Our President 🇲🇲
الذهاب إلى القناة على Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။
إظهار المزيدلم يتم تحديد البلدالفئة غير محددة
216
المشتركون
لا توجد بيانات24 ساعات
-17 أيام
-230 أيام
أرشيف المشاركات
ယုံကြည်မှုကို အခြေခံတဲ့ မိတ်ဖက်ဆက်ဆံရေး၊ နည်းပညာကို အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးပြုသောအနာဂတ်ကို အတူတကွတည်ဆောက်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
ဩဂုတ် ၁၉ ရက်နေ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ် ရုရှား-မြန်မာစီးပွားရေးဖိုရမ်သို့ နိုင်ငံတော်သမ္မတ တက်ရောက်၍အမှာစကားပြောကြားသည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ သယံဇာတကြွယ်ဝမှု၊ မဟာဗျူဟာကျသောတည်နေရာနှင့် ရုရှားနိုင်ငံ၏နည်းပညာ၊အတွေ့အကြုံတို့ ပေါင်းစပ်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား ရေရှည်တည်တံ့ပြီး အပြန်အလှန်အကျိုးပြုသော စီးပွားရေး အောင်မြင်မှုများရရှိနိုင်မည့်အလားအလာကြီးမားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်ရုရှားနိုင်ငံကို ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးခရီးလမ်းတွင်ယုံကြည်စိတ်ချရသော မဟာဗျူဟာမြောက် စီးပွားရေးမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား“ယုံကြည်မှုကို အခြေခံတဲ့ မိတ်ဖက်ဆက်ဆံရေး၊ နည်းပညာကို အခြေခံတဲ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးပြုသောအနာဂတ်” ကို အတူတကွတည်ဆောက်လိုပါကြောင်းဖြင့်ပြောကြားခဲ့သည်။
#HOS
#Our
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လာရုစ်နိုင်ငံကနေ အတတ်နိုင်ဆုံး အားဖြည့်ကူညီပေးမယ်ဆိုတဲ့ အနေအထားဖြစ်ပါတယ်။
မေး ။ ။ သမ္မတကြီးရဲ့ နိုင်ငံတကာဆက်ဆံရေးအပေါ် ဘယ်လိုမျိုးပြောပြချင်ပါသလဲ။
ဖြေ ။ ။ ဒီနေ့ဆိုရင် နိုင်ငံတော်အစိုးရသစ်တက်လာတာ ၁၃၆ ရက်ရှိပါပြီ၊ ဒီနေ့မပါဆိုရင် ၁၃၅ ရက်အတွင်းမှာ နိုင်ငံတော်သမ္မတကြီးက နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်လို့ နိုင်ငံပေါင်း ခြောက်နိုင်ငံကို သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။ သမ္မတကြီးက ခြောက်နိုင်ငံမှာ အားလုံးမိုင်ပေါင်း ၂၀၀၀၀ နီးပါးခရီးသွားခဲ့ပါတယ်။ ဒီခရီးစဉ်တွေအတွင်း တရုတ်၊ အိန္ဒိယနဲ့ ရုရှားစတဲ့ ကမ္ဘာ့နိုင်ငံကြီး သုံးနိုင်ငံ အပါအဝင် ခြောက်နိုင်ငံလုံးက Head of State ၊ Head of Government ၊ လွှတ်တော်၊ Regional level ၊ Ministerial level ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီခရီးစဉ်တွေကနေ အပြန်အလှန်ယုံကြည်မှုတွေ တည်ဆောက်နိုင်ခဲ့ပါတယ်။ မဟာဗျူဟာ မြောက်ဆက်ဆံရေးကို အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။
မေး ။ ။ ရုရှားသမ္မတကြီးနဲ့ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့အတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သိပါရစေ။
ဖြေ ။ ။ လောလောဆယ်တော့ ကျွန်မဘက်က ဒါနဲ့ပတ်သက်လို့ အသေးစိတ်မပြောနိုင်ပါဘူး။ ဆွေးနွေးခဲ့တာတော့ ဟုတ်ပါတယ်။ ဒါကလည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့အတွက် ဖြစ်ပါ တယ်။ ကျွန်မသိသလောက်တော့ Mini ပါ။
သတင်းအဖွဲ့
မေး ။ ။ အာကာသနဲ့ ဂြိုဟ်တုနည်းပညာနဲ့ပတ်သက်ပြီး ဘယ်လိုသဘောတူညီချက်တွေကို ဖော်ဆောင်နိုင်ခဲ့ပါသလဲ။
ဖြေ ။ ။ အာကာသဂြိုဟ်တုနည်းပညာနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့တာတွေအများကြီးပါ၊ အဓိကတော့လေးခုပါ။ ၂၀၂၈ ခုနှစ်မှာ ကျွန်မတို့မြန်မာနိုင်ငံက အာကာသယာဉ်မှူးကို အာကာသယာဉ်နဲ့စေလွှတ်နိုင်ရေး၊ ဒါက အဓိကအရေးအကြီးဆုံးအချက်ပါ။ ဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ်ရေး Station မြန်မာနိုင်ငံမှာတည်ဆောက်ဖို့၊ GNSS Station တည်ဆောက်ဖို့ဆွေးနွေးခဲ့ပါတယ်။ အာကာသကနေ ကမ္ဘာမြေအနီးမှာ အာကာသအန္တရာယ် ကျရောက်နိုင်တဲ့အရာတွေကိုစောင့်ကြည့်ပြီး ကာကွယ်ဖို့အတွက် Station တည်ဆောက်ဖို့၊ အဲဒီ လေးခုကို ကျွန်မတို့ MoU ရေးထိုးနိုင်ခဲ့ပါတယ်။
မေး ။ ။ Plekhanov Economics University က နိုင်ငံတော်သမ္မတကြီးကို ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ချီးမြှင့်ခဲ့တယ်။ ဒီဟာက မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်တယ်ဆိုတာသိပါရစေ။
ဖြေ ။ ။ Plekhanov Economics University က ကျွန်မတို့ရဲ့သမ္မတကြီးကို ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။ ဒါတကယ်တော့ ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ထိတွေ့ဆက်ဆံမှုရဲ့ အစကနဦးလို့ပြောလို့ရပါတယ်။ အခုလိုချီးမြှင့်လိုက်တဲ့အတွက် ကျွန်မတို့ပညာရေးကဏ္ဍရင်းနှီးသွားတယ်။ ကျွန်မတို့ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် အဲဒီစီးပွားရေးတက္ကသိုလ်မှာ ဂုဏ်ထူးဆောင်ပါမောက္ခဖြစ်တယ်၊ အဲဒီတော့ ကျောင်းသားအချင်းချင်းထိတွေ့ဆက်ဆံရေး၊ တက္ကသိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ လူငယ်အချင်းချင်းထိတွေ့ဆက်ဆံရေး၊ နောက်တစ်ခါ ပညာရှင်ဖလှယ်ရေး၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ scholarship ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ရေး၊ ဒါတွေအားလုံးအတွက် လမ်းစပွင့်သွားပြီ၊ ကျွန်မတို့နိုင်ငံရဲ့လူငယ်တွေ အနာဂတ်အတွက် အခွင့်အလမ်းလို့ ပြောလို့ရပါတယ်။
မေး ။ ။ ဘယ်လာရုစ်နိုင်ငံနဲ့ဆွေးနွေးခဲ့တဲ့ အဓိကအကြောင်းအရာတွေကိုလည်း သိပါရစေ။
ဖြေ ။ ။ ကျွန်မတို့ နိုင်ငံတော်သမ္မတကြီးက ဘယ်လာရုစ်နိုင်ငံသမ္မတကြီးနဲ့ အခုခရီးစဉ်အတွင်း နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့တဲ့အပြင် ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့မှာ စီးပွားရေးဖိုရမ်ပြုလုပ်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တကယ်တော့ ဘယ်လာရုစ်နိုင်ငံက ကျွန်မတို့နိုင်ငံလိုပဲ စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့နိုင်ငံပါ။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်မှုကိုပူးပေါင်းပြီးတော့ ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာက စိုက်ပျိုးမြေဧရိယာ ၃၃ သန်းကျော်ရှိပါတယ်။ လုပ်သားအင်အားကလည်း အလုံအလောက်ရှိပါတယ်။ ဒါက ကျွန်မတို့ရဲ့အားသာချက်ပါ။ ဘယ်လာရုစ်နိုင်ငံရဲ့ အားသာချက်ကျတော့ စိုက်ပျိုးမွေးမြူရေးနဲ့ပတ်သက်တဲ့ နည်းပညာတွေရှိပါတယ်။ နောက်တစ်ခါ သူတို့မှာဓာတ်မြေဩဇာစက်ရုံတွေရှိပါတယ်။ လယ်ယာထုတ်ကုန်ပစ္စည်းကိရိယာတွေ၊ ဒါက တကယ့်ကမ္ဘာမှာ နာမည်ကျော်တဲ့ပစ္စည်းတွေ ထုတ်နေတာဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လာရုစ်နိုင်ငံရဲ့အားသာချက်နဲ့ ကျွန်မတို့နိုင်ငံရဲ့ အားသာချက် ပူးပေါင်းပြီးတော့မှ ကျွန်မတို့ ဒီ farming ကနေ food processing အထိကို ပူးပေါင်းဆောင်ရွက်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့အတွက် သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။ ဒါ့အပြင် သမ္မတကြီးက ထားဝယ်ရေနက်ဆိပ်ကမ်းမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့၊ စက်ရုံတွေဆောက်ဖို့၊ တာယာစက်ရုံတို့၊ ကုန်တင်ယာဉ်အကြီးစားတွေဆောက်ဖို့၊ သီလဝါစီးပွားရေးဇုန်မှာလည်း လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေးခဲ့ပါတယ်။
မေး ။ ။ မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်ရေး ၂၀၂၆-၂၀၂၈ Roadmap နဲ့ ပတ်သက်ပြီးတော့လည်း သိပါရစေ။
ဖြေ ။ ။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေလုပ်တဲ့အချိန်မှာ မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်ရေး ၂၀၂၆-၂၀၂၈ Roadmap ဆိုတာရှိပါတယ်။ အဲဒီ Roadmap မှာ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကဏ္ဍစုံပါပါတယ်။ ဒီ Roadmap အတိုင်းကို အလေးထားပြီးဆောင်ရွက်ဖို့ နှစ်နိုင်ငံသမ္မတတွေက အလေးထားပြီးပြောကြားခဲ့ပါတယ်။ Timeline ကိုလည်း သူ့ Timeline နဲ့ အတိအကျသွားဖို့၊ အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်။ နောက်တစ်ခုကတော့ ဘယ်လာရုစ်နိုင်ငံဝန်ကြီးချုပ်က ပြောကြားဆွေးနွေးတာက ကျွန်မတို့ဟာ အပြိုင်အဆိုင်စီးပွားရေးလုပ်တာမဟုတ်ပါဘူး။ ဒီနှစ်နိုင်ငံက အပြန်အလှန် အကျိုးတူပူးပေါင်းဆောင်ရွက်တာပါ။ ဒီတစ်ချက်ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးမှာ ဘယ်လာရုစ်နိုင်ငံက အကန့်အသတ်လုံးဝမရှိဘူး၊ အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုတွေကို ဆောင်ရွက်သွားမယ်။ နောက်တစ်ခုက မြန်မာနိုင်ငံကို တခြားမိတ်ဆွေနိုင်ငံတွေနဲ့မတူဘဲ မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ ကုန်ပစ္စည်းတွေကို ကျွန်မတို့ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့အထိကို သူတို့ကူညီဆောင်ရွက်သွားမယ်၊ အပြန်အလှန် အကျိုးတူပူးပေါင်းဆောင်ရွက်သွားမယ်၊ ဈေးကွက်တစ်ခုအနေနဲ့သာ ရှုမြင်တာမဟုတ်ဘဲ ကျွန်မတို့မိတ်ဆွေရင်းချာနိုင်ငံတွေအဖြစ် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးပြောပါတယ်။ ဒါကျွန်မတို့နိုင်ငံ
ထားဝယ်ရေနက်ဆိပ်ကမ်း၊ စွမ်းအင်၊ အာကာသနှင့် နည်းပညာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ဖိတ်ခေါ်ခဲ့ပြီး မြန်မာပြည်သူပြည်သားတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိဖို့ များစွာအထောက်အကူပြုမှာဖြစ်ပါတယ်...
ဒေါက်တာ ခိုင်ခိုင်စိုး (ဒုတိယဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့မှုနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့မှုတို့နှင့်စပ်လျဉ်း၍ မီဒီယာများ၏မေးမြန်းမှုများအပေါ် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုးက ရှင်းလင်းဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည်-
မေး။ ။ အခုသွားရောက်ခဲ့တဲ့ ရုရှားနိုင်ငံခရီးစဉ်ကနေ ဘယ်လိုမျိုးအကျိုးကျေးဇူးတွေ ရရှိခဲ့တယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ ရုရှားခရီးစဉ်မှာ မြန်မာနဲ့ရုရှားနှစ်နိုင်ငံ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ယုံကြည်လေးစားမှု ဒါတွေကို မြှင့်တင်နိုင်ခဲ့ပါတယ်။ ဒါ့ပြင် နိုင်ငံရဲ့ စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှု၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အာကာသနှင့် နည်းပညာကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ စွမ်းအင်ကဏ္ဍတွေနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ကျွန်မတို့ Head of State အချင်းချင်း၊ Head of Government ၊ Ministry level ၊ University level အချင်းချင်း စသည်ဖြင့် အဆင့်စုံ ဆွေးနွေးနိုင်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးဆိုရင် Meeting ပေါင်း ၁၅ ခု ဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။ ဒီခရီးစဉ်မှာ G to G MoU ၁၂ ခု ရေးထိုးနိုင်ခဲ့ပါတယ်။
မေး ။ ။ သမ္မတနှစ်ဦးရဲ့တွေ့ဆုံမှုက နှစ်နိုင်ငံဆက်ဆံရေးအတွက် ဘယ်လောက်ထိ အရေးပါပါသလဲ။
ဖြေ။ ။ တစ်နည်းအားဖြင့် နိုင်ငံ့ခေါင်းဆောင်နှစ်ဦးပုဂ္ဂိုလ်ရေးရင်းနှီးခင်မင်မှု၊ ဒီကနေမှတစ်ဆင့် အဆင့်မြင့်ဆွေးနွေးမှုကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီအဆင့်မြင့်ဆွေးနွေးမှုတွေကနေတစ်ဆင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ရုရှားသမ္မတကြီးပြောကြားတာက နှစ်နိုင်ငံဆက်ဆံရေးဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန် ယုံကြည်လေးစားမှု၊ တစ်နိုင်ငံရဲ့ပြည်တွင်းရေးကိုတစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ဖို့၊ တစ်နိုင်ငံရဲ့အချုပ်အခြာအာဏာကို တစ်နိုင်ငံကလေးစားဖို့၊ နောက်တစ်ခါ International မျက်နှာစာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံအပြန်အလှန်အမှီသဟဲပြုပြီး အပြန်အလှန်ထောက်ပံ့ကူညီဖို့ ဒါတွေကိုဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလည်း အရှေ့တောင်အာရှမှာ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေရင်းနိုင်ငံတစ်ခုလို့ သတ်မှတ်ထားတယ်လို့လည်းဆိုပါတယ်။ ဒါဟာ ကျွန်မတို့ ဒီခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုကနေတစ်ဆင့် မဟာဗျူဟာမြောက်ဆက်ဆံရေး၊ တစ်နည်းအားဖြင့် ရေရှည်အကျိုးတူပူးပေါင်းဆောင်ရွက်ရေးအတွက် အများကြီးအထောက်အကူပြုတယ်လို့ဆိုနိုင်ပါတယ်။
မေး ။ ။ ဒီခရီးစဉ်က မြန်မာနိုင်ငံရဲ့စီးပွားရေးအတွက် လက်တွေ့ရရှိမယ့် အကျိုးကျေးဇူးတွေကိုလည်း သိပါရစေ။
ဖြေ ။ ။ ဒီခရီးစဉ်မှာ နိုင်ငံတော်သမ္မတကြီးက နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ကုန်သွယ်ရေးတိုးမြှင့်ဖို့၊ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ မြန်မာနိုင်ငံမှာလာရောက်လုပ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြီးတော့ မော်စကိုမှာ စီးပွားရေးဖိုရမ်ကျင်းပခဲ့ပါတယ်။ အဲဒီစီးပွားရေးဖိုရမ်မှာလည်း နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်ပဲ မြန်မာနိုင်ငံမှာ ဘယ်လိုစီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မယ်၊ အခွင့်အလမ်းတွေဘာတွေရှိမယ်၊ မြန်မာနိုင်ငံဘက်က ဘာတွေဆောင်ရွက်ပေးမယ် စသည်ဖြင့် ဒါတွေကိုအသေးစိတ် Presentation နဲ့ ရှင်းလင်းတင်ပြခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခါ ကျွန်မတို့ ထားဝယ်ရေနက်ဆိပ်ကမ်းမှာပူးပေါင်းဆောင်ရွက်ဖို့ကိစ္စတွေ၊ စွမ်းအင်ကဏ္ဍ၊ အာကာသနှင့် နည်းပညာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလုပ်ငန်းတွေကိုသာ ကျွန်မတို့ အမှန်တကယ်အကောင်အထည်ဖော်နိုင်မယ်ဆိုရင် မြန်မာပြည်သူပြည်သားတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိဖို့ များစွာအထောက်အကူပြုမှာဖြစ်ပါတယ်။
မေး ။ ။ စွမ်းအင်ကဏ္ဍနဲ့ပတ်သက်ပြီး ဘယ်လိုအကျိုးကျေးဇူးတွေကို ယူဆောင်ခဲ့တယ်ဆိုတာကိုလည်း ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ စွမ်းအင်ကဏ္ဍမှာ ကျွန်မတို့ဆွေးနွေးခဲ့တာက ရေနံနဲ့သဘာဝဓာတ်ငွေ့ကိစ္စ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့၊ နျူကလီးယားကဏ္ဍ စသည်ဖြင့်စွမ်းအင်ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးခဲ့ပါတယ်။ နောက်တစ်ခုကတော့ LNG ပါ။ ဒီထားဝယ်ရေနက်ဆိပ်ကမ်းမှာ ကျွန်မတို့ LNG စက်ရုံတည်ဆောက်ပြီးတော့ အိမ်နီးနားချင်းနိုင်ငံတွေကို LNG နဲ့ သဘာဝဓာတ်ငွေ့တွေ တင်ပို့ရောင်းချဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။
Repost from PPIB.Official
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၁၇-၈-၂၀၂၆) မှ (၂၃-၈-၂၀၂၆) အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံများသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုး၏ ဖြေကြားချက်
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
+5
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ
#Our
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ
#HOS
+5
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ
မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ် နိုင်ငံတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးများကို ပိုမိုတိုးမြှင့်ဆောင်ရွက် နိုင်ခဲ့ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် များစွာအကျိုးပြုအထောက် အကူပြု သည့် ခရီးစဉ်တစ်ခုဖြစ်
နေပြည်တော်၊ ဩဂုတ် - ၂၃
PPIB
#Our
+6
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တူဗာပြည်နယ် ကီးဇီးလ်မြို့ရှိ အထင်ကရနေရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများသို့ လေ့လာကြည့်ရှု
ရုရှားဖက်ဒရေးရှင်နိုင်ငံသို တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့(သြဂုတ် ၂၃ ရက်)ဒေသစံတော်ချိန် နံနက်ပိုင်းတွင် တူဗာပြည်နယ် ကီးဇီးလ်မြိုရှိ အထင်ကရ နေရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများသို့ လေ့လာကြည့်ရှုခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗာပြည်နယ်၏ မြိုတော် ကီဇီးလ်မြို့ (Kyzyl) တွင် တည်ရှိသော အာရှတိုက်ကြီးတစ်ခုလုံး၏ အလယ်ဗဟိုချက်ကျရာနေရာကို အထိမ်းအမှတ်ပြုထုဆစ်ထားသည့်အာရှတိုက်၏ ပထဝီဝင်ဗဟိုချက်မ အထိမ်းအမှတ်ကျောက်တိုင်တည်ရှိရာနေရာ နှင့် တူဗာပြည်နယ်၏ မြို့တော် ကီဇီးလ်မြို့အမျိုးသားတေးဂီတနှင့် ပြဇာတ်ရုံသို သွားရောက်လေ့လာ ကြည့်ရှုခဲ့သည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်အတူ ခရီးစဉ်တွင် လိုက်ပါခဲ့ကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြသည်။
#PPIB
#Our
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တူဗာပြည်နယ် ကီးဇီးလ်မြို့ရှိ အထင်ကရနေရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများသို့ လေ့လာကြည့်ရှု
ရုရှားဖက်ဒရေးရှင်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့(သြဂုတ် ၂၃ ရက်)ဒေသစံတော်ချိန် နံနက်ပိုင်းတွင် တူဗာပြည်နယ် ကီးဇီးလ်မြို့ရှိ အထင်ကရ နေရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများသို့ လေ့လာကြည့်ရှုခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗာပြည်နယ်၏ မြို့တော် ကီဇီးလ်မြို့ (Kyzyl) တွင် တည်ရှိသော အာရှတိုက်ကြီးတစ်ခုလုံး၏ အလယ်ဗဟိုချက်ကျရာနေရာကို အထိမ်းအမှတ်ပြုထုဆစ်ထားသည့်အာရှတိုက်၏ ပထဝီဝင်ဗဟိုချက်မ အထိမ်းအမှတ်ကျောက်တိုင်တည်ရှိရာနေရာ နှင့် တူဗာပြည်နယ်၏ မြို့တော် ကီဇီးလ်မြို့ အမျိုးသားတေးဂီတနှင့် ပြဇာတ်ရုံသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့သည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်အတူ ခရီးစဉ်တွင် လိုက်ပါခဲ့ကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြသည်။
PPIB
+4
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တူဗာပြည်နယ် ကီးဇီးလ်မြို့ရှိ အထင်ကရနေရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများသို့ လေ့လာကြည့်ရှု
ရုရှားဖက်ဒရေးရှင်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့(သြဂုတ် ၂၃ ရက်)ဒေသစံတော်ချိန် နံနက်ပိုင်းတွင် တူဗာပြည်နယ် ကီးဇီးလ်မြို့ရှိ အထင်ကရ နေရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများသို့ လေ့လာကြည့်ရှုခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗာပြည်နယ်၏ မြို့တော် ကီဇီးလ်မြို့ (Kyzyl) တွင် တည်ရှိသော အာရှတိုက်ကြီးတစ်ခုလုံး၏ အလယ်ဗဟိုချက်ကျရာနေရာကို အထိမ်းအမှတ်ပြုထုဆစ်ထားသည့်အာရှတိုက်၏ ပထဝီဝင်ဗဟိုချက်မ အထိမ်းအမှတ်ကျောက်တိုင်တည်ရှိရာနေရာ နှင့် တူဗာပြည်နယ်၏ မြို့တော် ကီဇီးလ်မြို့ အမျိုးသားတေးဂီတနှင့် ပြဇာတ်ရုံသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့သည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်အတူ ခရီးစဉ်တွင် လိုက်ပါခဲ့ကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြသည်။
PPIB
Repost from PPIB.Official
ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၆) | ရုရှားနိုင်ငံ၊ တူဗာပြည်နယ်၊ ကီဇီးလ် မြို့သို့ ရောက်ရှိ
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
Repost from Dr Khaing Khaing Soe
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တူဗားပြည်နယ်အကြီးအကဲနှင့် တွေ့ဆုံ၊ စိုက်ပျိုးမွေးမြူရေး၊ သယံဇာတ၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် ည ၇ နာရီတွင် တူဗားပြည်နယ်အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ် (Vladislav Khovalyg) နှင့် ကီဇီးလ်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့အိမ်တော်၌ တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် တူဗားပြည်နယ်အကြား စိုက်ပျိုးမွေးမြူရေး၊ သယံဇာတ၊ ဘာသာရေးနှင့် ယဉ်ကျေးမှု၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ -
■ မြန်မာ–တူဗား ပူးပေါင်းဆောင်ရွက်ရေး
တူဗားပြည်နယ်သည် တွင်းထွက်သယံဇာတနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ အားကောင်းသည့် ဒေသဖြစ်ပြီး မြန်မာနိုင်ငံနှင့် အလားတူ အရင်းအမြစ်နှင့် စီးပွားရေးအခြေခံများရှိသဖြင့် လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ဆွေးနွေးခဲ့ကြပါသည်။
မြန်မာ–ရုရှား ဗဟိုအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ပြည်နယ်နှင့် ဒေသအချင်းချင်း ဆက်ဆံရေး ကိုပါ အရှိန်မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။
■ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ
တူဗားပြည်နယ်တွင် နေထိုင်သူအများစုမှာ တိဘက်ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြပြီး မြန်မာနိုင်ငံနှင့် ဘာသာရေးဆိုင်ရာ နီးစပ်မှုရှိကြောင်းနှင့် ဘာသာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး၊ ဘုရားဖူးခရီးစဉ်နှင့် ခရီးသွားလုပ်ငန်းများ အပြန်အလှန် မြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။
ပညာရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုမိုတိုးတက်လာစေရေး ပူးပေါင်းဆောင်ရွက်ရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
■ မြန်မာ–ရုရှား ဆက်ဆံရေး
မြန်မာနှင့် ရုရှားသည် ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်းနိုင်ငံများ ဖြစ်ပြီး ပထဝီအနေအထားအရ အလှမ်းကွာဝေးသော်လည်း သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ရှည်လျားကောင်းမွန်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပြီး လက်ရှိကာလသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ရန် အကောင်းဆုံးအခြေအနေ သို့ ရောက်ရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
■ တူဗားပြည်နယ်၏ အလားအလာ
တူဗားပြည်နယ်အကြီးအကဲက ပြည်နယ်၏ သမိုင်းကြောင်း၊ ဒေသဆိုင်ရာအခြေအနေ၊ စိုက်ပျိုးမွေးမြူရေးနှင့် တွင်းထွက်ပစ္စည်းထုတ်လုပ်မှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံနှင့် ဘာသာရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် ခရီးသွားကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုကြောင်း ပြောကြားခဲ့ပါသည်။
Repost from Dr Khaing Khaing Soe
ဘယ်လာရုစ်နိုင်ငံ တရားဝင်ခရီးစဉ်အပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံ တူဗာပြည်နယ်၊ ကီဇီးလ်မြို့သို့ ရောက်ရှိ
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (ဩဂုတ် ၂၂ ရက်) ဒေသစံတော်ချိန် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗာပြည်နယ်၊ ကီဇီးလ် (Kyzyl) မြို့သို့ ရောက်ရှိခဲ့ပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဩဂုတ် ၂၀ ရက်မှ ၂၂ ရက်အထိ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကာ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါသည်။
ဘယ်လာရုစ်နိုင်ငံ တရားဝင်ခရီးစဉ်အပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗာပြည်နယ်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် ညနေပိုင်းတွင် ကီဇီးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား ကီဇီးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ)၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တူဗာပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။
+4
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Tuva ပြည်နယ် အကြီးအကဲနှင့် အလုပ်သဘော တွေ့ဆုံဆွေးနွေး
ရုရှားဖက်ဒရေးရှင်နိုင်ငံ၊ Tuva ပြည်နယ်၊ ကီဇီးလ်မြိုသို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် Tuva ပြည်နယ် အကြီးအကဲ ဗလာဒီစလပ် ခိုဗာလစ်ဂ်နှင့် အလုပ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး Tuva ပြည်နယ် အကြီးအကဲ ဗလာဒီစလပ် ခိုဗာလစ်ဂ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
#PPIB
#Our
+3
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Tuva ပြည်နယ် အကြီးအကဲနှင့် အလုပ်သဘော တွေ့ဆုံဆွေးနွေး
ရုရှားဖက်ဒရေးရှင်နိုင်ငံ၊ Tuva ပြည်နယ်၊ ကီဇီးလ်မြို့သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် Tuva ပြည်နယ် အကြီးအကဲ ဗလာဒီစလပ် ခိုဗာလစ်ဂ်နှင့် အလုပ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး Tuva ပြည်နယ် အကြီးအကဲ ဗလာဒီစလပ် ခိုဗာလစ်ဂ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
#PPIB
#Our
+3
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ် သမ္မနိုင်ငံမှ ပြန်လည်ထွက်ခွာ၊ ရုရှားဖက်ဒရေးရှင်နိုင်ငံ ကီဇီးလ် မြို့သို့ရောက်ရှိ
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂၀ မိနစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗားပြည်နယ်၊ ကီဇီးမြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိရာ တူဗားပြည်နယ် အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ်နှင့် ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူ များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် တာဝန်ရှိသူများက လေဆိပ်တွင်ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှတ်ဆက်ခဲ့ကြသည်။
PPIB
#Our
Repost from PPIB.Official
ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၅)
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၏ ဩဂုတ် ၂၁ ရက်နေ့ ခရီးစဉ်အတွင်း ဆောင်ရွက်ခဲ့သည့် အရေးပါသော တွေ့ဆုံဆွေးနွေးမှုများ၊ နှစ်နိုင်ငံသဘောတူညီချက်များနှင့် သံတမန်ရေးရာဆိုင်ရာ လှုပ်ရှားမှုများကို စုစည်းတင်ဆက်ထားပါသည်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဘယ်လာရုစ်သမ္မတနိုင်ငံ တရားဝင်ခရီးစဉ်အပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ တူဗာပြည်နယ်သို ထွက်ခွာ
ဘယ်လာရုစ်သမ္မတနိုင်ငံသို တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ယနေ့ သြဂုတ် ၂၂ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တူဗာပြည်နယ်သို အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲအား မင့်စ်မြို၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Viktor Karankevich နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး၊ ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များက ပိုဆောင်နှုတ်ဆက်ကြသည်။
ထွက်ခွာချိန်တွင် ဘယ်လာရုစ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲက နိုင်ငံတော်သမ္မတအား ကော်ဇောနီ တစ်လျှောက် စစ်ရေးအခမ်းအနားဖြင့် အလေးပြုနှုတ်ဆက်ခဲ့ကြသည်။
#HOS
