ar
Feedback
Movies World

Movies World

الذهاب إلى القناة على Telegram

Movies

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
4 406
المشتركون
لا توجد بيانات24 ساعات
+927 أيام
+31630 أيام
أرشيف المشاركات
Pamali: The Little Devil(2025) အင်ဒိုနီးရှားနိုင်ရဲ့နာမည်ကျော် horror ဂိမ်းနဲ့ ရုပ်ရှင် universe ဖြစ်တဲ့ Pamali Universe ရဲ့ဇ
Pamali: The Little Devil(2025) အင်ဒိုနီးရှားနိုင်ရဲ့နာမည်ကျော် horror ဂိမ်းနဲ့ ရုပ်ရှင် universe ဖြစ်တဲ့ Pamali Universe ရဲ့ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားတွဲတွေဟာ အင်ဒိုနီးရှားရိုးရာ အယူသီးမှုနဲ့ တားမြစ်ချက်တွေကိုအခြေခံထားတာဖြစ်ပြီး အဲ့ဒါတွေကိုချိုးဖောက်မိတဲ့ အခါ ကျိန်စာသင့်တာ အန္တရာယ်တွေနဲ့ရင်ဆိုင်တွေ့ရတာတွေကြုံရတတ်တဲ့အကြောင်းပါပဲ။ ဒီဇာတ်ကားကတော့ တူယွလ် လို့ခေါ်တဲ့ ကလေးငယ်ပုံသဏ္ဍာန်ရှိမကောင်းဆိုးဝါးအကြောင်းကို ဗဟိုပြုရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ အမ်ဘာဆိုတဲ့ သားသမီးနှစ်ယောက်မိခင် မုဆိုးမတစ်ဦးဟာ ငွေရေးကြေးရေးအခက်အခဲကြောင့် အားကိုးရာမဲ့နေချိန်မှာလမ်းဘေးမှာ ကောက်ရခဲ့တဲ့ ငွေထုပ်တစ်ထုပ်ကို အိမ်ယူသွားခဲ့မိပါတယ်။ အဲ့ဒီညမှာပဲ သူတို့ တစ်မိသားစုလုံးဟာ တူယွလ်မကောင်းဆိုးဝါးရဲ့ခြောက်လှန့်မှုကိုခံခဲ့ရပြီး မိုးမလင်းခင်မှာပဲ အမ်ဘာ တစ်ယောက်ပျောက်ချင်းမလှပျောက်ကွယ်သွားပါတော့တယ်။

The Deceased (aka) Almarhum (2025) "မရဏကျိန်စာ ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻 https://t.me/addlist/u3Tyo9ej43g3ZmJl

The Deceased (aka) Almarhum (2025) "မရဏကျိန်စာ" CM ပရိသတ်ကြီးအတွက် စိတ်၀င်စားစရာကောင်းတဲ့ အင်ဒိုနီးရှားဟော်ရာဇာတ်လမ်းတစ်ပုဒ်
The Deceased (aka) Almarhum (2025) "မရဏကျိန်စာ" CM ပရိသတ်ကြီးအတွက် စိတ်၀င်စားစရာကောင်းတဲ့ အင်ဒိုနီးရှားဟော်ရာဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ ဟော်ရာဆိုပေမဲ့ ထိတ်လန့်ချောက်ချားစရာအပြင် စိတ်၀င်စားစရာ ဒေသတွင်းအယူအဆနဲ့ မိသားစုဒရာမာကိုပါ နှောထားတာမို့ တကယ်ကြည့်လို့ကောင်းပါတယ်။ ကျေးလက်ဒေသက စိုက်ခင်းရှင် မူးလ်တို့ဇနီးမောင်နှံမှာ ဆီဆာ၊ နူရီနဲ့ ယန်ဒါ ဆိုတဲ့ သားသမီးသုံးယောက် ရှိပါတယ်။ အကြီးဆုံးသားကဆရာ၀န်၊ သမီးလတ်က အင်ဂျင်နီယာကျောင်းဆင်းဖြစ်ပြီး အငယ်ဆုံးသားကတော့ ကောလိပ်ဆက်မတက်ဘဲ ဖခင်နဲ့အတူ စိုက်ခင်းကိစ္စတွေကိုပဲ ကူညီပေးနေ‌သူပါ။ သူတို့ဒေသအယူနဲ့ဆိုရင် ဒေသတွင်းပြက္ခဒိန်အရ ကလီ၀န်-အင်္ဂါနေ့မှာ သေဆုံးရင် အဲဒီသေဆုံးသူရဲ့ မိသားစုပါခိုက်တတ်တယ်လို့ အများကယုံကြည်ထားကြပါတယ်။ မူးလ်ဟာလည်း အဲဒီနေ့မှာမှ သေဆုံးသွားတာကြောင့် ကျန်ရစ်တဲ့မိသားစုကို တကယ်ပဲထိခိုက်စေမှာလား၊ ဘယ်လိုချောက်ချားစရာအဖြစ်တွေကြုံရမလဲ၊ မိသားစုက အဲဒီအဖြစ်ကိုတားဆီးနိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻 https://t.me/addlist/u3Tyo9ej43g3ZmJl

Satan's Slaves 2: Communion (2022) 2017 တုန်းက ထွက်ခဲ့တဲ့ အင်ဒိုနီးရှားသရဲကား Pengabdi Setan ရဲ့အဆက်က ယခုနှစ် 2022 မှာ ထွက်ရှ
Satan's Slaves 2: Communion (2022) 2017 တုန်းက ထွက်ခဲ့တဲ့ အင်ဒိုနီးရှားသရဲကား Pengabdi Setan ရဲ့အဆက်က ယခုနှစ် 2022 မှာ ထွက်ရှိလာပါပြီ IMDb 7.4 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိခင်သေဆုံးပြီးတဲ့နောက်ပိုင်းမှာ RIni တို့မောင်နှမတွေက အဖေနဲ့အတူတူ တိုက်ခန်းမှာနေကြပါတယ်။ တိုက်ခန်းမှာနေရတာ အဆင်ပြေတယ်လို့ တွေးနေကြပေမယ့် ဂျကာတာမြောက်ပိုင်းကို မုန်တိုင်းဝင်လာတဲ့တစ်နေ့မှာ သူတို့အမေရဲ့ အတိတ်ဆိုးကလည်း အဲဒီနေ့မှာပဲ သူတို့ဆီရောက်လာပါတယ်။ မုန်တိုင်းဝင်လို့ ရေတွေတက် မီးပျက်တဲ့ညမှာပဲ Rini တို့မောင်နှမတွေ သူ့မိဘတွေရဲ့ အတိတ်ဆိုးကနေ လွတ်အောင် ပြေးနိုင်ပါမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုသွားကြပါနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။

ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻 https://t.me/addlist/u3Tyo9ej43g3ZmJl

နှလုံးရောဂါရှိသူများနဲ့ အကြောက်လန်သူများမကြည့်ရ ... ... ━━━━━━━━━━━━━━━━━━ Kuasa Gelap က 2024 ခုနှစ် အင်ဒိုနီးရှား သရဲ/အကြောက
နှလုံးရောဂါရှိသူများနဲ့ အကြောက်လန်သူများမကြည့်ရ ... ... ━━━━━━━━━━━━━━━━━━ Kuasa Gelap က 2024 ခုနှစ် အင်ဒိုနီးရှား သရဲ/အကြောက်အလန့် ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ယုံကြည်မှု ပျက်ယွင်းနေတဲ့ ဘုန်းတော်ကြီးတစ်ပါး ဟာ နတ်ဆိုးဝင်ပူးခံထားရတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်တင်ဖို့ Exorcism (နတ်ဆိုးနှင်ထုတ်ခြင်း) ပြုလုပ်ရင်း ကြောက်မက်ဖွယ် အဖြစ်အပျက်တွေကို ရင်ဆိုင်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ အမျိုးအစား – Horror / Supernatural နိုင်ငံ – Indonesia 🇮🇩 အင်္ဂလိပ်အမည် – Dark Power (Kuasa Gelap) အင်ဒိုနီးရှားသရဲကားကြမ်းကြမ်း ကြိုက်ရင် ကြည့်သင့်တဲ့ကားတွေထဲက တစ်ကားပါ။

Hidayah. 2023 ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻 https://t.me/addlist/u3Tyo9ej43g3ZmJl

Hidayah (2023) ဘဝရဲ့အလှည့်အပြောင်း လောကဓံအထုအထောင်းတွေကြားမှာ ရွေးရကြပ်တည်းလာတဲ့အခါ ခဲရာခဲဆစ်နဲ့ ကြိုးပမ်းကြသူတွေရှိကြသလို အလ
Hidayah (2023) ဘဝရဲ့အလှည့်အပြောင်း လောကဓံအထုအထောင်းတွေကြားမှာ ရွေးရကြပ်တည်းလာတဲ့အခါ ခဲရာခဲဆစ်နဲ့ ကြိုးပမ်းကြသူတွေရှိကြသလို အလွယ်လမ်းလိုက်သူတွေလည်းရှိပါတယ်။ အခုတစ်ခါမှာလည်း အလွယ်လမ်းလိုက်ရာက အဖြစ်ဆိုးနဲ့ကြုံသွားရတဲ့ ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဘာရီဆိုတဲ့ကောင်‌လေးဟာ တစ်ချိန်ကတော့ ဘာသာရေးကိုင်းရှိုင်းတဲ့ အပနှင်ဆရာလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အခုချိန်မှာတော့ အတိတ်ရဲ့ဖြစ်ရပ်ဆိုးတွေကြောင့် မိခင်ကိုဆုံးရှုံးလိုက်ရတဲ့ဘာရီဟာ ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ အတိတ်ရဲ့‌ လောင်းရိပ်အောက်က အလွတ်ရုန်းထွက်နေတဲ့ ထောင်ထွက်လေးဘာရီဖြစ်နေပါပြီ။ ဒီလိုနဲ့ စက်ပြင်ဆရာလုပ်နေတဲ့ဘာရီဆီကို သူ့ရဲ့ဇာတိဖြစ်တဲ့ မာကာဆာဂီရွာကငယ်သူငယ်ချင်း ဟာဆန်ရောက်လာပါတော့တယ်။ မာကာဆာဂီရွာမှာ ထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေဖြစ်ပြီး တစ်ရွာလုံးကျီးလန့်စာစားနေရတဲ့အတွက် အပနှင်ပေးဖို့ ဘာရီကိုဟာဆန်က လာခေါ်တာပါ။ တည်ငြိမ်နေတဲ့ရေပြင်ကို ဂယက်ထစေမယ့် ဒီကိစ္စကို ဘာရီတစ်ယောက် သဘောမကျလှပေမဲ့ ဒုက္ခရောက်နေသူက တစ်ချိန်ကသူငယ်ချင်းရတ်နာဖြစ်နေတော့ မငြင်းဆန်နိုင်ဘဲ ရွာကိုသွားဖို့ဖြစ်လာတဲ့အခါ ...

Ar*m*y o*f t*h*e D*e*ad (20-21) _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻 https://t.me/addlist/u3Tyo9ej43g3ZmJl

ဇွန်ဘီမြို့တော်ထဲက အဖိုးတန်ပစ္စည်းကိုသွားယူမယ့် ‌စစ်သည်များ ================================= ဆရာဇက်ရဲ့ ဇွန်ဘီးတွေဆိုတော့ သူမ
ဇွန်ဘီမြို့တော်ထဲက အဖိုးတန်ပစ္စည်းကိုသွားယူမယ့် ‌စစ်သည်များ ================================= ဆရာဇက်ရဲ့ ဇွန်ဘီးတွေဆိုတော့ သူများဇွန်ဘီးထက် နည်းနည်းတော့ ပိုဉာဏ်ကောင်းပါတယ်။ပြီးတော့ ခွေးဇွန်ဘီးတွေကို ရိုးပြီမဟုတ်လား ကျားဇွန်ဘီးလေး ကြည့်ပေါ့ဗျာ။ ဇာတ်လမ်းက ဒီလိုပါ …..လက်စ်ဗီးဂတ်စ်မြိ့မှာ ဇွန်ဘီးတစ်ကောင် လွတ်သွားရာကနေထိန်းမရတော့ဘဲ တစ်မြို့လုံး ဇွန်ဘီးဖြစ်သွားပါတယ်။ ဒါနဲ့ တစ်မြို့လုံးကို ပိတ်ချထားရတာ ကြာပါပြီ။အဲဒီမှာပဲ အမေရိကန်သမ္မတကြီးက လွတ်လပ်ရေးနေ့ အမှတ်တရအနေနဲ့မြို့ကို အနုမြူဗုံးနဲ့ထုပြီး မျိုးဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ နောက်ထပ် ၄ ရက်အကြာမှာပေါ့။အဲဒီမှာပဲ မြို့ရဲ့ ကာစီနိုအောက်မှာ ကျန်နေခဲ့တဲ့ ဒေါ်လာ သန်း ၂၀၀ ကို ယူပေးဖို့ အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်း မစ္စတာ စကော့နဲ့အဖွဲ့ကို အလုပ်အပ်လာပါတယ်။ဆုကြေးက ဒေါ်လာ သန်း ၅၀ ဖြစ်ပါတယ်။သန်း ၂၀၀ ကို ယူလို့ရမှတော့ ဘာလို့ ၅၀ ပဲ ယူမှာလဲ တွေးလို့မရပါဘူး။တရားဝင်ငွေ မဟုတ်လို့ပါ။ 

Gonjiam: Haunted Asylum (2018)

ဆေးရုံဖွင့်လှစ်ပြီး ၁၈ နှစ်အကြာ ၁၉၇၉ ခုနှစ်မှာတော့ လူနာပေါင်း ၄၂ ယောက်ဟာ မိမိကိုယ်ကိုယ်အဆုံးစီရင်ခဲ့ကြပြီး တစ်ချိန်တည်းမှာပဲ
ဆေးရုံဖွင့်လှစ်ပြီး ၁၈ နှစ်အကြာ ၁၉၇၉ ခုနှစ်မှာတော့ လူနာပေါင်း ၄၂ ယောက်ဟာ မိမိကိုယ်ကိုယ်အဆုံးစီရင်ခဲ့ကြပြီး တစ်ချိန်တည်းမှာပဲ ဆေးရုံအုပ်ဖြစ်သူပါ ပဟေဠိဆန်ဆန် ပျောက်ဆုံးသွားခဲ့ပြီးနောက်ပိုင်းမှာတော့ အဆိုပါဆေးရုံကို ပိတ်သိမ်းခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေအပြီးမှာတော့ အနီးအနားပတ်ဝန်းကျင်ကလူတွေက တဆင့် အဲဒီဆေးရုံမှာ သရဲတစ္ဆေတွေမြင်တွေ့ရတယ်ဆိုတဲ့ ကောလာဟလ ထွက်ပေါ်လာပါတယ်။ ကြောက်မက်ဖွယ်ရာနေရာများကို စွန့်စားသွားလာပြီး မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးတင်ဆက်ပေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Horror Times ဆိုတဲ့ အဖွဲ့မှ လူငယ်တစ်စုဟာ ကမ္ဘာပေါ်ကကြောက်စရာအကောင်းဆုံးနေရာတွေမှာ နံပါတ် ၇ နေရာမှာရှိနေပြီး .. ကိုရီးယားနိုင်ငံရဲ့ ကြောက်စရာအကောင်းဆုံးနေရာတွေထဲမှာတော့ နံပါတ် ၃ နေရာမှာ တည်ရှိနေတဲ့ အဆိုပါ စိတ်ကျန်းမာရေးဆေးရုံကို စွန့်စားခန်းတစ်ရပ်ထွက်ပြီး သူတို့ရဲ့ စွန့်စားခန်းကို အွန်လိုင်းမှာပါ တိုက်ရိုက် Live လွှင့်တင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ဒီလိုနဲ့ မထင်မှတ်ထားတဲ့ ကိစ္စတွေ ဖြစ်ပေါ်လာပြီးနောက်မှာတော့...

Impetigore (2019) 🌟🌟🌟🌟🌟🌟🌟🌟 ဇာတ်ကားကောင်းလေးတွေကြည့်ရှုဖို့အတွက် မင်မင်ရဲ့ Main Channel လေးတွေကို Join ထားကြပါအုန်းနော် 🙏 ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻 https://t.me/addlist/u3Tyo9ej43g3ZmJl

Impetigore (2019) မြန်မာစာတန်းထိုး ဇာတ်လမ်းက မြို့မှာနေတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့မိဘပိုင်ဆိုင်ခဲ့တဲ့ ရွာကို ပြန်သွားရာကနေ ရွ
Impetigore (2019) မြန်မာစာတန်းထိုး ဇာတ်လမ်းက မြို့မှာနေတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့မိဘပိုင်ဆိုင်ခဲ့တဲ့ ရွာကို ပြန်သွားရာကနေ ရွာတစ်ရွာလုံးရဲ့ မှောင်မိုက်တဲ့ လျှို့ဝှက်ချက်တွေနဲ့ ရင်ဆိုင်ရတာကို အခြေခံထားပါတယ်။ Jump scare တွေထက် စိတ်ဖိစီးမှု၊ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ လူ့စိတ်အမှောင်ဘက်ကို ပိုအလေးထားတဲ့ သရဲကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားသရဲကားတွေကြိုက်ရင် Satan's Slaves (2017) နဲ့ Satan's Slaves 2: Communion (2022) ကိုလည်း ကြည့်လို့ကောင်းပါတယ်။

ကြောက်တတ်သူတွေ တစ်ယောက်ထဲမကြည့်သင့်တဲ့ ​ဟော်ရာရုံကားသစ်ကြီး ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻 https://t.me/addlist/u3Tyo9ej43g3ZmJl

Horror ကားကောင်းကောင်း မျှော်နေတဲ့ ပရိသတ်ကြီးအတွက် ဇာတ်ကားသစ်ကြီးတစ်ခု ထွက်ရှိလို့လာပါပြီ။ ဇာတ်လမ်းအစမှာတော့ ကျောင်းမှာ အပယ်ခ
Horror ကားကောင်းကောင်း မျှော်နေတဲ့ ပရိသတ်ကြီးအတွက် ဇာတ်ကားသစ်ကြီးတစ်ခု ထွက်ရှိလို့လာပါပြီ။ ဇာတ်လမ်းအစမှာတော့ ကျောင်းမှာ အပယ်ခံဖြစ်နေတဲ့ အထက်တန်းကျောင်းသား လူငယ်တစ်စုဟာ မထင်မှတ်ဘဲ ကျိန်စာသင့်နေတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို သွားတွေ့ရာကနေ စတင်ပါတယ်။ ပိုစတာထဲကအတိုင်းပဲ အဲဒီအရာကတော့ ထူးဆန်းတဲ့ ဦးခေါင်းခွံပုံစံ ပလွေတစ်ခုပါ။ စူးစမ်းလိုစိတ်နဲ့ ဒီပလွေကို မှုတ်လိုက်မိတဲ့အချိန်မှာတော့ သူတို့တွေဟာ မထင်မှတ်ထားတဲ့ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တွေ၊ အမှောင်ထုထဲက လိုက်လံခြောက်လှန့်မှုတွေနဲ့ အသက်လု ရင်ဆိုင်ရပါတော့တယ်။ ကျိန်စာသင့်နေတဲ့ ဒီခရာရဲ့ နောက်ကွယ်က အမှောင်အင်အားစုက ဘာလဲ... ဒီသူငယ်ချင်းတစ်စု အိပ်မက်ဆိုးကြီးထဲကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလားဆိုတာကို..

ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻 https://t.me/addlist/u3Tyo9ej43g3ZmJl

အန်းဂါ၊မိုမို၊ဂျိုဂျိုနဲ့ နင်းဒီတို့ဟာ မွေးရပ်မြေနဲ့ဝေးကွာနေကြတဲ့ မောင်နှမတွေဖြစ်ပြီး မရောက်တာကြာတဲ့ဖခင်ဖြစ်သူနဲ့ညီမအငယ်ဆုံး
အန်းဂါ၊မိုမို၊ဂျိုဂျိုနဲ့ နင်းဒီတို့ဟာ မွေးရပ်မြေနဲ့ဝေးကွာနေကြတဲ့ မောင်နှမတွေဖြစ်ပြီး မရောက်တာကြာတဲ့ဖခင်ဖြစ်သူနဲ့ညီမအငယ်ဆုံး ဆိုဖီတို့ရှိရာကျေးလက်အိမ်လေးကိုအလည်တစ်ခေါက်ပြန်ခဲ့ကြပါတယ်။ မောင်နှမတွေဆုံတုန်းအနီးအနားက ရေတံခွန်ကို အပျော်ခရီးထွက်ရာကနေ လမ်းမှာ ကားမတေ-ာ်တဆဖြစ်ပြီး အငယ်ဆုံးမလေးဆိုဖီ ‌ေ-သဆုံးသွားခဲ့ရပါတယ်။ ပူဆွေးမှုတွေနဲ့ သူတို့မောင်နှမတွေ သောကမပြေနိုင်သေးခင် မြွေပူရာကင်းမှောင့်ဖြစ်လာတာကတော့အိမ်ပြန်ရောက်တာနဲ့ ဆိုဖီရဲ့ခြော-က်လှန့်မှုတွေကို ရ-က်ရ-က်စ-က်စ-က်တွေ့ကြုံရတော့တာပဲဖြစ်ပါတယ်။ သူတို့အပေါ် ဘာအမုန်းအညှိုးမှမရှိပဲ ဆုံ-းပါးသွားခဲ့တဲ့၊ စိတ်ထားကောင်းတဲ့ ချစ်စရာ မိန်းမငယ်လေးဆိုဖီဟာ ‌ေ-သဆုံးပြီးနောက်မှဘာကြောင့် သူတို့ကိုကြ-မ်းကြ-မ်းတ-မ်းတ-မ်းခြော-က်လှန့်ရတာလဲ? သူတို့နားကိုမကြာခဏရောက်လာပြီး နားလည်ရခက်တဲ့စကားတွေပြောတတ်တဲ့ရှေးခေတ်အဝတ်အစားနဲ့အမျိုးသမီးကြီးက ဘယ်သူလဲ? ဇာတ်လမ်းထဲမှာစပြီးအဖြေရှာရမှာဖြစ်ပါတယ်။ ဆိုဖီ စပြီးခြောက်လှန့်ကတည်းကနေဇာတ်လမ်းအဆုံးအထိ ကြ-မ်းကြ-မ်းတ-မ်းတ-မ်းရ-က်ရ-က်စ-က်စ-က်နဲ့မနားတမ်းခြော-က်တဲ့ကားမို့ အသည်းငယ်ရင်တစ်ယောက်တည်းမကြည့်သင့်ပါ။

D-a-s-i-m (2025) Dasim ဆိုတာကတော့ စေတန်ရဲ့ သား၅ယောက်ထဲက တစ်ယောက်ပါ။ =========================== ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻 https://t.me/addlist/u3Tyo9ej43g3ZmJl