es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

Magway Scout Network

Magway Scout Network

Ir al canal en Telegram
2 568
Suscriptores
-224 horas
+87 días
-4430 días

Cargando datos

Canales Similares
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
oct '26
octubre '26
+62
en 2 canales
septiembre '26
+45
en 1 canales
Get PRO
agosto '26
+191
en 3 canales
Get PRO
julio '26
+437
en 5 canales
Get PRO
junio '26
+176
en 6 canales
Get PRO
mayo '26
+225
en 7 canales
Get PRO
abril '26
+107
en 9 canales
Get PRO
marzo '26
+64
en 4 canales
Get PRO
febrero '26
+85
en 3 canales
Get PRO
enero '26
+119
en 4 canales
Get PRO
diciembre '25
+176
en 8 canales
Get PRO
noviembre '25
+346
en 4 canales
Get PRO
octubre '25
+89
en 3 canales
Get PRO
septiembre '25
+150
en 8 canales
Get PRO
agosto '25
+146
en 13 canales
Get PRO
julio '25
+129
en 4 canales
Get PRO
junio '25
+348
en 13 canales
Get PRO
mayo '25
+336
en 9 canales
Get PRO
abril '25
+562
en 15 canales
Fecha
Crecimiento de Suscriptores
Menciones
Canales
25 octubre+13
24 octubre+1
23 octubre+4
22 octubre+3
21 octubre+8
20 octubre+3
19 octubre+1
18 octubre+8
17 octubre+8
16 octubre+2
15 octubre+1
14 octubre0
13 octubre+2
12 octubre0
11 octubre+1
10 octubre0
09 octubre+2
08 octubre+1
07 octubre0
06 octubre+2
05 octubre+1
04 octubre+1
03 octubre0
02 octubre0
01 octubre0
Publicaciones del Canal
သီတင်းကျွတ်ကာလမှာ စစ်အုပ်စုက မင်းတပ်မြို့ကို တိုက်လေယာဥ်များဖြင့် ၂ ရက်ဆက် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက် ဘာသာရေးအဆောက်အဦးနဲ့ပြည်သူနေအိမ် ၂၀ ခန့်ပျက်စီး အောက်တိုဘာ ၂၅၊၂၀၂၆၊ မင်းတပ် ယခုသီတင်းကျွတ် အခါကြီးရက်ကြီးကာလမှာ စစ်အုပ်စုက ချင်းပြည်နယ်တောင်ပိုင်း၊မင်းတပ်မြို့ပေါ်ကို တိုက်လေယာဥ်များဖြင့် ၂ ရက်ဆက် အကြောင်းမဲ့ ဗုံးကြဲချတိုက်ခိုက်နေကြောင်း သိရသည်။ ယနေ့သီတက်းကျွတ်လဆန်း ၁၄ ရက်၊ဗုဒ္ဓဘာသာဝင်များ၏ အဖိတ်နေ့၊ အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် စစ်အုပ်စုက မင်းတပ်မြို့ပေါ်တနေရာကို တိုက်လေယာဥ် ၁ စီးဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တံတားဦးလေတပ်မှ ပျံသန်းလာသည့် ဂျက်ဖိုက်တာတိုက်လေယာဥ် ၁ စီးဖြင့် မင်းတပ်မြို့ပေါ်တနေရာကို ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရသည်။ ထိုပေါင် ၅၀၀ ဗုံး ၂ လုံးသည် အရပ်သားပြည်သူများ နေထိုင်ရာ လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၇ လုံးထက်မနည်းထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ အလားတူ စစ်အုပ်စုက ယမန်နေ့နံနက် ၁၀ နာရီခန့်ကလည်း မကွေးလေတပ်တက် တိုက်ခိုက်ရေးလေယာဥ် ၂ စီးဖြင့် မင်းတပ်မြို့ လူနေရပ်ကွက်များကို ဗုံး ၈ လုံးကြဲချ အကြောင်းမဲ့တိုက်ခိုက်ခဲ့တာကြောင့် ဘာသာရေးအဆောက်အဦးများအပါ လူနေအိမ် ၁၀ လုံးကျော်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ မြန်မာတို့၏ နေထူးနေ့မြတ်ကာလ သတ်မှတ်ထားသည့် သီတင်းကျွတ်ဘာသာရေးပွဲတော်ကာလ အခါကြီးရက်ကြီးကိုမှ မရှောင် ပြည်သူကိုရန်သူမှတ်ကာ စစ်အုပ်စုက ယခုလို အကြောင်းမဲ့ ဗုံးကြဲချတိုက်ခိုက်နေတာကြောင့် ပြည်သူများအနေဖြင့် ကြိုတင်သတိထားကြရန်နှင့် လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ကြဥ်ကြရန် လိုအပ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။ ဓာတ်ပုံ- ယနေ့ စစ်အုပ်စုကလေယာဥ်ဖြင့်ဗုံးကြဲချမှုကြောင့် ပျက်စီးသွားသည့် မင်းတပ်မြို့က လူနေအိမ်များ @မင်းဒဿ #MRSN Oct 25  , 5:26PM သတင်းပို့ရန်@MagwayScoutBot

2
စစ်အုပ်စုထိန်းချုပ်ထားသည့် လောင်းရှည်မြို့က ကုန်စုံဆိုင် ဓားပြတိုက်ခံရ ပိုက်ဆံငွေသား သိန်း ၃၀ ပါသွား အောက်တိုဘာ ၂၅၊၂၀၂၆၊ ဆော မကွေးတိုင်း၊​ယောဒေသ၊ ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၊ လောင်းရှည်မြို့တွင် ယမန်နေ့အောက်တိုဘာလ ၂၄ ရက်နေ့ည ၈ နာရီ ၃၀ မိနစ်ခန့်က ဓားပြမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ည ၈ နာရီခွဲဝန်းကျင်မှာ လောင်းရှည်မြို့ပေါ်ရှိ ကုန်စုံဆိုင်ငယ်တစ်ခုအတွင်းကို သေနတ်အရှည်တစ်လက်ကိုင်ဆောင်ထားသည့် အသက် ၂၃ နှစ်ခန့်အရွယ်အမျိုးသားလူငယ်တစ်ဦး ရုတ်တရက်ဝင်ရောက်လာပြီး ဆိုင်ရှင်ထံမှ ငွေသားသိန်း ၃၀ ကို သေနတ်ပြခြိမ်းခြောက် တောင်းယူ ဓားပြဝင်တိုက်သွားကြောင်း သိရသည်။ ထိုဓားပြမှုကျုးလွန်သူအမျိုးသားသည် အဆိုပါကုန်စုံဆိုင်အတွင်းသို့ "ကျနော် PDF ရဲဘော်ပါ" ဟုပြောဆိုကာ သေနတ်ဖြင့်ဝင်ရောက်လာပြီး ငွေသား သိန်း ၃၀ ကိုတောင်းယူခဲ့တာဖြစ်ကြောင်း သတင်းရင်းမြစ်များအရသိရသည်။ လိုအပ်သည့်ပိုက်ဆံရယူပြီး ထိုဓားပြ အမျိုးသားလူငယ်က ချက်ခြင်းဆိုင်အပြင်ကိုထွက်သွားခဲ့ပြီး ဆိုင်ရှင်မှ ဘေးပတ်ဝန်းကျင်ကို ဖမ်းဆီးနိုင်ရန်အတွက် အော်ဟစ်အကူအညီတောင်ရာ ရပ်ကွက်နေပြည်သူများက ထို ဓားပြကို အလျင်အမြန်လိုက်လံ ဝိုင်းဝန်းရှာဖွေခဲ့ကြကြောင်းသိရသည်။ ထွက်ပြေးသွားသည့် ဓားပြကိုရပ်ကွက်နေပြည်သူများကဝိုင်းဝန်းလိုက်လံဖမ်းဆီးခဲ့ရာ အချိန်အနည်းငယ်အတွင်း ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။ ခဏအတွင်းမှာ လောင်းရှည်မြို့ရဲစခန်းကုန်းစစ်အုပ်စုတပ်စခန်းမှ တာဝန်ရှိသူဟု ဆိုသူများရောက်ရှိလာကြပြီး ထိုဓားပြအား စစ်ဆေးရန်ဟုဆိုကာ စခန်းကုန်းသို့ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ နောက်ဆုံးအတည်ပြုချက်များအရ ယမန်နေ့ညက လောင်းရှည်မြို့ကုန်စုံဆိုင်ကို PDF ရဲဘော်အမည်ခံပြီး ဓားပြဝင်တိုက်သွားသူသည် လောင်းရှည်မြို့ကို မကြာခင်ကမှ ရောက်ရှိလာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်ဖြစ်ပြီး ၎င်း ဖြက့်အတူ နောက်ထပ်အပေါင်းပါ ၄ ဦးပါဝင်ကြောင်းသိရသည်။ထိုအပေါင်းပါ ၄ ဦးသည် ဓားပြတိုက်နေစဥ် ဆိုင်အပြင်အမလှမ်းမကမ်းနေရာများတွင်ရှိနေခဲ့ကြကြောင်း သိရသည်။ ယခုအခါ ထိုဓားပြမှုကျုးလွန်သူစစ်အုပ်စုတပ်ဖွဲ့ဝင်များကို လောင်းရှည်ရဲစခန်ူကုန်းမှ ကပစ ၂၅ (လောင်းရှည်)ကို ပို့လိုက်ပြီဖြစ်ကြောင်းနှင့် ဓားပြတိုက်ခံရမှုကြောင့် ဆုံးရှုံးသွားသည့် ငွေသားသိန်း ၃၀ သည်လည်း ပြန်လည်ရရှိခြင်းမရှိကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ကပြောသည်။ လောင်းရှည်မြို့သည် စစ်အုပ်စု၏လက်နက်ခဲယမ်းများထုတ်လုပ်ရာ ကပစ ၂၅ စက်ရုံအနီးတွင်တည်ရှိပြီး ယခုအချိန်ထိ စစ်အုပ်စုက ထိန်းချုပ်ထားပြီး မြို့အဝင်အထွက်များ၊မြို့ပတ်လည်နေရာများတွင် ကာကင်းများချထားကာ လုံခြုံရေးတင်းကြပ်ထားသည့် မြို့တစ်မြို့လည်းဖြစ်သည်။ @မင်းဒဿ ယောအလင်းတန်း #MRSN Oct 25 , 11:29AM သတင်းပို့ရန်@MagwayScoutBot
773
3
စစ်အုပ်စုက မင်းတပ်မြို့ကို တိုက်ခိုက်ရေးလေယာဥ် ၂ စီးဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက် ဘာသာရေးအဆောက်အဦးအပါဝင် ပြည်သူ့နေအိမ် ၁၀ လုံးကျော်ပျက်စီး အောက်တိုဘာ ၂၄၊၂၀၂၆၊မင်းတပ် စစ်အုပ်စုက ယနေ့အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်မှာ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်နေရာများကို တိုက်ခိုက်ရေးလေယာဥ် ၂ စီးဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မကွေးလေတပ် (ကလခ)မှ ရှေ့ဆင့်နောက်ဆင့် ပျံတက်လာသည့် K-8 W fighter jet ၂ စီးဖြင့် ယနေ့နံနက် ၁၀ နာရီခန့်က မင်းတပ်မြို့ပေါ် နေရာအချို့ကို လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးအကြီး ၈ လုံးကြဲချခဲ့ကြောင်း သိရသည်။ ထိုလေယာဥ်ဗုံးများသည် မင်းတပ်မြို့တွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘာသာရေးအဆောက်အဦးအပါ လူနေအိမ် ၁၀ လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ စစ်အုပ်စုက ယခု ၂၀၂၆ ခုနှသ် မေလ ဒုတိယပတ်မှစ၍ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နှင့် ကန်ပက်မြို့များကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ယောဒေသ ဆောမြို့နယ်တွင် ခြေကုပ်ယူရာ စစ်အင်အား အလုံးအရင်း ဖြင့်ထိုးစစ်ဆင်နေတာဖြစ်ကြောင်း သိရသည်။ ထိုးစစ်ဆင်ကာလ ၅ လကျော်လာသည့်အထိ စစ်အုပ်စုစစ်ကြောင်းများသည် လိုရာမရောက် လမ်းခုလပ်နေရာများတွင်သာ ရှိနေကြသေးပြီး လေကြောင်းပစ်ကူများအပါဝင် ယခုကဲ့သို့ စစ်ရေးနယ်ဖြင့်မသက်ဆိုင်သည့် ပြည်သူလူထု နှင့် စစ်ဘေးရှောင်ပြည်သူများနေထိုင်ရာ နေရာများကို မကြာခဏ ဗုံးကြဲ တိုက်ခိုက်နေတာဖြစ်ကြောင်း သိရသည်။ Photos - Crd HKL (Mindat) @မင်းဒဿ #MRSN Oct 24 , 3:40PM သတင်းပို့ရန်@MagwayScoutBot
1 012
4
⚠️ပခုက္ကူ ပခုက္ကူတပ်မ ၁၀၁ ခွေးခြံမှထွက်ခွာလာသော အင်အား(50)ခန့်ပါ စခစစ်ကြောင်းမှာ လက်ပကန်ကျေးရွာသို့ရောက်ရှိနေကြောင်းသိရပါတယ်. 🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ 🛰 #MRSN Oct 24 , 1:49PM သတင်းပို့ရန်@MagwayScoutBot
592
5
♦​ပခုက္ကူမြို့နယ်♦ ပခုက္ကူ တပ်မ {၁၀၁}ခွေးခြံမှ ထွက်လာသော ခွေးကားသေး {၄}စီးသည်၊ ငဖောင်ကန်ရွာမှ တဆင့် အနောက်ဘက်သို့ မောင်းနှင်သွားကြောင်း သတင်းရရှိထားပါသည်။ Oct-23, 6:44PM ー ♦မြိုင်မြို့နယ်♦ {26.8.2026}ရက်နေ့မှ စ၍ မြိုင်မြို့နယ် အနောက်ခြမ်း တဲကြီးရွာသို့  ရောက်ရှိနေသော ကားတန်းနှင့် စစ်ခွေးများသည်၊ ယနေ့{23.10.2026}ရက်နေ့ထိ တဲကြီးရွာ၌ပင် တပ်ဖြန့်နေရာယူကာ လေးဘက်ထောက် ပြာပုံဝပ်နေဆဲဖြစ်ကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ၊စစ်ရေးသတိရှိပြီး အကြမ်းဖက်စစ်‌ကောင်စီ၏ လေကြောင်းသတင်းများလည်းမပြတ်နားစွင့်ပြီး ဂရုစိုက်နေထိုင်ကြပါရန် မိမိတို့ #PKKNews မှတိုက်တွန်းနှိုးဆော်လိုက်ပါသည်။ #PKK_News #MRSN Oct 23 , 7:00PM သတင်းပို့ရန်@MagwayScoutBot
745
6
⚠️မြိုင် မြိုင်မြို့နယ် တွင်းမပျူရွာမှထွက်ခွာလာသော ရှေ့ပြေးစခစစ်ကြောင်းမှာ(ဒေသအခေါ် မြသီတာကန်)သို့ရောက်ရှိတယ်လို့သိရပါတယ်..(မြိုင်မြို့တောင်ဘတ်က မြသီတာကန် မဟုတ်) (ပြည်သူများအနေဖြင့်စစ်ကြောင်းသတိပြုနေကျပါရန်) 🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ 🛰 #MRSN Oct 22 , 11:22AM သတင်းပို့ရန်@MagwayScoutBot
954
7
⚠️မြိုင် မြိုင်မြို့နယ် တွင်းမပျူရွာမှ ရှေ့ပြေးစခစစ်ကြောင်း အနောက်မြောက်ဘတ်သို့ထွက်ခွာသွားကြောင်းသိရပါတယ်.. (ပြည်သူများအနေဖြင့်စစ်ကြောင်းသတိပြုနေကျပါရန်) 🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ 🛰 #MRSN Oct 22 , 10:54AM သတင်းပို့ရန်@MagwayScoutBot
944
8
♦️ ရေစကြိုမြို့နယ် သတင်းသတိပေးချက် ♦️ ⚠️ ရေစကြိုမြို့နယ်အတွင်း သတိပြုသွားလာကြပါရန် ရေစကြိုမြို့နယ်၊ ဆင်ချောင်းပျူစောထီးစခန်းမှ ထွက်လာသော ကားတစ်စီးသည် ပုခန်းကြီးရှိ ဆင်ဖြူရှင်ဘုရားအနီးသို့ ရောက်ရှိနေပြီး အဆိုပါအဖွဲ့မှ ဘေးပတ်ဝန်းကျင်တွင် ကင်းပုန်းများ ချထားကြောင်း သတင်းရရှိထားပါသည်။ 📢 မိဘပြည်သူများအနေဖြင့် သွားလာရာတွင် အထူးသတိပြုကြပါရန်နှင့် မိမိတို့၏ ဘေးကင်းလုံခြုံရေးကို ဦးစားပေးကြပါရန် အသိပေးအပ်ပါသည်။ ━━━━━━━━━━━━━━━ 🕕 သတင်းအချိန် — အောက်တိုဘာ ၂၁ ရက်၊ ညနေ ၆:၄၅ နာရီ 📰 သတင်းရင်းမြစ် — #PKK_News #MRSN သတင်းပို့ရန်@MagwayScoutBot
1 060
9
⚠️ပခုက္ကူ ပခုက္ကူတပ်မ ၁၀၁ ခွေးခြံမှထွက်ခွာလာသော စခကားကြီး(၁)စီးမှာ ကန်တော်ကျေးရွာ သို့ရောက်ရှိတယ်လို့သိရပါတယ်.. ပခုက္ကူမြို့နယ် ကမ္မမြို့မှအရှေ့ဘတ်သို့ စခကားကြီး(၁)စီးထွက်ခွာသွားကြောင်းသိရပါတယ်.. 🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ 🛰 #MRSN Oct 21 , 6:28PM သတင်းပို့ရန်@MagwayScoutBot
1 008
10
♦ကမ္မမြို့နယ်♦ ​မြိုင်မြို့နယ်တောင်ပိုင်း တွင်းမပျူခွေးခြံမှ ဒဏ်ရာရ ခွေးနာများကို ကားဖြင့်တင်ဆောင်လာသော ကား {၁}စီးသည်၊ အုန်းခြံရိုးနားသို့ ကင်းပုန်းချထားသော စစ်ခွေးရဲခွေးများလည်း ကမ္မရဲစခန်းထဲသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ #PKK_News #MRSN Oct 21 , 6:10PM သတင်းပို့ရန်@MagwayScoutBot
887
11
♦မြိုင်မြို့နယ်♦ မြိုင်မြို့နယ်တောင်ပိုင်း အင်းဘတ်ရွာထဲသို့ ရောက်ရှိနေသော စစ်ခွေးများမှာ တွင်းမပျူခွေးခြံထဲသို့ ပြန်လည်ဝင်ရောက်နေကြောင်း သတင်းရရှိထားပါသည်။ #PKK_News #MRSN Oct 21 ,  5:57PM သတင်းပို့ရန်@MagwayScoutBot
801
12
♦ကမ္မမြို့နယ်♦ ​ကမ္မမြို့ ရဲခွေးခြံမှ ထွက်လာသော ကား{၁}စီးသည်၊ ကမ္မတိုက်နယ် မကျီးတန်းရွာတောင်ဘက်ရှိ အုန်းခြံရိုးနားသို့ ရောက်ရှိပြီး၊ (ကမ္မ-မြိုင်)လမ်းမကြီးအတိုင်း တောင်အရပ်သို့ မောင်းနှင်သွားကြောင်း သတင်းရရှိထားပါသည်။ #PKK_News #MRSN Oct 21 ,  5:50PM သတင်းပို့ရန်@MagwayScoutBot
778
13
♦ကမ္မမြို့နယ်♦ ​ကမ္မမြို့တိုက်နယ် မကျီးတန်းရွာတောင်ဘက်ရှိ အုန်းခြံရိုးနားတွင် စစ်ခွေးရဲခွေးများ ကင်းပုန်းချထားကြောင်း သတင်းရရှိထားပါသည်။ #PKK_News #MRSN Oct 21 ,  5:38PM သတင်းပို့ရန်@MagwayScoutBot
678
14
♦ပခုက္ကူမြို့နယ်♦ ပခုက္ကူမြို့နယ် ငဖောင်ကန်ရွာ ဖြတ်၍ စစ်ခွေးကား {၁}စီးသည်၊ အနောက်ဘက်သို့ မောင်းနှင်သွားကြောင်း သတင်းရရှိထားပါသည်။ #PKK_News #MRSN Oct 21 ,  5:33PM သတင်းပို့ရန်@MagwayScoutBot
650
15
♦မြိုင်မြို့နယ်♦ မြိုင်မြို့နယ်တောင်ပိုင်း တွင်းမပျူခွေးခြံမှ ထွက်လာသော စစ်ခွေး အင်အား {၁၀၀}ခန့်သည်၊ အင်းဘတ်ရွာထဲသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #PKK_News #MRSN Oct 21 ,  5:18PM သတင်းပို့ရန်@MagwayScoutBot
643
16
♦ကမ္မမြို့နယ်♦ ​ကမ္မမြို့ ရဲခွေးခြံမှ ထွက်လာသော ကား{၁}စီးသည်၊ ကမ္မတိုက်နယ် မကျီးတန်းရွာတောင်ဘက်ရှိ အုန်းခြံရိုးနားသို့ ရောက်ရှိပြီး၊ (ကမ္မ-မြိုင်)လမ်းမကြီးအတိုင်း မြောက်ဘက်သို့ ဆက်လက်၍ မောင်းနှင်သွားကြောင်း သတင်းရရှိထားပါသည်။ #PKK_News #MRSN Oct 21 ,  5:07PM သတင်းပို့ရန်@MagwayScoutBot
601
17
♦ကမ္မမြို့နယ်♦ ​ကမ္မမြို့ ရဲခွေးခြံမှ ကား{၁}စီးဖြင့် (ကမ္မ-မြိုင်)လမ်းမကြီးအတိုင်း မြောက်ဘက်သို့ မောင်းနှင်သွားကြောင်း သတင်းရရှိထားပါသည်။ #PKK_News #MRSN Oct 21 ,  4:56PM သတင်းပို့ရန်@MagwayScoutBot
625
18
လောင်းရှည်မြို့ကိုစစ်ဘေးလာရှောင်သည့် အမျိုးသမီးတစ်ဦးကို စစ်အုပ်စုကဖမ်းဆီး၊ မြို့အဝင်ထွက်များကို တင်းကြပ်ထား အောက်တိုဘာ ၂၁၊၂၀၂၆၊ ဆော ယနေ့အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က လောင်းရှည်မြို့ကို စစ်ဘေးရှောင်ရန်လာရောက်သည့် သက်လတ်ပိုင်းအရွယ်အရပ်သားပြည်သူ အမျိုးသမီး ၁ ဦးကို စစ်အုပ်စုတပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားကြောက်းသိရသည်။ "ဆွဲလွဲကျင်းဖက်က စစ်ဘေးလာရှောင်တဲ့အမျိုးသမီးလို့သိရတယ်၊ စစ်သားတွေခေါ်သွားတာမြင်လိုက်ရတယ်၊နောက်ပြီး ယခုရက်ပိုင်းတွေမှာ မြို့အဝင်၊အထွက်တွေမှာ အသစ်အဆေးကြမ်းနေတယ်" ဟု ဒေသတွင်း သတင်းရင်းမြစ်ကပြောသည်။ စစ်အုပ်စုက လောင်းရှည်မြို့ကို စက်တင်ဘာလ ၂၃ ရက်နေ့ညနေက စစ်ကားများဖြင့် အင်အားအလုံးအရင်းဝင်ရောက်လာပြီး ဒေသတွင်းနယ်မြေများကိုပါ တပ်ဖြန့်နေရာယူခဲ့တာလည်းဖြစ်သည်။ လက်ရှိတွင် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးဒေသ ကို စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက်စစ်ကြောင်းထိုးနေတာကြောင့် ဒေသတွင်းပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရတာလည်းဖြစ်သည်။ ထိုသို့မိမိတို့ ဘေးလွတ်မည်ထင်သည့်နေရာများကို အရပ်သားပြည်သူများ ထွက်ပြေးတိမ်းရှောင်စဥ် စစ်အုပ်စုဖက်က ယခုလို အရပ်သားပြည်သူများအပေါ် မတရားဖမ်းဆီးခြင်း၊ငွေကြေးတောင်းယူခြင်းများကိုပါ ကျူးလွန်လာကြတာဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။ ကန်ပက်လက်မြို့နယ် ကျင်ဒွေးဒေသရှိ ကျေးရွာများ၊ဆောမြို့နယ် လောင်းရှည်ဒေသရှိ ကျေးရွာများမှ အရပ်သားပြည်သူများသည် စစ်အုပ်စုစစ်ကြောင်းရန်ကြောင့် ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ပြည်သူ့တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုနှင့် စစ်အုပ်စုကြား ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။ @မင်းဒဿ #MRSN Oct 21 ,  4:22PM သတင်းပို့ရန်@MagwayScoutBot
1 122
19
မောချောင်းနှင့် လှိုင်ဒုတ်ရွာကို စစ်အုပ်စုစစ်ကြောင်းဝင်ရောက်၊ ကျင်ဒွေးကိုရောက်ရန် ၁၀ မိုင်ခန့်သာလို လောင်းရှည်လမ်းပိုင်းကိုပါ ထိန်းချုပ်ထား အောက်တိုဘာ ၂၁၊၂၀၂၆၊ ကန်ပက်လက် ယခင်စက်တက်ဘာ ၂၆ ရက်နေ့၊ ဆောမြို့နယ် လောင်းရှည်ဒေသဖက်ကနေ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ဖက်ကိုဦးတည်ထိုးစစ်ဆင်နေတဲ့ စစ်အုပ်စုစစ်ကြောင်းသည် ယမန့်နေ့ည ၁၀ နာရီခန့်က ကန်ပက်လက်မြို့နယ် မောချောင်းရွာနှင့် လှိုင်ဒုတ် (လွယ်ဒုတ်)ရွာကို ဝင်ရောက်လာကြပြီး ကျင်ဒွေးမြို့ကိုရောက်ရန် ၁၀ မိုင်ခန့်သာလိုတော့ကြောင်း သိရသည်။ "အင်အားကတော့များတယ်၊ မနေ့ည ၁၀ နာရီလောက်က ဝင်လာကြတာ၊ ၄၀၀ ကျော် ၅၀၀ လောက်ရှိမယ်၊ မောချောင်းနဲ့ လှိုင်ဒုတ်က လမ်းပဲခြားတဲ့ရွာတွေပါ၊ ၂ ရွာလုံးမှာတပ်ဖြန့်နေထိုင်နေကြပါတယ်"ဟု ဒေသတွင်းသတင်းရင်းမြစ်ကပြောသည်။ စစ်အုပ်စုက လောင်းရှည်ဒေသတွင် ခြေကုပ်ယူကာ ကန်ပက်လက်နယ်ဖက်ကို အင်အားအလုံးအရင်းဖြင့် စက်တင်ဘာလ ၂၆ ရက်နေ့ကစတင်ထိုးစစ်ဆင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ၂၅ ရက်အကြာ ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ညပိုင်းမှာ လောင်းရှည်-ကျင်ဒွေးလမ်းပိုင်းရှိ မောချောင်းရွာနှင့် လှိုင်ဒုတ်ရွာကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ကျင်ဒွေးမြို့ကိုရောက်ရန် ၁၀ မိုင်သာကွာဝေးတော့ကြောင်း သတင်းရင်းမြစ်က ပြောသည်။ လောင်းရှည်မြို့နှင့် ကျင်ဒွေးမြို့သည် မိုင် ၂၀ ကျော်ကွာဝေးပြီး ယခုစစ်အုပ်စုစစ်ကြောင်းသည် ၂၅ ရက်အကြာစစ်ကြောင်းထိုးပြီးမှ လမ်းခုလပ်(တဝက်)ရှိ မောချောင်းနှင့် လှိုင်ဒုတ်ရွာကိုရောက်ရှိလာတာဖြစ်ကြောင်းကြောင်းသိရသည်။ အဆိုပါစစ်ကြောက်းသည် အင်အား ၅၀၀ ခန့်ပါရှိကာ ရွာအနီးနားဝန်းကျင်နေရာများတွင် တပ်ဖြန့်ထားပြီး ကျေးရွာတွင်းရှိ လူနေအိမ်များမှာဝင်ရောက်နေထိုင်နေကြကြောင်းသိရသည်။ ဒေသခံကျေးရွားများက အရပ်သားပြည်သူများသည် စစ်အုပ်စုစစ်ကြောင်းရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းနှင့် လက်ရှိတွင် စစ်အုပ်စုက မောချောင်း-မဆာတွီ-ဆွဲလွဲကျင်း- လောင်းရှည် လမ်းပိုင်းကိုထိန်းချုပ်ထားပြီး လမ်းတောက်လျှောက်ကိုပါ တပ်ဖြန့်နေရာယူထားကြောင်း သတင်းရင်းမြစ်က ပြောသည်။ @မင်းဒဿ #MRSN Oct 21 ,  11:20AM သတင်းပို့ရန်@MagwayScoutBot
1 105
20
ရေစကြို - မကွေးတိုင်း⚠️ ရေစကြိုမြို့နယ် တောင်အိုရွာ စခဂိတ်မှ လက်နက်ငယ်များပစ်ဖောက်နေပါသည်။ မိဘပြည်သူများ အထူးဂရုစိုက်ကြပါ။ #Threestarsmyaing #7Starsmyaing Oct-20, 8:12PM #MRSN သတင်းပို့ရန်@MagwayScoutBot
720