ar
Feedback
The Standard Time Digital

The Standard Time Digital

الذهاب إلى القناة على Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
275
المشتركون
لا توجد بيانات24 ساعات
+27 أيام
+2630 أيام
أرشيف المشاركات
◾️ရှာဟက်ဒ်မောင်းသူမဲ့လေယာဉ်များ အီရန်ကိုရုရှားထောက်ပံ့ဖြည့်ဆည်းနေဟုဆို အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့ကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်ရေးအတွက် ရုရှားနိုင်ငံက အီရန်နိုင်ငံကို ရှာဟက်ဒ်အမျိုးအစားမောင်းသူမဲ့လေယာဉ်များ ထောက်ပံ့ ဖြည့်ဆည်းပေးနေကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးကမတ် ၁၄ ရက်တွင် ပြောကြားလိုက်သည်။ စီအင်န်အင်န်သတင်းဌာနနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် ယူကရိန်းသမ္မတ ဇီလန်စကီးက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ အီရန်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်စခန်းများကို တိုက်ခိုက်ရာ တွင် ရုရှားလုပ် ရှာဟက်ဒ်မောင်းသူမဲ့လေယာဉ်များသုံးစွဲနေသည်မှာ ရာနှုန်းပြည့်သေချာ ကြောင်းယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြော ကြားခဲ့သည်။ ရှာဟက်ဒ်မောင်းသူမဲ့ လေယာဉ်များသည်အီရန်နိုင်ငံက စတင်တည်ဆောက် ထုတ်လုပ်ခဲ့ သော မောင်းသူမဲ့လေယာဉ်များဖြစ်ပြီး တန်ဖိုးကြီးသည့် ဒုံးကျည်များနေရာတွင် အစားထိုး သုံးစွဲနိုင်သော လက်နက်များဖြစ်သည်။ ရုရှားနိုင်ငံသည် လက်ရှိဖြစ်ပွားဆဲယူကရိန်းစစ်ပွဲအတွင်း အီရန်နိုင်ငံလုပ် ရှာဟက်ဒ် မောင်းသူမဲ့ လေယာဉ်များကို အများအပြား သုံးစွဲခဲ့ပြီး ကိုယ်တိုင်လည်း ယင်းမောင်းသူမဲ့ လေယာဉ်အမျိုးအစားများအား ထုတ်လုပ်လျက်ရှိသည်။ အလားတူ အမေရိကန်ပြည်ထောင်စုသည်လည်း ရှာဟက်ဒ်မောင်းသူမဲ့လေယာဉ်များကို စံပြု၍ တိုက်ပွဲဝင်မောင်းသူမဲ့လေယာဉ်များ တည်ဆောက်ခဲ့ပြီး လက်ရှိဖြစ်ပွားဆဲ အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခတွင် သုံးစွဲလျက်ရှိသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ဦးခင်ရီပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်ရီကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် လွှတ်တော်ကတင်မြှောက်လိုက်သည်။ ယနေ့စတင်ကျင်းပသည့် တတိယအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ဥက္ကဋ္ဌရွေးချယ်ရာတွင် ဦးခင်ရီတစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းသဖြင့် မဲခွဲရန်မလိုဘဲ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဦးခင်ရီသည် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ၌ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ကာအနိုင်ရခဲ့သည်။ နအဖ အစိုးရလက်ထက် ရဲချုပ်နှင့် ပြည်ထဲရေးဒုဝန်ကြီးအဖြစ်တာဝန်ယူခဲ့သည့်ဦးခင်ရီသည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် လဝကဝန်ကြီးဖြစ်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း အမှတ်(၆) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ရာရှုံးနိမ့်ခဲ့သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ထပ်မံယှဉ်ပြိုင်ရာရှုံးနိမ့်ခဲ့သည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ဦးခင်ရီသည် လဝက ဝန်ကြီးအဖြစ် တစ်နှစ်ကျော်ကြာတာဝန်ယူခဲ့ပြီးနောက် အနားပေးခံရကာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဖြစ်လာသည်။ ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများရွေးချယ် တင်မြှောက်ရာတွင် နှစ်နေရာလုံးအတွက် မဲခွဲဆုံးဖြတ်ရန်မလိုဘဲ အတည်ပြုခဲ့သည်။ ဥက္ကဋ္ဌလောင်းအဖြစ် ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်အုန်းတို့ကိုသာ အမည်စာရင်းတင်သွင်းခဲ့သဖြင့် မဲခွဲဆုံးဖြတ်ရန်မလိုဘဲ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများအဖြစ်တင်မြှောက်ကြောင်း လွှတ်တော်သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည့် ဦးနန္ဒကျော်စွာက ကြေညာသည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းနှင့်လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဦးမောင်မောင်အုန်းသည် ၂၀၂၅ အထွေထွေ ရွေးကောက်ပွဲတွင် တပ်ကုန်းမြို့နယ် မဲဆန္ဒနယ်မှအနိုင်ရခဲ့သည်။ သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် ဓာတ်ပုံ - USDP #ပြည်တွင်းသတင်း

photo content

◾️ဒုံးပစ်လောင်ချာများ ပစ်ခတ်စမ်းသပ်မှု ကင်ဂျုံအန်းကိုယ်တိုင် ကြီးကြပ်ခဲ့ မြောက်ကိုရီးယားလက်နက်ကိုင်တပ်များသည် မတ် ၁၄ ရက်တွင်ဒုံးပစ်လောင်ချာ ၁၂ ခု ပစ်ခတ်စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် ကြီးကြပ်ခဲ့ကြောင်း ကေစီအင်န်အေသတင်းဌာနက သတင်းထုတ်ပြန်ထားသည်။ အဆိုပါဒုံးပစ်လောင်ချာစနစ်များသည် ကီလိုမီတာ ၄၂၀ အကွာအဝေးတွင်ရှိသော ရန်သူများအားထိထိရောက်ရောက် ဖျက်ဆီးနိုင်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက စမ်းသပ်မှများ ပြုလုပ်ပြီးနောက် ထုတ်ဖော်ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့်တောင်ကိုရီးယားနိုင်ငံတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေချိန်တွင်မြောက်ကိုရီးယားနိုင်ငံက ဒုံးပစ်လောင်ချာ ပစ်ခတ်စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မတ် ၁၄ ရက်တွင် မြောက်ကိုရီးယားတပ်များက အရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်ရေပြင် အတွင်းသို့ဘလစ်စတစ်ဒုံးကျည် အနည်းဆုံး ၁၀စင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်ကလည်း အတည်ပြုထားသည်။ ကေစီအင်န်အေ သတင်းဌာန၏ အဆိုအရ စမ်းသပ်ပစ်လွှတ်မှုများအတွင်း အဆိုပါ ဘလစ်စတစ်ဒုံးကျည်များသည် ကီလိုမီတာ ၃၆၄ဒသမ ၄ ကီလိုမီတာအကွာ အရှေ့ပင် လယ်အတွင်းရှိ ပစ်မှတ်တုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံသည်အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုများကိုကျူးကျော်စစ်အတွက် ဇာတ်တိုက်မှုအဖြစ် မှတ်ယူထားပြီး လက်နက်စမ်းသပ်မှုများဖြင့် တုံ့ပြန်လေ့ရှိသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

photo content

◾️ဟော်မုဇ်ရေလက်ကြားလုံခြုံရေး စစ်သင်္ဘောများစေလွှတ်ကြရန် သမ္မတဒေါ်နယ်ထရန့် တိုက်တွန်း ဟော်မုဇ်ရေလက်ကြားကို ဖွင့်လှစ်ထားနိုင်ရေးအတွက် စစ်သင်္ဘောများစေလွှတ်ကြရန် ကမ္ဘာ့နိုင်ငံများကိုအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မတ် ၁၄ ရက်တွင်တိုက်တွန်းခဲ့ ကြောင်း သိရသည်။ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းလာသော ရေနံများအား လက်ခံရယူနေသောနိုင်ငံ များအနေဖြင့် ယင်းရေလက်ကြားကို စောင့်ရှောက်ရမည်ဖြစ်ကြောင်းသမ္မတဒေါ်နယ်ထရန့် က လူမှုမီဒီယာ စာမျက်နှာပေါ်တွင် ရေးသားထားသည်။ ကမ္ဘာ့နိုင်ငံအများအပြား အထူးသဖြင့် ဟော်မုဇ်ရေလက်ကြားအား အီရန်ပိတ်ဆို့ထားမှု၏ ဆိုးကျိုးသက်ရောက်မှုများနှင့် ရင် ဆိုင်နေရသော နိုင်ငံများကဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများ ဘေးကင်းလုံခြုံရေးအတွက် စစ်သင်္ဘောများ စေလွှတ်လိမ့်မည်ဖြစ် ကြောင်း သမ္မတဒေါ်နယ်ထရန့်က ခန့်မှန်းထားသည်။ ယင်းပြင် ဟော်မုဇ်ရေလက်ကြားလုံခြုံရေးအတွက် စစ်သင်္ဘောများ စေလွှတ်မည့်နိုင်ငံများ ထဲတွင် တရုတ်၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့်ဗြိတိန် စသည့်နိုင်ငံများလည်း ပါဝင်လိမ့်မည်ဟု မိမိမျှော်လင့်ထားကြောင်းသမ္မတ ဒေါ်နယ်ထရန့် က လူမှုမီဒီယာ စာမျက်နှာပေါ်တွင် ရေးသားထားသည်။ အီရန်နှင့် အိုမန်နိုင်ငံတို့ အကြားတွင် တည်ရှိသော် ဟော်မုဇ် ရေလက်ကြားသည် ကမ္ဘာ့ရေနံ နှင့် သဘာ၀ဓာတ်ငွေ့ထုတ်လုပ်မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းပုံမှန်ဖြတ်သန်းနေသော ရေလက်ကြားဖြစ်သည်။ ဟော်မုဇ်ရေလက်ကြားတစ်လျှောက် ဖြတ်သန်းသွားလာနေသောသင်္ဘောများကို တားဆီး ပိတ်ပင်ထားခြင်းဖြင့် အမေရိကန်ပြည်ထောင်စုနှင့်မဟာမိတ်များကို စစ်ပွဲရပ်ရန် ဖိအားပေး လျက်ရှိသည်။ ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများ ပိတ်ဆို့နေမှုကြောင့် ကမ္ဘာ့ရေနံဈေးကွက် တွင်းသို့ ကုန်စည်ဝင်ရောက်မှုလမ်းကြောင်း ကွင်းဆက်များပြတ်တောက်ခဲ့ရာ ရေနံဈေးနှုန်း များလည်း မြင့်တက်လျက်ရှိသည်။ သမ္မတဒေါ်နယ်ထရန့်၏ တောင်းဆိုချက်အရ ဟော်မုဇ်ရေလက်ကြားလုံခြုံရေးအတွက် စစ်သင်္ဘောများစေလွှတ်ပေးရန် မည်သည့်နိုင်ငံများကသဘောတူထားကြောင်း အိမ်ဖြူတော်က ထုတ်ပြောခြင်းမရှိသေးပေ။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ရွှေဆိုင်များ အလျော့ တွက် လက်ခအသစ်သတ်မှတ်ထုတ်ပြန် ရွှေဆိုင်များတွင် လက်ဝတ်ရတနာပြုလုပ်ရာ၌ ကောက်ခံမည့် အလျော့တွက်လက်ခနှုန်း ထားများကိုရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အသစ်သတ်မှတ် ထုတ်ပြန်လိုက်ကြောင်း မတ် ၁၁ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ယင်းညွှန်ကြားချက်အရ ရွှေ၊ရွှေကြမ်းနှင့် လက်ဝတ်ရတနာပစ္စည်းများ၏ အလျော့တွက်နှုန်းထားများအား စိစစ်အတည်ပြုခြင်းနှင့်ပတ်သက်၍ ရွှေဆိုင်များ လိုက်နာရမည့် သတ်မှတ်ချက်များကို ထုတ်ပြန်ထားခြင်းဖြစ်သည်။ ထုတ်ပြန်ချက်တွင် ရွှေဆွဲသီး၊ ရွှေနားကပ်၊ ရွှေကလစ်၊ ရွှေလက်စွပ်၊ရွှေလက်ကောက်၊ ရွှေဆွဲကြိုးနှင့် ရွှေဟန်ချိန်း^ ဖုချိန်း စသည့်လက်ဝတ်ရတနာအမျိုးအစားများကို ခွဲခြား၍ အမျိုးအစားအလိုက် အလျော့တွက်လက်ခနှုန်းထားများ သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။ သတ်မှတ်ချက်အရ ရွှေဆွဲသီး နှစ်ပဲတင်နှင့် အောက်အတွက် အလျော့တွက်လက်ခ ၁ ပဲ ၁ ရွေး သတ်မှတ်ထားပြီး လေးပဲတင်နှင့်အောက် အတွက်အလျော့တွက်လက်ခ နှစ်ပဲ သတ်မှတ်ထားကြောင်း သိရသည်။ ယင်းသို့ သတ်မှတ်ထားမှုကြောင့် လက်ဝတ်ရတနာပြုလုပ်သည့် အခါပစ္စည်းတန်ဖိုး၏ ထက်ဝက်နီးပါးအထိ အလျော့တွက်လက်ခပေးရနိုင်ကြောင်းသိရသည်။ ထို့ပြင် ရွှေဆွဲကြိုး လေးပဲတင် နှင့် အောက်အတွက် အလျော့တွက် လက်ခနှစ်ပဲ သတ်မှတ် ထားပြီး တစ်ကျပ်သား တင်နှင့်အောက်အတွက် အလျော့တွက်လက်ခ ၅ ပဲ ၆ ရွေး သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သတင်း-လူ့တလူ ဓာတ်ပုံ- စံတော်ချိန်ဒစ်ဂျစ်တယ် #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️ရွှေဇမ္ဗူအောင်ဆင်တော်မင်္ဂလာ အလှူလှည့်စဉ် ဓာတ်လိုက်သေဆုံး မန္တလေးတိုင်း၊‌ ကျောက်ဆည်မြို့၌ ရွှေဇမ္ဗူအောင် ဆင်တော်မင်္ဂလာသည် အလှူလှည့်စဉ် ဓာတ်လိုက်သေဆုံးကြောင်း ဒေသခံများထံမှသိရသည်။ ယမန်နေ့(မတ် ၁၄ ရက်)နံနက်ပိုင်းတွင် ကျောက်ဆည်မြို့၊ လက်ဝဲစုကျေးရွာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလှူလှည့်လည်နေစဉ် ဓာတ်ကြိုးဖြင့်ထိမိ၍ ရေထဲပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။ ဆင်ပေါ်တွင်လိုက်ပါလာသည့် ဆင်ဦးစီးနှင့်အလှူရှင်သားအမိနှစ်ဦးလည်း သတိလစ်မေ့မြောခဲ့ကြောင်း ဒေသခံများကပြောသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရွှေဇမ္ဗူအောင်အဖွဲ့ထံ စံတော်ချိန်ဒစ်ဂျစ်တယ်မှ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပါ။ ယခုမတ်လ ၅ ရက်တွင်လည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၌ ဆောင်းဘောက်များတင်လာသည့် ကားပေါ်တွင်လိုက်ပါလာသည့် လူငယ်အချို့ဓာတ်ကြိုးမလွတ်၍ ဖယ်ရာမှ ဓာတ်လိုက်ပြီး ထိခိုက်ဒဏ်ရာရရှိခြင်းများရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရသည်။ သတင်း - အင်ကြင်း ဓာတ်ပုံ - CJ #ပြည်တွင်းသတင်း

photo content

‎◾️အချိုရည်စက်ရုံမီးလောင်၊ လူ ၂၀ ဦးခန့်ဒဏ်ရာရ ‎ ‎ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်မှုဇုန်ရှိ အချိုရည်စက်ရုံတစ်ရုံမီးလောင်မှု ယမန်နေ့(မတ်လ ၄ ရက်) ည ၈ နာရီ ၂၀ မိနစ်တွင်မီးလောင်မှုဖြစ်ပွားရာ လူ ၂၀ ဦးခန့်ဒဏ်ရာရရှိပြီး ဂိုဒေါင်တစ်လုံး ပျက်စီးဆုံးရှုံးကြောင်း အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းထံမှသိရသည်။ ‎ ‎လက်ရှိတွင်မီးလောင်သည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို စစ်ဆေးလျက်ရှိ ကြောင်း၊ ကုန်ကြမ်းများထားရှိသည့် ပေ ၃၀၀ ပတ်လည်ရှိဂိုဒေါင်အတွင်းစက္ကူပုံများ၊ အချိုရည်များ၊ သကြားလုံးများမီးလောင်ခဲ့ကြောင်းသိရသည်။ ‎ ‎"အထဲမှာလည်းလောင်စာပစ္စည်းတွေဆိုတော့ မီးလောင်ပြီးမကြာလိုက်ဘူး Level 2 အဆင့်ရောက်သွား တယ်။ မီးငြှိမ်းသတ်တဲ့သူတွေလည်း တော်တော်အခက်ခဲဖြစ်တယ်။ မီးပူရှိန်ကလည်းအရမ်းများတော့ မီးသတ်တွေ၊ လူမှုကူညီရေးအသင်းကသူတွေနဲ့ ဝိုင်ဝန်းငြှိမ်းသတ်ပေးတဲ့သူတွေစုစုပေါင်း ၂၀ ဦးခန့် ဒဏ်ရာရတယ်" ဟု အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ‎ ‎မီးလောင်မှုမှာ ည ၈ နာရီ ၂၀ မိနစ်ကမီးစတင်‌လောင်ကျွမ်းပြီး ည ၈ နာရီ ၃၂ မိနစ်တွင် Level 1 အဆင့် မီးသတ်ယာဉ်များ၊ ည ၈ နာရီ ၃၄ မိနစ်တွင် Level 2 အဆင့်ယာဉ်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး ယနေ့(မတ် ၁၅ ရက်) နံနက် ၁ နာရီတွင် မီးငြှိမ်းကြောင်းသိရသည်။ ‎ ‎သတင်း - ပိုင်လေး ‎ဓာတ်ပုံ - အင်းစိန်မြို့နယ်ကြက်ခြေနီ #ပြည်တွင်းသတင်း ‎

photo content

‎◾️တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ယမန်နှစ်ထက် ငါးသောင်းဝန်းကျင်တိုးလာဟုဆို ‎ ‎ယခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၀၀၀၀ ကျော်ရှိပြီး ယခင်နှစ် ကထက် ငါးသောင်းဝန်းကျင်တိုးလာကြောင်း ပညာရေးဝန်ကြီးဌာနကထုတ်ပြန်သည့်အချက်အလက်များအရသိရသည်။ ‎ မတ်လ ၁၁ ရက် စတင်ကျင်းပသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြေဆိုသူ အချက်အလက်များအရ ရန်ကုန်နှင့်မန္တလေးတိုင်းတို့တွင် ယမန်နှစ်ကထက် တစ်သောင်းဝန်းကျင်စီ တိုးလာကာ ကျန်တိုင်းနှင့်ပြည်နယ်များတွင်လည်း ဖြေဆိုသူအနည်းငယ် တိုးလာကြောင်း သိရသည်။ ‎ ‎ရန်ကုန်တိုင်းတွင် ယခုနှစ်စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၄၆၈၈၉ ဦး၊ မန္တလေး တိုင်းတွင် ၄၅၆၃၅ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။ ယမန်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန် တိုင်းမှ ၃၇၄၆၈ဦး၊မန္တလေးတိုင်းမှ ၃၄၃၈၃ဦး ဖြေဆိုခဲ့သည်။ ‎ ‎ယမန်နှစ်ကဖြေဆိုသူ ၁၂၅၀၀ ကျော်ရှိခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေတွင် ယခုနှစ်ဝင်ရောက် ဖြေဆိုသူ ၁၄၀၀၀ ကျော်၊ ဧရာဝတီတိုင်းတွင် ယမန်နှစ်က ဖြေဆိုသူ ၃၂၀၀၀ ကျော်ရှိရာမှ ယခုနှစ်တွင် ၃၆၀၀၀ ကျော် ဖြေဆိုခဲ့သည်။ ‎ ‎စစ်ကိုင်းတိုင်းတွင် ယမန်နှစ်က ၁၀၀၀၀ နီးပါးဖြေဆိုခဲ့ကာ ယခုနှစ်တွင် ၁၂၅၀၀ ကျော်၊ ယမန်နှစ်က ၁၈၀၀၀ နီးပါးဖြေဆိုခဲ့သည့် မကွေးတိုင်းတွင် ယခုနှစ်ဖြေဆိုသူ ၂၁၀၀၀ ကျော်၊ ယမန်နှစ်က ဖြေဆိုသူ ၂၂၀၀၀ ဝန်းကျင်ရှိခဲ့သည့် ပဲခူးတိုင်းတွင် ယခုနှစ်ဖြေဆိုသူ ၂၆၀၀၀ ခန့်နှင့်ယမန်နှစ်က ဖြေဆိုသူ ၄၅၀၀ ကျော်ရှိခဲ့သည့် တနင်္သာရီတိုင်းတွင် ယခုနှစ်ဖြေဆိုသူ ၆၀၀၀ နီးပါး အသီးသီးရှိကြောင်း ပညာရေးဝန်ကြီး ဌာန အချက်အလက်များအရသိရသည်။ ‎ ‎ထို့အတူ ပြည်နယ်များတွင်လည်း ကချင်၊ ရှမ်းနှင့်မွန်ပြည်နယ်တို့တွင် ယခင်နှစ်ကထက် ဖြေဆိုသူထောင် ဂဏန်းခန့်စီ အနည်းငယ်တိုးလာပြီး ကရင်၊ ကယား၊ ရခိုင်နှင့်ချင်းတို့တွင် ရာဂဏန်းခန့်တိုးလာကြောင်း ပညာရေးဝန်ကြီးဌာနကထုတ်ပြန်သည့် အချက်အလက်များတွင်တွေ့ရသည်။ ‎ ‎စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းပေးပြီးနောက် ပျက်ကွက်သည့် စာရင်းတွင်လည်း ယမန်နှစ်က ၁၂၀၀၀ ခန့်ရှိရာမှ ယခုနှစ်တွင် ၁၃၅၀၀ ကျော်ရှိကြောင်းသိရသည်။ ‎ ‎မတ် ၁၁ ရက်က စတင်ကျင်းပသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာရပ် တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၅,၂၂၈ ဦးရှိပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး၊ တက္ကသိုလ်ဝင်ခွင့်အတွက်ဖြေဆိုသူ ၃၃၆၄ ဦးရှိကြောင်းပညာရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။ ‎ ‎၂၀၂၀ ခုနှစ်အထိ နှစ်စဉ်တက္ကသိုလ်ဝင်စာမေးပွဲများတွင် ဝင်ရောက်ဖြေဆိုသူ ရှစ်သိန်း၊ ကိုးသိန်းခန့်ရှိရာမှ ကိုဗစ်ကပ်ရောဂါနှင့် ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်များအပြီး ပြန်လည်ကျင်းပသည့် ၂၀၂၂ ခုနှစ်စာမေးပွဲမှစတင်ကာ နှစ်စဉ်နှစ်သိန်းကျော်သာရှိတော့သည်အထိ လျော့ကျခဲ့သည်။ ‎ ‎သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် ‎ဓာတ်ပုံ-MDN ‎#ပြည်တွင်းသတင်း

photo content

◾️အီရန်တိုက်ခိုက်မှုကြောင့် အမေရိကန် ဝေဟင်ဆီဖြည့်လေယာဉ်ငါးစင်း အထိအခိုက်ရှိခဲ့ ဆော်ဒီအာရေဗျနိုင်ငံ ပရင့်စ်ဆူလ်တန်လေတပ်စခန်း၌ ရပ်နားထားသော အမေရိကန် လေတပ်ဝေဟင်ဆီဖြည့် လေယာဉ်ငါးစင်းမှာဒုံးကျည်တိုက်ခိုက်မှုတစ်ရပ်ကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ရကြောင်းဝေါလ်စထရိဂျာနယ် သတင်းစာကမတ် ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ အစိုးရသတင်းအရင်းအမြစ်များ၏အဆိုအရ အဆိုပါ ဝေဟင်ဆီဖြည့် လေယာဉ်ငါးစင်း တို့သည် အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုတစ်ရပ်အတွင်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းအီရန်နိုင်ငံက ပရင့်စ်ဆူလ်တန်လေတပ်စခန်းကို ဒုံးကျည်များ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ချိန်တွင် အမေရိကန်လေတပ် ဝေဟင်ဆီဖြည့် လေယာဉ်ငါးစင်း အထိအခိုက်ရှိခဲ့ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ထုတ်ဖော် ပြောကြား ထားသည်။ သို့ရာတွင် အဆိုပါ ဝေဟင်ဆီဖြည့် လေယာဉ်ငါးစင်းမှာ အကြီးအကျယ်ပျက်စီးမှုမရှိခဲ့ဘဲ လက်ရှိအချိန်တွင် ကျွမ်းကျင်သူများကပြန်လည်ပြင်ဆင်နေကြောင်း သိရသည်။ မတ် ၁၂ ရက်ကလည်း အီရတ်နိုင်ငံ၌ ကေစီ-၁၃၅ အမျိုးအစားဝေဟင်ဆီဖြည့် လေယာဉ် တစ်စင်းမတော်တဆမှုတစ်ရပ်ကြောင့် ပျက်ကျခဲ့ရာ လေယာဉ်အမှုထမ်းခြောက်ဦး သေဆုံးခဲ့ရသည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင်စတင်ခဲ့သော အရှေ့အလယ်ပိုင်းစစ်ပွဲတွင် အမေရိကန်စစ်ဘက် အနေဖြင့် အနည်းဆုံး စစ်လေယာဉ်လေးစင်းအထိ ဆုံးရှုံးထားရကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

photo content