uz
Feedback
BhiLatt Platform

BhiLatt Platform

Yopiq kanal

Welcome To BhiLatt Channel 🤍

Ko'proq ko'rsatish
2 640
Obunachilar
-324 soatlar
-57 kunlar
-1730 kunlar
Postlar arxiv
photo content

Knock Knock ! ဘိလပ်ရဲ့အပတ်စဉ် Free Conversation Club ရောက်လာပြန်ပြီဗျို့ 🛎️ တစ်ခါတလေ အပြင်လောကမှာ ရုန်းကန်ရလို့ပဲဖြစ်ဖြစ်၊ စာတွေအလုပ်တွေကြောင့်ပဲဖြစ်ဖြစ် အရမ်းပင်ပန်းလာတဲ့အခါ ခြေစုံပစ်ဝင်လိုက်ရုံနဲ့ စိတ်အေးချမ်းသွားစေမယ့် နေရာလေးတစ်ခုကို လူတိုင်း တမ်းတမိကြစမြဲပါ။ ဒီတစ်ပတ်မှာတော့ "Cozy Home Corners" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့အတူ အိမ်ကပေးတဲ့ လုံခြုံမှုတွေ၊ မိသားစုနဲ့အတူ ဆော့ကစား၊ ရယ်မောခဲ့ကြတဲ့ ပျော်စရာ အမှတ်တရတွေအကြောင်းကို မျှဝေသွားကြမှာပါ။ ဒါတင်မကဘဲ အကြောင်းအမျိုးမျိုးကြောင့် အိမ်နဲ့ဝေးရာမှာ တစ်ယောက်တည်း ရုန်းကန်နေရတဲ့ လူငယ်တွေရဲ့ ရင်ဖွင့်သံတွေကို နားထောင်ပေးရင်း၊ နောင်တစ်ချိန်မှာ ကိုယ်တိုင်ဖန်တီးချင်တဲ့ "အနာဂတ်အိမ်ကလေး (Future Home)" အကြောင်း စိတ်ကူးအိပ်မက်တွေကိုပါ အတူတူ ပုံဖော်သွားကြဦးမှာနော်။ 💭 🏡 ဆွေးနွေးတာအပြင် အားလုံးပျော်ပျော်ပါးပါး ရင်းနှီးသွားစေမယ့် session လေးတွေလည်း ပြင်ဆင်ထားတာမို့ ပျော်စရာအပန်းဖြေ နေ့ခင်းအချိန်လေးကို BhiLatt နဲ့အတူ ဖြတ်သန်းကြရအောင်။ 🙌🏻 📍 BhiLatt ရဲ့ Conversation Club က လုံးဝ 100% Free ဖြစ်ပြီး မည်သူမဆို ပါဝင်ဆွေးနွေးနိုင်ပါတယ်။ အင်္ဂလိပ်လို မပြောနိုင်မှာ စိတ်ပူစရာမလိုဘဲ ပေါ့ပေါ့ပါးပါး ပါဝင်နိုင်တာမို့ Faci ချောချောလေးတွေနဲ့အတူ ဆွေးနွေးဖို့ BhiLatt ရဲ့ Page Messenger နဲ့ Telegram မှာ အခုပဲ စာရင်းပေးသွင်းလိုက်တော့နော်။ 📩 https://t.me/+KzfSh8GWLpYxOWY1 📌 Topic : Cozy Home Corners 🗓️ Date : 21.06.2026 (Sunday) ⏳ Time : 1:00 PM – 3:00 PM 💻 Platform : Zoom --------------------------------------- Knock knock! This is the weekly BhiLatt Free Conversation Club. 🛎️ Sometimes, when we struggle with the outside world or feel tired of our studies and work, we long for a place that makes us feel peaceful and calm when we just jump in with both feet. In this week, we will share stories about the safety of our homes and the enjoyable memories of laughing and playing together with our families under the topic: "Cozy Home Corners." Besides this, we will listen to the voices of youths who are away from home for various reasons, and imagine about our future homes together. 💭 🏡 Apart from the discussion session, we have prepared many fun activities to help us get closer to each other, so let's enjoy this Sunday afternoon together with BhiLatt. 🙌🏻 BhiLatt Conversation Club is 100% free for everyone. Coz you don't need to worry about you can't speak well, register now through the BhiLatt Facebook page messenger or Telegram to participate with our pretty facilitators. 📩 https://t.me/+KzfSh8GWLpYxOWY1 📌 Topic : Cozy Home Corners 🗓️ Date : 21.06.2026 (Sunday) ⏳ Time : 1:00 PM – 3:00 PM 💻 Platform : Zoom #BhiLatt_Platform #Invitation #Cozy_Home_Corners #Content_by_Teresa #Graphic_by_Sam #Translate_by_Isla

Quote for today #BhiLatt_Platform
Quote for today #BhiLatt_Platform

photo content
+2

တိန်တိန်တို့ရေ... Bye Bye ပါနော် 👋 ဒီတစ်ပတ်ရဲ့ BhiLatt Sunday Conversation Club လေးမှာ Sports အကြောင်းတွေ ဆွေးနွေးရင်း၊ ပျော်စရာ Gamesလေး တွေဆော့ရင်း၊ ကိုယ်စီရဲ့ အမှတ်တရလေးတွေကို မျှဝေရင်းနဲ့ အားလုံးပျော်ရွှင်ခဲ့ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။Sunday လို Holiday နေ့လေးမှာတောင် BhiLatt ကို အချိန်ပေးပြီး Join ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ရှင်။ 🙏 နောက်အပတ်မှာလည်း ပိုပြီးပျော်စရာကောင်းတဲ့ Activities တွေ ၊စိတ်ဝင်စားဖို့ကောင်းတဲ့ Sessions တွေ ကစောင့်ကြိုနေပါတယ်နော်။ဒါကြောင့် Tuesday မှာ တင်ပေးမယ့် Invitation Post လေးကို စောင့်မျှော်ရင်း Register Form လေး တင်ဖို့လည်း လုံးဝ လုံးဝ မမေ့ကြပါနဲ့နော်။ 📝 နောက်တစ်ပတ်မှာ ပြန်လည်ဆုံတွေ့ကြမယ်နော်🤗 ================================== Bye Bye........ Tain Tain 👋 Hopefully , Everyone who joined this week's BhiLatt Sunday Conversation Club was happy , by discussing about the sports , playing fun games, and also share about nostalgic things. Thanks a lot to each of everyone who give time and effort to join BhiLatt even this was Sunday holiday.🙏 In next week , more enjoyable sessions and interesting sessions will welcome you. So please wait for our Tuesday invitation post and don't forget to register the form.📝 See you in the next week. 🤗 #BhiLatt_Platform #End_of_Conversation_Club #Sport_Without_Borders #Graphic_by_Moe_Myint_Thu #Content_by_Aurora #Translate_by_Isla

photo content

"World Cup အစ ကျောက်တုံးက" ✨ မြူးကြွတဲ့ တီးလုံးသံတွေနဲ့အတူ လူတိုင်းရဲ့စိတ်ကို ဖမ်းစားနိုင်မယ့် အချိန်ကာလတစ်ခုကို ရောက်ရှိလို့လာပါပြီ။ တိတ်ဆိတ်နေပြီဖြစ်တဲ့ ညအချိန်တွေမှာလည်း လက်ဖက်ရည်ဆိုင်ကနေ "ဟေး..ဟာ...ဂိုး..." ဆိုတဲ့ အာမေဍိတ်အသံတွေက လှိုက်ခနဲထွက်လာတတ်ပါသေးတယ်။ အခုဆိုရင်လည်း World Cup 2026 ကို June 11 ရက်ကတည်းက ကျင်းပနေပြီဆိုတော့ သူ့ရဲ့ သမိုင်းကြောင်းလေးကို ဝေမျှလိုက်ရပါတယ်။ 🪨 လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကျော် Mesoamerica လူမျိုးတွေထဲမှ "The Aztecs" (အက်စ်တစ်) ဆိုတဲ့ လူမျိုးတွေက ကျောက်တုံးကို အသုံးပြုပြီး ဘောလုံးအနေနဲ့ ကစားခဲ့ကြပါတယ်။ "Tchatali" (ချက်တာလီ) အားကစားဟာဆိုရင် ကျောက်တုံးတစ်တုံးကို Goal လိုမျိုး သတ်မှတ်ထားတဲ့ အမြင့်တစ်နေရာက အဝိုင်းပုံစံရှိတဲ့ ကျောက်ဝိုင်းထဲကို ခြေထောက်နဲ့ ပစ်သွင်းပြီး ကစားရတာပဲဖြစ်ပါတယ်။ လက်ကို အသုံးပြုပြီးကစားလို့ မရသလို အကယ်၍ ရှုံးသွားမယ်ဆိုရင်လည်း ရှုံးတဲ့အသင်းရဲ့ ခေါင်းဆောင်ကို အပြစ်ဒဏ်အနေနဲ့ နတ်ဘုရားဆီကို ဆက်သတယ်ဆိုတဲ့ ဓလေ့ကို ကျင့်သုံးခဲ့ကြပါတယ်။ 🪶 ဘီစီ ၂၀၆ တုန်းကလည်း တရုတ်ပြည်မှာ "Cuju" (ကျူ့ဂူ) ဆိုတဲ့ မျက်နှာပြင်ကို သားရည်နဲ့ ပြုလုပ်ထားပြီး အတွင်းထဲမှာ အမွေးအမျှင်တွေ ထည့်ထားတဲ့ အရာကိုလည်း ဘောလုံးအနေနဲ့ ဆော့ကစားခဲ့ကြပါတယ်။ 🏉 ၁၂ ရာစု ရောက်လာတဲ့အခါမှာတော့ အင်္ဂလန်ပြည်မှာ ဒေသခံတွေက "Folk Football" ဆိုပြီး ကစားခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် ဘောလုံးကို ခြေထောက်နဲ့ ကန်ရုံတင်မဟုတ်ဘဲ လက်သီးနဲ့ပါ ထိုးကြ၊ ပုတ်ကြတာတွေ ပြုလုပ်ကြတာကြောင့် ဘောလုံးကစားကြရင်း အချင်းချင်းထိခိုက်မိကြပါတယ်။ စည်းမျဉ်းစည်းကမ်းတွေ တသမတ်တည်းမရှိတဲ့အတွက် ရန်ဖြစ်ကြရင်း အိုးအိမ်ပစ္စည်းထိခိုက်ပျက်စီးမှုအထိပါ ဆိုးရွားခဲ့တာကြောင့်လည်း အစိုးရပိုင်းက စစ်ဆေးမှုတွေပါ ပြုလုပ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ဒီလိုအန္တရာယ်ရှိတဲ့ အခြေအနေတွေ ထပ်မဖြစ်ဖို့ အာဏာပိုင်တွေက ဘောလုံးကစားတာကို ရာစုနှစ်များအကြာထိ တရားဝင် ပိတ်ပင်လိုက်ပါတယ်။ 📜 ၁၇ ရာစုအရောက်မှသာ ဘောလုံးအားကစားကို ပြန်လည် ကစားခွင့်ပြုလိုက်ပါတယ်။ အဲဒီနောက်မှာတော့ အစိုးရကျောင်းတွေမှာ သူတို့ရဲ့ ကိုယ်ပိုင် စည်းမျဉ်းတွေနဲ့ စတင်ကစားလာကြပါတယ်။ အချို့ကျောင်းတွေတော့ ဘောလုံးကို လက်နဲ့ကိုင်ပြီး ကစားတာကို ခွင့်ပြုပြီး အချို့ကတော့ ခွင့်ပြုခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် အငြင်းပွါးမှုတွေ ဆက်တိုက်ဖြစ်ပွါးခဲ့ပြီး ၁၈၄၈ ခုနှစ် အရောက်မှာတော့ ကျောင်းလေးကျောင်းက Undergraduate ကျောင်းသားတွေက Cambridge University မှာ အချက် ၁၁ ချက်ကို မူကြမ်းရေးပြီး အကုန်လိုက်နာနိုင်ဖို့ ရေးဆွဲခဲ့ကြပါတယ်။ အဲဒီ အချက်တွေကို "Cambridge Rules" ဆိုပြီး လူသိများခဲ့ပါတယ်။ ⚽️ ဒီ ၁၁ ချက်မှာ အရေးပါတဲ့အချက်တွေ အနေနဲ့ ဘောလုံးကို လက်နဲ့ကိုင်ပြီး ကစားခြင်းကို လုံးဝ တင်းတင်းကြပ်ကြပ်တားမြစ်ထားပြီး ဘောလုံးရဲ့ တရားဝင် အရွယ်အစားနဲ့ ပုံသဏ္ဍာန်ကိုလည်း အတည်ပြုသတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။ အခုလို ချမှတ်ပြီး နောက်ပိုင်းမှာ ဘောလုံးအားကစားဟာ လူသိများလာပြီးတော့ အထူးသဖြင့် အလုပ်ပြီးတဲ့အချိန် အပန်းဖြေတဲ့ အနေနဲ့ ဘောလုံးပွဲကြည့်ကြတဲ့ Working Class တွေကြားမှာ နာမည်ကြီးလှပါတယ်။ 🎉 📌 ၁၉၃၀ ကနေ ၂၀၂၆ အထိ World Cup ပွဲတွေ ကျင်းပလျက်ရှိပြီး ကမ္ဘာတစ်ဝန်းက ပရိသတ်ရဲ့ အားပေးမှုကို သိမ်းပိုက်ထားလျက်ရှိပါတယ်။ ကျောက်တုံးတစ်တုံးက အစပြုခဲ့တဲ့ ဘောလုံးအားကစားဟာဆိုရင် အိပ်မက်ကိုယ်စီရှိကြတဲ့ လူငယ်လေးတွေကို ကစားသမားကောင်းအနေနဲ့ ပေါ်ထွက်စေခဲ့သလို လူတိုင်းရဲ့ ရင်ဘတ်ထဲမှာ အမြဲရှိနေမယ့် အရာတစ်ခုအဖြစ် တည်ရှိနေဆဲပါပဲ။ 🪨➡️⚽️ World Cup 2026 မှာ ဘယ်နိုင်ငံက ကမ္ဘာ့ဖလားကို သိမ်းပိုက်ခွင့်ရမယ်လို့ထင်ပါသလဲ❓ သင့်ရဲ့ ယူဆချက်လေးကို Comment မှာ ပြောခဲ့ပေးပါအုံး။ #BhiLatt_Platform #World_Cup #Football #General_Sharing #Content_by_MayThu #Graphic_by_Wati

photo content

စပျစ်သီးစားပြီး 2026 အတွက် Goal အကြီးကြီးတွေ ချခဲ့ကြသေးလား ❓👀 ဇွန်လလည်း ရောက်ပြီဆိုတော့ ဒီနှစ်ရဲ့တစ်ဝက်ကိုတောင် ဘာလိုလိုနဲ့ ရောက်လာခဲ့ပြန်ပါပြီ။ ⏳ တိန်တိန်လေးတို့တွေရော ဇန်နဝါရီလတုန်းက ချထားခဲ့တဲ့ New Year Resolutions တွေ ဘယ်လောက်ထိပြီးအောင် လုပ်နိုင်ခဲ့ကြပြီလဲ ❔🤔 တွေးထားတဲ့အတိုင်း အကုန်ဖြစ်မလာခဲ့သေးရင်တောင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘဲ၊ ကျော်ဖြတ်လာနိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်လိုက်ကြရအောင်ပါ။ 💌 အဲ့လိုပဲ၊ ကျန်တဲ့ 6 လမှာ အပြည့်အဝ ပြန်ကြိုးစားလို့ရသေးတာမို့ "2027 မှ ငါ့နှစ် လုပ်တော့မယ်" ဆိုပြီး လက်မလျှော့လိုက်သေးဘဲ ဖုန်တက်နေတဲ့ Goal လေးတွေကို ဖုန်တွေပြန်ခါထုတ်ဖို့ အချိန်တန်ပါပြီနော်။ ❕⭐ #BhiLatt_Platform #Midyear_Reflection #Content_by_Shunlae #Graphic_by_Rhys

photo content

🎮 VS ⚽ Screen ပေါ်က E-Sport က ကွင်းထဲက အားကစားအစစ် ဖြစ်နိုင်ပါ့မလား? ဒီဘက်ခေတ် လူငယ်တွေကြားမှာ Mobile Legends, PUBG တို့လို ဂိမ်းတွေ (E-sports) ဆော့ပြီး ပြိုင်ပွဲကြီးတွေအထိ ဆင်နွှဲလာကြတာ အရမ်း ရေပန်းစားလာပါတယ်။ ဒါပေမယ့် "E-sports ကကော တကယ့် အားကစား (Real Sport) အစစ် ဟုတ်ရဲ့လား?" ဆိုတာကတော့ ကမ္ဘာတစ်ဝန်းမှာ အမြင်အမျိုးမျိုးနဲ့ ငြင်းခုံနေကြဆဲ ဖြစ်ပါတယ်။ 👀 ဘာလို့ အမြင်ကွဲပြားနေကြတာလဲ။ တချို့ကတော့ "ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု (Physical Movement)" အပေါ်မှာ အခြေခံပြီး ကြည့်ကြပါတယ်။ ဘောလုံး၊ ဘတ်စကက်ဘော စတဲ့ အားကစားတွေက ကွင်းထဲမှာ တစ်ကိုယ်လုံး ပြေးလွှားပြီး ချွေးထွက်ရလို့ အားကစားစစ်စစ်လို့ သတ်မှတ်ချင်ကြပါတယ်။ E-sports ကျတော့ အခန်းထဲမှာ ထိုင်ရင်း Screen ကို အာရုံစိုက် ကစားရတာမို့၊ ဒါကို အားကစားလို့ ခေါ်သင့်/မသင့် ဆိုတာကို ဆုံးဖြတ်ရခက်နေကြတာပါ။ ဒါပေမဲ့လည်း အခုနောက်ပိုင်းမှာတော့ E-sports ကို Real Sport အဖြစ် ကမ္ဘာတစ်ဝန်းမှာ တရားဝင် သတ်မှတ် အသိအမှတ်ပြုလာကြတာမျိုးတွေ ရှိလာပါပြီ။ ဘာကြောင့် E-sports ကို "Real Sport" အဖြစ် သတ်မှတ်လာကြတာလဲ။ 🤔 နိုင်ငံတကာ အိုလံပစ်ကော်မတီရဲ့ (၁၄၂) ကြိမ်မြောက် အိုလံပစ်ညီလာခံ (142 nd IOC Session) တရားဝင် ထုတ်ပြန်ချက်အရ E-sports ကို အားကစားကဏ္ဍတစ်ခုအဖြစ် တရားဝင် သတ်မှတ်ခဲ့ပြီး၊ သီးသန့်ကျင်းပမယ့် "Olympic Esports Games" ပြိုင်ပွဲကြီးရဲ့ (Roadmap) များကို အတည်ပြု ထုတ်ပြန်ထားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲကြီးတွေမှာ အားကစားတစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်လာကြတာကတော့ အောက်ပါအချက်တွေကြောင့်ပါ။ 🧠 (Mental Sport): စစ်တုရင် (Chess) လိုပဲ ဦးနှောက်ကို အမြင့်ဆုံးသုံးပြီး စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်ချရတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လို့ပါ။ 💁 🤝 (Teamwork): ကွင်းထဲက အားကစားတွေလိုပဲ အချင်းချင်း အချိတ်အဆက်မိမိနဲ့ စနစ်တကျ တာဝန်ခွဲပြီး စည်းလုံးမှုအပြည့်နဲ့ ကစားကြရပါတယ်။ 🏋️ (Rigorous Training): ပရော်ဖက်ရှင်နယ် ဂိမ်းကစားသမားတွေဟာ တစ်ရက်ကို ၈ နာရီကနေ ၁၀ နာရီအထိ နည်းပြတွေနဲ့ ဗျူဟာတွေကို စိတ်ရောကိုယ်ပါ ပြင်းပြင်းထန်ထန် လေ့ကျင့်ကြရတာ ဖြစ်ပါတယ်။ 💪 ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုထက်၊ စိတ်ပိုင်းဆိုင်ရာ အားထုတ်မှုနဲ့ စနစ်ကျတဲ့ ပြိုင်ဆိုင်မှုတွေကြောင့် E-sports ကို အားကစားစစ်စစ်အဖြစ် အသိအမှတ်ပြု လက်ခံလာကြတာ ဖြစ်ပါတယ်ရှင်။ (Source): International Olympic Committee (IOC) (Olympic Movement) #BhiLatt_Platform #Real_sport #E_sport #Content_by_Yati #Graphic_by_Sam

ဘယ်သူတွေလဲ cmမှာ ဖြေခဲ့👀 #BhiLatt_Platform
ဘယ်သူတွေလဲ cmမှာ ဖြေခဲ့👀 #BhiLatt_Platform

photo content

ကမ္ဘာနှစ်ခြမ်း ကွဲရင်တောင် BhiLatt Conversation Club က Free နော် 😎 အားကစားဆိုတာ အသက်အရွယ်၊ ကျား/မ၊ ဆင်းရဲချမ်းသာမှုနဲ့ မသန်စွမ်းမှုတွေကို ကျော်လွန်ပြီး လူတိုင်းကို တစ်စုတစ်စည်းတည်း စည်းလုံးစေနိုင်တဲ့ သက်မဲ့အရာတစ်ခုပါ။ ကြိုးစားလိုစိတ်နဲ့ ဇွဲလုံ့လရှိနေသရွေ့ ဘယ်လိုအခက်အခဲမျိုးကိုမဆို ရင်ဆိုင်ကျော်ဖြတ်နိုင်ပြီး အောင်မြင်မှုသရဖူကို ဆောင်းနိုင်ပါတယ်။ ဒီတစ်ပတ် Free BhiLatt Conversation Club မှာတော့ "Sport Without Borders" ဆိုတဲ့ Topic လေးနဲ့ အားကစားအကြောင်းတွေကို ဆွေးနွေးရင်း၊ Games Session တွေအပြင်၊ စိတ်ဝင်စားဖို့ကောင်းတဲ့ Questions လေးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေ့ခင်းအချိန်လေးကို BhiLatt နဲ့ ဖြတ်သန်းကြရအောင်နော်။ 🚀 🏅Topic : Sport Without Borders 🗓️ Date : 14.06.2026 (Sunday) ⏳ Time : 1:00 PM – 3:00 PM 💻 Platform : Zoom BhiLatt ရဲ့ Free Conversation Club ကို လူမျိုး၊ ဘာသာ၊ ကျား/မ မရွေး ၊ LGBTQIA+ များအပါအဝင် မည်သူမဆို ပါဝင်ဆွေးနွေးနိုင်ပါတယ်။ Beginners လေးတွေအတွက်လည်း Beginner Level နဲ့ ကိုက်ညီတဲ့ Questions တွေကိုသာ ထည့်သွင်းပေးထားတာကြောင့် အင်္ဂလိပ်လို မပြောနိုင်မှာ စိတ်ပူစရာမလိုဘဲ အဆင်ပြေပြေ ပါဝင်နိုင်ပါတယ်နော်။ 💬 VPN အခြေအနေကြောင့် Messenger ကနေ စာရင်းပေးသွင်းဖို့ အဆင်မပြေတဲ့သူများအတွက် Telegram မှတစ်ဆင့်လည်း Register လုပ်နိုင်ပါတယ်။ 📩 -------------------------------------------- If the Earth split into two, BhiLatt Conversation Club is free 😎 Athletics is something that makes all the people unite regardless of their gender, disability or financial situation. You can achieve the crown of success despite every great hardship with determination and perseverance. In this week's BhiLatt conversation club, we will discuss the interesting question and play the fun game under the topic "Sports without Borders " Please come and joy this Sunday afternoon with BhiLatt and have fun. 🚀 🏅Topic : Sport Without Borders 🗓️ Date : 14.06.2026 (Sunday) ⏳ Time : 1:00 PM – 3:00 PM 💻 Platform : Zoom At BhiLatt free conversation club, all genders and all religions including LGBTQIA+ can participate. And the questions are also understandable for the beginners. So the beginners can also participate happily without worrying that you can't speak fluently. 💬 Those who cannot register through the messenger because of VPN issues can register through the telegram. 📩 📲 :https://t.me/+KzfSh8GWLpYxOWY1 #BhiLatt_Platform #Invitation #Sport_Without_Borders #Content_by_Aurora #Graphic_by_Moe_Myint_Thu #Translated_by_Isla

Quote for today #BhiLatt_Platform
Quote for today #BhiLatt_Platform

photo content
+2

ကိုယ်ဖြစ်ချင်တဲ့ပုံစံအတိုင်း လွတ်လပ်စွာ ရှင်သန်ခွင့်ရတာအကောင်းဆုံးပါပဲ 🔥🌈 ဒီတစ်ပတ်မှာတော့ ဇွန်လ (Pride Month) ရဲ့ အနှစ်သာရအတိုင်း... "မတူကွဲပြားခြင်း" က ကမ္ဘာမြေကို ပိုမိုလှပစေတဲ့ အရာတစ်ခုပဲဆိုတာကို အားလုံးက ထပ်တူညီစွာ ခံစားခဲ့ရင်းနဲ့ ဒီအပတ်ရဲ့ BhiLatt Sunday Conversation Club လေးကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီရှင်။🌿 ကိုယ့်ရဲ့ စိတ်အေးချမ်းမှုကို ဘယ်လိုကာကွယ်မလဲဆိုတာကစလို့... ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ချစ်ပေး၊ လက်ခံပေးနိုင်ဖို့(Self-Acceptance) ဘယ်လောက်တောင် အရေးကြီးကြောင်းကို အားလုံးက English လို သေချာ ဆွေနွေးမျှဝေခဲ့ကြပါတယ်။တကယ့်ကို ရင်ဘတ်ချင်း နီးစပ်ခဲ့ရတဲ့ အချိန်လေးပါ။ 🫶💬 ဒီနေ့ နေ့လယ်မှာ အားတက်သရော လာရောက်ဆွေးနွေးပေးခဲ့ကြတဲ့ Participant တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ နောက်အပတ်တွေမှာလည်း ပိုပြီးကောင်းမွန်တဲ့ ခေါင်းစဉ်အသစ်တွေနဲ့ ပြန်လာခဲ့ဦးမှာမို့ BhiLatt ရဲ့ Invitation Post လေးတွေကို မျက်ခြေမပြတ် စောင့်မျှော်ပေးကြဦးနော်။ 🎉 -------------------------- Living freely as your true self is the absolute best. 🔥🌈 In the true spirit of June's Pride Month, we all deeply felt how diversity is exactly what makes this world so beautiful. With that, this week's BhiLatt Sunday Conversation Club has successfully come to an end. 🌿 From learning how to protect our own peace of mind to recognizing just how crucial self-acceptance is, everyone engaged in a heartfelt English discussion. This moment was truly near and dear to each of our hearts.🫶💬 A huge thanks to each and every participant who joined us and brought so much energy to this afternoon's talk. We’ll be back next week with more awesome topics, so don't miss out on BhiLatt's upcoming invitation post! 🎉 #BhiLatt_Platform #Freedom_to_be_yourself #End_of_Conversation_Club #Content_by_Yati #Graphic_by_IsIa #Translated_by_Suzy

photo content

ဒီစကားတစ်ခွန်းက Joshua Van ကိုပြောင်းလဲစေခဲ့တယ် အခက်အခဲတွေကြားမှာ ကိုယ်ဝါသနာပါတဲ့ လမ်းကြောင်းကို ဆက်လျှောက်ဖို့ မလွယ်ကူတဲ့ ဒီနေ့ခေတ်မှာ UFC ချန်ပီယံ Joshua Van ရဲ့ အောင်မြင်မှုက သာမန်အားကစားသတင်းတစ်ခုထက် ပိုပါတယ်။ ချင်းပြည်နယ် ဟားခါးမြို့ဇာတိ Joshua Van ဟာ UFC သမိုင်းမှာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မွေးဖွားတဲ့ ပထမဆုံး အာရှဖွား ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့သူပါ။ ကြိုးဝိုင်းထဲမှာတော့ "The Fearless" လို့ လူသိများပါတယ်။ ဒီနေ့ လူတိုင်းသိတဲ့ Joshua Van ဖြစ်လာဖို့ သူ ဖြတ်ကျော်ခဲ့ရတဲ့ လမ်းက မလွယ်ကူခဲ့ပါဘူး။ ငယ်စဉ်ကတည်းက စစ်ဘေးကြောင့် မိခင်နိုင်ငံကို စွန့်ခွာပြီး မလေးရှားကတစ်ဆင့် အမေရိကန်နိုင်ငံကို ဒုက္ခသည်အဖြစ် ပြောင်းရွှေ့ခဲ့ရတယ်။ ဘာသာစကားမတူ၊ ယဉ်ကျေးမှုမတူတဲ့ ပတ်ဝန်းကျင်အသစ်မှာ နေထိုင်ရင်း Bully လုပ်ခံရတာတွေကိုလည်း ကြုံခဲ့ရပါတယ်။ တစ်နေ့မှာတော့ ရန်ဖြစ်ပြီး မျက်နှာအနှံ့ဒဏ်ရာတွေနဲ့ ပြန်လာတဲ့ Van ကို အဒေါ်ဖြစ်သူက "လမ်းပေါ်မှာ လူတိုင်း ရန်ဖြစ်နိုင်ပေမဲ့ တကယ့်ယောကျာ်းဆိုတာ Manny Pacquiao လို ကိုယ့်မိသားစုနဲ့ နိုင်ငံကို ကိုယ်စားပြုပြီး ကြိုးဝိုင်းထဲမှာ သက်သေပြရတာကွ" လို့ ပြောခဲ့ပါတယ်။ အဲဒီစကားက Van ရဲ့ ခွန်အားတွေကို MMA ဆိုတဲ့ လမ်းကြောင်းအသစ်တစ်ခုဆီ ဦးတည်သွားစေခဲ့ပါတယ်။ ဝါသနာတစ်ခုအပေါ် တစိုက်မတ်မတ် ကြိုးစားမှုတွေက သူ့ကို ပိုမြင့်တဲ့ စင်မြင့်တွေဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ်မှာ အပျော်တမ်း MMA ကစားသမားအဖြစ် စတင်ခဲ့တဲ့ Van ဟာ ၅ နှစ်အတွင်း UFC ရဲ့ အမြင့်ဆုံးစင်မြင့်ပေါ်အထိ ရောက်ရှိလာခဲ့ပါတယ်။ မကြာသေးခင်ကလည်း ထိပ်တန်းဖိုက်တာ Tatsuro Taira နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ပြီး သူဟာ ကမ္ဘာ့အဆင့်မှာ လျှော့တွက်လို့မရတဲ့ ထိပ်သီးဖိုက်တာတစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ Van လိုပဲ လူငယ်တိုင်းမှာလည်း အိပ်မက်တွေနဲ့ အလားအလာကောင်းတွေ ရှိကြပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်ကို ရွေးချယ်ပြီး တစိုက်မတ်မတ် ကြိုးစားနေသရွေ့ အောင်မြင်မှုဟာ ထင်ထားသလောက် ဝေးလွန်းတဲ့အရာတစ်ခု မဟုတ်ကြောင်း Joshua Van ရဲ့ ဘဝဇာတ်လမ်းက မီးမောင်းထိုးပြ‌လို့နေပါတယ်။ အခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ content တွေကို လက်မလွှတ်ရအောင် VPN လည်းခံစရာမလိုတဲ့ BhiLatt ရဲ့Telegram Channel လေးကို အမြန် join ထားလိုက်တော့နော်။ 😚 👉🏻 https://t.me/+KzfSh8GWLpYxOWY1 #BhiLatt_Platform #Joshua_Van #The_Fearless #Content_by_Teresa #Graphic_by_Rhys

photo content