Spring CrowdFund
الذهاب إلى القناة على Telegram
https://springcrowdfund.org တရားဝင် တော်လှန်ရေးထောက်ပို့ပလက်ဖောင်း SCF
إظهار المزيد3 915
المشتركون
-424 ساعات
-167 أيام
+28230 أيام
جارٍ تحميل البيانات
القنوات المماثلة
لا توجد بيانات
هل تواجه مشاكل؟ يرجى تحديث الصفحة أو الاتصال بمدير الدعم الخاص بنا.
سحابة العلامات
لا توجد بيانات
هل تواجه مشاكل؟ يرجى تحديث الصفحة أو الاتصال بمدير الدعم الخاص بنا.
الإشارات الواردة والصادرة
---
---
---
---
---
---
جذب المشتركين
نوفمبر '26نوفمبر '26
نوفمبر '26
+9
في 3 قنوات
أكتوبر '26
+386
في 4 قنوات
Get PRO
سبتمبر '26
+28
في 4 قنوات
Get PRO
أغسطس '26
+38
في 9 قنوات
Get PRO
يوليو '26
+30
في 7 قنوات
Get PRO
يونيو '26
+24
في 7 قنوات
Get PRO
مايو '26
+11
في 5 قنوات
Get PRO
أبريل '26
+19
في 4 قنوات
Get PRO
مارس '26
+37
في 10 قنوات
Get PRO
فبراير '26
+33
في 6 قنوات
Get PRO
يناير '26
+22
في 3 قنوات
Get PRO
ديسمبر '25
+66
في 3 قنوات
Get PRO
نوفمبر '25
+3 166
في 3 قنوات
Get PRO
أكتوبر '25
+36
في 5 قنوات
Get PRO
سبتمبر '25
+31
في 5 قنوات
Get PRO
أغسطس '25
+35
في 5 قنوات
Get PRO
يوليو '25
+43
في 13 قنوات
Get PRO
يونيو '25
+49
في 15 قنوات
Get PRO
مايو '25
+91
في 7 قنوات
Get PRO
أبريل '25
+1 177
في 11 قنوات
Get PRO
مارس '250
في 21 قنوات
Get PRO
فبراير '250
في 5 قنوات
Get PRO
يناير '25
+4
في 3 قنوات
| التاريخ | نمو المشتركين | الإشارات | القنوات | |
| 17 نوفمبر | 0 | |||
| 16 نوفمبر | 0 | |||
| 15 نوفمبر | 0 | |||
| 14 نوفمبر | 0 | |||
| 13 نوفمبر | 0 | |||
| 12 نوفمبر | 0 | |||
| 11 نوفمبر | +3 | |||
| 10 نوفمبر | +1 | |||
| 09 نوفمبر | +1 | |||
| 08 نوفمبر | +1 | |||
| 07 نوفمبر | +1 | |||
| 06 نوفمبر | +1 | |||
| 05 نوفمبر | 0 | |||
| 04 نوفمبر | +1 | |||
| 03 نوفمبر | 0 | |||
| 02 نوفمبر | 0 | |||
| 01 نوفمبر | 0 |
منشورات القناة
ကမ်ပိန်းပဲတင်တင် ကမ်ပိန်းပဲကူကူ
SCF က ရာခိုင်နှုန်းလုံးဝမယူပါဘူး ❤️
ဒါကြောင့် မိမိထောက်ပို့လိုက်သမျှ စစ်ဘေးရှောင်တွေနဲ့ ရဲဘော်တွေဆီကို အမြန်ဆုံး အလုံခြုံဆုံး တိတိကျကျနဲ့ ရာနှုန်းပြည့်ရောက်ရှိစေချင်တယ်၊ Certificate လည်း ချက်ချင်းရချင်တယ်ဆိုရင် SCF platform ကနေ တိုက်ရိုက်ထောက်ကူနိုင်ပါတယ်။
တို့အတူချီတက် SCF 💪
#SpringCrowdFund #SCF
17 نوفمبر, 08:54
| 2 | M.D.F ဆေးဝါးရိက္ခာကူကြစို့ ကမ်ပိန်းတွင် SCF နှင့်အတူ ပါဝင်ကူညီပေးခဲ့ကြသော အကြည်ဓာတ်လေးများသို့... ❤️💪
springcrowdfund.org | 167 |
| 3 | တော်လှန်ရေးရဲဘော်လူငယ်တွေရဲ့ နည်းပညာစွမ်းရည်တွေ အမြင့်ဆုံးရောက်ရှိအောင် လိုအပ်နေတဲ့ Laptop နဲ့ Transmitter တွေကို အတူတူဖြည့်ဆည်းပေးနိုင်ဖို့အတွက် အားလုံးရဲ့ အကူအညီလိုအပ်နေပါတယ်။
ဒီအတွက် 'ပြည့်ဝသော လေ့ကျင့်မှုမှသည် ပန်းတိုင်ဆီသို့' ကမ်ပိန်းမှာ SCF platform ကနေ တိုက်ရိုက်ပါဝင်ကူညီနိုင်ပါပြီ။ Certificate ချက်ချင်းရရှိမှာဖြစ်တဲ့အပြင် ရဲဘော်များဆီကို ရာနှုန်းပြည့်စီးဆင်းရောက်ရှိမှာဖြစ်ပါတယ်။
SCF နဲ့ထောက်ပို့ကူ ပန်းတိုင်အရောက်လှမ်း တို့အတူ 💪
#SpringCrowdFund #SCF | 199 |
| 4 | နေရာသစ် - နေပြည်တော်တပ်ရင်း ၈၀၄
springcrowdfund.org/c/zz4HCa
မျှော်မှန်းတားဂတ်ပမာဏ - သိန်း ၅၀၀ ကျပ်
ကမ်ပိန်း ကနဦးရက်ကာလ - နိုဝင်ဘာလ ၁၅ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း
ကမ်းပိန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်
လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများနှင့် တိုက်ပွဲအန္တရာယ်များကြောင့် ရဲဘော်များလုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန် အခက်အခဲများ ကြုံတွေ့နေရသည့် လူငယ်များအတွက် ဘေးကင်းလုံခြုံသော နေရာများတွင် ပြန်လည်နေထိုင်နိုင်ရေးနှင့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်၍ “နေရာသစ်” Campaign ကို စတင်ဆောင်ရွက်ခြင်းဖြစ်သည်။
ဤ Campaign မှတစ်ဆင့် ရဲဘော်များအတွက် လုံခြုံသော နေထိုင်ရာနေရာ၊ အစားအသောက်၊ အဝတ်အထည်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေ့စဉ်ဘဝအတွက် လိုအပ်သော အခြေခံအထောက်အပံ့များ ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။
“နေရာသစ်” ဆိုသည်မှာ နေရာတစ်ခု ပြောင်းရွှေ့ခြင်းသက်သက်မဟုတ်ဘဲ လူငယ်များအတွက် လုံခြုံမှု၊ မျှော်လင့်ချက်နှင့် ဘဝကို ပြန်လည်တည်ဆောက်နိုင်မည့် အခွင့်အလမ်းသစ်တစ်ခု ဖန်တီးပေးခြင်းဖြစ်သည်။
ရဲဘော် တစ်ဦးချင်းစီ၏ လုံခြုံရေးနှင့် လူ့ဂုဏ်သိက္ခာကို ဦးစားပေးကာ ပိုမိုကောင်းမွန်သော မနက်ဖြန်တစ်ခုဆီ အတူတကွ လျှောက်လှမ်းနိုင်ရန် အားလုံး၏ ပူးပေါင်းပါဝင်မှုကို ဖိတ်ခေါ်အပ်ပါသည်။
#SpringCrowdFund #SCF | 199 |
| 5 | လမ်းများစုံညီ နေပြည်တော်ဆီ
springcrowdfund.org/c/FyDBv0
မျှော်မှန်းတားဂတ်ပမာဏ - သိန်း ၅၀၀ ကျပ်
ကမ်ပိန်း ကနဦးရက်ကာလ - နိုဝင်ဘာလ ၁၆ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း
ကမ်းပိန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်
ကျွန်တော်တို့ကတော့ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ (၁၈)၊ တပ်ရင်းအမှတ် (၈၀၂) မှ ရဲဘော်များ ဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်ရင်းအမှတ် (၈၀၂) သည် တိုင်းစစ်ဌာန၏ လမ်းညွှန်ချက်ဖြစ်သော တပ်အင်အား ခိုင်မာအားကောင်းရေးအတွက် ကြိုးစားဆောင်ရွက်နေသော တပ်ရင်းတပ်ဖွဲ့ ဖြစ်ပါသည်။
တပ်သားသစ်များ ခေါ်ယူလေ့ကျင့်ပေးခြင်း၊ လူသစ်စုဆောင်းခြင်း တို့ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိရာ တပ်ရင်းအနေဖြင့် အထွေထွေ လိုအပ်ချက်များ ရှိနေပါသည်။ တပ်ရင်းရဲ့ အထွေထွေ လိုအပ်ချက်များဖြစ်သော ယူနီဖောင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ကျည်ကာဘက်များ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် ယခုကမ်ပိန်းလေးကို ပြုလုပ်ရခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့သည် နေပြည်တော်တိုင်းစစ်ဌာန မဖြစ်ပေါ်လာခင် ပထမဦးဆုံး ပေါ်ပေါက် လာတဲ့ သန္ဓေတပ် (၂) ခုမှ တစ်ခုဖြစ်ပြီး၊ အထွေထွေလိုအပ်ချက်များကြောင့်သာ ယခုလို ကမ်ပိန်းလေး ကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့များသည် ယခင် ကရင်နီဒေသမှာ တော်လှန်ရေးအောင်မြင်ရန်အတွက် မဟာမိတ်များနှင့်အတူပူးပေါင်းကာ ကြိုးစားခဲ့ပြီး ယခုဆိုရင် နေပြည်တော်တိုင်းစစ်ဌာန၏ ကွပ်ကဲမှုဖြင့် နေပြည်တော်နှင့် အနီးဆုံးနေရာမှာ စိုးမိုးနယ်မြေများစွာ ချဲ့ထွင်ခြင်းနှင့် စစ်အာဏာရှင်တော်လှန်ရေးကို ဆက်လက်ကြိးစားလျက်ရှိပါသည်။
စစ်အာဏာရှင်တွေရဲ့ ဝါဒဖြန့်ချီမှုဖြစ်သော စစ်ရေးအရ အသာစီးရတာမျိုးတွေ ပြည်သူတွေသွေးအေးနေပြီဆိုတာမျိုးဟာ အလိမ်အညာတွေသာဖြစ်ပြီး၊ ယခုအချိန်မှာဆိုရင်ဖြင့် စစ်အာဏာရှင်တွေအနေနဲ့ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်ရာ နေပြည်တော်လိုနေရာမျိုးတွေမှာတောင် ကြောက်စိတ်နဲ့ ရှင်သန်နေရတဲ့ ဘဝမျိုးရောက်ရှိနေပါတယ်။
အမေစု ပြောခဲ့သလိုပဲ အောင်မြင်ခြင်း တရား (၄) ပါး ဖြစ်တဲ့ ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်၊ ပညာ ဆိုတဲ့အရာကို နှလုံးသွင်း ပြီး မပြီးဆုံးသေးသော တော်လှန်ရေး၊ ဒီမိုကရေစီစံနှုန်းဖြစ်သော လူအခွင့်အရေး ပြန်လည်ရရှိရေး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက် မလျှော့သော ဇွဲ၊ လုံလနှင့် ကြိုးစားတိုက်ပွဲဝင်သွားဖို့ ကတိသစ္စာပြုအပ်ပါသည်။ ကျွန်တော်တို့ ရဲဘော်တွေမှာ စစ်မှန်တဲ့ခံယူချက် ပြင်းပြတဲ့ စိတ်ဓာတ်တွေရှိသော်ငြား ထောက်ပံ့ကူညီသူ ပြည်သူမရှိရင် ရှင်သန်ရပ်တည်ဖို့ မဖြစ်နိုင်ပါ။ မိဘပြည်သူများကလည်း ကျွန်တော်တို့တပ်တွေရဲ့ အထွေထွေလိုအပ်ချက်များကို ဖြည့်တင်းနိုင်ဖို့ SCF မှာ ပြုလုပ်လျှက်ရှိသော ကမ်းပိန်းလေးကို နိုင်သမျှ အားဖြင့် ပါဝင်ပေးကျဖို့ မေတ္တာရပ်ခံ အကူအညီ တောင်းခံအပ်ပါသည်။
လမ်းများစုံညီနေပြည်တော်ဆီ ဆိုတဲ့ ကမ်းပိန်းလေးကို Spring Crowd Fund (SCF) ပလက်ဖောင်း ကနေတဆင့် ယုံကြည်စွာ ပါဝင်ကူညီပေးကြဖို့ ကျွန်တော်တို့ မြေပြင်ရဲဘော်တွေကိုယ်တိုင် အထူးမေတ္တာရပ်ခံ တိုက်တွန်းချင်ပါတယ်။ SCF ရဲ့ခိုင်မာတဲ့ နည်းပညာပိုင်းဆိုင်ရာ အားသာချက်တွေကြောင့် ထောက်ပို့ပေးကြတဲ့ ပြည်သူတွေအတွက်သာမက၊ ကျွန်တော်တို့မြေပြင်တပ်ရင်းတပ်ဖွဲ့တွေအတွက်ပါ အဆင်ပြေချောမွေ့စေပါတယ်။
စာရင်းဇယားတွေ မှတ်တမ်းတင်ဖို့၊ ငွေကြေးလွှဲပြောင်းမှုတွေ စစ်ဆေးဖို့ အချိန်နဲ့ လူအင်အား ပေးရတာတွေ သက်သာစေတဲ့အတွက်ကြောင့် ကျွန်တော်တို့တပ်ရင်း တပ်ဖွဲ့ တွေ အနေဖြင့် မြေပြင်က အဓိကလုပ်ငန်းစဉ်တွေမှာ ပိုပြီးအာရုံစိုက်လာနိုင်ပါတယ်။ ပြည်သူ့တွေရဲ့ ထောက်ပံ့မှုတွေဟာ လိုအပ်တဲ့နေရာကို အလေအလွင့်မရှိ တိုက်ရိုက်စီးဆင်းမှာ ဖြစ်သလို ပွင့်လင်းမြင်သာမှု အပြည့်အဝရှိသောကြောင့် ပါဝင်ပေးကြတဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ အချက်အလက်နဲ့ လုံခြုံရေးအတွက် အပြည့်အဝ စိတ်ချ ယုံကြည်လို့ ရပါတယ်ဗျ။
ဆွန်ဇုရဲ့ စစ်ဗျူဟာကျမ်းမှာ ပါတဲ့ ရန်သူအမြတ်နိုးဆုံးကို တိုက်ခိုက်သိမ်းပိုက်ပါ ဤသို့ဆိုလျှင် ရန်သူသည် သင့်သဘောကိုဆောင်နိုင်မည်ဆိုသော ဗျူဟာအတိုင်း ကျွန်ုပ်တို့ မိဘပြည်သူများ လိုချင်တောင့်တသော ဆန္ဒသဘောများကို ဆောင်နိုင်စေဖို့ ပြည်သူ့အာဏာပြန်လည်ရရှိဖို့ ရန်သူ၏အမြတ်နိုးဆုံး ဖြစ်သော နေပြည်တော်ကို သိမ်းပိုက်နိုင်ရေးအတွက် ကျွန်ုပ်တို့ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် (၈၀၂) ရဲ့ လမ်းများစုံညီနေပြည်တော်ဆီဆိုတဲ့ ကမ်ပိန်းလေးကို ထောက်ပံ့ကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။
#SpringCrowdFund #SCF | 186 |
| 6 | "လွတ်အောင်ပြေး လုံအောင်ပုန်း" ဆိုတာ...
အရပ်သားပြည်သူတွေကိုပါမရှောင် ပစ်မှတ်ထား -ုံးကျဲနေတဲ့ အကြမ်းဖက်စစ်တပ်ကို ထိထိရောက်ရောက် တော်လှန်ချင်သူတိုင်း သေချာပေါက်ကူသင့်တဲ့ ကမ်ပိန်းတစ်ခုပါ။
ဒါပေမဲ့ လက်ရှိမှာ ၂၂% သာရရှိထားသေးလို့ အတူတူဝိုင်းဝန်းပါဝင်ပေးကြပါဦးခင်ဗျာ။ ပါဝင်ထားပြီးသား အကြည်ဓာတ်လေးများအနေနဲ့လည်း RCS လုပ်ပေးခြင်းဖြင့် ထိထိရောက်ရောက်ကူတွန်းပေးနိုင်ပါတယ်။ 💪
#SpringCrowdFund #SCF | 220 |
| 7 | အကြည်ဓာတ်လေးတို့ရေ...
အချိန်လေး နာရီဝက်လောက်ရမယ်ဆိုရင် ဒီည ၇ နာရီ SCF Community Call Live လေးမှာ လာရောက်ပါဝင်စေချင်ပါတယ်။
သဘောလဲကောင်း အပြုံးလဲချို တော်လှန်ရေးမှာလည်း တက်တက်ကြွကြွကြိုးစားနေတဲ့ အကိုဒွန်ကိုနဲ့အတူ စကားတွေပြောကြမယ်၊ မေးခွန်းလေးတွေဖြေကြမယ်၊ ပေါ့ပေါ့ပါးပါး ဂိမ်းလေးတွေ အတူတူဆော့ကြပါမယ်။
ဒါကြောင့် အမှတ်တရဖြစ်အောင် ထပ်ပြီးဖိတ်ခေါ်လိုက်ပါတယ်နော်။ အတူတူဆုံတွေ့ကြပါမယ်ခင်ဗျာ။ 😍❤️
7 PM (MMT)
Live on SCF Facebook Page, YouTube Channel , Telegram Channel
#SpringCrowdFund #SCF
#SCFCommunityCall #Live | 249 |
| 8 | لا يوجد نص... | 244 |
| 9 | لا يوجد نص... | 264 |
| 10 | لا يوجد نص... | 255 |
| 11 | ပြည်သူ့ချွေးနဲစာကို အားအင်အဖြစ်...
ပြည်သူ့မေတ္တာကို ခွန်အားအဖြစ်...
SCF နဲ့အတူ ပါဝင်အားဖြည့်ပေးကြပါစို့။ ❤️🙏
#SpringCrowdFund #SCF | 277 |
| 12 | အကြည်ဓာတ်လေးတို့ရေ... မနက်ဖြန် ည ၇ နာရီ ဒီတပတ်ရဲ့ SCF Community Call Live မှာဆုံတွေ့ဖို့အသင့်ပဲလား။
အထူးဧည့်သည်တော်ကတော့ သဘောကောင်းကောင်း အပြုံးချိုချိုပိုင်ရှင် အကိုကြီးတစ်ယောက်ပါခင်ဗျာ 😁
ဘယ်သူလဲဆိုတာကတော့ အကြည်ဓာတ်လေးတွေအားလုံးဝိုင်းပြီး ကွန်းမန့်မှာ mention ခေါ်လိုက်တော့နော်။ 😉❤️
#SpringCrowdFund #SCF
#SCFCommunityCall #Live | 273 |
| 13 | ရိက္ခာတစ်နပ်ဟာ ရဲဘော်တွေအတွက် ဆာလောင်မှုကို ဖြည့်ဆည်းပေးနိုင်သလို၊ ရှေ့ဆက်စရာ ခွန်အားနဲ့ မျှော်လင့်ချက်တစ်ခုလည်း ဖြစ်ပါတယ်။
ရဲဘော်တွေကို ချစ်ခင်လေးစားတဲ့စိတ်နဲ့ပဲဖြစ်စေ၊ စာနာစိတ်နဲ့ပဲဖြစ်စေ၊ တော်လှန်ရေးအတွက် တာဝန်သိစိတ်နဲ့ပဲဖြစ်စေ "Food For Hope" ကမ်ပိန်းမှာ ပါဝင်နိုင်ပါတယ်။
လုံခြုံစိတ်ချရတဲ့ SCF platform မှာ ၅,၀၀၀ ကျပ်မှစတင်ကာ တိုက်ရိုက်ထောက်ပို့နိုင်ပြီး၊ မြေပြင်ကို အပြည့်အဝပို့ဆောင်ပေးမှာပါ။ Certificate ကိုလည်း စက္ကန့်ပိုင်းအတွင်း ချက်ချင်းရရှိမှာပါ။ ရဲဘော်တွေအတွက် အတူတူရှိပေးကြမယ်နော်။
#SpringCrowdFund #SCF
#FoodForHope | 283 |
| 14 | لا يوجد نص... | 294 |
| 15 | တစ်ဦးကို ၅,၀၀၀ ကျပ်ပဲ ကူရုံနဲ့တင် တော်လှန်ရေးအတွက် လစဉ်သိန်းပေါင်း ၂,၅၀၀ အထိထောက်ပို့နိုင်မယ်ဆိုရင် အတူပါဝင်ကြမယ်မလား။ 💪
မြန်မြန်နိုင်ဖို့များများစုပေါင်း ပြည်သူ့အင်အား ၅ သောင်းမှာ စတင်ပါဝင်ဖို့အတွက် အချက်အလက်တွေအများကြီးပေးစရာမလိုပါဘူး။ ကိုယ်ပိုင် SCF အကောင့်ဖွင့်ဖို့ Email တစ်ခုနဲ့ အချိန် ၁မိနစ်ပဲ လိုအပ်ပါတယ်။
ပြည်သူ့အင်အား ၅သောင်းသာ မြန်မြန်စုစည်းမိသွားမယ်ဆိုရင် တစ်ဦးကို အနည်းဆုံး ၅,၀၀၀ ကျပ်ကူနိုင်ရုံနဲ့ တော်လှန်ရေးနိုင်ဖို့အတွက် လစဉ်သိန်းပေါင်း ၂,၅၀၀ လောက်ထိ ထောက်ပို့နိုင်မှာဖြစ်လို့ အားလုံးအတူပါဝင်ပေးကြစေလိုပါတယ်။
#SpringCrowdFund #SCF
#UniteTo50K | 265 |
| 16 | ထောက်ပို့ပြည်သူတိုင်းဟာ Certificate ချက်ချင်းရဖို့ထိုက်တန်ပါတယ် ❤️
တို့အတူချီတက် SCF
👉 https://springcrowdfund.org 👈
(မြန်မာပြည်တွင်းမှဆိုလျှင် VPN လိုအပ်ပါသည်)
#SpringCrowdFund #SCF | 210 |
| 17 | SCF platform ကနေ အားဖြည့်ကူညီပေးနိုင်ခဲ့တဲ့ နောက်ထပ်ဂုဏ်ပြုမှတ်တမ်းတွေပါ။ ပြည်တွင်းပြည်ပက အကြည်ဓာတ်လေးများရဲ့ စုပေါင်းအင်အား အသီးအပွင့်ရလဒ်တွေဖြစ်လို့ ကျေးဇူးအထူးတင်ရှိပါတယ်။
ပန်းတိုင်ရောက်သည်အထိ အတူတူဆက်ပြီး ချီတက်ကြမယ်နော် ❤️✊
#SpringCrowdFund #SCF | 271 |
| 18 | ကံစမ်းရင်း ထောက်ပို့မယ်... ထောက်ပို့ရင်း အောင်ပွဲဆီ ချီတက်မယ်။ 💪
အကြည်ဓာတ်လေးတွေနဲ့ အောင်လံလွှင့်ချီ နွေဦးထီ ချစ်သူတွေ အတူတကွ လက်တွဲပြီး "ဖြုတ်ဖို့ဖြည့်" ကမ်ပိန်းမှာ ရဲဘော်တွေကို အားဖြည့်ပေးနိုင်မယ့် အစီအစဉ်လေးအကြောင်း ပြောပြချင်ပါတယ်။
ဒီနိုဝင်ဘာလအတွင်း Nway Oo Hti လက်မှတ် (၁၅) စောင်နဲ့အထက် ဝယ်ယူကံစမ်းမှုတိုင်းအတွက် လက်မှတ်တန်ဖိုးရဲ့ ၅% ကို ယင်းမာပင်ခရိုင် တပ်ရင်း (၁၁) (P13011) ကျားသစ်နက်အဖွဲ့ဆီ တိုက်ရိုက်ထောက်ပို့ပေးသွားမှာ ဖြစ်ပါတယ်။
ဒီလို စုပေါင်းအားဖြည့်မှုကနေတစ်ဆင့် ရဲဘော်တွေအတွက် မရှိမဖြစ်တဲ့နေ့စဉ်ရိက္ခာ၊ ဆေးဝါး၊ ပွိုင့်ဖိနပ်နဲ့ ယူနီဖောင်းတွေကို ဖြည့်ဆည်းပေးသွားမှာပါ။ ဒါ့အပြင် မြေပြင်သွားလာရေးအတွက် အရေးပေါ်လိုအပ်နေတဲ့ ဆိုင်ကယ် (၃) စီးကိုပါ ဝယ်ယူအားဖြည့်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
ဆုကြီးတွေ ရယူဖို့ ကံစမ်းရင်း ကိုယ်တိုင်လည်း ထောက်ပို့ဖြစ်၊ ရဲဘော်တွေအတွက်လည်း ကြီးမားတဲ့ အင်အားဖြစ်စေမယ့် ဒီအစီအစဉ်မှာ အားလုံး စုံစုံညီညီ ပါဝင်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Nway Oo Hti လက်မှတ် (၁၅) စောင်နဲ့ ကံစမ်းမယ်။
ရဲဘော်တွေအတွက် ထောက်ပို့မယ်။
ပြည်သူ့အားနဲ့ အတူတူရှေ့ဆက်မယ်။ ❤️✊ | 294 |
| 19 | ❗️ များများပြန့်နှံ့အောင် RCS များဖြင့်ကူညီပေးပါ ❗️
ရဲဘော်ကိုဇေယျာမင်းဟာ ပြည်သူ့အတွက် တော်လှန်ရေးမှာ တာဝန်ထမ်းဆောင်ရင်း မျက်လုံးနဲ့ ခြေထောက်မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ မျက်ကြည်လွှာဆိုရင် အချိန်မီကုသမှုမပေးနိုင်ရင် အမြင်အာရုံဆုံးရှုံးရတော့မယ့် အခြေအနေမှာပါ။
ဒါကြောင့် ရဲဘော်ဇေယျာမင်းအတွက် အချိန်မီမျက်ကြည်လွှာကုသနိုင်ဖို့ "မျှော်လင့်ချက်မျက်ကြည်လွှာ" ကမ်ပိန်းကို SCF platform ကနေ အတူတကွ ပါဝင်ကူညီ လှူဒါန်းနိုင်ပါတယ်။ 🙏
#SpringCrowdFund #SCF | 462 |
| 20 | အဘိုးအဘွားတို့ ပျော်ရွှင်ပါစေ 🤍
အသက်အရွယ်ရလာတဲ့အခါ အဘိုးအဘွားတိုင်းရဲ့ အကြီးမားဆုံးဆန္ဒက ကိုယ့်အိမ်ကိုယ့်ရာလေးမှာ သားသမီးမြေးမြစ်တွေ ဝန်းရံပြီး အေးအေးချမ်းချမ်း ဖြတ်သန်းချင်ကြတာပါ။ ဒါပေမဲ့... လက်ရှိ ကရင်နီစစ်ဘေးရှောင်စခန်းတွေဆီက အသက် (၆၀) ကျော် အဘိုးအဘွားတွေအတွက်တော့ ဒီလိုရိုးရှင်းတဲ့ အိပ်မက်လေးဟာ အဝေးကြီးကို လွင့်စင်သွားခဲ့ရပါပြီ။
သက်သောင့်သက်သာ နေရမယ့်အရွယ်မှာ မိုးကာတဲအောက်၊ ဝါးကြမ်းပြင်ပေါ်မှာ အိပ်စက်ရင်း နေရပ်ကို လွမ်းဆွတ်တဲ့ သောကတွေ၊ ကျန်းမာရေး ယိုယွင်းလာတဲ့ ဝေဒနာတွေကို တိတ်တဆိတ် ကြိတ်ခံစားနေကြရပါတယ်။ ပူလောင်ကြမ်းတမ်းတဲ့ စစ်ဘေးဒဏ်ကြောင့် သူတို့ရဲ့ မျက်နှာပေါ်က အပြုံးတွေလည်း ပျောက်ဆုံးနေခဲ့တာ ကြာပါပြီ။
ကိုယ့်ရဲ့ အဘိုးအဘွားအရင်းတွေ နေရာမှာ ဝင်ကြည့်လိုက်မယ်ဆိုရင် သူတို့ဘယ်လောက်တောင် ပင်ပန်းနေရှာမလဲဆိုတာ ကိုယ်ချင်းစာမိမှာပါ။
ဒါကြောင့် Spring CrowdFund (SCF) ၏ အကြည်ဓာတ်လေးတွေအတူစုပေါင်းပြီး ကရင်နီစစ်ဘေးရှောင်စခန်းတွေက အဘိုးအဘွား (၂၀၀) ဦးဆီကို နွေးထွေးမှုတွေ သွားရောက်ပို့ဆောင်ပေးနိုင်ဖို့ "အဘိုးအဘွားတို့ ပျော်ရွှင်ပါစေ" Campaign လေးကို စတင်လိုက်ပါတယ်။
မျှော်မှန်းပမာဏ - ကျပ်သိန်း ၁၀၀
ထောက်ပံ့ပေးမည့်အရာများ - အဘိုးအဘွား ၂၀၀ ဦးအတွက် တစ်ဦးလျှင် ၃၀,၀၀၀ ကျပ်နှုန်းဖြင့် လိုအပ်သော စားနပ်ရိက္ခာ၊ ဆေးဝါး၊ နှင့် နေ့စဉ်အသုံးအဆောင်ပစ္စည်းများ
ဒီကမ်ပိန်းလေးမှာ ပါဝင်လှူဒါန်းခြင်းဟာ ငွေကြေးထောက်ပံ့တာ သက်သက်မဟုတ်ပါဘူး။ ကိုယ့်အိမ်ကို လွမ်းဆွတ်နေတဲ့ အဘိုးအဘွားတွေရဲ့ လက်ကို နွေးနွေးထွေးထွေး ဆုပ်ကိုင်ပေးလိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်နေတဲ့ သူတို့ရဲ့ နှုတ်ခမ်းထက်မှာ အပြုံးလေးတွေ ပြန်လည်ပွင့်လန်းလာအောင် ဖန်တီးပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။
အလှူငွေပမာဏ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အားလုံးစုပေါင်းလိုက်တဲ့အခါ အဘိုးအဘွားတွေရဲ့ ဘဝအတွက် ခိုင်မာတဲ့ အားဆေးတစ်ခွက် ဖြစ်လာမှာ အသေအချာပါပဲ။ အဘိုးအဘွား (၂၀၀) ဦးရဲ့ နေ့ရက်တွေ ပိုမိုနွေးထွေးသွားစေဖို့နဲ့ တကယ့်ကို ပျော်ရွှင်ခွင့်ရဖို့ အတူတကွ ပါဝင်ကူညီပေးကြမယ့်သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။
#SpringCrowdFund #SCF | 289 |
