Movies World
الذهاب إلى القناة على Telegram
Movies
إظهار المزيدلم يتم تحديد البلدالفئة غير محددة
4 406
المشتركون
لا توجد بيانات24 ساعات
+927 أيام
+31630 أيام
أرشيف المشاركات
4 406
Devil$ St@y 2024 1080p
ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻
https://t.me/addlist/u3Tyo9ej43g3ZmJl4 406
Devils Stay (2024)
================
ပရိသတ်ကြီးအတွက် သည်းထိတ်
ရင်ဖို ဇာတ်လမ်းလေးဖြစ်တဲ့
Devils Stay နဲ့တင်ဆက်ပေးလိုက်
ပါတယ်။Face Me ဇာတ်လမ်းတွဲ
ထဲကဆရာဝန်ချာ အဖြစ်
သရုပ်ဆောင်ထားတဲ့ မင်းသားချော
Lee Min-Ki ခေါင်းဆောင်ပါဝင်ထားပါတယ်။
ချာဆွန်းဒိုဆိုတဲ့ ခွဲစိတ်ပါမောက္ခ
တစ်ယောက်ဟာ နှလုံးအစားထိုးဖို့
လိုအပ်နေတဲ့ သမီးဖြစ်သူကို
အောင်အောင်မြင်မြင်ခွဲစိတ်ကုသ
နိုင်ခဲ့တဲ့သူပါ။သမီးဖြစ်သူဟာ
ခွဲစိတ်မှုပြီးတဲ့နောက်ပိုင်း နေပြန်
ကောင်းလာပေမယ့် ထူးထူးဆန်း
ဆန်းလက္ခဏာတွေပြလာပြီးတော့
ဘုန်းတော်ကြီး ဘန်ဟယ်ရှင်း
ကိုယ်တိုင် အပနှင်တာကိုခံယူခဲ့ရပါ
တယ်။ဒါပေမဲ့ အကြောင်းရင်းမသိ
ဘဲ သေဆုံးသွားခဲ့ပြီးတော့ ဈာပန
အခမ်းအနားကိုပြင်ဆင်ရပါတော့တယ်။
ဈာပနအခမ်းအနားကျင်းပနေစဉ်
အတွင်းမှာကို ထိတ်လန့်တုန်လှုပ်
ဖွယ်ဖြစ်ရပ်တွေ ဆက်တိုက်
ဖြစ်လာတဲ့အချိန်မှာတော့ သမီးဖြစ်
သူရဲ့အလောင်းမှာ နတ်ဆိုးတစ်
ကောင်ပူးကပ်နေတာကို သိလိုက်ရပါတော့တယ်။
4 406
Rampage 2018
မုဆိုးတွေလက်ကနေ ကယ် ဆယ်လာခဲ့တဲ့ ဂျော့ချ်ဆိုတဲ့ ဂေါ်ရီ လာမျောက်ဝံဖြူကြီးဟာ သာမန် မျောက်ဝံတွေနဲ့မတူဘဲ ထူးခြားတဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုမျိုးရှိနေတယ်ဆိုတာ ဒေးဗစ်က သတိထားမိပြီး ဂျော့ချ်နဲ့လည်း ရင်းနှီးခဲ့ပါတယ်။
တစ်ရက်မှာတော့ ဂျော့ချ် နေတဲ့နေရာကို ထူးဆန်းတဲ့ ပစ္စည်းတစ်ခုကျလာပြီး အဲဒါကို ဂျော့ချ် က ထိလိုက်တဲ့အခါမှာတော့ ည တွင်းချင်းမှာကို ဂျော့ချ်စိတ်ရိုင်း ဝင်ကာ ခန္ဓာကိုယ်အရွယ်အစား ကလည်း အကြီးကြီးဖြစ်သွားခဲ့ပါ တယ်။
အဲဒီနောက်မှာတော့ ဒေးဗစ် ကို မျိုးရိုးဗီဇဆိုင်ရာ ပညာရှင် ဒေါက်တာကိတ်ကဲလ်ဝဲက ဆက် သွယ်ပြီး ဂျော့ချ် အခုလိုဖြစ်သွား တာဟာ Energyne ကုမ္ပဏီက စမ်းသပ်ထားတဲ့ သန္ဓေပြောင်း ပစ္စည်းကြောင့်လို့ပြောပါတယ်။
4 406
Q-o-r-i-n 2 (2026)
ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻
https://t.me/addlist/u3Tyo9ej43g3ZmJl
4 406
Qorin 2 (2026)
"ကိုယ့်သွေးသားကို ထိလာတဲ့အခါ ဖခင်တစ်ယောက်ရဲ့ ဒေါသကမကောင်းဆိုးဝါးထက်တောင် ကြောက်စရာကောင်းသွားနိုင်တယ်..."
ကိုယ့်ရဲ့ အမှောင်မိုက်ဆုံး စိတ်ဆန္ဒတွေကို ကိုယ်စားပြုတဲ့ Qorin တွေရဲ့ ခြောက်လှန့်မှုက တော်တော်လေး ကျောချမ်းစရာကောင်းခဲ့တာပေါ့။ ဒီတစ်ခါ ၁ နာရီနဲ့ ၅၀ မိနစ်စာ ကြာမြင့်မယ့် Qorin 2 မှာတော့ ဇာတ်လမ်းက ပိုပြီး ရင်နင့်စရာကောင်းသလို ပိုလည်း ကြောက်စရာကောင်းလာပါတယ်။
ဇာတ်လမ်းကတော့ ဖခင်ဖြစ်သူ မက်ခ်မူရ်နဲ့ သူ့ရဲ့သားလေး ဂျာယာ တိုကို အဓိကထား ရိုက်ကူးထားတာပါ။ သားဖြစ်သူ ဂျာယာလေး ကျောင်းမှာ အနိုင်ကျင့်ခံရ၊ ဒုက္ခပေးခံရတဲ့အခါမှာတော့ ဖခင်ဖြစ်သူ မက်ခ်မူရ်တစ်ယောက် ဒေါသတကြီးနဲ့ ကျောင်းကို သွားရောက်တိုင်ကြားပါတော့တယ်။
ဒါပေမဲ့ သူမျှော်လင့်ထားသလို တရားမျှတမှု မရတဲ့အခါ... ဖခင်တစ်ယောက်ရဲ့ နာကျင်မှုနဲ့ ဒေါသတွေက မဖြစ်သင့်တာတွေကို ဖန်တီးဖို တွန်းအားပေးလိုက်တဲ့အခါမှာတော့... သားကိုကာကွယ်ချင်တဲ့ ဖခင်တစ်ယောက် ဘယ်လို အမှောင်ထုထဲကို ခြေစုံပစ်ဝင်သွားမလဲ။
4 406
Avatar the last Airbender season 2 [၂၀၂၆] အပိုင်း ၁
ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻
https://t.me/addlist/u3Tyo9ej43g3ZmJl
4 406
Avatar: The Last Airbender (2026)
+++++++++++++++++++++++++++
အပိုင်း ( ၁ မှ ၇ ) အထိ စ / ဆုံး
Genre..Action & Adventure, Drama, Family, and Sci-Fi & Fantasy
Netflix ရဲ့ Avatar the Last Airbender Live-Action စီးရီးကြီးကတော့ အခုဆိုရင် Season 2 ထွက်ရှိလို့ လာပါပြီ ဖန်တွေအားလုံး ရင်ခုန်နေကြတဲ့အတိုင်း "ဒီတစ်ခေါက် Season 2 မှာကတော့ ပထမရာသီထက် အဆပေါင်းများစွာ ရှယ်ပိုကြမ်း၊ ရှယ်ပိုမိုက်တော့မှာ" လို့ ရဲရဲကြီး ပြောရဲပါတယ်။
ကဲ အပိုင်းသစ်က စပြီး ကြည့်လိုက်ပါတော့နော် ကျန်အပိုင်းတွေကိုလည်း အမြန်ဆုံး ကြည့်ရအောင် တစ်ပိုင်းချင်းစီ အားသွန်ခွန်စိုက် ဘာသာပြန် တင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်လက်စောင့်မျှော် ကြည့်ရှု့ပေးကြပါနော်။
Avatar ရဲ့ Live action စီးရီးထွက်လာပါပြီ မူရင်း animation ကြည့်ထားတဲ့သူတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ဘယ်လောက်ခိုင်မာလဲကောင်းလဲ သိကြမှာပါ ရေ မြေ မီး လေ ဓာတ်ကြီးပါးအလိုက် နိုင်ငံ ၄နိုင်ငံရှိရာမှာ ပါရမီပါသူတွေက ကိုယ့်နိုင်ငံရဲ့သက်ဆိုင်ရာဓာတ်တွေကို ထိန်းချုပ်နိုင်စွမ်းရှိကြပါတယ်။
4 406
" King Kaew " (2026)
ထိုင်းသရဲကား အကြမ်းစားတွေ၊ မတရားခံရပြီး သေဆုံးသွားတဲ့ ကလဲ့စားချေ ဝိညာဉ်ဇာတ်လမ်းတွေ ကြိုက်တဲ့ ပရိသတ်ကြီးအတွက် အသစ်စက်စက် ကျောချမ်းစရာ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။
ကင်ကဲ့ဝိုဆိုတာ စိတ်ကျန်းမာရေး သိပ်မကောင်းရှာတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ကံဆိုးချင်တော့ သူဟာ တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားတဲ့ ကလေးသူငယ် ပြန်ပေးဆွဲပြီး လူသတ်တဲ့ အမှုကြီးတစ်ခုမှာ တရားခံအဖြစ် စွပ်စွဲခံလိုက်ရပါတယ်။
ခိုင်လုံလှပါတယ်ဆိုတဲ့ သက်သေအထောက်အထားတွေက သူ့ကိုပဲ ဦးတည်နေပေမဲ့ ကင်ကဲ့ဝိုကတော့ သူ အပြစ်မကျူးလွန်ခဲ့ပါဘူးဆိုပြီး အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း တရားဥပဒေက သူ့ကို သေဒဏ်ချမှတ်လိုက်တဲ့အခါ... ကင်ကဲ့ဝို တစ်ယောက် မတရားခံရမှုတွေ၊ ဒေါသတွေ၊ ဝမ်းနည်းနာကြည်းမှုတွေ အပြည့်နဲ့ သေပွဲဝင်ခဲ့ရပါတော့တယ်။
တကယ့် အိပ်မက်ဆိုးက သူသေဆုံးပြီးမှ စတင်တာပါပဲ။ "ငါ အပြစ်မလုပ်ခဲ့ဘူး" ဆိုတဲ့ အက်ကွဲကွဲ ညည်းတွားသံကြီး ထောင်တစ်ခုလုံးမှာ ပဲ့တင်ထပ်လာပြီးတဲ့နောက်... ကလဲ့စားချေဖို့ သွေးဆာနေတဲ့ ဝိညာဉ်ကြီး ပြန်လည်ရောက်ရှိလာပါတယ်။
4 406
Brightburn ( 2019 )
ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻
https://t.me/addlist/u3Tyo9ej43g3ZmJl
4 406
Brightburn (2019) က အမေရိကန် Superhero Horror ဇာတ်ကားတစ်ကားပါ။
ဇာတ်လမ်းကတော့ Superman လို အာကာသကနေ ကလေးတစ်ယောက် ကမ္ဘာမြေပေါ်ကို ရောက်လာပြီး မိသားစုတစ်စုက မွေးစားကြတာပါ။ ဒါပေမယ့် သူက Superman လို လူတွေကို ကယ်တင်တဲ့ သူရဲကောင်းမဟုတ်ဘဲ သူ့ရဲ့ အစွမ်းတွေ ပေါ်လာတာနဲ့အမျှ ကြောက်စရာဖြစ်ရပ်တွေ ဖြစ်ပေါ်လာပါတယ်။
သရဲကားနဲ့ စူပါဟီးရိုးကား ပေါင်းစပ်ထားတဲ့ ပုံစံကို ကြိုက်ရင် ကြည့်သင့်တဲ့ကားတစ်ကားပါ။
4 406
တောနက်ထဲက ဝါးမြိုခြင်း [၂၀၂၆]
ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻
https://t.me/addlist/u3Tyo9ej43g3ZmJl
4 406
တောနက်ထဲက ဝါးမြိုခြင်း [ ၂၀၂၆ ] 🔥🔥
အကောင်ကြီးတွေပါတဲ့ Survival Horror လို့ဆိုလိုက်တာနဲ့ အမြဲတမ်း မိကျောင်းနဲ့ ငါးမန်းတွေပဲ ကြည့်နေရတာကို ငြီးငွေ့နေပြီမလား။
ဒီကားထဲမှာတော့ မြင်ဖူးသမျှ ရေမြင်းတွေထဲမှာ အကြမ်းဆုံးနဲ့ အညှိုးအတေးအကြီးဆုံး ရေမြင်းကြီးကို တွေ့ရမှာပါ။
ဇာတ်လမ်းကတော့ အမေရိကန် လူဝီစီယားနားပြည်နယ်က ရွှံ့နွံတောထဲမှာ သဘာဝအတိုင်း မိကျောင်းကြည့်ဖို့ လှေစီးထွက်ရင်း လမ်းပျောက်ပြီး "ရေမြင်းဆိုးကြီး" တစ်ကောင်ရဲ့ အမဲလိုက်ခြင်းကို ခံရတဲ့ ကမ္ဘာလှည့်ခရီးသည် တစ်စုအကြောင်း ရိုက်ကူးထားတာပါ။
မျက်စိနောက်စရာ ကွန်ပျူတာ (CGI)effect တွေ သိပ်မသုံးဘဲ တကယ့်ရုပ်လုံးရုပ်ထွက် (Practical Effects) တွေနဲ့ ရိုက်ထားလို့ ပိုပြီး သဘာဝကျကျ သွေးပျက်ဖို့ကောင်းပါတယ်။
Survival Horror ပရိသတ်တွေအတွက်တော့ လက်မလွတ်တမ်း ကြည့်သင့်တဲ့ သဲထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကား ပါပဲ၊ အသက်ရှူမှားလောက်မယ့် ဧရာမရေမြင်းဆိုးကြီးရဲ့ ရန်ကနေ သူတို့ ဘယ်လိုလွတ်အောင်ပြေးကြမလဲ...
အားလုံး အသက်ရှင်လျက်နဲ့ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။
4 406
အိမ်ဝယ်မှားလို့ သရဲနဲ့ စစ်ခင်းရတဲ့ ရပ်ကွက် [၂၀၂၆]
ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻
https://t.me/addlist/u3Tyo9ej43g3ZmJl
4 406
Hold the Fort (2025) +++++++++ ဒီတစ်ခါတော့ သွေးသံရဲရဲနဲ့ အူတက်အောင် ရယ်ရမယ့် Horror-Comedy ကားကောင်းလေး တစ်ကားနဲ့ တင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++++ Lucas နဲ့ Jenny တို့ စုံတွဲက ဆိတ်ငြိမ်ပြီး လှပတဲ့ ရပ်ကွက်လေးတစ်ခုမှာ အိမ်တစ်လုံးကို ဈေးတန်တန်နဲ့ ဝယ်လိုက်နိုင်လို့ အရမ်းကို ဟန်ကျနေကြတာပေါ့။ ဒါပေမဲ့ ပြဿနာက အဲဒီအိမ်ရာရဲ့ စာချုပ်ပါ စည်းမျဉ်းတွေကို သေချာ မဖတ်မိလိုက်တာပဲ။ သူတို့အိမ်ရာကော်မတီ (HOA) က ရပ်ကွက်သန့်ရှင်းရေးလောက်ပဲ လုပ်တာ မဟုတ်ဘဲ၊ တစ်နှစ်တစ်ခါ ငရဲကနေ တက်လာတဲ့ သရဲတွေ၊ ဘီလူးတစ္ဆေတွေကိုပါ ရှင်းလင်းရေး လုပ်ရတယ် ဆိုတာ သူတို့ လုံးဝ မသိခဲ့ဘူး။ ဆိုးတာက သူတို့ ပြောင်းလာတဲ့ ပထမဆုံးညမှာတင် အဲဒီ ငရဲတံခါးကြီး ပွင့်တဲ့နေ့နဲ့ သွားတိုးနေတော့တာပါပဲ။ ဒီလိုနဲ့ အိမ်ရာကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ Jerry ရဲ့ ဦးဆောင်မှုနဲ့အတူ Lucas နဲ့ Jenny တို့ စုံတွဲတစ်တွေ သရဲတွေ၊ စုန်းမတွေနဲ့ ဘယ်လိုတွေ သွေးထွက်သံယို သတ်ပုတ်ကြရမလဲ ဆိုတာကို ရယ်ရယ်မောမော ကြည့်ရမယ့် ကားလေးပါ။
4 406
T-e-n-u-n-g (2025)
ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻
https://t.me/addlist/u3Tyo9ej43g3ZmJl
4 406
Tenung (2025)
အီရာက မိခင်ဖြစ်သူကို တစ်ဦးတည်းစောင့်ရှောက်နေရတဲ့ ဆယ်ကျော်သ-က်ကောင်မလေးဖြစ်ပြီး သူ့အမေ ခံစားနေရတဲ့ဝေဒနာဟာ အဖြေရှာမရတဲ့အတွက် သူ့မှာပိုအခက်တွေ့စရာဖြစ်နေပါတယ်။ သူ့အမေဟာ အာရုံထဲမှာခန္ဓာကိုယ်မပါတဲ့ လက်တွေရဲ့ခြောက်လှန့်မှုကိုခံနေရပြီး တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကိုကိုရော သူ့ကိုပါ ရန်ရှာတာမျိုးတွေရှိလာတဲ့အတွက် မြို့ပေါ်ရောက်နေတဲ့ အစ်ကိုနဲ့အစ်မကိုလှမ်းခေါ်လိုက်ရတဲ့နောက်အိမ်အရောက်မှာပဲ သူတို့မိခင်ဟာ ရုတ်တရက်ကွ-ယ်လွ-န်သွားပါတော့တယ်။ ဒါပေမယ့်လည်း ဈာပနအခမ်းအနားကျင်းပနေတုန်းအလောင်းပေါ်ကိုကြောင်နက်တစ်ကောင်ခုန်ကျော်သွားတာခံရတဲ့နောက် သူတို့အမေဟာအသ-က်ပြန်ဝင်လာခဲ့သလို အရင်က ခံစားနေရတဲ့ဝေဒနာတွေပါပျောက်ကွယ်ပြီး အကောင်းပကတိဖြစ်သွားချိန်မှာတော့ ဇာတ်လမ်းအမှန်တကယ်စလာပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက မရှိခဲ့ဖူးတဲ့ ကြမ်းတမ်းတဲ့အခြောက်အလှန့်တွေကို တစ်အိမ်သားလုံးစပြီး ခံစားလာရလို့ပါပဲ။ သူတို့မိသားစုဝင်တွေ ဒီကံကြမ္မာဆိုးတွေကနေ လွတ်မြောက်နိုင်ပါ့မလား? သည်းထိတ်ရင်ဖိုရှုစားရမယ့် ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။
4 406
Pamali: The Little Devil (2025)
ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻
https://t.me/addlist/u3Tyo9ej43g3ZmJl
4 406
Pamali: The Little Devil(2025)
အင်ဒိုနီးရှားနိုင်ရဲ့နာမည်ကျော် horror ဂိမ်းနဲ့ ရုပ်ရှင် universe ဖြစ်တဲ့ Pamali Universe ရဲ့ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။
ဒီဇာတ်ကားတွဲတွေဟာ အင်ဒိုနီးရှားရိုးရာ အယူသီးမှုနဲ့ တားမြစ်ချက်တွေကိုအခြေခံထားတာဖြစ်ပြီး အဲ့ဒါတွေကိုချိုးဖောက်မိတဲ့ အခါ ကျိန်စာသင့်တာ အန္တရာယ်တွေနဲ့ရင်ဆိုင်တွေ့ရတာတွေကြုံရတတ်တဲ့အကြောင်းပါပဲ။
ဒီဇာတ်ကားကတော့ တူယွလ် လို့ခေါ်တဲ့ ကလေးငယ်ပုံသဏ္ဍာန်ရှိမကောင်းဆိုးဝါးအကြောင်းကို ဗဟိုပြုရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းအနေနဲ့ အမ်ဘာဆိုတဲ့ သားသမီးနှစ်ယောက်မိခင် မုဆိုးမတစ်ဦးဟာ ငွေရေးကြေးရေးအခက်အခဲကြောင့် အားကိုးရာမဲ့နေချိန်မှာလမ်းဘေးမှာ ကောက်ရခဲ့တဲ့ ငွေထုပ်တစ်ထုပ်ကို အိမ်ယူသွားခဲ့မိပါတယ်။
အဲ့ဒီညမှာပဲ သူတို့ တစ်မိသားစုလုံးဟာ တူယွလ်မကောင်းဆိုးဝါးရဲ့ခြောက်လှန့်မှုကိုခံခဲ့ရပြီး မိုးမလင်းခင်မှာပဲ အမ်ဘာ တစ်ယောက်ပျောက်ချင်းမလှပျောက်ကွယ်သွားပါတော့တယ်။
