မြန်မာ - ကမ္ဘောဒီးယားခေါင်းဆောင်နှစ်ဦး ဟနွိင်း၌ တွေ့ဆုံဆွေးနွေး
ဗီယက်နမ်နိုင်ငံ၊ ဟနွိင်းမြို၌ ဒေသတွင်း ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်တို့သည် ယနေ့ နိုဝင်ဘာ ၂၈ ရက်၊ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
နိုင်ငံတော်သမ္မတသည် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးတိုကို တက်ရောက်ရန် ဟနွိင်းမြိုသို ရောက်ရှိနေခြင်းဖြစ်သည်။
ဒေသတွင်းနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေးများ တိုးမြှင့်ရေးဆိုင်ရာ များကို ဆွေးနွေးခဲ့ကြသည်။
#MyanmarPresident #CambodiaPrimeMinister #MyanmarCambodia #Vietnam #Hanoi #ACMECS #CLMV #ASEAN #RegionalSummit
PPIB Links
Youtube | Tiktok | Telegram | Website
27 نوفمبر, 23:35
