Manchester United Myanmar Supporters FC
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
7 096
Obunachilar
Ma'lumot yo'q24 soatlar
-407 kun
-20230 kun
Postlar arxiv
+2
လာမယ့်ရာသီ ကွင်းလယ်အတွက် အဆိုပါကစားသမား 3 ယောက်ကို အလေးအနက်ထား စောင့်ကြည့်နေတယ်လို့ သိရပါတယ် ။ ပြောင်းရွေ့ကြေးက ထိုက်သင့်တာထက် ပိုပေးရဖို့ ရှိနေလို့ ဘယ်ကစားသမားကို အဓိကထား ရွေးချယ်သွားမလဲဆိုတာ စောင့်ကြည့်ရမာ ဖြစ်ပါတယ် ။
ညီကိုတို့ရော ဘယ်သူကို ရွေးချယ်မာလဲ ?
#MUMS
ကိုဘီအနေနဲ့ အသင်းမာ နေရာတခု အပိုင်ရဖို့အတွက် ဒီထက်ပိုပီး လေ့ကျင့်သွားမာဖြစ်ပီး နည်းပြအမိုရင်ရဲ့ လက်အောက်မာ အားထားရတဲ့ ကစားသမားအဖြစ် ကြိုးစားသွားမာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ် ။
#MUMS
မှတ်မိပါသေးတယ် ။ ပထမဆုံး တတိယမြောက် အဝေးကွင်း ဝတ်စုံသစ်နဲ့ စပီး ကစားရတဲ့ ပထမဆုံးပွဲစဉ်မာ ဘရန်းဖို့စ် အသင်းနဲ့ တွေ့ကာ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ် ။
အခုတခေါက်လည်း အခုလိုမျိုးဖြစ်လာအုံးမာလား ?
#MUMS
ဒဏ်ရာကြောင့် အနားယူနေရတဲ့ နောက်ခံလူဒါးလော့စ်က ဒီနေ့မာဘဲ အသင်းနဲ့ အတူ လေ့ကျင့်ခန်း အတူဆင်းခဲ့တယ်လို့ သိရပါတယ် ။ လာမယ့် ဘရန်းဖို့စ်အသင်းနဲ့ ပွဲစဉ်မာ အသင်းရဲ့ အရန်စာရင်းထဲ ပါဝင်လာဖို့ ရှိပါတယ် ။
#MUMS
လာမယ့်စနေနေ့မာ ကစားမယ့် ဘရန်းဖို့စ်အသင်နဲ့ ပွဲစဉ်အတွက် ဒီရာသီအတွက် ထုတ်လုပ်ထားတဲ့ တတိယမြောက် ဝတ်စုံကို ဝတ်ဆင်ကာ ကစားသွားမာဖြစ်ပါတယ် ။
#MUMS
ပရီးမီးယားလိဂ် 5 ပွဲအထိ ယှဉ်ပြိုင်ခဲ့ပြီးချိန်မာ အသင်းက အချက်အလက်တွေအရ တခြားအသင်းတွေထက် သာလွန်နေပေမဲ့ ရလဒ်ပိုင်းအရ အခြေအနေသိပ်မကောင်းနေသေးတာဖြစ်ပါတယ် ။
#MUMS
အခုချိန်ထိ ဂိုးသမားအသစ်ကို မသုံးသေးတာ တကယ်ကို နားမလည်နိုင်တော့ပါဘူး ။ ဒီလောက်ဆိုရင် အသင်းနဲ့ အသားကျလောက်ပီ ဖြစ်သလို ၊ ပထမဆုံးလိဂ်ရဲ့ အထာကို သိနိုင်ဖို့အတွက် ပွဲထွက်ခွင့်က ပေးကို ပေးရတော့မာဖြစ်ပါတယ် ။ ဘာဖြစ်ချင်နေလဲဆိုတာ အမိုရင်ကလွဲပီး တကယ်ကို မသိနိုင်တော့ပါဘူး ")
#MUMS
တုတ်ကြီး ၊ ပုဇွန်ဦးနှောက်လို့ အသင်းမာ ရှိတုန်းက ခေါ်ခဲ့ကြပေမဲ့ အီတလီမြေမာ အစွမ်းကုန် တောက်ပနေခဲ့တဲ့ အကယ်ဒမီထွက် တွန်မီနေးကတော့ 2025 Ballon d'Or rankings မာ အဆင့် 18 ရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ် ။
Congratulations 👏🎉
#MUMS
ပြောင်းရွေ့ကြေးနဲ့ ထိုက်တန်အောင် ပွဲတိုင်းနီးပါး အကောင်းဆုံးခြေစွမ်းပြနေတဲ့ အမ်ဘီမိုက အသင်းရဲ့ လက်ရှိအခြေအနေမာ အကောင်းဆုံးကစားသမားတယောက်လို့ ပြောလို့ရပါတယ် ။ မခိုမကပ်နဲ့ ကစားသလို ၊ တိုက်စစ်ပိုင်းမာလည်း တကယ်ကို အရေးပါတဲ့ အခိုက်အတန့်တွေ ဖန်တီးပေးထားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ် ။ ဒီခြေစွမ်းကို အမြဲဆက်ထိန်းထားဖို့ လိုသလို ၊ ဒဏ်ရာကင်းရှင်းဖို့ကလည်း အရေးကြီးပါတယ် ။
#MUMS
လူငယ်အသင်းပီးရင် အရှုံးဆိုတာ ဘာမှန်းမသိသေးတဲ့ လူကြီးအသင်း လာမယ်နော် ")
#MUMS
ခေတ်အဆက်ဆက် ကွင်းလယ်ကစားသမားတယောက်ဆီကနေ ရာပြည့်ဂိုး သွင်းယူထားနိုင်ခဲ့ကြသူများ 👀
Bobby Charlton (245) 🏴
Ryan Giggs (168) 🏴
Paul Scholes (155) 🏴
Bruno Fernandes (100) 🇵🇹
United heroes 🔴
#MUMS
နောင်တော်ကြီးတွေရဲ့ ဆိုးမွေတွေကို နောက်ပိုင်း ပွဲစဉ်တွေကျမှ တခုချင်း ထုတ်ပြလာနေတဲ့ အာမတ်အတွက် တကယ်ကို စိတ်ပျက်မိပါတယ် ။ အသင်း form က ပျက်နေတယ်ဆိုမှ သူကပါ တခါတခါ ထထဖောက်နေတာက အတော်ဆိုးပါတယ် ။ အမြန်ဆုံး ပြုပြင်နိုင်မယ်လို့ မျှော်လင့်မိပါတယ် ။
#MUMS
ဘရူနို 🗣️
ဂိုး 100 အတွက်လား ? ဒါက တကယ်ကို ဂုဏ်ယူရမယ့် အရာပါ ။ ဒီလို သမိုင်းကြောင်း ကြီးမားတဲ့ အသင်းအတွက် စံချိန်သစ် တခုတင်ပေးနိုင်တာက ငါ့ဘဝရဲ့ အောင်မြင်မှုတွေထဲက တခုပါဘဲ ။
#MUMS
အခုခြေစွမ်းအရဆို 11 ယောက်ချင်း ကန်ရင် နိုင်ပါ့မလားတောင် စဉ်းစားစရာပါဘဲ ။ တဖက်က ဂိုးသမားအပြင် ၊ အဓိကကစားသမားတွေပါ ထုတ်ပီးအပြောင်းအလဲ လုပ်ခဲ့ရလို့ အေးဆေးနိုင်ပီလို့ ထင်ခဲ့ပေမဲ့ နောက်ဆုံးမိနစ်အထိ ရင်ခုန်ခဲ့ရပီး နောက်ဆုံးတော့ အိမ်ကွင်းမာ အဖိုးတန် အနိုင် 3 မှတ် ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ် ။
#MUMS
မန်ယူအသင်းအတွက် ဂိုး 100 မြောက်ကို ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မာ သွင်းယူခဲ့ပီး ဖိအားတွေအောက်ကနေ အသင်းကို ကယ်တင်ပေးနိုင်ခဲ့တဲ့ စစ်သည်အင်အားလေးသိန်းနဲ့ ညီမျှတဲ့ ကပ္ပတိန်ဘရူနို ❤️🔥
#MUMS
