ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك 👈

Our President 🇲🇲

Our President 🇲🇲

الذهاب إلى القناة على Telegram

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
216
المشتركون
لا توجد بيانات24 ساعات
-27 أيام
-230 أيام
أرشيف المشاركات
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ရုရှားဖက်
+5
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံမှတစ်ဆင့် ဘယ်လာရုစ်နိုင်ငံသို တရားဝင်ခရီးစဉ် ဆက်လက်ထွက်ခွာ နေပြည်တော်၊ ဩဂုတ် - ၂၀ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြား ချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် တရားဝင်ခရီးစဉ် ရောက်ရှိနေ သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် မော်စကိုမြို့ရှိ  ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြသည်။ နိုင်ငံတော်သမ္မတဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား  ရုရှားနိုင်ငံ အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ပို့ ဆောင် နှုတ်ဆက်ကြသည်။ #PPIB #Our

Repost from PPIB.Official
ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၃) ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဩဂုတ် ၁၉ ရက်နေ့ ခရီးစဉ်အတွင်း ဆောင်ရွက်ခဲ့သည့် အရေးပါသော လှုပ်ရှားမှုများ၊ မြန်မာ-ရုရှား နှစ်နိုင်ငံ ပညာရေး၊ စီးပွားရေးနှင့် အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက်များကို “ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၃)” အဖြစ် စုစည်းတင်ဆက်ထားပါသည်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

Repost from PPIB.Official
၂၀၂၆ ခုနှစ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်ကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြား PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြစ်တစ်လျှောက် လှည့်လည်ကြည့်ရှုလေ့လာ နေပြည်တော
+1
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  မော်စကိုမြစ်တစ်လျှောက် လှည့်လည်ကြည့်ရှုလေ့လာ နေပြည်တော်၊  ဩဂုတ် - ၂၀ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့်အတူ ညနေပိုင်းတွင် မော်စကိုမြစ်အတွင်း ရှုခင်းကြည့်သင်္ဘောဖြင့် လိုက်ပါစီးနင်းကာ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် စနစ်တကျ မြို့ပြဖွံ့ဖြိုးတိုးတက်မှု ၊ မြစ်ကြောင်းများ ထိန်းသိမ်းထားရှိမှုနှင့် မြစ်ကမ်းတစ်လျှောက် Green Zone များ စနစ်တကျ ဖော်ဆောင်ထားရှိမှုတို့ကို ကြည့်ရှုလေ့လာကြသည်။ မော်စကိုမြစ်သည် မြို့တော်မော်စကို၏ အသက်သွေးကြောတစ်ခုဖြစ်ပြီး မြို့ပြရေပေးဝေရေးနှင့် စက်မှုလုပ်ငန်းများအတွက် အရေးပါသည့် မြစ်တစ်စင်းဖြစ်သည်။ မြစ်တစ်လျှောက် အပျော်စီးသင်္ဘောများနှင့် ကမ်းခြေပန်းခြံများရှိသဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ခရီးသွားလုပ်ငန်းအချက်အချာတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။ #PPIB #Our

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ
+6
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများနှင့် သင်တန်းသားများ အားတွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဩဂုတ် - ၁၉ ကောင်းမွန်သည့်နိုင်ငံရေးလမ်းကြောင်းကို ဆောင်ရွက်နေချိန်တွင် နိုင်ငံတော် အတွက် ခိုင်ခိုင်မာမာဖြင့်တာဝန်ထမ်းဆောင်လိုသည့်စိတ်၊ မိမိတို့နိုင်ငံကိုထိလျှင်  မြန်မာဆိုသည့်စိတ်ဖြင့် ကာကွယ်လိုစိတ်၊ နိုင်ငံအတွက်ကောင်းမွန်စေလိုသည့် စေတနာစိတ်များဖြင့် နိုင်ငံ့တာဝန်များကို ကျေပွန်စွာဖြင့် ထမ်းဆောင် ကြစေလိုကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ဖြစ်စဉ်ဖြစ်ရပ်မှန်နှင့် သမိုင်းမှန် များကို သိရှိအောင်ဆောင်ရွက်ကြပြီး မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းများနှင့် အခြေအနေ မှန်များကိုမသိရှိသည့် နိုင်ငံတကာမှ ကျောင်းသားများအား သိရှိအောင်ဆောင်ရွက်ကြရန် လိုကြောင်း  ဖြင့် အမှာစကားပြောကြားသည်။ #PPIB #Our

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ Space Museum သို့ သွားရောက်ကြည့်ရှုလေ
+9
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  မော်စကိုမြို့ရှိ Space Museum သို့ သွားရောက်ကြည့်ရှုလေ့လာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့ ဩဂုတ် ၁၉ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် မော်စကိုမြို့ရှိ Space Museum သို့ သွားရောက်၍ ကြည့်ရှုလေ့လာကြသည်။ #PPIB #Our

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ Space Museum သို့ သွားရောက်ကြည့်ရှုလေ
+9
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  မော်စကိုမြို့ရှိ Space Museum သို့ သွားရောက်ကြည့်ရှုလေ့လာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့ ဩဂုတ် ၁၉ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် မော်စကိုမြို့ရှိ Space Museum သို့ သွားရောက်၍ ကြည့်ရှုလေ့လာကြသည်။ #PPIB #Our

မြန်မာ–ရုရှား မဟာဗျူဟာမြောက် စီးပွားရေးမိတ်ဖက်ဆက်ဆံရေး တိုးမြှင့်မည်၊ စွမ်းအင်၊ စိုက်ပျိုးမွေးမြူရေး၊ နည်းပညာနှင့် ထားဝယ်အထူး
မြန်မာ–ရုရှား မဟာဗျူဟာမြောက် စီးပွားရေးမိတ်ဖက်ဆက်ဆံရေး တိုးမြှင့်မည်၊ စွမ်းအင်၊ စိုက်ပျိုးမွေးမြူရေး၊ နည်းပညာနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရုရှားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ရှိရင်းစွဲမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအထိ ပိုမိုနက်ရှိုင်းစွာ တိုးချဲ့သွားမည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အခြေခံအဆောက်အအုံ၊ စက်မှုလုပ်ငန်း၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် AI အပါအဝင် အလားအလာရှိသည့်ကဏ္ဍများတွင် ရုရှားလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ပြောကြားခဲ့ပါသည်။ မိန့်ခွန်းကောက်နုတ်ချက်များမှာ - ၁၉၄၈ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာ–ရုရှား သံတမန်ဆက်ဆံရေးသည် ယခုအခါ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ ရောက်ရှိနေပြီး ၂၀၂၈ ခုနှစ်တွင် နှစ် ၈၀ ပြည့်မည်ဖြစ်ကြောင်း။ လက်ရှိ မြန်မာနိုင်ငံမှ သရက်သီးအနှစ်၊ တန်ဖိုးမြှင့်ထုတ်ကုန်နှင့် အဝတ်အထည်များကို ရုရှားသို့ တင်ပို့နေပြီး ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ရေထွက်ပစ္စည်းများကိုပါ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း။ ရုရှားနိုင်ငံက မြန်မာနိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စက်မှုကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၃၅၉ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း။ စိုက်ပျိုးရေးစက်ယန္တရား၊ မျိုးစေ့နည်းပညာ၊ သုတေသန၊ မွေးမြူရေး၊ စားသုံးဆီ၊ စားသောက်ကုန်နှင့် ရေထွက်ကုန်ပြုပြင်ထုတ်လုပ်ရေးအပါအဝင် တန်ဖိုးမြှင့်စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း။ ရေနံတူးဖော်ရေးနှင့် ရေနံသန့်စင်ရေး၊ သဘာဝဓာတ်ငွေ့၊ ဓာတ်မြေဩဇာ၊ ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အလားအလာရှိကြောင်း။ မြန်မာ–ရုရှား ပူးပေါင်းအကောင်အထည်ဖော်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို မဟာဗျူဟာမြောက် စီမံကိန်းတစ်ရပ်အဖြစ် ဖော်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း။ ထားဝယ်စီမံကိန်းနှင့် ဆက်စပ်၍ LNG Terminal၊ ရေနံချက်စက်ရုံ၊ ဓာတ်အားပေးစက်ရုံများနှင့် သဘာဝဓာတ်ငွေ့အခြေခံ အဆောက်အအုံအဆင့်မြှင့်တင်ရေး စီမံကိန်းများကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ မဟာဗျူဟာမြောက်စီမံကိန်းများအဖြစ် သတ်မှတ်ထားကြောင်း။ ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် အစိုးရဝန်ဆောင်မှု ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ AI၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် High-Tech လုပ်ငန်းများတွင် ရုရှားနည်းပညာကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်း။ Mir Card System နှင့် Myanmar Payment Union (MPU) ကွန်ရက်ကို ချိတ်ဆက်ထားပြီး ကျပ်–ရူဘယ် တိုက်ရိုက်အသုံးပြုငွေပေးချေမှုများလည်း စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း။ မြန်မာ–ရုရှား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်သည် ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်တွင် အသက်ဝင်ခဲ့ပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး MoU ကို ဇွန် ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း။ မြန်မာထုတ်ကုန်များကို ဥရောပ–အာရှစီးပွားရေးသမဂ္ဂ (EAEU) ဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်ရေးနှင့် မြန်မာ–ရုရှား ကုန်သွယ်ရေးရုံးများ တည်ထောင်နိုင်ရေး ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား Plekhanov Russian University of Economics က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်း၊ မြန်မာ–ရ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား Plekhanov Russian University of Economics က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်း၊ မြန်မာ–ရုရှား ပညာရေး၊ သုတေသနနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား Plekhanov Russian University of Economics က ယနေ့ ဩဂုတ် ၁၉ ရက်တွင် တက္ကသိုလ်ဘုတ်အဖွဲ့၏ တစ်ညီတစ်ညွတ်တည်း ထောက်ခံဆုံးဖြတ်ချက်ဖြင့် ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းခဲ့ပြီး ယင်းမှတစ်ဆင့် မြန်မာ–ရုရှား နှစ်နိုင်ငံအကြား ပညာရေး၊ သုတေသန၊ ပညာရပ်ဖလှယ်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရန် ရည်မှန်းထားပါသည်။ ရုရှားနိုင်ငံ၏ ပညာရေးကဏ္ဍ၌ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ ■ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ Plekhanov Russian University of Economics ဘုတ်အဖွဲ့က တစ်ညီတစ်ညွတ်တည်း ထောက်ခံဆုံးဖြတ်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းခဲ့ပြီး ယင်းဂုဏ်ပြုမှုသည် မြန်မာ–ရုရှား နှစ်နိုင်ငံအကြား ပညာရေးဆိုင်ရာ ဆက်ဆံရေး ပိုမိုခိုင်မာလာမှုကို ထင်ဟပ်စေပါသည်။ ■ နှစ်နိုင်ငံ ပညာရေးဆက်ဆံမှု မြန်မာ–ရုရှား ပညာရေးပူးပေါင်းဆောင်ရွက်မှုသည် ဆိုဗီယက်ယူနီယံခေတ်ကတည်းက စတင်ခဲ့ပြီး မြန်မာကျောင်းသား ၇,၀၀၀ ကျော် ပညာသင်ကြားခဲ့ကာ လက်ရှိတွင်လည်း ပညာသင်ဆုနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်နေပါသည်။ ■ ပညာရေးနှင့် လူသားအရင်းအမြစ် နိုင်ငံ၏ တည်ငြိမ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား၍ အခြေခံပညာ၊ အသက်မွေးဝမ်းကျောင်းပညာနှင့် အဆင့်မြင့်ပညာရေးကဏ္ဍများ တိုးတက်ရေး ဆောင်ရွက်နေပါသည်။ ■ ပညာရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ အသုံးပြုမှုကို ၁၀ ရာခိုင်နှုန်းအထိ သုံးစွဲသွားရန် ရည်မှန်းထားသည်။ ■ ပညာရပ်နှင့် သုတေသနပူးပေါင်းမှု မြန်မာ–ရုရှား နှစ်နိုင်ငံအကြား ပညာရပ်ဖလှယ်မှု၊ ပူးတွဲသုတေသန၊ ပညာတော်သင်စေလွှတ်မှုနှင့် တက္ကသိုလ်ချင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးချဲ့သွားရန် ရည်မှန်းထားသည်။ ■ အာကာသသိပ္ပံနှင့် နည်းပညာ မြန်မာအာကာသအေဂျင်စီနှင့် Plekhanov Russian University of Economics အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပြီး ယင်းကိုအခြေခံ၍ မြန်မာတက္ကသိုလ်များနှင့် အာကာသဆိုင်ရာကိစ္စရပ်များအပါအဝင် သိပ္ပံနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန် မျှော်မှန်းထားပါသည်။ ■ အနာဂတ် ပူးပေါင်းဆောင်ရွက်မှု ယခုဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းမှုနှင့် ပညာရေးဆိုင်ရာ ချိတ်ဆက်မှုများမှတစ်ဆင့် Plekhanov University နှင့် မြန်မာတက္ကသိုလ်များအကြား ပညာရေး၊ သုတေသန၊ လူသားအရင်းအမြစ်နှင့် နည်းပညာကဏ္ဍများ၌ ရေရှည်မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုချဲ့ထွင်သွားနိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား Plekhanov Russian University of Economics က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းခြင်းသည် မြန်မာ–ရုရှား နှစ်နိုင်ငံအကြား ရှည်လျားစွာတည်ရှိလာသည့် ပညာရေးဆက်ဆံမှုကို ပိုမိုခိုင်မာစေသည့် အဆင့်တစ်ရပ်ဖြစ်ပြီး ပညာရပ်ဖလှယ်ရေး၊ ပူးတွဲသုတေသန၊ ပညာတော်သင်စေလွှတ်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအပြင် အာကာသသိပ္ပံနှင့် နည်းပညာကဏ္ဍအထိ တက္ကသိုလ်နှင့် အဖွဲ့အစည်းချင်း လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့နိုင်မည့် အခြေခံတစ်ရပ် ဖြစ်လာမည်ဖြစ်ပါသည်။

၂၀၂၆ ခုနှစ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်ကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက
+4
၂၀၂၆ ခုနှစ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်ကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍အဖွင့်အမှာစကားပြောကြား #Our

၂၀၂၆ ခုနှစ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်ကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက
+9
၂၀၂၆ ခုနှစ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်ကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍အဖွင့်အမှာစကားပြောကြား #Our

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos နိုင်ငံပိုင်ကော
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့ကလာရောက်ဂါရဝပြုတွေ့ဆုံ #Our

၂၀၂၆ ခုနှစ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ် ကျင်းပ ဩဂုတ် ၁၉ ၂၀၂၆ ခုနှစ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်ကို ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ G.V. Plekhanov စီးပွားရေးတက္ကသိုလ်၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အဖွင့်အမှာစကားတွင် လက်ရှိ မြန်မာနိုင်ငံမှ ထွက်ရှိသည့် သရက်သီးအနှစ်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ၊ အဝတ်အထည်များကို ရုရှားနိုင်ငံသို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး ရုရှားနိုင်ငံမှ စက်သုံးဆီနှင့် ဓာတ်မြေဩဇာများကို အဓိကတင်သွင်းလျက်ရှိကြောင်း ပြောကြားသည်။ ထို့ပြင် မြန်မာ့ထွက်ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ရေထွက်ပစ္စည်းများကို ရုရှားနိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာ့ပေါ်ဆန်းဆန်သည် ဈေးကွက်ဝင် ထိပ်တန်းဆန်အမျိုးအစားတစ်ခုဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတက နှစ်နိုင်ငံအကြား “ယုံကြည်မှုကို အခြေခံတဲ့ မိတ်ဖက်ဆက်ဆံရေး၊ နည်းပညာကို အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးပြုသော အနာဂတ်” ကို အတူတကွ တည်ဆောက်လိုကြောင်းလည်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။ #PPIB #Our

photo content
+9

Repost from PPIB.Official
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ရုရှားနိုင်ငံ G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းသည့်မှတ်တမ်း PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

နှစ်နိုင်ငံ သမ္မတတွေ ခရင်မ္မလင် နန်းတော်မှာ တွေ့ဆုံတဲ့အခါ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်င
နှစ်နိုင်ငံ သမ္မတတွေ ခရင်မ္မလင် နန်းတော်မှာ တွေ့ဆုံတဲ့အခါ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ကို "наш дорогой друг" (ကျွန်ုပ်တို့၏ ချစ်လှစွာသော သူငယ်ချင်း) လို့ သုံးနှုန်းသွားတာဟာ ရုရှား သံတမန်ရေးရာ စကားပြောဟန်မှာ ဒီအသုံးအနှုန်းဟာ အလွန်ရင်းနှီးပြီး မဟာဗျူဟာမြောက် ချစ်ကြည်ရင်းနှီးမှုကို ပြသလိုတဲ့အခါ သုံးလေ့ရှိတဲ့ ထိပ်တန်းအဆင့် လေးစားသမှုပြ သုံးနှုန်းမှုဖြစ်ပါတယ်။ သံတမန်ရေးရာ အဓိပ္ပာယ်သက်ရောက်မှုအနေနဲ့ကတော့ ပုံမှန် သံတမန်အခေါ်အဝေါ် ("Mr. President", "Excellency") များထက် ပိုမို ရင်းနှီး စိတ်ချရသော မဟာမိတ်ဖြစ်ကြောင်း ပြသခြင်းဖြစ်ပါတယ်။ နိုင်ငံတကာ အခင်းအကျင်းမှာ အချင်းချင်း အပြည့်အဝ ထောက်ခံရပ်တည်ကြောင်း သတင်းစကားပါးလိုသည့်အခါ အသုံးပြုလေ့ရှိပါတယ်။ ဒီလိုသံတမန် အသုံးအနှုန်းကို၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က ကျပတဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန် (Xi Jinping) နဲ့ မော်စကို ခရင်မ္မလင် နန်းတော်မှာ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) နဲ့ ၂၂ ကြိမ်မြောက် ရုရှား-အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲနှင့် တရားဝင် စကားပြောဆိုမှုတွေမှာ သုံးနှုန်းခဲ့ဖူးပါတယ်။ တစ်နည်းအားဖြင့် အခုလို သုံးနှုန်းမှုဟာ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ အတိမ်အနက်နဲ့ မဟာဗျူဟာမြောက် နီးကပ်မှုကို တိုက်ရိုက် ဖော်ပြနေတာလည်း ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်း ဩဂုတ် ၁၉ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်
+5
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်း ဩဂုတ် ၁၉ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား Plekhanov Russian University of Economics က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းခဲ့ကြောင်း သိရသည်။ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းသည့်အခမ်းအနားကို ဩဂုတ် ၁၉ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Plekhanov Russian University of Economics ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကို လက်ခံရယူခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတက ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ #Our

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင် တို့ မီဒီယာများနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံပူးတွဲကြေညာချက်များနှင့် အပြန်အလှန််ပြောကြားချက်များ #Our

အားကစားနှင့် ယဉ်ကျေးမှု အားကစားဆိုင်ရာ MoU အရ လှေလှော်အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်နှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ တိုးမြှင့်ရေး။ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု EAEU နှင့် BRICS တို့နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ရုရှား၏ ထောက်ခံကူညီမှု ရယူရေး။ ASEAN အခြေခံမူဝါဒများနှင့်အညီ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး။ ကုလသမဂ္ဂနှင့် နိုင်ငံတကာမျက်နှာစာများတွင် အပြန်အလှန်ထောက်ခံပူးပေါင်းရေး။

Repost from PPIB.Official
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရ
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အပြီးတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင် ခရီးစဉ် ဆက်လက်သွားရောက်မည်ဖြစ်သည်။ At the invitation of His Excellency Mr. Aleksandr Lukashenko, President of the Republic of Belarus, His Excellency U Min Aung Hlaing, President of the Republic of the Union of Myanmar, will pay an Official Visit to the Republic of Belarus following his Official Visit to the Russian Federation. PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)