Movies World
前往频道在 Telegram
Movies
显示更多未指定国家未指定类别
4 404
订阅者
-624 小时
+657 天
+31030 天
帖子存档
4 400
Nowhere (2023)
IMDB: 7.0/10
ပင်လယ်ထဲမှာ ကွန်တိန်နာကြီးထဲမျောနေတဲ့ သားအမိနှစ်ယောက်အကြောင်းကို
ရိုက်ကူးထားတဲ့ စပိန် သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။ Cast away, Buried, Fall တို့လို
တစ်ယောက်တည်း အသက်ရှင်အောင် ရုန်းရတဲ့ ရုပ်ရှင်မျိုးတွေကို ကြိုက်တဲ့သူတွေအတွက် ရုပ်ရှင်ကောင်းပါပဲ။
ဇာတ်လမ်းအကျဉ်းအငတ်ဘေးဆိုက်နေတဲ့ စပိန်နိုင်ငံ အစိုးရဟာ အင်မတန်ပြောင်မြောက်တဲ့
အငတ်ဘေးလျှော့ချရေးနည်းလမ်းတစ်ခုကိုသုံးခဲ့ပါတယ်။ သက်ကြီးရွယ်အိုတွေကို
အရင်ရှင်းပစ်လိုက်တာပါ။ မရသေးဘူး ငတ်ကြသေးတယ်ဆိုတော့ မိန်းမတွေနဲ့
ကလေးတွေကို စပြီးရှင်းပစ်ပါတော့တယ်။ အဲဒီတော့ နိုင်ငံထဲက
နည်းလမ်းပေါင်းစုံနဲ့ လွတ်ရာကျွတ်ရာကို ပြေးကြရပါတော့တယ်။
လူသုံးအများဆုံးနည်းလမ်းကတော့ သင်္ဘောကွန်တိန်နာတွေထဲကို
ခိုးပြီးလိုက်သွားကြတာပါ။ ဒါကိုသိတဲ့ အစိုးရကလည်း ဆိပ်ကမ်းမှာ
ကုန်ကားတွေကို အသေးစိတ်စစ်ပြီး တွေ့သမျှ လိုက်သတ်ပါတော့တယ်။
မီရာဆိုတဲ့ မိန်းကလေးကတော့ ခင်ပွန်းသည်နဲ့အတူ ထွက်ပြေးလာပေမဲ့
သင်္ဘောအတက်မှာ လူစုကွဲသွားပြီ ကိုယ်ဝန်ကြီးနဲ့ တစ်ယောက်တည်း
ကွန်တိန်နာထဲမှာပိတ်မိပြီး ပင်လယ်ထဲ မျောသွားပါတော့တယ်။ ပင်လယ်ထဲမှာပဲ
ကလေးမွေးပြီး
4 400
The Day After Tomorrow (2004)
ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻
https://t.me/addlist/u3Tyo9ej43g3ZmJl
4 400
The Day After Tomorrow (2004)
IMDb(6.4/10)
အာတိတ်မှာသုတေသနလုပ်နေတဲ့ ပါမောက္ခ ဂျက်(ခ်)ဟော(လ်)အဖွဲ့ဟာ ရာသီဥတုပျက်စီးမှု တစ်ခုကို အမှတ်မထင် ကြုံတွေ့ခဲ့ရတယ်။
နယူးဒေလီမှာပြုလုပ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုနှီးနှော ဖလှယ်ပွဲတစ်ခုမှာပြောပြခဲ့ပေမဲ့ လူတွေအလေးမထားခဲ့ကြပါဘူး။
နောက်ပိုင်းမှာ ရေကြောင်းပြ ဗော်ရာတွေမှာ အပူချိန်ကျဆင်းလာတာကို ပါမောက္ခ ရပ်ဆန် လည်းသတိထားမိခဲ့ပြီး ဂျက်(ခ်)နဲ့အတူ ပူးပေါင်းခဲ့ကြပါတယ်။
ရာသီဥတုပျက်စီးမှုက ပိုဆိုးလာပေမဲ့ သူ့သတိပေးမှုကို တာဝန်ရှိသူတွေ လျစ်လျူရှုခဲ့ကြတယ်။
နောက်ဆုံး မြောက်ကမ္ဘာခြမ်းကို ရေခဲအတိ ဖုံးလွှမ်းခဲ့ပြီး မကြုံဖူးတဲ့ ကုန်းတွင်းပိုင်း ဟာရီကိန်း မုန်တိုင်းဒဏ်ကို ပြည်သူတွေအလူးအလဲ ခံစားခဲ့ပါတယ်။
အခက်အခဲ အမျိုးမျိုးကြားထဲမှ ဂျက်(ခ်)တစ်ယောက် နယူးယောက်(ခ်)က သူ့သားကိုကယ်တင်ခဲ့ပုံ၊သူတတ်စွမ်းသမျှ ပြည်သူတွေကို ကယ်တင်ပေးခဲ့ပုံတွေကိုရှုစားကြရမှာဖြစ်ပါတယ်။
4 400
Skyscraper [2018]
ဒီကားထဲမှာ FBI agentဟောင်းဖြစ်တဲ့ Will Sawyer (The Rock)က ဒဏ်ရာကြောင့်အနားယူပြီး ဂိုထောင်ထဲမှာ လုံခြုံရေးပစ္စည်းတွေကိုစမ်းသပ်ရင်း မိသားစုနဲ့အတူနေနေပါတယ်
တစ်နေ့တော့ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံအသစ်ကြီးတစ်ခုကနေ အဆောက်အဦးရဲ့လုံခြုံရေးစနစ်တွေကိုစမ်းသပ်ဖို့ Will Sawyer ကို ကမ်းလှမ်းလိုက်ပါတယ်
ဒီလိုနဲ့ သူအဆောက်အဦးရဲ့အရေးပေါ်မီးသတ်စနစ်ကို စစ်ဆေးနေရာက လူတစ်စုက သူ့မိသားစုနေတဲ့အခန်းကို မီးရှို့ခဲ့ပါတယ်
ဒီလူတွေဘာလို့မီးရှို့ရတာလဲ..?
သူတို့ရဲ့နောက်ကွယ်က ကြိုးကိုင်နေတဲ့သူက ဘယ်သူများလဲ..?
The Rockကကော မီးလောင်နေတဲ့ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံထဲမှာပိတ်မိနေတဲ့ သူ့မိသားစုကို ကယ်တင်နိုင်မှာလားဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ
4 400
Devil$ St@y 2024 1080p
ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻
https://t.me/addlist/u3Tyo9ej43g3ZmJl4 400
Devils Stay (2024)
================
ပရိသတ်ကြီးအတွက် သည်းထိတ်
ရင်ဖို ဇာတ်လမ်းလေးဖြစ်တဲ့
Devils Stay နဲ့တင်ဆက်ပေးလိုက်
ပါတယ်။Face Me ဇာတ်လမ်းတွဲ
ထဲကဆရာဝန်ချာ အဖြစ်
သရုပ်ဆောင်ထားတဲ့ မင်းသားချော
Lee Min-Ki ခေါင်းဆောင်ပါဝင်ထားပါတယ်။
ချာဆွန်းဒိုဆိုတဲ့ ခွဲစိတ်ပါမောက္ခ
တစ်ယောက်ဟာ နှလုံးအစားထိုးဖို့
လိုအပ်နေတဲ့ သမီးဖြစ်သူကို
အောင်အောင်မြင်မြင်ခွဲစိတ်ကုသ
နိုင်ခဲ့တဲ့သူပါ။သမီးဖြစ်သူဟာ
ခွဲစိတ်မှုပြီးတဲ့နောက်ပိုင်း နေပြန်
ကောင်းလာပေမယ့် ထူးထူးဆန်း
ဆန်းလက္ခဏာတွေပြလာပြီးတော့
ဘုန်းတော်ကြီး ဘန်ဟယ်ရှင်း
ကိုယ်တိုင် အပနှင်တာကိုခံယူခဲ့ရပါ
တယ်။ဒါပေမဲ့ အကြောင်းရင်းမသိ
ဘဲ သေဆုံးသွားခဲ့ပြီးတော့ ဈာပန
အခမ်းအနားကိုပြင်ဆင်ရပါတော့တယ်။
ဈာပနအခမ်းအနားကျင်းပနေစဉ်
အတွင်းမှာကို ထိတ်လန့်တုန်လှုပ်
ဖွယ်ဖြစ်ရပ်တွေ ဆက်တိုက်
ဖြစ်လာတဲ့အချိန်မှာတော့ သမီးဖြစ်
သူရဲ့အလောင်းမှာ နတ်ဆိုးတစ်
ကောင်ပူးကပ်နေတာကို သိလိုက်ရပါတော့တယ်။
4 400
Rampage 2018
မုဆိုးတွေလက်ကနေ ကယ် ဆယ်လာခဲ့တဲ့ ဂျော့ချ်ဆိုတဲ့ ဂေါ်ရီ လာမျောက်ဝံဖြူကြီးဟာ သာမန် မျောက်ဝံတွေနဲ့မတူဘဲ ထူးခြားတဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုမျိုးရှိနေတယ်ဆိုတာ ဒေးဗစ်က သတိထားမိပြီး ဂျော့ချ်နဲ့လည်း ရင်းနှီးခဲ့ပါတယ်။
တစ်ရက်မှာတော့ ဂျော့ချ် နေတဲ့နေရာကို ထူးဆန်းတဲ့ ပစ္စည်းတစ်ခုကျလာပြီး အဲဒါကို ဂျော့ချ် က ထိလိုက်တဲ့အခါမှာတော့ ည တွင်းချင်းမှာကို ဂျော့ချ်စိတ်ရိုင်း ဝင်ကာ ခန္ဓာကိုယ်အရွယ်အစား ကလည်း အကြီးကြီးဖြစ်သွားခဲ့ပါ တယ်။
အဲဒီနောက်မှာတော့ ဒေးဗစ် ကို မျိုးရိုးဗီဇဆိုင်ရာ ပညာရှင် ဒေါက်တာကိတ်ကဲလ်ဝဲက ဆက် သွယ်ပြီး ဂျော့ချ် အခုလိုဖြစ်သွား တာဟာ Energyne ကုမ္ပဏီက စမ်းသပ်ထားတဲ့ သန္ဓေပြောင်း ပစ္စည်းကြောင့်လို့ပြောပါတယ်။
4 400
Q-o-r-i-n 2 (2026)
ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻
https://t.me/addlist/u3Tyo9ej43g3ZmJl
4 400
Qorin 2 (2026)
"ကိုယ့်သွေးသားကို ထိလာတဲ့အခါ ဖခင်တစ်ယောက်ရဲ့ ဒေါသကမကောင်းဆိုးဝါးထက်တောင် ကြောက်စရာကောင်းသွားနိုင်တယ်..."
ကိုယ့်ရဲ့ အမှောင်မိုက်ဆုံး စိတ်ဆန္ဒတွေကို ကိုယ်စားပြုတဲ့ Qorin တွေရဲ့ ခြောက်လှန့်မှုက တော်တော်လေး ကျောချမ်းစရာကောင်းခဲ့တာပေါ့။ ဒီတစ်ခါ ၁ နာရီနဲ့ ၅၀ မိနစ်စာ ကြာမြင့်မယ့် Qorin 2 မှာတော့ ဇာတ်လမ်းက ပိုပြီး ရင်နင့်စရာကောင်းသလို ပိုလည်း ကြောက်စရာကောင်းလာပါတယ်။
ဇာတ်လမ်းကတော့ ဖခင်ဖြစ်သူ မက်ခ်မူရ်နဲ့ သူ့ရဲ့သားလေး ဂျာယာ တိုကို အဓိကထား ရိုက်ကူးထားတာပါ။ သားဖြစ်သူ ဂျာယာလေး ကျောင်းမှာ အနိုင်ကျင့်ခံရ၊ ဒုက္ခပေးခံရတဲ့အခါမှာတော့ ဖခင်ဖြစ်သူ မက်ခ်မူရ်တစ်ယောက် ဒေါသတကြီးနဲ့ ကျောင်းကို သွားရောက်တိုင်ကြားပါတော့တယ်။
ဒါပေမဲ့ သူမျှော်လင့်ထားသလို တရားမျှတမှု မရတဲ့အခါ... ဖခင်တစ်ယောက်ရဲ့ နာကျင်မှုနဲ့ ဒေါသတွေက မဖြစ်သင့်တာတွေကို ဖန်တီးဖို တွန်းအားပေးလိုက်တဲ့အခါမှာတော့... သားကိုကာကွယ်ချင်တဲ့ ဖခင်တစ်ယောက် ဘယ်လို အမှောင်ထုထဲကို ခြေစုံပစ်ဝင်သွားမလဲ။
4 400
Avatar the last Airbender season 2 [၂၀၂၆] အပိုင်း ၁
ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻
https://t.me/addlist/u3Tyo9ej43g3ZmJl
4 400
Avatar: The Last Airbender (2026)
+++++++++++++++++++++++++++
အပိုင်း ( ၁ မှ ၇ ) အထိ စ / ဆုံး
Genre..Action & Adventure, Drama, Family, and Sci-Fi & Fantasy
Netflix ရဲ့ Avatar the Last Airbender Live-Action စီးရီးကြီးကတော့ အခုဆိုရင် Season 2 ထွက်ရှိလို့ လာပါပြီ ဖန်တွေအားလုံး ရင်ခုန်နေကြတဲ့အတိုင်း "ဒီတစ်ခေါက် Season 2 မှာကတော့ ပထမရာသီထက် အဆပေါင်းများစွာ ရှယ်ပိုကြမ်း၊ ရှယ်ပိုမိုက်တော့မှာ" လို့ ရဲရဲကြီး ပြောရဲပါတယ်။
ကဲ အပိုင်းသစ်က စပြီး ကြည့်လိုက်ပါတော့နော် ကျန်အပိုင်းတွေကိုလည်း အမြန်ဆုံး ကြည့်ရအောင် တစ်ပိုင်းချင်းစီ အားသွန်ခွန်စိုက် ဘာသာပြန် တင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်လက်စောင့်မျှော် ကြည့်ရှု့ပေးကြပါနော်။
Avatar ရဲ့ Live action စီးရီးထွက်လာပါပြီ မူရင်း animation ကြည့်ထားတဲ့သူတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ဘယ်လောက်ခိုင်မာလဲကောင်းလဲ သိကြမှာပါ ရေ မြေ မီး လေ ဓာတ်ကြီးပါးအလိုက် နိုင်ငံ ၄နိုင်ငံရှိရာမှာ ပါရမီပါသူတွေက ကိုယ့်နိုင်ငံရဲ့သက်ဆိုင်ရာဓာတ်တွေကို ထိန်းချုပ်နိုင်စွမ်းရှိကြပါတယ်။
4 400
" King Kaew " (2026)
ထိုင်းသရဲကား အကြမ်းစားတွေ၊ မတရားခံရပြီး သေဆုံးသွားတဲ့ ကလဲ့စားချေ ဝိညာဉ်ဇာတ်လမ်းတွေ ကြိုက်တဲ့ ပရိသတ်ကြီးအတွက် အသစ်စက်စက် ကျောချမ်းစရာ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။
ကင်ကဲ့ဝိုဆိုတာ စိတ်ကျန်းမာရေး သိပ်မကောင်းရှာတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ကံဆိုးချင်တော့ သူဟာ တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားတဲ့ ကလေးသူငယ် ပြန်ပေးဆွဲပြီး လူသတ်တဲ့ အမှုကြီးတစ်ခုမှာ တရားခံအဖြစ် စွပ်စွဲခံလိုက်ရပါတယ်။
ခိုင်လုံလှပါတယ်ဆိုတဲ့ သက်သေအထောက်အထားတွေက သူ့ကိုပဲ ဦးတည်နေပေမဲ့ ကင်ကဲ့ဝိုကတော့ သူ အပြစ်မကျူးလွန်ခဲ့ပါဘူးဆိုပြီး အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း တရားဥပဒေက သူ့ကို သေဒဏ်ချမှတ်လိုက်တဲ့အခါ... ကင်ကဲ့ဝို တစ်ယောက် မတရားခံရမှုတွေ၊ ဒေါသတွေ၊ ဝမ်းနည်းနာကြည်းမှုတွေ အပြည့်နဲ့ သေပွဲဝင်ခဲ့ရပါတော့တယ်။
တကယ့် အိပ်မက်ဆိုးက သူသေဆုံးပြီးမှ စတင်တာပါပဲ။ "ငါ အပြစ်မလုပ်ခဲ့ဘူး" ဆိုတဲ့ အက်ကွဲကွဲ ညည်းတွားသံကြီး ထောင်တစ်ခုလုံးမှာ ပဲ့တင်ထပ်လာပြီးတဲ့နောက်... ကလဲ့စားချေဖို့ သွေးဆာနေတဲ့ ဝိညာဉ်ကြီး ပြန်လည်ရောက်ရှိလာပါတယ်။
4 400
Brightburn ( 2019 )
ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻
https://t.me/addlist/u3Tyo9ej43g3ZmJl
4 400
Brightburn (2019) က အမေရိကန် Superhero Horror ဇာတ်ကားတစ်ကားပါ။
ဇာတ်လမ်းကတော့ Superman လို အာကာသကနေ ကလေးတစ်ယောက် ကမ္ဘာမြေပေါ်ကို ရောက်လာပြီး မိသားစုတစ်စုက မွေးစားကြတာပါ။ ဒါပေမယ့် သူက Superman လို လူတွေကို ကယ်တင်တဲ့ သူရဲကောင်းမဟုတ်ဘဲ သူ့ရဲ့ အစွမ်းတွေ ပေါ်လာတာနဲ့အမျှ ကြောက်စရာဖြစ်ရပ်တွေ ဖြစ်ပေါ်လာပါတယ်။
သရဲကားနဲ့ စူပါဟီးရိုးကား ပေါင်းစပ်ထားတဲ့ ပုံစံကို ကြိုက်ရင် ကြည့်သင့်တဲ့ကားတစ်ကားပါ။
4 400
တောနက်ထဲက ဝါးမြိုခြင်း [၂၀၂၆]
ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻
https://t.me/addlist/u3Tyo9ej43g3ZmJl
4 400
တောနက်ထဲက ဝါးမြိုခြင်း [ ၂၀၂၆ ] 🔥🔥
အကောင်ကြီးတွေပါတဲ့ Survival Horror လို့ဆိုလိုက်တာနဲ့ အမြဲတမ်း မိကျောင်းနဲ့ ငါးမန်းတွေပဲ ကြည့်နေရတာကို ငြီးငွေ့နေပြီမလား။
ဒီကားထဲမှာတော့ မြင်ဖူးသမျှ ရေမြင်းတွေထဲမှာ အကြမ်းဆုံးနဲ့ အညှိုးအတေးအကြီးဆုံး ရေမြင်းကြီးကို တွေ့ရမှာပါ။
ဇာတ်လမ်းကတော့ အမေရိကန် လူဝီစီယားနားပြည်နယ်က ရွှံ့နွံတောထဲမှာ သဘာဝအတိုင်း မိကျောင်းကြည့်ဖို့ လှေစီးထွက်ရင်း လမ်းပျောက်ပြီး "ရေမြင်းဆိုးကြီး" တစ်ကောင်ရဲ့ အမဲလိုက်ခြင်းကို ခံရတဲ့ ကမ္ဘာလှည့်ခရီးသည် တစ်စုအကြောင်း ရိုက်ကူးထားတာပါ။
မျက်စိနောက်စရာ ကွန်ပျူတာ (CGI)effect တွေ သိပ်မသုံးဘဲ တကယ့်ရုပ်လုံးရုပ်ထွက် (Practical Effects) တွေနဲ့ ရိုက်ထားလို့ ပိုပြီး သဘာဝကျကျ သွေးပျက်ဖို့ကောင်းပါတယ်။
Survival Horror ပရိသတ်တွေအတွက်တော့ လက်မလွတ်တမ်း ကြည့်သင့်တဲ့ သဲထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကား ပါပဲ၊ အသက်ရှူမှားလောက်မယ့် ဧရာမရေမြင်းဆိုးကြီးရဲ့ ရန်ကနေ သူတို့ ဘယ်လိုလွတ်အောင်ပြေးကြမလဲ...
အားလုံး အသက်ရှင်လျက်နဲ့ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။
4 400
အိမ်ဝယ်မှားလို့ သရဲနဲ့ စစ်ခင်းရတဲ့ ရပ်ကွက် [၂၀၂၆]
ဘာဘာညာညာဇာတ်ကားကောင်းလေးများအတွက် 👇🏻👇🏻
https://t.me/addlist/u3Tyo9ej43g3ZmJl
