uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

RED LIGHT CHANNEL

RED LIGHT CHANNEL

Kanalga Telegram’da o‘tish

Official Business and Marketing Coach ခန္ဓာကိုယ် အတွက် အစာအဟာရလိုအပ်သလို ဉီးနှောက်အတွက်လည်း စာပေ အဟာရ လိုအပ်တယ်

Ko'proq ko'rsatish

📈 Telegram kanali RED LIGHT CHANNEL analitikasi

RED LIGHT CHANNEL (@redlightno1) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 18 033 obunachidan iborat bo'lib, TaĘźlim toifasida 11 304-o'rinni va Myanma mintaqasida 7 478-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 18 033 obunachiga ega bo‘ldi.

25 Noyabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni 121 ga, so‘nggi 24 soatda esa 10 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 10.70% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 3.32% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 928 marta ko‘riladi; birinchi sutkada odatda 599 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 16 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“Official Business and Marketing Coach ခန္ဓာကိုယ် အတွက် အစာအဟာရလိုအပ်သလို ဉီးနှောက်အတွက်လည်း စာပေ အဟာရ လိုအပ်တယ်”

Yuqori yangilanish chastotasi (oxirgi ma’lumot 26 Noyabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Taʼlim toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

18 033
Obunachilar
+1024 soatlar
+107 kun
+12130 kun
Postlar arxiv
“ခင်ဗျား ဘဝတစ်လျှောက်လုံး စကားအများဆုံး ပြောရမယ့်သူဟာ ခင်ဗျားကိုယ်တိုင်ပါပဲ။” ကိုယ်အမှားလုပ်မိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ရက်ရက်စက်စက် အပြစ်တင်မယ့်အစား၊ ကိုယ်အချစ်ဆုံး သူငယ်ချင်းတစ်ယောက် ဒုက္ခရောက်နေရင် နှစ်သိမ့်အားပေးမယ့် စကားလုံးမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပေးပါ။
20 Noy, 09:10

“လူတွေဟာ ကိုယ့်ဘဝအတွက် လိုအပ်တာရဲ့ ၈၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေတဲ့ လက်တွဲဖော် သို့မဟုတ် မိတ်ဆွေကောင်းကို ထားခဲ့ပြီး၊ မပြည့်စုံသေးတဲ့ ကျန် ၂၀ ရာခိုင်နှုန်းကို ဖြည့်ပေးနိုင်မယ့် လူသစ်နောက် လိုက်သွားတတ်ကြပါတယ်။ နောက်ဆုံးကျမှ အဲဒီ ၂၀ ရာခိုင်နှုန်းအတွက် ၈၀ ရာခိုင်နှုန်းကြီးကို ဆုံးရှုံးလိုက်ရမှန်း သိကြရတာပါ။”
20 Noy, 09:09

“ကိုယ်ချစ်ရတဲ့သူက ရင်ဖွင့်လာတဲ့အခါ ချက်ချင်းကြီး ဆရာလုပ်ပြီး ဖြေရှင်းနည်းတွေ မပေးလိုက်ပါနဲ့။ ‘အခု ငါ့ဆီကနေ နားထောင်နှစ်သိမ့်ပေးတာကို လိုချင်တာလား၊ ဒါမှမဟုတ် ဖြေရှင်းနည်း အကြံဉာဏ် လိုချင်တာလား’ လို့ အရင်မေးပါ။” တစ်ခါတလေ လူတွေဟာ အဖြေကို ကိုယ်တိုင် သိပြီးသားပါ၊ သူတို့ရဲ့ ခံစားချက်ကို နားလည်ပေးမယ့် နားတစ်စုံကိုပဲ လိုအပ်နေတာ ဖြစ်ပါတယ်။
20 Noy, 09:08

“လူတစ်ယောက်ရဲ့ ကောင်းကွက်ကို အများရှေ့မှာ ဂုဏ်ယူဝင့်ကြွားစွာ ချီးကျူးပေးပါ။ သူ့ရဲ့ အမှားကို ထောက်ပြပြင်ဆင်ပေးချင်ရင်တော့ နှစ်ယောက်တည်း သီးသန့်ရှိတဲ့ အချိန်ကျမှ နူးနူးညံ့ညံ့ ပြောပြပါ။” ဒါဟာ မိဘနဲ့သားသမီးကြားမှာရော၊ အလုပ်ခွင်မှာပါ လေးစားမှုကို အခိုင်မာဆုံး တည်ဆောက်ပေးတဲ့ ရွှေစည်းမျဉ်းပါ။
20 Noy, 09:08

မိသားစု၊ ချစ်သူနဲ့ မိတ်ဆွေ ဆက်ဆံရေးတိုင်းမှာ မမြင်ရတဲ့ ဘဏ်အကောင့်တစ်ခုစီ ရှိပါတယ်။ ကတိတည်တာ၊ ဂရုစိုက်တာ၊ ကြင်နာတာတွေက ငွေသွင်း တာဖြစ်ပြီး၊ စကားကြမ်းပြောတာ၊ လျစ်လျူရှုတာတွေက ငွေထုတ် တာပါ။” ပြဿနာတက်တဲ့နေ့ကျရင် ဆက်ဆံရေး ပြိုလဲမသွားအောင် အေးချမ်းနေချိန်မှာ ကြင်နာမှုတွေကို များများ ကြိုတင် စုဆောင်းထားပါ
20 Noy, 09:07

“တိုင်းတာမှုတစ်ခုဟာ ပန်းတိုင်ဖြစ်သွားတဲ့အခါ သူ့ရဲ့ မူလတန်ဖိုး ပျောက်ဆုံးသွားတတ်ပါတယ်။” ပညာတတ်ဖို့ စာကျက်ရာကနေ အမှတ်ကောင်းဖို့ပဲ ကျက်လာတာ၊ လူတွေနဲ့ တကယ်ရင်းနှီးဖို့ထက် Like အရေအတွက်ကိုပဲ လိုက်နေတာမျိုး မဖြစ်ပါစေနဲ့။ အရေအတွက်ထက် မူလအနှစ်သာရကို အမြဲသတိရပါ
20 Noy, 09:06

“လူတွေ စိတ်ဆင်းရဲရတာဟာ လက်တွေ့ဘဝကြီးက အရမ်းဆိုးနေလို့ မဟုတ်ပါဘူး။ လက်တွေ့အခြေအနေ ထက် ကိုယ့်ရဲ့ မျှော်လင့်ချက် တွေက အဆမတန် မြင့်မားနေလို့ပါ။” သူတစ်ပါးအပေါ် ထားတဲ့ မလိုအပ်တဲ့ မျှော်လင့်ချက်တွေကို လျှော့ချလိုက်တာနဲ့ စိတ်ချမ်းသာမှုက ချက်ချင်း တက်လာပါတယ်။
20 Noy, 09:05

“လူတစ်ယောက်က ခင်ဗျားကို အဆင်မပြေအောင် လုပ်လိုက်တဲ့အခါ ‘သူ ငါ့ကို တမင်သက်သက် ယုတ်မာတာပဲ’ လို့ ချက်ချင်း မစွပ်စွဲပါနဲ့။ အများစုဟာ တမင်ရည်ရွယ်တာ မဟုတ်ဘဲ သူတို့ဘာသာ မေ့လျော့သွားတာ၊ အလုပ်ရှုပ်နေတာ ဒါမှမဟုတ် မသိနားမလည်လို့ ဖြစ်သွားတာချည်းပါပဲ။” ဒီနိယာမလေး တစ်ခုကို နှလုံးသွင်းထားရင် နေ့စဉ်ကြုံရတဲ့ ဒေါသတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ အလိုလို ပျောက်ကွယ်သွားပါလိမ့်မယ်။
20 Noy, 09:05

“မနက်ဖြန်အတွက် အကောင်းဆုံး ပြင်ဆင်နည်းကတော့ ဒီနေ့ လုပ်ရမယ့် အလုပ်ကို အမြင့်ဆုံး စံနှုန်း နဲ့ ပြီးမြောက်အောင် လုပ်ဆောင်ခြင်းပါပဲ။”
19 Noy, 08:48

“လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ ဝတ်ဆင်ထားတဲ့ အမှတ်တံဆိပ်တွေမှာ မရှိပါဘူး။ သူ့ရဲ့ ဦးနှောက်ထဲက စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ သူများ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ အရည်အချင်းအပေါ်မှာသာ မူတည်ပါတယ်။”
19 Noy, 08:47

“ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အထင်မသေးပါနဲ့။ လောကကြီးမှာ ခင်ဗျားရဲ့ အတွေးအခေါ်၊ ခင်ဗျားရဲ့ အသံကို ကြားချင်နေတဲ့၊ ခင်ဗျားရဲ့ လမ်းညွှန်မှုကို လိုအပ်နေတဲ့ လူတွေ အများကြီး ရှိပါတယ်။”
19 Noy, 08:47

ခင်ဗျားရဲ့ ဆိုင်/လုပ်ငန်းအတွက်ပဲ သီးသန့်အကွက်ချ ရေးဆွဲပေးမည့် “Custom Business Blueprint PDF” စတင်လက်ခံပါပြီ! 🚨 စာအုပ်တွေဖတ်၊ သင်တန်းတွေတက်ပြီးပြီ... ဒါပေမဲ့ “ငါ့ဆိုင်ရဲ့ လက်ရှိအခြေအနေ၊ ငါ့ရောင်းကုန်နဲ့ ဘယ်လို အတိအကျ ပေါင်းစပ်သုံးရမလဲ” ဆိုပြီး ခေါင်းရှုပ်နေတုန်းပဲလား? ကိုယ့်လုပ်ငန်းမှာ ဘယ်နေရာက မှားနေလဲ၊ ရောင်းအားတက်အောင် ဘယ်ခလုတ်ကို စနှိပ်ရမလဲဆိုတာ ကျွန်တော်ကိုယ်တိုင် ဝင်စစ်ဆေးပြီး အဖြေထုတ်ပေးရင်ရော? အထည်ဆိုင်၊ ဖုန်းဆိုင်၊ စားသောက်ဆိုင်၊ အလှကုန်၊ ကုန်စုံဆိုင်နဲ့ Online Business လုပ်ငန်းရှင်တွေအတွက်... ခင်ဗျားရဲ့ လုပ်ငန်းတစ်ခုတည်းအတွက်ပဲ သီးသန့် ခွဲခြမ်းစိတ်ဖြာပြီး ရေးဆွဲပေးမယ့် “Custom PDF Blueprint” ဝန်ဆောင်မှုကို ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပါပြီ။ ဒါက ရိုးရိုး E-book စာအုပ် လုံးဝမဟုတ်ပါဘူး! ခင်ဗျားလုပ်ငန်းရဲ့ လက်ရှိအရင်းအနှီး၊ ရောင်းကုန်၊ ပြိုင်ဘက်အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ကျွန်တော်ကိုယ်တိုင် အသေးစိတ် မေးမြန်းစစ်ဆေးပြီးမှ... ခင်ဗျားဆိုင်မှာ နောက်နေ့ချက်ချင်း တန်းသုံးလို့ရမယ့် မဟာဗျူဟာတွေကို PDF ဖိုင်တစ်ခုအဖြစ် သီးသန့်ရေးဆွဲပေးမှာ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ Custom Blueprint PDF ထဲမှာ ဘာတွေ တိတိကျကျ ပါဝင်မလဲ? 🟡၁။ ခင်ဗျားလုပ်ငန်းရဲ့ အားနည်းချက်နှင့် ငွေယိုပေါက် စစ်ဆေးချက် - လက်ရှိ ရောင်းအားတန့်နေရတဲ့ အမြစ်နဲ့ ငွေပျောက်နေတဲ့ အပေါက်တွေကို တည့်တည့်ထောက်ပြပေးမယ့် အပိုင်း။ 🔵၂။ ပြိုင်ဘက်ကို အပြတ်ဖြတ်မည့် သီးသန့် Offer နှင့် Pricing ဗျူဟာ - ခင်ဗျားရောင်းနေတဲ့ ပစ္စည်းကို ဈေးမလျှော့ဘဲ လူအလုအယက် ဝယ်ချင်လာအောင် ဘယ်လို Value တင်ပြီး ဘယ်လို ပရိုမိုးရှင်းချရမလဲ ဆိုသည့် အတိအကျ လမ်းညွှန်ချက်။ 🟠၃။ ခင်ဗျားဆိုင်အတွက် အသင့်သုံး Marketing & Closing Scripts ခင်ဗျားရဲ့ Page / TikTok မှာ တင်ရမယ့် Content အိုင်ဒီယာများနှင့် ခင်ဗျားရောင်းကုန်အတွက် သီးသန့်ရေးပေးထားသော Inbox အရောင်းပိတ် စကားပြော Script များ။ 🟢၄။ ဆိုင်တွင်းထိန်းချုပ်ရေးနှင့် ဝန်ထမ်းစီမံခန့်ခွဲမှု SOP ခင်ဗျားဆိုင်အရွယ်အစားနဲ့ ကိုက်ညီမယ့် နေ့စဉ်စာရင်းစစ်ဇယား၊ ဝန်ထမ်းဆုပေးဒဏ်ပေးစနစ်နှင့် နေ့စဉ် Checklist ပုံစံခွက်များ။ မိတ်ဆွေ လိုချင်တာကို စိတ်ကြိုက် ရေးဆွဲပေးပါသညွ။ ⏲အချိန် (၅) ရက် တိတိ စောင့်ဆိုင်းရပါမည် ဒီ Blueprint ဟာ အသင့်ရေးပြီးသား စာအုပ်ကို ပို့ပေးတာ မဟုတ်ပါဘူး။ ခင်ဗျားလုပ်ငန်းရဲ့ အချက်အလက်တွေကို ယူပြီး ကျွန်တော်ကိုယ်တိုင် အချိန်ယူ အကွက်ချ ရေးဆွဲပေးရတာ ဖြစ်တဲ့အတွက် အလုပ်အပ်ပြီး (၅) ရက်ပြည့်မှသာ ခင်ဗျားအတွက် သီးသန့် PDF File အချောထည်ကို ရရှိပါမယ်။ ⚠️လက်ခံမည့် အရေအတွက် ကန့်သတ်ချက် လုပ်ငန်းတစ်ခုချင်းစီကို (၅) ရက်ကြာ သေချာအချိန်ပေး ရေးဆွဲရမှာဖြစ်လို့ အရည်အသွေး မကျစေရန် တစ်ပတ်လျှင် လုပ်ငန်းရှင် (၅) ဦးကိုသာ ကန့်သတ်လက်ခံသွားပါမယ်။ (၅ ဦးပြည့်တာနဲ့ ဒီအပတ်အတွက် စာရင်းပိတ်ပါမယ်)။ အသေးစိတ်သိဖို့ ဝန်ဆောင်မှု့ကို ရယူဖို့ ✅ဆက်သွယ်ရန် 👉Telegram Admin⏩@Alexy125 ✍️ Business and Marketing Coach - ALEX
18 Noy, 09:50

ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းဒဏ်ကို ရင်ဆိုင်နေရသည့် လက်ရှိမြန်မာ့ဈေးကွက်တွင် ကြော်ငြာခ သိန်းချီသုံးစရာမလိုဘဲ၊ ဧည့်သည်၏ စိတ်ပညာကို တိုက်ရိုက်ထိန်းချုပ်၍ ရောင်းအားချက်ချင်းတက်စေမည့် အထိရောက်ဆုံး မြေပြင်ဗျူဟာ (၂) ခု ရှိပါသည်။ ၁။ “ထောင်ချောက်ဈေးနှုန်း” ဖြင့် အမြတ်အများဆုံးဟင်းပွဲကို ရောင်းထုတ်ခြင်း လက်ရှိအချိန်တွင် ဧည့်သည်တိုင်းသည် မီနူးစာအုပ်ကိုဖွင့်လိုက်သည်နှင့် အရသာထက် ဈေးနှုန်းကို အရင်ကြည့်ကြပါသည်။ သင်အဓိကရောင်းချင်ပြီး အမြတ်အများဆုံးကျန်သည့် ၁၂,၀၀၀ ကျပ်တန် ဟင်းပွဲ၏ အပေါ်တည့်တည့်တွင် ၂၈,၀၀၀ ကျပ်တန် “အထူးရှယ် ဟင်းပွဲကြီး” တစ်ခုကို ယှဉ်တွဲဖော်ပြထားလိုက်ပါ။ အဆိုပါ ၂၈,၀၀၀ တန်ဟင်းပွဲသည် ရောင်းထွက်ဖို့ အဓိကမဟုတ်ဘဲ ဧည့်သည်၏ ဦးနှောက်ထဲတွင် ၁၂,၀၀၀ တန်ဟင်းပွဲကို “ဈေးသက်သာပြီး အရမ်းတန်သည်” ဟု ချက်ချင်းထင်မှတ်သွားစေမည့် စိတ်ပညာထောင်ချောက်သက်သက်သာ ဖြစ်ပါသည်။ ဤနည်းဖြင့် ဈေးလျှော့ပေးစရာမလိုဘဲ ဆိုင်၏ အမြတ်အများဆုံး ပင်မဟင်းပွဲများကို သူ့အလိုလို ရောင်းအား နှစ်ဆ တက်လာစေပါလိမ့်မည်။ ၂။ “အဆုံးရှုံးမခံနိုင်သော စိတ်” ကိုသုံး၍ ဧည့်သည်ပြန်ခေါ်ခြင်း ယနေ့လာစားသည့် ဧည့်သည်ကို ယနေ့ချက်ချင်း ၁၀% လျှော့ဈေးပေးလိုက်ခြင်းသည် သင့်အသားတင်အမြတ်ကို တိုက်ရိုက်ဖဲ့ပေးလိုက်ရခြင်းသာ ဖြစ်ပါသည်။ ထိုအစား ငွေကျပ် ၃၀,၀၀၀ ဖိုး စားသောက်ပြီး၍ ဘောက်ချာရှင်းသည့်အခါ ငွေသားပုံစံ ရိုက်နှိပ်ထားသည့် “၃,၀၀၀ ကျပ်တန် ငွေသားလက်မှတ်” တစ်စောင်ကို လက်ထဲထည့်ပေးပြီး လာမည့် (၇) ရက်အတွင်း ဆိုင်လူပါးတတ်သည့် ကြားရက်များတွင် ပြန်လာစားပါက ငွေသားအဖြစ် တိုက်ရိုက်ခုနှိမ်သုံးနိုင်ကြောင်း ပြောပြလိုက်ပါ။ မြန်မာလူမျိုးတို့၏ သဘာဝသည် လက်ထဲရောက်နေပြီးသား အခွင့်အရေးတစ်ခု အလကားဆုံးရှုံးသွားမည်ကို အလွန်နှမြောတတ်ကြသည့်အတွက်၊ ထို ၃,၀၀၀ ကျပ် မဆုံးရှုံးရအောင် နောက်တစ်ပတ်အတွင်း မိတ်ဆွေအပေါင်းအသင်းများကိုပါ ခေါ်ပြီး သင့်ဆိုင်သို့ မဖြစ်မနေ ပြန်ရောက်လာကြပါလိမ့်မည်။ ✍️Business and Marketing Coach - ALEX မိတ်ဆွေက Online စီးပွားရေးမှာရော မြေပြင်လုပ်ငန်းမှာပါ ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းသာပြီး ဈေးကွက်ကို ဦးဆောင်ချင်သူတစ်ယောက်ဆိုရင်... ကျွန်တော့်ရဲ့ လက်တွေ့အကျဆုံး မာကတ်တင်းပညာတွေ စုစည်းထားတဲ့ “Market King” သင်တန်းအသစ်ကြီးကနေ ကြိုဆိုလိုက်ပါတယ်။ ဒီသင်တန်းမှာ ရောင်းအားပေါက်ကွဲစေမယ့် အဓိက အပိုင်း (၃) ပိုင်းကို သင်ကြားပေးသွားပါမယ် ၁။ Customer တွေကို စနစ်တကျ ဆွဲဆောင်နည်း အတင်းလိုက်ရောင်းစရာမလိုဘဲ ဝယ်သူတွေက ခင်ဗျားဆီ အပြေးလာဝယ်ချင်အောင် ဆွဲဆောင်မယ့် “သံလိုက်စွမ်းအားရှင်” Content ဗျူဟာနဲ့ လူ့စိတ်ပညာ အသုံးချနည်း။ ၂။ Customer တွေကို စနစ်တကျ ရေရှည်ထိန်းထားနည်း တစ်ခါဝယ်ပြီးတာနဲ့ ပြိုင်ဘက်ဆီ လုံးဝမသွားတော့ဘဲ ခင်ဗျားရဲ့ အမာခံ Fan တွေ ဖြစ်သွားအောင် ယုံကြည်မှုတည်ဆောက်ပြီး ဖောက်သည်မြဲအောင် ထိန်းချုပ်နည်း။ ၃။ Customer တွေကို စနစ်တကျ ပွားယူနည်း ကြော်ငြာခ အပိုမကုန်ဘဲ ဝယ်သူတစ်ယောက်ကနေ နောက်ထပ် ဝယ်သူအသစ်တွေ အလိုလို ထပ်ခေါ်လာပေးမယ့် “အဆမတန် ပွားများခြင်း” လျှို့ဝှက်ချက်။ ဒီသိုင်းကွက်တွေအားလုံးကို ခေတ်မီနည်းပညာအသစ်တွေနဲ့ ပေါင်းစပ်ပြီး လက်တွေ့ချက်ချင်းသုံးနိုင်အောင် စနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ 🥇ဒီသိုင်းကွက်တွေအားလုံးကို Telegram Private Group ထဲမှာ အချိန်မရွေး လေ့လာနိုင်မယ့် Video Class အနေနဲ့ စနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ 🏆အခုမှ စီးပွားရေးစမယ့်သူတွေအတွက် ငွေနဲ့အချိန် မဆုံးရှုံးရအောင် လမ်းမှန်ကို တည့်မတ်ပေးမှာ ဖြစ်သလို၊ 🥇လုပ်ငန်းရှင်တွေအတွက်လည်း လက်ရှိဝင်ငွေကို နှစ်ဆ တိုးတက်စေမယ့် “King Strategy” တွေကို အသေးစိတ် ချပြပေးသွားမှာ ဖြစ်ပါတယ်။ ✅သင်တန်း တတ်ဖို့ ✅ဆက်သွယ်ရန် ➡️⏩@Alexy125
16 Noy, 01:27

အခန်း (၄).pdf4.10 MB
15 Noy, 09:31

📕🟡ဒီစာအုပ်ရဲ့ အခန်း (၄) နမူနာလေးကို လေ့လာကြည့်ပါ အခန်း (၅ ) ခန်း အပြည့်စုံ ကို ခေတ်သစ်အရောင်းနှင့်မာကတ်တင်းသိုင်းကွက် စာအုပ
📕🟡ဒီစာအုပ်ရဲ့ အခန်း (၄) နမူနာလေးကို လေ့လာကြည့်ပါ အခန်း (၅ ) ခန်း အပြည့်စုံ ကို ခေတ်သစ်အရောင်းနှင့်မာကတ်တင်းသိုင်းကွက် စာအုပ်မှာ လေ့လာနိုင်ပါပြီ ✅စာအုပ်ဝယ်ဖို့ ဆက်သွယ်ရန် ⏩@Alexy125
15 Noy, 09:30

ငါ တကယ် လုပ်နိုင်ပါ့မလား’ ဆိုတဲ့ သံသယ ဝင်လာတိုင်း ထိုင်ပြီး စိတ်ညစ်မနေပါနဲ့။ အဲဒီ သံသယကို ချေဖျက်ဖို့ တစ်ခုတည်းသော နည်းလမ်းက ‘အလုပ်ကို ပိုလုပ်ပစ်လိုက်ခြင်း’ သာ ဖြစ်ပါတယ်။”
13 Noy, 22:56

အခြားသူတွေ အိပ်မောကျနေချိန်၊ အခြားသူတွေ အပျော်အပါး နောက်လိုက်နေချိန်၊ ညနက်သန်းခေါင် မှောင်မိုက်နေတဲ့ အခန်းလေးထဲမှာ ခင်ဗျားတစ်ယောက်တည်း စာဖတ်နေတဲ့၊ အလုပ်လုပ်နေတဲ့ အချိန်တွေဟာ ခင်ဗျားရဲ့ အင်ပါယာကို အုတ်မြစ်ချနေတဲ့ အချိန်တွေပါပဲ။ အဲဒီ တိတ်ဆိတ်တဲ့ ညတွေကသာ ဆူညံတဲ့ အောင်မြင်မှုတွေကို မွေးဖွားပေးတာပါ။”
13 Noy, 22:55

“လူတိုင်းကို လိုက်ပြီး ကျေနပ်အောင် လုပ်နေတာဟာ ခင်ဗျားရဲ့ ကိုယ်ပိုင် အိပ်မက်တွေကို သတ်ပစ်လိုက်တာပါပဲ။ ကိုယ့်ရဲ့ ယုံကြည်ချက်၊ ကိုယ့်ရဲ့ လမ်းကြောင်းအတိုင်း ရဲရဲဝံ့ဝံ့ လျှောက်လှမ်းတဲ့အခါ တချို့လူတွေရဲ့ မုန်းတီးမှုကို ခံရတာဟာ ခင်ဗျား တကယ့် လွတ်လပ်မှုကို ရရှိသွားပြီဆိုတဲ့ အကောင်းဆုံး လက္ခဏာပါ။”
13 Noy, 22:54

“ ‘မင်းက ကလေးပဲ ရှိသေးတယ်၊ ဘာမှမသိသေးဘူး’ ဆိုတဲ့ စကားကို ဘယ်တော့မှ လက်မခံပါနဲ့။ အောင်မြင်မှုနဲ့ ဉာဏ်ပညာဆိုတာ အသက်အရွယ်ပေါ်မှာ မူတည်တာ မဟုတ်ဘဲ၊ ခင်ဗျား ဘယ်လောက် မြန်မြန် စတင် အကောင်အထည်ဖော်သလဲ၊ ဘယ်လောက် ပြင်းပြင်းထန်ထန် သင်ယူလေ့လာသလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။”
13 Noy, 22:54

နမူနာ_:ဆိုင်စီမံခန့်ခွဲမှု_နှင့်_လုပ်ငန်းထိန်းချုပ်ရေး_စာအုပ်_.pdf4.24 MB
12 Noy, 23:20