es
Feedback
Magway Scout Network

Magway Scout Network

Ir al canal en Telegram
2 590
Suscriptores
-424 horas
-87 días
-5230 días

Carga de datos en curso...

Canales Similares
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
sep '26
septiembre '26
+43
en 1 canales
agosto '26
+191
en 3 canales
Get PRO
julio '26
+437
en 5 canales
Get PRO
junio '26
+176
en 6 canales
Get PRO
mayo '26
+225
en 7 canales
Get PRO
abril '26
+107
en 9 canales
Get PRO
marzo '26
+64
en 4 canales
Get PRO
febrero '26
+85
en 3 canales
Get PRO
enero '26
+119
en 4 canales
Get PRO
diciembre '25
+176
en 8 canales
Get PRO
noviembre '25
+346
en 4 canales
Get PRO
octubre '25
+89
en 3 canales
Get PRO
septiembre '25
+150
en 8 canales
Get PRO
agosto '25
+146
en 13 canales
Get PRO
julio '25
+129
en 4 canales
Get PRO
junio '25
+348
en 13 canales
Get PRO
mayo '25
+336
en 9 canales
Get PRO
abril '25
+562
en 15 canales
Fecha
Crecimiento de Suscriptores
Menciones
Canales
29 septiembre+2
28 septiembre0
27 septiembre0
26 septiembre0
25 septiembre+1
24 septiembre+2
23 septiembre+7
22 septiembre+3
21 septiembre+1
20 septiembre0
19 septiembre+2
18 septiembre+2
17 septiembre+3
16 septiembre+2
15 septiembre+1
14 septiembre0
13 septiembre0
12 septiembre+2
11 septiembre+2
10 septiembre+2
09 septiembre0
08 septiembre+2
07 septiembre0
06 septiembre+1
05 septiembre+1
04 septiembre+2
03 septiembre+5
02 septiembre0
01 septiembre0
Publicaciones del Canal
တောင်ဘို့ကြီးရွာက လူနေအိမ်များကို စစ်အုပ်စုက မီးရှို့ စက်တင်ဘာ ၂၉၊၂၀၂၆၊ ဆော ယောဒေသ ဆောမြို့နယ် တောင်ဘို့ကြီးရွာကလူနေအိမ်များကို စစ်အုပ်စုက မီးရှို့နေကြောင်းသိရသည်။ စစ်အုပ်စ့တပ်ဖွဲ့ဝင်များသည် တောင်ဘို့ကြီးရွာအတွင်း ယခုစက်တင်ဘာလဆန်းပိုင်းက ထပ်မံဝင်ရောက်နေတပ်စွဲနေတာဖြစ်ပြီး ယနေ့နေ့လည် ၁၂ နာရီခန့်ကစ၍ ကျေးရွာတွင်း လူနေအိမ်များကို မီးရှို့ခဲ့တာဖြစ်ကြောင်း သိရသည်။ " နေ့လည် ၁၂ နာရီလောက်ကစလို့ တောင်ဘို့ကြီးရွာက မီးခိုးတွေ ထွက်လာတာမြင်ရတယ်၊ အိမ် ၂ လုံးမီးစလောင်နေတာကို အဝေးကနေမြင်ရတယ် ၊ ခုထိလောင်နေတုန်းပါ " ဟု သတင်းရင်းမြစ်ကပြောသည်။ ယခုအချိန်အထိ စစ်အုပ်စု၏ မီးရှို့မှုကြောင့် တောင်ဘို့ကြီးရွာအတွင်းရှိ ပြည်သူလူနေအိမ် ၂ လုံးမီးစလောင်ကျွမ်းနေတာကိုမြရပြီး ယခုအချိန်ထိ လူနေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ကျွမ်းပြီးဖြစ်ကြောင်းသိရသည်။ #မီးရှို့ #ပြာကျ #လောင်ကျွမ်း @မင်းဒဿ ယောအလင်းတန်း #MRSN 𝐒𝐞𝐩 29   , 1:39PM သတင်းပို့ရန်@MagwayScoutBot

2
♦ဆိပ်ဖြူမြို့နယ်♦ ယနေ့ညနေ (၁၁:၃၀)အချိန်ခန့်တွင် ​ဆိတ်ဖြူအခြေစိုက် ကပစ {၂၂}မှ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းမှာ ပထမစစ်ကြောင်းသည်၊ တောင်ဖြူရွာ အနောက်ဘက်သို့ ရောက်ရှိနေပြီး၊ ဒုတိယစစ်ကြောင်းမှာ မုံတိုင်ကျောင်းရွာတွင် ကျန်ရှိနေကြောင်း သတင်းရရှိထားပါသည်။ ​အဆိုပါ စစ်ကောင်စီ စစ်ကြောင်း နှစ်ကြောင်းပေါင်း အင်အားမှာ (၃၀၀) ခန့် ရှိကြောင်း သိရပါသည်။ #PKK_News #MRSN 𝐒𝐞𝐩 29   , 12:10PM သတင်းပို့ရန်@MagwayScoutBot
402
3
မြိုင်မြို့နယ်စစ်ကြောင်းသတင်း 28.9.2026 မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာမှာ ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ လက်ရှိအချိန်ထိ တဲကြီးရွာမှာပဲ ရှိနေပါတယ်။ 8 လပိုင်း 26 ရက်နေ့က တဲကြီးရွာကို စတင်ဝင်ရောက်ခဲ့တဲ့ အဆိုပါ စစ်ကောင်စီတပ်တွေဟာ တစ်လကျော်ကြာတဲ့အထိ တဲကြီးရွာမှာ အခြေချ တပ်စွဲထားပြီး တဲကြီးရွာရဲ့ မြောက်ဘက် ဒေသအခေါ် မြက်စပ်တောင်အနီးတဝိုက်နဲ့ ကျောက်ခွက်ရေနံမြေ ဝဲတူးနဲ့ ဝဲဝမ်းကြားက ပြည်သူပိုင်ရေနံကျင်းတွေနဲ့ အဆောက်အဦးများကို မီးရှို့ဖျက်ဆီးတာနဲ့ မိုင်းခွဲဖျက်ဆီးတာတွေ မကြာခဏ ရှိခဲ့သလို တဲကြီးရွာကနေ ပတ်ဝန်းကျင်ရွာတွေဘက်ကို လက်နက်ကြီးတွေ ရမ်းပစ်တာနဲ့ ဂျိုင်ရိုကော်ပတာ ၊ Mi 35 ၊ ဒရုန်းတွေသုံးပြီး လေကြောင်းတိုက်ခိုက်တာတွေလည်း မကြာခဏ ရှိခဲ့ပါတယ်။ ဒီနေ့နေ့လည် 1:00 ကျော်ဝန်းကျင်ကလည်း တဲကြီးရွာကို မိတ္ထိလာလေတပ်က Y 8 စစ်ထောက်ပို့ လေယာဉ်တစ်စီးနဲ့ ခဲယမ်းနဲ့ ရိက္ခာတွေ အထုပ် 80 ခန့် ချပေးထားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စစ်ကောင်စီတပ်တွေရဲ့ အန္တရာယ်ကြောင့် မြိုင်မြို့နယ်အနောက်ပိုင်းနဲ့ ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းမှ ဒေသခံပြည်သူအများအပြား နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရပါတယ်။ #ပြည်သူတွေဘေးကင်းကြပါစေ #welovemyaing #ချစ်သောအညာမြေ #စစ်ကြောင်းသတင်း #MRSN 𝐒𝐞𝐩 28   , 10:29PM သတင်းပို့ရန်@MagwayScoutBot
529
4
🔺ဆိပ်ဖြူမြို့‌🔺 Sep 28, 8:53PM ဆိပ်ဖြူမြို့ပေါ်မှ ပြည်သူကား ၆ စီးအားချောဆွဲကာ ဆိပ်ဖြူအခြေစိုက် ကပစ ( 22 ) ခွေးခြံထဲသို့ 🦮အင်အား ( 300 )ခန့် ဝင်‌ရောက်ထားကြောင်းသတင်းရရှိထားပါတယ်။ မိဘပြည်သူများအနေဖြင့်စစ်ကြောင်း/လေကြောင်း/လက်နက်ကြီးအန္တရယ် သတိပြုနေထိုင်ကြပါရန် အသိပေးအပ်ပါတယ်ဗျ။ #7Starsmyaing #MRSN 𝐒𝐞𝐩 28   , 9:08PM သတင်းပို့ရန်@MagwayScoutBot
516
5
တပ်မ ၇၇ ဗျူဟာမှူးဦးဆောင်တဲ့ စစ်ကြောင်း လေကြောင်းပစ်ကူများဖြင့် ကန်ပက်လက်နယ်သို့ ထိုးစစ်ဆင် စက်တင်ဘာ ၂၈၊၂၀၂၆၊ယော-ချင်း ဆောမြို့နယ်၊ လောင်းရှည်မြို့ကို ယခုစက်တင်ဘာ ၂၃ ရက်နေ့ညနေပိုင်းက စတင်ရောက်ရှိနေခဲ့ကြသည့် ပဲခူးတိုင်းအခြေစိုက် တပ်မ ၇၇ မှဗျူဟာမှူး ဦးဆောင်သည့် အင်အား ၅၀၀ ကျော်ပါစစ်ကြောင်းသည် ယခုအခါ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ဖက်သို့ ဝေဟင်လေကြောင်းတိုက်ခိုက်မှု (ပစ်ကူ) များကို ရယူကာ စက်တင်ဘာ ၂၆ ရက်နေ့မှစ၍ ထိုးစစ်ဆင်နေကြောင်းသိရသည်။ လောင်းရှည်မြို့အနောက်တောင်ပိုင်း အင်ဘူးရွာ၊ ရင်းကဲရွာ၊ဆွဲလွဲကျင်းရွာများမှတဆင့် ကန်ပက်လက်မြို့နယ် မဆာတွီကျေးရွာဖက် သို့ စစ်ကြောင်းထိုးဝင်ရောက်နိုင်ရန်အင်အားအလုံးအရင်းအသုံးပြုကာကြိုးစားနေတာဖြစ်ကြောင်းသိရသည်။ ထိုစစ်ရေးလှုပ်ရှားမှုများကြောင့် ယခုစက်တင်ဘာ ၂၆ ရက်နေ့မှ ယနေ့ ၂၈ ရက်နေ့အထိ အဆိုပါ လောင်းရှည်-ကန်ပက်လက် ထိစပ်နယ်ရှိ ကန်ပက်လက်မြို့နယ် မဆာတွီရွာကို လေကြောင်းကနေ လေယာဥ်များဖြင့် နေစဥ် ဗုံးကြဲချ၊ပစ်ခတ်တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်ကပြောသည်။ " ၂၆ ရက်နေ့လည်ပိုင်းက ၂ ကြိမ်၊ ၂၇ ရက်နေ့ နေ့လည် ၁ နာရီလောက်ကလဲ ၂ ကြိမ်၊ခုညနေ ၆ နာရီထိုးခါနီးမှာလဲ ၂ ကြိမ်၊ ၃ ရက်ဆက် ဗုံးကြဲချခဲ့ပါတယ်၊ ပွိုင့်ဖိုက်တွေနဲ့ပါ ပစ်ခတ်တာတွေလုပ်ပါတယ်၊ လောင်းရှည်စစ်ကြောင်းက မဆာတွီဖက်ကို စစ်ကြောင်းထိုးလာနေတာပါ " ဟု စစ်သတင်းရင်းမြစ်က ပြောသည်။ တပ်မ ၇၇ ဗျူဟာမှူးဦးဆောင်ပြီး စစ်မှုထမ်းတပ်သား ပစ များအများအပြားနှင့် မိတ္ထီလာ တပ်မ ၉၉၊ မကွေးတပ်မ ၈၈၊ ကလောတပ်မ ၅၅ စသည့် အင်အား ၅၀၀ ကျော်ပါစစ်ကြောင်းသည် လောင်းရှည်မြို့ ဆွဲလွဲကျင်းရွာဖက်မှတဆင့် ကန်ပက်လက်မြို့နယ်မဆာတွီရွာဖက်ကို ထိုးစစ်ဆင်နေတာဖြစ်ကြောင်း၊ အင်ဘူးရွာမှာ ရောက်ရှိနေသည့် အင်အား ၁၀၀ ပါစစ်ကြောင်းနှင့် ကာကတံတားမြောက်ဖက် ဖိုးချင်းတောင်ဖက်မှာ ရောက်ရှိနေခဲ့ကြသည့် စစ်ကြောင်း ၂ ကြောင်းပူးပေါင်းကာ မဆာတွီရွာဖက်ကိုဝင်ရောက်နိုင်ရန် ကြိုးစားနေတာဖြစ်ကြောင်းသိရသည်။ #လေကြောင်းပစ်ကူ #ဗုံးကြဲ #ထိုးစစ်ဆင် #ပစ်ခတ်တိုက်ခိုက် #မဆာတွီ #ကန်ပက်လက် @မင်းဒဿ ယောအလင်းတန်း #MRSN 𝐒𝐞𝐩 28   , 8:06PM သတင်းပို့ရန်@MagwayScoutBot
642
6
❗​ရုတ်တရက် ကျရောက်လာနိုင်သည့် လေကြောင်းဆိုင်ရာ အန္တရာယ်များမှ ပြည်သူတစ်ရပ်လုံး ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် ဘေးလွတ်
❗​ရုတ်တရက် ကျရောက်လာနိုင်သည့် လေကြောင်းဆိုင်ရာ အန္တရာယ်များမှ ပြည်သူတစ်ရပ်လုံး ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် ဘေးလွတ်ရာသို့ အချိန်မှီ တိမ်းရှောင်နိုင်စေရန်အတွက် "ဝေဟင် လေကြောင်းရန်ကာကွယ်ရေး" မိုဘိုင်းအပလီကေးရှင်းကို ထည့်သွင်းအသုံးပြုကြရန် အသိပေး နှိုးဆော်အပ်ပါသည်။ ​ဤအပလီကေးရှင်းသည် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်မည့် ဒိုင်းကာတစ်ချပ်ကဲ့သို့ အရေးပါသော ကြိုတင်သတိပေးချက်များကို ပေးပို့နေခြင်းဖြစ်ပါသည်။ ​မိမိကိုယ်တိုင်နှင့် မိသားစုဝင်များ အနီးပတ်ဝန်းကျင်ရှိ မိဘပြည်သူများ၏ အသက်အန္တရာယ် ကင်းရှင်းရေးအတွက် အောက်ပါ လင့်ခ်မှတစ်ဆင့် အလွယ်တကူ ဒေါင်းလုဒ်ဆွဲ ထည့်သွင်း၍ လေကြောင်းအန္တရာယ် ကြိုတင်သတိပေးချက်များကို ရယူနိုင်ပါပြီ။ ​🔗 အပလီကေးရှင်း ဒေါင်းလုဒ်ရယူရန် လင့်ခ် - Mobile App ရယူရန် (https://www.mediafire.com/file/il6ew6nqv2v1vy2/WaiHin+(ဝေဟင်).apk/file) https://u.pcloud.link/publink/show?code=XZg4f4JZPWSjYSThwdY6dSg3QTkgPBCywYrX ​သတိတရားသည် အသက်ပေါင်းများစွာကို ကယ်တင်နိုင်သကဲ့သို့ တိကျသည့် ကြိုတင်သတိပေးချက်သည်လည်း ဆုံးရှုံးထိခိုက်မှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်ပါသည်။ သတိဖြင့် ယှဉ်တွဲ၍ သတင်းအချက်များကို အပြန်အလှန် မျှဝေခြင်းအားဖြင့် အကြမ်းဖက်စစ်တပ်၏ လေကြောင်းအန္တရာယ်ကို စုပေါင်းကာကွယ်ကြပါစို့.....။🤝 #WaiHin
471
7
ဆောနယ်အရှေ့မြောက်ပိုင်းတနေရာကို စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အရပ်သားပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ၊အမျိုးသမီး ၂ ဦးသေဆုံး #edit- အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁၀ နှစ်အရွယ် ကလေးငယ် (မ) အပါ ပြည်သူ ၆ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၂၇၊၂၀၂၆၊ဆော ယနေ့စက်တင်ဘာလ ၂၇ ရက်နေ့ညနေ ၄ နာရီခန့်တွင် စစ်အုပ်စုက ယောဒေသ ဆောမြို့နယ် အရှေ့မြောက်ပိုင်းရှိ လူနေကျေးရွာများကို ဂျက်ဖိုက်တာ ၁ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို ဗုံး ၃ လုံးသည် စစ်ရှောင်အများစုနေထိုင်ရာ လူနေကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၃ လုံးထက်မနည်း ပျက်စီးသွားကြောင်း သတင်းရင်းမြစ်ကပြောသည်။ ထိခိုက်ဒဏ်ရာရ ၅ ဦးတွင် အသက် ၂၀ ကျော်အရွယ်အမျိုးသီး ၁ ဦးနှင့် အသက် ၃၀ ခန့်အရွယ် အမျိုးသမီး ၁ ဦး ပေါင်း ၂ ဦးမှာ ဒဏ်ရာကြောင့်ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရပြီး သက်လတ်ပိုင်းအရွယ် အမျိုးသမိး ၂ ဦးနှင့် အမျိုးသား ၁ ဦး ပေါင်း ၃ ဦးတို့မှာပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ "ရွာထဲကို ၃ လုံးကျကွဲတယ်၊ လူနေအိမ် ကျဲတဲ့နေရာတွေဖြသ်လို့ ထိခိုက်ပျက်စီးနဲနဲသက်သာတယ်လို့ပြောရမယ်၊ ဘာစစ်ရေးလှုပ်ရှားမှုမှလဲ မရှိပါဘူး၊အခြားရွာက စစ်ရှောင်တွေကိုလက်ခံကူညီနေတဲ့ရွာပါ၊ ဒီမှာကြဲ ပြီး တောင်ဖက် ခပ်လှမ်းလှမ်းက ရွာတစ်ရွာနာယမှာလဲ နောက်ထပ် ဗုံး ၁ လုံးကြဲသွားသေးတယ် " ဟုဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။ အဆိုပါ စစ်ဘေးရှောင်များနေထိုင်ရာကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၃ လုံးကြဲချခဲ့ပြီး တောင်ဖက် မလှမ်းမကမ်းရှိ ရွာတစ်ရွာကိုပါ ဗုံး ၁ လုံးထပ်မံကြဲချခဲ့ပြီး ရွာအပြင်နားတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ စစ်အုပ်စုသည် ချင်းပြည်နယ်တောင်ပိုင်း ကျင်ဒွေး၊ကန်ပက်လက် ဖက်ကိုပြန်လည်ဖိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟုဝါဒဖြန့်ကာ ဆောနယ်နှင့်လောင်းရှည်မြို့နယ်အတွင်း နေရာတော်တော်များများ အချက်အခြာဗျူဟာကျရာနေရာများမှာ တပ်ဖြန့်နေရာယူ၊အထိုင်ချတပ်စွဲလျက်ရှိနေပြီး ဆောမြို့နယ် စစ်အုပ်ချုပ်ရေးယန္တရားပြန်လည်စတင်နိုင်ရေးအတွက် ယခုလိုလေကြောင်းကနေဖိအားပေးနေ့စဥ်ရက်ဆက် ဗုံးကြဲချ၊ပစ်ခတ်တိုက်ခိုက်နေတာဖြစ်နိုင်ကြောင်း၊ နောက်ထပ်တိုက်ခိုက်လာနိုင်သေးကြောင်းနှင့် ဒေသတွင်းပြည်သူများအနေဖြင့် လေကြောင်းရန်၊မြေပြင်စစ်ကြောင်းရန်များကို အထူးသတိထားကြရန်လိုအပ်ကြောင်း စစ်သတင်းရင်းမြစ်က ပြောသည်။ #ဗုံးကြဲတိုက်ခိုက် #ထိခိုက်ဒဏ်ရာ #သေဆုံး #ပျက်စီး #ပစ်ခတ် @မင်းဒဿ ယောအလင်းတန်း #MRSN 𝐒𝐞𝐩 27   , 7:22PM သတင်းပို့ရန်@MagwayScoutBot
613
8
လောင်းရှည်စစ်ကြောင်း ဆွဲလွဲကျင်းချောင်းကိုဖြတ်ကာ အနောက်အရပ်သို့ ဦးတည်လာနေ၊ ကျင်ဒွေးကိုဦးတည်နိုင့်ပီး လေကြောင်းတိုက်ခိုက်မှုများပါ ဆက်တိုက်ပြုလုပ်နေ စစ်အုပ်စုက ရိက္ခာများကို လောင်းရှည်ကနေကနေ ကာကတံတားဖက်သို့ နွားလှည်းများဖြင့် သယ်ယူနေ စက်တင်ဘာ ၂၇၊၂၀၂၆ ၊လောင်းရှည် မကွေးတိုင်း ယောဒေသ ဆောမြို့နယ် နှင့် လောင်းရှည်မြို့နယ်များတွင် စစ်အုပ်စုက အင်အားအလုံးအရင်းဖြင့် စစ်ရေးပြင်ဆင် လှုပ်ရှားနေလျက်ရှိပြီး စစ်ကြောင်းတစ်ကြောင်းသည် လောင်းရှည်နယ် အနောက်တောင်ပိုင်း ဆွဲလွဲကျင်းကျေးရွာဖက်ကို ယနေ့နံနက်ပိုင်းကရောက်ရှိလာပြီး နေ့လည်ပိုင်းမှာ ရွာအနောက်ဖက်ချောင်းကို ဖြတ်ကူးကာ တောင်ပေါ်ဖက်တက်နေကြကြောင်းသိရသည်။ ထိုစစ်ကြောင်းသည် ယခုစက်တင်ဘာလ ၂၅ ရက်နေ့ စလင်းချောင်းတံတား ဒေသအခေါ် ကာကတံတား၏မြောက်ဖက် ဖိုးချင်းတောင်မှာ ရောက်ရှိနေသည့် အင်အား ၄၀၀ ပါစစ်ကြောင်းဖြစ်ပြီး ယမန်နေ့ညနေပိုင်းက ဆွဲလွဲကျင်းရွာအနီးသို့ ရောက်ရှိလာခဲ့တာဖြစ်ကြောင်း သိရသည်။ဖိုးချင်းတောင်ဝန်းကျင်တွင်လည်း အင်အားအချို့ ကျန်ရှိနေနိုင်သေးကြောင်း စစ်သတင်းရင်းမြစ်က ပြောသည်။ " စစ်ကြောင်းက မနေ့ညနေလောက်ကနေ ရွာနားကတောတိုက်ထဲတွေမှာ ရောက်လာကြတာပါ၊ အင်အားအတိအကျတော့မသိဘူး၊ နေ့လည်ပိုင်းမှာ ရွာနောက်ကချောင်းရေကူးပြီး အနောက်ကတောင်ပေါ်ဆီတက်နေကြတယ်" ဟု သတင်းရင်းမြစ်က ပြောသည်။ စက်တင်ဘာလ ၂၄ ရက်နေ့ကရောက်ရှိနေသည့် အင်ဘူးရွာစာသင်ကျောင်းရှိ အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းသည်လည်း ထိုမှတဆင့် ယခုအခါ ရင်းကဲရွာဖက်တွင် ရောက်ရှိနေကြောင်းသိရပြီး အင်ဘူးရွာတွင် စစ်အုပ်စု ကျန်၊မကျန်ကို အတည်ပြုမရသေးကြောင်း သတင်းရင်းမြစ်ကပြောသည်။ "လက်ရှိအနေအထားအရ. စစ်အုပ်စုစစ်ကြောင်းတွေဟာရင်းကဲဖက်မှာ တစ်ကြောင်း၊ အခု ဆွဲလွဲကျင်းကနေ အနောက်ဖက်ကို တစ်ကြောင်း တက်လာနေတယ် ဆိုတော့ ကျင်ဒွေးကို ဦးတည်နေတာ သေချာနေပါတယ် " ဟု ဒေသတွင်းစစ်သတင်းရင်းမြစ်က ပြောသည်။ စစ်အုပ်စုက လောင်းရှည်နယ်ကိုခြေကုပ်ယူကာ စစ်ကြောင်း ၂ ကြောင်းဖြင့်ဖြန့်ကျက်လှုပ်ရှားနေပြီး ဝေဟင်ကပါ အဆိုပါ နေရာများကို ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုမျာ ပြုလုပ်နေကြောင်း သိရသည်။ ယနေ့ နေ့လည် ၁ နာရီ ၁၀ မိနစ်ခန့်ကလည်း ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားကြောင်းသိရသည်။ ထိုနောက် လောင်းရှည်မြို့ပေါ်ရှိ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယမန်နေ့၊ယနေ့အပါ ၂ ရက်ဆက် မြို့ပေါ်မှနေ၍ စလင်းချောင်း ကာကတံတားဖက်ကို ရိက္ခာပစ္စည်းများကို နွားလှည်းများဖြင့် ပို့ဆောင်လျက် ရှိကြောင်းသိရသည်။ " ကာကာတံတားက ကားသွားလို့မရဘူးလေ အဲတာကြောင့် ဒေသခံ နွားလှည်းတွေကို ချောဆဲဲပြီး ပို့နေတာ ၂ ရက်ရှိပြီ၊ ကာက၊တောင်ဘို့ကြီး ရွာတွေကတဆင့် ဆောမြို့ဖက်ကို ဆက်ပို့မယ်လို့ ယူဆရတယ်" ဟု သတင်းရင်းမြစ်ကပြောသည်။ စလင်းချောင်း ကာကတံတား ပျက်စီးနေတာကြောင့် ကားများမောင်းနှင်သွားလာမရ၍ စစ်အုပ်စုက ဒေသခံနွားလှည်းများကို ချောဆွဲကာ ချောင်းရေဖြတ်ကူးပြီး ကာကရွာရှိ စစ်ကာကင်းစခန်းထံ ရိက္ခာ၊ပစ္စည်းများကို နွားလှည်းများဖြင့်သယ်ပို့ဆောင်နေတာဖြစ်ပြီး ဆောမြို့ကို တဆင့်ပြန်လည် ပို့ဆောင်ပေးနိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ #လေကြောင်းတိုက်ခိုက် #ကျင်ဒွေး #စစ်ရေးလှုပ်ရှား @မင်းဒဿ ယောအလင်းတန်း #MRSN 𝐒𝐞𝐩 27   , 2:05PM သတင်းပို့ရန်@MagwayScoutBot
1 032
9
♦ပခုက္ကူမြို့နယ်♦ မုံရွာနယ်၊ကျောက်မျက်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်‌ကြောင်းအတိုင်း အောက်ဘက်သို့ စုန်ဆင်းလာသော ကြေးနီတင်စစ်ခွေးသင်္ဘောအုပ်စုအနက် ရှေ့ဆုံး ပွိုင့်သည်၊ ပခုက္ကူနယ် ချောက်ဦးသားရွာ ဖြတ်၍ အောက်ဘက်သို့ ဆက်လက် စုန်ဆင်းနေကြောင်း သတင်းရရှိထားပါသည်။ 𝐒𝐞𝐩-27, 9:25𝐀𝐌 ー ♦ပခုက္ကူမြို့နယ်♦  မုံရွာနယ်၊ကျောက်မျက်ဆိပ်ကမ်းမှ စုန်ဆင်းလာသော စစ်သင်္ဘော {၁}စီးနှင့် ဖလပ်{၁၃}စီး အုပ်စုအနက် ကျန် {၁၃}စီးသည်၊ ပခုက္ကူနယ် လေးလံကျွန်းရွာဖြတ်၍ မြစ်ကြောင်းအတိုင်း အောက်ဘက်သို့ ဆက်လက် စုန်ဆင်းနေကြောင်း သတင်းရရှိထားပါသည်။ #PKK_News #MRSN 𝐒𝐞𝐩 27   , 1:26PM သတင်းပို့ရန်@MagwayScoutBot
554
10
♦ပခုက္ကူမြို့နယ်♦ မုံရွာနယ်၊ကျောက်မျက်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်‌ကြောင်းအတိုင်း အောက်ဘက်သို့ စုန်ဆင်းလာသော ကြေးနီတင်စစ်ခွေးသင်္ဘောအုပ်စုအနက် ရှေ့ဆုံး ပွိုင့်သည်၊ ပခုက္ကူနယ် ချောက်ဦးသားရွာ ဖြတ်၍ အောက်ဘက်သို့ ဆက်လက် စုန်ဆင်းနေကြောင်း သတင်းရရှိထားပါသည်။ 𝐒𝐞𝐩-27, 9:25𝐀𝐌 ー ♦ပခုက္ကူမြို့နယ်♦  မုံရွာနယ်၊ကျောက်မျက်ဆိပ်ကမ်းမှ စုန်ဆင်းလာသော စစ်သင်္ဘော {၁}စီးနှင့် ဖလပ်{၁၃}စီး အုပ်စုအနက် ကျန် {၁၃}စီးသည်၊ ပခုက္ကူနယ် လေးလံကျွန်းရွာဖြတ်၍ မြစ်ကြောင်းအတိုင်း အောက်ဘက်သို့ ဆက်လက် စုန်ဆင်းနေကြောင်း သတင်းရရှိထားပါသည်။ #PKK_News #MRSN 𝐒𝐞𝐩 27   , 1:26PM သတင်းပို့ရန်@MagwayScoutBot
1
11
ယောနယ်နှင့် ချင်းပြည်တောင်ပိုင်းနယ်များကို စစ်အုပ်စုက လေယာဥ်အုပ်စုလိုက်ပျံသန်းပြီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ် စက်တင်ဘာ ၂၆၊ ၂၀၂၆၊ ယော-ချင်း ယနေ့စက်တင်ဘာ ၂၆ ရက်နေ့ညနေပိုင်းတွင် ယောဒေသ တောင်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းနယ်များကို အုပ်စုလိုက်ရှေ့နောက်ပျံသန်းလာကြသည့် လေယာဥ်အုပ်စုလိုက်ပျံသန်းပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။ ယောဒေသ ကျောက်ထုမြို့နယ်နှင့် ထီးလင်းမြို့နယ်ကြားတနေရာကို ယနေ့ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ဗုံး ၆ လုံးထက်မနည်းကြဲချခဲ့ကြောင်းသိရသည်။ အလားတူ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တနေရာကို ယနေ့ညနေ ၄ နာရီ ၄၅ မိနစ်ခန့်မှ ၅ နာရီ ၃၀ မိနစ်အတွင်း ဂျက်ဖိုက်တာ ၃ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ် ဗုံး အလုံးရေ ၂၀ ခန့်ကြဲချခဲ့ပြီး Y 12 ဘက်စုံသုံးဗုံးကြဲ လေယာဥ် ၁ စီးဖြင့်ပါ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ဗုံးအလုံးရေ ၁၅ လုံးခန့်၊ စုစုပေါင်း ဗုံးအလုံး ၃၅ လုံးထက်မနည်းကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ထိုနောက် ယနေ့ညနေ ၅ နာရီခန့်အချိန်တွင် ချင်းပြည်နယ်တောင်ပိုင်း ကျင်ဒွေးမြို့နယ်တနေရာကို ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ဗုံး ၂ လုံးကြဲချခဲကြောင်းသိရသည်။ အလားတူ ယနေ့နေ့လည် ၁၂ နာရီ ၂၀ မိနစ်ခန့်ကလည်း ချင်းပြည်တောင်ပိုင်း ကန်ပက်လက်နယ် တနေရာကို ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး လူနေအိမ် ၅ လုံးထက်မနည်းပျက်စီးခဲ့ကြောင်းသိရသည်။ မင်းတပ်နယ်နှင့် ယောနယ်တွင်း ယနေ့ညနေ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်များအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေများကို အတည်ပြုချက်မရရှိသေးကြောင်း သတင်းရင်းမြစ်က ပြောသည်။ ယခုရက်ပိုင်းများအတွင်း စစ်အုပ်စုက ယောနယ်တောင်ပိုင်း ဆော၊လောင်းရှည်၊ကျောက်ထု နယ်များတွင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေပြီး ချင်းပြည်နယ်တောင်ပိုင်းကို ပြန်လည်ထိုးစစ်ဆင်နိုင်ရန် ကြိုးစားနေကြတာကြောင့် ဒေသတွင်းက ပြည်သူများ စစ်ရေးသတိများရှိနေပေးရန် လိုအပ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ #လေကြောင်းတိုက်ခိုက်မှု #ဗုံးကြဲ #ထိုးစစ် #ထိခိုက်ပျက်စီး #ဗုံးကြဲလေယာဥ် @မင်းဒဿ ယောအလင်းတန်း #MRSN 𝐒𝐞𝐩 25   , 8:00PM သတင်းပို့ရန်@MagwayScoutBot
643
12
လက်နက်ကြီးပစ်ကူယူပြီး ကာကတံတားဖက်ထွက်လာသည့် ကားငယ်တစ်းပါစစ်ကြောင်း လောင်းရှည်မြို့ဖက် ပြန်ဆုတ် အင်ဘူးရွာ အရပ်သားပြည်သူ အမျိုးသားလူငယ် ၃ ဦးကို စစ်အုပ်စုကဖမ်းဆီး စက်တက်ဘာ ၂၅၊၂၀၂၆၊ လောင်းရှည် လက်နက်ကြီး ၅ ချက်ထက်မနည်းပစ်ကူယူပြီး ယနေ့ညနေ ၃ နာရီ ၅၀ မိနစ်ခန့် လောင်းရှည်မြို့တွင်းမှ ကားငယ်တစ်စီးအပါ၊အင်အား ၃၀ ခန့်ဖြင့် အနောက်မြောက်ဖက်အရပ် ကာကတံတားဖက်သို့ ထွက်လာစစ်ကြောင်းသည် ညနေ ၅ နာရီကျော်ခန့်မှာပင် မြို့ဖက်ကို ပြန်ဆုတ်သွားကြောင်းသိရသည်။ "ကားလေးတစ်စီးနဲ့ တံတားဖက် ဖိုးချင်တောင်ဝန်းကျင်ဖက်ရောက်လာကြတယ် ၊သူတို့ထွက်လာချိန် လောင်းရှည်မြို့ထဲကနေ လက်နက်ကြီးတွေ ပစ်တယ် ၅ ချက်ထက်မနဲဘဲ၊ ဆောလမ်းကြောင်းအခြေအနေလာကြည့်တာလား မသိဘူး၊ အရာရှိတသ်ဦးပါတယ်" ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။ အရာရှိပါသည့် အင်အား ၃၀ ပါစစ်ကြောင်းသည် ကာကတံတားနှင့် မြောက်ဖက်ဖိုးချင်တောင်အနီးဝန်ကျင်နားအထိရောက်လာပြီး နယ်မြေအခြေအနေများကိုလာရောက်အကဲခတ်တာဖြစ်နိုင်ကြောင်း သိရပြီး နောက်တသ်နာရီကျော်ခန့်အကြာ ညနေ ၅ နာရီကျော်တွင် လောင်းရှည်မြို့ဖက်ကို ပြန်ဆုတ်သွားကြောင်း သိရသည်။ ထိုနောက် လောင်းရှည်မြို့နယ်အင်ဘူးရွာသာသင်ကျောင်းတွင်တပ်စွဲနေထိုင်နေသည့် စစ်အုပ်စုတပ်သားများက ယနေ့နေ့လည်ပိုင်းမှာ ကျေးရွာတွင်းနေထိုင်နေသည့် အသက် ၃၀ ခန့်အရွယ် အရပ်သားပြည်သူ အမျိုးသား ၃ ဦးကို ဖမ်းဆီးသွားကြောင်းသိရသည်။ လက်ရှိတွင် လောင်းရှည်မြို့နီင့် အနီးဝန်းကျင်နေရာများ၊ တောင်ဖက် အင်ဘူး၊ယမ်း၊ကြိမ်ကြီး စသည့်ရွာများအပြင် ကာကတံတားမြောက်ဖက် ဖိုးချင်တောင်နေရာများတွင် စစ်အုပ်စုဖက်မှ အင်အားအလုံးအရင်းဖြင့် တပ်ဖြန့်နေရာထားတာကြောင့် ဒေသခံပြည်သူ ရာပေါင်းများစွာမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရင်းမြစ်ကပြောသည်။ လောင်းရှည်မြို့ကို ထပ်မံရောက်ရှိလာသည့် အင်အား ၈၀၀ ခန့်ပါစစ်အုပ်စု တပ်ဖွဲ့ဝင်များကို ပဲခူးတိုင်းအခြေစိုက် တပ်မ ၇၇ မှ ဗျူဟာမှူးအဆင့်ရှိ စစ်ဖက်အရာရှိတစ်ဦးက တာဝန်ယူကွပ်တာဖြစ်ပြီး မြို့တွင်းမှာပင် တပ်မ ၇၇ ဘတ်တံဆိပ်ပါ တပ်သားများဖြင့်အတူ နေထိုင်လျက်ရှိနေကြောင်း နှင့် အခြားအင်အားများအဖြစ် ကလော တပ်မ ၅၅၊မကွေးတပ်မ ၈၈၊မိတ္ထီလာ တပ်မ ၉၉ စသည့်တို့မှ ထုတ်နှုတ်ခေါ်ယူလာပြီး စစ်မှုထမ်းအပတ်စဥ်သင်တန်းဆင်းမှ တပ်သားသစ် ပစ များ အများစုပါဝင်ကြောင်း စစ်သတင်းရင်းမြစ်က ပြောသည်။ ယခုတပ်ဖြန့်နေရာယူထားသည့် အနေအထားအရ အဆိုပါ ဗျူဟာမှူးပါ စစ်အင်အားသည် ယောဒေသ ဆောမြို့နှင့် ချင်းပြည်နယ်တောင်ပိုင်း ကျင်ဒွေးမြို့များဆီ ရက်ပိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများထပ်မံရှေ့တိုး လုပ်ဆောင်လာနိုင်ကြောင်း စစ်သတင်းရင်းမြစ်က ပြောသည်။ ယခုအခါ အထက်ပါစစ်ရေးလှုပ်ရှားရာနေရာများရှိ စစ်အုပ်စုတပ်ဖွဲ့များက နေ့ရောညပါ အနီးနားဝန်းကျင်နေရာများကို ကင်းထောက်ဒရုန်းများပျံသန်းကင်းထောက်နေကြကြောင်း၊ ရံဖန်ရံခါ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြပြီး ဝေဟင်ကပါ လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်လာနေတာကြောင့် ဒေသခံပြည်သူများ သတိထားနေထိုင်ကြရန်လိုကြောင်း စစ်သတင်းရင်းမြစ်က ပြောသည်။ #လက်နက်ကြီးပစ်ကူ #ပြန်ဆုတ် #ကင်းထောက်ဒရုန်း #ပစ်ခတ် #ဖမ်းဆီး @မင်းဒဿ ယောအလင်းတန်း #MRSN 𝐒𝐞𝐩 25   , 6:22PM သတင်းပို့ရန်@MagwayScoutBot
805
13
ဆောနယ်ဖက်က စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ ကာက တံတားကိုဖြတ်ကာ အနောက်ဖက်လောင်းရှည်နယ်ဖိုးချင်တောင်ဖက်ကို ဝင်လာ ဖိုးချင်၊အင်ဘူး ဒေသဖက်တပ်ဖြန့်ထား စက်တင်ဘာ ၂၅၊ ၂၀၂၆၊ဆော ယောဒေသ ဆောမြို့နယ် တောင်ဘို့ကြီးရွာနှင့် ကာကရွာတို့တွင် ယာယီအထိုင်ချတပ်စွဲနေထိုင်နေသည့် စစ်အုပ်စုတပ်ဖွဲ့များမှ အင်အား (စီစစ်ဆဲ)အချို့သည် ကျောပိုးအိတ် ကိုယ်စီလက်နက်အပြည့်အစုံဖြင့် စလင်းချောင်းဖြတ်ကူးတံတား ဒေသအခေါ် ကာကတံတားကိုဖြတ်ကာ အနောက်ဖက်ခြမ်းရှိ ဖိုးချင်တောင်ဖက်ကို ယနေ့နံနက် ၁၀ နာရီခန့်က ဝင်ရောက်လညကြကြောင်း သိရသည်။ "အင်အားတော့တိကျမသိရဘူး၊ ကာကတံတားပေါ်ကနေ ကျောပိုးအိတ်ကိုယ်စီနဲ့ ဖိုးချင်တောင်ဖက်ကိုဝင်လာကြတယ်၊ တပ်ချိန်းဖို့လား ဘာလုပ်တာလဲ မသိရသေးဘူး၊ အင်ဘူးရွာက စစ်ကြောင်းက စစ်သားအချို့လဲ ရွာမြောက်ဖက်ကို ခုမနက်ပိုင်းက ထွက်လာတာရှိတယ်၊ ကင်းပတ်တာလား၊တပ်ဖြန့်တာလား မသိဘူး " ဟု ဒေသတွင်းသတင်းရင်းမြစ်က ယောအလင်းတန်းကိုပြောသည်။ ဆောနယ်ဖက်မှ စစ်အင်အားအချို့သည် လောငးရှည်ဖက်ခြမ်းသို့ ရောက်ရှိလာကြတာဖြစ်ပြီး အကြောင်းအရင်းကို မသိရှိရသေးကြောင်း၊ လက်ရှိတွင် အဆိုပါ ဖိုးချင်တောင်မှာ စစ်အုပ်စုအင်အား ၄၀၀ ခန့်ရောက်ရှိထားကြောင်း၊ထို့အတူ အင်ဘူးရွာစာသင်ကျောင်းတွင်လည်း စစ်အုပ်စုတပ်သား ၁၀၀ ကျော်ရောက်ရှိထားပြီး ယနေ့နံနက်ပိုင်း ၉ နာရီကျော်မှာ ရွာမြောက်ဖက်သို့ အင်အားအချို့ထွက်လာကြောင်း သိရသည်။ ဆောမြို့နယ်နှင့် လောင်းရှည်မြို့နယ်ထိစပ်နေရာ အဆိုပါဒေသတွင် ယခုရက်ပိုင်းအတွင်း စစ်အုပ်စုဖက်မှ စစ်အင်အား ၇၀၀ ကျော် ၈၀၀ ခန့်အသုံးပြုကာ တပ်ဖြန့်နေရာယူလျက် စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေတာကြောင့် ထောင်ချီသော ဒေသခံအရပ်သားပြည်သူများ ဘေးလွတ်ရွာကို ထွက်ပြေး စစ်ဘေးရှောင်နေကြရကြောင်း သတင်းရင်းမြစ်ကပြောသည်။ ညပိုင်းအချိန်များနှင့် နေ့ခင်းပိုင်းအချိန်များတွင်လည်း လောင်းရှည်မြို့ပေါ်ရှိ စစ်အုပ်စုတပ်ဖွဲ့များက မြို့ဘေးပတ်လည်နေရာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း၊ ကင်းထောက် ဒရုန်းများဖြင့လည်း မြို့အပြင်ပတ်လည်နေရာများကို နေ့ရောညပါ ကင်းထောက်ပျံသန်းမှုတွေ ပြုလုပ်နေကြောင်း သိရသည်။ ယခုလို နေရပ်စွန့်ခွာထွက်ပြေး စစ်ဘေးတိမ်းရှောင်နေကြရသည့် ပြည်သူအချို့သည်လမ်းခရီး၌ စစ်အုပ်စုတပ်ဖွဲ့ဝင်များဖြင့်တိုးကာ ဖမ်းဆီးခံရသည့် ဖြစ်စဥ်များရှိနေပြီး ယမန်နေ့စက်တင်ဘာလ ၂၄ ရက်နေ့ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က မဆာတွီရွာမှ ဆိုင်ကယ် ၃ စီး လူ ၇ ဦးဖြင့် ထွက်ပြေးတိမ်းရှောင်လာကြစဥ် အင်ဘူးရွာနားအရောက် စစ်အုပ်စုနှင့်တိုးကာ ဖမ်းဆီးသွားကြောင်းသိရသည်။ "ဆိုင်ကယ် ၃ စီးနဲ့ မိသားစု၊လင်မယားအတွဲလိုက်စီးလာကြတာ အင်ဘူးနားမှာ စစ်သားနဲ့တိုးလို့ စစ်သားတွေက ဖမ်းသွားတယ် " ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။ ဆိုင်ကယ် ၃ စီးဖြင့် စစ်ဘေးရှောင်ရန်ထွက်လာသည့် မိသားစု ၃ စုအနက် ကလေးငယ်ပါသည့် မိသားတစ်စု ဆိုင်ကယ် တစ်စီး လူ ၃ ဦးကို စစ်အုပ်စုတပ်သားများက ပြန်လွှတ်ပေးခဲ့ပြီး ကျန် ဆိုင်ကယ် ၂ စီး အမျိုးသားပြည်သူ ၂ ဦးနှင့် အမျိုးသမီး (သက်လတ်ပိုင်း) စုစုပေါင်း ၄ ဦးကို အင်ဘူးရွာစာသင်ကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ ပြန် လွတ်၊မလွတ်နောက်ဆက်တွဲ သတင်းများကို ဆက်လက်စုံစမ်းဆဲ ဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။ #ထွက်ပြေးတိမ်းရှောင် #ဖမ်းဆီး #မဆာတွီ #လက်နက်ကြီး #ရမ်းသမ်းပစ်ခတ် #ကင်းထောက်ဒရုန်း ပုံ-လက်ရှိကာကတံတား @မင်းဒဿ ယောအလင်းတန်း #MRSN 𝐒𝐞𝐩 25   , 12:29PM သတင်းပို့ရန်@MagwayScoutBot
1 382
14
ပခုက္ကူမြို့နယ် ပခုက္ကူမြို့နယ်စက်မှု့ဇုန်ခွေးဂိတ်မှအကြမ်းဖက်စခများသည်လက်နက်ငယ်များရမ်းသမ်းပစ်ဖောက်နေကြောင်း သိရ။ #MRSN 𝐒𝐞𝐩 24  , 7:31PM သတင်းပို့ရန်@MagwayScoutBot
831
15
♦ပခုက္ကူမြို့နယ်♦ ပခုက္ကူ စက်မှုဇုန်ဂိတ်မှ ထွက်လာသော သံပြားကာကား {၁}စီးနှင့် အိမ်စီးကား{၁}စီးတို့သည်၊ ​ကျောက်လှေခါးခွေးဂိတ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ 𝐒𝐞𝐩-24, 5:30𝐏𝐌 ー ♦ကမ္မမြို့နယ်♦ ကမ္မမြို့နယ် ရဲခွေးခြံမှလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။ #PKK_News #MRSN 𝐒𝐞𝐩 24  , 5:51PM သတင်းပို့ရန်@MagwayScoutBot
965
16
♦ပခုက္ကူမြို့နယ်♦ ပခုက္ကူမြို့နယ် တင်းဂါတ် စစ်ဆေးရေးဂိတ်မှ စစ်ခွေးကား {၁}စီးသည်၊ အင်အားအပြည့်ဖြင့် တပ်မ {၁၀၁}အတွင်းသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ #PKK_News 𝐒𝐞𝐩-24, 11:50𝐀𝐌 #MRSN သတင်းပို့ရန်@MagwayScoutBot
863
17
♦ပခုက္ကူမြို့နယ်♦ ပခုက္ကူ စက်မှုဇုန်ဂိတ်မှ ထွက်လာသော သံပြားကာကား {၁}စီးနှင့် အိမ်စီးကား{၁}စီးတို့သည်၊ ​ပန်းတိုင်းခြုံရွာခွေးဂိတ်နှင့် ရွာခေါင်းရင်းမှာ ရပ်နားထားကြောင်း သတင်းရရှိထားပါသည်။ အနီးနားရှိ ပြည်သူများ သတိပြုသွားလာကြပါရန်။ #MRSN #PKK_News 𝐒𝐞𝐩-24, 11:30𝐀𝐌 သတင်းပို့ရန်@MagwayScoutBot
965
18
ကျောက်အရွာက စစ်အုပ်စစ်ကြောင်း ယမ်းရွာကိုပြန်ဆုတ်၊ ကြိမ်းကြီးရွာမှာပါ တပ်ဖြန့်နေရာယူ လောင်းရှည်မြို့တွင်းကို စစ်အုပ်စုတပ်ဖွဲ့ဝင် ၅၀၀ ကျော်ကောက်ရှိနေ စက်တင်ဘာ ၂၄၊၂၀၂၆၊လောင်းရှည် ယမန်နေ့က လောင်းရှည်မြို့ကို ကပစ ၂၅ မှ စစ်ကားတန်းလာနိုင်ရန်အတွက် ကျောက်အရွာအထိ လာရောက်ကင်းယူပေးခဲ့ကြသည့် အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းသည် ယနေ့နံနက် ၈ နာရီခန့်မှာ ယမ်းရွာသို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။ "ခုမနက် ၈ နာရီလောက်က ယမ်းရွာဖက်ကိုအကုန်ပြန်ဆုတ်သွားတယ်၊ နောက်ပြီး ကပစ ၂၅ အတွက်အရေးပါတဲ့ ကြိမ်ကြီးရွာကိုလဲ တချို့တဝက် သွားကြတယ် " ဟု သတင်းရင်းမြစ်က ယောအလင်းတန်းကိုပြောသည်။ ကျောက်အရွာမှ ပြန်ဆုတ်လာခဲ့ကြသည့် စစ်ကြောင်းသည် ယမ်းရွာတွင် ယခင်လက်ကျန် စစ်အုပ်စုတပ်ဖွဲ့များနှင့်ပြန်ပူးပေါင်းကာ ရွာအတွင်းနှင့် ရွာစာသင်ကျောင်းတို့တွင် နေထိုင်နေကြကြောင်းသိရပြီး စာသင်ကျောင်းအနီးရှိတောင်ကုန်းတစ်ခုတွင် ဘန်ကာများဆောက်လုပ်နေကြကြောင်း သိရသည်။ ထိုနောက် ကျောက်အရွာမှပြန်ဆုတ်လာသည့် အင်အား ထက်ဝက် (၅၀)ခန့်ကို ကပစ ၂၅ နှင့် လောင်းရှည်မြို့ကြားရှိ အချက်အခြာကျရာ ကြိမ်ကြီးရွာကို ပို့ဆောင်ထားကြောင်း သတင်းရင်းမြစ်ကပြောသည်။ ယမန်နေ့ညက လောင်းရှည်မြို့ကို ကပစ ၂၅ ကို စစ်ကားအစီး ၃၀ ထက်မနည်းဝင်ရောက်လာခဲ့ကြောင်း၊ စစ်အုပ်စုတပ်သားများသည်လည်း ခြေလျင်လမ်းလျှောက်၍ပါ အများအပြားဝင်ရောက်လာကြကြောင်း သတင်းရင်းမြစ်ကပြောသည်။ ယနေ့နံနက်ပိုင်းမှာလည်း ကပစ ၂၅ ကစစ်အုပ်စုတပ်သား ၂၀၀ နီးပါးလမ်းလျှောက်ကာ လောင်းရှည်မြို့တွင်းကို ဝင်ရောက်လာကြကြောင်း သိရသည်။ "မနေ့ညက ည ၁ နာရီလောက်အထိ လမ်းလျှောက်ပြီးတောက်လျှောက်ဝင်လာခဲ့ကြတယ်၊ ကားက ညအစောပိုင်းမှာ ၂၄ စီးဝင်လာတယ်၊ ညနက်ပိုင်းမှာနောက်ထပ် ၆ စီးဝင်လာတယ်၊ ခုမနက်ပိုင်းမှာလဲ လမ်းလျှောက်ဝင်လာကြတာ၊ ဆိုင်ကယ်နဲ့တချို့လဲ ပါတယ်၊ အင်အား ၂၀၀ လောက်ရှိမယ်၊ မြို့ထဲက သာသင်ကျောင်းတွေ၊စျေးတွေမှာ စစ်သားတွေနဲ့အပြည့်ပဲ၊မြို့ခံလူတွေ အပြင်မထွက်ရဲကြဘူး၊ကားတွေက မြို့ထဲက လမ်းဘေးတွေမှာ ရပ်ထားကြတယ် အပြည့်ပဲ၊ ပြန်မလွှတ်သေးဘူး " ဟုဒေသခံတစ်ဦးက ယောအလင်းတန်းကိုပြောသည်။ လက်ရှိ လောင်းရှည်မြို့အတံင်း ကပစ ၂၅ မှ ရောက်ရှိလာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင် ၅၀၀ အထက်ရောက်ရှိနေပြီး ယခင်မြို့ပေါ်ရှိတပ်သားများအပါ စုစုပေါင်း စစ်အုပ်စုတပ်ဖွဲ့ဝင် ၆၀၀ ကျော်ရှိနေကြောင်း သိရပြီး စာသင်ကျောင်း၊ဓမ္မာရုံ၊ဆေးရုံ၊ဇရပ် တို့တွင်ယာယီအထိုင်ချနေထိုင်နေကြကြောင်းနှင့် မြို့ထဲ၊စျေးထဲ နေရာများတွင် သွားလာပြည့်နက်နေကြကြောင်း သိရသည်။လာရောက်ပို့ဆောင်ပေးသည့် ကားများကိုလည်း ပြန်လည်မောင်းနှင်ခွင့်မပြုသေးတာကြောင့် မြို့တွင်းလမ်းဘေးနေရာများတွင် တန်းစီရပ်နားထားကြကြောင်း သိရသည်။ စစ်အုပ်စုမှ ယခုလို လောင်းရှည်မြို့ကို အင်အားအများအပြားဖြည့်တင်းထားပြီး ကပစ ၂၅ အတွက်အချက်အခြာကျရာ ယမ်းရွာ၊ကြိမ်ကြီးရွာများတွင်လည်း ကာကင်းချ စစ်ရေးပြင်ဆင်နေပြီး မည်သည့် အရပ်ဒေသကို ဆက်လက် ထိုးစစ်ဆင်မည်ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သကဲ့သို့ ဆောမြို့နယ်၊ ချင်းပြည်နယ်တောင်ပိုင်း ကျင်ဒွေးနှင့် ကပန်ပက်လက် မြို့နယ်က ပြည်သူများ ကြိုတင်သတိထားကြရန်လိုအပ်ကြောင်း စစ်သတင်းရင်းမြစ်က ပြောသည်။ @မင်းဒဿ ယောအလင်းတန်း #MRSN 𝐒𝐞𝐩 24  , 11:14AM သတင်းပို့ရန်@MagwayScoutBot
1 559
19
♦ပခုက္ကူမြို့နယ်♦ ပခုက္ကူ စက်မှုဇုန်ဂိတ်မှ သံပြားကာကား {၁}စီးနှင့် အိမ်စီးကား{၁}စီးတို့သည်၊ မြောက်ဘက်သို့ ထွက်ခွာသွားကြောင်း သတင်းရရှိထားပါသည်။ #PKK_News #MRSN 𝐒𝐞𝐩 24 , 10:07AM သတင်းပို့ရန်@MagwayScoutBot
678
20
လက်နက်ကြီးကား၊အိမ်စီးကားများပါဝင်သည့် ကပစ ၂၅ ကစစ်ကားတန်း လောင်းရှည်မြို့ကိုဝင်ရောက် စစ်အုပ်စုကပေါက်ကပစ ၂၄ ကို ရဟတ်ယာဥ်များဖြင့်အင်အားထပ်ပို့နေ စက်တင်ဘာ ၂၃၊၂၀၂၆၊လောင်းရှည် မကွေးတိုင်း ယောဒေသ ဆောမြို့နယ် ကပစ ၂၅ မှထွက်လာသည့် လက်နက်ကြီးတင်ဆောင်ထားသည့်ကားများ၊အိမ်စီးကားများပါဝင်သည့် စစ်ကားတန်းသည် ယနေ့ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် လောင်းရှည်မြို့တွင်းကို ဝင်ရောက်လာကြကြောင်းသိရသည်။ အဆိုပါကားတန်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့က လောင်းရှည်ကပစ ၂၅ ကို မကွေးမြို့မှ ရောက်ရှိလာသည့် ကားအစီး ၂၀၀ ယာဥ်တန်းမှ ကားများဖြစ်ပြီး ယနေ့ညနေတွင် လောင်းရှည်မြို့ကို ၂၄ စီး ဝင်ရောက်လာတာဖြစ်ကြောင်းသိရသည်။ " ညနေ ၅ နာရီ ၄၅ မိနစ်လောက်က မြို့ထဲကိုစစ်ကားတွေတန်းစီပြီး ဝင်လာကြတယ်၊ လက်နက်ကြီးတင်ထားတဲ့ကားလဲပါတယ် အိမ်စီးကားတွေရောပါ၊ အပြင်ထွက် မကြည့်ရဲလို့ အစီးရေအတိအကျမသိရဘူး၊ ခုညတော့ မြို့ထဲက ဆေးရုံတွေ၊ဓမ္မာရုံတွေ၊ဇရပ်တွေမှာ နေကြသေးတယ် အပြည့်ပဲ " ဟု လောင်းရှည်မြို့ခံတစ်ဦးက ယောအလင်းတန်းကို ပြောသည်။ ထိုကား ၂၄ စီးတွင် ဟောင်ဝှစ်ဇာလက်နက်ကြီးကားနှင့် အိမ်စီးကားအချို့ပါဝင်လာပြီး အိမ်စီးကားများတွင် Non-CDM ဝန်ထမ်းအချို့ပါဝင်လာကြောင်း သိရပြီး မြို့တွင်းရှိ ဆေးရုံ၊ဓမ္မာရုံနှင့် ဇရပ်များတွင် နေထိုင်နေကြကြောင်းသိရသည်။ ကပစ ၂၅ ကို ယခုစက်တင်ဘာလ ၂၀ ရင်နေ့က ကားအစီးရေ ၂၀၃ စီးရောက်ရှိထားပြီး ထိုကားများနှင့်အတူ စစ်သည်အင်အား ၈၅၀ ဦး၊ Non-CDM ဝန်ထမ်းများဖြစ်ကြသည့် ဆရာဝန် ၃ ဦး၊ ဆရာမများအပါဝင် အခြားရုံးဝန်ထမ်းများ စုစုပေါင်း ၅၀ ဦး၊ဟောင်ဝှစ်ဇာလက်နက်ကြီး ၂ ခု၊ ၆၀ မမလက်နက်ကြီး ၂၅ ခု၊ ၄၀ မမလက်နက်ကြီး ၂၀ ခု၊အခြားဆက်သပ်လက်နက်ခဲယမ်းများနှင့် စားနပ်ရိက္ခာများ ပါဝင်ကြောင်း ခိုင်လုံတဲ့စစ်သတင်းရင်းမြစ်အရ သိရသည်။ ထိုအင်အားများကို ဆောမြို့နာ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ကျင်ဒွေးမြို့၊ မင်းတပ်မြို့(ရွှေအောင်သာ) စသည့် စစ်မျက်နှာများသို့ ထိုးစစ်ဆင်နိုင်ရန်အတွက်အသုံးပြုမှာဖြစ်ပြီး ဆရာဝန် ၃ ဦးအပါ Non-CDM ဝန်ထမ်း ၅၀ ဦးကို ဆောမြို့နှင့်လောင်းရှည်မြို့တို့တွင် စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်စတင်နိုင်ရန်အတွက်ဖြစ်ကြောင်း သတင်းရင်းမြစ်အရ သိရသည်။ လက်ရှိ လောင်းရှည်မြို့ပေါ်ကို စစ်ကား ၂၄ စီးနှင့်အတူ စစ်အင်အား ၂၀၀ ခန့်ထပ်မံရောက်ရှိလာပြီး မြို့တောင်ဖက်အစွန် ကျောက်အကျေးရွာမှာလည်း စစ်အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းရောက်ရှိထားကာ စေတုတ္တရာလမ်းအတွက် ရှေ့ကင်းနေရာယူထားကြောင်း သိရသည်။ အလားတူ ယနေ့စက်တင်ဘာ ၂၃ ရက်နေ့နံနက်ပိုင်းမှစတင်ကာ ညနေ ၄ နာရီခန့်အထိ မကွေးတိုင်း ပေါက်မြို့နယ်ဘကပစ ၂၄ အတွင်းသို့ မန္တလေးတိုင်းညောင်ဦးလေဆိပ်မှနေ၍ Mi 17 စစ်ထောက်ပို့ရဟတ်ယာဥ်များဖြင့် စစ်သည်အင်အား ၂၅၀ ဦးကို ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ ကပစ ၂၄ အတွင်း ညောင်ဦးလေဆိပ်မှနေ၍ Mi 17 စစ်ထောက်ပို့ရဟတ်ယာဥ် အတက်အဆင်း အကြိမ် ၂၀ (၁၀ ခေါက်) ပြုလုပ်ခဲ့ပြီး ယခုလို စစ်ဖက်အရာရှိ ၅ ဦးနှင့် ပစ စစ်မှုထမ်းတပ်သားသစ်အများစုပါဝင်သည့် အင်အား ၂၅၀ ကိုချပေးခဲ့ပြီး ယောဒေသ ကျောက်ထုမြို့ ၃၆၈ တပ်မှ ပြန်လညခဲ့ကြသည့် ထိခိုက်ဒဏ်ရာရ စစ်အုပ်စုလူနာ ၁၄ ဦးနှင့် တပ်သားအလဲအပြောင်းအဖြစ် စစ်သည် ၁၈၀ ဦးတို့ကို ညောင်ဦးမြို့သို့ ပြန်လည်တင်ဆောင်သွားကြောင်း သိရသည်။ အထက်ပါအခြေအနေများကြောင့် ယောဒေသ ဆောမြို့နယ်၊လောင်းရှည်မြို့နယ်နှင့် ကျောက်ထုမြို့နယ်များတွင် စစ်အုပ်စုဖက်မှ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပေါ်လာနိုင်ပြီး ဒေသခံပြည်သူများ အနေဖြင့် လေကြောင်းရန်၊မြေပြင်စစ်ကြောင်းရန်၊လက်နက်ကြီးရန်များကို ပိုမိုသတိထားနေထိုင်ကြရန် လိုအပ်နေကြောင်း စစ်သတင်းရင်းမြစ်ကပြောသည်။ #ဟောင်ဝှစ်ဇာ #လက်နက်ကြီး #လေကြောင်းရန် #စစ်အုပ်ချုပ်ရေး #လက်နက်ခဲယမ်း #ဆော #လောင်းရှည် #ကျောက်ထု @မင်းဒဿ ယောအလင်းတန်း #MRSN 𝐒𝐞𝐩 23 , 9:00PM သတင်းပို့ရန်@MagwayScoutBot
931