Our President 🇲🇲
Ir al canal en Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။
Mostrar másEl país no está especificadoLa categoría no está especificada
216
Suscriptores
Sin datos24 horas
-17 días
-230 días
Archivo de publicaciones
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲရုရှားဖက်ဒရေးရှင်းနိုင်ငံမှတစ်ဆင့် ဘယ်လာရုစ်နိုင်ငံသို့ တရားဝင် ခရီးစဉ် ရောက်ရှိသည့် မှတ်တမ်း
#PPIB
#Our
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ မင့်စ်မြို့ Victory Monument တွင် ဂုဏ်ပြုလွမ်းသူ့ပန်းခွေချ
ဘယ်လာရုစ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ယနေ့ ဩဂုတ် ၂၀ ရက်တွင် မင့်စ်မြို့ရှိ Victory Monument သို့ သွားရောက်၍ ကျဆုံးခဲ့သည့်သူရဲကောင်းများအား ဂုဏ်ပြုလွမ်းသူ့ပန်းခွေချခဲ့သည်။
#HOS
မြန်မာနိုင်ငံတွင်လိုအပ်သည့် ကုန်ပစ္စည်းများ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး နည်းပညာလွှဲပြောင်းပေးမည်ဟု ဘယ်လာရုစ်ဝန်ကြီးချုပ် ပြော
ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍများသည် အပြိုင်အဆိုင်မဟုတ်၊အပြန်အလှန်ဖြည့်ဆည်းပေးနေတာဖြစ်ကြောင်း၊ အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန် သံန္နိဋ္ဌာန် ချထားကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန် အကန့်အသတ်မရှိကြောင်း နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံအဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ဘယ်လာရုစ်ဝန်ကြီးချုပ် H.E. Mr. Aleksandr Turchin က ပြောကြားခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၌လိုအပ်သည့် ကုန်ပစ္စည်းများကို ဘယ်လာရုစ်မှ တင်ပို့ရောင်းချရုံသာမက မြန်မာနိုင်ငံအတွင်း၌ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နည်းပညာလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ရန် တိကျသော အချိန်ဇယားရှိပါကြောင်း ယနေ့ ဩဂုတ် ၂၀ ရက်က မင့်စ်မြို့၌ ကျင်းပသည့် ဘယ်လာရုစ်-မြန်မာ စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့ပါသည်။ ဘယ်လာရုစ်ဝန်ကြီးချုပ်မှ အဓိကထား ပြောကြားခဲ့သည်များမှာ -
မြန်မာနှင့် ဘယ်လာရုစ်အကြား ပထဝီအကွာအဝေးသာ ခြားနားသော်လည်း တူညီမှုများစွာရှိကြောင်း။
မြန်မာနိုင်ငံလိုအပ်သည့် ကုန်ပစ္စည်းများကို ရောင်းချခြင်းတစ်ခုတည်းမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နိုင်ရန် နည်းပညာလွှဲပြောင်းပေးပြီး စက်ရုံနှင့် ထုတ်လုပ်မှုလုပ်ငန်းများ ဖော်ဆောင်ရန် တိကျသည့်အချိန်ဇယားဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၌ လယ်ယာသုံး Tractor များ ထုတ်လုပ်နိုင်ရေးကို ၂၀၂၇ ခုနှစ်အစပိုင်းတွင် စတင်နိုင်ရန် ရည်မှန်းထားပြီး မြို့ပြသုံးယာဉ်များနှင့် စက်ယန္တရားများ ထုတ်လုပ်ရေးကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းရန် အသင့်ရှိသကဲ့သို့ လမ်း၊ တံတား၊ လူနေအိမ်နှင့် အခြားဆောက်လုပ်ရေးလုပ်ငန်းများတွင် ဘယ်လာရုစ်၏ အတွေ့အကြုံနှင့် နည်းပညာများဖြင့် ပါဝင်ဆောင်ရွက်လိုကြောင်း။
မြန်မာနိုင်ငံ၌ ဖိနပ်နှင့် သားရေဆက်စပ်ပစ္စည်း စက်ရုံများ တည်ထောင်၍ နည်းပညာနှင့် ကျွမ်းကျင်မှုများ လွှဲပြောင်းပေးရန်၊ ထုတ်လုပ်သည့်ကုန်ပစ္စည်းများကို မြန်မာဈေးကွက်သာမက အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်ရန် ရည်ရွယ်ကြောင်း။
ဘယ်လာရုစ်ဘက်က ရော်ဘာအပါအဝင် မြန်မာ့ကုန်ကြမ်းနှင့် လယ်ယာထွက်ကုန်များ ပိုမိုဝယ်ယူရန် စိတ်ဝင်စားပြီး အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း။
အရည်အသွေးရှိသည့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို သင့်တင့်သည့်ဈေးနှုန်းဖြင့် ဖြည့်ဆည်းပေးပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ထုတ်လုပ်နိုင်ရေး Localization ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း။
နေပြည်တော်၌ Technology Park ဆောင်ရွက်နိုင်ကြောင်း၊ သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးနည်းပညာ၊ AI နှင့် အာကာသနည်းပညာကဏ္ဍများတွင် ဘယ်လာရုစ်ဘက်က နည်းပညာပံ့ပိုးပေးရန် အသင့်ရှိကြောင်း။
စက်ရုံများနှင့် နည်းပညာများ ပေးအပ်ခြင်းနှင့်အတူ မြန်မာနိုင်ငံတွင် နည်းပညာကျွမ်းကျင်သူများ မွေးထုတ်နိုင်ရေး အရေးကြီးပြီး ဘယ်လာရုစ်တက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများမှတစ်ဆင့် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း။
စီမံကိန်းများ လက်တွေ့အကောင်အထည်ဖော်ရာတွင် ငွေကြေးနှင့် ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု အရေးကြီးပြီး နှစ်နိုင်ငံအကြား ကုန်ပစ္စည်းများ ချောမွေ့စွာစီးဆင်းနိုင်မည့် လမ်းကြောင်းများကိုလည်း စဉ်းစားပြင်ဆင်ထားပြီးဖြစ်ကြောင်း။
နှစ်နိုင်ငံအကြားရှိ အဆင့်မြင့်နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့စီးပွားရေးအကျိုးရလဒ်များအဖြစ် ပြောင်းလဲဖော်ဆောင်ပြီး သဘောတူထားသည့် စီမံကိန်းများကို အမြန်ဆုံး စတင်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။
#DrKhaingKhaingSoe
မြန်မာ–ဘယ်လာရုစ် မဟာဗျူဟာမြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်၊ စိုက်ပျိုးရေး၊ စက်မှု၊ စွမ်းအင်နှင့် နည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်သမ္မတ ဖိတ်ခေါ်
မြန်မာ–ဘယ်လာရုစ် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုကို အခြေခံ၍ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကို မဟာဗျူဟာမြောက် အဆင့်သို့ တိုးမြှင့်သွားမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်မှု၊ စက်မှုကုန်ထုတ်လုပ်မှု၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ ဒီဂျစ်တယ်နည်းပညာနှင့် အထူးစီးပွားရေးဇုန်များတွင် ဘယ်လာရုစ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာ–ဘယ်လာရုစ် နှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲတွင် ဖိတ်ခေါ်ပြောကြားခဲ့ပါသည်။ မိန့်ခွန်းကောက်နုတ်ချက်များမှာ -
၁။ မြန်မာ–ဘယ်လာရုစ် မိတ်ဖက်ဆက်ဆံရေး
နှစ်နိုင်ငံသည် ၁၉၉၉ ခုနှစ် စက်တင်ဘာလမှစ၍ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ၂၆ နှစ်ကျော်ကြာ ဆက်ဆံရေး ရှိပြီဖြစ်ကြောင်း။
မင့်စ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို မြန်မာသံရုံးအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး၏ အရေးပါသည့် မှတ်တိုင်တစ်ရပ်ဖြစ်ကြောင်း။
ချစ်ကြည်ရေးကို စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့အကျိုးရလဒ်များအဖြစ် ပြောင်းလဲဖော်ဆောင်ရန် အလေးထားကြောင်း။
၂။ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင်
မြန်မာ–ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး လမ်းပြမြေပုံ (၂၀၂၆–၂၀၂၈) ကို အတည်ပြုလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း။
စက်မှု၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဘဏ်လုပ်ငန်း၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း။
နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အပြန်အလှန်အကာအကွယ်ပေးရေး သဘောတူစာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
B2B ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးတွဲစီမံကိန်းများကို တိုးမြှင့်ဖော်ဆောင်ရန် အားပေးဆောင်ရွက်မည်ဖြစ်ကြောင်း။
၃။ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍ
မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍကို Smart Agriculture စနစ်သို့ ကူးပြောင်းရာတွင် ဘယ်လာရုစ်၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ပါကြောင်း။။
Farming မှ Food Processing အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ပူးပေါင်းဆောင်ရွက်ရန် အလေးထားကြောင်း။
ဘယ်လာရုစ်၏ လယ်ယာသုံးစက်ပစ္စည်း၊ စက်ယန္တရားနှင့် အကြီးစားစက်ပစ္စည်းများကို မြန်မာနိုင်ငံ၌ ပူးတွဲထုတ်လုပ်ရေး ဖိတ်ခေါ်ပါကြောင်း။
နို့နှင့်နို့ထွက်ပစ္စည်း၊ ဆေးဝါးနှင့် ဆေးပစ္စည်း၊ လူသုံးကုန်ထုတ်လုပ်ရေးတို့တွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများရှိကြောင်း။
၄။ စွမ်းအင်နှင့် အခြေခံအဆောက်အအုံ
ရေအားလျှပ်စစ်၊ နေရောင်ခြည်၊ လေစွမ်းအင်နှင့် ဇီဝစွမ်းအင်အပါအဝင် စွမ်းအင်စီမံကိန်းများတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ကြောင်း။
ခေတ်မီသိုလှောင်ရုံ၊ အအေးခန်း၊ ကုန်စည်ပို့ဆောင်ရေးနှင့် Logistics အခြေခံအဆောက်အအုံများတွင် ပူးပေါင်းရင်းနှီးမြှုပ်နှံနိုင်ကြောင်း။
အဆင့်မြင့်နည်းပညာအသုံးပြု၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချနိုင်သည့် စွမ်းအင်စီမံကိန်းများ ဖော်ဆောင်နိုင်ရေး အလေးထားကြောင်း။
၅။ Digital Economy & Technology
ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ AI အသုံးချမှု၊ Digital Payment နှင့် Innovation ကဏ္ဍများတွင် ဘယ်လာရုစ်ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ကြောင်း။
ရတနာပုံဆိုက်ဘာစီးတီးကို နည်းပညာနှင့် ဒီဂျစ်တယ်လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံနိုင်သည့် အခြေခံအဆောက်အအုံတစ်ရပ်အဖြစ် ဖွင့်လှစ်ပေးထားကြောင်း။
၆။ အထူးစီးပွားရေးဇုန်နှင့် အကြီးစားစက်မှု
သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ၃ ခု တွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှိကြောင်း။
ထားဝယ်အထူးစီးပွားရေးဇုန်တွင် တာယာ၊ အကြီးစားစက်ပစ္စည်းနှင့် အကြီးစားကုန်တင်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဘယ်လာရုစ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်ကြောင်း။
တနင်္သာရီဒေသတွင် သတ္တုတူးဖော်သန့်စင်ရေးနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း။
၇။ ASEAN–EAEU ချိတ်ဆက်မှု
မြန်မာနိုင်ငံ၏ ASEAN နှင့် RCEP ဈေးကွက်ချိတ်ဆက်မှု၊ ဘယ်လာရုစ်၏ EAEU အဖွဲ့ဝင်နိုင်ငံအဖြစ် အားသာချက်တို့ကို အသုံးချ၍ ဈေးကွက်နှစ်ခုအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ကြောင်း။
မြန်မာနိုင်ငံကို အာရှဈေးကွက်သို့ ဝင်ရောက်နိုင်သည့် တံခါးပေါက်၊ ဘယ်လာရုစ်ကို EAEU ဈေးကွက်သို့ ဝင်ရောက်နိုင်သည့် တံခါးပေါက်အဖြစ် အသုံးချကာ Win-Win Economic Partnership ဖော်ဆောင်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။
#DrKhaingKhaingSoe
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့ နံနက်ပိုင်းတွင် မော်စကိုမြို့ မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Viktor Karankevich နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး၊ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။
လေဆိပ်၌ နိုင်ငံတော်သမ္မတအား ဘယ်လာရုစ်နိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့် အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့သည်။
#HOS
#Our
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံ၊မင့်စ်မြို့ရှိ Victory Monument တွင် ဂုဏ်ပြုလွမ်းသူ့ပန်းခွေချ
ဘယ်လာရုစ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ယနေ့ ဩဂုတ် ၂၀ ရက်တွင် မင့်စ်မြိုရှိ Victory Monument သို သွားရောက်၍ ကျဆုံးခဲ့သည့်သူရဲကောင်းများအား ဂုဏ်ပြုလွမ်းသူ့ပန်းခွေချခဲ့သည်။
#PPIB
#Our
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်သို့တက်ရောက်အဖွင့်အမှာစကားပြောကြား
နေပြည်တော်၊ ဩဂုတ် - ၂၀
မြန်မာ -ဘယ်လာရုစ် စီးပွားရေးဖိုရမ်အား ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် မင့်စ်မြို၊ President ဟိုတယ်၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားသည်။
#PPIB
#Our
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Alexander Turchin ကဂါရဝပြုတွေ့ဆုံ
နေပြည်တော်၊ ဩဂုတ် - ၂၀
ဘီလာရုသမ္မတနိုင်ငံ၊ မင့်စ်မြိုသို တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိင် ထံ ဘီလာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Alexander Turchin က ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မင့်စ်မြို၊ President ဟိုတယ်၌ ဂါရဝပြုတွေ့ဆုံသည်။
#PPIB
#Our
+8
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့ နံနက်ပိုင်းတွင် မော်စကိုမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲအား ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Viktor Karankevich နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး၊ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။
#PPIB
#Our
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင် ခရီးစဉ်
#Our
+2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့်စစ်သံရုံးမိသားစုများနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်
#Our
+5
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံမှတစ်ဆင့် ဘယ်လာရုစ်နိုင်ငံသို တရားဝင်ခရီးစဉ် ဆက်လက်ထွက်ခွာ
နေပြည်တော်၊ ဩဂုတ် - ၂၀
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြား ချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် တရားဝင်ခရီးစဉ် ရောက်ရှိနေ သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြသည်။
နိုင်ငံတော်သမ္မတဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ရုရှားနိုင်ငံ အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ပို့ ဆောင် နှုတ်ဆက်ကြသည်။
#PPIB
#Our
Repost from PPIB.Official
ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၃)
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဩဂုတ် ၁၉ ရက်နေ့ ခရီးစဉ်အတွင်း ဆောင်ရွက်ခဲ့သည့် အရေးပါသော လှုပ်ရှားမှုများ၊ မြန်မာ-ရုရှား နှစ်နိုင်ငံ ပညာရေး၊ စီးပွားရေးနှင့် အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက်များကို “ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၃)” အဖြစ် စုစည်းတင်ဆက်ထားပါသည်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
Repost from PPIB.Official
၂၀၂၆ ခုနှစ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်ကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြား
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
+1
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြစ်တစ်လျှောက် လှည့်လည်ကြည့်ရှုလေ့လာ
နေပြည်တော်၊ ဩဂုတ် - ၂၀
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့်အတူ ညနေပိုင်းတွင် မော်စကိုမြစ်အတွင်း ရှုခင်းကြည့်သင်္ဘောဖြင့် လိုက်ပါစီးနင်းကာ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် စနစ်တကျ မြို့ပြဖွံ့ဖြိုးတိုးတက်မှု ၊ မြစ်ကြောင်းများ ထိန်းသိမ်းထားရှိမှုနှင့် မြစ်ကမ်းတစ်လျှောက် Green Zone များ စနစ်တကျ ဖော်ဆောင်ထားရှိမှုတို့ကို ကြည့်ရှုလေ့လာကြသည်။
မော်စကိုမြစ်သည် မြို့တော်မော်စကို၏ အသက်သွေးကြောတစ်ခုဖြစ်ပြီး မြို့ပြရေပေးဝေရေးနှင့် စက်မှုလုပ်ငန်းများအတွက် အရေးပါသည့် မြစ်တစ်စင်းဖြစ်သည်။ မြစ်တစ်လျှောက် အပျော်စီးသင်္ဘောများနှင့် ကမ်းခြေပန်းခြံများရှိသဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ခရီးသွားလုပ်ငန်းအချက်အချာတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
#PPIB
#Our
+6
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများနှင့် သင်တန်းသားများ အားတွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ ဩဂုတ် - ၁၉
ကောင်းမွန်သည့်နိုင်ငံရေးလမ်းကြောင်းကို ဆောင်ရွက်နေချိန်တွင် နိုင်ငံတော် အတွက် ခိုင်ခိုင်မာမာဖြင့်တာဝန်ထမ်းဆောင်လိုသည့်စိတ်၊ မိမိတို့နိုင်ငံကိုထိလျှင် မြန်မာဆိုသည့်စိတ်ဖြင့် ကာကွယ်လိုစိတ်၊ နိုင်ငံအတွက်ကောင်းမွန်စေလိုသည့် စေတနာစိတ်များဖြင့် နိုင်ငံ့တာဝန်များကို ကျေပွန်စွာဖြင့် ထမ်းဆောင် ကြစေလိုကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ဖြစ်စဉ်ဖြစ်ရပ်မှန်နှင့် သမိုင်းမှန် များကို သိရှိအောင်ဆောင်ရွက်ကြပြီး မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းများနှင့် အခြေအနေ မှန်များကိုမသိရှိသည့် နိုင်ငံတကာမှ ကျောင်းသားများအား သိရှိအောင်ဆောင်ရွက်ကြရန် လိုကြောင်း ဖြင့် အမှာစကားပြောကြားသည်။
#PPIB
#Our
+9
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ Space Museum သို့ သွားရောက်ကြည့်ရှုလေ့လာ
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့ ဩဂုတ် ၁၉ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် မော်စကိုမြို့ရှိ Space Museum သို့ သွားရောက်၍ ကြည့်ရှုလေ့လာကြသည်။
#PPIB
#Our
+9
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ Space Museum သို့ သွားရောက်ကြည့်ရှုလေ့လာ
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့ ဩဂုတ် ၁၉ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် မော်စကိုမြို့ရှိ Space Museum သို့ သွားရောက်၍ ကြည့်ရှုလေ့လာကြသည်။
#PPIB
#Our
