2 619
المشتركون
-124 ساعات
-67 أيام
-2730 أيام
أرشيف المشاركات
2 618
ဒီတစ်ပတ်ရဲ့ တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့တဲ့ BhiLatt Sunday Conversation Club လေးကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ 🥰
ကိုယ်နှစ်သက်တဲ့ ဖက်ရှင်တွေနဲ့ ပတ်သက်ပြီးတော့လည်း ကိုယ့်ရဲ့ ပုံစံအစစ်အမှန်ကို ယုံကြည်မှုရှိရှိ ဖော်ထုတ်ပြသခဲ့ကြပြီး၊ Safe Space လေးတစ်ခုထဲမှာ ယုံကြည်မှုအပြည့်နဲ့ English လို ပွင့်ပွင့်လင်းလင်း မျှဝေဆွေးနွေးခဲ့ကြတာပဲ ဖြစ်ပါတယ်။
Beginners လေးတွေရော၊ LGBTQ+ Community အပါအဝင် တက်ရောက်လာသူ အားလုံးက ကိုယ်ပိုင်အမြင်တွေကို ထုတ်ဖော်ပြောဆိုရင်း ပျော်စရာ Game လေးတွေ အတူတူ ဆော့ခဲ့ကြတာပဲ ဖြစ်ပါတယ်🌟🥳
နောက်နောင် အပတ်စဉ်တွေမှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ Topic အသစ်အဆန်းတွေ၊ ပျော်စရာ အစီအစဉ်ကောင်းတွေနဲ့အတူ ပြန်လာခဲ့ဦးမှာမို့
အင်္ဂါနေ့မှာ တင်မယ့် Invitation Post လေးကို မျက်ခြေမပြတ် စောင့်ကြည့်ပေးဖို့ မမေ့နဲ့ဦးနော် 🙆♀️💫
----------------------
This week's BhiLatt Sunday Conversation Club has wrapped up beautifully! 🥰
It was an incredible session where everyone confidently embraced their true selves through their favorite fashion styles and openly shared their thoughts in English within a safe space.
From beginners to members of the LGBTQ+ Community, all attendees expressed their unique perspectives while playing fun games together! 🌟🥳
We will be back in the coming weeks with exciting new topics and wonderful activities. So, don't forget to keep a close eye out for the Invitation Post coming this Tuesday! 🙆♀️💫
#BhiLatt_Platform
#Dressed_to_express
#Conversation_Club
#Content_by_Yati
#Graphic_by_Rhys
#Translated_by_Suzy
2 618
ဘဝမှာ... ကိုယ်လက်မလွှတ်ချင်ဘဲ လက်လွှတ်ခဲ့ရတဲ့သူ ရှိခဲ့ဖူးလား...🥀
ဒါမှမဟုတ်..."ချစ်တယ်" လို့ ပြောလိုက်ရင် အရာအားလုံး ပျက်စီးသွားမှာစိုးလို့ "သူငယ်ချင်း" ဆိုတဲ့ နေရာမှာပဲ ရပ်တန့်ခဲ့ဖူးပါသလား။ 🤝
ဒီမေးခွန်းတွေရဲ့ အဖြေကို ရှာဖွေပေးနိုင်မယ့်၊ ဖတ်ပြီးရင် နှလုံးသားထဲမှာ တလှိုက်လှိုက်နဲ့ ခံစားကျန်ရစ်စေမယ့် ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ရဲ့ ဂန္ထဝင်ဝတ္ထုကောင်းတစ်ပုဒ်ကို ဒီနေ့ မျှဝေချင်ပါတယ်။ 📖
အဲဒီစာအုပ်ကတော့ "သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်... ခိုင်" ဖြစ်ပါတယ်။ ✨
"ချစ်ပါတယ် ခိုင်ရယ်... ခိုင့်ကို မောင် သိပ်ချစ်ပါတယ်... ဒါပေမဲ့ ငိုရတဲ့အချစ်မျိုးနဲ့ ချစ်ပါတယ်လို့ မောင် မပြောပါရစေနဲ့တော့။ မငိုရတဲ့ သူငယ်ချင်းအချစ်နဲ့ပဲ ချစ်လိုက်ပါရစေ။ သံသရာအဆက်ဆက် ပြန်ဆုံတွေ့တဲ့ရက်အထိ ခိုင့်ကို သူငယ်ချင်းအဖြစ်နဲ့ပဲ မောင်..."
ဒီစာပိုဒ်တစ်ပိုဒ်တည်းနဲ့တင် ဒီဝတ္ထုရဲ့ နာကျင်မှု၊ မျှော်လင့်ချက်နဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အပြည့်အဝ ခံစားနိုင်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေကတော့ မောင်၊ ခိုင်၊ ငြိမ်းမောင် တို့ဖြစ်ပြီး၊ လှိုင်၊ ကိုကို၊ ကြိုင်၊ မြိုင် တို့ကလည်း ဇာတ်လမ်းကို ပိုမိုအသက်ဝင်စေတဲ့ ဇာတ်ကောင်တွေအဖြစ် ပါဝင်ထားပါတယ်။ တစ်ယောက်အပေါ်တစ်ယောက် ထားတဲ့ သံယောဇဉ်တွေကြားမှာ သူငယ်ချင်းနှစ်ယောက်လုံးက မိန်းကလေးတစ်ယောက်တည်းကို ချစ်မိသွားတဲ့အခါ...
အချစ်နဲ့ သစ္စာကြားမှာ ဘယ်လိုရွေးချယ်ကြမလဲ ဆိုတာက ဒီဝတ္ထုရဲ့ အဓိကကျတဲ့ ဇာတ်ရှိန်ပဲ ဖြစ်ပါတယ်။ ဒီဝတ္ထုဟာ လူသုံးယောက်ကြားက သာမန်အချစ်ဇာတ်လမ်းတစ်ပုဒ်ထက် ပိုပါတယ်။ သူငယ်ချင်းအပေါ် သစ္စာထားမှု၊ ကိုယ့်အတ္တကို ကျော်လွန်နိုင်ဖို့ ကြိုးစားမှု၊ အချစ်နဲ့ တာဝန်ကြားက ခက်ခဲတဲ့ ရွေးချယ်မှုတွေကို ဆရာကြီးက သဘာဝကျကျနဲ့ ထိထိမိမိ ရေးဖွဲ့ထားပါတယ်။ ⚖️
📖 စာဖတ်ရင်း "မောင်သာ ဒီဆုံးဖြတ်ချက်ကို မချခဲ့ရင် ဘာဖြစ်မလဲ"၊ "ခိုင်သာ ကိုယ့်ခံစားချက်ကို စောစောပြောခဲ့ရင်ရော" ဆိုတဲ့ မေးခွန်းတွေကို အကြိမ်ကြိမ် တွေးမိပြီး ရင်တမမနဲ့ ဖတ်ခဲ့ရပါတယ်။ ဒီဝတ္ထုရဲ့ အလှဆုံးအချက်ကတော့ အချစ်ကို အနိုင်ရဖို့ ပြိုင်ဆိုင်တာမဟုတ်ဘဲ၊ ချစ်တဲ့သူ မနာကျင်အောင် ကာကွယ်ပေးဖို့ ရွေးချယ်ခဲ့တဲ့ နှလုံးသားကို ဖော်ပြထားတာပါ။
ကျွန်မအတွက်တော့ ဒီစာအုပ်က "လူတစ်ယောက်ကို တကယ်ချစ်ခြင်းဆိုတာ ပိုင်ဆိုင်ရခြင်းနဲ့ မတိုင်းတာရဘူး" ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်စေခဲ့ပါတယ်။ တစ် ခါတလေ လက်တွဲနေရတာထက် လက်လွှတ်ပေးလိုက်တာက ပိုချစ်ရာရောက်တယ်။ တစ်ခါတလေ "ချစ်သူ" အဖြစ် မရနိုင်ရင် "သူငယ်ချင်း" အဖြ စ် ဘ၀တစ်လျှောက်လုံး ရှိနေပေးချင်တာကလည်း မေတ္တာတစ်မျိုး ဖြစ်ပါတယ်။ 💖
ဒါကြောင့် အချစ်၊ သူငယ်ချင်း၊ သစ္စာနဲ့ ဘဝရဲ့ ရွေးချယ်မှုတွေကို နက်နက်ရှိုင်းရှိုင်း ခံစားချင်သူတိုင်း၊ ဆရာကြီးရဲ့ စာအရေးအသားအလှကို ခံစားချင်သူတိုင်း ဒီစာအုပ်ကို တစ်ခေါက်တော့ မဖြစ်မနေ ဖတ်ကြည့်စေချင်ပါတယ်။ 🌱
❓နောက်ဆုံးအနေနဲ့ အားလုံးကို မေးခွန်းလေးတစ်ခု မေးချင်ပါတယ်။ တကယ်လို့ သင်သာ "မောင်" ဖြစ်ခဲ့ရင် "အချစ်ကို ရွေးမလား" ၊ " သူငယ်ချင်းကို ရွေးမလား "၊ ဒါမှမဟုတ် "သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မယ်" လို့ပဲ ပြောမလားဆိုတာ Comment မှာ သင့်အမြင်ကို မျှဝေပေးခဲ့ပါဦး။ 👇
#BhiLatt_Platform
#Book_Review
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
#တက္ကသိုလ်ဘုန်းနိုင်
#Content_by_Aurora
#Graphic_by_Isla
2 618
+4
အပန်းဖြေအိုအေစစ် Clubမှာ ရည်းစားရောရခဲ့ကြရဲ့လား😝
ပထမဆုံး Yoga session မှာ ချွေးလည်းထွက် စိတ်အပန်းလည်းပြေခဲ့ကြမယ်ထင်ပါတယ်နော်🤭🙆🏻♂️
နိဖိတ်ဖတ် စတူဒီယို နဲ့ Lilyနဲ့ရှင်းရမယ့်အချစ်ရေး session မှာလည်းတစ်ကယ်ကိုတက်တက်ကြွကြွနဲ့ ဆွေးနွေးပါဝင်ပေးခဲ့ကြတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်❤️
မကြာခင်အတွင်းမှာလည်း မတူညီတဲ့ sessionလေးတွေနဲ့ အမိုက်စား Clubလေးတွေ ပြန်လာဖို့ရှိတာဆိုတော့ ဒီတစ်ခေါက်မပါဝင်လိုက်ရတဲ့သူလေးတွေက နောက်တစ်ခေါက် post တင်ပြီဆိုတာနဲ့ အပြေးလေး register လုပ်လိုက်တော့နော်❤️
အပန်းဖြေအိုအေစစ် CLUB နဲ့ ပတ်သတ်ပြီး အမှတ်တရလေးတွေကို comment box ထဲမှာရေးပေးခဲ့ကြပါဦးနော် 🥰
#Club
#BhiLatt_Platform
2 618
“တောင်းမှာအကွပ်၊ လူမှာအဝတ်” 🙂↔️
Fashion ဆိုတာ အရေးကြီးပါသလား❓
အဝတ်အစားဟာ လူတစ်ယောက်ရဲ့ Lifestyle မှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဆိုတာ ငြင်းမရတဲ့ အမှန်တရားတစ်ခုပါ။ 💯
• ဒါကြောင့်မို့လို့ အဝတ်အစားကို ဖြစ်သလိုဝတ်မိတာမျိုးကလည်း ကိုယ့်ရဲ့ Self-Confidence ကို လျော့ကျစေနိုင်ပါတယ်။
(ဥပမာ... Crush လေးနဲ့ အမှတ်မထင်တွေ့မိတဲ့ အချိန်မျိုးဆို ပိုသိသာတာပေါ့နော်။ 🤪)
နောက်ဆုံးထွက် Trend တွေ၊ Brand တွေ ဒါမှမဟုတ် လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ “ကြည့်ကောင်းတယ်” ဆိုတဲ့ စံနှုန်းတွေနဲ့အညီ ဝတ်စားဆင်ယင်တာမျိုးကိုမှ Fashion လို့ ခေါ်တာ မဟုတ်ပါဘူး။
♦️ Fashion က လူတစ်ယောက်ရဲ့ နေထိုင်မှုပုံစံ၊ စိတ်ခံစားချက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဖော်ပြချင်လဲဆိုတာကို စကားလုံးမလိုဘဲ ဖော်ပြပေးနိုင်သလို၊ "ကိုယ်ဘယ်သူလဲ” ဆိုတာကို ပြန်လည်ထင်ဟပ်စေတဲ့ မှန်တစ်ချပ်လို့ ပြောရင်လည်း မမှားပါဘူးနော်။ 😉
💸 ဈေးကြီးတိုင်း Quality ကောင်းတာ မဟုတ်သလို၊ ဝတ်စားဆင်ယင်ဖို့ ရွေးချယ်ရာမှာလည်း အသက်အရွယ်နဲ့ သတ်မှတ်ထားတဲ့ စံနှုန်းတွေထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေပြီး ကိုယ့်အတွက် သက်တောင့်သက်သာဖြစ်စေဖို့က အဓိကပါ။
💃 ကြည့်ကောင်းဖို့အတွက် ပြီးပြည့်စုံတဲ့ Body Shape မလိုအပ်ပါဘူး။ သူများဝတ်တာကို လိုက်ဝတ်မယ့်အစား ကိုယ့်ရဲ့ Body Type နဲ့ လိုက်ဖက်မယ့် Outfit တွေကို ရွေးချယ်ဝတ်ဆင်တာကမှ ကိုယ့်ရဲ့ အလှကို ပိုပြီး ပေါ်လွင်စေတာပါနော်။
ကိုယ့် Body Type ကို မသိသေးရင် အောက်က Link လေးမှာ စစ်ကြည့်လို့ရပါတယ်ရှင့်။
( https://www.calculator.net/body-type-calculator.html )
♦️ ဝတ်လိုက်တာနဲ့ ကိုယ့်အတွက် ပေါ့ပါးပြီး ယုံကြည်မှုတိုးစေတဲ့ Outfit တိုင်းဟာလည်း Fashion ပါပဲ။ Trend တွေက အချိန်နဲ့အမျှ ပြောင်းလဲနေမှာဖြစ်ပေမယ့် မပြောင်းလဲဘဲ ဆက်ရှိနေမှာကတော့ လူတစ်ယောက်ရဲ့ ကိုယ်ပိုင် Authentic Style ပဲဖြစ်ပါတယ်။
BhiLatt ရဲ့ Telegram Channel လေးကို အောက်က Link လေးကနေ Join လို့ရပါတယ်နော်။ 🫶 https://t.me/+KzfSh8GWLpYxOWY1
* ယခု Post မှ Content နဲ့ Graphic သည် BhiLatt ၏ မူပိုင်ဖြစ်သည့်အတွက် ကူးယူဖော်ပြခြင်း မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ *
#BhiLatt_Platform
#AuthenticStyle
#Lifestyle
#Content_by_Elise
#Graphic_by_Sam
2 618
Dark Academia
📋 Scholarly - ပညာတတ်ဆန်သော
Eg- He looks scholarly when he wears glasses.
📋 Plaid - လေးထောင့်ကွက်ဒီဇိုင်းပုံစံ
Eg- She usually styled pleated plaid skirt with high boots.
📋 Satchel - လေးထောင့်ပုံစံ သားရေလွယ်အိတ်
Eg- He loved to wear leather satchel given by his mother.
📋 Sport - ဂုဏ်ယူစွာ ဝတ်ဆင်သည်။
Eg- He loves to sport his branded watch over simple t-shirt.
2 618
Parisian Chic
🍁 Effortless Elegance - ပြင်ဆင်ထားခြင်းမရှိဘဲ လှပနေသောပုံစံ
Eg- He achieved effortless elegance by wearing suit.
🍁 Drape - Coat ကို ပခုံးတွင် တင်ထားသည်။
Eg- She drapes the blazer over the shoulder.
🍁 Outerwear - အပေါ်ဝတ်အင်္ကျီ
Eg- She wears dark beige outerwear.
🍁 Statement Piece - ရိုးရိုးဝတ်စုံတွင် ပစ္စည်းတစ်ခုက လူတွေရဲ့ အကြည့်ကို ဖမ်းစားထားသည်။
Eg- Her silk scarf is the statement piece on her outfit.
2 618
Bohemian (Boho)
☘️ Free spirited - လွတ်လပ်ပေါ့ပါးပြီး အမှီအခိုကင်းသော
Eg- Her fashion really show free spirited style.
☘️ Linen - ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းသော ပိတ်စ
Eg- This dress is made of linen.
☘️ Suede - ကတ္တီပါသားရေ
Eg- Her suede boots and linen dress are great combination.
☘️ Accessorize - အသုံးအဆောင်ပစ္စည်းများဖြင့် မွမ်းမံထားသည်။
Eg- The fit is completely changed when you accessorize with layer necklaces.
2 618
Old Money
🍂 Stealth Wealth - ကြွယ်ဝချမ်းသာမှုကို လျှို့ဝှက်စွာ ပြသဖော်ဆောင်ခြင်း
Eg- The outfit is pure stealth wealth without any branding.
🍂 Cashmere - ကက်ရှ်မီးယားဆိတ်ရဲ့ အမွေးဖြင့်ပြုလုပ်ထားသော သိုးမွေးချည်အမျိုးအစား
Eg- The beauty of cashmere is luxury.
🍂 Tailored - ပုံစံကျကျ ချုပ်လုပ်ထားသော
Eg- She looks effortlessly elegant in beautiful tailored coat.
🍂 Monochromatic - အရောင်တစ်ရောင်ထဲကို အနုအရင့်တွဲစပ် ဝတ်ဆင်သည်
Eg- Dressing in monochromatic palette makes stealth wealth.
2 618
OOTD ရွေးရခက်တုန်းလား
မင်္ဂလာပါ တိန်တိန်တို့ရေ 👻 အပြင်ထွက်မယ်လုပ်တိုင်း ဘာဝတ်လို့ဝတ်ရမှန်းမသိ၊ ဘာနဲ့ တွဲဝတ်လို့ လှမှန်းမသိနေရင် ဒီ Post လေးက သင့်အတွက် Perfect ဖြစ်ပါလိမ့်မယ်နော်။
Fashion အမျိုးအစားလေးတွေ အကြောင်း ဖတ်ကြည့်ရင်း Vocabulary အသစ်တွေပါသိနိုင်မှာ ဖြစ်တဲ့အတွက် ပုံလေးကိုထောက်ပြီး ဖတ်ရှုပေးပါအုံးနော်။ 💃🌟
#BhiLatt_Platform
#Fashion
#OOTD
#Content_by_MayThu
#Graphic_by_Aurora
2 618
Remote Job လုပ်ဖို့ ဘာတွေလိုအပ်လဲ ❓🧐
တကယ်တော့ Remote Job ဆိုတာက Knowledge တွေ Commitment တွေအများကြီးလိုအပ်ပါတယ်။ Online ပေါ်ကနေ အလုပ်လုပ်ရတယ်ဆိုတော့ သူ့မှာ Skills တွေ Strategy တွေအများကြီးလိုအပ်တယ်ဆိုပေမဲ့ Right Mindset သာရှိရင် အောင်မြင်မှာအမှန်ပါပဲ။သူ့မှာလိုအပ်တဲ့ Skill အကျဉ်းချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
1. English
2. Digital Skills
3. Job-Specific Skills
4. Communication Skills
5. Time Management
6. Portfolio or LinkedIn app
Step(1) အနေနဲ့ ကိုယ်ကဘယ် Industry မှာလုပ်မလဲဆိုတာရယ်၊ အဲ့ဒီ Industry က ကိုယ့်ဆီကနေ ဘာလိုအပ်နေသလဲဆိုတာ သိဖို့အရေးကြီးပါတယ်။ အဲ့ဒါမှ ကိုယ်ကလိုအပ်တဲ့ Skills တွေ ကြိုဖြည့်ထားတာပဲဖြစ်ဖြစ် တစ်ခုခုလုပ်လို့ရအောင်ပါ။ ကိုယ့်အတွက် Right Role ကိုရွေးတတ်ဖို့က First Step ပါပဲ။ Remote Job မှာ Fancy Degree တွေ၊ Big Network တွေမလိုပါဘူး။ ကိုယ်တကယ်စိတ်ဝင်စားတဲ့ Skill ရယ်၊ အဲ့တာကိုဘယ်လို Improve ဖြစ်အောင်လုပ်မယ်ဆိုတဲ့ Mindset ရယ်ပဲလိုတာပါ။
ပထမဆုံးကိုယ့်ကိုယ်ကို ပြန်မေးရမှာက ကိုယ်ဘာတွေလုပ်ရင် Enjoy အဖြစ်ဆုံးလဲဆိုတာပါပဲ။မင်းကအရမ်းကို Creative ဖြစ်တဲ့သူတစ်ယောက်ဆိုပါစို့၊သီချင်းဆိုရတာဝါသနာပါတယ်၊ Painting လုပ်ရတာ ဝါသနာပါတယ်၊ စာရေးရတာဝါသနာပါတယ်ဆိုရင် မင်းဝါသနာပါတဲ့အထဲကနေပြီးတော့ အဲ့ဒီ့ Skill ကိုပဲဆက်ကြိုးစားသွားလို့ရပါတယ်။ ဥပမာဆိုရင် - ကိုယ်က Organise ဖြစ်တဲ့သူလား၊ တစ်ခုခုဆို လုပ်ရမဲ့အလုပ်တွေ အစဉ်အတိုင်းချပြီးတော့မှ လုပ်ရတာကြိုက်တဲ့သူလား၊ မနက်မိုးလင်းတာနဲ့ ကိုယ့်ရဲ့ Mail ကိုစစ်ပြီး မလိုအပ်တဲ့အရာတွေကို Delete လုပ်တတ်တဲ့သူလား၊ အဲ့ဒါဆိုရင်တော့ Administrative Assistant စတဲ့အလုပ်တွေက အကောင်းဆုံးပါပဲ။ အဲ့ဒီလိုမှမဟုတ်ဘူး ကိုယ်ကကိုယ့်ရဲ့သူငယ်ချင်းအသစ်တွေကို Restaurant အသစ်တွေ Try ကြည့်ဖို့အကြံပေးတဲ့သူ၊ သူတို့ကိုအသစ်အဆန်းတွေဖြစ်အောင်၊ သူတို့မလုပ်ချင်တဲ့အရာတွေကိုတောင်မှ ဆွဲဆောင်တတ်တဲ့သူမျိုး၊ Convinced လုပ်ပေးတတ်တဲ့သူဆိုရင်ကတော့ မင်းက Sale Person တို့လိုအလုပ်မျိုးတွေ Try ကြည့်လို့အကောင်းဆုံးပါပဲ။ Remote Worker စလုပ်မယ်ဆိုရင် Degree တွေရှိနေဖို့ထပ် Passion ရှိနေဖို့ကအရေးကြီးဆုံးပါပဲ။ And let things happen naturally flow from you. 🔍
Step(2) ကတော့ ကိုယ့်ရဲ့ Own Profile ကို Professional ဆန်ဆန်တည်ဆောက်ဖို့ပါပဲ။ 🔖📕
Social Media Platform တစ်ခုခုသုံးပြီး ကိုယ့်ရဲ့ Profile ကိုသေချာတည်ဆောက်ပါ။ (ဥပမာ- Linkedin App) သူကကိုယ် Personal Brand တည်ဆောက်ချင်တဲ့အခါမှာအကောင်းဆုံးပါပဲ။ အဲ့ဒီထဲမှာ ကိုယ့်ရဲ့ Journey တွေ၊ Experience တွေနဲ့ ကိုယ်အဲ့ဒီဟာတွေကို ဘယ်လို Professional ဆန်ဆန်ဖြေရှင်းခဲ့လဲဆိုတာတွေ Intro လုပ်လို့ရပါတယ်။ ကိုယ့်ရဲ့ Experience ကိုရောင်းသလိုမျိုး ကိုယ့်ရဲ့ Profile ကိုလာကြည့်တဲ့သူကို Feelings တစ်ခုခုပေးဖို့လိုပါတယ်။ ဒီတိုင်းကိုယ့်အကြောင်း အကျဉ်းချုံးရှင်းပြတာမဟုတ်ဘဲနဲ့ Storytelling ပုံစံလေးရေးပေးတာက ပိုပြီးတော့ထိရောက်စေမှာပါ။ ကိုယ့်ကိုဘာကြောင့်ရွေးချယ်သင့်တယ်ဆိုတဲ့အရာတွေ၊ Skills တွေကိုသေချာချပြနိုင်ရင်တော့ Work From Home အလုပ်ဆိုတာတကယ်ကို လွယ်ကူစေမှာပါ။
ထပ်ဆောင်းအပိုဆုပေးရမယ်ဆိုရင်တော့ Remote Job မှာ English Profession တစ်ခုရှိဖို့ကလည်းလိုအပ်ပါတယ်။ ကိုယ်ကနိုင်ငံတကာတွေနဲ့ချိတ်ဆက်ပြီး အလုပ်လုပ်ဖို့ဆိုရင် သူတို့ပို့တဲ့ Email တွေ၊စာတွေကိုဖတ်တတ်ဖို့က English စာတတ် ထားဖို့ကလည်း လိုအပ်ပါတယ်နော်။ ဥပမာ- BBC Learning English, British Council App, Engnovate တို့အစရှိတဲ့ App တွေကနေလည်းသင်ယူလို့ရပါတယ်။ Computer ကို Level တစ်ခုအထိတက်ထားရင်တော့ ကိုယ့်အတွက် တကယ်ကို အခက်အခဲနည်းစေမှာအမှန်ပါပဲ။ နောက်ဆုံးနဲ့အရေးကြီးဆုံးတစ်ခုကတော့ ကိုယ်မသိတဲ့၊ မကျွမ်းကျင်တဲ့အရာကို ရှက်မနေဘဲနဲ့ မကြောက်မရွံ့မေးတတ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်ရှင်။
*ယခု Post တွင်ဖော်ပြထားသော ဓာတ်ပုံနှင့် Content စာသားများသည် BhiLatt Platform ၏ မူပိုင်ဖြစ်ပါသဖြင့် ပြန်လည်ကူးယူဖော်ပြလိုပါက BhiLatt Team ဆီမှ ခွင့်ပြုချက်တောင်းယူပါရန် မေတ္တာရပ်ခံပါသည်*
VPN အခက်အခဲတွေကြောင့် ခုလိုဗဟုသုတရစရာတွေကို မလွတ်သွားချင်ဘူးဆိုရင်တော့ အောက်မှာပေးထားတဲ့ BhiLatt ရဲ့ Telegram Channel လေးကို Join ထားလိုက်တော့နော်။ 👇
Telegram channel
https://t.me/+KzfSh8GWLpYxOWY1
#BhiLatt_Platform
#Remote_Job
#Content_By_Ya_Mone
#Graphic_By_Wati
2 618
“ဒီနေ့ ဘာဝတ်ရမလဲ...” 🤔💭
မနက်ခင်းတိုင်း အဝတ်အစားဗီရိုကို ဖွင့်ကြည့်ပြီး ဒီလိုတွေးမိတဲ့အခါ 💃 ကိုယ်တကယ် ဝတ်ချင်တာကိုပဲ ရွေးချယ်ဖြစ်ရဲ့လား❓
တစ်ခါတလေ ကိုယ်တကယ် ဝတ်ချင်တဲ့ Design အလန်းလေးတွေ၊ ကိုယ်သဘောကျတဲ့ အရောင်အဆန်းလေးတွေကို ဝတ်ချင်ပေမဲ့ “သူများတွေ ဘယ်လိုကြည့်မလဲ၊ ငါ့ပုံစံက ထူးဆန်းနေမလား"ဆိုပြီး
👀 ပတ်ဝန်းကျင်ရဲ့ အမြင်တွေကြောင့် ကိုယ်တကယ် မဝတ်ချင်တဲ့ အဝတ်အစားတွေအောက်မှာပဲ ကိုယ့်ရဲ့တကယ့်အကြိုက်ကို ဖုံးကွယ်ထားခဲ့ဖူးကြမှာပါ။ 👕❌
တကယ်တော့ ကိုယ်ကြိုက်တဲ့ပုံစံကို ကိုယ်တိုင် ရွေးချယ်ဝတ်ဆင်ရတာက ပိုပြီး စိတ်ပေါ့ပါးဖို့ကောင်းတာပါ... 🌿✨
ဒါကြောင့် ဒီတစ်ပတ်ရဲ့ BhiLatt Sunday Conversation Club လေးမှာတော့... “Dressed to express” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ-တခြားသူတွေရဲ့ အမြင်တွေကို ဘေးဖယ်ထားပြီး ကိုယ်နှစ်သက်တဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ဘယ်လို ယုံကြည်မှုအပြည့်နဲ့ ဝတ်ဆင်ကြမလဲ၊
အဝတ်အစားတွေကတစ်ဆင့် ကိုယ့်ရဲ့ ပုံစံအစစ်အမှန်ကို ဘယ်လို လွတ်လွတ်လပ်လပ် ဖော်ပြကြမလဲ ဆိုတာကို အားလုံးနဲ့အတူ English လို ပွင့်ပွင့်လင်းလင်း ဖလှယ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။ 😎
🎯 LGBTQ+အပါ၀င်အင်္ဂလိပ်စာအခြေခံ (Beginners) သမားများနှင့် အင်္ဂလိပ်စာ တိုးတက်ချင်သူ မည်သူမဆို တက်ရောက်နိုင်ပါတယ်။ ဘယ်သူ့ဆီကမှ (Judgments) လုံးဝမရှိဘဲ လွတ်လပ်စွာ ပြောဆိုနိုင်မယ့် Safe Space လေးမို့ စိုးရိမ်စရာမလိုဘဲ Join ဖို့ ဖိတ်ခေါ်ပါတယ်နော် 💖
💌 Topic: Dressed to express
🗓️ Date: July 12, 2026 (Sunday)
🕑Time: [1:00PM to 3:00PM ]
💻 Place: Zoom Platform
🚨 [သောကြာနေ့ည ၁၀ နာရီ] အထိနောက်ဆုံးထားပြီး စာရင်းပေးသွင်းရမှာမို့ အခုပဲ အမြန်လှမ်းလာခဲ့တော့နော်။ ⏳💨
BhiLatt ရဲ့ Page Messenger မှာရော အောက်ပါ Telegram Link မှာပါ စာရင်းသွင်းနိုင်ပါတယ်ရှင်
📥 Telegram Channel:
https://t.me/+KzfSh8GWLpYxOWY1
------------------
“What should I wear today…?” 🤔💭
Every morning, when you open your wardrobe and ask yourself this question, 💃 do you actually end up choosing what you truly want to wear❓
Sometimes, you want to wear that cool, stylish design or a unique color that you absolutely love. But then you think, “What will others think? Will I look weird?
👀 Because of how the society might view us, many of us have hidden our true tastes under clothes we didn't really want to wear. 👕❌
In reality, choosing and wearing what you love makes you feel free and happy! 🌿✨
In this week's BhiLatt Sunday Conversation Club, our topic is “Dressed to express.” 😎
We will talk in English about how to wear our favorite clothes with confidence and show who we really are, without worrying about others' opinions.
Everyone is welcome to join, including the LGBTQIA+ community, and anyone looking to improve their English skills are welcome to attend! This is a Safe Space completely free of judgment, so you can join in and speak your mind without any worries. 💖
💌 Topic: Dressed to express
🗓️ Date: July 12, 2026 (Sunday)
🕐 Time: 1:00 PM – 3:00 PM
💻 Platform: Zoom
🚨 Deadline: Please register by Friday at 10:00 PM. Join us quickly! ⏳💨
Sign up via BhiLatt’s Page Messenger or this Telegram link:
📥 Telegram Channel: https://t.me/+KzfSh8GWLpYxOWY1
#BhiLatt_Platform
#Invitation
#Dressed_to_express
#Content_by_Yati
#Graphic_by_Rhys
#Translate_by_Suzy
2 618
ဒီနေ့ Sunday Conversation Club မှာ ပျော်ခဲ့ကြလား❓
Language နဲ့ပတ်သက်တာတွေလည်း တဝကြီးပြောခဲ့ကြရတဲ့အပြင်၊ Sign Language အကြောင်းလေးလည်း Game ဆော့ခဲ့ရတာဆိုတော့ ဗဟုသုတတွေလည်း ရလိုက်ပြီး ပျော်စရာကောင်းခဲ့မယ်လို့ မျှော်လင့်ပါတယ်ရှင့်။
အချိန်ပေးပြီး Join ပေးကြတဲ့ Participant တစ်ယောက်ချင်းစီတိုင်းကို BhiLatt က ကျေးဇူးအများကြီးတင်ပါတယ်။ 🫶
Discussion လုပ်လို့ကောင်းမယ့် Topic လေးတွေနဲ့အတူ ပြန်လာဦးမှာမို့လို့ Tuesday Invitation Post လေးကို တွေ့ရင် Register လုပ်ဖို့ မမေ့ကြပါနဲ့ဦးနော်။ 🩵
----------------
Did you all enjoy today’s Sunday Conversation Club❓
We had some great conversations about languages, and our Sign Language game made the session even more fun. We hope you enjoyed the activities, learned something new, and had a wonderful time with us.
BhiLatt would like to say a huge thank you to every single participant who took the time to join us today. 🫶
We’ll be back with more exciting topics to discuss, so don’t forget to register when you see Tuesday’s invitation post. 🩵
#BhiLatt_Platform
#End_of_Conversation_Club
#Words_Across_The_World
#Content_by_Elise
#Graphic_by_Isla
#Translated_by_Ruemii
