ar
Feedback
RED LIGHT CHANNEL

RED LIGHT CHANNEL

الذهاب إلى القناة على Telegram

Official Top Strategies , Entrepreneur Business and Marketing Coach ခန္ဓာကိုယ် အတွက် အစာအဟာရလိုအပ်သလို ဉီးနှောက်အတွက်လည်း စာပေ အဟာရ လိုအပ်တယ်

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام RED LIGHT CHANNEL

تُعد قناة RED LIGHT CHANNEL (@redlightno1) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 18 172 مشتركاً، محتلاً المرتبة 10 826 في فئة التعليم والمرتبة 7 391 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 18 172 مشتركاً.

بحسب آخر البيانات بتاريخ 07 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -375، وفي آخر 24 ساعة بمقدار -17، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 13.68‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 3.37‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 2 486 مشاهدة. وخلال اليوم الأول يجمع عادةً 612 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 35.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“Official Top Strategies , Entrepreneur Business and Marketing Coach ခန္ဓာကိုယ် အတွက် အစာအဟာရလိုအပ်သလို ဉီးနှောက်အတွက်လည်း စာပေ အဟာရ လိုအပ်တယ်”

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 08 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة التعليم.

18 172
المشتركون
-1724 ساعات
-1167 أيام
-37530 أيام
أرشيف المشاركات
အသိပညာ ရှိရုံနဲ့ စွမ်းအား မဟုတ်ပါဘူး၊ အဲဒီ အသိပညာကို စနစ်တကျ လက်တွေ့ အသုံးပြုမှသာ စွမ်းအား ဖြစ်လာတာပါ

"ဒီစကြဝဠာကြီးထဲမှာ မင်းအနေနဲ့ ရာနှုန်းပြည့် စီမံခန့်ခွဲပိုင်ခွင့်၊ ထိန်းချုပ်ပိုင်ခွင့်ရှိတဲ့ တစ်ခုတည်းသော အရာဟာ 'မင်းရဲ့ အတွေးနဲ့ စိတ်ဓာတ် ' သာလျှင် ဖြစ်တယ်။ မင်း စိတ်ကို မင်းကိုယ်တိုင် ပိုင်စိုးနိုင်ပြီဆိုတာနဲ့ မင်းရဲ့ ကံကြမ္မာ၊ ရုပ်ဝတ္ထု ကြွယ်ဝမှုနဲ့ စိတ်၏ ငြိမ်းချမ်းမှု အားလုံးကို မင်းကိုယ်တိုင် ဖန်တီးနိုင်သွားလိမ့်မယ်"

လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေမှာ ဆိုင်ထိုင်ပြီး ဝယ်သူလာတာကို စောင့်နေတဲ့ ခေတ် ကုန်သွားပါပြီ။ ဈေးကွက်ရဲ့ အခက်အခဲတွေကို အခွင့်အရေးအဖြစ် ပြောင်းလဲပြီး အမြတ်ထုတ်နိုင်မယ့်၊ မြေပြင်မှာ တကယ်အလုပ်ဖြစ်တဲ့ မဟာဗျူဟာ (၃) ခုကို အသေအချာ မှတ်ထားပါ။ ၁။ "မီးပျက်မှုမှသည် စိတ်ချရသော ဝန်ဆောင်မှုစင်တာသို့" မြန်မာပြည်ရဲ့ လက်ရှိ လျှပ်စစ်မီး အခက်အခဲဟာ ဆိုင်ရှင်အများစုအတွက် ဒုက္ခဖြစ်ပေမဲ့ ပါးနပ်တဲ့ စီးပွားရေးသမားအတွက်တော့ ရွှေတွင်းပါပဲ။ ဆိုင်မှာ Solar သို့မဟုတ် Inverter စနစ် ခိုင်ခိုင်မာမာ တပ်ဆင်ထားပြီး ဆိုင်ရှေ့မှာ "ဖုန်း အခမဲ့ အမြန်အားသွင်းပေးသည်" ဆိုတဲ့ ဆိုင်းဘုတ်ကြီး ရဲရဲကြီး ထောင်ထားလိုက်ပါ။ ဖုန်းအားလာသွင်းတဲ့သူဟာ အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်အထိ သင့်ဆိုင်ထဲမှာ ထိုင်စောင့်နေရမှာပါ။ အဲ့ဒီစောင့်ဆိုင်းချိန်အတွင်းမှာ Power Bank၊ Solar Charger၊ အမြန်အားသွင်းကြိုးတွေကို မျက်စိရှေ့မှာ ပြသထားပါ။ "အားသွင်းရတာ ကြာရင် ဒီ Power Bank လေး ဆောင်ထားပါလား" ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ဆိုင်ထဲခြေချသူကို ဝယ်သူအဖြစ် ပြောင်းလဲပစ်နိုင်ပါတယ်။ ၂။ "အန္တရာယ်ကင်းသော အဖွဲ့အစည်းသုံး အရစ်ကျစနစ်" ကုန်ဈေးနှုန်းကြီးမြင့်ချိန်မှာ လူတွေက ဖုန်းတစ်လုံးကို လက်ငင်းငွေသားအပြည့်ပေးရမှာ ကြောက်ကြပါတယ်။ ဒါပေမဲ့ ပြင်ပလူကို တိုက်ရိုက် အရစ်ကျရောင်းရင်လည်း အကြွေးဆုံးနိုင်ခြေ အရမ်းများပါတယ်။ အပြင်က အဝေးရောက်ဝယ်သူကို အရစ်ကျ မရောင်းပါနဲ့။ သင့်ဒေသတွင်းမှာရှိတဲ့ စက်ရုံ၊ အထည်ချုပ်၊ ကိုယ်ပိုင်ကျောင်း၊ စူပါမားကတ် ဒါမှမဟုတ် ကုမ္ပဏီပိုင်ရှင်တွေဆီ တိုက်ရိုက်သွားပါ။ "သင့်ဝန်ထမ်းတွေကို ဖုန်းအရစ်ကျ ရောင်းပေးမယ်၊ လစဉ် လစာထဲကနေပဲ ကုမ္ပဏီက တိုက်ရိုက်ဖြတ်ပေးပါ" ဆိုတဲ့ B2B2C ကစားကွက်ကို သုံးပါ။ လုပ်ငန်းရှင်/HR က လစာထဲက တိုက်ရိုက်ဖြတ်ပေးတဲ့အတွက် ခင်ဗျားဘက်က အကြွေးမဆုးံဘဲ ရာနှုန်းပြည့် စိတ်ချရပါတယ်။ ဖုန်းတစ်လုံးချင်း ရောင်းရတာထက် တစ်ခါ စာချုပ်ချုပ်ရင် ဖုန်းအလုံးရေ ၁၀ လုံး ၊ အလုံး ၂၀ တစ်ပြိုင်နက်တည်း ထွက်တဲ့ အစုလိုက်ရောင်းအား ကို ရရှိပါလိမ့်မယ်။ ၃။ "တိုက်ရိုက်စမ်းသပ်ပြသ သက်သေပြ ရောင်းချခြင်း" စကားအပြောကောင်းရုံနဲ့ ဝယ်သူက မယုံတော့ပါဘူး။ ဈေးကွက်ထဲမှာ အတုအပတွေ၊ ဖုန်းအဟောင်း ဂျင်းထည့်တာတွေ များနေတဲ့အတွက် "မျက်မြင်ဒိဋ္ဌ သက်သေ" ပြနိုင်သူကပဲ ဘုရင်ဖြစ်ပါလိမ့်မယ်။ ဆိုင်ရဲ့ TikTok သို့မဟုတ် Social Media စာမျက်နှာပေါ်မှာ ဖုန်းအဟောင်းတစ်လုံးရဲ့ စက်ပိုင်းဆိုင်ရာကို တိုက်ရိုက်ဖြုတ်ပြပြီး ဘက်ထရီ၊ မျက်နှာပြင် မူရင်း ဟုတ်/မဟုတ် စစ်ဆေးပြပါ။ မှန်ကပ်နဲ့ ကာဗာတွေကို ခံနိုင်ရည်ရှိအောင် တကယ် ရိုက်ခွဲ စမ်းသပ်ပြတဲ့ ဗီဒီယိုတိုများ ကို အမြဲမပြတ် တင်ပါ။ စကား ၁,၀၀၀ ပြောတာထက် တကယ် စမ်းသပ်ပြလိုက်တာက ယုံကြည်မှုကို ချက်ချင်း တည်ဆောက်ပေးပါတယ်။ ဝယ်သူတွေဟာ တခြားဆိုင်တွေမှာ ဈေးနည်းနည်း လျှော့ပေးရင်တောင် "ဒီဆိုင်ကတော့ တကယ်ပွင့်လင်းတယ်၊ တကယ်စစ်ပေးတယ်" ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ သင့်ဆိုင်ကိုပဲ တမင်လာရောက် ဝယ်ယူကြပါလိမ့်မယ်။ ဒီ (၃) ချက်ဟာ အိပ်မက်ဆန်တဲ့ သီအိုရီတွေ မဟုတ်ဘဲ လက်ရှိ မြန်မာ့မြေပြင် စိန်ခေါ်မှုတွေကို အခွင့်အရေးအဖြစ် ပြောင်းလဲပစ်မယ့် လက်တွေ့ကျကျ ကစားကွက်တွေပဲ ဖြစ်ပါတယ်။ ✍️Marketing and Bussiness coach - ALEX မိတ်ဆွေက Online စီးပွါးရေး ကော မြေပြင်စီးပွါးရေးမှာပါ ဦးဆောင်ချင်သူတစ်ယောက်ဆိုရင် ကျွန်တော်ရဲ့ Marketing ပညာတွေပါဝင်တဲ့ Market king သင်တန်း အသစ်ကြီးကနေ ကြိုဆိုလိုက်ပါတယ် သင်တန်းမှာ အဓိက သင်ကြားပေးမယ့် အပိုင်း ( ၃) ပိုင်းရှိပါတယ် 1. Customers တွေကို စနစ်တကျ ဆွဲဆောင်နည်း အတင်းရောင်းစရာမလိုဘဲ ဖောက်သည်တွေက ခင်ဗျားဆီ အပြေးလာစေမယ့် "သံလိုက်စွမ်းအား" ရှိတဲ့ Content ဗျူဟာတွေနဲ့ လူတွေရဲ့ စိတ်ပညာကို အသုံးချနည်း။ 2.Customers တွေကို စနစ်တကျ ရေရှည်ထိန်းထားနည်း တစ်ခါဝယ်ပြီးရင် ခင်ဗျားရဲ့ အမာခံ Fan တွေဖြစ်သွားအောင် "ယုံကြည်မှု အဆောက်အအုံ" တည်ဆောက်ပြီး ဖောက်သည်ကို မြဲနေအောင် လုပ်နည်း 3.Customer တွေကို စနစ်တကျ ပွါးနည်း ဝယ်သူတစ်ယောက်ကနေ နောက်ထပ် ဝယ်သူအသစ်တွေကို အလိုလို ရှာဖွေပေးလာစေမယ့် "အဆမတန် ပွားများခြင်း" လျှို့ဝှက်ချက်။ ဒါတွေကို နည်းပညာအသစ်နဲ့အတူ အားလုံးကိုစနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ် အခုမှစမယ့်သူတွေအတွက် လမ်းမှားမရောက်အောင် လမ်းပြပေးမှာဖြစ်သလို၊ လုပ်ငန်းရှင်တွေအတွက်လည်း လက်ရှိဝင်ငွေကို တိုးတက်စေမယ့် King Strategy တွေကို အသေးစိတ် ပေးသွားမှာပါ ဖြစ်ပါတယ် ✅သင်တန်း Join ဖို့ ✅ဆက်သွယ်ရန်⏩ @Alexy125

သာမန်ဈေးသည်ဘဝကနေ ရုန်းထွက်ပြီး စနစ်တကျနဲ့ ဈေးကွက်ကို စိုးမိုးဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ❇️သင်တန်း သား / သူ အသစ် တွေကို ဒီနေ့မှာ 🔺
+6
သာမန်ဈေးသည်ဘဝကနေ ရုန်းထွက်ပြီး စနစ်တကျနဲ့ ဈေးကွက်ကို စိုးမိုးဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ❇️သင်တန်း သား / သူ အသစ် တွေကို ဒီနေ့မှာ 🔺(10) ကြိမ်မြှောက် ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်လိုက်ပါတယ်။🏆 Video Class တွေ ဖြစ်ပေမယ့် သူတို့ရဲ့ တက်ကြွမှုနဲ့ လက်တွေ့အသုံးချမှုတွေက တကယ်ကို လေးစားဖို့ကောင်းပါတယ်။ အခုဆိုရင် သူတို့ဟာ "ဆွဲ၊ ထိန်း၊ ပွား" စနစ်ကို သူတို့လုပ်ငန်းတွေမှာ စတင်အသက်သွင်းနေကြပါပြီ။ ✍️Business and Marketing Coach - ALEX သင်တန်းတတ်လိုပါက ဆက်သွယ်ရန် ⏩@Alexy125

၁။ ပခုံးကိုဆန့်၊ ခေါင်းကိုမတ်မတ်ထားပြီး ရပ်ပါ။ ဒါဟာ ကိုယ်နေဟန်ထားသက်သက်ကို ဆိုလိုခြင်းမဟုတ်ပါ။ လောကဓံကို ရဲရဲဝင့်ဝင့် ရင်ဆိုင်ရန်နှင့် မိမိကိုယ်ကို ယုံကြည်မှုရှိရန် အကြံပြုခြင်းဖြစ်သည်။ ရှုံးနိမ့်သူတစ်ယောက်ကဲ့သို့ ခေါင်းငိုက်စိုက်မချဘဲ အခက်အခဲများကို တာဝန်ယူဖြေရှင်းရန် အဆင်သင့်ဖြစ်နေသည့် ဟန်ပန်ဖြင့် နေထိုင်ပါ။ ၂။ မိမိကိုယ်ကို မိမိတာဝန်ယူ စောင့်ရှောက်ရမည့် သူတစ်ယောက်ကဲ့သို့ ဆက်ဆံပါ။ လူအများစုသည် မိမိချစ်ခင်ရသူများ သို့မဟုတ် အိမ်မွေးတိရစ္ဆာန်လေးများ ဖျားနာပါက ဂရုတစိုက် ဆေးတိုက်တတ်သော်လည်း၊ မိမိကိုယ်တိုင် ကျန်းမာရေး သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာသောအခါ လျစ်လျူရှုတတ်ကြသည်။ မိမိကိုယ်ကို လေးစားပါ၊ တန်ဖိုးထားပါ၊ သင့်ကိုယ်သင် ကယ်တင်ရမည့်သူအဖြစ် သဘောထားပါ။ ၃။ သင့်အတွက် အကောင်းဆုံးဖြစ်စေချင်သူများကိုသာ မိတ်ဆွေဖွဲ့ပါ။ သင့်ကို တိုးတက်စေချင်သူ၊ သင်အောင်မြင်ပါက ဝမ်းသာပေးမည့်သူများနှင့်သာ ပေါင်းသင်းပါ။ သင့်ကို အောက်ဆွဲချမည့်သူများ၊ အကျင့်ဆိုးများဆီ ဆွဲခေါ်မည့်သူများကို ရှောင်ကြဉ်ပါ။ ၄။ မိမိကိုယ်ကို မနေ့က 'သင်' နှင့်သာ နှိုင်းယှဉ်ပါ၊ ဒီနေ့ တခြားသူနှင့် မနှိုင်းယှဉ်ပါနှင့်။ လူတိုင်း၏ အစမှတ်နှင့် ဖြတ်သန်းရသော လမ်းကြောင်းများ မတူညီကြပါ။ သူတစ်ပါးနှင့် နှိုင်းယှဉ်ပါက မနာလိုမှုနှင့် စိတ်ဓာတ်ကျမှုများကိုသာ ရရှိပါလိမ့်မည်။ ထို့ကြောင့် မိမိကိုယ်တိုင် မနေ့ကထက် ဒီနေ့ ပိုကောင်းအောင်၊ ပိုတိုးတက်အောင် နေထိုင်ရန်သာ အာရုံစိုက်ပါ။

ကျပ်ငွေတန်ဖိုး အရှိန်အဟုန်ဖြင့် ကျဆင်းပြီး ကုန်ဈေးနှုန်း ကြီးမြင့်နေသည့် မြန်မာ့လက်ရှိ မြေပြင်အခြေအနေတွင် ငွေကြေးလုံခြုံမှုရှိစေရန် ဆောင်ရွက်ရမည့် အဓိက အချက် (၅) ချက်မှာ ၁။ ကျပ်ငွေသား သီးသန့် ကိုင်ထားခြင်းကို လျှော့ချပြီး အမာခံပိုင်ဆိုင်မှု သို့ ပြောင်းလဲပါ ငွေကြေးဖောင်းပွချိန်တွင် ကျပ်ငွေသားကို သိုလှောင်ထားခြင်းသည် တန်ဖိုးကို အလိုအလျောက် ဆုံးရှုံးစေပါသည်။ ပိုလျှံသော ငွေကြေးကို အခေါက်ရွှေ၊ အမေရိကန်ဒေါ်လာ သို့မဟုတ် အရောင်းအဝယ် လွယ်ကူသည့် အစိုင်အခဲ ပိုင်ဆိုင်မှုများထံ အမြန်ဆုံး ပြောင်းလဲသိမ်းဆည်းပါ။ ၂။ ဝင်ငွေလမ်းကြောင်း ခွဲခြားပြီး နိုင်ငံခြားငွေ ဝင်ရောက်နိုင်သည့် နည်းလမ်းများ ဖန်တီးပါ ပြည်တွင်း ကျပ်ငွေဝင်ငွေ တစ်ခုတည်းအပေါ် လုံးဝ ပုံမအော့ပါနှင့်။ Online Freelance၊ Digital Marketing Skills၊ နိုင်ငံခြားကုမ္ပဏီများနှင့် ချိတ်ဆက်လုပ်ကိုင်ခြင်း သို့မဟုတ် ပြည်ပဈေးကွက်သို့ ဝန်ဆောင်မှုပေးခြင်းများမှတစ်ဆင့် ခိုင်မာသော နိုင်ငံခြားငွေ (သို့မဟုတ်) ဝင်ငွေလမ်းကြောင်းအသစ်များ ရရှိအောင် ကြိုးပမ်းပါ။ ၃။ မရှိမဖြစ် လုပ်ငန်းသုံးကုန်ကြမ်းများနှင့် အခြေခံပစ္စည်းများကို ကြိုတင်ဝယ်ယူပါ မလိုအပ်သော သုံးစွဲမှုများကို ဖြတ်တောက်ပြီး မရှိမဖြစ် လိုအပ်သည့် လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ဆေးဝါးများနှင့် အခြေခံစားသောက်ကုန်များကို ကုန်ဈေးနှုန်း ထပ်မတက်မီ သင့်တင့်သော ပမာဏအထိ ကြိုတင်ဝယ်ယူထားရှိပါ။ ငွေသားထက် အမှန်တကယ် အသုံးပြုနိုင်သည့် ကုန်ပစ္စည်း ကိုင်ဆောင်ထားခြင်းက တန်ဖိုးမကျဘဲ ပိုမို အကာအကွယ်ဖြစ်စေပါသည်။ ၄။ မိမိကိုယ်ကို ရင်းနှီးမြှုပ်နှံပြီး မည်သည့်နေရာတွင်မဆို သုံး၍ရသော စွမ်းရည် များ မွေးမြူပါ ငွေကြေးနှင့် ပစ္စည်းများ၏ တန်ဖိုး ပျက်စီးနိုင်သော်လည်း သင်၏ စွမ်းရည်နှင့် အသိပညာသည် မည်သည့်အခါမျှ တန်ဖိုးမကျပါ။ ဘာသာစကား၊ နည်းပညာ သို့မဟုတ် အထူးပြု ကျွမ်းကျင်မှုများကို အမြဲမပြတ် လေ့လာဆည်းပူးပါ၊ ယင်းက မည်သို့သော စီးပွားရေးကျဆင်းမှုတွင်မဆို ရပ်တည်နိုင်မည့် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါသည်။ ၅။ အမြတ်အစွန်း လွန်ကဲစွာ ပေးမည်ဟု မက်လုံးပေးသော အတုအယောင် ရင်းနှီးမြှုပ်နှံမှုများ ကို လုံးဝရှောင်ကြဉ်ပါ ငွေကြေးဖောင်းပွချိန်တွင် လူတို့၏ စိုးရိမ်စိတ်နှင့် အမြတ်အစွန်း မြန်မြန်ရလိုစိတ်ကို အခွင့်ကောင်းယူသည့် သူ များ၊ မသေချာသော ငွေကြေးပုံစံဆန်းများနှင့် လိမ်လည်မှုများ ပေါများတတ်ပါသည်။ စစ်ဆေးအတည်ပြုချက်မရှိဘဲ အမြတ်လွန် ပေးမည်ဟု မက်လုံးပေးသော ရင်းနှီးမြှုပ်နှံမှုများကို လုံးဝ သတိထားရှောင်ကြဉ်ပါ။ ✍️Marketing and Bussiness coach - ALEX

"လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာ ပန်းတိုင်ရောက်သွားလို့ ရတာထက်၊ နေ့စဉ် နေ့တိုင်း နည်းနည်းစီ တိုးတက်နေတယ်လို့ ခံစားရတာကနေ လာတာပါ။"

ပါရမီဆိုတာ အစပြုပေးရုံပဲ တတ်နိုင်တာပါ။ ရေရှည်မှာ သာမန်လူကို ထူးချွန်သူ ဖြစ်အောင် ပြောင်းလဲပေးတာကတော့ 'နေ့စဉ် မပျက်မကွက် လုပ်ဆောင်တဲ့ မဆုတ်မနစ် စွဲမြဲမှု' (Consistency) သာ ဖြစ်ပါတယ်။"

"အခု ခင်ဗျား စိတ်ညစ်နေတဲ့ ပြဿနာကို 'နောက် ၅ နှစ်အကြာမှာ ရောက်ရင် အရေးပါသေးရဲ့လား' လို့ မေးကြည့်ပါ။" အများစုဟာ အရေးမပါတော့ပါဘူး။ အဲဒီလို မေးလိုက်တာနဲ့ လက်ရှိ ဖိအားတွေဟာ ချက်ချင်း လျှော့ကျသွားပါလိမ့်မယ်။

"အောင်မြင်အောင် ဘာလုပ်ရမလဲ ဆိုတာထက်၊ 'ကျရှုံးအောင် ဘာတွေလုပ်ရင် ရမလဲ' ဆိုတာကို အရင် တွေးပါ။" အဲဒီ ကျရှုံးစေမယ့် အချက်တွေကို အကုန် ရှောင်ရှားလိုက်တာနဲ့ အောင်မြင်မှုလမ်းကြောင်းဟာ အလိုလို ပေါ်ထွက်လာပါလိမ့်မယ်။

"နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်လာပါစေ၊ AI တွေ ဘယ်လောက်ပဲ ထွက်လာပါစေ၊ လူသားတွေ အမြဲတမ်း ငတ်မွတ်နေမယ့် အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ 'စစ်မှန်သော လူသားဆန်မှု နှင့် စာနာနားလည်မှု' ပါပဲ။ စနစ်တွေကို အလိုအလျောက် လုပ်ပါ၊ ဒါပေမဲ့ လူတွေနဲ့ ဆက်ဆံတဲ့ နေရာမှာတော့ အမြဲတမ်း နှလုံးသားနဲ့ ဆက်ဆံပါ။"

"လူတိုင်း ကြိုက်အောင် နေထိုင်ခြင်းဟာ ဘယ်သူကမှ သေချာ မမှတ်မိတဲ့ သာမန်လူ တစ်ယောက် ဖြစ်သွားစေပါတယ်။" ကိုယ့်ရဲ့ ယုံကြည်ချက်၊ ကိုယ့်ရဲ့ ဟန်ပန်ကို ရဲရဲဝံ့ဝံ့ ဖော်ပြပါ။ မကြိုက်တဲ့သူတွေ ထွက်သွားပါစေ၊ ကျန်ခဲ့တဲ့သူတွေက ခင်ဗျားရဲ့ တကယ့် ပရိသတ် အစစ် တွေ ဖြစ်လာပါလိမ့်မယ်။

"ကိုယ့်ရဲ့ ဒေါသ၊ ဝမ်းနည်းမှု၊ သို့မဟုတ် စိတ်ဓာတ်ကျမှုတွေနဲ့ ကိုယ်တိုင် ကို တစ်ထပ်တည်း မထားပါနဲ့။" 'ငါ ဝမ်းနည်းနေတယ်' လို့ တွေးမယ့်အစား 'ငါ့ခန္ဓာကိုယ်ထဲမှာ ဝမ်းနည်းတဲ့ ခံစားချက်လေး ဖြတ်သန်းသွားနေတာကို ငါ စောင့်ကြည့်နေတယ်' လို့ တွေးပါ။

လူတစ်ယောက်ကို တကယ် ဂရုစိုက်တယ် ဆိုရင်၊ သူ့ရဲ့ အမှားကို မျက်နှာချိုသွေးပြီး ဖုံးကွယ်မထားပါနဲ့။ ပုဂ္ဂိုလ်ရေးကို မထိခိုက်စေဘဲ အလုပ်နဲ့ ပတ်သက်တဲ့ အမှားကို တိုက်ရိုက် ပြတ်ပြတ်သားသား ထောက်ပြပေးပါ။

အသိပညာတွေ၊ နိယာမတွေ ဘယ်လောက်ပဲ ဖတ်ဖတ်... နောက်ဆုံး ရောက်သွားမယ့် အမြင့်ဆုံး အဆင့် ဆိုတာ 'ရိုးရှင်းခြင်း' ပါပဲ။ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ရိုးရှင်းတဲ့ လုပ်ရပ်လေးတွေနဲ့ ဖြေရှင်းနိုင်စွမ်းဟာ တကယ့် ဆရာကြီးတွေရဲ့ အနုပညာပါ။"

စာအုပ်ပေါင်း ၁၀၀ ကို တစ်ခေါက်စီ ဖတ်တာထက်၊ တကယ့် ဘဝကို ပြောင်းလဲစေနိုင်မယ့် မဟာဗျူဟာ စာအုပ် ၁ အုပ်တည်းကို ၁၀ ခေါက် ပြန်ဖတ်ပြီး လက်တွေ့ အသုံးချတာက အဆပေါင်းများစွာ ပိုမို ထိရောက်ပါတယ်။"

ဘဝဆိုတာ အနိုင်အရှုံး သတ်မှတ်ထားတဲ့ ဘောလုံးပွဲ မဟုတ်ပါဘူး။ ဘဝဆိုတာ အမြဲတမ်း ဆက်လက် ကစားနိုင်ဖို့ ကြိုးစားရတဲ့ အဆုံးမဲ့ ကစားပွဲ ပါ။" ပြိုင်ဘက်ကို အနိုင်ယူဖို့ထက်၊ မနေ့က ကိုယ့်ထက် ပိုကောင်းဖို့ကိုသာ ယှဉ်ပြိုင်ပါ။

"အရမ်း ဒေါသထွက်ချိန် သို့မဟုတ် ကြောက်ရွံ့ချိန်တွေမှာ ဦးနှောက်ရဲ့ ကျိုးကြောင်းဆင်ခြင်တဲ့ အပိုင်း ဟာ ယာယီ အလုပ်မလုပ်တော့ပါဘူး။" အဲဒီလို အချိန်မှာ ဘာဆုံးဖြတ်ချက်မှ မချပါနဲ့။ ခံစားချက်တွေ ပြန်လည် တည်ငြိမ်သွားတဲ့ အချိန်အထိ စောင့်ပါ။

အမှားလုပ်မိတာ ပြဿနာ မဟုတ်ပါဘူး။ အမှားကနေ သင်ခန်းစာယူဖို့ အချိန်ကြာသွားတာကမှ တကယ့် ပြဿနာပါ။ ရလဒ်ကို အမြန်ဆုံး စမ်းသပ်ပြီး တုံ့ပြန်ချက် ကို ချက်ချင်း ရယူပြင်ဆင်နိုင်တဲ့ စနစ် ဖန်တီးပါ။

အောင်မြင်တဲ့ လုပ်ငန်းတစ်ခု ဆိုတာ လူတော်တွေ အပေါ်မှာ မှီခိုနေတာ မဟုတ်ပါဘူး။ သာမန်လူတွေတောင် အောင်မြင်အောင် လုပ်နိုင်တဲ့ ခိုင်မာတဲ့ စနစ် (Systems) နဲ့ လုပ်ငန်းစဉ် မှတ်တမ်း (SOP) တွေ အပေါ်မှာ တည်ဆောက်ထားတာပါ။"