Spring CrowdFund (SCF)
Kanalga Telegram’da o‘tish
https://springcrowdfund.org တရားဝင် တော်လှန်ရေးထောက်ပို့ပလက်ဖောင်း SCF
Ko'proq ko'rsatish3 653
Obunachilar
-124 soatlar
-207 kun
-6530 kun
Ma'lumot yuklanmoqda...
O'xshash kanallar
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Taglar buluti
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Kirish va chiqish esdaliklari
---
---
---
---
---
---
Obunachilarni jalb qilish
Oktabr '26Okt '26
Oktabr '26
+2
4 kanalda
Sentabr '26
+28
4 kanalda
Get PRO
Avgust '26
+38
9 kanalda
Get PRO
Iyul '26
+30
6 kanalda
Get PRO
Iyun '26
+24
7 kanalda
Get PRO
May '26
+11
5 kanalda
Get PRO
Aprel '26
+19
4 kanalda
Get PRO
Mart '26
+37
10 kanalda
Get PRO
Fevral '26
+33
6 kanalda
Get PRO
Yanvar '26
+22
3 kanalda
Get PRO
Dekabr '25
+66
3 kanalda
Get PRO
Noyabr '25
+3 166
3 kanalda
Get PRO
Oktabr '25
+36
5 kanalda
Get PRO
Sentabr '25
+31
5 kanalda
Get PRO
Avgust '25
+35
5 kanalda
Get PRO
Iyul '25
+43
13 kanalda
Get PRO
Iyun '25
+49
15 kanalda
Get PRO
May '25
+91
7 kanalda
Get PRO
Aprel '25
+1 177
11 kanalda
Get PRO
Mart '250
21 kanalda
Get PRO
Fevral '250
5 kanalda
Get PRO
Yanvar '25
+4
3 kanalda
| Sana | Obunachilarni jalb qilish | Esdaliklar | Kanallar | |
| 07 Oktabr | 0 | |||
| 06 Oktabr | 0 | |||
| 05 Oktabr | 0 | |||
| 04 Oktabr | 0 | |||
| 03 Oktabr | +2 | |||
| 02 Oktabr | 0 | |||
| 01 Oktabr | 0 |
Kanal postlari
| 2 | ကမ်ပိန်းတစ်ခု တားဂတ်ပြည့်သွားတိုင်း ရဲဘော်တွေနဲ့ စစ်ရှောင်တွေက SCF ကို ကျေးဇူးတင်စကား ပြောတတ်ကြတယ်။
အဲ့ဒီအခါတိုင်း ကျွန်တော်တို့ ခံယူထားတာ တစ်ခုရှိပါတယ်။
SCF ကိုဆိုတာထက် တကယ် ကျေးဇူးတင်ရမှာက အတူတကွ ထောက်ပို့ပေးကြတဲ့ အလှူရှင်အကြည်ဓာတ်လေးတွေကိုပါ။
ဒီတော်လှန်ရေးခရီးမှာ လုံခြုံမှုပေးနိုင်တဲ့ အရိပ်ရသစ်ပင်ကြီးတစ်ပင်... လိုရာကို လှမ်းတက်နိုင်ဖို့ လှေကားတစ်စင်း... ဘေးကင်းကင်း လျှောက်လှမ်းနိုင်မယ့် တံတားတစ်စင်း ဖြစ်ပေးနိုင်ရင်ကို SCF အဖွဲ့သားတွေအတွက် ဆုလာဘ်ပါပဲ။
ဒါကြောင့် တော်လှန်ပြည်သူတိုင်း စိတ်ချလက်ချသာ အသုံးပြုပါ။ ယုံယုံကြည်ကြည်သာ ညွှန်းပေးပါ။
တစ်ယောက်နဲ့တစ်ယောက် နေရာဒေသမတူ၊ အသက်အရွယ်မတူ၊ ကိုးကွယ်ရာဘာသာတွေမတူရင်တောင် (တခါတလေ သဘောထားချင်း မတိုက်ဆိုင်ရင်တောင်) ပန်းတိုင်ရောက်ဖို့ အားလုံး စည်းစည်းလုံးလုံးနဲ့ အတူလက်တွဲ ချီတက်နေကြတဲ့ နှလုံးသားများစွာဟာ... "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားလုံးတွေထက် SCF ကို ခွန်အားတွေ အများကြီး ပိုဖြစ်စေပါတယ်။
ဒီတော်လှန်ရေး... သေချာပေါက်ကို နိုင်ကိုနိုင်မယ်လို့ အပြည့်အဝ ယုံကြည်တယ်။ ✊
https://springcrowdfund.org
#SpringCrowdFund #SCF | 223 |
| 3 | အကြည်ဓာတ်လေးတွေအတွက် သတင်းကောင်းတစ်ခု ကြေညာပေးချင်ပါတယ်။
Education For All, Success For All ကမ်ပိန်းအတွက် မျှော်မှန်းပမာဏ ကျပ်သိန်း (၃၀၀) ကျော်လွန်အောင် ကူညီပေးနိုင်ခဲ့ပါပြီခင်ဗျာ။
ဒါဟာ SCF မှာ (၃၉) ခုမြောက် တားဂတ်ကျော်လွန် အောင်မြင်ခဲ့တဲ့ ကမ်ပိန်းလည်း ဖြစ်ပါတယ်။
ရရှိလာတဲ့ အလှူငွေများအားလုံးကို မြို့နယ်ပေါင်း (၃၃) ခုမှာ ပြည်သူ့ပညာရေး ဖော်ဆောင်နိုင်ဖို့အတွက် အမြန်ဆုံး ရာနှုန်းပြည့် လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။
အတူတကွ ကြိုးစားခဲ့ကြတဲ့ အကြည်ဓာတ်လေးတွေ တစ်ဦးချင်းစီတိုင်းကို ဆရာ၊ ဆရာမများကိုယ်စား SCF ကနေ အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
အတူတူ ဆက်ချီတက်ကြမယ်ဗျို့ 🥰❤️
springcrowdfund.org | 199 |
| 4 | "ဖြုတ် ဖို့ ဖြည့်" ကမ်ပိန်းအတွက် Spring CrowdFund (SCF) ပလက်ဖောင်းမှာ စတင်ပါဝင်ကူညီနိုင်ပါပြီ။ 💪
ကမ်ပိန်းအကြောင်း အသေးစိတ်ဖတ်ရှုရန်
springcrowdfund.org/c/rtD9ur
SCF platform ကို အခမဲ့အသုံးပြုနိုင်ပြီး ကမ်ပိန်းတွေကို တနေရာတည်းကနေ အချိန်မရွေး နေရာမရွေး ဘေးကင်းလုံခြုံစွာ ထောက်ပို့နိုင်ပါတယ်။
Certificate လည်း စက္ကန့်ပိုင်းအတွင်း ချက်ချင်းရယူနိုင်ပါတယ်။
ကမ်ပိန်းရရှိငွေ ပမာဏကိုလည်း အချိန်နဲ့တပြေးညီ ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ပြပေးထားတာကြောင့် စိတ်ချယုံကြည်စွာ ထောက်ပို့နိုင်ပါတယ်။
ယင်းမာပင်ခရိုင် တပ်ရင်း(၁၁) ရဲဘော်များအတွက် မရှိမဖြစ် လိုအပ်နေတဲ့ ပွိုင့်ဖိနပ်၊ ယူနီဖောင်း၊ ဆေးဝါးနဲ့ နေ့စဉ်ရိက္ခာတွေအပြင်၊ မြေပြင်သွားလာရေးနဲ့ ဒေသကာကွယ်ရေးကိစ္စရပ်တွေအတွက် လိုအပ်နေတဲ့ ဆိုင်ကယ် (၃) စီးကို ဝယ်ယူအားဖြည့်နိုင်ဖို့ အတူတကွပါဝင်ကူညီပေးကြပါစို့။
#SpringCrowdFund #SCF | 210 |
| 5 | မနက်ဖြန်ညမှာ SCF ထဲကို သေချာပေါက် ဝင်ကြည့်သင့်ပါတယ်။ ✨
အဲ့ဒါမှသာ သူများပြောလို့ သိရတာမဟုတ်ပဲ၊
ကိုယ်တိုင် အရင်ဦးဆုံး မြင်တွေ့လိုက်ရတဲ့ ခံစားချက်ကို ပိုင်ဆိုင်နိုင်မှာမို့ပါ။
ဘာလို့လဲဆိုတာကတော့... အကြည်ဓာတ်လေးတို့ကိုယ်တိုင် ရင်ခုန်လို့ရအောင် မင်မင်တို့ ကြိုမပြောပြတော့ဘူးနော်။ 🤫❤️
springcrowdfund.org | 223 |
| 6 | "ထောက်ပံ့မပြတ် အောင်ပွဲဆက်" ကမ်ပိန်းအတွက် ပြည်သူတွေရဲ့ ထောက်ပို့မှုတွေကို အလေအလွင့်မဖြစ်အောင် ဘယ်လို စနစ်တကျ စီမံသွားမှာလဲ ဆိုတာကို...
အမှတ် (၃၆) နည်းဗျူဟာ၊ Southern Eagle တပ်ရင်းမှ တပ်ရေးအရာရှိ ရဲဘော်စည်သူ ကိုယ်တိုင် ဒီဗီဒီယိုလေးမှာ အသေးစိတ် ရှင်းလင်း ဖြေကြားပေးထားပါတယ်။
SCF နှင့်အတူ ကမ်ပိန်းတွင် လုံခြုံစိတ်ချစွာ ပါဝင်ရန်
🌿👉 springcrowdfund.org/c/fwXMt6 | 222 |
| 7 | အတူထောက်ပို့ချင်ပေမဲ့
လုံခြုံရေး စိတ်ပူနေသူတွေကို
လက်တွဲခေါ် ကူညီပေးပါ..
ပြည်သူတိုင်း ဘေးကင်းလုံခြုံစွာ
ထိထိရောက်ရောက် ထောက်ပို့နိုင်ဖို့အတွက်
SCF က အမြဲအတူရှိနေပါတယ်.. ❤️
🌿👉 springcrowdfund.org/sign-up
#SpringCrowdFund #SCF | 229 |
| 8 | ထားဝယ်ခရိုင် လောင်းလုံးရေဘေး အရေးပေါ်ကမ်ပိန်းအတွက် လိုအပ်နေတဲ့ အလှူငွေပမာဏရဲ့ ၂၆% (၂၆၂ သိန်းကျော်) ကို ရရှိထားပါပြီ။ 🙏
ရွာပေါင်း ၆၀ ကျော် ရေမြုပ်ပြီး အခက်ခဲဆုံးဖြစ်နေချိန်မှာ ငွေကြေးအားဖြင့်ဖြစ်စေ၊ များများပြန့်နှံ့အောင် RCS အားဖြင့်ဖြစ်စေ.. ကူညီပေးကြတဲ့ အကြည်ဓာတ်လေးတွေ တစ်ဦးချင်းစီတိုင်းကို ရေဘေးသင့်ပြည်သူများကိုယ်စား SCF မှ အထူးပဲ ကျေးဇူးတင်ပါတယ်။
စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေတွေက နေ့စဉ်နဲ့အမျှ ကြီးမားစွာ လိုအပ်နေဆဲဖြစ်လို့ ဆက်လက် ကူညီလှူဒါန်းပေးကြဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်။
🙏
လှူဒါန်းကူညီရန် - springcrowdfund.org/c/mNR41W | 235 |
| 9 | ဒီနေ့က ကမ္ဘာ့ဆရာများနေ့ (World Teachers' Day) ပါ။ မြန်မာနိုင်ငံအတွက်တော့ ဒီနေ့က အဓိပ္ပာယ်ပိုပြီး လေးနက်ပါတယ်။
ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ စာသင်ကျောင်းပေါင်းများစွာဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန်ကို စိုးရိမ်နေကြရပါတယ်။ လက်ယက်ကုန်း၊ အိုးထိမ်းကွင်း တို့လို ရင်နင့်ဖွယ်ဖြစ်ရပ်တွေက သက်သေပါ။
ဒီလိုအန္တရာယ်တွေကြားထဲမှာတော့ ကလေးလေးတွေ၊ လူငယ်တပည့်လေးတွေရဲ့ ပညာရေးအတွက် စွန့်စွန့်စားစား ပညာသင်ပေးနေတာကတော့ CDM ဆရာ၊ ဆရာမတွေပါ။
ဒီလို တိုင်းပြည်ရဲ့အနာဂတ်ကို ပညာအလင်း ထွန်းညှိပေးနေတဲ့ ဆရာ/ဆရာမများကို အကောင်းဆုံး ဂုဏ်ပြုပေးနိုင်တဲ့ နည်းလမ်းကတော့ သူတို့ရဲ့ ပညာရေးကြိုးပမ်းမှုတွေအတွက် တစ်ထောင့်တစ်နေရာကနေ ဝိုင်းဝန်းကူညီပေးဖို့ပဲ ဖြစ်ပါတယ်။
လုံခြုံစိတ်ချရတဲ့ SCF platform ကနေတဆင့်
- ပညာ့အလင်း (လစဉ်ကမ်ပိန်း)
- နွေဦးရဲ့တော်လှန်ပညာရှေ့ဆက်ရေး ပညာသင်ဆုလက်ကမ်ပေး
- Keep Their Dreams Alive စတဲ့ ပညာရေးကမ်ပိန်းတွေမှာ ဝိုင်းဝန်းပါဝင်ကူညီပေးနိုင်ပါတယ်။
ပမာဏအနည်းအများထက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဒီနေ့ ကမ္ဘာ့ဆရာများနေ့မှာ အတူတကွ ဂုဏ်ပြုပေးကြပါစို့❤️
#SpringCrowdFund #SCF
#WorldTeachersDay | 224 |
| 10 | SCF နဲ့အတူ PRF ထောက်ပို့တာဝန် စုပေါင်းထမ်းဆောင်ပေးနေတဲ့ အကြည်ဓာတ်လေးတွေ အားလုံးဟာ ဒီ Diamond Card ရဲ့ ထိုက်တန်တဲ့ပိုင်ရှင်လေးတွေပါ။
ဒါကြောင့် ဒီကတ်နဲ့အတူ ဂုဏ်ယူစွာ ကြွယ်လို့ရပါတယ်ခင်ဗျာ ❤️🥰 | 203 |
| 11 | " SCF က တကယ်တမ်း
အစ်မတို့ ပြည်သူတွေ
အားလုံးအတွက် လိုအပ်နေတဲ့
platform တစ်ခုဖြစ်တယ်ဆိုတာ သိလိုက်ရတယ် "
အကြည်ဓာတ်လေးတွေ ပြောပြတဲ့ SCF အကြောင်း ❤️
LINN JULY
SDB RM - 0221702
🌿👉 springcrowdfund.org | 212 |
| 12 | https://springcrowdfund.org/c/rVIXgT
ဆရာ/ဆရာမတွေအတွက် စွမ်းရည်မြှင့်သင်တန်းတွေပြုလုပ်ပေးရင်း ကလေးငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ ပညာရေးကို ဖန်တီးပေးမယ့် "Education For All, Success For All" ကမ်ပိန်းလေးဟာ နောက်ဆုံးရက်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အခုချိန်ထိ ပါဝင်ကူညီပေးကြတဲ့ ပြည်သူတွေအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ဒီကနေ့ ကမ်ပိန်းနောက်ဆုံးရက်လေးမှာတော့ အခက်အခဲတွေကြားကနေ အနာဂတ်အတွက် ရုန်းကန်နေကြတဲ့ ဆရာ/ဆရာမတွေနဲ့ ကလေးငယ်တွေအတွက် ဒီနောက်ဆုံးလက်ကျန် ခရီးတိုလေးကို အတူတူ လက်တွဲပြီး ဖြတ်ကျော်ပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ပမာဏအနည်းအများထက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တစ်ထောင့်တစ်နေရာက ပါဝင်အားဖြည့်ရင်း သူတို့လေးတွေရဲ့ ပညာရေးအိပ်မက်တွေကို အတူတူ အကောင်အထည်ဖော်ပေးလိုက်ရအောင်။ 🌿🙏
#SpringCrowdFund #SCF
#EducationForAllSuccessForAll | 238 |
| 13 | အသက်ရှင်ပါ
မနက်မင်္ဂလာလို့ နှုတ်ဆက်ဖို့...
......
အမှောင်ကျလည်း
ဦးနှောက်ထဲမှာ လင်းနေပါစေ..
အဆက်အသွယ်မရလည်း
နှလုံးသားထဲမှာ နွေးနေပါစေ..
ပြန်ဆုံမည့်ရက်
အရုဏ်တက်ကို
အသက်ဆွဲဆန့် ကြိုနိုင်ကြပါစေ..
-မောင်စိန်ဝင်း (ပုတီးကုန်း)- | 381 |
| 14 | ဒီနှစ် သီတင်းကျွတ် ညချမ်းလေးကို ပိုပြီး အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းချင်တဲ့ အကြည်ဓာတ်လေးတွေ ရှိလား... ✨
ဂီတသံစဉ်လေးတွေ နားဆင်ရင်း စစ်ဘေးရှောင် ကလေးငယ်လေးတွေရဲ့ ပညာရေးအိပ်မက်တွေကို အတူတူ ဖေးမကူညီပေးနိုင်မယ့် အစီအစဉ်ကောင်းတစ်ခု @SpringDevBank နဲ့ @SpringCrowdFund တို့ဆီကနေ ရောက်လာတော့မယ်နော်။
ဘယ်လို အနုပညာရှင်တွေက ဖျော်ဖြေပေးသွားမလဲ...
ဘယ်လို ရင်ခုန်စရာ အစီအစဉ်တွေ ပါဝင်မလဲ...
လာမယ့် အောက်တိုဘာ (၇) ရက်နေ့မှာ အစီအစဉ်အပြည့်အစုံ ကြေညာပေးသွားမှာမို့... အခုကတည်းက ပြက္ခဒိန်ပေါ်မှာ Date လေး မှတ်ထားလိုက်တော့နော်။ 😍❤️
#KeepTheDreamsAlive
#ThadingyutCharityConcert2026
#SpringDevelopmentBank
#SpringCrowdFund | 248 |
| 15 | ဘေးကင်းလုံခြုံစွာ ထောက်ပို့နိုင်ဖို့အတွက်
ကိုယ်ပိုင် SCF အကောင့်ရှိထားပြီလား? 😎
မရှိသေးပါက အောက်ပါလင့်မှတဆင့် လွယ်ကူစွာ ဖွင့်နိုင်ပါတယ်။
လုံခြုံရေးအတွက်လည်း စိတ်ချရပါတယ်။
🌿👉 springcrowdfund.org/sign-up
#SpringCrowdFund #SCF | 227 |
| 16 | အောက်တိုဘာလအတွက် PRF ထောက်ပို့တာဝန်ကို SCF တွင် စတင်ထမ်းဆောင်နိုင်ပါပြီ ✊
🚩 springcrowdfund.org/c/b2WQDv
တစ်ဦးချင်းအနေနဲ့ မဟုတ်ပေမဲ့လဲ အကြည်ဓာတ်လေးများအားလုံးရဲ့ ညီညွတ်မှုအင်အားကို ကိုယ်စားပြုတဲ့ "Collective Power of SCF Users" ကိုယ်ပိုင်အမှတ် PRF-0111149 နဲ့ လစဉ်ထောက်ပို့နေတာဖြစ်ပြီး Diamond Member Card ကို ၄ လဆက်တိုက် ရရှိထားပါတယ်။
ဒါကြောင့် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ချင်တဲ့ ပြည်သူတိုင်း ၅,၀၀၀ ကျပ်မှစတင်ကာ SCF နဲ့အတူ ဘေးကင်းလုံခြုံစွာ စုပေါင်းထောက်ပို့နိုင်ပါတယ်။
လာပါ ငါတို့အတူတူရုန်းမယ် 💪
#SCF #PRF
#TogetherWeAreStronger | 273 |
| 17 | SCF တွင် ကမ်ပိန်းကူနည်း လမ်းညွှန်
တစ်ပုံတည်းနဲ့ အဆင့်တွေအားလုံး သိနိုင်အောင် ရှင်းပြပေးထားတာဖြစ်လို့ Spring CrowdFund (SCF) ကနေတဆင့် ကမ်ပိန်းတွေကို စတင်ထောက်ပို့ချင်တဲ့ အကြည်ဓာတ်အသစ်လေးတွေအတွက် အလွယ်တကူ ကြည့်ရှုပါဝင်နိုင်ပါပြီ။
စီနီယာအကြည်ဓာတ်လေးတွေအနေနဲ့လည်း သူငယ်ချင်းတွေကို လက်တွဲခေါ် (ရည်းစားရှိသူတွေကတော့ ခါးလေးဖက်ခေါ် 🤫 ) တဲ့အခါ ဒီပုံလေးပြပြီး လွယ်လွယ်ကူကူရှင်းပြနိုင်တာမို့ save ထားဖို့ အကြံပေးချင်ပါတယ်။
SCF အသုံးပြုရန်နှိပ်ပါ | 373 |
| 18 | PRF Diamond Card ကို သုံးလဆက်တိုက် အရယူနိုင်ခဲ့တဲ့ အကြည်ဓာတ်လေးများ 😎
အခက်အခဲတွေကြားကနေ "သုံးလဆက်တိုက်" မပျက်မကွက် ထောက်ပို့နိုင်ဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ SCF အကြည်ဓာတ်လေးတွေကတော့ ဒီမလွယ်ကူမှုကို အတူတူ ကျော်ဖြတ်ပြီး ထပ်မံ သက်သေပြနိုင်ခဲ့ပြန်ပါပြီ။
မြေပြင်အတွက် "ငါတို့ အမြဲရှိတယ်" ဆိုတဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ တာဝန်ကျေပွန်မှုရဲ့ ပြယုဂ်တစ်ခု အဖြစ် Diamond Card ကို ၃ လ ဆက်တိုက် ရယူနိုင်ခဲ့တဲ့ အတွက် အကြည်ဓာတ်လေးများကို SCF မှ ဂုဏ်ပြုပါတယ်။
အခု အောက်တိုဘာလမှာလည်း ၄ ကြိမ်ဆက်တိုက် ယူနိုင်အောင် အတူတူကြိုးစားကြပါမယ်။ ၅,၀၀၀ ကျပ်ရှိရုံနဲ့ ပါဝင်နိုင်တာမို့ သူငယ်ချင်းတွေကိုလည်း လက်ဆွဲခေါ်ပေးပါဦးဗျို့။ 😍
springcrowdfund.org | 266 |
| 19 | ကျပ်သိန်း (၂၀၀) ပြည့်သွားတဲ့ "ရှေ့တန်းအားဖြည့်" ကမ်ပိန်း
အမှတ် (၁၀၁၁) တပ်ရင်းရဲဘော်များအတွက် လိုအပ်နေတဲ့ Body Armor နဲ့ Helmet တွေ တပ်ဆင်ပေးနိုင်ဖို့ အတူပါဝင်ကူညီပေးကြတဲ့ 'အကြည်ဓာတ်လေး' တွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ပစ္စည်းတွေ မြေပြင်ရောက်တဲ့အခါ ရဲဘော်တွေဆီက ပုံ/ဗီဒီယိုလေးတွေရလာခဲ့ရင်လည်း ထပ်မံတင်ပေးမှာပါ။
ရှေ့တန်းအားဖြည့်" ဟာ SCF ပလက်ဖောင်းမှာ (၃၈) ခုမြောက် တားဂတ်ပြည့်ခဲ့တဲ့ ဂုဏ်ယူစရာ ကမ်ပိန်းတစ်ခု ဖြစ်ပါတယ်။
လာမယ့် ကမ်ပိန်းတွေမှာလည်း အတူတကွ အားဖြည့်ကူညီရင်း၊ ဒီ အောက်တိုဘာလမှာ ထောက်ပို့ပြည်သူအင်အား (၅၀,၀၀၀) စုပေါင်းမှုအောင်မြင်သွားအောင် ပါဝင်ပေးကြဖို့ စိတ်အားထက်သန်စွာ ဖိတ်ခေါ်ပါတယ်။
အတူတူချီတက်ဖို့အတွက် သူငယ်ချင်းတွေကိုပါ အကြည်ဓာတ်လေးတွေဖြစ်လာအောင် လက်တွဲခေါ်ကြမယ်နော်။ 😍❤️
#SpringCrowdFund #SCF
#UniteTo50k | 451 |
| 20 | ဓမ္မဘက်တော်သား ပြည်သူ့အချစ်တော် မမပိုင်ဖြိုးသုနဲ့အတူ "သက်လုံ" ကမ်ပိန်းမှာ ပါဝင်ကူညီပေးကြပါစို့
အတူပါဝင်ကူညီရန် - springcrowdfund.org/c/xvihrU
#SpringCrowdFund #SCF
#သက်လုံ
https://youtu.be/lFQdWrsHbe0 | 265 |
