7 652
Підписники
-724 години
-597 днів
-20830 день
Архів дописів
အမေရိကန်မာ ကစားမယ့် ရာသီကြိုခြေစမ်းပွဲတွေမာ အသင်းရဲ့ ကစားသမားနှစ်ယောက်ဖြစ်တဲ့ အိုနာနာနဲ့ ဇာဇီတို့ ပါဝင်လာဖို့ မရှိသေးဘူးလို့ သိရပါတယ် ။ မန်ချက်စတာမာဘဲ နေခဲ့ကြမာဖြစ်ပီး ဒဏ်ရာအရှင်းမပျောက်ကင်းသေးဘဲ ကစားခိုင်းဖို့ မဖြစ်နိုင်ဘူးလို့ သိရပါတယ် ။
#MUMS
အသင်းအတွက်ဆို လူမိုက်ကြီးအဖြစ်ခံတဲ့ တချိန်ကရွိုင်ကိန်း ❤️🔥
#MUMS
🇨🇲 𝗠𝗕𝗘𝗨𝗠𝗢 𝗫 𝗖𝗨𝗡𝗛𝗔 🇧🇷
Coming to Old Trafford soon 😍
ဒီနှစ်ယောက်ပေါင်းစပ်မှုက ဂိုးမိုးခေါင်နေတဲ့ ယူနိုက်တက် တိုက်စစ်ကို ဘယ်လောက်အထိ အထောက်အကူပြုနိုင်မယ်ထင်ကြလဲ ?
ဥရောပပြိုင်ပွဲ ဝင်ရောက်ကစားရခြင်း မရှိတဲ့ မန်ယူအသင်းကို ပြောင်းရွေ့ကစားဖို့ကလည်း ဖြစ်နိုင်တဲ့ အပြောင်းအရွေ့တခုအဖြစ် သတ်မှတ်ထားတယ်လို့ ဆစ်ကိုက ပြောကြားလိုက်ပါတယ် ။ မန်ယူအသင်းဖက်ကတော့ အသင်းကရှိပီးသားကစားသမားအချို့ကို ရောင်းထုတ်ပီးမှ ခေါ်ယူရမယ့် အခြေအနေရှိနေတာဖြစ်ပါတယ် ။
#MUMS
အမှတ်တရတွေအများကြီးထဲမှ မင်းကိုဘဲရွေးပီး မှတ်မိနေတာမျိုး ❤️❤️
#MUMS
မာတီနက်စ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် 21 သန်းရှိပါတယ် ။ အဲ့ဒါကို ပေးနိုင်တဲ့ ဘယ်အသင်းကိုမဆို ခေါ်ယူခွင့် ရှိပါတယ်လို့ အက်စတွန်ဗီလာအသင်းရဲ့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ် ။
#MUMS
+1
လာမယ့်ရာသီ ဟွိုက်လန်းကြမ်းပြတော့မာဖြစ်လို့ ကြည့်ရဲမှကြည့်ကြ 😛😛
#MUMS
အိုလေဝက်စ်ကင်ကတော့ မန်ယူအသင်းကိုပြောင်းရွေ့ဖို့ လမ်းဖွင့်ပေးထားတယ်လို့ သိရပါတယ် ။ မန်ယူအသင်းဖက်က အခုလာမယ့် နွေရာသီမာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ပြောင်းရွေ့ဖို့ စဉ်းစားထားတယ်လို့ သိရပါတယ် ။
#MUMS
မန်ယူအသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားကို ပြပါဆို တဦးတည်းအမြင်အရ ပြောရရင် ရိုနယ်ဒိုလို့ ထင်ပါတယ် ။ အရင်က ကစားသမားတွေ ရှိခဲ့ကြပေမဲ့ ရိုနယ်ဒိုရဲ့ Prime time မာ အသင်းနဲ့အတူ ခမ်းနားတဲ့ ဆုဖလားတွေ ၊ အောင်မြင်မှုတွေ ယူခဲ့သလို ၊ ကိုယ်တိုင်ကလည်း တဦးချင်းအောင်မြင်မှုအများအပြားကို ဆွတ်ခူးထားနိုင်ခဲ့တာဖြစ်ပါတယ် ။ ရိုနယ်ဒိုလို့ ပြောလိုက်ရင် Mr. UCL လို့ တင်စားရအောင် တကယ်ဘဲ သူ့အတွက် သီးသန့်ပြိုင်ပွဲလို့ တင်စားလို့ရတဲ့ သွင်းဂိုးတွေ ၊ မဖြစ်နိုင်တဲ့ comeback တွေနဲ့ အသင်းကို ဆွဲတင်ခဲ့တာတွေက တကယ်ကို အနှစ်သာရရှိတဲ့ အရာတွေဖြစ်ပီး ဒီလိုမျိုးလုပ်နိုင်တဲ့ တဦးတည်းသော ကစားသမားက ရိုနယ်ဒိုဘဲ ရှိလိမ့်မယ်လို့ ထင်ပါတယ် ။
#MUMS
မာတီနက်အတွက် မန်ယူအသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ စတင်ဆွေးနွေးနေပီလို့ သိရပါတယ် ။ အိုနာနာဒဏ်ရာရရှိသွားခဲ့လို့ မဖြစ်မနေ ဂိုးသမားတယောက်ကို ခေါ်ရတော့မာဖြစ်ပီး မာတီနက်ကိုယ်တိုင်ကလည်း မန်ယူအသင်းဆီကိုဘဲ ပြောင်းရွေ့ချင်နေခဲ့တာဖြစ်ပါတယ် ။
#MUMS
ဘရိုက်တန်အသင်းရဲ့ ကစားသမား အက်စတိုပီနန်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ မန်ယူအသင်းနဲ့ အေစီမီလန်အသင်းတို့ တွေ့ဆုံဆွေးနွေးနေကြတယ်လို့ သိရပါတယ် ။ ဘရိုက်တန်အသင်းဖက်ကလည်း ထိုက်သင့်တဲ့ ပြောင်းရွေ့ကြေးရရင် ရောင်းချသွားမာဖြစ်တယ်လို့ သိရပီး အပြောင်းအရွေ့အတွက် လမ်းဖွင့်ပေးထားခဲ့ပါတယ် ။
#MUMS
ရာသီကြိုခြေစမ်းပွဲကာလမာတော့ ကွန်ဂါနဲ့ ရှိပီးသားကစားသမားတွေရယ် ၊ လူငယ်ကစားသမားတွေရယ် ပေါင်းစပ်ပီး ယှဉ်ပြိုင်သွားဖို့ ရှိပါတယ် ။ အရမ်းကြီး ထူးခြားနေမာ မဟုတ်သလို ၊ ဒီလူစာရင်းက လာမယ့်ရာသီ PL အတွက် အဖြစ်နိုင်ဆုံး လူစာရင်းဖြစ်ပါတယ် ။ အပြောင်းအလဲကတော့ လူငယ်ကစားသမားတွေရယ် ၊ အသစ်ခေါ်ယူမယ့် နောက်ထပ် 1 ယောက်လောက်ဘဲ ရှိမယ်လို့ ထင်ပါတယ် ။ ဥရောပပြိုင်ပွဲမရှိတော့ ဒီလူစာရင်းနဲ့က အနည်းငယ်တောင့်တင်းတယ်လို့ ပြောရမာဖြစ်ပေမဲ့ တခြားအသင်းတွေနဲ့ ယှဉ်ရင် အကွာကြီး ကွာနေတာတော့ အမှန်ပါဘဲ ။
#MUMS
ဗစ်လာဟိုဗစ်အတွက် ဂျုဗင်အသင်းက မန်ယူအသင်းထံ ကမ်းလှမ်းထားတယ်လို့ သိရပါတယ် ။ ဒါပေမဲ့ မန်ယူအသင်းဖက်က အမ်ဘီမိုရဲ့ အပြောင်းအရွေ့အတွက် လုပ်ကိုင်နေရလို့ ဗစ်လာဟိုဗစ်အတွက် ဂျူဗင်ရဲ့ ကမ်းလှမ်းမှုကို ဆိုင်းငံထားတယ်လို့ သိရပါတယ် ။
#MUMS
လူငယ်ကစားသမားလေး ကွန်ဂိုကီက အသင်းကြီးနဲ့အတူ စာချုပ်သစ်ကို ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ် ။ လာမယ့်ရာသီမာ အသင်းကြီးနဲ့အတူ ပါဝင်ခွင့်ရမာဖြစ်ပီး အမိုရင်ရဲ့ သဘောကျနှစ်သက်ခြင်းကို ခံရတဲ့ ကစားသမားတဦးဖြစ်ပါတယ် ။
#MUMS
ဖီနာဘာချီအသင်းက ရက်ဖို့စ်အတွက် ပေါင်သန်း 40 အသုံးပြုပီး ခေါ်ယူသွားဖို့ အသင်းထံ စုံစမ်းမေးမြန်းနေတယ်လို့ သိရပါတယ် ။ ရက်ဖို့စ်က ဘာကာအသင်းကိုဘဲ ပြောင်းချင်နေတာဖြစ်ပီး ဘာကာဖက်က အငှားသာ ခေါ်ယူနိုင်မာဖြစ်ပါတယ် ။
#MUMS
ကတ်စမဲရိုးရဲ့ နေရာအတွက် ရေရှည်အစားထိုးနိုင်ဖို့ ပါးမီးရက်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ရစ်ချက်စ်ရီယိုကို အသင်းဖက်က အတော်လေး စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။ တဖက်မာ ရိုးမားအသင်းဖက်ကလည်း စိတ်ဝင်စားနေပီး ပါးမီးရက်စ်အသင်းဖက်ကို အပြောင်းအရွေ့အတွက် မေးမြန်းထားတယ်လို့ သိရပါတယ် ။
#MUMS
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
