဖြည့်၍ မြုပ်နှံခြင်း၊ Gabion Box များအတွင်း ကျောက်ကြီးများဖြည့်ကာ ညှပ်ပိတ်ခြင်း၊ Geobags များ ဝန်းရံထပ်ဆင့်ချထားခြင်းနှင့် ရေတိမ်ပိုင်း၌ မျောတိုင်၊ ဝါးတုတ်တန်း၊ ဝါးထရံနှင့် သဲအိတ်များအသုံးပြု၍ ယာယီရေထိန်းတာတည်ဆောက်ခြင်းတို့ကို စက်တပ်ရေယာဉ်များ၊ ဝန်ချီစက်များဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုတင်ချာဝီရကွန်၏ ဖိတ်က
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုတင်ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီ ရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် သွားရောက်မည်

ICRC မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံ၊ ကျန်းမာရေး အထူးကောင်းမွန်လျှက်ရှိ နေပြည်တော် ဩဂုတ် ၃ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဖြစ်သူ Mr. Arnaude de Baqque သည် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ယနေ့နံနက်ပိုင်း ၉ နာရီ ခန့် တွင် မိနစ် ၃၀ ကျော် လာရောက်တွေ့ဆုံခဲ့ပါသည်။ ယင်းသို့ လာရောက်တွေ့ဆုံစဉ် Mr. Arnaude de Baqque နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး တည်းသာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား လက်ရှိတွင် ကောင်းမွန်စွာ ထားရှိကြောင်းနှင့် ကျန်းမာရေးအခြေအနေမှာလည်း တည်ငြိမ်ကောင်းမွန်လျက် ရှိကြောင်း သိရှိရပါသည်။ တွေ့ဆုံမှုနှင့်ပတ်သက်၍ လွတ်လပ်ခွင့်ဆုံးရှုံးနေသူများထံသို့ သွားရောက်တွေ့ဆုံ လည်ပတ်ခြင်း ဆိုင်ရာ စံနှုန်းများအရ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး လေ့လာ တွေ့ရှိချက်များနှင့် အကြံပြုချက်များကို ထိန်းသိမ်းထားသည့် တာဝန်ရှိသူများနှင့်သာ သီးသန့်မျှဝေ ဆွေးနွေးသွားမည်ဖြစ်ကြောင်း  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ၏ အင်တာနက် ဝက်ဆိုဒ်မှ တစ်ဆင့် သတင်း ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့
+3
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ   နေပြည်တော် ဩဂုတ် ၃ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့
+1
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ   နေပြည်တော် ဩဂုတ် ၃ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် ရေဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်၊ ရေပြန်ကျချိန်တွင် ပြန်လည်ထူထေ
+6
ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် ရေဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်၊ ရေပြန်ကျချိန်တွင် ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်မည် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေဘေးအခြေအနေများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် တာပြန်လည်ပိတ်ဆို့ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ တာကျိုးပေါက်မှုဖြစ်စဉ်ကြောင့် ရပ်ကွက် (၅) ခု၊ ကျေးရွာ (၁၄) ရွာ၊ အိမ်ခြေ ၃,၁၅၈ လုံး၊ အိမ်ထောင်စု ၃,၂၁၅ စု၊ လူဦးရေ ၁၄,၀၅၆ ဦး ရေဘေးသင့်ခဲ့ပါသည်။ လက်ရှိတွင် ရေဘေးကယ်ဆယ်ရေးစခန်း (၉) ခု ဖွင့်လှစ်ထားရှိပြီး လာရောက်ခိုလှုံသူ အိမ်ထောင်စု ၄၄၁ စု၊ လူဦးရေ ၁,၄၁၁ ဦး ရှိပါသည်။ စခန်းများတွင် ရေဘေးသင့်သူများအတွက် လိုအပ်သော သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် အခြေခံလိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာဌာနများ၊ လူမှုကူညီရေးအသင်းများနှင့် အလှူရှင်များက ဆက်လက်ထောက်ပံ့ပေးလျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလည်း ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးနှင့် အခြေခံစားသောက်ကုန်များအပါအဝင် စုစုပေါင်း ကျပ် ၈၃ ဒသမ ၅၆၁ သန်းကျော် တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်တို့က ယာယီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား အားပေးတွေ့ဆုံခဲ့ကြပါသည်။ နိုင်ငံတော်အနေဖြင့် လိုအပ်သည့် အကူအညီများကို ဆက်လက်ပံ့ပိုးပေးလျက်ရှိပြီး ရေဘေးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားပါမည်။ ထို့အပြင် တာပြန်လည်ပိတ်ဆို့ရေးလုပ်ငန်းများ အမြန်ဆုံးပြီးစီးစေရန် လူအင်အားနှင့် စက်ယန္တရားများကို အပြည့်အဝအသုံးပြု ဆောင်ရွက်လျက်ရှိပြီး ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် Manpack ဂြိုလ်တုဆက်သွယ်ရေးစနစ် နှင့် Command and Control Center (C3) ကို အသုံးပြုကာ မြေပြင်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ထိန်းချုပ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ကယ်ဆယ်ရေးလုပ်ငန်းသုံး ကားများနှင့် စက်လှေများအတွက် လိုအပ်သည့် စက်သုံးဆီများကို ဟင်္သာတမြို့ရှိ သတ်မှတ်စက်သုံးဆီအရောင်းဆိုင် (၉) ဆိုင်တွင် ဝယ်ယူနိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ပေးထားပါသည်။