uz
Feedback
Magway Scout Network

Magway Scout Network

Kanalga Telegram’da o‘tish
2 641
Obunachilar
-124 soatlar
-37 kun
+8930 kun

Ma'lumot yuklanmoqda...

O'xshash kanallar
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Taglar buluti
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Kirish va chiqish esdaliklari
---
---
---
---
---
---
Obunachilarni jalb qilish
Sentabr '26
Sentabr '26
+7
1 kanalda
Avgust '26
+191
3 kanalda
Get PRO
Iyul '26
+437
5 kanalda
Get PRO
Iyun '26
+176
6 kanalda
Get PRO
May '26
+225
7 kanalda
Get PRO
Aprel '26
+107
9 kanalda
Get PRO
Mart '26
+64
4 kanalda
Get PRO
Fevral '26
+85
3 kanalda
Get PRO
Yanvar '26
+119
4 kanalda
Get PRO
Dekabr '25
+176
8 kanalda
Get PRO
Noyabr '25
+346
4 kanalda
Get PRO
Oktabr '25
+89
3 kanalda
Get PRO
Sentabr '25
+150
8 kanalda
Get PRO
Avgust '25
+146
13 kanalda
Get PRO
Iyul '25
+129
4 kanalda
Get PRO
Iyun '25
+348
13 kanalda
Get PRO
May '25
+336
9 kanalda
Get PRO
Aprel '25
+562
15 kanalda
Sana
Obunachilarni jalb qilish
Esdaliklar
Kanallar
05 Sentabr0
04 Sentabr+2
03 Sentabr+5
02 Sentabr0
01 Sentabr0
Kanal postlari
ကျောက်ထုစစ်ကြောင်း ပန်းဆန်ရွာမှတဆင့် မြောက်ဖက်အရပ်သီု့ ထွက်ခွာနေ သီးကုန်းရွာကို စစ်ကြောင်းဝင်ရောက်စဥ် ဖမ်းဆီးခံခဲ့ကြရသည့် ဒေသခံပြည်သူများ ပြန်လည်လွတ်မြောက်လာ စက်တင်ဘာ ၅၊၂၀၂၆၊ဆော ယောဒေသ ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှ ယနေ့နံနက်အစောပိုင်းကထွက်လာသည့် အင်အား ၆၀ ကျော်ပါစစ်အုပ်စုစစ်ကြောင်းသည် ပန်းဆန်ရွာမှတဆင့် ပန်းဆန်-ကြီး-ရွှေအောင်သာ ကားလမ်းမကြီးအတိုင်း မြောက်ဖက်အရပ်သို့ ထွက်ခွာသွားကြောင်း သိရသည်။ စစ်ကြောင်းသည် ကြီးရွာအထိ သွားရောက်နိုင်သကဲ့သို့ ယခင်နည်းတူ နှော်ချောင်းတံတား အထိသာသွားရောက်ပြီး ကြီးရွာရှိ စစ်အုပ်စုတပ်ဖွဲ့ဖြင့် အချိတ်ဆက်ပြုလုပ်နိုင်ဖွယ်ရှိကြောင်း သိရသည်။ ယခင်သြဂုတ်လ ၃၀ ရက်နေ့ နေ့လည်ခန့်က ဆောမြို့နယ် သီးကုန်းရွာသို့ စစ်အုပ်စုစစ်ကြောင်း ဝင်ရောက်ခဲ့စဥ် လမ်းခရီးနှင့် ကျေးရွာတွင်းတို့တွင် တွေ့ရှိခဲ့သည့် ဒေသခံအရပ်သားပြည်သူ ၄၀ ဦးခန့်ကို စစ်အုပ်စုတပ်သားများက ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထိုဖမ်းဆီးခံ အရပ်သားပြည်သူများကို သီးကုန်းရွာမှာ တပ်စွဲနေထိုင်လျက်ရှိနေသည့် စစ်အုပ်စုတပ်သားများက ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများတွင် ဓားစာခံလူသားဒိုင်း အဖြစ်အသုံးချခဲ့ပြီး ၅ ရက်မြောက်နေ့ဖြစ်သည့် ယမန်နေ့စက်တင်ဘာလ ၄ ရက်နေ့တွင် ဖမ်းဆီးခံပြည်သူအားလုံးကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ အတည်ပြုဆဲသတင်းအရ ဖမ်းဆီးခံအရပ်သားပြည်သူ ၄၀ ဦးဖြစ်ပြီး လူသားဒိုင်းအဖြစ်အသုံးပြုနေစဥ် ဖမ်းဆီးခံအမျိုးသားပြည်သူတစ်ဦးကို စစ်အုပ်စုတပ်သားများက နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ၎င်းဖြစ်ရပ်များကို အသေးစိပ်အတည်ပြုနိုင်ရန် ပြန်လည်လွတ်မြောက်လာသည့် ပြည်သူများကို ယောအလင်းတန်းမှ ဆက်သွယ်ရန်ကြိုးစားခဲသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုအချိန်ထိ ဆက်သွယ်၍ မရရှိသေးပါ။ ဆောမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်အုပ်စု စစ်ကြောင်းသည် ယခုအခါ ဆော-ရင်းခေါ်-မင်းလယ်-သီးကုန်း လမ်းပိုင်းကို အပြည်ဘအဝထိန်းချုပ်ထားပြီး စစ်အုပ်စုတပ်သား အင်အား ၁၅၀ ကျော်ခန့်ဖြင့် သီးကုန်းရွာတွင် ၆ ရက်မြောက်နေ့အဖြစ် အထိုင်ချတပ်စွဲနေထိုင်လျက် ရှိနေကြောင်းသိရသည်။ #နှိပ်စက်သတ်ဖြတ် #လူသားဒိုင်း #ဓားစာခံ #ဖမ်းဆီး @မင်းဒဿ ယောအလင်းတန်း #MRSN Sep 5 9:26AM သတင်းပို့ရန်@MagwayScoutBot

2
⛴ဧရာဝတီ ရေပြင်⛴ မန္တလေး ပေပင်ဆိပ်နှင့်ဂေါ်ဝိန်ဆိပ်ကမ်းတို့မှ ဆန်တက်လာသော ဒုတိယအသုတ် ခွေးသင်္ဘောအုပ်စုအနက် ရှေ့ပွိုင့်သည် မတ္တရာနယ် သုံးဆယ်ပေးရွာကျော်ကာ တန်းစီရင်းဖြင့် အထက်သို့ ဆက်လက် ဆန်တက်နေကြောင်းသိရ။ #Yaypyin Sep 5, 09:15AM 📫သတင်းပို့ရန်@Yaypyin0bot
305
3
ပခုက္ကူမြို့နယ် ပခုက္ကူမြို့နယ် ဆင်မင်းရွာမင်းကျောင်းခွေးဂိတ်မှထွက်ခွာလာသော စခများသည် ရွှေတန့်တစ်ရွာတွင်ကင်းပတ်နေကြောင်းသိရ။ #MRSN Sep 4, 9:29PM သတင်းပို့ရန်@MagwayScoutBot
509
4
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ 3.9.2026 မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာမှာ ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ ယနေ့ညဦးပိုင်းအချိန်ထိ တဲကြီးရွာနဲ့ အနီးတဝိုက်တွေမှာပဲ ရှိနေပါတယ်။ စစ်ကြောင်းရောက်ရှိနေရာ တဲကြီးရွာကို ယနေ့မနက် 8:30 / 9:30 ဝန်းကျင်က မိတ္ထိလာလေတပ်မှ Y 8 စစ်ထောက်ပို့ လေယာဉ်တစ်စီးဖြင့် ခဲယမ်းနဲ့ ရိက္ခာအထုပ်များ (82) ထုပ်ခန့် ချပေးသွားတယ်လို့ သိရပါတယ်။ ယနေ့ညနေ 5:50 ဝန်းကျင်က မြိုင်မြို့နယ် အနောက်မြောက်ပိုင်း ဗဟင်းရွာကို ညောင်ဦးလေဆိပ်မှ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ ပြည်သူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ #ပြည်သူတွေဘေးကင်းကြပါစေ #welovemyaing #ချစ်သောအညာမြေ #စစ်ကြောင်းသတင်း #MRSN Sep 3 , 11:10PM သတင်းပို့ရန်@MagwayScoutBot
755
5
မြိုင်မြို့နယ်စစ်ကြောင်းသတင်း 2.9.2026 မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာမှာ ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ ယနေ့ညဦးပိုင်းအချိန်ထိ တဲကြီးရွာနဲ့ အနီးတဝိုက်တွေမှာပဲ ရှိနေပါတယ်။ ဒီနေ့ ညနေပိုင်းက တဲကြီးကနေ အနောက်မြောက်ဘက်နဲ့ ဝဲတူးဘက်ကို ကင်းပတ်ထွက်တာမျိုး လှုပ်ရှားမှုတချို့ ရှိခဲ့ပြီး တဲကြီးရွာထဲကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။ နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ မသိရတာကြောင့် မြိုင်မြို့နယ်အနောက်ပိုင်း ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းနဲ့ ရေနံမှော်ဒေသက မိဘပြည်သူများ အားလုံး စစ်ကြောင်းသတင်းများကို နားစွင့်ပြီး သတိဝရိယနဲ့ နေထိုင်ကြကာ လက်နက်ကြီး အန္တရာယ် လေကြောင်း အန္တရာယ် ဒရုန်း အန္တရာယ် မြေပြင်စစ်ကြောင်း အန္တရာယ် အထူးဂရုစိုက်ကြဖို့ အသိပေးအပ်ပါတယ်။ #ပြည်သူတွေဘေးကင်းကြပါစေ #welovemyaing #ချစ်သောအညာမြေ #စစ်ကြောင်းသတင်း #MRSN Sep 2 , 10:49PM သတင်းပို့ရန်@MagwayScoutBot
882
6
သီးကုန်းရောက်နေသည့် စစ်ကြောင်း ရွာအတွင်းမှာ ဆက်ရှိနေ၊ မင်းလယ်နှင့် ရင်းခေါ်ရွာတွေကို စစ်အုပ်စုတပ်ဖွဲ့များထပ်မံရောက်ရှိလာ ဖမ်းဆီးခံပြည်သူများ လွတ်မြောက်လာခြင်းမရှိသေး စက်တင်ဘာ ၂၊၂၀၂၆၊ ဆော ယောဒေသ ဆောမြို့နယ် သီးကုန်းရွာတွင် ရောက်ရှိနေသည့် စစ်အုပ်စုစစ်ကြောင်းသည် ၃ ရက်မြောက်နေ့အဖြစ် ရွာအတွင်းမှာ ဆက်လက်တပ်စွဲနေလျက်ရှိနေကြောင်းသိရသည်။ ယခင် သြဂုတ်လ ၃၀ ရက်နေ့ နေ့လည်ပိုင်းကနေ သီးကုန်းရွာအတွင်း အင်အား ၁၂၀ ခန့်ဖြင့် ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဒေသခံအရပ်သားပြည်သူ ၂၀ ကျော်ကိုပါ ဓားစာခံအဖြစ်ဖမ်းဆီးထားခဲ့တာလည်းဖြစ်သည်။ထိုဖမ်းဆီးခံ အရပ်သားပြည်သူများသည် ယခုအချိန်ထိ မည်သူတစ်ဦးတသ်ယောက်မျှ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။ "ဖမ်းမိတဲ့ပြည်သူတွေ တစ်ယောက်မှ ပြန်လွတ်လာတာမရှိသေးဘူး၊ ခုမနက်ပိုင်းကလဲ ဆောမြို့ပေါ်မှာ စစ်သားတွေအများကြီး မြင်တွေ့လိုက်ရတယ်၊ ရင်းခေါ်နဲ့ မင်းလယ်ရွာတွေဖက်ကို ထပ်လွှတ်တယ်လို့ သိရတယ်၊ တရွာကို အင်အားဘယ်လောက်ပို့တယ်ဆိုတာတော့ မသိရဘူး" ဟု ဒေသတွင်းသတင်းရင်းမြစ်မှ ယောအလင်းတန်းကိုပြောသည်။ ယနေ့နံနက်ပိုင်းတွင် ဆောမြို့ပေါ်ရှိ စစ်အုပ်စုတပ်သားများသည် မြို့အတွင်းသွားလာလှုပ်ရှားမှုများပြုလုပ်နေသည်ကိုတွေ့မြင်ကြရပြီး မြို့မြောက်အရပ်ရှိ ရင်းခေါ်ရွာနှင့် မင်းလယ်ကျေးရွာတို့ကို ထပ်မံစေလွှတ်ထားကြောင်း သိရသည်။ အဆိုပါ ကျေးရွာ ၂ ရွာသို့ စစ်အုပ်စုတပ်သားများ ထပ်မံစေလွှတ်ပို့ဆောင်ထားခြင်းအားဖြင့် ဆော-ရင်းခေါ်-မင်းလယ်-သီးကုန်း လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ရေးဆောင်ရွက်နေတာဖြစ်ပြီး သီးကုန်းတွင် ရောက်ရှိနေသည့် စစ်ကြောင်းသည် ထိုရွာမှာ အထိုင်ချတပ်စွဲနေထိုင်နိုင်သည့် အ​ခြေအနေရှိနေကြောင်း သတင်းရင်းမြစ်က ခန့်မှန်းပြောဆိုသည်။ " ရင်းခေါ်ကိုက စစ်သားတွေထပ်ရောက်လာတာပါ၊ အရင်က ရဲ တွေ နေ တာပါ၊ ရင်းခေါ်ကို ထပ်ရောက်လာတာကက ဒရုန်းအဖွဲ့ လဲပါတယ် " ဟု သတင်းရင်းမြစ်က ပြောသည်။ ရင်းခေါ်ရွာတွင် အရင်က ရဲတပ်သားများ အများစုနေထိုင်​နေတာဖြစ့်ပြီး ယ​နေ့ပို့ဆောင်သည့်အဖွဲ့တွင် စစ်အုပ်စု၏ ဒရုန်းတပ်ဖွဲ့ ပါရှိပြီး ထိုမှတဆင့် သီးကုန်းရွာအထိ ဆက်လက် ခရီးဆက်ရမည်ဖြစ်ကြောင်း သိရသည်။ ဆော- သီးကုန်း-လောင်းရှည် လမ်းပိုင်းတွင် လတ်တလောအခြေအနေအရ စစ်အုပ်စုနှင့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များကြား ဆက်လက်စစ်ရေးတင်းမာပြီး ဒေသခံပြည်သူများအနေဖြင့် အနေထိုင်အသွားလာများကို ကြိုတင်သတိထားပေးကြရန် လိုအပ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။ @မင်းဒဿ ယောအလင်းတန်း #MRSN Sep 2 , 5:11PM သတင်းပို့ရန်@MagwayScoutBot
1 178
7
ထီးလင်းမြို့က စစ်အုပ်စုအဖွဲ့များအတွက် ထောက်ပို့လေယာဥ်ဖြင့် ရိက္ခာထုပ်များချပေး စက်တင်ဘာ ၂၊၂၀၂၆၊ ထီးလင်း ယောဒေသ ထီးလင်းမြို့ပေါ်ရှိ စစ်အုပ်စုအဖွဲ့များအတွက် ရိက္ခာနှင့် လစာများပါဝင်သည့် အထုပ်များကို စစ်ထောက်ပို့လေယာဥ်ဖြင့် ချပေးခဲ့ကြောင်းသိရသည်။ ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်ကနေ ၁၀ နာရီ ၃၀ မိနစ်ကျော်ခန့်အထိ ထီးလင်းမြို့ကို ၇ ပတ်ပျံဝဲကာ မိတ္ထီလာရှမ်းတဲလေးလေတပ်မှ ပျံသန်းလာသည့် Y 8 စစ်ထောက်ပို့လေယာဥ် ၁ စီးဖြင့် ရိက္ခာနှင့် လစာများပါသည့် အထုပ် ၂၁ ထုပ်ကို ချပေးခဲ့ကြောင်း သိရသည်။ "လေယာဥ်ပေါ်က လေထီးတွေနဲ့ အထုပ်ချတဲ့အချိန်မှာ ရာသီဥတုကလဲ တိမ်ထူနေတယ်၊လေကလဲ တိုက်နေတာဆိုတော့ အထုပ်တွေက လိုရာမရောက်ဘူး မြို့အစွန်တွေမှာကျတာများတယ် " ဟု ဒေသခံတစ်ဦးက ပြောသည်။ Y 8 စစ်ထောက်ပို့လေယာဥ်ပေါ်မှနေ၍ အထုပ်များကို လေထီးများဖြင့်ချပေးနေစဥ်အတွင်း မိုးကောင်းကင်တံင် တိမ်များထူထပ်နေကြောင်း၊ လေကလည်းအသင့်အတင့်တိုက်ခတ်နေချိန်ဖြစ်သည်ကြောင့် အဆိုပါ အထုပ်များသည် လိုရာသို့မရောက်ဘဲ ထီးလင်းမြို့အစွန်၊ စစ်အုပ်စုဖက်မှ မိုင်းထောင်ထားသည့် (မိုင်းကွင်း) နေရာများတွင် အများစုကျရောက်ကြောင်း သိရသည်။ ထီးလင်းမြို့ပေါ်ရှိ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် မြို့လုံခြုံရေးအတွက်သာ ဦးစားပေးလုပ်ဆောင်နေပြီး နယ်ကျေးရွာများဖက်သို့ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်သည်မှာ ၁၀ လကျော် ၁ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ကြောင်းလည်း သိရသည်။ @မင်းဒဿ ယောအလင်းတန်း #MRSN Sep 2 , 12:17PM သတင်းပို့ရန်@MagwayScoutBot
1 201
8
⚠️ရေစကြို ရေစကြို ခလရ ၂၅၆/၂၅၇/၂၅၈ ပူးပေါင်းစစ်ကြောင်း ဖူလုံဘောလုံးကွင်းအတိုင်း အရှေ့ဘက်ထွက်ခွါသွားကြောင်း သိရ။ #MRSN Sep 1 ,9:22PM သတင်းပို့ရန်@MagwayScoutBot
839
9
ပခုက္ကူမြို့နယ် ယနေ့မနက်ပိုင်းတွင် ၂၅၉ ခွေးတပ်မှထွက်လာသော စခအအအများပြားပါလာသော ကား ၂စီးဖြင့် ပခုက္ကူမြို့နယ်အေးကျွန်းရွာဘုန်းကြီးကျောင်းအတွင်းရှိခွေးဂိတ်သို့စခအင်အားများတိုးမြှင့်ချထားကြောင်းသိရ။ #MRSN Sep 1, 6:55PM သတင်းပို့ရန်@MagwayScoutBot
873
10
ပခုက္ကူမြို့နယ် ပခုက္ကူမြို့နယ်ရှိအကြမ်းဖက်စခများသည် ပြည်သူများအားအသွားလာခက်ခဲရန်လမ်းများအားပိတ်ပင်နေကြောင်းသိရပြီး ယနေ့နေ့လယ်အချိန်တွင်ပြည်သူ ၁ဦးသည်ပခုက္ကူမြို့ကျွဲတဲလမ်းမှမြောက်ဘက်အတိုင်းမောင်းနှင်သွားရာအကြမ်းဖက်စခပတ်ကင်းကားဖြင့်တွေ့ကာ သွေးထွက်သံယိုဖြစ်သည်အထိအရိုက်ခံရကြောင်းသိရပါသည် ယခုရက်ပိုင်းအတွင်းအကြမ်းဖက်ခွေးများသည်ပြည်သူများအားအမျိုးမျိုးအကြောင်းမရှိရိုက်နှက်ဖမ်းဆီးခြင်းများပြုလုပ်နေကြောင်းသိရ။ ပခုက္ကူမြို့အရှေ့ခြမ်းရှိ ဆင်မင်းရွာမင်းကျောင်းရှိ ခွေးဂိတ်မှလည်း ရွှေတန့်တစ်ရွာနေပြည်သူများအား ခွေးဂိတ်အနီး အတင်းခေါ်ဆောင်ကာသန့်ရှင်းရေးခေါ်လုပ်ခိုင်းပြီး မလာလျင်ရွာအားမီးရှို့မည်ဖြစ်ကြောင်း ကြိမ်းဝါးနေကြောင်းသိရပါသည်။ #MRSN Sep 1, 5:31PM သတင်းပို့ရန်@MagwayScoutBot
1 356
11
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ 31.8.2026 မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာမှာ ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ ယနေ့ညဦးပိုင်းအချိန်ထိ တဲကြီးရွာနဲ့ အနီးတဝိုက်တွေမှာပဲ ရှိနေပါတယ်။ အဆိုပါ စစ်ကောင်စီတပ်တွေဟာ ယနေ့မနက် 9:00 ဝန်းကျင်က ပေါက်မြို့နယ် နယ်သတ်ရွာကို ရှေ့ပြေးတချို့ ရောက်ရှိခဲ့ပြီး နယ်သတ်ရွာမှာ ပြည်သူနေအိမ် (3) လုံးကို မီးရှို့ဖျက်ဆီးကာ 10:00 ဝန်းကျင်မှာ တဲကြီးရွာကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။ နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ မသိရတာကြောင့် မြိုင်မြို့နယ်အနောက်ပိုင်း ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းနဲ့ ရေနံမှော်ဒေသက မိဘပြည်သူများ အားလုံး စစ်ကြောင်းသတင်းများကို နားစွင့်ပြီး သတိဝရိယနဲ့ နေထိုင်ကြကာ လက်နက်ကြီး အန္တရာယ် လေကြောင်း အန္တရာယ် ဒရုန်း အန္တရာယ် မြေပြင်စစ်ကြောင်း အန္တရာယ် အထူးဂရုစိုက်ကြဖို့ အသိပေးအပ်ပါတယ်။ #ပြည်သူတွေဘေးကင်းကြပါစေ #welovemyaing #ချစ်သောအညာမြေ #စစ်ကြောင်းသတင်း #MRSN Aug 31, 11:30PM သတင်းပို့ရန်@MagwayScoutBot
1 026
12
ဆောမြို့နယ်ကစစ်ကြောင်းသီးကုန်းရွာမှာဝင်ရောက်နေ၊ ပြည်သူအချို့ဖမ်းဆီးခံထားရ သြဂုတ် ၃၁၊၂၀၂၆၊ ဆော မကွေးတိုင်း၊ယောဒေသ ဆောမြို့နယ်တွင်း လှုပ်ရှားနေတဲ့အင်အား ၁၂၀ ကျော်ပါစစ်ကြောင်းသည် ယမန်နေ့‌ နေ့လည်‌ခန့်က သီးကုန်းရွာအတွင်းသို့ ဝင်ရောက်လာခဲ့ကြကြောင်းသိရသည်။ ထိုသို့ သီးကုန်းရွာကို စစ်ကြောင်းဝင်ရောက်လာစဥ် လမ်းခရီးတွင် တွေ့ရှိသည့်အရပ်သားပြည်သူများကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း၊ထိုနောက် ရွာအတွင်းဝင်ရောက်ပြီး တွေ့ရှိရသည့် အရပ်သားပြည်သူများကိုလည်း ဖမ်းဆီးထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်အရ သိရသည်။ "မင်းလယ်ဖက်ကနေ တိတ်တဆိတ်ဝင်လာကြတာပါ၊ လမ်းမှာတွေ့တဲ့လူတွေ၊နောက် ရွာထဲရောက်တော့လဲ တွေ့တဲ့သူတွေကို ဖမ်းထားတယ်၊ ဖမ်းခံရသူတွေအရေအတွက်အတိကျတော့မသိရဘူး များတော့များမယ်" ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။ ဆောလှုပ်ရှားစစ်ကြောင်းသည် မင်းလယ်ရွာဖက်မှတဆင့် သီးကုန်းရွာတွင်းသို့ တိတ်တဆိတ်ရုတ်တရက် ဝင်ရောက်လာတာဖြစ်ပြီး အရပ်သားပြည်သူ ၂၀ ဦးကျော်ကိုပါ ဓားစားခံအဖြစ်ဖမ်းဆီးထားကြောင်း သိရသည်။(အတည်ပြုဆဲသတင်း နှင့် သတင်းရင်းမြစ်တစ်ခုအရ ၄၀ ဦးခန့်ရှိကြောင်းသိရသည်) အဆိုပါစစ်ကြောင်းသည် သီးကုန်းရွာ‌ေမြာက်ဖက်အစွန်နားရှိ လေထိုးကျွတ်ဖာဆိုင်တွင် တပ်သား ၁၅ ဦးခန့်ရှိနေပြီး ကျန်ရှိတပ်အင်အားကို ရွာနှင့် အနီးနားဝန်းကျင်နေရာများတွင် တပ်ဖြန့်ထားကြောင်း သိရသည်။ စစ်ကြောင်းသည် လောင်းရှည်လမ်းပိုင်းနှင့် ဆိပ်ဖြူလမ်းပိုင်းများ ဆုံရာ သီးကုန်းရွာတွင်ရှိနေခြင်းကြောင့် မည်သည့်အရပ်ဖက်သို့ ဆက်လက်ရွေ့လျားလှုပ်ရှားမည်ကို မသိရသေးတာကြောင့် အဆိုပါလမ်းပိုင်းများက ပြည်သူများ ကြိုတင်သတိထား သွားလာနေထိုင်ကြရန် လိုအပ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ @မင်းဒဿ ယောအလင်းတန်း #MRSN Aug 31, 6:56PM သတင်းပို့ရန်@MagwayScoutBot
933
13
♦ပခုက္ကူမြို့နယ်♦ ​ပခုက္ကူမြို့၊ ချည်မျှင်စက်ရုံဂိတ်တွင် စစ်ကောင်စီတပ်များမှ ဆိုင်ကယ် {၂}ယောက်စီးခွင့်ကို ပိတ်ပင်လိုက်ကြောင်း သတင်းရရှိထားပါသည်။ ​ ယခုအခါ ပခုက္ကူမြို့တွင်းရှိ နေအိမ်များအတွင်းအထိ ဝင်ရောက်၍ လူကြီး၊လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် လူကြီး၊လူငယ်များအနေဖြင့် အထူးသတိထား သွားလာကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ #PKK_News #MRSN Aug 31, 12:50PM သတင်းပို့ရန်@MagwayScoutBot
1
14
ပခုက္ကူမြို့နယ် ပခုက္ကူမြို့နယ်လူကြီးလူငယ်များသတိထားရန် ပခုက္ကူရှိချည်မျှင်ခွေးဂိတ်မှ စခများသည် ဆိုင်ကယ် ၂ယောက်စီးခွင့်ပိတ်ပင်လိုက်ကြောင်းသိရပါသည်။ယခုအခါအကြမ်းဖက် စခများသည် မြို့တွင်းရှိလူငယ်များအားနေအိမ်အတွင်းထိဝင်ရောက်ပေါ်တာဆွဲနေသောကြောင့် လူငယ်များသတိထားပါ တပ်တွင်းဖရဲသီးပြောပြချက်အရ လူဦးရေ (၅၀၀၀)အထိပေါ်တာဆွဲမည်ဖြစ်ကြောင်းသိရ။ #MRSN Aug 31, 11:14AM သတင်းပို့ရန်@MagwayScoutBot
1 591
15
ပခုက္ကူ အထည်စက်ရုံ ဝန်ထမ်းလစာ သိန်း ၁,၄၀၀ ကျော် လုယက်ခံရ၊ ကားနှင့် ဝန်ထမ်းများကို ပြန်လွှတ်ပေးခဲ့ 30 Aug 2026 By ကိုထားဝယ် / MPA မကွေးတိုင်း၊ ပခုက္ကူမြို့ အရှေ့မြောက်ဘက်ရှိ အမှတ် (၅) အထည်စက်ရုံ ဝန်ထမ်းများအတွက် လစာငွေကျပ် သိန်း ၁,၄၀၀ ထက်မနည်း သယ်ဆောင်လာသည့် ယာဉ်ကို လက်နက်ကိုင် အဖွဲ့တစ်ခုက လုယက်သွားသည့် ဖြစ်စဉ်တစ်ခု ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်သိရှိထားသည့်သတင်းရင်းမြစ်များက ပြောသည်။ ဖြစ်စဉ်မှာ ဩဂုတ်လ ၂၈ ရက် နံနက် ၁၀ နာရီခွဲခန့်က အမှတ် (၅) အထည်စက်ရုံမှ လက်ထောက် စက်ရုံမှူး ဦးအောင်ထိုက်၊ စာရင်းကိုင် ဦးအောင်သူနှင့် ဒေါ်မြင့်မြင့်သိန်းတို့သည် သီးသန့် မော်တော်ယာဉ်ဖြင့် ပခုက္ကူမြို့နယ် စီးပွားရေးဘဏ်ခွဲမှ ဝန်ထမ်းလစာငွေကျပ် သိန်း ၁,၄၁၀ အား ထုတ်ယူ၍ စက်ရုံသို့ ပြန်လည် ထွက်ခွာလာစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ယာဉ်သည် စက်ရုံရှေ့သို့ အရောက်တွင် လက်နက်ရှည် ၂ လက် ကိုင်ဆောင်ထားသည့် မသိရှိရသေးသော အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ယာဉ်နှင့် ဝန်ထမ်းများကို တားဆီးကာ ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။ ထို့နောက် စက်ရုံ၏ အနောက်မြောက်ဘက် မီတာ ၆၇၀ ခန့်အကွာတွင် စောင့်ဆိုင်းနေသည့် အင်အား ၈ ဦးခန့် ပါဝင်သော အဖွဲ့နှင့် တွေ့ဆုံကာ ယာဉ်နှင့် ဝန်ထမ်း ၄ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး လစာငွေများအားလုံးကို ယူဆောင်၍ စို့တွင်းကျေးရွာ အရှေ့ဘက် လမ်းကြောင်းအတိုင်း ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် နံနက် ၁၁ နာရီခွဲခန့်တွင် စစ်ကော်မရှင်လက်အောက်ခံ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဗျူဟာအခြေပြု တပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာ နယ်မြေသို့ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပြစ်မှု ကျူးလွန်သူများကို စုံစမ်း ဖော်ထုတ်နိုင်ရေး နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုမူ ယခုအထိ မသိရှိရသေးဘဲ အာဏာသိမ်းစစ်အုပ်စုနှင့် တော်လှန်ရေးတပ်များကြား ပခုက္ကူမြို့ခံများ ကြားညှပ်ဒဏ်ခံနေရသည်ဟု မြို့ခံသတင်းရင်းမြစ်များက ဆိုသည်။ “ပြောရရင်ဟိုဘက်ဒီဘက်ကြားညပ်နေတာ” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက MPA သို့ ပြောသည်။ ပခုက္ကူမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် နောက်ပိုင်းမှစ၍ ခိုးဆိုးလုယက်မှု၊ ပြန်ပေးဆွဲမှုနှင့် အနုကြမ်းစီးမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး တရားခံ အများစု ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။ “ပခုက္ကူမှာ ခိုးဆိုးလုယက်မှုတွေက နေ့စဉ်လိုလို ဖြစ်နေတယ်။ လူစည်ကားတဲ့ နေရာတွေနဲ့ စခန်းအနီးအနားမှာတင် လက်နက်ရှည်တွေ ကိုင်ဆောင်ထားသူတွေက ကျူးလွန်နေတာမျိုးတွေ တွေ့ရတော့ ပြည်သူတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြရတယ်” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ နယ်မြေ မတည်ငြိမ်မှုများနှင့် မှုခင်းများ ဆက်တိုက် ဖြစ်ပွားနေသည့်အတွက် ဒေသခံ လူငယ်လူရွယ် အများစုမှာ နည်းလမ်းမျိုးစုံဖြင့် ပြည်ပသို့ ထွက်ခွာရန် ကြိုးပမ်းနေကြပြီး ငွေကြေးတတ်နိုင်သည့် မိသားစုများမှာလည်း အခြား ဘေးကင်းရာ မြို့ကြီးများသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သိရသည်။ ဓာတ်ပုံ - လူမှုကွန်ရက် #ပခုက္ကူမြို့ #လုယက်ခံရ #MPA #MRSN Aug 31, 11:03AM သတင်းပို့ရန်@MagwayScoutBot
999
16
Matn yo'q...
939
17
ပခုက္ကူ ပခုက္ကူမြို့နယ် ချည်မျှင်ခွေးဂိတ်မှ စခများသည် သေနတ်များရမ်းသမ်းပစ်ဖောက်နေကြောင်းသိရ။ #MRSN Aug 31, 7:47AM သတင်းပို့ရန်@MagwayScoutBot
1 090
18
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ 30.8.2026 ယနေ့ညနေ 5:25 ဝန်းကျင်က မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ် ပေါက်မြို့နယ် နယ်သတ်ရွာအနီးကို ညောင်ဦးလေဆိပ်မှ ဂျိုင်ရိုကော်ပတာသုံးစီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာမှာ ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ ယနေ့ညဦးပိုင်းအချိန်ထိ တဲကြီးရွာနဲ့ အနီးတဝိုက်တွေမှာပဲ ရှိနေပါတယ်။ နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ မသိရတာကြောင့် မြိုင်မြို့နယ်အနောက်ပိုင်း ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းနဲ့ ရေနံမှော်ဒေသက မိဘပြည်သူများ အားလုံး စစ်ကြောင်းသတင်းများကို နားစွင့်ပြီး သတိဝရိယနဲ့ နေထိုင်ကြကာ လက်နက်ကြီး အန္တရာယ် လေကြောင်း အန္တရာယ် ဒရုန်း အန္တရာယ် မြေပြင်စစ်ကြောင်း အန္တရာယ် အထူးဂရုစိုက်ကြဖို့ အသိပေးအပ်ပါတယ်။ #ပြည်သူတွေဘေးကင်းကြပါစေ #welovemyaing #ချစ်သောအညာမြေ #စစ်ကြောင်းသတင်း #MRSN Aug 30 , 10:55PM သတင်းပို့ရန်@MagwayScoutBot
1 171
19
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ 29.8.2026 မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာမှာ ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ ယနေ့ညဦးပိုင်းအချိန်ထိ တဲကြီးရွာနဲ့ အနီးတဝိုက်တွေမှာပဲ ရှိနေပါတယ်။ အဆိုပါစစ်ကောင်စီတပ်တွေဟာ ယနေ့ည 7:00 ကျော် ဝန်းကျင်က တဲကြီးရွာထဲကနေ လက်နက်ကြီးတွေ ရမ်းပစ်နေတယ်လို့ သိရပါတယ်။ နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ မသိရတာကြောင့် မြိုင်မြို့နယ်အနောက်ပိုင်း ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းနဲ့ ရေနံမှော်ဒေသက မိဘပြည်သူများ အားလုံး စစ်ကြောင်းသတင်းများကို နားစွင့်ပြီး သတိဝရိယနဲ့ နေထိုင်ကြကာ လက်နက်ကြီး အန္တရာယ် လေကြောင်း အန္တရာယ် ဒရုန်း အန္တရာယ် မြေပြင်စစ်ကြောင်း အန္တရာယ် အထူးဂရုစိုက်ကြဖို့ အသိပေးအပ်ပါတယ်။ #ပြည်သူတွေဘေးကင်းကြပါစေ #welovemyaing #ချစ်သောအညာမြေ #စစ်ကြောင်းသတင်း #MRSN Aug 29, 11:42PM သတင်းပို့ရန်@MagwayScoutBot
1 184
20
ပခုက္ကူ ပခုက္ကူမြို့နယ် မြို့သစ် စက်မှု့ဇုန် ပေါင်လောင်ကန်ရွာအတွင်းရှိလူငယ်များအား အကြမ်းဖက်စခများမှပေါ်တာဆွဲဖမ်းဆီးနေကြောင်းသိရ။ #MRSN Aug 29, 2:55PM သတင်းပို့ရန်@MagwayScoutBot
1 283