uz
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

Kanalga Telegram’da o‘tish

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

Ko'proq ko'rsatish
8 218
Obunachilar
-324 soatlar
-337 kunlar
-15530 kunlar
Postlar arxiv
ပြတ်သားထက်မြက်တဲ့ စစ်ခေါင်းဆောင်🇲🇲🇲🇲🇲🇲🇲🇲🇲🇲 ☂☂☂☂☂☂☂☂☂ စစ်သဘောတရားအရ မိမိကရန်သူကို သွားမ တိုက်နိုင်လျှင် မိမိတပ်တည်ရာကို ရန်သူက လာ တိုက်တာဟာ သဘာ၀ဘဲဆိုတာသိပါလျှက် ငြိမ်းချမ်း ရေးရောင်ပြ လက်ဦးမှုနဲ့စစ်ဦးကို မဖြိုခဲ့ကြဘူး၊ ရန်သူဌာနချုပ်တွေ ဘယ်မှာရှိတယ် ထောက်ပံ့ရေး အခြေခံ အဆောက်ဦးတွေဘယ်မှာရှိတာသိတယ်၊ ဒါပေမဲ့ သွားမကျဲဘူး၊ KNU၊TNLA၊KIA၊AA ဌာနချုပ်တွေဘယ်မှာရှိတာ တပ်ကသိတယ် ဒါပေ မဲ့ အရင်သွားပြီး လက်ဦးမှုမယူဘူး၊ နိုင်ငံသစ်နဲ့ ခွဲထွက်ရေးကိုသာ တစ်တွင်တွင်ပြောနေတဲ့ KIAနဲ့AA ရဲ့ ဌာနချုပ်တွေကို အောက်ခြေဖြတ်ဖို့ မတိုက်ခိုက် ဖူး၊ NCAကို လက်မခံတော့ပါဘူး ကြေညာတဲ့ KNU က ပထမဆုံးကိုယ့်တပ်တွေကို လာတိုက် နေတာတောင် NCAစကားကိုင်ထားတုန်းဘဲ၊ ဒီတော့ မိမိတပ်ရှိရာကို ရန်သူကလာတိုက်တာပေါ့၊ လာတိုက်တော့ တပ်ရင်းရှိ စစ်သည်မှီခိုတွေထိခိုက် ဆုံးရှူံးမှုတွေဖြစ်ရတယ်၊ မိမိဘက်ကလက်ဦးမှုယူ ရန်သူကို ဦးချိုးထားနိုင်မဲ့ အခွင့်အလမ်းရှိပါလျှက် ရန်သူတိုက်တာကို စောင့်ပြီး ခံစစ်နဲ့ကစားနေတဲ့ သက်ဆိုင်ရာခေါင်းဆောင်တွေကို ကျွန်တော် သံ သယဖြစ်မိတာ မှားသလား?။ တိုက်စစ်ကို မလုပ်ဖူးဆိုတော့ ခံစစ်ကိုကောင်း ကောင်း စစ်ကစားနိုင်ကြလားဆိုတော့လည်း ရန် သူကတိုက်တဲ့စခန်းအများစုက ရန်သူနောက်ပါသွား တာများပြန်ပါတယ်၊ သုံးသပ်ရရင် ရန်သူဟာ ဒရုန်း နည်းပညာကို နိုင်ငံရေးမတည်ညိမ်တဲ့ ၂၀၂၁ ထဲမှာ ထဲက တွင်တွင်ကျယ်ကျယ်သုံးလာကြတာ သက် ဆိုင်ရာခေါင်းဆောင်တွေအသိပါ၊ ထိုနည်းတူ နိုင်ငံ ရေးမတည်ညိမ်မှုကိုအကြောင်းပြုပြီး သူပုန်ထဖို့ လူအင်အား အများအပြားကို နည်းမျိုးစုံနဲ့ ရနေ တယ်ဆိုတာ မသိဘဲမနေပါဘူး၊ ဒီတော့ခံစစ်နဲ့ စစ် ကစားမယ်လို့ ပြင်ထားရင် ခံစစ်နဲ့စစ်တစ်ကယ် က စားခဲ့လားလို့မေးရင် NOလို့ဘဲဖြေရပါလေ့မယ်၊ (ရတ)စခန်းတွေကို နိုင်ငံတော်က အခိုင်အမာတည် ဆောက်ဖို့ ဘာတွေချပေးထားသလည်းပြန်ကြည့်ပါ၊ နှစ် (၇၀)လောက်က ၀ါးခြမ်းကာနဲ့သိပ်ပို မလာ ဘူး၊ ရန်သူလာတိုက်ရင် ရှေ့ထွက်မိုင်း ရီမုမိုင်းတွေ နဲ့ ကပ်လာတဲ့ရန်သူကို ချေမှုန်းနိုင်ဖို့ နိုင်ငံအဆင့်တပ် မတော်ကြီးမှာပြင်ဆင်နိုင်ဖို့ မိုင်းတွေအားနည်းတယ်။ မိမိတပ်စခန်းတွေကို ရန်သူလာတိုက်ရင် ဒရုန်းကို ဒရုန်းချင်းတန်ပြန်နိုင်ဖို့ နည်းပညာရော ဒရုန်းအားပါ ခုထိ လုံလောက်အောင်မစီစဥ်ပေးထားကြဘူး၊ ရန်သူ ဟာ စတိုက်ထဲက မြို့ကို၀င်စီးတယ် အုပ်ချုပ်ရေး ပျက်ဖို့ အင်အားနည်းတဲ့ ရဲစခန်း၀င်စီးတယ်၊ မြို့ထဲ ကရသမျှကို သူတို့ရိက္ခာအတွက်အသုံးပြုတယ်၊ ဒီ ရိက္ခာမရဖို့ ဆောင်ရွက်ဖို့၊ ရဲစခန်းတွေကိုအကာကွယ် ပေးဖို့ ဒီနိုင်ငံမှာအလုပ်အနည်းဆုံး အင်အားများတဲ့ သံချပ်ကာတပ်တွေကို အသုံးချပြီး မြို့တွင်းစစ်ပွဲတွေ မှာ ကြိုမစီမံထားကြဘူး၊ ဒီတော့မြို့တွေကျတယ်၊ စခန်းတွေကျတယ် ဒီလိုဆောင်ရွက်ချက်မကောင်း တဲ့ ခံစစ်ဗျူဟာအပေါ် သံသယဖြစ်မိနေတာ ကျွန် တော်မှားသလား?။ စစ်ရေးမှာ တိုက်စစ်လည်း အလုပ်ဖြစ်အောင်မ စီစဥ် ခံစစ်ကိုလည်းအောင်မြင်အောင် မဖန်တီးနိုင် တဲ့ အခြေနေရှိနေတယ်ဆိုတော့ နိုင်ငံရေးနဲ့ ကစား မှာလားလို့ မျော်လင့်မိပြန်တာပေါ့၊ နိုင်ငံရေးကြည့် လိုက်တော့ PDFလူငယ်တွေကို နားလည်လာအောင် ရှင်းပြပြီး မိမိဘက်ပါလာအောင်စည်းရုံးနိုင်တဲ့လုပ် ဆောင်မှုဘာမှ မရှိဘူး၊ ဒီတော့ EROတွေရဲ့သွေးထိုး မှုနောက်လိုက်ကုန်ကြတဲ့ PDFတွေကို လုံး၀ မထိန်း နိုင်တာ့ဘူး၊ ဒါဆိုနိုင်ငံတကာပြေးပြီး ထောက်ပံ့ရေး လုပ်နေကြပြီး စစ်ပွဲကိုဖန်တီးနေကြသူတွေကို စစ် ရေးဘဏ္ဍာဖြတ်ဖို့ ဘာလုပ်သလဲ ကြည့်လိုက်ပြန် တော့ နိုင်ငံအချင်းချင်း တရားဥပဒေလမ်းဘက်က နိုင်ငံရေးနည်းလမ်းနဲ့ အရေးမယူနိုင်သလို ဒီထောက် ပို့တွေကို ကြေးစားတွေနဲ့ နိုင်ငံအလိုက်သွားရှင်း ထုတ်တာမျိုးလည်းမလုပ်နိုင်ပြန်ဘူး၊ ဒါဆိုရှမ်း မြောက်မှာ တရုတ်နိုင်ငံနဲ့ညှိနှိုင်းပြီး မြောက် ၅ကောင် ကို ထိန်းချုပ်နိုင်လားဆိုတော့လည်း တရုတ်ကပဲ လက်ရှိအစိုးရကို ဟိုင်ဂင်စာချုပ်နဲ့ စစ်ရပ်ခိုင်းလိုက် မြို့တွေကိုလူလက်နက်ရွေ့လိုက်နဲ့ မြောက် ၄ကောင်ကပဲစစ်ကစားသွားတာမြင်ရတယ်၊ ဒီတော့ ဘင်ဂလားဒေရှ့်ကို နိုင်ငံရေးအရ စစ်ကစားပြီး AAကိုဖိအားပေးနိုင်သလားဆိုတော့ AAကပဲ ကစားနေတာမြင်ရပြန်တယ် ဒါဆိုထိုင်းဘက်ကြည့်ပြန်တော့ NUG နဲ့EROတွေကထိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး စစ်ရေးလှုပ်ရှားနေတာဘဲမြင်ရတယ် နစက အနေနဲ့ နိုင်ငံရေးကစားပြီးထိုင်းကိုအခြေပြုထားတဲ ဖိအားပေးနိုင်လားဆိုတော့လည်းမလုပ်နိုင်ဘူး ၊ PDFတွေကိုဘဲ ထိုင်းက ကစားနေရပြန်တယ်၊ ဒီတော့ နိုင်ငံရေးလည်းမလုပ်နိုင်ကြသူတွေကို သံသယဖြစ်တာ ကျွန်တော်မှားသလား။ https://t.me/privatephoehtaung

Repost from SittNweOo
❗️လားရှိုး လခရများ အားလုံး သတိရှိကြပါ ဒီကနေ့ လားရှိုး မြို့ထဲကို အကဖများ ထိုးဖောက် ၀င်ရောက်မယ်လို့ သတင်းရထားပါတယ် နည်းအမျိုးမျိုးနဲ့ ၀င်ရောက်နိုင်သဖြင့် သတိရှိကြပါ⚠️ #လခရများသိရှိပါရန် #SittNweOo

လားရှိုး ရန်သူစနိုက်ပါသမားတွေ အလွန်များနေတယ်။ ယမန့်နေ့တစ်ရက်တည်းတင် စနိုက်ဘာလက်ချက်နဲ့ မိမိဖက် ၅ ဦး ကျဆုံးခဲ့ပါတယ်။ တန်ပြန်လက်ဖြောင့်များ လိုအပ်နေပါတယ်။ https://t.me/privatephoehtaung

အသက် ၆၀ မှာ တပ်ထဲ ပြန်ဝင် ပေးဆပ်သွားသူ OTS-86(စည်သူတပ်ခွဲ) မှ ကသ 126 ဗက (ငြိမ်း) မြင့်ဝင်း ... နောင်ချို (စထဟအတွင်းရေးမှူး) သ
အသက် ၆၀ မှာ တပ်ထဲ ပြန်ဝင် ပေးဆပ်သွားသူ OTS-86(စည်သူတပ်ခွဲ) မှ ကသ 126 ဗက (ငြိမ်း) မြင့်ဝင်း ... နောင်ချို (စထဟအတွင်းရေးမှူး) သည် ... ဇူလိုင် 04 ...1530ချိန် ... တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း စစ်မြေပြင်၌ ကျဆုံးသွားပါသည်။ https://t.me/privatephoehtaung

နိုင်ငံတော်အဆင့် တပ်မတော်ဆိုတာ ရန်သူ၁၀ချက်ထိုးရင် ကိုယ်လဲ အနည်းဆုံး ၁၀ချက်ပြန်ထိုးနိုင်ရမယ်။ရန်သူက တရက်ကိုစစ်ဆင်ရေး အကြိမ်၂၀လုပ်ရင်ကိုယ်ကလည်းတရက်ကို စစ်ဆင်ရေးအကြိမ်၂၀ထက်မနည်း လုပ်နိုင်ဖို့လိုတယ်။တပ်အင်အားသိပ်သုံးဖို့မလိုတဲ့ ဒရုန်းစစ်ဆင်ရေးတွေ တရက်ကိုအကြိမ်ရေများစွာလုပ်နိုင်ဖို့ လိုနေပါသေးတယ် အဓိက စစ်ဆင်ရေးညွန့်ကြားမှုအဖွဲကအောက်ခြေကို လွတ်လပ်စွာစစ်ဆင်ခွင့်မပေးဘဲ ဗဟိုစနစ်နဲ့ထိန်းချုပ်နေတာကိုပြင်ဆင်ရမှာဖြစ်ပါတယ်။ အောက်ပုံကတော့... ၄-၇-၂၀၂၄ ရက်နေ့က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ခါရှီးအဝင် အိမ်တံစက်မြိတ် အောက်က KIA ဘန်ကာကို တပ်မတော်က ဒရုန်း တပ်ဖွဲ့စစ်ဆင်ရေးလုပ်မှုမြင်ကွင်းပါ။ https://t.me/privatephoehtaung

ဝိသမလောဘသားတွေအတွက် တစ်ခုပြီးတစ်ခုလာမယ်။ ဓာတ်မြေဩဇာဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချရန် ကုမ္ပဏီများကို ညွှန်ကြားထား https://t.me/privatephoehtaung

အဟဲဟဲ 😂😂😂 မင်းတို့ကြောက်တာကြီးကလဲအဆန်းကြီး စစ်ကြောင်းဘယ်ရောက်နေမှန်းမသိလို့ နောက်ကျောမလုံပဲ ထိတ်လန့်နေတဲ့ အကြမ်းဖက်တွေက စာ
အဟဲဟဲ 😂😂😂 မင်းတို့ကြောက်တာကြီးကလဲအဆန်းကြီး စစ်ကြောင်းဘယ်ရောက်နေမှန်းမသိလို့ နောက်ကျောမလုံပဲ ထိတ်လန့်နေတဲ့ အကြမ်းဖက်တွေက စာထုတ်ပြီး ကြောက်ကြောင်းဝန်ခံနေပြီ 😂😂😂 https://t.me/privatephoehtaung

ဆန်ပေါက်ဈေးထက် ၅၀ % မှ ၇၀ % ထိ ဈေးနှုန်းမြှင့်ပြီးရောင်းတဲ့ AEON ကုမ္ပဏီမှ တာဝန်ရှိသူ ဂျပန်နိုင်ငံသား Hiroshi Kasamatsu နဲ့ မ
ဆန်ပေါက်ဈေးထက် ၅၀ % မှ ၇၀ % ထိ ဈေးနှုန်းမြှင့်ပြီးရောင်းတဲ့ AEON ကုမ္ပဏီမှ တာဝန်ရှိသူ ဂျပန်နိုင်ငံသား Hiroshi Kasamatsu နဲ့ မြန်မာနိုင်ငံသား ၁၀ ဦးတိုကို စစ်ဆေးမေးမြန်းလျက်ရှိတယ်လို သိရှိရပါတယ်။ - ကိုယ့်နိုင်ငံထဲလာပြီး ဆန်ဈေးတွေကစားတဲ့သူ မှန်သမျှကို ဂျပန်မကလို ဘယ်နိုင်ငံသားပဲဖြစ်စေ ပြည်သူ့အကျိုးအတွက် ဖမ်းဆီးရမှာပဲဖြစ်ပါတယ်။ https://t.me/privatephoehtaung

တပ်မတော်ကို ဆင်ခြေပေးတတ်သည့်အဖွဲ့အစည်းဟု တရုတ်မြန်မာချစ်ကြည်ရေးအသင်း အတွင်းရေးမှူး Mrs.Zhao Jin ဆို အခု ဒီပုံတော်တော်ခေတ်စားလာတယ်။ ပြည်တွင်းစစ်မဟုတ်ဘူးတဲ့။ မြန််မာပြည်မှာ အရေးဖြစ်တိုင်း တရုတ်ကို အတင်းဆွဲထည့်တယ်။ ဆင်ခြေပေးကြတယ်။ ပြည်တွင်းစစ်ကို ဘာကြောင့်ပြည်ပကျူးကျော်စစ်အဖြစ် အတင်းဖန်တီးတာလဲ။ အရှက်မကွဲအောင် ဆင်ခြေဆင်လက်ပေးခြင်း(给自己找个台阶下)။ သူတပါးကို တာဝန်လွှဲချခြင်းဖြင့် မိမိရဲ့အညံ့ကို ဖုံးကွယ်ခြင်း။ မိမိကို ဘာမှအပြစ်မရှိ ဒုက္ခခံရသူအဖြစ် ပုံဖော်ခြင်းဖြင့် သည်းခံမှု၊ စာနာမှု ရလိုခြင်း။ ကြီးမားတဲ့ရန်သူတစ်ယောက်ကို တမင်သက်သက် ပုံဖော်ခြင်းဖြင့် တကွဲတပြားဖြစ်နေတဲ့ အင်အားကို စည်းရုံးလိုခြင်း။ စိတ်ကူးယဉ်သန်ခြင်း။ တရုတ်ပြည်မှာ စကားလုံးတစ်ခုရှိတယ်။ 碰瓷။ လူတချို့၊ အထူးသဖြင့် အသက်ကြီးသူ၊ ကိုယ်မသန်စွမ်းသူတချို့က လမ်းဘေးမှာ စောင့်တယ်။ အခွင့်ကြုံရင် ကားတစ်ခုခုကိုကပ်ပြီး ကိုယ်ဟာကိုလဲကျတယ်။ ပါးစပ်မှာတော့ “ကယ်ပါအုံး၊ ဒီကားငါ့ကိုတိုက်မိတယ်”လို့ အော်တယ်။ အလုပ်မရှုပ်ချင်တဲ့ ကားမောင်သူဆို ပိုက်ဆံပေးပြီး ဖြေရှင်းတယ်။ ကိစ္စအဖြစ်မှန်ကို မဖြစ်ဖြစ်အောင် စုံစမ်းချင်တဲ့ ကားမောင်းသူကတော့ ပိုက်ဆံမပေးဘဲ ရဲကိုခေါ်တယ်။ ရဲဌာနရောက်တော့ အဲဒီလိမ်ညာသူတွေရဲ့ လိမ်ညာမှုကို ဖော်ပြလာနိုင်ပါတယ်။ လူတချို့ကတော့ ဒီပုံနဲ့ 碰瓷 လုပ်ချင်တယ်။ ဒါပေမဲ့ သူတို့နားမှာ ဘာကားမှမရှိဘူး။ မိမိစိတ်ကူးယဉ်နဲ့ မိမိကိုလိမ်ညာတာပဲ။

တရုတ်ကျုးကျော်စစ်ကို ရင်ဆိုင်နေရပြီ ဖြစ်သော မြန်မာ Myanmar is facing Chinese invasion Operation 1027 part 1 တုံးက နယ်စပ်နား က
တရုတ်ကျုးကျော်စစ်ကို ရင်ဆိုင်နေရပြီ ဖြစ်သော မြန်မာ Myanmar is facing Chinese invasion Operation 1027 part 1 တုံးက နယ်စပ်နား ကပ်နေတော့ တရုတ်စစ်သားတွေ ပါတယ်ဆိုတာ ကြားရပေမဲ့ လူသူ အလောင်း မရလိုက်ဘူး၊ အရပြန်ယူသွားကြတယ်၊ 1027 part 2 မှာတော့ မြန်မာပြည် အလယ်လောက်ထိ ဝင်တိုက်ကြတော့ TNLA နဲ့ MNDAA ဘက်တံဆိပ်တပ် တရုတ် စစ်သားတွေ သရီးကရောင်းကားကြီး တွေနဲ့ လားရှိုး သီပေါ ကျောက်မဲ နားအထိ လာပို့သွားတာကို ဒေသခံ တွေ စတင် သတိထားမိလာတယ်၊ လက်ရှိတိုက်ပွဲတွေမှာလဲ မြောက်တွေဖက်က သေကြေကျန်ခဲ့တဲ့ အလောင်းတွေထဲက အသားဖြူဆွတ် နေတဲ့အလောင်းတွေကို ဦးစားပေး ဆွဲထုတ်သွားကြတာကို ဒေသခံတွေရော မြေပြင်တပ်မတော်သားတွေပါ သတိထားမိလာတယ် တရုတ်စစ်သား တစ်ယောက်သာ အရှင်မိအောင်ဖမ်းပါ တရုတ်ကျုးကျော်စစ် အဖြစ် ကုလသမဂ္ဂ ကို တိုင်ကြားပြီး နိုင်ငံစုံ တပ်များ ၏ အကူအညီယူ တရုတ်ကို ပြန်လည် တိုက်ခိုက်ပါ တောင်ပေါ်ပေတိုး https://t.me/privatephoehtaung

ဟိုက လုပ်ချင်တာ လုပ်ပြီးပြန်သွားတာတောင် လိုက်ပို့နေရသေးတယ် 😅 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးခ
+4
ဟိုက လုပ်ချင်တာ လုပ်ပြီးပြန်သွားတာတောင် လိုက်ပို့နေရသေးတယ် 😅 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ပြီးဆုံးပြီး ပြန်လည်ထွက်ခွာမဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ။ https://t.me/privatephoehtaung

နေပြည်တော်ကွက်ကွက်လေး ကျန်တဲ့အထိ အောင်ခိုင်အောင်နိုင်ရေခဲနေမဲ့ လော်ဘီဆိုတာ ဒါမျိုး။ ဘယ်သူမှ အားယားပြီး တင်နေတာမဟုတ်ဘူး။ ရှေ့တ
နေပြည်တော်ကွက်ကွက်လေး ကျန်တဲ့အထိ အောင်ခိုင်အောင်နိုင်ရေခဲနေမဲ့ လော်ဘီဆိုတာ ဒါမျိုး။ ဘယ်သူမှ အားယားပြီး တင်နေတာမဟုတ်ဘူး။ ရှေ့တန်းစစ်သည်တွေအတွက် အသက်နဲ့ရင်းပြီး လိုအပ်လို့ စေတနာနဲ့ တင်နေကြတာ။ တင်တဲ့သတင်းတွေ မှန်လား မမှန်လားလဲ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကို ပြန်ကြည့်ရင် သိနိုင်တယ်။ စိတ်ပါရင် အောက်က ပို့စ်မှာ ဝင်ဆဲသွားလို့ရပါတယ် အမျိုးတို့ရေ https://t.me/ckkmdy969/24001 ဖိုးထောင် https://t.me/privatephoehtaung

၅ဝ၇ ငါ့ရဲ့ညီကိုလို စစ်​သည်​​တွေ​ပေးဆပ်​ရတာ မတန်​တာပဲသိတယ်။​ ဟိုမ​လောက်​ဒီ​မ​လောက်​ လူ​လေး ဆယ်ဂဏန်း​လောက်​ရှိတဲ့ဟာကို ရာ​ကျော်​နဲ့လာတ်ိုက်​ခံရပြီး စစ်​ကူမရ ပစ်​ကူက တပ်​ရင်းက အ​​မြောက်​အဖွဲ့ရှိလို့သာ ခံသာတယ်။​ ငါတို့စစ်​သည်​ကို သနားတယ် ​တကယ်​😢 တပ်​ရင်းထိ ပြန်​ဆုတ်​လာရပြီးခါမှ တင့်ကား၂စီး စစ်​ကူ ည​နေကတစ်စီး ​နေ့လည်​ကတစ်စီး ဒါဘဲရတယ်။​ တခု​တော့သိ​စေချင်​ ၅ဝ၇ ကို​ပေးရရင်​ တမြို့လုံး ​ရောက်​ချင်​ရာ​ရောက်​​ ရှော့ခ်​တိုက်​နဲ့ ဒရုန်းဒဏ်​ခံ​ပေ​တော့ပဲ။ ​လေ​ကြောင်းနဲ့ကြဲလဲ ပြန်​ရဖို့ကြန့်ကြာမှာဘဲ။ စစ်​သည်​​တွေကိုစာနာ​ပေးပါ။ ရဲ​မေ​တွေကို သနားပါ။ လူကြီး​တွေပြတ်​သား​ပေးကြပါဗျာ 😢 ၅ဝ၇ စစ်​သည်​များရဲ့ စိတ်​ဓာတ်​ဒီတစ်ခါ ​လေးစားမဆုံးပါဘဲ။ ကျဆုံးစစ်​သည်​ညီကို​တွေ ဂုဏ်​ယူလို့ဘဲရ​တော့မှာပါ။ တူတူမ​ပျော်​ရ​တော့ပါဘူး။ 😭😭😭 507 ကြီး​ဘေးကင်းပါ​စေ မကျပါစေနဲ့လို့ဆုတောင်းရင်း ​မျော်​လင့်ခြင်းများစွာဖြင့်။ လူကြီး​ရေ ပြတ်​သားစွာ ဗျင်း​ပေးပါ kkmkl များကို စစ်သည် Zin Lay လာရောက်ပို့‌သောစာအား မူရင်းအတိုင်း စာလုံးပေါင်း၊ အဖြတ်အတောက်သာ ပြင်ဆင်ပြီး ပြန်လည်တင်ပြပေးပါသည်။ https://t.me/privatephoehtaung/653

ကကဝယ် နဲ့ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ဒရုန်းဖျက် ဂျန်မာ ဝယ်ယူတင်သွင်းခဲ့တဲ့ ကုမ္ပဏီတွေကို ပြန်လည်စိစစ်‌စေချင်ပါတယ်။ ရှမ်းမြောက်မှာ လုံးဝအလုပ်မလုပ်ပဲ လည်စဉ်းခံနေရပါတယ်။ အရည်‌အသွေးနိမ့် ဂျန်မာများကို ငွေကြေးအမြောက်အများနဲ့ ဝယ်ယူတင်သွင်းခဲ့တဲ့သူများကို လူကြီးသားသမီးနဲ့ အဆက်အစပ်များပင် ဖြစ်ပါစေ။ ကျောသားရင်သားမခွဲပဲ စိစစ်အရေးယူပေးပါ။ https://t.me/privatephoehtaung

အဆင်အားပေးလျက်ပါ မြန်မာတပ်မတော် တပ်မတော်ရဲ့ မြို့ပြစစ်ဆင်ရေးစပြီ။ https://t.me/myanmarspicalarmy969

ပင်လည်ကြီးစခန်းလည်းကျသွားပြီ..ဆုတ်တယ်မပြောတော့ဘူးဗျာ..

မတ္တရာမြို့နယ်၊ရေနံသာရဲစခန်း ကျသွားပါပြီ။ ပသစနဲ့ ရဲများ ညံ့လို့မဟုတ်ပါ။ သတင်းကြိုရသလို၊ကြိုလည်းပေးပါသည်။

ဇူလိုင်လ ၄ရက် ၂၀၂၄ လားရှိုးမြို့နယ် မန်အိုင်အနီး *၅၀၅ တပ်အား ကိုးကန့် MNDAA တပ်များမှ အင်အား အလုံးအရင်းဖြင့် ဝင်လုံးရာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားလျက်ရှိ *မကြာသေးမီတွင် ရမခမှ PTL 02 ၂စီး လူအင်အား အများအပြားနှင့် ၅၀၅သို့ စစ်ကူစစ်ကြောင်းအနေဖြင့် ချီတက် #TPWC 4.July.2024;Thu https://t.me/privatephoehtaung

အမှန်တကယ်ဖြစ်ပါစေဗျာ။ စာတွေ စောင့်မျှော်နေပါတယ်။ https://t.me/privatephoehtaung
အမှန်တကယ်ဖြစ်ပါစေဗျာ။ စာတွေ စောင့်မျှော်နေပါတယ်။ https://t.me/privatephoehtaung

သူပုန်က တပ်မတော် အထိုင်စခန်းတွေကို တက်လုံးလိုက်၊ လေယာဥ် လာရင် ဆင်းပြေးပြီး ပုန်းနေလိုက်နဲ့ ကစားနေပါတယ်။ လေယာဥ် အချိန်မီ မလာနိုင်ခဲ့ရင် အထိုင်စခန်းကို သိမ်းယူတာတွေ လုပ်ပါတယ်။ ရန်သူမှာ လေယာဥ်ရောက်လာနိုင်တဲ့အချိန်ကို သိနိုင်တဲ့ ရေဒါရှိနေတာ သိပ်သေချာပ့တယ်။ လေယာဥ်က အသံ ဆူဆူညံညံ ကြားနေရတော့ ပြေးပုန်းဖို့ အချိန်ရပါတယ်။ ဗုံးကြဲလို့ ပြေးပုန်းလဲ မလွတ်အောင် ဧရိယာ ထိရောက်မှုများများလိုပါတယ်။ ဖျက်အားပြင်း ဗုံးတွေလိုပါတယ်။ ရန်သူထိုင်တဲ့ စခန်းတွေ ထောက်ပို့လမ်းကြောင်းတွေကိုလဲ ဖျက်စီးဗုံးကြဲဖို့လိုပါတယ်။ ရန်သူက တိုက်ဖို့ စုစည်းနေချိန်မှာ UAV နဲ့ ကင်းထောက်ပြီး ဦးစွာ ချေမှုန်းနိုင်ခြင်းကသာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ UAV သုံးပြီး တိုက်ခိုက်ချေမှုန်းနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ UAV သုံးပြီး ပစ်မှတ် အတိအကျရှာနိုင်ရင်ကို အတော်လေး ဟုတ်ပါတယ်။ ပြည်သူကို ကာကွယ်သော မြို့ရွာကို ကာကွယ်နေသော တရားသောစစ် အောင်ရပါမည်။ https://t.me/privatephoehtaung