Dr Khaing Khaing Soe
Kanalga Telegram’da o‘tish
Official Spokesperson for the President of the Republic of the Union of Myanmar
Ko'proq ko'rsatishMamlakat belgilanmaganToif belgilanmagan
3 204
Obunachilar
+324 soatlar
+197 kunlar
+2 89730 kunlar
Postlar arxiv
3 203
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှာကြားမှု ကောက်နှုတ်ချက်များ
· တိုင်းပြည်သာယာဝပြောရေးအတွက် ရွေးကောက်ခံအစိုးရက ဦးဆောင်မှုပေးရမည် ဖြစ်ကြောင်း
· အခြေခံအဆောက်အအုံများဖြစ်သော ရထားလမ်း၊ ဂုံးကျော်တံတားများကို အများအပြား တည်ဆောက်သွားရန်လိုကြောင်း
· နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုကဏ္ဍကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများကို အားပေးကူညီသွားမည်ဖြစ်သလို ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို လည်း နွေးထွေးစွာ ကြိုဆိုကြောင်း
· အလုပ်လုပ်ဖို့ လိုကြောင်း၊ ကုန်ထုတ်လုပ်မှုကို ကြိုးစား ဆောင်ရွက်ဖို့ လိုကြောင်း
· စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် ခေတ်မီစက်ယန္တရားများ အသုံးပြုနိုင်ရေး ဆောင် ရွက်သွားရန် လိုကြောင်း
· လက်ရှိတွင် လိုအပ်ချက်ရှိနေသော ကျွဲနွားမွေးမြူရေး ကဏ္ဍကို လည်း အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း၊
· ဒေသတွင်း ဝမ်းစာဖူလုံစေရန် နှင့် စားသုံးဆီ ဖူလုံစေရန်အတွက် ဆီထွက်သီးနှံများ စိုက်ပျိုးမှုကို အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
· လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများကို ကြပ်မတ်စစ်ဆေးသွားမည် ဖြစ်ပြီး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေးကိုလည်း တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း
· လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် KG+9 ပညာရေးစနစ်ကို အောင်မြင် အောင် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းများ ပေါင်းစည်းခြင်း ဆိုင်ရာ ကိစ္စရပ်များတွင် စီမံခန့်ခွဲမှုပိုင်းကို သေချာစွာတွက်ချက်စဉ်းစား ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း
· အားကစားကဏ္ဍတွင်လည်း ကျောင်းများမှတစ်ဆင့်ပြိုင်ပွဲများ စနစ်တကျ ကျင်းပ ပေးခြင်းဖြင့် နိုင်ငံတကာ အဆင့်တွင် အောင်မြင်မှုများ ရရှိစေရန် ကြိုးပမ်းသွားရမည် ဖြစ်ကြောင်း
· ပြည်သူများ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာ နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် ဆောင်ရွက် ပေးရန်လိုကြောင်း
· ပြည်ထောင်စုဝန်ကြီးများအနေဖြင့်လည်း မိမိဝန်ထမ်းများနှင့် ထိတွေ့၍ ဝန်ထမ်းရေးရာ ကိစ္စရပ်များတွင် လိုအပ်သည်များကို ဖြည့်ဆည်းပေးရန် လိုကြောင်း
· ဝန်ကြီးချုပ်များအနေဖြင့် ခရိုင်နှင့် မြို့နယ်များ အထိ ကွင်းဆင်း၍ ပြည်သူများ ကိုယ်စိတ် နှလုံး ချမ်းမြေ့စွာ နေထိုင်လုပ်ကိုင်နိုင်ရေး ဆောင်ရွက် ပေးရန်လိုကြောင်း၊
· ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့၍ ပြည့်သူ့အသံနားထောင်မှသာ အောင်မြင်မှုများ ရရှိလိမ့်မည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။
3 203
BIMSTEC အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို မြန်မာနိုင်ငံက လွှဲပြောင်းရယူမည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် (BIMSTEC) အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် BIMSTEC အဖွဲ့အစည်းအတွင်း မြန်မာနိုင်ငံ၏ တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိမှုများ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများ၊ အဖွဲ့အစည်း၏ အနာဂတ်လုပ်ငန်းစဉ်များနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
BIMSTEC အတွင်းရေးမှူးချုပ် Mr. Indra Mani Pandey က ပြီးခဲ့သည့် BIMSTEC (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးအတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့ခြင်းကို ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံခရီးစဉ်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါသည်။
၎င်းက အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးကောင်းမွန်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် BIMSTEC ၏ တည်ထောင်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် အဖွဲ့အစည်းအတွင်း အလွန်တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းအကျိုးပြု အခန်းကဏ္ဍအတွက် အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့ပြင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် BIMSTEC ၏ လုပ်ငန်းများတွင် အစဉ်တစိုက် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လာမည့် ခြောက်လခန့်အကြာတွင် မြန်မာနိုင်ငံမှ BIMSTEC အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို လွှဲပြောင်းရယူဆောင်ရွက်မည်ဖြစ်သဖြင့် အဖွဲ့အစည်း၏ လုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးစေရေးအတွက် မြန်မာနိုင်ငံနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
BIMSTEC တည်ထောင်ခြင်း နှစ် (၃၀) ပြည့် အထိမ်းအမှတ်အခမ်းအနားများ ကျရောက်မည့်အချိန်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် အဖွဲ့အစည်း၏ ရည်မှန်းချက်များ အောင်မြင်စေရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးအတွက် အဓိပ္ပာယ်ပြည့်ဝသော လှုပ်ရှားဆောင်ရွက်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်းနှင့် နိုင်ငံ့ခေါင်းဆောင်များအနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံအနေဖြင့် BIMSTEC ၏ ရည်မှန်းချက်များနှင့် ဦးစားပေးလုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံများအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ဆက်သွယ်ရေး၊ နည်းပညာနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
BIMSTEC သည် ဘင်္ဂလားပင်လယ်အော်ဒေသရှိ နိုင်ငံများအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဖွဲ့စည်းထားသည့် ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသည် တည်ထောင်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
3 203
မြန်မာ-တရုတ် ပူးပေါင်း၍ ဂြိုဟ်တုလွှတ်တင်ရေး စီမံကိန်း အကောင်အထည်ဖော်မည်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၌ အရေးပါသော ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ပြီး မြန်မာနှင့် တရုတ်နိုင်ငံမှ ပညာရှင်များ ပူးပေါင်းကာ လယ်ယာစိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မိုးလေဝသ စောင့်ကြည့်လေ့လာရေးလုပ်ငန်းများတွင် အသုံးပြုမည့် ဂြိုဟ်တုတစ်လုံး လွှတ်တင်နိုင်ရေးအတွက် အခြေခံသဘောတူညီမှုများ ရရှိခဲ့ပါသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက အာကာသနည်းပညာ အသုံးချမှုကဏ္ဍတွင်ပါ ခေတ်သစ်တစ်ရပ် ဖွင့်လှစ်ပေးနိုင်မည့် အလားအလာရှိနေပါသည်။
နိုင်ငံတော်သမ္မတ၏ ယခု တရုတ်နိုင်ငံ ခရီးစဉ်သည် မြန်မာနိုင်ငံ၏ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှတ်တိုင်သစ်တစ်ရပ် စိုက်ထူနိုင်ခဲ့သည့် ခရီးစဉ်ဖြစ်သလို အာကာသသို့ မြန်မာ၏ ခြေလှမ်းသစ် စတင်နိုင်ခဲ့သည့် သမိုင်းဝင် ခရီးစဉ်တစ်ခုအဖြစ်လည်း မှတ်တမ်းဝင်စေခဲ့ပါသည်။
ထို့ပြင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့် နည်းပညာကဏ္ဍများအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်များ ချမှတ်နိုင်ခဲ့သဖြင့် နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်သည် အောင်မြင်မှုများစွာ ရရှိခဲ့သည့် ခရီးစဉ်တစ်ခုအဖြစ် သတ်မှတ်နိုင်ခဲ့ပါသည်။
3 203
+6
လယ်ယာထွက်ကုန်တင်ပို့ရေးမှသည် AI နှင့် အာကာသနည်းပညာအထိ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်စုံ ဆွေးနွေးနိုင်ခဲ့
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် အခြေခံအကျဆုံးဖြစ်သည့် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရောင်းချနိုင်ရေးကိစ္စများမှစ၍ Artificial Intelligence (AI)၊ ဒီဂျစ်တယ်နည်းပညာ၊ စွမ်းအင်ကဏ္ဍနှင့် အာကာသနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအထိ နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့ပါသည်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် နည်းပညာကဏ္ဍမှ တာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာလွှဲပြောင်းရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်မည့် အလားအလာများကို ဖော်ဆောင်နိုင်ခဲ့ပါသည်။
3 203
+4
မြန်မာတွင် အာကာသပညာရှင်များ မွေးထုတ်ရေးနှင့် နည်းပညာလွှဲပြောင်းရေး ပူးပေါင်းဆောင်ရွက်ရန် တရုတ်ကုမ္ပဏီများ စိတ်ဝင်စား
ရှန်ဟိုင်း၊ ဇွန် ၁၈
မြန်မာနိုင်ငံ၏ အာကာသစက်မှုကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာကာသဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပူးတွဲလေ့ကျင့်ပျိုးထောင်ရေး၊ ပူးတွဲဓာတ်ခွဲခန်းများ တည်ထောင်ရေးနှင့် နည်းပညာလွှဲပြောင်းရေးဆိုင်ရာ အစီအစဉ်များရှိ၊ မရှိကို တရုတ်နိုင်ငံမှ အာကာသနည်းပညာကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မေးမြန်းခဲ့ပါသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲအတွင်း အဆိုပါကုမ္ပဏီတာဝန်ရှိသူက ၎င်းတို့အနေဖြင့် ဂြိုဟ်တုထုတ်လုပ်ရေးနှင့် ဂြိုဟ်တုပတ်လမ်းကြောင်းအတွင်း လည်ပတ်ထိန်းသိမ်းရေး (On-orbit Operation and Maintenance) ဆိုင်ရာ လက်တွေ့အသုံးချသင်တန်းများ ပံ့ပိုးပေးရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် ပြည်တွင်းအခြေစိုက် အာကာသနည်းပညာ ကျွမ်းကျင်ပညာရှင်အဖွဲ့များ ပေါ်ထွန်းလာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံအကြား အာကာသကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုနက်ရှိုင်းစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
ယင်းမေးခွန်းအပေါ် ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အာကာသကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို မိမိကိုယ်တိုင် အထူးစိတ်ဝင်စားကြောင်း၊ တရုတ်နိုင်ငံသို့ ရောက်ရှိစဉ်အတွင်း အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပြခန်းများနှင့် သုတေသနအဆောက်အအုံများကို သွားရောက်လေ့လာခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ထို့ပြင် တရုတ်နိုင်ငံ၏ အဆင့်မြင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများအပေါ် ယုံကြည်အားထားမှုရှိပြီး နှစ်နိုင်ငံအကြား အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကို ကြိုဆိုကြောင်းလည်း သမ္မတကြီးမှ ပြောကြားခဲ့ပါသည်။
“မြန်မာနိုင်ငံ၏ အာကာသကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် သင်တန်းပေးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ အသေးစိတ်အစီအစဉ်များကို ဆက်လက်ဆွေးနွေးနိုင်ရန်လည်း ကြိုဆိုပါကြောင်း” နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
3 203
+3
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများတွင် ပါဝင်ရန် တရုတ်ရင်းနှီးမြှုပ်နှံသူများအား နိုင်ငံတော်သမ္မတ ဖိတ်ခေါ်
ရှန်ဟိုင်း၊ ဇွန် ၁၈
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန် အလားအလာကောင်းများရှိနေပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများ ပိုမိုပါဝင်ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါသည်။
ရှန်ဟိုင်းမြို့၌ ကျင်းပသည့် Myanmar-China Investment and Trade Networking Summit (MCITP-2026) တွင် အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံတော်သမ္မတက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ရပ်တည်နေပြီး နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန် အလားအလာကောင်းများ ရှိနေကြောင်း ပြောကြားခဲ့ပါသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားသည် တရုတ်၊ အိန္ဒိယနှင့် အာဆီယံဒေသများကို ချိတ်ဆက်ပေးသည့် မဟာဗျူဟာမြောက် အားသာချက်တစ်ရပ်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) နှင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများတွင်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ အများဆုံးရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်ပြီး စက်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား၊ သတ္တုတူးဖော်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးမွေးမြူရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်မော်တော်ယာဉ် (EV) ထုတ်လုပ်ရေး၊ e-commerce နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် ကဏ္ဍအသီးသီးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတသည် အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။
3 203
+5
မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး MCITP-2026 Shanghai ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်
ရှန်ဟိုင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။
နိုင်ငံတော်သမ္မတဟာ အခမ်းအနားကို တရားဝင်ဖွင့်လှစ်ပေးခဲ့ပြီး ခင်းကျင်းပြသထားတဲ့ ပြခန်းတွေကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။
အဲဒီနောက် အဖွင့်အမှာစကား ပြောကြားရာမှာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြှင့်နိုင်ရေး၊ စီးပွားရေးဆက်ဆံမှုတွေ ပိုမိုခိုင်မာလာရေးတို့ကို အလေးပေး ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကွန်ဖရင့်ကို တက်ရောက်လာကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ မေးမြန်းချက်တွေကိုလည်း ပြန်လည်ဖြေကြားခဲ့ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုတဲ့ ကုမ္ပဏီတွေနဲ့ သီးခြားတွေ့ဆုံဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
3 203
+3
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် CRCC တာဝန်ရှိသူများ တွေ့ဆုံ၊ မီးရထားလမ်းဖောက်လုပ်ရေးနှင့် အဆင့်မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၇ ရက်က ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့ သွားရောက်ခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မီးရထားလမ်း ဖောက်လုပ်ရေးဆိုင်ရာ နည်းပညာများ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သယ်ယူပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် CRCC ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ခေတ်မီ မီးရထားတည်ဆောက်ရေး နည်းပညာများကို ရှင်းလင်းတင်ပြခဲ့ကြပြီး နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။
3 203
တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်အား သီးသန့်တွေ့ဆုံမေးမြန်း
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံပိုင် China Central Television (CCTV) သတင်းဌာနက သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။
အင်တာဗျူးအတွင်း CCTV သတင်းဌာနက နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံခရီးစဉ်မှ ရရှိလာမည့် မဟာဗျူဟာမြောက် ရလဒ်များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး၏ လက်ရှိနှင့် အနာဂတ်အရေးပါမှု၊ တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်အပေါ် အမြင်သဘောထားများကို မေးမြန်းခဲ့ပါသည်။
ထို့ပြင် တရုတ်နိုင်ငံ၏ “Chinese Modernization” ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးပုံစံအပေါ် သမ္မတ၏ အမြင်များ၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို မြန်မာနိုင်ငံတွင် မည်သို့ အသုံးချနိုင်မည်ဆိုသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးမေးမြန်းခဲ့ပါသည်။
အလားတူ နှစ်နိုင်ငံပြည်သူများအကြား စိတ်ချင်းနီးကပ်မှု တိုးမြှင့်ရေးတွင် ရုပ်ရှင်နှင့် ယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍ၏ အခန်းကဏ္ဍ၊ မကြာသေးမီက ကျင်းပခဲ့သည့် “Chinese Film Week” အစီအစဉ်နှင့် တရုတ်ရုပ်ရှင်များအပေါ် သမ္မတ၏ သဘောထားအမြင်များကိုလည်း CCTV က မေးမြန်းခဲ့ပါသည်။
အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ပြည်သူချင်းဖလှယ်ရေးဆိုင်ရာ အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ပါသည်။
3 203
+2
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေး
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီချန်းနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ပေါက်ဖော်ချစ်ကြည်ရေးနှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
နှစ်နိုင်ငံနယ်စပ်ဂိတ်များအား တရားဥပဒေစိုးမိုးမှုနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ လျှပ်စစ်ကဏ္ဍ၊ EV ယာဉ်ထုတ်လုပ်မှု၊ စက်မှုဇုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝါးနှင့် ဝါးအချောထည် ပစ္စည်းများ ထုတ်လုပ်ရေး၊ AI နှင့် ဆေးဝါးဆိုင်ရာ ကဏ္ဍများအပြင် အခြားသော ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြပါသည်။
ထို့အပြင်ငလျင်ဒဏ်သင့် အင်းဝတံတား ပြန်လည်ပြုပြင်ရေး အပါအဝင် သမိုင်းဝင်အဆောက်အဦများ ပြန်လည်ပြုပြင်ရေး၊ လူမှုဘဝမြှင့်တင်ရေးကိစ္စရပ်များ၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
3 203
+2
CMEC စီမံကိန်းများ၊ စွမ်းအင်ကဏ္ဍနှင့် ဆိုက်ဘာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာ-တရုတ် နှစ်နိုင်ငံ တိုးမြှင့်ဆောင်ရွက်သွားမည်
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နေ့လယ်ပိုင်းတွင် ပေကျင်းမြို့ရှိ Great Hall of the People (ပြည်သူ့ခန်းမဆောင်ကြီး) ၌ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေးအတွက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများ၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများနှင့် နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အရှိန်မြှင့် ဆောင်ရွက်သွားရန် နှစ်နိုင်ငံအကြား ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးမှုများတွင် CMEC မူဘောင်အောက်ရှိ အဓိကစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ချောမွေ့စွာ လည်ပတ်နိုင်ရေးနှင့် မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်ဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီနည်းပညာများ လွှဲပြောင်းအသုံးချနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
စွမ်းအင်ကဏ္ဍတွင် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများ ရေရှည်ဘေးကင်းလုံခြုံစွာ လည်ပတ်နိုင်ရေး၊ ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်မှု အခြေအနေများနှင့် လျှပ်စစ်ဓာတ်အား ဖူလုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှုများကို ထိရောက်စွာ နှိမ်နင်းနိုင်ရေးအတွက် နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား သတင်းအချက်အလက် ဖလှယ်မှုနှင့် ပူးတွဲစစ်ဆင်ရေးများ အားကောင်းစေရေးကိုလည်း အဓိကဆွေးနွေးခဲ့ကြပါသည်။
ထို့အပြင် အာဆီယံပါလီမန်များ အထွေထွေညီလာခံ (AIPA) နှင့် နိုင်ငံတကာပါလီမန်များသမဂ္ဂ (IPU) ကဲ့သို့သော နိုင်ငံတကာမူဘောင်များအတွင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်၊ Global Development Initiative (GDI)၊ Global Security Initiative (GSI) နှင့် Global Civilization Initiative (GCI) တို့နှင့် သက်ဆိုင်သည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန်လည်း ဆွေးနွေးခဲ့ကြပါသည်။
နှစ်နိုင်ငံသည် နည်းပညာ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ဉာဏ်ရည်တု (AI) နည်းပညာအသုံးချမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့်အပြင် အစည်းအဝေးမှ ရရှိလာသည့် သဘောတူညီချက်များကို အခြေခံ၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်း အတည်ပြုချမှတ်သွားရန် ဆွေးနွေးခဲ့ကြပါသည်။
တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌက မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ တရုတ်နိုင်ငံသို့ လာရောက်သည့် နိုင်ငံတော်အဆင့်ခရီးစဉ်အား ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲပေါက်ဖော်ချစ်ကြည်ရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတကလည်း မန္တလေးငလျင်ဘေးကြုံတွေ့ခဲ့စဉ် တရုတ်နိုင်ငံ၏ အမြန်ဆုံး ကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး မြန်မာနှင့် တရုတ် လွှတ်တော်များအကြား အပြန်အလှန်လေ့လာရေးနှင့် အတွေ့အကြုံဖလှယ်ရေး အစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့ပါသည်။
3 203
+2
မြန်မာ-တရုတ် နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးပွဲမှ အဓိကရလဒ်များ
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ Great Hall of the People (ပြည်သူ့ခန်းမဆောင်ကြီး) တွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ခေါင်းဆောင်များအကြား ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းခိုင်မာစေရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် အဆင့်မြင့်နည်းပညာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအနေဖြင့် မည်သည့်အခြေအနေမျိုးတွင်မဆို ယခင်က သဘောတူချမှတ်ထားသော ကတိကဝတ်များ၊ လမ်းညွှန်ချက်များနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်သွားရန် သဘောတူညီခဲ့ကြပါသည်။
တရုတ်နိုင်ငံဘက်ကလည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားကြောင်း ထပ်မံအတည်ပြုခဲ့ပြီး မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် ကုလသမဂ္ဂနှင့် ဒေသတွင်းအဖွဲ့အစည်းများတွင် အပြန်အလှန်ဝန်းရံထောက်ခံမှုများ ဆက်လက်ပြုလုပ်သွားရန်၊ အာဆီယံ၏ ဗဟိုအခန်းကဏ္ဍကို အလေးထားကာ မြန်မာနိုင်ငံ၏ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး ကူညီဆောင်ရွက်သွားရန်လည်း ဆွေးနွေးခဲ့ကြပါသည်။
စီးပွားရေးကဏ္ဍတွင် ရပ်ဝန်း နှင့် ပိုးလမ်းမ အစီအမံ(BRI) နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အောက်ရှိ စီမံကိန်းများကို ပိုမိုနက်ရှိုင်းကျယ်ပြန့်စွာ အကောင်အထည်ဖော်သွားရန် သဘောတူခဲ့ကြပြီး လမ်းပန်းဆက်သွယ်ရေး၊ ရထားလမ်း၊ စွမ်းအင်နှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြပါသည်။
နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေး၊ ကုန်သွယ်မှုချိန်ခွင်လျှာကို အပြန်အလှန်အကျိုးရှိသည့်ပုံစံဖြင့် ထိန်းညှိနိုင်ရေးနှင့် တရုတ်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် လိုအပ်သော ပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားရန်လည်း နှစ်ဖက်သဘောတူညီခဲ့ကြပါသည်။
ထို့အပြင် နယ်စပ်ကုန်သွယ်ရေးဇုန်များနှင့် ကုန်စည်စီးဆင်းမှုလမ်းကြောင်းများ လုံခြုံစိတ်ချပြီး အဆင်ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်သွားရန်နှင့် နှစ်နိုင်ငံမြို့ကြီးများအကြား ညီအစ်မမြို့တော်ဆက်ဆံရေးများ တိုးချဲ့ထူထောင်၍ ယဉ်ကျေးမှုနှင့် စီးပွားရေးဖလှယ်မှုများ မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။
နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးကဏ္ဍတွင် နှစ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသများ၌ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ပြည်သူများ၏ ဘေးကင်းလုံခြုံမှုကို ပိုမိုအားကောင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြပါသည်။
အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၊ ဆိုက်ဘာမှုခင်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများနှင့် တရားမဝင်လောင်းကစားလုပ်ငန်းများကို ထိရောက်ပြတ်သားစွာ ပူးပေါင်းနှိမ်နင်းသွားရန် ဆွေးနွေးခဲ့ကြပါသည်။
အဆင့်မြင့်နည်းပညာကဏ္ဍတွင်လည်း ခေတ်မီနည်းပညာများ၊ AI နှင့် အာကာသနည်းပညာဆိုင်ရာ ကဏ္ဍများ၊ အလိုအလျောက်စနစ်များ၊ စက်ရုပ်နည်းပညာများနှင့် သတင်းအချက်အလက်နည်းပညာများကို ပိုမိုဖလှယ်ကာ အသုံးချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြပါသည်။
ပညာရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ပညာတော်သင်ဆုများ တိုးမြှင့်ပေးအပ်ရေးနှင့် နည်းပညာဆိုင်ရာ အကူအညီများ ပိုမိုပံ့ပိုးပေးရေးတို့ကို ဆွေးနွေးခဲ့ကြသကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ အထူးသဖြင့် နယ်စပ်ဒေသများရှိ ပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြပါသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ငလျင်ဘေးဒဏ်သင့်ဒေသများ၏ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်သည့် အကူအညီများ ဆက်လက်ပံ့ပိုးပေးနိုင်ရေး၊ လူမှုစီးပွားဘဝများ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
3 203
Repost from PPIB.Official
+5
မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား သဘောတူစာချုပ်နှင့်နားလည်မှုစာချွန်လွှာ ၁၈ ခုတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် နှစ်နိုင်ငံတာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် တို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုး လဲလှယ်
PPIB Links
Youtube | Tiktok | Telegram | Website
3 203
Repost from PPIB.Official
+9
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက The Great Hall of the People ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး တွေ့ဆုံ ဆွေးနွေးသည်။
PPIB Links
Youtube | Tiktok | Telegram | Website
3 203
+5
တရုတ်၏ လူလိုက်ပါအာကာသစီမံကိန်း အချက်အချာ Aerospace City ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လေ့လာ
ပေကျင်း၊ ဇွန် ၁၅
တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ Aerospace City သို့ သွားရောက်ကာ တရုတ်နိုင်ငံ၏ အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာခဲ့ပါသည်။
Aerospace City သည် ပေကျင်းမြို့ ဟိုင်ဒျန်ခရိုင် (Haidian District) အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး “Project 921” ဟု လူသိများသည့် တရုတ်နိုင်ငံ၏ လူလိုက်ပါအာကာသစီမံကိန်းအတွက် အရေးပါသော အခြေစိုက်စခန်းတစ်ခုဖြစ်ပါသည်။ အဆိုပါနေရာတွင် အာကာသယာဉ်မှူး လေ့ကျင့်ရေးစင်တာများ၊ မစ်ရှင်ထိန်းချုပ်ရေးစင်တာများနှင့် အာကာသနည်းပညာဆိုင်ရာ သုတေသနအဖွဲ့အစည်းများ တည်ရှိရာနေရာ ဖြစ်ပါသည်။
ဧရိယာ ၂.၃ စတုရန်းကီလိုမီတာခန့် ကျယ်ဝန်းသည့် Aerospace City ကို ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာ (Beijing Aerospace Control Centre - BACC)၊ တရုတ်အာကာသနည်းပညာအကယ်ဒမီ (China Academy of Space Technology - CAST) နှင့် တရုတ်အာကာသယာဉ်မှူးစင်တာ (Astronaut Centre of China - ACC) တို့၏ အခြေစိုက်ရာနေရာဖြစ်ပါသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာရေးလုပ်ငန်းများ၊ ဂြိုဟ်တုနည်းပညာဆိုင်ရာ ဆောင်ရွက်ချက်များ၊ အာကာသယာဉ်မှူးလေ့ကျင့်ရေးစနစ်များနှင့် မစ်ရှင်ထိန်းချုပ်ရေးလုပ်ငန်းများကို လေ့လာကြည့်ရှုခဲ့ပါသည်။
Aerospace City သည် တရုတ်နိုင်ငံ၏ အာကာသမစ်ရှင်များကို စီမံခန့်ခွဲထိန်းချုပ်ရာ အဓိကဗဟိုချက်တစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၏ NASA မစ်ရှင်ထိန်းချုပ်ရေးစင်တာများနှင့် နှိုင်းယှဉ်ဖော်ပြလေ့ရှိသည့် အာကာသနည်းပညာဆိုင်ရာ အရေးပါသော အဆောက်အအုံစုကြီးတစ်ခုလည်း ဖြစ်ပါသည်။
3 203
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ့လူမှုစီးပွား ဘဝ ဖွံဖြိုးတိုးတက်ရေးအတွက် တရုတ်ရင်းနှီးမြှုပ်နှံမှု ပိုမိုစီးဝင်ရေးနှင့် နည်းပညာအကူအညီပေးရေး ကိစ္စများ အလေးထားဆွေးနွေးသွားမည်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ သို့ ဇွန်လ (၁၅) ရက်နေ့မှ (၁၉) ရက်နေ့အထိ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲအစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်သည်။ ဆွေးနွေးပွဲများတွင် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအပြင် နည်းပညာအကူအညီပေးရေး ကိစ္စရပ်များကို အလေးထား ဆွေးနွေးသွားရန် ရှိနေသည်။
နိုင်ငံ့စီးပွားရေး ဖွံဖြိုးတိုးတက်မှသာ ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်နိုင်ရေးကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။ လက်ရှိတွင်လည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ထားသည့် ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ပါဝင်နေပြီး (၂၀၂၅-၂၀၂၆) ခုနှစ်တွင် ရင်းနှီးမြှပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၂၀၁.၁၂၉) မီလီယံ ရှိသည်။
ထိုအပြင် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးအပေါ် မူတည်နေသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များကိုလည်း အလေးအနက်ထား ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
3 203
မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် အလားအလာကောင်းမွန်သော သဘာဝဓာတ်ငွေ့သိုက်များ ရှာဖွေတွေ့ရှိ
နေပြည်တော်၊ ဇွန် - ၁၄
မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသည့် သဘာဝဓါတ်ငွေ့ ကမ်းလွန်စီမံကိန်း(၄)ခုမှ သဘာဝဓာတ်ငွေ့များကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်မြေဩဇာ ထုတ်လုပ်မှုအပါအဝင် စက်မှု ကုန်ထုတ်လုပ်ငန်းများတွင် အသုံးပြုလျက်ရှိပါသည်။
ယခုအခါစီမံကိန်းအသစ်(၄)ခုကို ထပ်မံဖော်ဆောင်နေပြီး ယင်းစီမံကိန်း(၄)ခုအနက် ဧရာဝတီကမ်းလွန်ဒေသ စီမံကိန်းနှင့် တနင်္သာရီကမ်းလွန်ဒေသစီမံကိန်းများသည် ဓာတ်ငွေ့သိုက် ပမာဏကြီးမားပြီး အလားအလာကောင်းသော စီမံကိန်းများ ဖြစ်ကြောင်း တွေ့ရှိရပါသည်။
ဧရာဝတီကမ်းလွန်ဒေသလုပ်ကွက် စီမံကိန်းသည် ဧရာတီကမ်းလွန်ဒေသ ရေနက် ကမ်းလွန်ပိုင်းတွင်တည်ရှိပြီး သဘာဝဓာတ်ငွေ့ ၁၄ ထရီလီယံ ကုဗပေခန့်အထိ ထွက်ရှိရန် အလားအလာရှိပါသည်။ အစမ်းတွင်းနှင့် အတည်ပြုတွင်းများတူးဖော်၍ စီးပွားဖြစ် ထုတ်လုပ် နိုင်ရေး လုပ်ငန်းစဉ်များစတင် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။
တနင်္သာရီကမ်းလွန်ဒေသလုပ်ကွက်သည်လည်း တနင်္သာရီကမ်းလွန်ဒေသ ရေနက် ကမ်းလွန်ပိုင်းတွင် တည်ရှိပြီး သဘာဝဓာတ်ငွေ့ ၉၅ ထရီလီယံကုဗပေခန့် ထွက်ရှိရန် အလားအလာရှိကြောင်း သိရှိရပါသည်။ အစမ်းတွင်းများ ဆက်လက်တူးဖော်မည်ဖြစ်ပြီး ဓာတ်ငွေ့ခိုအောင်းနေမှုပမာဏအား တိကျသေချာစွာသိရှိပါက စီးပွားဖြစ် တူးဖော်ထုတ်လုပ် နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။
3 203
+2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီးအား ကြည့်ရှု
နေပြည်တော်၊ ဇွန် - ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင်လွတ်လပ်၍တရားမျှတသော ပါတီစုံ ဒီမို ရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီး ပြည်သူများတခဲနက် ဆန္ဒမဲပေးရွေးချယ် ခဲ့သည့် ဒီမိုကရေစီအစိုးရဖွဲ့စည်း တာဝန်ယူပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်မှုဖြင့် နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနေချိန်တွင် ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိခဲ့သည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီး အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်) နှင့် နီလာပုံဆောင်ခဲ ၃၅၄ ဒသမ ၇၇ ဂရမ် (၁၇၇၃ ဒသမ ၈၅ ကရက်)တို့အား နိုင်ငံတော် ထံသို့လာရောက်အပ်နှံခဲ့ပါသည်။
အဆိုပါနီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ရုံးတော်၊ ဧည့်ခန်းမဆောင်၌ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးခင်လတ်ကြီးနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဦးစွာ နိုငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးနှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က နီလာအရိုင်းတုံးကြီး နှင့် နီလာပုံဆောင်ခဲတို့၏ အချက်အလက်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများ သည် နီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့အား ကြည့်ရှုစစ်ဆေးကြသည်။
ယခင် ၂၀၀၉ ခုနှစ်တွင် အလေးချိန် ၁၁,၈၇၇ ဂရမ် (၅၉,၃၈၅ ကရက်)ရှိသော နီလာရိုင်းတုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး ယခုနီလာရိုင်းတုံးကြီးသည် အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်)ရှိသဖြင့် အရွယ်အစားကြီးမားသောကြောင့် ရှာဖွေတွေ့ရှိရန် ခက်ခဲပြီးရှားပါးကြောင်း၊ အပြာရင့်ရောင်ဖြစ်ပြီး အလင်းပေါက်မှုအနေဖြင့် အလင်း မှုန်အဆင့်ရှိပြီး ပြုပြင်ထားခြင်းမရှိသော သဘာဝအတိုင်းရှိသည့် နီလာရိုင်းတုံးကြီး ဖြစ်ကြောင်း သတင်းရရှိသည်။
3 203
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ က နိုင်ငံတော်သမ္မတကြီးအား လာအိုနိုင်ငံသို့တရားဝင်ခရီးစဉ် လာရောက်ရန် အထူးကိုယ်စားလှယ်မှတစ်ဆင့် ဖိတ်ကြား
နေပြည်တော်၊ ဇွန်လ (၁၂) ရက်
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ H.E. Mr. ThongsavanPHOMVIHANE ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားနိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် က ဇွန်လ ၁၂ ရက်၊ နံနက်ပိုင်းတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုတွေ့ဆုံပွဲ၌ နှစ်နိုင်ငံကြား ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ မြန်မာ-အာဆီယံ ဆက်ဆံရေး မြှင့်တင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။
လာအိုနိုင်ငံဒုတိယဝန်ကြီးချုပ်က ပြောကြားရာမှာ မိမိအနေဖြင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးအား လာအိုနိုင်ငံသို့နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး လာရောက်ရန် မိမိတို့နိုင်ငံသမ္မတကြီး၏ အထူးကိုယ်စားလှယ်အဖြစ် ကိုယ်တိုင် လာရောက်ဖိတ်ကြားခြင်းဖြစ်ပါကြောင်း၊ တတ်နိုင်သမျှ အစောဆုံးလာရောက်စေလိုပါကြောင်း၊ ယင်းသိုလာရောက်ခြင်းသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို များစွာအထောက်အကူပြုမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထိုအပြင် မြန်မာနိုင်ငံတွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းနှင့် သမ္မတအဖြစ် ရွေးချယ်ခံရခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ လာအိုအစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရကို အပြည့်အဝထောက်ခံကြောင်းလည်းပြောကြားခဲ့ပါသည်။
နှစ်ပေါင်း ၇၀ ကျော်ကြာ ကာလရှည်ကြာတည်တံ့ခိုင်မြဲခဲ့သည့် မြန်မာ-လာအို ချစ်ကြည်ရေးမှတစ်ဆင့် ဒေသတွင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းပေါ်သို ရောက်ရှိနေပြီဟု ဆိုနိုင်ပါသည်။
3 203
Repost from PPIB.Official
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့
နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်
