uz
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

Kanalga Telegram’da o‘tish

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

Ko'proq ko'rsatish
8 218
Obunachilar
-324 soatlar
-337 kunlar
-15530 kunlar
Postlar arxiv
နောင်ချို ခမရ ၁၁၄ တွင် ဒတရ ၆၀၆၊ ခမရ ၁၁၅၊ ပူးပေါင်းနေဝန်းနီ တပ်မတော် စုပေါင်း အဖွဲ့နှင့်ရဲတပ်ဖွဲ့တို့ မဆုတ်တမ်းခံစစ်ကြေငြာလိုက်ပါပြီ။ ရဲမေမိသားစုမှီခိုသူများလည်း ဘေးကင်းရာသို့ရောက်ရှိနေပါပြီ။ တက်လာသမျှ ဘိန်းစားများအား မဆုတ်တမ်းခံစစ် ရဲရင့်သောစိတ်ဓာတ်များဖြင့် ခုခံလျှက်ရှိနေပါကြောင်းသိရှိရပါသည်။ တရားသောစစ် အောင်မြင်ပါစေ။

ရန်သူ့တီးကွက်အတိုင်း မက, ပါနဲ့ ဖြစ်ပြီးသားအတိတ်ကိုပြန်တူးဆွတယ်မထင်ပါနဲ့။ သင်ခန်းစာယူရအောင်ပြောပါမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ၁၀၂၇ နဲ့ ချင်းရွှေဟော်ကို မြောက်သုံးဖွဲ့စတိုက်တဲ့ အောက်တိုဘာလ ၂၇ ရက်ကတည်းက စစ်ရေး Format တွေမပြောင်းလဲရင် လောက်ကိုင်ကျမယ်ဆိုတာကြိုသတိပေးခဲ့တယ်။ ပါစင်ကျော်မကျခင်ပြင်ဖို့မီသေးတဲ့အချိန်မှာ အဝေးကလက်လှမ်းမီရာလူကြီးတွေကိုကျွန်တော်လိုက်အကြံပေးပါတယ်။ ပြောပါတယ်။ သတိပေးပါတယ်။ မလုပ်ကြတဲ့အခါစိတ်ပျက်လို့ထိုင်ကြည့်ပါတယ်။ အဝေးကလူကြီးတွေကိုပြောတယ်ဆိုတာအနီးကိုပြောလို့မရလို့၊ တင်ပြချက်ကိုနားမထောင်လို့ပါ။ ကျွန်တော့်လိုလူမျိုးအနီးကပ်ရှိနေတာ Operation Brefing တစ်ခါမှမဝင်ခဲ့ဘူး။ ဘာလုပ်သင့်လဲဆိုတာ၊ ဘယ်လိုစစ်နည်းဗျူဟာပြောင်းလဲရမလဲဆိုတာ တစ်ခါမှ(တစ်ခါမှ) ခေါင်းချင်ဆိုင်ဆွေးနွေးခဲ့တာမရှိပါဘူး။ ထူးဆန်းတာကအဲ့လိုနားမထောင်တဲ့အကြီးတွေဟာ ကိုကျော်စိုးဦးနဲ့ ကိုကျော်မျိုးမင်းပြောတာတွေကိုတော့အမြဲနားထောင်ကြပါသတဲ့။ သူတို့ကသတင်းထောက်တွေပါ။ စစ်ဆင်ရေးနဲ့ပတ်သက်တဲ့အတွေ့အကြုံရှိသူတွေလဲမဟုတ်ဘူး။ စစ်နည်းဗျူဟာ၊ မဟာဗျူဟာသိသူတွေမဟုတ်ဘဲ တတ်တဲ့သတင်းထောက်ပညာနဲ့တင်ပြနေသူတွေပါ။ ဒါကို NDC ဆင်းတွေက၊ မိမိကွပ်ကဲနေတဲ့စစ်မြေပြင်ရဲ့အလှုပ်အခတ်ကို ကျော်မျိုးမင်း၊ ကျော်စိုးဦးပြောတာကြည့်သုံးသပ်ကြတယ်တဲ့။ ပြည်သူလောက်ကကြည့်ရမဲ့သတင်းတင်ဆက်သူတွေဟာ မသိရင်ကိုယ့်ရဲ့ Operation Theatre ကြီးကိုပဲကွပ်ကဲနေသလိုလို။ " ကျော်မျိုးမင်းကတော့ပြောနေပြီ ဒီလောက်လေကြောင်းကနေဗုံးကြဲ နေတာ၊ သူပုန်တွေရာဂဏန်းတော့ ထိမှာပဲ " " နှစ်ဘက်စစ်ဖြစ်နေတာပဲ၊ သူတို့လဲ ထိခိုက်ကျဆုံးနည်းမှာမဟုတ်ဘူး " စတဲ့ စကားလုံးတွေကအရပ်သားပြောရမဲ့စကားတွေပါ။ စစ်သားတစ်ယောက်ကတိကျတဲ့သတင်းကိုပဲကိုင်တွယ်ရတယ်။ " မြေပုံညွှန်း ××× ××× ကိုရန်သူရောက်နေတယ်၊ အင်အားက xx၊ လက်နက်က ××၊ ယာဥ်ကဘာတွေပါတယ်၊ ကိုယ့်ဘက်ကလေကြောင်းကဗုံးကြဲ၊ အမြောက်နဲ့ပစ်လို့ ဒဏ်ရာရ ×× ၊ ကျသွားတာ ×× ၊ ဒဏ်ရာရရန်သူကိုဘယ်လိုဆွဲထုတ်တယ်၊ စိတ်ဓါတ်ရေးရာဘယ်လိုထိခိုက်သွားတယ်၊ ဘယ်မှာဆေးကုနေတယ်၊ ဘာဆက်လုပ်ရမယ် " စသည်ဖြင့် မြေပြင်သတင်းအစမှသတင်းအဆုံးတိုင်အောင် တိတိကျကျထောက်လှမ်းရမှာဖြစ်တယ်။ တိကျတဲ့သတင်းပေါ်မူတည်ပြီး ဆက်လုပ်ရမဲ့မိမိတီးကွက်ကိုခင်းကျင်းရမှာဖြစ်တယ်။ မဟုတ်ပဲ အစကတည်းကသတင်းဝေဝေဝါးဝါး၊ အမြောက်ပစ်ချင်တဲ့နေရာပစ်၊ လေယာဥ်ချချင်ရာချ၊ ဒုံးကအသံထွက်ရုံထွက်၊ ထိလားမထိလားမသိ၊ နောက်ဆက်တွဲဘာဆက်ဖြစ်လဲ၊ ဘယ်လိုဗျူဟာခင်းရမလဲမသိရင် ရန်သူ့တီးကွက်အတိုင်းလိုက်ကရပြီး ဘာဆက်ဖြစ်မလဲသိသာပါတယ်။ စစ်ဖြစ်နေရင်ရန်သူ့တိုက်ပွဲသတင်းကို စရဖ အားကိုးလို့လုံးဝမရပါဘူး။ ငမြောက်ငခြောက် သတင်းပေးဟာစစ်ဖြစ်တာနဲ့စစ်ရှောင်ပြီးသတင်းကွင်းဆက်ပျောက်ပါတယ်။ ရန်သူ့သတင်းတိတိကျကျရမှအနည်းဆုံးထိရောက်တဲ့အမြောက်ပစ်လို့ရမှာပါ။ မိမိကျည်တစ်တောင့်ပစ်ရင်၊ စစ်တစ်ကွက်ရွှေ့ရင် - ရန်သူသေကျေရမယ် - မသေရင်တောင်ထိခိုက်ဒဏ်ရာရရမယ် - ဒဏ်ရာမရတောင် ထိတ်လန့်တုန်လှုပ်ရမယ် မဟုတ်လား။ လက်ရှိမှာ ရန်သူ့စစ်ဦးမကျိုးရခြင်းက တပ်ရဲ့စစ်အရှိန်နဲ့ပစ်ခတ်မှုအားဟာ အထက်ပါသုံးချက်နဲ့မကိုက်ညီလို့ပါပဲ။ စစ်သတင်းရယူမှုမှာ (က) ကင်းထောက်ခြင်း (မြေပြင်၊ လေကြောင်း၊ ရေကြောင်း) ( ခ ) သုံ့ပန်း စစ်ကြောမေးမြန်းခြင်း ( ဂ ) စာရွက်စာတမ်းဖတ်ရှုခြင်း (ယနေ့ခတ်မှာဖုန်း/ဆက်သွယ်ရေးစက်ကြားဖြတ်ဖမ်းတာ) No Information No operation ပါ။ အကောင်းဆုံးကလှည့်ကင်းထွက်ပြီးကင်းထောက်တာပါပဲ။ ရန်သူကမြေပြင်ကင်းထောက်၊ Drone attack အားသာရင် မိမိလှည့်ကင်းအဖွဲ့ဟာသမားရိုးကျစစ်တာဝန်မထမ်းဆောင်ဘဲ သတင်းသီးသန့်လိုက်တဲ့ ကျည်တစ်တောင့်မှထွက်ဖို့မလိုတဲ့ပြောက်ကျားလှည့်ကင်းလုပ်ရမယ်။ ရန်သူကိုမြင်နေရင်တောင်မပစ်ဘဲ သတင်းသီးသန့်ရယူ၊ ရန်သူ့ရဲ့တိုက်ပွဲတွင်းလှုပ်ရှားမှုတွေကိုမျက်ခြေမပြတ်ထောက်တဲ့လှည့်ကင်းဖြစ်ရမယ်။ အခုကတော့ မိမိဝပ်ကျင်းထဲကနေရန်သူခွေးအတွေလာဆွဲမှပြန်ကစားရင် စစ်သည်၊ ရဲမေတွေဟာ အသားတစ်တွေလို တစ်စစီဆွဲဖဲ့ခံနေရတယ်။ " Don't dance with the enemy tones " ပါ။ မိကျောင်းမင်းရေခင်းပြတယ်တော့မထင်ပါနဲ့။ မလှမပအကွက်တွေစောင့်ကြည့်ရင်း ရင်နာရလို့ပါ။ ၂၇.၆.၂၀၂၄ Geopolitics Admin

27.6.2024 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် မြန်မာနိုင်ငံလု
+4
27.6.2024 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်  မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို တက်ရောက်ချီးမြှင့်သည်။

မူဆယ် ၁၀၅ မိုင် တုန်ခန်ဖက် ကိုးကန့်နဲ့ ဝအဖွဲ့တွေ လူစုနေကြပါတယ်။ အင်အား မနည်းပါ။ မူဆယ်ကို အချိန်မရွေး တိုက်နိုင်ပါတယ်။ သတိ၊ဝိရိယ ဖြင့်နေကြပါ။

မိုးမိတ်ဖက် ရန်သူလှုပ်ရှားမှုရှိ။ ရှမ်းစကားပြောသူ ၂၀၀ နီးပါး ပါကြောင်း သိရပါတယ်။

အစ္စရေးကို အားကျတယ် 🇮🇱 ကိုယ့်ခေါင်းဆောင်တွေရဲ့ လုပ်ကိုင်ပုံတွေကို ကြည့်မိတိုင်း အစ္စရေးကိုပဲ အားကျနေမိတယ်။ ကိုယ့်နိုင်ငံနဲ့ နိုင်ငံသားတွေကို ထိမယ်ဆိုရင် ဘယ်သူ့မျက်နှာမှ မထောက် ကြိုဗျင်းတာကြီးပဲ။ ၁၉၈၁ က အီရတ်က နျူကလီးယားစက်ရုံ ပြီးခါနီး ဗုံးကြဲပြီး ရှင်းတယ်။ နိုင်ငံအများကြီး ဖြတ်ပြီး ပျံရလို့ ပြဿနာဖြစ်မှာ၊ စစ်ဖြစ်မှာတွေ တွေးပြီးပူမနေဘူး။ သူ့နိုင်ငံကို နျူကလီးယားနဲ့ ခြိမ်းခြောက်ခံရမှာကို ကာကွယ်ဖို့ တစ်ခုပဲတွေးတယ်။ အကျိုးဆက်ကတော့ အခုထိ ဘယ်ကုလားမှ နျူစက်ရုံထပ်မဆောက်ရဲတော့ပါ။ လွန်ခဲ့တဲ့ ဧပြီလကလဲ ဆီးရီးယားမြို့တော် ဒမတ်စကပ်က ကနေဒါသံရုံးဘေးကပ်ရပ် အီရန်ကောင်စစ်ဝန်ရုံးကို ဗုံးကြဲလိုက်တယ်။ အထဲမှာ အီရန်အရာရှိတွေ အစ္စရေးကိုတိုက်ဖို့ အစည်းအဝေးလုပ်နေလို့ပါတဲ့။ ဆီးရီးယား၊ အီရန်တို့အပြင် အနောက်က ဆရာကြီး ရုရှားတို့နဲ့ စစ်ဖြစ်မှာ၊ ကနေဒါသံရုံးဘေးမို့လို့ အနောက်အုပ်စုနဲ့ ပြဿနာဖြစ်မှာ ခေါင်းထဲတောင် မထည့်ဘူး။ တိုက်မဲ့အကြောင်း အမေရိကန်ကိုလဲ သံတောင်ဦးမတင်နေဘူး။ နိုင်ငံတကာက ကန့်ကွက်မှုတွေလဲ ခေါင်းထဲမထည့်ဘူး။ ကိုယ့်နိုင်ငံကို လာတိုက်မှာကို သီသိကြီးနဲ့ စောင့်မနေပဲ ဦးအောင်ဆော်ထည့်လိုက်တယ်။ ဒီမှာတော့ဗျာ။ လက်နက်စက်ရုံကြီးတွေ ဟီးထ၊ ထောက်ပို့လမ်းကြောင်းကြီးတွေ ပြူးနေလဲ အေးဆေးပါပဲ။ ဒီလက်နက်တွေနဲ့ ကိုယ့်ရဲဘော်တွေကို သတ်ဖြတ်၊ ကိုယ့်စခန်းတွေကို လာတိုက်နေလဲ ကြည့်နေဆဲပါ။ ဘယ်အဖွဲ့ ဘယ်စက်ရုံတွေကထွက်နေသလဲ လူကြီးတွေ အသိဆုံးပါဗျာ။ ဗုံးတစ်လုံးဆို တစ်လုံးထိထိရောက်ရောက်လုပ်လိုက်လို့ရပါတယ်။ ရန်သူ‌တွေ စစ်ရေးပြတို့ အစည်းအဝေးတို့လုပ်နေလဲ နှာစေးနေဆဲပါ။ ရည်မွန်တို့ ထွန်းမြတ်နိုင်တို့ ဓာတ်ပုံတွေတင်ပြီး ပေါ်တင် ခြေချင်းလိမ်အောင်လျှောက်သွား အစည်းအဝေးများ တက်နေဆဲပါ။ အစည်းအဝေးတိုင်းက ကိုယ့်ကိုလာတိုက်ဖို့ ဆွေးနွေးနေကြတာကြီးပဲ။ သာကောကြီး ငြိုငြင်မှာကို ကိုယ့်စစ်သည်များ ကျဆုံးတာထက် ကြောက်နေတော့လဲ ခက်တာပေါ့။ အစ္စရေးခေါင်းဆောင်တွေနဲ့ အလိုက်ပေးလဲလို့ ရရင် လဲချင်တယ်ဗျာ 😔

ရဲဘော်တွေ အရာရှိငယ်တွေ တာဝန်ကြေကြပါတယ်။ ထိပ်ပိုင်းနဲ့ အလယ်အလတ် ခေါင်းဆောင်များ ရှက်ဖွယ်ပါ။ photo crd - Sittnweoo
ရဲဘော်တွေ အရာရှိငယ်တွေ တာဝန်ကြေကြပါတယ်။ ထိပ်ပိုင်းနဲ့ အလယ်အလတ် ခေါင်းဆောင်များ ရှက်ဖွယ်ပါ။ photo crd - Sittnweoo

😟မနေ့ ၂၅ရက် ဇွန်က စလိုက်တဲ့ စစ်က အခု နောင်ချို+ကျောက်မဲ(၇၀%) ရပြီ သီပေါ ဘက်ကို လဲ စံတတ်နေသလို 😟နောင်ချိုဘက်ကနေ ဆင်းပြီး ဝက်ဝံ+ ဘန့်ဘွေ တို့ကို ဝင်ဆောင့်တော့မယ်(မေမြို့ကာကင်းတွေ) 😟MDAA ရဲ့ လားရှိူးကာကင်းတွေကို တိုက်နေတဲ့ သတင်းတွေ မတ္တရာ+မိုးကုတ်+မိုးမိတ်တို့သတင်းတွေ ထားလိုက်အုံး 😟မေမြို့က သင်တန်းသားတွေ DSA က ညီငယ်တွေကတော့ သင်တန်းလက်တွေ့ဆင်းရတော့မယ် ဘာလို့ ဒီလိုဖြစ်သွားတာလဲဆိုတော့ 😡ပထမတခါက အလစ်ငိုက်ခံရလို့ 😡ဒုတိယတခါ(၅လကြာ) ကိုယ်အသုံးမကျလို့ 😡သူတို့ပြောပြီးသားပါ ၁၀၂၇ ပထမလှိုင်းထက် အခု ၀၆၂၅ လှိုင်းက ပိုပြင်းထန်မယ်လို့ ပြောပြီးသား 😡အချိန် ၅လအကြာ ပြင်ဆင်ထားပုံအရ တပ်မတော်အနေနှင့် လားရှိုးမြို့ကိုဘဲ အဓိက ထားပြီးကာကွယ်ဖို့သာ အားထည့်ထားပုံပေါ်တယ်(ပြည်ပြေးမီဒီညာတွေမှာဖော်ပြပြီးသားပါ) 😡၁၀၂၇ တုံးကလဲ ကွမ်လုံ+ချင်းရွှေဟော် တို့ကိုဘဲတိုက်ပြီး အေးဆေးမှ လောက်ကိုင် ဒကစ ကို သိမ်းပြသွားတယ်(ပင်စည်ကိုမခုတ်သေးဘဲ အမြစ်ကို အက်စစ် လောင်းလိုက်တဲ့ ဗျူဟာပါ) စစ်ဗျူဟာကအရ ဘာလို့ 😊တမြို့တရက်နှုန်း တပ်ရင်း ၂ရင်း တရက်နှုန်း သိမ်းနိုင်တာလဲ? 🇨🇳အဖြေက ရိုးရှင်းပါတယ် တရုတ်ကြီး တိုက်ခိုင်းတဲ့ မြို့တွေကို တိုက်တာပါ။ကျည်ပေါ မော်တာဆံပေါ ဒရုန်းပေါပေါများများ ပေးထားပြီးပြီ တရုတ်ကြေးစားသင်တန်းဆရာတွေ PLA အရာရှိတွေက ဗျူဟာစွဲပေးနေတာ 🇺🇸(လေတပ်/ဒုံးတပ်/ယန္တယားတပ် မရှိ)တပ်မတော်အဆင့်မရှိတဲ့ သောင်းကျန်းသူအဖွဲ့တွေက ကမ္ဘာအဆင့် ၃၅/၃၆/၃၇ တမ်းထဲရောက်နေတဲ့ တပ်မတော်ကို တိုက်နေနိုင်တာက တော်တော်ထူးခြားနေလို့ အမေရိကန်နှင့် အာဆီယံနိုင်ငံတွေက စစ်ဗျူဟာမှူးတွေတောင် ပင်တကွန်စစ်ဌာနချုပ်မှာ လေ့လာနေရပြီ ငြင်းချင်လား ငြင်းလို့ရတယ် ဘဂ်လားလိုငယ်နိုင် နိုင်ငံကတောင် လက်ရှိတပ်မတော်ကို စိန်ခေါ်နေတာ သတင်းတွေမှာတွေ့မှာဘဲ လက်ရှိစစ်ပွဲအနေအထားက 💚တပ်မတော်သားတွေ ညံ့နေတာမဟုတ်ပါဘူး မပြတ်သားတဲ့ ခေါင်းဆောင်များ ဆင့်ကဲအမိန့်များ တာဝန်ခံမှု မလိုချင်တဲ့ ဗျူဟာမှူးများ လေ့ကျင့်သားမပြည့်ဝသောတပ်မတော်သားများ စစ်တိုက်တဲ့အလုပ်ထက် ပိုက်ဆံရှာလိုသူများ(အရာရှိ/အခြားအဆင့်ပါပါ) ဖရဲသီးလိုဟာများ ဒေသခံများ၏ တပ်မတော်အပေါ်မထောက်ခံမှု သူပုန်များ၏ နယ်မြေကျွမ်းကျင်မှု လျင်မြန်မှုမရှိသော ထောက်ပို့စနစ်များ(လမ်းတံတားများ ဖျက်စီးထားရသည်) နှစ်ပေါင်း ၇၉တိုင်တိုင် မိုးတွင်းကောင်းကောင်း စစ်မတိုက်ဖူးသည့် တပ်မတော်နှင့် သောင်းကျန်သူများအတွက် စိန်ခေါ်မှုများရှိနေသည်။ အခြားသော ကချင်+ရခိုင်စစ်မြေပြင်များအကြောင်းထည့်မရေးထားသေးပါ။ စာရှည်မည်ဆိုးသဖြင့်အတိုချုံ့လိုက်ပါသည်။ https://t.me/myanmarspicalarmy969

တစ်ရက်တစ်မြို့နှုန်းဖြစ်နေပြီ အဘရေ။ ကြည့်တော့လုပ်ဦး။ မနက်ဖြန် မိုးကုတ်သတင်းတွေ တက်လာဖို့များပါတယ်ဗျာ။ ဘေးကင်းကြပါစေ 😥🙏

Repost from SittNweOo
သီပေါအတွက်❗️ ~~ မနက် ဖြန် TNLAသီပေါကို ၀င်လုံးနိုင်ပါတယ် သူတို့ဖက်က စစ်ကူတွေလည်းရောက်လာပြီ ကျောက်မဲ ၊ မိုင်းငေါ့ဖက်ကပလောင်တွေလည်းဆင်းလာတယ် ယနေ့ည ကျောက်မဲ အင်ကြင်းတောင်မှာ ပလောင်တွေ စစ်ကူကား၂စီးရောက်နေပါတယ် သတင်းအတိကျပါ မြေပြင်သတင်း လခရများ သီပေါအတွက် အထူးသတိရှိကြပါ #SittNweOo

Repost from U Kyaw Soe Oo
ကြည့်ကောင်းနေကြဗျာ
+1
ကြည့်ကောင်းနေကြဗျာ

ကိုယ့်ကိုယ်ကိုတောင် မစောင့်ရှောက်နိုင်ကြဘူးလား ရွှေဘတို့ရေ မြင်ရတာ စိတ်ဆင်းရဲတယ် တတ်နိုင်သရွေ့ အဖမ်းမခံရအောင်နေမှပေါ့။ စခန်းဖ
ကိုယ့်ကိုယ်ကိုတောင် မစောင့်ရှောက်နိုင်ကြဘူးလား ရွှေဘတို့ရေ မြင်ရတာ စိတ်ဆင်းရဲတယ် တတ်နိုင်သရွေ့ အဖမ်းမခံရအောင်နေမှပေါ့။ စခန်းဖင်ထိုင် ခံစစ်ကလည်း တော်တော်ကို စိတ်ပျက်ဖွယ်ပါပဲ အမိန့်မရ စခန်းစွန့်ခွာ မဖြစ်ရအောင် ကြိုတိုက်မယ် ကြားတယ် ဝင်တိုက်တယ် ၂ ရက်ရှိပြီ။ အထက်ကို သတင်းပို့ အမိန့်ယူထားလို့မရကြတာလား ကျန်တဲ့ တပ်တွေ ကြိုတင်ပြင်ဆင်ထားကြပါ။ စိတ်ပူစရာ‌တွေပဲ။ D.I Thameedaw 🇲🇲

Repost from Minglardon News
ဒီတိုင်းဆို စစ်မီးက ရှမ်းတောင်ကို အနှေးနဲ့ အမြန်ကူးလိမ့်မယ် ကယားက FBR train PDF + TNLA ဆင်း PDF၊ ဖောက်ခွဲရေး ဒရုန်း၊ နည်းပညာ ရယ် လက်နက်၊ တိုက်ပွဲအတွေ့အကြုံရယ် မပေါင်းစပ်မိသေးဘဲ နယ်ကွဲနေချိန်မှာ ထိန်းနိုင်ရင်ထိန်း။ မဟုတ်ဘဲ စုပေါင်းဆက်စပ်မိလာရင် ရှမ်းတောင်၊ ရှမ်းရှေ့ ကုန်သွယ်ရေးလမ်းအသစ်ကို ခြိမ်းခြောက်မှုထပ်ဖြစ်လာလိမ့်မယ် တရုတ်နဲ့ အနေအထားက ကုန်သွယ်ရေးလမ်းအသစ်မှာလည်း သူ့ဩဇာခံ နယ်ရုပ်အသစ် မွေးတော့မဲ့ပုံရှိတယ် TNLAက KIAအောက် ခိုလှုံရာကနေ အကြောင်းတရားစုံလာတော့ ခွဲထွက်ပြီး အနီးဆုံးက ဝ တပ်ဖွဲ့ရဲ့ အရိပ်အောက်ကို ပြေးပြီးခိုလှုံလာတယ်။ ၂၁ အာဏာထိန်းဖြစ်စဉ်မှာ TNLAရဲ့ ဝင်ဆံ့မှုဟာ ကျယ်ပြန့်လာပြီး KIAနဲ့ တန်းယှဉ်နိုင်တဲ့ထိ အင်အားကြီးထွားလာတယ်။အညာပဒက်အများစုရဲ့ ကွန်းခိုရာ အိမ်ကလည်း ကချင်ကနေ ဘာသာ လူမျိုး ဓလေ့ စိတ်ဓာတ်တူသလိုရှိတဲ့ လက်ဖက်စိုက်ခင်းတွေဖြစ်လာတယ်။ အကျင့်ပျက်ခြစားနေတဲ့ဝန်ထမ်းတွေကပဲ စစ်ပွဲကို ရှုံးနိမ့်အောင် ဆွဲချသွားလိမ့်မယ်။ မဟာဗျူဟာသမားက အပိုင်ကွက်စောင့်ဖမ်းတဲ့အခါ နည်းဗျူဟာသမားက နာရတယ်။ စစ်မတိုက်တတ်တာမဟုတ်ဘဲ တိုက်နေတဲ့ စစ်ပွဲရဲ့ စစ်ဗျူဟာကို နားလည်သဘောပေါက်မှုမရှိတော့တဲ့အခါစိတ်ကွက်ပြီး သူမလုပ် ငါမလုပ်ဆိုတဲ့ အနေအထားနဲ့ တာဝန်တွေပျက်ကွက်သွားတယ်လို့ ယေဘူယျ မြင်မိတယ်။စစ်ရဲ့ဗျူဟာကို နားလည်သဘောပေါက်ဖို့ရာ လိုအပ်နေသလို မိမိတို့ လက်နက်တွေရဲ့ အသုံးဝင်ပုံ အသုံးချပုံတို့ကိုလည်း အထူးအကျွမ်းတဝင် နားလည်သိတတ်ကြဖို့ လိုအပ်တယ်လို့လည်း သုံးသပ်မိတယ် https://t.me/zpmin54

ပြင်ဦးလွင် ဘန့်ဘွေး ဝက်ဝံကို TNLA + PDF ဝင်ဆောင့်ဖို့ လှုပ်ရှားနေကြပါမတယ်။ သတိပြုပါ ညီကိုတို့။

မင်းချန်နယ်က အဆိုးမြင်သတင်းတွေပဲ တင်နေတာပဲဆိုပြီး လာလာပြောနေကြလို့ ကျွန်တော်လဲ သတင်းကောင်းတွေ တင်ချင်တာပေါ့ဗျာ။ တင်ချင်လွန်းလို့ စောင့်နေပေမဲ့ လောလောဆယ် သိပ်ရှိမနေဘူး 😔 ဗုံးတစ်လုံးကြဲလိုက်လို့ သူပုန် ၁၀၀ သေပြီ။ အောင်ခိုင်အောင်နိုင် ရေခဲဆိုတာတွေတော့ မတင်ချင်လို့ပါ 😅 အောင်ခိုင်အောင်နိုင်က ရေမခဲပဲ မီးတောက်နေတာ ရှေ့တန်းတပ်တွေနဲ့ ဒေသခံတွေ ပိုသိပါတယ်။ စစ်ကူစစ်ကြောင်းတွေ ရောက်မဲ့အချိန်ပဲ မျှော်နေမိတယ် 🙏

ဖုံးထား ဖာထားရမဲ့ အချိန်မဟုတ်တော့ဘူး။ နောင်ချိုက ကျသွားပြီ။ ကျောက်မဲလဲ အခြေအနေမကောင်းပါ။ ကျန်မြို့တွေလဲ အနှေးနဲ့အမြန်ပါပဲ။ နောင်ချိုကျသွားတာ ပြည်မနဲ့ ရှမ်းမြောက် လုံးဝ အဆက်ပြတ်သွားတာပါပဲ။ ဆက်သွယ်ရေး လမ်းကြောင်းပေါ်က အရေးကြီး မြို့ကြီးတစ်မြို့ ၂၄ နာရီအတွင်းကျသွားတာကတော့ ပြင်ဆက်မှု လုံးဝမရှိပဲ ညံ့ဖျင်းလွန်းတယ် သုံးသပ်ရမှာပဲ။ နောင်ချိုပြန်မရရင်တော့ စစ်ကူ၊ ခဲယမ်းပို့ဖို့ လုံးဝ မဖြစ်နိုင်ပါ။ လေကြောင်းက ပို့တာတွေက လုံလောက်မှုမရှိပါဘူး။ လားရှိုးနဲ့ အနီးတဝိုက်မြို့တွေ ကျမှာ သေချာသလောက်ဖြစ်သွားပါပြီ။ ရှမ်းမြောက်က မြို့တွေကုန်ရင်တော့ ပြင်ဦးလွင်။ ပြီးရင်တော့ မန္တလေးဆင်းလာမှာ ဗေဒင်မေးစရာမလိုပါဘူး။ ပြီးရင်တော့ ဆက်မတွေးရဲစရာပဲ။ ရန်သူဖက်က တိုက်တိုင်းရနေတော့ စိတ်ဓာတ်ကလဲ တက်ကြွနေကြတာပေါ့။ ဒီတစ်ခေါက် ရန်သူ့ ဗျူဟာ၊ ခေါင်းဆောင်မှုတွေ နဲ့ ယှဉ်ရင်တော့ ကိုယ့်ဖက်က အင်မတန်ညံ့ခဲ့တာ ဝန်ခံရတော့မှာပါ။

Repost from U Kyaw Soe Oo
ဒီည MRTV သတင်းမှာတော့ အေးအေးဆေးဆေးပါပဲ။

ပြည်သူများ၏ ဖုန်းထဲတွင် VPN ဆော့ဝဲလ်တွေ့ရှိ၍ ဖမ်းဆီးပါက တိုင်ကြားနိုင်သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရ
ပြည်သူများ၏ ဖုန်းထဲတွင် VPN ဆော့ဝဲလ်တွေ့ရှိ၍ ဖမ်းဆီးပါက တိုင်ကြားနိုင်သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောကြားထားသည်။ လက်ရှိတွင် အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှု၊ လုပ်ဆောင်နေမှုများ ရှိ၊ မရှိသိရှိစေရန်အတွက်ပြည်သူများ၏ လက်ကိုင်ဖုန်းများကို စစ်ဆေးခြင်းသာ ရှိကြောင်း ၎င်းက ဆိုသည်။ ထို့ကြောင့် VPN ဖမ်းဆီးမှုများရှိပါက ပြည်သူများအနေဖြင့် သက်ဆိုင်ရာနယ်မြေခံအုပ်ချုပ်ရေးအဖွဲ့ထံတိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။ သို့သော်ငြား မည်သို့မည်ပုံတိုင်ကြားရမည် (သို့) တိုင်ကြားရန် ဖုန်းနံပါတ် အစရှိသည်တို့ကို ပြောကြားခဲ့ခြင်းမရှိပါ။

25.6.2024 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် မြန်မာနိုင်ငံလု
+2
25.6.2024 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄)ဖွင့်ပွဲအခမ်းအနားသို တက်ရောက်မိန့်ခွန်းပြောကြား

ပြင်ဦးလွင်မြို့ထဲ မျောက်သုံးကောင် တပည့် မန်းပဒက်တွေ စိမ့်ဝင်နေတာကြာပါပြီ။ သိကြပေမဲ့ မလုပ်မရှုပ်မပြုတ် နှလုံးသွင်းပြီး ထိုင်ကြည့်နေကြတာပါ။ အရာရှိကြီးများအချို့ဆို ကားတောင် ပတ်မမောင်းရဲ၊ ဆိုင်မထိုင်ရဲ ဖြစ်နေတာတောင် ကြာပေါ့ဗျာ။ လတ်တလောတော့ ဖိဖိစီးစီး စစ်မှရပါတော့မယ်။ တပ်မတော်ရဲ့ နှလုံးဖြစ်တဲ့ ပြင်ဦးလွင်မြို့ ကျဆုံးခဲ့ရင်တော့....