uz
Feedback
The Standard Time Digital

The Standard Time Digital

Kanalga Telegram’da o‘tish

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
275
Obunachilar
+124 soatlar
+37 kunlar
+2730 kunlar
Postlar arxiv
◾️အီရန်တိုက်ခိုက်မှုကြောင့် အမေရိကန် ဝေဟင်ဆီဖြည့်လေယာဉ်ငါးစင်း အထိအခိုက်ရှိခဲ့ ဆော်ဒီအာရေဗျနိုင်ငံ ပရင့်စ်ဆူလ်တန်လေတပ်စခန်း၌ ရပ်နားထားသော အမေရိကန် လေတပ်ဝေဟင်ဆီဖြည့် လေယာဉ်ငါးစင်းမှာဒုံးကျည်တိုက်ခိုက်မှုတစ်ရပ်ကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ရကြောင်းဝေါလ်စထရိဂျာနယ် သတင်းစာကမတ် ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ အစိုးရသတင်းအရင်းအမြစ်များ၏အဆိုအရ အဆိုပါ ဝေဟင်ဆီဖြည့် လေယာဉ်ငါးစင်း တို့သည် အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုတစ်ရပ်အတွင်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းအီရန်နိုင်ငံက ပရင့်စ်ဆူလ်တန်လေတပ်စခန်းကို ဒုံးကျည်များ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ချိန်တွင် အမေရိကန်လေတပ် ဝေဟင်ဆီဖြည့် လေယာဉ်ငါးစင်း အထိအခိုက်ရှိခဲ့ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ထုတ်ဖော် ပြောကြား ထားသည်။ သို့ရာတွင် အဆိုပါ ဝေဟင်ဆီဖြည့် လေယာဉ်ငါးစင်းမှာ အကြီးအကျယ်ပျက်စီးမှုမရှိခဲ့ဘဲ လက်ရှိအချိန်တွင် ကျွမ်းကျင်သူများကပြန်လည်ပြင်ဆင်နေကြောင်း သိရသည်။ မတ် ၁၂ ရက်ကလည်း အီရတ်နိုင်ငံ၌ ကေစီ-၁၃၅ အမျိုးအစားဝေဟင်ဆီဖြည့် လေယာဉ် တစ်စင်းမတော်တဆမှုတစ်ရပ်ကြောင့် ပျက်ကျခဲ့ရာ လေယာဉ်အမှုထမ်းခြောက်ဦး သေဆုံးခဲ့ရသည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင်စတင်ခဲ့သော အရှေ့အလယ်ပိုင်းစစ်ပွဲတွင် အမေရိကန်စစ်ဘက် အနေဖြင့် အနည်းဆုံး စစ်လေယာဉ်လေးစင်းအထိ ဆုံးရှုံးထားရကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️မော့ဂ်ျတာဘား ခါမေနီ သတင်းပေးနိုင်ပါက ဆုတော်ငွေ ဒေါ်လာ ၁၀ သန်း အမေရိကန် ကမ်းလှမ်း အီရန်ခေါင်းဆောင်သစ် မော့ဂ်ျတာဘားခါမေနီ အပါအဝင် အီရန်ထိပ်တန်းခေါင်းဆောင် များနှင့် ပတ်သက်၍ သတင်းပေးနိုင်ပါကအမေရိကန် ဒေါ်လာ ၁၀ သန်း ဆုငွေပေးမည် ဖြစ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက မတ် ၁၃ ရက်တွင် ထုတ်ဖော်ပြောကြား ထားသည်။ အမေရိကန်အစိုးရက ဆုတော်ငွေထုတ်ထားသူများစာရင်းတွင် အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်နှင့် ဆက်စပ်နေသော ခေါင်းဆောင် ၁၀ ဦး ပါဝင်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာန သတင်းဝက်ဘ်ဆိုက်တွင်ကြေညာထားသည်။ လက်ရှိ အီရန်ခေါင်းဆောင်သစ် မော့ဂ်ျတာဘားခါမေနီသည် အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့၏ဖေဖော်ဝါရီ ၂၈ ရက် စစ်ရေးတိုက်ခိုက်မှုများကြောင့်သေဆုံးခဲ့ရ သော ဖခင်ဖြစ်သူ အယာတိုလာ အလီခါမေနီ၏နေရာကို ဆက်ခံထားသူဖြစ်သည်။ သို့ရာတွင် မော့ဂ်ျတာဘား ခါမေနီကိုယ်တိုင်သည်လည်း အမေရိ ကန်နှင့် အစ္စရေးတို့၏ ဖေဖော်ဝါရီ ၂၈ ရက်တိုက်ခိုက်မှုအတွင်း ဒဏ်ရာများရရှိထားကြောင်း သတင်းများ ပေါ်ထွက်လျက်ရှိသည်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းရရှိရေးအတွက် ဆုငွေထုတ်ထားသူ အီရန်ခေါင်းဆောင်များထဲတွင် အီရန်လုံခြုံရေးကောင်စီအကြီးအကဲ အလီလာရီဂျာနီ၊ ထောက်လှမ်းရေးနှင့်လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီးအစ္စမေးလ်ခါတစ်ဘ်နှင့် ပြည်ထဲရေး ဝန်ကြီး အက်စကန်ဒါမိုမီနီတို့လည်း ပါဝင်ကြောင်း သိရသည်။ ယင်းအပြင် အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် တပ်မှူးနှင့် အီရန်ကာကွယ်ရေး ကောင်စီ အကြီးအကဲတို့လည်း အထက်ပါ စာရင်းတွင် ပါဝင်ကြောင်း သိရသည်။ သတင်းရရှိရေးအတွက် ဆုငွေထုတ်ထားသောအထက်ပါ အီရန်ခေါင်းဆောင်များသည် ကမ္ဘာ့တစ်ဝန်း၌အကြမ်းဖက်လုပ်ရပ်များကျူးလွန်နေသော၊ ကျူးလွန်ရန်ကြံစည်နေသော တော်လှန်ရေးအစောင့်တပ် အင်အားစုများကို ကွပ်ကဲထိန်းချုပ်နေသူများဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ အီရန်စစ်ပွဲ တတိယ သီတင်းပတ်အတွင်းသို့ ဝင်ရောက်လာချိန်တွင် မော့ဂ်ျတာဘားခါမေနီ အပါအဝင်အီရန်ခေါင်းဆောင်များကို သတင်းပေးနိုင်ပါက ဆုတော်ငွေ ဒေါ်လာ ၁၀ သန်း ပေးမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ကြေညာထားခြင်းဖြစ်သည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ကားထဲမှဆီကို ပလတ်စတစ်ပုံးအတွင်းသို့ လှယ်ထုတ်ရာမှ ကားမီးလောင်မှုဖြစ်ပွား မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ပြင်ဦးလွင်မြို့နယ်တွင် ကားအတွင်းချက်ပေါက်မှ ပလတ်စတစ်ပုံးအတွင်းသို့ ဆီလှယ်ထုတ်ရာမှတည်ငြိမ်သဘာ၀လျှပ်စစ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မတ် ၁၃ ရက် ညနေ ၄ နာရီခွဲခန့်တွင်ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းမှ သုံးမိုင်ခန့်အကွာ ရပ်ကွက်ကြီး (၁၉) ငါးရံ့ချောင်း ရွှေပြည်သာယာဘုန်းကြီးကျောင်းလမ်းဘေးတွင် ရပ်ထား သော ပိုင်ရှင် ဒေါ်....(၃၅) နှစ်၏ TOYOTA ALPHARD (အနက်ရောင်) ယာဉ်ဆီတိုင်ကီ အတွင်းရှိ ၉၅ ဓာတ်ဆီကို ယာဉ်မောင်းဖြစ်သူသည်ကားအတွင်းချက်ပေါက်မှ ၉၅ ထုတ်ယူ ကာပလတ်စတစ်ပုံးအတွင်းသို့ လှယ်ထုတ်ရာတွင်တည်ငြိမ်သဘာ၀လျှပ်စစ်ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ခရိုင်မီးသတ်စခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးဆောင် ၍တပ်ဖွဲ့ဝင်များ၊ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ ဦးစီး အရာရှိဦးငြိမ်းချမ်းအောင် ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ စုစုပေါင်း တပ်ဖွဲ့ဝင် ၁၂ ဦး၊ မီးသတ်ယာဉ်နှစ်စီးတို့ဖြင့်ထွက်ခွာငြှိမ်းသတ်ခဲ့သည်။ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် မီးပေါ့ဆသူအား ပြင်ဦးလွင် မြို့မရဲစခန်းက (ပ) ၄၇။ ၂၀၂၆၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သတင်း-နိုင်ဝင်းစိုး ဓာတ်ပုံ- MFSD #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

လူသတ်ဖို့ကြံစည်မှုနဲ့အဖမ်းခံရတဲ့ဆယ်ကျော်သက်မိန်းကလေးနှစ်ဦး

ထိုင်းအမျိုးသမီးကို မဖွယ်မရာပြုမှုနဲ့ အမှုဖွင့်ခံရတဲ့ ရုရှားနိုင်ငံသား

◾️အရေးယူခံထားရသော ရုရှားရေနံရက်ပေါင်း ၃၀ ကြာ ဝယ်ယူခွင့် ရမည် အရေးယူပိတ်ဆို့ခံထားရသော ရုရှားရေနံနှင့် သဘာ၀ဓာတ်ငွေ့များကို ကမ္ဘာ့နိုင်ငံများ အနေဖြင့် ရက်ပေါင်း ၃၀ကြာ ဝယ်ယူန်ိုင်မည်ဖြစ်ကြောင်းအမေရိကန်အစိုးရက မတ်၁၃ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။ ပင်လယ်ရေပြင်များအတွင်း သောင်တင်နေသော ရုရှားရေနံနှင့် ရေနံထွက်ကုန်များကို ကမ္ဘာ့နိုင်ငံများအနေဖြင့် ရက်ပေါင်း၃၀ကြာ ဝယ်ယူခွင့်ရှိကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားထားသည်။ အီရန်စစ်ပွဲကြောင့် ကသောင်းကနင်းဖြစ်ခဲ့ရသော ကမ္ဘာ့စွမ်းအင်ဈေးကွက် ပြန်လည် တည်ငြိမ်ရေးအတွက် ကမ္ဘာ့နိုင်ငံများကို အရေးယူပိတ်ဆို့ခံထားရသော ရုရှားရေနံနှင့် ရေနံထွက်ကုန်များအား ရက် ၃၀ ကြာ ဝယ်ယူခွင့်ပေးရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားထားသည်။ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်တွင်အီရန်နိုင်ငံကိုစစ်ရေး အရ တိုက်ခိုက်ခဲ့ပြီးနောက် ဟော်မုဇ်ရေလက်ကြားအတွင်းရေကြောင်းသွားလာမှုများ ရပ်ဆိုင်းခဲ့ရပြီးကမ္ဘာ့ရေနံဈေးကွက်၌ ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ရသည်။ သို့ရာတွင် အရေးယူပိတ်ဆို့ခံထားရသော ရုရှားရေနံများအား ကမ္ဘာ့နိုင်ငံများအနေဖြင့် ရက်၃၀ကြာ ဝယ်ယူနိုင်ကြောင်း အမေရိကန် အစိုးရက ကြေညာခဲ့ပြီးနောက် ရေနံ ဈေးနှုန်းများ ပြန်လည်တည်ငြိမ်ခဲ့သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ဟော်မုဇ်ရေလက်ကြား ဆက်ပိတ်ထားမည်အီရန်ခေါင်းဆောင်သစ် ပြောကြား အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့အား ခုခံရင်ဆိုင်ရေးအတွက်ဟော်မုဇ် ရေလက် ကြားကို ဆက်လက်ပိတ်ဆို့ထားမည်ဖြစ်ကြောင်း အီရန်ခေါင်းဆောင်သစ် မော့ဂ်ျတာ ဘားအလီခါမေနီက မတ် ၁၂ ရက်တွင် ပြောကြားလိုက်သည်။ အီရန်နိုင်ငံအား ထိထိရောက်ရောက် ကာကွယ်နိုင်ရေးနှင့် ရန်သူနိုင်ငံများ နောင်တရစေ ရေးတို့အတွက် မိမိတို့ အနေဖြင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့ရေးနည်းလမ်းကို ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း အီရန်ခေါင်းဆောင်သစ် မော့ဂ်ျတာဘား၏ ကြေညာချက်၌ ဖော်ပြထားသည်။ အထက်ပါကြေညာချက်သည် ဖခင်ဖြစ်သူ အယာတိုလာအလီခါမေနီ၏ နေရာကို ရယူခဲ့ပြီးနောက် ပိုင်းအီရန်ခေါင်းဆောင်သစ် မော့ဂ်ျတာဘားက ပထမဆုံးထုတ်ပြန်ခဲ့သော ကြေညာချက်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့၏ ဖေဖော်ဝါရီ ၂၈ ရက် စစ်ရေးတိုက်ခိုက်မှုတွင် အသက် (၈၆) နှစ်အရွယ် အီရန်ခေါင်းဆောင်အယာတိုလာခါမေနီ သေဆုံးခဲ့ရပြီးနောက် အီရန်၊ ရှီးယိုက်စ် တရားဟောဆရာများညီလာခံက အသက် (၅၆) နှစ်အရွယ် မော့ဂ်ျတာဘားကိုအီရန် ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အီရန်ခေါင်းဆောင်သစ် မော့ဂ်ျတာဘားက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အမေရိကန် စစ်စခန်းများကိုလက်ခံ နေရာမပေးကြရန် အိမ်နီးချင်းနိုင်ငံများအား တောင်းဆိုထားပြီး ယင်းစစ်စခန်းများရှိနေသေးသရွေ့ဆက် လက်တိုက်ခိုက် နေမည်ဖြစ်ကြောင်း သတိပေး ထားသည်။ အီရန်စစ်ရေးပဋိပက္ခစတင်ခဲ့ ပြီးနောက် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ရန် အီရန် စစ်ဘက်က ကြိုးပမ်းခဲ့ပြီးယင်းရေလက်ကြားအတွင်း ဖြတ်သန်းသွားလာနေသည့် ရေနံတင်သင်္ဘောများနှင့် ကုန်သည်သင်္ဘောများကို တိုက်ခိုက်လျက်ရှိရာ လက်ရှိ အချိန်တွင် ဟော်မုဇ်ရေလက်ကြား၌ရေကြောင်းသွားလာမှုများ ရပ်တန့်လျက်ရှိသည်။ အီရန်ခေါင်းဆောင်သစ်၏ ကြေညာချက်ပေါ်ထွက်လာခဲ့ပြီး နာရီအနည်းငယ်အကြာမှာပင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အီရန် ခေါင်းဆောင်သစ် မော့ဂ်ျတာဘားကို သတိပေးထားသည်။ မိမိအနေဖြင့် အကြမ်းဖက်အဖွဲ့စည်းတစ်ခု၏မည်သည့်ခေါင်းဆောင်ကိုမျှ အသက် အာမခံမူဝါဒ ထုတ်ပေးမည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ်က မတ် ၁၂ရက် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြောခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲသည် အီရန်စစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်း အစ္စရေး ဝန်ကြီးချုပ်နေတန်ယာဟု၏ ပထမဆုံးသတင်းစာရှင်းလင်းပွဲ ဖြစ်သည်။ လက်ရှိအချိန်တွင် သီတင်းနှစ်ပတ်ကြာမြင့်နေပြီဖြစ်သော အီရန် စစ်ပွဲအတွင်း သေဆုံးသူ ၂၀၀၀ ကျော်အထိ ရှိလာခဲ့ပြီဖြစ်သည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️မင်္ဂလာဒုံ အမှတ်(၃)လမ်းမကြီးပေါ်တွင် ဆီဘောက်ဆာနောက်တွဲ ပြုတ်ကျ ရန်ကုန်တိုင်း ဒေသကြီးမင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ အမှတ်(၃)လမ်းမကြီး ပေါ်တွင် ဆီဘောက်ဆာတွဲယာဉ် နောက်တွဲပြုတ်ကျကာ ဆီဖိတ်စဉ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မတ် ၁၂ ရက် ညနေ ၆ နာရီမိနစ် ၅၀ ခန့်တွင် မင်္ဂလာဒုံမြို့နယ်သင်္ဃန်းကျွန်းကြီးကျေးရွာ အမှတ်(၃)လမ်းမကြီး Pro 1 အရောင်းစင်တာရှေ့တွင် ဆီဘောက်ဆာတွဲယာဉ် နောက်တွဲ ပြုတ်ကျ၍ ဆီဖိတ်စဉ်မှုဖြစ်ပွားကြောင်သတင်းအရ မြောက် ပိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်ဦး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၄ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀၊ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ် နှစ်စီး၊ အထောက်အကူပြု ယာဉ် တစ်စီး၊ ကွပ်ကဲမှုယာဉ်တစ်စီးတို့ဖြင့် သွားရောက်ခဲ့ပြီး မီးလောင်မှု မဖြစ်စေရေး ဆောင်ရွက်ခဲ့ သည်။ ဖြစ်စဉ်မှာ ခရေပင်လမ်းခွဲမှထောက်ကြန့်ဘက်သို့ မောင်းနှင်လာသည့် NISSAN UD Quester Bowser တွဲယာဉ်နှင့် ချိတ်ဆက်ထားသည့်ကလစ်ပြုတ်ထွက်ပြီး နောက်တွဲပြုတ် ကျ၍ စပယ်ယာဝှီးတပ်ဒေါက်မှာဆီတိုင်ကီ အလယ်ကန့်အား ထိုးဖောက်ကာ တိုင်ကီကွဲ၍ ဆီများယိုဖိတ်ခဲ့သည်။ ဆီယိုဖိတ်မှုကြောင့် မီးလောင်မှုမဖြစ်စေရေး Foam ဆေးရည်အသုံးပြု၍ ကြိုတင် ကာကွယ်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါတွဲယာဉ်အား ည ၁၁ နာရီတွင် သယ်ယူပြီးစီးခဲ့ ကြောင်း သိရသည်။ သတင်း-နိုင်ဝင်းစိုး ဓာတ်ပုံ- MFSD #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️မဲဆောက်ရှိ အထည်ချုပ်စက်ရုံအချို့မှမြန်မာအလုပ်သမား ၃၀ ကျော် ဖမ်းဆီးခံရ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မဲဆောက်မြို့နယ်တွင် အထည်ချုပ်စက်ရုံလေးရုံရှိ မြန်မာအလုပ်သမား ၃၀ ကျော်အား အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်) မရှိသည့်အတွက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အလုပ်သမားရေးရာဌာန တို့နှင့် ပူးပေါင်း၍မဲဆောက်မြို့နယ်အတွင်းရှိ လုပ်ငန်းခွင်များ၊ အထူးသဖြင့် အထည်ချုပ် စက်ရုံလေးရုံကို ကွင်းဆင်းစစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(ဘတ်)မရှိသော မြန်မာအလုပ်သမား၃၀ ကျော်အား ဥပဒေအရ အရေးယူရန် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။၎င်းတို့အနက် အလုပ် သမားအချို့သည် မြန်မာနိုင်ငံဘက်ခြမ်းမှထိုင်းနိုင်ငံအတွင်းသို့ အလုပ်အကိုင် ရှာဖွေရန် ဝင်ရောက်လာကြသူများဖြစ်ကြောင်း သိရသည်။ မတ် ၄ ရက် ညပိုင်းကလည်းမဲဆောက်မြို့နယ် မဲကုကျေးရွာအုပ်စုသောင်ရင်းမြစ်ဘေးရှိ ငှက်ပျောခြံအတွင်း၌ တရားမဝင် ဝင်ရာက်လာခဲ့သည့် မြန်မာနိုင်ငံသား ၁၆ ဦးအားဖမ်း မိခဲ့ကြောင်း တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေး သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ-Thai PBS #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️ရန်ကုန်ရှိဘေးတွဲဆိုင်ကယ်များ စက်သုံးဆီဝယ်ယူရန်အခက်ကြုံ ရန်ကုန်တိုင်းအတွင်းရှိ ဘေးတွဲဆိုင်ကယ်များ စက်သုံးဆီဝယ်ယူရန်အခက်အခဲကြုံတွေ့လာကြောင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဘေးတွဲမောင်းနှင်သူများထံမှသိရသည်။ မော်တော်ဆိုင်ကယ်များအတွက် Wheel Tax ပါအချက်အလက်များကိုအသုံးပြုပြီး Application ဖြင့် အလိုအလျောက်စစ်ဆေးသည့်နည်းလမ်းဖြင့် QR Code ထုတ်ပေးပြီး စိစစ်ရောင်းချပေးသွားမည်ဟု စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်ပြီးနောက် စက်သုံးဆီအရောင်းဆိုင်များက ဘေးတွဲဆိုင်ကယ်များကို ရောင်းချခြင်းမရှိတော့ကြောင်းသိရသည်။ “ရန်ကုန်မှာလိုင်စင်ရှိတဲ့ဆိုင်ကယ်ဆိုတာခပ်ရှားရှားပဲ။ မန္တလေး၊ ပဲခူး၊ ပုသိမ် အဲဒီလိုလိုင်စင်ဘီးတွေပဲရှိတာ။ အခုအရင်ကဘေးတွဲဆိုင်ကယ်တွေဆီထည့်ပေးတဲ့ဆိုင်တွေက မထည့်ပေးတော့ဘူး။ ထည့်ပေးတဲ့ဆိုင်တချို့ကလည်း ဒီတစ်ပတ်ပဲထည့်ပေးမယ်။ နောက်တစ်ပတ်ကစပြီး လိုင်စင်ပြနိုင်မှထည့်ပေးမယ်ပြောတယ်” ဟု ၎င်းကပြောသည်။ ယခင်ကဘေးတွဲဆိုင်ကယ်များကို စက်သုံးဆီအရောင်းဆိုင်အချို့ကရောင်းချပေးသော်လည်း ယမန်နေ့ (မတ် ၁၂ ရက်) နံနက်ပိုင်းမှစတင်ကာ စက်သုံးဆီရောင်းချပေးသည့်ဆိုင်နည်းပါးသွားကြောင်း၊ ရောင်းချပေးသည့်ဆိုင်များတွင် ဘေးတွဲဆိုင်ကယ်များတန်းစီစောင့်ဆိုင်းဝယ်ယူနေရကြောင်းသိရသည်။ "အရင်ကအပြင်မှာ တစ်လီတာကို ၂၆၀၀ ကျပ်နဲ့ဝယ်ရတယ်။ ကားတွေအများကြီးဆီဆိုင်တွေမှာ တန်းစီထုတ်တဲ့နေ့ကဆိုရင် ဆီစျေးကတစ်လီတာကိုပြင်ပဈေး ၅၀၀၀ အထိတက်သွားတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်ရှိ ဘေးတွဲမောင်းနှင်သူတစ်ဦးကပြောသည်။ ယခုမတ်လ ၆ ရက်မှ ယမန်နေ့(မတ် ၁၂ ရက်)အထိ 92 အမျိုးအစားစက်သုံးဆီ တစ်လီတာလျှင် ၂၅၂၅ ကျပ်ရှိခဲ့ရာမှ ယနေ့(မတ် ၁၃ ရက်)တွင် ၂၈၃၀ ကျပ် အထိမြင့်တက်လာသည်။ သတင်း - ပိုင်လေး ဓာတ်ပုံ-စံတော်ချိန်ဒစ်ဂျစ်တယ် #ပြည်တွင်းသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း